ရွှေရောင်လွှမ်းသောလက်ထပ်ခြင်း(ြ...
By Phyomyatsoe
56.1K 8.3K 120
လင်းယုတုန်သည်ရှစ်နှစ်ကြာတွဲခဲ့သောချစ်သူကကိုးထပ်မှတွန်းချခံရပြီးနောက်လွန်ခဲ့သောရှစ်နှစ်တွင်ပြန်လည်မွေးဖွားလာသည... More
Chapter:1(Z+U)
Chapter:2(Z+U)
Chapter:3(Z+U)
Chapter:4(Z+U)
Chapter:5(Z+U)
Chapter:6(Z+U)
Chapter:8(Z+U)
Chapter:9(Z+U)
Chapter:10(Z+U)
Chapter:11(Z+U)
Chapter:12(Z+U)
Chapter:13(Z+U)
Chapter:14(Z+U)
Chapter:15(Z+U)
Chapter:16(Z+U)
Chapter:17(Z+U)
Chapter:18(Z+U)
Chapter(19)U+Z
Ch(20)U+Z
Chapter(21)U+Z
Ch(22)U+Z
Chapter(23)U+Z
Chapter(24)U+Z
Chapter(25)
Chapter(25)အဆကျ
Chapter(26.1)
26.2
27(Uni+Zaw)
27အဆက်(Uni+Zaw)
28.1
28.2
29
29အဆက်
Chapter(30.1)
Chapter(30.1)
Chapter(30.2)
31.1
31.2
Chapter:7(Z+U)
2K 439 5
By Phyomyatsoe
လင်းယုတုန်၏နှုတ်ခမ်းတွေက အေးစက်စွာ တွန့်ကွေးသွားပြီး"မင်းကိုလာခေါ်ရမယ်?စိတ်မကောင်းဘူး။ငါ့မှာအချိန်မရှိဘူး"
ရှန်ကျူက အနည်းငယ်အံ့သြသွားပြီး သူက မကြာခင်မှာ ဘူတာရုံရောက်မှာဖြစ်ပြီး သူက ဘူတာရုံမှာ စောင့်နေမယ့်အကြောင်းပြောလိုက်တယ်။ဒါပေမဲ့ သူက ဘာမှဆက်မပြောရသေးခင်မှာဘဲ ရုတ်တရက် သူ့နောက်ကနေ မိန်းကလေးတစ်ယောက်၏အသံကို ကြားလိုက်ရတယ်"ရှန်ကျူ နင်က ငါ့ကိုတောင်ဘက်ဘူတာရုံမှာ ဆင်းဖို့ပြောပြီး မင်းကမြောက်ဘက်ဘူတာရုံမှာ တစ်ခုခုလုပ်ဖို့လိုသေးတယ်ဆို။ဒါက လင်းယုတုန်ကို လာခေါ်ခိုင်းဖို့လား?"
ရှန်ကျူက လျှင်မြန်စွာ ဖုန်းကို ကာလိုက်ပြီး တစ်ဖက်က မိန်းကလေးကို ပြောလိုက်တယ်"ရှောင်းဝေ မင်း...မင်းဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ?"
ရှောင်းဝေက လှောင်လိုက်ပြီးပြောလိုက်တယ်"ငါဒီကိုရောက်နေတယ်။ဒီကို ငါရောက်နေတာက နင်က ဒီလောက်အထုပ်အပိုးတွေအများကြီးကို သယ်နေရမှာ စိုးရိမ်တာကြောင့်ဘဲ။ဒါ့ကြောင့် ငါပြန်လာခဲ့တာဘဲ။ဒီတော့ နင် ရုပ်ရှင်ရိုက်နေတဲ့အချိန်အတောအတွင်းမှာ နင်ငါ့ကိုပြောခဲ့တာတွေက လိမ်တာလား?နင်က ငါ့မိသားစုရဲ့အင်အားကို အသုံးချချင်လို့ ဒီရက်တွေမှာ ငါ့ကိုကြိုက်တဲ့ပုံစံလုပ်တာလား?"
ရှန်ကျူက စိုးရိမ်နေပုံ ပြန်ပြောလိုက်တယ်"မင်းအထင်မှားနေပြီ"
သူက သတိမဲ့စွာ အသံကျယ်လာပြီး သူက ဖုန်းချဖို့မေ့နေတာကြောင့် အခြားတစ်ဖက်ကို စကားသံတွေက ရောက်ရှိသွားတာကို သတိမထာမိဘဲ ရှန်ကျူက ပြောလိုက်တယ်"ငါ လင်းဇီကို တစ်စုံတစ်ခု ပြောဖို့လိုလို့ပါ"
လင်းယုတုန်ကလည်း ပျင်းရိစွာ နားထောင်နေတယ်။ရှန်ကျူက သူ့ကိုလာမရှာစေချင်တာက အံ့သြစရာမဟုတ်တော့ဘူး။ကြည့်ရတာက ရှန်ကျူနဲ့ရှောင်းဝေက အမျိုးသားနေ့ကတည်းက အတူရှိနေတာဖြစ်မယ်။
ကျန်းရီဖေးက လင်းယုတုန်၏ထူးဆန်းတဲ့ အပြုံးကိုမြင်တော့ မသိချင်ဟန်ဆောင်ပြီးမေးလိုက်တယ်"ယောကျာ်းလေးချစ်သူလား?"
ကျန်းရီဖေး"....."
သူတို့ရဲ့လက်ထပ်ခြင်းလိုက်ခြင်းက လင်းယုတုတ်၏စိတ်ခံခစားချက်ကို ပြောင်းလဲသွားစေခြင်းမရှိသော်လည်းဘဲ ကျန်းရီဖေးအတွက်တော့ အရမ်းကိုအရေးကြီးတဲ့ဖြစ်ရပ်ဖြစ်တယ်။ဒါ့ကြောင့် သူက စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းသွင်းထားပြီး လင်းယုတုန်ကို ဖိတ်ခေါ်ခဲ့ရုံသာမက လင်းယုတုန်အတွက် လက်ဆောင်တစ်ခုလည်းပြင်ဆင်ထားတယ်။၎င်းက သိမ်မွေ့ပုံရတဲ့ နီလာနှင့်ထွင်းထုထားတဲ့ အပြာရောင်ဖောင်တိန်တစ်ချောင်းဖြစ်ပြီး ၄င်းအပေါ်မှာ လင်းယုတုန်၏အမည်ကို ရေးထွင်းထားပြီး အဆုံးသတ်နားမှာ ၇၀ကာရက်ရှိတဲ့ စိန်ကို မြှုပ်ထားတယ်။
အချိန်အများစုမှာ လင်းယုတုန်က ကွန်ပျူတာသုံးပြီး စာရေးသားပေမဲ့ သူက သူဥာဏ်ကွန့်မြူးတဲ့အခါ လက်ရေးနှင့်ချရေးထားတတ်တယ်။ဒါ့ကြောင့်သူက အချို့သောနှစ်သက်တဲ့ ဇာတ်ကြောင်း သို့မဟုတ် ပျော်စရာကောင်းတဲ့အကြောင်းတွေကို စာရွက်ပေါ်မှာ ချရေးထားတတ်တယ်။
သူက ဒီလိုအသေးစိတ်ပြုလုပ်ထားတဲ့ ဖောင်တိန်တစ်ချောင်းကို ရက်အနည်းအတွင်းမှာ လုပ်နိုင်ရဲလားဆိုတဲ့ ထူးဆန်းတဲ့ခံစားချက်ကိုလည်း တွေးမိစေတယ်။
လင်းယုတုန်က ဖောင်တိန်နှင့် အကြိမ်အနည်းငယ်လောက် ကစားပြီးနောက်တော့ ပြောလိုက်တယ်"ကျေးဇူးတင်ပါတယ်...မစ္စတာကျန်း ကျွန်တော် ဒါကို အရမ်းကြိုက်တယ်။ကျွန်တော် ခင်ဗျားအတွက် လက်ဆောင်ပြင်ပေးဖို့ မေ့နေခဲ့တာကြောင့် စိတ်မကောင်းပါဘူး။ဒီလိုလုပ်ရင်ရော အဆင်ပြေလား?ဒီအစားအစာတွေက အပြင်မှာ စားကတည်းက ညနေကျရင် ကျွန်တော် ခင်ဗျားကို ပေါ့ပါးတဲ့ထမင်းတနပ် ချက်ကျွေးမယ်လေ"
ကျန်းရီဖေးက ကြိုတင်မှာထားပြီးဖြစ်ပေမဲ့ သူက လင်းယုတုန်ကို မီနူးပေးလိုက်တယ်။
မကြာခင်မှာတော့ ဟင်းပွဲတွေက ရောက်လာပြီဖြစ်ပြီး ပူပွူေးနွေးဟင်းခွက်တွေ အအေးစာတွေအချိုပွဲတွေ စွပ်ပြုတ်တွေနှင့် အမျိုးမျိုးသော ဟင်းပွဲတွေရှိတယ်။ဒါပေမဲ့ ဒါကတစ်ယောက်စာဖြစ်ပြီး အရမ်းကိုသေးလွန်းပြီး ပန်းကန်လုံးတွေက တစ်ခုနှင့်တစ်ခု ဝင်ဆန့်နိုင်ပြီးတော့ သူတို့ကိုကြည့်ရတာ ချစ်စရာကောင်းလွန်းတယ်။စားပွဲထိုးတွေက ဟင်းခွက်တွေကို တည်ခင်းတဲ့အခါ အသဲနှလုံးပုံခင်းကျင်းခဲ့တာကြောင့် လင်းယုတုန်ကို ရှက်ကိုးရှက်ကန်းဖြစ်သွားစေတယ်။
"ခွင့်ပြုအုန်း!ကိုယ် ဒီဖုန်းကို ကိုင်ဖို့လိုလို့"ကျန်းရီဖေးက တူကိုချလိုက်ပြီး မျက်နှာမသာမယာနှင့်"ဟဲလို"ဟုသာ ပြောလိုက်တယ်။
"ရီဖေး မင်းက ဘာကြောင့် ဒီအားလပ်ရက်မှာ အိမ်ကိုမပြန်လာရတာလဲ?"ဒါက ကျန်းရီဖေး၏မိထွေးဝမ်ပင်းယန်ဖြစ်ပြီး သူမက အစကတော့ နွေးထွေးတဲ့လေသံနှင့် သူဘာလုပ်နေတာလဲဟုမေးခဲ့တယ်။အဲဒီနောက်မှာတော့ သူမပြောချင်တဲ့ အဓိကအချက်ကို ပြောလိုက်တယ်"မင်းညီမက ဒီတစ်ပတ်ပိတ်ရက်မှာ သူမရဲ့ချစ်သူကိုခေါ်ပြီး အိမ်လာလိမ့်မယ်။ပြီးတော့ သူမရဲ့ဝမ်းကွဲကျီးလင်းလည်းပါလာလိမ့်မယ်။ဒါကြောင့် မင်းလည်း ပြန်လာပြီး ငါတို့အားလုံး အတူတကွ ထမင်းတစ်နပ်စားသင့်တယ်။မင်းက ကျီလင်းကို တွေ့တဲ့အခါ အဲဒီမိန်းကလေးက အရမ်းကိုလှအပြီး ယှဉ်ကျေးဖော်ရွေတယ်။မင်းက သူမကို ကြိုက်မှာသေချာတယ်"
"ဒီကလေး ဘာကြောင့်လဲ လူကြီးတွေပြောတာကို နားမထောင်ရလဲ?ဒီခေတ်မှာ မိန်းကလေးတွေက ရည်မှန်းချက်တွေနဲ့ ပြည့်နေတာ။တကယ်လို့ မင်းက သူတို့အကြောင်း သေချာမစစ်ဆေးဘူးဆိုရင် မင်ဘယ်လိုလုပ်မလဲ?မင်းက..."
"ကိစ္စမရှိဘူး ဒါပေမဲ့ ကျွန်တော်တစ်စုံတစ်ခုကို သတိရပြီ"လင်းယုတုန်က အသံကိုနိမ့်ပြီး ပေါ့ပါးစွာ ပြောလိုက်တယ်"အခု ကျွန်တော်တို့က လက်ထပ်ပြီးပြီ။ကျွန်တော်တို့က သဘောတူစာချုပ် တစ်ခု ဒါမှမဟုတ် အစီအစဉ်တစ်ခုလုပ်သင့်လား?ဥပမာ ကျွန်တော်က ခင်ဗျားရဲ့ဒိုင်းကာအဖြစ် ဘယ်လောက်ကြာအောင် နေရမှာလဲ?ပြီးတော့ တကယ်လို့ခင်ဗျား နှစ်သက်တဲ့တစ်စုံတစ်ယောက်ရဲ့ ဆုံခဲ့ပြီဆိုရင် ကျွန်တော်တို့က ဒါကိုဘယ်လိုလုပ်သင့်သလဲ?"
"........"
"ဘယ်လိုလဲ?"
"ဒါဆို နေ့တိုင်း ခင်ဗျားကဘာစားသလဲ?"
"မနက်ပိုင်းမှာ ကိုယ်နွားနို့တစ်ချို့နဲ့ ပေါင်မုန့်ကို စားတယ်။မဟုတ်ရင် ကိုယ်ကုမ္ပဏီကို ရောက်မှအတွင်းရေးမှူးကို စီစဉ်ခိုင်းလိုက်တယ်။ကုမ္ပဏီအနားမှာ ဝန်ဆောင်မှုကောင်းတဲ့ စားသောက်ဆိုင်တွေရှိတယ်။ကိုယ်လစဉ်ကတ်ကို အသုံးပြုတယ်။ဒါ့ကြောင့် ကိုယ်က ညစာစားပွဲတွေ ပါတီတွေမရှိတဲ့အခါ အဲဒီစားသောက်ဆိုင်တွေမှာဘဲ ကိုယ့်ရဲ့အစားအစာတွေက အခြေကျတယ်"
"ဒါက ဆာနေတာထက် ပိုကောင်းတယ်"
"ခင်ဗျားက စားဖိုမှူးငှားလို့ရတယ်လေ"
"ဒါကပြသနာများလွန်းတယ်"
နောက်ဆုံးမှာတော့ လူနှစ်ယောက်က တွန်းလှည်းနှစ်ခုလုံးက အပြည့်ဖြည့်လိုက်ပြီး လင်းယုတုန်က ထမင်းအိုးနှင့်ဒယ်အိုးဝိုင်း သာမက သူကကြိတ်စက် လျှပ်စစ်မုန့်ဖုတ်စက်အထိ ဝယ်ခဲ့တယ်။ကျန်းရီဖေးက တိုက်ခန်းသစ်မှာ ဒယ်အိုးတစ်လုံးနဲ့ဟင်းနွေးစက်ရှိနောကို တွေးမိတာကို ကျေးဇူးတင်ရမယ်။
လင်းယုတုန်"...."
လင်းယုတုန်ကရယ်လိုက်ပြီး"တကယ်လို့ ကျွန်တော်က ဥပဒေကိုဆန့်ကျင်တာကို လုပ်မယ်ဆိုရင်ရော ခင်ဗျားဘယ်လိုလုပ်မလဲ?"
ကျန်းရီဖေးက ခဏလောက်တိတ်ဆိတ်သွားပြီးလင်းယုတုန်ကို ပြောလိုက်တယ်"မင်းရဲ့အိပ်ရာလိပ်ကို သိမ်းပစ်လိုက်မယ်"
လင်းယုတုန်က"အင်!"ဟုအသံထွက်သွားပြီး ကပ်နှစ်ကပ်ကို ဝေ့ယမ်းလိုက်ပြီး"မစိုးရိမ်နဲ့..မစ္စတာကျန်း ကျွန်တော်က လုပ်နိုင်စွမ်းရှိတဲ့ ဒိုင်းကာဖြစ်အောင် အလုပ်ကြိုးစားပါ့မယ်"
ကျန်ူရီဖေးက တံခါးဘောင်မှာ မှီရင်း"ကိုယ်တို့နည်းနည်းတော့ ပြောဖို့လိုသေးတယ်။မင်းကိုယ့်ကို အခေါ်အဝေါ်ပြောင်းဖို့လိုနေပြီ"
------
(4300)
Chapter(7)အတူနေထိုင်ခြင်း
ရှန်ကျူက ရုပ်ရှင်ရိုက်တာ ပြီးဆုံးသွားတဲ့အချိန်ဖြစ်ပြီး ဒီအချိန်မှာ ဒီကို ရထားစီးပြီးအိမ်ပြန်လာတာဖြစ်နိုင်တယ်။လင်းယုတုန်က ဖုန်းထဲကနတစ်ဆင့်ဘူတာရုံကြေငြာနေတဲ့အသံကို ကြားရပြီးနောက် ရှန်ကျူက ပင်ပန်းနေတဲ့လေသံနှင့်"လင်းဇီ ငါမြောက်ဘက်ဘူတာရုံကို ရောက်ခါနီးပြီ။မင်း ငါ့ကိုလာကြိုပါလား?"
လင်းယုတုန်၏နှုတ်ခမ်းတွေက အေးစက်စွာတွန့်ကွေးသွားပြီး"မင်းကို လာခေါ်ရမယ်။စိတ်မကောင်းဘူး။ငါ့မှာအချိန်မရှိဘူး"
ရှန်ကျူက အနည်းငယ်အံ့ဩသွားပြီး မကြာခင်မှာ ဘူတာရုံရောက်မှာဖြစ်ပြီး ဘူတာရုံမှာ စောင့်နေမယ့်အကြောင်းပြောလိုက်တယ်။ဒါပေမဲ့ သူကဆက်မပြောရသေးခင်မှာဘဲ ရုတ်တရက် သူ့နောက်ကနေ မိန်းကလေးတစ်ယောက်၏အသံကို ကြားလိုက်ရတယ်"ရှန်ကျူ နင် ငါ့ကိုတောင်ဘက်ဘူတာရုံမှာ ဆင်းဖို့ပြောပြီး နင်ကမြောက်ဘက်ဘူတာရုံမှာ တစ်ခုခုလုပ်ဖို့လိုသေးတယ်လို့ဆို။ဒါက လင်းယုတုန်ကို လောခေါ်ခိုင်းဖို့လား?"
ရှန်ကျူက လျှင်မြန်စွာ ဖုန်းကိုကာလိုက်ပြီး တစ်ဖက်ကမိန်းကလေးကို ပြောလိုက်တယ်"ရှောင်းဝေ မင်း...မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ?"
ရှောင်းဝေက လှောင်ပြီးပြောလိုက်တယ်"ငါ ဒီကိုရောက်နေတယ်။ဒီကို ငါရောက်နေတာက နင်ကဒီထောက်အထုပ်အပိုးတွေအများကြီးကို သယ်နေရမှာ စိုးရိမ်တာကြောင့်ဘဲ။ဒီတော့ နင် ရုပ်ရှင်ရိုက်နေတဲ့အချိန်အတောအတွင်းမှာ နင် ငါ့ကိုပြောခဲ့တာတွေက လိမ်တာလား?နင်က ငါမိသားစုရဲ့အင်အားကို အသုံးချချင်လို့ ဒီရက်တွေမှာ ငါ့ကိုကြိုက်တဲ့ပုံစံလုပ်တာလား?"
ရှန်ကျူက စိုးရိမ်နေတဲ့ပုံနှင့်ပြန်ပြောလိုက်တယ်"မင်းအထင်မှားနေပြီ"
သူက သတိမဲ့စွာအသံကျယ်လာပြီး ဖုန်းချဖို့မေ့နေတာကြောင့် အခြားတစ်ဖက်ကို စကားသံတွေရောက်သွားတာကို သတိမထားမိဘဲ ရှန်ကျူက ပြောလိုက်တယ်"ငါ လင်းဇီကို တစ်စုံတစ်ခုပြောဖို့လိုလို့ပါ"
လင်းယုတုန်က ပျင်းရိစွာနားထောင်နေတယ်။ရှန်ကျူက သူ့ကိုလာမရှာစေချင်တာ အံ့ဩစရာမဟုတ်တော့ဘူး။ကြည့်ရတာ ရှန်ကျူနှင့်ရှောင်းဝေက အမျိုးသားနေ့ကတည်းက အတူရှိနေတာဖြစ်နိုင်တယ်။
ကျန်းရီဖေးက လင်းယုတုန်၏ထူးဆန်းသည့်အပြုံးကို မြင်တော့ မသိချင်ဟန်ဆောင်ပြီးမေးလိုက်တယ်"မင်းယောကျာ်လေးချစ်သူလား?"
လင်းယုတုန်က ဒီဖုန်းကိုပြန်ဖြေလိုက်ကတည်းက သူ့အမူအရာပြောင်းလဲသွားတာကို သတိထားမိတယ်။ဘာဘဲဖြစ်ဖြစ် ဒီလူက သူ့အတွေးတွေကို ရပ်တန့်သွားစေတယ်။ဒါပေမဲ့ ဒီဘဝမှာ သူ့ရဲ့ချစ်သူလို့ပြောတာတော့ နည်းနည်းတော့မသင့်တော်ဘူး။သူက ရှန်ကျူကို ကြိုက်နေတယ်ဆိုသော်လည်းဘဲ သူက ရှန်ကျူကို ဝန်မခံရသေးဘူး။ဒါကြောင့် တကယ်တော့ အခုချိန်မှာ သူနှင့်ရှန်ကျူက ဆက်ဆံရေးရှိနေတာမဟုတ်ဘူး။ဒါကြောင့် သူက ကျန်းရီဖေးကို မကျေမနပ်လှည့်ကြည့်လိုက်ပြီး"မစ္စတာကျန်း တကယ်လို့ကျွန်တော်မှတ်မိနေတာ မှန်ရင် လွန်ခဲ့တဲ့ဆယ်မိနစ်လောက်က ကျွန်တော်နဲ့လက်ထပ်ခဲ့တဲ့သူက ခင်ဗျားဘဲ။ခင်ဗျားက ကျွန်တော့်ချစ်သူလို့ခေါ်တဲ့သူကို မေးနေတာက ခင်ဗျားက ကျွန်တော်တို့ပထမဆုံးလက်ထပ်ခဲ့တဲ့နေ့မှာဘဲ ခင်ဗျားက ရန်ဖြစ်ချင်လို့လား?"
"......"ကျန်းရီဖေး
ဘယ်လိုဘဲဖြစ်ဖြစ် လင်းယုတုန်ပြောတဲ့အခြေအနေကို ကြားပြီးနောက် ကျန်းရီဖေး၏နှလုံးသားထဲမှာ အနည်းငယ်ပျော်ရွှင်သွားတယ်။ဒါပေမဲ့ ဒီအပျော်က လင်းယုတုန်က တစ်ချိန်လုံးကားထဲမှာ တိတ်ဆိတ်စွာ ထိုင်နေပြီး သူတို့အထူးကောင်းမွန်တဲ့တရုတ်စားသောက်ဆိုင်ရောက်တဲ့အချိန်ထိတိုင်အောင်ဖြစ်တာကြောင့် အနည်းငယ်လျော့ပါးသွားတယ်။
သူတို့ရဲ့လက်ထပ်ခြင်းက လင်းယုတုန်၏စိတ်ခံစားချက်ကို ပြောင်းလဲသွားစေခြင်းမရှိသော်လည်းဘဲ ကျန်းရီဖေးအတွက်တော့ အလွန်ကိုအရေးကြီးတဲ့ဖြစ်ရပ်ဖြစ်တယ်။ဒါကြောင့် သူက စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းသွင်းထားပြီး လင်းယုတုန်ကို ဖိတ်ခေါ်ခဲ့ရုံသာမက လင်းယုတုန်အတွက် လက်ဆောင်တစ်ခုလည်းပြင်ထားတယ်။၎င်းက သိမ်မွေ့ပုံရတဲ့ နီလာနှင့်ထွင်းထုထားတဲ့ ကျောက်စိမ်းဖောင်တိန်တစ်ချောင်းဖြစ်ပြီး ၎င်း၏အပေါ်မှာ လင်းယုတုန်၏အမည်ကို ရေးထွင်းထားပြီး အဆုံးသတ်နားမှာ ၇၀ကာရက်ရှိတဲ့စိန်ကို မြှုပ်ထားတယ်။
အချိန်အများစုမှာ လင်းယုတုန်က ကွန်ပျူတာသုံးပြီးစာရေးပေမဲ့ သူက ဉာဏ်ကွန့်မြူးတဲ့အခါ လက်ရေးနှင့်ချရေးထားတတ်တယ်။ဒါကြောင့် သူက အချို့သောနှစ်သက်တဲ့ဇာတ်ကြောင်း သို့မဟုတ် ပျော်စရာအကြောင်းအရာတွေကို စာရွက်ပေါ်မှာ ချရေးထားတတ်တယ်။
အလုံးစုံခြုံလိုက်တော့ လင်းယုတုန်က ဒီလက်ဆောင်ကို နှစ်သက်ပေမဲ့ ပြသနာက....သူက ပြန်ပေးဖို့ဘာမှမပြင်ဆင်ထားခဲ့ဘူး။ဒါက အရမ်းရှက်စရာကောင်းတယ်။
သူက ဒီလိုအသေးစိတ်ပြုလုပ်ထားတဲ့ ဖောင်တိန်တစ်ချောင်းကို ရက်အနည်းငယ်အတွင်း လုပ်နိုင်ရဲ့လားဆိုတဲ့ ထူးဆန်းတဲ့ခံစားချက်ကိုလည်းရရှိစေတယ်။
လင်းယုတုန်က ဖောင်တိန်နှင့်အကြိမ်အနည်းငယ်လောက်ကစားပြီးနောက် ပြောလိုက်တယ်"ကျေးဇူးတင်ပါတယ်..မစ္စတာကျန်း ကျွန်တော်ဒါကို အရမ်းကြိုက်တယ်။ကျွန်တော်က ခင်ဗျားအတွက် လက်ဆောင်ပြင်ပေးဖို့ မေ့နေတာကြောင့် စိတ်မကောင်းပါဘူး။ဒီလိုလုပ်ရင်ရော အဆင်ပြေလား?ဒီအစားအစာတွေက အပြင်မှာ စားကတည်းက ညနေကျရင် ကျွန်တော်ခင်ဗျားကို ချက်ကျွေးမယ်လေ"
ကျန်းရီဖေးက သဘောတူလိုက်တယ်။ဒီအချိန်မှာဘဲ ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းက ရောက်လာပြီး အနည်းငယ်ဦးညွှတ်လိုက်ပြီး"လူကြီးမင်း ခွင့်ပြုပါ..လူကြီးမင်းတို့ ထပ်ပြီးမှာချင်တဲ့ ဟင်းပွဲများရှိပါသေးလား?"
ကျန်းရီဖေးက ကြိုတင်မာထားပြီးဖြစ်ပေမဲ့ သူက လင်းယုတုန်ကို မီနူးပေးလိုက်တယ်။
လင်းယုတုန်က သူမှာထားပြီးဖြစ်တာကို မြင်တာကြောင့် ပြောလိုက်တယ်"ဒီလူကြီးမင်း မှာထားတဲ့အတိုင်းဘဲ ကျေးဇူး"
ကျန်းရီဖေးက ဟင်းပွဲစုစုပေါင်း၁၈မျိုးကို မှာထားတာဖြစ်ပြီး လင်းယုတုန်က ခံစားရတာက သူတို့ဆက်ဆံရေးက နှစ်ဦးနှစ်ဖက်အကျိုးအတွက် ဖြစ်နေကတည်းက သူက အရာအားလုံးကို အလေးအနက်လုပ်ဖို့ မလိုဘူးလို့ခံစားရတယ်။ဒါပေမဲ့ ထပ်ပြီးတွေးကြည့်ရင် ကျန်းရီဖေးက ပိုပြီးတော့ အလေးအနက်ရှိတာက လင်းမိသားစုအတွက် ပိုကောင်းတယ်။ဒါကြောင့် အအလိုကစားဖို့လည်း ဟန်ဆောင်နိုင်တယ်။
မကြာခင်မှာတော့ ဟင်းပွဲတွေရောက်လာပြီဖြစ်ပြီး ပူပူနွေးနွေးဟင်းခွက်တွေ အအေးစာတွေ အချိုပွဲ စွပ်ပြုတ်နှင့်အမျိုးမျိုးဟင်းပွဲတွေရှိတယ်။ဒါပေမဲ့ ဒါတွေက တစ်ယောက်စာသာဖြစ်ပြီး အရမ်းကိုသေးလွန်းပြီး ပန်ကန်လုံးသေးသေးလေးတွေက အရမ်းကိုချစ်စရာကောင်းတယ်။စားပွဲထိုးတွေက ဟင်းခွက်တွေကို တည်ခင်းတဲ့အခါ အသဲနှလုံးပုံတည်ခင်းတာကြောင့် လင်းယုတုန်ကို ရှက်ကိုးရှက်ကန်းဖြစ်သွားစေတယ်။
"couple mealဆိုရင် လျော့ဈေးရတယ်လေ"ကျန်းရီဖေးက မော့မကြည့်ဘဲ ရှင်းပြလိုက်တယ်။
"ဒီလိုလား?ကျွန်တော်က ခင်ဗျား ဒီလိုမျိုးမှာထားလိမ့်မယ်လို့ မမျှော်လင့်ထားတာပါ"
"ခွင့်ပြုအုန်း...ကိုယ် ဒီဖုန်းကို ကိုင်ဖို့လိုတယ်"ကျန်းရီဖေးက တူကိုချလိုက်ပြီး မျက်နှာမသာမယာနှင့် "ဟဲလို"ဟုပြောလိုက်တယ်။
"ရီဖေး မင်းဘာကြောင့် ဒီအားလပ်ရက်မှာ အိမ်မပြန်လာတာလဲ?"သူမက ကျန်းရီဖေး၏မိထွေးဝမ်ပင်းယန်ဖြစ်ပြီး သူကနွေးထွေးတဲ့လေသံနှင့် မေးလိုက်တယ်။အဲဒီနောက်မှ သူမပြောချင်တဲ့ အဓိကအချက်ကို ပြောလိုက်တယ်"မင်းညီမက ဒီပိတ်ရက်မှာ သူ့ချစ်သူခေါ်ပြီး အိမ်လာလိမ့်မယ်။ပြီးတော့ သူ့ရဲ့ဝမ်းကွဲကျီလင်းလဲပါလာလိမ့်မယ်။ဒါကြောင့် မင်းလည်းပြန်လာပြီး ငါတို့နဲ့အတူ ထမင်းတစ်နပ်လောက်လာစားသင့်တယ်။မင်းက ကျီလင်းကိုတွေ့တာအခါ သူမက ယဉ်ကျေးဖော်ရွေတာကြောင့် သူမကိုနှစ်သက်မှာ သေချာတယ်"
"အန်တီဝမ်ရဲ့တွေးပေးမှုအတွက် ကျေးဇူးတင်တယ်။ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်ကြိုက်တဲ့သူကို ကိုယ့်ဘာသာရှာနိုင်တယ်။ဒါကြောင့် ခင်ဗျားကို စိတ်အနှောင့်အယှက်မပေးတော့ဘူး။ပြီးတော့ ဒီတစ်ပတ်ပိတ်ရက်မှာ ကျွန်တော်က အလုပ်ခရီးသွားစရာရှိတယ်။ဒါကြောင့် ကျွန်တော်ပြန်လာမှာ မဟုတ်ဘူး"
"ဒီကလေး ဘာကြောင့်လူကြီးပြောတာကို နားမထောင်ရတာလဲ? ဒီခတ်မှာ မိန်းကလေးတွေက ရည်မှန်းချက်တွေနဲ့ ပြည့်နေတာ။တကယ်လို့ မင်းက သူတို့အကြောင်း သေချာမစစ်ဆေးဘူးဆိုရင် မင်းက....."
"ကျွန်တော် တောင်းပန်ပါတယ်။ဒီမှာ ဧည့်သည်ရှိနေတယ်။ခင်ဗျားနဲ့ စကားပြောဖို့အချိန်မရှိဘူး"ကျန်းရီဖေးက ပြောပြီးတာနှင့် ဖုန်းချလိုက်ပြီး လင်းယုတုန်ကို ကြည့်လိုက်ပြီး "ကိုယ်တောင်းပန်ပါတယ်။ကိုယ်မင်းစားနေတာကို အနှောင့်အယှက်မဖြစ်ဖို့ မျှော်လင့်တယ်"
"ကိစ္စမရှိဘူး...ဒါပေမဲ့ ကျွန်တော်တစ်စုံတစ်ခုကို သတိရပြီ"လင်းယုတုန်က အသံနိမ့်ပြီး ပေါ့ပါးစွာ ပြောလိုက်တယ်"အခု ကျွန်တော်တို့က လက်ထပ်ပြီးပြီ။ကျွန်တော်တို့က သဘောတူစာချုပ်တစ်ခု ဒါမှမဟုတ် အစီအစဉ်တစ်ခုလုပ်သင့်လား?ဥပမာ ကျွန်တော်က ခင်ဗျားရဲ့ဒိုင်းကာအဖြစ် ဘယ်အချိန်ထိနေရမှာလဲ?ပြီးတော့ ခင်ဗျားနှစ်သက်တဲ့တစ်စုံတစ်ယောက်ကို ဆုံခဲ့ရင် ကျွန်တော်တို့က ဘယ်လိုလုပ်သင့်သလဲ?"
"ဒါက လိုအပ်လို့လား?မင်းကပြသနာရှာတတ်တဲ့သူမဟုတ်သလို မဆင်ချင်တတ်တဲ့သူလည်း မဟုတ်ဘူးလေ။ပြီးတော့ ကိုယ်ကလည်း မင်းကိုဆန့်ကျင်မဲ့ စက်ဆုတ်စရာကောင်းတဲ့သူမဟုတ်ဘူး။တကယ်လို့ မင်းက ကိုယ်တို့မှာ သဘောတူညီမှုရှိမှ နေလို့ကောင်းမယ်ဆိုရင် ကိုယ်က မင်းဆန္ဒရှိသလိုဖြစ်စေရမယ်"
"ကျွန်တော်က ဒီလောက်အများကြီး မတွေးထားဘူး။ဒါဆို နှုတ်ကတိလို့ဘဲ မှတ်ထားလိုက်မယ်။တကယ်လို့ တစ်ချိန်ကျရင် တစ်ယောက်ယောက်က သူတို့ချစ်တဲ့သူတွေ့ခဲ့ရင် ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက်မဖုန်းကွယ်ရဘူး"
"......."
"ဘယ်လိုလဲ?"
"ကိစ္စမရှိဘူး။ဒါဆို မင်းပြောတဲ့အတိုင်းဘဲ"သူက ရုတ်တရက်ရှန်ကျူကို တွေးမိတယ်။သူက ဒီနိုင်ငံကို ပြန်ရောက်လာတဲ့အချိန်မှာ တစ်စုံတစ်ယောက်ကို လင်းယုတုန်၏အခြေအနေကို ရှာခိုင်းခဲ့ပြီး အဲဒီလူတင်ပြခဲ့တာက လင်းယုတုန်က ရှန်ကျူကို ကြိုက်နေကြောင်းရှင်းလင်းစွာတင်ပြခဲ့တယ်။ဒါပေမဲ့ အခုကြည့်ရတာတော့ ဒီလိုအခြေအနေမျိုးမဟုတ်ဘူး။အဲဒီလူက သတင်းမှားပို့ခဲ့တာလား?
စားပြီးသည့်နောက်မှာတော့ လင်းယုတုန်နှင့်ကျန်းရီဖေးက ဈေးဝယ်စင်တာတစ်ခုကို သွားခဲ့ပြီးနဂိုတုန်းကတော့ လင်းယုတုန်က ရာသီစာတစ်ချို့ကိုဘဲ ဝယ်ယူလိုခဲ့တာဖြစ်တယ်။ဒါပေမဲ့ ကျန်းရီဖေးက ဒီလိုမေးလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"မင်း ဟင်းချက်တဲ့အိုးတစ်ချို့ကိုလည်း မဝယ်ဘူးလား?"
လင်းယုတုန်က အံ့အားသင့်စွာပြောလိုက်တယ်"ခင်ဗျားနေတဲ့နေရာမှာ တစ်ချို့တစ်လေမရှိဘူးလား?ကျွန်တော်တို့က အဲဒါတွေကို အရင်သုံးလို့ရတယ်။ကျွန်တော်တို့က အဲဒီမှာကြာကြာနေဖြစ်မှာလည်း မဟုတ်ဘူးလေ"
ကျန်းရီဖေးက ချောင်းဟန့်လိုက်ပြီး"ကိုယ့်အိမ်မှာ မီးဖိုချောင်မရှိဘူး"
"ဒါဆို နေ့တိုင်းခင်ဗျားဘာစားသလဲ?"
"မနက်ပိုင်းမှာ ကိုယ်နွားနို့တစ်ချို့နဲ့ပေါင်မုန့်စားတယ်။မဟုတရင် ကိုယ်ကုမ္ပဏီရောက်မှ အတွင်းရေးမှူးကို စီစဉ်ခိုင်းလိုက်တယ်။ကုမ္ပဏီနားမှာ ဝန်ဆောင်မှုကောင်းတဲ့ စားသောက်ဆိုင်တွေရှိတယ်။ကိုယ်လစဉ်ကပ်ကို အသုံးပြုတယ်လေ။ဒါကြောင့် ကိုယ်က ညစာစားပွဲတွေ ပါတီတွေမရှိတဲ့ အဲဒီစားသောက်ဆိုင်မှာဘဲ အခြေချတယ်"
"ကျွန်တော်ပြောစရာတောင်မရှိတော့ဘူး။ခင်ဗျားနေမကောင်းမဖြစ်ဘူးလား?"
"ဒါက ဆာလောင်တာထက်ပိုကောင်းပါတယ်"
"ခင်ဗျားက စာဖိုမှူးငှားလို့ရတယ်လေ"
"ဒါက ပြသနာမျာလွန်းတယ်"
"...ခင်ဗျားဘဝက မောပန်းလိုက်တာ။မေ့လိုက်တော့...ကျွန်တော်တို့အိုးတစ်ချို့နဲ့ ဒယ်အိုးတစ်ချို့သွားဝယ်ရအောင်"လင်းယုတုန်က ကျန်းရီဖေးကို တွန်းလှည်းကို‌ပေးလိုက်ပြီး"ခင်ဗျား ဒါကို တွန်းလိုက်။ကျွန်တော် နောက်တစ်ခုကို သွားယူလိုက်မယ်။မဟုတ်ရင်တစ်ခုထဲနဲ့ လောက်မှာ မဟုတ်ဘူး"
နောက်ဆုံးတော့ လူနှစ်ယောက်က တွန်းလှည်းအပြည့်ဖြည့်လိုက်ပြီး လင်းယုတုန်က ထမင်းအိုး ဒယ်အိုးသာမက ကြိတ်စက် မုန့်ဖုတ်စက်အထိဝယ်ခဲ့တယ်။ကျန်းရီဖေးက တိုက်ခန်းအသစ်မှာ ဒယ်အိုးတစ်လုံးနှင့် ဟင်းနွေးစက်ရှိနေတာကိုသတိရတာကိုဘဲ ကျေးဇူးတင်ရမည်။
ငွေရှင်းကောင်တာရောက်တဲ့အခါ အစတုန်းကတော့ လင်းယုတုန်က သူကိုယ်တိုင်ငွေပေးချေဖို့လုပ်ထားပေမဲ့ ကျန်းရီဖေး၏မျက်လုံးထဲမှာတော့ သူကဆင်းရဲတဲ့ကျောင်းသားလေးသာဖြစ်ပြီး သူ့ကိုငွေမပေးချေစေဘူး။သူတို့က ငွေရှင်းပြီးတိုက်ခန်းပြန်လာတော့ လင်းယုတုန်က မီးဖိုချောင်ထဲဝင်သွားပြီး အသစ်ဝယ်ယူလာတဲ့မီးဖိုချောင်သုံးပစ္စည်းတွေကို သန့်ရှင်းရေးလုပ်ရင်း အလုပ်များနေတဲ့အခါ သူက လင်းယုတုန်ကို ကတ်နှစ်ကတ်ပေးလိုက်ပြီး"အပြာရောင်ကတ်က အသုံးစရိတ်အတွက်အကြွေးဝယ်ကတ်။ဒါကယွမ်နှစ်သန်းကန့်သတ်ထားတယ်။ကိုယ်က ဒါကိုအစားအစာနဲ့အစုံသုံးဖို့အတွက်ပေးတာ။ရွှေရောင်တစ်ခုက ဘဏ်ကတ် ဒါကသုံးသန်းကျော်တဲ့အထိသုံးဖို့ဖြစ်နိုင်တယ်။ဒါက အိပ်ကပ်ထဲမှာဆောင်ထားဖို့။တကယ်လို့ မင်းမလောက်ရင် ကိုယ့်ကိုလာရှာပြီးပြော"
"......."လင်းယုတုန်
ကျန်းရီဖေးက ပြောလိုက်သေးတယ်"တကယ်လို့ မင်းလိုချင်တာတစ်ခုခုရှိရင် ဝယ်လိုက်။ကိုယ့်ကိုပြောဖို့မလိုဘူး။ဥပဒေနဲ့ဆန့်ကျင်တာမျိုးမဟုတ်ရင်ပေါ့"
လင်းယုတုန်က ရယ်လိုက်ပြီး"တကယ်လို့ကျွန်တော်က ဥပဒေနဲ့ဆန့်ကျင်တာမျိုးလုပ်မယ်ဆိုရင်ကော ခင်ဗျားဘယ်လိုလုပ်မလဲ?"
ကျန်းရီဖေးက ခဏလောက်တိတ်ဆိတ်သွားပြီးမှ ပြောလိုက်တယ်"မင်းအိပ်ရာလိပ်ကို သိမ်းပစ်မယ်"
လင်းယုတုန်က"အင်!"ဟုအသံထွက်သွားပြီးမှ ကတ်နှစ်ကတ်ကို ဝေ့ယမ်းလိုက်ပြီး"မစိုးရိမ်နဲ့ မစ္စတာကျန်း...ကျွန်တော်လုပ်နိုင်စွမ်းရှိတဲ့ ဒိုင်းကာဖြစ်အောင်ကြိုးစားပါ့မယ်"
ကျန်းရီဖေးက တံခါးဘောင်ကိုမှီရင်း"ကိုယ်တို့နည်းနည်းတော့‌ ပြောဖို့လိုသေးတယ်။မင်း ကိုယ့်ကို အခေါ်အဝေါ်ပြောင်းဖို့လိုပြီ"
လင်းယုတုန်က လှည့်ကြည့်လိုက်ရင်း"ရီဖေး"
ကျန်းရီဖေး၏နှုတ်ခမ်းတွေက အနည်းငယ်တွန့်ကွေးသွားပြီး"အင်း"
---------------------
Continue Reading
You'll Also Like
723K 31.9K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
3.5M 281K 89
|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' bl...
14.2K 1.3K 11
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...