#For Zawgyi
ေနာက္ထပ္သံုးေလးရက္ေလာက္ေနၿပီး ထူးတို႔ႏွစ္ေယာက္ ရန္ကုန္ျပန္တဲ့ခရီး စခဲ့သည္ ။ ဒါေတာင္ အေမာင္ခ်မ္းက မျပန္ခ်င္ေသးပါဘူးလုပ္ေနလို႔ မနည္းေခ်ာ့ကာ ျပန္ဖို႔ေျပာခဲ့ရတာျဖစ္၏ ။ ျပန္ကာနီးအိမ္ေပါက္ဝအထိ ႏိုင္ႏိုင္ႏွင့္ဒင္းကေလးက အလြမ္းသယ္လို႔မဆံုး ျဖစ္ေနၾကေသးသည္ ။
အခုလည္း ကားထြက္လာသည့္တိုင္ေအာင္ စကားတစ္ခြန္းမွမေျပာဘဲ ကားမွန္ျပတင္းဘက္ကိုသာ မ်က္ႏွာလွည့္ၿပီးထိုင္ေနတာေၾကာင့္ ၾကာေတာ့ ဒီကေလးကိုၾကည့္ၿပီး ထူးစိတ္ထဲ သကၤာမကင္းျဖစ္လာရကာ
" ခ်မ္း "
ပခံုးကို ဆြဲယူကာလွည့္လိုက္ေတာ့ ထင္သည့္အတိုင္း ဒီကေလးက ငိုေနတာ ။ ထူး သိမွာစိုးလို႔ ရႈိက္သံမထြက္ေအာင္ႀကိတ္ၿပီးငိုေနတာမ်ား နားထင္က အေၾကာေတြပါ နီရဲေနေလသည္ ။
ငိုေနတာမ်ားလားလို႔ ထင္ထားသည့္တိုင္ ဒီကေလးရဲ႕မ်က္ရည္ေတြကိုျမင္ေတြ႕လိုက္ရတဲ့အခါ ရိုးရာမပ်က္ ပ်ာယာခတ္မိသူက ထူးကိုယ္တိုင္ပါပဲ ။
အသြယ္သြယ္စီးက်ေနတဲ့ မ်က္ရည္ေတြကို ခပ္ဖြဖြသုတ္ေပးမိရင္းက
" ဘာလို႔ငိုေနတာလဲ ခ်မ္းရယ္ ၊ တိတ္ေတာ့ တိတ္ေတာ့ ၊ ကားစီးရင္းငိုတာက ၾကာရင္ ေခါင္းကိုက္လာလိမ့္မယ္ "
ထူးစကားေၾကာင့္ ေမာ့ၾကည့္လာေသာ မ်က္ဝန္းေတြ.... ။
ဒီမ်က္ဝန္းေတြရဲ႕အဓိပၸါယ္ကို ထူးသေဘာေပါက္ပါသည္ ။ သူငိုေနတာကို ထူးက ဆူလိမ့္မယ္လို႔ထင္ထားၿပီးတကယ္တမ္းမွာ မဆူဘဲ ေခ်ာ့ေခ်ာ့ေမာ့ေမာ့ေျပာလာေတာ့ ဒီကေလး အံ့ၾသသြားတာ ။
" ႏိုင္ႏိုင္က က်ြန္ေတာ္မရွိရင္ ပ်င္းေနေတာ့မွာ "
ေျပာလာတဲ့အသံေလးက ခပ္တိုးတိုး ။
ဪ...ဘာလို႔မ်ား အသည္းအသန္ငိုေနပါလိမ့္မွတ္တယ္ ။ သူ႔ႏိုင္ႏိုင္ကို စိတ္ပူၿပီး ဝမ္းနည္းေနတာကိုး ။ ပံုစံၾကည့္ေတာ့ ဂ်စ္ကန္ကန္လိုလို ႂကြပ္ဆတ္ဆတ္လိုလိုနဲ႔ တကယ့္တကယ္မွာေတာ့ အင္မတန္ကို စိတ္ေပ်ာ့ေသာေကာင္ငယ္ေလး ။
" ကိုေနာင္ရွိပါတယ္ ခ်မ္းရယ္ "
" အဲ့ဒီကိုေနာင္က မနက္ဆို ၿခံထဲသြားၿပီး ညေနမွျပန္ျပန္လာတာႀကီးကို တစ္ေနကုန္ ႏိုင္ႏိုင္က အိမ္အကူေတြနဲ႔ပဲ ေန,ေနရတဲ့ဟာ "
" အရင္တုန္းက ပါပါးကိုျပဳစုေနရလို႔ အဲ့လိုေနတာပါ ၊ အခု ပါပါးလည္းမရွိေတာ့ဘူးဆိုေတာ့ ကိုေနာင္ၿခံထဲသြားရင္ ႏိုင္ႏိုင္လည္း လိုက္သြားမွာေပါ့ ခ်မ္းရ "
" ဟုတ္လို႔လား ၊ က်ြန္ေတာ္အငိုတိတ္ေအာင္ တမင္ေျပာတာမဟုတ္ဘူးလား "
" တကယ္ေျပာတာပါ ခ်မ္းရယ္ ၊ မယံုရင္ ေနာက္ေန႔က် မင္းရဲ႕ႏိုင္ႏိုင္ကို ဖုန္းဆက္ၿပီးလွမ္းေမးၾကည့္ "
" တကယ္ေမးမွာ "
" ေအးပါ ေအးပါ ၊ ေမးပါ "
" ဦးသာ မသိလို႔ ၊ က်ြန္ေတာ္ေလ...က်ြန္ေတာ္ ႏိုင္ႏိုင္ခြဲရတာကို တကယ္ဝမ္းနည္းတာ ၊ စိတ္ထဲမွာ ဘယ္လိုႀကီးမွန္းကိုမသိဘူး "
ဒီကေလး တကယ္ႀကီးကို ဝမ္းပန္းတနည္းျဖစ္ေနတာပဲ ။
" တိတ္ပါ ခ်မ္းရယ္ ၊ ႏိုင္ႏိုင္ကလည္း ရန္ကုန္ကိုလာလည္မယ္လို႔ေျပာတယ္မဟုတ္လား "
ထူးစကားကို ေခါင္းၿငိမ့္ျပသည့္တိုင္ေအာင္ မ်က္ရည္ကက်ေနတုန္း ။
" ခ်မ္းလည္း သူတို႔ဆီကို ခဏခဏသြားလည္လို႔ရတာပဲေလ ေနာ္ ၊ အဲ့ဒါေၾကာင့္ အခု မငိုနဲ႔ေတာ့ ၊ ဟိုမွာ မင္းအရြယ္ေကာင္မေလးေတြက ၾကည့္ေနၿပီ "
" အိ "
ေျပာလိုက္ ငိုလိုက္ လုပ္ေနတုန္းကေတာ့ သူ႔အာရံုနဲ႔သူမို႔ သတိမထားမိဘဲ အခုမွ မ်က္ေစာင္းထိုးခံုကေကာင္မေလးေတြၾကည့္ေနတာကို ျမင္သြားၿပီး ရွက္ကိုးရွက္ကန္းႏွင့္ ထူးပခံုးနားဆီသို႔ ေခါင္းေမွာက္ခ်ကာ မ်က္ႏွာကို ဖြက္ထားေလေတာ့သည္ ။
ခ်မ္းထိုသို႔လုပ္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ထိုေကာင္မေလးႏွစ္ေယာက္ဆီက အီးအီးအားအား အသံအုပ္အုပ္ေတြထြက္လာကာ ခပ္ႀကိတ္ႀကိတ္ေအာ္ၾကေလသည္ ။ ထူးလွမ္းၾကည့္ေတာ့ ေအာ္သံေတြက နည္းနည္းေတာင္ ပိုက်ယ္လာသလိုလို ။
ခ်မ္းက ေခါင္းေထာင္မလာဘဲ
" ဦးသာ သူတို႔က ဘာလို႔ေအာ္ၾကတာလဲ "
" ဟင္ ငါလည္းဘယ္သိမလဲကြ "
" က်ြန္ေတာ့္ကို ၾကည့္ေနေသးလားဟင္ "
ခ်မ္းအေမးေၾကာင့္ ထူး ထပ္တစ္ခါ လွမ္းၾကည့္မိေတာ့
" ေအး ၾကည့္ေနတုန္းပဲ "
ၾကည့္တာမွ အတြင္းဘက္ခံုက ေကာင္မေလးကဆို ခႏၶာကိုယ္ႀကီးပါ အျပင္ဘက္အထိေစာင္းၿပီး အတင္းေတြကိုၾကည့္ေနတာ ။
" အီးးး က်ြန္ေတာ္ ရွက္လိုက္တာ "
ခ်မ္းက ေျပာလည္းေျပာရင္း ထူးရဲ႕ တီရွပ္အေပၚကေန ထပ္ဝတ္ထားတဲ့ ရွပ္အက်ၤီက ၾကယ္သီးမတပ္ဘဲ ရင္ဘတ္အဟအတိုင္းဝတ္ထားတာမို႔ ထိုအက်ၤီစကို ဆြဲယူကာ သူ႔မ်က္နွာကို ကြယ္ပစ္လိုက္ရင္း ထူးရင္ခြင္ထဲမွာ မ်က္ႏွာကို ငံု႔ဖြက္ထားေလသည္ ။
ငိုတုန္းကေတာ့ ငိုၿပီး အခုမွ အတင္းကာေရာေတြ ရွက္တတ္ေနလိုက္တာ....ဒီေကာင္ေလးကေတာ့ ။
ေကာင္မေလးေတြဆိုသည္မွာလည္း ၿပံဳးစိစိပံုစံေတြနဲ႔ မ်က္ေတာင္မခတ္တမ္းျပဴးၿပဲၿပီး ၾကည့္ေနၾကသည္မို႔ ထူးက တအံ့တၾသျဖစ္ရရင္း ထိုကေလးမေတြကို ၾကည့္မရေတြေတာင္ ျဖစ္ခ်င္လာမိေတာ့သည္ ။
ေကာင္မေလးေတြႏွယ္ ဆယ္ေက်ာ္သက္ပီပီ ကဲလိုက္ၾကတာ ဟင္းး ။
ခ်မ္းကေတာ့ ထူးရင္ခြင္ထဲကကို ေခါင္းေဖာ္မလာေတာ့ေခ် ။
**********
ေတာင္ႀကီးမွျပန္လာၿပီးသည့္ေနာက္ပိုင္း ဦးသာရဲ႕အႀကံေပးမႈေတြနဲ႔ လိုအပ္တဲ့သင္တန္းေတြတက္ရသည္ ။ ေအာင္စာရင္းလည္း မထြက္ေသးသည္မို႔ သင္တန္းတက္လိုက္ သူငယ္ခ်င္းေတြနဲ႔ မုန္႔ေလ်ွာက္စားလိုက္လုပ္ကာ ေန႔ရက္ေတြကို ေပါ့ေပါ့ပါးပါးပဲ ျဖတ္သန္းေနျဖစ္သည္ ။
တစ္ရက္ေတာ့ အဂၤလိပ္စာသင္တန္းမွအျပန္ မုန္႔ဆိုင္မွာ သူငယ္ခ်င္းေတြနဲ႔ မုန္႔ဝင္စားၾကရင္း ယုယက
" ဟဲ့ သိမ္ျဖဴလမ္းဘက္မွာ ပန္းခ်ီျပပြဲတစ္ခုရွိတယ္ ၊ အဲ့ဒါ နင္တို႔ေတြ ငါနဲ႔အေဖာ္လိုက္ခဲ့ေပးၾကပါလား "
" နင့္ရဲ႕ပန္းခ်ီရူးမႈႀကီးက ခုထိမၿပီးေသးဘူးလား ယုယရာ "
" ဝါသနာဆိုတာ ၿပီးတယ္ရွိမလားဟဲ့ ခ်မ္းစုတ္ရဲ႕ "
" နင့္ဟာက ဝါသနာအစစ္မွမဟုတ္တာ ၊ နင္ ဟိုပန္းခ်ီဆရာဘဲႀကီးကို crush ၿပီး မ်က္ႏွာလိုမ်က္ႏွာရနဲ႕ အတင္းဝါသနာပါပစ္လိုက္တာ ငါမသိတာက်လို႔ "
" တကယ္ဝါသနာပါသြားတာပါဆိုဟာ "
" ၾကည့္က်က္လည္းရႊီးပါ မိယုယရယ္ ၊ ငါတို႔ငယ္ငယ္ကတည္းကေပါင္းလာတာ နင္ ဘယ္ပံုကိုမ်ား ေျဖာင့္ေအာင္ဆြဲတတ္ခဲ့လို႔လဲ ၊ ရသခ်ိန္မွာ ပံုဆြဲခိုင္းရင္ေတာင္ အာရ္ ( r ) ေလးေတြကို ၿပဲၿပဲေလးေရးၿပီး ငွက္ပ်ံေနတဲ့ပံုလို႔ေျပာခဲ့ရတဲ့ မိန္းမကမ်ား "
ခ်မ္းစကားကိုၾကားေတာ့ တစ္ဖြဲ႕လံုးက လက္ခုပ္လက္ဝါးတီးကာ ဝိုင္းရယ္ၾကေလသည္ ။
" ခ်မ္းစုတ္ ငါ့ကို ငယ္က်ိဳးငယ္နာေတြေဖာ္ေနတာ ၾကည့္စမ္း ၊ ဟုတ္တယ္ဟယ္ ဟုတ္တယ္ ၊ ဟိုအစ္ကိုႀကီးကို ငမ္းခ်င္လို႔သြားမွာ ၊ ကဲ ေက်နပ္ၿပီလား "
" ေအး အဲ့လို ဝန္ခံစမ္းပါ "
" ဝန္ခံတယ္ေဟ့ ဝန္ခံတယ္ဟဲ့ ၊ နင္တို႔သာ ငါနဲ႔အေဖာ္လိုက္ခဲ့ေပးၾက ၊ အဲ့ဒီကအျပန္က်ရင္ JC က Gloria Jean's မွာ coffee လိုက္တိုက္မယ္ ဟုတ္ၿပီလား "
" ေအး အဲ့လို coffee တိုက္မယ္လို႔ အစကတည္းက ရွင္းရွင္းေျပာရင္ ခုေလာက္ထိ ေပမရွည္ဘူး "
" ထက္ကို အငတ္ "
ဒီလိုနဲ႔ပဲ ယုယေကာင္းမႈအေၾကာင္းျပဳၿပီး တစ္သက္လံုးက မသြားခဲ့ဖူးတဲ့ ပန္းခ်ီျပပြဲသို႔ ခ်မ္းတို႔တစ္ဖြဲ႕လံုး ေရာက္ခဲ့ၾကေလသည္ ။
တိုက္ခန္းက်ယ္တစ္ခုထဲမွာ ခင္းက်င္းထားတဲ့ပန္းခ်ီျပပြဲက သိပ္ႀကီးႀကီးက်ယ္က်ယ္ ခမ္းခမ္းနားနားႀကီးျပင္ဆင္ထားျခင္းမရွိဘဲ ပန္းခ်ီကားေတြကိုလည္း ခပ္ရွင္းရွင္းသာ ခ်ိတ္ဆြဲထား၏ ။ လာၾကည့္သူ လူဦးေရကလည္း အမ်ားႀကီးမဟုတ္ဘဲ ခပ္က်ဲက်ဲေလာက္သာ ။
နင့္ပန္းခ်ီျပပြဲက လူလည္းမစည္ဘူး ဟု ယုယနားကပ္ကာ ခပ္တိုးတိုးအတင္းအုပ္မိေတာ့
" ဟဲ့ ပန္းခ်ီျပပြဲဆိုတာ ဒီလိုပဲ ေကာင္စုတ္ရဲ႕ ၊ နင္ၾကည့္ဖူးတဲ့ Show ပြဲေတြလို လူေတြႀကိတ္ႀကိတ္တိုးေနတာမ်ိဳးမဟုတ္ဘူး ၊ ၿပီးေတာ့ ဝါသနာရွင္ေတြက ျဖည္းျဖည္းေဆးေဆး ေအးေအးနဲ႔ တိတ္တိတ္ဆိတ္ဆိတ္ အရသာခံၾကည့္ၾကတာ "
ယုယေျပာတာ ဟုတ္ေလာက္သည္ ။ တခ်ိဳ႕လူႀကီးေတြဆို ပန္းခ်ီကားေရွ႕မွာ အနီးကပ္ၾကည့္လိုက္ ခပ္ခြာခြာေနၿပီးျပန္ၾကည့္လိုက္ႏွင့္ တကယ့္ကို စိတ္ရွည္လက္ရွည္ ခံစားၾကည့္ရႈေနၾကတာပင္ ။
" ဟဲ့ ယုယ နင့္လူႀကီးက ဒီမွာရွိမွာ ေသခ်ာလို႔လား "
" ေသခ်ာပါတယ္ဟ ၊ ငါ အက်အန စံုစမ္းထားတာပါ ၊ ဒီျပပြဲမွာ သူ႔ပန္းခ်ီကားတစ္ကားလည္း ျပမွာဆိုေတာ့ သူလည္း က်ိန္းေသေပါက္ရွိမွာပါ "
" ဟင္ နင့္လူႀကီးကလည္း ခ်ာလိုက္တာ ၊ တစ္ကားတည္းနဲ႔ဘာလုပ္ရမွာလဲ ၊ လာရတာေတာင္ေညာင္းေသး "
" ဒီမွာ...တန္းဝင္တဲ့ ပန္းခ်ီကားတစ္ခုျဖစ္ဖို႔ဆိုတာ လြယ္တယ္မ်ားေအာက္ေမ့လို႔လား အိသိမ့္မရဲ႕ ၊ သူက ခုမွႀကိဳးစားဆဲပန္းခ်ီဆရာေပါက္စပဲရွိေသးတာ ၊ ဒီလို ျပပြဲမွာ ပါဝင္ခြင့္ရတာကိုက သူေတာ္လို႔ သိလား "
" ငမႊန္မ "
ယုယႏွင့္အိသိမ့္တို႔ အျပန္အလွန္ စကားႏိုင္လုေနစဥ္မွာပဲ ယုယရဲ႕ crush ႀကီးက အနားသို႔ေရာက္ခ်လာေတာ့သည္ ။
" ေဟာ ယုယ ပန္းခ်ီျပပြဲလာၾကည့္တာလား "
" ဟယ္ ကိုမိုးစက္ တိုက္ဆိုင္လိုက္တာ ဟင္းဟင္း "
တကူးတကႀကီး အႀကံအစည္နဲ႔လာၿပီးမွ တိုက္တိုက္ဆိုင္ဆိုင္ပဲ ေတြ႕သလိုလိုအထာေတြ ဖမ္းေနေသာယုယကိုၾကည့္ျပီး ခ်မ္းတို႔တစ္ဖြဲ႕လံုး ရယ္ခ်င္ပက္က်ိျဖစ္ေနၾကသည္ ။ မသိရင္ ပန္းခ်ီျပပြဲကို စိတ္ဝင္စားလို႔လာပါတယ္ေပါ့ ။
" ဒီျပပြဲမွာ က်ြန္ေတာ့္ပန္းခ်ီကားတစ္ကား ပါတယ္ေလ "
" ဟယ္ ဟုတ္လား ယုကို လိုက္ျပဦးေလ "
အမေလး မိယုယတို႔ အိုက္တင္ေကာင္းပံုက ၾသခ်ရေလာက္သည္ ။ သူ႔လူႀကီးေနာက္ကို ေကာ့ပက္ေကာ့ပက္နဲ႔ ပါသြားလိုက္တာမ်ား ခ်မ္းတို႔ကို တစ္ခ်က္မွေတာင္လွည့္ၾကည့္မသြားေခ် ။
ကိုယ္ေတြလည္း ေယာင္ခ်ာခ်ာႏွင့္ ရုပ္မပ်က္ေအာင္ ပန္းခ်ီကားေတြကို ဟိုၾကည့္ဒီၾကည့္ လုပ္ရေတာ့သည္ေပါ့ ။
တကယ္ၾကည့္မိေတာ့လည္း ပန္းခ်ီကားေတြက စိတ္ဝင္စားစရာေကာင္းပါသည္ ။ ေဆးေရာင္စံုေတြ ရႈပ္ရႈပ္ရွက္ရွက္နဲ႔ ပံုေဖာ္လို႔မရေအာင္ဆြဲထားေသာ ပန္းခ်ီကားေတြကို သိပ္သေဘာမက်ေပမယ့္ သဘာဝဆန္ဆန္ပံုေဖာ္ၿပီးဆြဲထားတဲ့ ပန္းခ်ီကားေတြကိုေတာ့ ခ်မ္း ႏွစ္သက္မိသည္ ။
ေခ်ာင္းထဲမွာ ကေလးေတြေရကူးေနၾကတဲ့ပံု ၊ မိန္းမပ်ိဳေလး ရက္ကန္းခတ္ေနတဲ့ပံု ၊ တိုင္းရင္းသားကေလးငယ္ေလးေတြရဲ႕ပံု စသျဖင့္ အဲ့လိုပန္းခ်ီကားေတြက ခ်မ္းစိတ္ကို ဆြဲေဆာင္ႏိုင္ေလသည္ ။
အထူးသျဖင့္ ေစ်းသည္အမ်ိဳးသမီးတစ္ေယာက္ ကုန္စိမ္းေတြခင္းၿပီးေရာင္းေနတဲ့ပံုကို ဆြဲထားသည့္ပန္ခ်ီကားမွာ အေတာ္ႀကီးသေဘာက်စရာေကာင္းလွသည္ ။ ခင္းက်င္းထားတဲ့ ကုန္စိမ္းပစၥည္းေတြကို တစ္ခုခ်င္း အေသးစိတ္ဆြဲထားလိုက္သည္မွာ ေတာ္ေတာ္ႀကီးကို ေစ့ေစ့စပ္စပ္ရွိ၏ ။
ပန္းခ်ီအေၾကာင္းနားမလည္ေပမယ့္လည္း ဒီလိုပန္းခ်ီကားတစ္ခုရဖို႔ ဘယ္ေလာက္စိတ္ရွည္ဖို႔ စုတ္ခ်က္ႏိုင္ဖို႔လိုအပ္လဲဆိုတာေလာက္ေတာ့ ၾကည့္ရံုနဲ့ကို ခန္႔မွန္းမိႏိုင္ပါသည္ ။
ေစ်းသည္မိန္းမႀကီးရဲ႕ ဖိနပ္ခပ္ႏြမ္းႏြမ္းကလည္း ပီျပင္လြန္းလွသည္ေလ ။ ျခင္းစုတ္ေလးထဲက ပိုက္ဆံအေႂကြေလးေတြကအစ ထည့္ဆြဲထားတာ ။ ထိုပန္းခ်ီကားကို သေဘာက်ႏွစ္ၿခိဳက္စြာ ၾကည့္ေနတုန္းမွာပဲ....
" ေဟ့ေရာင္ ခ်မ္း...ဟိုဘက္က ပန္းခ်ီကားကို ခဏလိုက္ၾကည့္စမ္းပါ "
" ေနဦးကြာ ရတုရာ ၊ ငါ ဒီမွာၾကည့္လို႔မၿပီးေသးဘူး "
" အဲ့ဒါကိုခဏထားၿပီး ငါျပတာကိုလိုက္ၾကည့္စမ္းပါ "
" ၿပီးရင္လိုက္ၾကည့္မယ္ကြာ "
" အဲ့ဒီပန္းခ်ီကားက မင္းပံုႀကီးနဲ႔တူလို႔ လိုက္ၾကည့္ဖို႔ ေျပာေနတာဟ လဒရ "
" လာမေနာက္နဲ႔ ေဟ့ေရာင္ "
" ငါေနာက္တာမဟုတ္ဘူး သားရီးရ ၊ လာပါဟ ၊ ခဏလိုက္ၾကည့္စမ္းပါ "
အတင္းဆြဲေခၚသည့္ရတုေနာက္သို႔ ကန္႔လန္႔ကန္႔လန္႔ႏွင့္ လိုက္လာရေတာ့သည္ ။ အံမယ္ ယုယမွလြဲ၍ တစ္ဖြဲ႕လံုးကို ထိုပန္းခ်ီကားေရွ႕၌စုရံုး၍ ျပဴးတူးၿပဲတဲဝိုင္းၾကည့္ေနတာ ေတြ႕လိုက္ရေတာ့ ခ်မ္းရယ္ခ်င္သြားသည္ ။
ခ်မ္းနဲ႔ဘယ္ေလာက္ေတာင္တူေနလို႔ ဒင္းတို႔က ဒီေလာက္ေတာင္ ျပဴးတူးၿပဲတဲျဖစ္ေနၾကတာပါလိမ့္ ။
သိခ်င္စိတ္နဲ႔သူငယ္ခ်င္းေတြၾကားထဲ တိုးေဝွ႔ကာၾကည့္မိေတာ့...
ပန္းခ်ီကားက ပင္လယ္ျပင္ျပာျပာႀကီးကို ေနာက္ခံထားၿပီး သဲေသာင္ျပင္မွာ ေကာင္ေလးတစ္ေယာက္လမ္းေလ်ွာက္ေနတဲ့ပံု ။
အနီးကပ္အေနအထားကိုယူၿပီး ဆြဲထားတာမဟုတ္၍ မ်က္ႏွာအေသးစိတ္လည္းမဟုတ္တာေၾကာင့္ ပံုတူရယ္လို႔အတိအက်ေျပာလို႔မရေသာ္လည္း ဒါ ခ်မ္းပံုပါဆိုၿပီး စြပ္စြဲေျပာမယ္ဆိုရင္ ေျပာလို႔ရႏိုင္ေလာက္သည္အထိ ခ်မ္းႏွင့္တူေနသည္ ။
လမ္းေလ်ွာက္ေနသည့္ ဟန္ပန္ မ်က္ႏွာအေနအထား အားလံုးဟာ ခ်မ္းရဲ႕ပံုပန္းသ႑န္ေတြပါပဲ ။ ဒါေပမယ့္လည္း ဒါကို ခ်မ္းရဲ႕ပံုတူလို႔ေျပာရေအာင္က်ေတာ့လည္း ခ်မ္းတို႔ျမင္ဖူးသည့္ ပံုတူပန္းခ်ီကားေတြလို မ်က္ႏွာကိုအေသးစိတ္ျခယ္မႈန္းထားျခင္းမ်ိဳးလည္းမဟုတ္ျပန္ ။
သို႔ေသာ္ ပန္းခ်ီကားထဲက ေကာင္ေလးဟာ ဘာကဘယ္လိုတူေနမွန္းမသိေအာင္ကိုပဲ ခ်မ္းႏွင့္တူလြန္းလွသည္ ။
ထက္ကိုက ပန္းခ်ီကားကိုၾကည့္လိုက္ ခ်မ္းကိုၾကည့္လိုက္ လုပ္ရင္း
" ဆံပင္ပံုစံေတာ့ မတူဘူးကြ ေနာ္ "
ထက္ကိုေျပာတာမွန္သည္ ။ ပန္းခ်ီကားထဲကေကာင္ေလးရဲ႕ဆံပင္က ခ်မ္းရဲ႕ယခုဆံပင္ပံုစံေတာ့မဟုတ္ ။ ဒါေပမယ့္ ဒီဆံပင္ပံုစံမ်ိဳး ခ်မ္းထားခဲ့ဖူးသည္ ။ အင္း လြန္ခဲ့တဲ့ သံုးႏွစ္ဝန္းက်င္ေလာက္ကမ်ား ျဖစ္မလားပဲ ။
" ဟဲ့ ဒီပန္းခ်ီကားထဲက ခ်မ္းက အခုထက္ နည္းနည္းငယ္မေနဘူးလား "
အိသိမ့္စကားေၾကာင့္ ခ်မ္း ရယ္မိေတာ့သည္ ။
" အိသိမ့္ရယ္ ပန္းခ်ီကားထဲက ခ်မ္းလို႔ သံုးရေအာင္ ဒါ ငါ့ပံုပါလို႔ နင့္ကိုဘယ္သူကေျပာလဲ "
" ဘယ္လိုပဲၾကည့္ၾကည့္ နင္နဲ႔တူေနတာႀကီးကို ၊ မသိဘူးဟယ္ ၊ ငါကေတာ့ နင့္ပံုလို႔ကို အလိုလိုခံစားမိေနတာ "
" ဒါနဲ႔ မင္းမွာ ဒီလိုအက်ၤီအဝတ္အစားေတြရွိလား ခ်မ္း "
ရတုရဲ႕စကားေၾကာင့္ ခ်မ္း ေခါင္းခါျပမိသည္ ။ ေသခ်ာပါသည္ ။ ဒီလိုအဝတ္အစားမ်ိဳး သူတစ္ခါမွ မဝတ္ခဲ့ဖူးပါ ။
" အင္း ဒီလိုဆိုေတာ့လည္း မင္းကိုၾကည့္ၿပီးဆြဲတယ္လို႔ ေျပာရခက္သားလား "
ထက္ကိုရဲ႕ေတြးဆဆအေျပာကို ခ်မ္း ေခါင္းၿငိမ့္ကာ ေထာက္ခံမိသည္ ။ အိသိမ့္ကေတာ့ ခပ္လွမ္းလွမ္းကၾကည့္တာ အားမရဟန္ႏွင့္ မိန္းကေလးပီပီ စပ္စပ္စုစု အနားကပ္ၾကည့္ေနေလ၏ ။
" ဟယ္ "
အိသိမ့္ရဲ႕အာေမဋိတ္သံေၾကာင့္ ခ်မ္းတို႔လည္း အနားကပ္ကာတိုးၾကည့္ၾကေတာ့ အိသိမ့္က ပန္းခ်ီကားရဲ႕ေအာက္ဖက္ေထာင့္နားက စာလံုးေတြကို လက္ညွိဳးထိုးျပသည္ ။ စာလံုးေတြက ေသးေပမယ့္ ပီျပင္ပါသည္ ။
PEACE V တဲ့ ။
ပန္းခ်ီကားရဲ႕နာမည္ကိုျမင္ေတာ့ ကိုယ့္နာမည္နဲ႔အနည္းငယ္တိုက္ဆိုင္မႈရွိတဲ့အေပၚ စိတ္ဝင္တစားေတာ့ ျဖစ္မိသည္ ။
" ဟဲ့ PEACE ဆိုရင္ေတာ့ ရွင္းတယ္ဟာ ၊ ဒါ ၿငိမ္းခ်မ္းေရးကို ရည္ညႊန္းတာ ၊ ေနာက္က V ႀကီးက ဘာအဓိပၸါယ္လည္းမသိဘူး "
အိသိမ့္ရဲ႕စကားကို ဘယ္သူကမွလည္း အေျဖမထုတ္ႏိုင္ ။
ယုယျပန္လာလို႔ အက်ိဳးအေၾကာင္းေျပာျပၿပီး သူ႔လူႀကီးထံတစ္ဆင့္ေမးျမန္းၾကည့္ေတာ့လည္း ဒီပြဲစီစဥ္သူလူႀကီးမင္းရဲ႕ မိတ္ေဆြတခ်ိဳ႕က ဒီလို Not for sale ပန္းခ်ီကားေတြကို လာတင္ထားတာေၾကာင့္ ဘယ္သူ႔ပန္းခ်ီကားဆိုတာ သူလည္းမသိပါတဲ့ ။
ဇာတ္လမ္းက ဒီမွာတင္ လမ္းစျပတ္ေတာ့သည္ ။
အိသိမ့္ကေတာ့ ႀကိတ္မႏိုင္ခဲမရေတြျဖစ္လ်က္
" မသိရတာ နာတယ္ဟာ "
" ဪ အိသိမ့္ရယ္ ထားလိုက္ပါေတာ့ ၊ ဒါ ငါ့ပံုရယ္လို႔ အတတ္ေျပာႏိုင္တာလည္း မဟုတ္ပါဘူးဟာ "
" ဟင့္အင္း ငါ့စိတ္ထဲမွာေတာ့ ဒါ နင့္ပံုပဲလို႔ကို အလိုလိုေသခ်ာေနတာ ခ်မ္းရဲ႕ "
အိသိမ့္ရဲ႕စကားကို က်န္တဲ့သူေတြကလည္း ေထာက္ခံၾကေလသည္ ။
အင္း ေျပာမယ့္သာေျပာရသည္ ။ သူလည္း အိသိမ့္ထင္သလို ထင္ေနမိတာပါပဲ ။
အင္း...တိုက္ဆိုင္မႈသက္သက္လား ဘာလား...စဥ္းစားရၾကပ္လိုက္တာ ။
____________________________
A/N
အဆင္မေျပမႈေလးေတြရွိေနလို႔ Update ၾကာသြားတဲ့အတြက္ ေတာင္းပန္ပါတယ္ေနာ္....
ေမွ်ာ္ေနတယ္ဆိုတာေလး သိထားေပး သတိရေပးပါ...ဆိုတဲ့ ဒါဒါေလး EmilyEmily656 လည္း ေက်နပ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္
Update မမွန္တဲ့ၾကားက စိတ္ရွည္လက္ရွည္ အခ်ိန္ေပးၿပီးေစာင့္ဖတ္ၾကတဲ့ reader တစ္ေယာက္စီတိုင္းကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔....
Phyu Layy. ❤️🙆🏻♀️💚
______________________________
#For Unicode
နောက်ထပ်သုံးလေးရက်လောက်နေပြီး ထူးတို့နှစ်ယောက် ရန်ကုန်ပြန်တဲ့ခရီး စခဲ့သည် ။ ဒါတောင် အမောင်ချမ်းက မပြန်ချင်သေးပါဘူးလုပ်နေလို့ မနည်းချော့ကာ ပြန်ဖို့ပြောခဲ့ရတာဖြစ်၏ ။ ပြန်ကာနီးအိမ်ပေါက်ဝအထိ နိုင်နိုင်နှင့်ဒင်းကလေးက အလွမ်းသယ်လို့မဆုံး ဖြစ်နေကြသေးသည် ။
အခုလည်း ကားထွက်လာသည့်တိုင်အောင် စကားတစ်ခွန်းမှမပြောဘဲ ကားမှန်ပြတင်းဘက်ကိုသာ မျက်နှာလှည့်ပြီးထိုင်နေတာကြောင့် ကြာတော့ ဒီကလေးကိုကြည့်ပြီး ထူးစိတ်ထဲ သင်္ကာမကင်းဖြစ်လာရကာ
" ချမ်း "
ပခုံးကို ဆွဲယူကာလှည့်လိုက်တော့ ထင်သည့်အတိုင်း ဒီကလေးက ငိုနေတာ ။ ထူး သိမှာစိုးလို့ ရှိုက်သံမထွက်အောင်ကြိတ်ပြီးငိုနေတာများ နားထင်က အကြောတွေပါ နီရဲနေလေသည် ။
ငိုနေတာများလားလို့ ထင်ထားသည့်တိုင် ဒီကလေးရဲ့မျက်ရည်တွေကိုမြင်တွေ့လိုက်ရတဲ့အခါ ရိုးရာမပျက် ပျာယာခတ်မိသူက ထူးကိုယ်တိုင်ပါပဲ ။
အသွယ်သွယ်စီးကျနေတဲ့ မျက်ရည်တွေကို ခပ်ဖွဖွသုတ်ပေးမိရင်းက
" ဘာလို့ငိုနေတာလဲ ချမ်းရယ် ၊ တိတ်တော့ တိတ်တော့ ၊ ကားစီးရင်းငိုတာက ကြာရင် ခေါင်းကိုက်လာလိမ့်မယ် "
ထူးစကားကြောင့် မော့ကြည့်လာသော မျက်ဝန်းတွေ.... ။
ဒီမျက်ဝန်းတွေရဲ့အဓိပ္ပါယ်ကို ထူးသဘောပေါက်ပါသည် ။ သူငိုနေတာကို ထူးက ဆူလိမ့်မယ်လို့ထင်ထားပြီးတကယ်တမ်းမှာ မဆူဘဲ ချော့ချော့မော့မော့ပြောလာတော့ ဒီကလေး အံ့သြသွားတာ ။
" နိုင်နိုင်က ကျွန်တော်မရှိရင် ပျင်းနေတော့မှာ "
ပြောလာတဲ့အသံလေးက ခပ်တိုးတိုး ။
ဪ...ဘာလို့များ အသည်းအသန်ငိုနေပါလိမ့်မှတ်တယ် ။ သူ့နိုင်နိုင်ကို စိတ်ပူပြီး ဝမ်းနည်းနေတာကိုး ။ ပုံစံကြည့်တော့ ဂျစ်ကန်ကန်လိုလို ကြွပ်ဆတ်ဆတ်လိုလိုနဲ့ တကယ့်တကယ်မှာတော့ အင်မတန်ကို စိတ်ပျော့သောကောင်ငယ်လေး ။
" ကိုနောင်ရှိပါတယ် ချမ်းရယ် "
" အဲ့ဒီကိုနောင်က မနက်ဆို ခြံထဲသွားပြီး ညနေမှပြန်ပြန်လာတာကြီးကို တစ်နေကုန် နိုင်နိုင်က အိမ်အကူတွေနဲ့ပဲ နေ,နေရတဲ့ဟာ "
" အရင်တုန်းက ပါပါးကိုပြုစုနေရလို့ အဲ့လိုနေတာပါ ၊ အခု ပါပါးလည်းမရှိတော့ဘူးဆိုတော့ ကိုနောင်ခြံထဲသွားရင် နိုင်နိုင်လည်း လိုက်သွားမှာပေါ့ ချမ်းရ "
" ဟုတ်လို့လား ၊ ကျွန်တော်အငိုတိတ်အောင် တမင်ပြောတာမဟုတ်ဘူးလား "
" တကယ်ပြောတာပါ ချမ်းရယ် ၊ မယုံရင် နောက်နေ့ကျ မင်းရဲ့နိုင်နိုင်ကို ဖုန်းဆက်ပြီးလှမ်းမေးကြည့် "
" တကယ်မေးမှာ "
" အေးပါ အေးပါ ၊ မေးပါ "
" ဦးသာ မသိလို့ ၊ ကျွန်တော်လေ...ကျွန်တော် နိုင်နိုင်ခွဲရတာကို တကယ်ဝမ်းနည်းတာ ၊ စိတ်ထဲမှာ ဘယ်လိုကြီးမှန်းကိုမသိဘူး "
ဒီကလေး တကယ်ကြီးကို ဝမ်းပန်းတနည်းဖြစ်နေတာပဲ ။
" တိတ်ပါ ချမ်းရယ် ၊ နိုင်နိုင်ကလည်း ရန်ကုန်ကိုလာလည်မယ်လို့ပြောတယ်မဟုတ်လား "
ထူးစကားကို ခေါင်းငြိမ့်ပြသည့်တိုင်အောင် မျက်ရည်ကကျနေတုန်း ။
" ချမ်းလည်း သူတို့ဆီကို ခဏခဏသွားလည်လို့ရတာပဲလေ နော် ၊ အဲ့ဒါကြောင့် အခု မငိုနဲ့တော့ ၊ ဟိုမှာ မင်းအရွယ်ကောင်မလေးတွေက ကြည့်နေပြီ "
" အိ "
ပြောလိုက် ငိုလိုက် လုပ်နေတုန်းကတော့ သူ့အာရုံနဲ့သူမို့ သတိမထားမိဘဲ အခုမှ မျက်စောင်းထိုးခုံကကောင်မလေးတွေကြည့်နေတာကို မြင်သွားပြီး ရှက်ကိုးရှက်ကန်းနှင့် ထူးပခုံးနားဆီသို့ ခေါင်းမှောက်ချကာ မျက်နှာကို ဖွက်ထားလေတော့သည် ။
ချမ်းထိုသို့လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုကောင်မလေးနှစ်ယောက်ဆီက အီးအီးအားအား အသံအုပ်အုပ်တွေထွက်လာကာ ခပ်ကြိတ်ကြိတ်အော်ကြလေသည် ။ ထူးလှမ်းကြည့်တော့ အော်သံတွေက နည်းနည်းတောင် ပိုကျယ်လာသလိုလို ။
ချမ်းက ခေါင်းထောင်မလာဘဲ
" ဦးသာ သူတို့က ဘာလို့အော်ကြတာလဲ "
" ဟင် ငါလည်းဘယ်သိမလဲကွ "
" ကျွန်တော့်ကို ကြည့်နေသေးလားဟင် "
ချမ်းအမေးကြောင့် ထူး ထပ်တစ်ခါ လှမ်းကြည့်မိတော့
" အေး ကြည့်နေတုန်းပဲ "
ကြည့်တာမှ အတွင်းဘက်ခုံက ကောင်မလေးကဆို ခန္ဓာကိုယ်ကြီးပါ အပြင်ဘက်အထိစောင်းပြီး အတင်းတွေကိုကြည့်နေတာ ။
" အီးးး ကျွန်တော် ရှက်လိုက်တာ "
ချမ်းက ပြောလည်းပြောရင်း ထူးရဲ့ တီရှပ်အပေါ်ကနေ ထပ်ဝတ်ထားတဲ့ ရှပ်အင်္ကျီက ကျယ်သီးမတပ်ဘဲ ရင်ဘတ်အဟအတိုင်းဝတ်ထားတာမို့ ထိုအင်္ကျီစကို ဆွဲယူကာ သူ့မျက်နှာကို ကွယ်ပစ်လိုက်ရင်း ထူးရင်ခွင်ထဲမှာ မျက်နှာကို ငုံ့ဖွက်ထားလေသည် ။
ငိုတုန်းကတော့ ငိုပြီး အခုမှ အတင်းကာရောတွေ ရှက်တတ်နေလိုက်တာ....ဒီကောင်လေးကတော့ ။
ကောင်မလေးတွေဆိုသည်မှာလည်း ပြုံးစိစိပုံစံတွေနဲ့ မျက်တောင်မခတ်တမ်းပြူးပြဲပြီး ကြည့်နေကြသည်မို့ ထူးက တအံ့တသြဖြစ်ရရင်း ထိုကလေးမတွေကို ကြည့်မရတွေတောင် ဖြစ်ချင်လာမိတော့သည် ။
ကောင်မလေးတွေနှယ် ဆယ်ကျော်သက်ပီပီ ကဲလိုက်ကြတာ ဟင်းး ။
ချမ်းကတော့ ထူးရင်ခွင်ထဲကကို ခေါင်းဖော်မလာတော့ချေ ။
**********
တောင်ကြီးမှပြန်လာပြီးသည့်နောက်ပိုင်း ဦးသာရဲ့အကြံပေးမှုတွေနဲ့ လိုအပ်တဲ့သင်တန်းတွေတက်ရသည် ။ အောင်စာရင်းလည်း မထွက်သေးသည်မို့ သင်တန်းတက်လိုက် သူငယ်ချင်းတွေနဲ့ မုန့်လျှောက်စားလိုက်လုပ်ကာ နေ့ရက်တွေကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေဖြစ်သည် ။
တစ်ရက်တော့ အင်္ဂလိပ်စာသင်တန်းမှအပြန် မုန့်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ မုန့်ဝင်စားကြရင်း ယုယက
" ဟဲ့ သိမ်ဖြူလမ်းဘက်မှာ ပန်းချီပြပွဲတစ်ခုရှိတယ် ၊ အဲ့ဒါ နင်တို့တွေ ငါနဲ့အဖော်လိုက်ခဲ့ပေးကြပါလား "
" နင့်ရဲ့ပန်းချီရူးမှုကြီးက ခုထိမပြီးသေးဘူးလား ယုယရာ "
" ဝါသနာဆိုတာ ပြီးတယ်ရှိမလားဟဲ့ ချမ်းစုတ်ရဲ့ "
" နင့်ဟာက ဝါသနာအစစ်မှမဟုတ်တာ ၊ နင် ဟိုပန်းချီဆရာဘဲကြီးကို crush ပြီး မျက်နှာလိုမျက်နှာရနဲ့ အတင်းဝါသနာပါပစ်လိုက်တာ ငါမသိတာကျလို့ "
" တကယ်ဝါသနာပါသွားတာပါဆိုဟာ "
" ကြည့်ကျက်လည်းရွှီးပါ မိယုယရယ် ၊ ငါတို့ငယ်ငယ်ကတည်းကပေါင်းလာတာ နင် ဘယ်ပုံကိုများ ဖြောင့်အောင်ဆွဲတတ်ခဲ့လို့လဲ ၊ ရသချိန်မှာ ပုံဆွဲခိုင်းရင်တောင် အာရ် ( r ) လေးတွေကို ပြဲပြဲလေးရေးပြီး ငှက်ပျံနေတဲ့ပုံလို့ပြောခဲ့ရတဲ့ မိန်းမကများ "
ချမ်းစကားကိုကြားတော့ တစ်ဖွဲ့လုံးက လက်ခုပ်လက်ဝါးတီးကာ ဝိုင်းရယ်ကြလေသည် ။
" ချမ်းစုတ် ငါ့ကို ငယ်ကျိုးငယ်နာတွေဖော်နေတာ ကြည့်စမ်း ၊ ဟုတ်တယ်ဟယ် ဟုတ်တယ် ၊ ဟိုအစ်ကိုကြီးကို ငမ်းချင်လို့သွားမှာ ၊ ကဲ ကျေနပ်ပြီလား "
" အေး အဲ့လို ဝန်ခံစမ်းပါ "
" ဝန်ခံတယ်ဟေ့ ဝန်ခံတယ်ဟဲ့ ၊ နင်တို့သာ ငါနဲ့အဖော်လိုက်ခဲ့ပေးကြ ၊ အဲ့ဒီကအပြန်ကျရင် JC က Gloria Jean's မှာ coffee လိုက်တိုက်မယ် ဟုတ်ပြီလား "
" အေး အဲ့လို coffee တိုက်မယ်လို့ အစကတည်းက ရှင်းရှင်းပြောရင် ခုလောက်ထိ ပေမရှည်ဘူး "
" ထက်ကို အငတ် "
ဒီလိုနဲ့ပဲ ယုယကောင်းမှုအကြောင်းပြုပြီး တစ်သက်လုံးက မသွားခဲ့ဖူးတဲ့ ပန်းချီပြပွဲသို့ ချမ်းတို့တစ်ဖွဲ့လုံး ရောက်ခဲ့ကြလေသည် ။
တိုက်ခန်းကျယ်တစ်ခုထဲမှာ ခင်းကျင်းထားတဲ့ပန်းချီပြပွဲက သိပ်ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကြီးပြင်ဆင်ထားခြင်းမရှိဘဲ ပန်းချီကားတွေကိုလည်း ခပ်ရှင်းရှင်းသာ ချိတ်ဆွဲထား၏ ။ လာကြည့်သူ လူဦးရေကလည်း အများကြီးမဟုတ်ဘဲ ခပ်ကျဲကျဲလောက်သာ ။
နင့်ပန်းချီပြပွဲက လူလည်းမစည်ဘူး ဟု ယုယနားကပ်ကာ ခပ်တိုးတိုးအတင်းအုပ်မိတော့
" ဟဲ့ ပန်းချီပြပွဲဆိုတာ ဒီလိုပဲ ကောင်စုတ်ရဲ့ ၊ နင်ကြည့်ဖူးတဲ့ Show ပွဲတွေလို လူတွေကြိတ်ကြိတ်တိုးနေတာမျိုးမဟုတ်ဘူး ၊ ပြီးတော့ ဝါသနာရှင်တွေက ဖြည်းဖြည်းဆေးဆေး အေးအေးနဲ့ တိတ်တိတ်ဆိတ်ဆိတ် အရသာခံကြည့်ကြတာ "
ယုယပြောတာ ဟုတ်လောက်သည် ။ တချို့လူကြီးတွေဆို ပန်းချီကားရှေ့မှာ အနီးကပ်ကြည့်လိုက် ခပ်ခွာခွာနေပြီးပြန်ကြည့်လိုက်နှင့် တကယ့်ကို စိတ်ရှည်လက်ရှည် ခံစားကြည့်ရှုနေကြတာပင် ။
" ဟဲ့ ယုယ နင့်လူကြီးက ဒီမှာရှိမှာ သေချာလို့လား "
" သေချာပါတယ်ဟ ၊ ငါ အကျအန စုံစမ်းထားတာပါ ၊ ဒီပြပွဲမှာ သူ့ပန်းချီကားတစ်ကားလည်း ပြမှာဆိုတော့ သူလည်း ကျိန်းသေပေါက်ရှိမှာပါ "
" ဟင် နင့်လူကြီးကလည်း ချာလိုက်တာ ၊ တစ်ကားတည်းနဲ့ဘာလုပ်ရမှာလဲ ၊ လာရတာတောင်ညောင်းသေး "
" ဒီမှာ...တန်းဝင်တဲ့ ပန်းချီကားတစ်ခုဖြစ်ဖို့ဆိုတာ လွယ်တယ်များအောက်မေ့လို့လား အိသိမ့်မရဲ့ ၊ သူက ခုမှကြိုးစားဆဲပန်းချီဆရာပေါက်စပဲရှိသေးတာ ၊ ဒီလို ပြပွဲမှာ ပါဝင်ခွင့်ရတာကိုက သူတော်လို့ သိလား "
" ငမွှန်မ "
ယုယနှင့်အိသိမ့်တို့ အပြန်အလှန် စကားနိုင်လုနေစဉ်မှာပဲ ယုယရဲ့ crush ကြီးက အနားသို့ရောက်ချလာတော့သည် ။
" ဟော ယုယ ပန်းချီပြပွဲလာကြည့်တာလား "
" ဟယ် ကိုမိုးစက် တိုက်ဆိုင်လိုက်တာ ဟင်းဟင်း "
တကူးတကကြီး အကြံအစည်နဲ့လာပြီးမှ တိုက်တိုက်ဆိုင်ဆိုင်ပဲ တွေ့သလိုလိုအထာတွေ ဖမ်းနေသောယုယကိုကြည့်ပြီး ချမ်းတို့တစ်ဖွဲ့လုံး ရယ်ချင်ပက်ကျိဖြစ်နေကြသည် ။ မသိရင် ပန်းချီပြပွဲကို စိတ်ဝင်စားလို့လာပါတယ်ပေါ့ ။
" ဒီပြပွဲမှာ ကျွန်တော့်ပန်းချီကားတစ်ကား ပါတယ်လေ "
" ဟယ် ဟုတ်လား ယုကို လိုက်ပြဦးလေ "
အမလေး မိယုယတို့ အိုက်တင်ကောင်းပုံက သြချရလောက်သည် ။ သူ့လူကြီးနောက်ကို ကော့ပက်ကော့ပက်နဲ့ ပါသွားလိုက်တာများ ချမ်းတို့ကို တစ်ချက်မှတောင်လှည့်ကြည့်မသွားချေ ။
ကိုယ်တွေလည်း ယောင်ချာချာနှင့် ရုပ်မပျက်အောင် ပန်းချီကားတွေကို ဟိုကြည့်ဒီကြည့် လုပ်ရတော့သည်ပေါ့ ။
တကယ်ကြည့်မိတော့လည်း ပန်းချီကားတွေက စိတ်ဝင်စားစရာကောင်းပါသည် ။ ဆေးရောင်စုံတွေ ရှုပ်ရှုပ်ရှက်ရှက်နဲ့ ပုံဖော်လို့မရအောင်ဆွဲထားသော ပန်းချီကားတွေကို သိပ်သဘောမကျပေမယ့် သဘာဝဆန်ဆန်ပုံဖော်ပြီးဆွဲထားတဲ့ ပန်းချီကားတွေကိုတော့ ချမ်း နှစ်သက်မိသည် ။
ချောင်းထဲမှာ ကလေးတွေရေကူးနေကြတဲ့ပုံ ၊ မိန်းမပျိုလေး ရက်ကန်းခတ်နေတဲ့ပုံ ၊ တိုင်းရင်းသားကလေးငယ်လေးတွေရဲ့ပုံ စသဖြင့် အဲ့လိုပန်းချီကားတွေက ချမ်းစိတ်ကို ဆွဲဆောင်နိုင်လေသည် ။
အထူးသဖြင့် ဈေးသည်အမျိုးသမီးတစ်ယောက် ကုန်စိမ်းတွေခင်းပြီးရောင်းနေတဲ့ပုံကို ဆွဲထားသည့်ပန်ချီကားမှာ အတော်ကြီးသဘောကျစရာကောင်းလှသည် ။ ခင်းကျင်းထားတဲ့ ကုန်စိမ်းပစ္စည်းတွေကို တစ်ခုချင်း အသေးစိတ်ဆွဲထားလိုက်သည်မှာ တော်တော်ကြီးကို စေ့စေ့စပ်စပ်ရှိ၏ ။
ပန်းချီအကြောင်းနားမလည်ပေမယ့်လည်း ဒီလိုပန်းချီကားတစ်ခုရဖို့ ဘယ်လောက်စိတ်ရှည်ဖို့ စုတ်ချက်နိုင်ဖို့လိုအပ်လဲဆိုတာလောက်တော့ ကြည့်ရုံနဲ့ကို ခန့်မှန်းမိနိုင်ပါသည် ။
ဈေးသည်မိန်းမကြီးရဲ့ ဖိနပ်ခပ်နွမ်းနွမ်းကလည်း ပီပြင်လွန်းလှသည်လေ ။ ခြင်းစုတ်လေးထဲက ပိုက်ဆံအကြွေလေးတွေကအစ ထည့်ဆွဲထားတာ ။ ထိုပန်းချီကားကို သဘောကျနှစ်ခြိုက်စွာ ကြည့်နေတုန်းမှာပဲ....
" ဟေ့ရောင် ချမ်း...ဟိုဘက်က ပန်းချီကားကို ခဏလိုက်ကြည့်စမ်းပါ "
" နေဦးကွာ ရတုရာ ၊ ငါ ဒီမှာကြည့်လို့မပြီးသေးဘူး "
" အဲ့ဒါကိုခဏထားပြီး ငါပြတာကိုလိုက်ကြည့်စမ်းပါ "
" ပြီးရင်လိုက်ကြည့်မယ်ကွာ "
" အဲ့ဒီပန်းချီကားက မင်းပုံကြီးနဲ့တူလို့ လိုက်ကြည့်ဖို့ ပြောနေတာဟ လဒရ "
" လာမနောက်နဲ့ ဟေ့ရောင် "
" ငါနောက်တာမဟုတ်ဘူး သားရီးရ ၊ လာပါဟ ၊ ခဏလိုက်ကြည့်စမ်းပါ "
အတင်းဆွဲခေါ်သည့်ရတုနောက်သို့ ကန့်လန့်ကန့်လန့်နှင့် လိုက်လာရတော့သည် ။ အံမယ် ယုယမှလွဲ၍ တစ်ဖွဲ့လုံးကို ထိုပန်းချီကားရှေ့၌စုရုံး၍ ပြူးတူးပြဲတဲဝိုင်းကြည့်နေတာ တွေ့လိုက်ရတော့ ချမ်းရယ်ချင်သွားသည် ။
ချမ်းနဲ့ဘယ်လောက်တောင်တူနေလို့ ဒင်းတို့က ဒီလောက်တောင် ပြူးတူးပြဲတဲဖြစ်နေကြတာပါလိမ့် ။
သိချင်စိတ်နဲ့သူငယ်ချင်းတွေကြားထဲ တိုးဝှေ့ကာကြည့်မိတော့...
ပန်းချီကားက ပင်လယ်ပြင်ပြာပြာကြီးကို နောက်ခံထားပြီး သဲသောင်ပြင်မှာ ကောင်လေးတစ်ယောက်လမ်းလျှောက်နေတဲ့ပုံ ။
အနီးကပ်အနေအထားကိုယူပြီး ဆွဲထားတာမဟုတ်၍ မျက်နှာအသေးစိတ်လည်းမဟုတ်တာကြောင့် ပုံတူရယ်လို့အတိအကျပြောလို့မရသော်လည်း ဒါ ချမ်းပုံပါဆိုပြီး စွပ်စွဲပြောမယ်ဆိုရင် ပြောလို့ရနိုင်လောက်သည်အထိ ချမ်းနှင့်တူနေသည် ။
လမ်းလျှောက်နေသည့် ဟန်ပန် မျက်နှာအနေအထား အားလုံးဟာ ချမ်းရဲ့ပုံပန်းသဏ္ဍန်တွေပါပဲ ။ ဒါပေမယ့်လည်း ဒါကို ချမ်းရဲ့ပုံတူလို့ပြောရအောင်ကျတော့လည်း ချမ်းတို့မြင်ဖူးသည့် ပုံတူပန်းချီကားတွေလို မျက်နှာကိုအသေးစိတ်ခြယ်မှုန်းထားခြင်းမျိုးလည်းမဟုတ်ပြန် ။
သို့သော် ပန်းချီကားထဲက ကောင်လေးဟာ ဘာကဘယ်လိုတူနေမှန်းမသိအောင်ကိုပဲ ချမ်းနှင့်တူလွန်းလှသည် ။
ထက်ကိုက ပန်းချီကားကိုကြည့်လိုက် ချမ်းကိုကြည့်လိုက် လုပ်ရင်း
" ဆံပင်ပုံစံတော့ မတူဘူးကွ နော် "
ထက်ကိုပြောတာမှန်သည် ။ ပန်းချီကားထဲကကောင်လေးရဲ့ဆံပင်က ချမ်းရဲ့ယခုဆံပင်ပုံစံတော့မဟုတ် ။ ဒါပေမယ့် ဒီဆံပင်ပုံစံမျိုး ချမ်းထားခဲ့ဖူးသည် ။ အင်း လွန်ခဲ့တဲ့ သုံးနှစ်ဝန်းကျင်လောက်ကများ ဖြစ်မလားပဲ ။
" ဟဲ့ ဒီပန်းချီကားထဲက ချမ်းက အခုထက် နည်းနည်းငယ်မနေဘူးလား "
အိသိမ့်စကားကြောင့် ချမ်း ရယ်မိတော့သည် ။
" အိသိမ့်ရယ် ပန်းချီကားထဲက ချမ်းလို့ သုံးရအောင် ဒါ ငါ့ပုံပါလို့ နင့်ကိုဘယ်သူကပြောလဲ "
" ဘယ်လိုပဲကြည့်ကြည့် နင်နဲ့တူနေတာကြီးကို ၊ မသိဘူးဟယ် ၊ ငါကတော့ နင့်ပုံလို့ကို အလိုလိုခံစားမိနေတာ "
" ဒါနဲ့ မင်းမှာ ဒီလိုအင်္ကျီအဝတ်အစားတွေရှိလား ချမ်း "
ရတုရဲ့စကားကြောင့် ချမ်း ခေါင်းခါပြမိသည် ။ သေချာပါသည် ။ ဒီလိုအဝတ်အစားမျိုး သူတစ်ခါမှ မဝတ်ခဲ့ဖူးပါ ။
" အင်း ဒီလိုဆိုတော့လည်း မင်းကိုကြည့်ပြီးဆွဲတယ်လို့ ပြောရခက်သားလား "
ထက်ကိုရဲ့တွေးဆဆအပြောကို ချမ်း ခေါင်းငြိမ့်ကာ ထောက်ခံမိသည် ။ အိသိမ့်ကတော့ ခပ်လှမ်းလှမ်းကကြည့်တာ အားမရဟန်နှင့် မိန်းကလေးပီပီ စပ်စပ်စုစု အနားကပ်ကြည့်နေလေ၏ ။
" ဟယ် "
အိသိမ့်ရဲ့အာမေဋိတ်သံကြောင့် ချမ်းတို့လည်း အနားကပ်ကာတိုးကြည့်ကြတော့ အိသိမ့်က ပန်းချီကားရဲ့အောက်ဖက်ထောင့်နားက စာလုံးတွေကို လက်ညှိုးထိုးပြသည် ။ စာလုံးတွေက သေးပေမယ့် ပီပြင်ပါသည် ။
PEACE V တဲ့ ။
ပန်းချီကားရဲ့နာမည်ကိုမြင်တော့ ကိုယ့်နာမည်နဲ့အနည်းငယ်တိုက်ဆိုင်မှုရှိတဲ့အပေါ် စိတ်ဝင်တစားတော့ ဖြစ်မိသည် ။
" ဟဲ့ PEACE ဆိုရင်တော့ ရှင်းတယ်ဟာ ၊ ဒါ ငြိမ်းချမ်းရေးကို ရည်ညွှန်းတာ ၊ နောက်က V ကြီးက ဘာအဓိပ္ပါယ်လည်းမသိဘူး "
အိသိမ့်ရဲ့စကားကို ဘယ်သူကမှလည်း အဖြေမထုတ်နိုင် ။
ယုယပြန်လာလို့ အကျိုးအကြောင်းပြောပြပြီး သူ့လူကြီးထံတစ်ဆင့်မေးမြန်းကြည့်တော့လည်း ဒီပွဲစီစဉ်သူလူကြီးမင်းရဲ့ မိတ်ဆွေတချို့က ဒီလို Not for sale ပန်းချီကားတွေကို လာတင်ထားတာကြောင့် ဘယ်သူ့ပန်းချီကားဆိုတာ သူလည်းမသိပါတဲ့ ။
ဇာတ်လမ်းက ဒီမှာတင် လမ်းစပြတ်တော့သည် ။
အိသိမ့်ကတော့ ကြိတ်မနိုင်ခဲမရတွေဖြစ်လျက်
" မသိရတာ နာတယ်ဟာ "
" ဪ အိသိမ့်ရယ် ထားလိုက်ပါတော့ ၊ ဒါ ငါ့ပုံရယ်လို့ အတတ်ပြောနိုင်တာလည်း မဟုတ်ပါဘူးဟာ "
" ဟင့်အင်း ငါ့စိတ်ထဲမှာတော့ ဒါ နင့်ပုံပဲလို့ကို အလိုလိုသေချာနေတာ ချမ်းရဲ့ "
အိသိမ့်ရဲ့စကားကို ကျန်တဲ့သူတွေကလည်း ထောက်ခံကြလေသည် ။
အင်း ပြောမယ့်သာပြောရသည် ။ သူလည်း အိသိမ့်ထင်သလို ထင်နေမိတာပါပဲ ။
အင်း...တိုက်ဆိုင်မှုသက်သက်လား ဘာလား...စဉ်းစားရကြပ်လိုက်တာ ။
____________________________
A/N
အဆင်မပြေမှုလေးတွေရှိနေလို့ Update ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်နော်....
မျှော်နေတယ်ဆိုတာလေး သိထားပေး သတိရပေးပါ...ဆိုတဲ့ ဒါဒါလေး EmilyEmily656 လည်း ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်
Update မမှန်တဲ့ကြားက စိတ်ရှည်လက်ရှည် အချိန်ပေးပြီးစောင့်ဖတ်ကြတဲ့ reader တစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်လို့....
Phyu Layy. ❤️🙆🏻♀️💚
___________________________