Heart Of A Fish [Completed]

By Yum182

96.5K 8.4K 699

ငါးကလေးတစ်ကောင် နှင့် လူသားလေးတစ်ယောက် ချစ်မိတဲ့အခါ ငါးကေလးတစ္ေကာင္ ႏွင့္ လူသားေလးတစ္ေယာက္ ခ်စ္မိတဲ့အခါ More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43 (final)

Part 28

1.8K 188 7
By Yum182

Unicode

အိမ်ရောက်တဲ့အထိ Huang Ming Ming ကတော့ ငြိမ်ချက်သား ကောင်းနေဆဲ။
Wang Jun Yong ကိုခွထားရင်း လည်ပင်းကိုတင်းနေအောင်ဖက်ပြီး ပုခုံးပေါ်ကိုမျက်နှာအပ်ထားသည်။ ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဒေါ်လေးLucyက လက်သည်းနီဆိုးနေရင်း Wang Jun Yong ဝင်လာတာကို လှမ်းကြည့်မိချိန် ထွက်သွားတုန်းက ဘောင်းဘီပါပြီး ပြန်လာတော့ ဘောင်းဘီပါမလာတဲ့ Huang Ming Mingကို ထူးဆန်းစွာ ငေးနေသည်။

"ဘယ်လိုဖြစ်လာကြတာလဲ Paofu"

ဒေါ်လေးLucyက လက်သည်းနီဘူးကို ပိတ်ပြီး သူမလက်သည်းကို တဖူးဖူးမှုတ်ရင်း Huang Ming Ming အောက်ပိုင်းကို ကြည့်လိုက်သည်။ Wang Jun Yongက ဒေါ်လေးLucyကို ပြန်ဖြေဖို့ Huang Ming Mingကို တစ်လှည့်ပြန်ကြည့်ရင်း ရယ်ချင်စိတ်ကို ထိန်းထားရသည်။

"ခွေးဆွဲခံရလို့လေ...ခွိ"

ဘယ်လောက်ပဲထိန်းထားထိန်းထား လေးဘက်ထောက်လေးကုန်းအော်နေတဲ့ပုံရယ် ဘောင်းဘီချွတ်ပြီး ပြေးလာတဲ့ပုံရယ်ကို မြင်ယောင်ရင်း ရယ်သံစွတ်စွတ်လေးထွက်သွားတော့ ကျောပေါ်ကို လက်သီးဆုတ်က ဘုတ်ခနဲ ကျလာသည်။ ပြုံးစိစိမျက်နှာကို မနည်းပိုးသက်ရင်း ဒေါ်လေးအားပြန်ဖြေခဲ့ပြီး အပေါ်တက်လာတော့ ဒေါ်လေးLucyက ခေါင်းတခါခါနှင့် ရယ်ရင်း ကျန်ခဲ့သည်။

လက်သီးပိုင်ရှင် ဖက်တီးကောင်ကတော့ ရှက်စိတ်ရော သူ့ကိုရယ်လို့ထွက်တဲ့ဒေါသရောကြောင့် မျက်နှာကြီး နီရဲနေမှာကို Wang Jun Yong မြင်ယောင်မိသည်။

ထင်တဲ့အတိုင်းပင် ခုတင်ပေါ်ချပေးလိုက်တော့ နီရဲရဲမျက်နှာလေးကို ခေါင်းအုံးတွေအောက်မှာဖွက်လိုက်သည်။

"အဲ့လို တန်းမအိပ်နဲ့လေ အင်္ကျီလေးဘာလေး လဲဦး... ထ"

"မထဘူး!"

ရှက်ရမ်းရမ်းပြီးသာ Wang Jun Yongကို ဘုဘောက်လုပ်နေပေမယ့် မှောက်ခုံလျက်အိပ်နေတာ အောက်ကဟောင်းလောင်း။ Wang Jun Yong ပြုံးစိစိနှင့် ကြည့်လိုက်ပြီး အင်္ကျီနဲ့ ဆွဲအုပ်ပေးလိုက်သည်။ ခွေးနဲ့ နပန်းလုံးရင်း အနည်းငယ် ပွန်းပဲ့မိသွားတယ် ထင်သည် တင်ပါးဖွေးဖွေးလေးမှာ နီရဲရဲ ဒဏ်ရာတစ်ချို့!
ထိုဒဏ်ရာလေးတွေကို ဆေးလိမ်းပေးရန် ဆေးဘူးကိုယူပြီး အင်္ကျီကို လှန်လိုက်တော့ လက်ကို ဆက်ခနဲဖမ်းဆွဲပြီး ထထိုင်သည်။ ရုပ်ကတော့ မကြည်မသာ ဆူပုတ်ပုတ်။

"ဘာလုပ်ဖို့လဲ"

"ဆေးလိမ်းပေးမလို့လေ ဒီမှာ နီရဲနေတာ"

Wang Jun Yong ပြောမှ သူနာနေတာကိုသတိထားမိသည်ထင်သည် မွေ့ယာပေါ်မှာ ပြန်မှောက်ပေးသည်။ Wang Jun Yongက အင်္ကျီလှန်ပြီး လိမ်းပေးပေါ့။ Wangအိမ်ရဲ့သခင်လေးက Huang Ming Ming ဖြစ်ပြီး Wang Jun Yongက သူ့အထိန်းတော်လိုလို။

သူ့ရဲ့တင်ပါးပေါ် ဆေးလိမ်းပေးနေရင်း တင်သားနုနုလေးနဲ့ ပွတ်တိုက်ထိတွေ့မှုကြောင့် Wang Jun Yong အသက်ရှူမြန်လာသည်။ ဖြူဖွေးဖွေးပေါင်တံတို့ဟာ ပိန်ပါးသွယ်လျနေတာမဟုတ်ပဲ ပြည့်ပြည့်ရှည်ရှည်လေးနဲ့ ပြောင်ရှင်းနေကာ ကလေးငယ်တစ်ယောက်အသားအရည်လို ချောမွေ့နေသည်။ တံတွေးကို ဂလုခနဲမျိုချရင်း ဆေးတောင်သေချာမလိမ်းနိုင်တော့ပဲ မြန်မြန်ပွတ်ပေးပြီး ဘောင်းဘီတစ်ထည်ဝတ်ပေးကာ ရေချိုးခန်းထဲ ဝင်ခဲ့ရသည်။

သူ့ကိုရယ်မှာ စိုးလို့ တစ်ညနေလုံး အခန်းထဲက အပြင်တောင်မထွက်ပဲ ထမင်းစားခါနီးမှဆင်းလာပြီး စားသည်။ ဒေါ်လေးLucyက သူ့ကိုရယ်တော့ ထမင်းသေချာ မစားပဲ ရှက်ကောက်ကြီးလုပ်ကာ အပေါ်ပြန်တက်သွားသည်။ Wang Jun Yongက ညလည်လောက်တွင် Huang Ming Ming ဗိုက်ဆာမည်စိုး၍ ပေါင်မုန့်အချို့နှင့် နို့တစ်ခွက်ဖျော်၍ အခန်းထဲ ယူလာသည်။ အခန်းထဲကြည့်တော့ Huang Ming Ming အိပ်ပျော်နေပြီမို့ စားစရာများကို စားပွဲပေါ်တင်ပြီး သူက ကျောင်းစာလုပ်နေလိုက်သည်။ စာပြီးသွား၍ အလုပ်က စီစစ်စရာများကို နည်းနည်းကြည့်ပြီး မျက်လုံးလည်းညောင်းလာ၍ Huang Ming Ming ဘေးဝင်လှဲကာ အသာဖက်၍ အိပ်လိုက်သည်။

"ကိုကို... ကိုကို"

"ဟင်"

အိပ်ပျော်ပြီး တော်တော် ကြာလောက်မှာ လူကို ဆွဲနှိုးနေသည့်အသံ ကြား၍ မျက်လုံးဖွင့် ကြည့်လိုက်တော့ ငုတ်တုတ်ထိုင်နေတဲ့ Huang Ming Ming။

"ဘာဖြစ်လို့လဲ... ဗိုက်ဆာလို့လား"

"Ming Mingကို ကယ်ပါဦး"

ရုတ်တရက်ကြီး ရင်ခွင်ထဲ အတင်းတိုးဝင်ဖက်နေတဲ့ကောင်လေးကြောင့် Wang Jun Yong ထိတ်သွားတာတော့အမှန်ပင်။

"Ming Mingကို ခွေးကြီး လိုက်ကိုက်နေတယ်"

နေ့ခင်းတုန်းက အဖြစ်ပျက်ကို စိတ်စွဲပြီး အိပ်မက်မက်သည်ထင်ပါရဲ့။

" ဘာခွေးမှ မရှိပါဘူး"

"ဟင့်အင်း ရှိတယ်... Ming Mingကို လိုက်ကိုက်နေတယ်! မယ်မယ်နဲ့ခမည်းတော်ကိုလည်း ကိုက်လိုက်တယ်... ကိုကိုလည်းအဝေးကြီးမှာ Ming Mingတစ်ယောက်တည်း ကြောက်တယ်"

စကားပြောရင်း တုန်နေသော ခန္ဓာကိုယ်လေးကို Wang Jun Yong ပြန်ဖက်ပေးထားလိုက်သည်။

"ဘာခွေးမှ မရှိဘူး ကိုကို့ကိုကြည့်"

"ရှိတယ်! ရှိတယ်! ကိုကို မမြင်တာ... အဟင့်"

"ဘာမှမရှိဘူး ကိုကို့ကို ယုံရင်ကြည့်"

အတင်းဖွက်ထားသည့် Huang Ming Ming မျက်နှာလေးကို ဆွဲယူပြီးပြောတော့ ဖွင့်ကြည့်လာသည့် မျက်လုံးလေးက မျက်ရည်တစမ်းစမ်းနှင့်။

"ခွေးကြီး မရှိတော့ဘူးလား"

"မရှိဘူး ကိုကိုပဲရှိတယ်... ကိုကိုကာကွယ်ပေးမှာမို့လို့ ကိုကို့ရင်ခွင်ထဲမှာပဲ နေနော်"

အတင်းချော့တော့မှ မငိုတော့ပေမယ့် ရင်ဘက်ပေါ်မှီပြီးထိုင်နေသည်။

"ညစာထမင်းလည်း သေချာမစားထားဘူး ဗိုက်ဆာနေမှာပေါ့... ကိုကိုမုန့်ယူထားတယ် စားလိုက်"

ကျန်တာသာ ဟန်ဆောင်နိုင်မယ် ဗိုက်ဆာနေတာတော့ ဟန်မဆောင်နိုင်ပေါင်။ Wang Jun Yong ကျွေးတဲ့မုန့်ကို စားပြီး ထိုင်နေပြန်သည်။

"အိပ်ရအောင် လာ"

"Ming Ming မအိပ်ရဲဘူး... အခုနက ခွေးကြီး အိပ်မက်ထဲ ပြန်လာလိမ့်မယ်"

"ကိုကိုရင်ခွင်ထဲလာနေ ခွေးမပြောနဲ့ ဂေါ်ဇီလာတောင်မလာရဲဘူး... ကိုကိုက ရိုက်သတ်လိုက်မှာ"

"တကယ်လား"

"တကယ်ပေါ့! လာ အိပ်တော့"

Wang Jun Yong ဆွဲဖက်တော့ လှဲချလိုက်ပြီး ခပ်တင်းတင်းပြန်ဖက်ထားရင်း Wang Jun Yong မျက်နှာကိုမော့ကြည့်ပြီး ပြုံးပြသည်။

မွ!

Wang Jun Yongက သူ့နှုတ်ခမ်းကို ဆက်ခနဲ လှမ်းတမ်းတော့ ပြူးကြည့်သည်။ သူသိတာ တော်လို့ ဆုချရင် နှုတ်ခမ်းကို နမ်းတယ်ဆိုတာကြောင့် သူကောင်းတာဘာလုပ်ထားလဲ စဥ်းစားနေပုံပင်။

"ခွေးကြီးလာရင် ရိုက်သတ်ဖို့ အားရှိအောင် အားယူတာ မွ!"

"အင့် အဲ့ဒါဆို အများကြီးယူ"

နှုတ်ခမ်းကို တစ်ဆုံးထော်ပြနေတဲ့ Huang Ming Mingက ခွေးကြီးကိုက်တာမခံရပဲ Wang Jun Yong ကိုက်တာနဲ့တင် မိုးလင်းမည့်သဘောရှိသည်။ Wang Jun Yong အသဲယားနေတဲ့ စိတ်ကို ထိန်းပြီး Huang Ming Ming ခေါင်းကို ဆွဲသိမ်းကာ အိပ်ရတော့သည်။
.................................................................

တနင်္ဂနွေပိတ်ရက်မို့ Wang Jun Yong အိမ်မှာရှိနေပြီး Huang Ming Ming အတွက် ဆရာခေါ်ရန် Yifengနှင့်စာပို့ရင်း တိုင်ပင်နေသည်။ Yifengက စိတ်ချရတဲ့သူကို သူခေါ်ပေးမည်ဟုပြောသောကြောင့် တစ်ပူတော့ငြိမ်းလေပြီ။ ဒါပေမယ့် Huang Ming Mingကတော့ အိပ်ယာနိုးပြီးတည်းက တစ်မနက်လုံး အနားကို မလာသဖြင့် သူ့ကိုရှာရဦးမည်။

"Huang Ming Ming"

"ရီမှာ(ဒီမှာ)"

အသံကြားရာကို အာရုံခံသွားလိုက်တော့ အနောက်ဖေးထမင်းစားခန်းထဲက ဖြစ်နေသည်။ ရေခဲသေတ္တာရှေ့ တပလ္လင်ခွေထိုင်ပြီး ပေါင်ကြားထဲ ရေခဲမုန့်တွေထည့်ပြီး စားနေတာမှ အားရပါးရ။

"အဲ့ဒါ ဘာလုပ်နေတာလဲ"

"ရေတဲမုန့်ရှားနေတာရေ ရှားပါဦးလား
(ရေခဲမုန့်စားနေတာလေ စားပါဦးလား)"

"မင်းပါးစပ်ထဲက ပလုတ်ပလောင်းကို ကုန်အောင်စားပြီးမှ စကားပြောစမ်း"

"ထနရှောင့် (ခဏစောင့်)"

Wang Jun Yongကို လက်ထောင်ပြပြီး Huang Ming Ming ပါးစပ်ထဲက ရေခဲမုန့်တွေကို မျိုချကာ Wang Jun Yongကို ကြည့်လိုက်သည်။

"ပြောတော့"

လက်နှစ်ဖက်လုံးတွင်လည်း ရေခဲမုန့် တစ်ခုစီကိုင်ထားပြီး တစ်ကိုယ်လုံးလည်း ပေကျံနေကာ အမှိုက်တွေလည်း ပွကျဲနေသည်။

"ဘယ်နှစ်ခုရှိပြီလဲ စားနေတာ ပြစမ်း"

Huang Ming Ming နားကို Wang Jun Yong သွားလိုက်ပြီး ပေါင်ကြားထဲက ရေခဲမုန့်အိတ်ကို ယူကြည့်လိုက်တော့ မနေ့က ဝယ်လာတဲ့ ၁၀ခုမှာ ၃ခုသာကျန်တော့သည်။

"ရေခဲ့မုန့်တွေ ဘယ်ရောက်သွားတာလဲ"

"ရီထဲ ရောက်တွားရာ (ဒီထဲရောက်သွားတာ)"

ညာဘက်လက်ထဲက ရေခဲမုန့်ကို အကုန် ပါးစပ်အပြည့်ထိုးထည့်ပြီး သူ့ဗိုက်ကို သူပုတ်၍ ပြုံးပြသည်။

OMG!!!

"ရေခဲမုန့် ၇ခုကို တစ်ထိုင်တည်းစားတာ မင်းလူမှ  ဟုတ်ရဲ့လား"

"Ming Mingက လူမှ မဟုတ်တာ ငါးလေ ငါး... ကိုကိုကလည်း ခဏခဏမေ့တာပဲ အသက်ကြီးနေပြီလား"

"ငါ့ကို ပြန်မပြောနဲ့... ဒီရေခဲမုန့်တွေ သိမ်းတယ်! တစ်ပတ်တိတိ မင်း ရေခဲမုန့်မစားရဘူး"

"ကိုကိုကလည်း"

ထုံးစံအတိုင်း Huang Ming Ming နှုတ်ခမ်းထော်ထွက်လာပြီ။

"စကားထပ်မများနဲ့ သွား! ရေသွားချိုး ပေတလူးနေတာပဲ"

ခြေတစောင့်စောင့်နဲ့ ထွက်သွားတဲ့ Huang Ming Mingကိုကြည့်ပြီး အဒေါ်ကြီးအား ရေခဲသေတ္တာကို သော့ခတ်ထားရန်မှာလိုက်သည်။

Huang Ming Ming စိတ်အကြာကြီးကောက်မယ်ထင်ထားသော်လည်း ထမင်းစားချိန်ကျ အရင်အတိုင်းပင် ဆူဆူညံညံ တဆာဆာနဲ့ ပြီးသွားပြန်သည်။ Wang Jun Yong ခုတင်ပေါ် တက်လှဲပြီး စာဖတ်နေတုန်း Huang Ming Mingက အနားကို ရောက်လာကာ Wang Jun Yong ကိုယ်ပေါ်မှောက်ချလိုက်သည်။

"ကိုကို "

"ဘာလဲ "

Wang Jun Yong မျက်နှာ နားကိုအတင်းကပ်လာတာကြောင့် စာအုပ်ကို ဖယ်လိုက်တော့ ဖြီးနေအောင် ပြုံးပြသည်။

"Ming Ming ကိုကို့ကို ချစ်တယ်သိလား"

"သိတယ်လေ... ကလေးလေးရဲ့"

"ကိုကိုရော Ming Mingကို ချစ်လား"

"ချစ်လို့ပဲ ချစ်သူလုပ်ထားတာပေါ့"

"အဲ့ဒါဆို ရေခဲမုန့်တစ်ခုပေးပါလား"

အချိုသာဆုံးကို ပြုံးပြပြီး မျက်နှာချိုသွေးနေတဲ့ Huang Ming Mingကို Wang Jun Yong သွားတွေအကုန်ပေါ်အောင်ပြန်ပြုံးပြလိုက်ပြီး

"မရဘူး "

"ကိုကိုကလည်း တစ်ခုပဲလေ"

"မရဘူးဆို မရဘူးပဲ"

"ကိုကို့ကို အားတွေ အများကြီးပေးမယ်လေ Ming Ming ကို ရေခဲမုန့်ပိစိလေးပဲပေးလေ နော်... ရော့"

သူနှုတ်ခမ်းကို ထော်ပြီး Wang Jun Yongကို အတင်းကပ်၍ ထိုးနမ်းတော့သည်။

"ပိစိလည်းမရဘူး ညှပ်စိလည်းမရဘူး... ငြိမ်ငြိမ်နေ မဟုတ်ရင် အဲ့နှုတ်ခမ်းပြတ်ထွက်အောင် ကိုက်ပစ်လိုက်မယ်"

"လူယုတ်မာကောင်! သူများရေခဲမုန့်ကို ယူထားတယ်"

ရင်ဘက်ကို ဘုန်းခနဲထုပြီး မျက်စောင်းတွေ ဒုန်းခနဲဒိုင်းခနဲ ထိုးကာ ထထိုင်လိုက်သည်။

ခွမ်း!!!

သူလည်းအထ အခန်းထဲကို ပစ္စည်းတစ်ခု ရောက်လာပြီး စားပွဲပေါ်တင်ထားသည့် ပန်းအိုးကို မှန်သွား၍ ကွဲသွားသည်။ Huang Ming Ming ခေါင်းနားကနေ ကပ်သီးလေး ဖြတ်သွားသောအရာကြောင့် Wang Jun Yong အလန့်တကြား ထထိုင်ပြီး Huang Ming Ming ခေါင်းကို လက်ကလေးနဲ့ အုပ်ထားမိသည်။

"ခရုလေးဟ!"

ပန်းအိုးကွဲစတွေကြားက ခရုခွံလေးကိုမြင်၍ Huang Ming Mingက သွားကောက်ဖို့ လုပ်တော့ Wang Jun Yong ကဆွဲလိုက်ပြီး သူဦးအောင် ကောက်လိုက်သည်။

ခရုခွံထဲက ထိုးထွက်နေသော အပိုင်းအစလေးကို ဆွဲထုတ်ကြည့်တော့ စာတစ်စောင်။

"မင်း ဦးလေးက မင်းကို လာခေါ်ပြီး ငရဲကိုပို့ပေးမှာမို့ စောင့်နေနော် Huang Ming Mingလေး"

စာကိုမြင်လိုက်ရတော့ Wang Jun Yong တုန်လှုပ်သွားသည်။ Wang အိမ်တော်လို ခြံစည်းရိုးမြင့်မြင့်နှင့် ခြံစည်းရိုးကနေ ဒုတိယထပ်ရှိ Wang Jun Yong အခန်းထဲကို ပစ္စည်းတစ်ခုခု ပစ်ထည့်ဖို့ဆိုတာ အပြင်လူ သာမာန်လူ လုံးဝမလုပ်နိုင်တဲ့ကိစ္စ။

Wang Jun Yong အတွေးထဲနစ်နေတုန်း အငိုက်မိချိန် Huang Ming Mingက Wang Jun Yong လက်ထဲက စာကိုလုယူလိုက်သည်။

"မ...င်း... ဦး....လေး..."

စာတစ်လုံးချင်းစီ ဖတ်နေသော Huang Ming Ming ဆီကနေ စာကို ပြန်ဆွဲယူကာ ခရုခွံကိုရော စာကိုပဲ ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်ပြီး Huang Ming Mingကို ဆွဲဖက်ထားမိသည်။ ဒီအချိန်မှာ Huang Ming Ming စာသေချာမဖတ်တတ်သေးတာပဲ ကံကောင်းတယ်ဆိုမလား။

"လူဆိုးကောင် Wang Jun Yong!"

ဖက်ထားခံရတာနဲ့ အတော်ပဲ။ သူ့ဆီကနေ ရေခဲမုန့်တွေလည်း သိမ်းထားသလို ခရုခွံလေး ရှားရှားပါးပါးတွေ့လို့ လိုချင်တာကိုပါ လွှင့်ပစ်လိုက်သောကြောင့် ဒေါသများစုစည်းကာ Wang Jun Yong နို့သီးခေါင်းကို အားရပါးရဆွဲကိုက်တော့သည်။

"အား!!! ခွေးကောင်လေး လွှတ်စမ်း... မာမားရေ သေပါပြီ...အား...ဟိတ်ကောင်!"

နှစ်ယောက်လုံး ရုန်းရင်းဆန်ခတ် လုံးပန်းရင်း ခုတင်ပေါ်ပြုတ်ကျတော့မှ လွှတ်ပေးတော့သည်။

ခုတင်ပေါ် ပတ်လက်လေးဖြစ်နေတဲ့ Huang Ming Mingကို မျက်နှာကိုလေးကို ကြည့်ရင်း မောတာတွေ၊ နာတာတွေ မသိတော့။ အခုနကရောက်လာတဲ့ ခြိမ်းခြောက်စာကြီးကြောင့် ဒီကလေးကို ဆုံးရှုံးမှာကိုသာ စိုးရိမ်စိတ်ကသာ ကြီးစိုးနေသည်။
.................................................................

Zawgyi

အိမ္ေရာက္တဲ့အထိ Huang Ming Ming ကေတာ့ ၿငိမ္ခ်က္သား ေကာင္းေနဆဲ။
Wang Jun Yong ကိုခြထားရင္း လည္ပင္းကိုတင္းေနေအာင္ဖက္ၿပီး ပုခုံးေပၚကိုမ်က္ႏွာအပ္ထားသည္။ ဧည့္ခန္းထဲမွာထိုင္ေနတဲ့ ေဒၚေလးLucyက လက္သည္းနီဆိုးေနရင္း Wang Jun Yong ဝင္လာတာကို လွမ္းၾကည့္မိခ်ိန္ ထြက္သြားတုန္းက ေဘာင္းဘီပါၿပီး ျပန္လာေတာ့ ေဘာင္းဘီပါမလာတဲ့ Huang Ming Mingကို ထူးဆန္းစြာ ေငးေနသည္။

"ဘယ္လိုျဖစ္လာၾကတာလဲ Paofu"

ေဒၚေလးLucyက လက္သည္းနီဘူးကို ပိတ္ၿပီး သူမလက္သည္းကို တဖူးဖူးမႈတ္ရင္း Huang Ming Ming ေအာက္ပိုင္းကို ၾကည့္လိုက္သည္။ Wang Jun Yongက ေဒၚေလးLucyကို ျပန္ေျဖဖို႔ Huang Ming Mingကို တစ္လွည့္ျပန္ၾကည့္ရင္း ရယ္ခ်င္စိတ္ကို ထိန္းထားရသည္။

"ေခြးဆြဲခံရလို႔ေလ...ခြိ"

ဘယ္ေလာက္ပဲထိန္းထားထိန္းထား ေလးဘက္ေထာက္ေလးကုန္းေအာ္ေနတဲ့ပုံရယ္ ေဘာင္းဘီခြၽတ္ၿပီး ေျပးလာတဲ့ပုံရယ္ကို ျမင္ေယာင္ရင္း ရယ္သံစြတ္စြတ္ေလးထြက္သြားေတာ့ ေက်ာေပၚကို လက္သီးဆုတ္က ဘုတ္ခနဲ က်လာသည္။ ၿပဳံးစိစိမ်က္ႏွာကို မနည္းပိုးသက္ရင္း ေဒၚေလးအားျပန္ေျဖခဲ့ၿပီး အေပၚတက္လာေတာ့ ေဒၚေလးLucyက ေခါင္းတခါခါႏွင့္ ရယ္ရင္း က်န္ခဲ့သည္။

လက္သီးပိုင္ရွင္ ဖက္တီးေကာင္ကေတာ့ ရွက္စိတ္ေရာ သူ႕ကိုရယ္လို႔ထြက္တဲ့ေဒါသေရာေၾကာင့္ မ်က္ႏွာႀကီး နီရဲေနမွာကို Wang Jun Yong ျမင္ေယာင္မိသည္။

ထင္တဲ့အတိုင္းပင္ ခုတင္ေပၚခ်ေပးလိုက္ေတာ့ နီရဲရဲမ်က္ႏွာေလးကို ေခါင္းအုံးေတြေအာက္မွာဖြက္လိုက္သည္။

"အဲ့လို တန္းမအိပ္နဲ႕ေလ အကၤ်ီေလးဘာေလး လဲဦး... ထ"

"မထဘူး!"

ရွက္ရမ္းရမ္းၿပီးသာ Wang Jun Yongကို ဘုေဘာက္လုပ္ေနေပမယ့္ ေမွာက္ခုံလ်က္အိပ္ေနတာ ေအာက္ကေဟာင္းေလာင္း။ Wang Jun Yong ၿပဳံးစိစိႏွင့္ ၾကည့္လိုက္ၿပီး အကၤ်ီနဲ႕ ဆြဲအုပ္ေပးလိုက္သည္။ ေခြးနဲ႕ နပန္းလုံးရင္း အနည္းငယ္ ပြန္းပဲ့မိသြားတယ္ ထင္သည္ တင္ပါးေဖြးေဖြးေလးမွာ နီရဲရဲ ဒဏ္ရာတစ္ခ်ိဳ႕!
ထိုဒဏ္ရာေလးေတြကို ေဆးလိမ္းေပးရန္ ေဆးဘူးကိုယူၿပီး အကၤ်ီကို လွန္လိုက္ေတာ့ လက္ကို ဆက္ခနဲဖမ္းဆြဲၿပီး ထထိုင္သည္။ ႐ုပ္ကေတာ့ မၾကည္မသာ ဆူပုတ္ပုတ္။

"ဘာလုပ္ဖို႔လဲ"

"ေဆးလိမ္းေပးမလို႔ေလ ဒီမွာ နီရဲေနတာ"

Wang Jun Yong ေျပာမွ သူနာေနတာကိုသတိထားမိသည္ထင္သည္ ေမြ႕ယာေပၚမွာ ျပန္ေမွာက္ေပးသည္။ Wang Jun Yongက အကၤ်ီလွန္ၿပီး လိမ္းေပးေပါ့။ Wangအိမ္ရဲ႕သခင္ေလးက Huang Ming Ming ျဖစ္ၿပီး Wang Jun Yongက သူ႕အထိန္းေတာ္လိုလို။

သူ႕ရဲ႕တင္ပါးေပၚ ေဆးလိမ္းေပးေနရင္း တင္သားႏုႏုေလးနဲ႕ ပြတ္တိုက္ထိေတြ႕မႈေၾကာင့္ Wang Jun Yong အသက္ရႉျမန္လာသည္။ ျဖဴေဖြးေဖြးေပါင္တံတို႔ဟာ ပိန္ပါးသြယ္လ်ေနတာမဟုတ္ပဲ ျပည့္ျပည့္ရွည္ရွည္ေလးနဲ႕ ေျပာင္ရွင္းေနကာ ကေလးငယ္တစ္ေယာက္အသားအရည္လို ေခ်ာေမြ႕ေနသည္။ တံေတြးကို ဂလုခနဲမ်ိဳခ်ရင္း ေဆးေတာင္ေသခ်ာမလိမ္းနိုင္ေတာ့ပဲ ျမန္ျမန္ပြတ္ေပးၿပီး ေဘာင္းဘီတစ္ထည္ဝတ္ေပးကာ ေရခ်ိဳးခန္းထဲ ဝင္ခဲ့ရသည္။

သူ႕ကိုရယ္မွာ စိုးလို႔ တစ္ညေနလုံး အခန္းထဲက အျပင္ေတာင္မထြက္ပဲ ထမင္းစားခါနီးမွဆင္းလာၿပီး စားသည္။ ေဒၚေလးLucyက သူ႕ကိုရယ္ေတာ့ ထမင္းေသခ်ာ မစားပဲ ရွက္ေကာက္ႀကီးလုပ္ကာ အေပၚျပန္တက္သြားသည္။ Wang Jun Yongက ညလည္ေလာက္တြင္ Huang Ming Ming ဗိုက္ဆာမည္စိုး၍ ေပါင္မုန့္အခ်ိဳ႕ႏွင့္ နို႔တစ္ခြက္ေဖ်ာ္၍ အခန္းထဲ ယူလာသည္။ အခန္းထဲၾကည့္ေတာ့ Huang Ming Ming အိပ္ေပ်ာ္ေနၿပီမို႔ စားစရာမ်ားကို စားပြဲေပၚတင္ၿပီး သူက ေက်ာင္းစာလုပ္ေနလိုက္သည္။ စာၿပီးသြား၍ အလုပ္က စီစစ္စရာမ်ားကို နည္းနည္းၾကည့္ၿပီး မ်က္လုံးလည္းေညာင္းလာ၍ Huang Ming Ming ေဘးဝင္လွဲကာ အသာဖက္၍ အိပ္လိုက္သည္။

"ကိုကို... ကိုကို"

"ဟင္"

အိပ္ေပ်ာ္ၿပီး ေတာ္ေတာ္ ၾကာေလာက္မွာ လူကို ဆြဲႏွိုးေနသည့္အသံ ၾကား၍ မ်က္လုံးဖြင့္ ၾကည့္လိုက္ေတာ့ ငုတ္တုတ္ထိုင္ေနတဲ့ Huang Ming Ming။

"ဘာျဖစ္လို႔လဲ... ဗိုက္ဆာလို႔လား"

"Ming Mingကို ကယ္ပါဦး"

႐ုတ္တရက္ႀကီး ရင္ခြင္ထဲ အတင္းတိုးဝင္ဖက္ေနတဲ့ေကာင္ေလးေၾကာင့္ Wang Jun Yong ထိတ္သြားတာေတာ့အမွန္ပင္။

"Ming Mingကို ေခြးႀကီး လိုက္ကိုက္ေနတယ္"

ေန႕ခင္းတုန္းက အျဖစ္ပ်က္ကို စိတ္စြဲၿပီး အိပ္မက္မက္သည္ထင္ပါရဲ႕။

" ဘာေခြးမွ မရွိပါဘူး"

"ဟင့္အင္း ရွိတယ္... Ming Mingကို လိုက္ကိုက္ေနတယ္! မယ္မယ္နဲ႕ခမည္းေတာ္ကိုလည္း ကိုက္လိုက္တယ္... ကိုကိုလည္းအေဝးႀကီးမွာ Ming Mingတစ္ေယာက္တည္း ေၾကာက္တယ္"

စကားေျပာရင္း တုန္ေနေသာ ခႏၶာကိုယ္ေလးကို Wang Jun Yong ျပန္ဖက္ေပးထားလိုက္သည္။

"ဘာေခြးမွ မရွိဘူး ကိုကို႔ကိုၾကည့္"

"ရွိတယ္! ရွိတယ္! ကိုကို မျမင္တာ... အဟင့္"

"ဘာမွမရွိဘူး ကိုကို႔ကို ယုံရင္ၾကည့္"

အတင္းဖြက္ထားသည့္ Huang Ming Ming မ်က္ႏွာေလးကို ဆြဲယူၿပီးေျပာေတာ့ ဖြင့္ၾကည့္လာသည့္ မ်က္လုံးေလးက မ်က္ရည္တစမ္းစမ္းႏွင့္။

"ေခြးႀကီး မရွိေတာ့ဘူးလား"

"မရွိဘူး ကိုကိုပဲရွိတယ္... ကိုကိုကာကြယ္ေပးမွာမို႔လို႔ ကိုကို႔ရင္ခြင္ထဲမွာပဲ ေနေနာ္"

အတင္းေခ်ာ့ေတာ့မွ မငိုေတာ့ေပမယ့္ ရင္ဘက္ေပၚမွီၿပီးထိုင္ေနသည္။

"ညစာထမင္းလည္း ေသခ်ာမစားထားဘူး ဗိုက္ဆာေနမွာေပါ့... ကိုကိုမုန့္ယူထားတယ္ စားလိုက္"

က်န္တာသာ ဟန္ေဆာင္နိုင္မယ္ ဗိုက္ဆာေနတာေတာ့ ဟန္မေဆာင္နိုင္ေပါင္။ Wang Jun Yong ေကြၽးတဲ့မုန့္ကို စားၿပီး ထိုင္ေနျပန္သည္။

"အိပ္ရေအာင္ လာ"

"Ming Ming မအိပ္ရဲဘူး... အခုနက ေခြးႀကီး အိပ္မက္ထဲ ျပန္လာလိမ့္မယ္"

"ကိုကိုရင္ခြင္ထဲလာေန ေခြးမေျပာနဲ႕ ေဂၚဇီလာေတာင္မလာရဲဘူး... ကိုကိုက ရိုက္သတ္လိုက္မွာ"

"တကယ္လား"

"တကယ္ေပါ့! လာ အိပ္ေတာ့"

Wang Jun Yong ဆြဲဖက္ေတာ့ လွဲခ်လိဳက္ၿပီး ခပ္တင္းတင္းျပန္ဖက္ထားရင္း Wang Jun Yong မ်က္ႏွာကိုေမာ့ၾကည့္ၿပီး ၿပဳံးျပသည္။

မြ!

Wang Jun Yongက သူ႕ႏႈတ္ခမ္းကို ဆက္ခနဲ လွမ္းတမ္းေတာ့ ျပဴးၾကည့္သည္။ သူသိတာ ေတာ္လို႔ ဆုခ်ရင္ ႏႈတ္ခမ္းကို နမ္းတယ္ဆိုတာေၾကာင့္ သူေကာင္းတာဘာလုပ္ထားလဲ စဥ္းစားေနပုံပင္။

"ေခြးႀကီးလာရင္ ရိုက္သတ္ဖို႔ အားရွိေအာင္ အားယူတာ မြ!"

"အင့္ အဲ့ဒါဆို အမ်ားႀကီးယူ"

ႏႈတ္ခမ္းကို တစ္ဆုံးေထာ္ျပေနတဲ့ Huang Ming Mingက ေခြးႀကီးကိုက္တာမခံရပဲ Wang Jun Yong ကိုက္တာနဲ႕တင္ မိုးလင္းမည့္သေဘာရွိသည္။ Wang Jun Yong အသဲယားေနတဲ့ စိတ္ကို ထိန္းၿပီး Huang Ming Ming ေခါင္းကို ဆြဲသိမ္းကာ အိပ္ရေတာ့သည္။
.................................................................

တနဂၤႏြေပိတ္ရက္မို႔ Wang Jun Yong အိမ္မွာရွိေနၿပီး Huang Ming Ming အတြက္ ဆရာေခၚရန္ Yifengႏွင့္စာပို႔ရင္း တိုင္ပင္ေနသည္။ Yifengက စိတ္ခ်ရတဲ့သူကို သူေခၚေပးမည္ဟုေျပာေသာေၾကာင့္ တစ္ပူေတာ့ၿငိမ္းေလၿပီ။ ဒါေပမယ့္ Huang Ming Mingကေတာ့ အိပ္ယာနိုးၿပီးတည္းက တစ္မနက္လုံး အနားကို မလာသျဖင့္ သူ႕ကိုရွာရဦးမည္။

"Huang Ming Ming"

"ရီမွာ(ဒီမွာ)"

အသံၾကားရာကို အာ႐ုံခံသြားလိုက္ေတာ့ အေနာက္ေဖးထမင္းစားခန္းထဲက ျဖစ္ေနသည္။ ေရခဲေသတၱာေရွ႕ တပလႅင္ေခြထိုင္ၿပီး ေပါင္ၾကားထဲ ေရခဲမုန့္ေတြထည့္ၿပီး စားေနတာမွ အားရပါးရ။

"အဲ့ဒါ ဘာလုပ္ေနတာလဲ"

"ေရတဲမုန့္ရွားေနတာေရ ရွားပါဦးလား
(ေရခဲမုန့္စားေနတာေလ စားပါဦးလား)"

"မင္းပါးစပ္ထဲက ပလုတ္ပေလာင္းကို ကုန္ေအာင္စားၿပီးမွ စကားေျပာစမ္း"

"ထနေရွာင့္ (ခဏေစာင့္)"

Wang Jun Yongကို လက္ေထာင္ျပၿပီး Huang Ming Ming ပါးစပ္ထဲက ေရခဲမုန့္ေတြကို မ်ိဳခ်ကာ Wang Jun Yongကို ၾကည့္လိုက္သည္။

"ေျပာေတာ့"

လက္ႏွစ္ဖက္လုံးတြင္လည္း ေရခဲမုန့္ တစ္ခုစီကိုင္ထားၿပီး တစ္ကိုယ္လုံးလည္း ေပက်ံေနကာ အမွိုက္ေတြလည္း ပြက်ဲေနသည္။

"ဘယ္ႏွစ္ခုရွိၿပီလဲ စားေနတာ ျပစမ္း"

Huang Ming Ming နားကို Wang Jun Yong သြားလိုက္ၿပီး ေပါင္ၾကားထဲက ေရခဲမုန့္အိတ္ကို ယူၾကည့္လိုက္ေတာ့ မေန႕က ဝယ္လာတဲ့ ၁၀ခုမွာ ၃ခုသာက်န္ေတာ့သည္။

"ေရခဲ့မုန့္ေတြ ဘယ္ေရာက္သြားတာလဲ"

"ရီထဲ ေရာက္တြားရာ (ဒီထဲေရာက္သြားတာ)"

ညာဘက္လက္ထဲက ေရခဲမုန့္ကို အကုန္ ပါးစပ္အျပည့္ထိုးထည့္ၿပီး သူ႕ဗိုက္ကို သူပုတ္၍ ၿပဳံးျပသည္။

OMG!!!

"ေရခဲမုန့္ ၇ခုကို တစ္ထိုင္တည္းစားတာ မင္းလူမွ ဟုတ္ရဲ႕လား"

"Ming Mingက လူမွ မဟုတ္တာ ငါးေလ ငါး... ကိုကိုကလည္း ခဏခဏေမ့တာပဲ အသက္ႀကီးေနၿပီလား"

"ငါ့ကို ျပန္မေျပာနဲ႕... ဒီေရခဲမုန့္ေတြ သိမ္းတယ္! တစ္ပတ္တိတိ မင္း ေရခဲမုန့္မစားရဘူး"

"ကိုကိုကလည္း"

ထုံးစံအတိုင္း Huang Ming Ming ႏႈတ္ခမ္းေထာ္ထြက္လာၿပီ။

"စကားထပ္မမ်ားနဲ႕ သြား! ေရသြားခ်ိဳး ေပတလူးေနတာပဲ"

ေျခတေစာင့္ေစာင့္နဲ႕ ထြက္သြားတဲ့ Huang Ming Mingကိုၾကည့္ၿပီး အေဒၚႀကီးအား ေရခဲေသတၱာကို ေသာ့ခတ္ထားရန္မွာလိုက္သည္။

Huang Ming Ming စိတ္အၾကာႀကီးေကာက္မယ္ထင္ထားေသာ္လည္း ထမင္းစားခ်ိန္က် အရင္အတိုင္းပင္ ဆူဆူညံညံ တဆာဆာနဲ႕ ၿပီးသြားျပန္သည္။ Wang Jun Yong ခုတင္ေပၚ တက္လွဲၿပီး စာဖတ္ေနတုန္း Huang Ming Mingက အနားကို ေရာက္လာကာ Wang Jun Yong ကိုယ္ေပၚေမွာက္ခ်လိဳက္သည္။

"ကိုကို "

"ဘာလဲ "

Wang Jun Yong မ်က္ႏွာ နားကိုအတင္းကပ္လာတာေၾကာင့္ စာအုပ္ကို ဖယ္လိုက္ေတာ့ ၿဖီးေနေအာင္ ၿပဳံးျပသည္။

"Ming Ming ကိုကို႔ကို ခ်စ္တယ္သိလား"

"သိတယ္ေလ... ကေလးေလးရဲ႕"

"ကိုကိုေရာ Ming Mingကို ခ်စ္လား"

"ခ်စ္လို႔ပဲ ခ်စ္သူလုပ္ထားတာေပါ့"

"အဲ့ဒါဆို ေရခဲမုန့္တစ္ခုေပးပါလား"

အခ်ိဳသာဆုံးကို ၿပဳံးျပၿပီး မ်က္ႏွာခ်ိဳေသြးေနတဲ့ Huang Ming Mingကို Wang Jun Yong သြားေတြအကုန္ေပၚေအာင္ျပန္ၿပဳံးျပလိုက္ၿပီး

"မရဘူး "

"ကိုကိုကလည္း တစ္ခုပဲေလ"

"မရဘူးဆို မရဘူးပဲ"

"ကိုကို႔ကို အားေတြ အမ်ားႀကီးေပးမယ္ေလ Ming Ming ကို ေရခဲမုန့္ပိစိေလးပဲေပးေလ ေနာ္... ေရာ့"

သူႏႈတ္ခမ္းကို ေထာ္ၿပီး Wang Jun Yongကို အတင္းကပ္၍ ထိုးနမ္းေတာ့သည္။

"ပိစိလည္းမရဘူး ညွပ္စိလည္းမရဘူး... ၿငိမ္ၿငိမ္ေန မဟုတ္ရင္ အဲ့ႏႈတ္ခမ္းျပတ္ထြက္ေအာင္ ကိုက္ပစ္လိုက္မယ္"

"လူယုတ္မာေကာင္! သူမ်ားေရခဲမုန့္ကို ယူထားတယ္"

ရင္ဘက္ကို ဘုန္းခနဲထုၿပီး မ်က္ေစာင္းေတြ ဒုန္းခနဲဒိုင္းခနဲ ထိုးကာ ထထိုင္လိုက္သည္။

ခြမ္း!!!

သူလည္းအထ အခန္းထဲကို ပစၥည္းတစ္ခု ေရာက္လာၿပီး စားပြဲေပၚတင္ထားသည့္ ပန္းအိုးကို မွန္သြား၍ ကြဲသြားသည္။ Huang Ming Ming ေခါင္းနားကေန ကပ္သီးေလး ျဖတ္သြားေသာအရာေၾကာင့္ Wang Jun Yong အလန့္တၾကား ထထိုင္ၿပီး Huang Ming Ming ေခါင္းကို လက္ကေလးနဲ႕ အုပ္ထားမိသည္။

"ခ႐ုေလးဟ!"

ပန္းအိုးကြဲစေတြၾကားက ခ႐ုခြံေလးကိုျမင္၍ Huang Ming Mingက သြားေကာက္ဖို႔ လုပ္ေတာ့ Wang Jun Yong ကဆြဲလိုက္ၿပီး သူဦးေအာင္ ေကာက္လိုက္သည္။

ခ႐ုခြံထဲက ထိုးထြက္ေနေသာ အပိုင္းအစေလးကို ဆြဲထုတ္ၾကည့္ေတာ့ စာတစ္ေစာင္။

"မင္း ဦးေလးက မင္းကို လာေခၚၿပီး ငရဲကိုပို႔ေပးမွာမို႔ ေစာင့္ေနေနာ္ Huang Ming Mingေလး"

စာကိုျမင္လိုက္ရေတာ့ Wang Jun Yong တုန္လႈပ္သြားသည္။ Wang အိမ္ေတာ္လို ၿခံစည္းရိုးျမင့္ျမင့္ႏွင့္ ၿခံစည္းရိုးကေန ဒုတိယထပ္ရွိ Wang Jun Yong အခန္းထဲကို ပစၥည္းတစ္ခုခု ပစ္ထည့္ဖို႔ဆိုတာ အျပင္လူ သာမာန္လူ လုံးဝမလုပ္နိုင္တဲ့ကိစၥ။

Wang Jun Yong အေတြးထဲနစ္ေနတုန္း အငိုက္မိခ်ိန္ Huang Ming Mingက Wang Jun Yong လက္ထဲက စာကိုလုယူလိုက္သည္။

"မ...င္း... ဦး....ေလး..."

စာတစ္လုံးခ်င္းစီ ဖတ္ေနေသာ Huang Ming Ming ဆီကေန စာကို ျပန္ဆြဲယူကာ ခ႐ုခြံကိုေရာ စာကိုပဲ ျပတင္းေပါက္ကေန လႊင့္ပစ္လိုက္ၿပီး Huang Ming Mingကို ဆြဲဖက္ထားမိသည္။ ဒီအခ်ိန္မွာ Huang Ming Ming စာေသခ်ာမဖတ္တတ္ေသးတာပဲ ကံေကာင္းတယ္ဆိုမလား။

"လူဆိုးေကာင္ Wang Jun Yong!"

ဖက္ထားခံရတာနဲ႕ အေတာ္ပဲ။ သူ႕ဆီကေန ေရခဲမုန့္ေတြလည္း သိမ္းထားသလို ခ႐ုခြံေလး ရွားရွားပါးပါးေတြ႕လို႔ လိုခ်င္တာကိုပါ လႊင့္ပစ္လိုက္ေသာေၾကာင့္ ေဒါသမ်ားစုစည္းကာ Wang Jun Yong နို႔သီးေခါင္းကို အားရပါးရဆြဲကိုက္ေတာ့သည္။

"အား!!! ေခြးေကာင္ေလး လႊတ္စမ္း... မာမားေရ ေသပါၿပီ...အား...ဟိတ္ေကာင္!"

ႏွစ္ေယာက္လုံး ႐ုန္းရင္းဆန္ခတ္ လုံးပန္းရင္း ခုတင္ေပၚျပဳတ္က်ေတာ့မွ လႊတ္ေပးေတာ့သည္။

ခုတင္ေပၚ ပတ္လက္ေလးျဖစ္ေနတဲ့ Huang Ming Mingကို မ်က္ႏွာကိုေလးကို ၾကည့္ရင္း ေမာတာေတြ၊ နာတာေတြ မသိေတာ့။ အခုနကေရာက္လာတဲ့ ၿခိမ္းေျခာက္စာႀကီးေၾကာင့္ ဒီကေလးကို ဆုံးရႈံးမွာကိုသာ စိုးရိမ္စိတ္ကသာ ႀကီးစိုးေနသည္။
.................................................................

Continue Reading

You'll Also Like

834K 18.9K 47
In wich a one night stand turns out to be a lot more than that.
145K 6.8K 41
What happens when Saint Suppapong has a chance encounter with Prince Zee Pruk Panich, the Crown Prince of Thailand? What happens when they accidental...
644K 23.4K 98
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
91.7K 4.6K 31
Zee Pruk Panich was one of Thailand's most prominent artistes. He came from a well-known wealthy family as well. He rose to notoriety when he was sco...