Soo တို့ထိုင်တဲ့နေရာကို Kai တို့ရောက်လာပြီး
Kai: အဲလိုလုပ်တာတော့ မကောင်းပါ ဘူးကွာ
Hun: အေးလေ သူများ အမြင်မှာ ရိုင်းတာပေါ့
Kai: ဒါပေါ့ သိပ်မှားတယ်
Hun: အခုလိုကျတော့ အားနာစရာတွေ ဖြစ်ကုန်ပြီပေါ့
Soo: ဟဲ့ နင်တို့ ဘယ်သူ့ကို ပြောနေတာလဲ
Lu: ပြောချင်ရင်မျက်နှာ ကြည့်ပြီး တည့်တည့်ပြော ယောကျာ်းတွေ ဖြစ်ပြီး
Kai: ဘာတွေလာပြောနေတာလဲ
Hun: အေးလေ ဘာလဲဟ
Soo: တောက် အဲ့လောက်နာနေလည်း လိုက်သွားပါလား ကောင်စုတ်တွေရဲ့
Lu: ငါတို့က လူမိုက်ကြီး ဖြစ်သွားတာ ပေါ့လေ မှားပါတယ်
Kai နဲ့ Hun နဲ့ စိတ်ထဲက ကြိတ်ရယ်နေတာပေါ့ သူတို့က စလိုက်တာ ဟိုနှစ်ယောက် က စပ်စပ်ထိမခံ ဖြစ်နေပြီ
Soo: အဲ့ မိန်းမတွေ မြူစွယ်တိုင်း ပါမယ်လို့ မထင်ထားဘူး
Lu: နင်တို့က ဒီလိုလူမျိုးတွေလား မသိခဲ့လို့ Sorry ပါ
Soo တို့က ဒေါသထွက်ပြီးပြောလိုက် ပေမယ့် ကိုယ်ချစ်တဲ့သူတွေက အဲလို ပြောလာတော့
Kai: နင်တို့ကပဲ ပြောရသေးတယ် ဟား နင်တို့ကျတော့ ဟို အကောင်တွေနဲ့ ငါနော် စကားတွေ လွန်ကုန်တော့မယ်
Soo: ပြောလေ ဟိုကောင်တွေနဲ့ ဘာဖြစ်လဲ နင်တို့လောက်တော့ မဆိုးသေးဘူး
Hun: ငါတို့က ဘာဖြစ်နေလို့လဲ ကူညီရုံ သက်သက်ပဲ ကိုယ့်ရှေ့မှာ ဖြစ်သွားတဲ့ ဟာကို ဒီတိုင်း လက်ပိုက်ကြည့်နေရမှာ လား နင်တို့သာ
Lu: ဆက်ပြောလေ ပြောပါဦး ကယ်တင်ရှင်ကြီးရဲ့ အမယ်လေး ဂုဏ်ယူပေးရဦးမလား
Soo: Lu ရယ် ဘာမှ ပြောမနေနဲ့တော့ ခုချိန်မှာ သူတို့မျက်လုံးထဲ ငါတို့ကို မမြင်ဘူး
Lu: ဟား ဟား ဆေးမိသွားတာလေ
Soo: ဒါပေါ့ ဟို မိန်းမတွေက ဟန်ဆောင်နေတာကိုတောင် တစ်ကယ်မှတ်နေတာ
Lu: သြော် ထားလိုက်ပါ သူတို့မှာ အမှန် အမှားတောင် မသိတော့တဲ့ အခြေအနေ
Soo,Lu: သနားတယ်ဟယ်
Kai,Hun: နင်တို့ နင်တို့
Kai: တောက် တော်တော်လွန်သွားပြီ
Hun: တော်ပြီကွာ ဆက်မပြောချင် တော့ဘူး
Kai: ရပါတယ် ပွင့်ပွင့်လင်းလင်းပေါ့ နင်တို့က ငါတို့ကို အလိုမရှိတော့ဘူး ဆိုတော့ ပြောချင်ရာပြောပေါ့
Hun: မထင်ထားဘူး ငါတို့အပေါ် ဒီလောက်ထိ ပြောရက်လိမ့်မယ်လို့
Soo: နင်တို့လည်း ပြောခဲ့တာပဲ
Lu: အခုမှ သူတော်ကောင်း လာလုပ်ပြ မနေနဲ့
Soo နဲ့ Lu လက်ချင်းတွဲပြီး ထွက်သွားတယ် စိတ်ကို လျှော့ချ လိုက်တော့ နှစ်ယောက်လုံးရဲ့ ပါးပြင်မှာ မျက်ရည်တွေ စီးကျလာတယ်
Soo: မျှော်လင့်မိတာ ငါတို့ အမှားပေါ့ ငါတို့ကို အထင်လွဲသွားပြီဆိုပြီး လာချော့မလားလို့
Lu: အခုတော့ တစ်ခြားစီပဲ စွပ်စွဲတာတောင် ခံလိုက်ရသေး ဘာ ဟို အကောင်တွေနဲ့တဲ့
ကျန်ခဲ့တဲ့ Kai နဲ့ Hun မှာလည်း နာကျင်လျက် ......
အလုပ်တွေ အကုန်ပြီးတော့ ညနေစောင်း ဖြစ်နေပြီ အားလုံး ပင်ပန်းနေကြပြီပေါ့
ဒါနဲ့ အိမ်ကို အသီးသီး ပြန်ကြတယ် ကားပေါ်မှာတော့ အားလုံး အိပ်ပျော်နေ ကြပေမယ့် လူလေးယောက်ရဲ့ ရင်ထဲမှာတော့ အထင်လွဲမှုတွေ သဝန်တိုမှုတွေနဲ့ ပူလောင်နေတယ်
(အချစ်ဆိုတာ တစ်ခါတစ်လေ ပူလောင်တယ် အချစ်ကြီးတော့ ပိုဆိုးတာပေါ့ )
အိမ်ပြန်ရောက်တော့ လေးယောက်လုံး အိပ်မပျော် ဖြစ်ပျက်ခဲ့တာတွေ ပြန်စဉ်းစားတိုင်း ခံစားနေရတယ်
ဒီလိုနဲ့ သူတို့ မခေါ်မပြော နေခဲ့ကြတယ် Scholor အတွက်လည်း ကြိုးပမ်းရင်း ပေါ့ ခေါင်းထဲမှာ စာပဲ ထည့်ထားပေ မယ့် တစ်ခါ တစ်ခါ ပေါ်လာတဲ့ အတွေးတွေကြောင့် ခေါင်းရှုပ်ကြရတယ်
ကျောင်းက result တွေ ထွက်တော့ အားလုံး ထူးထူးချွန်ချွန် အောင်မြင်ကြ တယ် Scholor ဖြေတော့လည်း ချောချောမွေ့မွေ့ မချောမွေ့တာ စိတ်ပဲရှိတယ်
Kai: ဟေ့ကောင် Hun
Hun: ဘာလဲကွာ
Kai: ဒီလိုပဲနေတော့မှလား ငါတို့လည်း စတာလွန်သွားတာပဲ Soo တို့ကို
Hun: အေးကွာ သူတို့လည်း ခုလောက်ဆို နားလည်လောက်ပါပြီ
ငါတို့မခေါ်ရင် ခေါ်မှာမဟုတ်ဘူး
Kai: အေး အဲဒါကြောင့် ငါတို့ပဲ မှားပါတယ်လို့ ဝန်ခံပြီး စခေါ်ကြတာပေါ့
Hun: ဒါပေါ့ ကျေးဇူးရှင်လေးတွေ နေနိုင်တယ်နော် ငါတို့က ချော့ရဦးမှာပေါ့
Kai: ချစ်တော့လည်း ချော့ကြတာပေါ့
Hun: ဒါပေါ့ကွာ ချစ်တာကိုး
Soo: ဟိုကောင်တွေ လာလည်း မခေါ်ဘူး
Lu: အရင်က ရန်ဖြစ်ရင် ခဏလေးနဲ့ လာခေါ်တယ် လာချော့တယ် ခုတော့ ....
Soo: သူတို့တောင် ပြောင်းလဲနေပြီလား
ငါတို့ကလည်း လွန်တာပါဟယ်
Lu: အင်း ငါတို့လည်း မှားတယ် သူတို့ တွေ တော်တော် ခံရခက်မှာပေါ့
(ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဆိုတော့လည်း.....)
ထိုစဉ်.......
Kai:ဟိတ် Soo
Soo: ဟယ် Kai
Hun: Lu ရေ
Lu: ခုမှ ဘာ Lu ရေလဲ
Part-14 လာမှာပေါ့ရှင်
သြော် မြန်မြန်ပြန်ခေါ်ကြပါအေ ငါ့ ချစ်လေးတွေ အသည်းယားနေဦးမယ်
လွဲတာရှိရင် တောင်းပန်ပါတယ်လို့ ;D
Waiting for vitamin votes and feedbacks...saranghae... gamsamitha....90° bows..