"ကိုကိုရဲ့ လက်ထပ်ခွင့်" 💎💎

By novalieivywinter

126K 4.9K 50

Zawgyi သွန်းငွေရည် နဲ့ နေလင်းခန့်ဟာ ငယ်စဉ်တည်းက စေ့စပ်ထားခဲ့တဲ့သူတွေ ဖြစ်ကြတယ်...မောင်နှမလိုရော ချစ်သူတစ်ယောက... More

Part - 1 Zawgyi
Part - 2 Zawgyi
Part - 3 Zawgyi
Part - 4 Zawgyi
Part - 5 Zawgyi
Part - 6 Zawgyi
Part - 7 Zawgyi
Part - 8 Zawgyi
Part - 9 Zawgyi
Part - 10 Zawgyi
Part - 11 Zawgyi
Part - 12 Zawgyi
Part - 13 Zawgyi
Part - 14 Zawgyi
Part - 15 Zawgyi
Part - 16 Zawgyi
Part - 17 Zawgyi
Part - 18 Zawgyi
Part - 19 Zawgyi
Part - 20 Zawgyi (Final)
Part - 1 Unicode
Part - 2 Unicode
Part - 3 Unicode
Part - 4 Unicode
Part - 5 Unicode
Part - 6 Unicode
Part - 7 Unicode
Part - 8 Unicode
Part - 9 Unicode
Part - 10 Unicode
Part - 11 Unicode
Part - 12 Unicode
Part - 13 Unicode
Part - 14 Unicode
Part - 15 Unicode
Part - 16 Unicode
Part - 17 Unicode
Part - 18 Unicode
Part - 19 Unicode

Part - 20 Unicode (Final)

6.2K 173 9
By novalieivywinter

'ရေး...နောက်ဆုံးတော့ စာမေးပွဲ ပြီးသွားပြီ'

သွန်းငွေရည် အခန်းပြင်ရောက်ရောက်ခြင်း စိတ်လက်ပေါ့ပါးစွာ ပြောလိုက်သည်။ သွန်းက ခုဆို Final year ပြီးပြီဆိုတော့ အရမ်းပျော်နေတာ ဖြစ်သည်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းပြီးရင် ကိုကိုနဲ့ အတူတူ အလုပ်ဝင်ရတော့မယ်လေ...အမြဲတမ်း ကိုကိုနဲ့ အတူတူ အလုပ်လုပ်နေရတဲ့ မမမြဖူးပွင့်ကို အားကျနေခဲ့တာ...ခုတော့ သွန်းလဲ ကိုကို့ဘေးနားမှာ အလုပ်လုပ်ရတော့မယ်လေ...ကျောင်းပြင်ရောက်တော့ နောက်ဆုံးပေါ် မာစီးဒီးကားကြီးကို မှီကာ စောင့်နေသော ကိုကို့ကို တွေ့လေသည်။

'ကိုကို...'

ကိုကိုက သွန်းကို မြင်သွားပြီး သူ့ဆီ လျှောက်လာတဲ့ သွန်းကို ပြုံးပြကာ

'သွန်းလေး...ဖြေနိုင်လား...'

'ဖြေနိုင်တာပေါ့ ကိုကိုရဲ့...'

ကိုကိုက ကားတံခါးဖွင့်ပေးလိုက်ပြီး

'တက် သွန်းလေး...'

'ဟုတ်...'

ကားအကောင်းစားကြီးပေါ်ကို တက်သွားတဲ့ သွန်းကို ကျောင်းသူတစ်ချို့က အားကျတဲ့ အကြည့်တဲ့ ကြည့်နေကြသည်။ သိသားပဲ...သူတို့ ဘာကို ကြည့်နေလဲဆိုတာ...ကိုကို့ကိုပေါ့...သူတို့မျက်လုံးတွေက ကိုကို့အပေါ်မှာ စိတ်ဝင်စားနေတာ အသိသာကြီး...ဟွန့်...စိတ်တိုလိုက်တာနော်...

'ကိုကို့...ကိုကို့ မျက်နှာကြီးက ဘာလို့ အဲ့လောက် ချောနေတာလဲ...'

ကိုကိုက သွန်းရဲ့ စကားကို ကြောင်သွားပြီးမှ တစ်ချက်ပြုံးလိုက်ပြီး

'ကိုကို ချောတာ ခုမှ သိတာလား...'

'မကြိုက်ပါဘူး...နောက်ခါ ကိုကို ကျောင်းမလာနဲ့တော့'

'ငင့်...ဘာဖြစ်လို့လဲ...'

'မကြိုက်လို့ပေါ့...'

လင်းနန္ဒ အူတိုနေသော သွန်းရဲ့ ခေါင်းလေးကို တစ်ချက်ပုတ်လိုက်ပြီး

'သွန်းလေးက သဝန်တိုနေတာကိုး...'

'အံမယ် မဟုတ်ပါဘူးနော်...'

'ဟားဟား...ဟုတ်ပါတယ်...'

'ကိုကိုနော်...'

နှုတ်ခမ်းလေး ဆူလာသော သွန်းကို လင်း ဆက်မစတော့ပဲ လက်ဖမိုးလေးကို ယူနမ်းလိုက်ပြီး

'ကိုကို့နှလုံးသားထဲမှာ သွန်းတစ်ယောက်အတွက်ပဲ နေရာ ရှိတယ်...အဲ့ဒါ သွန်း ယုံပေးနော်...ကိုကို့ ဘဝရဲ့ အစမှာတည်းက သွန်းလေးက ပါဝင်နေခဲ့တာ...သွန်းနေရာကို ကိုကို ဘယ်သူ့ကိုမှလဲ အစားထိုးနိုင်မှာ မဟုတ်ဘူး...သွန်းလေးနဲ့ပဲ တဘဝလုံး လက်တွဲသွားမှာ...'

သွန်း ကိုကို့ကို စကားတွေကို ကြားရတာ အရမ်းဝမ်းသာမိပါတယ်...သွန်းက ကိုကို့အတွက် ဘယ်လောက်အရေးပါလဲ ဆိုတာ သိလိုက်ရလို့ပေါ့...သွန်းလဲ ကိုကို့ရင်ခွင်ထဲကို ခေါင်းလေး တိုးဝှေ့ဝင်လိုက်ပြီး

'သွန်း ဘဝရဲ့ အချစ်ရဆုံးသူကလဲ ကိုကိုပါပဲနော်...'

လင်းလဲ ဘာမှပြန်မပြောပဲ သွန်းလေးကိုသာ တင်းကျပ်စွာ ပြန်လည်ဖက်ထားလိုက်တော့သည်။

💍💍💍

မြဖူးပွင့် လေဆိပ်ကို ဧည့်သည်ကြိုစရာရှိလို့ ရောက်နေလေသည်။ စင်ကာပူမှ လာမယ့် ဧည့်ငည်ဖြစ်ပြီး အရေးကြီးသောကြောင့် ခြေဖျားတစ်ဒေါက်ဒေါက်ဖြင့် ရှာနေရလေသည်။ အတူပါလာသော driver ကောင်လေး ညီညီက

'မမြဖူးရယ်...လေယာဉ်မစိုက်သေးပါဘူးဗျ...ထိုင်နေပါ...'

'ငါ စိတ်ပူလို့ပါဟယ်...တော်ကြာ ဧည့်သည်နဲ့ လွှဲသွားမှဖြင့်...'

'ဒုတ်...အင့်...'

'Sorry, are u ok?'

မြဖူးပွင့် အနောက်က လူကို ဝင်တိုက်မိတာကြောင့် တောင်းပန်ရန် နောက်လှည့်လိုက်တော့ ခုနက English လေယူလေသိမ်းတော်တော်ကောင်းတာမို့ foreigner တစ်ယောက်ဖြစ်မယ်ဟု ထင်လိုက်သော်လည်း အရပ်မြင့်မြင့် နဲ့ အသားဖြူဖြူ ခပ်ချောချော မြန်မာတစ်ယောက် ဖြစ်နေတာကြောင့်

'ဟုတ် ရပါတယ်ရှင့်...မြဖူးက တိုက်မိတာပါ...မြဖူး တောင်းပန်ရမှာ...'

'အော်...ရပါတယ်ဗျာ...သွားခွင့်ပြုပါဦး...'

'ဟုတ်ကဲ့...'

💍💍💍

စစ်သွေးခန့် ဒီနေ့ မြန်မာနိုင်ငံကို ပြန်ရောက်တာ ဖြစ်သည်။ ဖေဖေကတော့ ထားဝယ်မှာ တာဝန်ကျနေတာမို့ လာမကြိုဖြစ်...ဒါကြောင့် သူ ရန်ကုန်မှာ ခဏနေပြီး ထားဝယ်ကို လေယာဉ်နဲ့ ပြန်ဖို့ ဆုံးဖြတ်ထားလေသည်။ မြန်မာနိုင်ငံ ပြန်ရောက်ရောက်ချင်း အရင်ဆုံးတွေ့ချင်မိတာက သွန်းကိုပါ...သွန်းရော ဘာတွေလုပ်နေမလဲ မသိဘူး...ကိုလင်းနန္ဒရော အဆင်ပြေရဲ့လား...

'ဒုတ်...အင့်...'

ထိုစဉ် သူ့ကို လာဝင်တိုက်တော့ ကောင်မလေးတစ်ယောက်ကြောင့် အတွေးပျက်သွားကာ တောင်းပန်စကားဆိုလိုက်သည်။ ထိုကောင်မလေး သူ့ဘက် လှည့်ကြည့်လိုက်တော့မှ woo...နန်းဆန်တဲ့ အလှဆိုတာ ဒါကို ပြောတာထင်သည်။ တင်ပါးထိရှည်လျားနေသော ဆံပင်များနှင့် ယူနီဖောင်းဟု ထင်ရသော ရုံးအင်္ကျီကို ဝတ်ဆင်ထားသော သူမက စစ်သွေးခန့်ကို ယဉ်ကျေးစွာ တောင်းပန်စကား ဆိုလေသည်။ သူမက သွန်းလိုမျိုးတော့ ချစ်ဖို့ကောင်းတဲ့ မျက်နှာမဟုတ်ပဲ အေးချမ်းသည့် မျက်နှာ ပိုင်ရှင်ဖြစ်လေသည်။ အော်...ငါ့နှယ်နော်...သွန်းနဲ့တောင် သွားယှဉ်နေလိုက်သေး...အားနာစရာကြီး...ဒါကြောင့်မို့ နှုတ်ဆက်စကား မြန်မြန်ပြောပြီး ထွက်လာခဲ့လိုက်လေသည်။

💍💍💍

'မမ...'

'အမလေး...လန့်လိုက်တာ သွန်းရယ်...'

မြဖူးပွင့် ခြံထဲမှာ ပန်းပင်တွေ ရေလောင်းနေတုန်း လာစလိုက်တဲ့ သွန်းကြောင့် တော်တော်လေး လန့်သွားလေသည်။ လန့်သွားတာက လေဆိပ်မှာ တွေ့ခဲ့တဲ့ တစ်ယောက်အကြောင်း အတွေးလွန်သွားတာကြောင့်ပဲ ဖြစ်လေသည်။

'ဟီး...မမက ဘာတွေ အတွေးလွန်နေလဲမှ မသိတာ...သွန်းတစ်ယောက်လုံး လာတာတောင် မသိပဲနဲ့များ...'

'မဟုတ်ပါဘူး သွန်းလေးရယ်...'

'အယ် မဟုတ်ပါဘူးသာ ပြောနေ...မမ မျက်နှာကြီး နီနေပြီ...မမ တစ်ခုခုတော့ မရိုးဘူးနော်...'

'မဟုတ်ပါဘူးဆို သွန်းရယ်...'

'မယုံပါဘူး...ခိခိ...ထားပါတော့ မမ မပြောချင်လဲ မမေးတော့ပါဘူး...သွန်း သွားပြီ...အတွေးတွေလဲ ဆက်မလွန်စေနဲ့ဦး...'

ကြည့်ဦး...သွန်းလေးကတော့ အကြီးကိုလဲ ပြန်စသွားပြန်ပြီ...ဒီအိမ်ထဲမှာတော့ သွန်းက တကယ့်ကို ကလေးလေး အတိုင်းပင်...လင်းနဲ့ဆို အသေကို ကပ်ချွဲတာ...သူတို့ နှစ်ယောက်ကို ကြည့်ရတာ ချစ်သူတွေဆိုတာထက် မောင်နှမနဲ့ ပိုတူလေသည်။ အင်းလေ...သိခဲ့ရ ရင်းနှီးခဲ့ရတဲ့ နှစ်တွေက နည်းမှ မနည်းတော့ပဲကိုး...လင်းကတော့ သွန်းအပေါ် အကို တစ်ယောက်လို ချစ်သူ တစ်ယောက်လို တော်တော်အလိုလိုက်ပြီး ချစ်ရှာပါတယ်...သွန်းက ဆိုးတယ်ဆိုတာလဲ ကလေးဆိုးပါ...လင်း နဲ့ သွန်းက အရမ်းလိုက်ဖက်တဲ့ စုံတွဲဆိုတာ မြဖူး လက်ခံပါတယ်...အချိန်တွေ ကြာပြီဆိုတော့လဲ လင်းအပေါ် ထားတဲ့ မြဖူးရဲ့ အချစ်တွေလဲ အငွေ့ပျံလုနီးနီး ဖြစ်နေပြီ မဟုတ်ပါလား.....

💍💍💍

'ကိုကိုရေ...'

အသံစာစာနဲ့ အော်ခေါ်နေသော သွန်းကြောင့် လင်း အသံလှမ်းပြုရလေသည်။

'သွန်းလေး...ကိုကို စာကြည့်ခန်းထဲမှာ...'

'ဝင်ခဲ့မယ်နော်...'

လူတစ်ယောက်လုံး အခန်းထဲ ရောက်နေပြီးမှ ဝင်ခဲ့မယ်လုပ်နေသေး...တော်တော်လဲ ပြောတတ်တဲ့ ကလေးမ...

'ဝင်ပါဗျာ...ဘာပြောမလို့လဲ သွန်းလေး...'

'ကိုကို သိလား...သွေး ပြန်ရောက်နေပြီတဲ့...သွန်းကို တွေ့ဖို့ ပြောထားတယ် ကိုကို့ကိုပါ ခေါ်ထားတယ်...သွားမယ်မို့လားဟင်...'

လင်းနန္ဒရဲ့ စိတ်ထဲမှာလဲ စစ်သွေးခန့်နဲ့ ပတ်သက်ပြီး ဘာမှခုနေတာ မရှိတော့တာမို့

'သွားမယ်လေ...သွန်းလေး ဘယ်တော့လဲ...'

'ဒီညနေ ၆ နာရီ...(......) Hotel မှာ Dinner စားမယ်တဲ့...'

'ဟုတ်ပြီ...ကိုကို အလုပ်တွေ လက်စသတ်လိုက်မယ်...ပြီးရင် သွားကြတာပေါ့...'

'ဟုတ် ကိုကို...'

💍💍💍

သွေးနဲ့ တွေ့ပြီး ပြန်လာတော့ တော်တော်နောက်ကျနေပြီ ဖြစ်လေသည်။ သွန်းလဲ ပင်ပန်းတာနဲ့ ကိုယ်လက် မျက်နှာဆေးပြီး အိပ်ပျော်သွားလေသည်။ မနက်ရောက်တော့ ကိုကို့ကို မတွေ့တော့ အခန်းထဲ ဟိုကြည့် ဒီကြည့် လိုက်ကြည့်လိုက်တော့မှ စားပွဲပေါ်မှာ စာလေးတစ်စောင် တွေ့လေသည်။

"သွန်းလေး...၁၀နာရီလောက်ကျရင် အင်းယားကန်ဘောင်က စိမ်းလန်းစိုပြေကို လာခဲ့နော်...

See you, love you so much"

သွန်း စာကိုဖတ်ပြီး ကိုကို တစ်ယောက် ဘာတွေ လုပ်နေပါလိမ့်လို့ တွေးမိပြီး အပြင်ရဖို့ ပြင်ဆင်ရလေသည်။ အားလုံးပြင်ဆင်ပြီးသွားတော့ ၁၀နာရီပင် ကျော်နေလေပြီ...ဒုက္ခပါပဲ...နောက်ကျနေပြီ...
အောက်ရောက်တော့ ဒါရိုက်ဘာက ကားပေါ်မှာ အသင့်စောင့်နေသဖြင့် အံ့သြသွားပြီး မေးကြည့်လိုက်တော့ ကိုကိုက စောင့်ခိုင်းထားတာတဲ့လေ...အင်း...ဘာတွေလုပ်နေပါလိမ့်...ကိုကိုကတော့...

စိမ်းလန်းစိုပြေရောက်တော့ အဲ့က ဝန်ထမ်းတစ်ယောက်က ပန်းစည်းကြီးကို လာပေးကာ မျက်လုံးကိုလဲ စည်းလိုက်လေသည်။ ဟူး...ကိုကို ဘာတွေ surprise လုပ်မလို့ပါလိမ့်...ရင်တွေ ခုန်လိုက်တာနော်...သွန်းလဲ တဖြည်းဖြည်း လမ်းလျှောက်ဝင်လာခဲ့ပြီး တစ်နေရာရောက်တော့ စည်းထားတဲ့အဝတ်ကို ဖြေပေးလိုက်တော့ သွန်း ရှေ့မှာ ဒူးထောက်နေတဲ့ ကိုကို့ကို တွေ့ရလေသည်။ ကိုကို လက်စွပ်ဗူးလေးကို လက်မှာ ကိုင်လျက်

'ကိုကို့ကို လက်ထပ်ခွင့်ပြုပါ သွန်းလေး...'

ကိုကို့ဆီက ဒီစကားကို ကြားရတော့ သွန်း အရမ်းပျော်မိလေသည်။ တစ်နေ့နေ့မှာ လက်ထပ်ဖြစ်မယ်မှန်း သိပေမဲ့ ကိုကို ဒီလောက် စောစော လက်ထပ်ခွင့်တောင်းမယ်လို့ မထင်မိတာ အမှန်ပါ...သွန်း ကျောင်းပြီးတာတောင် မကြာသေးဘူး...ကိုကိုက လက်ထပ်ချင်နေပြီတဲ့လား...လက်စွပ်ဗူးထဲမှ စိန်လက်စွပ်လေးက တဖျတ်ဖျတ်တောက်ပနေလေသည်။ မြင်တာနဲ့ ဘယ်လောက် တန်ဖိုးကြီးလဲ သိသာစေလေသည်။ ကိုကိုက သွန်းကို ဒီလောက်ထိ အလေးအနက်ထားပါလားလို့ သိတော့ ပိုပြီး ပျော်ရွှင်မိလေသည်။ လှပစွာ ပြင်ဆင်ထားတဲ့ နေရာလေးရယ်...အရမ်း romantic ဆန်တတ်တဲ့ ကိုကိုရယ်...သွန်းအတွက် အရမ်းပြည့်စုံနေပါပြီ...ကိုကိုရယ်...

'သွန်းကို တဘဝလုံး ချစ်ပေးသွားပါ ကိုကို...'

သွန်းဆီက အဖြေကို ကြားတော့ ကိုကို အလွန်ပျော်သွားတဲ့ပုံဖြင့် မတ်တပ်ရပ်ကာ သွန်းကို ဆွဲဖက်လိုက်လေသည်။ ဘေးမှာ ရှိနေတဲ့ သူငယ်ချင်းတွေကလဲ ဝိုင်းပြီး လက်ခုပ်တီးပေးကြလေသည်။ ထို့နောက် ကိုကိုက သွန်းရဲ့ လက်သန်းကြွယ်လေးမှာ စိန်လက်စွပ်လေးကို စွပ်ပေးလိုက်ပြီးနောက်

'အရမ်းချစ်တယ် သွန်းလေး...'

💍💍💍

'ဟယ်...သွန်းလေးရယ် လှလိုက်တာ...'

မေမေတို့ ဖေဖေတို့က မင်္ဂလာဝတ်စုံဝတ်ထားတဲ့ သွန်းကို ကြည့်ပြီး ဝိုင်းချီးကျူးနေကြတာ ဖြစ်လေသည်။ အနောက်တိုင်းဆန်ဆန် အဖြူရောင်ဂါဝန်အရှည်ကြီးက သွန်းရဲ့ ခန္ဓာကိုယ်အပေါ်မှာ လှပသေသပ်စွာ ရှိနေလေသည်။ ကိုကိုကလဲ အခန်းထဲ ဝင်လာပြီး

'Woo...အရမ်းလှနေတယ် သွန်းလေးရယ်...ကိုကို့ကလေးလေးက ကမ္ဘာပေါ်မှာ အလှဆုံးပဲ'

'ဟီး...ကိုကိုကလဲ နောက်ပြီ...အဲ့လောက်လဲ ဟုတ်ပါဘူး...'

တစ်ခန်းလုံးရယ်သံတွေ ပျံ့လွှင့်လာခဲ့ပြီး

'ကဲ...မင်္ဂလာအချိန်လဲ နီးနေပြီ...ခန်းမထဲ ဝင်ရတော့မယ်...သား နဲ့ သမီးလဲ ပြင်ဆင်ထားတော့လေ...'

'ဟုတ် မေမေ...'

💍💍💍

စစ်သွေးခန့် ဘေးမှာ လာထိုင်တဲ့ ကောင်မလေးကို ကြည့်လိုက်တော့

'အော်...ဟိုနေ့က လေဆိပ်မှာ...'

ထိုကောင်မလေးကလဲ စစ်သွေးခန့်ကို ပြုံးပြလိုက်ပြီး

'ဟုတ်ပါတယ်ရှင်...လင်း နဲ့ သွန်းရဲ့ သူငယ်ချင်းလား...'

'ဟုတ်ပါတယ်ဗျ...စစ်သွေးခန့် လို့ ခေါ်ပါတယ်...ပြောရရင်တော့ သွန်းရဲ့ သူငယ်ချင်းပါ...ကိုလင်းနန္ဒနဲ့ကတော့ နောက်မှ သိရတာ...'

'ဒါဆို ရှင်က မြဖူးထက် ငယ်မှာပေါ့...မြဖူးနာမည်က မြဖူးပွင့် ပါ...လင်းရဲ့ သူငယ်ချင်းလေ...သွန်းလေးနဲ့လဲ အရမ်းရင်းနှီးတယ်...ဘာလို့လဲဆိုတော့ မြဖူးက လင်းတို့နဲ့ တူတူနေတာမို့လို့ပါ...'

'အော်...ဒါဆို မမမြဖူးပွင့်ပေါ့...'

'ရပါတယ် အဆင်ပြေသလိုသာ ခေါ်ပါ...'

'ဒါဆို မ ပေါ့...'

မြဖူးပွင့် ရှက်သွေးဖြာကာ ခေါင်းငုံ့သွားတော့ စစ်သွေးခန့် ဘာမှမပြောပဲ ရယ်ပဲရယ်နေလိုက်သည်။ ထိုအချိန်မှာပဲ သွန်းတို့ စုံတွဲ ခန်းမအတွင်းသို့ ဝင်လာပြီ ဖြစ်၍ ကြိုဆိုလိုက်ကြလေသည်။

💍💍💍

မင်္ဂလာပွဲပြီးတော့ သွန်းလဲ တော်တော်ပင်ပန်းသွားလေသည်။ ကိုကိုက သွန်းရဲ့ ခေါင်းပေါ်မှာ အလှဆင်ပေးထားတဲ့ ကလစ်တွေကို ကူဖြုတ်ပေးပြီး

'ပင်ပန်းသွားပြီလား သွန်းလေး...'

'နည်းနည်းတော့ ပင်ပန်းတာပေါ့...ဒါပေမဲ့ အဆင်ပြေပါတယ်...ကိုကို ရှိနေတာပဲ...'

'အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေး...နောက်ဆုံးတော့ သွန်းလေးကို ပိုင်ဆိုင်ရပြီပေါ့...ကိုကို အိပ်မက်မက်နေသလားပဲ...'

'အံမယ် အပိုတွေ ပြောပြန်ပြီ..'

'အတည်ပါ သွန်းလေးရဲ့...'

ကိုကိုက သွန်းရဲ့ မေးစေ့လေးကို ဆွဲယူမော့လိုက်ပြီး သွန်းရဲ့ နှုတ်ခမ်းလေးဆီသို့....😘😘😘

ကိုကိုသာ သွန်းဘဝရဲ့ အလင်းရောင်ပါ...ကိုကို့ဆီက လက်ထပ်ခွင့်ကိုလဲ သွန်း အများကြီး မျှော်လင့်ခဲ့ရတာပါလို့...အရမ်းချစ်တယ် ကိုကို....❤️❤️❤️

ပြီးပါပြီ.........💘💘💘

"ကိုကို့ရဲ့ လက်ထပ်ခွင့်" ကို အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်....💍💍

ဆက်လက်ကြိုးစားပါမည်....💪🏻💪🏻

Continue Reading

You'll Also Like

17.8K 367 4
photos credit အရှက်အကြောက်ကြီးပြီး တည်ကြည်ခန့်ညားတဲ့ မေမြို့သားလေးနဲ့ မန္တလာသူ မျောက်စိန်ကောင်မလေးရဲ့ ဇာတ်လမ်း ❣️❣️ တစ်ပုဒ်လုံး ခွီနေရမှာပါ❤️ အရွက္အ...
45.5K 1.3K 16
သူဘယ်သူမှန်း မသိလဲ ချစ်ခွင့်ရှိတယ်မလားးး။ ဘယ်သူတွေ ကိုယ့်ကို ရူးပါတယ် ထင်ထင်။ သူ့ကိုပဲ ချစ်နေမယ်။ ယသော်ထက်
1.7M 70.6K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
233K 4.3K 35
မ နဲ့ မောင်ကိုမှ ခပ်ကြမ်းကြမ်းနဲ့ ရိုရိုလေး