Our Secret Diary

By Esther_Nang

19.5K 1K 108

"သိပ်ချစ်ရတဲ့ ညီအစ်ကို ဟုတ်လား ရယ်စရာတွေ မပြောပါနဲ့ ကျွန်တော်တို့က ချစ်သူတွေ!" "သိပ္ခ်စ္ရတဲ့ ညီအစ္ကို ဟုတ္လား... More

Keep That Secret![Unicode]
Keep That Secret![Zawgyi]
Behind the stage![Unicode]
Behind The Stage![Zawgyi]
Let's Date![Unicode]
Let's Date![Zawgyi]
New Fiction Annoucement!
Just A Hint![Unicode]

Just A Hint![Zawgyi]

1.6K 54 5
By Esther_Nang

"Ai'Mew..ဘာတွေကြည့်နေတာလဲ.."

ဘေးက သူငယ်ချင်းဖြစ်သူ Aim၏ အပြောကြောင့် Mewတပ်ထားသော နားကြပ်အား
ဖြုတ်ကြည့်လိုက်သည်။

Aimက ဘေးကနေ ပြူးတူးပြဲတဲနှင့် Mew
ကြည့်နေသည်ကိုလိုက်ကြည့်နေသည်မို့
Inကလည်း သူတို့နှစ်ယောက်ကို ထူးဆန်း
သလိုကြည့်နေသည်။

"အမလေး..Ai'Mewရယ် ဘာများ ဒီလောက်
သဲကြီးမဲကြီးကြည့်နေသလဲလို့..
သူ့ကောင်လေး live interviewကိုကြည့်နေတာ.."

Aim၏ ရယ်ကျဲကျဲအပြောကြောင့် In
တစ်ယောက် အဖြစ်သည်းလိုက်တာ ဟူသော
အကြည့်နှင့် Mewအားကြည့်လိုက်သည်။

Mewက ကော်ဖီတစ်ကျိုက်မော့လိုက်ရင်း...

"မင်းတို့ကလည်း..သူကငါ့ပါတနာလေ
သူဘာလုပ်နေတယ်ဆိုတာ ငါသိထားသင့်တာပေါ့.."

"အပိုတွေမပြောနဲ့..မင်းက မျက်စိအောက်က အပျောက်မခံနိုင်အောင် သည်းသည်းလှုပ်
ဖြစ်နေတာလေ.."

Aim၏စကားကို Inက ထောက်ခံသည့်
သဘောနှင့် ခေါင်းညိမ့်ပြရင်း..

"ဟုတ်တယ်..။ မင်းတို့က Aimပြောလဲ
ပြောချင်စရာပဲ။"

"ငါတို့က အလုပ်သဘောပါကွာ။"

အကြောင်းစုံမသိသေးသည့် သူငယ်ချင်းများကို Mewက အက်ကြောင်းထပ်သော အဖြေ
နှင့်သာ ချွေးသိပ်ရန်ကြိုးစားနေပြန်သည်။
ဒါကို အထာနပ်လွန်းသည့် Aimက..

"အမလေး..အလုပ်သဘောမို့လို့ပဲနော်..
အတည်သာဆိုရင် ငါတို့ထိုင်ငိုသွားရလိမ့်မယ်.."

"ဟုတ်တယ်။ မင်းတို့က အရမ်းသိသာတယ်။
အလုပ်သဘော ၊ အလုပ်သဘောဆိုပြီး
ပတ်ဂျင်းထည့်နေတာ..
မင်းတို့ကို ကြည့်တာနဲ့ဘာမှန်း ကလေးက
အစ ခွေးအဆုံးအကုန်မေးပြလို့ရတယ်။
ဒါလား Phi Nong(ညီအစ်ကို).."

Aimနှင့် In၏ အပြောကို Mewမတုန့်ပြန်ဘဲ ခပ်ပြုံးပြုံးသာ နေလိုက်မိသည်။
တကယ်ဆို သူတို့နှစ်ယောက်ဟာ Mewနှင့်
အရင်းနှီးဆုံးသူငယ်ချင်းများဖြစ်၍
ပြောပြထားချင်မိသော်လည်း Gulfကြောင့်
သည်းခံနေခဲ့ရသည်။
သူ့ကြောင့် Gulfရဲ့တက်လမ်းပိတ်ဆို့သွားမှာ
မျိုး Mewမလိုလားပါ။
ထို့ကြောင့်လည်း Aimနှင့် Inအထိပါ ဖုံး
ကွယ်ထားခဲ့သည်။

ဒီနေ့ ညနေလည်း Gulfနှင့်ချိန်းထားဖြစ်သေးသည်မို့ Mewရင်ခုန်စွာနှင့်စောင့်နေမိသည်။
Gulfလေးက တစ်နေကုန် scheduleများ
နှင့်မအားသောကြောင့် Mewက အားလပ်ချိန်အနည်းစုအား မမြင်ရတာကြာပြီဖြစ်သော
သူငယ်ချင်းများကို ဖဲ့ပေးရင်း Gulfကို
စောင့်နေမိသည်။

"ပြပါဦး..မင်းဘာတွေကြည့်နေလဲ.."

Mewစဉ်းစားခန်းဝင်နေမိချိန် စိတ်ထက်လက်ကပိုသွက်သော Inက Mewလက်ထဲက
ဖုန်းအား ဆွဲယူကြည့်လိုက်သည်။

"ဘာလို့ MewGulfကို ပရိတ်သတ်တွေက ဒီ
လောက်ချစ်ကြတာလဲ.."

"အင်း....ကျွန်တော်တို့က ဟန်ဆောင်ထား
တာမရှိဘူး။
ကျွန်တော်တို့လုပ်နေတဲ့အရာတွေက
ဟန်ဆောင်ပြီးလုပ်နေတာတွေ တစ်ခုမှမပါဘူး။ တကယ်စိတ်ထဲကအတိုင်းလုပ်နေကြတာ..။ အဲ့ဒါကြောင့် ဖြစ်လိမ့်မယ်ထင်တာပဲ.."

Aimနှင့်In မျက်လုံးပြူးကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
ထို့နောက် ပြိုင်တူ Mewအား ကြည့်လိုက်လေ
တော့ Mewက သူတို့ကိုတောင် အရေးမစိုက်
နိုင်တော့ဘဲ ပြုံးဖြီးနေချေသည်။

"မသက်ာစရာပဲ..။ တကယ်ကို မသက်ာစရာ
အနံ့တွေရနေတယ်။
Ai'Mew မင်းငါတို့ကို မလိမ်နဲ့။ မင်းတို့နှစ်ယောက် ဘယ်အခြေအနေရောက်နေပြီလဲ။"

Aimအမေးကို Inက ထောက်ခံသည့်သဘောဖြင့် မေးငေါ့ပြကာ..

"ဟုတ်တယ်..မင်းငါတို့ကိုတော့ မလျှိုသင့်
ဘူး။ ပြောပြဖို့ကောင်းပြီ။"

Aimနှင့် Inအား Mewပြုံး၍သာ ကြည့်.နေမိတော့သည်။ ပြောရနိုး ၊မပြောရနိုး ဝေခွဲ
နေသည်ကို သူတို့က မျှော်လင့်နေကြသည်မို့..

မထူးဇာတ်ခင်းကာ ပြောပြရန်ကြံရွယ်လျက်..

"မင်းတို့ထင်တဲ့အတိုင်းပါ.."

"ဘာ!"

"ဘယ်လို?!"

မျှော်လင့်ထားသော အဖြေဖြစ်သော်လည်း
နှစ်ယောက်လုံးအံ့သြသွားကာ ပါးစပ်
အဟောင်းသားနှင့် Mewအား ပြိုင်တူ
ကြည့်မိကြသည်။

Mew၏ အပြုံးတို့က ဤသို့ ဖွင့်ပြောလိုက်ရ၍ အလွန်ပျော်နေဟန်ပေါက်သည်။

"နေဦး..နေဦး..ငါတို့နားကြားလွဲတာလား..။
Ai'Aim..ငါတို့ နားကြားမမှားဘူးမလား..။"

In၏ ကယောင်ခြောက်ခြားနှင့်အမေးကြောင့်
Aimတစ်ယောက်မှင်သက်နေရင်းမှ..

"In..ငါတို့မှတ်တမ်းတင်ထားရမယ်..။
ဒါဘယ်လောက်ထိ အရေးကြီးတဲ့ ကိစ္စလဲ..။"

ပြောပြီးပြီးချင်း Aimက ဖုန်းထုတ်ကာ
ကင်မရာဖွင့်၍ ဗီဒီယို မှတ်တမ်းတင်ရန်
ပြင်လိုက်သည်။

သြော်..ဒီနှစ်ယောက်နဲ့တော့ ခက်တော့တာပဲ..။
Mew ပျော်လည်းပျော် လန့်လည်းလန့်ဖြစ်
နေသည်။

"ကဲ..ဒီကိုကြည့်ပြီးပြော..In အဲ့ဖက်ကနေ
ရိုက်ပေး.."

"အေး..ပေး..ပေး"

"မင်း တကယ်ပြောနေတာလား..
တကယ်တွဲနေကြပြီလား..ဟမ်..?
တကယ်ကြီးပေါ့..နောက်နေတာတော့
မဟုတ်ဘူးမလား!"

"ဖြေးဖြေးမေးပါ.."

"တကယ်လားလို့.."

Mew ခေါင်းညိမ့်ပြလိုက်မိသည်။
သူတကယ်ကို ပျော်နေမိပြီ။
ဒီလိုမှန်း သိရင်..အစောကြီးကတည်းက
ပြောထားနှင့်ပါတယ်။
တွေးရင်းနှင့် ကြည်နူးနေမိသည်မှာ ပြုံးနေသည်ကိုပင် မရပ်နိုင်တော့။

"မင်းကတော့..တကယ်ပါ။
ငါတို့ကတော့ ဂုဏ်ယူတယ်။ အဲ့ကောင်လေးက အရည်အချင်းလဲရှိတယ်။ အခုနက
ပြောပုံအရ မင်းကိုလည်း တကယ်ချစ်တဲ့ပုံ.."

Inက ကင်မရာကိုပိတ်ရင်း Gulfကို ချီးမွမ်း
ခန်းဖွင့်နေသည်။
"အဲ့ဒါငါ့လူ"ဟူသော ဂုဏ်ဆာနေသည့်
မျက်နှာပေးက Mewမျက်နှာတွင် အထင်းသား..။

"သူ့ကြောင့်ပဲ မင်းဘဝက ပြန်လည်စိုပြေ
လာတာ..ငါတို့ကတော့ သဘောတူတယ်။"

ဘာလုပ်လုပ် အနားကနေ ကူညီထောက်ခံ
ပေးသည့် သူငယ်ချင်းတွေရှိခြင်းက
ကိုယ့်အတွက် တစ်ပန်းသာသည်မို့
Mewကျေနပ်ပြီးရင်းသာ ကျေနပ်နေမိတော့သည်..။
______________________________________

"Phi..ဘာတွေလုပ်နေတာလဲ.."

ချိန်းဆိုထားသော နေရာသို့ အလုပ်များပြီးပြီး
Gulfအပြေးရောက်လာချိန်တွင် သူ့အား
စောင့်နေသော Phi Mewကို တွေ့လိုက်ရသည်။
တကယ်ပါ..အဝေးက လှမ်းကြည့်သည်နှင့်
ထင်းနေသော Gulfလူကြီးမှာ ဒီနေ့ ဆံပင်ကို
ရှေ့သို့ ခပ်အုပ်အုပ်လုပ်ထား၍ Gulfထက်ပင်
လူငယ်ဆန်နေသေးသည်။

Gulfကတော့ အကျီ်တောင် မလဲနိုင်ဘဲ
အပြေးလာလိုက်ရတာ သူကတော့ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေ၍ Gulfလာသည်ကိုပင် မမြင်နိုင်..။

ဘာတွေ ဒီလောက်သဘောကျနေမှန်းမသိ..
မျက်လုံးတွေက အရောင်တောက်လို့..။

"ဟင်..Nong Gulfရောက်နေတာကြာပြီလား..။"

"ဟွန့်...ကြာပေါ့..Gulfကိုတောင် မမြင်နိုင်ပဲ
ဘယ်ကောင်မလေးကို ကြည့်နေတာလဲ
ပြော.."

ကဲ..Mewရဲ့ ရစ်စိန်လေး လုပ်ငန်းစချေပြီ။

"မဟုတ်ပါဘူး ကလေးရယ်..."

"အဲ့ဒါဆို ဘာလုပ်နေတာလဲ.."

"အဲ...."

Gulfက သူ့အမေးကိုမဖြေပဲ ဝေ့လည်ကြောင်
ပတ်လုပ်နေသည့် Mewပုံကြောင့်
Gulfစိတ်တိုလာသည်။

"Phi Mew!!"

အသံမာမာနှင့်အော်လိုက်တော့ Phi Mewက
Gulf အနားကပ်လာကာ Gulfခါးလေးကို
ဆွဲဖက်လိုက်ရင်း..

"Yai Nong~~"

တကယ်ကို နူးနူးညံ့ညံ့လေးနဲ့ လူကချော့တဲ့
အကိုပါလေ..။
ဒီအသံကြားရုံတင် လူက ပြန်ပျော့ချင်နေပြီ။

ကိုဗစ်ကာလမို့ public areaတွင်
Maskတပ်ထားရ၍သာ တော်တော့သည်။
မဟုတ်ရင် ဖြတ်သွားဖြတ်လာ လူအနည်းအကျဉ်းက သူတို့ကို မှတ်မိကြတော့မည်။

"ကိုယ်အခုပြောလို့မရသေးဘူး..။
ကိုယ်ဘာလုပ်နေလဲ ကလေး အိမ်ရောက်ရင်
သိလိမ့်မယ်..။ နော်..။"

ခါးကို အတင်းဆွဲဖက်ရင်း မိမိနှင့် နီးသထက်နီးအောင် တိုးကပ်လာသည်မှာ နှစ်ယောက်
ကြား လေတိုးရန်ပင် ခဲယဉ်းလောက်သည်။

"ကလေး..Yai Nong~~
Nong Gulf~~~အချစ်ရေ.."

တကယ်မခံနိုင်တော့..။အသံနှင့်သတ်တတ်
သည်ဆိုသည်မှာ Phiသာဖြစ်လောက်သည်။
လူက ဘယ်လိုမှ ကြာကြာစိတ်ဆိုး၍ မရ...။

"အာ..ထားလိုက်တော့.."

"စိတ်ဆိုးပြေပါတော့နော်.."

Phi MewကGulfမျက်နှာနားအတင်းကပ်၍ ပြောနေသည်သာမက..
Gulfခါးကိုဖက်ထားသည့်လက်တို့မှာ
အငြိမ်မနေဘဲ Gulfဗိုက်ကို ညှစ်နေချေသည်။

"Phi..ဘာလုပ်တာလဲ.."

အိစိအိစိနှင့် ဗိုက်ကလေးမှာ တကယ်အသည်းယားစရာကောင်းလွန်းလှသည်မို့
Mewတစ်ယောက် ကုန်းကိုက်ချင်စိတ်များက
တဖွားဖွားရယ်..။

"Phi Mew..ယားတယ်..ဟဟ.."

"ပြောပါဦး..Gymဆော့နေတဲ့အကြောင်းတွေ..ဘယ်လောက်တိုးတက်လာပြီလဲ
မှန်းစမ်း.."

"ဟဟ..Phi Mew.."

Mewက Gulfဗိုက်ကို ဘက်ပေါင်းစုံက
ညှစ်နေသည်။ တကယ်အသားတုံးလေးက
အိစက်နေလွန်းသည်မို့ Mewအလွန့်အလွန်
အူယားနေမိသည်မှာ ငြင်းနိုင်ဖွယ်ရာ
မရှိပေ။

"Phi Mewတော်တော့..အရမ်းမကပ်နဲ့.."

"ဟင်...ဘာလို့လဲ.."

"Phiအတွက် အလုပ်တွေ
ပြီးပြီးချင်း နားတောင်မနားဘဲ ပြေးလာခဲ့တာလေ..အခုရေလည်းမချိုးထားတော့
ချွေးတွေနဲ့ နံစော်နေမှာ..."

Gulfစကားကြောင့် Mewသဘောကျကာ
ရယ်လိုက်မိသည်။

"ဒီညစ်ပတ်အိုးလေး ရေမချိုးပဲ ကိုယ်နဲ့
နေလာတာ ဘယ်လောက်ကြာပြီလဲ.."

Phi MewကGulf ခါးကိုဖက်ထားသည့် လက်တို့အား မရုတ်ဘဲ ပို၍ပင် နီးကပ်အောင်
ဆွဲယူလိုက်ရင်း..

"ဟိုတစ်ခါကတောင်..ကိုယ့်ကို အဲ့ရေမချိုး
ထားတဲ့ ညစ်ပတ်အိုးလေးက သူ့လက်ထိုး
ပေးပြီး ကိုက်ကြည့်ခိုင်းတယ်မဟုတ်ဘူးလား..။ထမင်းနဲ့ သူနဲ့ ဘယ်သူအရသာရှိလဲဆိုပြီး..အင်း..အခုရော မြည်းကြည့်ရမလား..။"

"အာ..Phi Mew~~"

ခပ်ချွဲချွဲအသံလေးပြန်ထွက်လာလေပြီ။
အကဲပိုနေသော Mewကို မနာအောင် တွန်း
ထုတ်ရင်း..

"တော်ပြီ..။ စမနေနဲ့တော့..ဒါ public area
ကြီး.."

"စနေတာ မဟုတ်ဘူး..ကိုယ့်ချောကလက်
လေးကို တကယ် မြည်းကြည့်ချင်နေတာပါဆို.."

"Phi Mew..!"

"ဟဟ..ဟုတ်ပါပြီကွာ..။"

"လာ..သွားမယ်..။"

Gulfရှေ့ကနေ ထွက်သွားသည်။ အတန်ကြာ
မှ ဘာသံမှ မကြား၍ လှည့်ကြည့်မိ
လိုက်တော့ Mewက အနောက်က ကပ်ပါမလာ။
လက်ကြီးပိုက်ကာ ရပ်ကျန်ခဲ့လေသည်။

"ဟင်..Phi..ဘာလုပ်နေတာလဲ..။"

Gulf အနောက်ကို ပြန်လျှောက်လာလိုက်၍
အနားရောက်တော့မှ Phi Mewက
ပိုက်ထားသည့် လက်ကို ဖြည်ချလိုက်လေသည်။
ထို့နောက် Gulf လက်လေးတို့ရင်း..

"မေ့နေပြီလား..။"

ထိုအခါမှ Gulfပြုံးမိသွားသည်။ သူ့လူကြီးက
တကယ် အသေးစိပ်ကျလွန်းသည်။
သူကသာ စိတ်လောနေမိတာ..

"မမေ့ပါဘူး ခင်ဗျ.."

ထို့နောက်တွင်တော့..
Mew၏ လက်ပြင်နွေးနွေးကြီးထဲဝယ်
Gulfလက်ချောင်းများကို နစ်မြှုပ်စေလိုက်သည်။

MewGulfက ဘယ်တော့မှ ဒီလက်တွေ
ဖြုတ်ချမှာ မဟုတ်ဘူးဆိုတာ ယုံတယ် ဟုတ်??
______________________________________

Gulf အခုမှ ကျောဆန့်ကာ လှဲမိတော့သည်။
တစ်နေကုန်နားပင် မနားရသေးသော
သူ့အဖို့ ရေတောင် မချိုးနိုင်လောက်အောင်
အတော်ပင်ပန်းနေလေပြီ။
ဒီအချိန် Phi Mewသာ သူ့ဘေးမှာရှိရင်..
"ညစ်ပတ်အိုးလေး..ရေထချိုး"ဟူ၍
တိုက်တွန်းနေမလား..။

Gulfတွေးမိပြီးမှ ပြုံးမိသွားသည်။
သူကလည်း သူပဲ..။ အခုမှတွေ့ပြီးပြန်လာတဲ့
လူတစ်ယောက်ကို လွမ်းနေရပြန်ပြီတဲ့လား..။
Phi Mewက သူ့အပေါ် အဲ့လောက်ထိ
လွှမ်းမိုးနိုင်တဲ့သူပါ။

ဒီနေ့Phi Mewက Gulfလက်ကို ဆုပ်ကိုင်၍ Waanjai,
Mewlionတွေနဲ့ Gulfeverတို့လုပ်ပေးထား
သည့် LED projectများကို မြို့အနှံ့ပတ်
ကြည့်ပေးခဲ့သည်။

ဘယ်လောက်ပဲ ချစ်သူသက်တမ်းကြာမြင့်
လာပါစေ..။ အခုချိန်ထိ ပထမဆုံး စတွေ့ချိန်
ကလို ရင်ခုန်သံတွေက နှစ်ဦးနှစ်ဖက် စည်းချက်ကျဆဲ..။

"အား..တကယ်လွမ်းလာပြီ..။"

Gulfအိပ်ယာထက် လွန့်လူးကာ ညည်းလိုက်မိသည်။
ထိုအခါမှ ရုတ်တရပ် Phi Mewပြောသည့်
"ကလေး အိမ်ရောက်ရင်သိလိမ့်မယ်"
ဟူသော စကားက ခေါင်းထဲ ဖြတ်ခနဲ
ဝင်လာသည်မို့ ဖုန်းထုတ်ကြည့်လိုက်သည်။

အရင်ဆုံး Phiက Twitterအသုံးများသူမို့
Twitterပေါ်တက်ကြည့်လိုက်စဉ်..

Gulfမျက်လုံးပြူးသွားခဲ့သည်။

Twitterပေါ်ပွတ်လောရိုက်နေသည့် Phi Mewနှင့် သူ့သူငယ်ချင်းများ၏ video
fileလေးက ဆွဲလိုက်တိုင်း တက်လာသည်။

"ဒါတွေက.."

Gulf ပါးစပ်ပင် မပိတ်နိုင်ဘဲ Mew၏ Instragramထံ အပြေးသွားကြည့်သည်။

"ဒါကို ig stroyမှာတင်ထားခဲ့တာလား.."

Gulfအံ့သြဝမ်းသာဖြစ်သွားခဲ့သည်။
အချိန်တိုင်း Phi Mewဘယ်တော့ဖွင့်ပြော
မလဲလို့ စောင့်နေမိတော့..
အခုတော့ Phi Mewက ဒီလိုလေးတင်ထားသည်တဲ့။

အသံဖျောက်ထားသည်ဖြစ်သော်လည်း
သူ့သူငယ်ချင်း ပါးစပ်အလှုပ်ကို ကြည့်သည်
နှင့် ဘာပြောလဲဆိုတာ သိနိုင်နေပြီလေ..။

အား..ပျော်လိုက်တာ..

Gulfမထိန်းနိုင်တော့ဘဲ Mewထံ ဖုန်းခေါ်လိုက်သည်။

"Hello..Phi.."

"အင်း..Nong Gulfပြော..အခုပဲအိမ်ရောက်
အခုပဲလွမ်းနေပြီလား..။"

တွေ့လား..။ သူက Gulfရဲ့စိတ်ကို အဲ့လို အလွတ်ရနေတတ်သူကြီး..

"အဲ့ဒါ ခဏထားပါဦး..။
Phiရဲ့ ig storyမှာလေ.."

"သြော်..ကလေးက တွေ့ပြီးပြီပေါ့.."

"အင်း..ဟုတ်တယ်.."

ထိုအခါ Phi Mewက ရယ်သမ်းသွေးကာ...

"ကဲပြော..ဘယ်မိန်းကလေးတွေ့လဲ..။
ကိုယ့်မှာဒီလောက်ချစ်ဖို့ကောင်းတဲ့ ကောင်လေးကိုရထားတာ..ဘယ်သူထပ်လို
သေးလို့လဲ..။"

စကားသိပ်တတ်သူကြီး..
Gulfပြုံးနေမိသည်မှာ ပါးစပ်ပင်စိမရတော့..။

"ကျွန်တော်ကလည်း Phiတစ်ယောက်ပဲ
ရှိတာပါ..။
ဒါနဲ့ Phi အဲ့လိုလုပ်လိုက်လို့ ဖြစ်ပါ့မလား..။
Fanတွေက...."

"ကိုယ်တို့နှစ်ယောက် တရားဝင် comfirm
သေးတာမှ မဟုတ်တာ..
အဲ့တော့ သူတို့အတွက် ဒီည ခေါင်းစားရအောင် ပါးပါးလေး Hintပေးလိုက်တဲ့
သဘော.."

Mewအဖြေကြောင့် Gulfခေါင်းတညိမ့်ညိမ့်
ဖြစ်သွားတော့သည်။

သို့နှင့် သိပ်မကြာမှီတွင် Gulf၏ Ig story
၌လည်း Phi Mewနှင့် ဒီနေ့လျှောက်လည်
ခဲ့သည့်ပုံလေး တက်လာခဲ့လေသည်။

ဒီညအဖို့ လုံလောက်သွားပါပြီ။
မနက်ကျရင်တော့ Twitterမှာ ပလူပျံနေ
တော့မှာ မြင်ယောင်မိသေး..

Phi Mew ပြောသလိုပဲ..
"Just A Hint"ပေါ့

_____________🐼The End⚽___________

#Esther
#24.6.2020

Continue Reading

You'll Also Like

3M 115K 32
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.4M 35.3K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.3M 69.3K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...