#For Zawgyi
ခ်မ္း စိတ္နဲ႔လူနဲ႔မကပ္သလို ေျခာက္ေျခာက္ျခားျခား အေတြးေတြနဲ႔ကားေမာင္းေနမိသည္ ။ ၾကားခဲ့ရတဲ့သတင္းအေပၚမွာ မဟုတ္ေလာက္ပါဘူးေလ ဆိုၿပီး ကိုယ့္စိတ္ကိုယ္ ေျဖေတြးေနရတာက တစ္ဖက္ ၊ ဟုတ္မ်ားဟုတ္ေနခဲ့ရင္ေရာဆိုတဲ့ စိုးရိမ္ပူပန္စိတ္က တစ္ဖက္ႏွင့္ လူက ရူးခ်င္သလိုလိုေတာင္ ျဖစ္လာရသည္ ။
ဘယ္လိုမွေတြးထင္မထားမိ ၊ ေမ်ွာ္လင့္မထားမိတဲ့ အေၾကာင္းအရာကို ရုတ္တရက္ၾကားသိလိုက္ရခ်ိန္မွာ ခ်မ္းကမ႓ာႀကီးတစ္ခုလံုးက အိုးထိန္းစက္ကဲ့သို႔ ခ်ာခ်ာလည္သြားမတတ္ပင္ ။
နားရွိလို႔သာ ၾကားရသည္ ။ မ်က္လံုးရွိလို႔သာ ျမင္ရသည္ ။
ဒါေပမယ့္လည္း ၾကားသိလိုက္ရတဲ့ ကိစၥရပ္အေပၚမွာ ဘယ္လိုမွမယံုႏိုင္ပါ ။
ဦးသာ နဲ႔ ေမ က တြဲေနၾကသတဲ့ေလ ။ ေျပာတဲ့သူက သက္ေသအျပည့္အစံုနဲ႔အခိုင္အမာေျပာလာေပမယ့္လည္း ဒီကိစၥႀကီးကေတာ့ တကယ္မျဖစ္ႏိုင္ဘူးမဟုတ္လား ။
ခ်မ္း မယံုဘူးေလ ေနာ္ ။ ေလးငယ္ဆီသြားၿပီး အတည္ျပဳေမးျမန္းခ်င္ေပမယ့္လည္း ခ်မ္းေမ်ွာ္လင့္သလိုအေျဖမ်ိဳးမဟုတ္ဘဲ ေအး ဟုတ္တယ္ ဆိုတဲ့ အေျဖမ်ိဳးမ်ားျဖစ္ေနရင္ဆိုၿပီး တုန္လႈပ္မိျပန္သည္ ။
ထက္ကိုက သူ႔အဘြားအိမ္ကိုသြားရင္း အဲ့ဒီဘက္က ကြန္ဒိုအိမ္ယာဝင္းတစ္ခုနားမွာ ေမ နဲ႔ ဦးသာ ကို မၾကာခဏေတြ႕သည္ဟုေျပာတုန္းက ခ်မ္းစိတ္ထဲ ထူးထူးျခားျခားမထင္ခဲ့မိ ။ ဒါေတာင္ ထက္ကိုေျပာပါမ်ားလြန္းလာေတာ့ ေလးငယ္ကို အဲ့ဒီၿမိဳ႕နယ္ထဲမွာ ေလးငယ္ရဲ႕အလုပ္ကိစၥေတြ ရွိေနလားလို႔ ေမးၾကည့္ခဲ့မိေသးသည္ ။ မရွိပါဘူး ဆိုတဲ့ ေလးငယ္ရဲ႕အေျဖအေပၚမွာ ခ်မ္းစိတ္ထဲနည္းနည္းေတာ့ စႏိုးစေနာင့္ျဖစ္သြားေပမယ့္ ေမ့ေမ့ေပ်ာက္ေပ်ာက္ပဲ ျဖစ္သြားခဲ့တာဟာ ေမ့ကိုေရာ ဦးသာကိုေရာ ယံုခဲ့မိလို႔ပါ ။
ဒီၾကားထဲ ဦးသာကို မသိတဲ့ သူငယ္ခ်င္းတခ်ိဳ႕ထံမွ မင္းအေမကို လူတစ္ေယာက္နဲ႔ ႏွစ္ေယာက္တည္းတြဲတြဲၿပီး ခဏခဏေတြ႕မိတယ္ေနာ္ လို႔ သတိေပးစကားလိုလိုေတြ ေျပာလာၾကတုန္းကလည္း ခ်မ္းအေတြးထဲ ဒီလိုေတြမထင္ခဲ့မိ ။
ဒီေန႔ေတာ့ ရတုက
" ခ်မ္း ငါ မင္းကို ေျပာစရာရွိတယ္ကြာ ၊ ဒါေပမယ့္ ငါ့ကို ဘယ္လိုမွမထင္ရဘူးေနာ္ "
" အံမာ စကားပလႅင္ေတြဘာေတြခံေနရေအာင္ ဘာေျပာမွာမို႔လို႔လဲ "
" ငါ ငါက ေစတနာနဲ႔ေျပာမွာေနာ္ ခ်မ္း သိလား "
" ကဲ ရတုရာ ၊ မင္းနဲ႔ငါက အရင္းႏွီးဆံုးသူငယ္ခ်င္းေတြပါဟ ၊ အဲ့ေလာက္ထိေျပာဖို႔လိုတဲ့သူေတြမွမဟုတ္ဘဲ "
" ေအးကြာ ၊ ဒါဆို ဒီပံုကို အရင္ၾကည့္ "
ရတုျပလာတဲ့ဖုန္းရဲ႕ screen ေပၚမွာ ျမင္လိုက္ရသည္က ေလွကားတစ္ခုကို ေဘးခ်င္းယွဥ္ၿပီးဆင္းေနသည့္ ေမ နဲ႔ ဦးသာရဲ႕ ေနာက္ေက်ာေပးဓာတ္ပံုတစ္ပံု ။
" ဒါ ငါ့အေမ နဲ႔ ဦးသာရဲ႕ ပံုပဲ ၊ ဘာျဖစ္လို႔လဲ "
" ငါ မင္းနားဝင္ခ်ိဳေအာင္ သြယ္ဝိုက္ၿပီးမေျပာတတ္ဘူး ခ်မ္းရာ ၊ ပြင့္ပြင့္လင္းလင္းပဲ ေျပာမယ္ "
ရတုရဲ႕အသံ ရတုရဲ႕ဟန္ေတြေၾကာင့္ ေျပာလာမယ့္စကားကို မၾကားရေသးခင္မွာတင္ ခ်မ္းရင္ထဲ တထိတ္ထိတ္ခုန္လာလ်က္ တစ္စံုတစ္ခုေသာ အေၾကာင္းအရာကို ခန္႔မွန္းမိလိုက္သလို ျဖစ္လာမိသည္ ။
ဟင့္အင္း....မဟုတ္ဘူး မဟုတ္လား ။ ဖ်တ္ခနဲ ခ်မ္းထင္လိုက္မိသလိုေတာ့ မျဖစ္ႏိုင္ေလာက္ဘူး မဟုတ္လား ။
" အန္တီခိုင္တို႔ႏွစ္ေယာက္ကို ခ်မ္းသာကြန္ဒို အခန္းတစ္ခန္းထဲက အတူတူထြက္လာၾကတာကို ေတြ႕လိုက္လို႔ ငါ အေနာက္ကေန ဓာတ္ပံုရိုက္ထားလိုက္တာ ခ်မ္း "
ရတုရဲ႕စကားကို ဘာတစ္ခုမွတုန္႔ျပန္မေျပာႏိုင္ဘဲ အာေစးထည့္ထားသလို ပါးစပ္ႀကီးပိတ္ေနမိသည္ ။
" ငါ ဒီလို ဓာတ္ပံုခိုးရိုက္တာမ်ိဳး မလုပ္သင့္မွန္းသိတယ္ ၊ ဒါေပမယ့္ ဒီလိုကိစၥမ်ိဳးကို သက္ေသမပါဘဲမေျပာခ်င္လို႔ ငါ ဓာတ္ပံုပါ ရိုက္လိုက္မိတာ ၊ ၿပီးတာနဲ႔ ငါ ျပန္ဖ်က္မွာပါ "
" ဟင့္အင္း ဓာတ္ပံုရိုက္တာကို ငါ အျပစ္မတင္ပါဘူး ၊ ငါ စဥ္းစားေနတာက အဲ့ဒီကို ေမတို႔က အလုပ္ကိစၥနဲ႔လာတာမ်ားလား လို႔ ေတြးေနတာ "
အဲ့ဒီအခ်ိန္အထိ စိတ္ထဲမွာ မထင္ရက္ေသးလို႔ေတာင္ ေကာက္ရိုးတမ်ွင္ကို အားကိုးရာတစ္ခုလို ဆြဲေနမိေသးတဲ့ ခ်မ္းပါ ။
" ငါ သိလာသမ်ွ အကုန္ေျပာျပမယ္ေနာ္ ခ်မ္း ၊ ၿပီးမွ မင္းဟာမင္း စဥ္းစား "
" အင္း "
" ငါ့တူမေလးက အန္တီခိုင္တို႔ထြက္လာတဲ့အခန္းရဲ႕ မ်က္ေစာင္းထိုးအခန္းက ဆရာမဆီမွာ Grammer တက္ေနတာ ၊ အဲ့ဒါ ငါ့တူမေလးကို သြားႀကိဳၿပီး အခန္းထဲက ထြက္ေတာ့ အန္တီခိုင္နဲ႔ မင္းဦးသာကို လွမ္းေတြ႕လိုက္တာပဲ ၊ သူတို႔က ငါ့ကိုမျမင္ဘူး....
သူတို႔ပံုစံက သူမ်ားအခန္းက ထြက္လာတဲ့ပံုမ်ိဳးမဟုတ္ဘူး ၊ အဲ့ဒီအခန္းတံခါးကို ဦးသာကိုယ္တိုင္ပဲ ဆြဲပိတ္ၿပီးဆင္းသြားၾကတာ ၊ အဲဲ့ဒါနဲ႔ ငါလည္း ငါ့တူမရဲ႕ဆရာမကို က်ြန္ေတာ့္အသိတစ္ေယာက္နဲ႔တူလို႔ပါ ဘာညာေျပာၿပီး ေမးၾကည့္ေတာ့ ဆရာမက အဲ့ဒီႏွစ္ေယာက္က အခန္းပိုင္ရွင္စံုတြဲထင္တာပဲ တဲ့ ၊ အၿမဲတမ္းေတာ့ ဒီအခန္းမွာေနတာမ်ိဳးမဟုတ္ဘဲ မၾကာမၾကာ လာတာေတာ့ေတြ႕တယ္ တဲ့ "
ခ်မ္း ေက်ာက္ရုပ္ႀကီးလို မလႈပ္မယွက္ထိုင္ေနမိသည္ ။ လူကမလႈပ္ေပမယ့္ ရင္ထဲမွာေတာ့ အူေတြေရာ ကလီစာေတြပါမက်န္ေအာင္ ေျပာင္းျပန္လန္သြားသလို ဝုန္းဒိုင္းႀကဲေနၿပီး ခံစားလိုက္ရသည္ ။
ရတုကိုပင္ ေသေသခ်ာခ်ာႏႈတ္မဆက္ခဲ့ႏိုင္ဘဲ ကားကို ကမူးရွဴးထိုးေမာင္းလာမိသည္အထိ ခ်မ္းစိတ္ေတြက ေယာက္ယက္ခတ္ေနသည္ ။
ဦးသာ လုပ္ရက္တယ္ ။
က်ြန္ေတာ္နဲ႔ပတ္သက္ၿပီး အၿမဲတမ္းေကာင္းေပးခဲ့တဲ့ ၊ ေစတနာ ေမတၱာေတြ ထားေပးခဲ့တဲ့ ၊အနစ္နာခံေပးခဲ့တဲ့ ဦးသာကို က်ြန္ေတာ္က က်ြန္ေတာ့္အေပၚ စိတ္ရင္းနဲ႔သံေယာဇဥ္ရွိလို႔ လို႔ ထင္ထားခဲ့မိတာေလ ။
တကယ္ေတာ့....တကယ္ေတာ့ အဲ့လိုမဟုတ္ဘဲ ေမ့သားျဖစ္ေနလို႔ အရာရာေကာင္းေပးေနခဲ့တာေပါ့ ။
က်ြန္ေတာ့္ကို က်ြန္ေတာ္မို႔လို႔ခ်စ္တာမဟုတ္ဘဲ ေမ့သားမို႔လို႔ ေကာင္းေပးခဲ့တာမ်ိဳးတဲ့လား ။
ဆက္မေမာင္းႏိုင္ေတာ့တဲ့ကားကို လမ္းေဘးမွာထိုးရပ္ၿပီး စတီယာရင္ေပၚ ေခါင္းေမွာက္ကာ ေအာ္ငိုမိေတာ့သည္ ။ ဒီကိစၥႀကီးကို တကယ္မဟုတ္ပါေစနဲ႔ဆိုၿပီး အရူးတစ္ေယာက္လို ဆုေတာင္းေနရင္းနဲ႔ေပါ့ ။
အိမ္ေရာက္ရင္ေရာ ဘယ္လိုစကားလံုးမ်ိဳးသံုးၿပီး ေမးရပါ့မလဲ ။
တကယ္မ်ားဟုတ္ခဲ့ရင္ေရာ ဆိုတဲ့အေတြးဆိုးဆိုးကလည္း တစ္ေလာကလံုးမွာ ကိုယ္တစ္ေယာက္တည္းပဲရွိေနသလို ခံစားခ်က္မ်ိဳးနဲ႔ ေျခာက္ျခားလာေစသည္ ။
ကမ႓ာပ်က္တယ္ဆိုတာ ဒီလိုခံစားခ်က္မ်ိဳးမ်ားလားေလ....။
**********
ကားကိုအိမ္ေရွ႕မွာျဖစ္သလိုထိုးရပ္ကာ ကားဂိုေထာင္ဘက္ကို လွမ္းၾကည့္ေတာ့ ဦးသာရဲ႕ကားကို ေတြ႕ရသည္ ။
အင္း ျပန္ေရာက္ေနၾကၿပီေပါ့ ။
အိမ္ထဲေရာက္ရင္ ေမတို႔ကို ဘယ္လိုမ်က္ႏွာနဲ႔ ရင္ဆိုင္ရမလဲ ။ ရင္နဲ႔မဆန္႔ေအာင္ မ်ားျပားေနၿပီျဖစ္တဲ့ ေမးခြန္းေတြကိုေရာ တကယ္တမ္းမွာ ခ်မ္းႏႈတ္ကေမးထြက္ႏိုင္ပါ့မလား ။
အေတြးေပါင္းမ်ားစြာနဲ႔ အိမ္ထဲကို တစ္လွမ္းခ်င္းဝင္လာခဲ့မိသည္ ။ အိမ္ထဲမွာ ေမတို႔ကို အရိပ္အေယာင္မ်ွမေတြ႔ရဘဲ တစ္အိမ္လံုးက တိတ္ဆိတ္ေန၏ ။
ခ်မ္းလည္း ရင္တုန္ေနေသာစိတ္ကို ေျပလိုေျပျငား ေရေသာက္ဖို႔ ထမင္းစားခန္းထဲ လွမ္းဝင္လိုက္စဥ္ ျမင္လိုက္ရတဲ့ျမင္ကြင္းက ခ်မ္းေခါင္းကို မိုးႀကိဳးအစင္းစင္းပစ္ခြင္းခ်လိုက္သည့္ႏွယ္ ။
ဦးသာက ေမ့ကို ငံု႔မိုးၾကည့္ေနကာ မ်က္ႏွာကိုပါ ေမးဖ်ားမွပင့္ကိုင္ထားတာေၾကာင့္ ေမ့မ်က္ႏွာေလးက ေမာ့ေမာ့ေလးျဖစ္ေနသည့္ျမင္ကြင္း ။ ခ်မ္းတစ္ေယာက္လံုးေရာက္ေနတာေတာင္ သတိမထားမိဘဲ တျဖည္းျဖည္းခ်င္း ေမ့မ်က္ႏွာနားကို တေရြ႕ေရြ႕တိုးကပ္သြားတဲ့ ဦးသာရဲ႕မ်က္ႏွာ ။
" ဒါ ဘယ္လိုျဖစ္ေနၾကတာလဲ "
သည္းမခံႏိုင္စြာ ႀကံဳးေအာ္ပစ္လိုက္တဲ့ ခ်မ္းအသံက တစ္အိမ္လံုးကို ဟိန္းထြက္သြားေစသည္အထိ က်ယ္ေလာင္အက္ရွေနခဲ့သည္ ။
လူတစ္ကိုယ္လံုးကလည္း နတ္ပူးသလိုတဆတ္ဆတ္တုန္ယင္ေနကာ မတ္တပ္ေကာင္းေကာင္းရပ္ႏိုင္ဖို႔ေတာင္ မနည္းႀကိဳးစားေနရသည့္အေျခအေနမွာ မ်က္ရည္တို႔ကလည္း အလိုက္ကန္းဆိုးမသိ က်လာေနေသးသည္ ။
ခ်မ္းေအာ္သံေၾကာင့္ ႏွစ္ေယာက္လံုးလွည့္ၾကည့္လာၿပီး ခ်မ္းပံုစံကိုၾကည့္ကာ ဦးသာက တစ္ခုခုကိုသေဘာေပါက္သြားဟန္ႏွင့္
" ခ်မ္း ခ်မ္း မင္းထင္ေနသလို မဟုတ္.... "
" ခင္ဗ်ားႀကီးပါးစပ္ကို ပိတ္ထား "
ဒီခဏဟာ တစ္သက္နဲ႔တကိုယ္ အပူေလာင္မိဆံုး အခ်ိန္ေတြပါပဲ ။
" ခ်မ္း သားေလး "
ေမက ခ်မ္းအနားကို ေျပးလာဖို႔လုပ္တာေၾကာင့္ ခ်မ္း ေနာက္ကို ဆုတ္မိရင္း
" မေျပာနဲ႔ ၊ ေမလည္း ဘာမွမေျပာပါနဲ႔ေတာ့ "
" မဟုတ္ေသးဘူး ခ်မ္း ၊ ငါ ငါရွင္းျပ "
" ဘာကိုရွင္းမွာလဲ ၊ ဒီပံုစံႀကီးျမင္လိုက္ရတာေတာင္ ဘာကိုထပ္ရွင္းဦးမွာလဲ "
" ေမရွင္းျပတာကို ခဏနားေထာင္ပါဦး ခ်မ္းေလးရယ္ "
" ေမ ရွင္းျပမယ္ဆိုတဲ့အေၾကာင္းက ဘာေတြလဲ ၊ ခ်မ္းသာကြန္ဒိုကို မၾကာခဏ ႏွစ္ေယာက္တည္းသြားတယ္ဆိုတဲ့အေၾကာင္းလား ၊ ဒါမွမဟုတ္ မိသားစုနဲ႔အတူတူေနတဲ့အိမ္မွာေတာင္ ခုနကလို မေရွာင္ႏိုင္ဘဲ ျဖစ္ခ်င္တာျဖစ္ေနတဲ့အေၾကာင္းလား "
" ခ်မ္း မင္းေတာ္ေတာ့ ၊ မမကို မေစာ္ကားနဲ႔ ၊ မင္းငရဲႀကီးမယ္ "
" ခင္ဗ်ားႀကီးက ဘာမွန္တာေတြရွိလို႔ က်ြန္ေတာ့္ကို လာဆံုးမေနတာလဲ ၊ က်ြန္ေတာ့္အေမကို က်ြန္ေတာ္ေျပာတာ ခင္ဗ်ားနဲ႔ဘာဆိုင္လဲ "
" ခ်မ္း တိတ္စမ္း ၊ မင္းဦးသာကို ဘယ္လိုေလသံမ်ိဳးနဲ႔ေျပာေနတာလဲ "
" ဟာ ဘာလဲ ၊ ေမက သူ႔ကိုထိေတာ့ နာတတ္ေနၿပီေပါ့ ၊ ဘယ္တုန္းကမွမေျပာဖူးတဲ့ေလသံမ်ိဳးနဲ႔ေတာင္ က်ြန္ေတာ့္ကို ေျပာလာၿပီေပါ့ "
" ခ်မ္း ေက်းဇူးျပဳၿပီး ငါ့စကားကို နားေထာင္ေပးပါ ၊ ခုနက အျဖစ္အပ်က္က မင္းထင္ေနသလိုမဟုတ္ပါဘူး ၊ မမမ်က္လံုးထဲ အမႈန္ဝင္သြားတယ္ဆိုလို႔ ငါ ဖယ္ေပးေနတာပါ ၊ မမက အဲ့လိုမိန္းမမ်ိဳး မဟုတ္လို႔ မမကို ဘာမွမထင္မလြဲပါနဲ႔ ၊ မဟုတ္တဲ့စြပ္စြဲခ်က္ေတြနဲ႔ မင္း ငရဲႀကီးမွာစိုးလို႔ပါ ခ်မ္းရယ္ ၊ ၿပီးေတာ့ ငါ့အတြက္ မမဆိုတာ အေမလိုသေဘာထားရတဲ့ အစ္မပါကြာ "
ခ်မ္းကို ေတာင္းေတာင္းပန္ပန္အသြင္နဲ႔ ေျပာလာတဲ့ဦးသာေၾကာင့္ ခ်မ္းစိတ္ထဲ ေတြခနဲျဖစ္သြားရျပန္သည္ ။
ေတာက္ေလ်ွာက္ယံုၾကည္လာခဲ့မိတဲ့ ဒီလူကို အခုေရာ ယံုၾကည္ေပးလိုက္သင့္သလား ။
ဟင့္အင္း ။ ခ်မ္းကို အခ်ိဳသပ္ျပီးလိမ္ေနတာဆိုရင္ ဘယ္လိုလုပ္မလဲ ။ ယံုေပးၿပီးမွ ထပ္တစ္ခါ ေနာက္ေက်ာကိုဓါးနဲ႔အထိုးခံရတာမ်ိဳးေတာ့ တကယ္ကို မျဖစ္လိုေတာ့ၿပီမို႔ ။
" ဒီေန႔ ေမ နဲ႔ ခင္ဗ်ား နဲ႔ ခ်မ္းသာကြန္ဒိုက အခန္းတစ္ခုတည္းမွာ ႏွစ္ေယာက္တည္းရွိေနခဲ့တယ္ ၊ ဒီလိုလုပ္ရပ္မ်ိဳးကို က်ဴးလြန္တာ ဘယ္ႏွႀကိမ္မွန္းမသိေပမယ့္ ေသခ်ာတာတစ္ခုက တစ္ႀကိမ္ ႏွစ္ႀကိမ္ထက္ေတာ့ မကဘူး "
ခ်မ္းစကားကိုျဖတ္ၿပီး ဦးသာက တစ္ခုခုေျပာဖို႔ႀကိဳးစားလာတာေၾကာင့္
" က်ြန္ေတာ္က သက္ေသအတိအက်နဲ႔ သိလာတာမို႔ ခင္ဗ်ားျငင္းဖို႔မႀကိဳးစားနဲ႔ "
" မဟုတ္ေသးဘူး ခ်မ္း ၊ ခဏေလး ငါေျပာတာကို နားေထာင္ေပးပါ ၊ မင္းဘယ္လိုေတြသိလာလဲ ငါမေျပာတတ္ေပမယ့္ မင္းအခု စြပ္စြဲခ်င္ေနသလိုကိစၥက တကယ္မဟုတ္ဘူး ခ်မ္း "
" ခင္ဗ်ားစကားေတြကို က်ြန္ေတာ္က ဘာၾကည့္ၿပီးယံုေပးရမွာလဲ ဟမ္ "
ဒီလူႀကီး အခု ဘယ္လိုဆင္ေျခေတြေပးဖို႔ ႀကိဳးစားေနျပန္တာလဲ ။
ထိုစဥ္မွာပဲ ဦးသာက တစ္စံုတစ္ခုကို စိတ္ဒံုးဒံုးခ်လိုက္ဟန္နဲ႔ ေျပာလာသည္မွာ
" မင္း အခု ငါနဲ႔မမကို အထင္လြဲေနတာမဟုတ္လား ၊ အဲ့ဒီအတြက္ဆိုရင္ေတာ့ မင္းစိတ္မပူဘဲေနလို႔ရတယ္ ခ်မ္း ၊ ဘာျဖစ္လို႔လဲဆိုေတာ့ ငါက... "
" ထူးေလး ေတာ္ၿပီ ၊ မေျပာနဲ႔ ၊ အဲ့ဒီေလာက္မလိုဘူး ၊ ဆက္မေျပာပါနဲ႔ေတာ့ ငါ့ေမာင္ေလးရယ္ "
ေမက ရုတ္တရက္ႀကီးငိုခ်လိုက္ကာ ဦးသာရဲ႕လက္ကို ဆြဲယူယမ္းရင္း အသဲအသန္တားေနသည္ ။ ဦးသာေျပာမယ့္စကားက ဘာမို႔လို႔မ်ား ေမက ဒီေလာက္အထိ ငိုယိုရင္း တားေနရတာလဲ ။
အခ်ိန္တိုေလးအတြင္း ျဖစ္ပြားခဲ့တဲ့ မယံုႏိုင္စရာ ကိစၥရပ္ေတြ ၊ လိုက္မမီေသာအျဖစ္အပ်က္ေတြၾကားမွာ ခ်မ္းစိတ္ရဲ႕အစံုဟာလည္း ရူးလုဆဲဆဲ ။ ေခြက်ခ်င္ေနတဲ့ လူတစ္ကိုယ္လံုးကိုေတာင္ ယိုင္လဲမသြားေအာင္ မနည္းႀကိဳးစားက်ားကန္ၿပီး ရပ္ေနရတာ ပင္ပန္းလွသည္ ။
အိပ္မက္ဆိုးတစ္ခုသာဆိုရင္လည္း အျမန္ဆံုးျပန္ၿပီး ႏိုးထလိုက္ခ်င္ပါၿပီ ။
အဲ့ဒီအခ်ိန္မွာပဲ ဦးသာထံမွ ႏႈတ္ထြက္စကားတစ္ခြန္းကို ဘယ္လိုမွထင္မွတ္မထားစြာ ၾကားလိုက္ရေလသည္ ။
" ဘာျဖစ္လို႔လဲဆိုေတာ့ ငါက Gay..... "
_____________________________
#For Unicode
ချမ်း စိတ်နဲ့လူနဲ့မကပ်သလို ခြောက်ခြောက်ခြားခြား အတွေးတွေနဲ့ကားမောင်းနေမိသည် ။ ကြားခဲ့ရတဲ့သတင်းအပေါ်မှာ မဟုတ်လောက်ပါဘူးလေ ဆိုပြီး ကိုယ့်စိတ်ကိုယ် ဖြေတွေးနေရတာက တစ်ဖက် ၊ ဟုတ်များဟုတ်နေခဲ့ရင်ရောဆိုတဲ့ စိုးရိမ်ပူပန်စိတ်က တစ်ဖက်နှင့် လူက ရူးချင်သလိုလိုတောင် ဖြစ်လာရသည် ။
ဘယ်လိုမှတွေးထင်မထားမိ ၊ မျှော်လင့်မထားမိတဲ့ အကြောင်းအရာကို ရုတ်တရက်ကြားသိလိုက်ရချိန်မှာ ချမ်းကမ္ဘာကြီးတစ်ခုလုံးက အိုးထိန်းစက်ကဲ့သို့ ချာချာလည်သွားမတတ်ပင် ။
နားရှိလို့သာ ကြားရသည် ။ မျက်လုံးရှိလို့သာ မြင်ရသည် ။
ဒါပေမယ့်လည်း ကြားသိလိုက်ရတဲ့ ကိစ္စရပ်အပေါ်မှာ ဘယ်လိုမှမယုံနိုင်ပါ ။
ဦးသာ နဲ့ မေ က တွဲနေကြသတဲ့လေ ။ ပြောတဲ့သူက သက်သေအပြည့်အစုံနဲ့အခိုင်အမာပြောလာပေမယ့်လည်း ဒီကိစ္စကြီးကတော့ တကယ်မဖြစ်နိုင်ဘူးမဟုတ်လား ။
ချမ်း မယုံဘူးလေ နော် ။ လေးငယ်ဆီသွားပြီး အတည်ပြုမေးမြန်းချင်ပေမယ့်လည်း ချမ်းမျှော်လင့်သလိုအဖြေမျိုးမဟုတ်ဘဲ အေး ဟုတ်တယ် ဆိုတဲ့ အဖြေမျိုးများဖြစ်နေရင်ဆိုပြီး တုန်လှုပ်မိပြန်သည် ။
ထက်ကိုက သူ့အဘွားအိမ်ကိုသွားရင်း အဲ့ဒီဘက်က ကွန်ဒိုအိမ်ယာဝင်းတစ်ခုနားမှာ မေ နဲ့ ဦးသာ ကို မကြာခဏတွေ့သည်ဟုပြောတုန်းက ချမ်းစိတ်ထဲ ထူးထူးခြားခြားမထင်ခဲ့မိ ။ ဒါတောင် ထက်ကိုပြောပါများလွန်းလာတော့ လေးငယ်ကို အဲ့ဒီမြို့နယ်ထဲမှာ လေးငယ်ရဲ့အလုပ်ကိစ္စတွေ ရှိနေလားလို့ မေးကြည့်ခဲ့မိသေးသည် ။ မရှိပါဘူး ဆိုတဲ့ လေးငယ်ရဲ့အဖြေအပေါ်မှာ ချမ်းစိတ်ထဲနည်းနည်းတော့ စနိုးစနောင့်ဖြစ်သွားပေမယ့် မေ့မေ့ပျောက်ပျောက်ပဲ ဖြစ်သွားခဲ့တာဟာ မေ့ကိုရော ဦးသာကိုရော ယုံခဲ့မိလို့ပါ ။
ဒီကြားထဲ ဦးသာကို မသိတဲ့ သူငယ်ချင်းတချို့ထံမှ မင်းအမေကို လူတစ်ယောက်နဲ့ နှစ်ယောက်တည်းတွဲတွဲပြီး ခဏခဏတွေ့မိတယ်နော် လို့ သတိပေးစကားလိုလိုတွေ ပြောလာကြတုန်းကလည်း ချမ်းအတွေးထဲ ဒီလိုတွေမထင်ခဲ့မိ ။
ဒီနေ့တော့ ရတုက
" ချမ်း ငါ မင်းကို ပြောစရာရှိတယ်ကွာ ၊ ဒါပေမယ့် ငါ့ကို ဘယ်လိုမှမထင်ရဘူးနော် "
" အံမာ စကားပလ္လင်တွေဘာတွေခံနေရအောင် ဘာပြောမှာမို့လို့လဲ "
" ငါ ငါက စေတနာနဲ့ပြောမှာနော် ချမ်း သိလား "
" ကဲ ရတုရာ ၊ မင်းနဲ့ငါက အရင်းနှီးဆုံးသူငယ်ချင်းတွေပါဟ ၊ အဲ့လောက်ထိပြောဖို့လိုတဲ့သူတွေမှမဟုတ်ဘဲ "
" အေးကွာ ၊ ဒါဆို ဒီပုံကို အရင်ကြည့် "
ရတုပြလာတဲ့ဖုန်းရဲ့ screen ပေါ်မှာ မြင်လိုက်ရသည်က လှေကားတစ်ခုကို ဘေးချင်းယှဉ်ပြီးဆင်းနေသည့် မေ နဲ့ ဦးသာရဲ့ နောက်ကျောပေးဓာတ်ပုံတစ်ပုံ ။
" ဒါ ငါ့အမေ နဲ့ ဦးသာရဲ့ ပုံပဲ ၊ ဘာဖြစ်လို့လဲ "
" ငါ မင်းနားဝင်ချိုအောင် သွယ်ဝိုက်ပြီးမပြောတတ်ဘူး ချမ်းရာ ၊ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ် "
ရတုရဲ့အသံ ရတုရဲ့ဟန်တွေကြောင့် ပြောလာမယ့်စကားကို မကြားရသေးခင်မှာတင် ချမ်းရင်ထဲ တထိတ်ထိတ်ခုန်လာလျက် တစ်စုံတစ်ခုသော အကြောင်းအရာကို ခန့်မှန်းမိလိုက်သလို ဖြစ်လာမိသည် ။
ဟင့်အင်း....မဟုတ်ဘူး မဟုတ်လား ။ ဖျတ်ခနဲ ချမ်းထင်လိုက်မိသလိုတော့ မဖြစ်နိုင်လောက်ဘူး မဟုတ်လား ။
" အန်တီခိုင်တို့နှစ်ယောက်ကို ချမ်းသာကွန်ဒို အခန်းတစ်ခန်းထဲက အတူတူထွက်လာကြတာကို တွေ့လိုက်လို့ ငါ အနောက်ကနေ ဓာတ်ပုံရိုက်ထားလိုက်တာ ချမ်း "
ရတုရဲ့စကားကို ဘာတစ်ခုမှတုန့်ပြန်မပြောနိုင်ဘဲ အာစေးထည့်ထားသလို ပါးစပ်ကြီးပိတ်နေမိသည် ။
" ငါ ဒီလို ဓာတ်ပုံခိုးရိုက်တာမျိုး မလုပ်သင့်မှန်းသိတယ် ၊ ဒါပေမယ့် ဒီလိုကိစ္စမျိုးကို သက်သေမပါဘဲမပြောချင်လို့ ငါ ဓာတ်ပုံပါ ရိုက်လိုက်မိတာ ၊ ပြီးတာနဲ့ ငါ ပြန်ဖျက်မှာပါ "
" ဟင့်အင်း ဓာတ်ပုံရိုက်တာကို ငါ အပြစ်မတင်ပါဘူး ၊ ငါ စဉ်းစားနေတာက အဲ့ဒီကို မေတို့က အလုပ်ကိစ္စနဲ့လာတာများလား လို့ တွေးနေတာ "
အဲ့ဒီအချိန်အထိ စိတ်ထဲမှာ မထင်ရက်သေးလို့တောင် ကောက်ရိုးတမျှင်ကို အားကိုးရာတစ်ခုလို ဆွဲနေမိသေးတဲ့ ချမ်းပါ ။
" ငါ သိလာသမျှ အကုန်ပြောပြမယ်နော် ချမ်း ၊ ပြီးမှ မင်းဟာမင်း စဉ်းစား "
" အင်း "
" ငါ့တူမလေးက အန်တီခိုင်တို့ထွက်လာတဲ့အခန်းရဲ့ မျက်စောင်းထိုးအခန်းက ဆရာမဆီမှာ Grammer တက်နေတာ ၊ အဲ့ဒါ ငါ့တူမလေးကို သွားကြိုပြီး အခန်းထဲက ထွက်တော့ အန်တီခိုင်နဲ့ မင်းဦးသာကို လှမ်းတွေ့လိုက်တာပဲ ၊ သူတို့က ငါ့ကိုမမြင်ဘူး....
သူတို့ပုံစံက သူများအခန်းက ထွက်လာတဲ့ပုံမျိုးမဟုတ်ဘူး ၊ အဲ့ဒီအခန်းတံခါးကို ဦးသာကိုယ်တိုင်ပဲ ဆွဲပိတ်ပြီးဆင်းသွားကြတာ ၊ အဲ့ဒါနဲ့ ငါလည်း ငါ့တူမရဲ့ဆရာမကို ကျွန်တော့်အသိတစ်ယောက်နဲ့တူလို့ပါ ဘာညာပြောပြီး မေးကြည့်တော့ ဆရာမက အဲ့ဒီနှစ်ယောက်က အခန်းပိုင်ရှင်စုံတွဲထင်တာပဲ တဲ့ ၊ အမြဲတမ်းတော့ ဒီအခန်းမှာနေတာမျိုးမဟုတ်ဘဲ မကြာမကြာ လာတာတော့တွေ့တယ် တဲ့ "
ချမ်း ကျောက်ရုပ်ကြီးလို မလှုပ်မယှက်ထိုင်နေမိသည် ။ လူကမလှုပ်ပေမယ့် ရင်ထဲမှာတော့ အူတွေရော ကလီစာတွေပါမကျန်အောင် ပြောင်းပြန်လန်သွားသလို ဝုန်းဒိုင်းကြဲနေပြီး ခံစားလိုက်ရသည် ။
ရတုကိုပင် သေသေချာချာနှုတ်မဆက်ခဲ့နိုင်ဘဲ ကားကို ကမူးရှူးထိုးမောင်းလာမိသည်အထိ ချမ်းစိတ်တွေက ယောက်ယက်ခတ်နေသည် ။
ဦးသာ လုပ်ရက်တယ် ။
ကျွန်တော်နဲ့ပတ်သက်ပြီး အမြဲတမ်းကောင်းပေးခဲ့တဲ့ ၊ စေတနာ မေတ္တာတွေ ထားပေးခဲ့တဲ့ ၊အနစ်နာခံပေးခဲ့တဲ့ ဦးသာကို ကျွန်တော်က ကျွန်တော့်အပေါ် စိတ်ရင်းနဲ့သံယောဇဉ်ရှိလို့ လို့ ထင်ထားခဲ့မိတာလေ ။
တကယ်တော့....တကယ်တော့ အဲ့လိုမဟုတ်ဘဲ မေ့သားဖြစ်နေလို့ အရာရာကောင်းပေးနေခဲ့တာပေါ့ ။
ကျွန်တော့်ကို ကျွန်တော်မို့လို့ချစ်တာမဟုတ်ဘဲ မေ့သားမို့လို့ ကောင်းပေးခဲ့တာမျိုးတဲ့လား ။
ဆက်မမောင်းနိုင်တော့တဲ့ကားကို လမ်းဘေးမှာထိုးရပ်ပြီး စတီယာရင်ပေါ် ခေါင်းမှောက်ကာ အော်ငိုမိတော့သည် ။ ဒီကိစ္စကြီးကို တကယ်မဟုတ်ပါစေနဲ့ဆိုပြီး အရူးတစ်ယောက်လို ဆုတောင်းနေရင်းနဲ့ပေါ့ ။
အိမ်ရောက်ရင်ရော ဘယ်လိုစကားလုံးမျိုးသုံးပြီး မေးရပါ့မလဲ ။
တကယ်များဟုတ်ခဲ့ရင်ရော ဆိုတဲ့အတွေးဆိုးဆိုးကလည်း တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းပဲရှိနေသလို ခံစားချက်မျိုးနဲ့ ခြောက်ခြားလာစေသည် ။
ကမ္ဘာပျက်တယ်ဆိုတာ ဒီလိုခံစားချက်မျိုးများလားလေ....။
**********
ကားကိုအိမ်ရှေ့မှာဖြစ်သလိုထိုးရပ်ကာ ကားဂိုထောင်ဘက်ကို လှမ်းကြည့်တော့ ဦးသာရဲ့ကားကို တွေ့ရသည် ။
အင်း ပြန်ရောက်နေကြပြီပေါ့ ။
အိမ်ထဲရောက်ရင် မေတို့ကို ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရမလဲ ။ ရင်နဲ့မဆန့်အောင် များပြားနေပြီဖြစ်တဲ့ မေးခွန်းတွေကိုရော တကယ်တမ်းမှာ ချမ်းနှုတ်ကမေးထွက်နိုင်ပါ့မလား ။
အတွေးပေါင်းများစွာနဲ့ အိမ်ထဲကို တစ်လှမ်းချင်းဝင်လာခဲ့မိသည် ။ အိမ်ထဲမှာ မေတို့ကို အရိပ်အယောင်မျှမတွေ့ရဘဲ တစ်အိမ်လုံးက တိတ်ဆိတ်နေ၏ ။
ချမ်းလည်း ရင်တုန်နေသောစိတ်ကို ပြေလိုပြေငြား ရေသောက်ဖို့ ထမင်းစားခန်းထဲ လှမ်းဝင်လိုက်စဉ် မြင်လိုက်ရတဲ့မြင်ကွင်းက ချမ်းခေါင်းကို မိုးကြိုးအစင်းစင်းပစ်ခွင်းချလိုက်သည့်နှယ် ။
ဦးသာက မေ့ကို ငုံ့မိုးကြည့်နေကာ မျက်နှာကိုပါ မေးဖျားမှပင့်ကိုင်ထားတာကြောင့် မေ့မျက်နှာလေးက မော့မော့လေးဖြစ်နေသည့်မြင်ကွင်း ။ ချမ်းတစ်ယောက်လုံးရောက်နေတာတောင် သတိမထားမိဘဲ တဖြည်းဖြည်းချင်း မေ့မျက်နှာနားကို တရွေ့ရွေ့တိုးကပ်သွားတဲ့ ဦးသာရဲ့မျက်နှာ ။
" ဒါ ဘယ်လိုဖြစ်နေကြတာလဲ "
သည်းမခံနိုင်စွာ ကြုံးအော်ပစ်လိုက်တဲ့ ချမ်းအသံက တစ်အိမ်လုံးကို ဟိန်းထွက်သွားစေသည်အထိ ကျယ်လောင်အက်ရှနေခဲ့သည် ။
လူတစ်ကိုယ်လုံးကလည်း နတ်ပူးသလိုတဆတ်ဆတ်တုန်ယင်နေကာ မတ်တပ်ကောင်းကောင်းရပ်နိုင်ဖို့တောင် မနည်းကြိုးစားနေရသည့်အခြေအနေမှာ မျက်ရည်တို့ကလည်း အလိုက်ကန်းဆိုးမသိ ကျလာနေသေးသည် ။
ချမ်းအော်သံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်လာပြီး ချမ်းပုံစံကိုကြည့်ကာ ဦးသာက တစ်ခုခုကိုသဘောပေါက်သွားဟန်နှင့်
" ချမ်း ချမ်း မင်းထင်နေသလို မဟုတ်.... "
" ခင်ဗျားကြီးပါးစပ်ကို ပိတ်ထား "
ဒီခဏဟာ တစ်သက်နဲ့တကိုယ် အပူလောင်မိဆုံး အချိန်တွေပါပဲ ။
" ချမ်း သားလေး "
မေက ချမ်းအနားကို ပြေးလာဖို့လုပ်တာကြောင့် ချမ်း နောက်ကို ဆုတ်မိရင်း
" မပြောနဲ့ ၊ မေလည်း ဘာမှမပြောပါနဲ့တော့ "
" မဟုတ်သေးဘူး ချမ်း ၊ ငါ ငါရှင်းပြ "
" ဘာကိုရှင်းမှာလဲ ၊ ဒီပုံစံကြီးမြင်လိုက်ရတာတောင် ဘာကိုထပ်ရှင်းဦးမှာလဲ "
" မေရှင်းပြတာကို ခဏနားထောင်ပါဦး ချမ်းလေးရယ် "
" မေ ရှင်းပြမယ်ဆိုတဲ့အကြောင်းက ဘာတွေလဲ ၊ ချမ်းသာကွန်ဒိုကို မကြာခဏ နှစ်ယောက်တည်းသွားတယ်ဆိုတဲ့အကြောင်းလား ၊ ဒါမှမဟုတ် မိသားစုနဲ့အတူတူနေတဲ့အိမ်မှာတောင် ခုနကလို မရှောင်နိုင်ဘဲ ဖြစ်ချင်တာဖြစ်နေတဲ့အကြောင်းလား "
" ချမ်း မင်းတော်တော့ ၊ မမကို မစော်ကားနဲ့ ၊ မင်းငရဲကြီးမယ် "
" ခင်ဗျားကြီးက ဘာမှန်တာတွေရှိလို့ ကျွန်တော့်ကို လာဆုံးမနေတာလဲ ၊ ကျွန်တော့်အမေကို ကျွန်တော်ပြောတာ ခင်ဗျားနဲ့ဘာဆိုင်လဲ "
" ချမ်း တိတ်စမ်း ၊ မင်းဦးသာကို ဘယ်လိုလေသံမျိုးနဲ့ပြောနေတာလဲ "
" ဟာ ဘာလဲ ၊ မေက သူ့ကိုထိတော့ နာတတ်နေပြီပေါ့ ၊ ဘယ်တုန်းကမှမပြောဖူးတဲ့လေသံမျိုးနဲ့တောင် ကျွန်တော့်ကို ပြောလာပြီပေါ့ "
" ချမ်း ကျေးဇူးပြုပြီး ငါ့စကားကို နားထောင်ပေးပါ ၊ ခုနက အဖြစ်အပျက်က မင်းထင်နေသလိုမဟုတ်ပါဘူး ၊ မမမျက်လုံးထဲ အမှုန်ဝင်သွားတယ်ဆိုလို့ ငါ ဖယ်ပေးနေတာပါ ၊ မမက အဲ့လိုမိန်းမမျိုး မဟုတ်လို့ မမကို ဘာမှမထင်မလွဲပါနဲ့ ၊ မဟုတ်တဲ့စွပ်စွဲချက်တွေနဲ့ မင်း ငရဲကြီးမှာစိုးလို့ပါ ချမ်းရယ် ၊ ပြီးတော့ ငါ့အတွက် မမဆိုတာ အမေလိုသဘောထားရတဲ့ အစ်မပါကွာ "
ချမ်းကို တောင်းတောင်းပန်ပန်အသွင်နဲ့ ပြောလာတဲ့ဦးသာကြောင့် ချမ်းစိတ်ထဲ တွေခနဲဖြစ်သွားရပြန်သည် ။
တောက်လျှောက်ယုံကြည်လာခဲ့မိတဲ့ ဒီလူကို အခုရော ယုံကြည်ပေးလိုက်သင့်သလား ။
ဟင့်အင်း ။ ချမ်းကို အချိုသတ်ပြီးလိမ်နေတာဆိုရင် ဘယ်လိုလုပ်မလဲ ။ ယုံပေးပြီးမှ ထပ်တစ်ခါ နောက်ကျောကိုဓါးနဲ့အထိုးခံရတာမျိုးတော့ တကယ်ကို မဖြစ်လိုတော့ပြီမို့ ။
" ဒီနေ့ မေ နဲ့ ခင်ဗျား နဲ့ ချမ်းသာကွန်ဒိုက အခန်းတစ်ခုတည်းမှာ နှစ်ယောက်တည်းရှိနေခဲ့တယ် ၊ ဒီလိုလုပ်ရပ်မျိုးကို ကျူးလွန်တာ ဘယ်နှကြိမ်မှန်းမသိပေမယ့် သေချာတာတစ်ခုက တစ်ကြိမ် နှစ်ကြိမ်ထက်တော့ မကဘူး "
ချမ်းစကားကိုဖြတ်ပြီး ဦးသာက တစ်ခုခုပြောဖို့ကြိုးစားလာတာကြောင့်
" ကျွန်တော်က သက်သေအတိအကျနဲ့ သိလာတာမို့ ခင်ဗျားငြင်းဖို့မကြိုးစားနဲ့ "
" မဟုတ်သေးဘူး ချမ်း ၊ ခဏလေး ငါပြောတာကို နားထောင်ပေးပါ ၊ မင်းဘယ်လိုတွေသိလာလဲ ငါမပြောတတ်ပေမယ့် မင်းအခု စွပ်စွဲချင်နေသလိုကိစ္စက တကယ်မဟုတ်ဘူး ချမ်း "
" ခင်ဗျားစကားတွေကို ကျွန်တော်က ဘာကြည့်ပြီးယုံပေးရမှာလဲ ဟမ် "
ဒီလူကြီး အခု ဘယ်လိုဆင်ခြေတွေပေးဖို့ ကြိုးစားနေပြန်တာလဲ ။
ထိုစဉ်မှာပဲ ဦးသာက တစ်စုံတစ်ခုကို စိတ်ဒုံးဒုံးချလိုက်ဟန်နဲ့ ပြောလာသည်မှာ
" မင်း အခု ငါနဲ့မမကို အထင်လွဲနေတာမဟုတ်လား ၊ အဲ့ဒီအတွက်ဆိုရင်တော့ မင်းစိတ်မပူဘဲနေလို့ရတယ် ချမ်း ၊ ဘာဖြစ်လို့လဲဆိုတော့ ငါက... "
" ထူးလေး တော်ပြီ ၊ မပြောနဲ့ ၊ အဲ့ဒီလောက်မလိုဘူး ၊ ဆက်မပြောပါနဲ့တော့ ငါ့မောင်လေးရယ် "
မေက ရုတ်တရက်ကြီးငိုချလိုက်ကာ ဦးသာရဲ့လက်ကို ဆွဲယူယမ်းရင်း အသဲအသန်တားနေသည် ။ ဦးသာပြောမယ့်စကားက ဘာမို့လို့များ မေက ဒီလောက်အထိ ငိုယိုရင်း တားနေရတာလဲ ။
အချိန်တိုလေးအတွင်း ဖြစ်ပွားခဲ့တဲ့ မယုံနိုင်စရာ ကိစ္စရပ်တွေ ၊ လိုက်မမီသောအဖြစ်အပျက်တွေကြားမှာ ချမ်းစိတ်ရဲ့အစုံဟာလည်း ရူးလုဆဲဆဲ ။ ခွေကျချင်နေတဲ့ လူတစ်ကိုယ်လုံးကိုတောင် ယိုင်လဲမသွားအောင် မနည်းကြိုးစားကျားကန်ပြီး ရပ်နေရတာ ပင်ပန်းလှသည် ။
အိပ်မက်ဆိုးတစ်ခုသာဆိုရင်လည်း အမြန်ဆုံးပြန်ပြီး နိုးထလိုက်ချင်ပါပြီ ။
အဲ့ဒီအချိန်မှာပဲ ဦးသာထံနှုတ်က စကားတစ်ခွန်းကို ဘယ်လိုမှထင်မှတ်မထားစွာ ကြားလိုက်ရလေသည် ။
" ဘာဖြစ်လို့လဲဆိုတော့ ငါက Gay..... "
_____________________________