အလွမ်းတွေသည်ခဲ့ြကသော ထိုညလေး မှစ၍ ခွန်းစစ်တစ်ယောက် မောင့်ကိုအရင်လ်ို ရှောင်မနေတော့ပေ။ မောင်ကလည်း သူဆီပြန်လာဖို့အတွက် ခွန်းစစ်ကိုစဥ်းစားဖို့အချိန်ပေးသည်။
ယခုဆိုမောင်နှင့် ခွန်းစစ် အခြေနေက အများကြီးတိုးတက်ခဲ့လေပြီ။
တွေ့တိုင်း ရှောင်ဖယ်မနေတော့ဘဲ ခွန်းစစ် မောင့်ကို နှုတ်ဆက်တတ်လေပြီ။ တစ်ခါတလေ နှစ်ယောက်သား ညစာအတူ စားဖြစ်ကြသည်။
မောင်ကတော့ ခွန်းစစ်ကိုတွေ့တိုင်း သူ့နဲ့ ပြန်စဖို့ ပြောစမြဲပင်။ ခွန်းစစ် စဥ်းစားဖို့အချိန်ယူထားတာ အခုဆို ၁ပတ်မြောက်ရှိလေပြီ။
စနေနေ့ ညနေ ရုံးဆင်းချိန်တွင် မောင်နှင့် ခွန်းစစ် YYY bar ကိုအတူသွားကြသည်။
ရဲထက်က မင်းခန့်နှင့်သော်တာဝင်းတို့အပြင် ခွန်းစစ်တို့ကိုပါ bar ကိုလာခဲ့ဖို့ ခေါ်ထားခြင်းကြောင့် ပင်။
YYY Bar သို့ရောက်သောအခါ ခွန်းစစ်တို့ ရဲထက်ငှားထားသော သီးသန့်ခန်းထဲသို့ ဝင်လိုက်သည်။
" ဟော် ဟိုမှာ..လာပြီ....ဟိုနှစ်ကောင် "
အခန်းထဲဝင်သည်နှင့် မင်းခန့်ကဦးစွာဆီးကြိုပြီးပြောသည်။
" အဟမ်း...မင်တို့နှစ်ကောင် အဆင်ပြေသွားပြီလား ။"
မင်းခန့်ရဲ့ ရွှတ်နောက်နောက်အမေးကြောင့် ရဲထက်ရော မိသော်ရော ခွန်းစစ်နှင့်မောင့်ကို စူးစမ်းကြည့်လာကြ၏။
" ဘာလဲ ငါတို့က သူငယ်ချင်း တွေပဲလေ။ "
ခွန်းစစ်စကားက်ို မင်းခန့်က မယုံဘူးဟူသော အကြည့်ဖြင့် ကြည့်လာ၏။
ထို့နောက် မိသော်ကမင်းခန့်ဗိုက်ကို တံတောင်နှင့်ထိုးလိုက်၍ မင်းခန့်က မိသော်ကိုမျက်နှာကြီး ဖြီးပြလျက် ပခုံးကိုလှမ်းဖက်လိုက်သည်။
ထိုမြင်ကွင်းကို ရတုတစ်ယောက်
အထူးအဆန်းသဖွယ်ကြည့်နေသည်။
"မင်းခန့်နဲ့ မိသော်က "
" မင်း မသိသေးဘူးပဲ။ သူတို့နှစ်ယောက်တွဲနေကြတာ "
ရဲထက် ရဲ့အဖြေကို မင်းခန့်က မိသော်ပခုံးဖက်ပြီး ေအာင်နိုင်သူတစ်ယောက်ဖွယ်ပြုံးကာ ခေါင်းတညိတ်ညိတ်လုပ်ပြနေသည်။
" ဘယ်လိုကနေ ဘယ်လို "
" အမ်...ပြောရရင် ဒီကောင် ငါတို့မော်လမြိုင်ကပြန်လာထဲကကွာ မိသော် မိသော်နဲ့ ဖြစ်နေတာ...... နောက်ပြီး မိသော်ကလည်း ဆယ်တန်းအောင်ပြီးတော့ ရန်ကုန်မှာ ပဲကျောင်းလာတက်တယ်ကွာမိသော်နဲ့ငါတို့ကလည်း ကျောင်းတူတူပဲ.... ဒီကောင်ကျောင်းတက်ထဲက မိသော်အနောက်တကောက်ကောက်လိုက်နေခဲ့တာ....အဲ့ထဲက တွဲလာကြတယ်ဆိုပါတော့ "
ခွန်းစစ်စကားကို ရတုက" သြော် " ဟုသာ အာမေဋိတ်သံပြုလိုက်သည်။
" ဒါတောင် မိသော်ကို တစ်နှစ်လောက် ကြိုးစားပမ်းစားလိုက်လို့သာ မိသော်နဲ့တွဲဖြစ်သွားတာ "
" ဟေ့ကောင် ရဲထက် ....မင်းဟာလေ ငါ့ကိုဆို နှိပ်ကွပ်ဖို့ချည်းပဲ "
" အမှန်ပြောတာပဲလေ....မဟုတ်ဘူးလား မိသော်...."
" ဟူတ်ပါ့....နင်တိူ့သူငယ်ချင်း ငါ့မှ အဖြေပြန်မပေးရင် ဒီတသက် ရည်းစားရတော့မှာမဟုတ်ဘူး ။"
" ဟားဟားဟား "
မိသော်အပြောကြောင့် ခွန်းစစ်တို့အားလူံး ရယ်ကြလေတော့သည်။ မင်းခန့်ကတော့ မျက်စောင်းတခဲခဲနဲ့သာ ခွန်းစစ်တို့ကို ကြည့်လာသည်။
" ဘာပဲ ဖြစ်ဖြစ် Congratulations ပါ ငါ့ကောင်ရာ...မိသော်ရောပဲ "
ရတု ရဲ့ ဂုဏ်ပြုစကားကို မင်းခန့်ကပြုံး၍ ခေါင်းည်ိတ်အသိမှတ်ြပုလိုက်သည်။
" နင် ဒီတစ်ခါ ငါ့သူငယ်ချင်းကိုမထားခဲ့တော့ဘူးမလား ....ရတု "
မိသော် ရဲ့ အမေးကြောင့် ခွန်းစစ်သောက်နေသော ဘီယာပါ သီးချင်သွားမိသည်။
" ဒါပေါ့.... သေချာတယ်။ငါဒီတစ်ခါ ခွန်းစစ်ကို လက်လွှတ်မခံတော့ဘူး ။"
ခွန်းစစ် မောင့်မျက်နှာအားကြည့်လိုက်မိသည်။
မောင် အသေချာဆုံးဖြတ်ထား မှန်း မောင့်မျက်နှာမှာ အရှင်းသားပေါ်လွင်နေလေသည်။
" အေး မင်းထပ်ထားခဲ့ရင် ငါ့ကောင်မလေးက မင်းကိုသတ်တော့မှာကွ "
မင်းခန့်စကားကြောင့် မိသော်က မင်းခန့် ကိုမျက်စောင်းလေးထိုးကာ မင်းခန့်ဗိုက်ကို တံတောင်နှင့် လှမ်းထိုးလိုက်ပြန်၏။
"အဟမ်း....စိတ်ချပါကွာ.... ရဲထက် မင်းရော ဟိုမှာ အဆင်ပြေလား။ "
ရဲထက်က ခွက်ထဲက ဘီယာလက်ကျန်ကိုမော့သောက်လိုက်ရင်းမှ ရတု စကားကိုပြန်ဖြေလာသည်။
" အင်း..ပြေပါတယ်။နောင် လေး၊ငါး လဆို ငါပြန်တော့မှာ "
"အင်း "
" ငါနဲ ဟိုကို လ်ိုက်ခဲ့ဖို့ ခွန်းစစ်ကို ခေါ်နေတာ အခု မင်းပြန်လာပြီးဆိုတော့ လိုက်မယ်မထင်တော့ဘူး ။"
ရဲထက် စကားကြောင့် ခွန်းစစ်မျက်လုံးလေး ပြူးကာ အလျင်အမြန် ပြန်ဖြေရှင်းလာလေသည်။
" မဟုတ်တာ...သူ နဲ့ မဆိုင်ပါဘူး။ငါအစထဲက ပြောထားသားပဲ ငါ့အမေကို တစ်ယောက်ထဲ မထားခဲ့နိုင်လို့ပါဆို "
" အေးပါကွာ "
ခွန်းစစ် မောင့်ကိုကြည့်လိုက်တော့ ခွက်ထဲက ဘီယာကို တစ်ရှိန်ထဲ မော့သောက်နေ၏။ မောင့်မျက်နှာကလည်း အနည်းငယ်အလိုမကျဟန်ြဖစ်နေလေသည်။
ထိုအခန်းငယ်လေးထဲတွင် မဆုံတာကြာပြီးဖြစ်ကြတဲ့ သူငယ်ချင်းတွေ ေပျာ်ကြပါးကြနဲ့ စကားတွေဆိုကြနဲ့ ဆူညံနေလျက်ရှိလေသည်။ တစ်ယောက်သောသူကတော့ သူငယ်ချင်းတဖြစ်လည်း တိတ်တခိုး ချစ်ရတဲ့လူသားလေး၏မျက်နှာကိုသာငေးကြည့်နေသည်။
ရဲထက်ဆိုတဲ့သူ့အတွက်ကတော့ ခွန်းစစ်ကို ငေးကြည့်ေနရုံမှအပ မတတ်နိုင်ပေ။
နှုတ်ကသာ ငြင်းဆန်ေနပေမယ့် ခွန်းစစ်၏ ရတုကို ကြည့်တဲ့အကြည့်တွေက ဟိုလွန်ခဲ့တဲ့ ခြောက် နှစ်တုန်းကလို ချစ်ခြင်းတွေအပြည့်နှင့်ပင်။
အစထဲက ကိုယ့်အတွက် နေရာမရှိမှန်းသိပေမယ့်လည်း ရူးမိုက်စွာပဲ မျှော်လင့်နေခဲ့တယ် ။ မင်းကိုငေးကြည့်နေခွင့်ရတာနဲ့တင် ငါကျေနပ်ပါ့မယ် ခွန်းစစ်။ တကယ်တော့လဲ ငါဟာ မင်းအတွက် ဒုတိယလူအဖြစ် တောင်ဖြစ်ခွင့်မရှိခဲ့တဲ့ သူငယ်ချင်းကောင်း တစ်ယောက်ပါပဲ။
ည ၁၁နာရီခန့်အချိန်လောက်မှ ခွန်းစစ်တို့အုပ်စု bar ထဲက ပြန်ထွက်လာခဲ့ြကသည်။
မိသော်ကတော့ အဆောင်နေသူဖြစ်သဖြင့် ည၈နာရီထဲက ပြန်သွားရ၏။
" ခွန်းစစ် နောက်ကျနေပြီ.... ငါ့အိမ်မှာပဲ လိုက်အိပ်လိုက်တော့။ "
ရဲထက်စကားကြောင့် ခွန်းစစ်မောင့်မျက်နှာတစ်ချက်လှမ်းကြည့်လ်ိုက်ပြီး
" အာ.... ရပါတယ်ကွာ။ငါ အိမ်ပဲ ပြန်လိုက်ပါ့မယ်။မင်း မင်းခန့်ကို လိုက်ပို့ပေးလိုက်ဦး။ ဒီကောင်တော်တော်မူးနေပြီ။ "
မင်းခန့်တစ်ယောက် ဘယ်လောက်တောင်သောက်လိုက်လည်း မသိ ကိုယ့်ဘာသာက်ိုယ်တောင် ကောင်းကောင်းမရပ်နိုင်ေတာ့ပေ။
" ငါ.. မ မူး ဘူး အေ့ ဟျောင့် အေ့ "
" အေးပါကွာ မမူးပါဘူး ။"
" ငါ့ ကောင် မ လေး ေရာ ငါ့ အ ချစ် လေး သော်တာ ရေ " ရဲထက်ကို မှီထားရင်းပင်ယိုင်တိယိုင်တိုင်နှင့် လေးလေးပင်ပင် စကားတွေပြောနေသော မင်းခန့်ကြောင့် ခွန်းစစ်တို့အားလုံး သူ့ကို ကြည့်ပြီး ကြိတ်ရယ်မိကြသည်။
" အမူးကောင်ရေ .....မိသော်က ပြန်တာကြာပြီဟ "
ရဲထက်က မင်းခန့် ကို သိုင်းဖက် လိုက်ပြီးနောက် ခွန်းစစ်တို့ဘက်ကြည့်လာ၏။
ခွန်းစစ် ကပြန်တော့ဖို့ ခေါင်းဆတ်ပြလိုက်တော့ ရဲထက်သည် မင်းခန့်ကိုကားရှိရာနေရာသို့ တွဲခေါ်သွားလေသည်။
ပြီးနောက် အမူးသမား မင်းခန့်အား lover seat တွင်ပေးထိုင်စေကာ ရဲထက်က driver ခုံတွင်ဝင်ထိုင်လိုက်ပြီးနောက် ခွန်းစစ်တို့ဘက် လက်တချက်လှမ်းပြလိုက်၏။ ထို့နောက်မှာတော့ ကားလေးသည် မောင်းထွက်သွားလေတော့သည်။
YYY bar အရှေ့တွင် ခွန်းစစ်နှင့် ရတုသာ ကျန်ခဲ့လေသည်။
ခွန်းစစ် ရတုဘက် ပြန်လှည့်လိုက်ပြီး
" ငါ..bus နဲ့ပဲ ပြန်လိုက်မယ်။မင်းလည်း ပြန်လိုက်တော့လေ "
ခွန်းစစ် နှုတ်ဆက်ပြီး ထိုနေရာကနေ လှည့်ထွက်ရန်အလုပ် မောင်က ခွန်းစစ် လက်ကို လှမ်း ဆွဲလိုက်၏။
" ခွန်း "
" ဟင် "
ထိုအခိုက် မိုးမင်းကြီးက ဘာမပြောညာမပြောနဲ့ ဗြုန်းစိုင်းကြီးရွာချလာ၏။
ခွန်းစစ်ရော မောင်ရော တစ်ကိုယ်လုံး မစိုရွှဲခင် အမိုးအကာရတဲ့ နေရာတစ်ခုဆီ အမြန်ပြေးသွားလိုက်ရသည်။
" မိုးကကွာ အခုမှ "
ခွန်းစစ် စိတ်ပျက်သလို ရေရွတ်မိသည်။ မောင်ကတော့ ခေါင်းပေါ်က ရေတွေကိုသာ လက်နဲ့ခါထုတ်ရင်း ခွန်းစစ်ကို ကြည့်လာသည်။
" ငါ့ အိမ်လိုက်ခဲ့မလား။ "
" ဟင်"
ခွန်းစစ်ကိုတည့်တည့်စိုက်ကြည့်ရင် မောင်က ထပ်ပြောလာသည်။
" ဟို..မိုးကလဲ ရွာေနတာနဲ့ ပြီးတော့ မင်းအိမ်က အဝေးကြီးပြန်ရမှာလေ။ ငါ့အိမ်က ဒီးနားတင်ပဲ။အဲ့ဒါကြောင့် ဒီည ငါ့အိမ်မှာပဲ အိပ်လိုက်ပါလား ။"
ဟုတ်ပါရဲ့။ ဒီမိုးအတိုင်းဆို မဂ်လာဒုံ ထိပြန်ဖို့ မလွယ်ပေ။ အချိန်ကလည်း နောက်ကျနေပြီမို့ Bus ကားရဖို့ကလည်း မသေချာတော့ပေ။ ဒါကြောင့် ခွန်းစစ် လည်း ေမာင့်ကို ခေါင်းညိတ်ပြလိုက်ရသည်။
မောင်က ခွန်းစစ်အပြုအမူကိုကြည့်ပြီး ပါးချိုင့်လေး ပေါ်လာသည်အထိ ပြုံးလာ၏။
သို့နှင့် ခွန်းစစ်တစ်ယောက် ေမာင့် တိုက်ခန်းသို့ ပါသွားခဲ့လေတော့သည်။
တိုက်ခန်းသို့ရောက်သောအခါ အိမ်ထဲဝင်သည်နှင့် ခွန်းစစ် မောင့်အိမ်ကို လှည့်ပတ်ကြည့်နေမိသည်။
" ဟို ရေချိူးလိုက်မလား ခွန်း မိုးရေမိထားတာဆိုတော့ "
" အင်း "
" အာ့ဆို အခန်းထဲဝင်ချိုးလိုက်နော်။ကုတင်ပေါ်မှာ အကျီ ထုတ်ပေးခဲ့မယ် ။"
" ကျေးဇူးပဲ "
ထို့နောက် ခွန်းစစ် မောင့်အခန်းထဲက ရေချိုးခန်းတွင်သာ ရေမိုးချိုးလိုက်သည်။
ခွန်းစစ်ကိုတော့ သူ့အခန်းထဲတွင် ရေချိုးစေလိုက်ပြီ။ ရတုက အပြင်က ရေချိုးခန်းတွင်သာ ရေမိုးချိုး လိုက်လေသည်။
ခွန်းစစ် ရေချိုးပြီးထွက်လာသောအခါ ကုတင်ပေါ် မှာ မောင်တင်ထားပေးခဲ့သော ရှပ်အကျီတစ်ထည်နဲ့ ဒူးအတိဘောင်းဘီတိုတစ်ထည်ကို တွေ့လိုက်ရသည်။ ရှပ်အကျီကိုယူကာ ခန္ဓာကိုယ်ပေါ် ဝတ်ဆင်လိုက်သည်။ ဆပ်ပြာနံ့သင်းသင်းအပြင် ရင်နှီးနေသော မောင့်ကိုယ်သင်းရနံ့ရလာသည်ကြောင့် ခွန်းစစ် ရင်ဘတ်က အကျီစကို ဆွဲမကာ နှာခေါင်းနဲ့ထိကပ်လိုက်ပြီး သူပြုံးလိုက်မိသည်။ ဒါဟာ ပထမဦးဆုံးအကြိမ် မောင့်အကျီကို ယူဝတ်ခြင်းဖြစ်သည်။ အဝတ်အစားလဲပြီးသောအခါမှ ခွန်းစစ် အခန်းပြင်ကို ထွက်လာလိုက်သည်။
မောင့်ကို မတွေ့သောကြောင့် ခွန်းစစ် ဝရန်တာနားသို့သွားကာ အပြင်ကို ရပ်ကြည့် နေလိုက်သည်။ မိုးများသည်းကြီးမဲကြီးရွာချနေသည့်အပြင် တစ်ချက်တစ်ချက် လျှပ်စီးတွေပါလက်လာသည်။
ရတု တစ်ယောက်ရေချိုးအဝတ်အစားလဲ ပြီးထွက်လာသော် ခွန်းစစ်က ဝရန်တာနားတွင် လက်ကလေး ပိုက်ကာရပ်နေပြီး အပြင်ကို ငေးကြည့်နေလေသည်။
ရတု တစ်ချက်မျှပြုံးမိပါသည်။ ပြီးနောက် ခွန်းစစ်အနားသို့လျှောက်သွားလ်ိုက်၏။
" ခွန်း "
" ဟင်.... မင်းရေချိုး ပြီးပြီလား ။"
"အင်း...မောင် အပြင်က ရေချိုးခန်းမှာပဲ ဝင်ချိုးလိုက်တာ။ "
" သြော် "
နှစ်ယောက်သား မိုးတွေရွာချနေသော အပြင်ဘက်ကိုသာ ကြည့်ရင်း တိတ်ဆိတ်သွားပြန်သည်။
" ခွန်း "
" ဟင် "
ခွန်းစစ် အပြင်ဘက်ကို ကြည့်နေရာမှ မောင့်ဘက်လှည့်ကြည့်လိုက်လေသည်။ မောင်ကတော့အပြင်ကိုငေးနေဆဲပင် ။
" တောင်းပန်ပါတယ် "
" ....."
မောင်က ခွန်းစစ်ဘက် လှည့်ကြည့်ပြီး ခွန်းစစ်နှင့်မျက်နှာချင်းဆိုင်လိုက်လေသည်။
" တောင်းပန်ပါတယ် ခွန်း "
မောင် ဘာကိုတောင်းပန်ချင်မှန်း ခွန်းစစ်သိသည်။ မောင့်ကို ပြုံးပြကာ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက် ခွန်းစစ် အပြင်ဘက်ကိုသာ မျက်နှာပြန်မူလိုက်လေသည်။ ပြီးနောက်
" အင်း "တစ်လုံးသာ ဆိုမိသည်။
မတောင်းပန်ပါနဲ့တော့ မောင်။ ငါ မင်းကို ခွင့်လွှတ်နိုင်ပြီမို့ မလိုတော့ပါဘူးကွာ။
မောင်က ခွန်းစစ်ကို အနောက်မှ သိုင်းဖက်လာ၏။
မောင့်လက်တွေက ခွန်းစစ် ရင်ဘတ်ကို သိုင်းဖက်ထားလျက် ခွန်းစစ် နောက်ကျောက မောင့်ရင်ခွင်ထဲ နစ်မြုပ်နေသည်။
" မောင် အဲ့ဒီအချိန်တုန်း ရွေးချယ်စရာမရှိခဲ့ပေမဲ့
အခုချိန်ကစပြီး ဘာကိစ္စတွေဖြစ်လာဖြစ်လာ ခွန်းကိုပဲ ရွေးချယ်မှာပါ "
" မောင့်ကို ယုံကြည်နေပေးပါနော်....ခွန်း "
" ငါမင်းကို ယုံပါတယ်ာ "
" မောင့်ရင်ခွင်ဆီပြန်လာမယ့် အချိန်ထိ မောင်စောင့်နေမယ် ခွန်း "
ခွန်းစစ် ပါးပြင်ပေါ်တွင် မျက်ရည်ကြည်လေးတစ်စက်
လိမ့်ဆင်းသွားသလို ခွန်းစစ် ပခုံးပေါ်တွင်လည်း ပူနွေးစိုစွတ်သွားသည်ကို ခွန်းစစ်ခံစားမိလိုက်သည်။
မောင်က ခွန်းစစ်ကို ဖက်ထားရာမှ ခွာလိုက်ပြီး
"အချိန်တွေလဲ မနည်းတော့ဘူးပဲ။ ခွန်း အိပ်တော့မလား။မောင့်အခန်းထဲမှာပဲ ဝင်အိပ်လိုက်နော်။ "
" မင်းကရော "
" မောင် အပြင်က ဆိုဖာမှာပဲ အိပ်လိုက်မယ်။ "
ခွန်းစစ် ကို မောင်က သူ့အခန်းဆီပို့ပေးလာ၏။
" မောင် "
ခွန်းစစ် ၏ခေါ်သံကြောင့် အခန်းပြင်ထွက်ရန် ပြင်နေသော မောင့်ခြေ လှမ်းတို့ရပ်တန့်သွားသည်။ ပြီးနောက် ခွန်းစစ် ဘက်ကို အံ့သြဝမ်းသာသွားသော မျက်နှာနှင့် လှည့်ကြည့်လာသည်။
ခွန်းစစ်ဆီက မောင်လိူ့ ခေါ်သံကြောင့် ရတု ရင်ထဲ အတိုင်းမသိဝမ်းသာသွားရသည်။
အခု ခွန်းက ငါ့ကို မောင်လို့ ပြန်ခေါ်ပြီ။
" ခွန်း "
ခွန်းစစ် မောင့်ဆီကိုသာ လျှောက်သွားလိုက်ပြီးနောက် မောင့် အရှေ့တွင်ရပ်လိုက်ကာနှုတ်ခမ်းတွေကိုဖိကပ်နမ်းရှိုက်လိုက်သည်။
ခွန်းစစ်အပြုအမူကြောင့် မောင်ပို၍ အံ့သြသွားသည်ထင်။
ဒါဟာ ခွန်းစစ်ဘက်က ပထမဆုံးအကြိမ်ဖြင့် မောင့်ကို နမ်းလိုက်ခြင်းပင်။
ထိကပ်နေသော နှူတ်ခမ်းနှစ်စုံကိုခွာလိုက်ပြီးနောက် ခွန်းစစ်မြတ် နိုးရသော ပါးချိုင့်လေးရှိသည့်
မောင့်ရဲ့ပါးပြင် တစ်ဖက်ကို လှမ်းကိုင်ကာ မောင့်ရဲ့မျက်ဝန်းညိုညိုလေးတွေစိုက်ကြည့်လိုက်၏။
" ချစ်တယ် မောင်.... ငါမင်းကို အရမ်းချစ်တယ်။မင်း ဘာကြောင့်ငါ့ကို ထားခဲ့မှန်းမသိသလို သိလည်းမသိချင်တော့ဘူး။အခုက စပြီးတော့ ငါ့ကို ထပ်ပြီးထားမသွားပါဘူးလို့ ကတ်ိပေးပါ။"
မောင်က ခွန်းစစ်ခါးကိုဆွဲဖက်ကာ ခွန်းစစ်ကို သူ့နှင့်ပို၍နီးကပ်စေလိုက်သည်။
" မောင် ကတိပေးတယ်။အခုကစပြီး ခွန်းကိုဘာကြောင့်နဲ့မှ လက်မလွှတ်တော့ဘူး။"
" အင်း "
ခွန်းစစ် ပြုံးလိုက်သည်။ ပြီးတော့ မောင့် လည်တိုင်ကို သိုင်းဖက်ထားလိုက်သည်။
နှစ်ယောက်သား တော်တော်ကြာအကြည့်ချင်းဆုံနေရင်းမှ
မောင်က ခွန်းစစ် နှုတ်ခမ်းတွေဆီဦးတည်ကာ နှုတ်ခမ်းတွေကိုစတင် နမ်းရှိုက်လာသည်။
အလွမ်းတွေကိုယ်စီနဲ့ လူနှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် ကြားလေပင်မဝင်နိုင်စေရန် တင်းကြပ်စွာဖက်တွယ်ထားလျက် နက်နက်ရှိုင်းရှိုင်း နမ်းရှိုက်နေကြတော့ သည်။
မောင်က မွတ်သိပ်စွာနမ်းရှိုက်နေရင်းမှ ခွန်းစစ်ကို ဆွဲပွေ့လိုက်၏။ ပြီးနောက် ကုတင်ဆီ ခေါ်ဆောင်သွားကာ မွေ့ယာပေါ် အသာချပေးလာသည်။ ပြီးတာနဲ့ ခွန်းစစ် နှုတ်ခမ်းတွေကိုပြန်လည်သိမ်းပိုက်လာပြန်သည်။ တော်တော်ကြာ
နမ်းနေကြရင်းမှ နှုတ်ခမ်းနှစ်စုံကိုခွာလိုက်ပြီး မောင်က ခွန်းစစ်ကို အပေါ်မှ အုပ်မိုးလျက်ကြည့်လာသည်။
အသွေးအသားချင်း နီးစပ်ဖို့အထိ မောင်ကခွင့်တောင်းသည်။ မောင့်စကားကိုကြားတော့ ခွန်းစစ်ရှက်မိပါသည်။ သို့သော်ငြား သူကိုယ်တိုင်ကပင် မောင်နှင့်ပိုပြီးနီးစပ်ချင်သည့် ဆန္ဒရှိသူမို့
မျက်လွှာချလိုက်ရင်း မဝံ့မရဲ ခေါင်းညိတ်ပြမိသည်။
" အာ.....ချစ်ဖို့ကောင်းလိုက်တာကွာ "
မောင်က ခွန်းစစ် ရဲ့ ပါးကိုလှမ်းကိုက်လာ၏။
" အား...ဘာလို့ ကိုက်တာလဲ "
" sorry နာသွားလား .အဟီး..ခွန်းအရမ်းချစ်ဖို့ကောင်းနေတော့ မောင်စိတ်မထိန်းနိုင်တော့လို့။ "
ခွန်းစစ် မောင့်ကို မျက်စောင်းတစ်ချက်ထိုးလိုက်၏။
မောင်က ခွန်းစစ်ဆီကခွင့်ပြူချက်ရသည်နှင့် ခွန်းစစ်နှုတ်ခမ်းတွေကိုပြန်လည်သိမ်းပိုက်လိုက်သည်။ နှုတ်ခမ်းတွေမှတဆင့် ခွန်းစစ်ရဲ့ လည်တိုင် ဖြူဖြူ လေးတွေဆီ ဦးတည်ကာ သူပိုင်ဆိုင်ကြောင်း အမှတ်အသားများပေးနေေတာ့သည်။ လက်တွေကလည်း ခွန်းစစ်ရဲ့ အကျီကို ဆွဲတင်ကာ ရင်ဘတ်တစ်လျှောက်ပွတ်သတ်နေပြန်သည်။
ေမာင့်အပြုအစုတွေကြောင့် ခွန်းစစ်နှုတ်မှလည်း ညည်းသံလေးများထွက်လာရသည်။
မောင်က ကိုယ်ကို ပြန်မတ်လိုက်ပြီးနောက် သူဝတ်ထားသော အကျီကိုဆွဲချွတ်လိုက်သည်။
မောင့်ရဲ့ တောင့်တင်း ခန္ဓာကိုယ်အချိုးအစားက သန်မာသောယောကျာ်းတစ်ယောက်အသွင်ကိုဆောင်နေပြီး ဝမ်းဗိုက်တစ်လျှောက် ကြွက်သားအဖုအထစ်များက နေရာယူထားသည်။
မောင့်ရဲ့ ဘယ်ဘက်ရင်အုံက အနက်ရောင်စာလူံး tattoo လေးကြောင့် ခွန်းစစ် အံ့သြသွားမိသည်။ လက်တွေကလဲ ထိုစာလူံးအနက်ရောင်ထိုးထားသော နေရာကိုတို့ထိကြည့်မိသည်အထိ။
(𝓀𝒽ℴℴ𝓃) ဆိုတဲ့ tattoo စာလုံးလေးကို ထိကြည့်နေရင်း ရင်ထဲကြည်နူးမှုတွေ လှိုက်တက်လာခဲ့ပြီး မျက်ရည်တွေဝဲသွားစေသည်အထိကို စိတ်လှုပ်ရီားရသည်။
"မောင်... ဒါ က "
" ခွန်းနာမည်ကို ထိုးထားတာ ခွန်းက မောင့်နှလုံးသားတစ်ခုလုံးပဲလေ။ဒါကြောင့် နှလုံးသားရှိတဲ့ ဘယ်ဘက်ရင်အုံပေါ်မှာ ခွန်းနာမည်လေး ထိုးထားတာ။ "
"မောင်! "
" ခွန်းက မောင့်ဘဝတစ်ခုလုံးပဲဆ်ိုတာ သိလား။ေမာင့်ရဲ့ အနာဂတ်ညမောင့်ရဲ့ရှင်သန်ရာ ၊ခွန်းထင်ထားတာထက်ကိုမောင်က အများကြီးပိုချစ်တယ်။ "
" ငါလဲ မောင့်ကိုချစ်ပါတယ်။ "
ခွန်းစစ် မောင့်ဘယ်ဘက်ရင်အုံပေါ်ရှိ သူ့နာမည် tattoo လေးကို ခပ်ဖွဖွလေး နမ်းလိုက်သည်။
ပြီးတော့ မောင့်ကိုလည်တိုင်ကနေဆွဲချလိုက်ကာ မောင့်နှုတ်ခမ်းတွေကိုဦးဆောင်နမ်းရှိုက်တော့သည်။
အပြင်မှာမိုးများသည်းထန်စွာရွာသွန်းနေပြီး တစ်ချက်တစ်ချက် မိုးခြိမ်းသံသဲ့သဲ့ကိုပါကြားနေရသည်။ အခန်းထဲဖွင့်ထားသော အဲကွန်းရဲ့အအေးဒဏ်က ကုတင်ပေါ်က လူနှစ်ယောက်ကိုတော့ သက်ရောက်မှုမရှိနိုင်လောက်အောင် သူတို့နှစ်ဦး၏ ခန္ဓာကိုယ်အပူချိန်ကမြင့်တက်နေလေသည်။
မွတ်မွတ်သိပ်သိပ် အနမ်းကြမ်းတွေကြား ခွန်းစစ်အကြိမ်ငြိမ်ပျော်ဝင်ရသည်။
တရိပ်ရိပ်တိုးဝင်လာသော နာကျင်မှုတွေကြောင့် ခွန်းစစ် အိပ်ယာခင်းကိုသာ ဆုပ်ကိုင်ထားမိသည်။ ဒါကိုတွေ့လိုက်သည့် မောင်က ခွန်းစစ်လက်တွေကို သူ့ပခုံးတွေကိုသိုင်းဖက်စေလိုက်ပြီး
" အရမ်း နာနေရင် ေမာင့် ပခုံးကိုကိုက်ထားနော် ခွန်း "
ခွန်းစစ်မောင့်ကိုသာ တင်းကြပ်စွာဖက်တွယ်ထားလိုက်သည်။
နာကျင်မှုတွေမှ သာယာမှုတွေတဆင့် ပြောင်းလဲသွားခဲ့ပြီး ခွန်းစစ် နှုတ်မှလည်း ညည်းသံ တေွထွက်လျက် မောင့်ကိုသာ တင်းတင်းကြပ်ကြပ်ဖက်သွယ်မိသည်။
" ချစ် တယ် ခွန်း "
မောင့် ဆီက ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းထွက်လာတိုင်း လှုပ်ရှားမှုတွေက ပိုမိုပြင်းထန်လာလေသည်။
ခွန်းဆိုတဲ့လူသားလေးဟာ သူတစ်ယောက်ထဲ အပိုင်ပေ။ ကော်ဖီရောင်သန်းနေသော ဒီဆံနွယ်ပျော့ပျော့လေးတွေ ပန်းနုရောင်နှုတ်ခမ်းဖူးဖူးလေး၊ဖြူဝင်းနေသော လည်တိုင်ကျော့ကျော့လေး ဖြစ်နိုင်လျှင် ခွန်း တစ်ကိုယ်လုံးမှာ ခွန်းစစ်သော်ဟာ မင်းရတုနိုင်၏ တစ်ဦးတည်း မူပိုင်ဟုသာ တံဆိပ်ရိုက်နှက်လိုက်ချင်သည်။
ခွန်းစစ်နှင့်ပတ်သတ်သမျှ အရာအားလုံးကို သူပိုင်ဆိုင်ချင်သည်။ ခွန်း ကို သူ အဲ့ဒီလောက်ထိ လောဘကြီးမိပါသည်။
ညတွေနက်လာလေလေ သူတို့နှစ်ဦး၏ချစ်ခရီးလမ်းဟာလည်း ပို၍ ရှည်လာလေလေပင်။
အချစ်တွေဟာ တဖန်အသက်ဝင်လို့လာခဲ့ပြီး သူတိူ့နှစ်ဦးကြား အသွေးအသားချင်းပါ နီးစပ်ခဲ့ကြသည်။
16.7.2020
Maybel Nan
မင်းရတုနိုင် ရဲ့ဘယ်ဘက်ရင်အုံပေါ်က (khoon) ဆိုတဲ့ tattoo ကို ဥပမာပြတာ 😊