အသက်ဆက် သွေး ( အသက္ဆက္ ေသြး )...

Autorstwa PhyuLayy1

1.4M 147K 16.6K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေ... Więcej

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ (Zawgyi + Unicode)
အပိုင္း - ၂၀ (Zawgyi + Unicode)
အပိုင္း - ၂၁ (Zawgyi + Unicode)
အပိုင္း - ၂၂ (Zawgyi + Unicode)
အပိုင္း - ၂၃ (Zawgyi + Unicode)
အပိုင္း - ၂၄ (Zawgyi + Unicode)
အပိုင္း - ၂၅ (Zawgyi + Unicode)
အပိုင္း - ၂၆ (Zawgyi + Unicode)
အပိုင္း - ၂၇ (Zawgyi + Unicode)
အပိုင္း - ၂၈ (Zawgyi + Unicode)
အပိုင္း -၂၉ (Zawgyi + Unicode)
အပိုင္း - ၃၀ (Zawgyi + Unicode)
အပိုင္း - ၃၁ (Zawgyi + Unicode)
အပိုင္း - ၃၃ (Zawgyi + Unicode)
အပိုင္း - ၃၄ (Zawgyi + Unicode)
အပိုင္း - ၃၅ (Zawgyi + Unicode)
အပိုင္း - ၃၆ (Zawgyi + Unicode)
အပိုင္း - ၃၇ (Zawgyi + Unicode)
အပိုင္း - ၃၈ (Zawgyi + Unicode)
အပိုင္း - ၃၉ (Zawgyi + Unicode)
အပိုင္း - ၄၀ (Zawgyi + Unicode)
အပိုင္း - ၄၁ (Zawgyi + Unicode)
အပိုင္း - ၄၂ (Zawgyi + Unicode)
အပိုင္း - ၄၃ (Zawgyi + Unicode)
အပိုင္း - ၄၄ (Zawgyi + Unicode)
အပိုင္း - ၄၅ (Zawgyi + Unicode)
အပိုင္း - ၄၆ (Zawgyi + Unicode)
အပိုင္း - ၄၇ (Zawgyi + Unicode)
အပိုင္း - ၄၈ Ending (Zawgyi + Unicode)
ေက်းဇူးတင္လႊာ (ကျေးဇူးတင်လွှာ)
A/N
Extra (Mdy trip)
Extra ( Covid )
Extra ( Thadingyut )

အပိုင္း - ၃၂ (Zawgyi + Unicode)

21K 2.5K 178
Autorstwa PhyuLayy1

#For Zawgyi

ပန္းခ်ီျပခန္းက ျပန္လာၿပီး တစ္လေလာက္ၾကာတဲ့အခ်ိန္ထိေအာင္ကို ခ်မ္းပံုဟုယူဆရတဲ့ ပန္းခ်ီကားအေၾကာင္းက သတိရတိုင္း ေျပာျဖစ္ေနၾကဆဲ ။ ဘာမွေရေရရာရာ မသိလိုက္ရတာေၾကာင့္ တႏုံ႔ႏံု႔ျဖစ္ေနၾကတာလည္းပါသည္ ။

" ဟဲ့ အိသိမ့္ ဒီေန႔ မိယုယက ဘာလို႔သင္တန္းမလာတာလဲ "

" အဲ့ဒီမိန္းမက သူ႕လူႀကီးေခၚလို႔ သင္တန္းေျပးၿပီးပါသြားတာ ထက္ကိုေရ "

" ဟမ္ ဒင္းတို႔က ႀကိဳက္သြားၾကၿပီလား "

" ႀကိဳက္ေတာ့မႀကိဳက္ေသးဘူး ၊ ဒါေပမယ့္ ကိုမိုးစက္ကလည္း ယုယကို စိတ္ဝင္စားပံုရတယ္ဟဲ့ ၊ အဲ့ဒါ ဒီေန႔ ပန္းခ်ီျပပြဲတစ္ခုရွိလို႔ အတူတူသြားၿပီး ေလ့လာၾကမလားလို႔ ကိုမိုးစက္က ကမ္းလွမ္းလာတာနဲ႔ မယ္မင္းႀကီးမက ဝမ္းသာလံုးေတြဆို႔ၿပီး ပါသြားတာပဲ "

" ဟိုက သူ တကယ္ပန္းခ်ီဝါသနာပါတယ္ထင္ၿပီး စိတ္ဝင္စားတာဆိုရင္ေတာ့ ဒုကၡပဲ "

" ေအး ငါလည္း အဲ့ဒါကို စိတ္ပူတာ ခ်မ္းရာ ၊ ဟဲ့ အိသိမ့္ နင္ကလည္း မိန္းကေလးခ်င္း နည္းနည္းပါးပါး ထိန္းဦး ၊ တြဲၾက ျပဳၾက ျဖစ္ၿပီးမွ ထင္တဲ့အတိုင္းမဟုတ္လို႔ ျပတ္ရင္ မိန္းကေလးပဲနစ္နာမွာ "

" ေအးပါ ရတုရယ္ ၊ ငါလည္း ေျပာေတာ့ေျပာေနပါတယ္ "

" ေျပာရင္လည္း ေသေသခ်ာခ်ာေျပာ ၊ နင္ကပါေရာၿပီး ေျမွာက္ေပးမေနနဲ႔  "

" ငါ့ပဲ လူမိုက္ငွါးၿပီး ေျပာခိုင္းမေနၾကနဲ႔ေလ ၊ နင္တို႔လည္း ဝိုင္းေျပာဦးမွေပါ့ "

" ေအးပါဟာ "

" ဒါျဖင့္ ဒီလိုလုပ္ ၊ ဒီညေန ငါ့အိမ္မွာ ကတ္ေၾကးကိုက္လုပ္စားမယ္လို႔ေျပာထားတာေလ ၊ အဲ့ဒါ ယုယလာမွာ ၊ အဲ့ဒီက်ရင္ ငါ စကားစလိုက္မယ္ ၊ နင္တို႔က အေျခအေနၾကည့္ၿပီး လိုက္ေျပာၾက ၊ ဘယ္လိုလဲ... "

" ေအး ေအး ေကာင္းတယ္ "

သင္တန္းဆင္းေတာ့ ခ်မ္းတို႔တစ္ဖြဲ႕လံုး အိသိမ့္အိမ္သို႔လိုက္သြားၾကသည္ ။ အိသိမ့္အေမက ဘိတ္သူမို႔ ၿမိတ္ကတ္ေၾကးကိုက္ႀကိဳက္တဲ့ သူတို႔အဖြဲ႕ကို မၾကာခဏလုပ္ေက်ြးေလ့ရွိသည္ ။ တစ္ဖြဲ႕လံုးက အလယ္တန္းေလာက္ကတည္းက ေပါင္းလာၾကသူေတြမို႔ ေမာင္ႏွမေတြလိုျဖစ္ေနကာ ဘယ္သူ႔အေမကိုျဖစ္ျဖစ္ ကိုယ့္အေမလိုပင္ သေဘာထားကာ ရင္းႏွီးေနၾကတာပင္ ။

အိသိမ့္ေမေမျပင္ဆင္လုပ္ေက်ြးသမ်ွကို သူတို႔အားလံုး အားရပါးရစားေသာက္ၿပီးသည့္အခ်ိန္ထိေအာင္ ယုယကေရာက္မလာေသးတာမို႔...

" ယုယလာလို႔ ငါတို႔အားလံုး စားေသာက္ၿပီးတာသိရင္ သူ႔ကိုမေစာင့္လို႔ဆိုၿပီး စိတ္ဆိုးမလားမသိဘူး "

" စိတ္ဆိုးေတာ့လည္း ဝိုင္းေခ်ာ့ၾကတာေပါ့ ရတုရာ ၊ အမေလး ေျပာသာေျပာရတယ္ ၊ မိယုယက လာေရာလာပါ့မလားမသိဘူး ၊ သူ႔ဘဲႀကီးနဲ႔အၾကည္စိုက္ၿပီး ငါတို႔ကိုေမ့ခ်င္ေမ့ေနမွာ "

" ေဟာ ဟိုမွာ ေျပာရင္းဆိုရင္း အသက္ရွည္ဦးမယ္ ယုယလာေနၿပီ "

အမယ္ ခုမွ ေျခလွမ္းႀကဲႀကီးနဲ႔ ေလ်ွာက္လာေနလိုက္တာ ။ သူ႔ကိုမေစာင့္ဘဲ မုန္႔စားထားတာသိရင္ ေသာင္းက်န္းမွာစိုးၿပီး ခ်မ္းတို႔အားလံုး မ်က္ႏွာေသေလးေတြႏွင့္ ထိုင္ေနၾကသည္ ။ အခ်င္းခ်င္းလည္း အလိုက္အထိုက္ေနၾကဖို႔ မ်က္ႏွာရိပ္မ်က္ႏွာကဲ ျပရင္း အရိပ္အေျခၾကည့္ေနရသည္ ။

" ဟဲ့ ငါ သတင္းထူးတစ္ခုပါတယ္ "

အိမ္ထဲဝင္လာၿပီးလို႔မွ ေနရာက်ေအာင္ေတာင္ မထိုင္ႏိုင္ေသးဘဲ အေမာတေကာေျပာလာတဲ့ ယုယေၾကာင့္ ခ်မ္းတို႔အားလံုး ထိုသတင္းထူးဆိုတာကို စိတ္ဝင္စားသြားၾကသည္ ။

" ငါ ဖိုးခ်မ္းပံု ပန္းခ်ီကားတစ္ခုကို ဒီေန႔ထပ္ေတြ႕လာခဲ့တယ္ "

သူငယ္ခ်င္းေတြက တစ္ခါတစ္ေလမွာ ခ်မ္းအား ဖိုးခ်မ္းဟု ခ်စ္စႏိုးေခၚတတ္ၾကပါသည္ ။

" ဟယ္ ဘယ္မွာေတြ႕လာတာလဲ "

ဒီပန္းခ်ီကားနဲ႔ပတ္သက္ရင္ အလြန္တစ္ရာမွစိတ္ဝင္စားေနေသာ အိသိမ့္က ပ်ာပ်ာသလဲေမးေလေတာ့....

" ကိုမိုးစက္နဲ႔သြားၾကည့္တဲ့ ပန္းခ်ီျပပြဲတစ္ခုမွာေတြ႕ခဲ့တာ ၊ ဒီတစ္ခါပံုက ပိုတူတယ္ ၊ ၿပီးေတာ့ ပံုထဲက ခ်မ္းရဲ႕ဆံပင္က အခုလက္ရွိ ခ်မ္းရဲ႕ဆံပင္ပံုအတိုင္းပဲ "

ပံုထဲက ခ်မ္း ဆိုေသာ ယုယရဲ႕စကားေၾကာင့္ ခ်မ္း ရယ္ခ်င္လာသည္ ။ သူတို႔အကုန္လံုးက အဲ့ဒီပန္းခ်ီကားေတြထဲက လူကို ခ်မ္းရယ္လို႔ တကယ္ႀကီးကို တထစ္ခ်လက္ခံေနၾကတာပဲကိုး ။ ဟုတ္ခ်င္မွလည္း ဟုတ္ေနမယ့္ကိစၥကို ။

" မ်က္ႏွာအနီးကပ္ေသခ်ာဆြဲထားတာလား "

" ဒီတစ္ခါကေရာ ဘယ္လိုပံုမ်ိဳးလဲ "

" အဝတ္အစားကေရာ ဘယ္လိုဝတ္ထားတာလဲ "

ခ်မ္းမွလြဲ၍ အကုန္လံုး တစ္ေယာက္တစ္ေပါက္ ဝိုင္းေမးသံေတြေၾကာင့္

" ေနၾကပါဦးဟဲ့ ၊ အဲ့လို အကုန္လံုးဝိုင္းေမးၾကေတာ့ ငါက ဘယ္ကဘယ္လို ေျဖရမွန္းေတာင္ မသိေတာ့ဘူး "

ယုယေဟာက္လိုက္ေတာ့မွ အားလံုး ဇက္ပုကာ ၿငိမ္သြားၾကေတာ့သည္ ။

" ဒီတစ္ခါပံုကလည္း မ်က္ႏွာအေသးစိတ္အတိအက် ဆြဲထားတာမ်ိဳးမဟုတ္ဘူး ၊ အျပာေရာင္လိုလို ခရမ္းေရာင္ေဖ်ာ့ေဖ်ာ့လိုလို ပန္းခင္းပံုစံမ်ိဳးေနာက္ခံနဲ႔ အဲ့ဒီပန္းေတြေပၚမွာ လွဲအိပ္ေနတဲ့ပံုကို အေပၚစီးက ျမင္ရသလို ဆြဲထားတာ ၊ အက်ၤီအျဖဴနဲ႔ ကိုယ္တစ္ပိုင္းပံု "

" ေတာ္ေတာ္ႀကီးတူတာလား "

" အရင္ပံုထက္ ပိုတူတယ္ဟာ ၊ ဘယ္နားကတူလို႔တူေနမွန္းမသိကို တူေနတာ "

" နင္ကလည္း ဖုန္းဆက္ေခၚလိုက္တာမဟုတ္ဘူး ၊ ငါတို႔ပါ လာၾကည့္မွာေပါ့ "

" ကိုမိုးစက္ရွိေနေတာ့ ငါတို႔စံုစမ္းသလိုလုပ္ေနတာေတြကို မသိေစခ်င္လို႔ေပါ့ဟ ၊ ဒါေပမယ့္ နင္တို႔ၾကည့္ခ်င္မယ္မွန္းသိလို႔ ငါ ေမးလာခဲ့တယ္ ၊ အဲ့ဒီျပပြဲက ေနာက္သံုးရက္အထိရွိေနဦးမွာတဲ့ "

" ဒါဆို မနက္ျဖန္ သြားၾကည့္ၾကမလား "

တအားေတြတက္ႂကြေနေသာ အိသိမ့္ကိုၾကည့္ၿပီး ခ်မ္း ရယ္မိေတာ့သည္ ။

" ကဲ အဲ့ဒီေလာက္ႀကီး အေလးအနက္မထားၾကပါနဲ႔ဟာ ၊ ဒါက တိုက္ဆိုင္တာလည္းျဖစ္ႏိုင္တာပဲကို "

ခ်မ္းစကားကို ရတုက ကန္႔ကြက္လိုဟန္ႏွင့္

" တိုက္ဆိုင္တာေတာ့ မဟုတ္ေလာက္ဘူး ခ်မ္း ၊ ပန္းခ်ီကားနာမည္က Peace လို႔ေပးထားတယ္ေလကြာ "

" ေအး အဲ့ဒီနာမည္ကိစၥကို ငါေျပာဦးမယ္ "

ယုယက ေျပာရင္းနဲ႔ သူ႔အိတ္ထဲမွ စာရြက္နဲ႔ေဘာပင္ကိုထုတ္ကာ ေရးျပသည္က

PEACE VI

" အဲဒါ ဒီေန႔ေတြ႕ခဲ့တဲ့ပန္းခ်ီကားရဲ႕ နာမည္ပဲ "

" ဟမ္ ဒါ ဘာအဓိပၸါယ္လဲ "

" ဟိုပထမေတြ႕ခဲ့တဲ့ ပန္းခ်ီကားက PEACE V ေလ ၊ အခုက ေနာက္မွာ အိုင္ ( I ) တစ္လံုး ပိုလာတာလား "

" ေနဦး ၊ ဒါ အဂၤလိပ္စာလံုး မဟုတ္ဘဲ ေရာမကိန္းဂဏန္းေရာ မျဖစ္ႏိုင္ဘူးလား ၊ number 6 ကို ရည္ညႊန္းတဲ့ VI ေလ "

ရတုရဲ႕ထင္ျမင္ခ်က္စကားေၾကာင့္ အကုန္လံုး လႈပ္လႈပ္ရွားရွားပိုျဖစ္ကုန္သည္ ။

" ဟယ္ "

" ေအး အဲ့ဒါက ပိုျဖစ္ႏိုင္တယ္ "

" ဒါဆို ပထမပန္းခ်ီကားက Peace 5 ၊ ဒုတိယပန္းခ်ီကားက Peace 6 ေပါ့ ဟုတ္လား "

" ဒါျဖင့္ Peace 1 2 3 4 ရွိႏိုင္ေသးတဲ့သေဘာလား "

တစ္ေယာက္တစ္ေပါက္နဲ႔ အသည္းအသန္ေတြ စိတ္ဝင္စားေနၾကေသာ သူငယ္ခ်င္းအားလံုးကို

" ေတာ္ၾကပါေတာ့ဟာ ၊ ဘာမွလည္းေသခ်ာတာမဟုတ္ဘဲနဲ႔ ဘာလို႔ေခါင္းစားခံေနၾကမွာလဲ ၊ ငါ့ပံုဟုတ္ဟုတ္ မဟုတ္ဟုတ္ ဘာမွမထူးဘူး ၊ ဒီကိစၥကို ဒီမွာတင္ ထားလိုက္ေတာ့ "

" နင့္ကိုႀကိဳက္ေနတဲ့မိန္းမတစ္ေယာက္ေယာက္က ဆြဲတာျဖစ္ေနမလားလို႔ေပါ့ "

" ကဲ ဟုတ္ေတာ့ေရာ ဘာျဖစ္တုန္းဟာ ၊ သူ႔လက္နဲ႔သူဆြဲတာ ဆြဲပါေစ ၊ ငါ့ပံုမဟုတ္ဘဲ ေလ်ွာက္ထင္ေနမိတာဆိုရင္သာ အားနာဖို႔ေကာင္းမွာ ၊ အဲ့ေတာ့ ဒီေန႔ကစ,ၿပီး အဲ့ဒီကိစၥကိုစိတ္ဝင္စားေနတာေတြ ရပ္တန္းကရပ္ၾကေတာ့ ၊ အထူးသျဖင့္ အိသိမ့္ေနာ္ "

" ေအးပါဟဲ့ ၊ ငါက နင့္အတြက္စိတ္ဝင္စားေပးေနတာပါ ၊ နင္က ဆက္ၿပီးမစံုစမ္းနဲ႔ဆိုရင္ ငါလည္း မစံုစမ္းပါဘူး "

" ေအး ၿပီးေရာ "

ထိုကဲ့သို႔ ခ်မ္း အတည္ေပါက္နဲ႔ေျပာေတာ့မွသာ အကုန္လံုးၿငိမ္သြားၾကေတာ့သည္ ။

**********

ဒီေန႔ ခ်မ္း သင္တန္းကျပန္လာေတာ့ ေလးငယ္ကို ထူးထူးဆန္းဆန္း ထမင္းစားခန္းမွာေတြ႕လိုက္ရသည္ ။ ပံုမွန္ဆို အခုလို ညေနေလာက္ကို ျပန္ေရာက္ေလ့မရွိဘဲ အၿမဲလိုလိုမိုးခ်ဳပ္မွျပန္လာတဲ့တတ္သူမို႔...

" ဟာ ေလးငယ္ အေစာႀကီးျပန္ေရာက္ေနတာလား "

" ခဏျပန္လာၿပီး ထမင္းစားတာ ၊ ၿပီးရင္ ဧည့္သည္တစ္ေယာက္နဲ႔ အလုပ္ကိစၥခ်ိန္းထားတာ သြားရဦးမယ္ "

" ေမနဲ႔ဦးသာက ျပန္မေရာက္ၾကေသးဘူးလား "

" ေအး မေရာက္ေသးဘူး "

" ေမတို႔ ဘယ္သြားၾကတာလဲ ေလးငယ္သိလား ၊ ခ်မ္းကို ဘာမွေျပာမသြားလို႔ "

" ငါ့အလုပ္ကိစၥတစ္ခု ထူးကို သြားခိုင္းထားတာ ၊ မမကလည္း အေဖာ္လိုက္သြားတယ္ထင္တယ္  ၊ ငါျပန္လာကတည္းက အိမ္မွာမရွိၾကတာေလ "

" ခ်မ္းသူငယ္ခ်င္းတစ္ေယာက္က မင္းအေမကို လူတစ္ေယာက္နဲ႔ေတြ႕လိုက္တယ္ဆိုၿပီးလာေျပာေတာ့ ရုတ္တရက္ ေမမ်ား လက္တြဲေဖာ္အသစ္ေတြဘာေတြ ရသြားတာလားလို႔ ထင္လိုက္မိေသးတာ ဟားဟား "

" ခ်မ္းရာ မင္းကေတာ့ေလ "

" အဲ့ဒါနဲ႔ စိတ္ဝင္စားသြားၿပီး အဲ့လူက ဘယ္လိုပံုစံလဲဘာညာေမးေတာ့မွ ဦးသာမွန္းသိတာ ၊ ဒါနဲ႔ေလ ေလးငယ္ ဦးသာက အခုတေလာ အိမ္သိပ္မကပ္ဘူးေနာ္ "

" ငါ့အလုပ္ေတြ ဒီေကာင့္ကိုလုပ္ခိုင္းေနလို႔ေလ "

" ေလးငယ္က ကိုယ့္ဟာကိုယ္မလုပ္ဘဲ ဘာလို႔ဦးသာကို ေလ်ွာက္ခိုင္းေနတာလဲ "

" ဟ မင္းပဲ ဦးသာကို ကေနဒါမျပန္ေအာင္ ဆြဲထားပါဆို "

" ဟင္ အခု ဦးသာကျပန္မယ္ေျပာေနလို႔လား "

" အဲ့လိုေတာ့ မေျပာပါဘူး ၊ ဒါေပမယ့္ ေတာင္ႀကီးကျပန္လာကာစတုန္းက ကေနဒါျပန္ရင္ေကာင္းမလားမသိဘူး ဆိုၿပီး ေလးငယ္ကို လာေျပာေသးတယ္ "

" ဟင္ "

ဟင့္အင္း ။ အဲ့လိုေတာ့ မျဖစ္ရပါဘူးေနာ္ ။

" သူ ဟိုမွာလုပ္ခဲ့တဲ့ Company က သူ႔ကို အလုပ္ျပန္လာလုပ္ဖို႔ request လွမ္းလုပ္တာတဲ့ကြာ "

" ဒီကလူကိုလွမ္းေခၚရေလာက္ေအာင္ သူတို႔ဆီမွာ အလုပ္လုပ္တဲ့သူ အဲ့ေလာက္ေတာင္ရွားေနတာလား "

" ထူးရဲ႕ Architecture နဲ႔ design ေတြက ေတာ္ရံု Architect လိုက္လို႔မမီဘူး ခ်မ္းရ ၊ အဲ့ဒါေၾကာင့္ သူလုပ္ခဲ့တဲ့ Company က ထူးကို လက္မလႊတ္ႏိုင္ျဖစ္ေနတာ "

" ဟာ ျပန္မသြားေစနဲ႔ေနာ္ ေလးငယ္ "

" ေအးပါ ၊ အဲ့ဒါေၾကာင့္ ငါ့အလုပ္မွာ ဝင္လုပ္ဖို႔သူ႔ကိုဆြယ္ေနရတာေဟ့ ၊ အခု လံုးခ်င္းေဆာက္ဖို႔လာအပ္ထားတာေတြကိုလည္း ထူးကိုပဲ design ဆြဲခိုင္းထားတယ္ ၊ ေနာက္ပိုင္းေဆာက္ဖို႔ plan ရွိေနတဲ့ Mini condo ေတြကိုလည္း သူ႔ကိုပဲ လုပ္ခိုင္းရမွာပဲ ၊ ဒါမွ ဒီေကာင္ ဟိုကိုျပန္မသြားျဖစ္မွာ "

" ေကာင္းတယ္ ေကာင္းတယ္ ၊ အဲ့ဒါေကာင္းတယ္ ေလးငယ္ ၊ ငါ အလုပ္ေတြ မႏိုင္လို႔ပါ ဘာညာ ေလ်ွာက္ေျပာၿပီး ရေအာင္သာဆြဲထား ၊ ေလးငယ္ရဲ႕အလုပ္ေတြထဲမွာသာ အေျခက်သြားရင္ ဦးသာလည္း ျပန္ဖို႔စိတ္ကူးျဖစ္မွာမဟုတ္ေတာ့ဘူး ၊ ေနာ္ ေနာ္လို႔ ေလးငယ္ "

" ေအးပါကြာ ၊ ေလးငယ္လည္း အဲ့ေလာက္ေတာ့ သိပါတယ္ ခ်မ္းရဲ႕ ၊ ဒါနဲ႔ မင္းေအာင္စာရင္းထြက္လို႔ ေအာင္ခဲ့ရင္ ဘာတက္ဖို႔စဥ္းစားထားလဲ "

" ေအာင္စာရင္းထြက္ဖို႔က လိုေသးတယ္ေလ ေလးငယ္ရာ "

" ႏွစ္လေလာက္ပဲ လိုေတာ့တာေလကြာ ၊ မင္းေအာင္မယ္ဆိုတာေသခ်ာရင္ အခုကတည္းက စဥ္းစားထားရမွာေပါ့ "

" ဟုတ္ကဲ့ပါဗ်ာ "

" လြယ္လြယ္ ဟုတ္ကဲ့မေနနဲ႔ ခ်မ္း ၊ ငါ့အထင္ေတာ့ မင္းအေဝးသင္ပဲတက္ၿပီး ငါ့အလုပ္မွာကူတာက ပိုေကာင္းလိမ့္မယ္ ၊ ဒါမွမဟုတ္ အမွတ္စာရင္းၾကည့္ၿပီး တကၠသိုလ္တစ္ခုခု တက္ခ်င္ရင္လည္း မင္းသေဘာပဲ "

" အာ အဲ့လိုေတာ့ မတက္ခ်င္ပါဘူး ၊ ခ်မ္းအသက္ႀကီးနဲ႔ ကေလးေတြၾကားမွာတက္ဖို႔က ရွက္စရာႀကီး "

" ေအး အဲ့ဒါေၾကာင့္ ငါ့အလုပ္မွာ ဝင္လုပ္လို႔ေျပာတာ "

ေလးငယ္စကားေၾကာင့္ ခ်မ္းေခါင္းထဲ ဖ်တ္ခနဲအၾကံရသြားကာ...

" ခ်မ္းကို ဝင္လုပ္ေစခ်င္ရင္ ဦးသာကို ရေအာင္ဆြဲထား ၊ ဦးသာက ေလးငယ္ရဲ႕အလုပ္မွာ တကယ္အတည္တက် ဝင္လုပ္တာေသခ်ာရင္ ခ်မ္းလည္း ဝင္လုပ္မယ္ "

" အမေလး ခ်မ္းရာ ၊ ထူးက မင္းဦးေလးလား ငါက မင္းဦးေလးလားကြာ "

မ်က္ေမွာင္ၾကဳတ္ကာ ေမးလာတဲ့ ေလးငယ္ေၾကာင့္ ခ်မ္းလည္း မ်က္ႏွာခ်ိဳေသြးရင္း

" ေလးငယ္က ခ်မ္းရဲ႕ဦးေလးပါ "

" စပ္ၿဖဲၿဖဲလုပ္မေနနဲ႔ ၊ ငါ ေကာက္ထုလိုက္ဦးမယ္ ၊ တကယ္ပဲ....ကိုယ့္ဦးေလးအလုပ္မွာ ဝင္လုပ္ဖို႔ကိုေတာင္ အေပးအယူေလးနဲ႔ ၊ ငါမေျပာလိုက္ခ်င္ဘူး ၊ မင္းကေလ မင္းဦးသာနဲ႔ပဲ အခ်ိဳးေျပတာ ၊ ငါနဲ႔ဆိုရင္ကို ဟိုအထြန္႔တက္ခ်င္ ဒီအထြန္႔တက္ခ်င္ "

" လုပ္ပါ ေလးငယ္ရာ ၊ ဦးသာကို ရေအာင္ဆြဲထားစမ္းပါ ၊ ေလးငယ္ေျပာရင္ ဦးသာကရပါတယ္ ၊ ေလးငယ္ေျပာလို႔မရရင္ ေမ့ကိုပါကူၿပီးေျပာခိုင္း ၊ ေမေျပာရင္ ဦးသာက ေသခ်ာေပါက္လက္ခံမွာ "

ခ်မ္းကေတာ့ မရ,ရတဲ့နည္းနဲ႔ အႀကံကုန္ထုတ္ၿပီး တားရမွာပါ ။

" ေအးပါကြာ ေအးပါ ၊ တကယ္လို႔ ထူးသာ ကေနဒါျပန္သြားရင္ မင္းက တကယ္ပဲ ေလးငယ္အလုပ္မွာ ဝင္မလုပ္ဘူးေပါ့ ဟုတ္လား "

" အင္း မလုပ္ဘူး ၊ အဲ့ဒါေၾကာင့္ ခ်မ္းကို လုပ္ေစခ်င္ရင္ ဦးသာကိုသာ ရေအာင္ေခၚထား "

" ငါကလည္း ျဖစ္ႏိုင္ရင္ ေခၚထားခ်င္တာမွ တစ္ပိုင္းကိုေသလို႔ "

" ဒါျဖင့္လည္း ရွိသမ်ွအား အကုန္ထုတ္ၿပီး ဦးသာကို ဆြဲထားေလ ေလးငယ္ရာ "

" ဆြဲထားခ်င္တာေပါ့ ခ်မ္းရယ္ ၊ ဒါေပမယ့္ ဒီမွာေနတာနဲ႔ ဟိုမွာေနတာ ဘယ္ဟာက ထူးအတြက္ အေကာင္းဆံုးျဖစ္မလဲဆိုတာ မေသခ်ာေသးလို႔ပါ "

" ဒီမွာေနတာက ပိုေကာင္းတာ အသိသာႀကီးမဟုတ္ဘူးလား ေလးငယ္ရာ ၊ ဒီမွာဆို ခ်မ္းတို႔မိသားစုလည္း ရွိတယ္ေလ ၊ ဟိုမွာက ဘယ္သူမွလည္းမရွိဘဲနဲ႔ "

" မင္း မသိပါဘူး ခ်မ္းရယ္ ၊ ထူးရဲ႕စိတ္ကို ငါက မင္းထက္ ပိုနားလည္ပါတယ္ "

" ဟုတ္ေတာ့ဟုတ္ပါတယ္ ၊ ခ်မ္းက ဦးသာရဲ႕စိတ္ကို ေလးငယ္ေလာက္ေတာ့ ဘယ္သိပါ့မလဲ ၊ ဒါေပမယ့္ ခ်မ္း ေျပာၿပီးသားေနာ္ ၊ ဦးသာရွိမွ ေလးငယ္ရဲ႕အလုပ္ကို ခ်မ္းဝင္လုပ္မွာ ဒါပဲ "

တကယ္ေတာ့ ခ်မ္းစိတ္ထဲမွာ ေလးငယ္ရဲ႕အလုပ္ကို ဝင္လုပ္ဖို႔ဆံုးျဖတ္ထားၿပီးသားပါ ။ ဒါေပမယ့္ ဦးသာကို ကေနဒါျပန္မလႊတ္ခ်င္လြန္းလို႔သာ ေလးငယ္ကိုအၾကပ္ကိုင္ၿပီး ေလ်ွာက္ေျပာေနမိတာ ။

တကယ္ပါ ။ ဦးသာကို ဘယ္နည္းနဲ႔မွ ခ်မ္း လက္လႊတ္မခံႏိုင္ပါဘူး ။ အရင္က ဦးသာကိုမသိဘဲ ေမ နဲ႔ ေလးငယ္သာ ခ်စ္စရာ သံေယာဇဥ္တြယ္စရာရွိတဲ့ ခ်မ္းဘဝႀကီးက သူ႔ဟာနဲ႔သူ ေနရတာ အဆင္ေျပခဲ့ေပမယ့္ အခုခ်ိန္မွာ အရင္ဘဝပံုစံကို ျပန္သြားမယ္ဆိုရင္ျဖင့္ ဘယ္လိုမွ အဆင္ေျပႏိုင္ေတာ့မယ္မထင္ပါ ။

ဦးသာနဲ႔အတူတူ ျဖတ္သန္းခဲ့ရတဲ့ ေန႔ရက္ေတြက ခ်မ္းဘဝအတြက္ တကယ္အသားက်ေနၿပီမဟုတ္လား ။ အေျပာင္းအလဲတစ္ခုခုကို ဘယ္လိုမွလက္မခံႏိုင္ပါ ။

အဲ့ဒါေၾကာင့္ ထြက္သြားဖို႔ဆိုတဲ့အေတြးမ်ိဳး ေယာင္လို႔မွမဝင္လိုက္ပါနဲ႔ ဦးသာ ။

ဒီေကာင္က ဦးသာမရွိဘဲ ဘယ္လိုနည္းနဲ႔မွ မရပ္တည္ႏိုင္ေတာ့တဲ့ ေကာင္မို႔လို႔ပါ ။

____________________________

A/N
ေနာက္အပိုင္းေတြက်ရင္ မုန္တိုင္းတိုက္ပါေတာ့မယ္ဆိုတဲ့အေၾကာင္း ဒါဒါတို႔ထံ သတင္းဆိုးပါးလိုက္ပါရေစ ။ သည္းခံဖတ္ရႈေပးၾကပါလို႔ ေမတၱာရပ္ခံပါတယ္ေနာ္.....😔

                             Phyu Layy. ❤️🙆🏻‍♀️💚

____________________________

#For Unicode

ပန်းချီပြခန်းက ပြန်လာပြီး တစ်လလောက်ကြာတဲ့အချိန်ထိအောင်ကို ချမ်းပုံဟုယူဆရတဲ့ ပန်းချီကားအကြောင်းက သတိရတိုင်း ပြောဖြစ်နေကြဆဲ ။ ဘာမှရေရေရာရာ မသိလိုက်ရတာကြောင့် တနုံ့နုံ့ဖြစ်နေကြတာလည်းပါသည် ။

" ဟဲ့ အိသိမ့် ဒီနေ့ မိယုယက ဘာလို့သင်တန်းမလာတာလဲ "

" အဲ့ဒီမိန်းမက သူ့လူကြီးခေါ်လို့ သင်တန်းပြေးပြီးပါသွားတာ ထက်ကိုရေ "

" ဟမ် ဒင်းတို့က ကြိုက်သွားကြပြီလား "

" ကြိုက်တော့မကြိုက်သေးဘူး ၊ ဒါပေမယ့် ကိုမိုးစက်ကလည်း ယုယကို စိတ်ဝင်စားပုံရတယ်ဟဲ့ ၊ အဲ့ဒါ ဒီနေ့ ပန်းချီပြပွဲတစ်ခုရှိလို့ အတူတူသွားပြီး လေ့လာကြမလားလို့ ကိုမိုးစက်က ကမ်းလှမ်းလာတာနဲ့ မယ်မင်းကြီးမက ဝမ်းသာလုံးတွေဆို့ပြီး ပါသွားတာပဲ "

" ဟိုက သူ တကယ်ပန်းချီဝါသနာပါတယ်ထင်ပြီး စိတ်ဝင်စားတာဆိုရင်တော့ ဒုက္ခပဲ "

" အေး ငါလည်း အဲ့ဒါကို စိတ်ပူတာ ချမ်းရာ ၊ ဟဲ့ အိသိမ့် နင်ကလည်း မိန်းကလေးချင်း နည်းနည်းပါးပါး ထိန်းဦး ၊ တွဲကြ ပြုကြ ဖြစ်ပြီးမှ ထင်တဲ့အတိုင်းမဟုတ်လို့ ပြတ်ရင် မိန်းကလေးပဲနစ်နာမှာ "

" အေးပါ ရတုရယ် ၊ ငါလည်း ပြောတော့ပြောနေပါတယ် "

" ပြောရင်လည်း သေသေချာချာပြော ၊ နင်ကပါရောပြီး မြှောက်ပေးမနေနဲ့  "

" ငါ့ပဲ လူမိုက်ငှါးပြီး ပြောခိုင်းမနေကြနဲ့လေ ၊ နင်တို့လည်း ဝိုင်းပြောဦးမှပေါ့ "

" အေးပါဟာ "

" ဒါဖြင့် ဒီလိုလုပ် ၊ ဒီညနေ ငါ့အိမ်မှာ ကတ်ကြေးကိုက်လုပ်စားမယ်လို့ပြောထားတာလေ ၊ အဲ့ဒါ ယုယလာမှာ ၊ အဲ့ဒီကျရင် ငါ စကားစလိုက်မယ် ၊ နင်တို့က အခြေအနေကြည့်ပြီး လိုက်ပြောကြ ၊ ဘယ်လိုလဲ... "

" အေး အေး ကောင်းတယ် "

သင်တန်းဆင်းတော့ ချမ်းတို့တစ်ဖွဲ့လုံး အိသိမ့်အိမ်သို့လိုက်သွားကြသည် ။ အိသိမ့်အမေက ဘိတ်သူမို့ မြိတ်ကတ်ကြေးကိုက်ကြိုက်တဲ့ သူတို့အဖွဲ့ကို မကြာခဏလုပ်ကျွေးလေ့ရှိသည် ။ တစ်ဖွဲ့လုံးက အလယ်တန်းလောက်ကတည်းက ပေါင်းလာကြသူတွေမို့ မောင်နှမတွေလိုဖြစ်နေကာ ဘယ်သူ့အမေကိုဖြစ်ဖြစ် ကိုယ့်အမေလိုပင် သဘောထားကာ ရင်းနှီးနေကြတာပင် ။

အိသိမ့်မေမေပြင်ဆင်လုပ်ကျွေးသမျှကို သူတို့အားလုံး အားရပါးရစားသောက်ပြီးသည့်အချိန်ထိအောင် ယုယကရောက်မလာသေးတာမို့...

" ယုယလာလို့ ငါတို့အားလုံး စားသောက်ပြီးတာသိရင် သူ့ကိုမစောင့်လို့ဆိုပြီး စိတ်ဆိုးမလားမသိဘူး "

" စိတ်ဆိုးတော့လည်း ဝိုင်းချော့ကြတာပေါ့ ရတုရာ ၊ အမလေး ပြောသာပြောရတယ် ၊ မိယုယက လာရောလာပါ့မလားမသိဘူး ၊ သူ့ဘဲကြီးနဲ့အကြည်စိုက်ပြီး ငါတို့ကိုမေ့ချင်မေ့နေမှာ "

" ဟော ဟိုမှာ ပြောရင်းဆိုရင်း အသက်ရှည်ဦးမယ် ယုယလာနေပြီ "

အမယ် ခုမှ ခြေလှမ်းကြဲကြီးနဲ့ လျှောက်လာနေလိုက်တာ ။ သူ့ကိုမစောင့်ဘဲ မုန့်စားထားတာသိရင် သောင်းကျန်းမှာစိုးပြီး ချမ်းတို့အားလုံး မျက်နှာသေလေးတွေနှင့် ထိုင်နေကြသည် ။ အချင်းချင်းလည်း အလိုက်အထိုက်နေကြဖို့ မျက်နှာရိပ်မျက်နှာကဲ ပြရင်း အရိပ်အခြေကြည့်နေရသည် ။

" ဟဲ့ ငါ သတင်းထူးတစ်ခုပါတယ် "

အိမ်ထဲဝင်လာပြီးလို့မှ နေရာကျအောင်တောင် မထိုင်နိုင်သေးဘဲ အမောတကောပြောလာတဲ့ ယုယကြောင့် ချမ်းတို့အားလုံး ထိုသတင်းထူးဆိုတာကို စိတ်ဝင်စားသွားကြသည် ။

" ငါ ဖိုးချမ်းပုံ ပန်းချီကားတစ်ခုကို ဒီနေ့ထပ်တွေ့လာခဲ့တယ် "

သူငယ်ချင်းတွေက တစ်ခါတစ်လေမှာ ချမ်းအား ဖိုးချမ်းဟု ချစ်စနိုးခေါ်တတ်ကြပါသည် ။

" ဟယ် ဘယ်မှာတွေ့လာတာလဲ "

ဒီပန်းချီကားနဲ့ပတ်သက်ရင် အလွန်တစ်ရာမှစိတ်ဝင်စားနေသော အိသိမ့်က ပျာပျာသလဲမေးလေတော့....

" ကိုမိုးစက်နဲ့သွားကြည့်တဲ့ ပန်းချီပြပွဲတစ်ခုမှာတွေ့ခဲ့တာ ၊ ဒီတစ်ခါပုံက ပိုတူတယ် ၊ ပြီးတော့ ပုံထဲက ချမ်းရဲ့ဆံပင်က အခုလက်ရှိ ချမ်းရဲ့ဆံပင်ပုံအတိုင်းပဲ "

ပုံထဲက ချမ်း ဆိုသော ယုယရဲ့စကားကြောင့် ချမ်း ရယ်ချင်လာသည် ။ သူတို့အကုန်လုံးက အဲ့ဒီပန်းချီကားတွေထဲက လူကို ချမ်းရယ်လို့ တကယ်ကြီးကို တထစ်ချလက်ခံနေကြတာပဲကိုး ။ ဟုတ်ချင်မှလည်း ဟုတ်နေမယ့်ကိစ္စကို ။

" မျက်နှာအနီးကပ်သေချာဆွဲထားတာလား "

" ဒီတစ်ခါကရော ဘယ်လိုပုံမျိုးလဲ "

" အဝတ်အစားကရော ဘယ်လိုဝတ်ထားတာလဲ "

ချမ်းမှလွဲ၍ အကုန်လုံး တစ်ယောက်တစ်ပေါက် ဝိုင်းမေးသံတွေကြောင့်

" နေကြပါဦးဟဲ့ ၊ အဲ့လို အကုန်လုံးဝိုင်းမေးကြတော့ ငါက ဘယ်ကဘယ်လို ဖြေရမှန်းတောင် မသိတော့ဘူး "

ယုယဟောက်လိုက်တော့မှ အားလုံး ဇက်ပုကာ ငြိမ်သွားကြတော့သည် ။

" ဒီတစ်ခါပုံကလည်း မျက်နှာအသေးစိတ်အတိအကျ ဆွဲထားတာမျိုးမဟုတ်ဘူး ၊ အပြာရောင်လိုလို ခရမ်းရောင်ဖျော့ဖျော့လိုလို ပန်းခင်းပုံစံမျိုးနောက်ခံနဲ့ အဲ့ဒီပန်းတွေပေါ်မှာ လှဲအိပ်နေတဲ့ပုံကို အပေါ်စီးက မြင်ရသလို ဆွဲထားတာ ၊ အင်္ကျီအဖြူနဲ့ ကိုယ်တစ်ပိုင်းပုံ "

" တော်တော်ကြီးတူတာလား "

" အရင်ပုံထက် ပိုတူတယ်ဟာ ၊ ဘယ်နားကတူလို့တူနေမှန်းမသိကို တူနေတာ "

" နင်ကလည်း ဖုန်းဆက်ခေါ်လိုက်တာမဟုတ်ဘူး ၊ ငါတို့ပါ လာကြည့်မှာပေါ့ "

" ကိုမိုးစက်ရှိနေတော့ ငါတို့စုံစမ်းသလိုလုပ်နေတာတွေကို မသိစေချင်လို့ပေါ့ဟ ၊ ဒါပေမယ့် နင်တို့ကြည့်ချင်မယ်မှန်းသိလို့ ငါ မေးလာခဲ့တယ် ၊ အဲ့ဒီပြပွဲက နောက်သုံးရက်အထိရှိနေဦးမှာတဲ့ "

" ဒါဆို မနက်ဖြန် သွားကြည့်ကြမလား "

တအားတွေတက်ကြွနေသော အိသိမ့်ကိုကြည့်ပြီး ချမ်း ရယ်မိတော့သည် ။

" ကဲ အဲ့ဒီလောက်ကြီး အလေးအနက်မထားကြပါနဲ့ဟာ ၊ ဒါက တိုက်ဆိုင်တာလည်းဖြစ်နိုင်တာပဲကို "

ချမ်းစကားကို ရတုက ကန့်ကွက်လိုဟန်နှင့်

" တိုက်ဆိုင်တာတော့ မဟုတ်လောက်ဘူး ချမ်း ၊ ပန်းချီကားနာမည်က Peace လို့ပေးထားတယ်လေကွာ "

" အေး အဲ့ဒီနာမည်ကိစ္စကို ငါပြောဦးမယ် "

ယုယက ပြောရင်းနဲ့ သူ့အိတ်ထဲမှ စာရွက်နဲ့ဘောပင်ကိုထုတ်ကာ ရေးပြသည်က

PEACE VI

" အဲဒါ ဒီနေ့တွေ့ခဲ့တဲ့ပန်းချီကားရဲ့ နာမည်ပဲ "

" ဟမ် ဒါ ဘာအဓိပ္ပါယ်လဲ "

" ဟိုပထမတွေ့ခဲ့တဲ့ ပန်းချီကားက PEACE V လေ ၊ အခုက နောက်မှာ အိုင် ( I ) တစ်လုံး ပိုလာတာလား "

" နေဦး ၊ ဒါ အင်္ဂလိပ်စာလုံး မဟုတ်ဘဲ ရောမကိန်းဂဏန်းရော မဖြစ်နိုင်ဘူးလား ၊ number 6 ကို ရည်ညွှန်းတဲ့ VI လေ "

ရတုရဲ့ထင်မြင်ချက်စကားကြောင့် အကုန်လုံး လှုပ်လှုပ်ရှားရှားပိုဖြစ်ကုန်သည် ။

" ဟယ် "

" အေး အဲ့ဒါက ပိုဖြစ်နိုင်တယ် "

" ဒါဆို ပထမပန်းချီကားက Peace 5 ၊ ဒုတိယပန်းချီကားက Peace 6 ပေါ့ ဟုတ်လား "

" ဒါဖြင့် Peace 1 2 3 4 ရှိနိုင်သေးတဲ့သဘောလား "

တစ်ယောက်တစ်ပေါက်နဲ့ အသည်းအသန်တွေ စိတ်ဝင်စားနေကြသော သူငယ်ချင်းအားလုံးကို

" တော်ကြပါတော့ဟာ ၊ ဘာမှလည်းသေချာတာမဟုတ်ဘဲနဲ့ ဘာလို့ခေါင်းစားခံနေကြမှာလဲ ၊ ငါ့ပုံဟုတ်ဟုတ် မဟုတ်ဟုတ် ဘာမှမထူးဘူး ၊ ဒီကိစ္စကို ဒီမှာတင် ထားလိုက်တော့ "

" နင့်ကိုကြိုက်နေတဲ့မိန်းမတစ်ယောက်ယောက်က ဆွဲတာဖြစ်နေမလားလို့ပေါ့ "

" ကဲ ဟုတ်တော့ရော ဘာဖြစ်တုန်းဟာ ၊ သူ့လက်နဲ့သူဆွဲတာ ဆွဲပါစေ ၊ ငါ့ပုံမဟုတ်ဘဲ လျှောက်ထင်နေမိတာဆိုရင်သာ အားနာဖို့ကောင်းမှာ ၊ အဲ့တော့ ဒီနေ့ကစ,ပြီး အဲ့ဒီကိစ္စကိုစိတ်ဝင်စားနေတာတွေ ရပ်တန်းကရပ်ကြတော့ ၊ အထူးသဖြင့် အိသိမ့်နော် "

" အေးပါဟဲ့ ၊ ငါက နင့်အတွက်စိတ်ဝင်စားပေးနေတာပါ ၊ နင်က ဆက်ပြီးမစုံစမ်းနဲ့ဆိုရင် ငါလည်း မစုံစမ်းပါဘူး "

" အေး ပြီးရော "

ထိုကဲ့သို့ ချမ်း အတည်ပေါက်နဲ့ပြောတော့မှသာ အကုန်လုံးငြိမ်သွားကြတော့သည် ။

**********

ဒီနေ့ ချမ်း သင်တန်းကပြန်လာတော့ လေးငယ်ကို ထူးထူးဆန်းဆန်း ထမင်းစားခန်းမှာတွေ့လိုက်ရသည် ။ ပုံမှန်ဆို အခုလို ညနေလောက်ကို ပြန်ရောက်လေ့မရှိဘဲ အမြဲလိုလိုမိုးချုပ်မှပြန်လာတဲ့တတ်သူမို့...

" ဟာ လေးငယ် အစောကြီးပြန်ရောက်နေတာလား "

" ခဏပြန်လာပြီး ထမင်းစားတာ ၊ ပြီးရင် ဧည့်သည်တစ်ယောက်နဲ့ အလုပ်ကိစ္စချိန်းထားတာ သွားရဦးမယ် "

" မေနဲ့ဦးသာက ပြန်မရောက်ကြသေးဘူးလား "

" အေး မရောက်သေးဘူး "

" မေတို့ ဘယ်သွားကြတာလဲ လေးငယ်သိလား ၊ ချမ်းကို ဘာမှပြောမသွားလို့ "

" ငါ့အလုပ်ကိစ္စတစ်ခု ထူးကို သွားခိုင်းထားတာ ၊ မမကလည်း အဖော်လိုက်သွားတယ်ထင်တယ်  ၊ ငါပြန်လာကတည်းက အိမ်မှာမရှိကြတာလေ "

" ချမ်းသူငယ်ချင်းတစ်ယောက်က မင်းအမေကို လူတစ်ယောက်နဲ့တွေ့လိုက်တယ်ဆိုပြီးလာပြောတော့ ရုတ်တရက် မေများ လက်တွဲဖော်အသစ်တွေဘာတွေ ရသွားတာလားလို့ ထင်လိုက်မိသေးတာ ဟားဟား "

" ချမ်းရာ မင်းကတော့လေ "

" အဲ့ဒါနဲ့ စိတ်ဝင်စားသွားပြီး အဲ့လူက ဘယ်လိုပုံစံလဲဘာညာမေးတော့မှ ဦးသာမှန်းသိတာ ၊ ဒါနဲ့လေ လေးငယ် ဦးသာက အခုတလော အိမ်သိပ်မကပ်ဘူးနော် "

" ငါ့အလုပ်တွေ ဒီကောင့်ကိုလုပ်ခိုင်းနေလို့လေ "

" လေးငယ်က ကိုယ့်ဟာကိုယ်မလုပ်ဘဲ ဘာလို့ဦးသာကို လျှောက်ခိုင်းနေတာလဲ "

" ဟ မင်းပဲ ဦးသာကို ကနေဒါမပြန်အောင် ဆွဲထားပါဆို "

" ဟင် အခု ဦးသာကပြန်မယ်ပြောနေလို့လား "

" အဲ့လိုတော့ မပြောပါဘူး ၊ ဒါပေမယ့် တောင်ကြီးကပြန်လာကာစတုန်းက ကနေဒါပြန်ရင်ကောင်းမလားမသိဘူး ဆိုပြီး လေးငယ်ကို လာပြောသေးတယ် "

" ဟင် "

ဟင့်အင်း ။ အဲ့လိုတော့ မဖြစ်ရပါဘူးနော် ။

" သူ ဟိုမှာလုပ်ခဲ့တဲ့ Company က သူ့ကို အလုပ်ပြန်လာလုပ်ဖို့ request လှမ်းလုပ်တာတဲ့ကွာ "

" ဒီကလူကိုလှမ်းခေါ်ရလောက်အောင် သူတို့ဆီမှာ အလုပ်လုပ်တဲ့သူ အဲ့လောက်တောင်ရှားနေတာလား "

" ထူးရဲ့ Architecture နဲ့ design တွေက တော်ရုံ Architect လိုက်လို့မမီဘူး ချမ်းရ ၊ အဲ့ဒါကြောင့် သူလုပ်ခဲ့တဲ့ Company က ထူးကို လက်မလွှတ်နိုင်ဖြစ်နေတာ "

" ဟာ ပြန်မသွားစေနဲ့နော် လေးငယ် "

" အေးပါ ၊ အဲ့ဒါကြောင့် ငါ့အလုပ်မှာ ဝင်လုပ်ဖို့သူ့ကိုဆွယ်နေရတာဟေ့ ၊ အခု လုံးချင်းဆောက်ဖို့လာအပ်ထားတာတွေကိုလည်း ထူးကိုပဲ design ဆွဲခိုင်းထားတယ် ၊ နောက်ပိုင်းဆောက်ဖို့ plan ရှိနေတဲ့ Mini condo တွေကိုလည်း သူ့ကိုပဲ လုပ်ခိုင်းရမှာပဲ ၊ ဒါမှ ဒီကောင် ဟိုကိုပြန်မသွားဖြစ်မှာ "

" ကောင်းတယ် ကောင်းတယ် ၊ အဲ့ဒါကောင်းတယ် လေးငယ် ၊ ငါ အလုပ်တွေ မနိုင်လို့ပါ ဘာညာ လျှောက်ပြောပြီး ရအောင်သာဆွဲထား ၊ လေးငယ်ရဲ့အလုပ်တွေထဲမှာသာ အခြေကျသွားရင် ဦးသာလည်း ပြန်ဖို့စိတ်ကူးဖြစ်မှာမဟုတ်တော့ဘူး ၊ နော် နော်လို့ လေးငယ် "

" အေးပါကွာ ၊ လေးငယ်လည်း အဲ့လောက်တော့ သိပါတယ် ချမ်းရဲ့ ၊ ဒါနဲ့ မင်းအောင်စာရင်းထွက်လို့ အောင်ခဲ့ရင် ဘာတက်ဖို့စဉ်းစားထားလဲ "

" အောင်စာရင်းထွက်ဖို့က လိုသေးတယ်လေ လေးငယ်ရာ "

" နှစ်လလောက်ပဲ လိုတော့တာလေကွာ ၊ မင်းအောင်မယ်ဆိုတာသေချာရင် အခုကတည်းက စဉ်းစားထားရမှာပေါ့ "

" ဟုတ်ကဲ့ပါဗျာ "

" လွယ်လွယ် ဟုတ်ကဲ့မနေနဲ့ ချမ်း ၊ ငါ့အထင်တော့ မင်းအဝေးသင်ပဲတက်ပြီး ငါ့အလုပ်မှာကူတာက ပိုကောင်းလိမ့်မယ် ၊ ဒါမှမဟုတ် အမှတ်စာရင်းကြည့်ပြီး တက္ကသိုလ်တစ်ခုခု တက်ချင်ရင်လည်း မင်းသဘောပဲ "

" အာ အဲ့လိုတော့ မတက်ချင်ပါဘူး ၊ ချမ်းအသက်ကြီးနဲ့ ကလေးတွေကြားမှာတက်ဖို့က ရှက်စရာကြီး "

" အေး အဲ့ဒါကြောင့် ငါ့အလုပ်မှာ ဝင်လုပ်လို့ပြောတာ "

လေးငယ်စကားကြောင့် ချမ်းခေါင်းထဲ ဖျတ်ခနဲအကြံရသွားကာ...

" ချမ်းကို ဝင်လုပ်စေချင်ရင် ဦးသာကို ရအောင်ဆွဲထား ၊ ဦးသာက လေးငယ်ရဲ့အလုပ်မှာ တကယ်အတည်တကျ ဝင်လုပ်တာသေချာရင် ချမ်းလည်း ဝင်လုပ်မယ် "

" အမလေး ချမ်းရာ ၊ ထူးက မင်းဦးလေးလား ငါက မင်းဦးလေးလားကွာ "

မျက်မှောင်ကြုတ်ကာ မေးလာတဲ့ လေးငယ်ကြောင့် ချမ်းလည်း မျက်နှာချိုသွေးရင်း

" လေးငယ်က ချမ်းရဲ့ဦးလေးပါ "

" စပ်ဖြဲဖြဲလုပ်မနေနဲ့ ၊ ငါ ကောက်ထုလိုက်ဦးမယ် ၊ တကယ်ပဲ....ကိုယ့်ဦးလေးအလုပ်မှာ ဝင်လုပ်ဖို့ကိုတောင် အပေးအယူလေးနဲ့ ၊ ငါမပြောလိုက်ချင်ဘူး ၊ မင်းကလေ မင်းဦးသာနဲ့ပဲ အချိုးပြေတာ ၊ ငါနဲ့ဆိုရင်ကို ဟိုအထွန့်တက်ချင် ဒီအထွန့်တက်ချင် "

" လုပ်ပါ လေးငယ်ရာ ၊ ဦးသာကို ရအောင်ဆွဲထားစမ်းပါ ၊ လေးငယ်ပြောရင် ဦးသာကရပါတယ် ၊ လေးငယ်ပြောလို့မရရင် မေ့ကိုပါကူပြီးပြောခိုင်း ၊ မေပြောရင် ဦးသာက သေချာပေါက်လက်ခံမှာ "

ချမ်းကတော့ မရ,ရတဲ့နည်းနဲ့ အကြံကုန်ထုတ်ပြီး တားရမှာပါ ။

" အေးပါကွာ အေးပါ ၊ တကယ်လို့ ထူးသာ ကနေဒါပြန်သွားရင် မင်းက တကယ်ပဲ လေးငယ်အလုပ်မှာ ဝင်မလုပ်ဘူးပေါ့ ဟုတ်လား "

" အင်း မလုပ်ဘူး ၊ အဲ့ဒါကြောင့် ချမ်းကို လုပ်စေချင်ရင် ဦးသာကိုသာ ရအောင်ခေါ်ထား "

" ငါကလည်း ဖြစ်နိုင်ရင် ခေါ်ထားချင်တာမှ တစ်ပိုင်းကိုသေလို့ "

" ဒါဖြင့်လည်း ရှိသမျှအား အကုန်ထုတ်ပြီး ဦးသာကို ဆွဲထားလေ လေးငယ်ရာ "

" ဆွဲထားချင်တာပေါ့ ချမ်းရယ် ၊ ဒါပေမယ့် ဒီမှာနေတာနဲ့ ဟိုမှာနေတာ ဘယ်ဟာက ထူးအတွက် အကောင်းဆုံးဖြစ်မလဲဆိုတာ မသေချာသေးလို့ပါ "

" ဒီမှာနေတာက ပိုကောင်းတာ အသိသာကြီးမဟုတ်ဘူးလား လေးငယ်ရာ ၊ ဒီမှာဆို ချမ်းတို့မိသားစုလည်း ရှိတယ်လေ ၊ ဟိုမှာက ဘယ်သူမှလည်းမရှိဘဲနဲ့ "

" မင်း မသိပါဘူး ချမ်းရယ် ၊ ထူးရဲ့စိတ်ကို ငါက မင်းထက် ပိုနားလည်ပါတယ် "

" ဟုတ်တော့ဟုတ်ပါတယ် ၊ ချမ်းက ဦးသာရဲ့စိတ်ကို လေးငယ်လောက်တော့ ဘယ်သိပါ့မလဲ ၊ ဒါပေမယ့် ချမ်း ပြောပြီးသားနော် ၊ ဦးသာရှိမှ လေးငယ်ရဲ့အလုပ်ကို ချမ်းဝင်လုပ်မှာ ဒါပဲ "

တကယ်တော့ ချမ်းစိတ်ထဲမှာ လေးငယ်ရဲ့အလုပ်ကို ဝင်လုပ်ဖို့ဆုံးဖြတ်ထားပြီးသားပါ ။ ဒါပေမယ့် ဦးသာကို ကနေဒါပြန်မလွှတ်ချင်လွန်းလို့သာ လေးငယ်ကိုအကြပ်ကိုင်ပြီး လျှောက်ပြောနေမိတာ ။

တကယ်ပါ ။ ဦးသာကို ဘယ်နည်းနဲ့မှ ချမ်း လက်လွှတ်မခံနိုင်ပါဘူး ။ အရင်က ဦးသာကိုမသိဘဲ မေ နဲ့ လေးငယ်သာ ချစ်စရာ သံယောဇဉ်တွယ်စရာရှိတဲ့ ချမ်းဘဝကြီးက သူ့ဟာနဲ့သူ နေရတာ အဆင်ပြေခဲ့ပေမယ့် အခုချိန်မှာ အရင်ဘဝပုံစံကို ပြန်သွားမယ်ဆိုရင်ဖြင့် ဘယ်လိုမှ အဆင်ပြေနိုင်တော့မယ်မထင်ပါ ။

ဦးသာနဲ့အတူတူ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေက ချမ်းဘဝအတွက် တကယ်အသားကျနေပြီမဟုတ်လား ။ အပြောင်းအလဲတစ်ခုခုကို ဘယ်လိုမှလက်မခံနိုင်ပါ ။

အဲ့ဒါကြောင့် ထွက်သွားဖို့ဆိုတဲ့အတွေးမျိုး ယောင်လို့မှမဝင်လိုက်ပါနဲ့ ဦးသာ ။

ဒီကောင်က ဦးသာမရှိဘဲ ဘယ်လိုနည်းနဲ့မှ မရပ်တည်နိုင်တော့တဲ့ ကောင်မို့လို့ပါ ။

____________________________

A/N
နောက်အပိုင်းတွေကျရင် မုန်တိုင်းတိုက်ပါတော့မယ်ဆိုတဲ့အကြောင်း ဒါဒါတို့ထံ သတင်းဆိုးပါးလိုက်ပါရစေ ။ သည်းခံဖတ်ရှုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်နော်.....😔

                             Phyu Layy. ❤️🙆🏻‍♀️💚

____________________________

Czytaj Dalej

To Też Polubisz

321K 31.2K 44
ဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်က...
631K 60.2K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.2M 92.3K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
262K 6.4K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်