မြတ်နိုးမိသည်မှ.. အပ /ျမတ္ႏို...
By Rionakookie
39.1K 3.5K 293
တစ်ခြားလူတွေ ယုံ မယုံမသိပေမဲ့ ကျွန်တော့်အချစ်က မြတ်နိုးမိရုံလေးပါ ဘာကိုမှ မပိုင်ဆိုင်ရလည်း ကျေနပ်နေမဲ့ ကောင်ပ... More
~ 1 ~
~ 2 ~
~ 3 ~
~ 4 ~
~ 5 ~
~ 7 ~
~ 8 ~
~ 9 ~
Ending
~ 6 ~
2.6K 318 30
By Rionakookie
Unicode
________
Seok jinအခန်းထဲက မထွက်သည်မှာ တစ်ပတ်ခန့်ရှိပြီ။အစားလည်းမစား..ရေပဲနည်းနည်းပါးပါးသောက်ပြီး အချိန်တိုင်း အိပ်ရာပေါ်မှာပဲ အိပ်နေတော့သည်။အိပ်ပျော်၍တော့မဟုတ်။သူ့အဖေက အခန်းတံခါးဝမှာ သော့ခတ်ပြီး အစောင့်တွေပါချထားသည်။Yuriဆိုသည့်မိန်းကလေး Koreaရောက်သည်နှင့် နောက်တစ်ရက်မှာ လက်ထပ်ပေးဖို့ စီစဥ်ထားသည့်ပုံ။
Yuriက ငယ်ငယ်ကတည်းက သူ့တို့နှင့် အိမ်နီးချင်း။တက္ကသိုလ်တက်မှအမေရိက ကို သွားခဲ့တာ။ငယ်ငယ်ကတည်းက လူကြီးချင်း သဘောတူထားခဲ့တာတဲ့။Yuriကို ကိုယ့်ညီမတစ်ယောက်လိုက လွဲရင် သူ့ဘက်က ဖြူစင်သည်။သူ Yuriကိုလက်ထပ်လိုက်လျှင် သူ့အဖေ၏ စီးပွားရေး အတွက်အထောက်အကူရမည်။အဖေက ဒီအကွက်တွေကိုကြိုမြင်လို့ စီစဥ်ခဲ့သည့်ကိစ္စ။လောဘအတော မသတ်နိုင်တဲ့ အဖေ့ကြောင့် Jungkookခမျာ ကြားထဲက မြေစာပင်ဖြစ်ရတာ။
"Kookieရယ်.. Hyungရင်တွေလည်းနာလှပြီ..ခုလောက်ဆို kookieတစ်ယောက် အဆင်မှပြေရဲ့လား..ဘယ်များရောက်နေပြီလဲ။"
စာမေးပွဲလည်း မဖြေဖြစ်တော့..ဒီစိတ်နဲ့ သူ ဘယ်လိုဖြေရပါ့မလဲ..နောက်ဆုံးမြင်ခဲ့ရတဲ့ jungkookရဲ့ သွေးတွေနဲ့ ပုံရိပ်ကိုသာမြင်ယောင်မိနေတာ။
မျက်ရည် ခန်းခြောက်သွားသည့် အရုပ်တစ်ရုပ်လို။ဘယ်သူ့မှလည်း စကားမပြောတော့။ငိုရပါများ၍ မျက်လုံးနှစ်ဖက်မှာလည်း ဖူးယောင်နေသည်။
သူ ပြောခဲ့တဲ့စကားတွေကို jungkook စိတ်နာသွားပြီ ထင်ပါရဲ့။ကိုယ်တိုင်လည်း နှလုံးသားတွေ တစ်စစီနာကျင်ရပါတယ် jungkookရယ်။
Seokjin ခုမှ ခေါင်းထဲအကြံတစ်ခုရသွားသည်။ဟုတ်တယ်...Jungkook သူငယ်ချင်း Tae Hyungဆိုတဲ့ကောင်လေးရှိသားပဲ။သူ့ဆီမှာ စုံစမ်းရင်များတစ်ခုခု သတင်းအစအန ရလေမလား။ Seokjin ကြာကြာမစဥ်းစားတော့ဘဲ ပြတင်းပေါက်ကနေ အောက်ကိုငုံ့ကြည့်လိုက်သည်။သူ့အခန်းရဲ့ပြတင်းပေါက်က အိမ်နောက်ဖေးဘက်ကို ရောက်နေတာမို့ လူရှင်းလျှင် အောက်သို့ ကြိုးနဲ့တွယ်ဆင်းလို့ရသည်။
ပိုက်ဆံနည်းနည်းပါးပါးယူကာ အိပ်ခန်းထဲက မွေ့ရာတွေ ခန်းစီလိုက်ကာစတွေအကုန် ကြိုးတစ်ချောင်းလို စုချည်ကာ အိပ်ခန်းထဲက ကုတင် ခြေထောက်မှာချည်ပြီး တစ်စကို ပြတင်းပေါက်ကနေ ဖြည်းဖြည်းချင်း ချလိုက်သည်။
ပြီးတော့ ကြိုးကိုတွယ်ကာ အိမ်အောက်သို့ တတ်နိုင်သမျှအသံမကြားအောင်တွယ်ဆင်းလိုက်သည်။ကိုယ်ခန္ဓာက အားနည်းနေသည်မို့ ထင်သလောက် မလွယ်ကူ။အောက်မြေကြီးနဲ့ထုလုထိခင်ကျမှ ကြိုးကိုဆွဲထားသည့် လက်တို့မှာ မမြဲတော့ပဲ ပြုတ်ကျတော့သည်။
"အား....."
ခြေချင်းဝတ်က မျက်ကနဲ နာကျင်မှုကိုတောင် ဂရုမစိုက်နိုင်အားဘဲ အိမ်ရှေ့တံခါးကို အလျင်အမြန်ဖွင့်ကာ လမ်းမကြီးပေါ်က တက္ကစီ တစ်စီးကို တားလိုက်သည်။
"ဦးလေး...Konkuk uni ကို မြန်မြန်မောင်းပေးပါနော်..အရေးကြီးနေလို့ပါ"
တက္ကစီ ဦးလေးကြီးမှာလည်း Seokjinရဲ့ ဖြူဖတ်ဖြူရော်မျက်နှာကိုကြည့်ပြီး ရောင်ရမ်းကာ အတင်းခေါင်းညှိတ်ပြလိုက်သည်။
နောက်ကပြေးလိုက်လာသော လူတစ်စုမှာ ကားကိုမှီအောင်မလိုက်နိုင်တော့။ခေါင်းဆောင်ဖြစ်သူမှာ အိတ်ထဲက ဖုန်းကိုထုတ်လိုက်ကာ..
"Hello...Mrs..Kimလား..သခင်လေး ထွက်ပြေးသွားလို့"
.......................................................................................
Seokjinကျောင်းထဲရောက်တော့ နေ့လည် အားလပ်ချိန်မို့ Tae Hyungကိုအလွယ်တကူပဲရှာတွေ့ကာ ကန်န်တင်း သို့ခေါ်သွားလိုက်သည်။
"Jin hyungရယ် ဘယ်လိုဖြစ်တာလဲ ကျွန်တော်တို့ လေ့လာရေးခရီးက ပြန်လာကတည်းက ဘယ်လိုတောင် ဖြစ်ကုန်တာလဲ...ကျွန်တော်လည်းနားမလည်နိုင်တော့ဘူး..jungkookလည်း Busanကိုပြန်သွားပြီတဲ့. ကျောင်းလည်းဆက်မတက်တော့ဘူးတဲ့..ကျွန်တော့်ကိုတောင်နှုတ်ဆက်မသွားဘူး"
TaeHyungစကားတွေကြောင့် သူ့ရင်ဘတ်တွေ ထပ်ပြီးနာကျင်ရပြန်ပြီ။ဒါဆို Kookie က ဘူဆန်ကိုပြန်သွားပြီပေါ့...ကျောင်းလည်းဆက်မတက်တော့ဘူးတဲ့... ငါ့ကြောင့်...ငါ့ကြောင့်။
"အခု hyungကရော ဘယ်လိုလုပ်မှာလဲ hyungနဲ့ jungkookသတင်း ကျောင်းမှာ popularဖြစ်နေတာ"
"Tae.. hyungကို တစ်ခုတော့ ကူညီပါကွာ..သန်ဘက်ခါည Busanကိုသွားမဲ့ရထား လက်မှတ်ဝယ်ပေးပါကွာ..သန်ဘက်ခါည ၈နာရီ Hyungဘူတာကိုမရောက်ရောက်အောင်လာခဲ့မယ်နော် အကြောင်းစုံကိုနောက်မှရှင်းပြမယ်...Hyungပြန်တော့မယ်"
သူ့လက်ကိုအားကိုးတကြီး ဆုပ်ကိုင်ကာ အကူအညီတောင်းနေတဲ့ jin hyungကို သူတကယ်သနားမိသွားသည်။အရင်က ဖြူဖြူချောချော မျက်နှာလေးဟာ..ခုတော့ နွမ်းလျကာ...ပိန်လည်းပိန်သွားသည်။
Seokjinကို...သူလည်း သဘောကျနေသည်မှာ..jungkookမရောက်ခင်ကတည်းက။jungkookရောက်လာတော့ jungkookက သူ့ထက်ပင် jin hyungကို သဲသဲလှုပ်နေသည်မို့ သူ အလိုက်တသိနောက်ဆုတ်လိုက်တာ။hyungကိုသဘောကျတဲ့အကြောင်း ဘယ်သူ့ကိုမှတောင် ဖွင့်မပြောဘဲ မြိုသိပ်ခဲ့တာ။တစ်ဖက်ကလည်း အချစ်ဆုံးသူငယ်ချင်း တစ်ဖက်ကလည်း တစ်ဖက်သတ်ချစ်ရသူမို့ jin hyungနဲ့ jungkookအတွက် အဆုံးထိကူညီဖို့ဆုံးဖြတ်လိုက်သည်။
"စိတ်ချပါ hyung...ကျွန်တော် အစွမ်းကုန်ကူညီပါ့မယ်။hyungလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ပါဗျာ..တစ်ကျောင်းလုံးရဲ့ အချောဆုံးဂုဏ်ပုဒ်ကို ရထားတဲ့သူက ခုတော့...."
ဆက်မပြောနိုင်တော့ဘဲ ရင်ထဲနင့်သွားမိသည်။
"ကေျးဇူးတင်ပါတယ် TaeHyungရယ်"
..........................................................................
Seok jin အိမ်ပြန်ရောက်သည်နှင့် သူ့အဖေရဲ့ လက်သီးနဲ့ မျက်နှာ မိတ်ဆက်သွားရသည်။
"မင်းကို ဒီလောက်တားနေတဲ့ကြားက အပြင်ခိုးထွက်ရဲသေးတယ်ပေါ့..မင်း အကောင်ကိုသွားတွေ့တာလား..ဟင်..ပြောစမ်း"
#################
"ဟေ့ကောင်...ပြောလေ...ပါးစပ်မပါဘူးလား"
#################
"ခွပ်...."
သူ့နှုတ်ခမ်းထောင့်မှ သွေးတစ်ချို့ ထွက်လာသည်။
"တော်ပါတော့...ရှင့်ကို ကျွန်မကြည့်နေတာကြာပြီနော်...ကျွန်မသားလေး တစ်ခုခုဖြစ်လို့ကတော့..ရှင်နဲ့ကျွန်မနဲ့ ဒီဘဝဒီမျှသာ မှတ်ပေတော့"
သူ့အမေမှာ ယူကြုံးမရဖြစ်ကာ သူ့မျက်နှာလေးကိုရင်ခွင်ထဲထည့်ကာ ကျောလေးကို ပွတ်ပေးနေသည်။
"သားလေးရယ်...အမေ့သားလေး...အဖြစ်ကို အမေမကြည့်ဝံတော့ပါဘူးကွယ်"
အမေ့ရင်ခွင်မှာ ကလေးလေးတစ်ယောက်လို ကြူကြူပါအောင်ငိုချလိုက်တော့မှ ရင်ထဲမှာနည်းနည်းပေါ့သွားတော့သည်။
..............................................................................
ဘယ်သူ့ကိုမှ စကားပြောချင်စိတ်မရှိတော့ဘဲ အိပ်ခန်းထဲသာ တန်းဝင်ပစ်ပြီး ခြေပစ်လက်ပစ် အိပ်ချလိုက်သည်။
"ဟာ....Mrs.Sonတို့ ရောက်လာပြီလား..လာကြ...လာကြပါ.."
"ဟုတ်တယ် Mrs.Kimရေ...အမေရိက ကိုရောက်တာကြာတော့ ဒီပြန်ရောက်တော့ မျက်စိတွေတောင်လည်တယ် အများကြီးပြောင်းလဲသွားပြီပဲ"
"Anyawgarsayaw.. Mrs.Kim"
"Yuriလေးကလည်း..တော်တော်ချောလာတာပဲ...သားလေးနဲ့ကတော့ နေနဲ့လ ရွှေနဲ့မြပဲ..ဟင်းးဟင်း"
ဟန်ဆောင်ရုပ်တွေကို အချိုသကာရည်လောင်းထားနဲ့မျက်နှာတွေနဲ့နှုတ်ဆက်နေသည်မှာ မပြီးနိုင်မစီးနိုင်။
"အခုအချိန်ကလည်း လင့်နေပြီဆိုတော့ ပြန်တော့မယ်နော် Mrs.Kim မနက်မှ ကလေးတွေကိစ္စ ဆက်ပြောကြတာပေါ့ "
"ကောင်းပါပြီ...ကောင်းကောင်းပြန်ကြပါနော်"
..........................................................................
Seok jin အဝတ်လဲနေစဥ်..အခန်းထဲသို့ရောက်လာတဲ့ Yuriကြောင့် အထိတ်တလန့်ဖြစ်ကာ အော်ပစ်လိုက်သည်။
"Yah!!မင်း ယောကျ်ားလေးတစ်ယောက်အခန်းထဲကို တံခါးမခေါက်ပဲ စွတ်ဝင်လာရသလား"
ကြည့်စမ်းပါဦး.. ဝတ်ထားသည်မှာလည်း မမြင်သင့်တဲ့နေရာတွေမှာ ဖော်ထားလိုက်သည်မှာ ကြည့်ရတဲ့သူတောင်မျက်စိရှက်လောက်တယ်။ အမေရိက မှာ နေတာကြာတော့ ဟိုက အကျင့်စရိုက်တွေကူးလာတာဖြစ်နိုင်သည်။
Yuriက ခပ်ချွဲချွဲလေး ရီလိုက်ရင်း
"Oppaကလည်း..သူစိမ်းတွေမှမဟုတ်တာ..မကြာခင်လက်ထပ်ရမဲ့ သူတွေပဲ ဥစ္စာ..."
​ပြောရင်း သူ့အနားတိုးကာ...အကျီ ဟပြဲနဲ့ရှိနေသော..သူ့ကို ကုတင်ပေါ်တွန်းချလိုက်သည်။မျက်နှာနှစ်ခုနီးအောင် ကပ်လိုက်ရင်း..သူ့မျက်နှာကိုစူးစူးစိုက်စိုက်ကြည့်ကာ
"Oppaအကြောင်းကို yuriအကုန်ကြားပြီးပြီ....Jungkookဆိုတဲ့ ကောင်လေးက မိန်းကလေးဖြစ်တဲ့ Yuriလောက် ဆွဲဆောင်မှုရှိပါ့မလား..oppaလိုချင်တဲ့အရာအားလုံး yuriကပဲ ဖြည့်ဆည်းပေးနိုင်မှာ..ဟုတ်တယ်နော်.. ဟင်း..ဟင်း.."
Seok jin .....Yuriကို အထင်သေးစွာကြည့်လိုက်သည်။ဒီမိန်းကလေး ဒီလောက်တောင်ရဲတင်းနေပြီလား..အရှက်ပဲမရှိတော့တာလား..ဒီလိုစကားမျိုးတွေ ယောကျာ်းလေးဖြစ်တဲ့ jungkookတောင် တစ်ခါမှ အခုလ်ုမပြောခဲ့။
"Oppa အရမ်းချောလာတာပဲ...အရမ်းသဘောကျတယ်"
သူ့နှုတ်ခမ်း​တွေပေါ် ထပ်တူကျလာသည့် Yuriနှုတ်ခမ်းတွေကို ရှောင်ဖယ်လိုက်ရင်း ခေါင်းကို ခါယမ်းပစ်လိုက်သည်။သူ့ရင်ဘတ် အစုံက နည်းနည်းလေးတောင် ခုန်မလာ။ငါ့နှလုံးသားဟာ jungkookနဲ့မှ ခုန်တာ ထင်ပါရဲ့။
"Hyung နှုတ်ခမ်းလေးက အရမ်းချိုတာပဲ...ချစ်လိုက်တာHyungရယ်"
"Hyungက နေ့လည်က ကျွန်တော့်ကိုတောင်ဂရုစိုက်လို့လား"
"Hyung...ကျွန်တော့်ရင်တွေ အရမ်းခုန်လာလို့"
"Hyungမမြင်ချင်ရင် ကျွန်တော် ထွက်သွားပေးပါ့မယ်.. ကျွန်တော်ကြောင့်အချိန်အကြာကြီး မခံစားပါနဲ့နော်"
Jungkookရဲ့ စကားသံလေးတွေ ကြားယောင်လာရကာ.. စူပုတ်ပုတ်မျက်နှာ​​လေးကိုရော သူ့ကိုမြတ်မြတ်နိုးနိုးနဲ့ နမ်းခဲ့တဲ့ နှုတ်ခမ်းလေးတွေကို သတိရမိသွားကာ Yuri ကိုယ်ကို တွန်းမိလျက်သားဖြစ်သွားသည်။
Eye linerဆိုးထားတဲ့ မျက်လုံးတွေဟာ Kookie ရဲ့ မျက်လုံးဝိုင်းဝိုင်း လေးလောက် သူ့ကိုမဆွဲဆောင်နိုင်။နှုတ်ခမ်းနီရဲရဲနဲ့ sexyကျနေတဲ့ နှုတ်ခမ်းတစ်စုံဟာ..Kookie ရဲ့ ရယ်လိုက်ရင် အပြစ်ကင်းစင်တဲ့ နှုတ်ခမ်းလေးတစ်စုံလောက် တပ်မက်ဖွယ်မရှိ။ယောကျ်ားသားတွေ ရင်ခုန်စေနိုင်လောက်တဲ့ အရိုင်းဆန်ဆန်ရေမွှေးနံဟာ...Kookie ရဲ့ ကိုယ်သင်းနံ့သင်းသင်းလေး လောက် သူ့ကို ရင်မခုန်စေနိုင်။
သေချာခဲ့ပါပြီ kookieရယ်။နှစ်နှစ်ကာကာမြတ်နိုးခဲ့ရတဲ့ jungkookဆိုတဲ့ အဲ့ဒီကောင်လေးဟာ ပထမဆုံးနဲ့နောက်ဆုံးလူပါါသူ့အပြင် နောက်ထပ်မရှိတော့ဘူးဆိုတာက စိတ်လုံခြုံမှုသက်သက်အတွက်မဟုတ်ပဲ တကယ်ပဲ သူကလွဲရင် ငါ့ရင်ဘတ်ထဲ နောက်ထပ်ဘယ်သူမှ တိုးမဝင်နိုင်တော့တာပါ။
"Yuri..မင်းအရမ်း​ပြောင်းလဲသွားတာပဲ..မင်းသိအောင်ပြောလိုက်မယ်...jungkookကို ငါချစ်တဲ့အချစ်က မင်းထင်သလို sexတစ်ခုတည်းအတွက်ကြောင့်မဟုတ်ဘူး..ဘယ်လူသားကိုမှ သူ့လောက်မချစ်ဘူး.."
"တော်တော့..oppa..ရှင်ဘယ်လောက် ငြင်းငြင်း ရှင့်ကိုပဲရအောင်ယူပြမှာ."
Yuriမျက်နှာကို မသတီစွာကြည့်လိုက်ရင်း
"မင်း ထွက်သွားပါတော့..ငါ့အခန်းထဲက..မင်းကို ငါ နည်းနည်းလေးတောင် ရင်မခုန်ဘူး"
"ကောင်းပြီYuriထွက်သွားမယ်..yuriကို ဒီလိုပြောခဲ့တဲ့အတွက် ရှင့် appaကိုလည်းပြောလိုက်မယ်..jungkookဆိုတဲ့ကောင်လေးလည်း အန္တယ်ရာယ် ကင်းမယ်မထင်နဲ့။"
Yuriစကားကြောင့် သူ့ ပြုံးလိုက်မိသည်။မစားရတဲ့အမဲ သဲနဲ့ပက်ဆိုတာက တကယ်မှန်ပါလား။
"နေဦး....ငါ့ appaကိုလည်းပြောလိုက်ပါ...Jeon Jung Kookကိုနောက်တစ်ခါ ထပ်ထိရင် သူ့ရဲ့ တစ်ဦးတည်းသော သားကိုလည်း အပြီး ဆုံးရှုံးရမယ်လို့"
"တောက်!!!!!!"
သူ့စကားကြောင့် yuriမှာ တောက်တစ်ချက်ခေါက်ကာ စိတ်ဆိုးမာန်ဆိုးထွက်သွားလေသည်။
"သား...Yuriနဲ့ သားအဖြစ်အပျက်ကို အမေအစအဆုံးမြင်ပြီးပြီ...သားကိုအဲ့လိုမိန်းကလေးနဲ့ တစ်ဘဝလုံးလက်မတွဲစေချင်ဘူး"
အခန်းထဲဝင်လာတဲ့အမေ့ကြောင့် အမေ့ကိုအားကိုးတကြီးဖက်လိုက်သည်။
"သားက်ုအမေ...နားလည်ပါတယ် သားဘယ်လောက်ခံစားနေရမယ်ဆိုတာ"
."သား jungkookရှိတဲ့ ဘူဆန်ကို ခုည ရထားနဲ့လိုက်သွားမလို့...အမေကူညီပေးပါလားဟင်"
Ommaက ကရုဏာအပြည့် မျက်လုံးတွေနဲ့ကြည့်ကာ သူ့ခေါင်း လေးကိုဖွဖွပွတ်ရင်း
"သား ဆုံးဖြတ်ပြိးရငိ အမေကူညီမှာပေါ့..ဒီတစ်ခါတော့ မင်းအဖေကို အမေတော်လှန်ပစ်မယ်..."
အမေ စကားကြောင့် သူ အမေကိုယ်လေးကို အားကိုးတကြီးဖက်လိုက်သည်။
................................................................
Omma အကူအညီနဲ့ သူအိမ်က ခိုးထွက်ကာ ဘူတာသို့ရောက်ခဲ့ပြီ..ဘူတာမှာ Tae Hyungက အဆင့်သင့်လာစောင့်နေလို့ ပိုအဆင်ပြေသွားသည်။ခုမှ စိတ်ထဲလန်းဆန်းသွားတော့သည်။
ရာသီဥတု အေးနေသည်မို့ ခပ်ပွပွHoddi တစ်ထည်ကို ဝတ်ထားလိုက်သည်။ပစ္စည်းကတော့များများစားစားမပါ..ကျောပိုးအိတ်တစ်လုံးသာ ပါသည်။မရေရာတဲ့အခြေအနေမို့် များများစားစားမယူရဲ။
"Hyung..ရာသီဥတုက အရမ်းအေးတယ်နော်..ဂရုစိုက်ဦး..ဒါလေး ပတ်သွား"
Tae hyungက အသင့်ယူလာတဲ့ မာဖလာလေးကို သူ့လည်ပင်းပတ်ပေးသည်။Jin Hyungရဲ့မျက်နှာလေးဟာ ခုမှ လန်းဆန်း​နေသည်။သူ ချစ်တဲ့ jungkookဆီ သွားရတော့မယ်မလား။
"Hyungရေ..ရထားလည်းလာပြီဆိုတော့..ကျွန်တော်သွားတော့..Good Luck"
"Bye TaeHyung"
.................................
သူ့ခုံနံပါတ်လေးရှာပြီး ထိုင်ကာ ခုံကိုမှီထားလိုက်သည်။နှင်းတွေကျနေပြီမို့ ဦးထုပ်အမည်းလေးကိုဆောင်းပြီး မျက်နှာကိုပါ ခပ်ငိုက်ငိုက်ကွယ်ထားလိုက်သည်။
ခုလောက်ဆို appaဒေါသအကြီးအကျယ်ထွက်နေလောက်ပြီ။သူ့အမေရော အန္တရာယ်ကင်းပါ့မလား။အမေ့ကို ထားပြီးထွက်လာခဲ့တာ သူ တစ်ကိုယ်ကောင်းများ ဆန်သွားသလား။ဘာပဲဖစ်ဖြစ်လေ appaက ဒေါသကြီးပေမဲ့ အမေ့ကိုအရမ်းချစ်သည်မို့ ထိခိုက်အောင်တော့ မလုပ်လိုက်ပါဘူး။
Kookieရယ်...ကိုယ့်ရဲ့ rabbitလေးရေ...ကိုယ် မင်းဆီကိုအရောက်လာခဲ့ပြီ..မင်းဒဏ်ရာတွေ ကိုယ့်နှလုံးသားနဲ့ကုစားပေးပါရစေ..ကလေးရဲ့။
..........................................................................
ဘူဆန်
ဒီမြို့လေးကို သူတစ်ခါမှမရောက်ဖူး။စျေးဆိုသည်မှာ လူပေါင်းစုံဆုံကြတဲ့အရပ်ပေမို့ စျေးကို သူအရင်ဝင်ကြည့်လိုက်သည်။
မာဖလာလေးပတ်...ဦးထုပ်အနက်လေးနဲ့ ပန်းရောင်Hoodi ခပ်ပွပွလေးကို ဂျင်းဘောင်းဘီအပြာရင့်လေးနဲ့ တွဲဖက်ဝတ်ထားတဲ့ကောင်လေးကို စျေးထဲကသူတွေ တော်တော်များများ ကွက်ကြည့်ကြည့်နဲ့။
နည်းနည်းတောင်ရှက်ချင်သွားသည်။ဘာလဲဟ..ဒီလူတွေ ငါ့လောက်ချောတဲ့သူ မမြင်ဖူးလို့လား။ဘေးက ဂင်ချီတွေရောင်းနေတဲ့ အဒေါ်ကြီးကို သူမေးလိုက်သည်။
"ဒီမှာဗျ..အဒေါ်..တစ်ဆိတ်လောက်..Seoulကို ကျောင်းသွားတက်ပြီး မကြာသေးခင်ကမှ ပြန်ရောက်လာတဲ့ Jeon Jung Kookကို သိလားခင်ဗျ"
"Jungkookလား...သိတာပေါ့..ခုတောင်အဲ့ကလေးအကြောင်းကို ပြောနေရတာ..seoulကနေပြန်လာကတည်းက ဘာဖြစ်သွားတယ်မသိပါဘူး...ပေါကြောင်ကြောင်နဲ့"
"ဗျာ....."
အဒေါ်ကြီးက သူ့အနားနားကပ်ကာ ခပ်တိုးတိုးနှစ်ကိုယ်ကြားလေသံနဲ့ပြောလိုက်သည်။
"သိပ်ပြီ....စိတ်မကောင်းတော့ဘူး"ဆိုတာ ခေါင်းနားမှာ လက်ညှိုးကို မွှေ့ပြသည်။
"ဗျာ....."
သူ့ရင်ထဲ ဗုံးအလုံးပေါင်းများစွာ ပေါက်ကွဲသွားသလို ခံစားရကာ လူမှာ ညွှတ်ကျချင် သွားတာမို့ ဆိုင်ရဲ့ စျေးခုံကိုကိုင်ထားလိုက်ရသည်။
"လူချောလေး....ဘာဖြစ်သွားတာလဲ...ရရဲ့လား...မင်းနဲ့jungkookက သိလို့သား"
"ကျွန်တော်က ...jungkook ချစ်သူပါ"
"ဟေ....ဖြစ်မှဖြစ်ရလေ"
ထိုစဥ် မုန့်တွေရောင်းတဲ့ ဆိုင်ရှေ့က ဆူဆူညံညံဖြစ်နေတာမို့ သွားကြည့်လိုက်သည်။
"ဒီမှာ... လာကြပါဦး..jungkookရယ် ကျွန်တော့ဆိုင်က မုန့်တွေ ယူသွားလို့..သူ့အမေ ဘယ်ရောက်သွားတယ်မသိဘူး"
ဆိုင်ရှင်ဦးလေးကြီးစကားကြောင့် သူ့ခြေထောက်တွေ စက်တပ်ထားသလို ဆိုင်ရှေ့ကို ရောက်သွားသည်။
မုန့်တွေကိုပိုက်ထားတဲ့ ကောင်လေးတစ်ယောက်။ဆံပင် စုတ်ဖွားလေးက ဖိုသီဖတ်သီနဲ့ မျက်နှာမှာလည်း ပေတူးကျံလျက် ။ရုတ်တရက်မို့ Seok jinဘာစကားမှ မဆိုနိုင်အောင် ရင်ထဲနင့်သွားသည်။
"Kookie..... ကလေး..."
သူ့ကိုမျက်လုံးပြူးကြီးတွေနဲ့ကြောင်ကြည့်နေတဲ့ Kookie ကို ပျောက်ကွယ်သွားမှာစိုးသည့်အလား...ရင်ခွင်ထဲမှာ တင်းကြပ်စွာဖက်ထားလိုက်သည်။
မျက်လုံးအိမ်အပြည့်ဝဲတက်လာတဲ့ မျက်ရည်တွေဟာ jungkookခေါင်းလေးပေါ်သို့ တစ်စက်ချင်းကျလျက်။
#####################
သာသာ့ကို မေတ္တာတွေလည်း ဝိုင်းမပို့ကြပါနဲ့နော်😁
မုန်တိုင်းက ဆက်တိုက်နေလို့ သိပ်မကြာခင်မိုးလေဝသ အခြေအနေပြန်ကောင်းမှာပါ
Thanks for reading and voting
Purple You♥♥♥
###########
##
##
Zawgyi
"အား....."
.......................................................................................
"ကျေးဇူးတင်ပါတယ် TaeHyungရယ်"
..........................................................................
#################
#################
"ခွပ်...."
..............................................................................
"Anyawgarsayaw.. Mrs.Kim"
..........................................................................
"Yah!!မင်း ယောက်ျားလေးတစ်ယောက်အခန်းထဲကို တံခါးမခေါက်ပဲ စွတ်ဝင်လာရသလား"
"တောက်!!!!!!"
................................................................
"Bye TaeHyung"
.................................
..........................................................................
ဘူဆန်
မာဖလာလေးပတ်...ဦးထုပ်အနက်လေးနဲ့ ပန်းရောင်Hoodi ခပ်ပွပွလေးကို ဂျင်းဘောင်းဘီအပြာရင့်လေးနဲ့ တွဲဖက်ဝတ်ထားတဲ့ကောင်လေးကို ဈေးထဲကသူတွေ တော်တော်များများ ကွက်ကြည့်ကြည့်နဲ့။
"ဗျာ....."
"ဗျာ....."
သူ့ရင်ထဲ ဗုံးအလုံးပေါင်းများစွာ ပေါက်ကွဲသွားသလို ခံစားရကာ လူမှာ ညွှတ်ကျချင် သွားတာမို့ ဆိုင်ရဲ့ ဈေးခုံကိုကိုင်ထားလိုက်ရသည်။
"ဟေ....ဖြစ်မှဖြစ်ရလေ"
"ဒီမှာ... လာကြပါဦး..jungkookရယ် ကျွန်တော့ဆိုင်က မုန့်တွေ ယူသွားလို့..သူ့အမေ ဘယျ​ရောက်သွားတယ်မသိဘူး"
"Kookie..... ကလေး..."
သူ့ကိုမျက်လုံးပြူးကြီးတွေနဲ့ကြောင်ကြည့်နေတဲ့ Kookie ကို ပျောက်ကွယ်သွားမှာစိုးသည့်အလား...ရင်ခံင်ထဲမှာ တင်းကြပ်စွာဖက်ထားလိုက်သည်။
#####################
Purple You♥♥♥
Continue Reading
You'll Also Like
189K 11.7K 17
97.8K 8.5K 30
"ကောင်လေးတစ်စုံတစ်ယောက်အတွက်မင်းကိုအသုံးချမိလို့နောင်တမရခြင်ဘူး".........Jungkook "ကျွန်တော်ကhyungကိုပဲချစ်နေမှာ" .....jimin "ေကာင္ေလးတစ္စံုတစ္ေယာက္အ...
82.7K 6.3K 19
ခဗျာက ကျွန်တော့်အတွက် ဆုပ်ရင်ဆူး စားရင်ရူးဖြစ်ခဲ့ရင်တောင် ခဗျာကို ဆုပ်ပြီးအဆူးမခံနိုင်ဘူး စားပြီးပဲရူးပလိုက်မယ် jimin shiii ခဗ်ာက ကြၽန္ေတာ့္အတြက္ ဆုပ...
51.5K 3.5K 34
ကျနော့်ရဲ့ဖြစ်တည်မှုကို သိသွားရုံနဲ့ လောကဓံကို ခင်ဗျားရဲ့ အင်္ကျီထောင့်စွန်းနားလေး ခုန်ချပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတာ ယုံ ...