"စစ္သူႀကီးကင္မ္"
နမ္ဂြၽန္းတစ္ေယာက္ အမဲလိုက္ပြဲေတာ္အတြက္ လိုအပ္သည္မ်ားကိုျပင္ဆင္ေနခ်ိန္ ကိုယ္ရံေတာ္ရဲ႕ အသံေၾကာင့္ လွည့္ၾကည့္မိသည္။
"ဘာကိစၥလည္း"
"အ႐ွင္ဆင့္ေခၚေနပါတယ္ ကိုယ္လုပ္ေတာ္ကင္မ္ရဲ႕ အေဆာင္ကို လံုျခံေရးစီစဥ္ၿပီးရင္ လာခဲ့ဖို႔ဆင့္ေခၚလိုက္တာပါ"
"ကိုယ္လုပ္ေတာ္ကင္မ္ ဆိုတာ ကင္မ္ေဆာ့ဂ်င္ကိုေျပာတာလား"
"ဟုတ္ပါတယ္"
ကိုယ္ရံေတာ္စကားေၾကာင့္ နမ္ဂြၽန္းအံ့အားသင့္မိသည္။
အ႐ွင့္က ဘာေၾကာင့္ပါလည္း။
တစ္သက္သာ ေမ့ႏိုင္ေအာင္ ႀကိဳးစားေနတာကိုေတာင္။
နမ္ဂြၽန္းကိုယ္ရံေတာ္ကို ေခါင္းညိမ့္ျပၿပီး လုပ္စရာ႐ွိတာ ဆက္လုပ္ေနမိသည္..။
ေဆာ့ဂ်င္နဲ႔ေတြ႔ခြင့္ရမည္လား..။
ဒါမွမဟုတ္ အ႐ွင္တစ္ခုခုပဲ ၾကံစည္ေနသည္ပဲလား..။
ဘာေတြပဲျဖစ္လာခဲ့သည္ျဖစ္ေစ ေဆာ့ဂ်င္နဲ႔ ေတြ႔ခင္ရမည္ဆိုရင္ေတာ့ သူတစ္ခုခုျဖစ္ခဲ့ရင္ေတာင္မွ အျမတ္ပဲေပါ့..။
___________________
"ေသခ်ာစဥ္းစားၿပီးၿပီလား ကင္မ္ေဆာ့ဂ်င္"
ေဆာ့ဂ်င္သည္ အ႐ွင္ယြန္းဂီ၏ အေမးကို ေခါင္းၿငိမ့္ရင္းသာ ေထာက္ခံသည္..။
"အဟက္ စစ္သူျကီးကင္မ္အတြက္ အေသခံရဲတယ္ေပါ့"
"ကြၽန္ေတာ္က ဒီအတိုင္းဆိုလည္း မၾကာခင္ေသေတာ့မယ့္သူမို႔ မေသခင္ကြၽန္ေတာ္ခ်စ္တဲ့သူနဲ႔ တခနေလးပဲ ေပ်ာ္ေပ်ာ္ေနရရင္ကို ေသေပ်ာ္ပါတယ္ သမားေတာ္ေတြမသိေပမယ့္ ကြၽန္ေတာ့္ေရာဂါအေၾကာင္းကြၽန္ေတာ္ သိပါတယ္အ႐ွင္"
ေဆာ့ဂ်င္စကားေၾကာင့္ အ႐ွင္ယြန္းဂီ၏ မ်က္ခံုူတို႔ျမႇင့္တက္သည္။
"အ႐ွင္ကတိေပးပါ ကြၽန္ေတာ့္ကို သတ္လို႔ၿပီးရင္ ဂြၽန္းကိုေတာ့ဘာမွမလုပ္ပါနဲ႔"
"ငါ့ကိုေတာင္ျပန္ၿပီး အမိန္႔ေပးေနတယ္ေပါ့"
အ႐ွင့္ယြန္းဂီသည္ ေထာင့္မညီစြာျပံဳးရင္း ေျပာသည္။
"ကြၽန္ေတာ္ေတာင္းဆိုတာပါ"
"အဟက္"
အ႐ွင္ယြန္းဂီသည္ ေဆာ့ဂ်င္၏ကိုယ္လံုးေလးကို ဆြဲယူရင္း ရင္ခြင္ထဲထည့္သည္..။
ေဆာ့ဂ်င္မွာလည္း ၿငိမ္ေနမိသည္။
သူဒီလိုလုပ္လိုက္လို႔ နမ္ဂြၽန္းနည္းနည္းေလးပဲျဖစ္ျဖစ္ အနၱရာယ္ကင္းသြားမယ္ဆိုရင္ သူဒီလိုအေနအထားနဲ႔ တည္႐ွိေနရလည္း အဆင္ေျပပါတယ္။
"အ႐ွင္ စစ္သူႀကီးကင္မ္ ေရာက္လာပါၿပီ"
"ဝင္လာခိုင္းလိုက္"
ေဆာ့ဂ်င္မွာလည္း အ႐ွင္ယြန္းဂီရင္ခြင္ထဲမွေန၍ ရင္ခုန္သံတို႔ တိုးျမင့္လာသည္။
လက္ဖ်ားတို႔မွာလည္း ေအးစက္ၿပီး အၾကည့္တို႔ကို
တံခါးဝ၌သာ စုပံုထား႐ွိသည္..။
ထို႔ေနာက္ တံခါးဝကို ျဖည္းညႇင္းစြာ ဆြဲလွပ္ၿပီးဝင္ေရာက္လာတဲ့ သူ႔မူပိုင္႐ွင္..။
ေခါင္းကို ငံု႔ထားၿပီး လမ္းေလွ်ာက္လာကာ ေဆာ့ဂ်င္နဲ႔ အ႐ွင္ယြန္းဂီေ႐ွ႕တြင္ နမ္ဂြၽန္းဒူးေထာက္ထိုင္သည္..။
အ႐ွင္ရင္ခြင္ထဲမွ ေဆာ့ဂ်င္သည္လည္း ႐ုန္းထြက္ခ်င္လာသည္..။သို႔ေသာ္ လြတ္ထြက္မတတ္ ဆြဲဖက္ထားတဲ့ အ႐ွင္ယြန္းဂီေၾကာင့္ လႈပ္မရ..။
ဤအေနအထားကို အ႐ွင္ယြန္းဂီက မဲ့ျပံဳးျပံဳးၿပီး ဇိန္ခံၾကည့္သည္..။
နမ္ဂြၽန္းမွာလည္း သူ႔ေ႐ွ႕မွျမင္ကြင္းကို မ်က္ကြယ္ျပဳလ်က္ ဂါရဝစကားဆိုမိသည္..။
ႏွလံုးသားမွာ နားက်င္လြန္း၍ မ်က္ကြယ္မျပဳရင္လည္း သူ႔ႏွလံုးသား ေၾကမြရံုသာ႐ွိေတာ့သည္..။
"အ႐ွင္နဲ႔ ကိုယ္လုပ္ေတာ္ကင္မ္ကို ကြၽန္ေတာ္ ကင္မ္နမ္ဂြၽန္း ဂါရဝျပဳပါတယ္"
နမ္ဂြၽန္းေျပာလိုက္သည့္ အသံုးအႏႈန္းေၾကာင့္ ေဆာ့ဂ်င္ မ်က္ဝန္းလွလွမွ မ်က္ရည္စက္သည္ ေျခာက္ေသြ႔ေနၿပီျဖစ္ေသာ ပါးျပင္ထက္သို႔ က်ဆင္းသည္..။
ကိုယ္လုပ္ေတာ္ကင္မ္တဲ့လား ဂြၽန္းရယ္~~~။
အ႐ွင္ယြန္းဂီသည္ သူတို႔ႏွစ္ေယာက္အေျခအေနကိုၾကည့္ၿပီး ခပ္ဟဟရယ္ၿပီးမွ...။
"မနက္ျဖန္ေနထြက္ခ်ိန္ တစ္ရက္တိတိ အမဲလိုက္ပြဲေတာ္ မစခင္အခ်ိန္ထိ အခ်ိန္ရမယ္"
အ႐ွင္ယြန္းဂီအမိန္႔ရသည္ႏွင့္ ေဆာ့ဂ်င္သည္ နမ္ဂြၽန္းကို ေျပးဖက္သည္...။
အ႐ွင္ယြန္းဂီသည္ေျပာၿပီး ကုတင္ေပၚမွထကာ အေဆာင္အျပင္သို႔ ထြက္ခြာသည္..။
ဘာကိုမွ နားမလည္လိုက္တဲ့ နမ္ဂြၽန္းကေတာ့ အျပက္ထြက္သြားသည့္ အ႐ွင္ႏွင့္ မိမိေဘးနားတြင္ ႐ိႈက္႐ိႈက္ငိုကာ လြတ္ထြက္မတတ္ဖက္ထားသည့္ ေဆာ့ဂ်င္ကိုသာ ထိုင္ၾကည့္ေနမိသည္..။
"ဘာျဖစ္တာလည္း ကိုယ္လုပ္ေတာ္"
နမ္ဂြၽန္းစကားတစ္ခြန္းထက္မေျပာခင္ ေဆာ့ဂ်င္၏ လက္ေခ်ာင္းမ်ားသည္ နမ္ဂြၽန္းႏႈတ္ခမ္းသားကို တားဆီးသည္..။
"အဲ့လို အဲ့လိုမေခၚပါနဲ႔ ဂြၽန္းရယ္ ဂ်င္ ဂ်င္ငယ္လို႔ေခၚပါ ဂြၽန္းရယ္ အ႐ွင္က အခြင့္အေရးေပးထားတာပါ"
"ဟမ္ ဂ်င္ မင္းအ႐ွင္နဲ႔ ဘာအေပးအယူလုပ္ထားတာလည္း"
နမ္ဂြၽန္းသည္ ေဆာ့ဂ်င္ရဲ႕ ပုခံုးႏွစ္ဖက္ကို လႈပ္ရမ္းကာ ေမးသည္..။
"ဟင္ ဘာ ဘာမွမလုပ္ပါဘူး အ႐ွင္က ဒီအတိုင္း ဒီအတိုင္းပဲ ခြင့္ျပဳေပးတာပါ"
"လိမ္ေနတာလား ဂ်င္ရာ"
နမ္ဂြၽန္းသည္ အတုန္တုန္အယင္ယင္ျဖစ္ေနတဲ့ ေဆာ့ဂ်င္ကို ရင္ခြင္ထဲဆြဲထည္းၿပီး ဆံႏြယ္ေလးေတြကို အနမ္းေပးမိသည္။
"ေလွ်ာက္လည္ရေအာင္ ဂြၽန္း"
ေဆာ့ဂ်င္သည္ နမ္ဂြၽန္းရင္ခြင္ထဲမွေန၍ ႐ိႈက္သံကို ထိန္းကာေျပာသည္..။
"ခ်စ္တယ္ ေတာင္းပန္ပါတယ္ မေစာင့္ေ႐ွာက္ႏိုင္တဲ့အတြက္ မသင့္ေလ်ာ္မွန္းသိသည္ ဒါေပမယ့္ သိပ္ခ်စ္တယ္ ဂ်င္ငယ္"
နမ္ဂြၽန္းရင္ခြင္ထဲမွ ေဆာ့ဂ်င္သည္ တစ္အိအိ႐ိႈက္ငိုသည္။
လြမ္းေနခဲ့တာ ဒီရင္ခြင္က်ယ္ႀကီးကို..။
မေသခင္ေလးပဲ အင္း ငါမေသခင္အခ်ိန္ေလးမွာပဲ မင္းနဲ႔အတူ အခ်ိန္ေတြကို ကုန္ဆံုးခ်င္တယ္..ဂြၽန္း..။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
[𝐀𝐍:𝐓𝐡𝐢𝐬 𝐟𝐢𝐜𝐭𝐢𝐨𝐧 𝐰𝐢𝐥𝐥 𝐛𝐞 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 𝐢𝐧 𝐧𝐞𝐱𝐭 𝐭𝐡𝐫𝐞𝐞 𝐩𝐚𝐫𝐭𝐬 🐰❤]
Written By
Guulili
Unicode~
"စစ်သူကြီးကင်မ်"
နမ်ဂျွန်းတစ်ယောက် အမဲလိုက်ပွဲတော်အတွက် လိုအပ်သည်များကိုပြင်ဆင်နေချိန် ကိုယ်ရံတော်ရဲ့ အသံကြောင့် လှည့်ကြည့်မိသည်။
"ဘာကိစ္စလည်း"
"အရှင်ဆင့်ခေါ်နေပါတယ် ကိုယ်လုပ်တော်ကင်မ်ရဲ့ အဆောင်ကို လုံခြံရေးစီစဉ်ပြီးရင် လာခဲ့ဖို့ဆင့်ခေါ်လိုက်တာပါ"
"ကိုယ်လုပ်တော်ကင်မ် ဆိုတာ ကင်မ်ဆော့ဂျင်ကိုပြောတာလား"
"ဟုတ်ပါတယ်"
ကိုယ်ရံတော်စကားကြောင့် နမ်ဂျွန်းအံ့အားသင့်မိသည်။
အရှင့်က ဘာကြောင့်ပါလည်း။
တစ်သက်သာ မေ့နိုင်အောင် ကြိုးစားနေတာကိုတောင်။
နမ်ဂျွန်းကိုယ်ရံတော်ကို ခေါင်းညိမ့်ပြပြီး လုပ်စရာရှိတာ ဆက်လုပ်နေမိသည်..။
ဆော့ဂျင်နဲ့တွေ့ခွင့်ရမည်လား..။
ဒါမှမဟုတ် အရှင်တစ်ခုခုပဲ ကြံစည်နေသည်ပဲလား..။
ဘာတွေပဲဖြစ်လာခဲ့သည်ဖြစ်စေ ဆော့ဂျင်နဲ့ တွေ့ခင်ရမည်ဆိုရင်တော့ သူတစ်ခုခုဖြစ်ခဲ့ရင်တောင်မှ အမြတ်ပဲပေါ့..။
___________________
"သေချာစဉ်းစားပြီးပြီလား ကင်မ်ဆော့ဂျင်"
ဆော့ဂျင်သည် အရှင်ယွန်းဂီ၏ အမေးကို ခေါင်းငြိမ့်ရင်းသာ ထောက်ခံသည်..။
"အဟက် စစ်သူကြီးကင်မ်အတွက် အသေခံရဲတယ်ပေါ့"
"ကျွန်တော်က ဒီအတိုင်းဆိုလည်း မကြာခင်သေတော့မယ့်သူမို့ မသေခင်ကျွန်တော်ချစ်တဲ့သူနဲ့ တခနလေးပဲ ပျော်ပျော်နေရရင်ကို သေပျော်ပါတယ် သမားတော်တွေမသိပေမယ့် ကျွန်တော့်ရောဂါအကြောင်းကျွန်တော် သိပါတယ်အရှင်"
ဆော့ဂျင်စကားကြောင့် အရှင်ယွန်းဂီ၏ မျက်ခူံတို့မြှင့်တက်သည်။
"အရှင်ကတိပေးပါ ကျွန်တော့်ကို သတ်လို့ပြီးရင် ဂျွန်းကိုတော့ဘာမှမလုပ်ပါနဲ့"
"ငါ့ကိုတောင်ပြန်ပြီး အမိန့်ပေးနေတယ်ပေါ့"
အရှင့်ယွန်းဂီသည် ထောင့်မညီစွာပြုံးရင်း ပြောသည်။
"ကျွန်တော်တောင်းဆိုတာပါ"
"အဟက်"
အရှင်ယွန်းဂီသည် ဆော့ဂျင်၏ကိုယ်လုံးလေးကို ဆွဲယူရင်း ရင်ခွင်ထဲထည့်သည်..။
ဆော့ဂျင်မှာလည်း ငြိမ်နေမိသည်။
သူဒီလိုလုပ်လိုက်လို့ နမ်ဂျွန်းနည်းနည်းလေးပဲဖြစ်ဖြစ် အန္တရာယ်ကင်းသွားမယ်ဆိုရင် သူဒီလိုအနေအထားနဲ့ တည်ရှိနေရလည်း အဆင်ပြေပါတယ်။
"အရှင် စစ်သူကြီးကင်မ် ရောက်လာပါပြီ"
"ဝင်လာခိုင်းလိုက်"
ဆော့ဂျင်မှာလည်း အရှင်ယွန်းဂီရင်ခွင်ထဲမှနေ၍ ရင်ခုန်သံတို့ တိုးမြင့်လာသည်။
လက်ဖျားတို့မှာလည်း အေးစက်ပြီး အကြည့်တို့ကို
တံခါးဝ၌သာ စုပုံထားရှိသည်..။
ထို့နောက် တံခါးဝကို ဖြည်းညှင်းစွာ ဆွဲလှပ်ပြီးဝင်ရောက်လာတဲ့ သူ့မူပိုင်ရှင်..။
ခေါင်းကို ငုံ့ထားပြီး လမ်းလျှောက်လာကာ ဆော့ဂျင်နဲ့ အရှင်ယွန်းဂီရှေ့တွင် နမ်ဂျွန်းဒူးထောက်ထိုင်သည်..။
အရှင်ရင်ခွင်ထဲမှ ဆော့ဂျင်သည်လည်း ရုန်းထွက်ချင်လာသည်..။သို့သော် လွတ်ထွက်မတတ် ဆွဲဖက်ထားတဲ့ အရှင်ယွန်းဂီကြောင့် လှုပ်မရ..။
ဤအနေအထားကို အရှင်ယွန်းဂီက မဲ့ပြုံးပြုံးပြီး ဇိန်ခံကြည့်သည်..။
နမ်ဂျွန်းမှာလည်း သူ့ရှေ့မှမြင်ကွင်းကို မျက်ကွယ်ပြုလျက် ဂါရဝစကားဆိုမိသည်..။
နှလုံးသားမှာ နားကျင်လွန်း၍ မျက်ကွယ်မပြုရင်လည်း သူ့နှလုံးသား ကြေမွရုံသာရှိတော့သည်..။
"အရှင်နဲ့ ကိုယ်လုပ်တော်ကင်မ်ကို ကျွန်တော် ကင်မ်နမ်ဂျွန်း ဂါရဝပြုပါတယ်"
နမ်ဂျွန်းပြောလိုက်သည့် အသုံးအနှုန်းကြောင့် ဆော့ဂျင် မျက်ဝန်းလှလှမှ မျက်ရည်စက်သည် ခြောက်သွေ့နေပြီဖြစ်သော ပါးပြင်ထက်သို့ ကျဆင်းသည်..။
ကိုယ်လုပ်တော်ကင်မ်တဲ့လား ဂျွန်းရယ်~~~။
အရှင်ယွန်းဂီသည် သူတို့နှစ်ယောက်အခြေအနေကိုကြည့်ပြီး ခပ်ဟဟရယ်ပြီးမှ...။
"မနက်ဖြန်နေထွက်ချိန် တစ်ရက်တိတိ အမဲလိုက်ပွဲတော် မစခင်အချိန်ထိ အချိန်ရမယ်"
အရှင်ယွန်းဂီအမိန့်ရသည်နှင့် ဆော့ဂျင်သည် နမ်ဂျွန်းကို ပြေးဖက်သည်...။
အရှင်ယွန်းဂီသည်ပြောပြီး ကုတင်ပေါ်မှထကာ အဆောင်အပြင်သို့ ထွက်ခွာသည်..။
ဘာကိုမှ နားမလည်လိုက်တဲ့ နမ်ဂျွန်းကတော့ အပြက်ထွက်သွားသည့် အရှင်နှင့် မိမိဘေးနားတွင် ရှိုက်ရှိုက်ငိုကာ လွတ်ထွက်မတတ်ဖက်ထားသည့် ဆော့ဂျင်ကိုသာ ထိုင်ကြည့်နေမိသည်..။
"ဘာဖြစ်တာလည်း ကိုယ်လုပ်တော်"
နမ်ဂျွန်းစကားတစ်ခွန်းထက်မပြောခင် ဆော့ဂျင်၏ လက်ချောင်းများသည် နမ်ဂျွန်းနှုတ်ခမ်းသားကို တားဆီးသည်..။
"အဲ့လို အဲ့လိုမခေါ်ပါနဲ့ ဂျွန်းရယ် ဂျင် ဂျင်ငယ်လို့ခေါ်ပါ ဂျွန်းရယ် အရှင်က အခွင့်အရေးပေးထားတာပါ"
"ဟမ် ဂျင် မင်းအရှင်နဲ့ ဘာအပေးအယူလုပ်ထားတာလည်း"
နမ်ဂျွန်းသည် ဆော့ဂျင်ရဲ့ ပုခုံးနှစ်ဖက်ကို လှုပ်ရမ်းကာ မေးသည်..။
"ဟင် ဘာ ဘာမှမလုပ်ပါဘူး အရှင်က ဒီအတိုင်း ဒီအတိုင်းပဲ ခွင့်ပြုပေးတာပါ"
"လိမ်နေတာလား ဂျင်ရာ"
နမ်ဂျွန်းသည် အတုန်တုန်အယင်ယင်ဖြစ်နေတဲ့ ဆော့ဂျင်ကို ရင်ခွင်ထဲဆွဲထည်းပြီး ဆံနွယ်လေးတွေကို အနမ်းပေးမိသည်။
"လျှောက်လည်ရအောင် ဂျွန်း"
ဆော့ဂျင်သည် နမ်ဂျွန်းရင်ခွင်ထဲမှနေ၍ ရှိုက်သံကို ထိန်းကာပြောသည်..။
"ချစ်တယ် တောင်းပန်ပါတယ် မစောင့်ရှောက်နိုင်တဲ့အတွက် မသင့်လျော်မှန်းသိသည် ဒါပေမယ့် သိပ်ချစ်တယ် ဂျင်ငယ်"
နမ်ဂျွန်းရင်ခွင်ထဲမှ ဆော့ဂျင်သည် တစ်အိအိရှိုက်ငိုသည်။
လွမ်းနေခဲ့တာ ဒီရင်ခွင်ကျယ်ကြီးကို..။
မသေခင်လေးပဲ အင်း ငါမသေခင်အချိန်လေးမှာပဲ မင်းနဲ့အတူ အချိန်တွေကို ကုန်ဆုံးချင်တယ်..ဂျွန်း..။
______________________________________
T.B.C
𝒐𝒓𝒅𝒆𝒓 / 𝒑𝒆𝒓𝒎𝒊𝒔𝒔𝒊𝒐𝒏
[𝐀𝐍:𝐓𝐡𝐢𝐬 𝐟𝐢𝐜𝐭𝐢𝐨𝐧 𝐰𝐢𝐥𝐥 𝐛𝐞 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 𝐢𝐧 𝐧𝐞𝐱𝐭 𝐭𝐡𝐫𝐞𝐞 𝐩𝐚𝐫𝐭𝐬 🐰❤]
Written By
Guulili