Sad Song ( Unicode + Zawgyi )
By ZinM902
25.9K 2K 233
ကံကြမ္မာဖန်လာခဲ့ရင် လူတွေဟာ ဘာမဆို ရင်ဆိုင်ကြရတာသဘာဝပဲ ကလေးရဲ့........ Jisoo ကံကွမ်မာဖနျလာခဲ့ရငျ လူတှဟော ဘာမဆိ... More
1
2
3
4
5
7
8
9
10
11
12
13
14
15
Attention!!!
6
1.1K 110 7
By ZinM902
Zawgyi
မ ရဲ့ ဒုတိယ တိတ်ခွေလေးကို ကတ်ဆက် အသေးလေးထဲ ထည့်လိုက်ရင်း ရေပြင်ကျယ်ကို ငေးကာ နားကြပ်တပ်ပြီး နားထောင်လိုက်တယ်။
မ ဘာပြောပြော ကျွန်မ နားထောင်မှာပါ.... မ အသံကြားနေလို့သာ ကျွန်မ ဟာ ဒီကမ္ဘာမှာ အသက်ဆက်ဖို့ အဆင်ပြေနေတာမို့လို့.....
.................................🍒🍒.............................
❤❤❤
Hello လုပ်ပြီးတဲ့အခါ
Good Bye ဆိုတဲ့စကားဟာ
လောက သဘာဝပါတဲ့လေ
Jennie
❤❤❤
______________________________________
Unicode
မနက်ဖြန် ဆိုရင်လည်း လွမ်းရအုံးမယ် မ...
အရင်က ပြောခဲ့တဲ့ စကားတွေ ပြန်ကြားယောင်ရင်းနဲ့လဲ ရူးတော့မယ်.... ထားသွားသူဟာ ဘာဆိုဘာမှ မသိပေမယ့် ၊ ကျန်ရစ်သူဟာ ရူးမတက်ပါပဲ...
တမ်းချင်းတွေဟာ လွမ်းခြင်းတွေနဲ့ ထပ်တူကြတယ်တဲ့.... ဒီနေ့တော့ မ နဲ့ အမြဲတမ်း သွားခဲ့တဲ့ လမ်းအဆုံးက ရေကန်လေးဆီ တစ်ယောက်တည်း ထွက်လာခဲ့လိုက်တယ်... မ နဲ့ အတူတူ ဆောက်ထားခဲ့တဲ့ ထိုင်ခုံလေးဟာ ခုထိတိုင် ရှိနေဆဲပါပဲ၊ မပြောင်းလဲခဲ့ပါ....
Jen ရဲ့ဘေးကနေ ပြေးလွှားနေခဲ့တဲ့
ကောင်မလေးနှစ်ယောက်ရဲ့ ပုံရိပ်လေးနှစ်ခုဟာ ဖြတ်သန်းသွားသယောင်ယောင်၊ Jendeukie ဆိုတဲ့ အသံဟာ နားထဲမှာ ပဲ့တင်သံပမာ ကြားယောင်လျှက် ၊ ကျွန်မလေ အဲ့ဒီ ခုံတန်းလေးဆီကို လျှောက်သွားခဲ့လိုက်တယ်။ ထို ခုံတန်းလေးမှာ ထိုင်လိုက်ပေမယ့်လဲ ဘေးမှာ အမြဲတမ်းပါနေကြ နေရာလေးတခုဟာတော့ လစ်ဟာလျှက်.....
မ ရဲ့ ဒုတ်ိယ တိတ်ခွေလေးကို ကတ်ဆက် အသေးလေးထဲ ထည့်လိုက်ရင်း ရေပြင်ကျယ်ကို ငေးကာ နားကြပ်တပ်ပြီး နားထောင်လိုက်တယ်။
" ကလေးရေ ကိုယ်ဒီနေ့ ဒုတိယအကြိမ် အသံသွင်းဖြစ်တာ။ အင်း...... ကိုယ်တွေးမိနေတယ် သိလား ၊ ဒီအသံဖိုင်ကိုနားထောင်နေတဲ့အချိန်မှာ ကိုယ့်ကလေးလေးက ဘယ်လိုများဖြစ်နေမလဲပေါ့.... ကိုယ့်အသံကိုကြားရလို့ပဲပျော်နေလေမလား ဒါမှမဟုတ်ရင် ကိုယ့်ကိုလွမ်းလို့များ ငိုနေမလား...."
Jen မျက်နှာထက်က မျက်ရည်တချို့ဟာ နွေးခနဲ....
" ဒီနေ့ နှင်းတွေကျနေတယ် ကလေးရဲ့။ ဒီအသံဖိုင်ကိုနားထောင်နေတဲ့အချိန် ရာသီဥတုကရော ဘယ်လိုဖြစ်နေမလဲမသိဖူးနော်၊ ကိုယ်သိချင်မိသား၊ နေရောကောင်းရဲ့လား။ "
အင်း ရာသီဥတုက သာယာပါတယ် မရယ်။ နေကတော့ကောင်းပါရဲ့ စိတ်ကလွဲရင်တော့ အရာရာ ပုံမှန်တိုင်းပါပဲ...
" ကိုယ်လေ တညလုံး စဉ်းစားခဲ့တယ်။ ၆လ ကြာအောင် အသံသွင်းဖို့ ကိုယ်ဘာတွေပြောရမလဲပေါ့။ "
မ ဘာပြောပြော ကျွန်မ နားထောင်မှာပါ.... မ အသံကြားနေလို့သာ ကျွန်မ ဟာ ဒီကမ်ဘာမှာ အသက်ဆက်ဖို့ အဆင်ပြေနေတာမို့လို့.....
"ကိုယ်စဉ်းစားမိသွားတာက ကိုယ်တသက်လုံးမျိုချခဲ့တဲ့ မင်းနဲ့စတွေ့ခဲ့ကတည်းက ကိုယ့်စ်ိတ်ထဲက အကြောင်းအရာလေးတွေ ၊ ခံစားချက်လေးတွေ ၊ ဒါတွေကို ပြောပြတာအကောင်းဆုံးဖြစ်မယ် ထင်တယ်။ ဒါမှလဲ ကလေးကို ကိုယ်ဘယ်လောက်ထိ မြတ်နိုးခဲ့လဲ သိမှာလေ။ နောက်ပြီး ဒီတစ်နေ့တာ ကို ဘယ်လိုဖြတ်သန်းခဲ့တာတွေကိုပါ ပြောပြမယ်။ ကဲ စမယ်နော်..."
ခေါင်းကိုအသာညိမ့်လိုက်မိသည်.....
ထူးထူးဆန်းဆန်း ကျွန်မ လက်ကို တစ်စုံတစ်ယောက် လာကိုင်လိုက်သလို ခံစားချက်ဖြစ်လာတာမို့ ဘေးကို ငေးကြည့်လိုက်တော့ မ ပုံရိပ်လေးပါလား....
" ကလေးလေး.... ကိုယ်တို့ စတွေ့ခဲ့တဲ့နေ့က ပထမဆုံး ကလေးတို့ ခြံထဲဝင်လာတာကို မှတ်မိသေးလား"
မျက်ရည်စတွေကြားက မ ကို မြင်နေရတာမို့
ပြုံးပြကာ ခေါင်းကို ညိမ့်ပြလိုက်တော့တယ်။
" အပေါ်မှာ ကိုယ်စာထိုင်ဖတ်နေရင်းနဲ့ပေါ့.... အဲ့ခြံထဲ ကားဝင်လာတာ တွေ့လိုက်သားပဲ.... စပ်စုချင်တာနဲ့ ဖတ်လက်စ စာအုပ်လေးကို ဘေးချ ရင်း လှမ်းကြည့်မိတော့ ကားပေါ်က ကလေးတို့ မိသားစု ဆင်းလာတာကိုရော ၊ ကိုယ် မေမေ တို့နဲ့ စကားပြောနေတာကိုပါ မြင်သားပဲ။ ချယ်ရီပန်းတွေဝေနေတဲ့ချိန်၊ ကလေးက မျက်လုံးကလယ် ကလယ်နဲ့။ ချစ်ဖို့သိပ်ကောင်းတယ်... သိလား..."
အလိုလေး... မ ဟာ ကျွန်မ လက်ကို ကိုင်ပြီး စကားပြောနေတာပါလား.....
" အဲ့တုန်းကတည်းက အဖြူရောင်သံယောဇဉ်လေး တစ်မျှင်ဟာ တန်းလျှက်သား ဖြစ်ခဲ့တာ။ ကြိုမမြင်ရတဲ့ ကံတရားကိုသာ ကြိုမြင်ခွင့်ရှိရင် ကိုယ် အဲ့အချိန်ကတည်းက ကလေးကို ချစ်ကြောင်း ပြောမိလေမလား မသိဖူး...."
ကျွန်မ ပါးကို မ လက် လေးနဲ့ လာထိလိုက်သလို.....
" ကိုယ် အထက်တန်းနောက်ဆုံးနှစ်မှာ ကလေးက အလယ်တန်းပထမနှစ်နော်.... ကိုယ် အဲ့ကတည်းက စပြီး စိတ်ကစားတတ်လာပြီထင်ပါရဲ့....  ကလေး ကိုပဲ အမြဲမြင်ချင်နေမိတယ်.... ကလေး အသံကိုပဲ အမြဲကြားယောင်နေခဲ့မိတယ်.... ဝရန်တာကနေ ကလေးရဲ့ လှုပ်ရှားမှု့သေးသေးလေးတွေကို ငေးရတာ ၊ လမ်းမ မှာ တခြား ကလေးတွေနဲ့ ကစားနေတာကု်ိငေးရတာဟာ ကိုယ့်အလုပ်တခုလိုဖြစ်လို့.... ၊ တရက်လေ ကစားနေရင်းနဲ့ ကလေးချော်ကျခဲ့တာလေ... ကိုယ် အရမ်းကို စိတ်ပူသွားခဲ့တာ ၊ ဖိနပ်တောင်မစီးနိုင်ခဲ့ဖူး ဝုန်းဒိုင်းကြဲ ပြေးဆင်းခဲ့တာ။ လှေကားကနေ လိမ့်ကျတဲ့အထိပဲ... ကိုယ့်ကလေးကို ပြေးပွေ့ပြီး ဒဏ်ရာသေးသေးလေးကြောင့် ကိုယ့်ရင်ခွင်မှာ ငိုနေတဲ့ ကလေးကို မီးစနဲ့ထိုးသလို စိတ်ပူနေမိတာ ၊ အန်တီ တို့ဆီ အမြန် ပြေးသွားပြီး ကိုယ်ပါမျက်ရည်တွေဝဲရင်း ဆေးထည့်ခိုင်းရတဲ့အထိ.... အံ့သြနေမလားတော့မသိဖူး.... ကိုယ် လှေကားကပြုတ်ကျတုန်းက ဘေးက သံကြိုးနဲ့ ခြစ်မိတာ လက်မောင်းကို ထိုးခွဲသလို သွေးတွေမှ အများကြီး.... အဲ့ဒဏ်ရာလဲ နာတယ်မထင် မေ့နေပြီး ကလေးရဲ့ ဒူးခေါင်းကဒဏ်ရာကိုပဲ မဲနေခဲ့တာ ဟားဟား... အန်တီပြောမှ ငုံ့ကြည့်မိတော့ လက်မှာ သွေးတွေက ဖြာခနဲ... နောက်နေ့ကျ ဘယ်ပြောကောင်းမလဲကွာ ဖျားရောလေ... "
မ လိမ် ခဲ့တယ်။ မဟုတ်သေးဖူးပဲ ကျွန်မ သိပ်ညံ့ခဲ့တာ မ က ကျွန်မကို သိပ်ဂရုစိုက်ခဲ့ပေမယ့် ကျွန်မကတော့ ကျွန်မကတော့ ကိုယ့်ကိုယ်ကိုလောက်တောင် မ ကို ဂရုမစိုက်ခဲ့ဖူး....
" ဟိတ် ဟိတ် ကလေးလေး ၊ ကိုယ် ဒီအကြောင်းတွေပြောပြနေတာ ကလေးကိုယ် ကလေး အပြစ်တင် ဖို့မဟုတ်ဖူးနော်..."
ဟော တွေ့လား...၊ မ ဟာလေ လူကို မမြင်ပဲနဲ့တောင် ကျွန်မ စိတ်ကို ဖတ်နိုင်တဲ့ တစ်ဦးတည်းသော လူပါပဲ။
"ကိုယ် ဒီလောကထဲက ထွက်ခွာသွားတဲ့အချိန် ကလေးမသိလိုက်ရတဲ့ အမှန်တရားတွေကို သိစေချင်ရုံပဲ.... ကိုယ် လိမ်ခဲ့တာ မဟုတ်ပါဖူး ကိုယ် ကလေးကို ကိုယ့်ကြောင့် မနာကျင်စေချင်ခဲ့ရုံပဲ... ကိုယ် တကယ် ဆုတောင်းပါတယ် ဘဝဆက်တိုင်း ချစ်ရသူနဲ့ သေကွဲရော ရှင်ကွဲပါ မကွဲပါရစေနဲ့ ဆိုတဲ့ ဆုတောင်း ညတိုင်း ဆုတောင်းဖြစ်တယ်...."
ကျွန်မလဲ ဆုတောင်းပါတယ်.... တကယ်လို့များ မဖြစ်မနေ ကွဲခဲ့ရရင်တောင် ရှင်ကွဲပဲဖြစ်ပါရစေ... မဖြစ်မနေ သေကွဲဆိုရင်တောင် တစ်ယောက်လက် တစ်ယောက်ကိုင်ရင်း တစ်ပြိုင်နက်တည်း လောကကြီးကနေ ထွက်သွားပါရစေလေ... နာကြင်မှု့တွေ ဒီဘဝနဲ့တင် ဝေးပါစေတော့..
တစ်ချို့ လူတွေ ပြောကြတယ် သေကွဲသာ ကွဲလိုက်ချင်ရဲ့တဲ့လေ.... သိပ်ရူးကြတာပဲ.... ရှင်ကွဲ ဆိုတာဟာ သူ့ကို မြင်နေခွင့်လေး ရှိပါသေးတယ်... သေကွဲဟာတော့ မတူဖူးလေ.... သူဟာ လောကကြီးထဲက ထွက်သွားပြီ မဟုတ်လား... ဘယ်သောအခါမှ ပြန်တွေ့နိုင်မှာမဟုတ်တော့ဖူးလေ...
" ကလေး ရေ ဒီနေ့တော့ ဒီလောက်ပါပဲ... ကိုယ်သေရမယ့်နေ့ကို ကြိုသိနေရတာကလဲ ပြင်ဆင်ခွင့်ရှိနေလို့ ကောင်းသလိုပဲ တဖက်ကလဲ ချစ်တဲ့လူတွေကို ထားခဲ့ရတော့မှာတွေးမိပြန်တော့လဲ ရင်နာရပြန်တယ်... ဒါပေမယ့်လဲလေ ပြင်ခွင့်မှ မရှိတာ ဘယ်တတ်နိုင်မှာလဲ... သြော် ဟိုနေ့က ပြောဖို့ မေ့သွားတယ်... ကိုယ် ကလေးကို ပေးခဲ့တဲ့ box ထဲမှာ sticker တချို့ ၊ စာအိတ်နဲ့ ဒိုင်ယာရီ တစ်ခုပါတယ်မလား ၊ အဲ့တာတွေက ကိုယ့်ကို လွမ်းတဲ့အခါ စာရေးချင်တဲ့အခါ ရေးပြီး ချယ်ရီပင်တွေအောက်မှာ မြုပ်လိုက်ပါ ၊ ကိုယ် ယုံပါတယ် ကိုယ့်ဆီကို အဲ့စာတွေရောက်လာမယ်ဆိုတာကို.... ကိုယ်သွားတော့မယ်နော် ကလေး... ချစ်တယ်..."
ကတ်ဆက် သံလေးဟာ တိတ်သွားတော့ ဘေးနားမှာ လက်လေးကိုင် ပါးလေးကိုင်နေတဲ့ မ ပုံရိပ်လေးဟာလဲ တဖြေးဖြေး ပျောက်ကွယ်သွားတော့တယ်...
မျက်စိရှေ့ကနေ လိပ်ပြာလေးတစ်ကောင်ဟာ ပျံသန်းသွားခဲ့ပါတယ်လေ....
မင်းလဲ အိမ်ပြန်ချိန်ရောက်ပြီပေါ့လေ.... ငါရော ဘယ်တော့များပါလိမ့်....🦋💭
.................................🍒🍒.............................
❤❤❤
Hello လုပ်ပြီးတဲ့အခါ
Good Bye ဆိုတဲ့စကားဟာ
ဒုတိယ အကြိမ် ပြောရစမြဲ
လောက သဘာဝပါတဲ့လေ
ကျွန်မကရော ဘယ်လိုအားမျိုးနဲ့
ကျွန်မ ချစ်သူ ကို ပြောရပါ့မလဲ.....
Jennie
❤❤❤
______________________________________
Continue Reading
You'll Also Like
947K 108K 58
ကျွန်တော်က မောင့်ရဲ့ တစ်ပင်တည်းသော Cactus...။ KTH & JJK
12.8K 1.5K 67
ဖတ်ကြည့်နော်🥰🥰
487K 66.3K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
618K 59.1K 36
Taekook 💜 ( Own Creation )