Crazy Something (Completed)

By iiZuuCoe_614

287K 30K 765

▶just pieces of pain◀ (Wang Yibo * Xiao Zhan) More

part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 14
part 15
part 16
part 17
part 18
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
Ending

part 19

6.9K 877 28
By iiZuuCoe_614

(Zawgyi)

ဝမ္ရိေပၚပံုစံက အိပ္မႈန္စံုမႊား..
ထိုးထိုးေထာင္ေထာင္ဆံပင္ေတြကို လက္နဲ႔ပံုစံတက်ျဖစ္ေအာင္ျပဳျပင္ေပးေတာ့ မ်က္လံုးမွိတ္လ်က္သားျပံဳးျပတယ္။ ပါးစံုေတြမို႔တက္ေအာင္ျပံဳးလိုက္ရင္ ဘယ္ေလာက္ေတာင္ ခ်စ္စရာေကာင္းလိုက္သလဲ....
ပါးမို႔မို႔ေတြကို ေ႐ွာင္းက်န္႔ အသည္းတယားဖ်စ္ညႇစ္လိုက္မိတယ္။

"ေကာင္းေကာင္းအိပ္ေပ်ာ္ရဲ႕လား?"

"အြန္း..."

"ေရတစ္ခါတည္းခ်ိဳးလိုက္...ကိုယ္ ေအာက္ကေစာင့္မယ္..ေနာ္?"

လန္းလန္းဆန္းဆန္းမ႐ွိေပမယ့္ ေခါင္းညိမ့္ျပတာမို႔ ေ႐ွာင္းက်န္႔ကုတင္ေပၚကထလိုက္တယ္။
မနက္ျဖန္..
သူတို႔ႏွစ္ေယာက္ တရားဝင္လက္မွတ္ထိုးဖို႔ သေဘာတူထားတဲ့ေန႔ရက္က ေရာက္လာခဲ့ၿပီ။
.
.
အျဖဴေရာင္ေလး
တကယ့္ အျဖဴစြတ္စြတ္ေလး
႐ွပ္အက်ီၤအျဖဴ၊ ဂ်င္းေဘာင္းဘီအျဖဴေရာင္ဒူးတိ၊ ႐ွဴးဖိနပ္အျဖဴနဲ႔ ဝမ္ရိေပၚရဲ႕ပံုစံက ေပါ့ေပါ့ပါးပါးေလးဆန္းသစ္ေနတယ္။

"ဘယ္ေနရာလဲဆိုတာေတာ့ ေျပာေလ"

ဝမ္ရိေပၚရဲ႕ေမးခြန္းကို ေ႐ွာင္းက်န္႔က မၾကားသလိုေနလိုက္တယ္။ အေၾကာင္းျပခ်က္မေပးပဲ ခရီးတိုေလးသြားခ်င္လားေမးေတာ့ လြယ္လြယ္ကူကူေခါင္းညိမ့္ေပမဲ့ ဘယ္ကိုသြားဖို႔စီစဥ္ထားသလဲဆိုတာ သိခ်င္ေနပံုရတယ္။

"ေျပာ...လို႔!"

"ေရာက္ရင္သိမွာေပါ့"

ညစ္က်ယ္က်ယ္အေျဖကို ဝမ္ရိေပၚက မ်က္ေမွာင္က်ံဳ႕ၿပီးတုန္႔ျပန္တယ္။ ေ႐ွာင္းက်န္႔ေျဖမွာမဟုတ္ဘူးဆိုတာ ေသခ်ာေတာ့ သူဘာမွထပ္မေမးဘူး။ အိမ္တံခါးပိတ္ေနတဲ့ ေ႐ွာင္းက်န္႔ေဘးကေက်ာ္ထြက္ၿပီး ကားေပၚခပ္တည္တည္ဝင္ထိုင္ေနတယ္။

ကားတံခါးဖြင့္ၿပီး ေ႐ွာင္းက်န္႔ဝင္လာတဲ့အခ်ိန္အထိ သူတိတ္တိတ္ဆိတ္ဆိတ္ပဲ။

Driving down the interstate
I never felt so far away
Leaving hardly hurts at all
I'm sorry that I never call
Often.. I get exhausted
Trying regardless to be enough

ေ႐ွာင္းက်န္႔အသံၾကည္ၾကည္က ခပ္တိုးတိုး....
ဝမ္ရိေပၚ လွည့္ၾကည့္ၿပီးေငးမိတယ္။

................

အခ်ိဳးအေကြ႔မ်ားတဲ့ လမ္းသြယ္ေတြ
ဘယ္ဘက္၊ညာဘက္ အလွည့္က်ခ်ိဳးေကြ႔ၿပီးမွ ေျဖာင့္ျဖဴးေနတဲ့ေျမနီလမ္းကို လွမ္းျမင္ရတယ္။
စိမ္းညိဳ႕ေနတဲ့သစ္ပင္အုပ္အုပ္ေတြ အစီအရီ႐ွိေနတဲ့ ပတ္ဝန္းက်င္က ဝမ္ရိေပၚအတြက္ အသစ္အဆန္းျဖစ္ေနတယ္။
ေတာအုပ္တစ္ခုထဲကို ေရာက္ေနသလိုပဲ....
လမ္းမတစ္ေလ်ွာက္လံုး သူတို႔ႏွစ္ေယာက္ပဲ႐ွိေနဟန္တူတယ္။

"ေတာထဲေရာက္ေနၿပီထင္တယ္"

ဝမ္ရိေပၚက ကားမွန္တံခါးခ်လိုက္ရင္း တိုးတိုးေရရြတ္တယ္။
က်ီက်ီက်ာက်ာ ငွက္သံေတြေတာင္ ပီပီျပင္ျပင္ၾကားေနရ

"ဘယ္အထိသြားမွာလဲ ေကာ?"

သူအထူးအဆန္းလွည့္ေမးေတာ့ ေ႐ွာင္းက်န္႔ကျပံဳးျပလာတယ္။

"ေ႐ွ႕နားေလးဆို ေရာက္ၿပီ"

ေ႐ွာင္းက်န္႔ ဒီလိုေနရာမ်ိဳးကို ဘယ္လိုစိတ္ကူးနဲ႔လာခ်င္သလဲဆိုတာ ဝမ္ရိေပၚမစဥ္းစားတတ္ဘူး။
ခရီးတိုဆိုေတာ့ သူထင္ထားခဲ့တာက..
ကမ္းေျခလိုေနရာမ်ိဳး ဒါမွမဟုတ္ ေတာင္ေျခေလးတစ္ခု။
အခုလို ေခါင္ခိုက္ေနတဲ့ေတာအုပ္ေလးထဲမွာ စိတ္အပန္းေျပစရာ ဘာမ်ား႐ွိႏိုင္မွာမို႔လို႔လဲ။

ကားေလးထိုးရပ္သြားတဲ့ေနရာမွာ ႏွစ္ထပ္သစ္လံုးအိမ္ေလးတစ္ခု႐ွိတယ္။
ဝမ္ရိေပၚ မ်က္ခံုးေတြျမင့္တက္သြားတယ္...

"လာ"

လက္ေခ်ာင္းေတြယွက္ၿပီး ဆုပ္ကိုင္ေခၚယူတဲ့ေနာက္ကို
ဝမ္ရိေပၚ အလိုက္သင့္ပါမသြားပဲ ေပၿပီးရပ္ေနမိတယ္။
သူ အံ့အားသင့္လို႔မၿပီးေသးဘူး။
ဒီေနရာမွာ အိမ္တစ္လံုး႐ွိတာ ထူးဆန္းလြန္းတယ္
အဲ့ဒီထက္ထူးဆန္းတာက ေ႐ွာင္းက်န္႔ကဒီေနရာကို ဘယ္လိုသိၿပီး သူ႔ကိုေခၚလာရသလဲဆိုတာပဲ။

"ဘာျဖစ္လို႔လဲ?"

"ထူးဆန္းလို႔..."

"မထူးဆန္းပါဘူး.. အိမ္ထဲေရာက္ရင္ ကိုယ္ေျပာျပမွာေပါ့"

အိမ္ေလးက တိတ္ဆိတ္ေနတယ္။
ေစ့ရံုေစ့ထားတဲ့တံခါးကို တြန္းဖြင့္လိုက္တဲ့ေနာက္မွာ
႐ုတ္တရက္ျမင္လိုက္ရတဲ့ အျပံဳးမ်က္ႏွာတစ္ခု။
အသားျဖဴျဖဴနဲ႔ မ်က္လံုးမ်က္ခံုးေကာင္းေကာင္း အသက္ငါးဆယ္နီးပါး႐ွိေလာက္မဲ့ အမ်ိဳးသမီးတစ္ဦးက ဝမ္ရိေပၚကို ေတာက္ေတာက္ပပျပံဳးျပေနတယ္။

"ကားသံၾကားလိုက္တယ္ေတာ့ ထင္မိသား.. ဝင္ေလ သားက်န္႔.. လာ ကေလးေလး"

ကေလးေလးဆိုတဲ့နာမ္စားက ဝမ္ရိေပၚကို ရည္ရြယ္တယ္။
သူ ျပံဳးျပေတာ့မလိုလိုနဲ႔ ေခါင္းညိမ့္ျပရံုပဲညိမ့္ျပလိုက္မိတယ္။

"လာ..ေဘဘီ"

"အင္..အင္း"

ဝါးနဲ႔ယက္ထားပံုရတဲ့ ခံုတန္းေလးမွာ ဝင္ထိုက္လိုက္တဲ့အထိ ေ႐ွာင္းက်န္႔ကဝမ္ရိေပၚရဲ႕လက္ေတြကို မလႊတ္ေသးဘူး။
အိမ္ထဲမွာ ပူ႐ွိန္း႐ွိန္းအေမႊးနံ႔ေလးရေနတယ္။
ဧည့္ခန္းနံရံမွာ ေ႐ွးေခတ္ကအျဖဴအမည္းဓာတ္ပံုေတြ႐ွိေနတယ္။
ခပ္လွမ္းလွမ္းကၾကည့္မိတာမို႔ ေသေသခ်ာခ်ာမျမင္ႏိုင္ေပမဲ ဓာတ္ပံုထဲကလူႏွစ္ေယာက္က ေတာက္ေတာက္ပပျပံဳးေနၾကတယ္ဆိုတာေတာ့ ဝမ္ရိေပၚ ခန္႔မွန္းနိုင္တယ္။

"အကို?..သားက်န္႔ ေရာက္လာၿပီ"

"လာပါၿပီကြာ"

အသံၾကားရာကို ဝမ္ရိေပၚခ်က္ခ်င္းလွည့္ၾကည့္လိုက္တယ္။
သာမန္ထက္အနည္းငယ္ပိန္လွီေနတဲ့ အမ်ိဳးသားႀကီးတစ္ဦး....
က်န္းမာေရးေကာင္းပံုမေပၚေပမဲ့ မ်က္ႏွာမွာအျပံဳးေတြ႐ွိေနတယ္။
တမင္ ေဖာ္ေရြေနတဲ့အျပံဳးမ်ိဳးမဟုတ္...
ႏွစ္ေပါင္းမ်ားစြာ မ်က္ႏွာေပၚမွာစြဲျမဲေနတဲ့အျပံဳးတစ္ခုလို
မ်က္လံုးနဲ႔ႏႈတ္ခမ္းက သဘာဝက်စြာျပံဳးေယာင္သန္းေနတဲ့ပံုစံမ်ိဳး။

"ဦးေလး... ဒီေန႔လည္း ခါတိုင္းလိုလန္းဆန္းေနတာပဲလား"

ေ႐ွာင္းက်န္႔ရဲစကားကို ဦးေလးကအသံထြက္ရယ္တယ္။

"မင္းတို႔ပင္ပန္းလာရင္ အရင္နားလိုက္ၾကပါလား"

ဦးေလးရဲ႕စကားဆံုးေတာ့ ေ႐ွာင္းက်န္႔ကရိေပၚကို လွည့္ၾကည့္ၿပီး ကိုင္ထားတဲ့လက္ေတြကို လႈပ္ခါလိုက္တယ္။

"...ရိေပၚ ပင္ပန္းေနၿပီလား?"

"အာ..ရတယ္ မပင္ပန္းပါဘူး"

ဘာေၾကာင့္မွန္းမသိ ေျခခါလက္ခါျငင္းလိုက္မိတဲ့အခါ ေ႐ွာင္းက်န္႔က သေဘာတက်ရယ္သလို အန္တီႀကီးကပါ လိုက္ရယ္တယ္။
သူစိမ္းေတြေ႐ွ႕မွာ ေ႐ွာင္းက်န္႔နဲ႔ဒီေလာက္အထိပူးပူးကပ္ကပ္မေနဖူးတာေၾကာင့္လားမသိ... ႐ိႈးတိုး႐ွန္းတမ္းျဖစ္ေနတယ္။

"သူ ဒီမွာအသားမက်ေသးလို႔ထင္တယ္"

အန္တီႀကီးက ရိေပၚကိုမွတ္ခ်က္ေပးရင္း ခပ္ျပံဳးျပံဳးၾကည့္ေနျပန္တယ္။ ဒီအၾကည့္အတြက္ အေနခက္တယ္လို႔မခံစားရတာ ဝမ္ရိေပၚအတြက္ထူးဆန္းတယ္။ သူ ပီပီျပင္ျပင္ျပံဳးျပမိတယ္။

"ရိေပၚ...ဒါက ကိုယ့္ေဒၚေလး.. ေဖေဖ့ရဲ႕ညီမ"

"ေျသာ္..ဟုတ္ကဲ့.. ဝမ္ရိေပၚပါ"

"သားက်န္႔ရဲ႕ အခ်စ္ေပါ့"

"အဲ...ဟုတ္ ဟုတ္ကဲ့"

ဝမ္ရိေပၚ မ်က္ႏွာမထားတတ္ေတာ့။
အေၾကာင္းမဲ့ နဖူးကိုကုပ္လိုက္မိတယ္။

"ေဒၚေလးကလည္း~~~"

ေ႐ွာင္းက်န္႔က ဝင္ဟန္႔လိုက္ေပမဲ့ မ်က္ႏွာကျပံဳးစိစိ။

"ေအးပါ..ရိေပၚက ခ်စ္ဖို႔ေကာင္းလို႔ ေဒၚေလးကစတာ"
.
.
ဘယ္ေလာက္မွမၾကာတဲ့အခ်ိန္ေလးမွာ ဒီလူေတြနဲ႔ လိုက္ေလ်ာညီေထြေပ်ာ္ဝင္သြားတယ္ဆိုတဲ့ အေၾကာင္းအရာက ဝမ္ရိေပၚအတြက္ျဖစ္ေတာင့္ျဖစ္ခဲကိစၥပဲ။ သူ႔စ႐ိုက္က ဒီလိုမွမဟုတ္တာ...

ေဒၚေလးရဲ႕ ပြင့္လင္းၿပီးျဖဴစင္တဲ့ဟန္ပန္က ႏွစ္လိုဖြယ္ေကာင္းတယ္။ တစ္ခ်ိန္လံုး ဇနီးျဖစ္သူကို ခပ္ျပံဳးျပံဳးစိုက္ၾကည့္ေနတဲ့ ဦးေလးကို ဝမ္ရိေပၚသတိထားမိတယ္။
ေျပာစကားေတြအရေတာ့ ေ႐ွာင္းက်န္႔ရဲ႕အေဖျဖစ္သူကလည္း ေဒၚေလးလို ေပ်ာ္ေပ်ာ္ေနတတ္သူလို႔သိရတယ္။
သူ ေ႐ွာင္းက်န္႔ကို မသိမသာအကဲခတ္ၾကည့္လိုက္တယ္။
က်န္႔ေကာတို႔ ေမာင္ႏွမေတြက အေမတူသားသမီးေတြျဖစ္ပံုရတယ္။ အမူအရာၿငိမ္ၿပီး အေျပာအဆိုသိမ္ေမြ႔တယ္။
ဘာေၾကာင့္မ်ား ဒီေလာက္သေဘာက်စရာေကာင္းတဲ့ အေဖေသြးဘက္ကို မပါၾကတာလဲ....
ဝမ္ရိေပၚရဲ႕အေတြးက ေရာက္တတ္ရာရာ။
ထမင္းစားခ်ိန္ေရာက္ေတာ့မွ သူတို႔ထိုင္ေနတာ ေတာ္ေတာ္ၾကာသြားမွန္း သတိရတယ္။

"အေပၚထပ္က သစ္သားဘီ႐ိုထဲမွာ ေစာင္ေတြအိပ္ယာခင္းေတြအကုန္႐ွိတယ္ လိုသလိုယူသံုးလိုက္ေနာ္...ေဒၚေလးတို႔ သြားၿပီ"

"ဟုတ္"

အိမ္ေ႐ွ႕မွာ အဆင္သင့္လာေစာင့္ေနတဲ့ကားေပၚ ေဒၚေလးတို႔တက္သြားၿပီး ကားထြက္သြားတဲ့အခ်ိန္ထိ သူတို႔ႏွစ္ေယာက္ အိမ္ဝမွာရပ္ၾကည့္ေနမိတယ္။

"ေဒၚေလးက ဘယ္ကိုသြားတာလဲ?"

"ဒီေနရာကေန ဆက္သြားရင္ ေ႐ွ႕မွာ ရြာေလးေတြ႐ွိတယ္..အဲ့ဒီမွာ ေဒၚေလးရဲ႕စီးပြားေရးေတြ႐ွိတယ္.. စိုက္ခင္းေတြ ေမြးျမဴေရးေတြ အစံုပဲ"

"ေျသာ္"

"အင္း...လကုန္ရက္ဆို ေဒၚေလးတို႔က အဲ့ဒီကအေျခအေနေတြ သြားၾကည့္တာေပါ့...ၿပီးေတာ့ ဦးေလးရဲ႕ေရာဂါကိုလည္း သမားေတာ္နဲ႔ျပတယ္"

"......ဦးေလးက ဘာေရာဂါ႐ွိတာလဲ?"

"အသည္းကင္ဆာ"

"........."

××××××××××××××

ညေနပိုင္းမွာ ေ႐ွာင္းက်န္႔က ဝမ္ရိေပၚကို အျပင္ေခၚထုတ္လာတယ္။
ဝမ္ရိေပၚ စိတ္မပါလက္မပါ လိုက္လာခဲ့ေပမယ့္
စိုက္ခင္းေတြဘက္ကို ကားေမာင္းသြားရတဲ့အခ်ိန္မွာ သူသေဘာက်လာတယ္။
ေအးျမစိုစြတ္တဲ့ေလက ဖြင့္ထားတဲ့ကားမွန္တံခါးတစ္ဆင့္ အ႐ွိန္ျပင္းျပင္းတိုက္ခတ္ေနတယ္။ ရိပ္ခနဲက်န္ခဲ့တဲ့ အပင္စိမ္းစိမ္းေတြ ယိမ္းထိုးေနေအာင္ ေလကျပင္းတယ္။

စိုက္ခင္းေတြက ဝမ္ရိေပၚထင္ထားတာထက္ ပိုၿပီးႀကီးက်ယ္တယ္။ မ်က္စိတစ္ဆံုး အစိမ္းေရာင္ပင္လယ္ျပင္ႀကီးလို...
ေျမျပင္႐ွိတဲ့ေနရာကြက္လပ္မွာ ကားရပ္ထားခဲ့ၿပီး
ကန္သင္းၾကမ္းၾကမ္းေတြၾကားထဲ လက္ခ်င္းတြဲလမ္းေလ်ွာက္တယ္။
ေနဝင္ရီတေရာအခ်ိန္မွာ ေကာင္းကင္က ပုဇြန္ဆီေရာင္ေတာက္ေနၿပီး ဝမ္ရိေပၚကျပံဳးေနတယ္။

"ေပ်ာ္လား?"

"အင္း"

"......."

"ေကာရဲ႕ေဒၚေလးက ဘာလို႔ဒီလိုေနရာမွာ ေနတာလဲ?"

"ကိုယ္လည္းမသိဘူး...ေဒၚေလးက စိတ္ကူးယဥ္တတ္တယ္.. ၿပီးေတာ့ ျဖစ္ေအာင္လည္းလုပ္ႏိုင္တယ္"

"အင္း..."

"မိဘေတြ သေဘာမတူတဲ့ၾကားထဲက ဦးေလးေနာက္ကိုလိုက္သြားခဲ့တာ.. အသက္၂၀အရြယ္ရဲ႕ ဆံုးျဖတ္ခ်က္က မိုက္႐ူးရဲဆန္ေပမယ့္ သူတို႔ႏွစ္ေယာက္လံုး အခုခ်ိန္ထိေပ်ာ္ေနၾကတယ္"

ဝမ္ရိေပၚက ၿငိမ္ၿငိမ္ေလးနားေထာင္ေနရင္း ေခါင္းညိမ့္ျပတယ္။

"အခ်စ္မွာ ေပ်ာ္စရာေတြပဲ႐ွိတာမဟုတ္ဘူး... လူတစ္ေယာက္ကို နင့္နင့္နဲနဲခ်စ္မိၿပီဆိုရင္ သတၱိရွိဖို႔လည္းလိုတယ္လို႔ ေဒၚေလးကေျပာဖူးတယ္"

"ေကာမွာေရာ~~~"

"အဲ့တာေၾကာင့္ျဖစ္မယ္..ေဒၚေလးက သူ႔ေၾကာင့္စိတ္ေသာကေရာက္ခဲ့ရတဲ့ မိဘေတြကိုလွည့္မၾကည့္ဘူး..ကိုယ့္အဘြားဆို ေဒၚေလးစိတ္နဲ႔ အိပ္ယာထဲဘုန္းဘုန္းလဲခဲ့တာ"

တစ္ၿပိဳင္တည္းထြက္လာတဲ့ စကားသံႏွစ္ခုမွာ ဝမ္ရိေပၚအသံကတိတ္သြားတယ္။ ေကာမွာေရာသတၱိ႐ွိရဲ႕လား' လို႔ ထုတ္ေမးမိေတာ့မတတ္ စကားလံုးေတြကို အလ်င္အျမန္ၿမိဳခ်လိုက္ရတယ္။

"ျပန္ရေအာင္...ေအးလာၿပီ"

"အင္း...ျပန္မယ္ေလ"

ပတ္ဝန္းက်င္က ေမွာင္လာတယ္။
ေပက်င္းမွာ ၾကယ္မလင္းတဲ့ေကာင္းကင္က
ဒီေနရာမွာေတာ့ ၾကယ္ေရာင္စံုတစ္လက္လက္နဲ႔။

အျပန္လမ္းမွာ အသံတိတ္ေနတဲ့ဝမ္ရိေပၚကို ေ႐ွာင္းက်န္႔က အကဲခတ္သလိုၾကည့္တယ္။

"ေဘဘီ ဘာေတြေတြးေနတာလဲ?"

"ဒီလိုပဲ..ေဒၚေလးတို႔အေၾကာင္း၊ ကြၽန္ေတာ္တို႔အေၾကာင္း.."

"ဟင္?"

"ဦးေလးေရာဂါက ကင္ဆာဆိုတာသိသြားတဲ့အခ်ိန္..ေဒၚေလး အရမ္းဝမ္းနည္းမွာေပါ့"

"အင္း.. စသိတုန္းကေတာ့ ယူက်ံဳးမရျဖစ္မွာေပါ့"

"........."

"ဒါေပမဲ့ ေဒၚေလးက ဘယ္လိုေတြးလဲသိလား.."

"ဘယ္လိုေတြးလဲ?"

ဝမ္ရိေပၚရဲ႕ပံုစံက ထူးထူးဆန္းဆန္းအေလးအနက္ထားဟန္ေပၚေနတယ္။

"လူတိုင္းက တစ္ခ်ိန္မွာခြဲရမွာပဲတဲ့... သူ႔ဘဝရဲ႕သံုးပံုႏွစ္ပံုကို ဦးေလးအနားမွာေပ်ာ္ေပ်ာ္ရႊင္ရႊင္ ကုန္ဆံုးခဲ့တဲ့အတြက္ ေနာင္တမ႐ွိဘူးတဲ့.. ဦးေလးရဲ႕ေနာက္ဆံုးအခ်ိန္ထိ အနားမွာႀကိဳးစားၿပီးေပ်ာ္ရႊင္ေနသြားေပးမွာတဲ့"

"ဦးေလးကေရာ.."

"ဦးေလးက ေဒၚေလးေပ်ာ္ရင္ေပ်ာ္တဲ့သူပါ"

အႏွစ္၃၀ေက်ာ္ သံေယာဇဥ္.....
မိသားစုနဲ႔အလဲအထပ္လုပ္ၿပီးခ်စ္ခဲ့ရတဲ့သူရဲ႕ ေနာက္ဆံုးအခ်ိန္ေတြအတြက္ ယူက်ံဳးမရနာက်င္မႈ...လက္က်န္ဘဝကို လြမ္းဆြတ္စိတ္နဲ႔ျဖတ္သန္းရမွာႀကိဳသိေနတဲ့ အထီးက်န္နာက်င္မႈ။
ကိုယ္ခ်စ္တဲ့သူကို ေလာကႀကီးမွာ တစ္ေယာက္တည္းထားခဲ့ရမယ္ဆိုတဲ့အသိ။
ဝမ္ရိေပၚရင္ထဲမွာ ဆို႔နင့္လာတယ္။

"ကြၽန္ေတာ္ သူတို႔လို မျဖစ္ ခ်င္ ဘူး"

ဝမ္ရိေပၚရဲ႕ လိႈင္းခတ္ေနတဲ့အသံက အ႐ွိန္နဲ႔သြားေနတဲ့ကားေလးကို ရပ္တန္႔ေစတယ္။

"ဘာေတြေတြးေနတာလဲ ကေလးရယ္... ကိုယ္ေျပာျပေနတာ ေဒၚေလးတို႔ဘဝေလ"

ေ႐ွာင္းက်န္႔ရဲ႕ စိုးရိမ္ေနတဲ့မ်က္လံုးေတြကို ျမင္ရတဲ့အခါ ဝမ္ရိေပၚက သူ႔စိတ္သူတရားျပန္ခ်ရတယ္။ သူ႐ုပ္ပ်က္ေနရင္ က်န္႔ေကာစိတ္ပူေနမယ္....

"ကြၽန္ေတာ္က သေဘာေျပာျပတာပါ... အခ်စ္ကို မထားခဲ့ခ်င္ဘူးလို႔.."

"အဲ့လိုေတြမေျပာနဲ႔...ကိုယ္တကယ္ မႀကိဳက္ဘူး"

တစ္ဖက္လွည့္သြားတဲ့ ေ႐ွာင္းက်န္႔ပါးကို ဝမ္ရိေပၚဖြဖြလွမ္းနမ္းလိုက္တယ္။

"အခ်စ္ကမွ အေတြးလြန္ေနတာပါ"

ေ႐ွာင္းက်န္႔က ျပန္မေျပာေတာ့ဘူး။
လမ္းေဘးထိုးရပ္လိုက္တဲ့ကားကို လမ္းမေပၚျပန္ဆြဲတင္ၿပီး အ႐ွိန္နဲ႔ျပန္ေမာင္းထြက္တယ္။

"ေဒၚေလးတို႔က မနက္ျဖန္ျပန္လာမွာလား?"

စိတ္မေကာင္းျဖစ္သြားပံုရတဲ့ ေ႐ွာင္းက်န္႔ကို ဝမ္ရိေပၚဘက္ကအရင္စကားျပန္စရတယ္။

"အင္း.."

"..........."

"ရိေပၚေမ့ေနတာေတာ့ မဟုတ္ဘူးမလား?"

"ဘာကိုလဲ?"

"မနက္ျဖန္၃၀ရက္ေန႔ဆိုတာကိုေလ"

__________________________________

(Unicode)

ဝမ်ရိပေါ်ပုံစံက အိပ်မှုန်စုံမွှား..
ထိုးထိုးထောင်ထောင်ဆံပင်တွေကို လက်နဲ့ပုံစံတကျဖြစ်အောင်ပြုပြင်ပေးတော့ မျက်လုံးမှိတ်လျက်သားပြုံးပြတယ်။ ပါးစုံတွေမို့တက်အောင်ပြုံးလိုက်ရင် ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်သလဲ....
ပါးမို့မို့တွေကို ရှောင်းကျန့် အသည်းတယားဖျစ်ညှစ်လိုက်မိတယ်။

"ကောင်းကောင်းအိပ်ပျော်ရဲ့လား?"

"အွန်း..."

"ရေတစ်ခါတည်းချိုးလိုက်...ကိုယ် အောက်ကစောင့်မယ်..နော်?"

လန်းလန်းဆန်းဆန်းမရှိပေမယ့် ခေါင်းညိမ့်ပြတာမို့ ရှောင်းကျန့်ကုတင်ပေါ်ကထလိုက်တယ်။
မနက်ဖြန်..
သူတို့နှစ်ယောက် တရားဝင်လက်မှတ်ထိုးဖို့ သဘောတူထားတဲ့နေ့ရက်က ရောက်လာခဲ့ပြီ။
.
.
အဖြူရောင်လေး
တကယ့် အဖြူစွတ်စွတ်လေး
ရှပ်အကျီင်္အဖြူ၊ ဂျင်းဘောင်းဘီအဖြူရောင်ဒူးတိ၊ ရှူးဖိနပ်အဖြူနဲ့ ဝမ်ရိပေါ်ရဲ့ပုံစံက ပေါ့ပေါ့ပါးပါးလေးဆန်းသစ်နေတယ်။

"ဘယ်နေရာလဲဆိုတာတော့ ပြောလေ"

ဝမ်ရိပေါ်ရဲ့မေးခွန်းကို ရှောင်းကျန့်က မကြားသလိုနေလိုက်တယ်။ အကြောင်းပြချက်မပေးပဲ ခရီးတိုလေးသွားချင်လားမေးတော့ လွယ်လွယ်ကူကူခေါင်းညိမ့်ပေမဲ့ ဘယ်ကိုသွားဖို့စီစဉ်ထားသလဲဆိုတာ သိချင်နေပုံရတယ်။

"ပြော...လို့!"

"ရောက်ရင်သိမှာပေါ့"

ညစ်ကျယ်ကျယ်အဖြေကို ဝမ်ရိပေါ်က မျက်မှောင်ကျုံ့ပြီးတုန့်ပြန်တယ်။ ရှောင်းကျန့်ဖြေမှာမဟုတ်ဘူးဆိုတာ သေချာတော့ သူဘာမှထပ်မမေးဘူး။ အိမ်တံခါးပိတ်နေတဲ့ ရှောင်းကျန့်ဘေးကကျော်ထွက်ပြီး ကားပေါ်ခပ်တည်တည်ဝင်ထိုင်နေတယ်။

ကားတံခါးဖွင့်ပြီး ရှောင်းကျန့်ဝင်လာတဲ့အချိန်အထိ သူတိတ်တိတ်ဆိတ်ဆိတ်ပဲ။

Driving down the interstate
I never felt so far away
Leaving hardly hurts at all
I'm sorry that I never call
Often.. I get exhausted
Trying regardless to be enough

ရှောင်းကျန့်အသံကြည်ကြည်က ခပ်တိုးတိုး....
ဝမ်ရိပေါ် လှည့်ကြည့်ပြီးငေးမိတယ်။

................

အချိုးအကွေ့များတဲ့ လမ်းသွယ်တွေ
ဘယ်ဘက်၊ညာဘက် အလှည့်ကျချိုးကွေ့ပြီးမှ ဖြောင့်ဖြူးနေတဲ့မြေနီလမ်းကို လှမ်းမြင်ရတယ်။
စိမ်းညို့နေတဲ့သစ်ပင်အုပ်အုပ်တွေ အစီအရီရှိနေတဲ့ ပတ်ဝန်းကျင်က ဝမ်ရိပေါ်အတွက် အသစ်အဆန်းဖြစ်နေတယ်။
တောအုပ်တစ်ခုထဲကို ရောက်နေသလိုပဲ....
လမ်းမတစ်လျှောက်လုံး သူတို့နှစ်ယောက်ပဲရှိနေဟန်တူတယ်။

"တောထဲရောက်နေပြီထင်တယ်"

ဝမ်ရိပေါ်က ကားမှန်တံခါးချလိုက်ရင်း တိုးတိုးရေရွတ်တယ်။
ကျီကျီကျာကျာ ငှက်သံတွေတောင် ပီပီပြင်ပြင်ကြားနေရ

"ဘယ်အထိသွားမှာလဲ ကော?"

သူအထူးအဆန်းလှည့်မေးတော့ ရှောင်းကျန့်ကပြုံးပြလာတယ်။

"ရှေ့နားလေးဆို ရောက်ပြီ"

ရှောင်းကျန့် ဒီလိုနေရာမျိုးကို ဘယ်လိုစိတ်ကူးနဲ့လာချင်သလဲဆိုတာ ဝမ်ရိပေါ်မစဉ်းစားတတ်ဘူး။
ခရီးတိုဆိုတော့ သူထင်ထားခဲ့တာက..
ကမ်းခြေလိုနေရာမျိုး ဒါမှမဟုတ် တောင်ခြေလေးတစ်ခု။
အခုလို ခေါင်ခိုက်နေတဲ့တောအုပ်လေးထဲမှာ စိတ်အပန်းပြေစရာ ဘာများရှိနိုင်မှာမို့လို့လဲ။

ကားလေးထိုးရပ်သွားတဲ့နေရာမှာ နှစ်ထပ်သစ်လုံးအိမ်လေးတစ်ခုရှိတယ်။
ဝမ်ရိပေါ် မျက်ခုံးတွေမြင့်တက်သွားတယ်...

"လာ"

လက်ချောင်းတွေယှက်ပြီး ဆုပ်ကိုင်ခေါ်ယူတဲ့နောက်ကို
ဝမ်ရိပေါ် အလိုက်သင့်ပါမသွားပဲ ပေပြီးရပ်နေမိတယ်။
သူ အံ့အားသင့်လို့မပြီးသေးဘူး။
ဒီနေရာမှာ အိမ်တစ်လုံးရှိတာ ထူးဆန်းလွန်းတယ်
အဲ့ဒီထက်ထူးဆန်းတာက ရှောင်းကျန့်ကဒီနေရာကို ဘယ်လိုသိပြီး သူ့ကိုခေါ်လာရသလဲဆိုတာပဲ။

"ဘာဖြစ်လို့လဲ?"

"ထူးဆန်းလို့..."

"မထူးဆန်းပါဘူး.. အိမ်ထဲရောက်ရင် ကိုယ်ပြောပြမှာပေါ့"

အိမ်လေးက တိတ်ဆိတ်နေတယ်။
စေ့ရုံစေ့ထားတဲ့တံခါးကို တွန်းဖွင့်လိုက်တဲ့နောက်မှာ
ရုတ်တရက်မြင်လိုက်ရတဲ့ အပြုံးမျက်နှာတစ်ခု။
အသားဖြူဖြူနဲ့ မျက်လုံးမျက်ခုံးကောင်းကောင်း အသက်ငါးဆယ်နီးပါးရှိလောက်မဲ့ အမျိုးသမီးတစ်ဦးက ဝမ်ရိပေါ်ကို တောက်တောက်ပပပြုံးပြနေတယ်။

"ကားသံကြားလိုက်တယ်တော့ ထင်မိသား.. ဝင်လေ သားကျန့်.. လာ ကလေးလေး"

ကလေးလေးဆိုတဲ့နာမ်စားက ဝမ်ရိပေါ်ကို ရည်ရွယ်တယ်။
သူ ပြုံးပြတော့မလိုလိုနဲ့ ခေါင်းညိမ့်ပြရုံပဲညိမ့်ပြလိုက်မိတယ်။

"လာ..ဘေဘီ"

"အင်..အင်း"

ဝါးနဲ့ယက်ထားပုံရတဲ့ ခုံတန်းလေးမှာ ဝင်ထိုက်လိုက်တဲ့အထိ ရှောင်းကျန့်ကဝမ်ရိပေါ်ရဲ့လက်တွေကို မလွှတ်သေးဘူး။
အိမ်ထဲမှာ ပူရှိန်းရှိန်းအမွှေးနံ့လေးရနေတယ်။
ဧည့်ခန်းနံရံမှာ ရှေးခေတ်ကအဖြူအမည်းဓာတ်ပုံတွေရှိနေတယ်။
ခပ်လှမ်းလှမ်းကကြည့်မိတာမို့ သေသေချာချာမမြင်နိုင်ပေမဲ ဓာတ်ပုံထဲကလူနှစ်ယောက်က တောက်တောက်ပပပြုံးနေကြတယ်ဆိုတာတော့ ဝမ်ရိပေါ် ခန့်မှန်းနိုင်တယ်။

"အကို?..သားကျန့် ရောက်လာပြီ"

"လာပါပြီကွာ"

အသံကြားရာကို ဝမ်ရိပေါ်ချက်ချင်းလှည့်ကြည့်လိုက်တယ်။
သာမန်ထက်အနည်းငယ်ပိန်လှီနေတဲ့ အမျိုးသားကြီးတစ်ဦး....
ကျန်းမာရေးကောင်းပုံမပေါ်ပေမဲ့ မျက်နှာမှာအပြုံးတွေရှိနေတယ်။
တမင် ဖော်ရွေနေတဲ့အပြုံးမျိုးမဟုတ်...
နှစ်ပေါင်းများစွာ မျက်နှာပေါ်မှာစွဲမြဲနေတဲ့အပြုံးတစ်ခုလို
မျက်လုံးနဲ့နှုတ်ခမ်းက သဘာဝကျစွာပြုံးယောင်သန်းနေတဲ့ပုံစံမျိုး။

"ဦးလေး... ဒီနေ့လည်း ခါတိုင်းလိုလန်းဆန်းနေတာပဲလား"

ရှောင်းကျန့်ရဲစကားကို ဦးလေးကအသံထွက်ရယ်တယ်။

"မင်းတို့ပင်ပန်းလာရင် အရင်နားလိုက်ကြပါလား"

ဦးလေးရဲ့စကားဆုံးတော့ ရှောင်းကျန့်ကရိပေါ်ကို လှည့်ကြည့်ပြီး ကိုင်ထားတဲ့လက်တွေကို လှုပ်ခါလိုက်တယ်။

"...ရိပေါ် ပင်ပန်းနေပြီလား?"

"အာ..ရတယ် မပင်ပန်းပါဘူး"

ဘာကြောင့်မှန်းမသိ ခြေခါလက်ခါငြင်းလိုက်မိတဲ့အခါ ရှောင်းကျန့်က သဘောတကျရယ်သလို အန်တီကြီးကပါ လိုက်ရယ်တယ်။
သူစိမ်းတွေရှေ့မှာ ရှောင်းကျန့်နဲ့ဒီလောက်အထိပူးပူးကပ်ကပ်မနေဖူးတာကြောင့်လားမသိ... ရှိုးတိုးရှန်းတမ်းဖြစ်နေတယ်။

"သူ ဒီမှာအသားမကျသေးလို့ထင်တယ်"

အန်တီကြီးက ရိပေါ်ကိုမှတ်ချက်ပေးရင်း ခပ်ပြုံးပြုံးကြည့်နေပြန်တယ်။ ဒီအကြည့်အတွက် အနေခက်တယ်လို့မခံစားရတာ ဝမ်ရိပေါ်အတွက်ထူးဆန်းတယ်။ သူ ပီပီပြင်ပြင်ပြုံးပြမိတယ်။

"ရိပေါ်...ဒါက ကိုယ့်ဒေါ်လေး.. ဖေဖေ့ရဲ့ညီမ"

"သြော်..ဟုတ်ကဲ့.. ဝမ်ရိပေါ်ပါ"

"သားကျန့်ရဲ့ အချစ်ပေါ့"

"အဲ...ဟုတ် ဟုတ်ကဲ့"

ဝမ်ရိပေါ် မျက်နှာမထားတတ်တော့။
အကြောင်းမဲ့ နဖူးကိုကုပ်လိုက်မိတယ်။

"ဒေါ်လေးကလည်း~~~"

ရှောင်းကျန့်က ဝင်ဟန့်လိုက်ပေမဲ့ မျက်နှာကပြုံးစိစိ။

"အေးပါ..ရိပေါ်က ချစ်ဖို့ကောင်းလို့ ဒေါ်လေးကစတာ"
.
.
ဘယ်လောက်မှမကြာတဲ့အချိန်လေးမှာ ဒီလူတွေနဲ့ လိုက်လျောညီထွေပျော်ဝင်သွားတယ်ဆိုတဲ့ အကြောင်းအရာက ဝမ်ရိပေါ်အတွက်ဖြစ်တောင့်ဖြစ်ခဲကိစ္စပဲ။ သူ့စရိုက်က ဒီလိုမှမဟုတ်တာ...

ဒေါ်လေးရဲ့ ပွင့်လင်းပြီးဖြူစင်တဲ့ဟန်ပန်က နှစ်လိုဖွယ်ကောင်းတယ်။ တစ်ချိန်လုံး ဇနီးဖြစ်သူကို ခပ်ပြုံးပြုံးစိုက်ကြည့်နေတဲ့ ဦးလေးကို ဝမ်ရိပေါ်သတိထားမိတယ်။
ပြောစကားတွေအရတော့ ရှောင်းကျန့်ရဲ့အဖေဖြစ်သူကလည်း ဒေါ်လေးလို ပျော်ပျော်နေတတ်သူလို့သိရတယ်။
သူ ရှောင်းကျန့်ကို မသိမသာအကဲခတ်ကြည့်လိုက်တယ်။
ကျန့်ကောတို့ မောင်နှမတွေက အမေတူသားသမီးတွေဖြစ်ပုံရတယ်။ အမူအရာငြိမ်ပြီး အပြောအဆိုသိမ်မွေ့တယ်။
ဘာကြောင့်များ ဒီလောက်သဘောကျစရာကောင်းတဲ့ အဖေသွေးဘက်ကို မပါကြတာလဲ....
ဝမ်ရိပေါ်ရဲ့အတွေးက ရောက်တတ်ရာရာ။
ထမင်းစားချိန်ရောက်တော့မှ သူတို့ထိုင်နေတာ တော်တော်ကြာသွားမှန်း သတိရတယ်။

"အပေါ်ထပ်က သစ်သားဘီရိုထဲမှာ စောင်တွေအိပ်ယာခင်းတွေအကုန်ရှိတယ် လိုသလိုယူသုံးလိုက်နော်...ဒေါ်လေးတို့ သွားပြီ"

"ဟုတ်"

အိမ်ရှေ့မှာ အဆင်သင့်လာစောင့်နေတဲ့ကားပေါ် ဒေါ်လေးတို့တက်သွားပြီး ကားထွက်သွားတဲ့အချိန်ထိ သူတို့နှစ်ယောက် အိမ်ဝမှာရပ်ကြည့်နေမိတယ်။

"ဒေါ်လေးက ဘယ်ကိုသွားတာလဲ?"

"ဒီနေရာကနေ ဆက်သွားရင် ရှေ့မှာ ရွာလေးတွေရှိတယ်..အဲ့ဒီမှာ ဒေါ်လေးရဲ့စီးပွားရေးတွေရှိတယ်.. စိုက်ခင်းတွေ မွေးမြူရေးတွေ အစုံပဲ"

"သြော်"

"အင်း...လကုန်ရက်ဆို ဒေါ်လေးတို့က အဲ့ဒီကအခြေအနေတွေ သွားကြည့်တာပေါ့...ပြီးတော့ ဦးလေးရဲ့ရောဂါကိုလည်း သမားတော်နဲ့ပြတယ်"

"......ဦးလေးက ဘာရောဂါရှိတာလဲ?"

"အသည်းကင်ဆာ"

"........."

××××××××××××××

ညနေပိုင်းမှာ ရှောင်းကျန့်က ဝမ်ရိပေါ်ကို အပြင်ခေါ်ထုတ်လာတယ်။
ဝမ်ရိပေါ် စိတ်မပါလက်မပါ လိုက်လာခဲ့ပေမယ့်
စိုက်ခင်းတွေဘက်ကို ကားမောင်းသွားရတဲ့အချိန်မှာ သူသဘောကျလာတယ်။
အေးမြစိုစွတ်တဲ့လေက ဖွင့်ထားတဲ့ကားမှန်တံခါးတစ်ဆင့် အရှိန်ပြင်းပြင်းတိုက်ခတ်နေတယ်။ ရိပ်ခနဲကျန်ခဲ့တဲ့ အပင်စိမ်းစိမ်းတွေ ယိမ်းထိုးနေအောင် လေကပြင်းတယ်။

စိုက်ခင်းတွေက ဝမ်ရိပေါ်ထင်ထားတာထက် ပိုပြီးကြီးကျယ်တယ်။ မျက်စိတစ်ဆုံး အစိမ်းရောင်ပင်လယ်ပြင်ကြီးလို...
မြေပြင်ရှိတဲ့နေရာကွက်လပ်မှာ ကားရပ်ထားခဲ့ပြီး
ကန်သင်းကြမ်းကြမ်းတွေကြားထဲ လက်ချင်းတွဲလမ်းလျှောက်တယ်။
နေဝင်ရီတရောအချိန်မှာ ကောင်းကင်က ပုဇွန်ဆီရောင်တောက်နေပြီး ဝမ်ရိပေါ်ကပြုံးနေတယ်။

"ပျော်လား?"

"အင်း"

"......."

"ကောရဲ့ဒေါ်လေးက ဘာလို့ဒီလိုနေရာမှာ နေတာလဲ?"

"ကိုယ်လည်းမသိဘူး...ဒေါ်လေးက စိတ်ကူးယဉ်တတ်တယ်.. ပြီးတော့ ဖြစ်အောင်လည်းလုပ်နိုင်တယ်"

"အင်း..."

"မိဘတွေ သဘောမတူတဲ့ကြားထဲက ဦးလေးနောက်ကိုလိုက်သွားခဲ့တာ.. အသက်၂ဝအရွယ်ရဲ့ ဆုံးဖြတ်ချက်က မိုက်ရူးရဲဆန်ပေမယ့် သူတို့နှစ်ယောက်လုံး အခုချိန်ထိပျော်နေကြတယ်"

ဝမ်ရိပေါ်က ငြိမ်ငြိမ်လေးနားထောင်နေရင်း ခေါင်းညိမ့်ပြတယ်။

"အချစ်မှာ ပျော်စရာတွေပဲရှိတာမဟုတ်ဘူး... လူတစ်ယောက်ကို နင့်နင့်နဲနဲချစ်မိပြီဆိုရင် သတ္တိရှိဖို့လည်းလိုတယ်လို့ ဒေါ်လေးကပြောဖူးတယ်"

"ကောမှာရော~~~"

"အဲ့တာကြောင့်ဖြစ်မယ်..ဒေါ်လေးက သူ့ကြောင့်စိတ်သောကရောက်ခဲ့ရတဲ့ မိဘတွေကိုလှည့်မကြည့်ဘူး..ကိုယ့်အဘွားဆို ဒေါ်လေးစိတ်နဲ့ အိပ်ယာထဲဘုန်းဘုန်းလဲခဲ့တာ"

တစ်ပြိုင်တည်းထွက်လာတဲ့ စကားသံနှစ်ခုမှာ ဝမ်ရိပေါ်အသံကတိတ်သွားတယ်။ ကောမှာရောသတ္တိရှိရဲ့လား' လို့ ထုတ်မေးမိတော့မတတ် စကားလုံးတွေကို အလျင်အမြန်မြိုချလိုက်ရတယ်။

"ပြန်ရအောင်...အေးလာပြီ"

"အင်း...ပြန်မယ်လေ"

ပတ်ဝန်းကျင်က မှောင်လာတယ်။
ပေကျင်းမှာ ကြယ်မလင်းတဲ့ကောင်းကင်က
ဒီနေရာမှာတော့ ကြယ်ရောင်စုံတစ်လက်လက်နဲ့။

အပြန်လမ်းမှာ အသံတိတ်နေတဲ့ဝမ်ရိပေါ်ကို ရှောင်းကျန့်က အကဲခတ်သလိုကြည့်တယ်။

"ဘေဘီ ဘာတွေတွေးနေတာလဲ?"

"ဒီလိုပဲ..ဒေါ်လေးတို့အကြောင်း၊ ကျွန်တော်တို့အကြောင်း.."

"ဟင်?"

"ဦးလေးရောဂါက ကင်ဆာဆိုတာသိသွားတဲ့အချိန်..ဒေါ်လေး အရမ်းဝမ်းနည်းမှာပေါ့"

"အင်း.. စသိတုန်းကတော့ ယူကျုံးမရဖြစ်မှာပေါ့"

"........."

"ဒါပေမဲ့ ဒေါ်လေးက ဘယ်လိုတွေးလဲသိလား.."

"ဘယ်လိုတွေးလဲ?"

ဝမ်ရိပေါ်ရဲ့ပုံစံက ထူးထူးဆန်းဆန်းအလေးအနက်ထားဟန်ပေါ်နေတယ်။

"လူတိုင်းက တစ်ချိန်မှာခွဲရမှာပဲတဲ့... သူ့ဘဝရဲ့သုံးပုံနှစ်ပုံကို ဦးလေးအနားမှာပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးခဲ့တဲ့အတွက် နောင်တမရှိဘူးတဲ့.. ဦးလေးရဲ့နောက်ဆုံးအချိန်ထိ အနားမှာကြိုးစားပြီးပျော်ရွှင်နေသွားပေးမှာတဲ့"

"ဦးလေးကရော.."

"ဦးလေးက ဒေါ်လေးပျော်ရင်ပျော်တဲ့သူပါ"

အနှစ်၃ဝကျော် သံယောဇဉ်.....
မိသားစုနဲ့အလဲအထပ်လုပ်ပြီးချစ်ခဲ့ရတဲ့သူရဲ့ နောက်ဆုံးအချိန်တွေအတွက် ယူကျုံးမရနာကျင်မှု...လက်ကျန်ဘဝကို လွမ်းဆွတ်စိတ်နဲ့ဖြတ်သန်းရမှာကြိုသိနေတဲ့ အထီးကျန်နာကျင်မှု။
ကိုယ်ချစ်တဲ့သူကို လောကကြီးမှာ တစ်ယောက်တည်းထားခဲ့ရမယ်ဆိုတဲ့အသိ။
ဝမ်ရိပေါ်ရင်ထဲမှာ ဆို့နင့်လာတယ်။

"ကျွန်တော် သူတို့လို မဖြစ် ချင် ဘူး"

ဝမ်ရိပေါ်ရဲ့ လှိုင်းခတ်နေတဲ့အသံက အရှိန်နဲ့သွားနေတဲ့ကားလေးကို ရပ်တန့်စေတယ်။

"ဘာတွေတွေးနေတာလဲ ကလေးရယ်... ကိုယ်ပြောပြနေတာ ဒေါ်လေးတို့ဘဝလေ"

ရှောင်းကျန့်ရဲ့ စိုးရိမ်နေတဲ့မျက်လုံးတွေကို မြင်ရတဲ့အခါ ဝမ်ရိပေါ်က သူ့စိတ်သူတရားပြန်ချရတယ်။ သူရုပ်ပျက်နေရင် ကျန့်ကောစိတ်ပူနေမယ်....

"ကျွန်တော်က သဘောပြောပြတာပါ... အချစ်ကို မထားခဲ့ချင်ဘူးလို့.."

"အဲ့လိုတွေမပြောနဲ့...ကိုယ်တကယ် မကြိုက်ဘူး"

တစ်ဖက်လှည့်သွားတဲ့ ရှောင်းကျန့်ပါးကို ဝမ်ရိပေါ်ဖွဖွလှမ်းနမ်းလိုက်တယ်။

"အချစ်ကမှ အတွေးလွန်နေတာပါ"

ရှောင်းကျန့်က ပြန်မပြောတော့ဘူး။
လမ်းဘေးထိုးရပ်လိုက်တဲ့ကားကို လမ်းမပေါ်ပြန်ဆွဲတင်ပြီး အရှိန်နဲ့ပြန်မောင်းထွက်တယ်။

"ဒေါ်လေးတို့က မနက်ဖြန်ပြန်လာမှာလား?"

စိတ်မကောင်းဖြစ်သွားပုံရတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်ဘက်ကအရင်စကားပြန်စရတယ်။

"အင်း.."

"..........."

"ရိပေါ်မေ့နေတာတော့ မဟုတ်ဘူးမလား?"

"ဘာကိုလဲ?"

"မနက်ဖြန်၃ဝရက်နေ့ဆိုတာကိုလေ"

Continue Reading

You'll Also Like

530K 11.4K 38
In wich a one night stand turns out to be a lot more than that.
30.2K 4K 10
Squid game in yizhan version 1/10/21~1/11/21
817K 37.8K 59
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
6.7K 707 38
When an Unexpected Change Occurred Between You and Your Rival. Start Date - 4 Oct 2023 ( Wed ) End Date - 12 Apr 2024 ( Fri ) Status - Completed Chap...