#For Zawgyi
ညေနပိုင္းမွာ ဦးသာက ခ်မ္းအား ဖခင္ျဖစ္သူႏွင့္ေတြ႕ၿပီးႏႈတ္ဆက္ဖို႔ေခၚေတာ့ သူ႔မွာစိတ္အားထက္သန္စြာႏွင့္ ဦးသာေခၚရာသို႔ လိုက္ခဲ့ေတာ့သည္ ။ တစ္ခ်ိန္က တစ္ႏိုင္ငံလံုးအတိုင္းအတာႏွင့္ လ်ွမ္းလ်ွမ္းေတာက္ နာမည္ႀကီးခဲ့ေသာ ထိုတစ္စံုတစ္ဦးကို သူတကယ္ပဲ ျမင္ဖူးခ်င္လွသည္ေလ ။
အခန္းတစ္ခုထဲကို ဝင္သြားေတာ့ ေဆးရံုအခန္းထဲဝင္သြားလိုက္ရသကဲ့သို႔ခံစားလိုက္ရသည္ ။ ေဆးရံုေတြမွာေတြ႕ရတတ္သည့္ကုတင္ပံုစံမ်ိဳးေပၚမွာ ေဆးပိုက္ေတြ ၊ ႏွာေခါင္းပိုက္ေတြႏွင့္ ဦးသာရဲ႕အေဖျဖစ္ဟန္တူေသာ လူတစ္ဦးက မလႈပ္မယွက္ လဲေလ်ာင္းေနသည္ ။
ကုတင္ေဘးနားထိ ဦးသာနဲ႔အတူတူ ကပ္သြားေတာ့
" ခ်မ္း ဒါ ငါ့အေဖ ဦးခြန္သာဆိုင္ တဲ့ "
ထို႔ေနာက္ ဦးသာက ကုတင္ေပၚက လူမမာနားကို နီးႏိုင္သမ်ွနီးေအာင္ကပ္ကာ ခါးကိုငံု႔ကိုင္းခ်ရင္း
" ပါပါး... ဒီကေလးက ၿငိမ္းခ်မ္းေရးေလ ၊ ႏိုင္ဘုန္းလူရဲ႕တူေလးေပါ့ "
ဦးသာရဲ႕အေဖက စကားျပန္မေျပာေသာ္ျငား မ်က္ေတာင္ေတာ့ျဖင့္ ခတ္ျပကာ သူသိေၾကာင္း တုန္႔ျပန္ျပရွာသည္ ။ ေရာဂါဖိစီးေနသည့္ လူမမာတစ္ေယာက္ျဖစ္တာေၾကာင့္ အေတာ္ႀကီးပိန္က်ေနကာ အသက္အရြယ္ကိုေတာင္ မွန္းဆၾကည့္ဖို႔မလြယ္ကူေပ ။
ခ်မ္းလည္း ဘာေျပာရမွန္းမသိတာေၾကာင့္ ဦးသာေဘးနားမွာ ၿငိမ္ၿငိမ္ေလးပဲရပ္ေနမိသည္ ။ ထိုအခ်ိန္မွာပဲ ဦးသာေဖေဖရဲ႕ ရင္ဘတ္ေပၚတင္ထားတဲ့လက္က အနည္းငယ္ႂကြကာ လႈပ္လာေတာ့ ဦးသာက ထိုလက္ကို အသာလွမ္းကိုင္လိုက္ရင္း
" ပါပါး ဘာမွစိတ္မပူနဲ႔ေတာ့ေနာ္ ၊ ကၽြန္ေတာ္ ဒီတစ္ေခါက္ အၾကာႀကီးေနမွွာ ၊ ပါးပါးက မျပန္ခိုင္းမခ်င္း ကၽြန္ေတာ္မျပန္ဘူး ၊ ဒါ့ေၾကာင့္မို႔ ပါပါး စိတ္ခ်လက္ခ်ေနပါ "
စကားအဆံုးမွာ ဦးသာေဖေဖက မ်က္ရည္ေတြက်လာတာမို႔ ဦးသာက အသာအယာ တို႔ကာသုတ္ေပးရင္း မသိမသာသက္ျပင္းခပ္ဖြဖြခ်သည္ ။ ဦးသာကိုၾကည့္ၿပီး ခ်မ္းလည္း စိတ္မေကာင္းပါ ။ ဒါေပမယ့္လည္း ဘာမွဖန္တီးမေပးႏိုင္တဲ့ အေျခအေနမို႔ ခ်မ္းအေနနဲ႔ ထိုင္ေငးေနရံုသာ တတ္ႏိုင္ပါေလသည္ ။
ေတာ္ေတာ္ေလးၾကာေတာ့မွ ဦးသာေဖေဖက ေဆးသြင္းထားတဲ့အရွိန္ေတြေၾကာင့္ အိပ္ေပ်ာ္သြားေတာ့သည္ ။
ထိုစဥ္ အခန္းတံခါးဖြင့္သံခပ္တိုးတိုးေၾကာင့္ လွည့္ၾကည့္မိေတာ့
" သားထူး အကိုႀကီးအိပ္ေပ်ာ္သြားၿပီလား "
" အိပ္ေပ်ာ္သြားၿပီ ႏိုင္ႏိုင္ "
" ဒါဆို ညစာစားၾကစို႔ေလ ၊ အားလံုးအဆင္သင့္ျဖစ္ေနၿပီ ၊ ကေလးလည္း ဆာေရာေပါ့ "
ထမင္းစားခန္းထဲေရာက္ေတာ့ ျမင္လိုက္ရတဲ့ထမင္းဝိုင္းႀကီးက နည္းနည္းေနာေနာမဟုတ္ ။
" သားထူး ထိုင္ ၊ ခ်မ္းေလးလည္း ထိုင္ ၊ ေဒၚခမ္းေရ ထမင္းပန္းကန္ေတြျပင္ေပးပါဦး "
" ႏိုင္ႏိုင္ေရာ တစ္ခါတည္းဝင္စားေလ "
" အင္း စားမွာေလ သားထူး "
အားပါးပါး.... ဟင္းပန္းကန္ေတြဆိုတာလည္း မ်ားလြန္းလို႔ ဘယ္ဟာက ဘာဟင္းဆိုတာေတာင္ မခြဲျခားတတ္ေတာ့ေခ် ။
ထိုအခ်ိန္မွာပဲ
" ေဒၚခမ္း... ကၽြန္ေတာ့္အတြက္လည္း တစ္ပန္းကန္ျပင္ေပးပါ "
အသံႏွင့္အတူ ဦးခြန္သာႏိုင္ရဲ႕ေဘးခံုမွာ ဝင္ထိုင္လိုက္တဲ့ မ်က္ႏွာစိမ္းလူတစ္ေယာက္ ။
ဒါကေရာ ဘယ္သူပါလိမ့္ ။ အျပဳအမူေတြအရေတာ့ ဒီအိမ္ႏွင့္ မစိမ္းသက္ဘဲ အကၽြမ္းတဝင္ရွိေနပံုမွာ သိသာလွသည္ ။ ခႏၶာကိုယ္ေတာင့္ေတာင့္ ရုပ္ခပ္ေျဖာင့္ေျဖာင့္ႏွင့္ ထိုလူက ဦးသာထက္ေတာ့ အနည္းငယ္အသက္ႀကီးဟန္ ။
" သားထူး မနက္ကေရာက္တာလား "
" ဟုတ္တယ္ ကိုေနာင္ "
" ကားေမာင္းလာတာလား "
" မဟုတ္ဘူး ကိုေနာင္ ၊ ကၽြန္ေတာ္ Express နဲ႔ပဲလာတာ ၊ ႏိုင္ႏိုင္က ကားေမာင္းၿပီးမလာရဘူးဆိုလို႔ "
" ဒီေလာက္ေဝးတဲ့ခရီးကို ကားေမာင္းလာစရာလား ၊ မင္းတို႔က အႏၲရာယ္မ်ားတဲ့အလုပ္ကို သိပ္လုပ္ခ်င္ၾကတယ္ "
ဦးခြန္သာႏိုင္က မ်က္ေမွာင္ၾကဳတ္ကာ မာန္မဲသလိုေလးေျပာေတာ့ ကိုေနာင္ဆိုေသာလူက သေဘာတက်ရယ္ကာ
" အဲ့ဒါပဲၾကည့္ေတာ့ သားထူးေရ ၊ မင္းရဲ႕ႏိုင္ႏိုင္ ဘယ္ေလာက္စိတ္ပူတတ္လဲဆိုတာ...ငါ့မွာတစ္ေန႔တစ္ေန႔ ႏိုင္ႏိုင့္အဆူလြတ္တဲ့ေန႔ကို မရွိဘူး "
ေျပာၿပီး တဟားဟားရယ္ေနေသာ ထိုလူ႔ကို ဦးခြန္သာႏိုင္က မ်က္ေစာင္းလွမ္းထိုး အဲ...အဲ မ်က္ေစာင္းထိုးတာရယ္လို႔ တိတိက်က်ေတာ့ မဆိုသာေသာ ခပ္ေစာင္းေစာင္းအၾကည့္တစ္မ်ိဳးႏွင့္ မၾကည္သလိုၾကည့္၏ ။ တဟားဟားရယ္ေနတဲ့ လူဟာလည္း ထိုအၾကည့္ေၾကာင့္ ခ်က္ခ်င္းမ်က္ႏွာပိုးသတ္ကာ ၿပံဳးေစ့ေစ့ လုပ္ေနေလသည္ ။
မ်က္စိေရွ႕မွ ထိုျမင္ကြင္းကို သံုးသပ္ျပရလ်ွင္ ထူးျခားသည္ဟု အတိအက်ေျပာ၍မရသလို ဘာမွမထူးျခားပါဘူးလို႔လည္း အပ္ခ်မတ္ခ်ေျပာမရေသာ အေနအထားမ်ိဳး ။
ဒီလူက ဦးသာတို႔ႏွင့္ ဘယ္လိုေတာ္စပ္တာပါလိမ့္ ။
" သားထူး ဒီကေလးက ဘယ္သူလဲကြ "
ခ်မ္း စိုက္ၾကည့္ေနတာကို သတိထားမိသြားဟန္တူေသာ ထိုလူက ေမးလာေတာ့ ဦးသာက
" ၿငိမ္းခ်မ္းေရး တဲ့ ၊ ႏိုင္ဘုန္းလူရဲ႕တူေလးေလ "
" ေအာ... "
" ခ်မ္း ဒါ ကိုခြန္စိုင္းေနာင္ တဲ့ "
ထိုလူက ႏွစ္ႏွစ္လိုလိုပင္ၿပံဳးျပလာေတာ့ ခ်မ္းလည္း ျပန္ၿပံဳးျပမိသည္ ။ အင္း...ဒီလူကိုၾကည့္ရတာ ေပ်ာ္ေပ်ာ္ေနတတ္ကာ သေဘာေကာင္းမယ့္ပံုပါပဲ ။
အင္...ဒါနဲ႔ ဦးသာက ဘယ္လိုေတာ္စပ္တယ္ဆိုတာကို ထည့္ၿပီးမိတ္ဆက္ေပးမသြားဘူးေရာ ။ ဒီက သိခ်င္ပါတယ္ဆိုမွ ။
ခ်မ္းဆိုသည္မွာလည္း စပ္စုခ်င္စိတ္က မ်ားေနတာမို႔ စားေနတဲ့ထမင္းကိုေတာင္ သိပ္ၿပီးအရသာမခံလိုက္ရဘဲ ၿပီးသြားေတာ့သည္ ။
" ခ်မ္း စားရတာ အဆင္ေျပရဲ႕လား "
" ဟုတ္ကဲ့ ေျပပါတယ္ ၊ ဦးခြန္ အဲ... "
" ႏိုင္ႏိုင္လို႔ပဲ ေခၚပါ "
ခ်မ္းေခၚရခက္ေနတာကို ရိပ္မိပံုနဲ႔ ခပ္ျပံဳးျပံဳးေျပာလာေတာ့
" ဟုတ္ကဲ့ ႏိုင္ႏိုင္ စားလို႔ေကာင္းပါတယ္ ၊ ဟင္းေတြကလည္း အမ်ားႀကီးပဲ "
" ေရာက္တုန္းေရာက္ခိုက္ ဒီက ေဒသထြက္အစားအစာေတြကို တဝႀကီးစားေစခ်င္လို႔ပါ "
" ဧည့္သည္ေတြနဲ႔ကပ္ၿပီး အီေဖကိုယ္တို႔လည္း အူစိုတာေပါ့ကြာ ၊ အေဟး... "
ေျပာင္ေခ်ာ္ေခ်ာ္ဝင္ေျပာလာေသာ ဦးခြန္စိုင္းေနာင္စကားေၾကာင့္ ႏိုင္ႏိုင္က ခုနကကဲ့သို႔ မ်က္ေစာင္းမမည္ေသာ ခပ္ေစာင္းေစာင္းအၾကည့္ျဖင့္ ၾကည့္ျပန္ေလသည္ ။
သူတို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးကိုၾကည့္ၿပီး ခ်မ္းစိတ္ထဲ ဘာေၾကာင့္ ထူးျခားသလိုခံစားေနရမွန္းမသိ ။ တစ္မ်ိဳးေတာ့ တစ္မ်ိဳးပဲ ။ ဘာတစ္မ်ိဳးမွန္းသာ မသိတာ ။
ကိုယ္ပဲထူးဆန္းေနတာလားဆိုၿပီး ဦးသာဘက္ကို မသိမသာအကဲခတ္ေတာ့ အခ်ိဳပြဲေတြေကာ္စားေနသည့္ ဦးသာပံုစံက ဘာမွမထူးျခားသလိုပင္ ။
**********
ညေရာက္ေတာ့ ဘာမွလည္းလုပ္စရာမရွိတာမို႔ ေမြ႕ယာေပၚတက္ၿပီး ဆန္႔ဆန္႔ႀကီးလွဲေနေသာခ်မ္းကို
" ခ်မ္း ပ်င္းေနရင္ လသာေဆာင္မွာ သြားထိုင္ၾကမလား "
" ဟင္ လသာေဆာင္ရွိတာလား ဦးသာ "
လွဲေနရာမွ ကုန္းရုန္းထ,ကာ ေမးမိေတာ့
" အင္း အေပၚတစ္ထပ္မွာရွိတယ္ "
" ဒါဆို သြားၾကမယ္ေလ "
ဒါမ်ိဳးဆို အေမာင္ခ်မ္းတို႔က ႏွစ္ခါမဆြဲေဆာင္ရ ။ ခ်က္ခ်င္းကို ထ,လိုက္ဖို႔ျပင္ေလသည္ ။
" ခ်မ္း ခုနက ကိုအိုက္ဝယ္လာေပးတဲ့အထဲမွာ အေႏြးထည္ေတြ ပါတယ္မဟုတ္လား "
" ဟုတ္ အေႏြးထည္ေတြအမ်ားႀကီးပဲပါတယ္ "
" အဲ့ဒီထဲက ထူတာတစ္ထည္ ေရြးဝတ္ခဲ့ ၊ လသာေဆာင္မွာ အရမ္းေအးတယ္ "
လသာေဆာင္ေရာက္ေတာ့ ေလက တဟူးဟူးတိုက္ေနသည္ ။ ေတာင္ကုန္းေပၚမွာ ေဆာက္ထားတဲ့အိမ္မို႔ပဲ ေလက ဒီေလာက္တိုက္ေနသလားမသိ ။ ဦးသာက ႀကိဳတင္ၿပီး အေႏြးထည္ဝတ္ခိုင္းခဲ့လို႔သာ ေတာ္ေတာ့သည္ ။ မဟုတ္ရင္ ခ်မ္းတစ္ေယာက္ ငါးမိနစ္ေတာင္ မၾကာဘဲ ဆတ္ဆတ္တုန္ၿပီး ျပန္ဆင္းေျပးရမွာ အေသအခ်ာ ။
ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္မိေတာ့ ၿခံဝင္းထဲမွ မီးေရာင္ေတြကလြဲလို႔ တစ္ျခားေနရာမ်ားမွာ အလင္းေရာင္သဲ့သဲ့ေသာ္မ်ွမျမင္ရေခ် ။ ျမင္ျမင္သမ်ွက ပိန္းပိတ္ေအာင္ေမွာင္ေနလ်က္ရွိသည္ ။ အင္းေလ... ဒီကိုလာခဲ့တဲ့ အနီးအနားလမ္းတစ္ေလ်ွာက္မွာလည္း လူေနအိမ္ေျခရယ္လို႔မွ မျမင္ခဲ့ရပဲ ။
" ခ်မ္း မင္း ဘယ္ေတာ့ေလာက္ျပန္မလဲ "
ဦးသာထံမွ ထင္မွတ္မထားတဲ့ ေမးခြန္းေၾကာင့္ ခ်မ္းမွာ ဝမ္းနည္းေၾကာင္အလ်က္ ဘယ္လိုေျဖရမွန္းပင္ မသိေအာင္ျဖစ္သြားမိသည္ ။ အတူတူလိုက္လာခဲ့ၿပီး တစ္ညေတာင္မအိပ္ရေသးတဲ့ ခ်မ္းကို ဦးသာက ႏွင္ခ်င္ေနၿပီဆိုတဲ့ အေတြးက လူကို ခ်က္ခ်င္းလက္ငင္း ဝမ္းနည္းအားငယ္လာေစသည္ ။
ဒီေလာက္ႀကီးထိေတာ့ မထင္လို႔ အတင္းတြယ္ကပ္ၿပီး လိုက္လာခဲ့မိတာပါ ။ ဒါေပမယ့္လည္း ကိုယ့္ကိုမလိုလားတဲ့ အရပ္ေဒသမွာ မ်က္ႏွာေျပာင္တိုက္ၿပီး ေနတဲ့အထိေတာ့လည္း ခ်မ္း သတၱိမရွိပါေလ ။
" ကၽြန္ေတာ္ မနက္ျဖန္ျပန္ေပးရမလား "
" ဘယ္လို ?? "
ထူးကို ဒီေကာင္ေလးက ဘယ္လိုႀကီးျပန္ေမးလိုက္တာလဲ ။ ထူးေမးခြန္းကို တုန္႔ျပန္ေမးလာပံုက တစ္မ်ိဳးႀကီးမို႔ ခ်မ္းမ်က္ႏွာကို လွမ္းကာအကဲခတ္ေတာ့ အႏွီေကာင္ေလးက ထူးအား ခပ္မႈန္မႈန္ေလး စိုက္ၾကည့္ေနကာ ဆက္ေျပာလာသည္က
" ဦးသာ ျပန္ေစခ်င္ရင္ေလ "
" ျပန္ေစခ်င္လို႔ေမးတာမဟုတ္ပါဘူး ခ်မ္းရာ ၊ ဒီမွာ အၾကာႀကီးေနရင္ ဘာမွလုပ္စရာမရွိဘဲ မင္းပ်င္းေနမွာစိုးလို႔ပါ "
" တကယ္ျပန္ေစခ်င္လို႔ မဟုတ္တာ ေသခ်ာတယ္ေနာ္ "
" ေဟာဗ်ာ... ငါက ေခၚေတာင္လာခဲ့ၿပီးမွ ဘာလို႔ျပန္ေစခ်င္ရမွာလဲ ခ်မ္းရဲ႕ "
" ကၽြန္ေတာ္က ျပန္ေစခ်င္လို႔ ႏွင္တယ္မွတ္ေနတာ "
ကဲ ဒီကေလး အေတြးေခါင္ခ်က္ကေတာ့ ။
" ငါက ဒီမွာ ဘယ္ေလာက္ၾကာဦးမယ္မွန္း မသိေသးဘူးေလ ၊ ငါဆိုလိုခ်င္တာကို မင္းသေဘာေပါက္တယ္မဟုတ္လားဟင္ ခ်မ္း "
" ဟုတ္ ကၽြန္ေတာ္ သေဘာေပါက္ပါတယ္ ဦးသာ "
" အဲ့ဒီေတာ့ ဒီမွာ ၾကာၾကာေနရင္ မင္း ပ်င္းလာလိမ့္မယ္ ၊ ရန္ကုန္က မင္းသြားေနက်ေနရာေတြလို ဒီမွာက Bar ေတြ Party ေတြလည္း မရွိဘူး ၊ သူငယ္ခ်င္းအေပါင္းအသင္းလည္းမရွိဘူးဆိုေတာ့ေလ "
" ကၽြန္ေတာ္ ေနတတ္မွာပါ ဦးသာ "
" မင္း တကယ္ပဲေနတတ္ရင္ေတာ့ ေပ်ာ္သေလာက္ေနပါ "
" ဟုတ္ "
" ပ်င္းလာၿပီဆိုရင္လည္း ေျပာ ၊ မင္းျပန္ဖို႔ အဆင္ေျပေအာင္ ငါစီစဥ္ေပးလို႔ရတယ္ "
ဦးသာရွိေနသေရြ႕ ဘယ္ေတာ့မွပ်င္းမွာမဟုတ္မွန္း ဦးသာသိသိမသိသိ ခ်မ္းကိုယ္ခ်မ္း သိသည္ေလ ။
" ေနာက္ရက္မွ ဒီနားဝန္းက်င္ကို လိုက္ျပမယ္ ၊ ဪ...ေနာက္ၿပီး မင္းစိတ္ဝင္စားရင္ ကိုေနာင့္ရဲ႕ စပ်စ္ၿခံကိုလည္း သြားလည္လို႔ရတယ္ ၊ သူ႔စပ်စ္ၿခံႀကီးက အက်ယ္ႀကီးပဲ "
" အဲ့ဒီ ကိုေနာင္ဆိုတာ ဦးသာနဲ႔ဘာေတာ္တာလဲဟင္ "
ဦးသာက လက္ညွိဳးေလးႏွင့္ နားထင္နားကို ကုတ္ကာ အနည္းငယ္ ေျဖရခက္သလို ျဖစ္ေနသည့္ ထိုပံုစံက ခ်မ္းအေနနဲ႔ တစ္ခါမွမေတြ႕ဖူးသည့္ ပံုစံမို႔ ပို၍ပင္စိတ္ဝင္စားလာမိသည္ ။
" ငါနဲ႔ ဘာမွမေတာ္ဘူး ၊ ကိုေနာင္က ကိုေနာင္က ႏိုင္ႏိုင္ရဲ႕....ကၽြတ္...ဟိုဟာကြာ.... "
" ဟင္ ဘယ္ဟာလဲ "
" ႏိုင္ႏိုင္ရဲ႕ ေယာက္်ား "
" ဗ်ာ....!! "
ေျပာမယ့္ေျပာေတာ့လည္း တံုးတိႀကီးေျပာခ်လိုက္တဲ့ ဦးသာေၾကာင့္ ခ်မ္း ထင္မွတ္မထားစြာ အံ့ၾသတႀကီးျဖစ္ရေလသည္ ။
" အံ့ၾသသြားတယ္မဟုတ္လား "
" ဟို နည္း နည္းနည္းေတာ့ "
အဲ့ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္ကိုၾကည့္ရသည္မွာ ထူးျခားသလိုျဖစ္ေနခဲ့တာကိုး ။ ဒါေပမယ့္လည္း ဒီလိုပတ္သက္မႈမ်ိဳးလို႔ေတာ့ တကယ္ကို ထင္မထားမိတာပါ ။
" သူတို႔ ဒီလိုမွန္းသိေတာ့ စိတ္အေႏွာက္အယွက္ျဖစ္သြားလား "
" အဲ့လိုေတာ့ မျဖစ္ပါဘူး ၊ ဒါ သူတို႔ရဲ႕ Life သူတို႔ရဲ႕ Choice ပဲဟာ "
" ငါက မင္းသိရင္ နည္းနည္းေတာ့ ကသိကေအာက္ျဖစ္သြားမယ္ထင္ေနတာ "
" ထင္မထားလို႔ နည္းနည္းအံ့ၾသသြားတာပဲရွိတာပါ ၊ LGBT ဘာညာကို ဗဟုသုတအေနနဲ႔ေတာ့ ၾကားဖူးေပမယ့္ ကၽြန္ေတာ့္ပတ္ဝန္းက်င္မွာ နီးနီးကပ္ကပ္မႀကံဳဖူးေတာ့ေလ "
" အင္းပါ ၊ မင္းစိတ္ထဲအဆင္ေျပရင္ၿပီးတာပါပဲ ၊ တစ္ခ်ိဳ႕ေတာ္ေတာ္မ်ားမ်ားက လက္မခံႏိုင္ၾကတာမ်ားလို႔ "
" ကၽြန္ေတာ္က အဲ့လိုေတာ့မရွိပါဘူး "
" ႏိုင္ႏိုင္ ဒီလိုျဖစ္တာကို ငါ့အေဖကိုယ္တိုင္ကိုက လက္မခံႏိုင္ခဲ့တာ ၊ လက္မခံတာမွ ခါးခါးသီးသီးပဲ "
" ဟုတ္လား ကိုေနာင္နဲ႔သေဘာမတူတာလား "
" မဟုတ္ဘူး ၊ ငါ ခပ္ငယ္ငယ္... ႏိုင္ႏိုင္ လူပ်ိဳေပါက္အရြယ္မွာ ငါ့အေဖက ႏိုင္ႏိုင့္ကို Gay ဆို ရိပ္မိသြားၿပီး အႀကီးအက်ယ္ေတြ ျပႆနာတက္ၾကတာ ၊ အဲ့ဒီတုန္းက ငါ ငယ္ေသးတယ္ဆိုေပမယ့္ အျဖစ္အပ်က္ေတြကို မွတ္မိေနတုန္းပဲ.....
ႏိုင္ႏိုင္က ငယ္ငယ္ကတည္းက အခုလို ျဖဴျဖဴေသးေသး ေပ်ာ့ေပ်ာ့ေပ်ာင္းေပ်ာင္းေလးပဲ ၊ ႏိုင္ႏိုင္ အဲ့လိုပံုစံျဖစ္ေနတာကို ငါ့အေဖကလည္း ဘယ္လိုမွကို အားမရခဲ့တာေပါ့ကြာ.....
ဘယ္လိုပဲ ဇြတ္အတင္းျပင္ခိုင္းျပင္ခိုင္း ေမြးရာပါဗီဇက ပါလာမွေတာ့ ဘယ္ျပဳျပင္လို႔ရပါ့မလဲ ၊ ညီအစ္ကိုဆိုေပမယ့္ ႏိုင္ႏိုင္က မိဘေတြအသက္ႀကီးမွေမြးလာတဲ့ အငယ္ဆံုးသားေလးမို႔ ငါ့အေဖနဲ႔က အသက္ေတာ္ေတာ္ကြာတယ္.....
အဲ့ေတာ့ ႏိုင္ႏိုင့္ခမ်ာ ငါ့အေဖကို အေသအလဲေၾကာက္ရရွာတာ ၊ ငါကေတာ့ ငါ့ကို အလိုလိုက္ၿပီး ဂရုလည္းစိုက္တဲ့ ႏိုင္ႏိုင့္ကို ခ်စ္လည္းခ်စ္သလို တြယ္လည္းတြယ္တာတယ္ ၊ တစ္ရက္ေတာ့ ႏိုင္ႏိုင္ Gay ဆိုတာ သိသြားၿပီး ငါ့အေဖက အႀကီးအက်ယ္ ေပါက္ကြဲေတာ့တာပဲ "
" အဲ့ေတာ့ ဘာေတြျဖစ္ၾကလဲဟင္ "
ခ်မ္း သိခ်င္စိတ္ႏွင့္ စိတ္လႈပ္ရွားစြာေမးမိသည္ ။
" တကယ္ေတာ့ ႏိုင္ႏိုင္က သိပ္ၿပီးသနားစရာေကာင္းပါတယ္ "
သနားဖို႔ေကာင္းတယ္လို႔ ဦးသာက ေျပာလိုက္တာနဲ႔တင္ ဒီအေမာင္ခ်မ္းကလည္း ဘာမွန္းမသိေသးဘဲနဲ႔ကို ႏိုင္ႏိုင္အား လိုက္ၿပီးသနားဖို႔ အသင့္ျဖစ္ေနခဲ့ေလၿပီ ။
______________________________
#For Unicode
ညနေပိုင်းမှာ ဦးသာက ချမ်းအား ဖခင်ဖြစ်သူနှင့်တွေ့ပြီးနှုတ်ဆက်ဖို့ခေါ်တော့ သူ့မှာစိတ်အားထက်သန်စွာနှင့် ဦးသာခေါ်ရာသို့ လိုက်ခဲ့တော့သည် ။ တစ်ချိန်က တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့သော ထိုတစ်စုံတစ်ဦးကို သူတကယ်ပဲ မြင်ဖူးချင်လှသည်လေ ။
အခန်းတစ်ခုထဲကို ဝင်သွားတော့ ဆေးရုံအခန်းထဲဝင်သွားလိုက်ရသကဲ့သို့ခံစားလိုက်ရသည် ။ ဆေးရုံတွေမှာတွေ့ရတတ်သည့်ကုတင်ပုံစံမျိုးပေါ်မှာ ဆေးပိုက်တွေ ၊ နှာခေါင်းပိုက်တွေနှင့် ဦးသာရဲ့အဖေဖြစ်ဟန်တူသော လူတစ်ဦးက မလှုပ်မယှက် လဲလျောင်းနေသည် ။
ကုတင်ဘေးနားထိ ဦးသာနဲ့အတူတူ ကပ်သွားတော့
" ချမ်း ဒါ ငါ့အဖေ ဦးခွန်သာဆိုင် တဲ့ "
ထို့နောက် ဦးသာက ကုတင်ပေါ်က လူမမာနားကို နီးနိုင်သမျှနီးအောင်ကပ်ကာ ခါးကိုငုံ့ကိုင်းချရင်း
" ပါပါး... ဒီကလေးက ငြိမ်းချမ်းရေးလေ ၊ နိုင်ဘုန်းလူရဲ့တူလေးပေါ့ "
ဦးသာရဲ့အဖေက စကားပြန်မပြောသော်ငြား မျက်တောင်တော့ဖြင့် ခတ်ပြကာ သူသိကြောင်း တုန့်ပြန်ပြရှာသည် ။ ရောဂါဖိစီးနေသည့် လူမမာတစ်ယောက်ဖြစ်တာကြောင့် အတော်ကြီးပိန်ကျနေကာ အသက်အရွယ်ကိုတောင် မှန်းဆကြည့်ဖို့မလွယ်ကူပေ ။
ချမ်းလည်း ဘာပြောရမှန်းမသိတာကြောင့် ဦးသာဘေးနားမှာ ငြိမ်ငြိမ်လေးပဲရပ်နေမိသည် ။ ထိုအချိန်မှာပဲ ဦးသာဖေဖေရဲ့ ရင်ဘတ်ပေါ်တင်ထားတဲ့လက်က အနည်းငယ်ကြွကာ လှုပ်လာတော့ ဦးသာက ထိုလက်ကို အသာလှမ်းကိုင်လိုက်ရင်း
" ပါပါး ဘာမှစိတ်မပူနဲ့တော့နော် ၊ ကျွန်တော် ဒီတစ်ခေါက် အကြာကြီးနေမှာ ၊ ပါးပါးက မပြန်ခိုင်းမချင်း ကျွန်တော်မပြန်ဘူး ၊ ဒါ့ကြောင့်မို့ ပါပါး စိတ်ချလက်ချနေပါ "
စကားအဆုံးမှာ ဦးသာဖေဖေက မျက်ရည်တွေကျလာတာမို့ ဦးသာက အသာအယာ တို့ကာသုတ်ပေးရင်း မသိမသာသက်ပြင်းခပ်ဖွဖွချသည် ။ ဦးသာကိုကြည့်ပြီး ချမ်းလည်း စိတ်မကောင်းပါ ။ ဒါပေမယ့်လည်း ဘာမှဖန်တီးမပေးနိုင်တဲ့ အခြေအနေမို့ ချမ်းအနေနဲ့ ထိုင်ငေးနေရုံသာ တတ်နိုင်ပါလေသည် ။
တော်တော်လေးကြာတော့မှ ဦးသာဖေဖေက ဆေးသွင်းထားတဲ့အရှိန်တွေကြောင့် အိပ်ပျော်သွားတော့သည် ။
ထိုစဉ် အခန်းတံခါးဖွင့်သံခပ်တိုးတိုးကြောင့် လှည့်ကြည့်မိတော့
" သားထူး အကိုကြီးအိပ်ပျော်သွားပြီလား "
" အိပ်ပျော်သွားပြီ နိုင်နိုင် "
" ဒါဆို ညစာစားကြစို့လေ ၊ အားလုံးအဆင်သင့်ဖြစ်နေပြီ ၊ ကလေးလည်း ဆာရောပေါ့ "
ထမင်းစားခန်းထဲရောက်တော့ မြင်လိုက်ရတဲ့ထမင်းဝိုင်းကြီးက နည်းနည်းနောနောမဟုတ် ။
" သားထူး ထိုင် ၊ ချမ်းလေးလည်း ထိုင် ၊ ဒေါ်ခမ်းရေ ထမင်းပန်းကန်တွေပြင်ပေးပါဦး "
" နိုင်နိုင်ရော တစ်ခါတည်းဝင်စားလေ "
" အင်း စားမှာလေ သားထူး "
အားပါးပါး.... ဟင်းပန်းကန်တွေဆိုတာလည်း များလွန်းလို့ ဘယ်ဟာက ဘာဟင်းဆိုတာတောင် မခွဲခြားတတ်တော့ချေ ။
ထိုအချိန်မှာပဲ
" ဒေါ်ခမ်း... ကျွန်တော့်အတွက်လည်း တစ်ပန်းကန်ပြင်ပေးပါ "
အသံနှင့်အတူ ဦးခွန်သာနိုင်ရဲ့ဘေးခုံမှာ ဝင်ထိုင်လိုက်တဲ့ မျက်နှာစိမ်းလူတစ်ယောက် ။
ဒါကရော ဘယ်သူပါလိမ့် ။ အပြုအမူတွေအရတော့ ဒီအိမ်နှင့် မစိမ်းသက်ဘဲ အကျွမ်းတဝင်ရှိနေပုံမှာ သိသာလှသည် ။ ခန္ဓာကိုယ်တောင့်တောင့် ရုပ်ခပ်ဖြောင့်ဖြောင့်နှင့် ထိုလူက ဦးသာထက်တော့ အနည်းငယ်အသက်ကြီးဟန် ။
" သားထူး မနက်ကရောက်တာလား "
" ဟုတ်တယ် ကိုနောင် "
" ကားမောင်းလာတာလား "
" မဟုတ်ဘူး ကိုနောင် ၊ ကျွန်တော် Express နဲ့ပဲလာတာ ၊ နိုင်နိုင်က ကားမောင်းပြီးမလာရဘူးဆိုလို့ "
" ဒီလောက်ဝေးတဲ့ခရီးကို ကားမောင်းလာစရာလား ၊ မင်းတို့က အန္တရာယ်များတဲ့အလုပ်ကို သိပ်လုပ်ချင်ကြတယ် "
ဦးခွန်သာနိုင်က မျက်မှောင်ကြုတ်ကာ မာန်မဲသလိုလေးပြောတော့ ကိုနောင်ဆိုသောလူက သဘောတကျရယ်ကာ
" အဲ့ဒါပဲကြည့်တော့ သားထူးရေ ၊ မင်းရဲ့နိုင်နိုင် ဘယ်လောက်စိတ်ပူတတ်လဲဆိုတာ...ငါ့မှာတစ်နေ့တစ်နေ့ နိုင်နိုင့်အဆူလွတ်တဲ့နေ့ကို မရှိဘူး "
ပြောပြီး တဟားဟားရယ်နေသော ထိုလူ့ကို ဦးခွန်သာနိုင်က မျက်စောင်းလှမ်းထိုး အဲ...အဲ မျက်စောင်းထိုးတာရယ်လို့ တိတိကျကျတော့ မဆိုသာသော ခပ်စောင်းစောင်းအကြည့်တစ်မျိုးနှင့် မကြည်သလိုကြည့်၏ ။ တဟားဟားရယ်နေတဲ့ လူဟာလည်း ထိုအကြည့်ကြောင့် ချက်ချင်းမျက်နှာပိုးသတ်ကာ ပြုံးစေ့စေ့ လုပ်နေလေသည် ။
မျက်စိရှေ့မှ ထိုမြင်ကွင်းကို သုံးသပ်ပြရလျှင် ထူးခြားသည်ဟု အတိအကျပြော၍မရသလို ဘာမှမထူးခြားပါဘူးလို့လည်း အပ်ချမတ်ချပြောမရသော အနေအထားမျိုး ။
ဒီလူက ဦးသာတို့နှင့် ဘယ်လိုတော်စပ်တာပါလိမ့် ။
" သားထူး ဒီကလေးက ဘယ်သူလဲကွ "
ချမ်း စိုက်ကြည့်နေတာကို သတိထားမိသွားဟန်တူသော ထိုလူက မေးလာတော့ ဦးသာက
" ငြိမ်းချမ်းရေး တဲ့ ၊ နိုင်ဘုန်းလူရဲ့တူလေးလေ "
" အော... "
" ချမ်း ဒါ ကိုခွန်စိုင်းနောင် တဲ့ "
ထိုလူက နှစ်နှစ်လိုလိုပင်ပြုံးပြလာတော့ ချမ်းလည်း ပြန်ပြုံးပြမိသည် ။ အင်း...ဒီလူကိုကြည့်ရတာ ပျော်ပျော်နေတတ်ကာ သဘောကောင်းမယ့်ပုံပါပဲ ။
အင်...ဒါနဲ့ ဦးသာက ဘယ်လိုတော်စပ်တယ်ဆိုတာကို ထည့်ပြီးမိတ်ဆက်ပေးမသွားဘူးရော ။ ဒီက သိချင်ပါတယ်ဆိုမှ ။
ချမ်းဆိုသည်မှာလည်း စပ်စုချင်စိတ်က များနေတာမို့ စားနေတဲ့ထမင်းကိုတောင် သိပ်ပြီးအရသာမခံလိုက်ရဘဲ ပြီးသွားတော့သည် ။
" ချမ်း စားရတာ အဆင်ပြေရဲ့လား "
" ဟုတ်ကဲ့ ပြေပါတယ် ၊ ဦးခွန် အဲ... "
" နိုင်နိုင်လို့ပဲ ခေါ်ပါ "
ချမ်းခေါ်ရခက်နေတာကို ရိပ်မိပုံနဲ့ ခပ်ပြုံးပြုံးပြောလာတော့
" ဟုတ်ကဲ့ နိုင်နိုင် စားလို့ကောင်းပါတယ် ၊ ဟင်းတွေကလည်း အများကြီးပဲ "
" ရောက်တုန်းရောက်ခိုက် ဒီက ဒေသထွက်အစားအစာတွေကို တဝကြီးစားစေချင်လို့ပါ "
" ဧည့်သည်တွေနဲ့ကပ်ပြီး အီဖေကိုယ်တို့လည်း အူစိုတာပေါ့ကွာ ၊ အဟေး... "
ပြောင်ချော်ချော်ဝင်ပြောလာသော ဦးခွန်စိုင်းနောင်စကားကြောင့် နိုင်နိုင်က ခုနကကဲ့သို့ မျက်စောင်းမမည်သော ခပ်စောင်းစောင်းအကြည့်ဖြင့် ကြည့်ပြန်လေသည် ။
သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုကြည့်ပြီး ချမ်းစိတ်ထဲ ဘာကြောင့် ထူးခြားသလိုခံစားနေရမှန်းမသိ ။ တစ်မျိုးတော့ တစ်မျိုးပဲ ။ ဘာတစ်မျိုးမှန်းသာ မသိတာ ။
ကိုယ်ပဲထူးဆန်းနေတာလားဆိုပြီး ဦးသာဘက်ကို မသိမသာအကဲခတ်တော့ အချိုပွဲတွေကော်စားနေသည့် ဦးသာပုံစံက ဘာမှမထူးခြားသလိုပင် ။
**********
ညရောက်တော့ ဘာမှလည်းလုပ်စရာမရှိတာမို့ မွေ့ယာပေါ်တက်ပြီး ဆန့်ဆန့်ကြီးလှဲနေသောချမ်းကို
" ချမ်း ပျင်းနေရင် လသာဆောင်မှာ သွားထိုင်ကြမလား "
" ဟင် လသာဆောင်ရှိတာလား ဦးသာ "
လှဲနေရာမှ ကုန်းရုန်းထ,ကာ မေးမိတော့
" အင်း အပေါ်တစ်ထပ်မှာရှိတယ် "
" ဒါဆို သွားကြမယ်လေ "
ဒါမျိုးဆို အမောင်ချမ်းတို့က နှစ်ခါမဆွဲဆောင်ရ ။ ချက်ချင်းကို ထ,လိုက်ဖို့ပြင်လေသည် ။
" ချမ်း ခုနက ကိုအိုက်ဝယ်လာပေးတဲ့အထဲမှာ အနွေးထည်တွေ ပါတယ်မဟုတ်လား "
" ဟုတ် အနွေးထည်တွေအများကြီးပဲပါတယ် "
" အဲ့ဒီထဲက ထူတာတစ်ထည် ရွေးဝတ်ခဲ့ ၊ လသာဆောင်မှာ အရမ်းအေးတယ် "
လသာဆောင်ရောက်တော့ လေက တဟူးဟူးတိုက်နေသည် ။ တောင်ကုန်းပေါ်မှာ ဆောက်ထားတဲ့အိမ်မို့ပဲ လေက ဒီလောက်တိုက်နေသလားမသိ ။ ဦးသာက ကြိုတင်ပြီး အနွေးထည်ဝတ်ခိုင်းခဲ့လို့သာ တော်တော့သည် ။ မဟုတ်ရင် ချမ်းတစ်ယောက် ငါးမိနစ်တောင် မကြာဘဲ ဆတ်ဆတ်တုန်ပြီး ပြန်ဆင်းပြေးရမှာ အသေအချာ ။
ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိတော့ ခြံဝင်းထဲမှ မီးရောင်တွေကလွဲလို့ တစ်ခြားနေရာများမှာ အလင်းရောင်သဲ့သဲ့သော်မျှမမြင်ရချေ ။ မြင်မြင်သမျှက ပိန်းပိတ်အောင်မှောင်နေလျက်ရှိသည် ။ အင်းလေ... ဒီကိုလာခဲ့တဲ့ အနီးအနားလမ်းတစ်လျှောက်မှာလည်း လူနေအိမ်ခြေရယ်လို့မှ မမြင်ခဲ့ရပဲ ။
" ချမ်း မင်း ဘယ်တော့လောက်ပြန်မလဲ "
ဦးသာထံမှ ထင်မှတ်မထားတဲ့ မေးခွန်းကြောင့် ချမ်းမှာ ဝမ်းနည်းကြောင်အလျက် ဘယ်လိုဖြေရမှန်းပင် မသိအောင်ဖြစ်သွားမိသည် ။ အတူတူလိုက်လာခဲ့ပြီး တစ်ညတောင်မအိပ်ရသေးတဲ့ ချမ်းကို ဦးသာက နှင်ချင်နေပြီဆိုတဲ့ အတွေးက လူကို ချက်ချင်းလက်ငင်း ဝမ်းနည်းအားငယ်လာစေသည် ။
ဒီလောက်ကြီးထိတော့ မထင်လို့ အတင်းတွယ်ကပ်ပြီး လိုက်လာခဲ့မိတာပါ ။ ဒါပေမယ့်လည်း ကိုယ့်ကိုမလိုလားတဲ့ အရပ်ဒေသမှာ မျက်နှာပြောင်တိုက်ပြီး နေတဲ့အထိတော့လည်း ချမ်း သတ္တိမရှိပါလေ ။
" ကျွန်တော် မနက်ဖြန်ပြန်ပေးရမလား "
" ဘယ်လို ?? "
ထူးကို ဒီကောင်လေးက ဘယ်လိုကြီးပြန်မေးလိုက်တာလဲ ။ ထူးမေးခွန်းကို တုန့်ပြန်မေးလာပုံက တစ်မျိုးကြီးမို့ ချမ်းမျက်နှာကို လှမ်းကာအကဲခတ်တော့ အနှီကောင်လေးက ထူးအား ခပ်မှုန်မှုန်လေး စိုက်ကြည့်နေကာ ဆက်ပြောလာသည်က
" ဦးသာ ပြန်စေချင်ရင်လေ "
" ပြန်စေချင်လို့မေးတာမဟုတ်ပါဘူး ချမ်းရာ ၊ ဒီမှာ အကြာကြီးနေရင် ဘာမှလုပ်စရာမရှိဘဲ မင်းပျင်းနေမှာစိုးလို့ပါ "
" တကယ်ပြန်စေချင်လို့ မဟုတ်တာ သေချာတယ်နော် "
" ဟောဗျာ... ငါက ခေါ်တောင်လာခဲ့ပြီးမှ ဘာလို့ပြန်စေချင်ရမှာလဲ ချမ်းရဲ့ "
" ကျွန်တော်က ပြန်စေချင်လို့ နှင်တယ်မှတ်နေတာ "
ကဲ ဒီကလေး အတွေးခေါင်ချက်ကတော့ ။
" ငါက ဒီမှာ ဘယ်လောက်ကြာဦးမယ်မှန်း မသိသေးဘူးလေ ၊ ငါဆိုလိုချင်တာကို မင်းသဘောပေါက်တယ်မဟုတ်လားဟင် ချမ်း "
" ဟုတ် ကျွန်တော် သဘောပေါက်ပါတယ် ဦးသာ "
" အဲ့ဒီတော့ ဒီမှာ ကြာကြာနေရင် မင်း ပျင်းလာလိမ့်မယ် ၊ ရန်ကုန်က မင်းသွားနေကျနေရာတွေလို ဒီမှာက Bar တွေ Party တွေလည်း မရှိဘူး ၊ သူငယ်ချင်းအပေါင်းအသင်းလည်းမရှိဘူးဆိုတော့လေ "
" ကျွန်တော် နေတတ်မှာပါ ဦးသာ "
" မင်း တကယ်ပဲနေတတ်ရင်တော့ ပျော်သလောက်နေပါ "
" ဟုတ် "
" ပျင်းလာပြီဆိုရင်လည်း ပြော ၊ မင်းပြန်ဖို့ အဆင်ပြေအောင် ငါစီစဉ်ပေးလို့ရတယ် "
ဦးသာရှိနေသရွေ့ ဘယ်တော့မှပျင်းမှာမဟုတ်မှန်း ဦးသာသိသိမသိသိ ချမ်းကိုယ်ချမ်း သိသည်လေ ။
" နောက်ရက်မှ ဒီနားဝန်းကျင်ကို လိုက်ပြမယ် ၊ ဪ...နောက်ပြီး မင်းစိတ်ဝင်စားရင် ကိုနောင့်ရဲ့ စပျစ်ခြံကိုလည်း သွားလည်လို့ရတယ် ၊ သူ့စပျစ်ခြံကြီးက အကျယ်ကြီးပဲ "
" အဲ့ဒီ ကိုနောင်ဆိုတာ ဦးသာနဲ့ဘာတော်တာလဲဟင် "
ဦးသာက လက်ညှိုးလေးနှင့် နားထင်နားကို ကုတ်ကာ အနည်းငယ် ဖြေရခက်သလို ဖြစ်နေသည့် ထိုပုံစံက ချမ်းအနေနဲ့ တစ်ခါမှမတွေ့ဖူးသည့် ပုံစံမို့ ပို၍ပင်စိတ်ဝင်စားလာမိသည် ။
" ငါနဲ့ ဘာမှမတော်ဘူး ၊ ကိုနောင်က ကိုနောင်က နိုင်နိုင်ရဲ့....ကျွတ်...ဟိုဟာကွာ.... "
" ဟင် ဘယ်ဟာလဲ "
" နိုင်နိုင်ရဲ့ ယောက်ျား "
" ဗျာ....!! "
ပြောမယ့်ပြောတော့လည်း တုံးတိကြီးပြောချလိုက်တဲ့ ဦးသာကြောင့် ချမ်း ထင်မှတ်မထားစွာ အံ့သြတကြီးဖြစ်ရလေသည် ။
" အံ့သြသွားတယ်မဟုတ်လား "
" ဟို နည်း နည်းနည်းတော့ "
အဲ့ဒါကြောင့် သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ ထူးခြားသလိုဖြစ်နေခဲ့တာကိုး ။ ဒါပေမယ့်လည်း ဒီလိုပတ်သက်မှုမျိုးလို့တော့ တကယ်ကို ထင်မထားမိတာပါ ။
" သူတို့ ဒီလိုမှန်းသိတော့ စိတ်အနှောက်အယှက်ဖြစ်သွားလား "
" အဲ့လိုတော့ မဖြစ်ပါဘူး ၊ ဒါ သူတို့ရဲ့ Life သူတို့ရဲ့ Choice ပဲဟာ "
" ငါက မင်းသိရင် နည်းနည်းတော့ ကသိကအောက်ဖြစ်သွားမယ်ထင်နေတာ "
" ထင်မထားလို့ နည်းနည်းအံ့သြသွားတာပဲရှိတာပါ ၊ LGBT ဘာညာကို ဗဟုသုတအနေနဲ့တော့ ကြားဖူးပေမယ့် ကျွန်တော့်ပတ်ဝန်းကျင်မှာ နီးနီးကပ်ကပ်မကြုံဖူးတော့လေ "
" အင်းပါ ၊ မင်းစိတ်ထဲအဆင်ပြေရင်ပြီးတာပါပဲ ၊ တစ်ချို့တော်တော်များများက လက်မခံနိုင်ကြတာများလို့ "
" ကျွန်တော်က အဲ့လိုတော့မရှိပါဘူး "
" နိုင်နိုင် ဒီလိုဖြစ်တာကို ငါ့အဖေကိုယ်တိုင်ကိုက လက်မခံနိုင်ခဲ့တာ ၊ လက်မခံတာမှ ခါးခါးသီးသီးပဲ "
" ဟုတ်လား ကိုနောင်နဲ့သဘောမတူတာလား "
" မဟုတ်ဘူး ၊ ငါ ခပ်ငယ်ငယ်... နိုင်နိုင် လူပျိုပေါက်အရွယ်မှာ ငါ့အဖေက နိုင်နိုင့်ကို Gay ဆို ရိပ်မိသွားပြီး အကြီးအကျယ်တွေ ပြဿနာတက်ကြတာ ၊ အဲ့ဒီတုန်းက ငါ ငယ်သေးတယ်ဆိုပေမယ့် အဖြစ်အပျက်တွေကို မှတ်မိနေတုန်းပဲ.....
နိုင်နိုင်က ငယ်ငယ်ကတည်းက အခုလို ဖြူဖြူသေးသေး ပျော့ပျော့ပျောင်းပျောင်းလေးပဲ ၊ နိုင်နိုင် အဲ့လိုပုံစံဖြစ်နေတာကို ငါ့အဖေကလည်း ဘယ်လိုမှကို အားမရခဲ့တာပေါ့ကွာ.....
ဘယ်လိုပဲ ဇွတ်အတင်းပြင်ခိုင်းပြင်ခိုင်း မွေးရာပါဗီဇက ပါလာမှတော့ ဘယ်ပြုပြင်လို့ရပါ့မလဲ ၊ ညီအစ်ကိုဆိုပေမယ့် နိုင်နိုင်က မိဘတွေအသက်ကြီးမှမွေးလာတဲ့ အငယ်ဆုံးသားလေးမို့ ငါ့အဖေနဲ့က အသက်တော်တော်ကွာတယ်.....
အဲ့တော့ နိုင်နိုင့်ခမျာ ငါ့အဖေကို အသေအလဲကြောက်ရရှာတာ ၊ ငါကတော့ ငါ့ကို အလိုလိုက်ပြီး ဂရုလည်းစိုက်တဲ့ နိုင်နိုင့်ကို ချစ်လည်းချစ်သလို တွယ်လည်းတွယ်တာတယ် ၊ တစ်ရက်တော့ နိုင်နိုင် Gay ဆိုတာ သိသွားပြီး ငါ့အဖေက အကြီးအကျယ် ပေါက်ကွဲတော့တာပဲ "
" အဲ့တော့ ဘာတွေဖြစ်ကြလဲဟင် "
ချမ်း သိချင်စိတ်နှင့် စိတ်လှုပ်ရှားစွာမေးမိသည် ။
" တကယ်တော့ နိုင်နိုင်က သိပ်ပြီးသနားစရာကောင်းပါတယ် "
သနားဖို့ကောင်းတယ်လို့ ဦးသာက ပြောလိုက်တာနဲ့တင် ဒီအမောင်ချမ်းကလည်း ဘာမှန်းမသိသေးဘဲနဲ့ကို နိုင်နိုင်အား လိုက်ပြီးသနားဖို့ အသင့်ဖြစ်နေခဲ့လေပြီ ။
_____________________________