BAD BOY
By Ah-Thunn
292K 24.1K 2.6K
ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်‌ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပျဆိ... More
BAD BOY - 1
Bad Boy - 2
Bad Boy - 3
Bad Boy - 4
Bad Boy - 5
Bad Boy - 6
Bad Boy - 7
Bad Boy - 8
Bad Boy - 9
Bad Boy -10
Bad Boy - 11
Bad Boy - 12
Bad Boy -13
Bad Boy -14
Bad Boy -15
Bad Boy -16
Bad Boy -17
Bad Boy -18
Bad Boy - 19
Bad Boy - 20
Bad Boy -21
Bad Boy - 22
Bad Boy - 23
ဖတ်ကြည့်ပေးကြပါလားဟင်
Bad boy -24
Bad Boy - 25
Bad boy -26
Bad Boy -27
Bad Boy -28
Bad Boy -29
Bad Boy -30
Bad Boy - 31
Bad Boy - 32
Bad Boy -33
Bad Boy - 34
Bad Boy - 35
Bad Boy - 36
Bad Boy - 37
Bad Boy -38
Bad Boy -39
Bad Boy - 40
Bad Boy - 41
Bad Boy -42
Bad Boy - 43
Bad Boy - 44
Bad Boy - 45
Bad Boy - 46
Bad Boy - 47
Bad Boy - 48
Bad Boy - 50
Bad Boy - 51
Bad Boy - 52
Bad Boy - 53
Bad Boy -54
Bad Boy - 55
Bad Boy - 56
Bad Boy -57
Bad Boy - 58
Bad Boy - 59
Bad Boy - 60(ပြန်တင်ပေးထားတယ်နော် )
BAD BOY - 61
BAD BOY - 62
BAD BOY - 63
Bad Boy - 64
Bad Boy - 65
Bad Boy -66 (completed)
Bad Boy - 49
2.5K 243 33
By Ah-Thunn
"ရီ......ရီ.......ရီပေါ် ! ။"
.................................................................................................................................................................
"အင်း....။"
"ဟုတ် ...ကိုကို ။"
"ဘာဖြစ်လို့လဲ ကလေးရဲ့။"
"ဟင်....အင်း ။ ဘာမှ မဖြစ်ပါဘူး ။"
"ဒါ အဖြေပဲ ကလေးရေ ။"
"ဘာလို့ မမေးတာလည်း ? ။"
"ဟမ်....ဘာကို ??? ။"
[Unicode]
"အေး...... မတွေ့မချင်း ပြန်ရှာလာခဲ့!! ။ သူ့ကိုတွေ့လို့ ကောင်းကောင်းပြန်မလိုက်လာခဲ့ရင် ခြေတွေလက်တွေပါ ချိုးပြီးပြန်ခေါ်လာခဲ့ ။"
ရီပေါ်လည်း တစ်ဖက်လူက ဖုန်ချသွားမှ သူပါအဝတ်အစားလဲပြီး ကားမောင်း၍ ထွက်လာခဲ့လိုက်လေသည်။ရီပေါ်အစက ကားမောင်း မတတ်သေးသော်လည်း လွန်ခဲ့တဲ့သုံးလမှစ၍ ရှောင်ကျန့်က လိုရမယ်ရ အတင်းသင်ခိုင်းနေသောကြောင့် ရီပေါ်ကားမောင်းသင်ခဲ့ရလေသည်။
ရီပေါ် လင်းကို ဖမ်းထားသောနေရာကို ရောက်တော့ လူမိုက်ကြီးများက ရီပေါ်အား လင်း သွားနိုင်မည့် နေရာအားပြောပြကြလေသည်။
"ကောင်းပြီး အဲ့ဒါဆို လူအချို့တစ်ဝက် ငါနဲ့လိုက်လာခဲ့ ။ ကျန်တဲ့သူတွေက ဂိုထောင်စောင်ဖို့ နေခဲ့ကြ ။"  ဟုဆိုကာ ရီပေါ်၏ အမိန့်သံအဆုံး ရီပေါ်တို့ကားလေးလည်း လင်း အားရှာရန် ထွက်လာခဲ့လေသည်။
လင်းတစ်ယောက် ဗိုက်အောင့်ဟန် ဆောင်ကာ နေမကောင်းသည်ဟု ပြောလာသောကြောင့် လူမိုက်များက ရီပေါ်၏ခွင့်ပြုချက်နှင့်အတူ အနီးအနားမှ ဆရာဝန်ဆီအား သွား၍ပြပေးလေသည်။
သို့သော် ဆရာဝန်နှင့်ပြခါနီးတွင်  အိမ်သာတတ်ချင်လို့ပါဟု ဆိုကာ ဆေးခန်းကအိမ်သာထဲသို့ ဝင်သွားလေသည်။
ဆေးခန်းက အိမ်သာက တစ်ခန်းထဲပဲ ဖြစ်သောကြောင့် လူမိုက်များက အိမ်သာတံခါးဝရှေ့တွင် လင်းကို ‌စောင့်နေကြလေသည်။
အချိန်အတော်ကြာသည်အထိ ဘာအသံမှမကြား ၊ ဘာစကားမှ ပြန်မပြောသောကြောင့် တံခါးဖြတ်ပြီးဝင်ကြည့်လိုက်ရာ ...... လူတစ်ရက်စာအမြင့်လောက်တွင် အလျားတစ်ပေခွဲ ၊ အနံတစ်ပေလောက်ကို မှန်နဲ့ကာထားပြီး လုပ်ထားသော လေဝင်ပေါက်ကိုသာ တွေ့လိုက်ရလေသည်။ထိုအပေါက်လေးကလည်း မှန်တွေဖြုတ်ခံထားရတော့ ထိုအပေါက်ကနေ လင်းထွက်ပြေးသွားမှန်း သိခဲ့ကြလေသည်။
ထို့ကြောင့် ရီပေါ်ကိုအကြောင်းကြားကာ လင်းအားလိုက်ရှာတော့ ........ လမ်းဘေးနားတွင် ခြေထောက်ထော့နဲ့နှင့် ကားတားနေသည်ကို တွေ့လိုက်ရလေသည်။လူသွားလူလာနည်းသော နေရာဖြစ်သည့်အပြင် လာသော တစ်စီးတစ်လေမှာလည်း ရပ်ပေးခြင်း မရှိသောကြောင့် လင်းတစ်ယောက် ပြန်မိသွားမလား ဟူသည့်စိတ်နှင့်သာ အဆက်မပြတ် ကားတားနေမိလေသည်။
သို့သော် ကံမကောင်းသည်က လင်းတားလိုက်သော ကားတစ်စီးမှာ ရီပေါ်၏ကားလေး ဖြစ်နေလေသည်။လင်းက ရီပေါ်ကို တွေ့တော့ ဝမ်းသာသွားသော်လည်း ဘေးမှ မိမိအားဖမ်းထားဖူးတဲ့ ခပ်ထွားထွားလူမိုက်ကြီး များကြောင့် လင်း ဝမ်းသာစွာ ပြုံးနေရာမှ ကြောက်စရာတစ်ခုခုကို တွေ့နေရသည့်နှယ် အပြုံးများ ရပ်တန့်သွားကာ အနောက်သို့ ခြေနှစ်လှမ်းလောက် ဆုပ်သွားမိလေသည်။
"ရီ......ရီ.......ရီပေါ် ! ။"
"အွန်း...ဟုတ်တယ် ကျွန်တော် ရီပေါ်ပဲ ။"
လင်းက အံ့ဩလွန်း၍ ရီပေါ်နာမည်ကို တုန်ယင်နေတဲ့ လက်လေးဖြင့် လက်ညိုးထိုးကာ ရေရွတ်မိတော့ ရီပေါ်က လင်းတွေ့နေတဲ့သူက သူပါဟု ထောက်ခံကာ ခနဲ့ပြုံး ပြုံးပြလိုက်လေသည်။
ထိုအခါမှ လင်းသည်ရပ်နေရာမှ ထွက်ပြေးရန်ပြင်တော့ ကားထဲမှလူမိုက်နှစ်ယောက်က လင်းအားဆွဲကာ ကားထဲထည့်လိုက်လေသည်။ထို့နောက် ရီပေါ်တို့ကားလေး လင်းအားဖမ်းထားသော ဂိုထောင်ဆီသို့ ပြန်ရောက်လာခဲ့လေသည်။
.................................................................................................................................................................
"ကလေး ...ဘာ‌တွေသွား‌နေတာလဲ ? ။ ကိုကို ဖုန်းဆက်တာလည်း မကိုင်ဖူး။ ထွက်သွားတာလည်း အကြာကြီးပဲ ...ဘာလို့အခုမှ ပြန်လာတာလဲ? ။ လာလာ အပြင်မှာ အေးတယ် အိမ်ထဲဝင်။"
"အင်း....။"
"လာ ကလေး ......ကုတင်ပေါ်မှာ ခဏထိုင် ။ ကိုကို ကလေးရေချိုးဖို့ ရေနွေးသွားစပ်ပေးမယ် ။"
"ဟုတ် ...ကိုကို ။"
လို့ဆိုကာ ရေချိုးခန်းထဲ ဝင်တော့မည့် ရှောင်ကျန့်၏လက်လေးကို ရီပေါ်ကလှမ်းဆွဲကာ အနောက်မှနေ၍ ရှောင်ကျန့်၏ကျောပြင်လေးအား ရီပေါ်တစ်ယောက် မျက်နှာလေးအပ်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်လေသည်။
"ဘာဖြစ်လို့လဲ ကလေးရဲ့။"
"ဟင်....အင်း ။ ဘာမှ မဖြစ်ပါဘူး ။"
"ဒါဆို ကိုကို့ကို ခဏလွှတ်ပါဉီး ....ဒီမှာ ကလေးရေချိုးဖို့ ကိုကို ‌ရေသွားစပ်ပေးမယ်လေ။တော်ကြာ ရေချိုးနောက်ကျလို့ ကလေးဖျားရင် ဘယ်လိုလုပ်မလဲ ?။"
"ဟင်အင်း ......ကလေးက ကိုကို့ကို ဒီလိုလေးပဲ အမြဲတမ်း ဖက်ထားချင်တာ။
ဒါနဲ့ ကိုကိုကလေးကို ချစ်သေးရဲ့လားဟင် ? ။"
ရီပေါ်၏ ချစ်သေးရဲ့လား ဆိုတဲ့ အမေးမှာ ရှောင်ကျန့် သဘောကျစွာ တစ်ချက်ပြုံးလိုက်ပြီး ရီပေါ်၏နဖူးထက်ဝယ် အနမ်းလေးတစ်ပွင့် ပေးလိုက်လေသည်။
"ဒါ အဖြေပဲ ကလေးရေ ။"
ရီပေါ်တစ်ယောက် မိမိ၏အမေးကို အနမ်းတစ်ပွင့်ပေးကာ အမေးပြန်ထုတ်သွားသော ကိုကို့ကို မကျေနပ်သဖြင့် ကိုကို့ရှေ့တွင် ကိုကိုသွားမည့်လမ်းအား ပိတ်ရပ်လိုက်လေသည်။
"ဘာလို့ မမေးတာလည်း ? ။"
"ဟမ်....ဘာကို ??? ။"
" ဪ....ကလေး ဘယ်ကပြန်လာလဲ? ။ ဘာလို့ အခုမိုးချုပ်မှ ဘာလို့ပြန်လာတာလဲ ? လို့ ကိုကိုမမေးဘူးလေ။အဲ့ဒါဘာလို့လဲဟင် ?.....ကိုကိုက ကလေးကို မစိုးရိမ်တော့တာလား ? ။ ဒါမှ မဟုတ် ကလေးအကြောင်းတွေ နားထောင်ရမှာ ငြီးငွေ့သွားလို့လားဟင် ? ။"
ရီပေါ်တစ်ယောက် ရှောင်ကျန့်အား သိချင်နေသည့် ကိစ္စများကို ဖွင့်ချကာ တိုက်ရိုက်မေးမိတော့ အားငယ်တတ်တဲ့ စိတ်တို့က ရီပေါ် ပါးပြင်ပေါ်တွင် မျက်ရည်များအား နေရာယူစေ‌လေသည်။
ရီပေါ် ငိုနေတော့ ရှောင်ကျန့်က ပါးပြင်ထက်က မျက်ရည်တို့ကို သုတ်ပေးကာ ရီပေါ်ကိုယ်လေးအား ရင်ခွင်ခွင်ထဲ ထည့်ကာ တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။
"ယုံကြည်လို့ပါ ....။ ကလေးကို ငြီးငွေ့သွားတာ မဟုတ်ရပါဘူး ။ကလေး ဘာလုပ်လုပ် ကိုကို့အတွက်ပဲ ကလေးလုပ်နေတယ်ဆိုတာ ကိုကိုသိတယ်။ကလေးကို ကိုကိုငြီးငွေ့ဖို့ဆိုတာတော့ ဒီဘဝမှာတော့ မဖြစ်နိုင်ဘူး ။ပြီးတော့ ကလေးက သနားကြင်နာတတ်ပြီး ကူညီတတ်တဲ့သူပဲဟာ...... သူတစ်ပါးကို ဒုက္ခပေးမှာလည်း မဟုတ်တဲ့အတွက် ကလေးကို ကိုယ်အကြွင်းမဲ့ ယုံကြည်တယ် ."
"တစ်နေ့ ကလေးက ကိုကိုထင်နေသလို ဖြူစင်သူမဟုတ်ခဲ့ရင်ရော ......အဲ့ခါကျရင် ကိုကိုဘယ်လိုလုပ်မှာလဲ ?။" 
ဟုဆိုကာ ရှောင်ကျန့်ရင်ခွင်ထဲမှ ရီပေါ်က ခေါင်းလးထောင်လာကာ သိချင်စိတ်ဖြင့်မေးတော့ ရှောင်ကျန့် က ရီပေါ်ကိုယ်လေးအား ပြန်ဖက်လိုက်ကာ.......
"အဲ့လိုနေ့ ရှိလာမှာ မဟုတ်ဘူး ။ဘာလို့ဆိုတော့ ကလေးကအမြဲ အဖြူရောင်လေးဆိုတာ ကိုကိုသိတယ် ။" ဟု တိုးရှစွာ ပြောလိုက်လေသည်။
ဖတ်ရတာ ပျင်းနေပြီလားဟင် အဒါလေးတို့ရေ ?။
Continue Reading
You'll Also Like
1.7K 216 4
Zhanyi ❤️💚 ဦးနဲ့ကလေး ဇာတ်လမ်းပါ။
295K 23.6K 43
70.7K 9.7K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
50.2K 8.9K 45
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...