ပန်းနု​ရောင်​အနားသတ်​ချစ်​ခြ...

By trollz22

25.6K 1.2K 30

G x G (OC) -Drama x Romance- About - Love and Hate,Family More

1(ZC)
1(UC)
2(UC)
3(ZC)
3(UC)
4(ZC)
4(UC)
5(ZC)
5(UC)
6(ZC)
6(UC)
7(ZC)
7(UC)
8(ZC)
8(UC)
9(ZC)
9(UC)
10(ZC)
10(UC)
11(ZC)
11(UC)
12(ZC)
12(UC)
13(ZC)
13(UC)
14(UC)
14(ZC)
15(UC)-End
15(ZC)-End

2(ZC)

798 32 0
By trollz22

- 2018 ခုနှစ်​ ဇန်​န၀ါရီလ၌ ဟိုတယ်​လုပ်​ငန်းစုများအကြား၌ နာမည်​ကြီး​နေသည်​ကား Life Line Hotel & Tourism Com.Ltd ၏ သတင်းအ​ကြောင်းအရာပင်​ တစ်​နိုင်​ငံလုံးကို ဖြန့်​ကျပ်​ပြီး လုပ်​ငန်းချဲ့ထွင်​​နေကာ Life Line အမည်​နှင့်​ ဟိုတယ်​ များစွာအပြင်​ အဓိကစား​သောက်​ဆိုင်​၂ဆိုင်​၏အုပ်​ချုပ်​မှုလုပ်​ငန်းများကို ပိုင်​ဆိုင်​သည့်​ အဓိကပိုင်​ရှင်​ ဦး​ဇေယျာလင်းမှာမူ ရုတ်​တရပ်​ နှလုံးအ​မော​ဖောက်​ကာ ​သေဆုံးသွားသဖြင့်​ သူ၏ပိုင်​ဆိုင်​မှုနှင့်​ ​ငွေ​ကြေးများသတင်းက ဟိုး​လေးတ​ကျော်​​ကျော်​ဖြစ်​​နေ​လေသည်​။

သူ၏ တစ်​ဦးတည်း​သောသမီးဖြစ်​သူမှာမူ ထိုသတင်းကြားကြားချင်း သူမ​ရောက်​​နေသည့်​ ဆွီဇလန်​မှ ချက်​ချင်းပင်​ပြန်​ချလာပြီး အ​ဖေဖြစ်​သူ၏ နာ​ရေးကို သူမကိုယ်​တိုင် အကိုဖြစ်​သူနှင့်​ အတူလုပ်​ကိုင်​​ဆောင်​ရွက်​​ရှာသည်​။ ထိုထဲမှာမှ ဦး​ဇေယျားလင်း ​ဆုံးပါးသွားမှုကို ၀မ်းနည်းသူများစွာထဲမှ ကိုယ်​နှင့်​မဆိုင်​သလို​နေကာ ဦး​ဇေယျာလင်း၏ ပိုင်​ဆိုင်​မှုများအား မျက်​​စောင်းထိုး​နေသူမှာ ဦး​ကျော်​​ဇေ ဖြစ်​သည်​ ပတ်​သက်​မှုအရ ညီဖြစ်​ပါ​သော်​လဲ ဦး​ဇေယျာလင်း၏ ​​သေဆုံးမှုကို ၀မ်းနည်းမှုမဖြစ်​​ချေ။

နာ​ရေးပြီးသွားကာမှ ဦး​ဇေယျာ​လင်း၏ ​သေတမ်းစာကိုဖတ်​​လေ​တော့ သမီးဖြစ်​သူထံသာ လုပ်​ပိုင်​ခွင့်​ အာဏာများအကုန်​လွဲအပ်​ထားခဲ့ပြီး ​မွေးစားသားဖြစ်​သူထံ​တော့ ​ငွေ​ကြေးအချို့သာ​ပေးအပ်​ခဲ့​လေသည်​ ဒါ့အပြင်​ မန္တ​လေးမှ ဟိုတယ်​တစ်​လုံးအား ညီဖြစ်​သူထံသို့​ပေးအပ်​ခဲ့​သော်​လဲ လုပ်​ပိုင်​ခွင့်​က သမီးဖြစ်​သူလက်​ထဲ၌သာ။

"ဒီကိစ္စကို ဦး​ဇေယျာလင်းက သူမဆုံးပါးခင်​ ပြုလုပ်​ခဲ့တဲ့အ​ကြောင်းအရာများဖြစ်​ပါတယ်​ ဒါကို သမီး ပန်း​သွေးခြယ်​ ဘက်​က ဘာများ​ပြောချင်​တာရှိပါ​သေးသလဲ"
"သမီး ဘက်​က​တော့ ဘားမှ​ပြောစရာမရှိပါဘူး တစ်​ချို့သူ​တွေကိုသာ​မေးလိုက်​ပါ ​ဖေ​ဖေဒီလိုလုပ်​တာကို လက်​ခံကျပါရဲ့လားလို့"

ခနဲ့သည့်​​လေသံဖြင့်​​ပြောလိုက်​သည်​ကို သူတို့စကားဝိုင်းတွင်​ နား​ထောင်​​နေသူအားလုံးသိပါသည်​ ယခုဆိုလျှင်​ ပန်း​သွေးခြယ်​က သူမအ​ဖေ၏​နေရာကိုဆက်​ခံလိုက်​ပြီး ​မွေးစားအကိုက​တော့ ဒုဥက္ကဋ္ဌရာထူးဖြင့်​သာ ဆက်​လက်​တာဝန်​ယူရမည်​ဖြစ်​သည်​ ထို့ပြင်​ ဦး​လေးဖြစ်​သူက​တော့ အမည်​ခံသူ​ဋ္ဌေးရာထူးဖြင့်​သာ မန္တ​လေးမှ ဟိုတယ်​ကိုဦး​ဆောင်​ရ​ပေမည်​။

"ကျွန်​​တော်​လဲ ကန့်​ကွက်​စရာမရှိပါဘူး ​ဖေ​ဖေ စီစဉ်​တာပဲ ကျွန်​​တော်​လက်​ခံရမှာ​ပေါ့"
"ဒါ​ပေါ့ အကိုကြီးစီစဉ်​တာပဲ ကျွန်​​တော်​တို့က ဘာလို့လက်​မခံရမှာလဲ တူမ​လေးအဆင်​မ​ပြေရင်​သာ​ပြောပါ ဒီကဦး​လေးကကူညီဖို့အဆင်​သင့်​ပါပဲ"
"သမီးကို အမှန်​တကယ်​ ကူညီ​စေချင်​တာဆိုရင်​ ဦး​လေး တာဝန်​ယူထားတဲ့​နေရာမှာသာ အမှားမရှိ​အောင်​​နေပါ သမီးအတွက်​စိတ်​ပူမ​နေပါနဲ့"
"ကဲဒါဆို ကိစ္စအားလုံးလဲ ပြီးပြီဖြစ်​တဲ့အတွက်​​ကြောင့်​ ပိုင်​ဆိုင်​ခွင့်​​တွေအတွက်​ ဦး​လေးနဲ့သမီး သီးသန့်​လက်​မှတ်​ထိုးစရာ​တွေရှိလို့ ဒီက သားထက်​​ကောင်းကင်​နဲ့ ဦး​ကျော်​​ဇေ ခဏ​လောက်​ ဒီအခန်းထဲက ထွက်​​ပေးလို့ ရမလားမသိဘူးဗျာ"

ရှေ့​နေဖြစ်​သူ၏ ပွင့်​လင်းစွာ​ပြောဆိုမှု​ကြောင့်​ ဦး​ကျော်​​ဇေ​ဘေး၌ထိုင်​​နေသည့်​ သူ၏ သားဖြစ်​သူက​တော့ ​ဒေါသထွက်​သွား​သော်​လဲ ပန်း​သွေးခြယ်​၏ စိတ်​ကိုသိသည့်​ဦး​ကျော်​​ဇေမှာမူ သူ၏သားကို​ဆွဲ​ခေါ်ထွက်​သွား​လေသည်​ ထို့ပြင်​ ထက်​​ကောင်းကင်​ မှာသည်​လဲ ​သူ၏​ဒေါသကိုအ​တော်​ပင်​​ဖြေ​လျော့ကာ ထို​နေရာမှ ထွက်​သွားခဲ့သည်​။ မလိုသည့်​သူများထွက်​ကာသွား​တော့မှ ​ရှေ့​နေဖြစ်​သူက ပန်း​သွေးခြယ်​အား ဦး​ဇေယျာလင်း၏ လက်​​ရေးမူတစ်​ခုအား သူမလက်​အတွင်းသို့ကိုယ်​တိုင်​ကိုယ်​ကျထည့်​​ပေး​လေသည်​။

"ဒါက သမီးအတွက်​ သမီး​ဖေ​ဖေ ​ပေးခဲ့တဲ့စာ ခုနတုန်းက ဦး​ပြောတယ်​ဆိုတာ သမီး​ဖေ​ဖေရဲ့ဆန္ဒအရ ဘယ်​သူ့ကိုမှမသိ​စေချင်​တဲ့အတွက်​ ဦး​ပြောလိုက်​တာပါ သမီးလဲ စိတ်​မရှိပါနဲ့ ဦးလဲအဲ့လို​ပြောလိုက်​တာ အားနာတယ်​ အခု သမီး လက်​ထဲကို ဒီလက်​​ရေးမူထည့်​​ပေးပြီးပြီဆို​တော့ ဦးရဲ့တာဝန်​​ကျေခဲ့ပြီ ဒါ​ကြောင့်​ ဦးကိုခွင့်​ပြုအုန်း"

"ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ဦး အခုလို ​ဖေ​ဖေ့ရဲ့ ကိစ္စအားလုံးကို အကူအညီ​ပေးတဲ့အတွက်​ ​နောက်​ပြီး သမီးအကူအညီလိုတဲ့အခါကျရင်​လဲ ကူညီ​ပေးဖို့ သမီးဘက်​က ​မေတ္တာရပ်​ခံပါရ​စေ။

"ရပါတယ်​ သမီးရယ်​ ဦးတို့က​ပြောရမဲ့သူ​တွေမှမဟုတ်​တာ သမီး​ဖေ​ဖေရဲ့ ​ကျေးဇူး​တွေလဲ ဦးအ​ပေါ်မှာအများကြီးပါ အခုလိုကူညီတာ သမီး​ဖေ​ဖေရဲ့​ကျေးဇူး​တွေကိုမယ်​ မမီ​သေးပါဘူး ဒါဖြင့်​ရင်​ ဦးကိုသွားခွင့်​ပြုအုန်း"

ရှေ့​နေပြန်​သွားသည့်​​နောက်​ ပန်း​သွေးခြယ်​ တစ်​​ယောက်​ထဲ ထို​နေရာ၌ပင်​ သူမ၏ဖခင်​​ပေးအပ်​ခဲ့သည့်​ စာရွက်​ကိုဖတ်​ကြည့်​မိ​တော့ သူမမထင်​ထားသည့်​အ​ကြောင်းအရာများစွာ သူမ​သိရှိလိုက်​ရသည်​ ထို့​ကြောင့်​ သူမဖခင်​ ဆန္ဒရှိသည့်​အ​လျောက်​ သူမလိုက်​​လျော​ပေးရန်​အ​ခြေအ​နေဖြစ်​ခဲ့ကာ ငို​နေမိခဲ့သည်​။

ပန်း​သွေးခြယ်​ သည်​မည်​သူနည်း။

ဦး​ဇေယျာလင်း၏ တစ်​ဦးတည်း​သောသမီး ထို့ပြင်​ ဖခင်​၏ ဆန္ဒအရ စီးပွား​ရေးဘွဲ့လွန်​များစွာရရှိခဲ့ပြီးဖြစ်​သည်​ ဖခင်​သက်​ရှိထင်​ရှားရှိ​နေစဉ်​အချိန်​ကထဲက ဖခင်​၏လုပ်​ငန်းများကို ၀င်​​ရောက်​လုပ်​ကိုင်​​နေပြီး အားထားရသည့်​သမီးတစ်​ဦးဖြစ်​သည့်​အ​လျောက်​ မိန်းခ​လေးဖြစ်​သည်​နှင့်​အမျှ ​ဝေဖန်​မှုများစွာကြားထဲမှ ကိုယ်​တိုင်​ကြိုးစားမှုဖြင့်​ ​နေရာတစ်​​နေရာအခိုင်​အမာ​ရ​အောင်​ကြိုးစားခဲ့သူပင်​။

သူမ၌ အကိုတစ်​ဦးရှိသည်​ ထိုသူမှာ သူမ၏ဖခင်​​ပြောပြချက်​အရ ​မွေးစားအကိုဟု ငယ်​စဉ်​ကထဲက သူမတို့နှင့်​အတူ​နေလာပြီး သူမကဲ့သို့ပင်​ ​တော်​၍ထက်​မြတ်​သူတစ်​ဦးဖြစ်​​လေ​သော်​လဲ သူမကဲ့သို့ ဖခင်​၏အ​ရေး​ပေးခြင်းမခံရသည့်​ လူငယ်​တစ်​ဦးဖြစ်​သည့်​အ​လျောက်​ ညီမဖြစ်​သူ ပန်း​သွေးခြယ်​အ​ပေါ် မနာလိုစိတ်​များရှိ​လေသည်​။

အ​နေအထိုင်​ သက်​ရပ်​​သော်​လဲ ပန်း​သွေးခြယ်​နှင့်​အမြဲလိုလိုပင်​ အတိုက်​အခံများကာ စကားများကျ​လေသည်​ ထိုသည်​ကား သူမ၏အကိုဖြစ်​သူ ထက်​​ကောင်းကင်​ပင်​။ ထို့ပြင်​ ဦး​ဇေယျာလင်း၌ ညီတစ်​​ယောက်​ရှိသည်​ ညီအရင်းမဟုတ်​​သော်​လဲ ညီတစ်​ဦးပမာ ချစ်​ခင်​​သော်​လဲ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ စိတ်​၀မ်းကွဲကာ အခန့်​မသင့်​သည့်​အချိန်​များလဲရှိသည်​။

အကိုဖြစ်​သူက စည်းစနစ်​ကြီး​သော်​လဲ အ​လောင်​အစားမတ်​သည့်​ ဦး​ကျော်​​ဇေ က​တော့ ​ယောက်ျားပီပီ မိန်းမရှုပ်​သည့်​အပြင်​ အ​သောက်​အစားလဲမကင်း​ပေ ထိုအတွက်​​ကြောင့်​ တက်​ရသည့်​ ပြဿနာများကို ထိုင်​ခံ​ဖြေရှင်းရသည့်​အပြင်​ တစ်​ခါတစ်​ရံ အသက်​​ဘေးနှင့်​လဲကြုံ​တွေ့ခဲ့ရ​ပေသည်​။

ဦး​ကျော်​​ဇေ၏ သားဖြစ်​သူ မိုးမာန်​ ဆိုသည်​လဲ အ​ဖေ့​သွေးပါသည်​ကဲ့သို့ပင်​ အ​ဖေ​ခြေရာနင်း​လေသည်​ အဆိုးဆုံးက မိန်းမရှုပ်​သည့်​ကိစ္စပင်​ ဒါ့အပြင်​ ညီမ​တော်​သည့်​ ပန်း​သွေးခြယ်​ကို တစ်​ခါတစ်​ရံ နှုတ်​ဖြင့်​ရီသဲ့သဲ့လုပ်​တက်​​သေးသည်​ သူသိသည်​ကား ပန်း​သွေးခြယ်​နှင့်​သူသည်​ စာချုပ်​အရသာအမျိုး​တော်​​သော်​လဲ ​သွေးချင်းအရ အမျိုးမ​တော်​​သော​ကြောင့်​ ပန်း​သွေးခြယ်​အား သူပိုင်​လျှင်​ ပန်း​သွေးခြယ်​၏ ပိုင်​ဆိုင်​သမျှ အရာအားလုံး သူပိုင်​နိုင်​မည်​ဖြစ်​​ကြောင်း ထို့​ကြောင့်​ အကြံကြီး​သော သားဖနှစ်​​ယောက်​မှာ တစ်​နည်းမဟုတ်​တစ်​နည်းဖြင့်​ ပန်း​သွေးခြယ်​အား အဆိုးနည်းဖြင့်​ဖြစ်​​စေ အလိမ်​မာနည်းဖြင့်​ဖြစ်​​စေ ချည်းကပ်​တက်​ကျ​သေးသည်​။

ပန်း​သွေးခြယ်​ဆိုသည်​မှာလဲ ပညာ​ရေး​တွင်​သာမက လူအကဲခတ်​မညံ့သည့်​အတွက်​ ထိုသားဖကို ​ရှောင်​နိုင်​သမျှ​ရှောင်​​နိုင်​​အောင်​ကြိုးစားသည်​။ တစ်​ခါတစ်​ရံ ထိတ်​တိုက်​​တွေ့မှာသာ မီးစဉ်​ကြည့်​ကရသည်​။ အပြင်​ပန်းအရ ကြီးကျယ်​ခန်းနားလှပါသည်​ဆို​သော မိသားစု၌လဲ အတွင်းဘက်​၌ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ မနာလိုစိတ်​များ အ​ကောက်​ကြံချင်​စိတ်​များရှိ​နေသည်​ကို ပန်း​သွေးခြယ်​တို့ မိသားစုက ထင်​ဟက်​ပြသ​နေ​လေသည်​။

×××

နာ​ရေးမှ ပြန်​​ရောက်​ကထဲက ​ပန်း​သွေးမှာ အိမ်​သို့သာတန်းပြန်​လာပြီး အ​ဖေဖြစ်​သူ၏ အခန်းထဲကိုဝင်​ကာ ဖခင်​အိပ်​စက်​ခဲ့သည့်​ အိပ်​ယာ​ပေါ်၌ အိပ်​စက်​​နေမိသည်​။

သူမအိပ်​​မောကျ​နေစဉ်​ အကိုဖြစ်​သူ ထက်​​ကောင်းကင်​ ပြန်​လည်​​ရောက်​ရှိလာပြီး ပန်း​သွေးကဲ့သို့ပင်​ ဖခင်​၏ အိပ်​ခန်းထဲသို့ဝင်​မည်​လုပ်​​တော့ အိပ်​ယာ​ပေါ်၌ ပန်း​သွေးကို​တွေ့သဖြင့်​ တံခါးကိုပြန်​လည်​​စေ့ထားခဲ့ကာ သူ၏ အခန်းထဲသို့သာသွား​လေသည်​။

အခန်းထဲ ပြန်​​ရောက်​​လေ​တော့ ၀တ်​ထားသည့်​ အ၀တ်​အစားများကိုလဲလည်​ကာ ​ရေချိုးခန်းထဲဝင်​ပြီး ​ရေပန်းဖွင့်​ကာ​ရေချိုး​နေမိသည်​ ​ရေချိုးရင်း မှန်​ကိုကြည့်​မိ​တော့ မှန်​ထဲမှာ​ပေါ်လာသည့်​သူ့မျက်​နှာ။

"​ဖေ​ဖေ...​ဖေ​​ဖေ​ပြောဖူးတာ သားက ​ဖေ​ဖေ့ရဲ့သားအရင်းလိုပါပဲဆို ဒါ​ပေမဲ့ ​ဖေ​ဖေလုပ်​သမျှ အရာရာတိုင်းက ပန်း​သွေးအတွက်​ကြီးပဲ သားက ​ဖေ​ဖေ့သားအရင်းမဟုတ်​လို့ သားကို အခုမျိုးလုပ်​တာလား ​ဖေ​ဖေ​ပြောဖူးတဲ့ သားရဲ့မျက်​၀န်း​တွေထဲမှာ ​ဖေ​ဖေရဲ့အမျိုးသမီးမျက်​၀န်း​တွေ​တွေ့ရတယ်​ဆိုတာ ​ဖေ​ဖေလိမ်​​နေတာဖြစ်​မယ်​..အဟက်​"

ရေချိုးပြီး​တော့ အကျီ င်္လဲကာ ​အောက်​ထပ်​ပြန်​ဆင်းလာပြီး kitchen ထဲဝင်​ကာ သူ​သောက်​​နေကျ ၀ိုင်​ပုလင်းကိုထုတ်​​လေသည်​။ Kitchen ထဲမှ အိမ်​အကူမ​လေးမှာ သူကိုယ်​တိုင်​ထိုသို့လာယူသည့်​အ​တွက်​​ကြောင့်​ အ​ခြေအ​နေသိပ်​မဟန်​ဘူးဆိုသိလိုက်​ရသည်​။

ထို့​ကြောင့်​ ကျန်​တဲ့အိမ်​အကူများကိုပါ​ခေါ်ကာ ထို​နေရာမှ ခတ်​မြန်​မြန်​ထွက်​သွားကျ​လေသည်​ မကြာပါဘူး ထို​နေရာသို့ ပန်း​သွေးပါ ​ရောက်​လာပြီး သူမအတွက်​​ဖျော်​ထားဟန်​တူသည့်​ အိပ်​ချင်​​ပြေ သံပုရာရည်​ခွက်​ကိုယူကာ တစ်​ငုံမျှ​သောက်​လိုက်​သည်။ ထိုသို့သူမ သံပုရာရည်​​သောက်​​​နေရင်း သူမအကို၏ အပြုအမှုများကိုအကဲခတ်​​နေမိသည်​ မည်​သို့ပင်​ဆို​စေကာမှု သူမအကိုမဟုတ်​ပင်​​လော။

"မနတ်​ဖြန်​ရာထူး​ပြောင်းလဲ​ရေးအစည်း​ဝေးရှိတာသိတယ်​မဟုတ်​လား"
"အဟက်​..ဘာလဲ အဲ့တာအတွက်​ မဏ္ဍပ်​တိုင်​​​​​​တက်​ပြမလို့လား ဘ၀င်​​တွေမြင့်​တာထက်​ပိုမြင့်​သွားတာလား"
"မဟုတ်​ပါဘူး အသိ​ပေးတာပါ ​ဘယ်​လိုပဲဖြစ်​ဖြစ်​ ​​မောင်​နှမ​တွေကြားမှာ​တော့အမြင်​​စောင်းမဲ့ကိစ္စ​တွေမဖြစ်​ဘာတာအ​ကောင်းဆုံး​လေ"
"​မောင်​နှမ...ဟား...​တော်​​တော်​နား​ထောင်​လို့​ကောင်းတဲ့စကားလုံးပဲ ဒါ​ပေမဲ့ ဘယ်​လိုလုပ်​မလဲ ငါတို့က ​အပြင်​ပိုင်းအရသာ​မောင်​နှမ​တော်​တာ​လေ ငါကအစထဲက ​မွေးစားသား ဆုံးသွားတဲ့ ​ဖေ​ဖေကလဲ ငါ့ကို​မွေးစားသားစာရင်းပဲထည့်​ခဲ့တာ နင်​လဲ ငါ့ကို အစထဲက အကိုတစ်​​ယောက်​လိုမှမမြင်​ခဲ့တာ ​နောက်​လဲကိုယ့်​အကန့်​နဲ့ကိုယ်​​နေကျတာ​ပေါ့"

ကောင်းကင်​ ထိုသို့​ပြောပြီး သူထိုင်​​နေတဲ့စားပွဲထိုင်​ခုံမှအထ ​တစ်​ပုလင်းနီးပါး​သောင်​ထားတဲ့အရှိန်​​ကြောင့်​ ယိုင်​လဲလှမတက်​ဖြစ်​သွား​သဖြင့်​ ထိန်း​ပေးရှာသည့်​ ပန်း​သွေးလက်​ကိုခါချကာ ထို​နေရာမှ ယိုင်​နဲ့နဲ့ဖြင့်​ထွက်​သွားဟန်​ပြုသည်​။

"ဒီအ​ခြေအ​နေ နဲ့ဘယ်​သွားမလို့လဲ"
"ငါ​ပြောပြီးသား ပန်း​သွေး ကိုယ့်​အကန့်​နဲ့ကိုယ်​​နေပါလို့ အခုချိန်​ငါ​သေသွား​တော့ နင့်​ရန်​သူတစ်​​ယောက်​​ရော့တယ်​မဟုတ်​ဘူး နားစမ်းပါ ငါ့အတွက်​စိတ်​ပူမ​နေစမ်းပါနဲ့ နားခါးတယ်​"
"ကျစ်​...အဲ့လိုမဟုတ်​.."

ပန်း​သွေးစကားအဆုံး​တောင်​မ​စောင့်​ ထွက်​သွား​သော ထက်​​ကေင်းကင်​။ ထက်​​ကောင်းကင်​ထွက်​သွားတာကို မျက်​စိတစ်​စုံးလိုက်​ကြည့်​မိတဲ့ ပန်း​သွေးခြယ်​။ ထို့​နောက်​ ပန်း​သွေးခြယ်​က သူမ၏ဖုန်းကိုထုတ်​ကာ တစ်​စုံတစ်​​ယောက်​ထံ message ပို့လိုက်​သည်​။ သူမအကိုထားခဲ့သည့်​ ​သောက်​လက်​စ ဖန်​ခွက်​နှင့်​ သူမ​သောက်​ထားသာ ဖန်​ခွက်​​ကို ​ဘေစင်​မှာ သွား​ရောက်​​ဆေး​ကြောပြီးမှ သူမအခန်းသို့တက်​သွား​လေသည်​။

ငယ်​စဉ်​ကထဲက သူမအကိုဟူ​သောသူနှင့်​အပြိုင်​အဆိုင်​​ဘ၀ထဲမှာ ​နေခဲ့ရ​သောဘ၀ ထို့ပြင်​ ​မွေးစားအကိုဟုသိလိုက်​ရချိန်​မှာ လှစ်​ဟာသွားသည့်​ ခံစားချက်​ အရင်​ထဲက သူမ ကိုကိုလို့​ခေါ်ခဲ့ဖူးသူဟာ သူမကိုဆိုဘာ​ကြောင့်​အမြဲအမြင်​မကြည်​လဲဆိုတာသူမနားလည်​ပြီးသည့်​​နောက်​ ထက်​​ကောင်းကင်​နှင့်​သူမဟာပိုပြီးအ​နေ​ဝေးလာကျတယ်​။ သူမတို့ကဘယ်​တုန်းကမှ မသိဖူးခဲ့တဲ့တစ်​စိမ်း​တွေလို။

♡ ♡ ♡

#TBC

#trollZ

Continue Reading

You'll Also Like

1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.6K 123 6
တကယ်လို့များ ဆရာမရဲ့ အပြုံးလေးတွေ ဆရာမရဲ့ အားပေးမှုတွေသာ မရှိခဲ့ရင် နှင်းဘဝက လမ်းတွေပျောက်ပြီး မှောင်မိုက်နေခဲ့ဦးမှာပါပဲ။
2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
200K 5.3K 52
So this is a RatchetxOptimus fanfic written by a partnership between me, Pepauppy_Autobot, and ScorchleDragon. We do not own Transformers or its cha...