Chapter(4)ဖိတ္ေခၚျခင္း
က်န္းရီေဖးသည္ လင္းယုတုန္က သူ႕ကိုစာျပန္လိမ့္မယ္လို႔မယ္လို႔ မေမ်ွာ္လင့္ထားတာေၾကာင့္ သူက ဒီစာကိုေတြ႕တဲ့အခါ ရုတ္တရက္ မတ္တပ္ေတာင္ထရပ္လိုက္ၿပီး တစ္ခဏေလာက္ သူ႕စိတ္က ေတြးေတာေနမိတယ္။မေမ်ွာ္လင့္ထားစြာဘဲ လင္းယုတုန္က သူ႕ကိုစာျပန္ရံုမက အထူးသျဖင့္ သူ႕အမည္ကုိပါထည့္ေျပာထားတာေၾကာင့္ ဒီအဓိပၸာယ္က လင္းက်ီေဆာင္က လက္ထပ္ျခင္းနွင့္ ပတ္သက္ၿပီးေျပာထားၿပီျဖစ္တယ္ဆိုတာ သိနိုင္တယ္။
သူက ခဏေလာက္တံု႔ဆိုင္းေနၿပီးေနာက္မွာ က်န္းရီေဖးက အျခားတစ္ဖက္ကို ဖုန္းေခၚလိုက္ၿပီး"လင္းေရွာက္ ကိုယ္ က်န္းရီေဖးပါ လက္ထပ္ပြဲနွင့္ပတ္သက္ၿပီး......"
လင္းယုတုန္က သူ႕စကားမဆံုးခင္မွာဘဲ ျဖတ္ေျပာလိုက္တယ္"တကယ္လို႔ မစၥတာက်န္းက ဟန္ေဆာင္ေနတာ မဟုတ္ရင္ ေက်းဇူးျပဳၿပီး က်ြန္ေတာ့္ကိုအခ်ိန္တစ္ပတ္ေလာက္ေပးပါ။အခုအိမ္ကို က်ြန္ေတာ့္အတန္းေဖာ္ကိုကလည္း က်ြန္ေတာ္က ဖိတ္ေခၚခဲ့တယ္ဆိုေတာ့ဧည့္ဝတ္ေက်ဖို႔ လိုတယ္။က်ြန္ေတာ္ ေက်ာင္းကိုျပန္မသြားခင္ ခင္ဗ်ားကို ဆက္သြယ္လိုက္ပါမယ္။အေၾကာင္းျပန္ပါ့မယ္။ခင္ဗ်ား အဲဒီအခ်ိန္အထိ ေစာင့္ေပးရင္ေရာ"
က်န္းရီေဖးက"ဒါက ျပသနာမရွိဘူး။ဒါက ခုနွစ္ရက္ထဲကို။ကိုယ္မင္းရဲ႕အေျဖကို ေစာင့္ေနမယ္"
လင္းယုတုန္က ဖုန္းခ်ၿပီးေတာ့ ေရခ်ိဳးလိုက္ၿပီး သူက ရုတ္တရက္ သူ႕စိတ္လႈပ္ရွားလာၿပီး တည္ၿငိမ္ေအာင္ မထိန္းနိုင္ေတာ့ဘူး။တကယ္ကိုဘဲ သူက သူကမွားလား?မွန္လားဆိုတာ သူမသိဘူး။ဒါေပမဲ့ ဒီလို လုပ္ျခင္းကဘဲ သူ႕မိသားစုကိုလံုၿခံဳစြာ ကာကြယ္ေပးနိုင္တဲ့ နည္းလမ္းျဖစ္တယ္။ထို႔အျပင္ သူက က်န္းရီေဖးက သူ႕မိသားစုကို ဘာေၾကာင့္ေရြးခ်ယ္ၿပီး သူႏွင့္နီးစပ္ခ်င္လဲဆိုတာ သူကတကယ္ကိုသိခ်င္ၿပီး သူရဲ႕သိခ်င္စိတ္ကို မခုခံနိုင္ဘူး။
လင္းယုတုန္က ဝင္ေငြရဖို႔ ဝတၳဳေရးသားရန္နွင့္ updateေပးဖို႔ ေတြးရင္းေတြးရင္းနွင့္ သူက ညနက္မွ အိပ္ေမာက်သြားတယ္။တကယ္လို႔ ေနာက္တေန႔ သူညီငယ္သာ သူ႕ကိုလာမေခၚဘူးဆိုရင္ သူက ဆက္ၿပီးေတာ့အိပ္ေပ်ာ္ေနေလာက္တယ္။
ခ်န္စုနင္က ရယ္ၿပီးေတာ့ ဆူလိုက္တယ္"ေကာင္ဆိုးေလး မင္းအတန္းေဖာ္ကို အိမ္မွာ ကစားဖို႔ ဖိတ္ထားၿပီးေတာ့ မင္းက မင္းဘာသာအိပ္ေပ်ာ္ေနတယ္။မင္း တမင္လုပ္တာလား?"
လင္းယုတုန္က အရွက္မဲ႔စြာ ျပန္ေျပာလိုက္တယ္"က်ြန္ေတာ္တို႔က အိပ္ေဆာင္တူတဲ့ ညီအကိုေတြဘဲ။ဘယ္လိုလုပ္ၿပီး အရမ္းသတိထားစရာလိုမွာလဲ?"
အဲဒီေနာက္မွာေတာ့ သူက ဟြားယုဘိုင္ကို စပ်စ္သီးတစ္ခိုင္ပစ္ေပလိုက္ၿပီး"ေလာင္စန္း ငါ မင္းကိုေျပာရအံုးမယ္။ဒီေနရာကို မင္းရဲ႕အိမ္လိုဘဲ သေဘာထားနိုင္တယ္။မင္းဗိုက္ဆာရင္ င့ါအေမကိုရွာလိုက္။မင္းအိပ္ခ်င္ရင္ အိပ္ရာထဲသြားလိုက္။တကယ္လို႔ မင္းစားခ်င္တာ တစ္ခုခုရွိရင္ ေျပာသာေျပာလိုက္။ဒီမွာ ယဥ္ေက်းစရာမလိုဘူး။ဟုတ္သားဘဲ! တကယ္လို႔ငါ့ညီေလးက သူ႕ရဲ႕ျပသနာေတြကို မင္းနဲ႔ေဆြးေႏြးခ်င္တယ္ဆိုရင္ မင္းက သူ႕ကိုလ်စ္လ်ဴရွဴလိုက္။အဲဒီကေလးက ေနာက္ဆံုးအခ်ိန္က်မွာ ျပင္ဆင္မႈလုပ္တတ္တာေလ။သူနဲ႔ထိုက္တန္တယ္"
ဒီအခ်ိန္မွာ ေမးခြန္းစာရြက္ေတြကိုင္ၿပီး ဟြားယုဘိုင္ကို လာရွာတဲ့ လင္းယုေဖးက"ေဟး အကိုႀကီး မင္းက ငါ့အကို အရင္းေရာဟုတ္ရဲ႕လား?မင္းရဲ႕ညီငယ္ေလး က်ြန္ေတာ္က တစ္နွစ္အတြင္းမွာ ေကာလိပ္ဝင္ခြင့္စာေမးပြဲေျဖရေတာ့မယ္။အကိုက က်ြန္ေတာ့္ကို က်ြန္ေတာ့္ရဲ႕ျဖည့္စြက္သင္ခန္းစာကို မကူညီရင္ေတာင္ မင္းက အကိုဟြားနဲ႔ က်ြန္ေတာ့္ရဲ႕ဆရာတပည့္ဆက္ဆံေရးကို မဖ်က္ဆီးနဲ႔"
ဟြားယုဘိုင္က ကုိးယို႔ကားယားနွင့္ေခါင္းကိုကုတ္လိုက္ၿပီး"ေရွာင္ေဖး မစိုးရိမ္နဲ႔။အကို မင္းကိုအတိအက်ကို ကူညီေပးမွာပါ"
လင္းယုတုန္က အၿပံဳးေလးႏွင့္ ေဘးမွာဝင္ထိုင္လိုက္ၿပီးသူညီရဲ႕ေပ်ာ္ရႊင္ေနတဲ့ မ်က္နွာကို ၾကည့္လိုက္ၿပီး သူက တိတ္ဆိတ္စြာနွင့္ စီးကရက္ကို ေသာက္လိုက္တယ္။
ခ်န္စုနင္က လာၿပီးေတာ့ စီးကရက္ကို ယူလိုက္ၿပီး"မင္း လူရွဳပ္ေလး ဘာေၾကာင့္ အိမ္ျပန္ေရာက္ၿပီးတာေတာင္ ဇြဲရွိရွိနဲ႔ ေဆးလိပ္ေသာက္ေနရတာလဲ?ေဆးလိပ္ကို ေလ်ာ့ေသာက္။ဒါက မင္းရဲ႕က်န္းမာေရးအတြက္မေကာင္းဘူးဆိုတာ သိရဲ႕သားနဲ႔"
သူမကေျပာၿပီးတာနွင့္ မိန္းမေစတစ္ေယာက္ကို ႏြားနို႔တစ္ခြက္ယူလာေစၿပီး"အရင္ဆံုး ႏြားႏို႔ ေသာက္ထားလိုက္။မၾကာခင္မွာ ေန႔လယ္စာအဆင့္သင့္ျဖစ္ေတာ့မယ္။တကယ္လို႔ သားအခုစားလိုက္ရင္ ေနာက္က်စားခ်င္စိတ္ရွိမွာ မဟုတ္ဘူး"
လင္းယုတုန္က ၿပံဳးၿပီးေျပာလိုက္တယ္"က်ြန္ေတာ္ မားေျပာ နားေထာင္ပါ့မယ္။က်ြန္ေတာ္ ျဖစ္နိုင္သမ်ွ ေဆးလိပ္ ေလ်ာ့ေသာက္ဖို႔ ႀကိဳးစားပါ့မယ္"
ခ်န္စုနင္က သူ႕သားရဲေခါင္းကိုပုတ္လိုက္ၿပီး"ဒါက ဒီရက္ေတြမွာ မားၾကားရတဲ့ သတင္းထဲမွာ အေကာင္းဆံုးဘဲ"
လင္းယုတုန္က ခြက္အလြတ္ကို သူ႕အေမကို လက္ထဲကို ထည့္ေပးလိုက္ၿပီး"ဒါဆို မား က်ြန္ေတာ္ အရင္ဆံုးအေပၚတက္ေတာ့မယ္။စားမယ့္အခ်ိန္ေရာက္မွ က်ြန္ေတာိ့ကို ေခၚလိုက္"
သူ႕ကို အစကေန ျပန္စတင္ဖို႔ ျပန္လည္ေမြးဖြားဖို႔ အခြင့္ေရးေပးခဲ႔ေသာ္လည္းလဲ သူက ဘုရားသခင္က သူ႕ကို ေပးတဲ့ အခြင့္အေရးကို ရယူနိုင္ဖို႔ လိုအပ္ေနေသးတယ္။
က်င္းဖန္စာေပကြန္ရက္က လြန္ခဲ့တဲ့နွစ္အနည္းငယ္ေလာက္ကမွ ေပၚေပါက္လာၿပီး လ်ွင္ျမန္တဲ့အဟုန္နဲ႔ ႀကီးထြားလာတာျဖစ္တယ္။ဒီအခ်ိန္မွာေတာ့ သူက အေရအေသြးျမင့္မားတဲ့ စာခ်ဳပ္ခ်ဳပ္ဖို႔သာ လိုအပ္ၿပီးေတာ့ သူကိုယ္တိုင္siteကို တည္ေထာင္ၿပီးေတာ့ သူ႕ရဲ႕အဆင့္အတန္းကို ျမင့္မားေအာင္ လုပ္ေဆာင္ဖို႔သာျဖစ္တယ္။
တကယ္ကိုဘဲ သူက သူ႕က်န္းမာေရးကိုလည္း ဂရုစိုက္ဖို႔ လိုအပ္ေသးတယ္။
အရင္ဘဝတုန္းက သူ႕မိသားစုက ေငြေၾကးက်ပ္တည္းကပ္ဆိုက္မႈႏွင့္ ၾကံဳေတြ႕ခဲ့ရၿပီး သူ႔အေဖက ဘဏ္ကေန ေခ်းေငြအမ်ားအျပားကို ေခ်းယူခဲ့ၿပီး သူက ဒီေငြကို ျပန္ေပးနိုင္ဖို႔အတြက္ သူက သူ႕ရဲ႕လက္ေရးစာမူၿပီးဆံုးဖို႔အတြက္ သူက အဆက္မျပတ္ တစ္ညလံုးတစ္ေန႔လံုး ေရးသားခဲ့ရတယ္။ဒါက သူ႕ကိုအက်ိဳးအျမတ္ရေစၿပီး သူကဝင္ေငြေကာင္းခဲ့ၿပီး စာဖတ္သူေတြကို ေပ်ာ္ရႊင္ေစေသာ္လည္းဘဲ သူ႕ခႏၶာကိုယ္က အေျခအေန ဆိုးသထက္ ဆိုးလာခဲ့တယ္။ဒီဘဝမွာေတာ့ ဒီလိုျဖစ္စရာအေၾကာင္း မရွိဘူး။သူက သူ႕ကိုယ္သူ လင္းမိသားစု၏သားႀကီးတစ္ေယာက္အေနနွင့္ သတိရေစဖို႔လိုအပ္ၿပီးေတာ့ ဘယ္လိုကိစၥဘဲျဖစ္ပါေစ သူ႕က်န္းမာေရးကို ဂရုစိုက္ရမယ္။ဒါ့ေၾကာင့္ အနည္းဆံုးေတာ့ တကယ္လို႔ အိမ္မွာျပသနာျဖစ္လာခဲ့ရင္ေတာင္ သူက တာဝန္ယူနိုင္ရမယ္။
လင္းယုတုန္က wetsiteကိုဖြင့္လိုက္ၿပီး သူက ေအာင္ျမင္စြာ log inလုပ္လိုက္ၿပီးေနာက္ သူက ဂရုတစိုက္နွင့္ တစ္စံုတစ္ခုကို ေတြးလိုက္တယ္။အခုခ်ိန္မွာသူက ကေလာင္အမည္"စန္းခ်ီဘိြဳင္း(တက္ႂကြေနတဲ့လူငယ္ေလး)"ဆိုတဲ့အမည္နဲ႔ ဝတၳဳတစ္ပုဒ္ကိုေရးသားေနတာျဖစ္ၿပီး ၄င္းက အစပိုင္းသာျဖစ္လို႔ ၿပီးျပည့္စံုေနတာမ်ိဳး မဟုတ္ဘူး။ဒါ့ေၾကာင့္ သူက အဲဒီတစ္ပုဒ္ကို ဖ်က္ၿပီးေတာ့ အစကေန ျပန္ေရးသားဖို႔ ရည္ရြယ္ထားတယ္။ဘယ္နည္းနဲ႔ျဖစ္ျဖစ္ သူက စုစုေပါင္းစာလံုးေရ၅၀၀၀၀ေရးသားဖို႔ မလိုအပ္ဘူး။သူက အခေၾကးေငြနွင့္တင္ထားတာ စာခ်ဳပ္ထားျခင္းလည္းမရွိေသးဘူး။ဒါ့ေၾကာင့္ သူက သူ႕ရဲ႕စာမူကို ျပန္လည္ျပင္ဆင္ဖို႔ ဘယ္သူ႕ခြင့္ျပဳခ်က္မွမလိုအပ္ဘဲ ရိုးရွင္းစြာ လုပ္ေဆာင္နိုင္တယ္။
ဦးဆံုးအေနျဖင့္ လင္းယုတုန္က folderအသစ္တစ္ခုကို ဖန္တီးလိုက္ၿပီး သူအရင္က ေရးသားခဲ႔သည့္ ဝတၳဳေတြရဲ႕ေခါင္းစဥ္ေတြကို ေရးသားလိုက္တယ္။သူက ဝတၳဳတစ္ပုဒ္ခ်င္းစီကို မ်ိဳးတူစုလိုက္ၿပီးေနာက္ေတာ့ သူက စတင္ၿပီးေတာ့ ဇာတ္ေကာင္ေတြအေၾကာင္း ဝတၳဳရဲ႕ဇာတ္ေၾကာင္းကိ စတင္ေရးသားလိုက္တယ္။ၿပီးခဲ့တဲ့နွစ္ေတြမွာဆိုရင္ သူေရးသားခဲ့တဲ့ ဝတၳဳေတြကို ေပါင္းစည္းလိုက္ရင္ အနည္းဆံုးစကားလံုးသန္း၃၀ေလာက္ရွိတယ္။ဒါက သူဆယ္စုနွစ္နီးပါးေရးသားခဲ့တာျဖစ္တယ္။ဒါေၾကာင့္ သူကစာအုပ္ထဲမွာ ပါဝင္သည့္တဲ့ ဇာတ္ေကာင္တိုင္းကို မွတ္မိဖို႔႔ မျဖစ္နိုင္ေပမဲ့ အဓိကဇာတ္ေကာင္ေတြကို သူက ရွင္းရွင္းလင္းလင္းနဲ႔ သူတို႔ရဲ႕အထင္ႀကီးစရာေကာင္းတဲ့ ဇာတ္ေကာင္ေနရာေတြကို မွတ္မိေနၿပီး သူက ဇာတ္ေၾကာင္းေတြကို ဖ်စ္ညစ္ေတြးေတာၿပီး ေရးသားနိုင္တယ္။
တကယ္လို႔စာေရးဆရာတစ္ေယာက္အတြက္ ဥာဏ္ကြန္႔ျမဴးမႈမရွိတာက ဘယ္ေလာက္ေတာင္ နာက်င္လဲဆိုတာ သူရွင္းရွင္းလင္းလင္းသိတယ္။သူကေတာ့ ဒီအခ်ိန္မွာ ဥာဏ္ကြန္႔ျမဴးစရာ မလိုအပ္ဘူး။ဘာေၾကာင့္လဲဆိုေတာ့ သူက အရင္ဘဝတုန္းက သူေရးခဲ့တဲ့ ဝတၳဳေတြကို ျပန္လည္ေရးသားေနတာျဖစ္ၿပီး သူက ဥာဏ္ကြန္႔ျမဴးစရာ မလိုအပ္ဘဲ သူက ပိုၿပီးေတာ့ ၿပီးျပည့့္စံုေအာင္ေရးသားရန္သာလိုအပ္တာျဖစ္ၿပီး ဒါကသူ႕လို ၿပီးျပည့္စံုတာကို နွစ္သက္တဲ့သူအတြက္ေတာ့ သတင္းေကာင္းဘဲ။
လင္းယုေဖးက အေပၚထပ္တက္လာၿပီး တံခါးလာေခါက္တဲ့အခ်ိန္မွာေတာ့ လင္းယုတုန္က သူေရးသားေနတဲ့ ဝတၳဳရဲ႕အဓိက ဇာတ္ေကာင္ေတြအေၾကာင္းကို ေရးသားၿပီးျဖစ္ၿပီး သူက ေနာက္တစ္ႀကိမ္ ခိုးယူျခင္းမခံရေအာင္ သူက စာရြက္စာတန္းေတြကို မွတ္သားထားလိုက္ၿပီး သီးသန္႔ေနရာအခ်ိဳ႕မွာလည္း သူကsaveထားလိုက္တယ္။အဲဒီေနာက္ေတာ့ သူက သူ႕ညီငယ္နွင့္အတူ စားဖို႔အတြက္ ဆင္းလာခဲ့တယ္။
"အကိုႀကီး အကို တကယ္ဘဲ က်န္းရီေဖးကိုလက္ထပ္မလို႔လား?"လင္းယုေဖးက သူတို႔ ေအာက္ဆင္းလာေတာ့ ေမးလိုက္တယ္။
"ဘာေၾကာင့္ ဒီလိုေျပာတာလဲ?"
"က်န္းရီေဖးမွာ မိေထြးရွိတယ္။က်န္းဟုန္တုက ငယ္ရြယ္ေသးတယ္။ၿပီးေတာ့ က်ြန္ေတာ္ၾကားတာက က်န္းရီေဖးက က်န္းမိသားစုမွာ မနွစ္သက္ခံရဘူး။က်န္းဟုန္တုကလည္း သူ႕ရဲ႕ဒုတိယဇနီးကို အရမ္းအေရးေပးတယ္။တကယ္လို႔ အကိုႀကီးက က်န္းရီေဖးကို လက္ထပ္ခ်င္ရင္ အတူေနဖို႔ ခက္ခဲနိုင္လားဆိုတာ မေျပာနိုင္ဘူးမလား?"
"တကယ္လို႔ ငါတို႔က လက္ထပ္ခဲ့ရင္ေတာင္ ငါက သူ႕ကိုတန္ဖုိးထားလို႔ဘဲ။သူ႕ရဲ႕ေနာက္ခံေၾကာင့္ မဟုတ္ဘူး။ေရွာင္ေဖး မင္းသိရမယ္။တစ္စံုတစ္ေယာက္က မိသားစုအေပၚဘဲ မွီခိုခဲ့ရင္ အသံုးမက်မိုက္မဲတဲ့သူဘဲ။ငါလိုခ်င္တဲ့သူက အစြမ္းအစရွိတဲ့သူမ်ိဳးဘဲ"
"အကိုႀကီးက သူက အစြမ္းအစရွိတဲ့သူဆိုတာ ဘယ္လိုလုပ္ ေသခ်ာေနတာလဲ?"
"ငါ့မ်က္လံုးေတြက ရွင္းရွင္းလင္းလင္း ျမင္ရတယ္ေလ"
သူ႕ရဲ႕ကိုယ္ပိုင္ခြန္အားနွင့္ က်န္းမိသားစုရဲ႕ေကာ္ပိုေရးရွင္းကို ပိုၿပီးစြမ္းအားႀကီးေအာင္ လုပ္ေဆာင္ၿပီး အျမင့္ဆံုးေနရာမွာ ရပ္တည္နိုင္တဲ့သူမ်ိဳးကို အစြမ္းအစရွိတဲ့သူလို႔ မေခၚဘူးလား?
"မစိုးရိမ္နဲ႔။အကိုႀကီးက ဘာလုပ္ေနလဲဆိုတာ သိပါတယ္"လင္းယုတုန္က သူ႕ညီရဲ႕ေခါင္းကို ပြတ္သပ္လိုက္တယ္။
"အာ အကိုႀကီး က်ြန္ေတာ့္ေခါင္းကို မထိနဲ႔။က်ြန္ေတာ့္ရဲ႕ ဆံပင္စတိုင္က လုပ္ရတာ ခက္ခဲတယ္"
လင္းယုတုန္က ဒါကို ၾကားေတာ့ စိတ္လႈပ္ရွားသြားၿပီး သူ႕ညီရဲ႕ေခါင္းကို ပိုၿပီးရွဳပ္ပြေအာင္ လုပ္လိုက္ၿပီး လ်ွင္ျမန္စြာ ေျပးထြက္သြားၿပီး ဒီအခ်ိန္မွာေတာ့ လင္းယုေဖးက ေဒါသတႀကီး လိုက္ဖမ္းေတာ့တယ္။
ထမင္းစားၿပီးသည့္ေနာက္ ဟြားယုဘိုင္ကို လင္းယုေဖးက သူလုပ္ထားတဲ့ ေလယာဥ္ေမာ္ဒယ္ေလးေတြကို ျပဖို႔ ဆြဲေခၚသြားၿပီး လင္းယုတုန္က ထမင္းစားခန္းထဲမွာ လက္ဖက္ရည္ေသာက္ရင္း က်န္ေနခဲ့တယ္။
ခ်န္စုနင္က သူမသားကို အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္စြာ စိုက္ၾကည့္ၿပီးမွ"တုန္တုန္ မၾကာေသးခင္က တစ္ခုခုျဖစ္ခဲ့ေသးလား?"
လင္းယုတုန္က သူ႕အေမထက္ သူ႕ကို ပိုၿပီးနားလည္နိုင္တဲ့သူမရွိဘူးလို႔ ေတြးလိုက္ၿပီး သူရဲ႕အျပဳအမူက သက္ေသာင့္သက္သာရပံုနွင့္ျပန္ေျဖလိုက္တယ္"ထူးျခားတာ မရွိပါဘူး။မား က်ြန္ေတာ့္ကို ဘာေၾကာင့္ ေမးတာလဲ?"
ခ်န္စုနင္က ေျပာလိုက္တယ္"သားရဲ႕ခံစားခ်က္ေတြက မတူေတာ့သလိုဘဲ။ဒါေပမဲ့ မားက ဒါကို ျမင္နိုင္ေသးတယ္"
တကယ္ကိုဘဲ သူမသားက ဒီအားလပ္ရက္မွာအိမ္ျပန္လာတဲ့အခါ သူက မၾကာခဏ မိန္းေမာေတြေဝေနတတ္ၿပီး သူ႕ကိုၾကည့္ရတာ အမ်ားႀကီးေျပာင္းလဲသြားတယ္လို႔ သူမက ခံစားရတယ္။သူမက သူမကေလးေတြအေၾကာင္း အသိဆံုးဘဲ။သူက ပိုၿပီးေတာ့ စဥ္းစားတတ္လာတယ္။ဒါေပမဲ့ အခု သူရဲ႕စိတ္က ပိုၿပီးပြင့္လင္းခိုင္မာလာၿပီး သူစကားေျပာတဲ့အခါ ေစ့စပ္ေသခ်ာၿပီး ဥာဏ္ေကာင္းလာတယ္ဆိုတာ ျမင္နုိင္တယ္။
လင္းယုတုန္က ၿပံဳးလိုက္ၿပီး သူ႕မ်က္နွာကို သူမေရွ႕ကို တိုးလိုက္ၿပီး"မား မားေျပာခ်င္တာက က်ြန္ေတာ္က ေက်ာင္းစတက္ေနကတည္းက က်ြန္ေတာ္က ပိုၿပီးေခ်ာေမာခန္႔ညားလာတာလား?"
ခ်န္စုနင္က သူမသား၏မ်က္နွာကို အေဝးကို တြန္းထုတ္လိုက္ၿပီး"သြားစမ္းပါ!"
သူမက လင္းယုတုန္က ဒင္းဆမ္းမုန္႔တစ္ခုကိုယူၿပီး သြားဖို႔လုပ္ေနတာကို ျမင္ေတာ့မွ သူမက ျမန္ျမန္ေလးေခၚလိုက္တယ္"ခဏ မေန႔က သားရဲ႕ပါးက မားကို ေျပာေတာ့ သားက က်န္းရီေဖးနဲ႔အတူ ႀကိဳးစားၾကည့္ခ်င္တယ္ဆို သားအတည္ေျပာေနလား? "
လင္းယုတုန္က မေန႔တုန္း massageအေၾကာင္းကို ေတြးလိုက္ၿပီး ေခါင္းၿငိမ့္ျပလိုက္တယ္"က်ြန္ေတာ္က သူ႕ကို ခုႏွစ္ရက္အတြင္းအေျဖေပးမယ္လို႔ ေျပာထားတယ္"
ခ်န္စုနင္က အခ်ိန္အေတာ္ၾကာထိ ေျပာစရာစကား မရွိေတာ့ဘဲ သူမေမးခ်င္တာေတြကို သူမနွလံုးသားထဲမွာ နွစ္ႁမွဳပ္ထားလိုက္ေတာ့တယ္။
အားလပ္ရက္က ေက်ာင္းတက္ရတဲ့ ရက္ေတြႏွင့္ ႏိႈင္းယွဥ္ရင္ လွ်င္ျမန္စြာ ကုန္ဆံုးသြားၿပီး လင္းယုတုန္က အိမ္မွာဘဲ အနားယူေနတယ္။တကယ္လို႔သူက စားေနတဲ့အခ်ိန္မဟုတ္ဘူးဆိုရင္ အိပ္ေနတာျဖစ္ၿပီး အရင္ဘဝတုန္းက သူက ဒီလိုအိပ္ဖို႔ေတာင္ မတတ္နိုင္ခဲ့ဘူး။ဒါေပမဲ့ သူက မအိပ္ခ်င္တာ သို႔မဟုတ္ ဗိုက္ျပည့္ေနတဲ့အခ်ိန္မ်ိဳးဆိုရင္ေတာ့ သူရဲ႕ဝတၳဳကို အၾကမ္းဖ်င္းေရးသားၿပီး သူpointေတြကို ေမ့ေလ်ာ့ေနတဲ့အခ်ိန္မ်ိဳးမွာေတာ့ ဒါကို ေဘးခ်ထားလိုက္ၿပီး သူရင္းနွီးႁမွဳပ္နွံဖို႔ ဘယ္စီမံကိန္းေတြက သင့္ေလ်ာ္လဲဆိုတာ အရင္ဘဝအေၾကာင္း ျပန္ေတြးေတာတယ္။
ဟြားယုဘိုင္ကလည္း လင္းယုတုန္နွင့္တူညီတယ္။ဒါေပမဲ့ လင္းယုတုန္က ဝတၳဳေရးတာမ်ိဳး ရင္းႏွီးႁမွဳပ္နွံမယ့္အေၾကာင္းေတြးေနခ်ိန္မွာေတာ့ လင္းယုေဖးက သူကို ဆြဲေခၚသြားၿပီး ေမးခြန္းေတြေျဖဖို႔ အႀကံဥာဏ္ေတာင္းတာမ်ိဳး သို႔မဟုတ္ သူက လင္းက်ီေဆာင္နွင့္စစ္တုရင္ကစားတာမ်ိဳးျဖစ္တယ္။ဒီလိုနွင့္ မ်က္ေတာင္တစ္ခတ္အတြင္းမွာဘဲ အခ်ိန္နွစ္ရက္ ကုန္ဆံုးသြားတယ္။
တတိယရက္မွာေတာ့ ေလာင္လီက ဖုန္းေခၚလာၿပီး သူ႕သူငယ္ခ်င္းေတြႏွင့္အတူ အပန္းေျဖခရီးသြားဖို႔ စီစဥ္ထားၿပီးမွ သူ႕ရဲ႕သူငယ္ခ်င္းေတြက ရန္ျဖစ္ၿပီး မသြားျဖစ္ေတာ့တာေၾကာင့္ သူဝယ္ထားတဲ့ လက္မွတ္ေတြက အေလအလြင့္ျဖစ္ေတာ့မွာကို စိုးရိမ္ေၾကာင္း ေဒါသတႀကီးေျပာျပခဲ့တယ္။
လင္းယုတုန္က ဒီအေၾကာင္းကို ေတြးၾကည့္လိုက္ၿပီး ဘာဘဲျဖစ္ျဖစ္ အိမ္မွာေနတာဘဲျဖစ္ျဖစ္ အပန္းေျဖခရီးသြားတာဘဲ ျဖစ္ျဖစ္ သူ႕အတြက္ေတာ့ ပ်င္းစရာေကာင္းတယ္။ဒါေၾကာင့္ သူက ဟြားယုဘိုင္ကို ေမးလိုက္တယ္"ေလာင္စန္း မင္းအပန္းေျဖခရီးသြားခ်င္လား?ေရွာင္ေလာင္က သူ႕သူငယ္ခ်င္းေတြက ရန္ျဖစ္ၿပီးေတာ့ မသြားျဖစ္တာေၾကာင့္ သူဝယ္ထားတဲ့ လက္မွတ္ေတြကို ျဖဳန္းတီးသလိုျဖစ္မွာစုိးတယ္လို႔ ေျပာတယ္"
ဟြားယုဘိုင္က ေျပာလိုက္တယ္"ဒါေပမဲ့ ေရွာင္ေဖးမွာ ေမးခြန္းေတြက်န္ေနေသးတယ္"
လင္းယုတုန္က သူ႕ညီကို စိုက္ၾကည့္လိုက္ၿပီး"မင္းကသူ႕အေပၚအေႀကြးတင္ေနတာမွမဟုတ္တာ။သူ႕ကို နွစ္ရက္ေလာက္ ကူညီေပးတာက လံုေလာက္ၿပီ။သူ႕ကို စိတ္ထဲမထားနဲ႔"
လင္းယုေဖးလည္း ေျပာလိုက္တယ္"ဒါမွန္တယ္ အကိုဟြား သြားကစားလိုက္။က်ြန္ေတာ္က က်န္တဲ့ ေမးခြန္းေတြကို အလ်ွင္လိုတာလည္း မဟုတ္ဘူး။က်ြန္ေတာ္က က်ြန္ေတာ့္ဘာသာေျဖးေျဖးခ်င္းေလ့လာလို႔ရတယ္"
ၿပီးေတာ့ သူက သူ႔အကိုႀကီးကို တစ္ခ်က္ၾကည့္လိုက္ၿပီး"လင္းယုတုန္ မင္းက တကယ္ဘဲ ငါ့အကိုအရင္းလား?"
လင္းယုတုန္က သူ႕ညီငယ္၏မ်က္နွာကို ဆြဲဖဲ့လိုက္တယ္။
ဟြားယုဘိုင္ကလည္း ဒီအေၾကာင္းကို ေတြးၾကည့္လိုက္ၿပီး လင္းယုတုန္နွင့္အတူရွိေနတဲ့ တစ္ေလ်ွာက္လံုးက အဆင္ေျပတယ္။ဒါေပမဲ့ အႀကီးေတြေရွ႕မွာ ေနရတာက နည္းနည္းေတာ့ ကယို႔ကားယားျဖစ္တယ္လို႔ခံစားရယ္။အထူးသျဖင့္ လင္းပါးပါးနွင့္ စစ္တုရင္ကစားတဲ့အခါ သူက ေသခ်ာမကစားလို႔ ရွံဳးသြားတာဘဲျဖစ္ျဖစ္ တကယ္လို႔ သူနိုင္သြားတာဘဲျဖစ္ျဖစ္ အားတံု႔အားနာျဖစ္ရတယ္။ဒါ့ေၾကာင့္ သူက အျပင္ထြက္လည္ဖို႔ ဆံုးျဖတ္လိုက္တယ္။
လင္းယုတုန္က ေလာင္လီႏွင့္ဆံုမယ္ေနရာကို ကားေမာင္းလာခဲ့ၿပီး ဒီအခ်ိန္မွာေတာ့ ေလာင္လီက ရွင္းခ်န္ထင္ကို ဖုန္ေခၚလိုက္ၿပီး ရွင္းခ်န္းထင္ကို သူတို႔ညီအကိုသံုးေယာက္အတူသြားမွာကို ၾကားတာေၾကာင့္ သူ႕အတြက္လည္း လက္မွတ္ရွိေၾကာင္း ေျပာလိုက္တယ္။
ေလာင္လီက သူ႕လက္ထဲက လက္မွတ္ေျခာက္ေစာင္ကို ၾကည့္လိုက္ၿပီး"ဒါဆိုရင္ ငါတို႔မွာ နွစ္ေဆာင္ပိုေနေသးတယ္။လင္းဇီ ဘာေၾကာင့္ မင္းညီေလးကို မေခၚခဲ့တာလဲ?"
"သူက ေနာက္နွစ္ရက္ၿပီးရင္ ေက်ာင္းျပန္သြားရမယ္။ဒီကိုလာလည္း အလကားဘဲ"
"ဒါဆိုရင္ ဒါကိ ေမ့လိုက္ေတာ့ အရင္သြားၿပီးမွ စကားေျပာရေအာင္
အပန္းေျဖခရီးကို ေလာင္လီ၏ကားနွင့္ ေမာင္းလာၿပီး လင္းယုတုန္က ခရီးသည္ေနရာမွာ ထိုင္ၿပီး အေတြးမ်ားေနတယ္။ေလာင္လီက ျပင္းျပစြာ ေမးလိုက္တယ္"မင္းဘာေတြးေနတာလဲ?"
လင္းယုတုန္က ခဏေလာက္ ၾကာမွ ေျပာလိုက္တယ္"ငါေတြးေနတာ ငါတို႔နဲ႔ joinဖို႔ တစ္စံုတစ္ေယာက္ကို ေခၚသင့္လားလို႔။အခုခ်ိန္မွာ ငါက သူနဲ႔အရမ္းေတာ့ မရင္းနွီးေပေသာ္လည္းဘဲ ဒါက တစ္ေယာက္နဲ႔တစ္ေယာက္ သိလာဖို႔ အခြင့္ေကာင္းျဖစ္နိုင္တယ္ေလ"
"ငါမင္းတို႔အိမ္ကို ပထမဆံုးေရာက္တဲ႔အခ်ိန္ကေတြ႕ခဲ့တဲ့ လူႀကီးလူေကာင္းလား?"ဟြားယုဘိုင္က ၿပံဳးၿဖဲၿဖဲႏွင့္ ေမးလိုက္တယ္။
"အာ?ယုဘိုင္ မင္းလည္းတြ႕ဖူးတာလား?"ေလာင္လီက ေျပာလိုက္တယ္။
"သူဆိုရင္ ျမင္ဖူးတယ္"ဟြားယုဘိုင္က လင္းယုတုန္၏ထိုင္ခံုေနာက္ကို ရိုက္လိုက္ၿပီး"ငါျမင္တာခဲ့တာေတာ့ လူႀကီးလူေကာင္းကို ၾကည့္တဲ့ မင္းမ်က္လံုးထဲက ႏူးညံ့သိမ္ေမြ႕မႈေနတာဘဲ"
"ငါ့ေျခေထာက္ကိုဘဲ ႏူးညံ့သိမ္ေမြ႕လိုက္!ငါတို႔က အရင္က ေတြ႕ဖူးတာေတာင္ မဟုတ္ဘူး"
"အိုး မဟုတ္ေသးဘူး!ငါးညီနံ႔ေတြရေနတယ္။ျမန္ျမန္လုပ္ သူ႕ကိုေခၚလိုက္" ေလာင္လီက ေပ်ာ္ရႊင္စြာ ၾကည့္လိုက္ၿပီး အကူအညီမဲ့စြာ တိုက္တြန္းလိုက္တယ္ယ
လင္းယုတုန္က တကယ္လို႔သူတို႔က လက္ထပ္ျဖစ္ရင္ သူတို႔က တစ္ေယာက္နွင့္တစ္ေယာက္ မၾကာခဏ ျမင္ေနရမွာ က်ိန္းေသတယ္။ဒါဆိုရင္ သူတို႔က အနည္းဆံုးေတာ့ တစ္ေယာက္အေျခအေနကို တစ္ေယာက္ နားလည္ထားဖို႔ဆိုရင္ သူတုိ႔က အတူရွိေနၿပီး စကားေျပာထားရင္ နားလည္နိုင္တယ္။မဟုတ္ရင္ တကယ္လို႔ သူတို႔ အတူရွိၿပီးမွ တစ္ေယာက္နွင္တစ္ေယာက္ သက္ေသာင့္သက္သာ မျဖစ္ဘဲေနလိမ့္မယ္။ဒါဆိုရင္ သူတုိ႔က ဒါကို စိုးရိမ္ေနရလိမ့္မယ္။ေယဘုယ်အားျဖင့္ စကားေျပာျခင္းကေန သူတို႔မွာ ျပသနာေတြကို အေကာင္းဆံုး ေျဖရွင္းဖို႔ အခြင့္ေကာင္းရလိမ့္မယ္။
လင္းယုတုန္ ဖုန္းေခၚလာတဲ့အခ်ိန္မွာေတာ့ က်န္းရီေဖးက အားလပ္ေနတာ မဟုတ္ဘဲ လုပ္ငန္းအစီအစဥ္ကို ဂရုတစိုက္နွင့္ ၾကည့္ေနတာျဖစ္တယ္။သူ၏ဘယ္ဘက္နွင့္ ညာဘက္မွာ အမ်ိဳးသားနွစ္ေယာက္ ထိုင္ေနၿပီး နွစ္ေယာက္လံုးက က်န္းရီေဖး၏ဖုန္းက ဖုန္းဝင္လာတာေၾကာင့္ က်န္းရီေဖးကို ၾကည့္လိုက္ၾကတယ္။အေၾကာင္းရင္းက က်န္းရီေဖးက ဖုန္းကို မခ်လိုက္ဘဲ သူက ဖုန္းေခၚသူရဲ႕IDျမင္တဲ့အခ်ိန္မွာ သူက မ်က္ေမွာင္ၾကဳတ္ေနၿပီး ဖုန္းringtoneသံက မရပ္တန္႔ခင္မွာ သူက တည္ၿငိမ္တဲ့အသံနွင့္ ဖုန္းေျဖလိုက္တယ္"ဟဲလို"
တစ္ဖက္က ေျပာတာကို ခဏေလာက္ၾကာေအာင္ နားေထာင္ေနၿပီးမွ သူက သံသယရွိစြာ ေမးလိုက္တယ္"မင္း ကိုယ့္ကို ငါးမ်ွားဖို႔ဖိတ္ေခၚတာလား?"
"အင္း။က်ြန္ေတာ့္အတန္းေဖာ္က ငါးမ်ွားဖို႔အပါအဝင္ အစားအေသာက္နဲ႔ ေနရာထိုင္ခင္းအားလံုးပါတဲ့ လက္မွတ္နွစ္ေစာင္ အပိုရွိတယ္။ခင္ဗ်ား လာခ်င္လား?ခင္ဗ်ား ဒီေနရာမွာ အျခားသူေတြလို အပန္းေျဖတာ ဒါမွမဟုတ္ တစ္စံုတစ္ခု လုပ္နိုင္တယ္"
"......."က်န္းရီေဖးက အနည္းငယ္ တုန္႔ဆိုင္းေနၿပီးမွ သူ႕လက္ထဲက အခ်က္အလက္ေတြကို ခ်ထားလိုက္ၿပီး ေျပာလိုက္တယ္"ကိုယ့္ကို လိပ္စာပို႔လိုက္"
--------------------------------------
(5900)
Chapter(4)ဖိတ်ခေါ်ခြင်း
ကျန်းရီဖေးသည် လင်းယုတုန်က သူ့ကိုစာပြန်လိမ့်မယ်လို့မယ်လို့ မမျှော်လင့်ထားတာကြောင့် သူက ဒီစာကိုတွေ့တဲ့အခါ ရုတ်တရက် မတ်တပ်တောင်ထရပ်လိုက်ပြီး တစ်ခဏလောက် သူ့စိတ်က တွေးတောနေမိတယ်။မမျှော်လင့်ထားစွာဘဲ လင်းယုတုန်က သူ့ကိုစာပြန်ရုံမက အထူးသဖြင့် သူ့အမည်ကိုပါထည့်ပြောထားတာကြောင့် ဒီအဓိပ္ပာယ်က လင်းကျီဆောင်က လက်ထပ်ခြင်းနှင့် ပတ်သက်ပြီးပြောထားပြီဖြစ်တယ်ဆိုတာ သိနိုင်တယ်။
သူက ခဏလောက်တုံ့ဆိုင်းနေပြီးနောက်မှာ ကျန်းရီဖေးက အခြားတစ်ဖက်ကို ဖုန်းခေါ်လိုက်ပြီး"လင်းရှောက် ကိုယ် ကျန်းရီဖေးပါ လက်ထပ်ပွဲနှင့်ပတ်သက်ပြီး......"
လင်းယုတုန်က သူ့စကားမဆုံးခင်မှာဘဲ ဖြတ်ပြောလိုက်တယ်"တကယ်လို့ မစ္စတာကျန်းက ဟန်ဆောင်နေတာ မဟုတ်ရင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုအချိန်တစ်ပတ်လောက်ပေးပါ။အခုအိမ်မှာ ကျွန်တော့်အတန်းဖော်ကိုကလည်း ကျွန်တော်က ဖိတ်ခေါ်ခဲ့တယ်ဆိုတော့ဧည့်ဝတ်ကျေဖို့ လိုတယ်။ကျွန်တော် ကျောင်းကိုပြန်မသွားခင် ကျွန်တော် ခင်ဗျားကို ဆက်သွယ်လိုက်ပါမယ်။အကြောင်းပြန်ပါ့မယ်။ခင်ဗျား အဲဒီအချိန်အထိ စောင့်ပေးရင်ရော"
ကျန်းရီဖေးက"ဒါက ပြသနာမရှိဘူး။ဒါက ခုနှစ်ရက်ထဲကို။ကိုယ်မင်းရဲ့အဖြေကို စောင့်နေမယ်"
လင်းယုတုန်က ဖုန်းချပြီးတော့ ရေချိုးလိုက်ပြီး သူက ရုတ်တရက် သူ့စိတ်လှုပ်ရှားလာပြီး တည်ငြိမ်အောင် မထိန်းနိုင်တော့ဘူး။တကယ်ကိုဘဲ သူက သူကမှားလား?မှန်လားဆိုတာ သူမသိဘူး။ဒါပေမဲ့ ဒီလို လုပ်ခြင်းကဘဲ သူ့မိသားစုကိုလုံခြုံစွာ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းဖြစ်တယ်။ထို့အပြင် သူက ကျန်းရီဖေးက သူ့မိသားစုကို ဘာကြောင့်ရွေးချယ်ပြီး သူနှင့်နီးစပ်ချင်လဲဆိုတာ သူကတကယ်ကိုသိချင်ပြီး သူရဲ့သိချင်စိတ်ကို မခုခံနိုင်ဘူး။
လင်းယုတုန်က ဝင်ငွေရဖို့ ဝတ္ထုရေးသားရန်နှင့် updateပေးဖို့ တွေးရင်းတွေးရင်းနှင့် သူက ညနက်မှ အိပ်မောကျသွားတယ်။တကယ်လို့ နောက်တနေ့ သူညီငယ်သာ သူ့ကိုလာမခေါ်ဘူးဆိုရင် သူက ဆက်ပြီးတော့အိပ်ပျော်နေလောက်တယ်။
ချန်စုနင်က ရယ်ပြီးတော့ ဆူလိုက်တယ်"ကောင်ဆိုးလေး မင်းအတန်းဖော်ကို အိမ်မှာ ကစားဖို့ ဖိတ်ထားပြီးတော့ မင်းက မင်းဘာသာအိပ်ပျော်နေတယ်။မင်း တမင်လုပ်တာလား?"
လင်းယုတုန်က အရှက်မဲ့စွာ ပြန်ပြောလိုက်တယ်"ကျွန်တော်တို့က အိပ်ဆောင်တူတဲ့ ညီအကိုတွေဘဲ။ဘယ်လိုလုပ်ပြီး အရမ်းသတိထားစရာလိုမှာလဲ?"
အဲဒီနောက်မှာတော့ သူက ဟွားယုဘိုင်ကို စပျစ်သီးတစ်ခိုင်ပစ်ပေလိုက်ပြီး"လောင်စန်း ငါ မင်းကိုပြောရအုံးမယ်။ဒီနေရာကို မင်းရဲ့အိမ်လိုဘဲ သဘောထားနိုင်တယ်။မင်းဗိုက်ဆာရင် ငါ့အမေကိုရှာလိုက်။မင်းအိပ်ချင်ရင် အိပ်ရာထဲသွားလိုက်။တကယ်လို့ မင်းစားချင်တာ တစ်ခုခုရှိရင် ပြောသာပြောလိုက်။ဒီမှာ ယဉ်ကျေးစရာမလိုဘူး။ဟုတ်သားဘဲ! တကယ်လို့ငါ့ညီလေးက သူ့ရဲ့ပြသနာတွေကို မင်းနဲ့ဆွေးနွေးချင်တယ်ဆိုရင် မင်းက သူ့ကိုလျစ်လျူရှူလိုက်။အဲဒီကလေးက နောက်ဆုံးအချိန်ကျမှာ ပြင်ဆင်မှုလုပ်တတ်တာလေ။သူနဲ့ထိုက်တန်တယ်"
ဒီအချိန်မှာ မေးခွန်းစာရွက်တွေကိုင်ပြီး ဟွားယုဘိုင်ကို လာရှာတဲ့ လင်းယုဖေးက"ဟေး အကိုကြီး မင်းက ငါ့အကို အရင်းရောဟုတ်ရဲ့လား?မင်းရဲ့ညီငယ်လေး ကျွန်တော်က တစ်နှစ်အတွင်းမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေရတော့မယ်။အကိုက ကျွန်တော့်ကို ကျွန်တော့်ရဲ့ဖြည့်စွက်သင်ခန်းစာကို မကူညီရင်တောင် မင်းက အကိုဟွားနဲ့ ကျွန်တော့်ရဲ့ဆရာတပည့်ဆက်ဆံရေးကို မဖျက်ဆီးနဲ့"
ဟွားယုဘိုင်က ကိုးယို့ကားယားနှင့်ခေါင်းကိုကုတ်လိုက်ပြီး"ရှောင်ဖေး မစိုးရိမ်နဲ့။အကို မင်းကိုအတိအကျကို ကူညီပေးမှာပါ"
လင်းယုတုန်က အပြုံးလေးနှင့် ဘေးမှာဝင်ထိုင်လိုက်ပြီးသူညီရဲ့ပျော်ရွှင်နေတဲ့ မျက်နှာကို ကြည့်လိုက်ပြီး သူက တိတ်ဆိတ်စွာနှင့် စီးကရက်ကို သောက်လိုက်တယ်။
ချန်စုနင်က လာပြီးတော့ စီးကရက်ကို ယူလိုက်ပြီး"မင်း လူရှုပ်လေး ဘာကြောင့် အိမ်ပြန်ရောက်ပြီးတာတောင် ဇွဲရှိရှိနဲ့ ဆေးလိပ်သောက်နေရတာလဲ?ဆေးလိပ်ကို လျော့သောက်။ဒါက မင်းရဲ့ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာ သိရဲ့သားနဲ့"
သူမကပြောပြီးတာနှင့် မိန်းမစေတစ်ယောက်ကို နွားနို့တစ်ခွက်ယူလာစေပြီး"အရင်ဆုံး နွားနို့ သောက်ထားလိုက်။မကြာခင်မှာ နေ့လယ်စာအဆင့်သင့်ဖြစ်တော့မယ်။တကယ်လို့ သားအခုစားလိုက်ရင် နောက်ကျစားချင်စိတ်ရှိမှာ မဟုတ်ဘူး"
လင်းယုတုန်က ပြုံးပြီးပြောလိုက်တယ်"ကျွန်တော် မားပြော နားထောင်ပါ့မယ်။ကျွန်တော် ဖြစ်နိုင်သမျှ ဆေးလိပ် လျော့သောက်ဖို့ ကြိုးစားပါ့မယ်"
ချန်စုနင်က သူ့သားရဲခေါင်းကိုပုတ်လိုက်ပြီး"ဒါက ဒီရက်တွေမှာ မားကြားရတဲ့ သတင်းထဲမှာ အကောင်းဆုံးဘဲ"
လင်းယုတုန်က ခွက်အလွတ်ကို သူ့အမေကို လက်ထဲကို ထည့်ပေးလိုက်ပြီး"ဒါဆို မား ကျွန်တော် အရင်ဆုံးအပေါ်တက်တော့မယ်။စားမယ့်အချိန်ရောက်မှ ကျွန်တောိ့ကို ခေါ်လိုက်"
သူ့ကို အစကနေ ပြန်စတင်ဖို့ ပြန်လည်မွေးဖွားဖို့ အခွင့်ရေးပေးခဲ့သော်လည်းလဲ သူက ဘုရားသခင်က သူ့ကို ပေးတဲ့ အခွင့်အရေးကို ရယူနိုင်ဖို့ လိုအပ်နေသေးတယ်။
ကျင်းဖန်စာပေကွန်ရက်က လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကမှ ပေါ်ပေါက်လာပြီး လျှင်မြန်တဲ့အဟုန်နဲ့ ကြီးထွားလာတာဖြစ်တယ်။ဒီအချိန်မှာတော့ သူက အရေအသွေးမြင့်မားတဲ့ စာချုပ်ချုပ်ဖို့သာ လိုအပ်ပြီးတော့ သူကိုယ်တိုင်siteကို တည်ထောင်ပြီးတော့ သူ့ရဲ့အဆင့်အတန်းကို မြင့်မားအောင် လုပ်ဆောင်ဖို့သာဖြစ်တယ်။
တကယ်ကိုဘဲ သူက သူ့ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုအပ်သေးတယ်။
အရင်ဘဝတုန်းက သူ့မိသားစုက ငွေကြေးကျပ်တည်းကပ်ဆိုက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး သူ့အဖေက ဘဏ်ကနေ ချေးငွေအများအပြားကို ချေးယူခဲ့ပြီး သူက ဒီငွေကို ပြန်ပေးနိုင်ဖို့အတွက် သူက သူ့ရဲ့လက်ရေးစာမူပြီးဆုံးဖို့အတွက် သူက အဆက်မပြတ် တစ်ညလုံးတစ်နေ့လုံး ရေးသားခဲ့ရတယ်။ဒါက သူ့ကိုအကျိုးအမြတ်ရစေပြီး သူကဝင်ငွေကောင်းခဲ့ပြီး စာဖတ်သူတွေကို ပျော်ရွှင်စေသော်လည်းဘဲ သူ့ခန္ဓာကိုယ်က အခြေအနေ ဆိုးသထက် ဆိုးလာခဲ့တယ်။ဒီဘဝမှာတော့ ဒီလိုဖြစ်စရာအကြောင်း မရှိဘူး။သူက သူ့ကိုယ်သူ လင်းမိသားစု၏သားကြီးတစ်ယောက်အနေနှင့် သတိရစေဖို့လိုအပ်ပြီးတော့ ဘယ်လိုကိစ္စဘဲဖြစ်ပါစေ သူ့ကျန်းမာရေးကို ဂရုစိုက်ရမယ်။ဒါ့ကြောင့် အနည်းဆုံးတော့ တကယ်လို့ အိမ်မှာပြသနာဖြစ်လာခဲ့ရင်တောင် သူက တာဝန်ယူနိုင်ရမယ်။
လင်းယုတုန်က wetsiteကိုဖွင့်လိုက်ပြီး သူက အောင်မြင်စွာ log inလုပ်လိုက်ပြီးနောက် သူက ဂရုတစိုက်နှင့် တစ်စုံတစ်ခုကို တွေးလိုက်တယ်။အခုချိန်မှာသူက ကလောင်အမည်"စန်းချီဘွိုင်း(တက်ကြွနေတဲ့လူငယ်လေး)"ဆိုတဲ့အမည်နဲ့ ဝတ္ထုတစ်ပုဒ်ကိုရေးသားနေတာဖြစ်ပြီး ၎င်းက အစပိုင်းသာဖြစ်လို့ ပြီးပြည့်စုံနေတာမျိုး မဟုတ်ဘူး။ဒါ့ကြောင့် သူက အဲဒီတစ်ပုဒ်ကို ဖျက်ပြီးတော့ အစကနေ ပြန်ရေးသားဖို့ ရည်ရွယ်ထားတယ်။ဘယ်နည်းနဲ့ဖြစ်ဖြစ် သူက စုစုပေါင်းစာလုံးရေ၅၀၀၀၀ရေးသားဖို့ မလိုအပ်ဘူး။သူက အခကြေးငွေနှင့်တင်ထားတာ စာချုပ်ထားခြင်းလည်းမရှိသေးဘူး။ဒါ့ကြောင့် သူက သူ့ရဲ့စာမူကို ပြန်လည်ပြင်ဆင်ဖို့ ဘယ်သူ့ခွင့်ပြုချက်မှမလိုအပ်ဘဲ ရိုးရှင်းစွာ လုပ်ဆောင်နိုင်တယ်။
ဦးဆုံးအနေဖြင့် လင်းယုတုန်က folderအသစ်တစ်ခုကို ဖန်တီးလိုက်ပြီး သူအရင်က ရေးသားခဲ့သည့် ဝတ္ထုတွေရဲ့ခေါင်းစဉ်တွေကို ရေးသားလိုက်တယ်။သူက ဝတ္ထုတစ်ပုဒ်ချင်းစီကို မျိုးတူစုလိုက်ပြီးနောက်တော့ သူက စတင်ပြီးတော့ ဇာတ်ကောင်တွေအကြောင်း ဝတ္ထုရဲ့ဇာတ်ကြောင်းကိ စတင်ရေးသားလိုက်တယ်။ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် သူရေးသားခဲ့တဲ့ ဝတ္ထုတွေကို ပေါင်းစည်းလိုက်ရင် အနည်းဆုံးစကားလုံးသန်း၃၀လောက်ရှိတယ်။ဒါက သူဆယ်စုနှစ်နီးပါးရေးသားခဲ့တာဖြစ်တယ်။ဒါကြောင့် သူကစာအုပ်ထဲမှာ ပါဝင်သည့်တဲ့ ဇာတ်ကောင်တိုင်းကို မှတ်မိဖို့ မဖြစ်နိုင်ပေမဲ့ အဓိကဇာတ်ကောင်တွေကို သူက ရှင်းရှင်းလင်းလင်းနဲ့ သူတို့ရဲ့အထင်ကြီးစရာကောင်းတဲ့ ဇာတ်ကောင်နေရာတွေကို မှတ်မိနေပြီး သူက ဇာတ်ကြောင်းတွေကို ဖျစ်ညစ်တွေးတောပြီး ရေးသားနိုင်တယ်။
တကယ်လို့စာရေးဆရာတစ်ယောက်အတွက် ဉာဏ်ကွန့်မြူးမှုမရှိတာက ဘယ်လောက်တောင် နာကျင်လဲဆိုတာ သူရှင်းရှင်းလင်းလင်းသိတယ်။သူကတော့ ဒီအချိန်မှာ ဉာဏ်ကွန့်မြူးစရာ မလိုအပ်ဘူး။ဘာကြောင့်လဲဆိုတော့ သူက အရင်ဘဝတုန်းက သူရေးခဲ့တဲ့ ဝတ္ထုတွေကို ပြန်လည်ရေးသားနေတာဖြစ်ပြီး သူက ဉာဏ်ကွန့်မြူးစရာ မလိုအပ်ဘဲ သူက ပိုပြီးတော့ ပြီးပြည့့်စုံအောင်ရေးသားရန်သာလိုအပ်တာဖြစ်ပြီး ဒါကသူ့လို ပြီးပြည့်စုံတာကို နှစ်သက်တဲ့သူအတွက်တော့ သတင်းကောင်းဘဲ။
လင်းယုဖေးက အပေါ်ထပ်တက်လာပြီး တံခါးလာခေါက်တဲ့အချိန်မှာတော့ လင်းယုတုန်က သူရေးသားနေတဲ့ ဝတ္ထုရဲ့အဓိက ဇာတ်ကောင်တွေအကြောင်းကို ရေးသားပြီးဖြစ်ပြီး သူက နောက်တစ်ကြိမ် ခိုးယူခြင်းမခံရအောင် သူက စာရွက်စာတန်းတွေကို မှတ်သားထားလိုက်ပြီး သီးသန့်နေရာအချို့မှာလည်း သူကsaveထားလိုက်တယ်။အဲဒီနောက်တော့ သူက သူ့ညီငယ်နှင့်အတူ စားဖို့အတွက် ဆင်းလာခဲ့တယ်။
"အကိုကြီး အကို တကယ်ဘဲ ကျန်းရီဖေးကိုလက်ထပ်မလို့လား?"လင်းယုဖေးက သူတို့ အောက်ဆင်းလာတော့ မေးလိုက်တယ်။
"ဘာကြောင့် ဒီလိုပြောတာလဲ?"
"ကျန်းရီဖေးမှာ မိထွေးရှိတယ်။ကျန်းဟုန်တုက ငယ်ရွယ်သေးတယ်။ပြီးတော့ ကျွန်တော်ကြားတာက ကျန်းရီဖေးက ကျန်းမိသားစုမှာ မနှစ်သက်ခံရဘူး။ကျန်းဟုန်တုကလည်း သူ့ရဲ့ဒုတိယဇနီးကို အရမ်းအရေးပေးတယ်။တကယ်လို့ အကိုကြီးက ကျန်းရီဖေးကို လက်ထပ်ချင်ရင် အတူနေဖို့ ခက်ခဲနိုင်လားဆိုတာ မပြောနိုင်ဘူးမလား?"
"တကယ်လို့ ငါတို့က လက်ထက်ခဲ့ရင်တောင် ငါက သူ့ကိုတန်ဖိုးထားလို့ဘဲ။သူ့ရဲ့နောက်ခံကြောင့် မဟုတ်ဘူး။ရှောင်ဖေး မင်းသိရမယ်။တစ်စုံတစ်ယောက်က မိသားစုအပေါ်ဘဲ မှီခိုခဲ့ရင် အသုံးမကျမိုက်မဲတဲ့သူဘဲ။ငါလိုချင်တဲ့သူက အစွမ်းအစရှိတဲ့သူမျိုးဘဲ"
"အကိုကြီးက သူက အစွမ်းအစရှိတဲ့သူဆိုတာ ဘယ်လိုလုပ် သေချာနေတာလဲ?"
"ငါ့မျက်လုံးတွေက ရှင်းရှင်းလင်းလင်း မြင်ရတယ်လေ"
သူ့ရဲ့ကိုယ်ပိုင်ခွန်အားနှင့် ကျန်းမိသားစုရဲ့ကော်ပိုရေးရှင်းကို ပိုပြီးစွမ်းအားကြီးအောင် လုပ်ဆောင်ပြီး အမြင့်ဆုံးနေရာမှာ ရပ်တည်နိုင်တဲ့သူမျိုးကို အစွမ်းအစရှိတဲ့သူလို့ မခေါ်ဘူးလား?
"မစိုးရိမ်နဲ့။အကိုကြီးက ဘာလုပ်နေလဲဆိုတာ သိပါတယ်"လင်းယုတုန်က သူ့ညီရဲ့ခေါင်းကို ပွတ်သပ်လိုက်တယ်။
"အာ အကိုကြီး ကျွန်တော့်ခေါင်းကို မထိနဲ့။ကျွန်တော့်ရဲ့ ဆံပင်စတိုင်က လုပ်ရတာ ခက်ခဲတယ်"
လင်းယုတုန်က ဒါကို ကြားတော့ စိတ်လှုပ်ရှားသွားပြီး သူ့ညီရဲ့ခေါင်းကို ပိုပြီးရှုပ်ပွအောင် လုပ်လိုက်ပြီး လျှင်မြန်စွာ ပြေးထွက်သွားပြီး ဒီအချိန်မှာတော့ လင်းယုဖေးက ဒေါသတကြီး လိုက်ဖမ်းတော့တယ်။
ထမင်းစားပြီးသည့်နောက် ဟွားယုဘိုင်ကို လင်းယုဖေးက သူလုပ်ထားတဲ့ လေယာဉ်မော်ဒယ်လေးတွေကို ပြဖို့ ဆွဲခေါ်သွားပြီး လင်းယုတုန်က ထမင်းစားခန်းထဲမှာ လက်ဖက်ရည်သောက်ရင်း ကျန်နေခဲ့တယ်။
ချန်စုနင်က သူမသားကို အချိန်အတော်ကြာ တိတ်ဆိတ်စွာ စိုက်ကြည့်ပြီးမှ"တုန်တုန် မကြာသေးခင်က တစ်ခုခုဖြစ်ခဲ့သေးလား?"
လင်းယုတုန်က သူ့အမေထက် သူ့ကို ပိုပြီးနားလည်နိုင်တဲ့သူမရှိဘူးလို့ တွေးလိုက်ပြီး သူရဲ့အပြုအမူက သက်သောင့်သက်သာရပုံနှင့်ပြန်ဖြေလိုက်တယ်"ထူးခြားတာ မရှိပါဘူး။မား ကျွန်တော့်ကို ဘာကြောင့် မေးတာလဲ?"
ချန်စုနင်က ပြောလိုက်တယ်"သားရဲ့ခံစားချက်တွေက မတူတော့သလိုဘဲ။ဒါပေမဲ့ မားက ဒါကို မြင်နိုင်သေးတယ်"
တကယ်ကိုဘဲ သူမသားက ဒီအားလပ်ရက်မှာအိမ်
ပြန်လာတဲ့အခါ သူက မကြာခဏ မိန်းမောတွေဝေနေတတ်ပြီး သူ့ကိုကြည့်ရတာ အများကြီးပြောင်းလဲသွားတယ်လို့ သူမက ခံစားရတယ်။သူမက သူမကလေးတွေအကြောင်း အသိဆုံးဘဲ။သူက ပိုပြီးတော့ စဉ်းစားတတ်လာတယ်။ဒါပေမဲ့ အခု သူရဲ့စိတ်က ပိုပြီးပွင့်လင်းခိုင်မာလာပြီး သူစကားပြောတဲ့အခါ စေ့စပ်သေချာပြီး ဉာဏ်ကောင်းလာတယ်ဆိုတာ မြင်နိုင်တယ်။
လင်းယုတုန်က ပြုံးလိုက်ပြီး သူ့မျက်နှာကို သူမရှေ့ကို တိုးလိုက်ပြီး"မား မားပြောချင်တာက ကျွန်တော်က ကျောင်းစတက်နေကတည်းက ကျွန်တော်က ပိုပြီးချောမောခန့်ညားလာတာလား?"
ချန်စုနင်က သူမသား၏မျက်နှာကို အဝေးကို တွန်းထုတ်လိုက်ပြီး"သွားစမ်းပါ!"
သူမက လင်းယုတုန်က ဒင်းဆမ်းမုန့်တစ်ခုကိုယူပြီး သွားဖို့လုပ်နေတာကို မြင်တော့မှ သူမက မြန်မြန်လေးခေါ်လိုက်တယ်"ခဏ မနေ့က သားရဲ့ပါးက မားကို ပြောတော့ သားက ကျန်းရီဖေးနဲ့အတူ ကြိုးစားကြည့်ချင်တယ်ဆို သားအတည်ပြောနေလား? "
လင်းယုတုန်က မနေ့တုန်း massageအကြောင်းကို တွေးလိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်"ကျွန်တော်က သူ့ကို ခုနှစ်ရက်အတွင်းအဖြေပေးမယ်လို့ ပြောထားတယ်"
ချန်စုနင်က အချိန်အတော်ကြာထိ ပြောစရာစကား မရှိတော့ဘဲ သူမမေးချင်တာတွေကို သူမနှလုံးသားထဲမှာ နှစ်မြှုပ်ထားလိုက်တော့တယ်။
အားလပ်ရက်က ကျောင်းတက်ရတဲ့ ရက်တွေနှင့် နှိုင်းယှဉ်ရင် လျှင်မြန်စွာ ကုန်ဆုံးသွားပြီး လင်းယုတုန်က အိမ်မှာဘဲ အနားယူနေတယ်။တကယ်လို့သူက စားနေတဲ့အချိန်မဟုတ်ဘူးဆိုရင် အိပ်နေတာဖြစ်ပြီး အရင်ဘဝတုန်းက သူက ဒီလိုအိပ်ဖို့တောင် မတတ်နိုင်ခဲ့ဘူး။ဒါပေမဲ့ သူက မအိပ်ချင်တာ သို့မဟုတ် ဗိုက်ပြည့်နေတဲ့အချိန်မျိုးဆိုရင်တော့ သူရဲ့ဝတ္ထုကို အကြမ်းဖျင်းရေးသားပြီး သူpointတွေကို မေ့လျော့နေတဲ့အချိန်မျိုးမှာတော့ ဒါကို ဘေးချထားလိုက်ပြီး သူရင်းနှီးမြှုပ်နှံဖို့ ဘယ်စီမံကိန်းတွေက သင့်လျော်လဲဆိုတာ အရင်ဘဝအကြောင်း ပြန်တွေးတောတယ်။
ဟွားယုဘိုင်ကလည်း လင်းယုတုန်နှင့်တူညီတယ်။ဒါပေမဲ့ လင်းယုတုန်က ဝတ္ထုရေးတာမျိုး ရင်းနှီးမြှုပ်နှံမယ့်အကြောင်းတွေးနေချိန်မှာတော့ လင်းယုဖေးက သူကို ဆွဲခေါ်သွားပြီး မေးခွန်းတွေဖြေဖို့ အကြံဉာဏ်တောင်းတာမျိုး သို့မဟုတ် သူက လင်းကျီဆောင်နှင့်စစ်တုရင်ကစားတာမျိုးဖြစ်တယ်။ဒီလိုနှင့် မျက်တောင်တစ်ခတ်အတွင်းမှာဘဲ အချိန်နှစ်ရက် ကုန်ဆုံးသွားတယ်။
တတိယရက်မှာတော့ လောင်လီက ဖုန်းခေါ်လာပြီး သူ့သူငယ်ချင်းတွေနှင့်အတူ အပန်းဖြေခရီးသွားဖို့ စီစဉ်ထားပြီးမှ သူ့ရဲ့သူငယ်ချင်းတွေက ရန်ဖြစ်ပြီး မသွားဖြစ်တော့တာကြောင့် သူဝယ်ထားတဲ့ လက်မှတ်တွေက အလေအလွင့်ဖြစ်တော့မှာကို စိုးရိမ်ကြောင်း ဒေါသတကြီးပြောပြခဲ့တယ်။
လင်းယုတုန်က ဒီအကြောင်းကို တွေးကြည့်လိုက်ပြီး ဘာဘဲဖြစ်ဖြစ် အိမ်မှာနေတာဘဲဖြစ်ဖြစ် အပန်းဖြေခရီးသွားတာဘဲ ဖြစ်ဖြစ် သူ့အတွက်တော့ ပျင်းစရာကောင်းတယ်။ဒါကြောင့် သူက ဟွားယုဘိုင်ကို မေးလိုက်တယ်"လောင်စန်း မင်းအပန်းဖြေခရီးသွားချင်လား?ရှောင်လောင်က သူ့သူငယ်ချင်းတွေက ရန်ဖြစ်ပြီးတော့ မသွားဖြစ်တာကြောင့် သူဝယ်ထားတဲ့ လက်မှတ်တွေကို ဖြုန်းတီးသလိုဖြစ်မှာစိုးတယ်လို့ ပြောတယ်"
ဟွားယုဘိုင်က ပြောလိုက်တယ်"ဒါပေမဲ့ ရှောင်ဖေးမှာ မေးခွန်းတွေကျန်နေသေးတယ်"
လင်းယုတုန်က သူ့ညီကို စိုက်ကြည့်လိုက်ပြီး"မင်းကသူ့အပေါ်အကြွေးတင်နေတာမှမဟုတ်တာ။သူ့ကို နှစ်ရက်လောက် ကူညီပေးတာက လုံလောက်ပြီ။သူ့ကို စိတ်ထဲမထားနဲ့"
လင်းယုဖေးလည်း ပြောလိုက်တယ်"ဒါမှန်တယ် အကိုဟွား သွားကစားလိုက်။ကျွန်တော်က ကျန်တဲ့ မေးခွန်းတွေကို အလျှင်လိုတာလည်း မဟုတ်ဘူး။ကျွန်တော်က ကျွန်တော့်ဘာသာဖြေးဖြေးချင်းလေ့လာလို့ရတယ်"
ပြီးတော့ သူက သူ့အကိုကြီးကို တစ်ချက်ကြည့်လိုက်ပြီး"လင်းယုတုန် မင်းက တကယ်ဘဲ ငါ့အကိုအရင်းလား?"
လင်းယုတုန်က သူ့ညီငယ်၏မျက်နှာကို ဆွဲဖဲ့လိုက်တယ်။
ဟွားယုဘိုင်ကလည်း ဒီအကြောင်းကို တွေးကြည့်လိုက်ပြီး လင်းယုတုန်နှင့်အတူရှိနေတဲ့ တစ်လျှောက်လုံးက အဆင်ပြေတယ်။ဒါပေမဲ့ အကြီးတွေရှေ့မှာ နေရတာက နည်းနည်းတော့ ကယို့ကားယားဖြစ်တယ်လို့ခံစားရယ်။အထူးသဖြင့် လင်းပါးပါးနှင့် စစ်တုရင်ကစားတဲ့အခါ သူက သေချာမကစားလို့ ရှုံးသွားတာဘဲဖြစ်ဖြစ် တကယ်လို့ သူနိုင်သွားတာဘဲဖြစ်ဖြစ် အားတုံ့အားနာဖြစ်ရတယ်။ဒါ့ကြောင့် သူက အပြင်ထွက်လည်ဖို့ ဆုံးဖြတ်လိုက်တယ်။
လင်းယုတုန်က လောင်လီနှင့်ဆုံမယ်နေရာကို ကားမောင်းလာခဲ့ပြီး ဒီအချိန်မှာတော့ လောင်လီက ရှင်းချန်ထင်ကို ဖုန်ခေါ်လိုက်ပြီး ရှင်းချန်းထင်ကို သူတို့ညီအကိုသုံးယောက်အတူသွားမှာကို ကြားတာကြောင့် သူ့အတွက်လည်း လက်မှတ်ရှိကြောင်း ပြောလိုက်တယ်။
လောင်လီက သူ့လက်ထဲက လက်မှတ်ခြောက်စောင်ကို ကြည့်လိုက်ပြီး"ဒါဆိုရင် ငါတို့မှာ နှစ်ဆောင်ပိုနေသေးတယ်။လင်းဇီ ဘာကြောင့် မင်းညီလေးကို မခေါ်ခဲ့တာလဲ?"
"သူက နောက်နှစ်ရက်ပြီးရင် ကျောင်းပြန်သွားရမယ်။ဒီကိုလာလည်း အလကားဘဲ"
"ဒါဆိုရင် ဒါကိ မေ့လိုက်တော့ အရင်သွားပြီးမှ စကားပြောရအောင်
အပန်းဖြေခရီးကို လောင်လီ၏ကားနှင့် မောင်းလာပြီး လင်းယုတုန်က ခရီးသည်နေရာမှာ ထိုင်ပြီး အတွေးများနေတယ်။လောင်လီက ပြင်းပြစွာ မေးလိုက်တယ်"မင်းဘာတွေးနေတာလဲ?"
လင်းယုတုန်က ခဏလောက် ကြာမှ ပြောလိုက်တယ်"ငါတွေးနေတာ ငါတို့နဲ့ joinဖို့ တစ်စုံတစ်ယောက်ကို ခေါ်သင့်လားလို့။အခုချိန်မှာ ငါက သူနဲ့အရမ်းတော့ မရင်းနှီးပေသော်လည်းဘဲ ဒါက တစ်ယောက်နဲ့တစ်ယောက် သိလာဖို့ အခွင့်ကောင်းဖြစ်နိုင်တယ်လေ"
"ငါမင်းတို့အိမ်ကို ပထမဆုံးရောက်တဲ့အချိန်ကတွေ့ခဲ့တဲ့ လူကြီးလူကောင်းလား?"ဟွားယုဘိုင်က ပြုံးဖြဲဖြဲနှင့် မေးလိုက်တယ်။
"အာ?ယုဘိုင် မင်းလည်းတွ့ဖူးတာလား?"လောင်လီက ပြောလိုက်တယ်။
"သူဆိုရင် မြင်ဖူးတယ်"ဟွားယုဘိုင်က လင်းယုတုန်၏ထိုင်ခုံနောက်ကို ရိုက်လိုက်ပြီး"ငါမြင်တာခဲ့တာတော့ လူကြီးလူကောင်းကို ကြည့်တဲ့ မင်းမျက်လုံးထဲက နူးညံ့သိမ်မွေ့မှုနေတာဘဲ"
"ငါ့ခြေထောက်ကိုဘဲ နူးညံ့သိမ်မွေ့လိုက်!ငါတို့က အရင်က တွေ့ဖူးတာတောင် မဟုတ်ဘူး"
"အိုး မဟုတ်သေးဘူး!ငါးညီနံ့တွေရနေတယ်။မြန်မြန်လုပ် သူ့ကိုခေါ်လိုက်" လောင်လီက ပျော်ရွှင်စွာ ကြည့်လိုက်ပြီး အကူအညီမဲ့စွာ တိုက်တွန်းလိုက်တယ်ယ
လင်းယုတုန်က တကယ်လို့သူတို့က လက်ထပ်ဖြစ်ရင် သူတို့က တစ်ယောက်နှင့်တစ်ယောက် မကြာခဏ မြင်နေရမှာ ကျိန်းသေတယ်။ဒါဆိုရင် သူတို့က အနည်းဆုံးတော့ တစ်ယောက်အခြေအနေကို တစ်ယောက် နားလည်ထားဖို့ဆိုရင် သူတို့က အတူရှိနေပြီး စကားပြောထားရင် နားလည်နိုင်တယ်။မဟုတ်ရင် တကယ်လို့ သူတို့ အတူရှိပြီးမှ တစ်ယောက်နှင်တစ်ယောက် သက်သောင့်သက်သာ မဖြစ်ဘဲနေလိမ့်မယ်။ဒါဆိုရင် သူတို့က ဒါကို စိုးရိမ်နေရလိမ့်မယ်။ယေဘုယျအားဖြင့် စကားပြောခြင်းကနေ သူတို့မှာ ပြသနာတွေကို အကောင်းဆုံး ဖြေရှင်းဖို့ အခွင့်ကောင်းရလိမ့်မယ်။
လင်းယုတုန် ဖုန်းခေါ်လာတဲ့အချိန်မှာတော့ ကျန်းရီဖေးက အားလပ်နေတာ မဟုတ်ဘဲ လုပ်ငန်းအစီအစဉ်ကို ဂရုတစိုက်နှင့် ကြည့်နေတာဖြစ်တယ်။သူ၏ဘယ်ဘက်နှင့် ညာဘက်မှာ အမျိုးသားနှစ်ယောက် ထိုင်နေပြီး နှစ်ယောက်လုံးက ကျန်းရီဖေး၏ဖုန်းက ဖုန်းဝင်လာတာကြောင့် ကျန်းရီဖေးကို ကြည့်လိုက်ကြတယ်။အကြောင်းရင်းက ကျန်းရီဖေးက ဖုန်းကို မချလိုက်ဘဲ သူက ဖုန်းခေါ်သူရဲ့IDမြင်တဲ့အချိန်မှာ သူက မျက်မှောင်ကြုတ်နေပြီး ဖုန်းringtoneသံက မရပ်တန့်ခင်မှာ သူက တည်ငြိမ်တဲ့အသံနှင့် ဖုန်းဖြေလိုက်တယ်"ဟဲလို"
တစ်ဖက်က ပြောတာကို ခဏလောက်ကြာအောင် နားထောင်နေပြီးမှ သူက သံသယရှိစွာ မေးလိုက်တယ်"မင်း ကိုယ့်ကို ငါးမျှားဖို့ဖိတ်ခေါ်တာလား?"
"အင်း။ကျွန်တော့်အတန်းဖော်က ငါးမျှားဖို့အပါအဝင် အစားအသောက်နဲ့ နေရာထိုင်ခင်းအားလုံးပါတဲ့ လက်မှတ်နှစ်စောင် အပိုရှိတယ်။ခင်ဗျား လာချင်လား?ခင်ဗျား ဒီနေရာမှာ အခြားသူတွေလို အပန်းဖြေတာ ဒါမှမဟုတ် တစ်စုံတစ်ခု လုပ်နိုင်တယ်"
"......."ကျန်းရီဖေးက အနည်းငယ် တုန့်ဆိုင်းနေပြီးမှ သူ့လက်ထဲက အချက်အလက်တွေကို ချထားလိုက်ပြီး ပြောလိုက်တယ်"ကိုယ့်ကို လိပ်စာပို့လိုက်"
--------------------------------------
(5900)