(Zawgyi)
"ကြၽန္ေတာ္ ေစာင့္ေနမယ္"
"ဟင္?"
"ေစာင့္ေနမယ္...လို႔"
ေရွာင္းက်န႔္ရဲ႕မ်က္လုံးေတြက အံ့ၾသရိပ္လႊမ္းသြားတယ္။
"အင္း...သိပ္ေတာ့မၾကာပါဘူး"
"အဲ့တာဆို ဒီမွာပဲထိုင္မယ္ေနာ္"
လြန္ခဲ့တဲ့စကၠန႔္ပိုင္းေလာက္က ျပန္မယ္လို႔ေျပာခဲ့တဲ့ဝမ္ရိေပၚဟာ အခုေတာ့ေရွာင္းက်န႔္ေဘးမွာကပ္ၿပီးထိုင္ေနျပန္တယ္။
အခ်ိန္ခဏအၾကာမွာ သူတို႔စားပြဲေပၚကို ေကာ္ဖီခြက္ေတြေရာက္လာတယ္။ ယူရီ စားပြဲေပၚကေကာ္ဖီခြက္ကို လက္လွမ္းရင္း ေရွာင္းက်န႔္ကို တစ္ခ်က္ၾကည့္လိုက္တယ္။ သူမပုံစံက စကားလမ္းေၾကာင္းတစ္ခုကိုအစျပဳဖို႔ ခဲရာခဲဆစ္ႀကိဳးစားေနရသလိုမ်ိဳး...
"ငါတို႔ထြက္လာတာ နည္းနည္းေစာသြားတယ္ထင္တယ္... နင့္ကိုေျပာသားပဲ အေစာႀကီးလာမေခၚပါနဲ႕လို႔"
"သူတို႔လည္းေရာက္ေတာ့မွာပါ..ေစာေရာက္တာ ဘာမ်ားမွားေနလို႔လဲ"
"ေစာင့္ရတာ စိတ္မရွည္ပါဘူးဆို..."
အေတာ္ေလးမိန္းကေလးဆန္ၿပီး မလိုအပ္ပဲခြၽဲႏြဲ႕သြားတဲ့အသံ။
မရည္႐ြယ္ေပမဲ့ ဝမ္ရိေပၚရဲ႕မ်က္လုံးေတြက ယူရီဆီဝဲသြားၿပီး.. အၾကည့္ခ်င္းဆုံမိတဲ့အခါ ဝမ္ရိေပၚဘက္ကအရင္ မ်က္ႏွာလႊဲလိုက္မိတယ္။
ဝမ္ရိေပၚ ကသိကေအာက္ျဖစ္ေနတဲ့ အေနအထားကိုဖုန္းကြယ္ဖို႔ အိတ္ကပ္ထဲကေဆးလိပ္ဗူးကို ဆြဲထုတ္လိုက္တယ္။ ေဆးလိပ္တစ္လိပ္ဆြဲယူၿပီး ႏႈတ္ခမ္းနဲ႕ေတ့လိုက္တဲ့အခ်ိန္မွာ ေဆးလိပ္ျဖဴျဖဴနဲ႕အတူ ေဆးလိပ္ဗူးကိုပါ ဆတ္ခနဲဆြဲယူသြားတဲ့လက္ေခ်ာင္းသြယ္ေတြ....
တစ္ဖက္လက္ထဲကေဆးလိပ္ကို ျပန္ဆြဲယူဖို႔ႀကိဳးစားေပမယ့္ ေဘးကအမွိုက္ပုံးထဲလွမ္းပစ္လိုက္တဲ့အရွိန္က ျမန္လြန္းတယ္။ ဝမ္ရိေပၚ ဆတ္ခနဲေမာ့ၾကည့္မိတယ္။
"ဘာလုပ္တာလဲ..တစ္ဖြာႏွစ္ဖြာေလာက္ပဲ~~"
"မရဘူး"
"ကြၽတ္!"
ဝမ္ရိေပၚစိတ္အလိုမက်ျဖစ္သြားတာကိုျမင္ေတာ့ ေရွာင္းက်န႔္ရဲ႕မ်က္လုံးေတြ ရိပ္ခနဲၿပဳံးသြားတယ္။ ဝမ္ရိေပၚကို ႏႈတ္နဲ႕မဟုတ္ပဲ အမူအရာနဲ႕ပိုင္စိုးပိုင္နင္းျပဳမူဖူးတာ ဒီတစ္ခါထမဆုံးအႀကိမ္ျဖစ္လိမ့္မယ္။
လႊင့္ပစ္လိုက္တဲ့အရွိန္ေၾကာင့္ ေဆးလိပ္ေတြထြက္က်ၿပီးပုံပ်က္ပန္းပ်က္ျဖစ္ေနရွာတဲ့ ေဆးလိပ္ဗူးေလးကို ယူရီလွမ္းၾကည့္မိတယ္။
႐ုတ္တရက္ႀကီး သူမစိတ္ထဲမွာ ေရွာင္းက်န႔္ကို ရင္းႏွီးသလို မခံစားေရတာ့ဘူး။ ဝမ္ရိေပၚကိုၾကည့္တဲ့ ေရွာင္းက်န႔္ရဲ႕အၾကည့္ေတြမွာ ႏူးညံ့မႈကို အမွတ္မထင္ျမင္လိုက္ရတဲ့အခါ သူမရင္ထဲမွာ ျပင္းျပင္းထန္ထန္ပူေလာင္သြားတယ္။
သူမအေနအထားနဲ႕ ေယာက်္ားတစ္ေယာက္ကိုဖက္ၿပိဳင္ၿပီး သဝန္တိုမိတဲ့ခံစားခ်က္ ရွက္စရာေကာင္းလြန္းလို႔ ဝန္မခံခ်င္ဘူး။ တကယ္ဆို ဝမ္ရိေပၚထက္သာတဲ့အရာေတြ သူမမွာအမ်ားႀကီးရွိတယ္။ မိန္းမတစ္ေယာက္ျဖစ္ေနတာကိုက ဝမ္ရိေပၚလိုက္မီမွာမဟုတ္တဲ့ အားသာခ်က္တစ္ခုပဲ။ ေရွာင္းက်န႔္ကို ေဂးတစ္ေယာက္လို႔ သူမဘယ္တုန္းကမွ မယုံၾကည္ခဲ့ဘူး။
လူၾကားထဲမွာ ထူးထူးျခားျခားလင္းထြက္ေနတဲ့၊.. ရႈပ္ယွက္ခတ္ေနတဲ့ ဝတ္စားဆင္ယင္မႈနဲ႕ေတာင္ ပနံသင့္ေနတဲ့....ဝမ္ရိေပၚရဲ႕ဆြဲေဆာင္မႈမ်ိဳးကို ေယာက်္ားမိန္းမဘယ္သူမဆို သာယာမိမွာပဲ။ သာယာမႈဆိုတာ အခ်ိိန္နဲ႕အတူ ကုန္လြန္ေျပာင္းလဲသြားမဲ့ အရာမ်ိဳးျဖစ္တဲ့အေၾကာင္းေတြးမိေတာ့ ပူေလာင္မႈက ေျပေလ်ာ့သြားတယ္။
"ေၾသာ္...လာၿပီ"
ေရွာင္းက်န႔္က ခပ္တိုးတိုးေရ႐ြတ္ၿပီး အၿပဳံးနဲ႕အတူ မတ္တပ္ရပ္ႏႈတ္ဆက္တယ္။ ဝမ္ရိေပၚလည္း ထရမလိုထိုင္ရမလိုျဖစ္ေနရင္း ေရာေယာင္မတ္တပ္ရပ္လိုက္မိတယ္။ သူ႕ျမင္ကြင္းထဲဝင္လာတဲ့သူမွာ သူရင္းႏွီးတဲ့မ်က္ႏွာသြင္ျပင္ရွိတယ္။ တျဖည္းျဖည္းနဲ႕ပိုၿပီးနီးကပ္လာတဲ့အကြာအေဝးေရာက္လာတဲ့အခါ ဝမ္ရိေပၚအာေတြေျခာက္လာတယ္။
မထင္မွတ္ထားတဲ့ေနရာ မထင္မွတ္ထားတဲ့အခ်ိန္မွာ
မထင္မွတ္ထားတဲ့လူနဲ႕ မထင္မွတ္ထားတဲ့ေတြ႕ဆုံမႈ....
သူ႕မ်က္ႏွာအမူအရာဘယ္လိုဘယ္ပုံျဖစ္ေနမယ္ဆိုတာ ဝမ္ရိေပၚမစဥ္းစားခ်င္ေတာ့ဘူး။ သူ႕ေရွ႕မွာရပ္သြားတဲ့ နက္ေျပာင္ေနတဲ့ဖိနပ္ထိပ္ေတြကို အၾကည့္ပို႔ထားမိတယ္။
"ရိေပၚ?"
"......"
မထင္မွတ္ထားတဲ့ေခၚသံေၾကာင့္ ဝမ္ရိေပၚရဲ႕ခႏၶာကိုယ္က တစ္ခ်က္တုန္သြားေပမယ့္.. ဘာမွမျဖစ္သလို ခပ္ပါးပါးၿပဳံးျပလိုက္တယ္။
တစ္ဖက္လူဟာ သူထင္ထားသလို အံ့ျသမေနပါ။
တစ္ေန႕ေန႕ျဖစ္လာမယ္လို႔ ႀကိဳတင္ေမွ်ာ္လင့္ထားၿပီးသားအရာတစ္ခုကို ျမင္ရသလို ေအးေဆးတဲ့အမူအရာမ်ိဳးနဲ႕...
"မေတြ႕တာၾကာၿပီေနာ္..."
"......"
အဲ့ဒီလူဟာ... ဝမ္ရိေပၚအေမရဲ႕ ေနာက္အိမ္ေထာင္
တစ္နည္းအားျဖင့္ ဝမ္ရိေပၚရဲ႕ပေထြးျဖစ္ေနခဲ့တယ္။
သူအိမ္ကထြက္လာတဲ့ ငါးႏွစ္ေက်ာ္ကာလမွာ တစ္ႀကိမ္တစ္ခါမွ မေတြ႕ျဖစ္ေတာ့တဲ့မ်က္ႏွာဟာ အမ်ားႀကီးေျပာင္းလဲသြားတာမ်ိဳး မရွိဘူး။ မ်က္လုံးေထာင့္နဲ႕ ႏႈတ္ခမ္းတစ္ဝိုက္မွာ အေရးအေၾကာင္းအနည္းငယ္ေပၚလာတာကလြဲရင္ လြန္ခဲ့တဲ့ငါးႏွစ္ကအတိုင္း ေပါ့ပါးတက္ႂကြမႈမ်ိဳးေတြရွိေနဆဲပဲ။
ရိေပၚကို ၾကည့္ေနတဲ့မ်က္ဝန္းေတြဟာ ၾကည္လင္ၿပီးၿပဳံးေနတယ္။
"မစ္စတာဟန္..ထိုင္ပါ"
"ဟုတ္ကဲ့ပါ"
ေခါင္းညိမ့္ၿပဳံးျပၿပီး ေလးေထာင့္စားပြဲရဲ႕ ထိုင္သူလြတ္ေနတဲ့အျခမ္းမွာ ဝင္ထိုင္တယ္။ တည္ၾကည္တဲ့အမူအရာ သိမ္ေမြ႕တဲ့လႈပ္ရွားမႈေၾကာင့္ ၾကားထားတဲ့ဂုဏ္သတင္းေတြမွန္ကန္ေၾကာင္းကို ေရွာင္းက်န႔္လက္ခံမိတယ္။ မစ္စတာဟန္ရဲ႕သတင္းေတြ အမ်ားႀကီးၾကားထားဖူးေပမဲ့ ရိေပၚနဲ႕အသိေတြျဖစ္ေနမယ္လို႔ေတာ့ မထင္ထားခဲ့ဘူး။ 'ရိေပၚ'လို႔ ေခၚလိုက္တဲ့အခ်ိန္မွာ သူအံ့ၾသမိသြားတယ္။
"ကြၽန္ေတာ္ ေနာက္မက်ပါဘူးေနာ္?"
"အာ..ေနာက္မက်ပါဘူး..ကြၽန္ေတာ္တို႔က ေစာၿပီးေရာက္ေနတာ"
"ဟုတ္ကဲ့...ဆက္သြယ္တာက ဒီညီမထင္တယ္"
"ဟုတ္ပါတယ္...ကြၽန္မပါ"
"ဒါဆို ကြၽန္ေတာ္တို႔ စာခ်ဳပ္ကိစၥကိုအရင္ဆုံးညွိႏွိုင္းရေအာင္"
.
.
နာရီဝက္ေက်ာ္တဲ့အခ်ိန္မွာ စကားဝိုင္းကအဆံုးသတ္ဖို႔နီးကပ္လာတယ္။ ေျပာေနတဲ့စကားေတြက ဝမ္ရိေပၚနားထဲကိုဝင္တခ်က္မဝင္တခ်က္... သူ႔အေတြးေတြက ဟိုဟိုဒီဒီတစ္စစီပ်ံ့လြင့္ေနတယ္။
လြန္ခဲ့တဲ့ငါးႏွစ္ေက်ာ္ကအခ်ိန္ေတြဆီ ေရာက္သြားတယ္
သူ႔အေဖအသက္႐ွိစဥ္ကအခ်ိိန္ေတြဆီလည္း ေရာက္တယ္
"ေက်းဇူးတင္ပါတယ္ မစ္စတာဟန္..ေနာက္တစ္ပတ္ထဲမွာ စာခ်ဳပ္လက္မွတ္ထိုးလို႔ အဆင္ေျပႏိုင္လား?"
"ေျပပါတယ္... အဂါၤေန႔ေတြ႔တာေပါ့"
"ေကာင္းပါၿပီ..ဒါဆို"
အျပန္အလွန္ေခါင္းညိမ့္ႏႈတ္ဆက္ၿပီး ေ႐ွာင္းက်န္႔က စာရြက္ေတြကို အိတ္ထဲျပန္ထည့္တယ္။ ဝမ္ရိေပၚက အခုခ်ိန္ထိ အေတြးထဲမွာေမ်ာေနဟန္ေပၚတယ္။ သူ႔ကိုၾကည့္ေနတဲ့ မ်က္လံုးေတြကို သတိမထားမိဘူး။
"ရိေပၚ"
"အင္..ေျသာ္.. ျပန္ေတာ့မွာလား?"
"ဦးနဲ႔ စကားေျပာရေအာင္"
"........."
ေ႐ွာင္းက်န္႔ရဲ႕လက္ေတြ ရပ္သြားတယ္။
ေဆြမ်ိဳးရင္းခ်ာေတြမွာသံုးတဲ့ ရင္းႏွီးတဲ့အေခၚအေဝၚ...
ဝမ္ရိေပၚက စဥ္းစားသလိုၿငိမ္ေနၿပီးမွ ေခါင္းညိမ့္ျပၿပီး ေ႐ွ႕ကထြက္သြားတယ္။ ဝမ္ရိေပၚေနာက္ကို မစ္စတာဟန္လိုက္သြားတာျမင္ရတဲ့အခါ ေ႐ွာင္းက်န္႔ရဲ႕မ်က္ေမွာင္ေတြ တြန္႔ခ်ိဳးသြားတယ္။
"ဘယ္လိုပတ္သက္ၾကတာလဲ?"
ယူရီရဲ႕ေမးခြန္းကို ေ႐ွာင္းက်န္႔က ေခါင္းခါျပတယ္။
"ငါမသိဘူး"
"ထင္သေလာက္ေတာ့ မ႐ိုး႐ွင္းဘူးထင္တယ္"
"..........."
................................................................
ထင္သေလာက္မ႐ိုး႐ွင္းဘူး ဆိုတဲ့စကားက ေ႐ွာင္းက်န္႔နားထဲမွာ စြဲေနတယ္။ မသိခ်င္ဘူးလို႔ျငင္းရင္ သူလိမ္တာပါ။
ရိေပၚက မစ္စတာဟန္နဲ႔ ဆယ္မိနစ္ေလာက္ၾကာေအာင္ စကားေျပာခဲ့တယ္။ ျပန္လာတဲ့အခ်ိန္ကတည္းက သူ႔ေဘးမွာျငိမ္ေနတဲ့ရိေပၚကို လွည့္ၾကည့္မိတယ္။
"ဘာျဖစ္လို႔လဲ ရိေပၚ?"
"ဘာျဖစ္လို႔လဲ? ဘာမွမျဖစ္ပါဘူး..."
"ၿငိမ္ေနလို႔ေလ"
"ေျသာ္..ဒီလိုပဲ"
စီရီယာတိုင္ကိုင္ထားတဲ့ ေ႐ွာင္းက်န္႔ရဲ႕ညာလက္ကို ရိေပၚကသူ႔ဘယ္လက္နဲ႔ယွက္ယူၿပီး လက္ခ်င္းတြဲထားလိုက္တယ္။
လက္ခံုေပၚက ေသြးေၾကာစိမ္းစိမ္းေတြကို သူ႕လက္ညွိဳးနဲ႕ ဖြဖြေလးတို႔ထိေနတယ္။
"မစ္စတာဟန္နဲ႔ရိေပၚက~~"
"အဲ့တာလည္း ဒီလိုပဲ"
"............."
"ေကာကို ကြၽန္ေတာ္ငယ္ငယ္ကအေၾကာင္း ေျပာျပရမလား?"
"အင္း..ေျပာျပ"
"မေျပာျပဘူး....အဟားး"
ဝမ္ရိေပၚက အသံထြက္ၿပီးရယ္တယ္။
ေ႐ွာင္းက်န္႔လည္း ေအာင့္သက္သက္နဲ႔လိုက္ရယ္မိတယ္။
ရိေပၚမေျပာျပခ်င္ဘူးလို႔ထင္ရတဲ့ကိစၥေတြကို သူမေမးဘူး။ အထူးသျဖင့္ ရိေပၚရဲ႕ငယ္ဘဝအေၾကာင္းေတြ။
အရင္ကဆို ငယ္ငယ္ကအေၾကာင္းစကား,စမိရင္ ရိေပၚကခ်က္ခ်င္းစကားလႊဲပစ္တတ္တာကို ေ႐ွာင္းက်န္႔သတိထားမိတယ္။
"ဟိုေကာင္ေလးနဲ႔ ခဏခဏေတြ႔ျဖစ္ေနတာလား?"
"ဘယ္သူလဲ?"
"ဖန္႐ွင္း"
"ေျသာ္...သူက~~ အင္း ေတြ႔ျဖစ္တယ္"
"........"
"ဘာျဖစ္လို႔လဲ? မႀကိဳက္ဘူးလား?"
"မဟုတ္ပါဘူး..."
"အင္းေလ မႀကိဳက္စရာမွမ႐ွိတာ... အခ်စ္လည္း ဟိုသူငယ္ခ်င္းဆိုတဲ့တစ္ေယာက္နဲ႔ ေန႔တိုင္းလိုလို ေတြ႔ေနၾကတာပဲ"
ေပၚေပၚတင္တင္ ခနဲ႔လိုက္တဲ့အသံ..
အဆံုးသတ္မွာ ရယ္သံတိုးတိုးပါထပ္ေပါင္းထည့္လိုက္တဲ့အခါ ေ႐ွာင္းက်န္႔က လွည့္ၾကည့္လာတယ္။
"ဟင္?.."
ဝမ္ရိေပၚရဲ႕မ်က္ႏွာက တည္သြားတယ္။
လႊတ္ခနဲေျပာထြက္သြားတဲ့စကားနဲ့ ေလယူေလသိမ္းကို သူမထိန္းလိုက္ႏိုင္ဘူး။
"ဘာကိုလဲ ေဘဘီရဲ႕... အဲ့ဒီအသံက မဟုတ္ေသးဘူးေနာ္"
လွည့္ၾကည့္လာတဲ့ေ႐ွာင္းက်န္႔ရဲ႕မ်က္လံုးေတြကို ဝမ္ရိေပၚရင္ဆိုင္မၾကည့္ျဖစ္ဘူး။ သူေျပာလိုက္တာ ဘယ္လိုအဓိပၸါယ္သက္ေရာက္သြားသလဲဆိုတာ သူကိုယ္တိုင္သိတယ္။ ဒါေပမဲ့ ေတာင္းပန္ခ်င္စိတ္လည္း မ႐ွိေတာ့ဘူး။ သူ႔ရင္ထဲက အစိုင္အခဲအပိုင္းအစေတြက တျဖည္းျဖည္းစုစည္းလာသလို ခံစားေနရတယ္။ ဆုပ္ကိုင္လက္ေတြကို လႊတ္လိုက္တယ္။
"ဘာကို မဟုတ္တာလဲ?"
"ကိုယ္တို႔ အလုပ္ကိစၥနဲ႔ပဲေတြ႔ျဖစ္ၾကတာပါ"
ကိုယ္တို႔!
အလုပ္ကိစၥ!
ဝမ္ရိေပၚက ႏႈတ္ခမ္းစြန္းတစ္ဖက္တြန္႔ရံု ျပံဳးတယ္။
"ေတာ္ပါေတာ့! သူျပန္လာမွ အလုပ္ကသိပ္မ်ားသြားတာလား? ဟာသေတြ.."
စကားဆက္ေျပာလို႔ အဆင္မေျပတဲ့အေျခအေနဆိုတာ ႏွစ္ေယာက္လံုးသိတယ္။ ေ႐ွာင္းက်န္႔က အက်င့္အတိုင္း ျပႆနာနဲ႔ထိပ္တိုက္မေတြ႔ဖို႔ သူ႔ဘက္ကအရင္ေလ်ွာ့ေပးတယ္။
"ေနာက္ ဘာကိစၥပဲ႐ွိ႐ွိ..ေဘဘီ့ကိုေျပာမယ္ေလ.. အတူတူလိုက္ခဲ့လို႔ရတယ္"
"လာရြဲ႔ေနတာလား? ကြၽန္ေတာ္ အဲ့ေလာက္အားမေနဘူး"
"မဟုတ္ပါဘူးကြာ... ရြဲ႔တာမဟုတ္မွန္း ေဘဘီသိရဲ႕သားနဲ႔"
ေ႐ွာင္းက်န္႔က အသံကိုေဖ်ာ့ၿပီးေဖ်ာင္းဖ်နားခ်တယ္။
ဝမ္ရိေပၚက ျပႆနာကိုေ႐ွာင္မထြက္ပဲ ေျဖ႐ွင္းလိုက္ရတာမ်ိဳးကို ပိုၿပီးအားသန္တယ္။ ဒါေပမဲ့ ႏွစ္ေယာက္အတူ႐ွိတဲ့အခ်ိန္မွာ စိတ္အေႏွာင့္အယွက္ျဖစ္စရာေတြကို တစ္စစီဆြဲမထုတ္တာ သူတို႔အတြက္အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။
________________________________
(Unicode)
"ကျွန်တော် စောင့်နေမယ်"
"ဟင်?"
"စောင့်နေမယ်...လို့"
ရှောင်းကျန့်ရဲ့မျက်လုံးတွေက အံ့သြရိပ်လွှမ်းသွားတယ်။
"အင်း...သိပ်တော့မကြာပါဘူး"
"အဲ့တာဆို ဒီမှာပဲထိုင်မယ်နော်"
လွန်ခဲ့တဲ့စက္ကန့်ပိုင်းလောက်က ပြန်မယ်လို့ပြောခဲ့တဲ့ဝမ်ရိပေါ်ဟာ အခုတော့ရှောင်းကျန့်ဘေးမှာကပ်ပြီးထိုင်နေပြန်တယ်။
အချိန်ခဏအကြာမှာ သူတို့စားပွဲပေါ်ကို ကော်ဖီခွက်တွေရောက်လာတယ်။ ယူရီ စားပွဲပေါ်ကကော်ဖီခွက်ကို လက်လှမ်းရင်း ရှောင်းကျန့်ကို တစ်ချက်ကြည့်လိုက်တယ်။ သူမပုံစံက စကားလမ်းကြောင်းတစ်ခုကိုအစပြုဖို့ ခဲရာခဲဆစ်ကြိုးစားနေရသလိုမျိုး...
"ငါတို့ထွက်လာတာ နည်းနည်းစောသွားတယ်ထင်တယ်... နင့်ကိုပြောသားပဲ အစောကြီးလာမခေါ်ပါနဲ့လို့"
"သူတို့လည်းရောက်တော့မှာပါ..စောရောက်တာ ဘာများမှားနေလို့လဲ"
"စောင့်ရတာ စိတ်မရှည်ပါဘူးဆို..."
အတော်လေးမိန်းကလေးဆန်ပြီး မလိုအပ်ပဲချွဲနွဲ့သွားတဲ့အသံ။
မရည်ရွယ်ပေမဲ့ ဝမ်ရိပေါ်ရဲ့မျက်လုံးတွေက ယူရီဆီဝဲသွားပြီး.. အကြည့်ချင်းဆုံမိတဲ့အခါ ဝမ်ရိပေါ်ဘက်ကအရင် မျက်နှာလွှဲလိုက်မိတယ်။
ဝမ်ရိပေါ် ကသိကအောက်ဖြစ်နေတဲ့ အနေအထားကိုဖုန်းကွယ်ဖို့ အိတ်ကပ်ထဲကဆေးလိပ်ဗူးကို ဆွဲထုတ်လိုက်တယ်။ ဆေးလိပ်တစ်လိပ်ဆွဲယူပြီး နှုတ်ခမ်းနဲ့တေ့လိုက်တဲ့အချိန်မှာ ဆေးလိပ်ဖြူဖြူနဲ့အတူ ဆေးလိပ်ဗူးကိုပါ ဆတ်ခနဲဆွဲယူသွားတဲ့လက်ချောင်းသွယ်တွေ....
တစ်ဖက်လက်ထဲကဆေးလိပ်ကို ပြန်ဆွဲယူဖို့ကြိုးစားပေမယ့် ဘေးကအမှိုက်ပုံးထဲလှမ်းပစ်လိုက်တဲ့အရှိန်က မြန်လွန်းတယ်။ ဝမ်ရိပေါ် ဆတ်ခနဲမော့ကြည့်မိတယ်။
"ဘာလုပ်တာလဲ..တစ်ဖွာနှစ်ဖွာလောက်ပဲ~~"
"မရဘူး"
"ကျွတ်!"
ဝမ်ရိပေါ်စိတ်အလိုမကျဖြစ်သွားတာကိုမြင်တော့ ရှောင်းကျန့်ရဲ့မျက်လုံးတွေ ရိပ်ခနဲပြုံးသွားတယ်။ ဝမ်ရိပေါ်ကို နှုတ်နဲ့မဟုတ်ပဲ အမူအရာနဲ့ပိုင်စိုးပိုင်နင်းပြုမူဖူးတာ ဒီတစ်ခါထမဆုံးအကြိမ်ဖြစ်လိမ့်မယ်။
လွှင့်ပစ်လိုက်တဲ့အရှိန်ကြောင့် ဆေးလိပ်တွေထွက်ကျပြီးပုံပျက်ပန်းပျက်ဖြစ်နေရှာတဲ့ ဆေးလိပ်ဗူးလေးကို ယူရီလှမ်းကြည့်မိတယ်။
ရုတ်တရက်ကြီး သူမစိတ်ထဲမှာ ရှောင်းကျန့်ကို ရင်းနှီးသလို မခံစားရေတာ့ဘူး။ ဝမ်ရိပေါ်ကိုကြည့်တဲ့ ရှောင်းကျန့်ရဲ့အကြည့်တွေမှာ နူးညံ့မှုကို အမှတ်မထင်မြင်လိုက်ရတဲ့အခါ သူမရင်ထဲမှာ ပြင်းပြင်းထန်ထန်ပူလောင်သွားတယ်။
သူမအနေအထားနဲ့ ယောကျ်ားတစ်ယောက်ကိုဖက်ပြိုင်ပြီး သဝန်တိုမိတဲ့ခံစားချက် ရှက်စရာကောင်းလွန်းလို့ ဝန်မခံချင်ဘူး။ တကယ်ဆို ဝမ်ရိပေါ်ထက်သာတဲ့အရာတွေ သူမမှာအများကြီးရှိတယ်။ မိန်းမတစ်ယောက်ဖြစ်နေတာကိုက ဝမ်ရိပေါ်လိုက်မီမှာမဟုတ်တဲ့ အားသာချက်တစ်ခုပဲ။ ရှောင်းကျန့်ကို ဂေးတစ်ယောက်လို့ သူမဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး။
လူကြားထဲမှာ ထူးထူးခြားခြားလင်းထွက်နေတဲ့၊.. ရှုပ်ယှက်ခတ်နေတဲ့ ဝတ်စားဆင်ယင်မှုနဲ့တောင် ပနံသင့်နေတဲ့....ဝမ်ရိပေါ်ရဲ့ဆွဲဆောင်မှုမျိုးကို ယောကျ်ားမိန်းမဘယ်သူမဆို သာယာမိမှာပဲ။ သာယာမှုဆိုတာ အချိိန်နဲ့အတူ ကုန်လွန်ပြောင်းလဲသွားမဲ့ အရာမျိုးဖြစ်တဲ့အကြောင်းတွေးမိတော့ ပူလောင်မှုက ပြေလျော့သွားတယ်။
"သြော်...လာပြီ"
ရှောင်းကျန့်က ခပ်တိုးတိုးရေရွတ်ပြီး အပြုံးနဲ့အတူ မတ်တပ်ရပ်နှုတ်ဆက်တယ်။ ဝမ်ရိပေါ်လည်း ထရမလိုထိုင်ရမလိုဖြစ်နေရင်း ရောယောင်မတ်တပ်ရပ်လိုက်မိတယ်။ သူ့မြင်ကွင်းထဲဝင်လာတဲ့သူမှာ သူရင်းနှီးတဲ့မျက်နှာသွင်ပြင်ရှိတယ်။ တဖြည်းဖြည်းနဲ့ပိုပြီးနီးကပ်လာတဲ့အကွာအဝေးရောက်လာတဲ့အခါ ဝမ်ရိပေါ်အာတွေခြောက်လာတယ်။
မထင်မှတ်ထားတဲ့နေရာ မထင်မှတ်ထားတဲ့အချိန်မှာ
မထင်မှတ်ထားတဲ့လူနဲ့ မထင်မှတ်ထားတဲ့တွေ့ဆုံမှု....
သူ့မျက်နှာအမူအရာဘယ်လိုဘယ်ပုံဖြစ်နေမယ်ဆိုတာ ဝမ်ရိပေါ်မစဉ်းစားချင်တော့ဘူး။ သူ့ရှေ့မှာရပ်သွားတဲ့ နက်ပြောင်နေတဲ့ဖိနပ်ထိပ်တွေကို အကြည့်ပို့ထားမိတယ်။
"ရိပေါ်?"
"......"
မထင်မှတ်ထားတဲ့ခေါ်သံကြောင့် ဝမ်ရိပေါ်ရဲ့ခန္ဓာကိုယ်က တစ်ချက်တုန်သွားပေမယ့်.. ဘာမှမဖြစ်သလို ခပ်ပါးပါးပြုံးပြလိုက်တယ်။
တစ်ဖက်လူဟာ သူထင်ထားသလို အံ့သြမနေပါ။
တစ်နေ့နေ့ဖြစ်လာမယ်လို့ ကြိုတင်မျှော်လင့်ထားပြီးသားအရာတစ်ခုကို မြင်ရသလို အေးဆေးတဲ့အမူအရာမျိုးနဲ့...
"မတွေ့တာကြာပြီနော်..."
"......"
အဲ့ဒီလူဟာ... ဝမ်ရိပေါ်အမေရဲ့ နောက်အိမ်ထောင်
တစ်နည်းအားဖြင့် ဝမ်ရိပေါ်ရဲ့ပထွေးဖြစ်နေခဲ့တယ်။
သူအိမ်ကထွက်လာတဲ့ ငါးနှစ်ကျော်ကာလမှာ တစ်ကြိမ်တစ်ခါမှ မတွေ့ဖြစ်တော့တဲ့မျက်နှာဟာ အများကြီးပြောင်းလဲသွားတာမျိုး မရှိဘူး။ မျက်လုံးထောင့်နဲ့ နှုတ်ခမ်းတစ်ဝိုက်မှာ အရေးအကြောင်းအနည်းငယ်ပေါ်လာတာကလွဲရင် လွန်ခဲ့တဲ့ငါးနှစ်ကအတိုင်း ပေါ့ပါးတက်ကြွမှုမျိုးတွေရှိနေဆဲပဲ။
ရိပေါ်ကို ကြည့်နေတဲ့မျက်ဝန်းတွေဟာ ကြည်လင်ပြီးပြုံးနေတယ်။
"မစ်စတာဟန်..ထိုင်ပါ"
"ဟုတ်ကဲ့ပါ"
ခေါင်းညိမ့်ပြုံးပြပြီး လေးထောင့်စားပွဲရဲ့ ထိုင်သူလွတ်နေတဲ့အခြမ်းမှာ ဝင်ထိုင်တယ်။ တည်ကြည်တဲ့အမူအရာ သိမ်မွေ့တဲ့လှုပ်ရှားမှုကြောင့် ကြားထားတဲ့ဂုဏ်သတင်းတွေမှန်ကန်ကြောင်းကို ရှောင်းကျန့်လက်ခံမိတယ်။ မစ်စတာဟန်ရဲ့သတင်းတွေ အများကြီးကြားထားဖူးပေမဲ့ ရိပေါ်နဲ့အသိတွေဖြစ်နေမယ်လို့တော့ မထင်ထားခဲ့ဘူး။ 'ရိပေါ်'လို့ ခေါ်လိုက်တဲ့အချိန်မှာ သူအံ့သြမိသွားတယ်။
"ကျွန်တော် နောက်မကျပါဘူးနော်?"
"အာ..နောက်မကျပါဘူး..ကျွန်တော်တို့က စောပြီးရောက်နေတာ"
"ဟုတ်ကဲ့...ဆက်သွယ်တာက ဒီညီမထင်တယ်"
"ဟုတ်ပါတယ်...ကျွန်မပါ"
"ဒါဆို ကျွန်တော်တို့ စာချုပ်ကိစ္စကိုအရင်ဆုံးညှိနှိုင်းရအောင်"
.
.
နာရီဝက်ကျော်တဲ့အချိန်မှာ စကားဝိုင်းကအဆုံးသတ်ဖို့နီးကပ်လာတယ်။ ပြောနေတဲ့စကားတွေက ဝမ်ရိပေါ်နားထဲကိုဝင်တချက်မဝင်တချက်... သူ့အတွေးတွေက ဟိုဟိုဒီဒီတစ်စစီပျံ့လွင့်နေတယ်။
လွန်ခဲ့တဲ့ငါးနှစ်ကျော်ကအချိန်တွေဆီ ရောက်သွားတယ်
သူ့အဖေအသက်ရှိစဉ်ကအချိိန်တွေဆီလည်း ရောက်တယ်
"ကျေးဇူးတင်ပါတယ် မစ်စတာဟန်..နောက်တစ်ပတ်ထဲမှာ စာချုပ်လက်မှတ်ထိုးလို့ အဆင်ပြေနိုင်လား?"
"ပြေပါတယ်... အဂါင်္နေ့တွေ့တာပေါ့"
"ကောင်းပါပြီ..ဒါဆို"
အပြန်အလှန်ခေါင်းညိမ့်နှုတ်ဆက်ပြီး ရှောင်းကျန့်က စာရွက်တွေကို အိတ်ထဲပြန်ထည့်တယ်။ ဝမ်ရိပေါ်က အခုချိန်ထိ အတွေးထဲမှာမျောနေဟန်ပေါ်တယ်။ သူ့ကိုကြည့်နေတဲ့ မျက်လုံးတွေကို သတိမထားမိဘူး။
"ရိပေါ်"
"အင်..သြော်.. ပြန်တော့မှာလား?"
"ဦးနဲ့ စကားပြောရအောင်"
"........."
ရှောင်းကျန့်ရဲ့လက်တွေ ရပ်သွားတယ်။
ဆွေမျိုးရင်းချာတွေမှာသုံးတဲ့ ရင်းနှီးတဲ့အခေါ်အဝေါ်...
ဝမ်ရိပေါ်က စဉ်းစားသလိုငြိမ်နေပြီးမှ ခေါင်းညိမ့်ပြပြီး ရှေ့ကထွက်သွားတယ်။ ဝမ်ရိပေါ်နောက်ကို မစ်စတာဟန်လိုက်သွားတာမြင်ရတဲ့အခါ ရှောင်းကျန့်ရဲ့မျက်မှောင်တွေ တွန့်ချိုးသွားတယ်။
"ဘယ်လိုပတ်သက်ကြတာလဲ?"
ယူရီရဲ့မေးခွန်းကို ရှောင်းကျန့်က ခေါင်းခါပြတယ်။
"ငါမသိဘူး"
"ထင်သလောက်တော့ မရိုးရှင်းဘူးထင်တယ်"
"..........."
................................................................
ထင်သလောက်မရိုးရှင်းဘူး ဆိုတဲ့စကားက ရှောင်းကျန့်နားထဲမှာ စွဲနေတယ်။ မသိချင်ဘူးလို့ငြင်းရင် သူလိမ်တာပါ။
ရိပေါ်က မစ်စတာဟန်နဲ့ ဆယ်မိနစ်လောက်ကြာအောင် စကားပြောခဲ့တယ်။ ပြန်လာတဲ့အချိန်ကတည်းက သူ့ဘေးမှာငြိမ်နေတဲ့ရိပေါ်ကို လှည့်ကြည့်မိတယ်။
"ဘာဖြစ်လို့လဲ ရိပေါ်?"
"ဘာဖြစ်လို့လဲ? ဘာမှမဖြစ်ပါဘူး..."
"ငြိမ်နေလို့လေ"
"သြော်..ဒီလိုပဲ"
စီရီယာတိုင်ကိုင်ထားတဲ့ ရှောင်းကျန့်ရဲ့ညာလက်ကို ရိပေါ်ကသူ့ဘယ်လက်နဲ့ယှက်ယူပြီး လက်ချင်းတွဲထားလိုက်တယ်။
လက်ခုံပေါ်က သွေးကြောစိမ်းစိမ်းတွေကို သူ့လက်ညှိုးနဲ့ ဖွဖွလေးတို့ထိနေတယ်။
"မစ်စတာဟန်နဲ့ရိပေါ်က~~"
"အဲ့တာလည်း ဒီလိုပဲ"
"............."
"ကောကို ကျွန်တော်ငယ်ငယ်ကအကြောင်း ပြောပြရမလား?"
"အင်း..ပြောပြ"
"မပြောပြဘူး....အဟားး"
ဝမ်ရိပေါ်က အသံထွက်ပြီးရယ်တယ်။
ရှောင်းကျန့်လည်း အောင့်သက်သက်နဲ့လိုက်ရယ်မိတယ်။
ရိပေါ်မပြောပြချင်ဘူးလို့ထင်ရတဲ့ကိစ္စတွေကို သူမမေးဘူး။ အထူးသဖြင့် ရိပေါ်ရဲ့ငယ်ဘဝအကြောင်းတွေ။
အရင်ကဆို ငယ်ငယ်ကအကြောင်းစကား,စမိရင် ရိပေါ်ကချက်ချင်းစကားလွှဲပစ်တတ်တာကို ရှောင်းကျန့်သတိထားမိတယ်။
"ဟိုကောင်လေးနဲ့ ခဏခဏတွေ့ဖြစ်နေတာလား?"
"ဘယ်သူလဲ?"
"ဖန်ရှင်း"
"သြော်...သူက~~ အင်း တွေ့ဖြစ်တယ်"
"........"
"ဘာဖြစ်လို့လဲ? မကြိုက်ဘူးလား?"
"မဟုတ်ပါဘူး..."
"အင်းလေ မကြိုက်စရာမှမရှိတာ... အချစ်လည်း ဟိုသူငယ်ချင်းဆိုတဲ့တစ်ယောက်နဲ့ နေ့တိုင်းလိုလို တွေ့နေကြတာပဲ"
ပေါ်ပေါ်တင်တင် ခနဲ့လိုက်တဲ့အသံ..
အဆုံးသတ်မှာ ရယ်သံတိုးတိုးပါထပ်ပေါင်းထည့်လိုက်တဲ့အခါ ရှောင်းကျန့်က လှည့်ကြည့်လာတယ်။
"ဟင်?.."
ဝမ်ရိပေါ်ရဲ့မျက်နှာက တည်သွားတယ်။
လွှတ်ခနဲပြောထွက်သွားတဲ့စကားနဲ့ လေယူလေသိမ်းကို သူမထိန်းလိုက်နိုင်ဘူး။
"ဘာကိုလဲ ဘေဘီရဲ့... အဲ့ဒီအသံက မဟုတ်သေးဘူးနော်"
လှည့်ကြည့်လာတဲ့ရှောင်းကျန့်ရဲ့မျက်လုံးတွေကို ဝမ်ရိပေါ်ရင်ဆိုင်မကြည့်ဖြစ်ဘူး။ သူပြောလိုက်တာ ဘယ်လိုအဓိပ္ပါယ်သက်ရောက်သွားသလဲဆိုတာ သူကိုယ်တိုင်သိတယ်။ ဒါပေမဲ့ တောင်းပန်ချင်စိတ်လည်း မရှိတော့ဘူး။ သူ့ရင်ထဲက အစိုင်အခဲအပိုင်းအစတွေက တဖြည်းဖြည်းစုစည်းလာသလို ခံစားနေရတယ်။ ဆုပ်ကိုင်လက်တွေကို လွှတ်လိုက်တယ်။
"ဘာကို မဟုတ်တာလဲ?"
"ကိုယ်တို့ အလုပ်ကိစ္စနဲ့ပဲတွေ့ဖြစ်ကြတာပါ"
ကိုယ်တို့!
အလုပ်ကိစ္စ!
ဝမ်ရိပေါ်က နှုတ်ခမ်းစွန်းတစ်ဖက်တွန့်ရုံ ပြုံးတယ်။
"တော်ပါတော့! သူပြန်လာမှ အလုပ်ကသိပ်များသွားတာလား? ဟာသတွေ.."
စကားဆက်ပြောလို့ အဆင်မပြေတဲ့အခြေအနေဆိုတာ နှစ်ယောက်လုံးသိတယ်။ ရှောင်းကျန့်က အကျင့်အတိုင်း ပြဿနာနဲ့ထိပ်တိုက်မတွေ့ဖို့ သူ့ဘက်ကအရင်လျှော့ပေးတယ်။
"နောက် ဘာကိစ္စပဲရှိရှိ..ဘေဘီ့ကိုပြောမယ်လေ.. အတူတူလိုက်ခဲ့လို့ရတယ်"
"လာရွဲ့နေတာလား? ကျွန်တော် အဲ့လောက်အားမနေဘူး"
"မဟုတ်ပါဘူးကွာ... ရွဲ့တာမဟုတ်မှန်း ဘေဘီသိရဲ့သားနဲ့"
ရှောင်းကျန့်က အသံကိုဖျော့ပြီးဖျောင်းဖျနားချတယ်။
ဝမ်ရိပေါ်က ပြဿနာကိုရှောင်မထွက်ပဲ ဖြေရှင်းလိုက်ရတာမျိုးကို ပိုပြီးအားသန်တယ်။ ဒါပေမဲ့ နှစ်ယောက်အတူရှိတဲ့အချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေကို တစ်စစီဆွဲမထုတ်တာ သူတို့အတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်။