Reward[Him From Final Year]

By Aelennar

1.1M 90.8K 10.7K

တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... More

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side

Chapter-23

17.2K 1.8K 313
By Aelennar

"ခင္ဗ်ား အတန္းရွိတယ္မလား
က်ြန္ေတာ့္ ေနာက္ကိုဘာလို႕လိုက္
ေနတာလဲ"

က်ြန္ေတာ့္ေဘးမွာ ကပ္ပါလာတဲ႕
သူနဲ႕ အုတ္ရိုးနီနီေကာ္ရစ္တာ
တစ္ေလ်ွာက္ လမ္းအတူတူေလ်ွာက္
လာရင္းသူ က်ြန္ေတာ့္ကိုျကည့္ေန
မွန္းသိလို႕ မေနတတ္ျဖစ္ေနရသည္။

အခုဆိုရင္က်ြန္ေတာ္ေက်ာင္းထဲက
ေနရာ ေတာ္ေတာ္မ်ားမ်ားကိုေရာက္
ဖူးေနျပီ ျဖစ္သလိုပထမနွစ္ဝက္
ေက်ာင္းလဲ ပိတ္ခါနီးေနျပီ။
 
"ခဏေနရင္ သြားမယ္ေလ။
မ်က္နွာေလး ေတြ႕ခ်င္လို႕"

ကိုမင္းစစ္ေျကာင္း ကိုက်ြန္ေတာ္
ေမာ့ျကည့္လိုက္ခ်ိန္ အျကည့္ခ်င္းဆံု
တဲ႕တစ္ခဏ မ်က္နွာျပန္လႊဲရသည္။
အခုတေလာ က်ြန္ေတာ္စာေမးပြဲနီး
ေနလို႕ပဲလား စိတ္ေတြလႈပ္ရွားေနသလိုပဲ။

"ေက်ာင္းတက္ရတာ ေပ်ာ္ေနျပီလား"

"မေပ်ာ္ပါဘူး စာေမးပြဲကလည္းနီးေနျပီ"

က်ြန္ေတာ္ ညီးညဴကာေျပာမိျပီး
ဆက္မေလ်ွာက္ေတာ့ပဲ ရပ္လိုက္
ကာ ေကာ္ရစ္တာတစ္ေလ်ွာက္
စီတန္းေနသည့္ ေဘးကတိုင္တစ္တိုင္
ကို မွီကာေနလိုက္သည္။

ကိုမင္းစစ္ေျကာင္း ကလည္းက်ြန္ေတာ့္
ေရွ႕မွာရပ္လိုက္ျပီး သူ႕ပုခံုးေအာက္
ကို ေရာက္ေနတဲ႕က်ြန္ေတာ့္ကိုငံု႕မိုး
ထားေလသည္။

"ညေန ဘယ္သူနဲ႕ျပန္မွာလဲ"

"က်ြန္ေတာ္က ဘယ္သူနဲ႕ျပန္ရမွာလဲ။
ေမမီနဲ႕ပဲေပါ့"

"ကိုယ္ျပန္ပို႕ေပးမယ္ေလ မရဘူးလား"

"မရဘူး"

သူစိတ္ညစ္သြားတဲ႕ပံုစံျဖစ္သြားေပမဲ႕
ဘာမွထပ္မေျပာ။ေက်ာင္းေရာက္
လာတာနဲ႕က်ြန္ေတာ္ရွိေနတဲ႕ေနရာကို
အရင္လာျပီး သူ႕အတန္းကိုမသြား
ေသးပဲ က်ြန္ေတာ္နဲ႕စကားလာေျပာ
ေနတယ္။က်ြန္ေတာ္တို႕ကညေနမွ
အတန္းရွိေပမဲ႕ သူတို႕ကpretestေျဖရမွာ။

က်ြန္ေတာ္ ရယ္ခ်င္စိတ္ကိုထိန္းျပီး
မ်က္နွာလႊဲကာ ေက်ာင္းဝင္းကို
အျကည့္လႊဲလိုက္ခ်ိန္ ဆိုင္ကယ္စတန္း
ဘက္မွာ က်ြန္ေတာ္စိတ္ဝင္စားစရာ
ကိုေတြ႕လိုက္ေတာ့ သတိလက္လြတ္
နဲ႕ လိုက္ျကည့္ေနမိသည္။

"မင္းကို စကားေျပာေနတာက
ကိုယ္ေလ။ဘယ္ကို လိုက္ျကည့္ေန
တာလဲ"

က်ြန္ေတာ္ သတိလက္လြတ္နဲ႕ျကည့္
ေနမိတုန္း မ်က္နွာနားကိုနီးကပ္လာ
သူေျကာင့္ သတိျပန္ဝင္လာျပီး
လန္႕ကာသူ႕နဲ႕ ခပ္ခြာခြာေနလိုက္ရသည္။

"ဟိုမွာ ဆိုင္ကယ္ေမာင္းသြားတဲ႕
တစ္ေယာက္ကိုျကည့္တာ"

"ဘာ"

"အာ!!ခင္ဗ်ားကလည္း က်ြန္ေတာ္က
လူကိုျကည့္တာမဟုတ္ဘူး ဆိုင္ကယ္
ကိုျကည့္တာ"

"ဆိုင္ကယ္ကိုျကည့္မွေတာ့ လူပါျမင္ျပီေပါ့"

က်ြန္ေတာ့္ကိုျကည့္ေနတဲ႕ သူရဲ႕
မ်က္နွာမွာ ေဒါသအရိပ္အေယာင္ေတြ
ေတြ႕လိုက္ရတာေျကာင့္ က်ြန္ေတာ္
စိတ္ညစ္ညစ္နဲ႕ ဘာေျပာရမည္မသိ
ေတာ့။ဘာလဲ က်ြန္ေတာ္ကေယာက်ာ္း
ေလးဆိုတာ သူေမ့တာလား။ဘယ္
ေယာက်ာ္းေလးမဆို ဆိုင္ကယ္ဘီးျကီး
ေတြေတြ႕ရင္ သေဘာက်တတ္တာပဲ
မဟုတ္ဘူးလား။

ျပီးေတာ့ က်ြန္ေတာ့္ကိုအခုလိုေတြ
လာေျပာေနရေအာင္သူနဲ႕က်ြန္ေတာ္က
ဘာဆိုင္လို႕လဲ။

"ဘာျဖစ္လဲအဲ႕တာ ေယာက်ာ္းေလး
ခ်င္းျကည့္တာပဲဟာ။က်ြန္ေတာ္ျကည့္
တယ္ဆိုတာ သူတို႕ကအဲ႕လိုဆိုင္ကယ္
စီးနိုင္လို႕ အားက်တဲ႕စိတ္နဲ႕ျကည့္တာ
ခင္ဗ်ားက ဘာျဖစ္ေနတာလဲ"

"မင္းက အဲ႕လိုဆိုင္ကယ္စီးခ်င္လို႕လား"

"ဒါေပါ့ က်ြန္ေတာ္ကကားထက္
ဆိုင္ကယ္ စီးရတာပိုျကိဳက္တယ္။
ဆိုင္ကယ္စီးရတဲ႕ ခံစားခ်က္က
လြတ္လပ္တယ္။ျပီးေတာ့ဆိုင္ကယ္
ေမာင္းတဲ႕ေကာင္ေလးေတြက အရမ္း
မိုက္တယ္။က်ြန္ေတာ္လည္းတစ္ေန႕
သူတို႕လို big bikeစီးနိုင္ရမယ္"

က်ြန္ေတာ္ သေဘာတက်နဲ႕ေျပာေနရင္း
ကိုမင္းစစ္ေျကာင္းကို ျပန္ျကည့္လိုက္
ေတာ့ မ်က္နွာကခ်က္ခ်င္းျကီးတည္ေန
ေသာေျကာင့္ ေျကာက္ေျကာက္နဲ႕ပဲ
ဘာမွ ဆက္မေျပာရဲပဲျဖစ္သြားရသည္။

သူက်ြန္ေတာ့္ကို အနီးကပ္ဆံုး
အေနအထားမွာ ငံု႕မိုးထားတာ
ျဖတ္သြားျဖတ္လာ ေကာင္မေလးေတြ
ကေတာင္ က်ြန္ေတာ္တို႕ကိုမသိမသာ
ျကည့္သြားျက ေလျပီ။

"CBR စီးခ်င္တယ္ ဟုတ္လား။
ဒီအရပ္ကေန တက္လာဖို႕ပဲ အရင္
ျကိဳးစားလိုက္ပါအံုး"

"ခင္ဗ်ားဘာျဖစ္လို႕ က်ြန္ေတာ့္အရပ္
ကို ထိခိုက္ရတာလဲ။အသက္မျပည့္
မခ်င္း အရပ္က ထပ္ထြက္လာအံုးမွာ"

"အဲ႕လိုပဲေျဖသိမ့္ရတာေပါ့"

"ကိုမင္းစစ္ေျကာင္း ခင္ဗ်ား"

က်ြန္ေတာ္ စိတ္တိုတိုနွင့္သူ႕ကို
ေမာ့ျကည့္ျပီး ေအာ္လိုက္ေသာ္လည္း
သူကဂရုမစိုက္သလိုနွင့္ မ်က္နွာက
တည္ေနသည္။ဘာလား သူခ်က္ခ်င္း
ျကီးဘာျဖစ္တာလဲ။က်ြန္ေတာ့္ကို
ရန္စခ်င္ ေနတာလား။

"ကိုယ္ အတန္းသြားေတာ့မယ္
ေဘာပင္တစ္ေခ်ာင္း ေလာက္ငွားေပး"

"ေက်ာင္းလာတာ ေဘာပင္ေလး
တစ္ေခ်ာင္းေတာင္ မဝယ္နိုင္ဘူးလား
ခင္ဗ်ား"

က်ြန္ေတာ္ သူ႕ကိုေျပာျပီးေစာင္းျကည့္
လိုက္ေသာ္လည္း က်ေတာ့္ကိုဂရုမစိုက္
တာမို႕ ေက်ာပိုးအိတ္ထဲကေနေဘာပင္
ထုတ္ေပးဖို႕ျပင္လိုက္သည္။ရုတ္တရက္
ျကီး စကားအေကာင္းမေျပာေတာ့ပဲ
ဘာျဖစ္တာလဲ။ေျပာရင္လည္း
က်ြန္ေတာ္ပဲ လြန္မယ္။

က်ြန္ေတာ္စိတ္သာတိုေပမဲ႕ က်ြန္ေတာ္
တစ္ခါမွမေရးရေသးသည့္ line
ေဘာပင္ အသစ္စက္စက္ကိုထုတ္ေပး
လိုက္သည္။

"ကိုယ္သြားျပီ"

က်ြန္ေတာ့္ကို တစ္ခ်က္သာ
နႈတ္ဆက္ကာ ေက်ာခိုင္းျပီးထြက္သြား
တဲ႕သူကိုျကည့္ျပီး ရပ္ေနတဲ႕ေနရာ
မွာပဲက်ြန္ေတာ္နားမလည္နိုင္စြာနဲ႕ပဲ
က်န္ခဲ႕ရသည္။

ဘာလဲ ခ်က္ခ်င္းျကီး ဘာျဖစ္သြား
တာလဲ က်ြန္ေတာ့္ကိုတစ္ကယ္ပဲ
စိတ္ဆိုး သြားတာလား။က်ြန္ေတာ္
ဘာေျပာမိလို႕လဲ။

ကိုမင္းစစ္ေျကာင္း ထြက္သြားရာကို
ျကည့္ရင္း က်ြန္ေတာ္နားမလည္နိုင္
စြာနဲ႕ပဲ ေကာ္ရစ္တာေထာင့္စြန္းရဲ႕
တိုင္ေဘးမွာ သက္ျပင္းခ်ရင္းထိုင္ခ်
လိုက္သည္။ဒီေနရာကေနျမင္ေနရ
သည့္ ပင္မေလးထပ္ေဆာင္ျကီးကို
လွမ္းျကည့္ရင္း သက္ျပင္းေတြခ်မိျပီး။

"ပုန္းေနျကတဲ႕သူေတြ ထြက္လာလို႕ရျပီ"

က်ြန္ေတာ္ေခၚလိုက္မွ ကိုစစ္ေျကာင္း
ေရာက္လာထဲက က်ြန္ေတာ့္ေဘးက
ေန အလိုလိုေပ်ာက္သြားသည့္
ေမမီနဲ႕ခ်မ္းေျမ႕က ျပံဳးျဖီးကာ
က်ြန္ေတာ့္ေဘးမွာ လာဝင္ထိုင္
ျကသည္။

ရည္မြန္ကေတာ့ သူ႕အေဖ အတန္း
တက္ခ်ိန္ ျပန္ဆင္းခ်ိန္အတိအက်ကို
လာျကိဳ လာပို႕ေပးေသာေျကာင့္
ဘယ္မွသြားခြင့္မရပဲ ဒီေန႕ ေက်ာင္း
လည္း မေရာက္လာေသးဘူးေလ။

ဘာလိုလိုနဲ႕ က်ြန္ေတာ္တို႕ ပထမ
နွစ္ဝက္ေက်ာင္းနွစ္လေတာင္ ပိတ္
ေတာ့မွာပါလား။ေက်ာင္းစတက္ခဲ႕
ရတဲ႕ေန႕က ျပန္ေတြးျကည့္ရင္
မေန႕တစ္ေန႕က လိုပါပဲ။

             ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

က်ြန္ေတာ္ အိမ္ေရွ႕မွာဖုန္းကိုင္ကာ
ဂိမ္းေဆာ့ေနတုန္း ေဘးကေန
အငယ္ေလးက သူနဲ႕ကစားဖို႕လာ
ေခၚေနေသာေျကာင့္ က်ြန္ေတာ္တို႕
ညီအစ္ကိုနွစ္ေယာက္ အသံတိတ္
စကားမ်ားေနရသည္။က်ြန္ေတာ္
ေဆာ့ေနတဲ႕ဖုန္းကို အငယ္ေလးက
လာဆြဲလိုက္ က်ြန္ေတာ္ကျပန္ယူ
လိုက္နွင့္ သံသရာလည္ေနရျပီး။

"အငယ္ေလး ခဏ။ဒါျပီးရင္ေဆာ့ျကမယ္ေနာ္"

"မရဘူးအခုေဆာ့မယ္ ပါဝါရိန္းဂ်ားအနီေကာင္"

"အင္း အင္းေဆာ့မယ္ ခဏ ခဏေလး"

က်ြန္ေတာ္ ဂိမ္းပြဲထဲမွာအရွိန္တက္ေန
တုန္းအငယ္ေလးက က်ြန္ေတာ့္ဖုန္းကို
ဆြဲယူသြားျပန္သည္။

"ဆုလာဘ္ ငါအခုေဆာ့မယ္ဆို"

"ေဟ်ာင့္ မင္းဘာေတြေလ်ွာက္နွိပ္လိုက္လဲ"

အငယ္ေလး က်ြန္ေတာ့္ဖုန္းကိုယူျပီး
ေလ်ွာက္နွိပ္ေနတာျမင္တာနဲ႕ ဘယ္
ဖုန္းမဆို သူ႕လက္ထဲေရာက္သြားတာနဲ႕ေတြ႕တဲ႕သူကို ဖုန္းလိုက္ဆက္တတ္
တဲ႕ကေလးမို႕ ျပန္ယူဖို႕လုပ္ရသည္။

က်ြန္ေတာ္မနည္း ျပန္ယူလိုက္ရျပီး
က်ြန္ေတာ့္လက္ထဲကို ဖုန္းေရာက္
လာတဲ႕အခ်ိန္ က်ြန္ေတာ့္ဖုန္းထဲက
ေန တစ္ဖက္ကိုအထြက္callေခၚေနျပီ
ျဖစ္တာေျကာင့္ မ်က္လံုးျပဴးသြား
ရျပီး အလ်င္အျမန္ျပန္ပိတ္ဖို႕လုပ္
လိုက္ေပမဲ႕မမွီေတာ့။ေသျပီ ေသပါျပီ။
ကိုမင္းစစ္ေျကာင္း ဖုန္းကိုင္လိုက္ျပီ။

က်ြန္ေတာ္ စိတ္ညစ္ညစ္နဲ႕ခ်က္ခ်င္း
ဘာမွမေျပာရဲေသးပဲ ဖုန္းကိုျကည့္ေန
တုန္း အငယ္ေလးကအေနာက္ကေန
က်ြန္ေတာ့္ေက်ာေပၚကို ခုန္တက္လာ
သည္မို႕ လက္တစ္ဖက္နဲ႕ထိန္းေပး
ထားရသည္။

"ကိုမင္းစစ္ေျကာင္း ဘာမွမဟုတ္ဘူး။
ခင္ဗ်ားကို ဖုန္းဆက္တာမဟုတ္ဘူး
က်ြန္ေတာ္ ဂိမ္းေဆာ့ေနရင္းနဲ႕မွားနွိပ္မိတာ"

"ဘာဂိမ္းေဆာ့ေနတာလဲ MLလား"

"ဟုတ္ဘူး စိုက္ပ်ိဳးေရး။က်ြန္ေတာ္
ေျမကြက္ေတြေတာင္ပိုင္ေနျပီ ခင္ဗ်ားသိလား"

"အင္း အင္းအဲ႕တာဆိုလည္းဆက္ေဆာ့။
ကိုယ္အခုမအားေသးလို႕ ဝန္း။ေနာက္မွ
ကိုယ္ ျပန္ဆက္လိုက္မယ္"

သူ႕ဘက္က ဖုန္းအရင္ခ်လိုက္လို႕
end callျဖစ္သြားသည့္က်ြန္ေတာ့္
ဖုန္းေလးကို ျကည့္ရင္းမယံုနိုင္စြာနဲ႕
က်ြန္ေတာ္ဘယ္ကမွန္း မသိသည့္
ေဒါသေတြထြက္လာရသည္။ဘာလား
အခု က်ြန္ေတာ္ေခ်ခံထိသြားတာလား။

က်ြန္ေတာ့္ဘက္ကေန ပထမဆံုး
အရင္ဆက္တဲ႕ ဖုန္းေလးခဏေျပာ
ရတာကိုမအားေသးရေအာင္ ခင္ဗ်ားက
ဘာေတြမ်ား လုပ္ေနလို႕လဲ။

ကိုမင္းစစ္ေျကာင္း ခင္ဗ်ားက်ြန္ေတာ္နဲ႕ေတြ႕မယ္။

               ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ဘာလိုလိုနဲ႕ ပထမနွစ္ဝက္စာေမးပြဲ
ေျဖဖို႕ငါးရက္ေလာက္ပဲ လိုေတာ့တာမို႕
ေက်ာင္းမသြားရေတာ့ပဲ က်ြန္ေတာ္
အိမ္မွာပဲ စာလုပ္ေနရေလျပီ။

မရေတာ့ဘူး။ဆက္မလုပ္နိုင္ေတာ့ဘူး
တစ္ေန႕လံုး အခန္းေအာင္းျပီးစာလုပ္
ေနရတာ စာေတြကိုျကည့္ေနရံုနဲ႕ကို
ေခါင္းေတြ အရမ္းပူေနျပီ။အျပင္မွာလည္း
ညအေမွာင္က ခုနွစ္နာရီခြဲကိုျပေနေလျပီ။
ဦးေနွာက္ေလး ဘာေလးလည္း
အနားေပးမွပါ။

ေခါင္းေတြ အလြန္ပူလာသည္မို႕
က်ြန္ေတာ္ ယပ္ခပ္ေနရင္း စာအုပ္ကို
ပိတ္လိုက္သည္။ေျဖဖို႕ရက္ကနီးေနျပီ
ဘာသာစံု revisionလည္းျပန္သင့္
သေလာက္ျပန္ျပီးျပီမို႕ သိပ္ျပီးစိတ္ပူ
စရာေတာ့ မလိုေတာ့ပါဘူးေနာ္။
ဦးေနွာက္ကို အနားေပးတဲ႕အေနနဲ႕
ဖုန္းကိုင္ကာ လိုင္းဖြင့္ျကည့္လိုက္ေတာ့
အျမဲမီးစိမ္းေနျက ေမမီနဲ႕ခ်မ္းေျမ့ကို
မေတြ႕။စာမြဲနီးေတာ့ever online
ေတြလည္း မလုပ္နိုင္ျကေတာ့ဘူး
ထင္ပါတယ္။

ဘာလုပ္ရမွန္းမသိတာမို႕ ပ်င္းပ်င္းနဲ႕
ကိုမင္းစစ္ေျကာင္းနဲ႕ စကားေျပာထား
တဲ႕chat headထဲဝင္ျကည့္လိုက္
ေတာ့သူလဲ လိုင္းေပၚမွာမရွိ။ဘာလဲ
ဒီလူ အရင္ရက္ေတြ က်ြန္ေတာ့္ကို
ဖုန္းလဲမဆက္ ေက်ာင္းလဲမလာဘူး။
စာေမးပြဲလည္းနီးေနျပီကို ဘာေတြ
လုပ္ေနျပီး ဘယ္ေတြကိုသြားေနျပန္ျပီလဲ။

က်ြန္ေတာ္ အလိုမက်စြာနဲ႕ဆူပုတ္
ေနမိတုန္း က်ြန္ေတာ့္ဖုန္းထဲကို
မက္ေဆ့ ဝင္လာသည္။ထင္ထား
သည့္အတိုင္း  ကိုမင္းစစ္ေျကာင္း
ပို႕လာတာပင္။

သူ က်ြန္ေတာ့္အိမ္ေရွ႕ေရာက္ေန
သည္ ဆိုသည့္မက္ေဆ့ကိုက်ြန္ေတာ္
ဖတ္ျပီးျပီးခ်က္ခ်င္းပင္ စာအုပ္ပိတ္ျပီး
ဖုန္းကိုင္ကာ အိမ္ေရွ႕ကိုအလ်င္အျမန္
ထြက္လာခဲ႕ရသည္။ဘာလဲ။ဘယ္လို
လုပ္ျပီး က်ြန္ေတာ့္အိမ္ေရွ႕မွာလဲ။
က်ြန္ေတာ္ သူ႕ကားသံလည္းမျကားမိ
ပါဘူး။က်ြန္ေတာ့္အိမ္ေရွ႕ထိလာရ
ေအာင္ ခင္ဗ်ားေတာ္ေတာ္ သတိၱရွိေန
တယ္ ဟုတ္လား။

အျမန္ပင္ ျခံျပင္ကို က်ြန္ေတာ္ထြက္
လာခ်ိန္ညအေမွာင္မွာ ကိုမင္းစစ္ေျကာင္း
ရဲ႕ကားကိုမေတြ႕။သူ႕ကိုလည္း မေတြ႕။
ဘာလဲ က်ြန္ေတာ့္ကိုေနာက္ေနတာလား။

က်ြန္ေတာ့္ကိုသူ ေနာက္ျပီးစာပို႕တယ္
လို႕ထင္ျပီး စိတ္တိုေနတုန္းျခံေထာင့္
ခပ္လွမ္းလွမ္းမွာ ရပ္ထားသည့္
ဆိုင္ကယ္တစ္စီးနဲ႕လူတစ္ေယာက္ကို
ေတြ႕လိုက္သည္မို႕ က်ြန္ေတာ္ မယံု
သကာၤနဲ႕လိုက္ျကည့္မိသည္။
ဆိုင္ကယ္ေပၚက လူကဘယ္သူလဲ။
သူမ်ားအိမ္ေရွ႕မွာ ပိုင္စိုးပိုင္နင္းနဲ႕
ဆိုင္ကယ္ကို လာရပ္ထားရေအာင္။

က်ြန္ေတာ္ဆိုင္ကယ္နဲ႕လူကိုျကည့္ေန
မိရင္း ညအေမွာင္မွာ ဦးထုပ္ေဆာင္း
ထားတာမို႕ဘယ္သူမွန္းမသိေသာ္လည္း
လူကိုေတာ္ေတာ္ေလးရင္းနွီးေနသည္။
မဟုတ္ဘူး သိကိုသိေနတာ။

က်ြန္ေတာ္ စိတ္ထင္ေနေသာေျကာင့္
သူ႕ဆိုင္ကယ္ေဘးကို သြားလိုက္ျပီး
ညဘက္ျကီး ဦးထုပ္မွန္ထားတဲ႕သူကို
မသိမသာနဲ႕လိုက္ျကည့္ေနတုန္း
သူကဦးထုပ္ကို ခ်ြတ္လိုက္ေလသည္။

"ကိုမင္းစစ္ေျကာင္း"

က်ြန္ေတာ္ အံ႕ျသျပီး မ်က္လံုးျပဴးကာ
ျကည့္ေနမိသည့္အထိပဲ။

"အဲ႕ေလာက္ျကည့္ေနတာ ကိုယ့္ကို
ေျကြသြားျပီလား"

သူက်ြန္ေတာ့္ကို ဘာေတြေျပာေန
လည္း က်ြန္ေတာ္မသိေတာ့။
က်ြန္ေတာ့္မ်က္စိေရွ႕က ခဲေရာင္
ဆိုင္ကယ္ကို အျကည့္မလႊဲနိုင္ျဖစ္
ေနမိျပီး က်ြန္ေတာ္အခုခ်ိန္မွာ
သူ႕ထက္ ဆိုင္ကယ္ကိုပဲပိုစိတ္ဝင္စား
သည္။

"ဒါဘယ္သူ႕ ဆိုင္ကယ္လဲ"

"ကိုယ္စီးမွေတာ့ ကိုယ့္ဆိုင္ကယ္ေပါ့"

"ခင္ဗ်ား ဝယ္လိုက္တာလား
ဒီေကာင္က Rဘယ္ေလာက္လဲ"

"R6"

မိုက္လြန္းသည့္ ဆိုင္ကယ္ကိုျကည့္ျပီး
က်ြန္ေတာ္ ဘာေျပာရမွန္းမသိေအာင္
ျဖစ္ေနရသည္။ဒီလိုဘီးေတြက တေန႕
ဝယ္နိုင္လည္း က်ြန္ေတာ့္အရပ္နဲ႕
ေမာင္းဖို႕ေနေနသာသာ ဘယ္လိုမွ
သယ္နိုင္မွာေတာင္မဟုတ္ဘူး။ကိုယ္
ကိုတိုင္ မေမာင္းနိုင္ရင္ေတာင္တစ္ခါ
ေလာက္ အေနာက္ကေတာ့လိုက္စီး
လို႕ရတာပဲမလား။

"အဟမ္း ကိုစစ္ေျကာင္း ခင္ဗ်ားအခု
ဆိုင္ကယ္လိုက္စီးဖို႕ က်ြန္ေတာ့္ကို
လာေခၚတာမလား။စာလုပ္ရအံုးမွာ
ေပမဲ႕ အခ်ိန္ခဏေလာက္ေတာ့
ရပါတယ္ ခင္ဗ်ားကိုအားနာလို႕
က်ြန္ေတာ္ လိုက္ခဲ႕ေပးမယ္"

"မဟုတ္ပါဘူး ဘယ္သူကမင္းကို
ေခၚေနလို႕လဲ ဒီအတိုင္း လမ္းျကံဳလို႕
တစ္ခ်က္ ဝင္လာတာ။စာလုပ္ေနတယ္
မလား အဲ႕တာဆိုရင္ကိုယ္သြားေတာ့မယ္"

"ဗ်ာ"

က်ြန္ေတာ့္ကို မ်က္နွာတည္နဲ႕ေျပာျပီး
ဆိုင္ကယ္ စက္နႈိးေတာ့မလို႕လုပ္ေန
တဲ႕သူကို က်ြန္ေတာ္ေဒါသထြက္လြန္း
လို႕ထုရိုက္ပစ္ခ်င္လာသည္။သူ႕အိမ္နဲ႕
က်ြန္ေတာ့္အိမ္က ေတာင္နဲ႕ေျမာက္
ကို ဘာေတြေျပာေနတာလဲ။က်ြန္ေတာ္
လိုက္စီး ခ်င္ေနမွန္းသိသိရက္နဲ႕အိမ္ထိ
လာျပီး သက္သက္အက်င့္ယုတ္တာ။

"စာက က်ြန္ေတာ္ရျပီးသားေလ။
ဆိုင္ကယ္ ခဏေလာက္လိုက္စီးတာပဲ
ဘာ ဘာမွမျဖစ္ပါဘူး"

ဆိုင္ကယ္ေမာင္း ထြက္ေတာ့မလို
လုပ္ျပေနတဲ႕သူကို က်ြန္ေတာ္ဆြဲထား
လိုက္ေတာ့ က်ြန္ေတာ့္ကိုျကည့္ျပီး
ရယ္ေနသည္။ျကည့္ပါလား က်ြန္ေတာ့္
ကို စရတာေတာ္ေတာ္ေပ်ာ္ေနတယ္။

"ကေလးက ဆိုင္ကယ္လိုက္စီးခ်င္
တယ္ေပါ့ ဟုတ္လား"

"ဟုတ္တယ္ က်ြန္ေတာ္လိုက္ခ်င္တယ္
ရျပီလား"

က်ြန္ေတာ္သူ႕ကိုျကည့္ကာ ဆူပုတ္ျပီး
ေျဖလိုက္ေတာ့ ကိုမင္းစစ္ေျကာင္းက
က်ြန္ေတာ့္ မ်က္နွာအနားကိုကပ္လာျပီး။

"ေနာက္ခါ ဆိုင္ကယ္ေမာင္းတဲ႕
ေကာင္ေလးေတြကို လိုက္ျကည့္အံုးမွာလား"

အျကည့္ခ်င္းဆံုေနရင္း က်ြန္ေတာ္
ရုတ္တရက္ ဘာျပန္ျဖရမည္မသိ။
က်ြန္ေတာ္ ျကည့္တယ္ဆိုတာအားက်
တဲ႕စိတ္နဲ႕ပါ။သူက ဘာလို႕မျကိဳက္ရတာလဲ။

"မျကည့္ဘူး ဘယ္ေတာ့မွမျကည့္ေတာ့ဘူး"

ေလာေလာဆည္မွာ အဆင္ေျပေအာင္
က်ြန္ေတာ္ ေခါင္းခါကာေျဖလိုက္သည့္
တိုင္ သူကေက်နပ္ေသးသည့္ပံုမေပၚ။

"ကိုကို လို႕ေခၚ "

က်ြန္ေတာ့္ မ်က္နွာနားကိုနီးကပ္ျပီး
ေျပာေနတဲ႕သူနဲ႕ အနီးဆံုးေသာအေန
အထားမွာ က်ြန္ေတာ္ အထိတ္တ
လန္႕နဲ႕ရင္ေတြတုန္ျပီး အေနာက္ဆုတ္
မိေတာ့သည္။

"ရူးေနလို႕လား ဘာေတြေျပာေန
တာလဲ။ေပးမစီးခ်င္လဲေန က်ြန္ေတာ္
မလိုက္ေတာ့ဘူး ခင္ဗ်ားျပန္ေတာ့"

က်ြန္ေတာ္ သူ႕ကိုမျကည့္ရဲေတာ့ပဲ
လွည့္ထြက္မည္ လုပ္လိုက္ေတာ့
က်ြန္ေတာ့္ လက္ေကာက္ဝတ္
ကိုသူက ဖမ္းဆြဲထားသည္။

"ကိုယ္ပဲမွားတယ္ေနာ္ စိတ္မေကာက္နဲ႕
တက္ေတာ့"

"ဘယ္သူက စိတ္ေကာက္လို႕လဲ
က်ြန္ေတာ္ စိတ္မေကာက္တတ္ဘူး
ေဒါသပဲထြက္တတ္တယ္ က်ြန္ေတာ္
ကေယာက်ာ္းေလး။ခင္ဗ်ား"

က်ြန္ေတာ္ ပြစိပြစိနဲ႕သူ႕ကိုေျပာေနတုန္း
သူ႕ဦးထုပ္ကို က်ြန္ေတာ့္ေခါင္းမွာ
ေဆာင္းေပး လိုက္တာေျကာင့္ဆက္
ေျပာလို႕မရပဲ တစ္ဝူးဝူးနဲအသံတိတ္
သြားရသည္။အခု နားျငီးလို႕ က်ြန္ေတာ့္
ကို ဆက္မေျပာနဲ႕ေတာ့ဆိုတဲ႕သေဘာလား။

ဆိုင္ကယ္ေပၚ က်ြန္ေတာ္တက္လိုက္
တဲ႕အခ်ိန္ ေတာ္ေတာ္ေလးေပ်ာ္ေနျပီး
စိတ္လႈပ္ရွားေနတာကို ထိန္း၍မရ။
ဒီလိုမ်ိဳး ဘီးျကီးေတြကိုသေဘာက်ခဲ႕
တာကလြဲျပီး က်ြန္ေတာ္တစ္ခါမွ
မစီးဖူးဘူးေလ။

"ေမာင္းေတာ့ေလ ခင္ဗ်ားဘာလုပ္ေနတာလဲ"

အေနာက္ကေန သူ႕အက်ီၤကိုကိုင္ထားျပီး
သူဆိုင္ကယ္ေမာင္းထြက္ဖို႕က်ြန္ေတာ္
အေပ်ာ္လြန္ျပီးေစာင့္ေနသည့္တိုင္
ကိုမင္းစစ္ေျကာင္းက မေမာင္းထြက္ေသး။

"အဲ႕လိုပဲကိုင္ထားရင္ ျပဳတ္က်မယ္"

"မျပဳတ္က်ပါဘူး က်ြန္ေတာ္ေသခ်ာ
ကိုင္ထားတယ္ ခင္ဗ်ား စိတ္ခ်"

အေနာက္ကေန က်ြန္ေတာ္ေျပာလိုက္
ေတာ့ ကိုမင္းစစ္ေျကာင္းကသက္ျပင္း
ေတြခ်ေနတာလား ဘာလား
ျဖစ္ေနျပီးမွ ဆိုင္ကယ္ကိုစက္နႈိးလိုက္
သည္။ေမာင္းစရာရွိမေမာင္းဘူး
က်ြန္ေတာ့္ဘာသာ ကိုင္ခ်င္တဲ႕ေနရာ
ကိုင္မွာေပါ့။မျပဳတ္က်ရေအာင္
သူ႕ခါးကိုမ်ား ဖက္ထားေစခ်င္ေန
တာလား။

ဆိုင္ကယ္လိုက္စီးရတာ စာေမးပြဲနီး
လို႕စိတ္ဖိစီးေနတာေတြေတာင္
ဘယ္ေရာက္ ကုန္မွန္းမသိေတာ့ပဲ
က်ြန္ေတာ္ ေတာ္ေတာ္ေလးေပ်ာ္ေန
သည္။က်ြန္ေတာ္သူ႕ကို အေနာက္
ကေနျငိမ္ျငိမ္မေနပဲ ဆိုင္ကယ္ပတ္
ေမာင္းခိုင္းေနတာကိုလည္း မျငီးမျငဴနဲ႕
ေမာင္းေပးျပီး က်ံဳးအေရွ႕ဘက္ကေန
ျဖတ္တဲ႕အခ်ိန္ ေလထုေအးေတြကို
ခံစားလိုက္ရသည္။ဆိုင္ကယ္စီးေနရင္း
ရုတ္တရက္က်ြန္ေတာ္ေဘးပတ္ဝန္းက်င္
ကိုမျကည့္မိေတာ့ပဲ ကိုမင္းစစ္ေျကာင္း
ကိုပဲ အေနာက္ကေနျကည့္ေနမိရင္း။

အခုလိုအခ်ိန္ေလးေတာ့ သူနဲ႕
က်ြန္ေတာ္ နီးကပ္ေနသလိုခံစားေနရ
ေပမဲ႕ က်ြန္ေတာ္တို႕နွစ္ေယာက္ရဲ႕
အေျခအေနေတြက…။

တစ္ျခားမွာထားတာေတြ မရေသးခင္
က်ြန္ေတာ္အျကိဳက္ဆံုး bubble
milk teaေလးကိုေသာက္ရင္း
ေစာင့္ေနတုန္း ကိုမင္းစစ္ေျကာင္းက
သူ႕ဖုန္းကို ျကည့္ေနသည္။

ဆိုင္ထဲမွာ သူနဲ႕က်ြန္ေတာ္ မ်က္နွာ
ခ်င္းဆိုင္မဟုတ္ပဲ ေဘးခ်င္းကပ္
ထိုင္ေနျကတဲ႕အထိ သူ႕ကိုက်ြန္ေတာ္
ရင္းနွီးေနျပီလား။သူလည္း ဖုန္းကိုသာ
ျကည့္ေနေပမဲ႕ က်ြန္ေတာ့္ဘက္ကို
ပဲလွည့္ထိုင္ေနသည္။က်န္တာေတြ
က်ြန္ေတာ္မသိေတာ့ဘူး သူနဲ႕အတူတူ
ရွိေနရင္ က်ြန္ေတာ္လံုျခံဳေနသလို
ခံစားရတယ္ ျပီးေတာ့က်ြန္ေတာ့္ကို
အလိုလိုက္ေပးတဲ႕အစ္ကို တစ္ေယာက္
လိုခံစားခ်က္မ်ိဳး။

"ကိုမင္းစစ္ေျကာင္း ခင္ဗ်ားကားေရာ"

"အိမ္မွာထားခဲ႕တယ္"

ေကာင္းတယ္။က်ြန္ေတာ့္ကိုဘာမွျပန္
မေျပာတဲ႕ေကာင္ အိမ္မွာေခ်ာင္ထိုးခံထိျပီ။

"ဒီရက္ပိုင္း ခင္ဗ်ားမအားတာ
ဆိုင္ကယ္လိုက္ဝယ္ေနလို႕ေပါ့ ဟုတ္လား"

"အင္း ျပီးေတာ့"

"ျပီးေတာ့ ဘာျဖစ္လဲ"

က်ြန္ေတာ္စားပြဲေပၚလက္ေထာက္
ကာ သူ႕ကိုျကည့္ေနရင္းေမးေတာ့
ကိုမင္းစစ္ေျကာင္းက ဖုန္းကိုျကည့္
ေနရာကေန မ်က္နွာေမာ့လာသည္။
က်ြန္ေတာ့္ကို အသာျပံဳးျပလာတဲ႕သူ။

"ဘာမွ မဟုတ္ေတာ့ဘူး"

ေခါင္းျပန္ငံု႕သြားျပီး ဖုန္းျပန္ျကည့္ေန
တဲ႕သူကိုက်ြန္ေတာ္ ဘာဆက္ေျပာရ
မသိ။သူဘာျဖစ္ေနတာလဲ ေျပာစရာရွိ
မေျပာဘူး ဟြန္း။

က်ြန္ေတာ္ အေအးေသာက္ေနရင္း
သူ႕ကိုျကည့္ကာ ဆူပုတ္ေနမိျပီး
မွာထားတာေတြရမွ မ်က္နွာကဝင္းပ
လာရေတာ့သည္။သူက်ြန္ေတာ့္ကိုမွာ
ထားေပးတာေတြက အမ်ားျကီးပဲ။
ဒီဆိုင္မွာလည္း ျကက္ေက်ာ္နဲ႕
အာလူးေခ်ာင္းေက်ာ္ရေတာ့ က်ြန္ေတာ္
ျကိဳက္တာကို သူမွတ္ထားတဲ႕ပံုပဲ။
cup cakeေလးေတြကလည္း
ခ်စ္စရာေလးေတြ။က်ြန္ေတာ္
ဘယ္ဟာကို အရင္စားရမွန္းမသိပဲ
ဟမ္ဘာဂါတစ္လံုးကို အရင္ကိုင္ျပီး
စားမလို႕ျပင္လိုက္သည္။

ေဘးကေန သူဘာေတြေျပာေနလဲ
က်ြန္ေတာ္မသိနိုင္ေတာ့။ေခါင္းငံု႕ျပီး
စားေနတဲ႕အခ်ိန္ကုန္ခါနီးမွ က်ြန္ေတာ္
စိတ္ထဲတမ်ိဳးျဖစ္လာလို႕ေဘးကို
ျကည့္လိုက္တဲ႕အခ်ိန္ သူကက်ြန္ေတာ့္
ကို့ျကည့္ျပီး ဘာေတြသေဘာက်ေန
လဲမသိ။

"ဘယ္သူမွ မလုစားဘူးျဖည္းျဖည္းစား"

သူက အသည္းယားလာသလိုနွင့္
က်ြန္ေတာ့္ေခါင္းကို ခပ္ျကမ္းျကမ္း
ဆြဲဖြလိုက္တာမို႕ က်ြန္ေတာ္စိတ္တိုျပီး
ပါးစပ္ထဲမွာ မုန္႕မပ်က္ပဲေစာင္းျကည့္
လိုက္ေသာ္လည္း သေဘာတက်နဲ႕
ရယ္ေနသည္။သူမ်ားအားရပါးရ
မုန္႕စားေနတာကို သေဘာက်ျပီး
လာရယ္ေနတယ္။အက်င့္မေကာင္းတဲ႕လူ။

"ကိုမင္းစစ္ေျကာင္း က်ြန္ေတာ္
ဒါမကုန္ေတာ့ဘူး စားေပးအံုး"

"မကုန္လို႕ ကိုယ့္ကိုေက်ြးတာေပါ့"

"အင္းေလ ပိုက္ဆံေပးထားရတာ
ခ်န္ထားခဲ႕ရင္ နွေျမာစရာျကီး"

"အဲ႕တာဆို ခြံ႕ေက်ြး"

"ေတာ္ျပီ မစားနဲ႕ေတာ့"

က်ြန္ေတာ္ သူ႕ကိုမေက်မနပ္နဲ႕
ေစာင္းျကည့္ျပီး ဆူပုတ္ေနမိတုန္း
က်ြန္ေတာ့္ေမးဖ်ားမွာ သူ႕လက္က
ဝင္လာျပီး ပါးနွစ္ဖက္ကိုျဖစ္ညစ္လိုက္
သည္မို႕ က်ြန္ေတာ္ေျကာင္အေနတဲ႕
အခ်ိန္ သူ႕ဖုန္းနဲ႕က်ြန္ေတာ့္ကိုဓာတ္ပံု
ရိုက္လိုက္သည္။

သူ႕လက္ လႊတ္ေပးလိုက္တာနဲ႕
က်ြန္ေတာ္ေဒါသေတြ ထြက္ေနျပီး
ဆိုင္ထဲမွာမို႕ ထုရိုက္လို႕မေကာင္း
တာမို႕ စိတ္တိုတိုနဲ႕သူ႕အေအးေတြကို
ကုန္ေအာင္ ယူေသာက္ပစ္လိုက္သည္။

အဲ႕ဒီပံုကို ရိုက္လိုက္တာက အခ်ိန္
တစ္ခဏေလးေပမဲ႕ မ်က္နွာဆူပုတ္
ေနတဲ႕ ေကာင္ေလးတစ္ေယာက္ရဲ႕
ပါးနွစ္ဖက္ကို သူ႕လက္နဲ႕ျဖစ္ညွစ္
ထားသည့္ပံုက ကိုစစ္ေျကာင္းရဲ႕
ဖုန္းထဲမွာ ေနရာယူသြားခဲ႕သည္။

                  ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"ကိုမင္းစစ္ေျကာင္း"

က်ြန္ေတာ္ အက်င့္ပါေနတဲ႕အတိုင္း
သူ႕နမယ္ကိုေခၚျပီး ထြက္လာခဲ႕ေသာ္
လည္း အရင္ေန႕ေတြကလိုက်ြန္ေတာ့္
ကို စာေမးပြဲခန္းထဲကေနထြက္လာတာ
နဲ႕အေဆာင္ေအာက္မွာ ေစာင့္ေပးေန
တဲ႕သူမရွိ။အေရွ႕ရက္ေတြတုန္းက
က်ြန္ေတာ္တို႕ လာေျဖရတဲ႕အေဆာင္
ထဲကထြက္လာတိုင္း အျပင္မွာသူအျမဲ
ရွိတယ္။က်ြန္ေတာ္ ဘယ္အပုဒ္ေျဖနိုင္
တယ္ ဘယ္အပုဒ္မေျဖနိုင္ဘူး ညီးညဴ
သမ်ွကိုသူ နားေထာင္ေပးေနျက။
ဒီေန႕ သူစာေမးပြဲအခန္းထဲကမထြက္
လာေသးလို႕မ်ားလား။က်ြန္ေတာ္တို႕
ပထမနွစ္နဲ႕ သူတို႕ေနာက္ဆံုးနွစ္က
ညေနပိုင္းေျဖရတာ က်ြန္ေတာ္ထြက္
လာတဲ႕အခ်ိန္ကလည္း ညေနေလးနာရီ
ထိုးေတာ့မယ္။

ဒီေန႕ စာေမးပြဲေနာက္ဆံုးေန႕မွာ
က်ြန္ေတာ္တို႕အုပ္စု စာေမးပြဲျပီး
ခ်င္းခ်င္း မျပန္ျကေသးပဲ ပိေတာက္
လမ္းမွာ ထိုင္ျကမယ္လို႕ခ်ိန္းထား
တယ္။သူက်ြန္ေတာ့္ကိုပိေတာက္လမ္း
မွာ ဂီတာတီးျပမယ္တဲ႕။က်ြန္ေတာ္လည္း
သူ႕ကို တိတ္တိတ္ေလးေရေလာင္းဖို႕
ုျကံစည္ထားတယ္ေလ ဟီး။

"ဆုလာဘ္"

စာေမးပြဲခန္းထဲကေန က်ြန္ေတာ့္ထက္
အရင္ထြက္လာျပီး ထိုင္ေနျကတဲ႕ေမမီ
တို႕ အုပ္စုနားကိုေလ်ွာက္သြားေတာ့
က်ြန္ေတာ့္ကို လွမ္းေခၚေနျကသည္။
ရည္မြန္ေဘးမွာလည္း ကိုဝဏၰနဲ႕
တစ္ျခားသူေတြပါေရာက္ေနျပီး သူ႕ကို
ေတာ့က်ြန္ေတာ္မေတြ႕။

"ေမမီ ကိုစစ္ေျကာင္းေရာ"

က်ြန္ေတာ္ ေမမီ႕အနားကပ္ကာတစ္ျခား
သူေတြမျကားေအာင္ မသိမသာေမး
ေတာ့ ေမမီကမ်က္နွာသိပ္မေကာင္း။

"ဟို ကိုစစ္ေျကာင္းကေလ မနန္းမူယာ
စာေမးပြဲခန္းက အထြက္မူးလဲလို႕တဲ႕။
အဲ႕ အဲ႕တာကိုစစ္ေျကာင္းက အဲ႕အစ္မ
ကို ေဆးခန္းပဲေခၚသြားေပးရတာလား
အိမ္ပဲျပန္ပို႕ေပးရတာလား မသိဘူး"

ေမမီ႕ေျပာတာကို နားေထာင္ျပီး
က်ြန္ေတာ္ ရုတ္တရက္ဘာျဖစ္သြား
မွန္းမသိပဲ စာေမးပြဲျပီးလို႕ေပ်ာ္ေနတဲ႕
အေပ်ာ္ေတြ ေပ်ာက္ကုန္သလိုပင္။

"ဆုလာဘ္ နင္ေလ်ွာက္မေတြးနဲ႕ေနာ္
သူတို႕က ျပတ္ထားျကျပီးသား။
ကိုစစ္ေျကာင္းက သူငယ္ခ်င္းတစ္
ေယာက္လိုပဲ ကူညီတဲ႕သေဘာနဲ႕
အဲ႕အစ္မျကီးကို အိမ္ျပန္ပို႕ေပးတာျဖစ္မွာပါ"

"ဘာကိုေတြးရမွာလဲ ငါနဲ႕ဘာဆိုင္လို႕လဲ။
ဒီ ဒီအတိုင္းမေတြ႕လို႕ေမးျကည့္တာ"

က်ြန္ေတာ္႔ မ်က္လံုးေတြမျငိမ္ျဖစ္ျပီး
ေမမီ႕ကိုရဲရဲမျကည့္ရဲေတာ့ပဲ မ်က္နွာ
လႊဲကာ အေရွ႕လွည့္လိုက္ရေတာ့သည္။

က်ြန္ေတာ္အခု ဘာေတြေတြးမိေန
တာလဲ။ဟိုအစ္မက ေနမေကာင္းျဖစ္ျပီး
မူးလဲသြားတာေလ သူကေသခ်ာေပါက္
ကူညီသင့္တယ္။က်ြန္ေတာ္ ေသခ်ာသိ
တာေပါ့။သူက ေယာက်ာ္းေလးစိတ္ဓာတ္
အျပည့္ရွိမွန္း။

အမ်ားျကီး ေမ်ွာ္လင့္ထားမိရင္
တစ္ကယ္ မျဖစ္လာတဲ႕အခါ ကိုယ္ပဲ
နာက်င္ရတယ္တဲ႕။က်ြန္ေတာ္အခု
စာေမးပြဲေနာက္ဆံုးေန႕မွာ သူနဲ႕အတူ
တူရွိခ်င္လို႕ ေမ်ွာ္လင့္ထားမိလို႕
စိတ္မေကာင္း ျဖစ္ေနတာလား။
က်ြန္ေတာ္ ဘာမွမျဖစ္ပါဘူး။စာေမးပြဲ
ေနာက္ဆံုးေန႕မွာ အတူတူမရွိနိုင္လည္း
ေက်ာင္းပိတ္တဲ႕အခါ သူလာေတြ႕မွာ
က်ြန္ေတာ္ သိေနတာပဲ။

က်ြန္ေတာ့္ပတ္ဝန္းက်င္မွာ စာေမးပြဲျပီး
လို႕ျပံဳးေပ်ာ္ေနျကတဲ႕သူေတြ အုပ္စု
လိုက္စကားေျပာေနျကတဲ႕ သူေတြ
ျပန္ျကေတာ့မလို႕ နႈတ္ဆက္ေနျကတဲ႕
သူေတြ။က်ြန္ေတာ္ တစ္ေယာက္တည္း
လည္း မျဖစ္ေနပါဘူး ေဘးမွာက်ြန္ေတာ့္
သူငယ္ခ်င္းေတြ အမ်ားျကီးရွိတယ္။

ဒါေပမဲ႕ က်ြန္ေတာ္ ဘယ္သူနဲ႕မွစကား
မေျပာမိပဲ ေပ်ာ္ေနျကတဲ႕သူေတြကို
ျကည့္ေနရင္းသာ ထိုင္ေနမိသည္။

ေဘးမွာ တစ္ျခားသူေတြလည္းရွိေန
ပါတယ္။အဲ႕တာေတာင္ က်ြန္ေတာ္က
ဘာလို႕ တစ္ေယာက္တည္း ျဖစ္ေန
တယ္လို႕ ခံစားေနရတာလဲေလ။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ္တို႕အဝန္းေလး ေက်ာင္းစတက္
ရတဲ႕ ပထမနွစ္ဝက္ျပီးသြားပါျပီ။
ဒီအထိ ဖတ္လာေပးခဲ႕ျကတာ
ေက်းဇူးတင္ပါတယ္ေနာ္^^။

Unicode

"ခင်ဗျား အတန်းရှိတယ်မလား
ကျွန်တော့် နောက်ကိုဘာလို့လိုက်
နေတာလဲ"

ကျွန်တော့်ဘေးမှာ ကပ်ပါလာတဲ့
သူနဲ့ အုတ်ရိုးနီနီကော်ရစ်တာ
တစ်လျှောက် လမ်းအတူတူလျှောက်
လာရင်းသူ ကျွန်တော့်ကိုကြည့်နေ
မှန်းသိလို့ မနေတတ်ဖြစ်နေရသည်။

အခုဆိုရင်ကျွန်တော်ကျောင်းထဲက
နေရာ တော်တော်များများကိုရောက်
ဖူးနေပြီ ဖြစ်သလိုပထမနှစ်ဝက်
ကျောင်းလဲ ပိတ်ခါနီးနေပြီ။
 
"ခဏနေရင် သွားမယ်လေ။
မျက်နှာလေး တွေ့ချင်လို့"

ကိုမင်းစစ်ကြောင်း ကိုကျွန်တော်
မော့ကြည့်လိုက်ချိန် အကြည့်ချင်းဆုံ
တဲ့တစ်ခဏ မျက်နှာပြန်လွှဲရသည်။
အခုတလော ကျွန်တော်စာမေးပွဲနီး
နေလို့ပဲလား စိတ်တွေလှုပ်ရှားနေသလိုပဲ။

"ကျောင်းတက်ရတာ ပျော်နေပြီလား"

"မပျော်ပါဘူး စာမေးပွဲကလည်းနီးနေပြီ"

ကျွန်တော် ညီးညူကာပြောမိပြီး
ဆက်မလျှောက်တော့ပဲ ရပ်လိုက်
ကာ ကော်ရစ်တာတစ်လျှောက်
စီတန်းနေသည့် ဘေးကတိုင်တစ်တိုင်
ကို မှီကာနေလိုက်သည်။

ကိုမင်းစစ်ကြောင်း ကလည်းကျွန်တော့်
ရှေ့မှာရပ်လိုက်ပြီး သူ့ပုခုံးအောက်
ကို ရောက်နေတဲ့ကျွန်တော့်ကိုငုံ့မိုး
ထားလေသည်။

"ညနေ ဘယ်သူနဲ့ပြန်မှာလဲ"

"ကျွန်တော်က ဘယ်သူနဲ့ပြန်ရမှာလဲ။
မေမီနဲ့ပဲပေါ့"

"ကိုယ်ပြန်ပို့ပေးမယ်လေ မရဘူးလား"

"မရဘူး"

သူစိတ်ညစ်သွားတဲ့ပုံစံဖြစ်သွားပေမဲ့
ဘာမှထပ်မပြော။ကျောင်းရောက်
လာတာနဲ့ကျွန်တော်ရှိနေတဲ့နေရာကို
အရင်လာပြီး သူ့အတန်းကိုမသွား
သေးပဲ ကျွန်တော်နဲ့စကားလာပြော
နေတယ်။ကျွန်တော်တို့ကညနေမှ
အတန်းရှိပေမဲ့ သူတို့ကpretestဖြေရမှာ။

ကျွန်တော် ရယ်ချင်စိတ်ကိုထိန်းပြီး
မျက်နှာလွှဲကာ ကျောင်းဝင်းကို
အကြည့်လွှဲလိုက်ချိန် ဆိုင်ကယ်စတန်း
ဘက်မှာ ကျွန်တော်စိတ်ဝင်စားစရာ
ကိုတွေ့လိုက်တော့ သတိလက်လွတ်
နဲ့ လိုက်ကြည့်နေမိသည်။

"မင်းကို စကားပြောနေတာက
ကိုယ်လေ။ဘယ်ကို လိုက်ကြည့်နေ
တာလဲ"

ကျွန်တော် သတိလက်လွတ်နဲ့ကြည့်
နေမိတုန်း မျက်နှာနားကိုနီးကပ်လာ
သူကြောင့် သတိပြန်ဝင်လာပြီး
လန့်ကာသူ့နဲ့ ခပ်ခွာခွာနေလိုက်ရသည်။

"ဟိုမှာ ဆိုင်ကယ်မောင်းသွားတဲ့
တစ်ယောက်ကိုကြည့်တာ"

"ဘာ"

"အာ!!ခင်ဗျားကလည်း ကျွန်တော်က
လူကိုကြည့်တာမဟုတ်ဘူး ဆိုင်ကယ်
ကိုကြည့်တာ"

"ဆိုင်ကယ်ကိုကြည့်မှတော့ လူပါမြင်ပြီပေါ့"

ကျွန်တော့်ကိုကြည့်နေတဲ့ သူရဲ့
မျက်နှာမှာ ဒေါသအရိပ်အယောင်တွေ
တွေ့လိုက်ရတာကြောင့် ကျွန်တော်
စိတ်ညစ်ညစ်နဲ့ ဘာပြောရမည်မသိ
တော့။ဘာလဲ ကျွန်တော်ကယောကျာ်း
လေးဆိုတာ သူမေ့တာလား။ဘယ်
ယောကျာ်းလေးမဆို ဆိုင်ကယ်ဘီးကြီး
တွေတွေ့ရင် သဘောကျတတ်တာပဲ
မဟုတ်ဘူးလား။

ပြီးတော့ ကျွန်တော့်ကိုအခုလိုတွေ
လာပြောနေရအောင်သူနဲ့ကျွန်တော်က
ဘာဆိုင်လို့လဲ။

"ဘာဖြစ်လဲအဲ့တာ ယောကျာ်းလေး
ချင်းကြည့်တာပဲဟာ။ကျွန်တော်ကြည့်
တယ်ဆိုတာ သူတို့ကအဲ့လိုဆိုင်ကယ်
စီးနိုင်လို့ အားကျတဲ့စိတ်နဲ့ကြည့်တာ
ခင်ဗျားက ဘာဖြစ်နေတာလဲ"

"မင်းက အဲ့လိုဆိုင်ကယ်စီးချင်လို့လား"

"ဒါပေါ့ ကျွန်တော်ကကားထက်
ဆိုင်ကယ် စီးရတာပိုကြိုက်တယ်။
ဆိုင်ကယ်စီးရတဲ့ ခံစားချက်က
လွတ်လပ်တယ်။ပြီးတော့ဆိုင်ကယ်
မောင်းတဲ့ကောင်လေးတွေက အရမ်း
မိုက်တယ်။ကျွန်တော်လည်းတစ်နေ့
သူတို့လို big bikeစီးနိုင်ရမယ်"

ကျွန်တော် သဘောတကျနဲ့ပြောနေရင်း
ကိုမင်းစစ်ကြောင်းကို ပြန်ကြည့်လိုက်
တော့ မျက်နှာကချက်ချင်းကြီးတည်နေ
သောကြောင့် ကြောက်ကြောက်နဲ့ပဲ
ဘာမှ ဆက်မပြောရဲပဲဖြစ်သွားရသည်။

သူကျွန်တော့်ကို အနီးကပ်ဆုံး
အနေအထားမှာ ငုံ့မိုးထားတာ
ဖြတ်သွားဖြတ်လာ ကောင်မလေးတွေ
ကတောင် ကျွန်တော်တို့ကိုမသိမသာ
ကြည့်သွားကြ လေပြီ။

"CBR စီးချင်တယ် ဟုတ်လား။
ဒီအရပ်ကနေ တက်လာဖို့ပဲ အရင်
ကြိုးစားလိုက်ပါအုံး"

"ခင်ဗျားဘာဖြစ်လို့ ကျွန်တော့်အရပ်
ကို ထိခိုက်ရတာလဲ။အသက်မပြည့်
မချင်း အရပ်က ထပ်ထွက်လာအုံးမှာ"

"အဲ့လိုပဲဖြေသိမ့်ရတာပေါ့"

"ကိုမင်းစစ်ကြောင်း ခင်ဗျား"

ကျွန်တော် စိတ်တိုတိုနှင့်သူ့ကို
မော့ကြည့်ပြီး အော်လိုက်သော်လည်း
သူကဂရုမစိုက်သလိုနှင့် မျက်နှာက
တည်နေသည်။ဘာလား သူချက်ချင်း
ကြီးဘာဖြစ်တာလဲ။ကျွန်တော့်ကို
ရန်စချင် နေတာလား။

"ကိုယ် အတန်းသွားတော့မယ်
ဘောပင်တစ်ချောင်း လောက်ငှားပေး"

"ကျောင်းလာတာ ဘောပင်လေး
တစ်ချောင်းတောင် မဝယ်နိုင်ဘူးလား
ခင်ဗျား"

ကျွန်တော် သူ့ကိုပြောပြီးစောင်းကြည့်
လိုက်သော်လည်း ကျတော့်ကိုဂရုမစိုက်
တာမို့ ကျောပိုးအိတ်ထဲကနေဘောပင်
ထုတ်ပေးဖို့ပြင်လိုက်သည်။ရုတ်တရက်
ကြီး စကားအကောင်းမပြောတော့ပဲ
ဘာဖြစ်တာလဲ။ပြောရင်လည်း
ကျွန်တော်ပဲ လွန်မယ်။

ကျွန်တော်စိတ်သာတိုပေမဲ့ ကျွန်တော်
တစ်ခါမှမရေးရသေးသည့် line
ဘောပင် အသစ်စက်စက်ကိုထုတ်ပေး
လိုက်သည်။

"ကိုယ်သွားပြီ"

ကျွန်တော့်ကို တစ်ချက်သာ
နှုတ်ဆက်ကာ ကျောခိုင်းပြီးထွက်သွား
တဲ့သူကိုကြည့်ပြီး ရပ်နေတဲ့နေရာ
မှာပဲကျွန်တော်နားမလည်နိုင်စွာနဲ့ပဲ
ကျန်ခဲ့ရသည်။

ဘာလဲ ချက်ချင်းကြီး ဘာဖြစ်သွား
တာလဲ ကျွန်တော့်ကိုတစ်ကယ်ပဲ
စိတ်ဆိုး သွားတာလား။ကျွန်တော်
ဘာပြောမိလို့လဲ။

ကိုမင်းစစ်ကြောင်း ထွက်သွားရာကို
ကြည့်ရင်း ကျွန်တော်နားမလည်နိုင်
စွာနဲ့ပဲ ကော်ရစ်တာထောင့်စွန်းရဲ့
တိုင်ဘေးမှာ သက်ပြင်းချရင်းထိုင်ချ
လိုက်သည်။ဒီနေရာကနေမြင်နေရ
သည့် ပင်မလေးထပ်ဆောင်ကြီးကို
လှမ်းကြည့်ရင်း သက်ပြင်းတွေချမိပြီး။

"ပုန်းနေကြတဲ့သူတွေ ထွက်လာလို့ရပြီ"

ကျွန်တော်ခေါ်လိုက်မှ ကိုစစ်ကြောင်း
ရောက်လာထဲက ကျွန်တော့်ဘေးက
နေ အလိုလိုပျောက်သွားသည့်
မေမီနဲ့ချမ်းမြေ့က ပြုံးဖြီးကာ
ကျွန်တော့်ဘေးမှာ လာဝင်ထိုင်
ကြသည်။

ရည်မွန်ကတော့ သူ့အဖေ အတန်း
တက်ချိန် ပြန်ဆင်းချိန်အတိအကျကို
လာကြို လာပို့ပေးသောကြောင့်
ဘယ်မှသွားခွင့်မရပဲ ဒီနေ့ ကျောင်း
လည်း မရောက်လာသေးဘူးလေ။

ဘာလိုလိုနဲ့ ကျွန်တော်တို့ ပထမ
နှစ်ဝက်ကျောင်းနှစ်လတောင် ပိတ်
တော့မှာပါလား။ကျောင်းစတက်ခဲ့
ရတဲ့နေ့က ပြန်တွေးကြည့်ရင်
မနေ့တစ်နေ့က လိုပါပဲ။

             ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ကျွန်တော် အိမ်ရှေ့မှာဖုန်းကိုင်ကာ
ဂိမ်းဆော့နေတုန်း ဘေးကနေ
အငယ်လေးက သူနဲ့ကစားဖို့လာ
ခေါ်နေသောကြောင့် ကျွန်တော်တို့
ညီအစ်ကိုနှစ်ယောက် အသံတိတ်
စကားများနေရသည်။ကျွန်တော်
ဆော့နေတဲ့ဖုန်းကို အငယ်လေးက
လာဆွဲလိုက် ကျွန်တော်ကပြန်ယူ
လိုက်နှင့် သံသရာလည်နေရပြီး။

"အငယ်လေး ခဏ။ဒါပြီးရင်ဆော့ကြမယ်နော်"

"မရဘူးအခုဆော့မယ် ပါဝါရိန်းဂျားအနီကောင်"

"အင်း အင်းဆော့မယ် ခဏ ခဏလေး"

ကျွန်တော် ဂိမ်းပွဲထဲမှာအရှိန်တက်နေ
တုန်းအငယ်လေးက ကျွန်တော့်ဖုန်းကို
ဆွဲယူသွားပြန်သည်။

"ဆုလာဘ် ငါအခုဆော့မယ်ဆို"

"ဟျောင့် မင်းဘာတွေလျှောက်နှိပ်လိုက်လဲ"

အငယ်လေး ကျွန်တော့်ဖုန်းကိုယူပြီး
လျှောက်နှိပ်နေတာမြင်တာနဲ့ ဘယ်
ဖုန်းမဆို သူ့လက်ထဲရောက်သွားတာနဲ့တွေ့တဲ့သူကို ဖုန်းလိုက်ဆက်တတ်
တဲ့ကလေးမို့ ပြန်ယူဖို့လုပ်ရသည်။

ကျွန်တော်မနည်း ပြန်ယူလိုက်ရပြီး
ကျွန်တော့်လက်ထဲကို ဖုန်းရောက်
လာတဲ့အချိန် ကျွန်တော့်ဖုန်းထဲက
နေ တစ်ဖက်ကိုအထွက်callခေါ်နေပြီ
ဖြစ်တာကြောင့် မျက်လုံးပြူးသွား
ရပြီး အလျင်အမြန်ပြန်ပိတ်ဖို့လုပ်
လိုက်ပေမဲ့မမှီတော့။သေပြီ သေပါပြီ။
ကိုမင်းစစ်ကြောင်း ဖုန်းကိုင်လိုက်ပြီ။

ကျွန်တော် စိတ်ညစ်ညစ်နဲ့ချက်ချင်း
ဘာမှမပြောရဲသေးပဲ ဖုန်းကိုကြည့်နေ
တုန်း အငယ်လေးကအနောက်ကနေ
ကျွန်တော့်ကျောပေါ်ကို ခုန်တက်လာ
သည်မို့ လက်တစ်ဖက်နဲ့ထိန်းပေး
ထားရသည်။

"ကိုမင်းစစ်ကြောင်း ဘာမှမဟုတ်ဘူး။
ခင်ဗျားကို ဖုန်းဆက်တာမဟုတ်ဘူး
ကျွန်တော် ဂိမ်းဆော့နေရင်းနဲ့မှားနှိပ်မိတာ"

"ဘာဂိမ်းဆော့နေတာလဲ MLလား"

"ဟုတ်ဘူး စိုက်ပျိုးရေး။ကျွန်တော်
မြေကွက်တွေတောင်ပိုင်နေပြီ ခင်ဗျားသိလား"

"အင်း အင်းအဲ့တာဆိုလည်းဆက်ဆော့။
ကိုယ်အခုမအားသေးလို့ ဝန်း။နောက်မှ
ကိုယ် ပြန်ဆက်လိုက်မယ်"

သူ့ဘက်က ဖုန်းအရင်ချလိုက်လို့
end callဖြစ်သွားသည့်ကျွန်တော့်
ဖုန်းလေးကို ကြည့်ရင်းမယုံနိုင်စွာနဲ့
ကျွန်တော်ဘယ်ကမှန်း မသိသည့်
ဒေါသတွေထွက်လာရသည်။ဘာလား
အခု ကျွန်တော်ချေခံထိသွားတာလား။

ကျွန်တော့်ဘက်ကနေ ပထမဆုံး
အရင်ဆက်တဲ့ ဖုန်းလေးခဏပြော
ရတာကိုမအားသေးရအောင် ခင်ဗျားက
ဘာတွေများ လုပ်နေလို့လဲ။

ကိုမင်းစစ်ကြောင်း ခင်ဗျားကျွန်တော်နဲ့တွေ့မယ်။

               ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

ဘာလိုလိုနဲ့ ပထမနှစ်ဝက်စာမေးပွဲ
ဖြေဖို့ငါးရက်လောက်ပဲ လိုတော့တာမို့
ကျောင်းမသွားရတော့ပဲ ကျွန်တော်
အိမ်မှာပဲ စာလုပ်နေရလေပြီ။

မရတော့ဘူး။ဆက်မလုပ်နိုင်တော့ဘူး
တစ်နေ့လုံး အခန်းအောင်းပြီးစာလုပ်
နေရတာ စာတွေကိုကြည့်နေရုံနဲ့ကို
ခေါင်းတွေ အရမ်းပူနေပြီ။အပြင်မှာလည်း
ညအမှောင်က ခုနှစ်နာရီခွဲကိုပြနေလေပြီ။
ဦးနှောက်လေး ဘာလေးလည်း
အနားပေးမှပါ။

ခေါင်းတွေ အလွန်ပူလာသည်မို့
ကျွန်တော် ယပ်ခပ်နေရင်း စာအုပ်ကို
ပိတ်လိုက်သည်။ဖြေဖို့ရက်ကနီးနေပြီ
ဘာသာစုံ revisionလည်းပြန်သင့်
သလောက်ပြန်ပြီးပြီမို့ သိပ်ပြီးစိတ်ပူ
စရာတော့ မလိုတော့ပါဘူးနော်။
ဦးနှောက်ကို အနားပေးတဲ့အနေနဲ့
ဖုန်းကိုင်ကာ လိုင်းဖွင့်ကြည့်လိုက်တော့
အမြဲမီးစိမ်းနေကြ မေမီနဲ့ချမ်းမြေ့ကို
မတွေ့။စာမွဲနီးတော့ever online
တွေလည်း မလုပ်နိုင်ကြတော့ဘူး
ထင်ပါတယ်။

ဘာလုပ်ရမှန်းမသိတာမို့ ပျင်းပျင်းနဲ့
ကိုမင်းစစ်ကြောင်းနဲ့ စကားပြောထား
တဲ့chat headထဲဝင်ကြည့်လိုက်
တော့သူလဲ လိုင်းပေါ်မှာမရှိ။ဘာလဲ
ဒီလူ အရင်ရက်တွေ ကျွန်တော့်ကို
ဖုန်းလဲမဆက် ကျောင်းလဲမလာဘူး။
စာမေးပွဲလည်းနီးနေပြီကို ဘာတွေ
လုပ်နေပြီး ဘယ်တွေကိုသွားနေပြန်ပြီလဲ။

ကျွန်တော် အလိုမကျစွာနဲ့ဆူပုတ်
နေမိတုန်း ကျွန်တော့်ဖုန်းထဲကို
မက်ဆေ့ ဝင်လာသည်။ထင်ထား
သည့်အတိုင်း  ကိုမင်းစစ်ကြောင်း
ပို့လာတာပင်။

သူ ကျွန်တော့်အိမ်ရှေ့ရောက်နေ
သည် ဆိုသည့်မက်ဆေ့ကိုကျွန်တော်
ဖတ်ပြီးပြီးချက်ချင်းပင် စာအုပ်ပိတ်ပြီး
ဖုန်းကိုင်ကာ အိမ်ရှေ့ကိုအလျင်အမြန်
ထွက်လာခဲ့ရသည်။ဘာလဲ။ဘယ်လို
လုပ်ပြီး ကျွန်တော့်အိမ်ရှေ့မှာလဲ။
ကျွန်တော် သူ့ကားသံလည်းမကြားမိ
ပါဘူး။ကျွန်တော့်အိမ်ရှေ့ထိလာရ
အောင် ခင်ဗျားတော်တော် သတ္တိရှိနေ
တယ် ဟုတ်လား။

အမြန်ပင် ခြံပြင်ကို ကျွန်တော်ထွက်
လာချိန်ညအမှောင်မှာ ကိုမင်းစစ်ကြောင်း
ရဲ့ကားကိုမတွေ့။သူ့ကိုလည်း မတွေ့။
ဘာလဲ ကျွန်တော့်ကိုနောက်နေတာလား။

ကျွန်တော့်ကိုသူ နောက်ပြီးစာပို့တယ်
လို့ထင်ပြီး စိတ်တိုနေတုန်းခြံထောင့်
ခပ်လှမ်းလှမ်းမှာ ရပ်ထားသည့်
ဆိုင်ကယ်တစ်စီးနဲ့လူတစ်ယောက်ကို
တွေ့လိုက်သည်မို့ ကျွန်တော် မယုံ
သကာၤနဲ့လိုက်ကြည့်မိသည်။
ဆိုင်ကယ်ပေါ်က လူကဘယ်သူလဲ။
သူများအိမ်ရှေ့မှာ ပိုင်စိုးပိုင်နင်းနဲ့
ဆိုင်ကယ်ကို လာရပ်ထားရအောင်။

ကျွန်တော်ဆိုင်ကယ်နဲ့လူကိုကြည့်နေ
မိရင်း ညအမှောင်မှာ ဦးထုပ်ဆောင်း
ထားတာမို့ဘယ်သူမှန်းမသိသော်လည်း
လူကိုတော်တော်လေးရင်းနှီးနေသည်။
မဟုတ်ဘူး သိကိုသိနေတာ။

ကျွန်တော် စိတ်ထင်နေသောကြောင့်
သူ့ဆိုင်ကယ်ဘေးကို သွားလိုက်ပြီး
ညဘက်ကြီး ဦးထုပ်မှန်ထားတဲ့သူကို
မသိမသာနဲ့လိုက်ကြည့်နေတုန်း
သူကဦးထုပ်ကို ချွတ်လိုက်လေသည်။

"ကိုမင်းစစ်ကြောင်း"

ကျွန်တော် အံ့သြပြီး မျက်လုံးပြူးကာ
ကြည့်နေမိသည့်အထိပဲ။

"အဲ့လောက်ကြည့်နေတာ ကိုယ့်ကို
ကြွေသွားပြီလား"

သူကျွန်တော့်ကို ဘာတွေပြောနေ
လည်း ကျွန်တော်မသိတော့။
ကျွန်တော့်မျက်စိရှေ့က ခဲရောင်
ဆိုင်ကယ်ကို အကြည့်မလွှဲနိုင်ဖြစ်
နေမိပြီး ကျွန်တော်အခုချိန်မှာ
သူ့ထက် ဆိုင်ကယ်ကိုပဲပိုစိတ်ဝင်စား
သည်။

"ဒါဘယ်သူ့ ဆိုင်ကယ်လဲ"

"ကိုယ်စီးမှတော့ ကိုယ့်ဆိုင်ကယ်ပေါ့"

"ခင်ဗျား ဝယ်လိုက်တာလား
ဒီကောင်က Rဘယ်လောက်လဲ"

"R6"

မိုက်လွန်းသည့် ဆိုင်ကယ်ကိုကြည့်ပြီး
ကျွန်တော် ဘာပြောရမှန်းမသိအောင်
ဖြစ်နေရသည်။ဒီလိုဘီးတွေက တနေ့
ဝယ်နိုင်လည်း ကျွန်တော့်အရပ်နဲ့
မောင်းဖို့နေနေသာသာ ဘယ်လိုမှ
သယ်နိုင်မှာတောင်မဟုတ်ဘူး။ကိုယ်
ကိုတိုင် မမောင်းနိုင်ရင်တောင်တစ်ခါ
လောက် အနောက်ကတော့လိုက်စီး
လို့ရတာပဲမလား။

"အဟမ်း ကိုစစ်ကြောင်း ခင်ဗျားအခု
ဆိုင်ကယ်လိုက်စီးဖို့ ကျွန်တော့်ကို
လာခေါ်တာမလား။စာလုပ်ရအုံးမှာ
ပေမဲ့ အချိန်ခဏလောက်တော့
ရပါတယ် ခင်ဗျားကိုအားနာလို့
ကျွန်တော် လိုက်ခဲ့ပေးမယ်"

"မဟုတ်ပါဘူး ဘယ်သူကမင်းကို
ခေါ်နေလို့လဲ ဒီအတိုင်း လမ်းကြုံလို့
တစ်ချက် ဝင်လာတာ။စာလုပ်နေတယ်
မလား အဲ့တာဆိုရင်ကိုယ်သွားတော့မယ်"

"ဗျာ"

ကျွန်တော့်ကို မျက်နှာတည်နဲ့ပြောပြီး
ဆိုင်ကယ် စက်နှိုးတော့မလို့လုပ်နေ
တဲ့သူကို ကျွန်တော်ဒေါသထွက်လွန်း
လို့ထုရိုက်ပစ်ချင်လာသည်။သူ့အိမ်နဲ့
ကျွန်တော့်အိမ်က တောင်နဲ့မြောက်
ကို ဘာတွေပြောနေတာလဲ။ကျွန်တော်
လိုက်စီး ချင်နေမှန်းသိသိရက်နဲ့အိမ်ထိ
လာပြီး သက်သက်အကျင့်ယုတ်တာ။

"စာက ကျွန်တော်ရပြီးသားလေ။
ဆိုင်ကယ် ခဏလောက်လိုက်စီးတာပဲ
ဘာ ဘာမှမဖြစ်ပါဘူး"

ဆိုင်ကယ်မောင်း ထွက်တော့မလို
လုပ်ပြနေတဲ့သူကို ကျွန်တော်ဆွဲထား
လိုက်တော့ ကျွန်တော့်ကိုကြည့်ပြီး
ရယ်နေသည်။ကြည့်ပါလား ကျွန်တော့်
ကို စရတာတော်တော်ပျော်နေတယ်။

"ကလေးက ဆိုင်ကယ်လိုက်စီးချင်
တယ်ပေါ့ ဟုတ်လား"

"ဟုတ်တယ် ကျွန်တော်လိုက်ချင်တယ်
ရပြီလား"

ကျွန်တော်သူ့ကိုကြည့်ကာ ဆူပုတ်ပြီး
ဖြေလိုက်တော့ ကိုမင်းစစ်ကြောင်းက
ကျွန်တော့် မျက်နှာအနားကိုကပ်လာပြီး။

"နောက်ခါ ဆိုင်ကယ်မောင်းတဲ့
ကောင်လေးတွေကို လိုက်ကြည့်အုံးမှာလား"

အကြည့်ချင်းဆုံနေရင်း ကျွန်တော်
ရုတ်တရက် ဘာပြန်ဖြရမည်မသိ။
ကျွန်တော် ကြည့်တယ်ဆိုတာအားကျ
တဲ့စိတ်နဲ့ပါ။သူက ဘာလို့မကြိုက်ရတာလဲ။

"မကြည့်ဘူး ဘယ်တော့မှမကြည့်တော့ဘူး"

လောလောဆည်မှာ အဆင်ပြေအောင်
ကျွန်တော် ခေါင်းခါကာဖြေလိုက်သည့်
တိုင် သူကကျေနပ်သေးသည့်ပုံမပေါ်။

"ကိုကို လို့ခေါ် "

ကျွန်တော့် မျက်နှာနားကိုနီးကပ်ပြီး
ပြောနေတဲ့သူနဲ့ အနီးဆုံးသောအနေ
အထားမှာ ကျွန်တော် အထိတ်တ
လန့်နဲ့ရင်တွေတုန်ပြီး အနောက်ဆုတ်
မိတော့သည်။

"ရူးနေလို့လား ဘာတွေပြောနေ
တာလဲ။ပေးမစီးချင်လဲနေ ကျွန်တော်
မလိုက်တော့ဘူး ခင်ဗျားပြန်တော့"

ကျွန်တော် သူ့ကိုမကြည့်ရဲတော့ပဲ
လှည့်ထွက်မည် လုပ်လိုက်တော့
ကျွန်တော့် လက်ကောက်ဝတ်
ကိုသူက ဖမ်းဆွဲထားသည်။

"ကိုယ်ပဲမှားတယ်နော် စိတ်မကောက်နဲ့
တက်တော့"

"ဘယ်သူက စိတ်ကောက်လို့လဲ
ကျွန်တော် စိတ်မကောက်တတ်ဘူး
ဒေါသပဲထွက်တတ်တယ် ကျွန်တော်
ကယောကျာ်းလေး။ခင်ဗျား"

ကျွန်တော် ပွစိပွစိနဲ့သူ့ကိုပြောနေတုန်း
သူ့ဦးထုပ်ကို ကျွန်တော့်ခေါင်းမှာ
ဆောင်းပေး လိုက်တာကြောင့်ဆက်
ပြောလို့မရပဲ တစ်ဝူးဝူးနဲအသံတိတ်
သွားရသည်။အခု နားငြီးလို့ ကျွန်တော့်
ကို ဆက်မပြောနဲ့တော့ဆိုတဲ့သဘောလား။

ဆိုင်ကယ်ပေါ် ကျွန်တော်တက်လိုက်
တဲ့အချိန် တော်တော်လေးပျော်နေပြီး
စိတ်လှုပ်ရှားနေတာကို ထိန်း၍မရ။
ဒီလိုမျိုး ဘီးကြီးတွေကိုသဘောကျခဲ့
တာကလွဲပြီး ကျွန်တော်တစ်ခါမှ
မစီးဖူးဘူးလေ။

"မောင်းတော့လေ ခင်ဗျားဘာလုပ်နေတာလဲ"

အနောက်ကနေ သူ့အကျီၤကိုကိုင်ထားပြီး
သူဆိုင်ကယ်မောင်းထွက်ဖို့ကျွန်တော်
အပျော်လွန်ပြီးစောင့်နေသည့်တိုင်
ကိုမင်းစစ်ကြောင်းက မမောင်းထွက်သေး။

"အဲ့လိုပဲကိုင်ထားရင် ပြုတ်ကျမယ်"

"မပြုတ်ကျပါဘူး ကျွန်တော်သေချာ
ကိုင်ထားတယ် ခင်ဗျား စိတ်ချ"

အနောက်ကနေ ကျွန်တော်ပြောလိုက်
တော့ ကိုမင်းစစ်ကြောင်းကသက်ပြင်း
တွေချနေတာလား ဘာလား
ဖြစ်နေပြီးမှ ဆိုင်ကယ်ကိုစက်နှိုးလိုက်
သည်။မောင်းစရာရှိမမောင်းဘူး
ကျွန်တော့်ဘာသာ ကိုင်ချင်တဲ့နေရာ
ကိုင်မှာပေါ့။မပြုတ်ကျရအောင်
သူ့ခါးကိုများ ဖက်ထားစေချင်နေ
တာလား။

ဆိုင်ကယ်လိုက်စီးရတာ စာမေးပွဲနီး
လို့စိတ်ဖိစီးနေတာတွေတောင်
ဘယ်ရောက် ကုန်မှန်းမသိတော့ပဲ
ကျွန်တော် တော်တော်လေးပျော်နေ
သည်။ကျွန်တော်သူ့ကို အနောက်
ကနေငြိမ်ငြိမ်မနေပဲ ဆိုင်ကယ်ပတ်
မောင်းခိုင်းနေတာကိုလည်း မငြီးမငြူနဲ့
မောင်းပေးပြီး ကျုံးအရှေ့ဘက်ကနေ
ဖြတ်တဲ့အချိန် လေထုအေးတွေကို
ခံစားလိုက်ရသည်။ဆိုင်ကယ်စီးနေရင်း
ရုတ်တရက်ကျွန်တော်ဘေးပတ်ဝန်းကျင်
ကိုမကြည့်မိတော့ပဲ ကိုမင်းစစ်ကြောင်း
ကိုပဲ အနောက်ကနေကြည့်နေမိရင်း။

အခုလိုအချိန်လေးတော့ သူနဲ့
ကျွန်တော် နီးကပ်နေသလိုခံစားနေရ
ပေမဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့
အခြေအနေတွေက…။

တစ်ခြားမှာထားတာတွေ မရသေးခင်
ကျွန်တော်အကြိုက်ဆုံး bubble
milk teaလေးကိုသောက်ရင်း
စောင့်နေတုန်း ကိုမင်းစစ်ကြောင်းက
သူ့ဖုန်းကို ကြည့်နေသည်။

ဆိုင်ထဲမှာ သူနဲ့ကျွန်တော် မျက်နှာ
ချင်းဆိုင်မဟုတ်ပဲ ဘေးချင်းကပ်
ထိုင်နေကြတဲ့အထိ သူ့ကိုကျွန်တော်
ရင်းနှီးနေပြီလား။သူလည်း ဖုန်းကိုသာ
ကြည့်နေပေမဲ့ ကျွန်တော့်ဘက်ကို
ပဲလှည့်ထိုင်နေသည်။ကျန်တာတွေ
ကျွန်တော်မသိတော့ဘူး သူနဲ့အတူတူ
ရှိနေရင် ကျွန်တော်လုံခြုံနေသလို
ခံစားရတယ် ပြီးတော့ကျွန်တော့်ကို
အလိုလိုက်ပေးတဲ့အစ်ကို တစ်ယောက်
လိုခံစားချက်မျိုး။

"ကိုမင်းစစ်ကြောင်း ခင်ဗျားကားရော"

"အိမ်မှာထားခဲ့တယ်"

ကောင်းတယ်။ကျွန်တော့်ကိုဘာမှပြန်
မပြောတဲ့ကောင် အိမ်မှာချောင်ထိုးခံထိပြီ။

"ဒီရက်ပိုင်း ခင်ဗျားမအားတာ
ဆိုင်ကယ်လိုက်ဝယ်နေလို့ပေါ့ ဟုတ်လား"

"အင်း ပြီးတော့"

"ပြီးတော့ ဘာဖြစ်လဲ"

ကျွန်တော်စားပွဲပေါ်လက်ထောက်
ကာ သူ့ကိုကြည့်နေရင်းမေးတော့
ကိုမင်းစစ်ကြောင်းက ဖုန်းကိုကြည့်
နေရာကနေ မျက်နှာမော့လာသည်။
ကျွန်တော့်ကို အသာပြုံးပြလာတဲ့သူ။

"ဘာမှ မဟုတ်တော့ဘူး"

ခေါင်းပြန်ငုံ့သွားပြီး ဖုန်းပြန်ကြည့်နေ
တဲ့သူကိုကျွန်တော် ဘာဆက်ပြောရ
မသိ။သူဘာဖြစ်နေတာလဲ ပြောစရာရှိ
မပြောဘူး ဟွန်း။

ကျွန်တော် အအေးသောက်နေရင်း
သူ့ကိုကြည့်ကာ ဆူပုတ်နေမိပြီး
မှာထားတာတွေရမှ မျက်နှာကဝင်းပ
လာရတော့သည်။သူကျွန်တော့်ကိုမှာ
ထားပေးတာတွေက အများကြီးပဲ။
ဒီဆိုင်မှာလည်း ကြက်ကျော်နဲ့
အာလူးချောင်းကျော်ရတော့ ကျွန်တော်
ကြိုက်တာကို သူမှတ်ထားတဲ့ပုံပဲ။
cup cakeလေးတွေကလည်း
ချစ်စရာလေးတွေ။ကျွန်တော်
ဘယ်ဟာကို အရင်စားရမှန်းမသိပဲ
ဟမ်ဘာဂါတစ်လုံးကို အရင်ကိုင်ပြီး
စားမလို့ပြင်လိုက်သည်။

ဘေးကနေ သူဘာတွေပြောနေလဲ
ကျွန်တော်မသိနိုင်တော့။ခေါင်းငုံ့ပြီး
စားနေတဲ့အချိန်ကုန်ခါနီးမှ ကျွန်တော်
စိတ်ထဲတမျိုးဖြစ်လာလို့ဘေးကို
ကြည့်လိုက်တဲ့အချိန် သူကကျွန်တော့်
ကို့ကြည့်ပြီး ဘာတွေသဘောကျနေ
လဲမသိ။

"ဘယ်သူမှ မလုစားဘူးဖြည်းဖြည်းစား"

သူက အသည်းယားလာသလိုနှင့်
ကျွန်တော့်ခေါင်းကို ခပ်ကြမ်းကြမ်း
ဆွဲဖွလိုက်တာမို့ ကျွန်တော်စိတ်တိုပြီး
ပါးစပ်ထဲမှာ မုန့်မပျက်ပဲစောင်းကြည့်
လိုက်သော်လည်း သဘောတကျနဲ့
ရယ်နေသည်။သူများအားရပါးရ
မုန့်စားနေတာကို သဘောကျပြီး
လာရယ်နေတယ်။အကျင့်မကောင်းတဲ့လူ။

"ကိုမင်းစစ်ကြောင်း ကျွန်တော်
ဒါမကုန်တော့ဘူး စားပေးအုံး"

"မကုန်လို့ ကိုယ့်ကိုကျွေးတာပေါ့"

"အင်းလေ ပိုက်ဆံပေးထားရတာ
ချန်ထားခဲ့ရင် နှမြောစရာကြီး"

"အဲ့တာဆို ခွံ့ကျွေး"

"တော်ပြီ မစားနဲ့တော့"

ကျွန်တော် သူ့ကိုမကျေမနပ်နဲ့
စောင်းကြည့်ပြီး ဆူပုတ်နေမိတုန်း
ကျွန်တော့်မေးဖျားမှာ သူ့လက်က
ဝင်လာပြီး ပါးနှစ်ဖက်ကိုဖြစ်ညစ်လိုက်
သည်မို့ ကျွန်တော်ကြောင်အနေတဲ့
အချိန် သူ့ဖုန်းနဲ့ကျွန်တော့်ကိုဓာတ်ပုံ
ရိုက်လိုက်သည်။

သူ့လက် လွှတ်ပေးလိုက်တာနဲ့
ကျွန်တော်ဒေါသတွေ ထွက်နေပြီး
ဆိုင်ထဲမှာမို့ ထုရိုက်လို့မကောင်း
တာမို့ စိတ်တိုတိုနဲ့သူ့အအေးတွေကို
ကုန်အောင် ယူသောက်ပစ်လိုက်သည်။

အဲ့ဒီပုံကို ရိုက်လိုက်တာက အချိန်
တစ်ခဏလေးပေမဲ့ မျက်နှာဆူပုတ်
နေတဲ့ ကောင်လေးတစ်ယောက်ရဲ့
ပါးနှစ်ဖက်ကို သူ့လက်နဲ့ဖြစ်ညှစ်
ထားသည့်ပုံက ကိုစစ်ကြောင်းရဲ့
ဖုန်းထဲမှာ နေရာယူသွားခဲ့သည်။

                  ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"ကိုမင်းစစ်ကြောင်း"

ကျွန်တော် အကျင့်ပါနေတဲ့အတိုင်း
သူ့နမယ်ကိုခေါ်ပြီး ထွက်လာခဲ့သော်
လည်း အရင်နေ့တွေကလိုကျွန်တော့်
ကို စာမေးပွဲခန်းထဲကနေထွက်လာတာ
နဲ့အဆောင်အောက်မှာ စောင့်ပေးနေ
တဲ့သူမရှိ။အရှေ့ရက်တွေတုန်းက
ကျွန်တော်တို့ လာဖြေရတဲ့အဆောင်
ထဲကထွက်လာတိုင်း အပြင်မှာသူအမြဲ
ရှိတယ်။ကျွန်တော် ဘယ်အပုဒ်ဖြေနိုင်
တယ် ဘယ်အပုဒ်မဖြေနိုင်ဘူး ညီးညူ
သမျှကိုသူ နားထောင်ပေးနေကြ။
ဒီနေ့ သူစာမေးပွဲအခန်းထဲကမထွက်
လာသေးလို့များလား။ကျွန်တော်တို့
ပထမနှစ်နဲ့ သူတို့နောက်ဆုံးနှစ်က
ညနေပိုင်းဖြေရတာ ကျွန်တော်ထွက်
လာတဲ့အချိန်ကလည်း ညနေလေးနာရီ
ထိုးတော့မယ်။

ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့မှာ
ကျွန်တော်တို့အုပ်စု စာမေးပွဲပြီး
ချင်းချင်း မပြန်ကြသေးပဲ ပိတောက်
လမ်းမှာ ထိုင်ကြမယ်လို့ချိန်းထား
တယ်။သူကျွန်တော့်ကိုပိတောက်လမ်း
မှာ ဂီတာတီးပြမယ်တဲ့။ကျွန်တော်လည်း
သူ့ကို တိတ်တိတ်လေးရေလောင်းဖို့
ုကြံစည်ထားတယ်လေ ဟီး။

"ဆုလာဘ်"

စာမေးပွဲခန်းထဲကနေ ကျွန်တော့်ထက်
အရင်ထွက်လာပြီး ထိုင်နေကြတဲ့မေမီ
တို့ အုပ်စုနားကိုလျှောက်သွားတော့
ကျွန်တော့်ကို လှမ်းခေါ်နေကြသည်။
ရည်မွန်ဘေးမှာလည်း ကိုဝဏ္ဏနဲ့
တစ်ခြားသူတွေပါရောက်နေပြီး သူ့ကို
တော့ကျွန်တော်မတွေ့။

"မေမီ ကိုစစ်ကြောင်းရော"

ကျွန်တော် မေမီ့အနားကပ်ကာတစ်ခြား
သူတွေမကြားအောင် မသိမသာမေး
တော့ မေမီကမျက်နှာသိပ်မကောင်း။

"ဟို ကိုစစ်ကြောင်းကလေ မနန်းမူယာ
စာမေးပွဲခန်းက အထွက်မူးလဲလို့တဲ့။
အဲ့ အဲ့တာကိုစစ်ကြောင်းက အဲ့အစ်မ
ကို ဆေးခန်းပဲခေါ်သွားပေးရတာလား
အိမ်ပဲပြန်ပို့ပေးရတာလား မသိဘူး"

မေမီ့ပြောတာကို နားထောင်ပြီး
ကျွန်တော် ရုတ်တရက်ဘာဖြစ်သွား
မှန်းမသိပဲ စာမေးပွဲပြီးလို့ပျော်နေတဲ့
အပျော်တွေ ပျောက်ကုန်သလိုပင်။

"ဆုလာဘ် နင်လျှောက်မတွေးနဲ့နော်
သူတို့က ပြတ်ထားကြပြီးသား။
ကိုစစ်ကြောင်းက သူငယ်ချင်းတစ်
ယောက်လိုပဲ ကူညီတဲ့သဘောနဲ့
အဲ့အစ်မကြီးကို အိမ်ပြန်ပို့ပေးတာဖြစ်မှာပါ"

"ဘာကိုတွေးရမှာလဲ ငါနဲ့ဘာဆိုင်လို့လဲ။
ဒီ ဒီအတိုင်းမတွေ့လို့မေးကြည့်တာ"

ကျွန်တော့် မျက်လုံးတွေမငြိမ်ဖြစ်ပြီး
မေမီ့ကိုရဲရဲမကြည့်ရဲတော့ပဲ မျက်နှာ
လွှဲကာ အရှေ့လှည့်လိုက်ရတော့သည်။

ကျွန်တော်အခု ဘာတွေတွေးမိနေ
တာလဲ။ဟိုအစ်မက နေမကောင်းဖြစ်ပြီး
မူးလဲသွားတာလေ သူကသေချာပေါက်
ကူညီသင့်တယ်။ကျွန်တော် သေချာသိ
တာပေါ့။သူက ယောကျာ်းလေးစိတ်ဓာတ်
အပြည့်ရှိမှန်း။

အများကြီး မျှော်လင့်ထားမိရင်
တစ်ကယ် မဖြစ်လာတဲ့အခါ ကိုယ်ပဲ
နာကျင်ရတယ်တဲ့။ကျွန်တော်အခု
စာမေးပွဲနောက်ဆုံးနေ့မှာ သူနဲ့အတူ
တူရှိချင်လို့ မျှော်လင့်ထားမိလို့
စိတ်မကောင်း ဖြစ်နေတာလား။
ကျွန်တော် ဘာမှမဖြစ်ပါဘူး။စာမေးပွဲ
နောက်ဆုံးနေ့မှာ အတူတူမရှိနိုင်လည်း
ကျောင်းပိတ်တဲ့အခါ သူလာတွေ့မှာ
ကျွန်တော် သိနေတာပဲ။

ကျွန်တော့်ပတ်ဝန်းကျင်မှာ စာမေးပွဲပြီး
လို့ပြုံးပျော်နေကြတဲ့သူတွေ အုပ်စု
လိုက်စကားပြောနေကြတဲ့ သူတွေ
ပြန်ကြတော့မလို့ နှုတ်ဆက်နေကြတဲ့
သူတွေ။ကျွန်တော် တစ်ယောက်တည်း
လည်း မဖြစ်နေပါဘူး ဘေးမှာကျွန်တော့်
သူငယ်ချင်းတွေ အများကြီးရှိတယ်။

ဒါပေမဲ့ ကျွန်တော် ဘယ်သူနဲ့မှစကား
မပြောမိပဲ ပျော်နေကြတဲ့သူတွေကို
ကြည့်နေရင်းသာ ထိုင်နေမိသည်။

ဘေးမှာ တစ်ခြားသူတွေလည်းရှိနေ
ပါတယ်။အဲ့တာတောင် ကျွန်တော်က
ဘာလို့ တစ်ယောက်တည်း ဖြစ်နေ
တယ်လို့ ခံစားနေရတာလဲလေ။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုယ်တို့အဝန်းလေး ကျောင်းစတက်
ရတဲ့ ပထမနှစ်ဝက်ပြီးသွားပါပြီ။
ဒီအထိ ဖတ်လာပေးခဲ့ကြတာ
ကျေးဇူးတင်ပါတယ်နော်^^။

Continue Reading

You'll Also Like

339K 13.5K 41
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
92.1K 11.7K 74
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
3.5M 218K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
1.8M 300K 160
Title - Cannon Fodder Fake Master Was Stunned After Being Reborn {炮灰假少爷重生后惊呆了} Author - 稚棠(ZhiTang) Status in coo - 108 Chapters + 6 extras တစ်ကြောင်...