(Zawgyi)
"အေဝးကို ငါေငးၾကည့္
ၾကယ္စင္ရယ္မင္းကိုငါလြမ္းတတ္ၿပီ
ဆင္းသက္ခ်ိန္ဆုေတာင္းမယ္
တစ္ေန႔ျပန္ဆံုခဲ့ရင္...
ျပန္ေမွ်ာ္ေနခဲ့ၿပီအေပ်ာ္ဆံုးေန႔ဆီ
နာက်င္စရာမ်ားကိုေမ့ထားၿပီး
ငါတို႔ႏွစ္ေယာက္ျပန္ဆံုၾကမယ္
ေမွ်ာ္လင့္ခ်က္မနက္ျဖန္မ်ားဆီ...
ငါဟာရံႈးနိမ့္ခဲ့သူပါ မင္းေလးသိရဲ႕လား
အျမဲတမ္းဘဲအားငယ္စြာ
ဒီလိုသာ သူငယ္ခ်င္းဘဲလား...
တကယ္ဆိုနင့္ကိုငါအရမ္းခ်စ္တာသိသားနဲ႔
အႏိုင္ယူၿပီးေတာ့
ဒီဝဋ္ေႂကြးေလးမ်ား ေၾကပါေစေတာ့ကြယ္
ဆံျဖဴလို႔သြားပါေစ တသက္လံုးမင္းကို
ရင္ထဲ ခ်စ္ေနရံုကလြဲရင္
သူငယ္ခ်င္းေလးအျဖစ္တို႔ႏွစ္ဦး
အျမဲတမ္း႐ွိခ်င္တယ္..."
နွစ္ေတြအလီလီေျပာင္းေရႊ႕သြားသည့္တိုင္ မေျပာင္းလဲသည့္ႏိုင္သူမွာေတာ့ ဒီသီခ်င္းေလးတစ္ပုဒ္တည္းကိုေတာင္ စာသားေတြဆံုးသည္အထိမဆိုႏိုင္ဘဲ ခံစားခ်က္ေတြ အျဖစ္အပ်က္ေတြနဲ႔တိုက္ဆိုင္လြန္းလွတဲ့ စာသားေလးေတြကိုသာ ထပ္တလဲလဲဆိုေနမိသည္..
"အေဝးကို ငါေငးၾကည့္..."
ဒီတစ္ႀကိမ္ေတာ့ဆက္မဆိုႏိုင္ေတာ့ပါ... အသံေလးမွာတိမ္ဝင္လာသလို မ်က္ဝန္းအိမ္ထဲမွာရစ္ဝိုင္းေနသည့္ မ်က္ရည္စေလးေတြေၾကာင့္လဲ ျမင္ေနရတဲ့ တိမ္အျပည့္ဖံုးလႊမ္းေနသည့္ ေကာင္းကင္ျဖဴႀကီးကေတာင္ မႈန္ဝါးလို႔ေနေလၿပီ...
"ငါ အခု ေကာင္းကင္ႀကီးကိုၾကည့္ေနတယ္သိလား... မင္းနဲ႔မွ ေတာင္တန္းေတြကိုေငးၾကည့္တတ္ေတာ့ ေတာင္တန္းႀကီးကိုေငးမၾကည့္မိေအာင္ ေတာင္ထိပ္ထိတက္ၿပီး တိမ္တိုက္ေတြကိုဘဲေငးၾကည့္ေနတယ္သိလား..."
တစ္ေယာက္တည္း ေတာင္ေစာင္းေလးမွာထိုင္ရင္း မၾကားႏိုင္မယ့္သူဆီကို စကားေတြလွမ္းေျပာေနရတဲ့ အ႐ူးတစ္ေယာက္ကိုေတြ႔ခ်င္ရင္ ဒီ႐ွမ္းေတာင္တန္းေတြမွာလာ႐ွာလွည့္ပါ...
အရမ္းလြမ္းတယ္ ကိုယ့္ရဲ႕ သူငယ္ခ်င္းေလးေရ...
မင္းကိုလြမ္းတယ့္အေၾကာင္းေတြကိုေတာင္ ဖြင့္ဟမေျပာရဲတဲ့ငါက မင္းေ႐ွ႕ကို ဘယ္လိုလာရမွာလဲကြာ... ႀကိဳဆိုေနမယ့္သူမ႐ွိတဲ့ အတိတ္ကေနရာေလးကို ျပန္မလာႏိုင္တဲ့ငါ့ကို မင္းစိတ္မဆိုးဘူးမဟုတ္လား... ႀကိဳဆိုေနမယ့္သူေတာင္မ႐ွိတာ စိတ္ဆိုးမည့္သူလဲ႐ွိလိမ့္မည္မဟုတ္ပါ...
"ငါတစ္ေယာက္တည္းျဖတ္သန္းရတဲ့ရက္ေတြက ဘာလို႔ဒီေလာက္ပင္ပန္းရတာလဲ..."
မင္းအနားမွာ႐ွိေနခြင့္မရတဲ့ ငါ့ရင္ထဲက အလြမ္းေတြက အခ်ိန္ၾကာလာေလ အ႐ူးရင့္ေလျဖစ္ေနၿပီကြာ...
"မင္းတစ္ေယာက္တည္းလို႔ ဘယ္သူေျပာလဲ... ငါ႐ွိပါေသးတယ္ ထိုက္ရင့္ ရာ..."
ထိုက္ရင့္ရဲ႕ ပခံုးကိုဖက္ၿပီး ေဘးမွာထိုင္ကာ အားေပးလာသူရဲ႕ လက္ကို ဖယ္ခ်ပစ္မိသည္...
"ငါ့အနားမွာ႐ွိေနတဲ့သူဟာ သူမဟုတ္သေရြ႕ေတာ့ တစ္ေယာက္တည္းဘဲျဖစ္ေနမွာ..."
"ငါ တစ္ခုေလာက္ေမးၾကည့္ခ်င္တယ္... မင္းနဲ႔ သူက ဘာလဲ..."
"သူငယ္ခ်င္း..."
"ဒါဆိုငါကေရာ မင္းရဲ႕သူငယ္ခ်င္းဘဲလား..."
ႏွစ္ေတြအၾကာႀကီး အတူ႐ွိေနခဲ့တာေၾကာင့္ ငါလဲ မင္းရဲ႕သူငယ္ခ်င္းျဖစ္ခြင့္႐ွိတယ္မဟုတ္လား. ထိုက္ရင့္...
ေမွ်ာ္လင့္တႀကီးေစာင့္ေနတဲ့ ေကာင္ေလးရဲ႕ မ်က္ဝန္းေတြမွာ ဝမ္းနည္းရိပ္ အားငယ္ရိပ္ေတြအထင္းသားေပၚလာသည္အထိ ထိုက္ရင့္ ရဲ႕ စကားတစ္ခြန္းက ဖန္တီးေပးခဲ့သည္...
"ငါ့အတြက္ သူငယ္ခ်င္းဆိုတာ သူတစ္ေယာက္တည္းဘဲ႐ွိတာ..." တဲ့...
ေျပာရင္း ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ေနတဲ့ ထိုက္ရင့္ရဲ႕ အျပံဳးေတြကေတာ့ နာၾကည္းရိပ္သန္းလို႔ေနသည္...
မင္း စိတ္ကိုဘယ္ခ်ိန္ထိလိမ္ေနဦးမွာလဲ ထိုက္ရင့္ရာ... သူက တစ္ကယ္ဘဲ မင္းရဲ႕ သူငယ္ခ်င္းဟုတ္ရဲ႕လားကြာ...
"သူ႔မွာ ၈ႏွစ္ေတာင္အခ်ိန္႐ွိခဲ့တယ္ေနာ္... ဒါေပမဲ့ မင္းကို လာမေတြ႔ခဲ့ဘူး..."
"ဟမ့္..."
စကားမဆံုးခင္ ထိုက္ရင့္ဆီက ဟမ့္ ဆိုတဲ့ ရယ္သံကို ၾကားလိုက္ရတာေၾကာင့္ ဆက္မေျပာျဖစ္ဘဲ ေကာင္းကင္ႀကီးကိုေမာ့ၾကည့္ေနသည့္ ေဘးတစ္ေစာင္းျမင္ေနရေသာ မ်က္ႏွာကို ေငးၾကည့္ေနမိသည္...
ေဘးတစ္ေစာင္းမ်က္ႏွာေလးကတင္ ထိုသူရဲ႕ နာက်င္မႈေတြကို အျပည့္ပံုေဖာ္ေပးလို႔ေနသည္... လည္ေထာင့္ထိ႐ွည္ေနတဲ့ ဆံသားေလးေတြဟာ ေတာင္ထိပ္ကေလေအးေလးေတြျဖတ္တိုက္သြားတိုင္း ပါးျပင္တစ္ေလွ်ာက္ လြင့္ျပန္ေနသည့္ ျမင္ကြင္းေလးက ဘယ္ေလာက္လွလိုက္သလဲ... ေမး႐ိုးထင္းထင္းနဲ႔ ေယာက်္ားၿပီသလွတဲ့ ထိုသူရဲ႕မ်က္ႏွာဟာ အျမဲတမ္းညႇိဳးငယ္ေနသည္ဆိုတာကို တစ္ေယာက္ေသာသူကိုျမင္ေစခ်င္သည္... ထိုသူကသာ ထိုက္ရင့္ရဲ႕ အေၾကာင္းျပခ်က္ျဖစ္ေနလို႔ေပါ့...
"မင္း သူ႔ကို ေမွ်ာ္မေနနဲ႔ေတာ့ ထိုက္ရင့္..."
ရပ္တန္႔သြားသည့္ စကားေလးကိုျပန္ဆက္ေျပာလိုက္သည့္ ေကာင္ေလးဆီမွာလဲ ေမွ်ာ္လင့္ခ်က္အရိပ္အေယာင္ေလးေတြ ႐ွိလို႔ေနသည္...
"မေမွ်ာ္ပါဘူး..."
ထိုက္ရင့္ တကယ္ဘဲ မေမွ်ာ္ပါဘူး... ဒီတစ္ခြန္းကသာ ထိုသူနဲ႔ ပတ္သတ္ၿပီး ေျပာျဖစ္တဲ့ တစ္ခုတည္းေသာ အမွန္တရားျဖစ္လိမ့္မည္...
ထိုက္ရင့္ ရဲ႕ စကားေလးတစ္ခြန္းကတင္ ေငးၾကည့္ေနသည့္ ေကာင္ေလးရဲ႕ မ်က္ဝန္းဝိုင္းဝိုင္းေလးေတြကို အေရာင္လက္သြားေစသည္...
"သူ႔ကို ေမွ်ာ္ေနတာဆိုရင္ သူမသိတဲ့ေနရာမွာ လာပုန္းမေနဘူး..."
"ဟမ့္..."
ထိုက္ရင့္ရဲ႕ ရယ္သံေလးအတိုင္း လိုက္ရယ္လိုက္မိသည္... ေမွ်ာ္မေနဘူးဆိုတာကိုၾကားၿပီး ေပ်ာ္ခဲ့ရတဲ့ အေပ်ာ္ေလးဟာ တဒဂၤအတြင္း ေရေငြ႔ေလးေတြလိုဘဲ အေငြ႔ပ်ံသြားၿပီေလ...
လာပုန္းေနသည္တဲ့... ဘာအျပစ္ေတြလုပ္ခဲ့လို႔ လာပုန္းရတာလဲ...
"ပုန္းေနတဲ့ မင္းကို သူ႐ွာေတြ႔သြားမယ္ဆိုရင္ေရာ..."
ငါ့ သူငယ္ခ်င္းေလးက သိပ္ေတာ္တာဘဲလို႔ ေျပာမိမွာေပါ့...
အေျဖကိုေစာင့္ေန႔သည့္ေကာင္ေလးမွာေတာ့ ထိုက္ရင့္ရဲ႕ ေျဖသံေလးကို ၾကားခြင့္မ႐ွိခဲ့ပါ...
ထိုက္ရင့္ ပုန္းေနခဲ့တာ သူ႔ဆီက မဟုတ္ဘဲ အတိတ္က ထိုက္ရင့္ဆီကေန ပုန္းေနခဲ့တာပါ...
ပစၥဳပၸန္မွာ ျပဳလုပ္ခဲ့မိသည့္အရာေတြ အတိတ္ျဖစ္သြားခဲ့ရင္ မွတ္ဉာဏ္ေကာင္းေလးျဖစ္ေအာင္ မလုပ္ႏိုင္ခဲ့သည့္ ထိုက္ရင့္ဆီကေန ပုန္းေနခဲ့တာ... ျပန္ျပင္လို႔မရေတာ့မယ့္ အတိတ္ေတြကို ေနာင္တအျဖစ္ေ႐ွ႕မဆက္ခ်င္ဘဲ ထိုအတိတ္ေတြဆီကေန ေ႐ွာင္ဖယ္ခ်င္လာခဲ့ရံုသာ...
ထပ္ေရာက္လာမယ့္ ပစၥဳပၸန္ေတြကို ဗလာနတၳိျဖစ္ခ်င္သည္. ထိုသို႔ျဖစ္ဖို႔ဆိုရင္ အတိတ္က ထိုက္ရင့္ဆီကေန ပုန္းေနမွရမယ္... အတိတ္ကထိုက္ရင့္သာ ထိုက္ရင့္ကို ႐ွာေတြ႔သြားရင္ ပစၥဳပၸန္ေတြဟာ အတိတ္ေတြျဖစ္လာေတာ့မွာ...
အတိတ္ေတြတိုင္းမွာ ထိုက္ရင့္ရဲ႕ သူငယ္ခ်င္းေလး ႐ွိေနလို႔ေပါ့...
ျဖစ္လာမယ့္ အတိတ္ေတြမွာ သူငယ္ခ်င္းေလးကို ငိုေအာင္ထပ္လုပ္မိမယ့္ ထိုက္ရင့္ဆိုတဲ့သူလဲ ႐ွိေနမွာအေသအခ်ာဘဲ...
မင္းရဲ႕ အတိတ္ေတြကို အျပံဳးေတြမဖန္ဆင္းေပးႏိုင္သေရြ႔ ငါ့ကိုပုန္းေနခြင့္ေပးပါ သူငယ္ခ်င္းေလးရာ...
.................................................................
(Unicode)
"အဝေးကို ငါငေးကြည့်
ကြယ်စင်ရယ်မင်းကိုငါလွမ်းတတ်ပြီ
ဆင်းသက်ချိန်ဆုတောင်းမယ်
တစ်နေ့ပြန်ဆုံခဲ့ရင်...
ပြန်မျှော်နေခဲ့ပြီအပျော်ဆုံးနေ့ဆီ
နာကျင်စရာများကိုမေ့ထားပြီး
ငါတို့နှစ်ယောက်ပြန်ဆုံကြမယ်
မျှော်လင့်ချက်မနက်ဖြန်များဆီ...
ငါဟာရှုံးနိမ့်ခဲ့သူပါ မင်းလေးသိရဲ့လား
အမြဲတမ်းဘဲအားငယ်စွာ
ဒီလိုသာ သူငယ်ချင်းဘဲလား...
တကယ်ဆိုနင့်ကိုငါအရမ်းချစ်တာသိသားနဲ့
အနိုင်ယူပြီးတော့
ဒီဝဋ်ကြွေးလေးများ ကြေပါစေတော့ကွယ်
ဆံဖြူလို့သွားပါစေ တသက်လုံးမင်းကို
ရင်ထဲ ချစ်နေရုံကလွဲရင်
သူငယ်ချင်းလေးအဖြစ်တို့နှစ်ဦး
အမြဲတမ်းရှိချင်တယ်..."
နှစ်တွေအလီလီပြောင်းရွှေ့သွားသည့်တိုင် မပြောင်းလဲသည့်နိုင်သူမှာတော့ ဒီသီချင်းလေးတစ်ပုဒ်တည်းကိုတောင် စာသားတွေဆုံးသည်အထိမဆိုနိုင်ဘဲ ခံစားချက်တွေ အဖြစ်အပျက်တွေနဲ့တိုက်ဆိုင်လွန်းလှတဲ့ စာသားလေးတွေကိုသာ ထပ်တလဲလဲဆိုနေမိသည်..
"အဝေးကို ငါငေးကြည့်..."
ဒီတစ်ကြိမ်တော့ဆက်မဆိုနိုင်တော့ပါ... အသံလေးမှာတိမ်ဝင်လာသလို မျက်ဝန်းအိမ်ထဲမှာရစ်ဝိုင်းနေသည့် မျက်ရည်စလေးတွေကြောင့်လဲ မြင်နေရတဲ့ တိမ်အပြည့်ဖုံးလွှမ်းနေသည့် ကောင်းကင်ဖြူကြီးကတောင် မှုန်ဝါးလို့နေလေပြီ...
"ငါ အခု ကောင်းကင်ကြီးကိုကြည့်နေတယ်သိလား... မင်းနဲ့မှ တောင်တန်းတွေကိုငေးကြည့်တတ်တော့ တောင်တန်းကြီးကိုငေးမကြည့်မိအောင် တောင်ထိပ်ထိတက်ပြီး တိမ်တိုက်တွေကိုဘဲငေးကြည့်နေတယ်သိလား..."
တစ်ယောက်တည်း တောင်စောင်းလေးမှာထိုင်ရင်း မကြားနိုင်မယ့်သူဆီကို စကားတွေလှမ်းပြောနေရတဲ့ အရူးတစ်ယောက်ကိုတွေ့ချင်ရင် ဒီရှမ်းတောင်တန်းတွေမှာလာရှာလှည့်ပါ...
အရမ်းလွမ်းတယ် ကိုယ့်ရဲ့ သူငယ်ချင်းလေးရေ...
မင်းကိုလွမ်းတယ့်အကြောင်းတွေကိုတောင် ဖွင့်ဟမပြောရဲတဲ့ငါက မင်းရှေ့ကို ဘယ်လိုလာရမှာလဲကွာ... ကြိုဆိုနေမယ့်သူမရှိတဲ့ အတိတ်ကနေရာလေးကို ပြန်မလာနိုင်တဲ့ငါ့ကို မင်းစိတ်မဆိုးဘူးမဟုတ်လား... ကြိုဆိုနေမယ့်သူတောင်မရှိတာ စိတ်ဆိုးမည့်သူလဲရှိလိမ့်မည်မဟုတ်ပါ...
"ငါတစ်ယောက်တည်းဖြတ်သန်းရတဲ့ရက်တွေက ဘာလို့ဒီလောက်ပင်ပန်းရတာလဲ..."
မင်းအနားမှာရှိနေခွင့်မရတဲ့ ငါ့ရင်ထဲက အလွမ်းတွေက အချိန်ကြာလာလေ အရူးရင့်လေဖြစ်နေပြီကွာ...
"မင်းတစ်ယောက်တည်းလို့ ဘယ်သူပြောလဲ... ငါရှိပါသေးတယ် ထိုက်ရင့် ရာ..."
ထိုက်ရင့်ရဲ့ ပခုံးကိုဖက်ပြီး ဘေးမှာထိုင်ကာ အားပေးလာသူရဲ့ လက်ကို ဖယ်ချပစ်မိသည်...
"ငါ့အနားမှာရှိနေတဲ့သူဟာ သူမဟုတ်သရွေ့တော့ တစ်ယောက်တည်းဘဲဖြစ်နေမှာ..."
"ငါ တစ်ခုလောက်မေးကြည့်ချင်တယ်... မင်းနဲ့ သူက ဘာလဲ..."
"သူငယ်ချင်း..."
"ဒါဆိုငါကရော မင်းရဲ့သူငယ်ချင်းဘဲလား..."
နှစ်တွေအကြာကြီး အတူရှိနေခဲ့တာကြောင့် ငါလဲ မင်းရဲ့သူငယ်ချင်းဖြစ်ခွင့်ရှိတယ်မဟုတ်လား. ထိုက်ရင့်...
မျှော်လင့်တကြီးစောင့်နေတဲ့ ကောင်လေးရဲ့ မျက်ဝန်းတွေမှာ ဝမ်းနည်းရိပ် အားငယ်ရိပ်တွေအထင်းသားပေါ်လာသည်အထိ ထိုက်ရင့် ရဲ့ စကားတစ်ခွန်းက ဖန်တီးပေးခဲ့သည်...
"ငါ့အတွက် သူငယ်ချင်းဆိုတာ သူတစ်ယောက်တည်းဘဲရှိတာ..." တဲ့...
ပြောရင်း ကောင်းကင်ကြီးကို မော့ကြည့်နေတဲ့ ထိုက်ရင့်ရဲ့ အပြုံးတွေကတော့ နာကြည်းရိပ်သန်းလို့နေသည်...
မင်း စိတ်ကိုဘယ်ချိန်ထိလိမ်နေဦးမှာလဲ ထိုက်ရင့်ရာ... သူက တစ်ကယ်ဘဲ မင်းရဲ့ သူငယ်ချင်းဟုတ်ရဲ့လားကွာ...
"သူ့မှာ ၈နှစ်တောင်အချိန်ရှိခဲ့တယ်နော်... ဒါပေမဲ့ မင်းကို လာမတွေ့ခဲ့ဘူး..."
"ဟမ့်..."
စကားမဆုံးခင် ထိုက်ရင့်ဆီက ဟမ့် ဆိုတဲ့ ရယ်သံကို ကြားလိုက်ရတာကြောင့် ဆက်မပြောဖြစ်ဘဲ ကောင်းကင်ကြီးကိုမော့ကြည့်နေသည့် ဘေးတစ်စောင်းမြင်နေရသော မျက်နှာကို ငေးကြည့်နေမိသည်...
ဘေးတစ်စောင်းမျက်နှာလေးကတင် ထိုသူရဲ့ နာကျင်မှုတွေကို အပြည့်ပုံဖော်ပေးလို့နေသည်... လည်ထောင့်ထိရှည်နေတဲ့ ဆံသားလေးတွေဟာ တောင်ထိပ်ကလေအေးလေးတွေဖြတ်တိုက်သွားတိုင်း ပါးပြင်တစ်လျှောက် လွင့်ပြန်နေသည့် မြင်ကွင်းလေးက ဘယ်လောက်လှလိုက်သလဲ... မေးရိုးထင်းထင်းနဲ့ ယောက်ျားပြီသလှတဲ့ ထိုသူရဲ့မျက်နှာဟာ အမြဲတမ်းညှိုးငယ်နေသည်ဆိုတာကို တစ်ယောက်သောသူကိုမြင်စေချင်သည်... ထိုသူကသာ ထိုက်ရင့်ရဲ့ အကြောင်းပြချက်ဖြစ်နေလို့ပေါ့...
"မင်း သူ့ကို မျှော်မနေနဲ့တော့ ထိုက်ရင့်..."
ရပ်တန့်သွားသည့် စကားလေးကိုပြန်ဆက်ပြောလိုက်သည့် ကောင်လေးဆီမှာလဲ မျှော်လင့်ချက်အရိပ်အယောင်လေးတွေ ရှိလို့နေသည်...
"မမျှော်ပါဘူး..."
ထိုက်ရင့် တကယ်ဘဲ မမျှော်ပါဘူး... ဒီတစ်ခွန်းကသာ ထိုသူနဲ့ ပတ်သတ်ပြီး ပြောဖြစ်တဲ့ တစ်ခုတည်းသော အမှန်တရားဖြစ်လိမ့်မည်...
ထိုက်ရင့် ရဲ့ စကားလေးတစ်ခွန်းကတင် ငေးကြည့်နေသည့် ကောင်လေးရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို အရောင်လက်သွားစေသည်...
"သူ့ကို မျှော်နေတာဆိုရင် သူမသိတဲ့နေရာမှာ လာပုန်းမနေဘူး..."
"ဟမ့်..."
ထိုက်ရင့်ရဲ့ ရယ်သံလေးအတိုင်း လိုက်ရယ်လိုက်မိသည်... မျှော်မနေဘူးဆိုတာကိုကြားပြီး ပျော်ခဲ့ရတဲ့ အပျော်လေးဟာ တဒင်္ဂအတွင်း ရေငွေ့လေးတွေလိုဘဲ အငွေ့ပျံသွားပြီလေ...
လာပုန်းနေသည်တဲ့... ဘာအပြစ်တွေလုပ်ခဲ့လို့ လာပုန်းရတာလဲ...
"ပုန်းနေတဲ့ မင်းကို သူရှာတွေ့သွားမယ်ဆိုရင်ရော..."
ငါ့ သူငယ်ချင်းလေးက သိပ်တော်တာဘဲလို့ ပြောမိမှာပေါ့...
အဖြေကိုစောင့်နေ့သည့်ကောင်လေးမှာတော့ ထိုက်ရင့်ရဲ့ ဖြေသံလေးကို ကြားခွင့်မရှိခဲ့ပါ...
ထိုက်ရင့် ပုန်းနေခဲ့တာ သူ့ဆီက မဟုတ်ဘဲ အတိတ်က ထိုက်ရင့်ဆီကနေ ပုန်းနေခဲ့တာပါ...
ပစ္စုပ္ပန်မှာ ပြုလုပ်ခဲ့မိသည့်အရာတွေ အတိတ်ဖြစ်သွားခဲ့ရင် မှတ်ဉာဏ်ကောင်းလေးဖြစ်အောင် မလုပ်နိုင်ခဲ့သည့် ထိုက်ရင့်ဆီကနေ ပုန်းနေခဲ့တာ... ပြန်ပြင်လို့မရတော့မယ့် အတိတ်တွေကို နောင်တအဖြစ်ရှေ့မဆက်ချင်ဘဲ ထိုအတိတ်တွေဆီကနေ ရှောင်ဖယ်ချင်လာခဲ့ရုံသာ...
ထပ်ရောက်လာမယ့် ပစ္စုပ္ပန်တွေကို ဗလာနတ္ထိဖြစ်ချင်သည်. ထိုသို့ဖြစ်ဖို့ဆိုရင် အတိတ်က ထိုက်ရင့်ဆီကနေ ပုန်းနေမှရမယ်... အတိတ်ကထိုက်ရင့်သာ ထိုက်ရင့်ကို ရှာတွေ့သွားရင် ပစ္စုပ္ပန်တွေဟာ အတိတ်တွေဖြစ်လာတော့မှာ...
အတိတ်တွေတိုင်းမှာ ထိုက်ရင့်ရဲ့ သူငယ်ချင်းလေး ရှိနေလို့ပေါ့...
ဖြစ်လာမယ့် အတိတ်တွေမှာ သူငယ်ချင်းလေးကို ငိုအောင်ထပ်လုပ်မိမယ့် ထိုက်ရင့်ဆိုတဲ့သူလဲ ရှိနေမှာအသေအချာဘဲ...
မင်းရဲ့ အတိတ်တွေကို အပြုံးတွေမဖန်ဆင်းပေးနိုင်သရွေ့ ငါ့ကိုပုန်းနေခွင့်ပေးပါ သူငယ်ချင်းလေးရာ...
.................................................................