#For Zawgyi
ကိုေနာင့္ကားနဲ႔ပဲသြားၾကတာမို႔ ကိုေနာင္ဖြင့္ထားတဲ့ရွမ္းသီခ်င္းသံ ခပ္ျမဴးျမဴးက ကားထဲမွာ ပ်ံ႕လြင့္ေနသည္ ။ ဖြင့္ထားတဲ့သီခ်င္းကို နားလည္းမလည္ပါဘဲ ေခါင္းတလႈပ္လႈပ္ ေျခတလႈပ္လႈပ္ႏွင့္ ေပ်ာ္တၿပံဳၿပံဳး စည္းခ်က္လိုက္ေနေသာခ်မ္းကိုၾကည့္ကာ ႏိုင္ႏိုင္ေတာင္ စိတ္ေပ်ာ္လာဟန္ရွိသည္ ။ တစ္ခ်ိန္လံုး ညွိဳးေလ်ာ္ေနတဲ့ မ်က္လံုးေတြပင္ အေရာင္ေတာက္လာသလိုျဖစ္ကာ ၾကည္ၾကည္လင္လင္ျဖစ္လာ၏ ။
" ကိုေနာင့္ၿခံထဲမွာ စပ်စ္သီးေတြအမ်ားႀကီးပဲလား "
" စီးပြားျဖစ္စိုက္တာေလ ခ်မ္းရ ၊ အမ်ားႀကီးေပါ့ "
" ခ်မ္း အလကားခူးစားလို႔ ရတယ္မဟုတ္လား ဟီးဟီး "
" စီးပြားျဖစ္စိုက္တာပါဆိုမွ အလကားခူးစားလို႔ရမလားကြ "
" ဟင္ ကိုေနာင္ကလည္း ခ်မ္းမွာ ပိုက္ဆံမွမပါတာ "
" ဒါဆိုလည္း မင္းရဲ႕ဦးသာဆီက ေတာင္းရမွာေပါ့ ၊ ေလာေလာဆယ္ သူက မင္းရဲ႕အုပ္ထိန္းသူပဲဟာကို ၊ ဟုတ္တယ္မဟုတ္လား "
စ,မွန္းမသိဘဲ စူပုတ္ပုတ္ရုပ္ႏွင့္ ၿငိမ္သြားတဲ့ ခ်မ္းပံုစံက ရယ္ခ်င္စရာေကာင္းလွသည္ ။ ဒါေပမယ့္လည္း ခ်မ္း ၿငိမ္သြားတယ္ဆိုတာ ထိုးမယ့္ဆင္ ေနာက္တစ္လွမ္းဆုတ္တဲ့သေဘာပါပဲ ။
" ကိုေနာင့္ေၾကာင့္ ရွမ္းေတြ သိကၡာက် နာမည္ပ်က္ေတာ့မွာပဲ "
" ေဟ ဘာလို႔တုန္းဟ "
လူမ်ိဳးနဲ႔ခ်ီၿပီး စြဲခ်က္တင္လာေသာခ်မ္းေၾကာင့္ ကိုေနာင္က ကားေမာင္းေနရင္းမွ အလန္႔တၾကားျပန္ေမးေတာ့သည္ ။
" ခ်မ္းၾကားဖူးတာက ရွမ္းလူမ်ိဳးေတြဟာ သိပ္ၿပီးသေဘာေကာင္းတာ တဲ့ ၊ အလွဴအတန္းလည္း အင္မတန္မွကို ရက္ေရာၿပီး ဘယ္ေတာ့မွ တြန္႔တြန္႔တိုတိုမရွိၾကဘူး တဲ့ "
" အံမာ အဲ့လိုလို႔ မင္းကို ဘယ္သူကေျပာလဲ "
" စာခ်ိဳးေလးေတာင္ ခ်မ္းက ၾကားဖူးေနေသး "
" ေျပာစမ္းပါဦး ၊ မင္းစာခ်ိဳးကို "
" တစ္မူးရွိလို႔ တစ္ပဲလွဴ တို႔ရွမ္းေတာင္သူ တူႏိုင္ရိုးလား ဆိုတာေလ ၊ တစ္မူးပဲရွိတဲ့အထဲကေတာင္ တစ္ပဲကို လွဴပစ္တာေနာ္ ၊ ကိုေနာင့္အလွည့္က်မွ စပ်စ္ၿခံႀကီးတစ္ၿခံလံုးရွိပါလ်က္နဲ႔ စပ်စ္သီးေလး တစ္ပိႆာေလာက္ကို တြန္႔တိုေနတာ ရွမ္းေတြသိကၡာက်စရာျဖစ္တာေပါ့ "
" ဟင္ မင္းက တစ္ပိႆာေလာက္ေတာင္ စားမယ္ေပါ့ေလ "
" ေအာ္ ဒါက စကားအျဖစ္ ပိုပိုလိုလို ေျပာထားတာပါ "
စပ်စ္သီးအလကားစားရဖို႔အေရး ဥာဏ္နီဥာဏ္နက္ေတြသံုးကာ ဇြတ္ေတြေျပာေနေသာ ငလည္ေကာင္ခ်မ္းကိုၾကည့္ၿပီး ႏိုင္ႏိုင္က ရယ္ပါေလေတာ့သည္ ။
" ကဲ စားကြာ ၊ မင္းစားခ်င္သေလာက္သာစား ၊ တစ္ပိႆာမဟုတ္ဘူး ၊ ဆယ္ပိႆာေလာက္စားလည္း ရတယ္ "
" ကိုေနာင္ က်ြန္ေတာ့္ေတာ္ကီမွာ ေမ်ာသြားၿပီေပါ့ေလ ဟဲဟဲ "
ဒင္းေလးက အက်ႌေကာ္လံကို ဆြဲမ,ကာ ေဆာင့္ႂကြားႂကြားႏွင့္ မာန္တက္လိုက္ေသးသည္ ။
" ဟုတ္မေနဘူး ၊ မင္းေၾကာင့္ ႏိုင္ႏိုင္ ရယ္လိုက္လို႔ ေက်ြးတာ "
ကိုေနာင့္တုန္႔ျပန္စကားေၾကာင့္ အီလည္လည္ျဖစ္သြားေသာ ခ်မ္း႐ုပ္ကိုၾကည့္ရင္း....
ဒီတစ္ခါ ထ,ရယ္မိသူကေတာ့ ထူးကိုယ္တိုင္ပါပဲ ။ ထူးရယ္တာျမင္ေတာ့ ခ်မ္းကလည္း ေအာင့္သက္သက္ရုပ္ႏွင့္ လိုက္ရယ္သည္ ။ ထို႔ေနာက္မွာေတာ့ ေလးေယာက္လံုး ဟက္ဟက္ပက္ပက္ပင္ ရယ္ေမာမိၾကေတာ့သည္ ။
အင္း...ဒီလို မရယ္ေမာရတာေတာင္ ဘယ္ေလာက္ၾကာၿပီလဲမသိပါ ။
ၿခံထဲကိုေရာက္ေတာ့ ကိုေနာင့္ဝန္ထမ္းေတြက သစ္ပင္ရိပ္ေအာက္မွာ ႀကိမ္ခံုေလးေတြခ်ထားၿပီး ႏြားႏို႔ပူပူတို႔ စပ်စ္သီးေျခာက္ေပါင္မုန္႔တို႔ႏွင့္ ဧည့္ခံေလသည္ ။
" အား ႏြားႏို႔က မလိုင္ေတြအမ်ားႀကီးနဲ႔ ေသာက္လို႔ေကာင္းလိုက္တာ ဟီးဟီး "
ခ်မ္းေျပာသမ်ွ လုပ္သမ်ွကို ႏိုင္ႏိုင္ကေတာ့ ခ်စ္စႏိုးေတြျဖစ္ကာ ၿပံဳးလို႔ခ်ည္းေနေတာ့သည္ ။
" ၿခံႀကီးကလည္း အက်ယ္ႀကီးပဲ ၊ စားၿပီးရင္ ခ်မ္း ေလ်ွာက္ၾကည့္လို႔ရတယ္မဟုတ္လား ကိုေနာင္ "
ဒီေကာင္ေလးက ထူးကိုေတာ့ ဦးတပ္ကာ ဦးသာလို႔ေခၚၿပီး ထူးထက္ အသက္ပိုႀကီးေသာ ကိုေနာင့္ကိုက်ေတာ့ ဦးေနာင္လို႔မေခၚဘဲ ကိုေနာင္ တဲ့ ။ လုပ္ပံုေတြကိုက.... ။
" ရတာေပါ့ ခ်မ္းရ ၊ မင္းဦးသာနဲ႔ ေလ်ွာက္ၾကည့္ေပါ့ ၊ ငါ ဆြဲျခင္းေလးေပးလိုက္မယ္ ၊ စားခ်င္သေလာက္ စပ်စ္သီးေတြကို ခူးထည့္လာခဲ့ "
" ေယ့ ေယ့... "
" ေအာ ဒီစပ်စ္ခင္းေတြရဲ႕ အဆံုးက ေက်ာက္တံုးေတြနဲ႔ကုန္းဆင္းအတိုင္း ေလ်ွာက္သြားရင္ ဟိုးေအာက္ဘက္မွာ ေရတံခြန္တစ္ခုရွိတယ္ "
" ဟာ ဟုတ္လား "
" ေအး အရမ္းအႀကီးႀကီးေတာ့ မဟုတ္ဘူးေပါ့ကြာ ၊ ရႈခင္းေတြေတာ့လွတယ္ ၊ မင္းစိတ္ဝင္စားရင္ သြားၾကည့္ေပါ့ "
" သြားမွာ သြားမွာ ၊ ဒါမ်ိဳးက လက္လြတ္ခံလို႔ဘယ္ျဖစ္မလဲ "
ထူးကေတာ့ ေပါင္မုန္႔ေတြ ပလုပ္ပေလာင္းစားရင္း တက္ႂကြတဲ့ၾကက္ဖျဖစ္ေနတဲ့ ထိုေကာင္ေလးကို လုပ္ခ်င္ရာသာ လုပ္ေစေတာ့ဟူ၍သေဘာပိုက္ကာ ထိုင္ၾကည့္ေနလိုက္ေတာ့သည္ ။
" ကိုေနာင္က မလိုက္ဘူးလား "
" ငါက ႏိုင္ႏိုင္နဲ႔အေဖာ္လုပ္ၿပီး ေနခဲ့မွာေပါ့ကြ "
" အဟမ္း အင္းပါ "
ခ်က္ခ်င္း ထူးဘက္ကိုလွည့္ကာ
" ဦးသာ သြားၾကမယ္ေနာ္ ေနာ္ "
" ေအးပါ ၊ မင္း အစားကိုသာ ေျဖာင့္ေအာင္စား ဟုတ္ၿပီလား "
" ဟီးဟီး "
စားၿပီးတာႏွင့္ စိန္တက္ႂကြ အေမာင္ခ်မ္းနဲ႔အတူ စပ်စ္ခင္းထဲအလည္ထြက္ရေတာ့သည္ ။
" အိုက္ယား...စပ်စ္သီးႀကီးေတြ အႀကီးႀကီးပဲ ၊ စားမယ္ စားမယ္ "
ပါးစပ္ကလည္းေျပာ လက္ကလည္း စပ်စ္သီးခူးဖို႔ ကိုေနာင္ထည့္ေပးလိုက္တဲ့ ကပ္ေၾကးေလးႏွင့္ တခ်ပ္ခ်ပ္ညွပ္ကာ တစ္ခိုင္ၿပီးတစ္ခိုင္ ခူးေလေတာ့သည္ ။
" မင္း စားႏိုင္သေလာက္ပဲ ခူးေနာ္ ခ်မ္း "
" မကုန္ရင္ အိမ္ကိုသယ္သြားမယ္ေလ ၊ ေဒၚခမ္းတို႔ ကိုအိုက္တို႔ကိုလည္း ေက်ြးရေအာင္ "
အိမ္ကလူေတြကိုပါ လွမ္းၿပီးသတိတရေက်ြးခ်င္ေနတဲ့ စိတ္ထားေကာင္းေလးက ခ်စ္စရာ ။ ဒီလိုကေလးကိုေတာင္ ထူးက စိတ္ပုတ္လိုက္တာလို႔ စြပ္စြဲေျပာဆိုဖူးခဲ့ေသးတာကို ျပန္ေတြးမိေတာ့ မခ်ိတရိ ၿပံဳးမိရသည္ ။
" ေဒၚခမ္းတို႔ ကိုအိုက္တို႔က ဒီစပ်စ္သီးေတြကို စားရလြန္းလို႔ ရိုးေနပါၿပီကြာ ၊ ကိုေနာင္က အိမ္အတြက္ အၿမဲတမ္း ယူယူလာတာပဲကို "
" ေအာ္ ဟုတ္လား ၊ ဒါဆိုရင္ေတာ့ နည္းနည္းပဲခူးေတာ့မယ္ေလ ေနာ္ "
"အင္း "
" ဦးသာ က်ြန္ေတာ့္ကို စပ်စ္သီးခူးေနတဲ့ပံုေလး ဓာတ္ပံုရိုက္ေပးပါလား ၊ Facebook မွာ ပံုတင္ၿပီး ဟိုေကာင္ရတုတို႔ကို ႂကြားမလို႔ "
" အင္း ရိုက္ေပးမယ္ ၊ မင္းဖုန္းေပး "
" အင္ ဖုန္းနဲ႔မရိုက္ပါဘူး ၊ Camera နဲ႔ရိုက္မွာ "
" မင္းက ရုတ္တရက္ႀကီး လိုက္လာရတဲ့ ဒီခရီးစဥ္မွာေတာင္ Camera က ယူလာခဲ့ေသးတာလား "
" တကူးတကႀကီးထည့္လာတာ မဟုတ္ဘူးေလ ၊ ဒီ Camera ေလးက က်ြန္ေတာ္ခ်စ္လြန္းလို႔ သြားေလရာ ေက်ာပိုးအိတ္ထဲထည့္ၿပီး သယ္သြားေနက်...အဲ... "
ေျပာေနရင္းနဲ႔ အဲခနဲ ျဖစ္ၿပီး စကားရပ္သြားတဲ့ ခ်မ္းက အို႔တို႔အမ္းတမ္းပံုစံႏွင့္ ေခါင္းကုတ္သလိုလို လည္ပင္းကိုပြတ္သလိုလို လုပ္ေနေတာ့
" ေပးေလ ၊ အဲ့ဒီ Camera ရိုက္ေပးမယ္ "
တြန္႔ဆုတ္ဆုတ္နဲ႔ေက်ာပိုးအိတ္ထဲမွ ထုတ္ေပးလာေသာ အနက္ေရာင္ camera ေလးကို ျမင္လိုက္ေတာ့မွ ခ်မ္း အိုးတို႔အမ္းတမ္းျဖစ္ရျခင္းအေၾကာင္းရင္းကို သေဘာေပါက္သြားသည္ ။
ဒါ ထူး ကေနဒါကေန ဝယ္ေပးလိုက္တဲ့ camera ေလး ။
ဒါဆို ထူးက သူ႔အတြက္ပစၥည္းေတြ ဝယ္ေပးေနခဲ့တယ္ဆိုတာကို ဒီကေလးသိသြားၿပီေပါ့ ။
က်ြတ္...လူလူကေတာ့ကြာ ။ မေျပာပါနဲ႔လို႔ အတန္တန္တားထားတဲ့ၾကားက ။
ထူးက ကိုယ္လုပ္ေပးသမ်ွေတြကို ဒီကေလးေလးသိသြားၿပီး ထိုအခ်င္းအရာေတြေၾကာင့္ ထူးကို ေက်းဇူးရွိတဲ့သူတစ္ေယာက္လို ျပဳမူဆက္ဆံလာမွာကို မလိုလားလို႔ လူလူ႔ကို အရာအားလံုး ႏႈတ္ပိတ္ခိုင္းထားကာမွ ဒီေကာင္က ေျပာျဖစ္ေအာင္သြားေျပာေသးသည္ေပါ့ေလ ။
ခုလို camera ထုတ္ကိုင္ဖို႔ကိုေတာင္ တြန္႔ဆုတ္ဆုတ္ျဖစ္ေနတဲ့ အေျခအေနမ်ိဳးကို ထူးအေနနဲ႔ တကယ္ကိုသေဘာမက် ။ ဒီကေလးေလးကို ဘာေက်းဇူးတရား ၊ ဘာလႊမ္းမိုးမႈ ၊ ဘာအားနာစိုးရြံ႕မႈမွ မရွိဘဲ လြတ္လြတ္လပ္လပ္နဲ႔ ႀကီးျပင္းေစခ်င္ခဲ့တာေလ ။
ဒါေတြကို လူလူက သိရဲ႕သားနဲ႔မ်ားကြာ ။
" ဦးသာ ရိုက္ေပးေတာ့ေလ "
" ေအာ္ ေအး ေအး "
ခ်မ္းက camera ထဲမွ ထူးရိုက္ေပးတဲ့ပံုေတြကို ျပန္ၾကည့္ရင္း
" ဦးသာက ဓာတ္ပံုရိုက္ေပးတတ္သားပဲ "
ကေနဒါမွာေနတုန္းက ျမန္မာမိသားစုေတြ ပြဲလမ္းသဘင္လုပ္ၾကတဲ့အခါတိုင္း ထူးက အေပ်ာ္တမ္းဓာတ္ပံု လိုက္ရိုက္ေပးေနက်ဆိုတာေတာ့ ထည့္မေျပာျဖစ္ေတာ့ပါ ။
" ေရတံခြန္ကို သြားဦးမွာလား "
" သြားမွာေပါ့ ဦးသာရဲ႕ "
" ဒါဆို မင္းရဲ႕အဲ့ဒီ စပ်စ္သီးျခင္းႀကီးထားခဲ့ပါလား "
" အင္ ထားခဲ့ပါဘူး ၊ ေရတံခြန္မွာ ရႈခင္းေတြၾကည့္ရင္း ထိုင္စားမလို႔ "
" ကဲ သေဘာ သေဘာ "
တျဖည္းျဖည္းနဲ႔ ဒီေကာင္ေလးကိုလည္း မႏိုင္ေတာ့ပါဘူး ။
ေရတံခြန္က ထင္ထားတာထက္ကို ေတာ္ေတာ္ေဝးေဝးထိ နိမ့္ဆင္းၿပီးေလ်ွာက္လာရသည္ ။ တိုက္တာအေဆာက္အဦးနဲ႔လူၾကပ္ၾကပ္ေတြၾကားမွာသာ ႀကီးျပင္းလာခဲ့ရတဲ့ ရန္ကုန္သားေလးက ဒီသဘာဝရႈခင္းေတြၾကားမွာ အေတာ္ႀကီး ႏွစ္ၿခိဳက္ေပ်ာ္ေမြ႕ေနဟန္ ။
လမ္းတစ္ေလ်ွာက္ ေတြ႕ကရာ သစ္ပင္ ေတာပန္းမွန္သမ်ွကိုလည္း ဓာတ္ပံုတဖ်တ္ဖ်တ္ရိုက္လာေသးသည္မို႔ ထူးမွာ ဒင္းကေလးအား ေနာက္ကေနၾကည့္ရင္း ဘယ္အခ်က္ေခ်ာ္လဲမလဲဟု ရင္တထိတ္ထိတ္ျဖစ္ေနရသည္ ။
" ဝါးးးးး လွလိုက္တာ ၊ ဦးသာ အဲ့ဒါ ဘာပန္းပင္လဲဟင္ "
" စိန္ပန္းျပာ "
" ဟင္ စိန္ပန္းပင္ဆိုရင္ အနီပဲ သိတာ "
" အင္း ရန္ကုန္မွာေတာ့ စိန္ပန္းအနီေပါ့ ၊ ဒီေဒသမွာေတာ့ ဒီလိုစိန္ပန္းျပာပင္ေတြရွိတယ္ "
" ဦးသာ က်ြန္ေတာ့္ကို အဲ့ဒီအပင္ႀကီးေနာက္ခံနဲ႔ ဓာတ္ပံုရိုက္ေပးပါဦး "
စိန္ပန္းျပာေတြေနာက္ခံၿပီး ဆြယ္တာအျဖဴနဲ႔ သြားေဖြးေဖြးေလးေတြေပၚေအာင္ ၿပံဳးရယ္ေနတဲ့ေကာင္ေလးဟာ ထူးလက္ထဲက camera ျမင္ကြင္းထဲမွာ တကယ္ပဲခ်စ္စရာေကာင္းေနခဲ့သည္ ။
" ေဟာ ေရသံ ၊ ဦးသာ ဒါ ေရသံေတြမဟုတ္လား "
" အင္း ေရတံခြန္က နီးၿပီနဲ႔တူတယ္ "
ေရတံခြန္က နီးၿပီဆိုတာနဲ႔ အားတက္သြားပံုရတဲ့ေကာင္ေလးဟာ ေျခလွမ္းေတြရဲ႕အရွိန္ကိုျမွင့္ရင္း ထူးေရွ႕မွ တက္ႂကြစြာေလွ်ာက္သြားေလေတာ့သည္ ။
ေရတံခြန္နဲ႔နီးလာေတာ့ ေျမႀကီးလမ္းရယ္လို႔မရွိေတာ့ဘဲ ေက်ာက္တံုးေတြခ်ည္းသာ ျဖစ္ကုန္ေတာ့သည္ ။ ခဏၾကာေအာင္ ေလ်ွာက္ၿပီးေတာ့
" ဦးသာ က်ြန္ေတာ့္ sneaker က ေရေတြစိုကုန္ရင္ အဆင္မေျပဘူး ၊ က်ြန္ေတာ္ ဖိနပ္ခ်ြတ္ၿပီးပဲ ေလ်ွာက္လိုက္မယ္ေနာ္ "
" အင္း သေဘာပဲ ၊ ေက်ာက္အစြန္းေတြေပၚသာ မနင္းမိေစနဲ႔ ၊ မင္းေျခေထာက္ရွမယ္ "
" ဟုတ္ "
လမ္းတစ္ေလ်ွာက္လာခဲ့တဲ့ပံုစံအတိုင္း ဟိုကေလးက ေရွ႕က ထူးက ေနာက္က ။ ေလ်ွာက္ေနရင္း ေရစပ္စပ္နဲ႔ေက်ာက္တံုးေတြရဲ႕အထိအေတြ႕ဟာ ေခ်ာသလို ခံစားလာရတာမို႔
" ခ်မ္း ေက်ာက္တံုးေတြက ေခ်ာေနတယ္ေနာ္ "
" အာ့ "
ေျပာတဲ့ထူးစကားမွ မဆံုးတတ္ေသး ။ ခ်မ္းခႏၶာကိုယ္က ယိုင္ခနဲျဖစ္သြားသည္မို႔ အေျပးအလႊား လွမ္းဆြဲကာ ထိန္းမိေတာ့ ခ်မ္းတစ္ကိုယ္လံုးက ထူးရင္ခြင္ထဲမွာ ။ ႏႈတ္ခမ္းေတြ စုဝိုင္းကာ မ်က္လံုးအျပဴးသားနဲ႔ ထူးကိုေမာ့ၾကည့္ေနတဲ့ ေကာင္ေလးဟာ အေတာ္ပဲ ထိတ္လန္႔သြားပံုရေလသည္ ။
" ရလား ခ်မ္း ၊ ဘာျဖစ္သြားေသးလဲ "
" ရ ရတယ္ ဦးသာ ၊ ဘာမွမျဖစ္ဘူး ၊ က်ြန္ေတာ္ နည္းနည္းလန္႔သြားလို႔ "
တဒိတ္ဒိတ္နဲ႔အဆက္မျပတ္ခုန္လႈပ္ေနေသာ ႏွလံုးခုန္သံေတြေၾကာင့္ ခ်မ္းကိုယ္ခ်မ္းေတာင္ ျပန္လန္႔လာမိသည္ ။ ေျခေခ်ာ္သြားရံုေလးေလာက္နဲ႔ကို ေယာက္်ားေလးတန္မဲ့ ဒီေလာက္လန္႔စရာလား ။
ခုခ်ိန္ထိေအာင္ ႏွလံုးခုန္သံေတြက ေလ်ာ့မသြားေသးဘဲ တဒိတ္ဒိတ္နဲ႔ ေသမလိုခုန္ေနတုန္း ။
ဘုရားေရ...ငါ ငယ္ငယ္ရြယ္ရြယ္နဲ႔မ်ား ႏွလံုးေရာဂါျဖစ္ေတာ့မွာလားမသိဘူး ။
ကိုယ့္အေတြးနဲ႔ကိုယ္ ဂေယာင္ေျခာက္ျခားျဖစ္ေနစဥ္ ဦးသာကလည္း ခ်မ္းအား တငံု႔ၾကည့္ၾကည့္နဲ႔ အဆင္ေျပမေျပ အကဲခတ္ေနပံုရသည္ ။
" အဆင္ေျပရဲ႕လား ခ်မ္း "
" ဟုတ္ ေျပပါတယ္ ၊ က်ြန္ေတာ္ ဘာလို႔ အဲ့ေလာက္လန္႔သြားမွန္းမသိဘူး "
" ရုတ္တရက္ျဖစ္သြားလို႔ေနမွာပါ ၊ အခု သက္သာၿပီလား "
" ဟုတ္ သက္သာသြားၿပီ "
" ဆက္သြားမယ္မဟုတ္လား "
" သြားမယ္ေလ "
" အင္း ေရွ႕နားနည္းနည္းဆို ေရာက္ေတာ့မယ္ထင္ပါတယ္ ၊ ေရက်သံေတြက ေတာ္ေတာ္နီးေနၿပီဆိုေတာ့ "
" ဟုတ္ "
" ကဲ လာ... "
ေျပာရင္းနဲ႔ ဦးသာက ခ်မ္းလက္ဖဝါးတစ္ဖက္ကို ဆုပ္ကိုင္ရင္း ေရွ႕ဆက္ေလ်ွာက္ေတာ့ ခ်မ္းမွာ ထင္မွတ္မထားတဲ့အျပဳအမူေၾကာင့္ တကယ္ႀကီးကို အံ့အားတသင့္ ။
ဟင္ ဘာလဲဟ ။ ခုနက ပံုမွန္ျပန္ျဖစ္သြားတဲ့ ခ်မ္းရဲ႕ႏွလံုးခုန္သံေတြက အခု ျပန္ၿပီးျမန္လာျပန္ၿပီ ။
ျမန္တာမွ တဒိတ္ဒိတ္နဲ႔ ရင္ဘတ္တစ္ခုလံုး ေပါက္ထြက္မတတ္ပင္ ။
လူက ဦးသာဆြဲေခၚရာေနာက္ကို လိုက္ပါေနရင္း စိတ္ကေတာ့ ပံုမွန္မဟုတ္သည့္ ကိုယ့္ႏွလံုးခုန္သံမွာပဲ အာရံုေရာက္ေနေလေတာ့ ဘယ္ကဘယ္လို ေရတံခြန္ေအာက္သို႔ေရာက္လာမိမွန္းေတာင္ မသိေတာ့ေခ် ။
ဦးသာက ခ်မ္း လက္ကိုကိုင္ထားရာမွ လႊတ္လိုက္ရင္း
" ခ်မ္း မင္း ေဘာင္းဘီေအာက္နားေတြ ေခါက္တင္လိုက္ ၊ မဟုတ္ရင္ အကုန္စိုကုန္လိမ့္မယ္ "
ခ်မ္းကိုေျပာၿပီး ဦးသာကလည္း သူ႔ေဘာင္းဘီသူ ငံု႔ေခါက္ေနေတာ့သည္ ။
အဲ...ႏွလံုးခုန္သံက ပံုမွန္ျပန္ျဖစ္သြားျပန္ၿပီေရာ ။
" ဦးသာ "
ခ်မ္းေခၚသံေၾကာင့္ ဦးသာက ေဘာင္းဘီေခါက္ေနရာမွ ေမာ့ၾကည့္သည္ ။
" ႏွလံုးခုန္သံက ခုပဲျမန္လာလိုက္ ၊ ခုပဲပံုမွန္ျပန္ျဖစ္သြားလိုက္ ဆိုတာမ်ိဳး ရွိတတ္လား "
" ရွိခ်င္ရွိမွာေပါ့ ၊ ငါက ႏွလံုးအထူးကုမွမဟုတ္တာ ၊ ဘယ္သိမလဲ "
မွတ္ဟ ၿငိမ္းခ်မ္းေရး ။ ဦးသာကို ပဒီးပဒါးေမးခြန္းေတြသြားေမးရင္ ဒီလို ဘုကန္႔လန္႔အေျဖပဲရမယ္ဆိုတာ သိသိႀကီးနဲ႔ လ်ွာရွည္ၿပီးသြားေမးတာကိုး ။ ခံေပါ့ ။
စူပြပြေတြးရင္း ကိုယ့္ေဘာင္းဘီကိုယ္ေခါက္ကာ ေရထဲတစြပ္စြပ္ဆင္းမိေတာ့ ေရေအးေအးရဲ႕အထိအေတြ႕ေတြၾကား ခုနက ႏွလံုးခုန္မႈျပႆနာကို ခ်မ္းတစ္ေယာက္ ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားေတာ့သည္ ။
ထိုျပႆနာကို အေမးခံသူ လူႀကီးကေတာ့ ခပ္ငိုင္ငိုင္ျဖင့္ ေတြေဝေနမိသည္ ။ သူလည္း ခုနက ထိုကေလးေမးသလိုခံစားမႈမ်ိဳးကို ခံစားလိုက္ရသည္ မဟုတ္ပါလား ။
______________________________
A/N
ကိုယ္ ဒီရက္ပိုင္း အိမ္က အလုပ္ကိစၥေတြေရာ ၊ တစ္ျခားကိစၥေလးေတြေရာရွိေနလို႔ update တင္မယ့္ရက္ေလး အနည္းငယ္ အတိမ္းအေစာင္းျဖစ္ခဲ့ရင္ နားလည္ေပးၾကပါေနာ္.... 😔
Phyu Layy. ❤️🙆🏻♀️💚
______________________________
#For Unicode
ကိုနောင့်ကားနဲ့ပဲသွားကြတာမို့ ကိုနောင်ဖွင့်ထားတဲ့ရှမ်းသီချင်းသံ ခပ်မြူးမြူးက ကားထဲမှာ ပျံ့လွင့်နေသည် ။ ဖွင့်ထားတဲ့သီချင်းကို နားလည်းမလည်ပါဘဲ ခေါင်းတလှုပ်လှုပ် ခြေတလှုပ်လှုပ်နှင့် ပျော်တပြုံပြုံး စည်းချက်လိုက်နေသောချမ်းကိုကြည့်ကာ နိုင်နိုင်တောင် စိတ်ပျော်လာဟန်ရှိသည် ။ တစ်ချိန်လုံး ညှိုးလျော်နေတဲ့ မျက်လုံးတွေပင် အရောင်တောက်လာသလိုဖြစ်ကာ ကြည်ကြည်လင်လင်ဖြစ်လာ၏ ။
" ကိုနောင့်ခြံထဲမှာ စပျစ်သီးတွေအများကြီးပဲလား "
" စီးပွားဖြစ်စိုက်တာလေ ချမ်းရ ၊ အများကြီးပေါ့ "
" ချမ်း အလကားခူးစားလို့ ရတယ်မဟုတ်လား ဟီးဟီး "
" စီးပွားဖြစ်စိုက်တာပါဆိုမှ အလကားခူးစားလို့ရမလားကွ "
" ဟင် ကိုနောင်ကလည်း ချမ်းမှာ ပိုက်ဆံမှမပါတာ "
" ဒါဆိုလည်း မင်းရဲ့ဦးသာဆီက တောင်းရမှာပေါ့ ၊ လောလောဆယ် သူက မင်းရဲ့အုပ်ထိန်းသူပဲဟာကို ၊ ဟုတ်တယ်မဟုတ်လား "
စ,မှန်းမသိဘဲ စူပုတ်ပုတ်ရုပ်နှင့် ငြိမ်သွားတဲ့ ချမ်းပုံစံက ရယ်ချင်စရာကောင်းလှသည် ။ ဒါပေမယ့်လည်း ချမ်း ငြိမ်သွားတယ်ဆိုတာ ထိုးမယ့်ဆင် နောက်တစ်လှမ်းဆုတ်တဲ့သဘောပါပဲ ။
" ကိုနောင့်ကြောင့် ရှမ်းတွေ သိက္ခာကျ နာမည်ပျက်တော့မှာပဲ "
" ဟေ ဘာလို့တုန်းဟ "
လူမျိုးနဲ့ချီပြီး စွဲချက်တင်လာသောချမ်းကြောင့် ကိုနောင်က ကားမောင်းနေရင်းမှ အလန့်တကြားပြန်မေးတော့သည် ။
" ချမ်းကြားဖူးတာက ရှမ်းလူမျိုးတွေဟာ သိပ်ပြီးသဘောကောင်းတာ တဲ့ ၊ အလှူအတန်းလည်း အင်မတန်မှကို ရက်ရောပြီး ဘယ်တော့မှ တွန့်တွန့်တိုတိုမရှိကြဘူး တဲ့ "
" အံမာ အဲ့လိုလို့ မင်းကို ဘယ်သူကပြောလဲ "
" စာချိုးလေးတောင် ချမ်းက ကြားဖူးနေသေး "
" ပြောစမ်းပါဦး ၊ မင်းစာချိုးကို "
" တစ်မူးရှိလို့ တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား ဆိုတာလေ ၊ တစ်မူးပဲရှိတဲ့အထဲကတောင် တစ်ပဲကို လှူပစ်တာနော် ၊ ကိုနောင့်အလှည့်ကျမှ စပျစ်ခြံကြီးတစ်ခြံလုံးရှိပါလျက်နဲ့ စပျစ်သီးလေး တစ်ပိဿာလောက်ကို တွန့်တိုနေတာ ရှမ်းတွေသိက္ခာကျစရာဖြစ်တာပေါ့ "
" ဟင် မင်းက တစ်ပိဿာလောက်တောင် စားမယ်ပေါ့လေ "
" အော် ဒါက စကားအဖြစ် ပိုပိုလိုလို ပြောထားတာပါ "
စပျစ်သီးအလကားစားရဖို့အရေး ဉာဏ်နီဉာဏ်နက်တွေသုံးကာ ဇွတ်တွေပြောနေသော ငလည်ကောင်ချမ်းကိုကြည့်ပြီး နိုင်နိုင်က ရယ်ပါလေတော့သည် ။
" ကဲ စားကွာ ၊ မင်းစားချင်သလောက်သာစား ၊ တစ်ပိဿာမဟုတ်ဘူး ၊ ဆယ်ပိဿာလောက်စားလည်း ရတယ် "
" ကိုနောင် ကျွန်တော့်တော်ကီမှာ မျောသွားပြီပေါ့လေ ဟဲဟဲ "
ဒင်းလေးက အင်္ကျီကော်လံကို ဆွဲမ,ကာ ဆောင့်ကြွားကြွားနှင့် မာန်တက်လိုက်သေးသည် ။
" ဟုတ်မနေဘူး ၊ မင်းကြောင့် နိုင်နိုင် ရယ်လိုက်လို့ ကျွေးတာ "
ကိုနောင့်တုန့်ပြန်စကားကြောင့် အီလည်လည်ဖြစ်သွားသော ချမ်းရုပ်ကိုကြည့်ရင်း....
ဒီတစ်ခါ ထ,ရယ်မိသူကတော့ ထူးကိုယ်တိုင်ပါပဲ ။ ထူးရယ်တာမြင်တော့ ချမ်းကလည်း အောင့်သက်သက်ရုပ်နှင့် လိုက်ရယ်သည် ။ ထို့နောက်မှာတော့ လေးယောက်လုံး ဟက်ဟက်ပက်ပက်ပင် ရယ်မောမိကြတော့သည် ။
အင်း...ဒီလို မရယ်မောရတာတောင် ဘယ်လောက်ကြာပြီလဲမသိပါ ။
ခြံထဲကိုရောက်တော့ ကိုနောင့်ဝန်ထမ်းတွေက သစ်ပင်ရိပ်အောက်မှာ ကြိမ်ခုံလေးတွေချထားပြီး နွားနို့ပူပူတို့ စပျစ်သီးခြောက်ပေါင်မုန့်တို့နှင့် ဧည့်ခံလေသည် ။
" အား နွားနို့က မလိုင်တွေအများကြီးနဲ့ သောက်လို့ကောင်းလိုက်တာ ဟီးဟီး "
ချမ်းပြောသမျှ လုပ်သမျှကို နိုင်နိုင်ကတော့ ချစ်စနိုးတွေဖြစ်ကာ ပြုံးလို့ချည်းနေတော့သည် ။
" ခြံကြီးကလည်း အကျယ်ကြီးပဲ ၊ စားပြီးရင် ချမ်း လျှောက်ကြည့်လို့ရတယ်မဟုတ်လား ကိုနောင် "
ဒီကောင်လေးက ထူးကိုတော့ ဦးတပ်ကာ ဦးသာလို့ခေါ်ပြီး ထူးထက် အသက်ပိုကြီးသော ကိုနောင့်ကိုကျတော့ ဦးနောင်လို့မခေါ်ဘဲ ကိုနောင် တဲ့ ။ လုပ်ပုံတွေကိုက.... ။
" ရတာပေါ့ ချမ်းရ ၊ မင်းဦးသာနဲ့ လျှောက်ကြည့်ပေါ့ ၊ ငါ ဆွဲခြင်းလေးပေးလိုက်မယ် ၊ စားချင်သလောက် စပျစ်သီးတွေကို ခူးထည့်လာခဲ့ "
" ယေ့ ယေ့... "
" အော ဒီစပျစ်ခင်းတွေရဲ့ အဆုံးက ကျောက်တုံးတွေနဲ့ကုန်းဆင်းအတိုင်း လျှောက်သွားရင် ဟိုးအောက်ဘက်မှာ ရေတံခွန်တစ်ခုရှိတယ် "
" ဟာ ဟုတ်လား "
" အေး အရမ်းအကြီးကြီးတော့ မဟုတ်ဘူးပေါ့ကွာ ၊ ရှုခင်းတွေတော့လှတယ် ၊ မင်းစိတ်ဝင်စားရင် သွားကြည့်ပေါ့ "
" သွားမှာ သွားမှာ ၊ ဒါမျိုးက လက်လွတ်ခံလို့ဘယ်ဖြစ်မလဲ "
ထူးကတော့ ပေါင်မုန့်တွေ ပလုပ်ပလောင်းစားရင်း တက်ကြွတဲ့ကြက်ဖဖြစ်နေတဲ့ ထိုကောင်လေးကို လုပ်ချင်ရာသာ လုပ်စေတော့ဟူ၍သဘောပိုက်ကာ ထိုင်ကြည့်နေလိုက်တော့သည် ။
" ကိုနောင်က မလိုက်ဘူးလား "
" ငါက နိုင်နိုင်နဲ့အဖော်လုပ်ပြီး နေခဲ့မှာပေါ့ကွ "
" အဟမ်း အင်းပါ "
ချက်ချင်း ထူးဘက်ကိုလှည့်ကာ
" ဦးသာ သွားကြမယ်နော် နော် "
" အေးပါ ၊ မင်း အစားကိုသာ ဖြောင့်အောင်စား ဟုတ်ပြီလား "
" ဟီးဟီး "
စားပြီးတာနှင့် စိန်တက်ကြွ အမောင်ချမ်းနဲ့အတူ စပျစ်ခင်းထဲအလည်ထွက်ရတော့သည် ။
" အိုက်ယား...စပျစ်သီးကြီးတွေ အကြီးကြီးပဲ ၊ စားမယ် စားမယ် "
ပါးစပ်ကလည်းပြော လက်ကလည်း စပျစ်သီးခူးဖို့ ကိုနောင်ထည့်ပေးလိုက်တဲ့ ကပ်ကြေးလေးနှင့် တချပ်ချပ်ညှပ်ကာ တစ်ခိုင်ပြီးတစ်ခိုင် ခူးလေတော့သည် ။
" မင်း စားနိုင်သလောက်ပဲ ခူးနော် ချမ်း "
" မကုန်ရင် အိမ်ကိုသယ်သွားမယ်လေ ၊ ဒေါ်ခမ်းတို့ ကိုအိုက်တို့ကိုလည်း ကျွေးရအောင် "
အိမ်ကလူတွေကိုပါ လှမ်းပြီးသတိတရကျွေးချင်နေတဲ့ စိတ်ထားကောင်းလေးက ချစ်စရာ ။ ဒီလိုကလေးကိုတောင် ထူးက စိတ်ပုတ်လိုက်တာလို့ စွပ်စွဲပြောဆိုဖူးခဲ့သေးတာကို ပြန်တွေးမိတော့ မချိတရိ ပြုံးမိရသည် ။
" ဒေါ်ခမ်းတို့ ကိုအိုက်တို့က ဒီစပျစ်သီးတွေကို စားရလွန်းလို့ ရိုးနေပါပြီကွာ ၊ ကိုနောင်က အိမ်အတွက် အမြဲတမ်း ယူယူလာတာပဲကို "
" အော် ဟုတ်လား ၊ ဒါဆိုရင်တော့ နည်းနည်းပဲခူးတော့မယ်လေ နော် "
"အင်း "
" ဦးသာ ကျွန်တော့်ကို စပျစ်သီးခူးနေတဲ့ပုံလေး ဓာတ်ပုံရိုက်ပေးပါလား ၊ Facebook မှာ ပုံတင်ပြီး ဟိုကောင်ရတုတို့ကို ကြွားမလို့ "
" အင်း ရိုက်ပေးမယ် ၊ မင်းဖုန်းပေး "
" အင် ဖုန်းနဲ့မရိုက်ပါဘူး ၊ Camera နဲ့ရိုက်မှာ "
" မင်းက ရုတ်တရက်ကြီး လိုက်လာရတဲ့ ဒီခရီးစဉ်မှာတောင် Camera က ယူလာခဲ့သေးတာလား "
" တကူးတကကြီးထည့်လာတာ မဟုတ်ဘူးလေ ၊ ဒီ Camera လေးက ကျွန်တော်ချစ်လွန်းလို့ သွားလေရာ ကျောပိုးအိတ်ထဲထည့်ပြီး သယ်သွားနေကျ...အဲ... "
ပြောနေရင်းနဲ့ အဲခနဲ ဖြစ်ပြီး စကားရပ်သွားတဲ့ ချမ်းက အို့တို့အမ်းတမ်းပုံစံနှင့် ခေါင်းကုတ်သလိုလို လည်ပင်းကိုပွတ်သလိုလို လုပ်နေတော့
" ပေးလေ ၊ အဲ့ဒီ Camera ရိုက်ပေးမယ် "
တွန့်ဆုတ်ဆုတ်နဲ့ကျောပိုးအိတ်ထဲမှ ထုတ်ပေးလာသော အနက်ရောင် camera လေးကို မြင်လိုက်တော့မှ ချမ်း အိုးတို့အမ်းတမ်းဖြစ်ရခြင်းအကြောင်းရင်းကို သဘောပေါက်သွားသည် ။
ဒါ ထူး ကနေဒါကနေ ဝယ်ပေးလိုက်တဲ့ camera လေး ။
ဒါဆို ထူးက သူ့အတွက်ပစ္စည်းတွေ ဝယ်ပေးနေခဲ့တယ်ဆိုတာကို ဒီကလေးသိသွားပြီပေါ့ ။
ကျွတ်...လူလူကတော့ကွာ ။ မပြောပါနဲ့လို့ အတန်တန်တားထားတဲ့ကြားက ။
ထူးက ကိုယ်လုပ်ပေးသမျှတွေကို ဒီကလေးလေးသိသွားပြီး ထိုအချင်းအရာတွေကြောင့် ထူးကို ကျေးဇူးရှိတဲ့သူတစ်ယောက်လို ပြုမူဆက်ဆံလာမှာကို မလိုလားလို့ လူလူ့ကို အရာအားလုံး နှုတ်ပိတ်ခိုင်းထားကာမှ ဒီကောင်က ပြောဖြစ်အောင်သွားပြောသေးသည်ပေါ့လေ ။
ခုလို camera ထုတ်ကိုင်ဖို့ကိုတောင် တွန့်ဆုတ်ဆုတ်ဖြစ်နေတဲ့ အခြေအနေမျိုးကို ထူးအနေနဲ့ တကယ်ကိုသဘောမကျ ။ ဒီကလေးလေးကို ဘာကျေးဇူးတရား ၊ ဘာလွှမ်းမိုးမှု ၊ ဘာအားနာစိုးရွံ့မှုမှ မရှိဘဲ လွတ်လွတ်လပ်လပ်နဲ့ ကြီးပြင်းစေချင်ခဲ့တာလေ ။
ဒါတွေကို လူလူက သိရဲ့သားနဲ့များကွာ ။
" ဦးသာ ရိုက်ပေးတော့လေ "
" အော် အေး အေး "
ချမ်းက camera ထဲမှ ထူးရိုက်ပေးတဲ့ပုံတွေကို ပြန်ကြည့်ရင်း
" ဦးသာက ဓာတ်ပုံရိုက်ပေးတတ်သားပဲ "
ကနေဒါမှာနေတုန်းက မြန်မာမိသားစုတွေ ပွဲလမ်းသဘင်လုပ်ကြတဲ့အခါတိုင်း ထူးက အပျော်တမ်းဓာတ်ပုံ လိုက်ရိုက်ပေးနေကျဆိုတာတော့ ထည့်မပြောဖြစ်တော့ပါ ။
" ရေတံခွန်ကို သွားဦးမှာလား "
" သွားမှာပေါ့ ဦးသာရဲ့ "
" ဒါဆို မင်းရဲ့အဲ့ဒီ စပျစ်သီးခြင်းကြီးထားခဲ့ပါလား "
" အင် ထားခဲ့ပါဘူး ၊ ရေတံခွန်မှာ ရှုခင်းတွေကြည့်ရင်း ထိုင်စားမလို့ "
" ကဲ သဘော သဘော "
တဖြည်းဖြည်းနဲ့ ဒီကောင်လေးကိုလည်း မနိုင်တော့ပါဘူး ။
ရေတံခွန်က ထင်ထားတာထက်ကို တော်တော်ဝေးဝေးထိ နိမ့်ဆင်းပြီးလျှောက်လာရသည် ။ တိုက်တာအဆောက်အဦးနဲ့လူကြပ်ကြပ်တွေကြားမှာသာ ကြီးပြင်းလာခဲ့ရတဲ့ ရန်ကုန်သားလေးက ဒီသဘာဝရှုခင်းတွေကြားမှာ အတော်ကြီး နှစ်ခြိုက်ပျော်မွေ့နေဟန် ။
လမ်းတစ်လျှောက် တွေ့ကရာ သစ်ပင် တောပန်းမှန်သမျှကိုလည်း ဓာတ်ပုံတဖျတ်ဖျတ်ရိုက်လာသေးသည်မို့ ထူးမှာ ဒင်းကလေးအား နောက်ကနေကြည့်ရင်း ဘယ်အချက်ချော်လဲမလဲဟု ရင်တထိတ်ထိတ်ဖြစ်နေရသည် ။
" ဝါးးးးး လှလိုက်တာ ၊ ဦးသာ အဲ့ဒါ ဘာပန်းပင်လဲဟင် "
" စိန်ပန်းပြာ "
" ဟင် စိန်ပန်းပင်ဆိုရင် အနီပဲ သိတာ "
" အင်း ရန်ကုန်မှာတော့ စိန်ပန်းအနီပေါ့ ၊ ဒီဒေသမှာတော့ ဒီလိုစိန်ပန်းပြာပင်တွေရှိတယ် "
" ဦးသာ ကျွန်တော့်ကို အဲ့ဒီအပင်ကြီးနောက်ခံနဲ့ ဓာတ်ပုံရိုက်ပေးပါဦး "
စိန်ပန်းပြာတွေနောက်ခံပြီး ဆွယ်တာအဖြူနဲ့ သွားဖွေးဖွေးလေးတွေပေါ်အောင် ပြုံးရယ်နေတဲ့ကောင်လေးဟာ ထူးလက်ထဲက camera မြင်ကွင်းထဲမှာ တကယ်ပဲချစ်စရာကောင်းနေခဲ့သည် ။
" ဟော ရေသံ ၊ ဦးသာ ဒါ ရေသံတွေမဟုတ်လား "
" အင်း ရေတံခွန်က နီးပြီနဲ့တူတယ် "
ရေတံခွန်က နီးပြီဆိုတာနဲ့ အားတက်သွားပုံရတဲ့ကောင်လေးဟာ ခြေလှမ်းတွေရဲ့အရှိန်ကိုမြှင့်ရင်း ထူးရှေ့မှ တက်ကြွစွာလျှောက်သွားလေတော့သည် ။
ရေတံခွန်နဲ့နီးလာတော့ မြေကြီးလမ်းရယ်လို့မရှိတော့ဘဲ ကျောက်တုံးတွေချည်းသာ ဖြစ်ကုန်တော့သည် ။ ခဏကြာအောင် လျှောက်ပြီးတော့
" ဦးသာ ကျွန်တော့် sneaker က ရေတွေစိုကုန်ရင် အဆင်မပြေဘူး ၊ ကျွန်တော် ဖိနပ်ချွတ်ပြီးပဲ လျှောက်လိုက်မယ်နော် "
" အင်း သဘောပဲ ၊ ကျောက်အစွန်းတွေပေါ်သာ မနင်းမိစေနဲ့ ၊ မင်းခြေထောက်ရှမယ် "
" ဟုတ် "
လမ်းတစ်လျှောက်လာခဲ့တဲ့ပုံစံအတိုင်း ဟိုကလေးက ရှေ့က ထူးက နောက်က ။ လျှောက်နေရင်း ရေစပ်စပ်နဲ့ကျောက်တုံးတွေရဲ့အထိအတွေ့ဟာ ချောသလို ခံစားလာရတာမို့
" ချမ်း ကျောက်တုံးတွေက ချောနေတယ်နော် "
" အာ့ "
ပြောတဲ့ထူးစကားမှ မဆုံးတတ်သေး ။ ချမ်းခန္ဓာကိုယ်က ယိုင်ခနဲဖြစ်သွားသည်မို့ အပြေးအလွှား လှမ်းဆွဲကာ ထိန်းမိတော့ ချမ်းတစ်ကိုယ်လုံးက ထူးရင်ခွင်ထဲမှာ ။ နှုတ်ခမ်းတွေ စုဝိုင်းကာ မျက်လုံးအပြူးသားနဲ့ ထူးကိုမော့ကြည့်နေတဲ့ ကောင်လေးဟာ အတော်ပဲ ထိတ်လန့်သွားပုံရလေသည် ။
" ရလား ချမ်း ၊ ဘာဖြစ်သွားသေးလဲ "
" ရ ရတယ် ဦးသာ ၊ ဘာမှမဖြစ်ဘူး ၊ ကျွန်တော် နည်းနည်းလန့်သွားလို့ "
တဒိတ်ဒိတ်နဲ့အဆက်မပြတ်ခုန်လှုပ်နေသော နှလုံးခုန်သံတွေကြောင့် ချမ်းကိုယ်ချမ်းတောင် ပြန်လန့်လာမိသည် ။ ခြေချော်သွားရုံလေးလောက်နဲ့ကို ယောက်ျားလေးတန်မဲ့ ဒီလောက်လန့်စရာလား ။
ခုချိန်ထိအောင် နှလုံးခုန်သံတွေက လျော့မသွားသေးဘဲ တဒိတ်ဒိတ်နဲ့ သေမလိုခုန်နေတုန်း ။
ဘုရားရေ...ငါ ငယ်ငယ်ရွယ်ရွယ်နဲ့များ နှလုံးရောဂါဖြစ်တော့မှာလားမသိဘူး ။
ကိုယ့်အတွေးနဲ့ကိုယ် ဂယောင်ခြောက်ခြားဖြစ်နေစဉ် ဦးသာကလည်း ချမ်းအား တငုံ့ကြည့်ကြည့်နဲ့ အဆင်ပြေမပြေ အကဲခတ်နေပုံရသည် ။
" အဆင်ပြေရဲ့လား ချမ်း "
" ဟုတ် ပြေပါတယ် ၊ ကျွန်တော် ဘာလို့ အဲ့လောက်လန့်သွားမှန်းမသိဘူး "
" ရုတ်တရက်ဖြစ်သွားလို့နေမှာပါ ၊ အခု သက်သာပြီလား "
" ဟုတ် သက်သာသွားပြီ "
" ဆက်သွားမယ်မဟုတ်လား "
" သွားမယ်လေ "
" အင်း ရှေ့နားနည်းနည်းဆို ရောက်တော့မယ်ထင်ပါတယ် ၊ ရေကျသံတွေက တော်တော်နီးနေပြီဆိုတော့ "
" ဟုတ် "
" ကဲ လာ... "
ပြောရင်းနဲ့ ဦးသာက ချမ်းလက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ရင်း ရှေ့ဆက်လျှောက်တော့ ချမ်းမှာ ထင်မှတ်မထားတဲ့အပြုအမူကြောင့် တကယ်ကြီးကို အံ့အားတသင့် ။
ဟင် ဘာလဲဟ ။ ခုနက ပုံမှန်ပြန်ဖြစ်သွားတဲ့ ချမ်းရဲ့နှလုံးခုန်သံတွေက အခု ပြန်ပြီးမြန်လာပြန်ပြီ ။
မြန်တာမှ တဒိတ်ဒိတ်နဲ့ ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်မတတ်ပင် ။
လူက ဦးသာဆွဲခေါ်ရာနောက်ကို လိုက်ပါနေရင်း စိတ်ကတော့ ပုံမှန်မဟုတ်သည့် ကိုယ့်နှလုံးခုန်သံမှာပဲ အာရုံရောက်နေလေတော့ ဘယ်ကဘယ်လို ရေတံခွန်အောက်သို့ရောက်လာမိမှန်းတောင် မသိတော့ချေ ။
ဦးသာက ချမ်း လက်ကိုကိုင်ထားရာမှ လွှတ်လိုက်ရင်း
" ချမ်း မင်း ဘောင်းဘီအောက်နားတွေ ခေါက်တင်လိုက် ၊ မဟုတ်ရင် အကုန်စိုကုန်လိမ့်မယ် "
ချမ်းကိုပြောပြီး ဦးသာကလည်း သူ့ဘောင်းဘီသူ ငုံ့ခေါက်နေတော့သည် ။
အဲ...နှလုံးခုန်သံက ပုံမှန်ပြန်ဖြစ်သွားပြန်ပြီရော ။
" ဦးသာ "
ချမ်းခေါ်သံကြောင့် ဦးသာက ဘောင်းဘီခေါက်နေရာမှ မော့ကြည့်သည် ။
" နှလုံးခုန်သံက ခုပဲမြန်လာလိုက် ၊ ခုပဲပုံမှန်ပြန်ဖြစ်သွားလိုက် ဆိုတာမျိုး ရှိတတ်လား "
" ရှိချင်ရှိမှာပေါ့ ၊ ငါက နှလုံးအထူးကုမှမဟုတ်တာ ၊ ဘယ်သိမလဲ "
မှတ်ဟ ငြိမ်းချမ်းရေး ။ ဦးသာကို ပဒီးပဒါးမေးခွန်းတွေသွားမေးရင် ဒီလို ဘုကန့်လန့်အဖြေပဲရမယ်ဆိုတာ သိသိကြီးနဲ့ လျှာရှည်ပြီးသွားမေးတာကိုး ။ ခံပေါ့ ။
စူပွပွတွေးရင်း ကိုယ့်ဘောင်းဘီကိုယ်ခေါက်ကာ ရေထဲတစွပ်စွပ်ဆင်းမိတော့ ရေအေးအေးရဲ့အထိအတွေ့တွေကြား ခုနက နှလုံးခုန်မှုပြဿနာကို ချမ်းတစ်ယောက် မေ့မေ့ပျောက်ပျောက်ဖြစ်သွားတော့သည် ။
ထိုပြဿနာကို အမေးခံသူ လူကြီးကတော့ ခပ်ငိုင်ငိုင်ဖြင့် တွေဝေနေမိသည် ။ သူလည်း ခုနက ထိုကလေးမေးသလိုခံစားမှုမျိုးကို ခံစားလိုက်ရသည် မဟုတ်ပါလား ။
______________________________
A/N
ကိုယ် ဒီရက်ပိုင်း အိမ်က အလုပ်ကိစ္စတွေရော ၊ တစ်ခြားကိစ္စလေးတွေရောရှိနေလို့ update တင်မယ့်ရက်လေး အနည်းငယ် အတိမ်းအစောင်းဖြစ်ခဲ့ရင် နားလည်ပေးကြပါနော်.... 😔
Phyu Layy. ❤️🙆🏻♀️💚
______________________________