ရိပေါ် ဟိုင်ခွမ်းကောကို မရရအောင်ပြောပြီး ရုပ်တည်ကြီးနဲ့ ကားပေါ်လိုက်လာတယ်။ နီးနီးနားနား တောင်ပေါ်စခန်းချမှာမို့ အားလုံးက ကားကိုယ်စီနဲ့ပဲ လာကြမှာ။ ကားနောက်ဖက်မှာ ရွက်ဖျင်တဲထိုးဖို့ ပစ္စည်းပစ္စယတွေပါ တစ်ခါထဲသယ်လာပြီးသား။
တစ်ပတ်လုံးလဲ စိတ်တိုတာလိုလို မိုးပြိုတာလိုလို ခံစားပြီးတဲ့နောက် လူက စူပုတ်နေရတာ နှုတ်ခမ်းပါ ထော်နေပြီ။ ရှောင်းကျန့်ကတော့ သူ့ကိုရှိလို့ရှိမှန်းတောင် မသိတဲ့ပုံပဲ။ blockထားတာတောင် ဘာလို့လဲဆိုတဲ့စကားတစ်ခွန်း msgမပို့ဘူး။
Blockထားတယ်ဆိုမှတော့ ဘယ်လိုmsgပို့မလဲလာမမေးနဲ့။ wechatမှာပဲ blockတာ။ ရိုးရိုးဖုန်းနံပါတ်နဲ့ခေါ်လဲ ရနေတာပဲ။ ဒါ ဒီလူကြီး သက်သက်အကျင့်ယုတ်တာ။ နောက်မှ "ရိပေါ်ရေ"ဆိုပြီး လာကြည့်။ သူ့အရည်နဲ့သူ့ပြန်ပက်မယ်။ ဘာတွေတွေးနေတာလဲ။ လီးကော်ဖီနဲ့ မျက်နှာတည့်တည့် ကောက်ပက်ပစ်မယ်ပြောတာ။
View pointရောက်တော့ ယွီပင်းကော၊ ကျိုးချန်ကောနဲ့ နောက်ထပ် အကိုကြီးတစ်ယောက်ပဲ ရောက်သေးတယ်။ ရှောင်းကျန့်က ရောက်မလာသေး။ ဘယ်ရောက်ဦးမလဲ။ ဘယ်ဆော်နဲ့ကြူနေမှန်းမှ မသိတာ။
ရိပေါ်စိတ်တိုတိုနဲ့ အိပ်ရာခင်းကို ဖုတ်ခနဲ ဖြန့်ချလိုက်တာ ဘေးကသစ်ငုတ်တိုနဲ့ငြိပြီး ဗြိခနဲပြဲပါရောလား။ ဒီရက်ပိုင်း အစစအရာရာအဆင်မပြေဖြစ်နေတာ ရုပ်အရမ်းချောနေလို့ တစ်ယောက်ယောက်ကများ ကျိန်စာတိုက်ထားလေသလားပဲ။ စိတ်ညစ်ညစ်နဲ့ ရှောင်းကျန့်လက်မောင်းကိုကိုက်ပြီး ငိုချင်တယ်။ ဒါလဲ အဲလူကြီးက သိမှာမဟုတ်ပါဘူး။ ဘယ်သိမလဲ။ ကောင်မလေးတွေနဲ့ကြူနေမှာပေါ့။
ရိပေါ် ငိုမဲ့မဲ့လေးဖြစ်နေချိန်မှာပဲ ရှောင်းကျန့်က သွားအဖြီးသားနဲ့ ပစ္စည်းတွေပိုက်ပြီး ရောက်ချလာတယ်။ အတော်ပျော်နေတယ်ပေါ့ ဟုတ်လား။ ပြုံးဖြီးနေလိုက်တာများ လူအရင် မမြင်ရဘူး။ ပြူးနေတဲ့ ရှေ့သွားနှစ်ချောင်းပဲ အထင်းသားမြင်နေရတယ်။ သိသားပဲ။ သူက ရှောင်းကျန့်အတွက် အရေးမကြီးဘူးဆိုတာ။ နောက်ဆုံးတော့လဲ လိုသုံးပါပဲ။ အဲလေ ဘော်လီဘောပါပဲ။ ပုတ်ထုတ်ခံရတာ တွေ့လား။
အားလုံးက ရှောင်းကျန့်နဲ့အတူပါလာတဲ့ အကိုကြီးကို ဝမ်းသာအားရနဲ့ ပြေးဖက်တယ်။ ရှောင်းကျန့်ကလဲ ဘေးမှာရပ်ပြီး ရယ်နေတာပဲ။ ပြီးကျမှ ရိပေါ်ကိုမြင်ပြီး အံ့ဩသွားတယ်။
"ရိပေါ် ဘယ်လိုလုပ်ပါလာတာလဲ"
"ဘာလဲ။ လာလို့မရဘူးလား။"
"မဟုတ်ဖူးလေ။ ရိပေါ်လိုက်လာမယ်မှန်း ကိုယ်မသိလို့"
ရိပေါ် ရှောင်းကျန့်ကို စကားဆက်မပြောဘဲ ဖင်ပေးပြီး ဟိုင်ခွမ်းကောဆီပဲ လျှောက်သွားလိုက်တယ်။ အခု ဟိုင်ခွမ်းကောတို့နဲ့ စကားပြောနေတဲ့အကိုကြီးက ချောင်ယွိချန်းတဲ့။ ဖြူဖြူဖွေးဖွေးနဲ့ အကိုကြီးနာမည်က စုန့်ကျိရန်။ ကျန်တဲ့သူတွေနဲ့က သိပြီးသား။ ကောက ရိပေါ်ကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးအပြီးမှာ အားလုံး စခန်းချဖို့ တဲထိုးမယ်ပြင်တယ်။
ရှောင်းကျန့်က အနီးကရွာထဲသွားပြီး အစားအသောက်တွေ သွားဝယ်လိုက်ဦးမယ်ပြောတယ်။ ကောက ရိပေါ်ကိုလဲ အတွေ့အကြုံရအောင် လိုက်သွား၊ သူတို့က တက္ကသိုလ်ကျောင်းသားဘဝထဲက ဒီနေရာ ခဏဏလာနေကြတဲ့။ မလိုက်ချင်ပါဘူး။ ဘိုးတော်နဲ့ လမ်းအတူတူမလျှောက်ချင်ဘူး။
လမ်းအတူတူမလျှောက်ချင်တဲ့အတွက် ရှောင်းကျန့်ကရှေ့ကနေ ခြေ၁၀လှမ်းလျှောက်ရင် ရိပေါ်ကနောက်ကနေ ၈လှမ်းပဲလျှောက်ပြီး ခပ်ခွါခွါလိုက်လာတယ်။ ရှောင်းကျန့်မှာ တကယ်ပဲ ဖြေရှင်းစရာစကား မရှိဘူးလား။ ငယ်ငယ်ထဲကအလိုလိုက်ခံရတဲ့သူမို့ တစ်ယောက်ယောက်က စိတ်တိုင်းကျမနေရင် ရိပေါ်စိတ်ထဲမှာ တကယ်တမျိုးကြီးပဲ။
"ရိပေါ် မြန်မြန်လာလေ"
ရိပေါ် မျက်နှာမသာမယာနဲ့ပဲ နည်းနည်းခပ်သွက်သွက်လျှောက်လိုက်တယ်။
"ဘာတွေစိတ်ညစ်နေတာလဲ။ တစ်ခုခုဆို ကိုယ့်ပြောလို့ရတယ်နော်"
"စိတ်ညစ်နေတာတော့ သိသေးတယ်ပေါ့"
"သိတာပေါ့။ ခါတိုင်း မျက်လုံးလေးတွေဝင်းနေတာကို ခုကျ မှိုင်နေလို့လေ။ ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့ သိလား။ အဆိုးတွေကုန်သွားရင် အညံ့တွေလာလိမ့်မယ်"
"အင်း.... ဟင် ခင်ဗျား!!!"
"ဟားဟားးး နောက်တာပါ။ ရိပေါ်ရဲ့။ ဘဝဆိုတာ မနက်ဖြန်တွေအများကြီးရှိသေးတယ်။ ရိပေါ်အသက်က ငယ်ငယ်လေးနဲ့။ နောက်ဆို ဒီထက်အများကြီးဆိုးတာတွေလာဦးမှာ အား... အားး ဘာလို့ကိုက်တာလဲ"
"ခင်ဗျားအမှား ခင်ဗျားမသိဘူးလား!!!"
"လုပ်ချင်တာတွေလုပ်ပြီး အမှားတွေကများလွန်းတော့ ဘယ်အမှားကို ပြောနေတာလဲ"
"ခင်ဗျား စကားတတ်တယ်ဆိုတိုင်း မိန်းကလေးတိုင်းကို လိုက်ကြူနေတာလေ။ ရည်းစားက သက်စေ့ကျော်ထားပြီး ကိုယ့်ကိုကိုယ် လူရိုးလေးလို လာလုပ်နေတယ်"
"ဟာ လူရိုးလေးပဲလေ။ မယုံရင် နမ်းကြည့်ပါလား။ ပါးမှာတောင် အသားသိပ်မရှိဘူး"
"ခင်ဗျား ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့။ အားလုံးကို လှည့်စားနေတာလေ။ အဲတော်ကီတွေ ဘယ်နှစ်ယောက်ကို ပြောခဲ့ပြီးပြီလဲ"
"ဘဝမှာ လှည့်,စားဖူးတာဆိုလို့ ဘုရားစူး ပြောင်းဖူးပဲ ရှိတာပါ ရိပေါ်ရယ်။ ကိုယ်တကယ် ဘာမှမသိရပါဘူး"
ရိပေါ်စိတ်တိုတိုနဲ့ ရှောင်းကျန့်လက်မောင်းကိုဆွဲပြီး ကုန်းကိုက်မယ်အလုပ်မှာ ဘယ်အရပ်ကမှန်းမသိတဲ့ခွေးဟောင်သံက ဟိန်းခနဲ ထွက်လာတော့ လန့်သွားတယ်။ ရှောင်းကျန့်က ငါ့အရိုး၊ မင်းကိုက်မယ်မကြံနဲ့လို့ ပြောချင်နေတာများလား။
"မကြောက်နဲ့ ရိပေါ်။ အဲတာ ကိုယ်ချောလို့ ခွေးက ဝမ်းသာအားရနှုတ်ဆက်နေတာ"
ရှောင်းကျန့်က ပြောရင်းနဲ့ လှမ်းမြင်နေရတဲ့အိမ်ထဲ ခပ်သွက်သွက်ဝင်သွားတယ်။ ရှေ့ကနေ လှစ်ခနဲထွက်သွားတဲ့ရှောင်းကျန့်ကိုကြည့်ရင်း ရိပေါ်စိတ်ပေါက်ပေါက်နဲ့ တွေးမိတယ်။
အဲဒါကြောင့် လူတွေက ပြောကြတာနေမှာ။ မိုးသောက်ကြယ်တွေကို ကောင်းကင်ယံမှာတွေ့နိုင်ပြီး -င်ခေါင်းကျယ်တွေကို နေရာတကာမှာ တွေ့နိုင်တယ်ဆိုပြီး။ လောလောဆယ်မှာတော့ ကွန်ဖီးဒန့်က အာကာသထိလွင့်နေတဲ့ -င်ခေါင်းကျယ်ကြီးတစ်ယောက်လုံး သူ့ရှေ့မှာ မြောက်ကြွမြောက်ကြွနဲ့။
AN/ အရင်အပိုင်းက မကောင်းမှန်းသိလို့ အခုတစ်ပိုင်း ထပ်updateပေးတာ။