ဝန်ကြီးပတ်လာမှာ"
"ဗျာ…ဘာလို့ခေါ်တာလဲ"
ခေါ်ခိုင်းလိုက်တာ"
မယ် ဒါဆိုသွားရအောင်"
ရှေ့ရောက်တော့
ခင်မကြီး
"ဟုတ်…ဟုတ်ပါတယ်"
"ဗျာ…"
လက်ထပ်ခိုင်းမလို့"
ဝင်လာကာ
ခနလေးတောင်သူကိုဒီအိမ်မှာမရှိစေချင်ဘူးထင်ပါတယ်ကျလုဆဲမျက်ရည်တွေကိုထိန်းပြီးထိုအိမ်တော်ကနေထွက်လာခဲ့လိုက်သည်။
စိတ်ကူးလဲ"
ယောင်နေသည်။
-----------------------------------------------------------
သားထယ်ယောင်း
ခိုင်းနေတာလဲ"
"အေပါပြန်မှာပါ"
"ခနနေမှာပြန်မယ်"
"အမျိုးမျိုးဘဲ"
တာနဲ့
ကကမန်းကတန်းလိုက်ထကာ
"ငါလည်းပြန်တော့မယ်"
တတ်နိုင်………
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
Borahae💜💜💜
================================
For unicode
မနက်ခင်းအာရုံဦးတွင်နေမင်းကြီးကတစ်စတစ်စလောကကြီးတွင်းသို့တိုးထွက်လျက်ရှိသည်။ဆောင်းတွင်းမို့
အရွက်များပေါ်တွင်တင်နေသောနှင်းစက်လေးများသည်
လည်းနေမင်းကြီးကြောင့်တစ်ဖြည်းဖြည်းအရည်ပျော်ကာ
မြေပေါ်သို့တစ်စက်ချင်းစီ ကျဆင်းနေသည်။ထွက်ပြူစပြု
နေတဲ့နေမင်းကြီးရဲ့အလင်းရောင်ရယ် စိမ်းစိုနေတဲ့ပတ်ဝန်း
ကျင်လေးရယ် ငှက်လေးတွေရဲ့တေးတီတီတာတာအော်
မြည်သံလေးတွေက မနက်ခင်းလူ၏စိတ်ကိုကြည်လင်စေသည်
"မင်လေး ဒီနေ့ဘယ်မှာမသွားနဲ့တော့နော် နေလည်ကျ
ဝန်ကြီးပတ်လာမှာ"
"ဟုတ်ကဲ့ပါ ဦးလေးရယ်မင်သိပါတယ်"
နေလည်လောက်ရောက်တော့လူတစ်ယောက်ရောက်လာခဲ့တယ်။သားသားနားနားနဲ့အဆင့်တန်းမြင့်ပုံရတယ်လက်ထဲတွင်လည်းဓားရှည်တစ်လက်ကိုကိုင်ထားသည်။ထိုလူပုံကနန်းတွင်းတပ်မှူးပုံပင်
"ပတ်ဂျီမင်းလားမသိဘူးဒီဘက်က"
"ဟုတ်ပါတယ်ဘာကိစ္စရှိလို့"
"သခင်ကြီးပတ်ကအခေါ်လွှတ်လိုက်လို့ပါ"
"ဗျာ…ဘာလို့ခေါ်တာလဲ"
"အဲဒါတော့သခင်ကြီးနဲ့တွေ့မှာပြောပါအခုတော့ကျတော်လိုက်ခဲ့ရပါမယ်"
"ဒါဆိုကျူပ်တို့တူအရီးနှစ်ယောက်လိုက်ခဲ့ပါမယ်"ဘေးက
ဆော့ဂျင်းတစ်ယောက်ဝင်ပြောလိုက်ခြင်း
"မရဘူးသခင်ကြီးကပတ်ဂျီမင်းတစ်ယောက်တည်းကိုဘဲ
ခေါ်ခိုင်းလိုက်တာ"
"ဟုတ်ကဲ့ပါဒါဆိုလည်းကျတော်တစ်ယောက်တည်းလိုက်ခဲ့ပါမယ်"
"ဖြစ်ပါ့မလားမင်လေးရယ်"
"ရပါတယ်ဦးလေးရယ်စိတ်မပူနဲ့မင်ပြီးတာနဲ့အမြန်ပြန်ခဲ့
မယ် ဒါဆိုသွားရအောင်"
ဦးလေးဆော့ဂျင်းကိုနှုတ်ဆက်ကာထိုလူနောက်လိုက်ခဲ့
သည်။လမ်းတစ်လျှောက်လုံးလဲအတွေးများစွာဖြင့်သာ
ဝန်ကြီးပတ်ဆိုတဲ့သူကိုတွေ့ရင်ဘယ်လိုခေါ်ရမလဲဘယ်လို
မျက်နှာချင်းဆိုင်ရမလဲနှစ် နှစ်ဆယ်လုံးလုံးမသိသလိုမရှိ
သလိုနေခဲ့ပြီးမှာခုကျဘာလိုခေါ်တွေ့ရလဲ။
အတန်ကြာသွားပြီးတဲ့နောက်မှာတော့ဂျိုဆွန်းဆိုတဲ့မြို့
တော်ကြီးဆီရောက်ရှိခဲ့ပြီ။လူများစည်ကားလှပြီမြင်မြင်သမျှကျတော်အတွက်တော့အထူးအဆန်းတွေချည်းပင်။
မကြာပါထိုလူကဝန်ကြီးပတ်အိမ်တော်ဟုဆိုင်းဘုတ်တပ်ထားသောအိမ်ထဲသို့ဝင်သွားသည်။ထိုလူနောက်လိုက်ဝင်
ူသွားတော့ကြီးမားထည်ဝါလှသည့်အိမ်တော်ကြီးအိမ်တော်ထဲတွင်လည်းအစေခံဟုထင်ရသောသူအများအပြားရှိပြီး
ကိုယ်တာဝန်ကိုယ်လုပ်ဆောင်နေကြသည်။
ထိုလူကအဆောင်တစ်ဆောင်ရှေ့ခေါ်သွားကာအဆောင်
ရှေ့ရောက်တော့
"ဝင်သွားလိုက်ပါ အထဲမှာသခင်ကြီးနဲ့သခင်မကြီးတို့စောင့်နေကြတယ်"
ပြောပြီးတာနဲ့ထွက်သွားတဲ့ထိုလူသား။အဆောင်ရှေ့တွင်
အတော်ကြာရပ်နေမိသည်။အမှန်တကယ်ဆိုအဖေဆိုတဲ့
သူကိုမြင်ဖူးချင်ခဲ့ပေမယ့်တကယ်တမ်းတွေ့ရတော့မယ်ဆိုတော့စိတ်ထဲကတားနေသလိုတစ်ယောက်ယောက်ကမဝင်တွေ့ဖို့ပြောနေသလိုထိုနေရာကနေအမြန်လှည့်ထွက်
ချင်ခဲ့သည်။သို့သော်စိတ်ကိုစုစည်းပြီးအားတင်းကာအထဲသို့ဝင်သွားလိုက်သည်။
အထဲရောက်တော့မြင်လိုက်ရတာကခန့်ညားတည်ငြိမ်စွာ
အရှိန်အဝါပြင်းစွာထိုင်နေသောသူ။သူဘေးတွင်လည်း
သခင်မကြီးဟုထင်ရသောအမျိုးသမီးနှင့်ချောမောလှပသောမိန်းမပျိုလေးတို့စုဝေးထိုင်နေကြသည်။သူတို့ထိုင်နေတဲ့ရှေ့တွင်ရပ်လိုက်တော့
"မင်းလား မယားငယ်မရဲ့သားပတ်ဂျီမင်းဆိုတာ"စကားကိုမောက်မောက်မာမာပြောနေသောပတ်အိမ်တော်ရဲ့သ
ခင်မကြီး
"ဟုတ်…ဟုတ်ပါတယ်"
"တွေ့ရတာဝမ်းပါတယ်လို့တော့မပြောနိုင်ဘူး ဒီတော့လို
ရင်းကိစ္စဘဲပြောမယ်မင်းကိုခေါ်လိုက်တာကမင်းကိုခိုင်းစရာရှိလို့"
"ငါပြောလိုက်မယ် ငါကဂျိုဆွန်းရဲ့ဝန်ကြီးချုပ်ဘဲမင်းကိုခေါ်ခိုင်းရတာကခိုင်စရာရှိလို့"
"ဘာကိစ္စများခိုင်းစရာရှိလို့"
"ဒီလိုမင်းကိုလက်ထပ်ခိုင်းချင်လို့ "
"ဗျာ…"
"မင်းနားလည်အောင်ပြောရရင်မင်းကြီးကငါ့တို့အိမ်တော်
ကနဲ့မင်းသားအငယ်ဆုံးနဲ့ကိုလက်ထပ်ဖို့အမိန့်ကျလိုက်တယ်အဲတာငါ့သမီးအစားမင်းကိုအဲမင်းသားနဲ့လက်ထပ်
ခိုင်းမလို့ သူတို့ဒီလိုလုပ်တာငါတို့အတွက်ငါ့သမီးဂျီအွန်းအတွက်အန္တရာယ်ရှိတယ်ဘာလို့ရုတ်တရက်လက်ထပ်ခိုင်းတာလဲမသိပေမယ့်မလက်ခံလို့ကလည်းမရဘူးအဲတာကြောင့်မင်းကိုငါတို့ရဲ့ပထမဆုံးကလေးလို့ပြောပြီး
လက်ထပ်ခိုင်းမလို့"
တစ်ခွန်းချင်းစီကိုပြတ်ပြတ်သားသားပြောနေတဲ့သူကိုဘာပြန်ပြောရမှန်းမသိသူပြောတဲ့စကားတွေသာနားထောင်နေမိသည်
"မင်းကိုစဉ်းစားချိန်နှစ်ရက်ပေးမယ် မင်းလက်မခံဘူးဆိုရင်တော့မင်းဦးလေးအသက်ကိုအာမ မခံနိုင်ဘူးနော်မင်းသေချာစဉ်းသားပါခုတော့မင်းပြန်လို့ရပြီ ထွက်ပြေးမယ်တော့မကြံနဲ့နော်ငါ့လူတွေစောင့်ကြည့်နေမှာ"အမိန့်သံလိုလိုချိန်းခြောက်သံဖြင့်ပြောပြီးဘာမှပြန်ပြောချိန်မရထွက်သွားတဲ့သူ။
"မင်းဒီတစ်ခေါက်တော့အနစ်နာခံလိုက်ပါကျေးဇူးဆပ်
တယ်လို့သဘောထားလိုက်ပေါ့"
ဂျီမင်း*ဘာကျေးဇူးဆပ်တယ် ဘာကျေးဇူးကိုဆက်ရမှာလဲ*
အကုန်လုံးထွက်သွားပြီးတော့အစေခံမလေးတစ်ယောက်
ဝင်လာကာ
"သခင်မကြီးကအိမ်ပြင်လိုက်ပို့ပေးလိုက်ဆိုလို့ပါ"
ခနလေးတောင်သူကိုဒီအိမ်မှာမရှိစေချင်ဘူးထင်ပါတယ်ကျလုဆဲမျက်ရည်တွေကိုထိန်းပြီးထိုအ်ိမ်တော်ကနေထွက်လာခဲ့လိုက်သည်။
ဂျီမင်း*ဘာလို့လဲဘာလို့ဒီလိုဖြစ်ရတာလဲ ခုမှာတွေ့တဲ့
အဖေကကိုယ်ကိုသားလိုမသတ်မှတ်တဲ့အပြင်သူ့တို့အန္တ
ရယ်ရှိလို့ဆိုပြီးလူစားထိုးလုပ်ခိုင်းပြီးတစ်ဦးတည်းကျန်တဲ့ဦးလေးရဲအသက်ကိုပင်ချိန်းခြောက်သွားသေးတယ်
ကံကြမ္မာရယ်ရက်စက်လိုက်တာ"
ဂျီမင်းလည်းအိမ်သို့သာပြန်ခဲ့လိုက်သည်။အိမ်ပြန်ရောက်တော့မိုးတော်တော်ချုပ်နေပြီအိမ်ရောက်တာနဲ့ဆော့ဂျင်းတစ်ယောက်စိတ်ပူကြီးစွာမေးပါတော့သည်ဂျီမင်းလည်းမလိမ်ချင်တာနဲ့အကုန်ပြောပြလိုက်တော့
"ယုတ်မာလိုက်တာ ခုမှာတွေ့တဲ့ကလေးကိုဒီလိုခိုင်းစရာလားမြေခွေးအိုကြီးကတော့ မင်လေးဘယ်လိုလုပ်မယ်
စိတ်ကူးလဲ"
"မသိတော့ပါဘူးဦးလေးရယ်…"
"မင်လက်ခံစရာမလိုဘူး ဒါကဘုရင်အမိန့်ကိုလွန်ဆန်တာ
မင်လေးအတွက်အန္တရာယ်ရှိတယ်"
ဂျီမင်း*ကျနော်လည်းလက်မခံချင်ပါဘူး ဒါပေမယ့်ဦးလေးကိုမင်စိတ်ပူတယ်*"မင်းလက်မခံရင်မင်းဦးလေးအသက်ကိုအာမ မခံဘူးနော်"
ထိုလူပြောလိုက်တဲ့စကားကိုသာနားထဲထပ်တလဲလဲကြား
ယောင်နေသည်။
-----------------------------------------------------------
တစ်ဖက်မင်းသားဂျောင်ကုနန်းဆောင်တွင်းမှာတော့စိတ်အလိုမကျ၍အော်ဟစ်နေသောဂျိုဆွန်းပြည်၏ဒုတိယမင်း
သားထယ်ယောင်း
"ဟေ့ကောင်မင်းဘာလို့ဒီလောက်ခိုင်းစားနေတာလဲ"
"အကိုကလည်းကျနော်ကဘယ်သူကိုခိုင်းစားလို့လဲ"
"မင်းကိုယ်ရံတော်မင် ကိုဘာလို့တစ်ချိန်လုံးနန်းပြင်ထွက်
ခိုင်းနေတာလဲ"
"ဟာအဲဒါကဝန်ကြီးပတ်အိမ်ကိုစောင့်ကြည်ခိုင်းထားလို့လေ ပတ်အိမ်ကနန်းပြင်မှာရှိတာနန်းတော်အပြင်ကမ
စောင့်ကြည့်ခိုင်းလို့ ကိုယ်ရံတော်မင်အိပ်ရာပေါ်ကနေ
စောင့်ကြည့်ခိုင်းရမလား"
"အဲလိုလေးလုပ်ခိုင်းပါ့လား"
"အကို…သွားပါတော့အကိုရယ် ကျနော်အဆောင်လာပြီးအော်နေတာနားတွေလည်းညီးလာပြီး ကျနော်အ
လုပ်ရှိသေးတယ်ပြန်ပါတော့"
"အေပါပြန်မှာပါ"
ပြန်မယ်ဆိုပြီးအထ အဆောင်ထဲဝင်လာတဲ့သူ
ကြောင့်နေရာမှာပြန်ထိုင်လိုက်ပြီး
"ခနနေမှာပြန်မယ်"
"အမျိုးမျိုးဘဲ"
ထိုနောက်အခန်းထဲဝင်လာတဲ့သူ။ခါးကိုကိုင်းနှုတ်ဆက်ပြီး
တာနဲ့
"မင်းသား စုံးစမ်းခန်းထားတဲ့ကိစ္စလေး"
"ဘယ်လိုနေလဲတစ်ခုခုထူးခြားတာရှိလား"
"မင်းသားမွန်းယောင်းရယ်ပတ်ဝန်ကြီးရယ်သီးသန့်တွေ့
ဆုံပါတယ်ပြီးတော့နေ့လည်လောက်ကကောင်လေးတစ်
ယောက်ပတ်အိမ်တော်ကိုလာသွားပါတယ်"
"ကောင်လေးတစ်ယောက် ဟုတ်လား ဘယ်လိုပုံနဲ့လဲ"
"ပုံစံကတော့သာမန်ပါဘဲ ဝင်သွားပြီးတော်တော်ကြာမှာ
ပြန်ထွက်လာတယ်မျက်နှာလည်းမကောင်းဘူး"
"အေပါ နောက်သေချာစောင့်ကြည့်ထား တစ်ခုခုထူးခြားတာနဲ့ငါကိုအကြောင်းကြား"
"ဟုတ် ဒါဆို"ယွန်းဂီတစ်ယာက်လှည့်ထွက်သွားမှာနောက်
ကကမန်းကတန်းလိုက်ထကာ
"ငါလည်းပြန်တော့မယ်"
ချက်ချင်းလိုက်သွားတဲ့အကိုထယ်ယောင်း။ကိုယ်ထက်အ
ကြီးဆိုပေမယ်တကယ်တမ်းတော့ညီတစ်ယောက်လိုဖြစ်
နေတဲ့ထယ်ယောင်းကိုကြည့်ပြီးဂျောင်ကုတစ်ယောက်
မြန်မြန်ရင့်ကျက်ပါစေလို့သာဆုတောင်းရုံကလွှဲပြီးမ
တတ်နိုင်………
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
upပါပြီးနောက်ကျနေတဲ့တွက်sorryပါနောက်ပိုင်းကျတစ်ရက်တစ်ပိုင်းပုံမှန်အပ်ပေးပါမယ်
ပျင်းစရာကောင်းနေလို့sorryပါ
Borahae💜💜💜