အေရးေပၚခန္းေရ႔ွတြင္ ေခါက္တံု႔ေခါက္ျပန္ေလ်ွာက္ကာ တစ္ခုေသာ ဆုကိုေတာင္းဆိုေနေသာ ေရွာင္က်န႔္ ။ ရင္ထဲမွာလည္း စိုးရိမ္ပူပန္မႈေတြက ဗေလာင္ဆူေနၿပီျဖစ္သည္။
အေရးေပၚခန္းထဲမွ ထြက္လာတဲ့ဆရာဝန္၏ အဆင္ေျပပါတယ္ ဟူသၫ့္စကားေၾကာင့္ ေရွာင္က်န႔္တင္းထားေသာ စိတ္မ်ားေလ်ာ့ကာ
ထိုက်မွ အသက္ေကာင္းေကာင္းရႉႏိုင္ေတာ့သည္။
တစ္ဖက္တြင္ေတာ့ ညမေလးလို ခ်စ္ခင္ရတဲ့သူက
ေတြ ့တာမွတစ္ရက္မျပၫ့္ေသးပဲ ေသသြားသည္ဟု
ၾကားရသည္မွာ လင္းအတြက္ ႏွလံုးသားကို ဓါးနဲ႔မႊန္းေနသလို နာက်င္ခံစားရေစသည္။
ကိုယ့္ကိုပဲ ဖမ္းထားရင္ေတာင္ လင္းအဲ့ဒီေလာက္ စိတ္နာမွာမဟုတ္ေပမဲ့ ဘာမွမဆိုင္တဲ့ ညမေလးလို ခ်စ္ရတဲ့သူကို ေသေစတဲ့အထိ ျဖစ္ေစတဲ့ရီေပၚကို လင္း စိတ္နာသည္။ လူကိုယ္တိုင္ လက္စားမေခ်ႏိုင္လ်ွင္ေတာင္ ရီေပၚကို ေထာင္လံုးလံုးက်ဖို႔ လင္းဆႏၵရိွေလသည္။
.......................................................................
"ကိုကို "
"ဟမ္ ! ... ကေလး ႏိုးၿပီးလား ? ။" ဟုဆိုကာ ဆိုဖာေပၚမွ အျမန္ထၿပီး ရီေပၚ၏ကုတင္ေဘးက ထိုင္ခံုေပၚတြင္ အၿမန္ဝင္ထိုင္ကာ ရီေပၚ၏ညာဘက္လက္ေလးကို ေရွာင္က်န႔္ သူ၏လက္နွစ္ဖက္ေလးျဖင့္ အုပ္မိုး၍ ဆုပ္ကိုင္ထားလိုက္ေလသည္။
ထို႔ေနာက္ တစ္ျဖည္းျဖည္းႏွင့္ မ်က္ဝန္းအိမ္မွ ရစ္သီလာေသာ ပါးျပင္ထက္မွ မ်က္ရည္တို့ကို ဥပကၡာျပဳကာ ေရွာင္က်န႔္ေခါင္းကို ငုတ္ထားမိေလသည္။
"မငိုပါနဲ႔ .....ကိုကိုရယ္ ။ ကိုကို ငိုရင္ ကေလးရင္ထဲ နာတယ္ " ဟူေသာရီေပၚ၏တိုးရွရွစကားအဆံုး ေရွာင္က်န႔္ ပါးျပင္ထက္မွမ်က္ရည္တို႔ကို သုတ္ကာ ရီေပၚအားၿပံဳးျပလိုက္ေလသည္။
"ကိုကို မငိုေတာ့ဘူးေနာ္ ကေလး ။ "
"အင္း....ကိုကို အရမ္းေတာ္တယ္ ။"
"ဟားဟား...... ဟုတ္ပါၿပီး ကိုယ့္ရဲ့ဂိုဏ္ဆရာေလးရယ္ ။"
"ဟဲဟဲ ...."
ေဆးရံုခန္းသည္ ေရွာင္က်န႔္ႏွင့္ရီေပၚ၏ ရယ္ေမာသံမ်ားႏွင့္ ျပၫ့္လ်ွံေနေသာ္လည္း အျခားတစ္ဖက္တြင္ေတာ့ ေၾကကြဲဝမ္းနည္းစြာ ငိုေႂကြးေနေသာ အသံႏွင့္သာ ျပၫ့္ေနေလသည္။
"ကိုကို "
"ေျပာေလ ကေလး "
" လင္းနဲ႔ရွီးေရာ သူတို႔ဘယ္လိုေနလဲဟင္ ? ။ အဆင္ေရာ ေျပၾကရဲ့လား? ။ "
ေရွာင္က်န႔္တစ္ေယာက္ ရီေပၚအတြက္ ပန္းသီးခြဲေပးေနတုန္း ရီေပၚက လင္းႏွင့္ရွီး၏အေျခအေနကို ေမးလာသျဖင့္
ေရွာင္က်န႔္တစ္ေယာက္ အေတာ္ေလး အခ်ိန္ၾကာသည္အထိ ၿငိမ္ေနကာ အေတာ္ၾကာမွ သက္ျပင္းရွည္ျကီးတစ္ခ်က္ ခ်လိုက္ၿပီး ရီေပၚ၏မ်က္နွာအား ေသခ်ာၾကၫ့္လိုက္ေလသည္။
ထို႔ေနာက္ ခက္အက္အက္အသံတစ္ခုႏွင့္ ေျပာလာသည္က ........
"ဆံုးသြားတယ္ ။ ရွီး.... သူကားေမွာက္တဲ့ေနရာ မွာတင္ ဆံုးသြားတာ ။ လင္းကေတာ့....ေအာက္ပိုင္း ေသသြားတယ္။ ေပါက္ကြဲတဲ့ ကားအပိုင္းအစေတြက သူ႔ေျခေထာက္ေပၚ လြင့္လာၿပီး ေသြးထြက္ လြန္သြားတဲ့အတြက္ေၾကာင့္ သူ ေအာက္ပိုင္း ေသသြားတယ္ ကေလး ။ "
ေရွာင္က်န႔္က ရီေပၚကို ေလသံေအးေအးျဖင့္ ေသခ်ာရွင္းျပေနေသာ္လည္း ေရွာင္က်န႔္ရင္ထဲတြင္ အေတာ္ကို နာက်င္ဝမ္းနည္းေနမွန္း ရီေပၚေမးစရာမလိုစြာပင္ ေရွာင္က်န႔္၏ ခက္အက္အက္အသံက ေျပာျပေနေလသည္။
ရီေပၚလည္း သူ၏စိတ္ကိုသူမလံု၍ စိတ္မေကာင္းျဖစ္ေနေသာ ေရွာင္က်န႔္ကို
ေပြ႕ဖက္ႏွစ္သိမ့္ဖို႔ သူလက္မလွမ္းရဲခဲ့ေပ။
ေတာင္းပန္ပါတယ္ဟုသာ စိတ္ထဲတြင္အႀကိမ္ႀကိမ္ေရရြတ္ရင္း ရီေပၚကိုယ့္ကိုကိုယ္သာ အျပစ္တင္မိေလသည္။
...…...................................................................
ေဆးရံုဆင္းတဲ့ရက္ ျဖစ္တဲ့အတြက္ေၾကာင့္
ရီေပၚတို႔အထုတ္အပိုးေတြ သိမ္းဆည္းၿပီးအိမ္ျပန္ခဲ့ေလသည္။
အိမ္ျပန္ေရာက္သၫ့္ေန့မွစ၍ ရီေပၚတစ္ေယာက္ အခန္းကျပတင္းေပါက္ကို အၿမဲလိုလို ေငးကာ တစ္ခုခုကိုေတြးေနေလ့ရိွသည္။ရီေပၚ၏
ညာဘက္လက္က ေက်ာက္ပက္တီး စည္းထားရတဲ့ အတြက္ ေရွာင္က်န႔္ ေက်ာင္းတက္တဲ့ အခ်ိန္တြင္ အိမ္မွာအကူတစ္ေယာက္ကို ရီေပၚအတြက္ ငွားေပးထားေလသည္။
ညေနပိုင္းေရွာင္က်န႔္ အိမ္ျပန္ေရာက္ေတာ့ ရီေပၚကျပတင္းေပါက္မျွမင္ရေသာ ေနလံုးႀကီးအား
ေတြေတြေလးေငးၾကၫ့္ေနေသာေၾကာင့္ ေရွာင္က်န႔္က အေနာက္မွေန၍ ရီေပၚ၏ခါးေလးအား လွမ္းဖက္လိုက္ေလသည္။
ေရွာင္က်န႔္က အေနာက္မွေန၍ခါးကို ရုတ္တရက္ လွမ္းဖက္လိုက္တာေၾကာင့္ ရီေပၚ ကိုယ္ေလး တစ္ခ်က္ တုန္တက္သြားကာ ပါးေဘးမွ ေရွာင္က်န႔္၏ မ်က္ႏွာေလးအား ျပန္လွမ္း ျကၫ့္လိုက္မိေလသည္။
အိမ္ျပန္ခ်ိန္ေနလံုးႀကီးရဲ့ အလင္းေရာင္က ေရွာင္က်န႔္၏ ညို႔ႏိုင္စြမ္းကို ပိုၿပီးေထာက္ပံ့ ေပးေလေတာ့ ရီေပၚေရွာင္က်န႔္၏ မ်က္ႏွာတစ္ျခမ္းကို မ်က္ေတာင္မခတ္တမ္း ေငးၾကၫ့္ေနမိေလသည္။
*ကိုကို သိပါ့မလား ? ။ အျပစ္ေတြေၾကာင့္ ကိုကို႔ကို စြန႔္လႊတ္လိုက္ဖို႔ အခ်ိန္ေတြအမ်ားႀကီး သံုးၿပီး စဉ္းစားခဲ့တာေတြကေလ အခုလိုမ်ိဳး ကိုကို႔မ်က္ႏွာ တစ္ခါျမင္ရရံုနဲ႔ ေတြးထားသမ်ွဟာ အခ်ိန္ခဏေလး အတြင္းမွာ အကုန္လြင့္ ေပ်ာက္ကုန္တယ္ ။*
"ဘာေတြ ေတြးေနတာလည္း ကေလး ။ ကိုကိုဝင္လာတာေတာင္ သတိမထားမိဘူးေနာ္ ။" ဟုဆိုကာ ေရွာင္က်န႔္က ရီေပၚအား ၿပံဳးရင္းေမးေတာ့ ရီေပၚက ေရွာင္က်န႔္၏အေမးကို ျပန္မေျဖပဲ သူ၏လက္ေခ်ာင္းထိပ္ေလးမ်ားျဖင့္ ေရွာင္က်န႔္၏ ႏႈတ္ခမ္းသားတို႔ကိုသာ အသာအယာ
ထိေတြ ့ေနေလသည္။
"ကိုကို႔ ႏႈတ္ခမ္းသားေတြက အရမ္းလွတယ္
သိလား? ။ကိုကို အိမ္ျပန္ေနာက္က်တယ္ေနာ္ ။ "
"အင္း .....ေက်ာင္းမွာ အခ်ိန္ပိုင္းဂိုက္ေတြ ထပ္ထၫ့္ေပးတယ္ေလ ။ အဲ့ဒါေၾကာင့္ ေက်ာင္းစာသင္ခ်ိန္ ေနာက္က်တာ ။ "
"ဪ ! .....အင္း ကိုကို ပင္ပန္းေနၿပီေပါ့ ။ အဲ့ဒါဆို
ေရမိုးခ်ိဳးေလ ။ ၿပီးရင္ ထမင္းသြား ဆင္းစားၾကတာေပါ့ ။ "
"အင္း .....ဒါဆို ကိုကို ေရသြားခ်ိဳးလိုက္ဦးမယ္ေနာ္။"
ဟုဆိုကာ ရီေပၚ၏ပါးေလးအား ေမႊးၾကဴကာ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားေသာ ေရွာင္က်န႔္ ။
*ေကာင္းပါတယ္ ....ဒီလိုအေျခအေနေလးပဲ ။
ကိုကို မပစ္သြားတာပဲ ေက်းဇူးတင္ပါတယ္ ။ *
"ကေလးေရာ့ .....ပုဇြန္စား ။ "
" အင္း "
"ေန့လည္ဘက္ ကေလးထမင္းသိပ္မစားဘူးဆို ။
အားတီ ကို ကိုကိုေမးတာ ။ ကယ္ ဘာလို႔မစားတာလဲ ?.....ေျပာပါဦး ။ "
" အဲ့တာက ဗိုက္သိပ္မဆာလို႔ပါ ။ ၿပီးေတာ့ တစ္ေယာက္ထဲ ထမင္းစားရတာ မေပ်ာ္လို႔ပါ "
ရီေပၚေန့လည္ဘက္ ထမင္းသိပ္မစားသည္ကို ေရွာင္က်န႔္က ရုပ္တည္တည္ႏွင့္ေျပာေတာ့ ရီေပၚက ေခါင္းေလးငုတ္ကာ သူတစ္ေယာက္ထဲ ထမင္းမစားခ်င္ေၾကာင္းကို မ်က္ႏွာငယ္ေလးႏွင့္ ေျပာေလသည္။
"စိတ္မဆိုးပါနဲ႔ ကိုကို ။ ကိုကိုမႀကိဳက္ရင္ ကေလးေနာက္ေန့ ပိုစား "
ရီေပၚရဲ့အရဲစြန႔္စကားေလးမဆံုးေသး ထိုင္ေနရာမွထကာ ရီေပၚကိုယ္ေလးအား ရင္ခြင္ထဲ ထၫ့္ကာ ဖက္ထားေပးေသာ ကိုကို႔ေၾကာင့္ ရီေပၚမ်က္ဝန္းမ်ားတြင္ မ်က္ရည္မ်ားသည္ပင္ ရစ္ဝဲလာေလသည္။
"ကိုကို စိတ္မဆိုးပါဘူး။ ကေလး အစားနည္းရင္ အားမရိွမွာစိုးလို႔ ကိုကိုက ေျပာရတာပါ ။ "
ထိုအခါမွ ေရွာင္က်န႔္၏ လက္ဖ်ံရိုးေပၚသို႔ က်လာေသာ ရီေပၚ၏မ်က္ရည္စက္ ။
"ဟင္ !.....ကေလး ငိုေနတယ္ ။ ဘာလို႔ငိုတာလဲ ကေလးရယ္? ။ "
"ငိုတာ မဟုတ္ပါဘူး ။ ဒီတိုင္း ေပ်ာ္လို႔ မ်က္ရည္က်တာ .... ဟီဟီ ။ "
ရီေပၚတစ္ေယာက္ ေရွာင္က်န႔္ကို သူ့ရင္ထဲမွခံစားခ်က္ေတြအား ဖံုးကြယ္ရန္ မ်က္ရည္ေတြမ်ားၾကားမွ ၿပံဳးျပမိေလသည္။
"အင္း ..... ကိုကို႔ ကေလးေလး လိမၼာတယ္။
လာ ထမင္းလည္းစားၿပီးၿပီးဆိုေတာ့ ကိုကိုတို႔ အခန္းျပန္ နားရေအာင္ ။ "
"အင္း ...."
* ကေလးအစားနည္းရင္ အားမရိွမွာစိုးလို့ ဆိုတဲ့ စကားေလးထက္ ေန့လည္ဘက္ ကေလးနဲ႔အတူ ကိုကိုျပန္လာစားေပးမယ္ဆိုတဲ့ စကားသာဆို သိပ္ေကာင္းမွာပဲ ကိုကိုရယ္ ... ။ ခက္တာက ကေလးလည္း မေတာင္းဆိုရဲေတာ့ဘူး။*
[Unicode]အရေးပေါ်ခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ တစ်ခုသော ဆုကိုတောင်းဆိုနေသော ရှောင်ကျန့် ။ ရင်ထဲမှာလည်း စိုးရိမ်ပူပန်မှုတွေက ဗလောင်ဆူနေပြီဖြစ်သည်။
အရေးပေါ်ခန်းထဲမှ ထွက်လာတဲ့ဆရာဝန်၏ အဆင်ပြေပါတယ် ဟူသည့်စကားကြောင့် ရှောင်ကျန့်တင်းထားသော စိတ်များလျော့ကာ
ထိုကျမှ အသက်ကောင်းကောင်းရှူနိုင်တော့သည်။
တစ်ဖက်တွင်တော့ ညမလေးလို ချစ်ခင်ရတဲ့သူက
တွေ့တာမှတစ်ရက်မပြည့်သေးပဲ သေသွားသည်ဟု
ကြားရသည်မှာ လင်းအတွက် နှလုံးသားကို ဓါးနဲ့မွှန်းနေသလို နာကျင်ခံစားရစေသည်။
ကိုယ့်ကိုပဲ ဖမ်းထားရင်တောင် လင်းအဲ့ဒီလောက် စိတ်နာမှာမဟုတ်ပေမဲ့ ဘာမှမဆိုင်တဲ့ ညမလေးလို ချစ်ရတဲ့သူကို သေစေတဲ့အထိ ဖြစ်စေတဲ့ရီပေါ်ကို လင်း စိတ်နာသည်။ လူကိုယ်တိုင် လက်စားမချေနိုင်လျှင်တောင် ရီပေါ်ကို ထောင်လုံးလုံးကျဖို့ လင်းဆန္ဒရှိလေသည်။
.......................................................................
"ကိုကို "
"ဟမ် ! ... ကလေး နိုးပြီးလား ? ။" ဟုဆိုကာ ဆိုဖာပေါ်မှ အမြန်ထပြီး ရီပေါ်၏ကုတင်ဘေးက ထိုင်ခုံပေါ်တွင် အမြန်ဝင်ထိုင်ကာ ရီပေါ်၏ညာဘက်လက်လေးကို ရှောင်ကျန့် သူ၏လက်နှစ်ဖက်လေးဖြင့် အုပ်မိုး၍ ဆုပ်ကိုင်ထားလိုက်လေသည်။
ထို့နောက် တစ်ဖြည်းဖြည်းနှင့် မျက်ဝန်းအိမ်မှ ရစ်သီလာသော ပါးပြင်ထက်မှ မျက်ရည်တို့ကို ဥပက္ခာပြုကာ ရှောင်ကျန့်ခေါင်းကို ငုတ်ထားမိလေသည်။
"မငိုပါနဲ့ .....ကိုကိုရယ် ။ ကိုကို ငိုရင် ကလေးရင်ထဲ နာတယ် " ဟူသောရီပေါ်၏တိုးရှရှစကားအဆုံး ရှောင်ကျန့် ပါးပြင်ထက်မှမျက်ရည်တို့ကို သုတ်ကာ ရီပေါ်အားပြုံးပြလိုက်လေသည်။
"ကိုကို မငိုတော့ဘူးနော် ကလေး ။ "
"အင်း....ကိုကို အရမ်းတော်တယ် ။"
"ဟားဟား...... ဟုတ်ပါပြီး ကိုယ့်ရဲ့ဂိုဏ်ဆရာလေးရယ် ။"
"ဟဲဟဲ ...."
ဆေးရုံခန်းသည် ရှောင်ကျန့်နှင့်ရီပေါ်၏ ရယ်မောသံများနှင့် ပြည့်လျှံနေသော်လည်း အခြားတစ်ဖက်တွင်တော့ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေသော အသံနှင့်သာ ပြည့်နေလေသည်။
"ကိုကို "
"ပြောလေ ကလေး "
" လင်းနဲ့ရှီးရော သူတို့ဘယ်လိုနေလဲဟင် ? ။ အဆင်ရော ပြေကြရဲ့လား? ။ "
ရှောင်ကျန့်တစ်ယောက် ရီပေါ်အတွက် ပန်းသီးခွဲပေးနေတုန်း ရီပေါ်က လင်းနှင့်ရှီး၏အခြေအနေကို မေးလာသဖြင့်
ရှောင်ကျန့်တစ်ယောက် အတော်လေး အချိန်ကြာသည်အထိ ငြိမ်နေကာ အတော်ကြာမှ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ရီပေါ်၏မျက်နှာအား သေချာကြည့်လိုက်လေသည်။
ထို့နောက် ခက်အက်အက်အသံတစ်ခုနှင့် ပြောလာသည်က ........
"ဆုံးသွားတယ် ။ ရှီး.... သူကားမှောက်တဲ့နေရာ မှာတင် ဆုံးသွားတာ ။ လင်းကတော့....အောက်ပိုင်း သေသွားတယ်။ ပေါက်ကွဲတဲ့ ကားအပိုင်းအစတွေက သူ့ခြေထောက်ပေါ် လွင့်လာပြီး သွေးထွက် လွန်သွားတဲ့အတွက်ကြောင့် သူ အောက်ပိုင်း သေသွားတယ် ကလေး ။ "
ရှောင်ကျန့်က ရီပေါ်ကို လေသံအေးအေးဖြင့် သေချာရှင်းပြနေသော်လည်း ရှောင်ကျန့်ရင်ထဲတွင် အတော်ကို နာကျင်ဝမ်းနည်းနေမှန်း ရီပေါ်မေးစရာမလိုစွာပင် ရှောင်ကျန့်၏ ခက်အက်အက်အသံက ပြောပြနေလေသည်။
ရီပေါ်လည်း သူ၏စိတ်ကိုသူမလုံ၍ စိတ်မကောင်းဖြစ်နေသော ရှောင်ကျန့်ကို
ပွေ့ဖက်နှစ်သိမ့်ဖို့ သူလက်မလှမ်းရဲခဲ့ပေ။
တောင်းပန်ပါတယ်ဟုသာ စိတ်ထဲတွင်အကြိမ်ကြိမ်ရေရွတ်ရင်း ရီပေါ်ကိုယ့်ကိုကိုယ်သာ အပြစ်တင်မိလေသည်။
...…...................................................................
ဆေးရုံဆင်းတဲ့ရက် ဖြစ်တဲ့အတွက်ကြောင့်
ရီပေါ်တို့အထုတ်အပိုးတွေ သိမ်းဆည်းပြီးအိမ်ပြန်ခဲ့လေသည်။
အိမ်ပြန်ရောက်သည့်နေ့မှစ၍ ရီပေါ်တစ်ယောက် အခန်းကပြတင်းပေါက်ကို အမြဲလိုလို ငေးကာ တစ်ခုခုကိုတွေးနေလေ့ရှိသည်။ရီပေါ်၏
ညာဘက်လက်က ကျောက်ပက်တီး စည်းထားရတဲ့ အတွက် ရှောင်ကျန့် ကျောင်းတက်တဲ့ အချိန်တွင် အိမ်မှာအကူတစ်ယောက်ကို ရီပေါ်အတွက် ငှားပေးထားလေသည်။
ညနေပိုင်းရှောင်ကျန့် အိမ်ပြန်ရောက်တော့ ရီပေါ်ကပြတင်းပေါက်မြှမင်ရသော နေလုံးကြီးအား
တွေတွေလေးငေးကြည့်နေသောကြောင့် ရှောင်ကျန့်က အနောက်မှနေ၍ ရီပေါ်၏ခါးလေးအား လှမ်းဖက်လိုက်လေသည်။
ရှောင်ကျန့်က အနောက်မှနေ၍ခါးကို ရုတ်တရက် လှမ်းဖက်လိုက်တာကြောင့် ရီပေါ် ကိုယ်လေး တစ်ချက် တုန်တက်သွားကာ ပါးဘေးမှ ရှောင်ကျန့်၏ မျက်နှာလေးအား ပြန်လှမ်း ကြည့်လိုက်မိလေသည်။
အိမ်ပြန်ချိန်နေလုံးကြီးရဲ့ အလင်းရောင်က ရှောင်ကျန့်၏ ညို့နိုင်စွမ်းကို ပိုပြီးထောက်ပံ့ ပေးလေတော့ ရီပေါ်ရှောင်ကျန့်၏ မျက်နှာတစ်ခြမ်းကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိလေသည်။
*ကိုကို သိပါ့မလား ? ။ အပြစ်တွေကြောင့် ကိုကို့ကို စွန့်လွှတ်လိုက်ဖို့ အချိန်တွေအများကြီး သုံးပြီး စဉ်းစားခဲ့တာတွေကလေ အခုလိုမျိုး ကိုကို့မျက်နှာ တစ်ခါမြင်ရရုံနဲ့ တွေးထားသမျှဟာ အချိန်ခဏလေး အတွင်းမှာ အကုန်လွင့် ပျောက်ကုန်တယ် ။*
"ဘာတွေ တွေးနေတာလည်း ကလေး ။ ကိုကိုဝင်လာတာတောင် သတိမထားမိဘူးနော် ။" ဟုဆိုကာ ရှောင်ကျန့်က ရီပေါ်အား ပြုံးရင်းမေးတော့ ရီပေါ်က ရှောင်ကျန့်၏အမေးကို ပြန်မဖြေပဲ သူ၏လက်ချောင်းထိပ်လေးများဖြင့် ရှောင်ကျန့်၏ နှုတ်ခမ်းသားတို့ကိုသာ အသာအယာ
ထိတွေ့နေလေသည်။
"ကိုကို့ နှုတ်ခမ်းသားတွေက အရမ်းလှတယ်
သိလား? ။ကိုကို အိမ်ပြန်နောက်ကျတယ်နော် ။ "
"အင်း .....ကျောင်းမှာ အချိန်ပိုင်းဂိုက်တွေ ထပ်ထည့်ပေးတယ်လေ ။ အဲ့ဒါကြောင့် ကျောင်းစာသင်ချိန် နောက်ကျတာ ။ "
"ဪ ! .....အင်း ကိုကို ပင်ပန်းနေပြီပေါ့ ။ အဲ့ဒါဆို
ရေမိုးချိုးလေ ။ ပြီးရင် ထမင်းသွား ဆင်းစားကြတာပေါ့ ။ "
"အင်း .....ဒါဆို ကိုကို ရေသွားချိုးလိုက်ဦးမယ်နော်။"
ဟုဆိုကာ ရီပေါ်၏ပါးလေးအား မွှေးကြူကာ ရေချိုးခန်းထဲသို့ ဝင်သွားသော ရှောင်ကျန့် ။
*ကောင်းပါတယ် ....ဒီလိုအခြေအနေလေးပဲ ။
ကိုကို မပစ်သွားတာပဲ ကျေးဇူးတင်ပါတယ် ။ *
"ကလေးရော့ .....ပုဇွန်စား ။ "
" အင်း "
"နေ့လည်ဘက် ကလေးထမင်းသိပ်မစားဘူးဆို ။
အားတီ ကို ကိုကိုမေးတာ ။ ကယ် ဘာလို့မစားတာလဲ ?.....ပြောပါဦး ။ "
" အဲ့တာက ဗိုက်သိပ်မဆာလို့ပါ ။ ပြီးတော့ တစ်ယောက်ထဲ ထမင်းစားရတာ မပျော်လို့ပါ "
ရီပေါ်နေ့လည်ဘက် ထမင်းသိပ်မစားသည်ကို ရှောင်ကျန့်က ရုပ်တည်တည်နှင့်ပြောတော့ ရီပေါ်က ခေါင်းလေးငုတ်ကာ သူတစ်ယောက်ထဲ ထမင်းမစားချင်ကြောင်းကို မျက်နှာငယ်လေးနှင့် ပြောလေသည်။
"စိတ်မဆိုးပါနဲ့ ကိုကို ။ ကိုကိုမကြိုက်ရင် ကလေးနောက်နေ့ ပိုစား "
ရီပေါ်ရဲ့အရဲစွန့်စကားလေးမဆုံးသေး ထိုင်နေရာမှထကာ ရီပေါ်ကိုယ်လေးအား ရင်ခွင်ထဲ ထည့်ကာ ဖက်ထားပေးသော ကိုကို့ကြောင့် ရီပေါ်မျက်ဝန်းများတွင် မျက်ရည်များသည်ပင် ရစ်ဝဲလာလေသည်။
"ကိုကို စိတ်မဆိုးပါဘူး။ ကလေး အစားနည်းရင် အားမရှိမှာစိုးလို့ ကိုကိုက ပြောရတာပါ ။ "
ထိုအခါမှ ရှောင်ကျန့်၏ လက်ဖျံရိုးပေါ်သို့ ကျလာသော ရီပေါ်၏မျက်ရည်စက် ။
"ဟင် !.....ကလေး ငိုနေတယ် ။ ဘာလို့ငိုတာလဲ ကလေးရယ်? ။ "
"ငိုတာ မဟုတ်ပါဘူး ။ ဒီတိုင်း ပျော်လို့ မျက်ရည်ကျတာ .... ဟီဟီ ။ "
ရီပေါ်တစ်ယောက် ရှောင်ကျန့်ကို သူ့ရင်ထဲမှခံစားချက်တွေအား ဖုံးကွယ်ရန် မျက်ရည်တွေများကြားမှ ပြုံးပြမိလေသည်။
"အင်း ..... ကိုကို့ ကလေးလေး လိမ္မာတယ်။
လာ ထမင်းလည်းစားပြီးပြီးဆိုတော့ ကိုကိုတို့ အခန်းပြန် နားရအောင် ။ "
"အင်း ...."
* ကလေးအစားနည်းရင် အားမရှိမှာစိုးလို့ ဆိုတဲ့ စကားလေးထက် နေ့လည်ဘက် ကလေးနဲ့အတူ ကိုကိုပြန်လာစားပေးမယ်ဆိုတဲ့ စကားသာဆို သိပ်ကောင်းမှာပဲ ကိုကိုရယ် ... ။ ခက်တာက ကလေးလည်း မတောင်းဆိုရဲတော့ဘူး။*