ကြင်ရာတော် ချန်အန်း The Rich...

By miokimidori

307K 37.6K 3.6K

Author(s) - Five Cloud (五朵云) Year - 2017 Status in COO - 80 Chapters (Completed) Associated Names - 富贵长安 Engl... More

အကယ်၍သာ....
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)
အပိုင်း (၄)
အပိုင်း (၅)
အပိုင်း (၆)
အပိုင်း (၇)
အပိုင်း (၈)
အပိုင်း (၉)
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အခန်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
For Unicode
အပိုင်း (၂၄)
အပိုင်း (၂၅)
အပိုင်း (၂၆)
အပိုင်း (၂၇)
အပိုင်း (၂၈)
အပိုင်း (၂၉)
အပိုင်း (၃၀)
အပိုင်း (၃၁)
အပိုင်း (၃၂)
အပိုင်း (၃၄)
အပိုင်း (၃၅)
အပိုင်း (၃၆)
အပိုင်း (၃၇)
အပိုင်း (၃၈)

အပိုင်း (၃၃)

4.4K 839 133
By miokimidori

အပိုင်း (၃၃)

နောက်တနေ့...။ ရှီချန်အန်း အိပ်ရာမှနိုးလာချိန်တွင်တော့ သူ၏ဘေးတွင်အိပ်နေခဲ့သော ရှောင်းချင်းယန့်သည် ထွက်သွားနှင့်ပြီဖြစ်သည်။ ထို့ကြောင့် ရှီချန်အန်းသည် ထိုကိစ္စအား သူ မနေ့ညက အိမ်မက်မက်နေတာပဲဖြစ်ရမည်ဟုသာ မလွဲမသွေ သတ်မှတ်ပစ်လိုက်တော့သည်။

သူ့အား နေ့တိုင်းလာ၍ ဂါဝရပြုစရာမလိုဟု မင်ယွိတို့အား ရှီချန်အန်း ပြောလိုက်သည့်အချိန်မှစ၍ မင်ယွိသည် ထိုစကားအတိုင်း အမှန်ပင် နေ့စဉ် ဂါဝရပြုခြင်းသာမက အခြားအချိန်များတွင်လည်း နောက်ထပ်လာ၍ ဂါဝရပြုနှုတ်ဆက်ခြင်းမရှိတော့ပေ။ ချင်ရှင်းတယောက်သာလျှင် သုံးရက်တခါဖြစ်စေ၊ ငါးရက်တခါတန်သည်ဖြစ်စေ သင့်တော်သလို လာရောက်၍ မနက်ခင်းအတွက် ဂါဝရပြုနှုတ်ဆက်လေ့ရှိသည်။ သို့်သော်...ယနေ့အတွက်တော့...။ရှီချန်အန်း အိပ်ရာမှနိုး၍ မျက်နှာသစ်၊ ပြင်ဆင်နေချိန်တွင် သူ့အား ကူညီလုပ်ဆောင်ပေးနေသည့် အစေခံမိန်းကလေးမှ စီ့ဖေးနှစ်ပါးသည် ရှီချန်အန်းနှင့်တွေ့ရန် အပြင်တွင် စောင့်ဆိုင်းလျက်ရှိနေသည်ဟု အသိပေးလျှောက်တင်လာခဲ့သည်။

ထိုအနောက်ဆောင်မှ အမျိုးသမီးများအား မည်သို့ကိုင်တွယ်ဆက်ဆံရမည်အား ရှီချန်အန်း တကယ်ပင် မသိတော့ပေ။ သူတို့ လာရခြင်းအကြောင်းသည် မနက်ခင်းဂါဝရပြုလို၍လာခြင်းမဟုတ်မှန်း ရှီချန်အန်း သိသည်။ သို့ဆိုပါက...ဒီကိုလာနေမယ့်အစား ကိုယ့်ခြံဝန်းထဲမှာပဲ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေကြတာက ပိုမကောင်းဘူးလား...။ သူ အခုမှ အိပ်ရာနိုးကာစဖြစ်တာကြောင့် ဖန်းမောမော့သည် သူ၏အနားတွင် မရှိသေးပေ။ ထို့ကြောင့် ရှီချန်အန်းအနေဖြင့် ထိုနှစ်ယောက်အား သူကိုယ်တိုင်ထွက်တွေ့ရုံပဲရှိလေတော့သည်။

အဆိုပါအမျိုးသမီးနှစ်ဦးနှင့် သူမတို့၏နောက်လိုက်နောက်ပါ ယားထို၊မောမော့တစုမှ သူ့အား အရိုအသေပေး နှုတ်ဆက်ပြီးသည်နှင့် သူပင် စကားစဆိုရန် မလိုပေ။ သူတို့ဘက်မှနေ၍ သူတို့လာရခြင်းရည်ရွယ်ချက်အား စတင်ပြောဆိုလေတော့သည်။

"တကယ်လို့ ဝမ်ဖေးမှာ ကျွန်မတို့ညီအစ်မတွေကို ဝမ်ရယ်ဆီမှာ ခစားပြုစုခွင့်ပေးဖို့စိတ်ကူးမရှိဘူးဆိုရင်လဲ...ဘာလို့များ အဲ့ဒီအချိန်တုန်းက ဟန်ဆောင်ပန်ဆောင်နဲ့ အိပ်ခန်းဆောင်အလှည့်ကျအချိန်ဇယားတွေ ဘာတွေ လုပ်ပြနေရသေးတာလဲ...အခုကျတော့ ရက်တွေသာကြာလာတယ်...ဝမ်ရယ်က အခုထိ ဝမ်ဖေးရဲ့အဆောင်မှာပဲ နေ့တိုင်းနေနေတုန်းပဲ...ဝမ်ဖေးက အဲ့ဒီနေ့တုန်းက ကျွန်မတို့ညီအစ်မတွေကို ဟန်ဆောင်ပြပြီး လှည့်စားလိုက်တာလား..."

လျစ်လျူရှု၊ ဂရုစိုက်မခံရသည့်နေ့ရက်များ ကြာရှည်လာချိန်တွင်တော့ မင်ယွိတယောက် ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။ သူမအနေနှင့်တော့ ဒီလိုခြံဝန်းသေးလေးတခုထဲမှာပဲ တသက်လုံး ပိတ်လှောင်ခံကာ နေမသွားလိုပေ။ ဝမ်ရယ်၏ ချစ်မြတ်နိုးခြင်းမခံရပါက သူမထံတွင် အနာဂတ်အတွက် မှီခိုအားထားရမည့် သားသမီးရှိမလာနိုင်ပေ။ ထိုသို့ဆိုပါမှတော့...သူမသာ တခါတည်း သေသွားလိုက်တာက ပိုကောင်းလိုက်ဦးမယ်မလား...။

ယနေ့ကိစ္စတွင် မင်ယွိမှ သူမအား အတင်းခေါ်လာခဲ့သည်ဟု ပြောလို့ရသော်လည်း...ဘာလိုပဲပြောပြော ချင်ရှင်းကိုယ်၌ကလည်း  ထိုကိစ္စနှင့်ပတ်သက်၍ ဝမ်ဖေးအား ရှင်းရှင်းလင်းလင်း မေးချင်နေခဲ့တာဖြစ်သည်။ သူမတို့သည် ရှန်ဝမ်အိမ်တော်သို့ လက်ထပ်ပြီးဝင်ရောက်ခဲ့သည်မှာ အချိန်အတော်ပင် ကြာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ ဝမ်ရယ့်အား ခစားပြုစုရန်အခွင့်အရေး မရရှိသေးပေ။ ထို့အပြင် တနေ့တနေ့ ဝမ်ရယ်၏မျက်နှာအား မြင်ခွင့်ရရန်မှာပင် သူမတို့အတွက် ခဲယဉ်းလွန်းလှပေသည်။

အမှန်တော့...သူတို့လာပြောမှသာ ထိုကိစ္စများရှိနေသေးသည်အား ရှီချန်အန်း သတိရတော့သည်။ ဒါပေမယ့် သူဖက်ကတော့ အလှည့်ကျစာရင်းစာအုပ်အား တင်ဖို့ပေးလိုက်တာ ကြာပြီလေ...။ မဟုတ်မှလွဲရော...ရှောင်းချင်းယန့်က အဲ့ဒီစာအုပ်ကို အခုထိ မတွေ့မိသေးတာလား...။

"ငါ ပြောတာနားထောင်ဦး.....ငါ တကယ်ပဲ အဲ့ဒီအလှည့်ကျစာရင်းစာအုပ်ကို ဝမ်ရယ်ဆီ တင်ထားပြီးပြီ...ဒါပေမယ့် ဟောဒီရှန်ဝမ်အိမ်တော်က ဝမ်ရယ်ရဲ့အိမ်တော်ပဲ...ဝမ်ရယ် ဘယ်လိုစိတ်ကူးထားတယ်ဆိုတာအပေါ် ဘယ်သူမှ ဝင်စီမံပေးခွင့်မရှိဘူး...ဝမ်ရယ် မင်းတို့ခြံဝန်းကို မလာတာနဲ့ပတ်သက်ပြီး မင်းတို့ ငါ့ကိုလာပြီး အပြစ်တင်ပြောဆိုနေလဲ အလကားပဲ...တကယ်လို့ မင်းတို့ တကယ်ပဲ ဝမ်ရယ့်ကို ခစားပြုစုချင်တယ်ဆိုရင်လဲ...မင်းတို့ ကိုယ့်ဘာသာ နည်းလမ်းရှာပြီး ဝမ်ရယ်ဆီ တခါတည်း သွားလိုက်တာက ပိုကောင်းလိမ့်မယ်..."

တကယ်တမ်း ရှီချန်အန်း၏စိတ်ထဲတွင် တွေးနေသည်ကတော့...ဘာပဲဖြစ်ဖြစ် နောက်ဆို သူတို့လဲ သူ့ခြံဝန်းဆီလာပြီး ရှောင်းချင်းယန့်ကို လာရှာစရာမလိုလောက်တော့ပါဘူး...။ သူတို့တွေ့ချင်ရင် တခြားခြံဝန်းကို သွားရှာရတော့မှာပဲလေ...။

ရှီချန်အန်း၏စကားတို့ကြောင့် ချင်ရှင်းသည် ပါးစပ်ဖျားနားသို့ပင်ရောက်နေသော စကားတို့အား ပြန်လည်မြိုသိပ်လိုက်ရသည်။ သူမဘေးတွင်ရှိနေသော မင်ယွိကမူ ချင်ရှင်းကဲ့သို့ စိတ်ရှည်သည်းခံတတ်သူ မဟုတ်လေရာ...ရှီချန်အန်း၏ တုတ်ထိုးအိုးပေါက်စကားတို့ကြောင့် ချက်ချင်း မျက်နှာမည်းမှောင်သွားလေတော့သည်။ ထို့နောက် အနည်းငယ် ပမာမခန့်သောလေသံဖြင့် ပြန်ပြောလာသည်။

"ဝမ်ဖေးရဲ့ ဒီစကားက သိပ်ရယ်စရာကောင်းတာပဲ...ဘာလဲ...ဝမ်ရယ်က ဝမ်ဖေးကို သဘောကျနေမယ်လို့များ ကိုယ့်ကိုယ်ကိုထင်နေသေးတာလား...ဟောဒီလို ယောက်ျားကြီးတယောက်ကိုလေ...ဝမ်ဖေးက ကျွန်မတို့ညီအစ်မတွေအတွက် အိပ်ခန်းဆောင်အလှည့်ကျခစားရမယ့်ကိစ္စကိုတော့ မစီစဉ်ပေးဘဲနဲ့...ဟောဒီလို စကားကြီးစကားကျယ်တွေတော့ ပြောထွက်သားပဲနော်..."

"အတင့်ရဲလိုက်တာ...မင်းလို ကိုယ်လုပ်တော်အဆင့်နဲ့ ဝမ်ဖေးကို ဘယ်လိုစကားမျိုးပြောလိုက်တာလဲ..."

ဖန်းမောမော့သည် ရှီချန်အန်း၏ နေ့စဉ် အစားအသောက်၊ နေထိုင်မှုဘဝများတွင် အချိန်ပြည့် ခစားစောင့်ဆိုင်းပေးစရာ မလိုပေ။ သို့သော်လည်း သူမသည် ရှီချန်အန်း၏ခြံဝန်းသို့ တနေ့လျှင်နှစ်ကြိမ်တော့ ပုံမှန် လာရောက်လေ့ရှိသည်။ သူမအနေနှင့် ရှီချန်အန်းအား အထူးသင်ကြားလေ့ကျင့်ပေးစရာ မရှိသည့်အချိန်များတွင်ပင် သူ၏ဘေးတွင် ခဏတော့ နေလေ့ရှိသည်ဖြစ်သည်။

ဝမ်ရယ်သည် နန်းတော်တွင်းသို့ဝင်၍ စည်းကမ်းထိန်းသိမ်းရာတွင် ထူးချွန်သောမောမော့တဦးအား အိမ်တော်သို့ ခေါ်ဆောင်လာခဲ့သည်အား အိမ်တော်တခုလုံး အသိပင်ဖြစ်လေရာ...စီ့ဖေးနှစ်ပါးသည်လည်း သိထားပြီးဖြစ်သည်မှာ ထပ်ပြောစရာမလိုတော့ပေ။ ဖန်းမောမော့ ဝင်လာသည်အား မြင်လိုက်သည်နှင့် ချင်ရှင်းသည် အလိုက်တသိပင် သူမ၏ခေါင်းအား စည်းကမ်းပုံစံကျစွာပင် ငုံ့၍နေလိုက်တော့သည်။ မင်ယွိကတော့ ဂရုမစိုက်စွာ ရှိနေဆဲပင်ဖြစ်သည်။ သူက အတွင်းဆောင်က လာတာဆိုတော့ရော ဘာဖြစ်လဲ...။ ဒီအတိုင်း ကျွန်တယောက်ပဲ မဟုတ်လား...။

"ဒီမှာ မောမော့...ကျွန်မတို့ညီအစ်မတွေ စကားပြောနေတယ်လေ...ရှင့်လို အစေခံအဆင့်နဲ့ ဘာဝင်ပြောစရာလိုလို့လဲ..."

"ညီမလေး...မောမော့...မင်စီ့ဖေးကို ဗွေမယူပါနဲ့...သူက စိတ်နည်းနည်းမြန်ပြီး စကားပြောပွင့်လင်းယုံပါ...ဘာမှ စိတ်ထဲကပါပြီး ပြောတာမဟုတ်ပါဘူး..."

ချင်ရှင်းသည် အလောတကြီး ကြားဖြတ်ဝင်ပြောလိုက်သည်။ တဖက်မှ မင်ယွိအား အမြန်ဆုံး ဟန့်တားပြောဆိုလိုက်ရင်း တဖက်တွင်လည်း ဖန်းမောမော့အား တောင်းပန်စကားဆိုလိုက်လေသည်။

"မင်းတို့တွေ...မဆူကြနဲ့တော့..."

ရှီချန်အန်း တကယ်ပင် သူတို့ကိုတွေ့တိုင်း စိတ်ရှုပ်ရသည်ဟုသာ ပြောလိုက်ချင်တော့သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ ဒီနေရာအား လာကြသည့်အချိန်တိုင်း ရှောင်းချင်းယန့် ဟိုဟာ၊သည်ဟာဖြင့် ဘယ်စကားမှ ရှောင်းချင်းယန့်နှင့် လွတ်သည်ဟူ၍မရှိပေ။ ထိုသို့သောနေ့မျိုးတွင် သူ တကယ့်ကိုပဲ စိတ်ရှုပ်ရတာဖြစ်သည်။

"ဒီနေ့တော့ မင်းတို့ ပြန်လိုက်ကြတော့...မင်းတို့ပြောနေတဲ့ကိစ္စက ငါ အစောကြီးကတည်းက ဝမ်ရယ့်ကို ပြောထားပြီးသား...တကယ်လို့ ဝမ်ရယ် ဒီနေ့ လာခဲ့ရင်လဲ ငါ ထပ်သတိပေးလိုက်မယ်...ဟုတ်ပြီလား...မင်းတို့ ပြန်ကြတော့..."

"အဲ့ဒါဆိုလဲ ဝမ်ဖေး ဒီတခေါက်တော့ မေ့မသွားပါစေနဲ့..."

မကျေမချမ်း ဒေါသထွက်စွာဖြင့် ပြန်သွားရသည်ဖြစ်လေရာ...မပြန်ခင်လေးတွင်မှာပင် မင်ယွိသည် မမေ့မလျော့ပင် ရှီချန်အန်းအား သတိပေးစကားပြောသွားလေသေးသည်။

ရှီချန်အန်းတယောက် တကယ်ကို သည်းမခံနိုင်လောက်အောင် စိတ်ရှုပ်လာခဲ့တာပဲဖြစ်သည်။ ရှောင်းချင်းယန့် ကိုယ်ပေါ်ကခြေထောက်ကို သူက သွားပြီး ဘယ်သွားပါ၊ဘာလုပ်ပါ သွားစီစဉ်ပေးလို့ရမှာတဲ့လား...။ တကယ်ပဲ ပဏာမဇနီးသည်က ခင်ပွန်းဖြစ်သူရဲ့ ညရေးညတာကိစ္စတွေကို စီမံခန့်ခွဲပေးနိုင်လို့ကတော့...သူ့မိခင်ကရော အဲ့ဒီလို ကြေကွဲစရာကောင်းအောင် အဆုံးသတ်သွားစရာအကြောင်း ရှိပါဦးတော့မလား...။

"ဝမ်ဖေး...အရာအားလုံးဟာ စည်းကမ်းတကျ ဖြစ်နေမှ အဆင်ပြေတာပါ...စီ့ဖေးနှစ်ပါးအပေါ်မှာ ဝမ်ဖေးက အလျော့ပေးလွန်းပါတယ်...ဒါက ရေရှည်အတွက် မကောင်းပါဘူး...မင်စီ့ဖေးက သူ့ရဲ့သဘာဝကိုက မောက်မာရမ်းကားသူပါ...တကယ်လို့ ဝမ်ဖေးသာ သူ့ကို သင်ခန်းစာမပေးဘဲ ခက်ခဲမှုတချို့ကို မကြုံတွေ့စေဘူးဆိုရင်...သူ့အနေနဲ့ ဝမ်ဖေးအပေါ်မှာ ရိုသေလေးစားမှု ရှိလာနိုင်မှာမဟုတ်ဘူး...သူက ဝမ်ဖေးရဲ့ကြင်နာမှုကို အားနည်းချက်အဖြစ် အသုံးချသွားမှာ...ဒီလိုနဲ့ အချိန်တွေကြာလာရင် အိမ်တော်ထဲက အစေခံတွေကပါ သူ့ခြေရာအတိုင်း လိုက်နင်းလာပါလိမ့်မယ်..."

ဖန်းမောမော့သည် မင်ယွိအား ဒီအတိုင်း လွှတ်မပေးလိုက်ချင်ပေ။ သို့သော် ဝမ်ဖေးမှ အရင် အမိန့်ပေးလိုက်ပြီပဲဖြစ်သည်။ သူမသည် အစေခံတဦးသာဖြစ်ရာ ဝမ်ဖေး၏စကားအား မလိုက်နာ၍မရသလို၊ ဝမ်ဖေးနှင့်အပြိုင် ငြင်းခုံကာ ဝမ်ဖေး၏မျက်နှာပျက်အောင် လုပ်၍မသင့်ပေ။ သို့်သော် ထိုလူများ ထွက်သွားပြီးချိန်တွင်တော့...သူမ ပြောစရာရှိသည်များအား ပြောဖြစ်အောင်တော့ ပြောရမည်ဖြစ်သည်။ ထိုသည်မှာ ဝမ်ရယ်မှ သူမအား ဤနေရာသို့ ခေါ်လာခဲ့ရသည့်ရည်ရွယ်ချက် ဖြစ်သလို သူမ၏တာဝန်ဝတ္တရားပင် ဖြစ်သောကြောင့်ပင်။

"မောမော့...ကျွန်တော် နောက်တခါကျရင် သေချာ ဂရုစိုက်ပါ့မယ်...ဒီတခေါက်က...ကျွန်တော်.....ဒီနေ့က ဒီလိုပဲ စိတ်နည်းနည်း မကြည်ဘဲ နေလို့သိပ်မကောင်းလို့ပါ...ကျွန်တော် သူတို့ကို ကျွန်တော်ရှေ့မှာ ရုတ်ရုတ်နဲ့ မမြင်ချင်လို့ပါ...ဒါ့ကြောင့်မို့လို့ သူတို့ကို ဒီအတိုင်း သွားခိုင်းလိုက်တာပါ..."

"အဲ့ဒါဆိုရင်လဲ ဝမ်ဖေး အရင်ဆုံး ကောင်းကောင်း အနားယူလိုက်ပါဦး...မနက်ဖြန်မှ ကျွန်တော်မျိုးမလာပြီး ကိုယ်လုပ်တော်တွေနဲ့ပတ်သက်တဲ့ စည်းကမ်း စည်းမျဉ်းတွေအကြောင်း ဝမ်ဖေးကို ပြောပြပါတော့မယ်..."

“ကောင်းပါပြီ...”

*(T/N: ရှီချန်အန်းတယောက် ဘာတွေ စိတ်မကြည်တယ် သိကြတယ်မလား...။)

ဖန်းမောမော့ ပြန်သွားသည်နှင့် ယားထိုများသည် ရှီချန်အန်းအတွက် မနက်စာပြင်ဆင်ပေးလေတော့သည်။ ရှီချန်အန်းသည် ရှောင်းချင်းယန့် ရောက်လာလိမ့်မည်ဟု ထင်မထားသလို သူ့အား စောင့်နေဖို့လည်း မစဉ်းစားမိပေ။ ထို့ကြောင့် ရှောင်းချင်းယန့် ရောက်လာချိန်တွင်တော့ သူက မနက်စာ စစားနေနှင့်ပြီဖြစ်သည်။

“ဝမ်ရယ် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ...”

“မနက်စာစားမလို့...”

ရှောင်းချင်းယန့်မှ ဘာမှမထူးဆန်းသလို ပြောလာခဲ့ချိန်တွင်တော့...သူ့အား ဘယ်လိုပြန်ပြောရမည်မှန်း ရှီချန်အန်း မသိတော့။ ထို့ကြောင့် အနီးတွင် စောင့်ဆိုင်းနေသောယားထိုများအား ရှောင်းချင်းယန့်အတွက်ပါ မနက်စာ ပြင်ဆင်ခိုင်းလိုက်တော့သည်။ ထိုနောက်တွင်တော့ သူလည်း မိမိဘာသာ မနက်စာ စတင်စားသောက်လေတော့သည်။

စကားမပြော တိတ်ဆိတ်စွာပင် ခေါင်းငုံ့၍ ထမင်းစားနေလိုက်သည်။ ထိုတိတ်ဆိတ်မှုက အချိန်အတော်ကြာသွားချိန်တွင်တော့...ရှီချန်အန်းကပင် စ၍ မနေ့ညက နန်းတော်တွင်း၌ ဖြစ်ပျက်ခဲ့သည့်ကိစ္စများအား ရှောင်းချင်းယန့်အား ပြောပြဖို့ ပြင်လေတော့သည်။

"ဝမ်ရယ်...မနေ့က နန်းတော်ထဲမှာ ကိစ္စတချို့ ဖြစ်သွားခဲ့တာ........"

မနေ့ညက အဖြစ်အပျက်များအား ရှီချန်အန်းတယောက် အသေအချာ အထပ်ထပ်အခါခါ ပြန်လည်သုံးသပ်ပြီးနောက် ရှီချန်အန်းသည် သူ့တွင် ဘာအမှားမှမရှိဟု စဉ်းစားမိသည်။ သူဖက်မှစတင်၍ ပြဿနာရှာ၊ စကားစပြောခြင်းမဟုတ်သလို သူပြောခဲ့သည့်စကားများတွင် ဘာအမှားတခုမှ မပါဝင်ပေ။ မနေ့ညက ဖန်းမောမော့လည်း ပြောသွားခဲ့သေးသည်။ မနေ့ညက သူ၏လုပ်ဆောင်မှု မဆိုးဟူ၍ပင်...။

"အဲ့ဒီကိစ္စကို မင်း စိတ်ပူစရာမလိုဘူး...ပြီးတော့ အဲ့ဒါက မင်းကြောင့်ရော ချင်းယွဲ့ကြောင့်ရော မဟုတ်ဘူး...အဲ့ဒီယုံအန်းမြို့စားမိသားစုက ဘယ်လိုနေနေ အဲ့ဒီလိုပဲ အဆုံးသတ်ရမှာပဲ..."

ပြောရရင် အခုထက်တောင် အဖြစ်ဆိုးသွားနိုင်သေးတယ်...။ သူ၏ဖခမည်းတော်သည် ထင်ရာစိုင်းတတ်သည့် မင်းဆိုးမင်းညစ်တပါးမဟုတ်မှန်း ရှောင်းချင်းယန့် စိတ်ထဲတွင် နားလည်လက်ခံထားတာဖြစ်သည်။ ဒါဆို ဘယ်လိုဖြစ်ပြီး သူ့ရဲ့သားသမီးဖြစ်သူအပေါ်မှာ အမှတ်မထင်ပြောလိုက်မိတဲ့စကားတချို့ကြောင့်ဆိုပြီး အစဉ်အဆက် နိုင်ငံအကျိုးပြုလာခဲ့တဲ့ မိသားစုကြီးတခုကို ပြင်းထန်စွာ အပြစ်ပေးရတာလဲ...။ ဘာဖြစ်လို့လဲဆိုတော့...အဲ့ဒီယုံအန်းမြို့စားရဲ့ကံကြမ္မာကို သူ့ဖခမည်းတော်က အရင်ကတည်းက သတ်မှတ်ထားပြီးသားဖြစ်နေလို့ပဲ...။ ချင်းယွဲ့ကတော့ အဲ့ဒီအကြံအစည်အတွက် ဖခမည်းတော်ရဲ့ လုံလောက်တဲ့အကြောင်းပြချက်ဖြစ်သွားတာပေါ့...။

“…..ဟုတ်ကဲ့ပါ...ကျွန်တော် နားလည်ပါပြီ...”

ရှောင်းချင်းယန့်၏စကားတို့ကြောင့် နောက်ဆုံးတွင်တော့ ရှီချန်အန်း တယောက်တည်း ဝေခွဲမရဖြစ်နေခဲ့သည်များအား ရှင်းလင်းစွာ နားလည်သွားစေခဲ့သည်။ မနေ့ညကတည်းကပင် သူ၏စိတ်ထဲတွင် နားမလည်နိုင်မှု၊ သံသယဖြစ်နေမှုတို့ ရှိနေခဲ့တာပင်။ မင်းသမီးချင်းယွဲ့သည် ဧကရာဇ်၏ ချစ်မြတ်နိုးခြင်းခံရသည်မှာ မှန်သော်ငြားလည်း...မနေ့ညက ဧကရာဇ်မင်းကြီးမှ ယုံအန်းမြို့စားမိသားစုအပေါ်တွင် ချမှတ်သောအပြစ်ဒဏ်မှာ အပြစ်နှင့်ပင်မမျှ ကြီးလေးလွန်းလှသည်။ လတ်စသတ်တော့...မင်းသမီးချင်းယွဲ့ကြောင့်မှ မဟုတ်ဘဲကို...။ အရှင်မင်းကြီးက အစကတည်းက ယုံအန်းမြို့စားကို ရှင်းပစ်ဖို့ စဉ်းစားထားတာပဲ...။

ရှီချန်အန်းသည် လက်ရှိမိဖုရားခေါင်ကြီးနှင့် ယုံအန်းမြို့စားကတော်...အခုတော့ ယုံအန်းမြို့စားငယ်ကတော်ကြားမှ ဆက်သွယ်မှုအား မသိသောကြောင့်သာ အများကြီး ဆက်စပ်မစဉ်းစားနိုင်တာပဲဖြစ်သည်။ သူ၏ဝမ်ဖေးမှ သူ့အားမပြောပြခင်ကပင် မနေ့ညမှအဖြစ်အပျက်တို့အား သူ့လူတို့မှ သူ့ထံ သတင်းပေးပို့ထားပြီးဖြစ်သဖြင့် ရှောင်းချင်းယန့်သည် အားလုံး သိထားပြီးဖြစ်သည်။ ထိုစဉ်ကတည်ကပင် ရှောင်းချင်းယန့်သည် ကိစ္စများအား ရှင်းလင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။ ပြီးတော့...သူ သူ့ဖခမည်းတော်၏စိတ်ကူးအတွေးများအား သဘောပေါက် ခန့်မှန်းသွားနိုင်ပြီဟုပင် ဆိုရပေမည်။

ထီးနန်းမွေဆက်ခံရန် အလားအလာအကောင်းဆုံးဖြစ်သောသူ့အား ဖယ်လိုက်ပါက ကျန်ရှိနေသေးသော ဆက်ခံသူများထဲတွင်...ချင်းယွီကလည်း ထီးနန်းအား စိတ်မဝင်စားသလို ထိုဆက်ခံသူစာရင်းထဲတွင်လည်း ထည့်သွင်းစဉ်းစားခံရမည်မဟုတ်ပေ။ သို့ဖြစ်ရာ...လစ်လပ်နေသော အိမ်ရှေ့စံနေရာအတွက် သင့်တော်သူမှာ ဒုတိယမင်းသားနှင့် ချင်းကျန်တို့သာ ကျန်တော့သည်။ ထိုအချိန်က ရှီယုံနျဉ်၏ ကိုယ်ကျင့်သိက္ခာပျက်ပြားသောအမှုတွဲဖြင့် ဒုတိယမင်းသားအား ထောက်ခံကြသည့်အုပ်စုမှ လူအတော်အများပင် ဆက်စပ်ထိခိုက်ထားသည်ပဲဖြစ်သည်။ ယခုလို မင်းသမီးချင်းယွဲ့၏လက်ချက်ဖြင့် ဖြစ်သွားခဲ့သောကိစ္စသည်... ဒုတိယမင်းသားအတွက်တော့ နောက်ထပ်သော ကျောထောက်နောက်ခံကောင်းတခု ဆုံးရှုံးလိုက်ရတော့တာပဲဖြစ်သည်။

ယုံအန်းမြို့စားဟူသည့်ဘွဲ့သည် မျိုးရိုးသုံးဆက်တိုင် ဆက်ခံလာခဲ့သည်ဖြစ်ရာ မြို့တော်တွင်ပင် မသေးလှသောအင်အားစုတစုဟုပင် ဆိုနိုင်လေသည်။ ယခုတော့ ထိုယုံအန်းမြို့စားအိမ်တော်ကြီးသည် လက်ရှိမိဖုရားခေါင်ကြီး၏ရှုဖွားညီမ ပြုလုပ်မိလိုက်သောအမှားတခုကြောင့် မိသားစုကြီးတစုလုံး ကံဆိုးမိုးမှောင်ကျကာ ဒုက္ခရောက်ရလေရာ...။ ယုံအန်းမြို့စားအိမ်တော်မှ လူအများသည် ထိုကိစ္စနှင့်ပတ်သက်၍ မြို့စားကတော်အပေါ်တွင် ဒေါသမထွက်၊ အငြိုးအတေးမထားပါဟု သူကတော့ လုံးဝ မထင်မိပေ။ ဖခမည်းတော်သည် ဉာဏ်ပညာကြီးမားလွန်းလှပေသည်။ ရှေ့လျောက်တွင် ယုံအန်းမြို့စားသည် ဒုတိယမင်းသားအား ဆက်လက်ကူညီထောက်ပံ့ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ...လက်ရှိတွင်တော့ နှစ်ဖက်စလုံး ဆုံးရှုံးမှုနှင့်ကြုံကာ ထိခိုက်နစ်နာသွားကြပြီဖြစ်သည်။ ကျင့်ဝမ်ဖက်တွင်တော့ မည်သည့်ထိခိုက်မှုမှ မရှိပေ။

ဖခမည်းတော်၏စိတ်ထဲမှာ ရွေးချယ်ထားတဲ့သူက...တကယ်ပဲ ကျင့်ဝမ်ကိုပဲ...။

ဒါလည်း ကောင်းတာပါပဲ...။ ဘာပဲဖြစ်ဖြစ် သူကလည်း အစောကြီးကတည်းက ဆုံးဖြတ်ပြီးသားပဲ...။ ကျင့်ဝမ် ထီးနန်းရဖို့ အားသွန်ခွန်စိုက်အားထုတ်ပေးသွားမယ်ဆိုတာ...။

ရှောင်းချင်းယန့် ခန့်မှန်းထားခဲ့သလိုပင်...။ မနေ့ညက ထိုယုံအန်းမြို့စားငယ်ကတော် လင်မျိုးနွယ် အိမ်တော်သို့ပြန်ရောက်ချိန်တွင် သူမ၏ခင်ပွန်းသည်၊ ယောက္ခမနှစ်ဦး အားလုံးတို့သည် သူမအား အပြစ်ပေးဆုံးမခြင်း မရှိပေ။ သို့သော် သူမအတွက်တော့...ထိုခင်ပွန်းသည်၏မိသားစုဖက်မှ တုံ့ပြန်မှုသည် သူမအား တခါတည်း ရိုက်နှက်အပြစ်ပေးလိုက်သည်ထက် အဆများစွာ သွေးပျက်ကြောက်လန့်ဖွယ်ကောင်းလှပေသည်။

ယောက္ခမနှစ်ဦးသည် သောကကြောင့် တခါတည်း အိပ်ရာထဲလဲသွားသလို...သူမ၏ခင်ပွန်းသည်ကလည်း သူမအား ဘာစကားတခွန်းမှ မပြောတော့ပေ။ ယုတ်စွအဆုံး ဆူပူဆဲဆိုခြင်းပင် မရှိချေ။ သူမ၏စိတ်ထဲတွင် စိုးရိမ်ကြောက်ရွံ့စိတ်များ အဆမတန်ကြီးထွားလာခဲ့ပြီး...နောက်တနေ့မနက်တွင်ပင် ယုံအန်းမြို့စားငယ်ကတော်သည် ချက်ချင်း နန်းတော်တွင်းသို့ဝင်ကာ လက်ရှိမိဖုရားခေါင်ကြီးအား ကူညီပေးပါရန် အသနားခံတောင်းဆိုလေတော့သည်။

"အစ်မကြီး...အစ်မကြီး ကျွန်မကို ကယ်မှဖြစ်မယ်...ကျွန်မ မနေ့က အဆင်ခြင်မဲ့လုပ်မိသွားတယ်...ကျွန်မ တကယ်ပဲ သူ့ကို မင်းသမီးမှန်း မသိခဲ့တာပါ...ပြီးတော့ ကျွန်မ ရှီချန်အန်းကို ပြဿနာသွားရှာတယ်ဆိုတာကလဲ...အစ်မကြီးအတွက် ဒေါသသွားဖြေပေးတာလေ..."

မိဖုရားခေါင်ကြီးအား တွေ့သည်နှင့်ချက်ချင်း ယုံအန်းမြို့စားငယ်ကတော်သည် မြေပေါ်သို့ တန်း၍ဒူးထောက်ချလိုက်ပြီး ဘာမှမပြောရသေးခင်မှာပင် သူမ၏ဦးခေါင်းနှင့် မြေပြင်သို့ အကြိမ်ကြိမ် ဦးတိုက်ကန်တော့လိုက်သည်။ ထို့်နောက်တွင်တော့ တဟီးဟီးငိုကြွေးပြောဆိုလေတော့သည်။

မိဖုရားခေါင်ကြီးသည် မနေ့ညကတည်းက တညလုံး စိုးရိမ်ပူပန်မှုတို့ကြောင့် ကောင်းစွာပင် မအိပ်ရသေးပေ။ ကျိုးကွေ့ဖေး၏ ကျေနပ်အားရမှုတို့ဖြင့် မော်ချီနေမည့်မျက်နှာထားအား တွေးကြည့်လိုက်ယုံဖြင့် သူမ အအိပ်အစားပျက်ရလေသည်။

"နင် ဦးနှောက်မရှိတဲ့မိန်းမ...ငယ်ငယ်ကတည်းက စဉ်းစားဉာဏ်မရှိတဲ့အပြင် ဝက်တကောင်လို တုံးအသေးတယ်...တချိန်လုံး မိသားစုအပေါ်မှာ ဘယ်လိုပြဿနာတွေတက်အောင် လုပ်ရမလဲပဲသိခဲ့တာ...အခုတော့...နင်က ကိုယ်တိုင်ကိုယ်ကျ ပြဿနာရှာလာယုံသာမက နင့်မိသားစုနဲ့ ဒုတိယမင်းသားအထိပါ ပြဿနာထဲ ဆွဲထည့်လိုက်သေးတယ်..."

မိဖုရားခေါင်ကြီးသည် အမြဲတစေ သူမ၏သားတော် အနာဂတ်ကောင်းမွန်ဖို့သာ တွေးတောကြံစည်နေသူဖြစ်သည်။ ဤနန်းတော်ထဲတွင် အဆင့်နိမ့်သည့် ကိုယ်လုပ်တော်၊ မိဖုရားငယ်များသာ 'သားဖြစ်သူ အဆင့်မြင့်မားထူးချွန်လေ မိခင်ဖြစ်သူပါ ဂုဏ်သရေကြီးမြင့်လေ'ဆိုသလို သားတော်များအား အားကိုးပြုကြရသည်။ သို့သော် အဆင့်မြင့် ကိုယ်လုပ်တော်၊ မိဖုရားများအတွက်မူ ထိုသည်နှင့် လုံးဝ ပြောင်းပြန်ပင်။ အကယ်၍ သူမသာ အရှင်မင်းကြီးထံမှ မျက်နှာသာပေးခြင်းမခံရတော့ပါက သူမ၏သားတော် ဒုတိယမင်းသားသည် လူတွေရှေ့ ဘယ်လိုရပ်တည်သွားရမှာလဲ...။ လွှတ်တော်ထဲက မျက်နှာနှစ်မျိုးနှင့် လေယူရာတိမ်းကြသည့် မှူးမတ်တွေကရော သူတို့စိတ်ထဲမှာ ဒုတိယမင်းသားအပေါ် ဘယ်လိုအတွေးတွေ ရှိနေကြပြီလဲ မသိဘူး...။

တညလုံး မအိပ်ရသေးသော မိဖုရားခေါင်ကြီးသည် ခေါင်းအုံခဲနေသလို စိတ်ကြည်လင်မှုလဲ မရှိပေ။ ထိုမြေပေါ်တွင် ဒူးထောက်နေသည့်သူအား မြင်ရချိန်တွင်တော့ သူမ၏ဒေါသတို့သည် ထိန်းမရတော့သလို အရှိန်ပြင်းပြင်း ပိုတောက်လောင်လာတော့သည်။ ထို့ကြောင့် သူမသည် ဒေါသတို့ဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။

"ပန်ကုန်းက မင်းကို အပြစ်မပေးဘဲ နေမလို့ပဲ...ဒါပေမယ့် မင်းက ကိုယ့်ဘာသာ တံခါးဝရှေ့ကို ရောက်လာတာဆိုတော့လဲ.....လာကြစမ်း...ဟောဒီ မင်းသမီးအပေါ်မှာ အဆင်အခြင်မဲ့ အပြစ်လုပ်ထားတဲ့ ယုံအန်းမြို့စားငယ်ကတော်ကို လာဆွဲထုတ်သွားကြစမ်း...သူ့ကို အချက်၂၀ ပါးရိုက်ဒဏ်ပေးလိုက်..ပြီးရင် နန်းတော်အပြင်ကို ဆွဲထုတ်ခိုင်းသွားလိုက်...နောက်တခါ ပန်ကုန်းရဲ့ အမိန့်မရှိဘဲ သူ့ကို ဟောဒီနန်းတော်ထဲကို ခြေတလှမ်းတောင် ခြေဦးမလှည့်ခိုင်းစေနဲ့..."

မိန်းမစိုးများမှ သူမအား ဆွဲထုတ်သွားပြီး ပါးပြင်ထက်တွင် ပူလောင်ပြင်းရှသောနာကျင်မှုအား ခံစားလိုက်ရမှသာ ယုံအန်းမြို့စားငယ်ကတော်သည် ကြောင်အနေရာမှ သတိပြန်ဝင်လာတော့သည်။ ခုနတုန်းက သူ နားကြားလွဲ၊အထင်မှားနေတာမဟုတ်ဘူး...။ မိဖုရားခေါင်ကြီးက တကယ်ပဲ သူ့ကိုရိုက်ခိုင်းဖို့ အမိန့်ပေးလိုက်တာပဲ...။ ပြီးတော့ သူနဲ့လဲ ဘာမှမပတ်သက်တော့သလို သူတို့ကြားက ဆက်ဆံရေးကို ဖြတ်ချပစ်လိုက်သေးတယ်...။

“ဘာလို့လဲ...ဘာဖြစ်လို့လဲ...”

သူမကတော့ လုံးဝ နားမလည်နိုင်တော့ဘူး...။ သူတို့က ညီအမအရင်းတွေလေ။* ပြီးတော့ တလှေထဲစီး တခရီးတည်းသွားနေကြတဲ့သူတွေ မဟုတ်ဘူးလား...။ နောက်ပြီး...ယုံအန်းမြို့စားအိမ်တော်က ဒုတိယမင်းသားကို ကျောထောက်နောက်ခံပေးထားတာလေ...မဟုတ်ဘူးလား...။ ဒါကို မိဖုရားခေါင်ကြီးက သူ့အပေါ်မှာ ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်ရတာလဲ...။

*(T/N: တကယ်တော့ အဖေတူ အမေကွဲ။ ဒါပေမယ့် အဲ့ဒါကလဲ ညီအမ၊မောင်နှမ အရင်းပဲခေါ်တာပဲမို့လို့။)

XXXXX

မနက်စာစားပြီးချိန်တွင် ရှီချန်အန်းသည် အစာကြေလမ်းလျှောက်ထွက်ရန် ပြင်လိုက်သည်။ အဲ့ဒီနောက်မှ...သူ အခု မြင်းစီးလေ့ကျင့်စရာမလိုတော့ကြောင်း သတိရလိုက်သည်။ သို့တိုင်အောင် သူကတော့ ဆက်ပြီး မြင်းစီးမြှားပစ်လေ့ကျင်ချင်သေး၊ သင်ကြားချင်သေးသည်။ ဘာပဲဖြစ်ဖြစ် လောကကြီးမှာ တတ်ထားလို့ အသုံးမဝင်ဘူးဆိုတဲ့ပညာ မရှိသေးဘူးမလား...။ သင်ထား၊တတ်ထားလို့ အကျိုးယုတ်စရာ ဘာတခုမှမရှိဘူးလေ...။

“သွားရအောင်...ပန်ဝမ်နဲ့ တနေရာကို လိုက်ခဲ့...”

ရှီချန်အန်း အစကတော့ ရှောင်းချင်းယန့်အား တိုင်ပင်ပြောကြည့်မလို့ပင်။ သူ ဝူရန်နှင့် ဝူယိတို့အား သွားရှာချင်သည့်အကြောင်း၊ ပြီးတော့ သူတို့ကို သူ့အတွက် နောက်ထပ်မြင်းငယ်တကောင် ရှာပေးဖို့ အကူအညီတောင်းချင်သည့်အကြောင်း၊ အဲ့ဒါနဲ့ တလက်စတည်း သူတို့ဆီမှ သူ အခြေခံကိုယ်ခံပညာသင်ယူလိုသည့်အကြောင်း၊ သူ့ခန္ဓာကိုယ်အား ဒီထက်ပိုပြီး ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်လိုသည့်အပြင်၊ နောက်ပိုင်း သူ၏ကျန်ရှိသောအချိန်များတွင်ပါ ထိုအပိုင်းတွင်သာ သူ အချိန်ပြည့်စိတ်နှစ်ကာ သင်ကြားလ့ကျင့်လိုပါသည့်အကြောင်း စသည်စသည်တို့ဖြစ်သည်။ သို့သော် သူ ဘာစကားမှ မစရသေးခင်တွင်ပင် ရှောင်းချင်းယန့်မှ ဘာကိစ္စရယ်ဟု မပြောဘဲ သူ့နောက်မှလိုက်ခဲ့ရန်သာပြောပြီး ရှေ့မှဦးဆောင်ထွက်သွားလေသည်။

ရှောင်းချင်းယန့်မှ သူ့အား ဘယ်ဆီခေါ်သွားနေမှန်း ရှီချန်အန်း မသိသော်လည်း သူ့အနေဖြင့် နောက်မှသာ အသာ ခေါင်းငုံ့၍လိုက်သွားယုံပင်။ သို့သော် သွားရင်းသွားရင်းနှင့်ပင် တစုံတခု ထူးဆန်းနေသလို ရှီချန်အန်း ခံစားလိုက်ရသည်။ ဒါက အိမ်တော် အနောက်ခြံဝန်းကိုသွားတဲ့လမ်း မဟုတ်လား...။ မဟုတ်မှလွဲရော... ရှောင်းချင်းယန့်က သူ့ကို မြင်းသွားစီးဖို့ ခေါ်လာတာလား...။

"ဝမ်ရယ်...ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ...”

“ရောက်ရင် သိလိမ့်မယ်...”

နောက်ဆုံးတော့ ရှီချန်အန်း မနေနိုင်တော့ဘဲ မေးလိုက်မိသည်။ သို့သော် ရှောင်းချင်းယန့်မှ သူ့အား ဘာတခုမှ တိတိကျကျ အဖြေပြန်မပေးလာခဲ့ပေ။ ရှောင်းချင်းယန့်မှ ပြန်မဖြေဘူးဆိုမှတော့ သူလည်း ဆက်မေးနေ၍မကောင်းပေ။ ဘာပဲဖြစ်ဖြစ် သူက အစကတည်းက အစာကြေလမ်းလျှောက်ထွက်ဖို့ ပြင်နေတာပဲမဟုတ်လား...။ အဲ့ဒီတော့လည်း...အခုဥစ္စာကို ရှောင်းချင်းယန့်က သူနဲ့အတူ လမ်းလျှောက်ထွက်ပေးတယ်လို့ပဲ မှတ်ထားလိုက်တာပေါ့...။

ဒါက အိမ်တော်ရဲ့ စစ်ရေးလေ့ကျင့်ကွင်း မဟုတ်ဘူးလား...။ အရင်နေ့များတုန်းကတော့ ရှီချန်အန်း ဒီနေရာအား နေ့တိုင်း လာဖြစ်ခဲ့သည်။ ရှောင်းချင်းယန့်က သူ့ကို ဒီနေရာခေါ်လာပြီး ဘာလုပ်မလို့လဲ...။

“ဒီနေရာမှာနေပြီး ပန်ဝမ်ကို စောင့်နေ...”

“ဟုတ်ကဲ့...”

"ငါ့ကို ဒီနေရာခေါ်လာပြီး ဘာလုပ်မလို့ပါလိမ့်...မဟုတ်မှလွဲရော...ငါ့ကို သိုင်းသင်ပေးဖို့ ခေါ်လာတာများလား..."

အဲ့ဒီအတွေး စိတ်ထဲရောက်လာသည်နှင့် ရှီချန်အန်းတယောက် ကိုယ့်ကိုယ်ကိုပင် ရယ်ချင်သွားမိသည်။ သူ ဘယ်လိုလုပ်ပြီး ကိုယ်ဖြစ်ချင်တာတွေပဲ လျှောက်တွေးနေတာလဲ...။ သူ ဘယ်တုန်းကမှ ရှောင်းချင်းယန့်ကိုသွားပြီး သူ ကိုယ်လက်ကြံ့ခိုင်ဖို့ အခြေခံသိုင်းပညာဖြစ်ဖြစ်၊ လေ့ကျင့်ခန်းတခုခုလောက် သင်ချင်ပါတယ်လို့ ပြောဖူးတာမျိုးမှ မရှိဘဲကို...။ သူက သူ့ဘာသာ နည်းနည်း ကျန်းကျန်းမာမာ၊ အားလေးဘာလေးပြည့်လာတော့မှ ဝူရန်ဝူယိတို့ကိုပဲ သူ့ကို အခြေခံကိုယ်ခံပညာသင်ပေးပါလို့ သွားပြောမလို့ပဲ။ တကယ်လို့ သူသာ ရှောင်းချင်းယန့်ကို သွားပြောရင် သူပဲ အဆူခံရယုံအပြင် ဘာမှဖြစ်မလာနိုင်ဘူးမလား...။

သူက ရှန်ဝမ်ဖေးလေ။ ဓားတချောင်းနဲ့ သိုင်းကစားနေရမှာက သူနဲ့ မသက်ဆိုင်တဲ့အလုပ် ဖြစ်နေတာကိုး...။

“ရပ်…*”

အနောက်ဘက်မှ မြင်းခွာသံကြားလိုက်ရသဖြင့် ရှီချန်အန်း လှည့်ကြည့်မိလိုက်သည်။ သူ တွေ့လိုက်တာက...ရှောင်းချင်းယန့်က နှင်းပွင့်တွေလို ဆွတ်ဆွတ်ဖြူနေတဲ့မြင်းဖြူကြီးကို စီးပြီး သူဆီ တည့်တည့်မတ်မတ်လာနေတာပင်...။

“တက်ခဲ့...”

“ဟင်...”

“ဘာတွေ ကြောင်ကြည့်နေတာလဲ...လာ...တက်ခဲ့...”

မျက်စိတမှိတ်အတွင်းမှာပင် ရှောင်းချင်းယန့်သည် သူနှင့် အနီးဆုံးနေရာသို့ ရောက်လာခဲ့သည်။ သူဆီသို့ ကမ်းပေးလာခဲ့သည့်လက်ကိုကြည့်ရင်း...ရှောင်းချင်းယန့် ဘာကိုဆိုလိုတယ်ဆိုတာကို သဘောပေါက်သွားခဲ့သည့်ရှီချန်အန်းသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိတော့ဘဲ...သူ၏လက်ကို ထိုကမ်းပေးလာသည့်လက်ဆီသို့ ဆန့်ထုတ်ကာ မြဲမြဲဆုပ်ကိုင်လိုက်သည်။

ရှောင်းချင်းယန့်၏လက်အား ခိုင်မြဲစွာဆုပ်ကိုင်ပြီး...ထိုလက်မှတဆင့် အားယူကာ ရှီချန်အန်းသည်လည်း မြင်းပေါ်သို့ တက်လိုက်သည်။

“ကျာ့..ကျာ့…*”

*(T/N: တရုတ်ကားတွေထဲမှာ မြင်းစီးရင် အော်တဲ့အသံ။😂
မြန်မာလို ဘယ်လိုပြောလဲ မသိဘူး။ သိတဲ့သူ ပြောပြသွားပေးပါ။ please!🙏)

ရှောင်းချင်းယန့်မှ မြင်းအား အရှိန်တင်ကာ ဒုန်းစိုင်းစီးလိုက်သည့်အချိန်တွင်တော့ ရှီချန်အန်းသည် သတိလက်လွတ်ဖြင့် မြင်းကုန်းနှီးအား ညှပ်ထိုင်ကာ မြင်းဇက်ကြိုးအား လှမ်းဆွဲလိုက်သည်။ သို့သော် သူ သတိပြန်ဝင်လာချိန်တွင်တော့... သူ၏လက်နှစ်ဖက်မှ မြဲမြံစွာ ဆုပ်ကိုင်ထားမိသည်က ရှောင်းချင်းယန့်၏အင်္ကျီစသာဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူ၏အောက်တွင် ဘာမြင်းကုန်းနှီးမှ မရှိသလို လက်ထဲတွင်လည်း မည်သည့်မြင်းဇက်ကြိုးကိုမှ ဆုပ်ကိုင်ထားခြင်းမရှိပေ။ သူသာ မြင်းပေါ်မှ ပြုတ်မကျစေရန်၊ သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းထားလိုပါက...သူ ဆုပ်ကိုင်ဖက်တွယ်ထားနိုင်သည့် တခုတည်းသောအရာမှာ သူ၏ရှေ့တွင်ရှိနေသော ရှောင်းချင်းယန့်သာ ဖြစ်သည်။

သူ ဖက်တွယ်၊ဆုပ်ကိုင်ထားနိုင်မည့် တဦးတည်းသော သူ.....။

သူ၏ရှေ့တွင်ရှိနေသော အရပ်မြင့်မား၊ထွားကျိုင်းပြီး အရှိန်အဝါအပြည့်နှင့်သောသူအားကြည့်ရင်း ရှီချန်အန်း သူ့ဘာသာ တယောက်တည်း အတွေးလွန်နေမိသည်။ သေချာပေါက် ရှောင်းချင်းယန့်ကတော့ သိမှာမဟုတ်ပေမယ့်...တကယ်တော့ သူတို့ မင်္ဂလာမဆောင်ရသေးခင်ကတည်းကပင် သူနှင့် ရှောင်းချင်းယန့် ဆုံဖူးပြီးသားဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း တော်ဝင်မိသားစုသည် ဆောင်းရာသီအမဲလိုက်ပွဲ ကျင်းပဆင်နွှဲလေ့ရှိသည်။ သူ ရှီအိမ်တော်မှ ထွက်လာရ၍ မြို့တော်အပြင်ဘက်မှ ရွာငယ်လေးတခုတွင် သုံးနှစ် အကျယ်ချုပ်သဘောမျိုး နေခဲ့သည်။ ထိုရွာငယ်လေးသည် အမဲလိုက်ပွဲကျင်းပရာကွင်းပြင်ရှိရာသို့သွားသည့်လမ်းတွင် မဖြစ်မနေဖြတ်သွားရသည့်နေရာတခုပင် ဖြစ်သည်။

ပထဆုံးနှစ်တွင် သူ အဝေးမှသာ လှမ်းမြင်ရသည့် သစ်လွင်တောက်ပသော အဝတ်အစားနှင့် သန်မာထွားကျိုင်းသောမြင်းကြီးပေါ်မှ နုငယ်ပျိုမြစ်သည့်လူငယ်လေးတဦး...။ ထိုမြင်ကွင်းသည် သူ့အတွက်တော့ ဘယ်လိုမှကြည့်မဝနိုင်သည့် အားကျစရာမြင်ကွင်းတခုပင်။ နောက်တနှစ်...ထိုသို့သော အမဲလိုက်ကွင်းပြင်သို့ ချီတက်ကြသောနေ့တနေ့တွင်...ရှည်လျားများပြားလှသည့်လူစုလူတန်းကြီးအား တခါပြန်တွေ့ရပြန်သည်။ တော်ဝင်မိသားစု စုဝေးချီတက်လာသည့်အတန်းနားတွင်တော့ သူ မနှစ်ကတွေ့လိုက်ရသည့် လူငယ်လေးအား ထပ်မံမြင်လိုက်ရသည်။ မနှစ်က ငယ်ရွယ်ပျိုမြစ်သော လူငယ်လေးသည် စစ်ဝတ်တန်ဆာများဖြင့် ခန့်ထည်ကာ တက်ကြွရဲရင့်မှုအပြည့်နှင့်သော လူငယ်တဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီပဲဖြစ်သည်။ ထိုနှစ်ကသည်ပဲ သူတို့နှစ်ဦး မတော်တဆ ဆုံတွေ့ခဲ့ကြပြီး ထိုလူငယ်လေးထံမှ အမှတ်တရဟုပဲဆိုရမည့်ပစ္စည်းတခုအား သူ လက်ခံရရှိခဲ့တာပဲဖြစ်သည်။

ထိုနှစ်က သူ ဆိုးဆိုးရွားရွား အအေးမိရာမှ ရောဂါပြင်းထန်လွန်းလှသဖြင့် ရက်အတော်ကြာသည့်တိုင် အိပ်ရာမှပင် မထနိုင်လောက်အောင်ပင်။ ဆေးဝယ်ရန်ကလည်း သူရော၊ မောမော့တို့ထံတွင် ငွေစဟူ၍ တပြားမှပင် မရှိပေ။ သူ အရင်တခါက ဖတ်ဖူးခဲ့သည့်ဆေးစာအုပ်တအုပ်အား ပြန်စဉ်းစားမိရင်း... ထိုစာအုပ်ထဲတွင် ချောင်းဆိုးပျောက်စေသည့် ဆေးပင်တမျိုးအား ဖော်ပြထားသည်ကို သူ အမှတ်ရမိလိုက်သည်။ ထို့ကြောင့် ထိုဆေးပင်အား တွေ့လိုတွေ့ငြား သူကိုယ်တိုင် တောထဲသို့ ဆေးမြစ်ရှာထွက်လာခဲ့လိုက်သည်။ ဘယ်သိနိုင်ပါ့မလဲ...။ အဲ့ဒီအချိန်မှာ သူ တချိန်လုံး လေးစားအားကျနေခဲ့သည့်သူနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခွင့်ရခဲ့လိမ့်မည်ဟု...။ သူနှင့် စကားအနည်းငယ် မေးမြန်းပြောဆိုပြီးနောက် သူ၏အခြေအနေအား ထိုလူငယ်လေး နားလည်သွားခဲ့သည်။ ဖြစ်နိုင်တာက ထိုလူငယ်လေး၏ကိုယ်ပေါ်တွင် ငွေစအပိုဆောင်မလာသောကြောင့်ပင် ဖြစ်မည်။ ထိုလူငယ်လေးသည် သူ၏ကိုယ်ပေါ်တွင်ချိတ်ဆွဲထားသော ကျောက်စိမ်းအဆောင်ပြားလေးအား ချက်ချင်းဖြုတ်၍ ပေးခဲ့သည်။

'ဟောဒီကျောက်စိမ်းအဆောင်ကို ယူသွားပြီး သွားပေါင်လိုက်...မင်း ဆေးဝယ်ဖို့အတွက်တော့ လုံလောက်မှာပါ...'

ထိုနေ့က ထိုလူငယ်လေး ပြောသွားခဲ့သည့်စကားတို့အား ရှီချန်အန်း တလုံးမကျန် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

ထိုကျောက်စိမ်းပြားအား နောက်ဆုံးအချိန်ထိတိုင် သူ မပေါင်ဖြစ်ခဲ့။ သူ ကံကောင်းသည်ဟုပဲ ဆိုရမည်။ သူ ရှာနေခဲ့သော ဆေးပင်အား ရှာတွေ့ခဲ့သည့်အပြင် ထိုဆေးပင်သည် သူ့အပေါ်တွင်တော့ အကျိုးသက်ရောက်မှု အာနိသင်ရှိသည်ဟုပဲ ပြောရမည်။ ထိုဆေးပင်အား ကျိုချက်၍ သူ အကြိမ်အတော်အများ သောက်ပြီးချိန်တွင်တော့ သူလည်း တဖြည်းဖြည်း နေပြန်ကောင်းလာကာ ရောဂါမှ သက်သာလာခဲ့သည်။

ထိုအချိန်တုန်းက ထိုလူငယ်လေး၏အဆင့်အတန်းသည် မင်းသားတပါးဖြစ်နေလိမ့်မည်ဟု ရှီချန်အန်း ထင်မထားမိခဲ့။ သူ ထင်ထားသည်က ထိုလူငယ်လေးသည် အင်မတန်မှ မျိုးရိုးမြင့်၊ မြင့်မြတ်လှသည့် တော်ဝင်မိသားစုတခုမှ သခင်လေးတဦးသာ ဖြစ်လိမ့်မည်ဟုသာ။ ဘာပဲပြောပြော သူ့စိတ်ထဲတွင် အနည်းငယ်တော့ နောင်တရ၊ မချင့်မရဲဖြစ်မိသည်သာ။ အကယ်၍ သူ၏ဖခင်သာ စိတ်ထားမှန်ခဲ့မည်ဆိုရင်၊ တွေဝေဘက်လိုက်ခြင်းမရှိခဲ့ဘူးဆိုရင် သူသည်လည်းပဲ ယခုလိုအခြေအနေမျိုး ရောက်ခဲ့ရမည်မဟုတ်ပေ။ သို့ဆိုပါက...သူသည် နန်းတွင်းညီလာခံအား တက်ရောက်ခွင့်ရှိသည့်အခွင့်အရေးရရှိနိုင်သေးပြီး ထိုလူငယ်လေးနှင့်လည်း ပြန်လည်ဆုံတွေ့နိုင်သေးသည်။ နှစ်ဦးသား သေရည်ခွက်အား ကိုင်မြှောက်ကမ်းပေးရင်း နိုင်ငံ့အရေး၊ မင်းမှုထမ်းရေးရာအဖြာဖြာအား ပြောဆိုဆွေးနွေးခွင့် ရနိုင်လောက်မည်လားဟု သူ အကြိမ်ကြိမ် တွေးတောစိတ်ကူးယဉ်မိသည်။ ထိုအချိန်တုန်းကတော့...သူနှင့် ထိုလူငယ်လေးကြားတွင် ယခုလိုနေ့ရက်မျိုးရောက်လာလိမ့်မည်ဟု သူ တကယ်ပဲ မတွေးထားမိခဲ့တာ အမှန်ပင်။

အကြင်လင်မယား...။ အိမ်ထောင်ဖက်...။ မမျှော်လင့်ဘဲ သူတို့နှစ်ဦးကြားတွင် ထိုသို့ယုတ္တိမတန်၊ လူအများ လှောင်ပြောင်ကြမည့် ဆက်ဆံရေးတခုရှိလာခဲ့သည်။ ရှောင်းချင်းယန့်သည် တာ့ရှောင်းပြည်ကြီး၏ ဂုဏ်သိက္ခာအကြီးမြတ်ဆုံး၊ အရည်အချင်းအရှိဆုံးသော မင်းသားတပါးဖြစ်သည်။ သို့သော် သူနှင့်လက်ထပ်လိုက်ရသဖြင့် ရှောင်းချင်းယန့်၏ ထီးနန်းဆက်ခံရမည့်အခွင့်အရေး ဆုံးရှုံးသွားရသည်။ သူသည်လည်းပဲ ထိုလက်ထပ်လိုက်ရခြင်းကြောင့် သူ၏မိခင် မဆုံးပါးသွားခင်က သူ့အပေါ်တွင် ထားရှိခဲ့သည့်မျှော်လင့်ချက်အား မဖြည့်ဆည်းပေးနိုင်တော့ပေ။

ဒါပေမယ့်...ဒါပေမယ့် ဘာတွေဘယ်လိုပဲဖြစ်ဖြစ်၊ ဘာလိုပဲဆိုဆို...ရှီချန်အန်း တခုတော့ သေချာသိသည်။ သူ့အတွက်တော့ ရှောင်းချင်းယန့်သည် ရင်ထဲက အရေးပါဆုံးသော၊ တုနှိုင်းမရသည့်သူပင်။ သူ သိပါတယ်။ သူ ဒီလိုတွေးနေမိတာ နည်းနည်းတော့ ရယ်စရာကောင်းနေပေမယ့်လို့...။ ဒါပေမယ့် အနာဂတ်မှာ သူသာ ရှောင်းချင်းယန့်အတွက် အကူအညီဖြစ်နိုင်မယ်၊ သူ ကူညီပေးနိုင်မယ့်အရာတခုရှိလာမယ်ဆိုရင်...သူ့ရဲ့အသက်ကိုတောင် စတေးပစ်ရမယ့်ကိစ္စဖြစ်နေဦးတော့ သူ နည်းနည်းလေးမှ နှောင့်နှေးတုံ့ဆိုင်းနေမှာ မဟုတ်ဘူး။

ရှောင်းချင်းယန့်သာ မရှိဘူးဆိုရင် သူ ဘယ်လိုမှ သူ့မိခင်အတွက် လက်တုံ့ပြန်ပေးနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါအပြင် အဲ့ဒီအချိန်ကနေ သိပ်မကြာခင်လောက်မှာပဲ ဘာမှမရှိတဲ့ယာတောခြံငယ်လေးထဲမှာပဲ နေနေရရင်း သူ့ဘဝဟာ မကျေလည်နိုင်တဲ့အမုန်းတရားတွေကိုပိုက်ရင်း အဆုံးသတ်သွားရမှာလေ...။

"ရပ်..."
စစ်ရေးလေ့ကျင့်ကွင်းအတွင်း အခေါက်ရေတော်တော်များများ ပတ်စီးပြီးသည့်နောက်တွင်တော့ ရှောင်းချင်းယန့်သည် မြင်းကို ရပ်လိုက်ပြီး သူကိုယ်တိုင်လည်း မြင်းပေါ်မှ ဆင်းလိုက်သည်။ သို့သော် ရှီချန်အန်းကိုတော့ မြင်းပေါ်မှဆင်းခိုင်းရန် စိတ်ကူးမရှိသည့်ပုံပင်။ ထိုအစား မြင်းဇက်ကြိုးအားဆွဲကာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေရင်း မြင်းပေါ်တွင်ထိုင်နေသည့် ရှီချန်အန်းအား မေးလိုက်သည်။

"ဟောဒီမြင်း...ဘယ်လိုနေလဲ...သဘောကျလား..."

“အင်း...သဘောကျတယ်...”

သူ မြင်းအကြောင်း ဘာမှမသိဘူးဆိုရင်တောင်မှ ဒီမြင်းသည် မျိုးကောင်းမျိုးသန့်ဖြစ်ရမည်ဆိုတာကတော့ ရှီချန်အန်း သိပါသေးသည်။ မြင်းကောင်းမြင်းသန့်ဖြစ်ပြီး သန်မာထွားကျိုင်းတယ်။ ခန္ဓာကိုယ်အချိုးအစားကျကာ မြင့်မားပြီး ခြေတံလက်တံအားလုံး ကောင်းကောင်းဖွံ့ဖြိုးပြီး ထွားကျိုင်းသန်မာတယ်။ အရောင်ကလဲ တွေ့ရခဲတဲ့ နှင်းပွင့်တွေလိုဆွတ်ဆွတ်ဖြူနေတဲ့ အဖြူရောင်။ ဒီမြင်းက တကယ့်ကိုပဲ...ခန့်ညားကြည့်ကောင်းလိုက်တာ...။ ရှောင်း.....ရှောင်းချင်းယန့်အတိုင်းပဲ...။

"အဲ့ဒါဆို ကောင်းပြီ...ဒီနေ့ကစပြီး မင်းက သူ့သခင်ပဲ...မင်း သူ့ကို နာမည်ပေးလိုက်ပါလား..."

ထိုမြင်းဖြူသည် မြင့်မားထွားကျိုင်းလှသော်လည်း စင်စစ်တော့ အသက်နှစ်နှစ်ပင် မပြည့်သေးပေ။ ထိုမြင်းသည် ရှောင်းချင်းယန့် စီးနေကျမြင်းမှ ပေါက်ဖွားလာတာဖြစ်ပြီး အမြင်အားဖြင့်လည်း ခန့်ထည်ထွားကျိုင်းသလို သက်လုံနှင့် အမြန်နှုန်းမှာလည်း ပထမတန်းစားပင် ဖြစ်သည်။

သူ ဒီလောက် ရှင်းရှင်းလင်းလင်း ပြောပြီးသွားတာတောင်မှ အခုထိ 'ဘာပြောသွားတယ်ဆိုတာ နားမလည်နိုင်သေးပါ'ဟူသော ရှီချန်အန်း၏ပုံစံကြောင့်...ရှောင်းချင်းယန့်သည် မနေ့ညက မရိုက်ဖြစ်လိုက်ရသော ခေါင်းပေါ်သို့ ယခုအကြိမ်တွင်တော့ တုံ့ဆိုင်းခြင်းမရှိ တချက် လက်ဖြင့်ပုတ်လိုက်သည်။

ဒီလူက တကယ်ပဲ ကျယ်ယွမ်နဲ့ဟွေ့ယွမ်ကို ပထမအဆင့်နဲ့အောင်မြင်ထားတဲ့သူလား...။ ဘာဖြစ်လို့ သူ့ကြည့်ရတာ အဲ့ဒီလောက်ဉာဏ်ကောင်းတဲ့ပုံ မပေါ်ရတာပါလိမ့်...။

"ကျွန်တော့ကို ပေးမယ်.....တကယ် ကျွန်တော့အတွက်လား..."

ဒါပေါ့...။ရှီချန်အန်းတယောက် ပြောနေစရာမလိုအောင်ကို ပျော်သွားတာပင်။ သို့ပေမယ့်လည်း သူ အဲ့ဒီလောက်ထိ ယုံကြည်မှုမရှိသေးပေ။ တကယ်ကြီး ရှောင်းချင်းယန့်က သူကိုယ်တိုင် ဟောဒီလိုမြင်းကောင်းမြင်းသန့်တကောင်ကို ရှာလာပြီး သူ့ကို(XCA) တကယ်ပေးတာလား...။ အိမ်မက်မဟုတ်ပါဘူးနော်...။

"ပြောထားတယ်မလား...ပန်ဝမ် မင်းအတွက် ပိုကောင်းတဲ့ မြင်းကောင်းတကောင် အသစ်ရှာပြီး ပေးမယ်လို့...ဘာလဲ...မင်းက ပန်ဝမ်ကို စကားအဖြစ်ပဲပြောတတ်တဲ့သူလို့ ထင်နေတာလား..."

"မဟုတ်ပါဘူး...ကျွန်တော်က ဒီအတိုင်းပဲ.....ဟုတ်သား...ဒါနဲ့ အရှင်မင်းသားကိုယ်ပေါ်ကဒဏ်ရာတွေရော...အခုထိ နာနေသေးလား..."

နန်းတွင်းညစာစားပွဲကိုတောင် မတက်နိုင်တာ...။ ဒါပေမယ့် ခုနက သူတို့ မြင်းပတ်စီးနေတုန်းကကြည့်ရတာတော့...ဘာဆိုဘာမှ မဖြစ်တော့တဲ့ပုံစံပဲ...။

".....အင်း...ပန်ဝမ်က နဂိုကတည်းက ကျန်းမာပြီးသား...ဒီလောက်ဒဏ်ရာလေးကတော့ အသေးအမွှားပဲ..."

တကယ်လို့ သူသာ ဒဏ်ရာ အပြင်းအထန်မရထားဘူးဆိုရင် ဘယ်လိုလုပ်ပြီး တခြားသူကို သရုပ်ဆောင်နိုင်မယ့်လမ်းဖွင့်ပေးလို့ရမှာလဲ...။ သူ့ရှေ့မှလူအား ဘယ်လိုနားလည်အောင် ရှင်းပြရမှန်း ရှောင်းချင်းယန့် မသိတော့။ ဒီအတိုင်း သူ့ကျန်းမာရေးအခြေအနေအား နှစ်ခွန်း သုံးခွန်းလောက်သာ ဟိုဝေ့ဒီဝေ့ဖြင့် ခပ်တိုတို ရှင်းပြလိုက်သည်။ ရှီချန်အန်းသည် လက်ရှိအချိန်တွင် လူတကိုယ်လုံး ပျော်ရွှင်မှုထဲ နှစ်မြုပ်နေပြီဖြစ်ရာ...ရှောင်းချင်းယန့်တယောက် 'ဘာမှမဖြစ်ဘူး၊ ကောင်းသွားပြီ'ဟု သိလိုက်ရချိန်တွင်တော့ သူသည်လည်းပဲ ထိုကိစ္စအား အများကြီး ဆက်မတွေးဖြစ်တော့ပေ။

XXXXX

T/N: FINALLY! I can finish this chapter!
Sorry for the late update!😅

သိရင် ပြောကြပါဦး။ ယတြာလေး ဘာလေးချေရအောင်။ တကယ်ပါ။ အလုပ်လုပ်မယ်ကြံလိုက်ရင် ဘယ်တော့မှ မပြီးဘူး။ ဟိုကိစ္စ၊ဒီကိစ္စတွေ ပေါ်ပေါ်လာရော။ ဒီတပတ်လုံး ဒီတပိုင်းပဲ ရေးနေတာ။ အခုမှပဲ ပြီးတော့တာပဲ။

ပြောချင်တာလေး ရှိလို့။ ကြော်ငြာ။😁

ကိုယ် အခု ဒီချန်အန်းလေးအပြင် တခြားစာအုပ်နှစ်အုပ် စထားပါတယ်။ ဒီမှာတော့ လာမတင်ဖြစ်လောက်ဘူး။ အချိန်လေးရရင်၊ ဖတ်ချင်ရင် ဝင်ကြည့်ကြည့်ပါလို့။ 😊

1. The Male Wife
သူက ကိုယ့်Blogမှာ တင်ထားတာ။
https://amjtranslationbymiokimidori.blogspot.com/?m=1

2. Dousha Bao
သူက Flying Linesမှာ တင်ထားတာ။
https://m.flying-lines.com/nu/dousha-bao/c-1-chapter-1
(Or) https://www.novelupdates.com/series/dousha-bao/

3. ဒါက ဒီမှာတင်နေတဲ့'ကြင်ရာတော် ချန်အန်း'။

(မနိုင်ဘဲနဲ့ကို နောက်တအုပ်စဖို့ လုပ်နေတယ်။ အဲ့တအုပ်က English translationရော၊ Myanmar translationပါ လာမယ်။ 😎)

အပေါ်ကနှစ်ခုက English Translation။
ကိုယ့်ရဲ့ မတတ်တခေါက် English translationကို သည်းခံပေးနိုင်ရင် လာအားပေးကြပါနော်။

Flying Linesမှာ တင်ထားတာက Freeဆိုပေမယ့် အဆင်ပြေရင် giftလေးတွေ ပေးသွားလို့ရတယ်နော်။😁😘

နောက်ပြီး update schedule။

အကုန်လုံးက one chapter per weekပဲ။
ဒါပေမယ့် ၁၀လပိုင်းကျော်သွားရင်တော့ ဒီထက်ပိုပြီး updateနိုင်မယ် ထင်တာပဲ။

ပြောဖူးလားတော့ မသိပေမယ့် ကိုယ်က ချန်အန်းကို အမှန်တော့ မူရင်းတရုတ်ကနေ ပြန်နေတာပါ။ English translationကနေလို့ပြောလို့ရပေမယ့် သူ့ကို referenceလောက်၊ အကြမ်းကြည့်တာလောက်ပဲ ယူတာပါ။ အဲ့ဒါမို့လို့ ချန်အန်းကို ဘာသာပြန်တာက ကျန်တဲ့နှစ်အုပ်ထက် ပိုကြာပါတယ်။ နည်းနည်းလေး စိတ်ရှည်ပြီး စောင့်ပေးကြပါ။

အကုန်လုံးကို တပတ်ထဲမှာ ၁၊၂၊၃ အလှည့်ကျပြန်နေတာမို့်လို့ ချန်အန်းက  အရင်ကလောက်ကြီး မကြာနိုင်တော့ပါဘူး။

ဒီတပတ်ကျ အိမ်ပြန်ဖို့လုပ်နေတာရယ်၊ တခြားကိစ္စတွေ ပေါ်ပေါ်လာတာနဲ့မို့လို့ ကြာသွားတာ။ တကယ်။ တပတ်လုံး ဒီတပိုင်းပဲ။ တခြားဟာတွေကို မရေးဖြစ်ဘူး။😑
မနက်ဖြန်ဆို တခုက deadlineတောင်ရောက်နေပြီ။ ဘာမှမစရသေးဘူး။🤧

ကဲ။ ပြောချင်တာရော၊ ညည်းချင်တာရော၊ ကြော်ငြာတာရော အကုန်ပြီးသွားပြီ။
စာအရှည်ကြီးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

ချန်အန်းကိုတော့ ချန်အန်းနဲ့ချင်းယန့်မျက်နှာလေးထောက်ပြီး စိတ်လေးရသမျှရှည်ရှည်ထားပြီး စောင့်ပေးကြပါနော်။ 😁😘😘😘

Ok! Thanks for reading!
See you next week!
Have a sweet dream! Bye!

Continue Reading

You'll Also Like

2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.5M 68.5K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
1.4M 59.2K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...