Sad Song ( Unicode + Zawgyi )
By ZinM902
25.9K 2K 233
ကံကြမ္မာဖန်လာခဲ့ရင် လူတွေဟာ ဘာမဆို ရင်ဆိုင်ကြရတာသဘာဝပဲ ကလေးရဲ့........ Jisoo ကံကွမ်မာဖနျလာခဲ့ရငျ လူတှဟော ဘာမဆိ... More
1
2
3
4
5
6
7
8
9
10
12
13
14
15
Attention!!!
11
1.1K 127 8
By ZinM902
Zawgyi
" အင်း ဒို့ လာလည်တာလေ "
" အာ Nae... "
➖➖➖➖
" ဘလို "
" ဘယ်မှာ နေခဲ့ကြလဲ ... ဟင် "
" ၁၅ နှစ် "
Jane ထိုင်ရာကနေ ဆက်ခနဲ ထကာ သွားကြည့်လိုက်တော့ Sunday ကလွဲရင် ကျန်တဲ့ရက်တွေမှာတော့ 24 နာရီရှိတဲ့အထဲမှ 12 နာရီလောက် အလုပ်လုပ်နေသလားမှတ်ရတယ်...
အလုပ်တွေ ကြားထဲမှာမှ
" ဆိုင်ပြန်သိမ်းရအုံးမှာမို့လေ Chae လေး အာ Sorry Rosè လေး လိုက်ခဲ့မလား, Unnie ပြန်ပို့ပေးမယ်လေ "
................................🍒🍒..............................
❤❤❤
❤❤❤
______________________________________
Unicode
ခဏကြာတော့ Rosè ပြန်ရောက်လာခဲ့တယ်။
" ပြန်ရောက်ပါပြီ... ဟင်... Unnie Jane က ဘယ်လိုလုပ်ပြီး..."
" အင်း ဒို့ လာလည်တာလေ "
" ကဲ Rosè လဲ ပြန်ရောက်လာပြီ ဆိုတော့ စကားပြောကြအုံးပေါ့ ကိုယ် အလုပ်သွားဖို့အချိန်နီးပြီမို့ ခွင့်ပြုပါအုံး Ruby Shi "
Jane နဲနဲ ကြောင်သွားတယ် ၊ ဒီနေ့က Sunday လေ နောက်ပြီး ညနေစောင်းကြီးကို...
" အမ် ညနေ ၄နာရီတောင်ရှိပြီ ၊ နောက်ပြီး ဒီနေ့က Sunday မဟုတ်လား "
" Unnie က ညနေပိုင်းဆို ဈေးထွက်တယ်လေ ၊ သူ့သူငယ်ချင်း သုံးယောက်နဲ့ အတူတူ "
" ကဲ Unnie သွားတော့မယ် Rosè ၊ ထမင်း ဟင်း အကုန်အဆင်သင့်ပဲ ၊ ပြန်နွှေးပြီးတော့မှ စားနော် ၊ စောင့်မနေနဲ့အုံး အိမ်တံခါးကို သေချာ ပိတ်နော် ဘယ်သူလာလာ မဖွင့်ပေးနဲ့ ၊ စိတ်ချမယ်နော် Rosè "
" Unnie ကလဲ Chaw က 23 ထဲရောက်နေပါပြီနော် ကလေးမဟုတ်တော့ဖူး ၊ ဘာမှမပူနဲ့ စောစောပြန်ခဲ့နော် ၊ လောဘကြီးမနေနဲ့အုံး "
" အေးပါကွာ ငါ့မျက်လုံးထဲတော့ နင်က ကလေးပဲ ၊ ကဲ သွားပြီဟေ့ ဟိုသုံးကောင် အိမ်ရှေ့ရောက်နေပြီ။ Ruby Shi သွားလိုက်ပါအုံးမယ် နောက်မှ တွေ့ကြတာပေါ့ "
" အာ Nae... "
ပြေးထွက်သွားတဲ့ နောက်ကျောလေးကို လိုက်ကြည့်ရင်း မြင်ကွင်းထဲမှ ဖြေးဖြေးချင်း ပျောက်သွားလေသည်...
➖➖➖➖
" သူက ဘာအလုပ်လုပ်တာလဲဟင် Rosè "
" ဟူးးး Unnie Chu က သိပ်သနားဖို့ကောင်းတယ် Unnie ရဲ့ ။ ဘဝ ရဲ့ ဒဏ်ချက်ကို ခါးစည်းခံပြီး ညီမကို ပျိုးထောင်ပေးခဲ့တာ ညီမ အသက် ၁၃ နှစ်ကတည်းက ဆိုပါတော့ "
" ဘလို "
" ဟုတ်တယ် ၊ Rosè အသက် ၁၃ နှစ်မှာ မိဘတွေ ကွဲကြတယ်လေ Omma ကလဲ နောက် အိမ်ထောင်ပြု ၊ Appa ကလဲ နောက်အိမ်ထောင်ပြု သွားကြတယ်။ Omma နဲ့ တလှည့် ၊ Appa နဲ့ တလှည့် နေကြပေမယ့် အဆင်မပြေပါဖူး Unnie ရယ်။ ပထွေးကလဲ သမီးပျို တွေ ဆိုတော့ အမေ လစ်ရင် လစ်သလို မထိတထိ စ ချင်တယ်။ ပထွေး ဒဏ်ကြောက်လို့ အဖေ အရင်းနဲ့ သွားနေကြပြန်တော့လဲ မိထွေးက နှိပ်စက်တယ် ။ အဖေ့ကို အမျိုးမျိုးသွေးထိုးတယ် ။ အဖေကလဲ သူ့မိန်းမ တစ်မျက်နှာပဲ ကြည့်တယ်လေ ၊ သမီး တွေကို ပိုက်ဆံ အနည်းငယ် ပေးပြီး နှင်ထုတ်ခဲ့တယ်။ အမေ နဲ့ရော အဖေနဲ့ပါ နေလို့ မရခဲ့ဖူး အဲ့မှာ Unnie က ကျောင်းထွက်ပြီး အချိ်န်ပိုင်းအလုပ်တွေ ဇယ်ဆက်သလို လုပ်ခဲ့တယ်... ဒီအခြေအနေရောက်တဲ့အထိ သူ့ချွေးသူ့သွေးနဲ့ ကိုယ်တိုင် တည်ထောင်လာခဲ့တာ "
သိပ်ကို ခက်ခဲခဲ့တာပါလား... ဒါကြောင့် သိပ်ကိုသန်မာသွားခဲ့တာလား... မ ရယ်
" ဘယ်မှာ နေခဲ့ကြလဲ ... ဟင် "
" သူက Rosè ကို ကျောင်းဆက်ထားပေးတယ် ၊ ကျူရှင်ဆက်ထားပေးတယ်လေ တစ်လ နှစ်လလောက်ကတော့ ချွေးထုတ်ခန်းမှာ ပဲ နေခဲ့ကြတယ် ၊ Unnie က အလုပ်တွေ အသေလုပ်ပြီး ပိုက်ဆံကို ကျစ်ကျစ်ပါအောင်စုထားတာ ၊ ပြီးတော့ စပေါ်ပျောက် ဈေးသက်သာတဲ့ ထပ်ခိုးအခန်းကျဉ်းလေးငှါးပြီး နေခဲ့ကြတာလေ "
" Rosè က ၁၃ နှစ်ဆိုတော့ သူကရော?? "
" ၁၅ နှစ် "
" ခုထိ အလုပ်တွေ လုပ်နေတုန်းလား "
" အင်း ဟိုမှာကြည့်လိုက် အဲ့တာ သူ့ရဲ့ အလုပ်အချိန်ဇယားပဲ "
Jane ထိုင်ရာကနေ ဆက်ခနဲ ထကာ သွားကြည့်လို်က်တော့ Sunday ကလွဲရင် ကျန်တဲ့ရက်တွေမှာတော့ 24 နာရီရှိတဲ့အထဲမှ 12 နာရီလောက် အလုပ်လုပ်နေသလားမှတ်ရတယ်...
အလုပ်တွေ ကြားထဲမှာမှ
ကျူ ရှင်ချိန် နဲ့ စာကျက်ရန် ဆိုတဲ့ နေရာလေးဟာတော့ အထင်းသား
" ဒါလေးက ဘာအဓိပ္ပာယ်လဲ Rosè "
" အဲ့တာက သူ အထက်တန်း ပြန်ဖြေ မလို့ လုပ်နေတာဆိုတော့ စာပြန်ကျက်နေတယ် ဆိုပါတော့ "
" Rosè ကရော ခု ဘာတက်နေတာလဲ "
" ညီမ က ကျောင်းပြီးလို့ Company တခုမှာ အလုပ်ဝင်လုပ်နေတာ ၂နှစ်ရှိပြီ Unnie ရဲ့၊ အဲ့တာကြောင့်လဲ Unnie Chu က အထက်တန်းပြန်ဖြေဖို့ ကြိုးစားလို့ရတာပေါ့ "
" အင်း.... ဘယ်နှနာရီတွေတောင် ထိုးကုန်ပြီလဲ မသိဖူး "
" ၅ နာရီ ထိုးတော့မယ် Unnie... ဘာလို့လဲ "
" ဆိုင်ပြန်သိမ်းရအုံးမှာမု်ိ့လေ Chae လေး အာ Sorry Rosè လေး လိုက်ခဲ့မလား, Unnie ပြန်ပို့ပေးမယ်လေ "
" 😂 Unnie ကတော့ စာအုပ်ထဲ ဘယ်လောက်တောင် စိတ်နှစ်ထားလို့ပါလိမ့် ... နာမည်တောင် မှားခေါ်နေတာ... အင်း လိုက်ခဲ့မယ်လေ ညီမ လဲ ပျင်းနေတာ နေအုံး သော့သွားယူလိုက်အုံးမယ် "
သော့သွားယူနေတဲ့ Rosè ကို တချက် ကြည့်လိုက်ကာ အတွေးကတော့ မ ဆီကိုသာ...
* ဒီပုံစံဆိုရင် မ ကို လိုက်ရတာ သိပ်ခက်မှာပဲ သူက သိပ်တိကျတယ် ၊ လက်တွေ့ဆန်တယ် ။ သန်မာတယ် ။ ရဲရင့်တယ်။ သူ့အနားကပ်လိုက်ရင်ကို အလိုလို ရှိန်နေတာ သူ့အတွင်းစိတ်နဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှု့ ပြင်းထန်မှန်း သိပ်သိသာတယ်...  ဒါပေမယ့်... *
တစ်စုံတစ်ခုကို သတိရသွားကာ Irene ဆီသို့ ဖုန်းတစ်ချက် လှမ်းတောက်လိုက်တော့သည်...။
................................🍒🍒..............................
❤❤❤
အပေါ်ယံမာကြောတဲ့လူတွေဟာ
ကြောက်စရာ ကောင်းပါတယ်...
တွေ့ဖူးသမျှထဲမှာတော့
သူတို့ဟာ နာကြင်မှု့ကို
သိုသိပ်စွာ ကွယ်ဝှက်ထားတတ်ကြတယ်လေ...
❤❤❤
______________________________________
Continue Reading
You'll Also Like
49.3K 2.7K 42
កាលពីកន្លងមកគេចាត់ទុកយើងត្រឹមតែជាប្អូនប្រុសម្នាក់ប៉ុណ្ណោះ ជុងហ្គុក ចនអេនឡាក់ដែលជាកូនប្រុសទោលតែម្នាក់នៅក្នុងវង្សត្រកូលចន នាយសង្ហាម្នាក់នេះគ្មានចិត្តប្...
37.9K 5.6K 37
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
99.6K 5.7K 46
ហេតុអីចក្រវាលនេះតម្រូវឲ្យមនុស្សដែលមិនគួរជួបគ្នាសោះ បានឆ្លងសម័យកាលមកជួបនិងស្រលាញ់គ្នា ហើយចុងក្រោយក៏បញ្ចប់ដោយម្នាក់ត្រូវចាកចេញ និងម្នាក់ទៀតចំណាយពេលមួយជ...
488K 66.5K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...