Sad Song ( Unicode + Zawgyi )

By ZinM902

25.9K 2K 233

ကံကြမ္မာဖန်လာခဲ့ရင် လူတွေဟာ ဘာမဆို ရင်ဆိုင်ကြရတာသဘာဝပဲ ကလေးရဲ့........ Jisoo ကံကွမ်မာဖနျလာခဲ့ရငျ လူတှဟော ဘာမဆိ... More

1
2
3
4
5
6
8
9
10
11
12
13
14
15
Attention!!!

7

1K 116 13
By ZinM902

Zawgyi

မ ဟိုးအရင်က ပြောဖူးခဲ့တဲ့ ဒဏ္ဍာရီ လေးရှိတယ်နော်... မိုးတွေရွာချိန် မိုးခြိမ်းသံဟာ မ ရဲ့ ရင်မှာ ကြောက်စိတ်တွေ ဝင်မိတယ်ဆို...







🦋🦋🦋





" မ... မ အဆင်ပြေရဲ့လား..."




🦋🦋🦋



" ခလေးမ မင်းဘာလုပ်နေတာလဲ ဒီနေရာမှာ... မိုးတွေရွာနေတာကို မင်းအိမ်ကရော ဘယ်မှာလဲ..."

ဟင်.... နေပါအုံး

.................................🍒🍒...........................

❤❤❤

ဆက်နွယ်နေတဲ့
လောက တခုကို ယုံကြလား....

❤❤❤
______________________________________

Unicode

မိုးတိမ်တွေဟာ တောင်ဘက်ခြမ်းဆီကနေ ညှို့မဲပြီး တိမ်စိုင်မဲတွေ တဖြေးဖြေးတက်လာပြီ မ....
လျှပ်စီးသံတွေဟာ တဂျိန်းဂျိန်းနဲ့ ကြောက်စရာပါလား...
အသံတွေကြောင့် အိပ်နေရာကနေ လန့်နိုးလာခဲ့တယ်..
နာရီ ကို တချုက် ကြည့်မိတော့ ညနေ ၄ နာရီ ခွဲတိတိ....
မ ဟိုးအရင်က ပြောဖူးခဲ့တဲ့ ဒဏ္႑ာရီ လေးရှိတယ်နော်... မိုးတွေရွာချိန် မိုးခြိမ်းသံဟာ မ ရဲ့ ရင်မှာ ကြောက်စိတ်တွေ ဝင်မိတယ်ဆို...

ကောင်းကင်ကို မော့ကြည့်တော့ အဆင်မပြေတော့ဖူး မ..
ရင်တွေတောင် ပူပင်လာပြီ.. မ တစ်ယောက် ကြောက်နေရှာတော့မှာ...
အရင်က ဘေးမှာ ရှိတိုင်း ရင်ခွင်ထဲ တိုးဝင်နေကြ မ က အခု ဘယ်သူမှ မရှိတဲ့ အရပ်မှာ တစ်ယောက်တည်း.... အေးစက်နေတဲ့ မြေကြီးထဲမှာ လဲလျောင်းနေတာ မိုးနတ်မင်းကြောင့် မ ပိုအေးနေတော့မှာ....

မဖြစ်တော့ဖူး ဆိုတဲ့အသိနဲ့... ကျွန်မ ချက်ချင်းပဲ အိမ်ကနေ ကားသော့ နဲ့ ထီးကို ကောက်ဆွဲကာ အပြေးကလေး သွားလိုက်မိတယ်... ချစ်သူရှိရာဆီသို့ ဦးတည်လျှက်

ကားကို မ လဲလျောင်းရာ မြေမှာရပ် လိုက်ကာ ကားထဲမှ ထီးကိုဆွဲလျှက် မ ရဲ့ အုတ်ဂူလေးပေါ်ကို အုပ်မိုးပေးလိုက်တယ်....

" မ မကြောက်နဲ့နော် Jen ရှိတယ်နော်... Jen ရောက်ပြီ နော် မ... Jen ဖက် ထားမယ် မကြောက်နဲ့တော့နော်... "

ပြောရင်း မ ရဲ့ အုတ်ဂူ ဖြူ ဖြူ ကို မှီသလောက် လက်နဲ့ ဖက်ထား လိုက်တော့သည်....
ဆောင်းပေးထားတဲ့ ထီးလေးဟာတော့ အောက်ကို ပြုတ်ကျလျှက်....

မှီသလောက် ရင်ခွင်ထဲ အုတ်ဂူလေးကို ထွေးပွေ့ထားရင်း မိုးရေစက်များ မိုးခြိမ်းသံများ ကို အံတုကာ အတွေးများဟာ အတိတ်နေ့ရက်များဆီသို့.....

🦋🦋🦋

ကျွန်မ အထက်တန်းရောက်တော့ မ ဟာ စီးပွားရေးဘွဲ့တစ်ခုပင် ရပြီး Master ပင် ဆက်တက်နေလေပြီ... အားတဲ့ အခါ Jen ရယ် Chae လေးရယ် Lisa လေးရယ်ကိုတော့ အကို Kai,
ကိုကို နဲ့ မ တို့က တစ်ယောက်တစ်လှည့်ဆီ တာဝန်ယူကာ စာပြပေးလေသည်။

တရက် မ စာပြပေးတဲ့ အလှည့်မှာတော့ မိုးတွေဟာ ထစ်ချုန်းစွာ ရွာသွန်းလျှက်

ဂျိန်း ခနဲ အသံကြားတာနဲ့ မ ခန္ဓာကိုယ်ဟာ ဆက်ခနဲ တုန်ရီစွာ.... အသံတွေဟာ တဖြေးဖြေး ပိုပိုနီးလာသလို ပိုပိုများလာတော့ စားပွဲခုံအောက်ကို ဝင်ကာ မျက်ရည်တွေနဲ့ ငိုကြွေးနေတဲ့ မ... Jen အတွက်တော့ အရမ်းကို ထူးဆန်းနေလေသည်။

ဒီလောက်ထိ မ ဟာ မိုးခြိမ်းသံကို ကြောက်တတ်ခဲ့မယ်လို့ လုံးဝ ထင်မထားခဲ့ပါ....

" မ... မ အဆင်ပြေရဲ့လား..."

ဘယ်လိုမှ လှုပ်ခေါ်လို့မရတဲ့ မ ကြောင့် ခြေ မကိုင်မိ လက်မကိုင်မိဖြင့် သူ့ရှေ့တွင် ဒူးလေးထောက်လျှက်....

" မ သိပ်ကြောက်နေရင် Jen ရင်ခွင်ထဲဝင်နေ Jen ဖက်ထားပေးမယ်နော်.. နောင်ဆိုရင်လေ မ ဘာမှ ကြောက်စရာမလိုဖူး မ ရဲ့ဘေးမှာ Jen ရှိတယ် ကြားလား မ... "

မ ကို သိမ်းကျုံးကာ ဖက်ထားလိုက်ရင်း အမျိုးအမည်မသိတဲ့ ခံစားချက်လေးဟာ Jen ရဲ့ ရင်ထဲမှာ လှိုက်မောလျှက်....

🦋🦋🦋
အဲ့ချိန်က စလို့ Jen ဘယ်လောက်ပဲ ဆိုးခဲ့ ဆိုးခဲ့
ဘယ်နေရာမှာပဲ ရောက်နေပါစေ... မိုးညှို့လာတာနဲ့ မ ရှိတဲ့နေရာကို စွေ့ခနဲ အပြေးလေးသွားကာ Jen ရင်ခွင်ဟာ မ ခိုလှုံရာ နွေးထွေးတဲ့ တံတိုင်းလေး အဖြစ် နေပေးခဲ့တာပါ...။

ခုလဲကြည့် မ မရှိတော့ဖူး ဆိုတာ သိနေလျှက်နဲ့လဲပေါ့....
ရူးမိုက်နေမိတုန်းပဲ မ....

မိုးရေတွေဟာ Jen ကိုယ်ပေါ်ဆက်မကျတော့တာမို့ ဘာများလဲ လို့ မော့ကြည့်လိုက်တော့
ထီးစောင်းပေးထားတဲ့ လူတစ်ယောက်...

" ခလေးမ မင်းဘာလုပ်နေတာလဲ ဒီနေရာမှာ... မိုးတွေရွာနေတာကို မင်းအိ်မ်ကရော ဘယ်မှာလဲ..."

ဟင်.... နေပါအုံး
ငါဒီအသံကို တရင်းတနှီးကို ကြားဖူးပါတယ်... မိုးရေစက်တွေကြောင့် တန်ပြန် အရောင်ထွက်နေတဲ့ သက်တံရောင် အလင်းကို ကျောပေးလျှက် ကွယ်ထားတာမို့.... မျက်နှာဟာ သေချာမမြင်ရပေ...။

.................................🍒🍒...........................

❤❤❤

သေခြင်းနဲ့ရှင်ခြင်း ကြားက
ဆက်နွယ်နေတဲ့
လောက တခုကို ယုံကြလား....

❤❤❤
______________________________________



Continue Reading

You'll Also Like

91.4K 12.2K 44
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
292K 50.1K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
228K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
178K 16.7K 91
🍓🍎🍒🍑 ဘယ်ရည်းစားကိုအချစ်ဆုံးလဲ🍓🍎🍒🍑 📣📣📣ရှောင်းကျန့်...ရဲရဲ ကြီးဖြေလိုက်စမ်းပါ...ဘယ်ရည်းစားကို အချစ်ဆုံး လဲဆိုတာ...✨✨✨ 🍓🍎🍒🍑 ဘယ္ရည္းစားကို...