Reward[Him From Final Year]

By Aelennar

1.1M 90.8K 10.7K

တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side

Chapter-27

17.4K 1.8K 261
By Aelennar

ညအေမွာင္ထုက ေစာင့္ဆိုင္းေနရ
သည့္ ကိုယ့္ရဲ႕စိတ္ေတြကိုပို၍
ေလးလံေစသည္။ေစာင့္ေနတာ
ျကာေနျပီ ျဖစ္ေသာ္လည္း ေတြ႕ခ်င္
ေနသည့္ ေကာင္ေလးက အခုခ်ိန္ထိ
ထြက္မလာေသးပါ။

ကိုယ္ေစာင့္ေနတာ အေတာ္ေလး
အျကာမွ ျခံတံခါးကို ဖြင့္ကာထြက္
လာတဲ႕ သူ႕အစ္ကိုရဲ႕အေနာက္မွာ
ကပ္ျပီး ပါလာတာက ကိုယ္လြမ္းေန
ခဲ႕ရသည့္ ေကာင္ေလး။

စိတ္ေလာျပီး အလ်င္အျမန္ပင္
ကိုယ္သြားမည္လုပ္ေတာ့ သူ႕အစ္ကို
ကကိုယ့္ဆီကို ေလ်ွာက္လာျပီး ေရွ႕
ကေန ရပ္ကာ တားဟန္ျပသည္။

ေခါင္းကိုမေဖာ္တမ္း ငံု႕ထားတဲ႕
ေကာင္ေလးကေတာ့ ကိုယ့္ကိုလံုးဝ
တစ္ခ်က္ေလးေတာင္ျကည့္မလာပဲ
ျခံတံခါးနားမွာပဲ က်န္ခဲ႕ျပီးရပ္ေနဆဲ။

"ဆုလာဘ္ရဲ႕ အစ္ကိုတစ္ေယာက္
အေနနဲ႕ငါနဲ႕စကား ခဏေလာက္
ေျပာရေအာင္"

သူ႕ အစ္ကိုဆိုတဲ႕ ေကာင္က
ခပ္လွမ္းလွမ္းကိုေလ်ွာက္ သြားေတာ့
ရပ္ေနတဲ႕ေကာင္ေလးနားကို
ကိုယ္ခ်က္ခ်င္း သြားခ်င္ေနေသာ္
လည္း တစ္ခ်က္ျကည့္ခဲ႕ရလ်က္
သာ သူ႕အစ္ကိုအေနာက္ကို
ေလ်ွာက္သြား လိုက္သည္။သူ႕အစ္ကို
ဆိုတဲ႕ ပုဂၢိဳလ္ကဒီေကာင္ေလး
မျကားေအာင္ ခပ္လွမ္းလွမ္းမွာ
စကားေျပာခ်င္ေနတာနဲ႕ တူပါတယ္။

"မင္းအေျကာင္းေတြက ေတာ့ ငါ
ျကားထားျပီးသားပါ။ငါ့ညီကို ငါ့အိမ္
ေရွ႕ထိေပၚတင္ျကီး လာေတြ႕ရဲမယ္
လို႕ေတာ့ မထင္ထားဘူး"

"မင္းေျပာစရာရွိတာကိုေျပာ"

ကိုယ့္ေရွ႕က ေကာင္က မ်က္နွာ
တည္ေပမဲ႕ ကိုယ္လည္း ဘာထူးလဲ။
သူတို႕နွစ္ေယာက္က ညီအစ္ကိုေတြ
လိုပဲေနျကတယ္ ဒီကိစၥကတစ္ျခားသူ
လုပ္ျကံတာကိုခံလိုက္ရတာ ကိုယ္သိေပမဲ႕။

"အဲ႕ဒီေတာ့ မင္းက ငါ့ညီကို
ဘယ္လို သေဘာထားေနတာလဲ။
မင္း ဒီအထိလာေတြ႕ရတဲ႕အေျကာင္း
အရင္းကဘာလဲ။ငါ့ညီရဲ႕ ေရွ႕မွာ
ျပႆနာမျဖစ္ခ်င္ဘူး။အခုခ်ိန္မွာ
ဒီေကာင္ေလးက အရြယ္နဲ႕မလိုက္
ေအာင္ စိတ္ထိခိုက္ေနတယ္။မင္း
ငါ့ညီကို အျပစ္တင္ဖို႕လာတာဆိုရင္
ေအးေအးေဆးေဆး ျပန္လိုက္တာ
ပဲေကာင္းမယ္"

"ဝန္းကို ငါကဘာအျပစ္တင္ရမွာလဲ။
ဒီအရြယ္ ေကာင္ေလးတစ္ေယာက္ကို
ေတာင္ ေသခ်ာမေစာင့္ေရွာက္နိုင္တဲ႕
အစ္ကိုဆိုတဲ႕ မင္းကိုပဲ"

"မင္းျကည့္ရတာ ငါ့ကို မ်က္မုန္းက်ိဳး
ျပီးထိုးခ်င္ေနတဲ႕ပံုပဲ"

"ဟုတ္တယ္ စိတ္ထဲမွာရွိတဲ႕ အတိုင္း
သာဆိုရင္ မင္းမ်က္နွာကိုလက္သီးနဲ႕
ပိတ္ထိုးခ်င္ေနတယ္။ဒါေပမဲ႕ မလုပ္
ပါဘူး။မင္းညီ ငါ့ကိုမုန္းသြားလိမ့္မယ္။
မင္းက သူ႕အေပၚ အစ္ကိုတစ္ေယာက္
လိုငယ္ငယ္ထဲက ေစာင့္ေရွာက္ခဲ႕
တယ္ဆိုတာကိုလည္း ငါသိျပီးျပီ။
အဲ႕အတြက္ေတာ့ ေက်းဇူးတင္တယ္။
ေရွ႕ေလ်ွာက္ ငါက ဆုလာဘ္ဝန္းကို
ေစာင့္ေရွာက္မွာ မလို႕"

"ေနစမ္းပါအံုး ဆုလာဘ္ကငါမဟုတ္
ရင္ေတာင္ သူ႔မွာအုပ္ထိန္းမဲ႕အေဖျဖစ္
သူရွိေသးတယ္။မင္းလုပ္ခ်င္တိုင္း လုပ္
လို႕ရမယ္လို႕ ထင္ေနတာလား"

ခပ္လွမ္းလွမ္းမွာ ကိုယ္တို႕ကို
မသိမသာလွမ္းျကည့္ေနတဲ႕
ေကာင္ေလးေျကာင့္ ကိုယ့္စိတ္ေတြ
ေလ်ွာ့လိုက္ရသည္။သူ႕အစ္ကိုနဲ႕
သေဘာထားခ်င္း မတိုက္ဆိုင္ေပမဲ႕
ဒီေကာင္ေလးအတြက္ စိတ္ပူလို႕
ေျပာေနသည္ဆိုတာ ကိုယ္နားလည္
တယ္။ဘာမွ အျကီးအက်ယ္ မျဖစ္ခ်င္။

"ငါ့ညီက ငါ့စကားကိုေတာင္ နား
မေထာင္ေတာ့ပဲ မင္းဘက္ပါလာေအာင္
ဘယ္လိုလုပ္လိုက္လည္းေတာ့ ငါ
မသိဘူး။ငါသိလိုက္ရတဲ႕အခ်ိန္မွာ
ဒီေကာင္ေလးက ငါတားလို႕မရေတာ့
ေအာင္အထိမင္းကို ခင္တြယ္ေနျပီ။
ငါမင္းကိုေျပာျပခ်င္တာ ဆုလာဘ္က
သူ႕ဘဝအေျခအေနေျကာင့္သာ
လူျကီးေလးလိုေနေနရေပမဲ႕
ဒီေကာင္ေလးကငယ္ငယ္ထဲက
ဂရုစိုက္တာ ခံခ်င္တဲ႕ကေလး။သူ႕
အေမ လက္ကေနမခ်ေအာင္အထိ
အခ်စ္ခံရ ဖူးဖူးမႈတ္ထားတာခံခဲ႕ရ
တဲ႕ကေလးက ရုတ္တရက္ျကီး သူ႕ကို
မခ်စ္တဲ႕မိေထြးနဲ႕ေနခဲ႕ရျပီး ညီေလး
တစ္ေယာက္ရဲ႕အစ္ကို ေနရာကိုပါ
ေရာက္သြားတယ္။ကေလးက ကေလး
ျပန္ထိန္းခဲ႕ရတယ္။သူ႕အေမ မရွိေတာ့
တဲ႕ အခ်ိန္ထဲက ကိုယ့္ကိုကိုယ္ အရြယ္
ေရာက္ေနခဲ႕တဲ႕ သူတစ္ေယာက္လို
ရုန္းကန္ျပီးေနေနခဲ႕ရေတာ့ မင္းက
သူ႕ကိုဂရုစိုက္ေပးလိုက္တဲ႕ အခ်ိန္မွာ
သာယာသြားတာ လည္းျဖစ္နိုင္တယ္။
ငါကလည္း အစ္ကိုတစ္ေယာက္အေန
နဲ႕သူ႕ကိုေစာင့္ေရွာက္ခဲ႕ေပမဲ႕  သူ႕ရဲ႕
စိတ္အေျခအေနကိုေတာ့ သိပ္ျပီးဂရု
မစိုက္နိုင္ခဲ႕ဘူး။ဒီေကာင္ေလးက
ေမတၱာ ငတ္ေနခဲဲ႕တာ"

သူအစ္ကိုက ေျပာရင္းနဲ႕ပင္သက္ျပင္း
ခ်လိုက္ခ်ိန္ ကိုယ့္စိတ္ေတြလည္း
ေလးလံသြားရ သည္။ဒီေကာင္ေလးရဲ႕
မိသားစုအေျကာင္း ကိုယ္သိခဲ႕ေပမဲ႕
သူငယ္ခ်င္းေတြလည္းရွိတယ္ သူ႕ညီ
ကိုလည္းအရမ္းခ်စ္ေနတာျမင္ေတာ့
ဒီေလာက္ထိ စိတ္ပင္ပန္းျပီးေနခဲ႕ရ
လိမ့္မယ္လို႕ မထင္ထားတာအမွန္ပင္။

စိုးရိမ္ျကီးတတ္တဲ႕ေကာင္ေလးရဲ႕
စိတ္ပိုင္းဆိုင္ရာက ဒီလိုမ်ိဳးေနခဲ႕ရ
တာရဲ႕ တစ္စိတ္တစ္ပိုင္းေျကာင့္မ်ား
ျဖစ္ေနမလား။

"အဓိက ငါေျပာခ်င္တာ ငါ့ညီက
တစ္ျခားတစ္ေယာက္ဆီက ဘာကိုမွ
အလကားယူတတ္တဲ႕ ကေလး
မဟုတ္ဘူး။သူအဓိက လိုခ်င္ေနတာ
ေတာင့္တေနခဲ႕တာက ဂရုစိုက္မႈေတြ
ေမတၱာေတြ။အဲ႕ေကာင္ေလးကေမတၱာ
ငတ္ေနတာ သူ႕ အေပၚ ဂရုစိုက္ရင္
ဘာမွသိေတာ့မွာမဟုတ္ဘူး။ဒီအရြယ္က
စိတ္ကစားတတ္ေတာ့  မင္းကိုအားကိုး
မိရာက ေနမရုန္းထြက္နိုင္ပဲအခ်ိန္တန္
လို႕ မင္းထားခဲ႕ရင္ ဒီေကာင္ေလး
ဘဝက ရပ္တည္ရာမရျဖစ္သြားမယ္။
ငါ့ညီက ကေလးပဲရွိပါေသးတယ္။
မင္းတို႕ နွစ္ေယာက္ရဲ႕ အေျခအေနက
လည္းမိုးနဲ႕ေျမလို႕ ကြာျခားတယ္။အဲ႕
တာေျကာင့္ မင္းလိုခ်င္တာ ရသြားရင္
ထားသြားမဲ႕အတူတူ ငါ့ညီကို မင္းရဲ႕
ပိုင္ဆိုင္မႈေတြနဲ႕ ခဏတစ္ျဖဳတ္
သာယာေအာင္လုပ္ျပီးနႊံ႕ထဲ နစ္သြား
ေအာင္မလုပ္ပါနဲ႕"

မထင္မွတ္ထားတာကို ျကားလိုက္ရ
သည္မို႕ ကိုယ္ဘာေျပာရမွန္း မသိ
ေအာင္ တစ္ခဏဆြံ႕အသြားသည္
အထိျဖစ္ေနရ သည္။ေဒါသေတြ
ထြက္လာခ်င္ေနသည္ကို မနည္းထိန္း
ေနရတာ လည္းမလြယ္ကူ။ကိုယ္က
ေကာင္းတဲ႕ေကာင္ေတာ့ မဟုတ္ေပမဲ႕
ကိုယ္ဘယ္သူ႕ကိုမွ ထိခိုက္နစ္နာ
ေအာင္မလုပ္ခဲ႕ဖူးဘူး။

ဒီေကာင္ ဘာေတြေျပာေနတာလဲ
ဘာေတြျကားထား လို႕လဲ။
ကိုယ္က ဘာလို႕ဝန္းကို။

"အဲ႕တာ ငါတို႕ ကိစၥပါ။မင္းက အစ္ကို
ဆိုတာမွန္ေပမဲ႕ ဆုလာဘ္ဝန္းမွာ
ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ရွိတယ္။ငါ့ကို
မယံုရင္ေတာင္ မင္းညီကိုေတာ့
အျပည့္အဝ ယံုလိုက္။ငါသူကို ဘာမွ
မထိန္းခ်ဳပ္ထားဘူး။လူနွစ္ေယာက္က
အေျခအေနခ်င္း ကြာေနတာနဲ႕ပဲ
အဲ႕ကိစၥရွိမွ ပတ္သက္လို႕ရမွာလား။
အဲ႕တာဆို မင္းညီကိုမင္း အထင္ေသး
လြန္းရာက်သြားျပီ။မင္းမ်က္လံုးမွာ
မင္းညီက ငယ္ေသးသလို ငါ့အတြက္
လည္းကေလးပဲ။ငါက မင္းထက္ေတာင္
ဒီေကာင္ေလးကို အျမင့္မွာပဲထားခ်င္
ေသးတယ္။ငါ့စိတ္လံုလို႕ ဒီအိမ္ေရွ႕ထိ
လာေတြ႕ျပီးျပီပဲ စကားေတြ ဘာလို႕
အမ်ားျကီးေျပာေနမွာလဲ အကယ္၍
ငါ့ဘက္က ေျခလွမ္းပ်က္တာရွိခဲ႕ရင္
ေယာက်ာ္းေလးခ်င္းပဲ မင္းအခ်ိန္မေရြး
ထိပ္တိုက္ လာရွင္းလို႕ရတယ္"

"အဲ႕ေတာ့ မင္းဆိုလိုခ်င္တာ
ဆုလာဘ္ကို မင္းကအတည္ သေဘာ
ထားတာေပါ့ ဟုတ္လား။ငါသိထားတာနဲ႕
မင္းေျပာေနတာေတြက တစ္ျခားဆီပဲ"

"ေျပာရတာက လြယ္တယ္။
လက္ေတြ႕က်ဖို႕ပဲ ခက္တာ။ငါ
ေသခ်ာေပါက္ေျပာ နိုင္တာကေတာ့
ဆုလာဘ္ဝန္း ငါ့ေျကာင့္နဲ႕ ဘယ္ေတာ့
မွ ဒုကၡမေရာက္ေစရဘူး"

ကိုယ္ေဒါသနဲ႕ အသံက်ယ္မိသလို
ျဖစ္မွာကို မနည္းထိန္းထားရသည္။
ကိုယ့္ေရွ႕ကေကာင္လည္း စကားသံ
ေတြ ရပ္တန္႕သြားျပီး တစ္ခုခုကို
စဥ္းစားေနသလိုနွင့္ မ်က္နွာတည္ေန
သည္။

ရပ္ေစာင့္ေနတဲ႕ ေကာင္ေလးကလည္း
ကိုယ္တို႕ကို လွမ္းကာျကည့္ေနေလျပီ။
ကိုယ္ေသခ်ာ သိတာေပါ့ သူ႕အစ္ကိုကို
ကိုယ္ တစ္ခုခုလုပ္လိုက္မွာ စိုးရိမ္ေနတာ။

"စကားေျပာျပီးတာနဲ႕ ငါ့ညီကို အိမ္ထဲ
ျပန္ဝင္လာခိုင္း။အခ်ိန္ ခဏေပးမယ္"

……

ကိုယ္တို႕ နွစ္ေယာက္ထဲ က်န္ခဲ႕တဲ႕
အခ်ိန္ ျခံတံခါးမွာ ဒီအတိုင္းရပ္ေန
ဆဲျဖစ္သည့္ ေကာင္ေလးကို လွမ္း
ျကည့္ကာ ကိုယ္ရင္ေမာရသည္။

သူ႕အစ္ကို ထြက္သြားလို႕  ျခံထဲဝင္
သြားျပီးသည့္တိုင္ ေခါင္းငံု႕လ်က္
ျငိမ္သက္ေနတဲ႕ေကာင္ေလးအနား
အလ်င္အျမန္ေျခလွမ္းရင္း ကိုယ့္စိတ္
ကိုေျဖေနရသည္။

ကိုယ္သူ႕ေရွ႕ကို ေရာက္လာတာနဲ႕
ေနရခက္ေနပံုရျပီး အေနာက္ကိုေျခ
တစ္လွမ္းဆုတ္သြားတဲ႕ ေကာင္ေလးရဲ႕
ပံုစံကိုျမင္ရတာ ကိုယ့္မွာ။

"ဘာလို႕ ဒီေလာက္ထိပိန္သြားရတာလဲ"

သူ႕လက္ေကာက္ဝတ္ကို ကိုယ္အသာ
ဆြဲကိုင္လိုက္တဲ႕တစ္ခဏ ခ်က္ခ်င္းပင္
ေရွာင္ဖယ္သည္။မ်က္နွာကိုေတာ့ လံုးဝ
မေမာ့လာ။

"က်ြန္ေတာ္ ဘာမွမျဖစ္ဘူးဆိုတာ
ခင္ဗ်ား ေတြ႕ျပီးျပီ ဆိုေတာ့ ျပန္ပါေတာ့"

"မ်က္နွာေတြလည္း ေခ်ာင္က်သြား
တယ္။ကိုယ္မရွိတဲ႕ အခ်ိန္ ကိုယ့္ကို
ကိုယ္ ဂရုမစိုက္ဘူးမလား"

ေခါင္းကိုမေဖာ္တမ္းငံု႕ထားတဲ႕
ေကာင္ေလးက ကိုယ့္ေရွ႕မွာ ဘယ္
ေလာက္ထိအားတင္းထားတာလဲ။သူ႕
ပါးျပင္တစ္ဖက္ကို ထိကိုင္မည္လုပ္
ေတာ့ ငိုခ်င္းမခ်ရံုတစ္မယ္ ျဖစ္ေနတာ
ကို အတင္းထိန္းထားရသည့္ မ်က္နွာ
ေလးကိုျမင္ရသည့္ ကိုယ့္မွာ။

"ခင္ဗ်ားကို က်ြန္ေတာ္ ျပန္ေတာ့လို႕
ေျပာေနတယ္ေလ မျကားဘူးလား။
က်ြန္ေတာ္ အဆင္ေျပေနတာမို႕လို႕
ခင္ဗ်ားျပန္ေတာ့ က်ြန္ေတာ္တို႕
ထပ္ျပီးေတြ႕စရာ အေျကာင္းမရွိေတာ့
ဘူး။က်ြန္ေတာ့္ေရွ႕ကို ေနာက္တစ္ခါ
ထပ္ျပီး"

အသံငယ္ေလးနဲ႕သာ ေအာ္ဟစ္ေန
နိုင္ရွာတဲ႕ေကာင္ေလးကို ကိုယ္ဆက္
ျပီးမျကည့္နိုင္ေတာ့စြာ ေျခလွမ္းေတြ
ကိုေရွ႕တိုးျပီး ကိုယ္ေသးေသးေလး
ကိုေထြးဖက္လိုက္သည္။ဒီေကာင္ေလး
ကို ကိုယ္ဘယ္ေလာက္ေတာင္
လြမ္းခဲ႕ရလဲ။

ရင္ခြင္ထဲထည့္ကာ ဖက္ထားခ်ိန္
တစ္ခဏတာ ျငိမ္သက္ေနျပီးမွ
ကိုယ့္ကို ထုရိုက္ေနတဲ႕ လက္ေလး
ေတြက အားမပါေတာ့စြာ ကိုယ့္ရင္ခြင္
ထဲမွာမ်က္နွာအပ္ကာ ေနေလျပီ။သူ
ငိုေနတာကို မျပခ်င္တဲ႕ေကာင္ေလးက
အသံမထြက္ေအာင္ ထိန္းထားေပမဲ႕
ကိုယ့္အက်ီ ၤမွာ မ်က္ရည္ေတြတစ္စစ
စိုစြတ္လာေတာ့ ကိုယ္ေသးေသးေလး
ကိုကိုယ့္ရင္ခြင္ထဲ ေပ်ာက္ကြက္သြား
မတတ္ ဖက္ထားမိသည္။

"က်ြန္ေတာ့္ကို လႊတ္"

အေတာ္ျကာမွ အသံေတြ မပီမသ နဲ႕
သူ႕မွာရွိတဲ႕အားေလးနဲ႕ ရင္ခြင္ထဲကေန
ရုန္းကန္ေနေပမဲ႕ ကိုယ္မလႊတ္ေပးပဲ
ပို၍တင္းျကပ္စြာ ဖက္ထားလိုက္သည္။

"ခင္ဗ်ားကို လႊတ္လို႕ေျပာေနတယ္ေလ"

"ကိုယ္ျပန္လာျပီေနာ္ ဘာမွမျဖစ္
ေတာ့ဘူး။ေနာက္က်သြားတဲ႕အတြက္
ေတာင္းပန္တယ္ ကိုယ္တစ္ကယ္
ေတာင္းပန္တယ္ေနာ္"

ကိုယ့္ရင္ခြင္ထဲ နစ္ျမဳပ္ေနသည့္
ေကာင္ေလးရဲ႕ ဆံပင္ေလးေတြကို
တစ္ဖြဖြ ပြတ္သပ္ေပးရင္း ကိုယ္
ေတာင္းပန္စကားဆိုခ်ိန္ ျငိမ္သက္ေန
သည္။

အစထဲက ေျကာက္တတ္တဲ႕ ကေလး
။စိုးရိမ္ျကီးတတ္တဲ႕ကေလးက ဒီလိုမ်ိဳး
ျဖစ္ခဲ႕တာ သူ႕အေတြးေလးေတြနဲ႕
ဘယ္ေလာက္ေတာင္ ပင္ပန္းခဲ႕ရမလဲ။

"ကိုမင္းစစ္ေျကာင္း ခင္ဗ်ား ျပန္ပါ
ေတာ့။က်ြန္ေတာ့္ကိုသနားလို႕ ဒီလို
ေတြလုပ္ေနတာဆိုရင္ က်ြန္ေတာ္
အဆင္ေျပေနတာမို႕လိို႕ ေက်းဇူးျပဳ
ျပီးျပန္ပါေတာ့။ခင္ဗ်ား က်ြန္ေတာ့္ကို
ဘာျဖစ္လို႕ ဘာမွမျဖစ္ခဲ႕သလို
ဆက္ဆံေနရတာလဲ"

ရင္ခြင္ထဲမွာ ျငိမ္က်ကာ ငိုသံစြက္ျပီး
ေျပာေနတဲ႕ ေကာင္ကေလး။

ကိုယ္သူ႕ဆံပင္ေလးေတြကို ပြတ္သပ္
ေပးေနရာကေန ရင္ခြင္ထဲကအသာ
ထုတ္ျပီး ပါးျပင္နွစ္ဖက္ကို ကိုယ့္လက္
ေတြနဲ႕ အုပ္ကိုင္ထားလိုက္ေပမဲ႕
မ်က္ရည္ေတြ ဝိုင္းေနတဲ႕ ေကာင္ေလး
က ကိုယ့္အျကည့္ေတြကို ေရွာင္လႊဲ
လို႕ေနသည္။

"ကိုယ္ မင္းအေျကာင္းကို သိျပီးသား
ေလ။ဆုလာဘ္ဝန္း ဆိုတဲ႕ ေကာင္ေလး
က ဘယ္လိုစိတ္မ်ိဳးရွိလည္း ကိုယ္မသိ
တာမွ မဟုတ္တာ"

ကိုယ့္ကို တစ္ခ်က္သာ ေမာ့ျကည့္
လာျပီး မတည္ျငိမ္နိုင္ျဖစ္သြားသည့္
မ်က္ဝန္းေတြက စိတ္လႈပ္ရွားေန
သည္ကို မဖံုးကြယ္နိုင္။

ဝမ္းနည္းလြန္းေနသည့္ ေကာင္ေလးရဲ႕
မ်က္ရည္ျကည္ေတြဝိုင္းေနသည့္
မ်က္ဝန္းေတြ တစ္ဖန္ရစ္ဝဲလာေတာ့
ကိုယ္အလ်င္အျမန္ပင္ သူ႕ပါးျပင္
နွစ္ဖက္ကိုကိုင္ကာ အျကည့္ခ်င္း
ဆံုေစလိုက္သည္။

"ဘာမွမျဖစ္ဘူးေနာ္ ကိုယ္မင္းကို
ယံုတယ္။ကိုယ္အထင္လြဲမွာကို
ေျကာက္ေနခဲ႕တာလား ကေလးက။
ကိုယ္မင္းကို စိတ္ပူေနခဲ႕တာကလြဲ
အဲ႕လိုစိတ္ကူးမ်ိဳး နည္းနည္းေလးမွ
ေတာင္မရွိခဲ႕တာမလို႕ မဟုတ္တာ
ေတြေလ်ွာက္ေတြးျပီးမငိုနဲ႕ေတာ့ေနာ္။
မင္းဝမ္းနည္းျပီးငိုေနတာကို ျမင္ရတာ
ကိုယ့္ ရင္ေတြနာလို႕"

ပါးျပင္နုနုကို ကိုယ္အသာယာ
ထိကိုင္ျပီး က်ဆင္းခ်င္ေနသည့္
မ်က္ရည္ေတြကို သုတ္ေပးေတာ့
ကိုယ့္ကိုျကည့္ေနတဲ႕ေကာင္ေလးက
မ်က္ရည္ျကည္ေတြ ပို၍ဝိုင္းလာပါ
သည္။ဒီေကာင္ေလး ဆီမွာ စိုးရိမ္
လြန္တတ္သည့္ အေတြးေတြမရွိေတာ့
ေအာင္ ကိုယ္ဘယ္လိုလုပ္ေပးရပါ့မလဲ။

ကိုယ့္မ်က္နွာကို တစ္ခဏျကာသည္
အထိ ဒီအတိုင္းေငးျကည့္ေနတဲ႕
ေကာင္ေလးက ျငိမ္သက္ေနလ်က္သာ။

"ခင္ဗ်ား က်ြန္ေတာ့္ေဘးမွာ ဆက္ျပီး
ရွိမေနသင့္ေတာ့ ဘူး။က်ြန္ေတာ္က
တစ္ျခား သူေတြရဲဲ႕အျမင္မွာ"

"ကိုယ့္ မ်က္လံုးထဲမွာေတာ့ ကိုယ္
မင္းကိုစေတြ႕ခဲ႕တဲ႕ အခ်ိန္တုန္းကလိုပဲ။
ဘာမွ မေျပာင္းလဲဘူး။ဆုလာဘ္ဝန္းက
ကိုယ့္မ်က္လံုးထဲမွာ အျမဲတမ္း ျဖဴစင္
ေနတဲ႕ ေကာင္ေလး။လုပ္ခ်င္ရာေတြ
လုပ္ျပီး ကိုယ့္ကိုေျကာက္လို႕ထြက္ေျပး
ေနတတ္တဲ႕ ကေလးေပါက္စေလး
စိတ္ထဲမွာရွိတဲ႕ အတိုင္းေနတတ္တဲ႕
ေကာင္ေလးပဲ။တစ္ျခားသူေတြဘယ္လို
ပဲထင္ေနပါေစ ကိုယ္ဂရုမစိုက္ဘူး။
အဲ႕ဒီလူေတြ ဘာမွမေျပာနိုင္ေတာ့
တဲ႕အထိ ကိုယ္က မင္းကို ဒီထက္
ပိုျပီး တန္ဖိုးထားေပးမယ္"

ျငိမ္က်သြားတဲ႕ ေကာင္ေလးက
ကိုယ့္ကို ျကည့္ေနလ်က္ စကားတို႕
မဆိုနိုင္ေအာင္ ျဖစ္ေနသည္လား။

မ်က္နွာငယ္ေလးက အျကည့္ေတြ
ကိုေရွာင္ဖယ္မည္လုပ္ေတာ့ ကိုယ္
သူ႕ပါးျပင္ကို ထိကိုင္ထားျပီး ေရွာင္
လႊဲခြင့္မျပဳဘဲ အျကည့္ခ်င္းဆံုေစ
လိ္ုက္သည္။

"ကိုယ္မင္းကို ခ်စ္တယ္ ဝန္း။ကိုယ္
မင္းကို ဘယ္အခ်ိန္ထဲက ဒီေလာက္
ထိခ်စ္မိသြားလည္း ကိုယ္ကိုတိုင္
ေတာင္ ေသခ်ာမသိခဲဲ႔ေပမဲ႕ ဒီကိစၥ
ေတြျဖစ္ျပီးမွ ကိုယ္နားလည္သြားတယ္။
ကိုယ္မင္းကို အဆံုးရႈံးမခံနိုင္ဘူး။
မင္းကိုယ့္ကို အေဝးမွာေနဖို႕ တြန္းပို႕
ေနတာက မင္းေျကာင့္ခ်စ္တတ္ခဲ႕တဲ႕
ကိုယ့္ကိုပ်က္ဆီး ေစတာနဲ႕ အတူတူပဲ။
အဲ႕တာေျကာင့္ ထပ္မေတြ႕ျကဖို႕
မေျပာနဲ႕။ကိုယ့္ကို မနွင္ပါနဲ႕"

ကိုယ့္ကို စကားတို႕မဆိုနိုင္ေအာင္
ေငးျကည့္ေနတဲ႕ မ်က္နွာငယ္ေလးက
ကေလးေတြေခ်ာ့ရင္ပိုငိုေလ ဆိုသလို
မ်က္ရည္ေတြဝဲလာျပန္တဲ႕ တစ္ခဏ
ကိုယ့္ရင္ခြင္ထဲကို တိုးဝင္လာသည္။

မထင္မွတ္ထားမိသည္ မို႕ကိုယ္
တစ္ခဏ ဒီအတိုင္းေနေနမိသည့္
အခ်ိန္တြင္ ေနြးေထြးလြန္းသည့္
ကိုယ္ေလးက ကိုယ္ရင္ခြင္ကို
လိုအပ္ေနသည့္အလား မသိမသာနဲ႕
တိုးဝင္လာျပီး ျငိမ္သက္ေနပါသည္။
သူ႕ဘက္ကအရင္ ကိုယ့္ရင္ခြင္ကို
ထိကပ္ရံုေလး မ်က္နွာအပ္လာေတာ့
ကိုယ့္ရင္ထဲသိမ့္ခနဲ ခံစားရရင္း
ကိုယ္ေသးေသးေလးကိုျပန္လည္ကာ
ေပြ႕ဖက္ေပး လိုက္သည္။

"က်ြန္ေတာ္ ေနမေကာင္းဘူး"

"အင္း ကိုယ္သိတယ္။ကိုယ္ျပန္
ေရာက္လာျပီေနာ္ ဘာမွမျဖစ္ေတာ့ဘူး"

ဆံပင္ေလးေတြကို ပြတ္သပ္ေပးေန
ေတာ့ ရင္ခြင္ထဲမွာ အေတာ္ျကာသည္
အထိ ခိုနားျပီးမွ ငိုသံေတြ တစ္ျဖည္း
ျဖည္း တိတ္သြားတဲ႕ ေကာင္ေလး။

သူမ်က္နွာအပ္ထားရာ ကိုယ့္ရင္ခြင္
ဆီကိုပို၍ တိုးဝင္လာသည္ကို ခံစားမိ
လိုက္ရျပီး ကိုယ့္အက်ီ ၤကိုသူ႕လက္
ေလးနဲ႕ပါဆုပ္ကိုင္လာသည္။ေကာင္ေလး
တစ္ေယာက္ရဲ႕ အားကိုးျခင္းကို
ရလိုက္တဲ႕ ခံစားခ်က္က ဘယ္လိုမ်ိဳးလဲ။

ကိုယ့္ ဘယ္ဘတ္ ရင္ဘတ္ထဲမွာ
ေတာ့ ဆိုးရြားစြာအခုန္ျမန္လာသည္
ကိုထိန္းခ်ဳပ္နိုင္ဖို႕ဆိုတာ အခုခ်ိန္မွာ
ဘယ္လိုမွ မျဖစ္နိုင္ခဲ႕။

"ေခါင္းကလည္း မူးေနတယ္။အဖ်ား
ကလည္း မေပ်ာက္ေသးဘူး။ျပီးေတာ့
က်ြန္ေတာ္ ဟိုေန႕က ဘာမွမစားနိုင္
ဘူး။ေနလို႕ လည္းမေပ်ာ္ဘူး။က်ြန္
ေတာ့္ကို ဆန္ျပဳတ္ပဲ ေက်ြးျကလို႕
ထမင္းစား ခ်င္တယ္ေျပာတာ အဖ်ား
ရွိေနလို႕ စားလို႕မရေသးဘူး မေက်ြး
ဘူးဆိုျပီး ေအာ္ျကတယ္။က်ြန္ေတာ္
က ရမလားလို႕ေျပာျကည့္တာပါ။အဲ႕
တာကိုေနမေကာင္းတဲ႕သူကို နားဝင္
ေအာင္ မေျပာပဲစိတ္အားငယ္ေအာင္
ေအာ္ျကတယ္။က်ြန္ေတာ္က အားလံုး
ထက္ငယ္ေပးမဲ႕ က်ြန္ေတာ္ကပဲ ခႊင့္
လႊတ္ေပးလိုက္ပါတယ္။ျပီးေတာ့
က်ြန္ေတာ္ ဘယ္မွလည္းမသြားျဖစ္ဘူး။
က်ြန္ေတာ့္ကို ေနမေကာင္းေသးလို႕
ဆိုျပီး အျပင္ေပးမထြက္ျကဘူး။က်ြန္
ေတာ္ ဘယ္မွေတာ့သိပ္မသြားတတ္
ေပမဲ႕ အိမ္မွာ ဘာအလုပ္မွမလုပ္ရပဲ
ထိုင္ျပီးေနေန ရတာ က်ြန္ေတာ္ပ်င္း
တယ္။အရင္တုန္းက ေနမေကာင္းျဖစ္
ရင္ ျပန္ေကာင္းဖို႕ရက္ျကာေပမဲ႕ တစ္
ခါမွဒီလိုမ်ိဳး ကိုယ္အပူျပန္မက်တဲ႕အထိ
မျကာဖူးဘူး။က်ြန္ေတာ္ ေနမေကာင္း
မျဖစ္ခ်င္ဘူး"

ကိုယ့္ရင္ထဲမွာ လႈိက္ခနဲပင္။
ရင္ခြင္ထဲက အေကာင္ေပါက္က
စကားေတြ အမ်ားျကီးေျပာလိုက္ရ
လို႕ ေမာေနသည္လား တစ္ခဏ
ျငိမ္က်သြားသည္။ဒီအေတာ အတြင္း
ကိုယ့္ကိုေျပာခ်င္ေနတာေတြ
ဘယ္ေလာက္ေတာင္ မ်ားေနခဲ႕တာလဲ။

ဆုလာဘ္ဝန္းရဲ႕ ပံုစံေလးကိုျပန္ျမင္
လိုက္ရလို႕လည္း နည္းနည္းေတာ့
စိတ္ေအးသြားရသည္။သူ႕ေခါင္းေလး
ကို ပုတ္လိုက္တဲ႕အခ်ိန္ ရင္ခြင္ထဲက
ေန ေခါင္းေလးထြက္လာကာ ကိုယ့္ကို
ေမာ့ျကည့္လာတဲ႕ မ်က္ဝန္းေတြ။

"ကိုမင္းစစ္ေျကာင္း က်ြန္ေတာ္
ခင္ဗ်ားကိုပဲ ေစာင့္ေနတာ"

ကိုယ္ေသးေသးေလးကို ရင္ခြင္ထဲ
ေပ်ာက္ကြယ္သြားမတတ္ တင္းျကပ္
စြာဖက္ထားလိုက္ျပီး ကိုယ္လံုးဝ
မလႊတ္ေပးမိေတာ့။

ကေလးက ေနမေကာင္းေနတာမို႕
လည္း အခုန္ျမန္ေနသည့္ရင္ဘတ္ျကီး
ကို ထိန္းထားရသည္။ကိုယ့္မွာ ရူးေတာ့
မွာပါပဲ။ဒီေကာင္ေလးက ဘာလို႕ဒီ
ေလာက္ေတာင္ ကိုယ့္ကိုအသည္းယား
ေအာင္ ျပဳစားနိုင္ရတာလဲ။

ဒီေကာင္ကေလး ရဲ႕စိတ္ေလးကိုလည္း
ကိုယ္ဒီေန႕မွပိုျပီး သိသြားရတယ္။
က်ြန္ေတာ္က ေယာက်ာ္းေလးပါလို႕
အျမဲေျပာတတ္တဲ႕ကေလးက ေန
မေကာင္းျဖစ္ေနတဲ႕အခ်ိန္ ပီဘိ
ကေလးငယ္ေလးပါပဲ။ေမတၱာေတြ
လိုအပ္ေနတဲ႕ကေလးကို ကိုယ္ဒီ
ထပ္ပိုျပီး ဂရုစိုက္ေပးမယ္။ကိုယ့္ရဲ႕
ခ်စ္ရျခင္းေတြကို ဒီေကာင္ေလး
တစ္ေယာက္ထဲဆီမွာ တစ္သက္လံုး
ပံုအပ္ျပီး တန္ဖိုးထားေပးမယ္။

ကိုယ့္ကေလး ကိုဒီလိုပံုစံျဖစ္သြား
ေအာင္ လုပ္တဲ႕ေကာင္ကိုလည္း
ဒီေျမမွာ ေျခထပ္မခ်ေစရဘူးလို႕
ကိုယ္ ကတိေပးတယ္။

………………………………………………………………………………………………

"ဆုလာဘ္ ခရီးကျပန္လာရင္ ငါ့အတြက္
ဘာဝယ္လာမွာလဲ"

"ဝယ္လာမွာ မုန္႕ေတြအကုန္ဝယ္လာမွာ"

"ေရးး ဒါမွ ဆုလာဘ္"

က်ြန္ေတာ္ေဘးမွာ ျပံဳးေပ်ာ္ေနသည့္
အငယ္ေလး။ထိုင္ခံုမွာ ထိုင္ေနသည့္
အေဖ့ကို ခရီးမသြားခင္နႈတ္ဆက္
စကားေျပာခ်င္လို႕ ျကည့္ေနေပမဲ႕
အေဖက သတင္းစာ တစ္ေစာင္ကို
သာဖတ္လို႕ေနသည္။

"အေဖ က်ြန္ေတာ္ ျပန္လာခဲ႕မယ္"

ဖတ္လက္စ သတင္းစာကို လွန္လ်က္
အျကည့္မပ်က္သည့္အေဖ ေျကာင့္
က်ြန္ေတာ္အားေလ်ွာ့ကာ ဒီအတိုင္း
သြားေတာ့ မည္ လုပ္စဥ္။

"ဂရုစိုက္ ျပီးသြား။ျပန္ေရာက္တာနဲ႕
အိမ္မွာလာျပန္ေန"

အေဖ က်ြန္ေတာ့္ကို တစ္ခ်က္ေလးမွ
မျကည့္လာေပမဲ႕ က်ြန္ေတာ္ေခါင္းကို
အထပ္ထပ္အခါခါ ညိတ္လိုက္ မိသည္။

အငယ္ေလးကို ေသခ်ာနႈတ္ဆက္ျပီး
ျခံအျပင္ကို ထြက္လာခဲ႕ေတာ့ က်ြန္
ေတာ့္ကို လာျကိဳမည့္သူကမေရာက္
လာေသးတာမို႕ ရပ္ေစာင့္ေနလိုက္သည္။
စိတ္ထဲမွာလည္း ျကည္လင္လာပါသည္။
ကိုေဇာ့္ အိမ္မွာေနေနတာ အေဖသိ
ေနလို႕ လာျပန္မေခၚတာလို႕စိတ္ေျဖေန
ေသာ္လည္း ရင္ထဲမေကာင္းခဲ႕ရဘူး။
အေဖ အခုက်ြန္ေတာ့္ကို စကားေတာ့
ျပန္ေျပာျပီမလား။ခရီးက ျပန္ေရာက္ရင္
လည္းအိမ္ကိုပဲ ျပန္လာတဲ႕။က်ြန္ေတာ္
ကိုေဇာ့္အိမ္မွာပဲေနေနရျပီး အခုက
ခရီးထြက္ဖို႕အိမ္မွာအထုပ္လာျပင္တာ။
ေမမီက ဒီခရီးမွာသူငယ္ခ်င္းေတြ
အကုန္ပါတယ္ သူတာဝန္ယူပါတယ္
လို႕ေခါင္းခံျပီး ခြင့္ေတာင္းတာကို
အေဖက သြားခြင့္ျပဳလိုက္တယ္။
ကိုေဇာ့္ကိုလည္း ေမမီပဲေျပာေပးျပီး
က်ြန္ေတာ္ဘာမွမေျပာရဲပဲ တိတ္တိတ္
ေလး ထြက္လာခဲ႕တာ။နွစ္ေယာက္ထဲ
မဟုတ္ပဲ သူငယ္ခ်င္းေတြအားလံုးပါ
တာေျကာင့္ ကိုေဇာ္ မသိခ်င္ေယာင္
ေဆာင္ေပးထားတာ လို႕လည္းထင္ပါ
သည္။

ခရီးေဆာင္အိတ္ကို ကိုင္ျပီး
က်ြန္ေတာ္ ေခါင္းငံု႕ကာ ရပ္ေနရင္း
ေျမျကီးေပၚမွာ ဖိနပ္ကိုဟိုလွည့္
ဒီလွည့္လုပ္ကာ ေဆာ့ေနတဲ႕ အခ်ိန္
က်ြန္ေတာ့္ ေရွ႕ကို ကားတစ္စီးရပ္
လာသည္။

အိမ္ေရွ႕မွာရပ္လိုက္တဲ႕ ကားက
ကိုမင္းစစ္ေျကာင္း စီးေနက်ျပိဳင္ကား
မဟုတ္။သူ႕ကားကနွစ္ေယာက္ပဲ စီး
လို႕ရတာဆိုေတာ့ ခရီးထြက္ဖို႕ကား
လဲခဲ႕တာထင္ပါတယ္။က်ြန္ေတာ္တို႕
သြားမဲ႕နယ္ေျမနဲ႕ သူ႕ကားသံက်ယ္နဲ႕
လည္း ဘယ္လိုမွ မအပ္စပ္။

ကားရပ္ျပီးတာနဲ႕ ကိုစစ္ေျကာင္းက
ေမာင္းတဲ႕သူဘက္က ဆင္းလာကာ
က်ြန္ေတာ့္ဆီ အလ်င္ျမန္ေလ်ွာက္
လာျပီး က်ြန္ေတာ့္လက္ထဲက အိတ္
ကိုလႊဲယူလိုက္သည္။

"အေနြးထည္ ဘာလို႕မဝတ္ခဲ႕တာလဲ"

သူက်ြန္ေတာ္ ဝတ္ထားတဲ႕ အက်ီ ၤ
ကိုျကည့္ကာ ေျပာေတာ့ က်ြန္ေတာ္
ရုတ္တရက္ဘာျပန္ေျပာရမသိ။က်ြန္
ေတာ့္ဆီမွာ ခရီးထြက္ဖို႕မေျပာနဲ႕
အျပင္သြား ဘာသြားေတာင္ဝတ္ဖို႕
အေနြးထည္ေကာင္းေကာင္းဆိုလို႕
တစ္ထည္မွ မရွိဘူးေလ။

က်ြန္ေတာ္ ဘာေျပာရမည္မသိေတာ့
ပဲ သူ႕ကိုမျကည့္ရဲပဲ ရပ္ေနတဲ႕ အခ်ိန္
ကိုစစ္ေျကာင္းက က်ြန္ေတာ့္ လက္
ေကာက္ဝတ္ကိုဆြဲကိုင္ကာ ကားဆီကို
ေခၚလာေပးသည္။က်ြန္ေတာ့္ကို သူ
ကားတံခါးဖြင့္ေပးျပီး က်ြန္ေတာ္ဝင္
ထိုင္လိုက္ေတာ့ အျပင္ကေနတံခါး
ပိတ္လိုက္ျပီး က်ြန္ေတာ့္အိတ္ကို
ကားအေနာက္ဖံုးမွာ သြားထည့္ေပး
ေနသည္။

က်ြန္ေတာ္ ကားအေရွ႕ခန္းမွာဝင္ထိုင္
လိုက္တာနဲ႕ အေနာက္မွာထိုင္ေနျက
တဲ႕ ကိုေက်ာ္ထြန္းနဲ႕သူ႕ေကာင္မေလး
အစ္မျမတ္တို႕က က်ြန္ေတာ့္ကိုျပံဳးျပ
ျကသည္။က်ြန္ေတာ္တို႕က တစ္စီး
ရည္မြန္တို႕အတြဲနဲ ႕က်န္တဲ႕သူေတြက
တစ္စီး သြားျကမည္ေလ။

"ဟိုင္း ကေလးေလး ေက်ာင္းပိတ္
ထားေတာ့ မေတြ႕ရတာ ေတာင္ျကာ
ေနျပီ။ေနမေကာင္း ျဖစ္ေနတာ
သက္သာရဲ႕လား"

က်ြန္ေတာ္ ဟိုကိစၥျဖစ္ျပီးထဲက လူေတြ
ရဲ႕အျမင္ကိုေျကာက္လို႕ က်ြန္ေတာ့္ကို
သိေနတဲ႕သူေတြကိုစကားမေျပာရဲခဲ႕
ဘူး။ရုတ္တရက္ ျပန္မျပံဳးျပနိုင္ပဲျဖစ္
ေနတဲ႕အခ်ိန္ အစ္မက က်ြန္ေတာ့္ကို
ပံုမွန္အတိုင္းပင္ သက္ေတာင့္သက္
သာ စကားေျပာေနတာေျကာင့္ စိတ္
ထဲေနသာ သြားသလိုေတာ့ရွိသည္။

"ဟုတ္ကဲ႕အစ္မ သက္သာပါတယ္"

က်ြန္ေတာ္ျပန္ေျဖေနတုန္း ကိုစစ္ေျကာင္း
က သူ႕ဘက္က ကားတံခါးဖြင့္ကာ
ေမာင္းတဲ႕သူေနရာမွာ ဝင္ထိုင္လိုက္
သည္။ျပီးတာနဲ႕ က်ြန္ေတာ့္ကို
ကားခါးပါတ္ပတ္ေပးျပီး သူအျပင္က
ထပ္ဝတ္ထားတဲ႕ ရွပ္အက်ီ ၤလက္ရွည္
ကိုခ်ြတ္ေနတာေျကာင့္ က်ြန္ေတာ္
ေျကာင္အေန တဲ႕အခ်ိန္။

ကားထိုင္ခံုအေနာက္ကို က်ြန္ေတာ့္
ကိုမွီေစကာ သူ႕အေနြးထည္ကို
က်ြန္ေတာ့္ ကိုယ္ေပၚမွာျခံဳေပး
လိုက္ျပီး နဖူးကိုကိုယ္အပူစမ္းလာသည္။

"ခ်မ္းေနလား ကိုယ္ေနြးေနေသးတယ္"

က်ြန္ေတာ္ သူ႕ကိုပဲ ေငးကာျကည့္ေန
မိျပီး ဘာမွျပန္မေျပာမိ။

"ေခါင္းမူးလာရင္ ကိုယ့္ကိုခ်က္ခ်င္းေျပာေနာ္"

"ဟုတ္"

"တစ္ေရးအိပ္လိုက္ ကားရပ္ရင္ကိုယ္နႈိးမယ္"

က်ြန္ေတာ့္ ပါးျပင္ကိုထိကိုင္ကာ
သူ႕လက္ေတြနဲ႕ကိုယ္ အပူစမ္းလိုက္
နဖူးေပၚက ဆံပင္ေတြကိုသပ္တင္
ေပးလိုက္နွင့္သူလုပ္ေနတာ့ က်ြန္
ေတာ္ရင္ေတြခုန္ေနလို႕ သူ႕မ်က္နွာ
ကို ရဲရဲမျကည့္ရဲ။

"အဟမ္း ဒီေန႕ငါတို႕ စထြက္အံုးမွာလား"

"ကိုစစ္ေျကာင္းတို႕ဒီေလာက္ သည္း
ေနတာ အခုမွျမင္ဖူးတာပဲ။ကေလးေရ
အေတြးမမွား နဲ႕ေနာ္ "

အေနာက္ခန္းကေန စေနတဲ႕သံမ်ား
ကို က်ြန္ေတာ္ရွက္လာလို႕ သူျခံဳေပး
ထားတဲ႕ အက်ီ ၤနဲ႕မ်က္နွာကိုဖံုးလိုက္
တဲ႕ အခ်ိန္ ကိုစစ္ေျကာင္းက
က်ြန္ေတာ့္ေခါင္းကို တစ္ခ်က္ပုတ္
လိုက္သည္။

သူကားေမာင္း ထြက္လာတဲ႕အခ်ိန္
က်ြန္ေတာ္ အက်ီ ၤေအာက္ကေန သူ႕
ကိုပဲခိုးျကည့္ေနမိျပီး ပါလာခဲ႕သည္။
က်ြန္ေတာ္ တစ္ခါမွ ဒီေလာက္ထိ
က်ြန္ေတာ့္ကို သူစိမ္းတစ္ေယာက္က
ဂရုစိုက္ေပးတာမ်ိဳး မခံခဲ႕ရဘူးလို႕
ထင္ပါတယ္။

ခင္ဗ်ားရဲ႕ဂရုစိုက္မႈေတြကို က်ြန္ေတာ္
ဘယ္သူ႕ကိုမွ မေပးခ်င္ေတာ့ဘူး
တစ္ေယာက္ထဲ လိုခ်င္ေနမိျပီဆိုရင္
က်ြန္ေတာ့္ရဲ႕ ဆုေတာင္းေတြ ျပည့္
နိုင္ပါ့မလား။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Unicode

ညအမှောင်ထုက စောင့်ဆိုင်းနေရ
သည့် ကိုယ့်ရဲ့စိတ်တွေကိုပို၍
လေးလံစေသည်။စောင့်နေတာ
ကြာနေပြီ ဖြစ်သော်လည်း တွေ့ချင်
နေသည့် ကောင်လေးက အခုချိန်ထိ
ထွက်မလာသေးပါ။

ကိုယ်စောင့်နေတာ အတော်လေး
အကြာမှ ခြံတံခါးကို ဖွင့်ကာထွက်
လာတဲ့ သူ့အစ်ကိုရဲ့အနောက်မှာ
ကပ်ပြီး ပါလာတာက ကိုယ်လွမ်းနေ
ခဲ့ရသည့် ကောင်လေး။

စိတ်လောပြီး အလျင်အမြန်ပင်
ကိုယ်သွားမည်လုပ်တော့ သူ့အစ်ကို
ကကိုယ့်ဆီကို လျှောက်လာပြီး ရှေ့
ကနေ ရပ်ကာ တားဟန်ပြသည်။

ခေါင်းကိုမဖော်တမ်း ငုံ့ထားတဲ့
ကောင်လေးကတော့ ကိုယ့်ကိုလုံးဝ
တစ်ချက်လေးတောင်ကြည့်မလာပဲ
ခြံတံခါးနားမှာပဲ ကျန်ခဲ့ပြီးရပ်နေဆဲ။

"ဆုလာဘ်ရဲ့ အစ်ကိုတစ်ယောက်
အနေနဲ့ငါနဲ့စကား ခဏလောက်
ပြောရအောင်"

သူ့ အစ်ကိုဆိုတဲ့ ကောင်က
ခပ်လှမ်းလှမ်းကိုလျှောက် သွားတော့
ရပ်နေတဲ့ကောင်လေးနားကို
ကိုယ်ချက်ချင်း သွားချင်နေသော်
လည်း တစ်ချက်ကြည့်ခဲ့ရလျက်
သာ သူ့အစ်ကိုအနောက်ကို
လျှောက်သွား လိုက်သည်။သူ့အစ်ကို
ဆိုတဲ့ ပုဂ္ဂိုလ်ကဒီကောင်လေး
မကြားအောင် ခပ်လှမ်းလှမ်းမှာ
စကားပြောချင်နေတာနဲ့ တူပါတယ်။

"မင်းအကြောင်းတွေက တော့ ငါ
ကြားထားပြီးသားပါ။ငါ့ညီကို ငါ့အိမ်
ရှေ့ထိပေါ်တင်ကြီး လာတွေ့ရဲမယ်
လို့တော့ မထင်ထားဘူး"

"မင်းပြောစရာရှိတာကိုပြော"

ကိုယ့်ရှေ့က ကောင်က မျက်နှာ
တည်ပေမဲ့ ကိုယ်လည်း ဘာထူးလဲ။
သူတို့နှစ်ယောက်က ညီအစ်ကိုတွေ
လိုပဲနေကြတယ် ဒီကိစ္စကတစ်ခြားသူ
လုပ်ကြံတာကိုခံလိုက်ရတာ ကိုယ်သိပေမဲ့။

"အဲ့ဒီတော့ မင်းက ငါ့ညီကို
ဘယ်လို သဘောထားနေတာလဲ။
မင်း ဒီအထိလာတွေ့ရတဲ့အကြောင်း
အရင်းကဘာလဲ။ငါ့ညီရဲ့ ရှေ့မှာ
ပြဿနာမဖြစ်ချင်ဘူး။အခုချိန်မှာ
ဒီကောင်လေးက အရွယ်နဲ့မလိုက်
အောင် စိတ်ထိခိုက်နေတယ်။မင်း
ငါ့ညီကို အပြစ်တင်ဖို့လာတာဆိုရင်
အေးအေးဆေးဆေး ပြန်လိုက်တာ
ပဲကောင်းမယ်"

"ဝန်းကို ငါကဘာအပြစ်တင်ရမှာလဲ။
ဒီအရွယ် ကောင်လေးတစ်ယောက်ကို
တောင် သေချာမစောင့်ရှောက်နိုင်တဲ့
အစ်ကိုဆိုတဲ့ မင်းကိုပဲ"

"မင်းကြည့်ရတာ ငါ့ကို မျက်မုန်းကျိုး
ပြီးထိုးချင်နေတဲ့ပုံပဲ"

"ဟုတ်တယ် စိတ်ထဲမှာရှိတဲ့ အတိုင်း
သာဆိုရင် မင်းမျက်နှာကိုလက်သီးနဲ့
ပိတ်ထိုးချင်နေတယ်။ဒါပေမဲ့ မလုပ်
ပါဘူး။မင်းညီ ငါ့ကိုမုန်းသွားလိမ့်မယ်။
မင်းက သူ့အပေါ် အစ်ကိုတစ်ယောက်
လိုငယ်ငယ်ထဲက စောင့်ရှောက်ခဲ့
တယ်ဆိုတာကိုလည်း ငါသိပြီးပြီ။
အဲ့အတွက်တော့ ကျေးဇူးတင်တယ်။
ရှေ့လျှောက် ငါက ဆုလာဘ်ဝန်းကို
စောင့်ရှောက်မှာ မလို့"

"နေစမ်းပါအုံး ဆုလာဘ်ကငါမဟုတ်
ရင်တောင် သူ့မှာအုပ်ထိန်းမဲ့အဖေဖြစ်
သူရှိသေးတယ်။မင်းလုပ်ချင်တိုင်း လုပ်
လို့ရမယ်လို့ ထင်နေတာလား"

ခပ်လှမ်းလှမ်းမှာ ကိုယ်တို့ကို
မသိမသာလှမ်းကြည့်နေတဲ့
ကောင်လေးကြောင့် ကိုယ့်စိတ်တွေ
လျှော့လိုက်ရသည်။သူ့အစ်ကိုနဲ့
သဘောထားချင်း မတိုက်ဆိုင်ပေမဲ့
ဒီကောင်လေးအတွက် စိတ်ပူလို့
ပြောနေသည်ဆိုတာ ကိုယ်နားလည်
တယ်။ဘာမှ အကြီးအကျယ် မဖြစ်ချင်။

"ငါ့ညီက ငါ့စကားကိုတောင် နား
မထောင်တော့ပဲ မင်းဘက်ပါလာအောင်
ဘယ်လိုလုပ်လိုက်လည်းတော့ ငါ
မသိဘူး။ငါသိလိုက်ရတဲ့အချိန်မှာ
ဒီကောင်လေးက ငါတားလို့မရတော့
အောင်အထိမင်းကို ခင်တွယ်နေပြီ။
ငါမင်းကိုပြောပြချင်တာ ဆုလာဘ်က
သူ့ဘဝအခြေအနေကြောင့်သာ
လူကြီးလေးလိုနေနေရပေမဲ့
ဒီကောင်လေးကငယ်ငယ်ထဲက
ဂရုစိုက်တာ ခံချင်တဲ့ကလေး။သူ့
အမေ လက်ကနေမချအောင်အထိ
အချစ်ခံရ ဖူးဖူးမှုတ်ထားတာခံခဲ့ရ
တဲ့ကလေးက ရုတ်တရက်ကြီး သူ့ကို
မချစ်တဲ့မိထွေးနဲ့နေခဲ့ရပြီး ညီလေး
တစ်ယောက်ရဲ့အစ်ကို နေရာကိုပါ
ရောက်သွားတယ်။ကလေးက ကလေး
ပြန်ထိန်းခဲ့ရတယ်။သူ့အမေ မရှိတော့
တဲ့ အချိန်ထဲက ကိုယ့်ကိုကိုယ် အရွယ်
ရောက်နေခဲ့တဲ့ သူတစ်ယောက်လို
ရုန်းကန်ပြီးနေနေခဲ့ရတော့ မင်းက
သူ့ကိုဂရုစိုက်ပေးလိုက်တဲ့ အချိန်မှာ
သာယာသွားတာ လည်းဖြစ်နိုင်တယ်။
ငါကလည်း အစ်ကိုတစ်ယောက်အနေ
နဲ့သူ့ကိုစောင့်ရှောက်ခဲ့ပေမဲ့  သူ့ရဲ့
စိတ်အခြေအနေကိုတော့ သိပ်ပြီးဂရု
မစိုက်နိုင်ခဲ့ဘူး။ဒီကောင်လေးက
မေတ္တာ ငတ်နေခဲ့တာ"

သူအစ်ကိုက ပြောရင်းနဲ့ပင်သက်ပြင်း
ချလိုက်ချိန် ကိုယ့်စိတ်တွေလည်း
လေးလံသွားရ သည်။ဒီကောင်လေးရဲ့
မိသားစုအကြောင်း ကိုယ်သိခဲ့ပေမဲ့
သူငယ်ချင်းတွေလည်းရှိတယ် သူ့ညီ
ကိုလည်းအရမ်းချစ်နေတာမြင်တော့
ဒီလောက်ထိ စိတ်ပင်ပန်းပြီးနေခဲ့ရ
လိမ့်မယ်လို့ မထင်ထားတာအမှန်ပင်။

စိုးရိမ်ကြီးတတ်တဲ့ကောင်လေးရဲ့
စိတ်ပိုင်းဆိုင်ရာက ဒီလိုမျိုးနေခဲ့ရ
တာရဲ့ တစ်စိတ်တစ်ပိုင်းကြောင့်များ
ဖြစ်နေမလား။

"အဓိက ငါပြောချင်တာ ငါ့ညီက
တစ်ခြားတစ်ယောက်ဆီက ဘာကိုမှ
အလကားယူတတ်တဲ့ ကလေး
မဟုတ်ဘူး။သူအဓိက လိုချင်နေတာ
တောင့်တနေခဲ့တာက ဂရုစိုက်မှုတွေ
မေတ္တာတွေ။အဲ့ကောင်လေးကမေတ္တာ
ငတ်နေတာ သူ့ အပေါ် ဂရုစိုက်ရင်
ဘာမှသိတော့မှာမဟုတ်ဘူး။ဒီအရွယ်က
စိတ်ကစားတတ်တော့  မင်းကိုအားကိုး
မိရာက နေမရုန်းထွက်နိုင်ပဲအချိန်တန်
လို့ မင်းထားခဲ့ရင် ဒီကောင်လေး
ဘဝက ရပ်တည်ရာမရဖြစ်သွားမယ်။
ငါ့ညီက ကလေးပဲရှိပါသေးတယ်။
မင်းတို့ နှစ်ယောက်ရဲ့ အခြေအနေက
လည်းမိုးနဲ့မြေလို့ ကွာခြားတယ်။အဲ့
တာကြောင့် မင်းလိုချင်တာ ရသွားရင်
ထားသွားမဲ့အတူတူ ငါ့ညီကို မင်းရဲ့
ပိုင်ဆိုင်မှုတွေနဲ့ ခဏတစ်ဖြုတ်
သာယာအောင်လုပ်ပြီးနွှံ့ထဲ နစ်သွား
အောင်မလုပ်ပါနဲ့"

မထင်မှတ်ထားတာကို ကြားလိုက်ရ
သည်မို့ ကိုယ်ဘာပြောရမှန်း မသိ
အောင် တစ်ခဏဆွံ့အသွားသည်
အထိဖြစ်နေရ သည်။ဒေါသတွေ
ထွက်လာချင်နေသည်ကို မနည်းထိန်း
နေရတာ လည်းမလွယ်ကူ။ကိုယ်က
ကောင်းတဲ့ကောင်တော့ မဟုတ်ပေမဲ့
ကိုယ်ဘယ်သူ့ကိုမှ ထိခိုက်နစ်နာ
အောင်မလုပ်ခဲ့ဖူးဘူး။

ဒီကောင် ဘာတွေပြောနေတာလဲ
ဘာတွေကြားထား လို့လဲ။
ကိုယ်က ဘာလို့ဝန်းကို။

"အဲ့တာ ငါတို့ ကိစ္စပါ။မင်းက အစ်ကို
ဆိုတာမှန်ပေမဲ့ ဆုလာဘ်ဝန်းမှာ
ကိုယ်ပိုင်ဆုံးဖြတ်ချက်ရှိတယ်။ငါ့ကို
မယုံရင်တောင် မင်းညီကိုတော့
အပြည့်အဝ ယုံလိုက်။ငါသူကို ဘာမှ
မထိန်းချုပ်ထားဘူး။လူနှစ်ယောက်က
အခြေအနေချင်း ကွာနေတာနဲ့ပဲ
အဲ့ကိစ္စရှိမှ ပတ်သက်လို့ရမှာလား။
အဲ့တာဆို မင်းညီကိုမင်း အထင်သေး
လွန်းရာကျသွားပြီ။မင်းမျက်လုံးမှာ
မင်းညီက ငယ်သေးသလို ငါ့အတွက်
လည်းကလေးပဲ။ငါက မင်းထက်တောင်
ဒီကောင်လေးကို အမြင့်မှာပဲထားချင်
သေးတယ်။ငါ့စိတ်လုံလို့ ဒီအိမ်ရှေ့ထိ
လာတွေ့ပြီးပြီပဲ စကားတွေ ဘာလို့
အများကြီးပြောနေမှာလဲ အကယ်၍
ငါ့ဘက်က ခြေလှမ်းပျက်တာရှိခဲ့ရင်
ယောကျာ်းလေးချင်းပဲ မင်းအချိန်မရွေး
ထိပ်တိုက် လာရှင်းလို့ရတယ်"

"အဲ့တော့ မင်းဆိုလိုချင်တာ
ဆုလာဘ်ကို မင်းကအတည် သဘော
ထားတာပေါ့ ဟုတ်လား။ငါသိထားတာနဲ့
မင်းပြောနေတာတွေက တစ်ခြားဆီပဲ"

"ပြောရတာက လွယ်တယ်။
လက်တွေ့ကျဖို့ပဲ ခက်တာ။ငါ
သေချာပေါက်ပြော နိုင်တာကတော့
ဆုလာဘ်ဝန်း ငါ့ကြောင့်နဲ့ ဘယ်တော့
မှ ဒုက္ခမရောက်စေရဘူး"

ကိုယ်ဒေါသနဲ့ အသံကျယ်မိသလို
ဖြစ်မှာကို မနည်းထိန်းထားရသည်။
ကိုယ့်ရှေ့ကကောင်လည်း စကားသံ
တွေ ရပ်တန့်သွားပြီး တစ်ခုခုကို
စဉ်းစားနေသလိုနှင့် မျက်နှာတည်နေ
သည်။

ရပ်စောင့်နေတဲ့ ကောင်လေးကလည်း
ကိုယ်တို့ကို လှမ်းကာကြည့်နေလေပြီ။
ကိုယ်သေချာ သိတာပေါ့ သူ့အစ်ကိုကို
ကိုယ် တစ်ခုခုလုပ်လိုက်မှာ စိုးရိမ်နေတာ။

"စကားပြောပြီးတာနဲ့ ငါ့ညီကို အိမ်ထဲ
ပြန်ဝင်လာခိုင်း။အချိန် ခဏပေးမယ်"

……

ကိုယ်တို့ နှစ်ယောက်ထဲ ကျန်ခဲ့တဲ့
အချိန် ခြံတံခါးမှာ ဒီအတိုင်းရပ်နေ
ဆဲဖြစ်သည့် ကောင်လေးကို လှမ်း
ကြည့်ကာ ကိုယ်ရင်မောရသည်။

သူ့အစ်ကို ထွက်သွားလို့  ခြံထဲဝင်
သွားပြီးသည့်တိုင် ခေါင်းငုံ့လျက်
ငြိမ်သက်နေတဲ့ကောင်လေးအနား
အလျင်အမြန်ခြေလှမ်းရင်း ကိုယ့်စိတ်
ကိုဖြေနေရသည်။

ကိုယ်သူ့ရှေ့ကို ရောက်လာတာနဲ့
နေရခက်နေပုံရပြီး အနောက်ကိုခြေ
တစ်လှမ်းဆုတ်သွားတဲ့ ကောင်လေးရဲ့
ပုံစံကိုမြင်ရတာ ကိုယ့်မှာ။

"ဘာလို့ ဒီလောက်ထိပိန်သွားရတာလဲ"

သူ့လက်ကောက်ဝတ်ကို ကိုယ်အသာ
ဆွဲကိုင်လိုက်တဲ့တစ်ခဏ ချက်ချင်းပင်
ရှောင်ဖယ်သည်။မျက်နှာကိုတော့ လုံးဝ
မမော့လာ။

"ကျွန်တော် ဘာမှမဖြစ်ဘူးဆိုတာ
ခင်ဗျား တွေ့ပြီးပြီ ဆိုတော့ ပြန်ပါတော့"

"မျက်နှာတွေလည်း ချောင်ကျသွား
တယ်။ကိုယ်မရှိတဲ့ အချိန် ကိုယ့်ကို
ကိုယ် ဂရုမစိုက်ဘူးမလား"

ခေါင်းကိုမဖော်တမ်းငုံ့ထားတဲ့
ကောင်လေးက ကိုယ့်ရှေ့မှာ ဘယ်
လောက်ထိအားတင်းထားတာလဲ။သူ့
ပါးပြင်တစ်ဖက်ကို ထိကိုင်မည်လုပ်
တော့ ငိုချင်းမချရုံတစ်မယ် ဖြစ်နေတာ
ကို အတင်းထိန်းထားရသည့် မျက်နှာ
လေးကိုမြင်ရသည့် ကိုယ့်မှာ။

"ခင်ဗျားကို ကျွန်တော် ပြန်တော့လို့
ပြောနေတယ်လေ မကြားဘူးလား။
ကျွန်တော် အဆင်ပြေနေတာမို့လို့
ခင်ဗျားပြန်တော့ ကျွန်တော်တို့
ထပ်ပြီးတွေ့စရာ အကြောင်းမရှိတော့
ဘူး။ကျွန်တော့်ရှေ့ကို နောက်တစ်ခါ
ထပ်ပြီး"

အသံငယ်လေးနဲ့သာ အော်ဟစ်နေ
နိုင်ရှာတဲ့ကောင်လေးကို ကိုယ်ဆက်
ပြီးမကြည့်နိုင်တော့စွာ ခြေလှမ်းတွေ
ကိုရှေ့တိုးပြီး ကိုယ်သေးသေးလေး
ကိုထွေးဖက်လိုက်သည်။ဒီကောင်လေး
ကို ကိုယ်ဘယ်လောက်တောင်
လွမ်းခဲ့ရလဲ။

ရင်ခွင်ထဲထည့်ကာ ဖက်ထားချိန်
တစ်ခဏတာ ငြိမ်သက်နေပြီးမှ
ကိုယ့်ကို ထုရိုက်နေတဲ့ လက်လေး
တွေက အားမပါတော့စွာ ကိုယ့်ရင်ခွင်
ထဲမှာမျက်နှာအပ်ကာ နေလေပြီ။သူ
ငိုနေတာကို မပြချင်တဲ့ကောင်လေးက
အသံမထွက်အောင် ထိန်းထားပေမဲ့
ကိုယ့်အကျီ ၤမှာ မျက်ရည်တွေတစ်စစ
စိုစွတ်လာတော့ ကိုယ်သေးသေးလေး
ကိုကိုယ့်ရင်ခွင်ထဲ ပျောက်ကွက်သွား
မတတ် ဖက်ထားမိသည်။

"ကျွန်တော့်ကို လွှတ်"

အတော်ကြာမှ အသံတွေ မပီမသ နဲ့
သူ့မှာရှိတဲ့အားလေးနဲ့ ရင်ခွင်ထဲကနေ
ရုန်းကန်နေပေမဲ့ ကိုယ်မလွှတ်ပေးပဲ
ပို၍တင်းကြပ်စွာ ဖက်ထားလိုက်သည်။

"ခင်ဗျားကို လွှတ်လို့ပြောနေတယ်လေ"

"ကိုယ်ပြန်လာပြီနော် ဘာမှမဖြစ်
တော့ဘူး။နောက်ကျသွားတဲ့အတွက်
တောင်းပန်တယ် ကိုယ်တစ်ကယ်
တောင်းပန်တယ်နော်"

ကိုယ့်ရင်ခွင်ထဲ နစ်မြုပ်နေသည့်
ကောင်လေးရဲ့ ဆံပင်လေးတွေကို
တစ်ဖွဖွ ပွတ်သပ်ပေးရင်း ကိုယ်
တောင်းပန်စကားဆိုချိန် ငြိမ်သက်နေ
သည်။

အစထဲက ကြောက်တတ်တဲ့ ကလေး
။စိုးရိမ်ကြီးတတ်တဲ့ကလေးက ဒီလိုမျိုး
ဖြစ်ခဲ့တာ သူ့အတွေးလေးတွေနဲ့
ဘယ်လောက်တောင် ပင်ပန်းခဲ့ရမလဲ။

"ကိုမင်းစစ်ကြောင်း ခင်ဗျား ပြန်ပါ
တော့။ကျွန်တော့်ကိုသနားလို့ ဒီလို
တွေလုပ်နေတာဆိုရင် ကျွန်တော်
အဆင်ပြေနေတာမို့လို့ ကျေးဇူးပြု
ပြီးပြန်ပါတော့။ခင်ဗျား ကျွန်တော့်ကို
ဘာဖြစ်လို့ ဘာမှမဖြစ်ခဲ့သလို
ဆက်ဆံနေရတာလဲ"

ရင်ခွင်ထဲမှာ ငြိမ်ကျကာ ငိုသံစွက်ပြီး
ပြောနေတဲ့ ကောင်ကလေး။

ကိုယ်သူ့ဆံပင်လေးတွေကို ပွတ်သပ်
ပေးနေရာကနေ ရင်ခွင်ထဲကအသာ
ထုတ်ပြီး ပါးပြင်နှစ်ဖက်ကို ကိုယ့်လက်
တွေနဲ့ အုပ်ကိုင်ထားလိုက်ပေမဲ့
မျက်ရည်တွေ ဝိုင်းနေတဲ့ ကောင်လေး
က ကိုယ့်အကြည့်တွေကို ရှောင်လွှဲ
လို့နေသည်။

"ကိုယ် မင်းအကြောင်းကို သိပြီးသား
လေ။ဆုလာဘ်ဝန်း ဆိုတဲ့ ကောင်လေး
က ဘယ်လိုစိတ်မျိုးရှိလည်း ကိုယ်မသိ
တာမှ မဟုတ်တာ"

ကိုယ့်ကို တစ်ချက်သာ မော့ကြည့်
လာပြီး မတည်ငြိမ်နိုင်ဖြစ်သွားသည့်
မျက်ဝန်းတွေက စိတ်လှုပ်ရှားနေ
သည်ကို မဖုံးကွယ်နိုင်။

ဝမ်းနည်းလွန်းနေသည့် ကောင်လေးရဲ့
မျက်ရည်ကြည်တွေဝိုင်းနေသည့်
မျက်ဝန်းတွေ တစ်ဖန်ရစ်ဝဲလာတော့
ကိုယ်အလျင်အမြန်ပင် သူ့ပါးပြင်
နှစ်ဖက်ကိုကိုင်ကာ အကြည့်ချင်း
ဆုံစေလိုက်သည်။

"ဘာမှမဖြစ်ဘူးနော် ကိုယ်မင်းကို
ယုံတယ်။ကိုယ်အထင်လွဲမှာကို
ကြောက်နေခဲ့တာလား ကလေးက။
ကိုယ်မင်းကို စိတ်ပူနေခဲ့တာကလွဲ
အဲ့လိုစိတ်ကူးမျိုး နည်းနည်းလေးမှ
တောင်မရှိခဲ့တာမလို့ မဟုတ်တာ
တွေလျှောက်တွေးပြီးမငိုနဲ့တော့နော်။
မင်းဝမ်းနည်းပြီးငိုနေတာကို မြင်ရတာ
ကိုယ့် ရင်တွေနာလို့"

ပါးပြင်နုနုကို ကိုယ်အသာယာ
ထိကိုင်ပြီး ကျဆင်းချင်နေသည့်
မျက်ရည်တွေကို သုတ်ပေးတော့
ကိုယ့်ကိုကြည့်နေတဲ့ကောင်လေးက
မျက်ရည်ကြည်တွေ ပို၍ဝိုင်းလာပါ
သည်။ဒီကောင်လေး ဆီမှာ စိုးရိမ်
လွန်တတ်သည့် အတွေးတွေမရှိတော့
အောင် ကိုယ်ဘယ်လိုလုပ်ပေးရပါ့မလဲ။

ကိုယ့်မျက်နှာကို တစ်ခဏကြာသည်
အထိ ဒီအတိုင်းငေးကြည့်နေတဲ့
ကောင်လေးက ငြိမ်သက်နေလျက်သာ။

"ခင်ဗျား ကျွန်တော့်ဘေးမှာ ဆက်ပြီး
ရှိမနေသင့်တော့ ဘူး။ကျွန်တော်က
တစ်ခြား သူတွေရဲ့အမြင်မှာ"

"ကိုယ့် မျက်လုံးထဲမှာတော့ ကိုယ်
မင်းကိုစတွေ့ခဲ့တဲ့ အချိန်တုန်းကလိုပဲ။
ဘာမှ မပြောင်းလဲဘူး။ဆုလာဘ်ဝန်းက
ကိုယ့်မျက်လုံးထဲမှာ အမြဲတမ်း ဖြူစင်
နေတဲ့ ကောင်လေး။လုပ်ချင်ရာတွေ
လုပ်ပြီး ကိုယ့်ကိုကြောက်လို့ထွက်ပြေး
နေတတ်တဲ့ ကလေးပေါက်စလေး
စိတ်ထဲမှာရှိတဲ့ အတိုင်းနေတတ်တဲ့
ကောင်လေးပဲ။တစ်ခြားသူတွေဘယ်လို
ပဲထင်နေပါစေ ကိုယ်ဂရုမစိုက်ဘူး။
အဲ့ဒီလူတွေ ဘာမှမပြောနိုင်တော့
တဲ့အထိ ကိုယ်က မင်းကို ဒီထက်
ပိုပြီး တန်ဖိုးထားပေးမယ်"

ငြိမ်ကျသွားတဲ့ ကောင်လေးက
ကိုယ့်ကို ကြည့်နေလျက် စကားတို့
မဆိုနိုင်အောင် ဖြစ်နေသည်လား။

မျက်နှာငယ်လေးက အကြည့်တွေ
ကိုရှောင်ဖယ်မည်လုပ်တော့ ကိုယ်
သူ့ပါးပြင်ကို ထိကိုင်ထားပြီး ရှောင်
လွှဲခွင့်မပြုဘဲ အကြည့်ချင်းဆုံစေ
လိုက်သည်။

"ကိုယ်မင်းကို ချစ်တယ် ဝန်း။ကိုယ်
မင်းကို ဘယ်အချိန်ထဲက ဒီလောက်
ထိချစ်မိသွားလည်း ကိုယ်ကိုတိုင်
တောင် သေချာမသိခဲ့ပေမဲ့ ဒီကိစ္စ
တွေဖြစ်ပြီးမှ ကိုယ်နားလည်သွားတယ်။
ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး။
မင်းကိုယ့်ကို အဝေးမှာနေဖို့ တွန်းပို့
နေတာက မင်းကြောင့်ချစ်တတ်ခဲ့တဲ့
ကိုယ့်ကိုပျက်ဆီး စေတာနဲ့ အတူတူပဲ။
အဲ့တာကြောင့် ထပ်မတွေ့ကြဖို့
မပြောနဲ့။ကိုယ့်ကို မနှင်ပါနဲ့"

ကိုယ့်ကို စကားတို့မဆိုနိုင်အောင်
ငေးကြည့်နေတဲ့ မျက်နှာငယ်လေးက
ကလေးတွေချော့ရင်ပိုငိုလေ ဆိုသလို
မျက်ရည်တွေဝဲလာပြန်တဲ့ တစ်ခဏ
ကိုယ့်ရင်ခွင်ထဲကို တိုးဝင်လာသည်။

မထင်မှတ်ထားမိသည် မို့ကိုယ်
တစ်ခဏ ဒီအတိုင်းနေနေမိသည့်
အချိန်တွင် နွေးထွေးလွန်းသည့်
ကိုယ်လေးက ကိုယ်ရင်ခွင်ကို
လိုအပ်နေသည့်အလား မသိမသာနဲ့
တိုးဝင်လာပြီး ငြိမ်သက်နေပါသည်။
သူ့ဘက်ကအရင် ကိုယ့်ရင်ခွင်ကို
ထိကပ်ရုံလေး မျက်နှာအပ်လာတော့
ကိုယ့်ရင်ထဲသိမ့်ခနဲ ခံစားရရင်း
ကိုယ်သေးသေးလေးကိုပြန်လည်ကာ
ပွေ့ဖက်ပေး လိုက်သည်။

"ကျွန်တော် နေမကောင်းဘူး"

"အင်း ကိုယ်သိတယ်။ကိုယ်ပြန်
ရောက်လာပြီနော် ဘာမှမဖြစ်တော့ဘူး"

ဆံပင်လေးတွေကို ပွတ်သပ်ပေးနေ
တော့ ရင်ခွင်ထဲမှာ အတော်ကြာသည်
အထိ ခိုနားပြီးမှ ငိုသံတွေ တစ်ဖြည်း
ဖြည်း တိတ်သွားတဲ့ ကောင်လေး။

သူမျက်နှာအပ်ထားရာ ကိုယ့်ရင်ခွင်
ဆီကိုပို၍ တိုးဝင်လာသည်ကို ခံစားမိ
လိုက်ရပြီး ကိုယ့်အကျီ ၤကိုသူ့လက်
လေးနဲ့ပါဆုပ်ကိုင်လာသည်။ကောင်လေး
တစ်ယောက်ရဲ့ အားကိုးခြင်းကို
ရလိုက်တဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ။

ကိုယ့် ဘယ်ဘတ် ရင်ဘတ်ထဲမှာ
တော့ ဆိုးရွားစွာအခုန်မြန်လာသည်
ကိုထိန်းချုပ်နိုင်ဖို့ဆိုတာ အခုချိန်မှာ
ဘယ်လိုမှ မဖြစ်နိုင်ခဲ့။

"ခေါင်းကလည်း မူးနေတယ်။အဖျား
ကလည်း မပျောက်သေးဘူး။ပြီးတော့
ကျွန်တော် ဟိုနေ့က ဘာမှမစားနိုင်
ဘူး။နေလို့ လည်းမပျော်ဘူး။ကျွန်
တော့်ကို ဆန်ပြုတ်ပဲ ကျွေးကြလို့
ထမင်းစား ချင်တယ်ပြောတာ အဖျား
ရှိနေလို့ စားလို့မရသေးဘူး မကျွေး
ဘူးဆိုပြီး အော်ကြတယ်။ကျွန်တော်
က ရမလားလို့ပြောကြည့်တာပါ။အဲ့
တာကိုနေမကောင်းတဲ့သူကို နားဝင်
အောင် မပြောပဲစိတ်အားငယ်အောင်
အော်ကြတယ်။ကျွန်တော်က အားလုံး
ထက်ငယ်ပေးမဲ့ ကျွန်တော်ကပဲ ခွှင့်
လွှတ်ပေးလိုက်ပါတယ်။ပြီးတော့
ကျွန်တော် ဘယ်မှလည်းမသွားဖြစ်ဘူး။
ကျွန်တော့်ကို နေမကောင်းသေးလို့
ဆိုပြီး အပြင်ပေးမထွက်ကြဘူး။ကျွန်
တော် ဘယ်မှတော့သိပ်မသွားတတ်
ပေမဲ့ အိမ်မှာ ဘာအလုပ်မှမလုပ်ရပဲ
ထိုင်ပြီးနေနေ ရတာ ကျွန်တော်ပျင်း
တယ်။အရင်တုန်းက နေမကောင်းဖြစ်
ရင် ပြန်ကောင်းဖို့ရက်ကြာပေမဲ့ တစ်
ခါမှဒီလိုမျိုး ကိုယ်အပူပြန်မကျတဲ့အထိ
မကြာဖူးဘူး။ကျွန်တော် နေမကောင်း
မဖြစ်ချင်ဘူး"

ကိုယ့်ရင်ထဲမှာ လှိုက်ခနဲပင်။
ရင်ခွင်ထဲက အကောင်ပေါက်က
စကားတွေ အများကြီးပြောလိုက်ရ
လို့ မောနေသည်လား တစ်ခဏ
ငြိမ်ကျသွားသည်။ဒီအတော အတွင်း
ကိုယ့်ကိုပြောချင်နေတာတွေ
ဘယ်လောက်တောင် များနေခဲ့တာလဲ။

ဆုလာဘ်ဝန်းရဲ့ ပုံစံလေးကိုပြန်မြင်
လိုက်ရလို့လည်း နည်းနည်းတော့
စိတ်အေးသွားရသည်။သူ့ခေါင်းလေး
ကို ပုတ်လိုက်တဲ့အချိန် ရင်ခွင်ထဲက
နေ ခေါင်းလေးထွက်လာကာ ကိုယ့်ကို
မော့ကြည့်လာတဲ့ မျက်ဝန်းတွေ။

"ကိုမင်းစစ်ကြောင်း ကျွန်တော်
ခင်ဗျားကိုပဲ စောင့်နေတာ"

ကိုယ်သေးသေးလေးကို ရင်ခွင်ထဲ
ပျောက်ကွယ်သွားမတတ် တင်းကြပ်
စွာဖက်ထားလိုက်ပြီး ကိုယ်လုံးဝ
မလွှတ်ပေးမိတော့။ကလေးက နေမ
ကောင်းနေတာမို့လည်း အခုန်မြန်နေ
သည့်ရင်ဘတ်ကြီးကို ထိန်းထားရသည်။
ကိုယ့်မှာ ရူးတော့မှာပါပဲ။ဒီကောင်လေး
က ဘာလို့ဒီလောက်တောင် ကိုယ့်
ကိုအသည်းယားအောင် ပြုစားနိုင်
ရတာလဲ။

ဒီကောင်ကလေး ရဲ့စိတ်လေးကိုလည်း
ကိုယ်ဒီနေ့မှပိုပြီး သိသွားရတယ်။
ကျွန်တော်က ယောကျာ်းလေးပါလို့
အမြဲပြောတတ်တဲ့ကလေးက နေ
မကောင်းဖြစ်နေတဲ့အချိန် ပီဘိ
ကလေးငယ်လေးပါပဲ။မေတ္တာတွေ
လိုအပ်နေတဲ့ကလေးကို ကိုယ်ဒီ
ထပ်ပိုပြီး ဂရုစိုက်ပေးမယ်။ကိုယ့်ရဲ့
ချစ်ရခြင်းတွေကို ဒီကောင်လေး
တစ်ယောက်ထဲဆီမှာ တစ်သက်လုံး
ပုံအပ်ပြီး တန်ဖိုးထားပေးမယ်။

ကိုယ့်ကလေး ကိုဒီလိုပုံစံဖြစ်သွား
အောင် လုပ်တဲ့ကောင်ကိုလည်း
ဒီမြေမှာ ခြေထပ်မချစေရဘူးလို့
ကိုယ် ကတိပေးတယ်။

………………………………………………………………………………………………

"ဆုလာဘ် ခရီးကပြန်လာရင် ငါ့အတွက်
ဘာဝယ်လာမှာလဲ"

"ဝယ်လာမှာ မုန့်တွေအကုန်ဝယ်လာမှာ"

"ရေးး ဒါမှ ဆုလာဘ်"

ကျွန်တော်ဘေးမှာ ပြုံးပျော်နေသည့်
အငယ်လေး။ထိုင်ခုံမှာ ထိုင်နေသည့်
အဖေ့ကို ခရီးမသွားခင်နှုတ်ဆက်
စကားပြောချင်လို့ ကြည့်နေပေမဲ့
အဖေက သတင်းစာ တစ်စောင်ကို
သာဖတ်လို့နေသည်။

"အဖေ ကျွန်တော် ပြန်လာခဲ့မယ်"

ဖတ်လက်စ သတင်းစာကို လှန်လျက်
အကြည့်မပျက်သည့်အဖေ ကြောင့်
ကျွန်တော်အားလျှော့ကာ ဒီအတိုင်း
သွားတော့ မည် လုပ်စဉ်။

"ဂရုစိုက် ပြီးသွား။ပြန်ရောက်တာနဲ့
အိမ်မှာလာပြန်နေ"

အဖေ ကျွန်တော့်ကို တစ်ချက်လေးမှ
မကြည့်လာပေမဲ့ ကျွန်တော်ခေါင်းကို
အထပ်ထပ်အခါခါ ညိတ်လိုက် မိသည်။

အငယ်လေးကို သေချာနှုတ်ဆက်ပြီး
ခြံအပြင်ကို ထွက်လာခဲ့တော့ ကျွန်
တော့်ကို လာကြိုမည့်သူကမရောက်
လာသေးတာမို့ ရပ်စောင့်နေလိုက်သည်။
စိတ်ထဲမှာလည်း ကြည်လင်လာပါသည်။
ကိုဇော့် အိမ်မှာနေနေတာ အဖေသိ
နေလို့ လာပြန်မခေါ်တာလို့စိတ်ဖြေနေ
သော်လည်း ရင်ထဲမကောင်းခဲ့ရဘူး။
အဖေ အခုကျွန်တော့်ကို စကားတော့
ပြန်ပြောပြီမလား။ခရီးက ပြန်ရောက်ရင်
လည်းအိမ်ကိုပဲ ပြန်လာတဲ့။ကျွန်တော်
ကိုဇော့်အိမ်မှာပဲနေနေရပြီး အခုက
ခရီးထွက်ဖို့အိမ်မှာအထုပ်လာပြင်တာ။
မေမီက ဒီခရီးမှာသူငယ်ချင်းတွေ
အကုန်ပါတယ် သူတာဝန်ယူပါတယ်
လို့ခေါင်းခံပြီး ခွင့်တောင်းတာကို
အဖေက သွားခွင့်ပြုလိုက်တယ်။
ကိုဇော့်ကိုလည်း မေမီပဲပြောပေးပြီး
ကျွန်တော်ဘာမှမပြောရဲပဲ တိတ်တိတ်
လေး ထွက်လာခဲ့တာ။နှစ်ယောက်ထဲ
မဟုတ်ပဲ သူငယ်ချင်းတွေအားလုံးပါ
တာကြောင့် ကိုဇော် မသိချင်ယောင်
ဆောင်ပေးထားတာ လို့လည်းထင်ပါ
သည်။

ခရီးဆောင်အိတ်ကို ကိုင်ပြီး
ကျွန်တော် ခေါင်းငုံ့ကာ ရပ်နေရင်း
မြေကြီးပေါ်မှာ ဖိနပ်ကိုဟိုလှည့်
ဒီလှည့်လုပ်ကာ ဆော့နေတဲ့ အချိန်
ကျွန်တော့် ရှေ့ကို ကားတစ်စီးရပ်
လာသည်။

အိမ်ရှေ့မှာရပ်လိုက်တဲ့ ကားက
ကိုမင်းစစ်ကြောင်း စီးနေကျပြိုင်ကား
မဟုတ်။သူ့ကားကနှစ်ယောက်ပဲ စီး
လို့ရတာဆိုတော့ ခရီးထွက်ဖို့ကား
လဲခဲ့တာထင်ပါတယ်။ကျွန်တော်တို့
သွားမဲ့နယ်မြေနဲ့ သူ့ကားသံကျယ်နဲ့
လည်း ဘယ်လိုမှ မအပ်စပ်။

ကားရပ်ပြီးတာနဲ့ ကိုစစ်ကြောင်းက
မောင်းတဲ့သူဘက်က ဆင်းလာကာ
ကျွန်တော့်ဆီ အလျင်မြန်လျှောက်
လာပြီး ကျွန်တော့်လက်ထဲက အိတ်
ကိုလွှဲယူလိုက်သည်။

"အနွေးထည် ဘာလို့မဝတ်ခဲ့တာလဲ"

သူကျွန်တော် ဝတ်ထားတဲ့ အကျီ ၤ
ကိုကြည့်ကာ ပြောတော့ ကျွန်တော်
ရုတ်တရက်ဘာပြန်ပြောရမသိ။ကျွန်
တော့်ဆီမှာ ခရီးထွက်ဖို့မပြောနဲ့
အပြင်သွား ဘာသွားတောင်ဝတ်ဖို့
အနွေးထည်ကောင်းကောင်းဆိုလို့
တစ်ထည်မှ မရှိဘူးလေ။

ကျွန်တော် ဘာပြောရမည်မသိတော့
ပဲ သူ့ကိုမကြည့်ရဲပဲ ရပ်နေတဲ့ အချိန်
ကိုစစ်ကြောင်းက ကျွန်တော့် လက်
ကောက်ဝတ်ကိုဆွဲကိုင်ကာ ကားဆီကို
ခေါ်လာပေးသည်။ကျွန်တော့်ကို သူ
ကားတံခါးဖွင့်ပေးပြီး ကျွန်တော်ဝင်
ထိုင်လိုက်တော့ အပြင်ကနေတံခါး
ပိတ်လိုက်ပြီး ကျွန်တော့်အိတ်ကို
ကားအနောက်ဖုံးမှာ သွားထည့်ပေး
နေသည်။

ကျွန်တော် ကားအရှေ့ခန်းမှာဝင်ထိုင်
လိုက်တာနဲ့ အနောက်မှာထိုင်နေကြ
တဲ့ ကိုကျော်ထွန်းနဲ့သူ့ကောင်မလေး
အစ်မမြတ်တို့က ကျွန်တော့်ကိုပြုံးပြ
ကြသည်။ကျွန်တော်တို့က တစ်စီး
ရည်မွန်တို့အတွဲနဲ ့ကျန်တဲ့သူတွေက
တစ်စီး သွားကြမည်လေ။

"ဟိုင်း ကလေးလေး ကျောင်းပိတ်
ထားတော့ မတွေ့ရတာ တောင်ကြာ
နေပြီ။နေမကောင်း ဖြစ်နေတာ
သက်သာရဲ့လား"

ကျွန်တော် ဟိုကိစ္စဖြစ်ပြီးထဲက လူတွေ
ရဲ့အမြင်ကိုကြောက်လို့ ကျွန်တော့်ကို
သိနေတဲ့သူတွေကိုစကားမပြောရဲခဲ့
ဘူး။ရုတ်တရက် ပြန်မပြုံးပြနိုင်ပဲဖြစ်
နေတဲ့အချိန် အစ်မက ကျွန်တော့်ကို
ပုံမှန်အတိုင်းပင် သက်တောင့်သက်
သာ စကားပြောနေတာကြောင့် စိတ်
ထဲနေသာ သွားသလိုတော့ရှိသည်။

"ဟုတ်ကဲ့အစ်မ သက်သာပါတယ်"

ကျွန်တော်ပြန်ဖြေနေတုန်း ကိုစစ်ကြောင်း
က သူ့ဘက်က ကားတံခါးဖွင့်ကာ
မောင်းတဲ့သူနေရာမှာ ဝင်ထိုင်လိုက်
သည်။ပြီးတာနဲ့ ကျွန်တော့်ကို
ကားခါးပါတ်ပတ်ပေးပြီး သူအပြင်က
ထပ်ဝတ်ထားတဲ့ ရှပ်အကျီ ၤလက်ရှည်
ကိုချွတ်နေတာကြောင့် ကျွန်တော်
ကြောင်အနေ တဲ့အချိန်။

ကားထိုင်ခုံအနောက်ကို ကျွန်တော့်
ကိုမှီစေကာ သူ့အနွေးထည်ကို
ကျွန်တော့် ကိုယ်ပေါ်မှာခြုံပေး
လိုက်ပြီး နဖူးကိုကိုယ်အပူစမ်းလာသည်။

"ချမ်းနေလား ကိုယ်နွေးနေသေးတယ်"

ကျွန်တော် သူ့ကိုပဲ ငေးကာကြည့်နေ
မိပြီး ဘာမှပြန်မပြောမိ။

"ခေါင်းမူးလာရင် ကိုယ့်ကိုချက်ချင်းပြောနော်"

"ဟုတ်"

"တစ်ရေးအိပ်လိုက် ကားရပ်ရင်ကိုယ်နှိုးမယ်"

ကျွန်တော့် ပါးပြင်ကိုထိကိုင်ကာ
သူ့လက်တွေနဲ့ကိုယ် အပူစမ်းလိုက်
နဖူးပေါ်က ဆံပင်တွေကိုသပ်တင်
ပေးလိုက်နှင့်သူလုပ်နေတာ့ ကျွန်
တော်ရင်တွေခုန်နေလို့ သူ့မျက်နှာ
ကို ရဲရဲမကြည့်ရဲ။

"အဟမ်း ဒီနေ့ငါတို့ စထွက်အုံးမှာလား"

"ကိုစစ်ကြောင်းတို့ဒီလောက် သည်း
နေတာ အခုမှမြင်ဖူးတာပဲ။ကလေးရေ
အတွေးမမှား နဲ့နော် "

အနောက်ခန်းကနေ စနေတဲ့သံများ
ကို ကျွန်တော်ရှက်လာလို့ သူခြုံပေး
ထားတဲ့ အကျီ ၤနဲ့မျက်နှာကိုဖုံးလိုက်
တဲ့ အချိန် ကိုစစ်ကြောင်းက
ကျွန်တော့်ခေါင်းကို တစ်ချက်ပုတ်
လိုက်သည်။

သူကားမောင်း ထွက်လာတဲ့အချိန်
ကျွန်တော် အကျီ ၤအောက်ကနေ သူ့
ကိုပဲခိုးကြည့်နေမိပြီး ပါလာခဲ့သည်။
ကျွန်တော် တစ်ခါမှ ဒီလောက်ထိ
ကျွန်တော့်ကို သူစိမ်းတစ်ယောက်က
ဂရုစိုက်ပေးတာမျိုး မခံခဲ့ရဘူးလို့
ထင်ပါတယ်။

ခင်ဗျားရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်
ဘယ်သူ့ကိုမှ မပေးချင်တော့ဘူး
တစ်ယောက်ထဲ လိုချင်နေမိပြီဆိုရင်
ကျွန်တော့်ရဲ့ ဆုတောင်းတွေ ပြည့်
နိုင်ပါ့မလား။

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••


Continue Reading

You'll Also Like

430K 53.1K 143
He's Super Sticky Chapter 223 "မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ဖြည့်ဆည်း​ပေးမယ် ဆိုရင် မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်!" ဝိညာဉ်ရဲ့ မတည်မငြိမ် ဖြစ်မ...
125K 5.6K 40
"မျက်နှာများတယ်လို့ ထင်ကောင်းထင်နိုင်တယ် ဒါပေမယ့် မင်းတို့နဲ့ထိုက်တန်တဲ့ ပုံစံကိုပဲငါချပြမှာ" "ဘ၀ရိုင်း" "ပိုးဖလ...
578K 37.9K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်