Reward[Him From Final Year]

Oleh Aelennar

1.1M 90.8K 10.7K

တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်.... Lebih Banyak

Intro
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Whys
Chapter-45
Chapter-46
Chapter-47
hello
Ending
Reward
Between Us
Extra-1
Extra-2
Extra-3
Extra-4
Extra-5
On His Side

Chapter-21

17.4K 1.7K 217
Oleh Aelennar

"ေက်ာပိုးအိတ္ေလးရဲ႕ ပိုင္ရွင္ကို
အားလံုးက သိခ်င္ေနျကပါသတဲ႕"

ေအးခ်မ္းသည့္ အရိပ္ရျပီး
လွရက္လြန္းသည့္ပိေတာက္ပင္ေတြ
ကို က်ြန္ေတာ္ထိုင္ေနရင္းေမာ့
ျကည့္ေနတုန္းေမမီက က်ြန္ေတာ့္
အနားကိုကပ္ကာေျပာေနသည္။
ပိေတာက္လမ္းမွာ တစ္ခါမွမထိုင္ဖူး
လို႕ထိုင္ခ်င္ခဲ႕ေပမဲ႕မနက္ပိုင္းအတန္း
မမွီတာနဲ႕ လူေတြမ်ားေနတာနဲ႕ပဲျကံဳ
ေနလို႕ က်ြန္ေတာ္တို႕ေက်ာင္းတက္
ထဲကမထိုင္ျဖစ္ခဲ႕။

"ငါေနာ္ ျမင္ျမင္ခ်င္းေဒါသထြက္
လိုက္တာ။ဒီအစ္မျကီးကေတာ့
တစ္ခုခုဆိုရင္ statusတင္ျပီး
သူမ်ားကိုေစာင္းေျပာတာ သူ႕အက်င့္
ပဲလားမသိဘူး။ကိုစစ္ေျကာင္းနဲ႕
သူ႕ျကားကို ဘယ္သူကဝင္လာတာ
လဲ သူ႕ဘက္ကအရင္အေဝးကြင္းကို
ေက်ာ္ျပီး ကိုစစ္ေျကာင္းကိုထားခဲ႕
တာေတာ့ လူမသိဘူး။ကိုစစ္ေျကာင္း
နင့္ကိုသေဘာက်ေနတာ သိသြား
ေတာ့မွ အခုမွဘာထျဖစ္တာလဲ"

"ငါ့ကိုေျပာတာ ျဖစ္ခ်င္မွျဖစ္မွပါ
ကိုမင္းစစ္ေျကာင္းနဲ႕ေတြ႕ေနတဲ႕
တစ္ျခား ေကာင္မေလးတစ္ေယာက္
ေယာက္ကို ေျပာတာေရာမျဖစ္နိုင္
ဘူးလား"

က်ြန္ေတာ္ ေမမီကိုအားတင္းကာေျပာ
လိုက္ေပမဲ႕ စိတ္ကမေန႕ညကထပ္
စာရင္ အခုမွနည္းနည္းေနသာ
လာတာ။

အစ္မနန္းမူယာမေန႕ညက
သူ႕အေကာက္မွာတင္ထားတဲ႕status
ကို ေမမီက်ြန္ေတာ့္ကိုလာျပျပခ်င္း
က်ြန္ေတာ္ ေတာ္ေတာ္ေလးစိတ္ထဲ
တစ္မ်ိဳးျဖစ္ခဲ႕ရသည္။ဘယ္သူဘယ္ဝါ
ရယ္လို႕ နမယ္တပ္ထားျခင္းမရွိေပမဲ႕
အစ္မနန္းမူယာ တင္ထားတာက
သူတို႕နွစ္ေယာက္အဆင္မေျပျဖစ္ေန
တဲ႕အခ်ိန္ ကိုမင္းစစ္ေျကာင္းကို
ျကားလူက ဝင္ျပီးဘယ္ေလာက္
ပဲ လိုက္ကပ္ေနပါေစ ေနာက္ဆံုး
သူတို႕နွစ္ေယာက္ရဲ႕ပတ္သက္မႈက
ယံုျကည္မႈတစ္ခုနဲ႕ လံုးဝျပတ္မွာ
မဟုတ္ဘူးလို႕အဲ႕အစ္မကသူ႕
အေကာက္မွာ တင္ထားသည္။

"ဆုလာဘ္ရယ္ ကိုစစ္ေျကာင္းက
အဲ႕အစ္မနဲ႕ျပတ္ျပီး နင္နဲ႕ေတြ႕ျပီး
ထဲက ဘယ္ေကာင္မေလးနဲ႕မွ
အျကဴဇယားေတာင္မရွိေတာ့တာ
ဘယ္ေလာက္ျကာျပီလဲ။ငါတို႕
ကိုျကီးက နင့္ကိုတစ္ကယ္ေျကြေန
တာ နင္မွနင္ျဖစ္ေနတာ"

"အဲ႕ေလာက္သိေနရင္လည္း နင္ပဲ
ျကိဳက္လိုက္ေတာ့"

"ငါ့ကို မျကိဳက္လို႕ေပါ့ဟယ္။
ကိုစစ္ေျကာင္းျကီးက နင့္ကိုေတြ႕ျပီး
ထဲက အဟင္းသိတယ္မလား
Kidေလးရယ္ ကေလးေလးရယ္"

က်ြန္ေတာ့္ မ်က္နွာကိုေမမီက
ျပံဳးျဖီးကာ လိုက္ျကည့္ျပီးစေနတဲ႕
အခ်ိန္က်ြန္ေတာ္ ရွက္လြန္းလို႕
ဘယ္လို ေနရမည္မသိေတာ့ပါ။

"ေမမီေျပာတာတစ္ကယ္ပဲ ဆုလာဘ္"

"နင္တို႕ ေတာ္ျပီ မေျပာနဲ႕ေတာ့"

ဘာဆိုဘာမွ ဝင္မပါတတ္သည့္
ရည္မြန္ကေတာင္ ေဘးကေန ျပံဳးစိစိ
နဲ႕ေျပာေနေတာ့ က်ြန္ေတာ္တစ္ကယ္
ပဲဘယ္လို မ်က္နွာထားရမည္မသိ
ေတာ့။ကန္တင္းထိုင္တဲ႕ေန႕ထဲက
ဒီနွစ္ေယာက္က ကိုမင္းစစ္ေျကာင္း
က်ြန္ေတာ့္ကို ဘယ္လိုသေဘာ
ထားေနတာကို သိသြားျကျပီေလ။

"တို႕ကိုျကီးစစ္ေျကာင္းေနာ္ သူ႕ကို
မေကာင္းေျပာတုန္းက ဘာမွမတံု႕ျပန္
ဘူး။သူ႕ကေလးကိုထိေတာ့ ခ်က္ခ်င္းပဲhighlightတင္လိုက္တာ အားလံုး
ျငိမ္က်သြားတာပဲ။အစ္မျကီးေတာ့
ဂြမ္းပီေလ သူတို႕နွစ္ေယာက္ဘာမွ
မပတ္သက္ေတာ့ဘူး ဆိုတာ
ကိုစစ္ေျကာင္းရဲ႕my dayက
နင့္ေက်ာပိုးအိတ္ေလးက သက္ေသပဲ"

ေမမီတစ္ေယာက္မေန႕ညက ေဒါသ
ထြက္ေနတာ နွင့္ျခားနားစြာျပံဳးေပ်ာ္
ေနျပီး အဲ႕အေျကာင္းကိုေျပာလို႕ကို
မပီးနိုင္ေတာ့။

ကိုမင္းစစ္ေျကာင္းက သူတစ္ခါတင္
ထားဖူးသည့္ သူ႕ကားထဲမွာက်ြန္ေတာ္
အိပ္ေပ်ာ္ေနတုန္းက ပိုက္ထားသည့္
ေက်ာပိုးအိတ္ပံုmy dayကိုသူ႕
story ထဲမွာမဖ်က္ပဲသိမ္းထား
တယ္ထင္တယ္။မေန႕ညက
အစ္မနန္းမူယာ စာတင္ထားတာ
သိပ္မျကာခင္မွာပဲ ကိုမင္းစစ္ေျကာင္း
က သူ႕အေကာက္မွာအဲ႕my dayပံု
ကိုstory highlightတင္လိုက္
သည္ေလ။သူဝါသနာပါရာေတြကိုသာhighlightတင္ထားတဲ႕အားလံုး
ရဲ႕ထိပ္ဆံုးမွာ အဲ႕ပံုကိုkidလို႕နမယ္
ေတာင္သက္သက္ေပးထားတယ္။
က်ြန္ေတာ့္မွာ ဟိုအစ္မတင္ထားတဲ႕
စာရဲ႕ အဓိပါၸယ္ကိုစဥ္းစားေနတာေတြ
ေတာင္ေပ်ာက္သြားျပီး မ်က္နွာပူလြန္း
လို႕ျပန္ဖ်က္ေပးလို႕ေျပာတာလံုးဝ
ဂရုမစိုက္ပဲထံုးစံအတိုင္း လိုင္းေပၚက
ဆင္းသြားျပီး ေရွာင္ေနတယ္ေလ။
အဲ႕တာေျကာင့္ က်ြန္ေတာ္အခုအစ
ခံေနရတာ။ဒီမနက္ေက်ာင္းလာေတာ့
က်ြန္ေတာ့္မွာ တစ္လံုးထဲရွိသည့္
ေက်ာပိုးအိတ္ကို အိမ္မွာထားခဲ႕
ရတဲ႕အျဖစ္။

သူတို႕ခ်င္း ဘာေတြျဖစ္ေနျကလည္း
ဆိုတာေတာ့က်ြန္ေတာ္မသိ။ပထမ
တစ္ခါသူတို႕ျပတ္တုန္း အစ္မျကီးက
ကိုမင္းစစ္ေျကာင္းသူ႕ကို အရင္
သစၥာေဖာက္ပါတယ္လို႕တစ္လြဲေတြ
တင္ထားတုန္းကေတာင္ ဘာမွမတံု႕
ျပန္ပဲျငိမ္ေနေပးခဲ႕တဲ႕သူက အခုလို
မ်ိဳးလုပ္လိုက္တာ ေမမီေျပာသလိုပဲ
အစ္မျကီးpostေအာက္မွာ ျကားဝင္
တဲ႕သူကို မေကာင္းေျပာေနတဲ႕သူ
ေတြေျကာင့္လား။အစ္မျကီးနဲ႕ဘာမွ
မပတ္ သက္ေတာ့ဘူးဆိုတာ
ကိုမင္းစစ္ေျကာင္းက အားလံုးသိ
ေအာင္အသံတိတ္နည္းနဲ႕ျပခ်င္တာ
လား။ဒါမွမဟုတ္သူအဲ႕အစ္မျကီးကို
အျပတ္ျဖတ္ခ်င္လို႕ ျကားထဲကေန
က်ြန္ေတာ့္ကိုအသံုးခ်ေနတာပဲလား။
က်ြန္ေတာ့္ဦးေနွာက္က အဲ႕ေလာက္
ထိရႈပ္ေထြးစရာေတြနဲ႕လိုက္လို႕မမွီ
တာမို႕ က်ြန္ေတာ္ေအးေအးေဆးေဆး
ေနခ်င္တာပဲ သိသည္။

"အဲ႕အစ္မက ကိုစစ္ေျကာင္းကို
ခ်စ္တဲ႕ပံုလည္းမေပၚပါဘူး။ကိုေဇာ္ကို
သူ သေဘာက်ေနတဲ႕အခ်ိန္တုန္း
ကေတာ့ ကိုစစ္ေျကာင္းကိုထားခ်င္
သလိုထားသြားျပီး အခုတစ္ကယ္
လက္လႊတ္လိုက္ရမွ ဘာေတြျဖစ္ေန
တာလဲ။ေဆးေက်ာင္းသားနဲ႕ေစ့စပ္ပြဲ
ပ်က္သြားတာေက်ာင္းမွာသတင္း
မထြက္ခင္ ရည္းစားေဟာင္းျဖစ္တဲ႕
ကိုစစ္ေျကာင္းကို အခုမွသူ႕နမယ္
မက်ေအာင္ ျပန္တြဲခ်င္ေနတာ"

ေမမီေျပာေနတာကို က်ြန္ေတာ္ဘာမွျပန္
မေျပာမိ။သူတို႕အေျကာင္း သူတို႕ပဲသိ
မွာပါ က်ြန္ေတာ္တို႕ကမဆိုင္တဲ႕သူ
ေတြေလ။

"ဆုလာဘ္ နင္အဆင္ေျပတယ္မလား"

က်ြန္ေတာ္ ျငိမ္ေနမိေတာ့ ေမမီက
က်ြန္ေတာ့္ကိုစိုးရိမ္ေနသလိုျကည့္လာ
တာမို႕က်ြန္ေတာ္နားမလည္နိုင္စြာနွင့္။

"အဆင္မေျပစရာ ဘာအေျကာင္း
ရွိလဲ။ငါနဲ႕မွမဆိုင္တာ"

ေမမီက ခ်က္ခ်င္းမျပံဳးမရယ္မ်က္နွာ
နွင့္က်ြန္ေတာ့္ကိုျကည့္လာသည္။
ေမမီကို ဘာမွမျဖစ္သလိုသာေျပာ
လိုက္ေပမဲ႕ အမွန္အတိုင္းေျပာရရင္
က်ြန္ေတာ္ေျကာက္ေနသည္။အစ္မ
နန္းမူယာ တင္ထားတဲ႕statusထဲမွာ
ဘယ္သူ႕ နမယ္ကိုမွမထည့္ထားေပမဲ႕
တစ္ကယ္ပဲ က်ြန္ေတာ့္ကိုေျပာတာ
ဆိုရင္ေတာ့ အဲ႕အစ္မတစ္ခုခုကို
အထင္လြဲေနျပီထင္တယ္။

ကိုမင္းစစ္ေျကာင္းကို က်ြန္ေတာ္ျာ
ျပႆနာေတြရွာခဲ႕ရံုကလြဲျပီး
ေယာက်ာ္းေလးအခ်င္းခ်င္း လိုက္ကပ္
ရေအာင္ က်ြန္ေတာ္ျကားလို႕ေတာင္
မဝံ႕သည့္ကိစၥ။

"နင္အဲ႕လိုေတာ့ ေျပာလို႕မရဘူးေလ
ဆုလာဘ္။ကိုစစ္ေျကာင္း နင့္ကို
သေဘာက်ေနတာကေတာ့ နင္နဲ႕
ဆိုင္သြားျပီ"

"ေမမီ နင့္သူငယ္ခ်င္းငါက
ေယာက်ာ္းေလးေနာ္"

"အဲ႕တာကိုငါမသိလို႕မ်ား နင္ေျပာ
ေနတာလား။ငါသိပါတယ္ အေျဖာင့္
ေလးရယ္။ငါကဒါကိုအားေပးတဲ႕သူ
ျဖစ္ေနလို႕ နင္နဲ႕ကိုစစ္ေျကာင္းကို
အတင္းျကိဳက္ခိုင္းေနတာမဟုတ္ဘူး။
ငါ့သူငယ္ခ်င္းကိုလည္း ေယာက်ာ္း
ေလးခ်င္း အေပ်ာ္လာစမ္းတဲ႕
သေဘာဆိုရင္ ငါကေရွ႕ဆံုးကေန
ကာကြယ္ေပးမွာ အခုကေလ
ကိုစစ္ေျကာင္းက နင့္ကိုတစ္ကယ္ျကီး
ေျကြေနတာ  သူကိုယ္တိုင္လည္း
ေကာင္မေလးေတြနဲ႕ပဲတြဲခဲ႕တယ္
သူ႕ဘက္မွာလည္း ထိခိုက္မႈအနည္းနဲ႕
အမ်ားေတာ့ရွိမွာပဲ။ဘယ္သူမွ ေနာက္
ခ်င္ရံုသက္သက္နဲ႕ေယာက်ာ္းေလး
တစ္ေယာက္ကို ျကိဳက္ေနပါတယ္
လို႕ဝန္မခံဘူး"

ေမမီက အတည္ေပါက္မ်က္နွာနွင့္
က်ြန္ေတာ့္ကို နားခ်ခ်င္ေနပံုရျပီး
ရည္မြန္ကလည္းေထာက္ခံသည့္
သေဘာနွင့္ေခါင္းတစ္ညိတ္ညိတ္။
ဒုကၡပါပဲ။ က်ြန္ေတာ့္ သူငယ္ခ်င္းေတြ
ကခ်က္ခ်င္းျကီး ကိုမင္းစစ္ေျကာင္း
ဘက္ကိုဘယ္လိုပါသြားတာလဲ
မုန္႕ဝယ္ေက်ြးလိုက္တာနဲ႕ပဲ
က်ြန္ေတာ့္သူငယ္ခ်င္းေတြကသူ႕ဘက္
ကေန အက်ိဳးေဆာင္ေနျကျပီ။ခင္ဗ်ား
အရမ္းေတာ္တယ္ ကိုမင္းစစ္ေျကာင္း။

"ဆုလာဘ္ ငါအမွန္အတိုင္းေျပာရရင္
ကိုစစ္ေျကာင္း နင့္အေပၚဘယ္လို
သေဘာထားလည္းသိသိခ်င္း နင့္
မ်က္နွာကိုပဲေျပးျမင္ခဲ႕တာ။ငါက
ေတာ္ရံုလူဆိုရင္ ငါ့ေမာင္ေလးကို
ေပးပါ့မလား။တစ္ျခားဟာေတြ ခဏ
ထားဟာ ငါကေတာ့နင့္ကို စိတ္ပိုင္း
ဆိုင္ရာပဲျဖစ္ျဖစ္ ေစာင့္ေရွာက္ေပးမဲ႕
သူနဲ႕ပဲေတြ႕ေစခ်င္တယ္။နင့္အေမ
မရွိေတာ့တဲ႕အခ်ိန္ထဲက နင္ဘယ္လို
အားငယ္ျပီးေနခဲ႕ရလဲ အငယ္ေလး
တာဝန္ကိုလည္း နင္ပဲယူရမွာငါသိ
တယ္။ငါနင့္ကို ဒီထက္ပိုျပီးမပင္ပန္း
ေစခ်င္ဘူး"

က်ြန္ေတာ္ရင္ေတြတုန္လာျပီး ေမမီ့ကို
မ်က္နွာခ်င္းမဆိုင္ရဲေတာ့ပဲ အျကည့္
လႊဲလိုက္တဲ႕အခ်ိန္ ရည္မြန္ကလည္း
အနားကပ္ေနရာကေန သူနားမေထာင္
ေနသလိုေနလိုက္သည္။စကားသံေတြ
တိတ္ဆိတ္သြားျပီး က်ြန္ေတာ္တို႕
သူငယ္ခ်င္းသံုးေယာက္လံုးျငိမ္သက္သြား
သည့္အေျခအေနကို က်ြန္ေတာ္မေန
တတ္ေတာ့စြာနွင့္ ျပံဳးရယ္ဖို႕ျကိဳးစား
ေနေပမဲ႕မေအာင္ျမင္။

ဘာဆက္ေျပာရမည္မသိေတာ့ပဲ
က်ြန္ေတာ္ေျကာင္အေနတဲ႕ အခ်ိန္
ကိုေဇာ္ဖုန္းဆက္လာေတာ့ ခ်က္ခ်င္း
ပင္ကိုင္လိုက္ျပီး ေက်ာင္းအလယ္
ေပါက္ မိန္းေပါက္ကို ကို႕ေဇာ့္ကား
ဝင္တာနဲ႕အုတ္ခံုေပၚမွာ ထိုင္ေနရာကေန
ထရပ္လိုက္သည္။ကိုေဇာ္ က်ြန္ေတာ့္
ကို ေက်ာင္းလာျကိဳမွာကို ဒီမွာထိုင္
ရင္းစကားေျပာျပီးက်ြန္ေတာ္တို႕ေစာင့္
ေနျကတာေလ။အခုမွသက္သာလာ
စျဖစ္တဲ႕ကိုေဇာ္နဲ႕က်ြန္ေတာ္ကဒီေန႕
ေန႕လည္ အန္တီခိုင္းထားသည့္
ေယတ်ာကိစၥ သြားလုပ္ရမွာ။

"ကိုေဇာ္ ေရာက္လာျပီ။ငါသြားေတာ့
မယ္ ေမမီနင္ဒီေန႕ခ်မ္းေျမ႕နဲ႕အတူတူ
ျပန္မွာမလား။တစ္ေယာက္တည္း
မျပန္လာနဲ႕ေနာ္ ေစာေစာျပန္။
ဆိုင္ကယ္ကို ဂရုစိုက္ျပီးေမာင္းလာ"

ထိုင္ေနျကဆဲျဖစ္တဲ႕နွစ္ေယာက္ကို
က်ြန္ေတာ္ အျပံဳးတစ္ခုလုပ္ယူျပီး
နႈတ္ဆက္ေနတဲ႕အခ်ိန္ နွစ္ေယာက္
လံုးျငိမ္ေနျကဆဲ။

"ဆုလာဘ္ ဟိုမွာ ကိုစစ္ေျကာင္း
နင့္ကိုေတြ႕ဖို႕လာေနျပီ။ခဏေစာင့္ျပီး
စကားေျပာလိုက္ပါဟာ"

ေမမီက အေလာတျကီးပင္ခ်က္ခ်င္း
က်ြန္ေတာ္တို႕ထိုင္ေနတဲ႕ဆီကိုအေဝး
ကေနေလ်ွာက္လာေနတဲ႕ သူကို
ညႊန္ျပေနသည္။က်ြန္ေတာ္ ရင္ေတြ
အဆက္မျပတ္တုန္လာျပီး
လွည့္ျကည့္လိုက္ေတာ့ ရည္မြန္ဆီ
လာေနတဲ႕ကိုဝဏၰနဲ႕ အေနာက္ကသူ။

"ငါဘယ္မွာရွိေနလဲ နင္ေျပာျပလိုက္တာလား"

"ေအး စကားခဏေလာက္ပဲျဖစ္ျဖစ္
ေျပာလိုက္ပါဟာ"

ေမမီ က်ြန္ေတာ့္ကိုေတာင္းပန္
သလိုျကည့္ေနသည္ကို က်ြန္ေတာ္
စိတ္ပ်က္ပ်က္နဲ႕ထြက္သြားဖို႕ျပင္လိုက္
သည္။

"မေျပာဘူး ငါဘာမွေျပာစရာမရွိဘူး
။ငါ ငါသြားေတာ့မယ္"

က်ြန္ေတာ္ ကိုမင္းစစ္ေျကာင္းကို
အခုခ်ိန္မွာလံုးဝ မေတြ႕ခ်င္ေနတာ
မို႕လို႕အလ်င္အျမန္ပင္ ပိေတာက္လမ္း
ကေန ကို႕ေဇာ့္ကားရပ္ထားရာ
ေက်ာင္းအလယ္ေပါက္ တစ္ဖက္
လမ္းဆီကိုေျပးလာခဲ႕လိုက္သည္။

ကားေပၚတက္ျပီး ကိုေဇာ္ကားေမာင္း
ထြက္လာတာနဲ႕ က်ြန္ေတာ္ရင္ေတြ
တုန္ေနဆဲျဖစ္ျပီး ကိုေဇာ့္ကိုေတာင္
စကားမေျပာနိုင္။ မသိမသာနဲ႕ေမမီ
တို႕ထိုင္ေနတဲ႕ဘက္ကိုဖြင့္ထားတဲ႕
ကားမွန္ထဲကေန ခိုးျကည့္လိုက္ခ်ိန္
အေဝးကေနက်ြန္ေတာ့္တို႕ကားထြက္
သြားရာကို ရပ္ျကည့္ေနတဲ႕သူကိုေတြ႕
တာနဲ႕ ေျကာက္စိတ္ေတြဝင္လာျပီး
အေရွ႕အျမန္လွည့္လိုက္ရသည္။

က်ြန္ေတာ့္ ရင္ေတြအဆမတန္တုန္ရီ
ေနတာ ေျကာက္ေနလို႕ျဖစ္မွာပါ။

…………………………………………………………………………………………………………………………………………

အခန္းထဲက စာေရးစာပြဲေရွ႕မွာထိုင္ျပီး
စာလုပ္ေနသည့္ က်ြန္ေတာ့္မ်က္လံုး
ေတြက စားပြဲေပၚတင္ထားသည့္
ေဘးနားက ဖုန္းဆီဘာရယ္မဟုတ္
တစ္ခ်က္ခ်က္အျကည့္ေရာက္ေနမိ
သည္။အခုခ်ိန္ကကိုမင္းစစ္ေျကာင္း
က်ြန္ေတာ့္ကိုေန႕စဥ္ ဖုန္းဆက္ေနက်
အခ်ိန္ကိုလြန္ေနျပီ။

က်ြန္ေတာ္ေစာေစာအိပ္တတ္မွန္း
သူသိလို႕ အရင္ကဆိုရွစ္နာရီခြဲ
ကိုးနာရီေလာက္ဆိုရင္ က်ြန္ေတာ္
မျမင္ခ်င္မွအဆံုး မကိုင္ေသာ္လည္း
ဖုန္းေတြဆက္တိုက္ကို ဆက္သည္။
ဒီေန႕ေတာ့ အိမ္ျပန္ေရာက္ထဲကေန
အခုခ်ိန္ထိက်ြန္ေတာ့္ ဖုန္းထဲကို
အဝင္callမရွိ။အဲ႕ဒီအစ္ကိုျကီး
ဘာေတြျဖစ္ေနျပန္ျပီလဲ။ဒါလည္း
ေကာင္းပါတယ္ က်ြန္ေတာ္စိတ္ေအး
ေအးခ်မ္းခ်မ္းနဲ႕ စာလုပ္လို႕ရတယ္။

က်ြန္ေတာ္ ဘာမွမေတြးမိေအာင္
ျကိဳးစားျပီး စာဆက္လုပ္ေနတုန္း
က်ြန္ေတာ့္ ဖုန္းမ်က္နွာျပင္က
မက္ေဆ့ဝင္လာလို႕လင္းလာသည္။
စာလုပ္ေနရာကေနရပ္ျပီး ဖုန္းကို
ယူျကည့္လိုက္ေတာ့ က်ြန္ေတာ့္ဖုန္း
ထဲကို billဝင္လာသည့္မက္ေဆ့
ေရာက္လာတာပင္။ကိုမင္းစစ္ေျကာင္း
က်ြန္ေတာ့္ ဖုန္းထဲကိုေဘထည့္ေပး
ျပန္ျပီ။အရင္တစ္ပတ္က သူထည့္ေပး
ထားတာေတာင္ က်ြန္ေတာ္ကလိုင္း
လဲသိပ္မသံုး တစ္ျခားဘာမွလဲအပို
မသံုးတာ မလို႕အမ်ားျကီးက်န္ေသး
သည္။အခုခ်ိန္ထိ သူက်ြန္ေတာ့္ကို
ထည့္ေပးေနတဲ႕billေတြကတြက္
ျကည့္ရင္ က်ြန္ေတာ္ျပန္မေပးနိုင္တဲ႕
အေျခအေနကိုေရာက္ေနျပီ။အရင္
တစ္ခါထဲက မထည့္ေပးပါနဲ႕လို႕
က်ြန္ေတာ္ေျပာခဲ႕ေသာ္လည္း သူက
ေတာ့ က်ြန္ေတာ့္ကိုပံုမွန္ဖုန္းေဘ
ထည့္ေပးေနက်ပင္။အစတုန္းကေပ်ာ္
ေနခဲ႕ေသာ္လည္း အခုသူကက်ြန္ေတာ့္
ကို ဟိုလိုလိုဒီလိုလိုေတြလာေျပာေန
မွေတာ့ က်ြန္ေတာ္ဘယ္လိုစိတ္သန္႕
သန္႕နဲ႕ လက္ခံရမလဲ။သူ႕အတြက္
ကေတာ့ ဒီေလာက္ကဘာမွမဟုတ္
ေပမဲ႕က်ြန္ေတာ့္ဘက္မွာမ်ားစြာေန
ရခက္သည္။

က်ြန္ေတာ္ ဖုန္းကိုကိုင္ျပီးျကည့္ေန
ရင္း စာဆက္မလုပ္နိုင္ေတာ့ပဲ စားပြဲ
ေပၚမွာ ေမးေထာက္ရင္းဘယ္လိုလုပ္
ရင္ေကာင္းမလဲစဥ္းစားေနတုန္း ခဏ
အျကာမွာပင္ ကိုမင္းစစ္ေျကာင္း
က်ြန္ေတာ့္ကို ဖုန္းဆက္လာသည္။
ေနာက္ဆံုးေတာ့လည္း သူက်ြန္ေတာ့္
ကိုဖုန္းမဆက္ပဲ မေနနိုင္ ဘူးထင္ပါ
တယ္။လင္းေနတဲ႕ဖုန္းမ်က္နွာျပင္
ကိုျကည့္ရင္း က်ြန္ေတာ့္ရင္ေတြက
လည္းတုန္ေနသည္နွင့္အတူ စကား
မျဖစ္မေနေျပာရဖို႕ လိုအပ္ေနတာ
ေျကာင့္ က်ြန္ေတာ္ဖုန္းကိုင္ဖို႕ဆံုးျဖတ္
လိုက္သည္။သူဒီလိုေတြလုပ္ေနတာ
တစ္ကယ္ပဲေနာက္ေနတာမဟုတ္ဘူး
ဆိုရင္ေတာ့ ကိုမင္းစစ္ေျကာင္းနဲ႕
က်ြန္ေတာ္ စကားေျပာမွရေတာ့မည္။
စိတ္ေတြကလည္း တစ္ျဖည္းျဖည္းနဲ႕
တိုလာသည္။

က်ြန္ေတာ္ ဖုန္းကိုင္ကိုင္လိုက္ခ်င္းပင္
သူဘာေျပာမလည္း နားေထာင္ေနပါ
ေသာ္ ဖုန္းဝင္ေနလ်က္နွင့္တစ္ဖက္က
တိတ္ဆိတ္ေနသည္။ဘာလဲ ဒီလူ
ဘာျဖစ္ေနတာလဲ ဖုန္းဆက္ျပီးဘာလို႕
စကားမေျပာတာလဲ။

ဖုန္းကို ျပန္ျကည့္လိုက္ေတာ့လည္း
ဖုန္းဝင္ေနသည့္ စကၠန္႕ေတြကေရြ႕
ေနျပီး စကၠန္႕နွစ္ဆယ္ေလာက္ျကာ
ေနသည္အထိ က်ြန္ေတာ္ေစာင့္ေန
ေသာ္လည္း ကိုမင္းစစ္ေျကာင္းက
စကားမေျပာေသာေျကာင့္ က်ြန္ေတာ္
စိတ္ေတြကလည္း တိုေနတာနွင့္။

"ခင္ဗ်ား ဘာျဖစ္ေနတာလဲ။ဖုန္းဆက္
ျပီး ဘာလို႕စကားမေျပာတာလဲ။ျပီးေတာ့
က်ြန္ေတာ့္ကိုဘာလို႕ ေဘေတြလာ
ထည့္ေပးေနတာလဲ။ခင္ဗ်ားေဘ
ထည့္ေပးမွ က်ြန္ေတာ္လိုင္းတက္
နိုင္တာမဟုတ္ဘူး က်ြန္ေတာ့္ဘာသာ
က်ြန္ေတာ္ လိုင္းမဖြင့္ခ်င္လို႕ကို
မဖြင့္တာ ေနာက္တစ္ခါထပ္မထည့္
ေပးနဲ႕"

က်ြန္ေတာ္ ဖုန္းထဲကေနေအာ္ဟစ္
လိုက္ေသာ္လည္း တစ္ဖက္က
ကိုမင္းစစ္ေျကာင္းက ဖုန္းကိုဒီအတိုင္း
သာကိုင္ထားတဲ႕ပံုပဲ။ဘာမွမေျပာပဲ
အခ်ိန္ခဏျကာသည္ အထိအသံ
တိတ္ေနသည္။

"ဒီေန႕ေက်ာင္းကအျပန္ ဘယ္ကိုသြားတာလဲ"

အရင္ကနဲ႕မတူ ေအးစက္ေနသည့္
အသံျကီးက က်ြန္ေတာ့္ေဘးမွာသူ
မရွိေသာ္လည္း ဖုန္းနဲ႕စကားေျပာေန
ရံုနဲ႕တင္ က်ြန္ေတာ္စိတ္တိုေနရာက
ေနေျကာက္လာသည္။

"က်ြန္ေတာ့္ ဘာသာဘယ္ကိုပဲသြားသြား
ခင္ဗ်ားနဲ႕ ဘာမွမဆိုင္ဘူး"

"အိမ္ေစာေစာျပန္ခ်င္ရင္ မင္းအစ္ကို
ေဆး ေက်ာင္းသားျကီးကိုအလကား
သက္သက္ အေဝးျကီးအပင္ပန္းခံျပီး
ဘာလို႕လာျကိဳခိုင္းတာလဲ။ကိုယ္ျပန္ပို႕
ေပးမွာေပါ့"

က်ြန္ေတာ္က သူ႕ကိုစကားစေျပာ
ထဲကေအာ္လိုက္ေသာ္လည္း သူက
ေျပာေနက်ေလသံအတိုင္းပင္။ဒါေပမဲ႕
သူက်ြန္ေတာ့္ကို ပံုမွန္ပဲေျပာေနေပမဲ႕
ေအးစက္ေနတဲ႕သူ႕အသံထဲမွာ
ျခိမ္းေျခာက္တာေတြ ပါေနတယ္လို႕
က်ြန္ေတာ္ခံစားေနရသည္။
သူအခု က်ြန္ေတာ့္ကိုေဒါသထြက္
ေနတာလား။

"ခင္ဗ်ားျပန္ပို႕ေပးလည္း က်ြန္ေတာ္
မလိုက္ဘူး။ခင္ဗ်ား အဲ႕ေလာက္အား
ေနရင္ ခင္ဗ်ားေကာင္မေလးအစ္မ
နန္းမူယာ ကိုပဲျပန္ပို႕ေပးလိုက္"

က်ြန္ေတာ္ ျပန္ေအာ္လိုက္တဲ႕အခ်ိန္
ကိုမင္းစစ္ေျကာင္းက ဆက္မေျပာ
ေတာ့ပဲ တစ္ခဏတိတ္ဆိတ္
သြားျပန္သည္။

"သူနဲ႕ကိုယ္ ဘာမွမသက္ဆိုင္ေတာ့တာျကာျပီ"

"ခင္ဗ်ားကို ဘယ္သူကေမးေနလို႕လဲ။
အဲ႕တာ ခင္ဗ်ားတို႕ကိစၥ"

"ကိုယ္ေတာင္းပန္တယ္ ကိုယ့္ေျကာင့္
နဲ႕ မင္းထိခိုက္ေစရမဲ႕ကိစၥမ်ိဳး
ဘယ္ေတာ့မွ မရွိေစရဘူး"

က်ြန္ေတာ္ ဖုန္းကိုက်စ္က်စ္ပါေအာင္
ဆုပ္ကိုင္ထားမိေတာ့သည္။
အစ္မနန္းမူယာ တင္ထားတဲ႕status
နဲ႕ပတ္သက္ျပီး သူအခုက်ြန္ေတာ့္ကို
ေတာင္းပန္ေနတာလား။အဲ႕တာဆို
အဲ႕အစ္မက ကိုမင္းစစ္ေျကာင္းကို
လိုက္ကပ္ေနတဲ႕သူ လို႕ေျပာထား
တာ က်ြန္ေတာ့္ကိုဆိုတာ ေသခ်ာေန
ျပီေပါ့။

က်ြန္ေတာ္ေတြးရင္းနဲ႕ စိတ္တိုလာ
တာထက္ ရင္ထဲမွာ ခံရခက္ေအာင္
ဝမ္းနည္းလာသည္။က်ြန္ေတာ့္
ဘာသာေအးေအးေဆးေဆးေနေန
တာ သူတို႕ခ်င္းမာနျပိဳင္ေနျကတဲ႕
ျကားထဲ က်ြန္ေတာ္ကဘာလို႕ပါသြား
ရတာလဲ။ဒီလူကလည္း သူ႕ဘာသာ
သူ႕ဇာတ္လမ္းေတြကိုျပီးေအာင္
မျဖတ္နိုင္ပဲ က်ြန္ေတာ့္ကိုလာနြယ္ေန
တာကေတာ့ မျဖစ္သင့္ဘူး။ေယာ
က်ာ္းေလးခ်င္းမို႕လို႕က်ြန္ေတာ္ေရွာင္
ရမယ္ဆိုတဲ႕စိတ္က အခုသူ႕အဆက္
ေတြပါပါလာေတာ့ က်ြန္ေတာ္
ကိုမင္းစစ္ေျကာင္းကို လံုးဝ
ေရွာင္ရေတာ့မည္။

"က်ြန္ေတာ္က အေနသာျကီး ဘာမွ
မျဖစ္ဘူး။က်ြန္ေတာ္ဘာမွမလုပ္ထား
လို႕ ကိုယ့္လိပ္ျပာကိုယ္လံုတယ္။
ခင္ဗ်ားနဲ႕က်ြန္ေတာ္ ဘာမွလည္း
မဆိုင္လို႕ အဲ႕ဒီကိစၥနဲ႕ပတ္သက္ျပီး
ေတာ့ ခင္ဗ်ားတို႕အေျကာင္းအေတြး
ထဲမွာေတာင္ မရွိဘူး"

က်ြန္ေတာ္ေတာ္ေတာ္ေလးဝမ္းနည္းျပီး
ေဒါသထြက္ေနတာေျကာင့္ စကား
အျပတ္ေျပာျပီးတာနဲ႕ ဖုန္းပိတ္ေတာ့
မလို႕ျပင္လိုက္သည္။

"က်ြန္ေတာ္ စာလုပ္ေတာ့မယ္။
ဖုန္းထပ္ မဆက္ပါနဲ႕"

"ခဏေလး"

တစ္ဖက္ကတားျမစ္သံေျကာင့္
က်ြန္ေတာ္ ဖုန္းပိတ္ေတာ့မလို႕လုပ္ေနရာက။

"ကိုယ္က တစ္ကယ္ပဲ မင္းအေတြး
ထဲမွာ နည္းနည္းေလးမွေတာင္ေနရာ
မယူနိုင္ဘူးလား"

"ခင္ဗ်ားက ဘာျကီးမို႕လို႕က်ြန္ေတာ္
က ခင္ဗ်ားအေျကာင္းကိုအခ်ိန္ေပးျပီး
ထိုင္ေတြးေနရမွာလဲ။က်ြန္ေတာ္
ခင္ဗ်ားတို႕လိုမ်ိဳး မအားေနဘူး။
ျပီးေတာ့ ခင္ဗ်ားဒီပံုစံအတိုင္းပဲေရွ႕
ဆက္တိုးေနမယ္ဆိုရင္ က်ြန္ေတာ္တို႕
ဆက္ျပီးခင္မင္ေနဖို႕လည္းမျဖစ္နိုင္
ေတာ့ဘူး။က်ြန္ေတာ့္ေနရာမွာ
ေကာင္မေလး တစ္ေယာက္သာဆိုရင္
ရင္ခုန္ေနေလာက္ေပမဲ႕ က်ြန္ေတာ္
က ေယာက်ာ္းေလးျဖစ္ေနလို႕ခင္ဗ်ား
လုပ္ေနသမ်ွက က်ြန္ေတာ္႔အတြက္
စိတ္ပ်က္စရာေတြပဲျဖစ္ေနတယ္။
ေနာက္ေနတာဆိုရင္ ဒီေလာက္နဲ႕ပဲ
ခင္ဗ်ားရပ္သင့္ျပီ ကိုမင္းစစ္ေျကာင္း"

စကားေတြအမ်ားျကီးေျပာလိုက္ျပီး
တဲ႕ေနာက္ ဖုန္းကိုင္ထားတဲ႕က်ြန္
ေတာ့္လက္ေတြမွာလည္းအားအင္မဲ႕ေနျပီ။

က်ြန္ေတာ္ ကိုယ့္ထက္အသက္ျကီး
တဲ႕သူေတြကို တစ္ခါမွဒီလိုမ်ိဳးရင့္ရင့္
သီးသီးမေျပာဖူးခဲ႕ဘူး။အခုေတာ့
က်ြန္ေတာ္ေျပာမွရေတာ့မည္။သူ႕
အျပစ္မရွိဘူးဆိုတာသိေပမဲ႕ က်ြန္
ေတာ္ သူ႕ကို အစ္ကိုတစ္ေယာက္
လိုမ်ိဳးခင္ခဲ႕တယ္ဆိုတဲ႕ စကားက
ဒီအတိုင္းပာခဲ႕တာမဟုတ္ဘူး။
ကိုမင္းစစ္ေျကာင္းက က်ြန္ေတာ့္
လိုဘာမဟုတ္တဲ႕ေကာင္ေလးနဲ႕
မဟုတ္ပဲ သူနဲ႕လိုက္ဖက္တဲ႕
ေကာင္မေလးတစ္ေယာက္နဲ႕ပဲျဖစ္
သင့္တာ။သူက်ြန္ေတာ့္ အေပၚတစ္ခုခု
အထင္မွားေနတာပါ။

"မထင္ထားဘူး ကိုယ့္ကေလးက
ရင္နာေအာင္ စကားေတာ္ေတာ္
ေျပာတတ္တာပဲ"

"ခင္ဗ်ား ေျပာစရာမရွိေတာ့ရင္
က်ြန္ေတာ္ဖုန္းခ် လိုက္ေတာ့မယ္"

"ဆုလာဘ္ဝန္း"

ဘာလို႕ရယ္မသိ သူက်ြန္ေတာ့္
နမယ္ေခၚလိုက္တိုင္း က်ြန္ေတာ္
ေျပာစရာ စကားမဲ႕သြားသည္။
အခုလည္း ဖုန္းပိတ္ေတာ့မလို႕
လုပ္ေနတဲ႕ က်ြန္ေတာ့္လက္ေတြ
က ဖုန္းကိုဆက္ျပီး ကိုင္ထားမိဆဲ။

"ကိုယ္မင္းကို အရမ္းခ်စ္တယ္
ေနာက္ေနတာလို႕ ထင္ေနတုန္းပဲ
ဆိုရင္မင္းသိေအာင္ ကိုယ္ထပ္ေျပာ
မယ္။ကိုယ္မင္းကို ေသေလာက္
ေအာင္ ခ်စ္တယ္"

က်ြန္ေတာ္႔ရင္ေတြ အဆမတန္တုန္ရီ
ျပီး ဆက္နားေထာင္ဖို႕အင္အားမရွိ
ေတာ့တာမလို႕ ဖုန္းကိုခ်က္ခ်င္း
ပိတ္ပစ္လိုက္ရသည္။ဟိုတစ္ေန႕
ကလို ခံစားခ်က္ျကီးက်ြန္ေတာ့္မွာ
ျဖစ္ေနျပန္ျပီ။ခင္ဗ်ားက ဘာလဲ
ကိုစစ္ေျကာင္း။

က်ြန္ေတာ္တစ္ခါမွ ဒီလိုမ်ိဳးရည္းစား
စကား အေျပာမခံရဘူးလို႕ရင္ေတြ
တုန္ေနတာပါ။ဟုတ္တယ္ သူ
ေကာင္မေလးေတြကို လိုက္ေနက်
အကြက္ေတြ ထုတ္သံုးေနတာကို
ရင္ခုန္ရေအာင္ က်ြန္ေတာ္အရူး
မဟုတ္ဘူး။က်ြန္ေတာ့္အေတြးထဲ
ခင္ဗ်ားကို ဘယ္ေတာ့မွေနရာေပးမွာ
မဟုတ္ဘူး။က်ြန္ေတာ္က ေယာက်ာ္း
ေလး။က်ြန္ေတာ္မွာတစ္ျခားအေရးျကီး
တာေတြေရာ ငယ္ေသးတာေျကာင့္
ေရာပါ ဒီကိစၥေတြကိုစိတ္မဝင္စားနိုင္
ေသးေပမဲ႕က်ြန္ေတာ္ကေယာက်ာ္းေလး
တစ္ေယာက္ဆိုတာ ကိုယ့္ကိုယ္ကို
ေသခ်ာသည္။

ဖုန္းပိတ္လိုက္ျပီး ထဲက
ကိုမင္းစစ္ေျကာင္း က်ြန္ေတာ့္ကို
ဖုန္းထပ္မဆက္ေတာ့ေပမဲ႕က်ြန္ော
ေတာ္ စာဆက္မလုပ္နိုင္ေတာ့ပဲ
မႈိင္ေနရသည္။ ဒီေန႕ညေတာ့
ဘယ္လိုမွ စာလုပ္နိုင္မွာမဟုတ္
ေတာ့ေပ။စာအုပ္ေတြသိမ္းျပီး
က်ြန္ေတာ္ အိပ္ေတာ့မလို႕
စဥ္းစားေနတဲ႕အခ်ိန္ ေမမီက်ြန္ေတာ့္
ကိုဖုန္းဆက္လာသည္။ထူးထူးျခားျခား
ဒီအခ်ိန္ ေမမီကက်ြန္ေတာ့္ကိုတစ္ခါ
မွဖုန္းမဆက္ဖူးသည္မို႕ဖုန္းခ်က္ခ်င္း
ကိုင္လိုက္ရသည္။ဖုန္းထဲကေမမီ႕
အသံကလံုးဝမေကာင္းသည္နွင့္
အတူေမမီေျပာျပတာကိုနားေထာင္ျပီး
က်ြန္ေတာ္လည္း ရင္ေမာလာရသည္မွာ။

………………………………………………………………………………………………………………………………………………

မနက္ေစာေစာ ရည္မြန္႕ အိမ္ကို
က်ြန္ေတာ္တို႕ေရာက္တဲ႕အခ်ိန္
ရည္မြန္႕အေဖျကီးဆီက မလိုသလို
အျကည့္က ဦးစြာစီးျကိဳေနသည္။
က်ြန္ေတာ္တို႕က ဖံုးကြယ္ထား
ေပးျကတဲ႕ သူေတြျဖစ္ျကတာေျကာင့္
မ်က္နွာမျပဝံ႕ပဲေခါင္းငံု႕ကာ နွစ္
ေယာက္သား ကံု႕ကံု႕ေလးေလ်ွာက္
ျပီးအိမ္ထဲကို ဝင္လာရတာ။

က်ြန္ေတာ္တို႕ကို ရည္မြန္႕အေဖျကီး
ဘာလာလုပ္ျကတာလဲလို႕မေမးခင္
ရည္မြန္႕အေမက အရိပ္အေျချပကာ
ရည္မြန္႕အခန္းေရွ႕ကို တိုးတိုးတိတ္
တိတ္ ခၚလာေပးမွအသက္ရႈေခ်ာင္
သည္။ရည္မြန္ကတစ္ဦးတည္းေသာ
သမီး ျပီးေတာ့ သူ႕အေဖကသူ႕
အေမထက္ အသက္အမ်ားျကီးျကီး
တာေျကာင့္ မိန္းမျဖစ္တဲ႕သူကိုေရာ
သမီးကိုေရာ သူ႕စကားတစ္ခြန္း
ဆိုတစ္ခြန္းပဲ။ဦးေလးကစိတ္ရင္း
ေတာ့ေကာင္းေပမဲ႕ ေဒါသက
ေတာ့ျကီးသည္။

ရည္မြန္႕အခန္းထဲကို က်ြန္ေတာ္နဲ႕
ေမမီဝင္လာခ်ိန္ ရည္မြန္ကကုတင္
ေပၚမွာ မ်က္လံုးေတြမွိတ္ကာ
လွဲလို႕ေနသည္။က်ြန္ေတာ္တို႕
ရည္မြန္မသိေအာင္ တိတ္တိတ္
ေလးပဲေလ်ွာက္လာျပီး ေမမီက
ရည္မြန္႕ေဘး ကုတင္ေပၚမွာပဲ
ဝင္ထိုင္ျပီး က်ြန္ေတာ္ကေတာ့
ေဘးက ခံုမွာထိုင္လိုက္သည္။

"ဟဲ႕ ေဒၚျကီးရည္မြန္"

မ်က္လံုးေတြမွိတ္ျပီး မွိန္းေနတဲ႕
ရည္မြန္႕ကို ေမမီကလႈပ္နႈိးျပီးေခၚ
လိုက္ေတာ့မွ ရည္မြန္တစ္ေယာက္
ကုန္းရုန္းထျပီးက်ြန္ေတာ္တို႕ဝင္လာ
တာက္ုသိသည္။

"ဟင္ နင္တို႕ဘယ္တုန္းကေရာက္လာတာလဲ"

"ငါတို႕ နင့္အခန္းထဲဝင္လာတာ
ေတာင္မသိဘူးမလား မိန္းမ"

ရည္မြန္႕မ်က္နွာက ငိုထားတာ
သိသာလြန္းစြာ မ်က္လံုးေတြေဖာင္း
အစ္လို႕ေနသည္။အိပ္ေနရာကေန
ကုတင္ေပၚမွာ ထထိုင္လိုက္တဲ႕
ရည္မြန္က က်ြန္ေတာ္တို႕ကိုျပံဳးျပ
ေနေပမဲ႕ မ်က္နွာမေကာင္း။က်ြန္
ေတာ့္သူငယ္ခ်င္းကိုျကည့္ျပီး
က်ြန္ေတာ္လည္း စိတ္မေကာင္းလို႕
ဘာေျပာရမည္မသိေတာ့သလိုပဲ။
ရည္မြန္ေလာက္ေအးတာ ရည္မြန္
ပဲရွိတယ္။ရည္းစားထားလို႕ေက်ာင္း
ေပးမတက္ေတာ့ဘူးလို႕ သူ႕အေဖျကီး
ကျခိမ္းေျခာက္ရေအာင္ stage
ေက်ာင္းသူအရြယ္လည္း မဟုတ္
ေတာ့ဘူး။ကိုဝဏၰကလည္း ရည္မြန္ကို
တစ္ကယ္ခ်စ္ရွာတာပါ  ပထမနွစ္
ဆိုတာငယ္ေသးတာ မွန္ေပမဲ႕
ဒီေလာက္ထိေတာ့
မဟုတ္ဘူးထင္တာပဲ။

"ငါ ငါေက်ာင္းဆက္တက္ခ်င္ေသးတယ္"

က်ြန္ေတာ္တို႕ကို:မျကည့္ပဲနဲ႕
မ်က္ရည္ဝဲျပီးေျပာေနသည့္;ရည္မြန္က
သူ႕အေဖျကီးကို ျပန္မေျပာရဲတာ
ငယ္ငယ္ထဲက။ရည္မြန့္ကို ျကည့္ျပီး
က်ြန္ေတာ္နဲ႕ေမမီလည္း လာတုန္း
ကအားေပးမလို႕ပင္မဲ႕ တစ္ကယ္
တမ္း ရည္မြန္႔ကိုပဲျကည့္ျပီး။

"ဦးေလးကိုငါတို႕ဝိုင္းေျပာေပးမွာပါ
ဟာ ငိုမေနနဲ႕။ေက်ာင္းက ဆက္
မတက္စရာလား ဦးေလးလည္း
စိတ္တိုေနတုန္းမို႕ပါ ေနာက္ရက္ေတြ
ျကာလာရင္လစိတ္ေျပျပီးေက်ာင္းျပန္
ေပးတက္ေလာက္မွာပါ အဆင္ေျပ
သြားမွာ။နင့္ဘက္မွာ:ငါတို႕ရွိတယ္"

ေမမီက ရည္မြန္အနားကပ္ျပီး
အာရံုေျပာင္းေအာင္
ျပံဳးရယ္ျပီးေျပာေနပါေသာ္လည္း
ရည္မြန္ကေတာ့ မႈိင္ေနဆဲပင္။

"ရည္မြန္ နင္ ကိုဝဏၰကိုေျပာျပျပီးျပီလား"

က်ြန္ေတာ္ခပ္တိုးတိုးေမးလိုက္သည္
ကို ရည္မြန္ကက်ြန္ေတာ့္ကိုျပန္
မျကည့္လာပဲ ေခါင္းသာခါျပသည္။
စကားသံေတြတိတ္ဆိတ္သြားျပီး
အသံမထြက္ေအာင္ငိုေနတဲ႕ရည္မြန္႕
အနားကိုက်ြန္ေတာ္တို႕
ခပ္ျမန္ျမန္တိုးကပ္သြားရျပီး
အေဖာ္လုပ္ေပးျပီး သံုးေယာက္လံုး
ျငိမ္သက္ကာစကားမေျပာျဖစ္ျကေတာ့။

ရည္မြန္႕အေဖျကီးသံုးလိုက္တဲ႕
နည္းလမ္းက ထိေရာက္ပါရဲ႕။
ကိုဝဏၰနဲ႕လမ္းခြဲခိုင္းတာလည္း
မဟုတ္ဘူး မေတြ႕ခိုင္းေတာ့တာ
လည္းမဟုတ္ဘူး အခုမွပထမနွစ္
ပဲရွိေသးတာ ေက်ာင္းလံုးဝေပး
မတက္ေတာ့ဘူးလို႕ျခိမ္းေျခာက္မွ
ေတာ့ဘယ္သူကမေျကာက္ပဲေနမလဲ။

က်ြန္ေတာ္တို႕ကို သူငိုေနတာ
မျမင္ေစခ်င္လို႕ေခါင္းငံု႕ျပီး ေနေနတဲ႕
ရည္မြန္ကိုျမင္ရတာလည္း
က်ြန္ေတာ့္မွာရင္ထဲဘယ္လိုမွမေကာင္း။

ခင္ဗ်ား သူငယ္ခ်င္းေျကာင့္
က်ြန္ေတာ့္သူငယ္ခ်င္း ငိုေနရျပီ။
ကိုမင္းစစ္ေျကာင္း အဲ႕တာ
ခင္ဗ်ားမေကာင္းလို႕။

က်ြန္ေတာ့္သူငယ္ခ်င္းကိုျကည့္ျပီး
က်ြန္ေတာ္သံေဝဂရသည္။တစ္
ေယာက္ထဲေနတုန္းက သူ႕ဟာသူ
ေအးေအးေဆးေဆးပဲ ရည္းစား
ထားလိုက္မွပဲ အိမ္နဲ႕ျပႆနာျဖစ္ျပီး
မ်က္ရည္က်ေနရသည္။ရည္မြန္႕ကို
ျကည့္ရတာလည္း ကိုဝဏၰကို
လံုးဝမျပတ္နိုင္ေတာ့တဲ႕ပံုပဲ။
ရည္းစားထားရတာအဲ႕ေလာက္
ေတာင္ခက္ခဲလား။ဒါေတာင္ သူတို႕က
သာမာန္ အတြဲေတြမို႕လို႕။

က်ြန္ေတာ္ေတြးရင္းနဲ႕ တစ္စံု
တစ္ေယာက္ရဲ႕ မ်က္နွာကိုျမင္ေယာင္
လာတာမို႕ အထိတ္တစ္လန္႕နဲ႕
ခပ္ျမန္ျမန္ပင္ေခါင္းခါမိသည္။

အခ်စ္က ပူေလာင္တယ္။
ေအးေအးခ်မ္းခ်မ္း ေနခ်င္ရင္
ဘယ္သူ႕ကိုမွမခ်စ္တာ အေကာင္းဆံုးပဲ။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Unicode

"ကျောပိုးအိတ်လေးရဲ့ ပိုင်ရှင်ကို
အားလုံးက သိချင်နေကြပါသတဲ့"

အေးချမ်းသည့် အရိပ်ရပြီး
လှရက်လွန်းသည့်ပိတောက်ပင်တွေ
ကို ကျွန်တော်ထိုင်နေရင်းမော့
ကြည့်နေတုန်းမေမီက ကျွန်တော့်
အနားကိုကပ်ကာပြောနေသည်။
ပိတောက်လမ်းမှာ တစ်ခါမှမထိုင်ဖူး
လို့ထိုင်ချင်ခဲ့ပေမဲ့မနက်ပိုင်းအတန်း
မမှီတာနဲ့ လူတွေများနေတာနဲ့ပဲကြုံ
နေလို့ ကျွန်တော်တို့ကျောင်းတက်
ထဲကမထိုင်ဖြစ်ခဲ့။

"ငါနော် မြင်မြင်ချင်းဒေါသထွက်
လိုက်တာ။ဒီအစ်မကြီးကတော့
တစ်ခုခုဆိုရင် statusတင်ပြီး
သူများကိုစောင်းပြောတာ သူ့အကျင့်
ပဲလားမသိဘူး။ကိုစစ်ကြောင်းနဲ့
သူ့ကြားကို ဘယ်သူကဝင်လာတာ
လဲ သူ့ဘက်ကအရင်အဝေးကွင်းကို
ကျော်ပြီး ကိုစစ်ကြောင်းကိုထားခဲ့
တာတော့ လူမသိဘူး။ကိုစစ်ကြောင်း
နင့်ကိုသဘောကျနေတာ သိသွား
တော့မှ အခုမှဘာထဖြစ်တာလဲ"

"ငါ့ကိုပြောတာ ဖြစ်ချင်မှဖြစ်မှပါ
ကိုမင်းစစ်ကြောင်းနဲ့တွေ့နေတဲ့
တစ်ခြား ကောင်မလေးတစ်ယောက်
ယောက်ကို ပြောတာရောမဖြစ်နိုင်
ဘူးလား"

ကျွန်တော် မေမီကိုအားတင်းကာပြော
လိုက်ပေမဲ့ စိတ်ကမနေ့ညကထပ်
စာရင် အခုမှနည်းနည်းနေသာ
လာတာ။

အစ်မနန်းမူယာမနေ့ညက
သူ့အကောက်မှာတင်ထားတဲ့status
ကို မေမီကျွန်တော့်ကိုလာပြပြချင်း
ကျွန်တော် တော်တော်လေးစိတ်ထဲ
တစ်မျိုးဖြစ်ခဲ့ရသည်။ဘယ်သူဘယ်ဝါ
ရယ်လို့ နမယ်တပ်ထားခြင်းမရှိပေမဲ့
အစ်မနန်းမူယာ တင်ထားတာက
သူတို့နှစ်ယောက်အဆင်မပြေဖြစ်နေ
တဲ့အချိန် ကိုမင်းစစ်ကြောင်းကို
ကြားလူက ဝင်ပြီးဘယ်လောက်
ပဲ လိုက်ကပ်နေပါစေ နောက်ဆုံး
သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုက
ယုံကြည်မှုတစ်ခုနဲ့ လုံးဝပြတ်မှာ
မဟုတ်ဘူးလို့အဲ့အစ်မကသူ့
အကောက်မှာ တင်ထားသည်။

"ဆုလာဘ်ရယ် ကိုစစ်ကြောင်းက
အဲ့အစ်မနဲ့ပြတ်ပြီး နင်နဲ့တွေ့ပြီး
ထဲက ဘယ်ကောင်မလေးနဲ့မှ
အကြူဇယားတောင်မရှိတော့တာ
ဘယ်လောက်ကြာပြီလဲ။ငါတို့
ကိုကြီးက နင့်ကိုတစ်ကယ်ကြွေနေ
တာ နင်မှနင်ဖြစ်နေတာ"

"အဲ့လောက်သိနေရင်လည်း နင်ပဲ
ကြိုက်လိုက်တော့"

"ငါ့ကို မကြိုက်လို့ပေါ့ဟယ်။
ကိုစစ်ကြောင်းကြီးက နင့်ကိုတွေ့ပြီး
ထဲက အဟင်းသိတယ်မလား
Kidလေးရယ် ကလေးလေးရယ်"

ကျွန်တော့် မျက်နှာကိုမေမီက
ပြုံးဖြီးကာ လိုက်ကြည့်ပြီးစနေတဲ့
အချိန်ကျွန်တော် ရှက်လွန်းလို့
ဘယ်လို နေရမည်မသိတော့ပါ။

"မေမီပြောတာတစ်ကယ်ပဲ ဆုလာဘ်"

"နင်တို့ တော်ပြီ မပြောနဲ့တော့"

ဘာဆိုဘာမှ ဝင်မပါတတ်သည့်
ရည်မွန်ကတောင် ဘေးကနေ ပြုံးစိစိ
နဲ့ပြောနေတော့ ကျွန်တော်တစ်ကယ်
ပဲဘယ်လို မျက်နှာထားရမည်မသိ
တော့။ကန်တင်းထိုင်တဲ့နေ့ထဲက
ဒီနှစ်ယောက်က ကိုမင်းစစ်ကြောင်း
ကျွန်တော့်ကို ဘယ်လိုသဘော
ထားနေတာကို သိသွားကြပြီလေ။

"တို့ကိုကြီးစစ်ကြောင်းနော် သူ့ကို
မကောင်းပြောတုန်းက ဘာမှမတုံ့ပြန်
ဘူး။သူ့ကလေးကိုထိတော့ ချက်ချင်းပဲhighlightတင်လိုက်တာ အားလုံး
ငြိမ်ကျသွားတာပဲ။အစ်မကြီးတော့
ဂွမ်းပီလေ သူတို့နှစ်ယောက်ဘာမှ
မပတ်သက်တော့ဘူး ဆိုတာ
ကိုစစ်ကြောင်းရဲ့my dayက
နင့်ကျောပိုးအိတ်လေးက သက်သေပဲ"

မေမီတစ်ယောက်မနေ့ညက ဒေါသ
ထွက်နေတာ နှင့်ခြားနားစွာပြုံးပျော်
နေပြီး အဲ့အကြောင်းကိုပြောလို့ကို
မပီးနိုင်တော့။

ကိုမင်းစစ်ကြောင်းက သူတစ်ခါတင်
ထားဖူးသည့် သူ့ကားထဲမှာကျွန်တော်
အိပ်ပျော်နေတုန်းက ပိုက်ထားသည့်
ကျောပိုးအိတ်ပုံmy dayကိုသူ့
story ထဲမှာမဖျက်ပဲသိမ်းထား
တယ်ထင်တယ်။မနေ့ညက
အစ်မနန်းမူယာ စာတင်ထားတာ
သိပ်မကြာခင်မှာပဲ ကိုမင်းစစ်ကြောင်း
က သူ့အကောက်မှာအဲ့my dayပုံ
ကိုstory highlightတင်လိုက်
သည်လေ။သူဝါသနာပါရာတွေကိုသာhighlightတင်ထားတဲ့အားလုံး
ရဲ့ထိပ်ဆုံးမှာ အဲ့ပုံကိုkidလို့နမယ်
တောင်သက်သက်ပေးထားတယ်။
ကျွန်တော့်မှာ ဟိုအစ်မတင်ထားတဲ့
စာရဲ့ အဓိပါ္ပယ်ကိုစဉ်းစားနေတာတွေ
တောင်ပျောက်သွားပြီး မျက်နှာပူလွန်း
လို့ပြန်ဖျက်ပေးလို့ပြောတာလုံးဝ
ဂရုမစိုက်ပဲထုံးစံအတိုင်း လိုင်းပေါ်က
ဆင်းသွားပြီး ရှောင်နေတယ်လေ။
အဲ့တာကြောင့် ကျွန်တော်အခုအစ
ခံနေရတာ။ဒီမနက်ကျောင်းလာတော့
ကျွန်တော့်မှာ တစ်လုံးထဲရှိသည့်
ကျောပိုးအိတ်ကို အိမ်မှာထားခဲ့
ရတဲ့အဖြစ်။

သူတို့ချင်း ဘာတွေဖြစ်နေကြလည်း
ဆိုတာတော့ကျွန်တော်မသိ။ပထမ
တစ်ခါသူတို့ပြတ်တုန်း အစ်မကြီးက
ကိုမင်းစစ်ကြောင်းသူ့ကို အရင်
သစ္စာဖောက်ပါတယ်လို့တစ်လွဲတွေ
တင်ထားတုန်းကတောင် ဘာမှမတုံ့
ပြန်ပဲငြိမ်နေပေးခဲ့တဲ့သူက အခုလို
မျိုးလုပ်လိုက်တာ မေမီပြောသလိုပဲ
အစ်မကြီးpostအောက်မှာ ကြားဝင်
တဲ့သူကို မကောင်းပြောနေတဲ့သူ
တွေကြောင့်လား။အစ်မကြီးနဲ့ဘာမှ
မပတ် သက်တော့ဘူးဆိုတာ
ကိုမင်းစစ်ကြောင်းက အားလုံးသိ
အောင်အသံတိတ်နည်းနဲ့ပြချင်တာ
လား။ဒါမှမဟုတ်သူအဲ့အစ်မကြီးကို
အပြတ်ဖြတ်ချင်လို့ ကြားထဲကနေ
ကျွန်တော့်ကိုအသုံးချနေတာပဲလား။
ကျွန်တော့်ဦးနှောက်က အဲ့လောက်
ထိရှုပ်ထွေးစရာတွေနဲ့လိုက်လို့မမှီ
တာမို့ ကျွန်တော်အေးအေးဆေးဆေး
နေချင်တာပဲ သိသည်။

"အဲ့အစ်မက ကိုစစ်ကြောင်းကို
ချစ်တဲ့ပုံလည်းမပေါ်ပါဘူး။ကိုဇော်ကို
သူ သဘောကျနေတဲ့အချိန်တုန်း
ကတော့ ကိုစစ်ကြောင်းကိုထားချင်
သလိုထားသွားပြီး အခုတစ်ကယ်
လက်လွှတ်လိုက်ရမှ ဘာတွေဖြစ်နေ
တာလဲ။ဆေးကျောင်းသားနဲ့စေ့စပ်ပွဲ
ပျက်သွားတာကျောင်းမှာသတင်း
မထွက်ခင် ရည်းစားဟောင်းဖြစ်တဲ့
ကိုစစ်ကြောင်းကို အခုမှသူ့နမယ်
မကျအောင် ပြန်တွဲချင်နေတာ"

မေမီပြောနေတာကို ကျွန်တော်ဘာမှပြန်
မပြောမိ။သူတို့အကြောင်း သူတို့ပဲသိ
မှာပါ ကျွန်တော်တို့ကမဆိုင်တဲ့သူ
တွေလေ။

"ဆုလာဘ် နင်အဆင်ပြေတယ်မလား"

ကျွန်တော် ငြိမ်နေမိတော့ မေမီက
ကျွန်တော့်ကိုစိုးရိမ်နေသလိုကြည့်လာ
တာမို့ကျွန်တော်နားမလည်နိုင်စွာနှင့်။

"အဆင်မပြေစရာ ဘာအကြောင်း
ရှိလဲ။ငါနဲ့မှမဆိုင်တာ"

မေမီက ချက်ချင်းမပြုံးမရယ်မျက်နှာ
နှင့်ကျွန်တော့်ကိုကြည့်လာသည်။
မေမီကို ဘာမှမဖြစ်သလိုသာပြော
လိုက်ပေမဲ့ အမှန်အတိုင်းပြောရရင်
ကျွန်တော်ကြောက်နေသည်။အစ်မ
နန်းမူယာ တင်ထားတဲ့statusထဲမှာ
ဘယ်သူ့ နမယ်ကိုမှမထည့်ထားပေမဲ့
တစ်ကယ်ပဲ ကျွန်တော့်ကိုပြောတာ
ဆိုရင်တော့ အဲ့အစ်မတစ်ခုခုကို
အထင်လွဲနေပြီထင်တယ်။

ကိုမင်းစစ်ကြောင်းကို ကျွန်တော်ြာ
ပြဿနာတွေရှာခဲ့ရုံကလွဲပြီး
ယောကျာ်းလေးအချင်းချင်း လိုက်ကပ်
ရအောင် ကျွန်တော်ကြားလို့တောင်
မဝံ့သည့်ကိစ္စ။

"နင်အဲ့လိုတော့ ပြောလို့မရဘူးလေ
ဆုလာဘ်။ကိုစစ်ကြောင်း နင့်ကို
သဘောကျနေတာကတော့ နင်နဲ့
ဆိုင်သွားပြီ"

"မေမီ နင့်သူငယ်ချင်းငါက
ယောကျာ်းလေးနော်"

"အဲ့တာကိုငါမသိလို့များ နင်ပြော
နေတာလား။ငါသိပါတယ် အဖြောင့်
လေးရယ်။ငါကဒါကိုအားပေးတဲ့သူ
ဖြစ်နေလို့ နင်နဲ့ကိုစစ်ကြောင်းကို
အတင်းကြိုက်ခိုင်းနေတာမဟုတ်ဘူး။
ငါ့သူငယ်ချင်းကိုလည်း ယောကျာ်း
လေးချင်း အပျော်လာစမ်းတဲ့
သဘောဆိုရင် ငါကရှေ့ဆုံးကနေ
ကာကွယ်ပေးမှာ အခုကလေ
ကိုစစ်ကြောင်းက နင့်ကိုတစ်ကယ်ကြီး
ကြွေနေတာ  သူကိုယ်တိုင်လည်း
ကောင်မလေးတွေနဲ့ပဲတွဲခဲ့တယ်
သူ့ဘက်မှာလည်း ထိခိုက်မှုအနည်းနဲ့
အများတော့ရှိမှာပဲ။ဘယ်သူမှ နောက်
ချင်ရုံသက်သက်နဲ့ယောကျာ်းလေး
တစ်ယောက်ကို ကြိုက်နေပါတယ်
လို့ဝန်မခံဘူး"

မေမီက အတည်ပေါက်မျက်နှာနှင့်
ကျွန်တော့်ကို နားချချင်နေပုံရပြီး
ရည်မွန်ကလည်းထောက်ခံသည့်
သဘောနှင့်ခေါင်းတစ်ညိတ်ညိတ်။
ဒုက္ခပါပဲ။ ကျွန်တော့် သူငယ်ချင်းတွေ
ကချက်ချင်းကြီး ကိုမင်းစစ်ကြောင်း
ဘက်ကိုဘယ်လိုပါသွားတာလဲ
မုန့်ဝယ်ကျွေးလိုက်တာနဲ့ပဲ
ကျွန်တော့်သူငယ်ချင်းတွေကသူ့ဘက်
ကနေ အကျိုးဆောင်နေကြပြီ။ခင်ဗျား
အရမ်းတော်တယ် ကိုမင်းစစ်ကြောင်း။

"ဆုလာဘ် ငါအမှန်အတိုင်းပြောရရင်
ကိုစစ်ကြောင်း နင့်အပေါ်ဘယ်လို
သဘောထားလည်းသိသိချင်း နင့်
မျက်နှာကိုပဲပြေးမြင်ခဲ့တာ။ငါက
တော်ရုံလူဆိုရင် ငါ့မောင်လေးကို
ပေးပါ့မလား။တစ်ခြားဟာတွေ ခဏ
ထားဟာ ငါကတော့နင့်ကို စိတ်ပိုင်း
ဆိုင်ရာပဲဖြစ်ဖြစ် စောင့်ရှောက်ပေးမဲ့
သူနဲ့ပဲတွေ့စေချင်တယ်။နင့်အမေ
မရှိတော့တဲ့အချိန်ထဲက နင်ဘယ်လို
အားငယ်ပြီးနေခဲ့ရလဲ အငယ်လေး
တာဝန်ကိုလည်း နင်ပဲယူရမှာငါသိ
တယ်။ငါနင့်ကို ဒီထက်ပိုပြီးမပင်ပန်း
စေချင်ဘူး"

ကျွန်တော်ရင်တွေတုန်လာပြီး မေမီ့ကို
မျက်နှာချင်းမဆိုင်ရဲတော့ပဲ အကြည့်
လွှဲလိုက်တဲ့အချိန် ရည်မွန်ကလည်း
အနားကပ်နေရာကနေ သူနားမထောင်
နေသလိုနေလိုက်သည်။စကားသံတွေ
တိတ်ဆိတ်သွားပြီး ကျွန်တော်တို့
သူငယ်ချင်းသုံးယောက်လုံးငြိမ်သက်သွား
သည့်အခြေအနေကို ကျွန်တော်မနေ
တတ်တော့စွာနှင့် ပြုံးရယ်ဖို့ကြိုးစား
နေပေမဲ့မအောင်မြင်။

ဘာဆက်ပြောရမည်မသိတော့ပဲ
ကျွန်တော်ကြောင်အနေတဲ့ အချိန်
ကိုဇော်ဖုန်းဆက်လာတော့ ချက်ချင်း
ပင်ကိုင်လိုက်ပြီး ကျောင်းအလယ်
ပေါက် မိန်းပေါက်ကို ကို့ဇော့်ကား
ဝင်တာနဲ့အုတ်ခုံပေါ်မှာ ထိုင်နေရာကနေ
ထရပ်လိုက်သည်။ကိုဇော် ကျွန်တော့်
ကို ကျောင်းလာကြိုမှာကို ဒီမှာထိုင်
ရင်းစကားပြောပြီးကျွန်တော်တို့စောင့်
နေကြတာလေ။အခုမှသက်သာလာ
စဖြစ်တဲ့ကိုဇော်နဲ့ကျွန်တော်ကဒီနေ့
နေ့လည် အန်တီခိုင်းထားသည့်
ယေတျာကိစ္စ သွားလုပ်ရမှာ။

"ကိုဇော် ရောက်လာပြီ။ငါသွားတော့
မယ် မေမီနင်ဒီနေ့ချမ်းမြေ့နဲ့အတူတူ
ပြန်မှာမလား။တစ်ယောက်တည်း
မပြန်လာနဲ့နော် စောစောပြန်။
ဆိုင်ကယ်ကို ဂရုစိုက်ပြီးမောင်းလာ"

ထိုင်နေကြဆဲဖြစ်တဲ့နှစ်ယောက်ကို
ကျွန်တော် အပြုံးတစ်ခုလုပ်ယူပြီး
နှုတ်ဆက်နေတဲ့အချိန် နှစ်ယောက်
လုံးငြိမ်နေကြဆဲ။

"ဆုလာဘ် ဟိုမှာ ကိုစစ်ကြောင်း
နင့်ကိုတွေ့ဖို့လာနေပြီ။ခဏစောင့်ပြီး
စကားပြောလိုက်ပါဟာ"

မေမီက အလောတကြီးပင်ချက်ချင်း
ကျွန်တော်တို့ထိုင်နေတဲ့ဆီကိုအဝေး
ကနေလျှောက်လာနေတဲ့ သူကို
ညွှန်ပြနေသည်။ကျွန်တော် ရင်တွေ
အဆက်မပြတ်တုန်လာပြီး
လှည့်ကြည့်လိုက်တော့ ရည်မွန်ဆီ
လာနေတဲ့ကိုဝဏ္ဏနဲ့ အနောက်ကသူ။

"ငါဘယ်မှာရှိနေလဲ နင်ပြောပြလိုက်တာလား"

"အေး စကားခဏလောက်ပဲဖြစ်ဖြစ်
ပြောလိုက်ပါဟာ"

မေမီ ကျွန်တော့်ကိုတောင်းပန်
သလိုကြည့်နေသည်ကို ကျွန်တော်
စိတ်ပျက်ပျက်နဲ့ထွက်သွားဖို့ပြင်လိုက်
သည်။

"မပြောဘူး ငါဘာမှပြောစရာမရှိဘူး
။ငါ ငါသွားတော့မယ်"

ကျွန်တော် ကိုမင်းစစ်ကြောင်းကို
အခုချိန်မှာလုံးဝ မတွေ့ချင်နေတာ
မို့လို့အလျင်အမြန်ပင် ပိတောက်လမ်း
ကနေ ကို့ဇော့်ကားရပ်ထားရာ
ကျောင်းအလယ်ပေါက် တစ်ဖက်
လမ်းဆီကိုပြေးလာခဲ့လိုက်သည်။

ကားပေါ်တက်ပြီး ကိုဇော်ကားမောင်း
ထွက်လာတာနဲ့ ကျွန်တော်ရင်တွေ
တုန်နေဆဲဖြစ်ပြီး ကိုဇော့်ကိုတောင်
စကားမပြောနိုင်။ မသိမသာနဲ့မေမီ
တို့ထိုင်နေတဲ့ဘက်ကိုဖွင့်ထားတဲ့
ကားမှန်ထဲကနေ ခိုးကြည့်လိုက်ချိန်
အဝေးကနေကျွန်တော့်တို့ကားထွက်
သွားရာကို ရပ်ကြည့်နေတဲ့သူကိုတွေ့
တာနဲ့ ကြောက်စိတ်တွေဝင်လာပြီး
အရှေ့အမြန်လှည့်လိုက်ရသည်။

ကျွန်တော့် ရင်တွေအဆမတန်တုန်ရီ
နေတာ ကြောက်နေလို့ဖြစ်မှာပါ။

…………………………………………………………………………………………………………………………………………

အခန်းထဲက စာရေးစာပွဲရှေ့မှာထိုင်ပြီး
စာလုပ်နေသည့် ကျွန်တော့်မျက်လုံး
တွေက စားပွဲပေါ်တင်ထားသည့်
ဘေးနားက ဖုန်းဆီဘာရယ်မဟုတ်
တစ်ချက်ချက်အကြည့်ရောက်နေမိ
သည်။အခုချိန်ကကိုမင်းစစ်ကြောင်း
ကျွန်တော့်ကိုနေ့စဉ် ဖုန်းဆက်နေကျ
အချိန်ကိုလွန်နေပြီ။

ကျွန်တော်စောစောအိပ်တတ်မှန်း
သူသိလို့ အရင်ကဆိုရှစ်နာရီခွဲ
ကိုးနာရီလောက်ဆိုရင် ကျွန်တော်
မမြင်ချင်မှအဆုံး မကိုင်သော်လည်း
ဖုန်းတွေဆက်တိုက်ကို ဆက်သည်။
ဒီနေ့တော့ အိမ်ပြန်ရောက်ထဲကနေ
အခုချိန်ထိကျွန်တော့် ဖုန်းထဲကို
အဝင်callမရှိ။အဲ့ဒီအစ်ကိုကြီး
ဘာတွေဖြစ်နေပြန်ပြီလဲ။ဒါလည်း
ကောင်းပါတယ် ကျွန်တော်စိတ်အေး
အေးချမ်းချမ်းနဲ့ စာလုပ်လို့ရတယ်။

ကျွန်တော် ဘာမှမတွေးမိအောင်
ကြိုးစားပြီး စာဆက်လုပ်နေတုန်း
ကျွန်တော့် ဖုန်းမျက်နှာပြင်က
မက်ဆေ့ဝင်လာလို့လင်းလာသည်။
စာလုပ်နေရာကနေရပ်ပြီး ဖုန်းကို
ယူကြည့်လိုက်တော့ ကျွန်တော့်ဖုန်း
ထဲကို billဝင်လာသည့်မက်ဆေ့
ရောက်လာတာပင်။ကိုမင်းစစ်ကြောင်း
ကျွန်တော့် ဖုန်းထဲကိုဘေထည့်ပေး
ပြန်ပြီ။အရင်တစ်ပတ်က သူထည့်ပေး
ထားတာတောင် ကျွန်တော်ကလိုင်း
လဲသိပ်မသုံး တစ်ခြားဘာမှလဲအပို
မသုံးတာ မလို့အများကြီးကျန်သေး
သည်။အခုချိန်ထိ သူကျွန်တော့်ကို
ထည့်ပေးနေတဲ့billတွေကတွက်
ကြည့်ရင် ကျွန်တော်ပြန်မပေးနိုင်တဲ့
အခြေအနေကိုရောက်နေပြီ။အရင်
တစ်ခါထဲက မထည့်ပေးပါနဲ့လို့
ကျွန်တော်ပြောခဲ့သော်လည်း သူက
တော့ ကျွန်တော့်ကိုပုံမှန်ဖုန်းဘေ
ထည့်ပေးနေကျပင်။အစတုန်းကပျော်
နေခဲ့သော်လည်း အခုသူကကျွန်တော့်
ကို ဟိုလိုလိုဒီလိုလိုတွေလာပြောနေ
မှတော့ ကျွန်တော်ဘယ်လိုစိတ်သန့်
သန့်နဲ့ လက်ခံရမလဲ။သူ့အတွက်
ကတော့ ဒီလောက်ကဘာမှမဟုတ်
ပေမဲ့ကျွန်တော့်ဘက်မှာများစွာနေ
ရခက်သည်။

ကျွန်တော် ဖုန်းကိုကိုင်ပြီးကြည့်နေ
ရင်း စာဆက်မလုပ်နိုင်တော့ပဲ စားပွဲ
ပေါ်မှာ မေးထောက်ရင်းဘယ်လိုလုပ်
ရင်ကောင်းမလဲစဉ်းစားနေတုန်း ခဏ
အကြာမှာပင် ကိုမင်းစစ်ကြောင်း
ကျွန်တော့်ကို ဖုန်းဆက်လာသည်။
နောက်ဆုံးတော့လည်း သူကျွန်တော့်
ကိုဖုန်းမဆက်ပဲ မနေနိုင် ဘူးထင်ပါ
တယ်။လင်းနေတဲ့ဖုန်းမျက်နှာပြင်
ကိုကြည့်ရင်း ကျွန်တော့်ရင်တွေက
လည်းတုန်နေသည်နှင့်အတူ စကား
မဖြစ်မနေပြောရဖို့ လိုအပ်နေတာ
ကြောင့် ကျွန်တော်ဖုန်းကိုင်ဖို့ဆုံးဖြတ်
လိုက်သည်။သူဒီလိုတွေလုပ်နေတာ
တစ်ကယ်ပဲနောက်နေတာမဟုတ်ဘူး
ဆိုရင်တော့ ကိုမင်းစစ်ကြောင်းနဲ့
ကျွန်တော် စကားပြောမှရတော့မည်။
စိတ်တွေကလည်း တစ်ဖြည်းဖြည်းနဲ့
တိုလာသည်။

ကျွန်တော် ဖုန်းကိုင်ကိုင်လိုက်ချင်းပင်
သူဘာပြောမလည်း နားထောင်နေပါ
သော် ဖုန်းဝင်နေလျက်နှင့်တစ်ဖက်က
တိတ်ဆိတ်နေသည်။ဘာလဲ ဒီလူ
ဘာဖြစ်နေတာလဲ ဖုန်းဆက်ပြီးဘာလို့
စကားမပြောတာလဲ။

ဖုန်းကို ပြန်ကြည့်လိုက်တော့လည်း
ဖုန်းဝင်နေသည့် စက္ကန့်တွေကရွေ့
နေပြီး စက္ကန့်နှစ်ဆယ်လောက်ကြာ
နေသည်အထိ ကျွန်တော်စောင့်နေ
သော်လည်း ကိုမင်းစစ်ကြောင်းက
စကားမပြောသောကြောင့် ကျွန်တော်
စိတ်တွေကလည်း တိုနေတာနှင့်။

"ခင်ဗျား ဘာဖြစ်နေတာလဲ။ဖုန်းဆက်
ပြီး ဘာလို့စကားမပြောတာလဲ။ပြီးတော့
ကျွန်တော့်ကိုဘာလို့ ဘေတွေလာ
ထည့်ပေးနေတာလဲ။ခင်ဗျားဘေ
ထည့်ပေးမှ ကျွန်တော်လိုင်းတက်
နိုင်တာမဟုတ်ဘူး ကျွန်တော့်ဘာသာ
ကျွန်တော် လိုင်းမဖွင့်ချင်လို့ကို
မဖွင့်တာ နောက်တစ်ခါထပ်မထည့်
ပေးနဲ့"

ကျွန်တော် ဖုန်းထဲကနေအော်ဟစ်
လိုက်သော်လည်း တစ်ဖက်က
ကိုမင်းစစ်ကြောင်းက ဖုန်းကိုဒီအတိုင်း
သာကိုင်ထားတဲ့ပုံပဲ။ဘာမှမပြောပဲ
အချိန်ခဏကြာသည် အထိအသံ
တိတ်နေသည်။

"ဒီနေ့ကျောင်းကအပြန် ဘယ်ကိုသွားတာလဲ"

အရင်ကနဲ့မတူ အေးစက်နေသည့်
အသံကြီးက ကျွန်တော့်ဘေးမှာသူ
မရှိသော်လည်း ဖုန်းနဲ့စကားပြောနေ
ရုံနဲ့တင် ကျွန်တော်စိတ်တိုနေရာက
နေကြောက်လာသည်။

"ကျွန်တော့် ဘာသာဘယ်ကိုပဲသွားသွား
ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး"

"အိမ်စောစောပြန်ချင်ရင် မင်းအစ်ကို
ဆေး ကျောင်းသားကြီးကိုအလကား
သက်သက် အဝေးကြီးအပင်ပန်းခံပြီး
ဘာလို့လာကြိုခိုင်းတာလဲ။ကိုယ်ပြန်ပို့
ပေးမှာပေါ့"

ကျွန်တော်က သူ့ကိုစကားစပြော
ထဲကအော်လိုက်သော်လည်း သူက
ပြောနေကျလေသံအတိုင်းပင်။ဒါပေမဲ့
သူကျွန်တော့်ကို ပုံမှန်ပဲပြောနေပေမဲ့
အေးစက်နေတဲ့သူ့အသံထဲမှာ
ခြိမ်းခြောက်တာတွေ ပါနေတယ်လို့
ကျွန်တော်ခံစားနေရသည်။
သူအခု ကျွန်တော့်ကိုဒေါသထွက်
နေတာလား။

"ခင်ဗျားပြန်ပို့ပေးလည်း ကျွန်တော်
မလိုက်ဘူး။ခင်ဗျား အဲ့လောက်အား
နေရင် ခင်ဗျားကောင်မလေးအစ်မ
နန်းမူယာ ကိုပဲပြန်ပို့ပေးလိုက်"

ကျွန်တော် ပြန်အော်လိုက်တဲ့အချိန်
ကိုမင်းစစ်ကြောင်းက ဆက်မပြော
တော့ပဲ တစ်ခဏတိတ်ဆိတ်
သွားပြန်သည်။

"သူနဲ့ကိုယ် ဘာမှမသက်ဆိုင်တော့တာကြာပြီ"

"ခင်ဗျားကို ဘယ်သူကမေးနေလို့လဲ။
အဲ့တာ ခင်ဗျားတို့ကိစ္စ"

"ကိုယ်တောင်းပန်တယ် ကိုယ့်ကြောင့်
နဲ့ မင်းထိခိုက်စေရမဲ့ကိစ္စမျိုး
ဘယ်တော့မှ မရှိစေရဘူး"

ကျွန်တော် ဖုန်းကိုကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားမိတော့သည်။
အစ်မနန်းမူယာ တင်ထားတဲ့status
နဲ့ပတ်သက်ပြီး သူအခုကျွန်တော့်ကို
တောင်းပန်နေတာလား။အဲ့တာဆို
အဲ့အစ်မက ကိုမင်းစစ်ကြောင်းကို
လိုက်ကပ်နေတဲ့သူ လို့ပြောထား
တာ ကျွန်တော့်ကိုဆိုတာ သေချာနေ
ပြီပေါ့။

ကျွန်တော်တွေးရင်းနဲ့ စိတ်တိုလာ
တာထက် ရင်ထဲမှာ ခံရခက်အောင်
ဝမ်းနည်းလာသည်။ကျွန်တော့်
ဘာသာအေးအေးဆေးဆေးနေနေ
တာ သူတို့ချင်းမာနပြိုင်နေကြတဲ့
ကြားထဲ ကျွန်တော်ကဘာလို့ပါသွား
ရတာလဲ။ဒီလူကလည်း သူ့ဘာသာ
သူ့ဇာတ်လမ်းတွေကိုပြီးအောင်
မဖြတ်နိုင်ပဲ ကျွန်တော့်ကိုလာနွယ်နေ
တာကတော့ မဖြစ်သင့်ဘူး။ယော
ကျာ်းလေးချင်းမို့လို့ကျွန်တော်ရှောင်
ရမယ်ဆိုတဲ့စိတ်က အခုသူ့အဆက်
တွေပါပါလာတော့ ကျွန်တော်
ကိုမင်းစစ်ကြောင်းကို လုံးဝ
ရှောင်ရတော့မည်။

"ကျွန်တော်က အနေသာကြီး ဘာမှ
မဖြစ်ဘူး။ကျွန်တော်ဘာမှမလုပ်ထား
လို့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်။
ခင်ဗျားနဲ့ကျွန်တော် ဘာမှလည်း
မဆိုင်လို့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး
တော့ ခင်ဗျားတို့အကြောင်းအတွေး
ထဲမှာတောင် မရှိဘူး"

ကျွန်တော်တော်တော်လေးဝမ်းနည်းပြီး
ဒေါသထွက်နေတာကြောင့် စကား
အပြတ်ပြောပြီးတာနဲ့ ဖုန်းပိတ်တော့
မလို့ပြင်လိုက်သည်။

"ကျွန်တော် စာလုပ်တော့မယ်။
ဖုန်းထပ် မဆက်ပါနဲ့"

"ခဏလေး"

တစ်ဖက်ကတားမြစ်သံကြောင့်
ကျွန်တော် ဖုန်းပိတ်တော့မလို့လုပ်နေရာက။

"ကိုယ်က တစ်ကယ်ပဲ မင်းအတွေး
ထဲမှာ နည်းနည်းလေးမှတောင်နေရာ
မယူနိုင်ဘူးလား"

"ခင်ဗျားက ဘာကြီးမို့လို့ကျွန်တော်
က ခင်ဗျားအကြောင်းကိုအချိန်ပေးပြီး
ထိုင်တွေးနေရမှာလဲ။ကျွန်တော်
ခင်ဗျားတို့လိုမျိုး မအားနေဘူး။
ပြီးတော့ ခင်ဗျားဒီပုံစံအတိုင်းပဲရှေ့
ဆက်တိုးနေမယ်ဆိုရင် ကျွန်တော်တို့
ဆက်ပြီးခင်မင်နေဖို့လည်းမဖြစ်နိုင်
တော့ဘူး။ကျွန်တော့်နေရာမှာ
ကောင်မလေး တစ်ယောက်သာဆိုရင်
ရင်ခုန်နေလောက်ပေမဲ့ ကျွန်တော်
က ယောကျာ်းလေးဖြစ်နေလို့ခင်ဗျား
လုပ်နေသမျှက ကျွန်တော့်အတွက်
စိတ်ပျက်စရာတွေပဲဖြစ်နေတယ်။
နောက်နေတာဆိုရင် ဒီလောက်နဲ့ပဲ
ခင်ဗျားရပ်သင့်ပြီ ကိုမင်းစစ်ကြောင်း"

စကားတွေအများကြီးပြောလိုက်ပြီး
တဲ့နောက် ဖုန်းကိုင်ထားတဲ့ကျွန်
တော့်လက်တွေမှာလည်းအားအင်မဲ့နေပြီ။

ကျွန်တော် ကိုယ့်ထက်အသက်ကြီး
တဲ့သူတွေကို တစ်ခါမှဒီလိုမျိုးရင့်ရင့်
သီးသီးမပြောဖူးခဲ့ဘူး။အခုတော့
ကျွန်တော်ပြောမှရတော့မည်။သူ့
အပြစ်မရှိဘူးဆိုတာသိပေမဲ့ ကျွန်
တော် သူ့ကို အစ်ကိုတစ်ယောက်
လိုမျိုးခင်ခဲ့တယ်ဆိုတဲ့ စကားက
ဒီအတိုင်းပာခဲ့တာမဟုတ်ဘူး။
ကိုမင်းစစ်ကြောင်းက ကျွန်တော့်
လိုဘာမဟုတ်တဲ့ကောင်လေးနဲ့
မဟုတ်ပဲ သူနဲ့လိုက်ဖက်တဲ့
ကောင်မလေးတစ်ယောက်နဲ့ပဲဖြစ်
သင့်တာ။သူကျွန်တော့် အပေါ်တစ်ခုခု
အထင်မှားနေတာပါ။

"မထင်ထားဘူး ကိုယ့်ကလေးက
ရင်နာအောင် စကားတော်တော်
ပြောတတ်တာပဲ"

"ခင်ဗျား ပြောစရာမရှိတော့ရင်
ကျွန်တော်ဖုန်းချ လိုက်တော့မယ်"

"ဆုလာဘ်ဝန်း"

ဘာလို့ရယ်မသိ သူကျွန်တော့်
နမယ်ခေါ်လိုက်တိုင်း ကျွန်တော်
ပြောစရာ စကားမဲ့သွားသည်။
အခုလည်း ဖုန်းပိတ်တော့မလို့
လုပ်နေတဲ့ ကျွန်တော့်လက်တွေ
က ဖုန်းကိုဆက်ပြီး ကိုင်ထားမိဆဲ။

"ကိုယ်မင်းကို အရမ်းချစ်တယ်
နောက်နေတာလို့ ထင်နေတုန်းပဲ
ဆိုရင်မင်းသိအောင် ကိုယ်ထပ်ပြော
မယ်။ကိုယ်မင်းကို သေလောက်
အောင် ချစ်တယ်"

ကျွန်တော့်ရင်တွေ အဆမတန်တုန်ရီ
ပြီး ဆက်နားထောင်ဖို့အင်အားမရှိ
တော့တာမလို့ ဖုန်းကိုချက်ချင်း
ပိတ်ပစ်လိုက်ရသည်။ဟိုတစ်နေ့
ကလို ခံစားချက်ကြီးကျွန်တော့်မှာ
ဖြစ်နေပြန်ပြီ။ခင်ဗျားက ဘာလဲ
ကိုစစ်ကြောင်း။

ကျွန်တော်တစ်ခါမှ ဒီလိုမျိုးရည်းစား
စကား အပြောမခံရဘူးလို့ရင်တွေ
တုန်နေတာပါ။ဟုတ်တယ် သူ
ကောင်မလေးတွေကို လိုက်နေကျ
အကွက်တွေ ထုတ်သုံးနေတာကို
ရင်ခုန်ရအောင် ကျွန်တော်အရူး
မဟုတ်ဘူး။ကျွန်တော့်အတွေးထဲ
ခင်ဗျားကို ဘယ်တော့မှနေရာပေးမှာ
မဟုတ်ဘူး။ကျွန်တော်က ယောကျာ်း
လေး။ကျွန်တော်မှာတစ်ခြားအရေးကြီး
တာတွေရော ငယ်သေးတာကြောင့်
ရောပါ ဒီကိစ္စတွေကိုစိတ်မဝင်စားနိုင်
သေးပေမဲ့ကျွန်တော်ကယောကျာ်းလေး
တစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကို
သေချာသည်။

ဖုန်းပိတ်လိုက်ပြီး ထဲက
ကိုမင်းစစ်ကြောင်း ကျွန်တော့်ကို
ဖုန်းထပ်မဆက်တော့ပေမဲ့ကျွန်ော
တော် စာဆက်မလုပ်နိုင်တော့ပဲ
မှိုင်နေရသည်။ ဒီနေ့ညတော့
ဘယ်လိုမှ စာလုပ်နိုင်မှာမဟုတ်
တော့ပေ။စာအုပ်တွေသိမ်းပြီး
ကျွန်တော် အိပ်တော့မလို့
စဉ်းစားနေတဲ့အချိန် မေမီကျွန်တော့်
ကိုဖုန်းဆက်လာသည်။ထူးထူးခြားခြား
ဒီအချိန် မေမီကကျွန်တော့်ကိုတစ်ခါ
မှဖုန်းမဆက်ဖူးသည်မို့ဖုန်းချက်ချင်း
ကိုင်လိုက်ရသည်။ဖုန်းထဲကမေမီ့
အသံကလုံးဝမကောင်းသည်နှင့်
အတူမေမီပြောပြတာကိုနားထောင်ပြီး
ကျွန်တော်လည်း ရင်မောလာရသည်မှာ။

………………………………………………………………………………………………………………………………………………

မနက်စောစော ရည်မွန့် အိမ်ကို
ကျွန်တော်တို့ရောက်တဲ့အချိန်
ရည်မွန့်အဖေကြီးဆီက မလိုသလို
အကြည့်က ဦးစွာစီးကြိုနေသည်။
ကျွန်တော်တို့က ဖုံးကွယ်ထား
ပေးကြတဲ့ သူတွေဖြစ်ကြတာကြောင့်
မျက်နှာမပြဝံ့ပဲခေါင်းငုံ့ကာ နှစ်
ယောက်သား ကုံ့ကုံ့လေးလျှောက်
ပြီးအိမ်ထဲကို ဝင်လာရတာ။

ကျွန်တော်တို့ကို ရည်မွန့်အဖေကြီး
ဘာလာလုပ်ကြတာလဲလို့မမေးခင်
ရည်မွန့်အမေက အရိပ်အခြေပြကာ
ရည်မွန့်အခန်းရှေ့ကို တိုးတိုးတိတ်
တိတ် ခါ်လာပေးမှအသက်ရှုချောင်
သည်။ရည်မွန်ကတစ်ဦးတည်းသော
သမီး ပြီးတော့ သူ့အဖေကသူ့
အမေထက် အသက်အများကြီးကြီး
တာကြောင့် မိန်းမဖြစ်တဲ့သူကိုရော
သမီးကိုရော သူ့စကားတစ်ခွန်း
ဆိုတစ်ခွန်းပဲ။ဦးလေးကစိတ်ရင်း
တော့ကောင်းပေမဲ့ ဒေါသက
တော့ကြီးသည်။

ရည်မွန့်အခန်းထဲကို ကျွန်တော်နဲ့
မေမီဝင်လာချိန် ရည်မွန်ကကုတင်
ပေါ်မှာ မျက်လုံးတွေမှိတ်ကာ
လှဲလို့နေသည်။ကျွန်တော်တို့
ရည်မွန်မသိအောင် တိတ်တိတ်
လေးပဲလျှောက်လာပြီး မေမီက
ရည်မွန့်ဘေး ကုတင်ပေါ်မှာပဲ
ဝင်ထိုင်ပြီး ကျွန်တော်ကတော့
ဘေးက ခုံမှာထိုင်လိုက်သည်။

"ဟဲ့ ဒေါ်ကြီးရည်မွန်"

မျက်လုံးတွေမှိတ်ပြီး မှိန်းနေတဲ့
ရည်မွန့်ကို မေမီကလှုပ်နှိုးပြီးခေါ်
လိုက်တော့မှ ရည်မွန်တစ်ယောက်
ကုန်းရုန်းထပြီးကျွန်တော်တို့ဝင်လာ
တာက်ုသိသည်။

"ဟင် နင်တို့ဘယ်တုန်းကရောက်လာတာလဲ"

"ငါတို့ နင့်အခန်းထဲဝင်လာတာ
တောင်မသိဘူးမလား မိန်းမ"

ရည်မွန့်မျက်နှာက ငိုထားတာ
သိသာလွန်းစွာ မျက်လုံးတွေဖောင်း
အစ်လို့နေသည်။အိပ်နေရာကနေ
ကုတင်ပေါ်မှာ ထထိုင်လိုက်တဲ့
ရည်မွန်က ကျွန်တော်တို့ကိုပြုံးပြ
နေပေမဲ့ မျက်နှာမကောင်း။ကျွန်
တော့်သူငယ်ချင်းကိုကြည့်ပြီး
ကျွန်တော်လည်း စိတ်မကောင်းလို့
ဘာပြောရမည်မသိတော့သလိုပဲ။
ရည်မွန်လောက်အေးတာ ရည်မွန်
ပဲရှိတယ်။ရည်းစားထားလို့ကျောင်း
ပေးမတက်တော့ဘူးလို့ သူ့အဖေကြီး
ကခြိမ်းခြောက်ရအောင် stage
ကျောင်းသူအရွယ်လည်း မဟုတ်
တော့ဘူး။ကိုဝဏ္ဏကလည်း ရည်မွန်ကို
တစ်ကယ်ချစ်ရှာတာပါ  ပထမနှစ်
ဆိုတာငယ်သေးတာ မှန်ပေမဲ့
ဒီလောက်ထိတော့
မဟုတ်ဘူးထင်တာပဲ။

"ငါ ငါကျောင်းဆက်တက်ချင်သေးတယ်"

ကျွန်တော်တို့ကို:မကြည့်ပဲနဲ့
မျက်ရည်ဝဲပြီးပြောနေသည့်;ရည်မွန်က
သူ့အဖေကြီးကို ပြန်မပြောရဲတာ
ငယ်ငယ်ထဲက။ရည်မွန့်ကို ကြည့်ပြီး
ကျွန်တော်နဲ့မေမီလည်း လာတုန်း
ကအားပေးမလို့ပင်မဲ့ တစ်ကယ်
တမ်း ရည်မွန့်ကိုပဲကြည့်ပြီး။

"ဦးလေးကိုငါတို့ဝိုင်းပြောပေးမှာပါ
ဟာ ငိုမနေနဲ့။ကျောင်းက ဆက်
မတက်စရာလား ဦးလေးလည်း
စိတ်တိုနေတုန်းမို့ပါ နောက်ရက်တွေ
ကြာလာရင်လစိတ်ပြေပြီးကျောင်းပြန်
ပေးတက်လောက်မှာပါ အဆင်ပြေ
သွားမှာ။နင့်ဘက်မှာ:ငါတို့ရှိတယ်"

မေမီက ရည်မွန်အနားကပ်ပြီး
အာရုံပြောင်းအောင်
ပြုံးရယ်ပြီးပြောနေပါသော်လည်း
ရည်မွန်ကတော့ မှိုင်နေဆဲပင်။

"ရည်မွန် နင် ကိုဝဏ္ဏကိုပြောပြပြီးပြီလား"

ကျွန်တော်ခပ်တိုးတိုးမေးလိုက်သည်
ကို ရည်မွန်ကကျွန်တော့်ကိုပြန်
မကြည့်လာပဲ ခေါင်းသာခါပြသည်။
စကားသံတွေတိတ်ဆိတ်သွားပြီး
အသံမထွက်အောင်ငိုနေတဲ့ရည်မွန့်
အနားကိုကျွန်တော်တို့
ခပ်မြန်မြန်တိုးကပ်သွားရပြီး
အဖော်လုပ်ပေးပြီး သုံးယောက်လုံး
ငြိမ်သက်ကာစကားမပြောဖြစ်ကြတော့။

ရည်မွန့်အဖေကြီးသုံးလိုက်တဲ့
နည်းလမ်းက ထိရောက်ပါရဲ့။
ကိုဝဏ္ဏနဲ့လမ်းခွဲခိုင်းတာလည်း
မဟုတ်ဘူး မတွေ့ခိုင်းတော့တာ
လည်းမဟုတ်ဘူး အခုမှပထမနှစ်
ပဲရှိသေးတာ ကျောင်းလုံးဝပေး
မတက်တော့ဘူးလို့ခြိမ်းခြောက်မှ
တော့ဘယ်သူကမကြောက်ပဲနေမလဲ။

ကျွန်တော်တို့ကို သူငိုနေတာ
မမြင်စေချင်လို့ခေါင်းငုံ့ပြီး နေနေတဲ့
ရည်မွန်ကိုမြင်ရတာလည်း
ကျွန်တော့်မှာရင်ထဲဘယ်လိုမှမကောင်း။

ခင်ဗျား သူငယ်ချင်းကြောင့်
ကျွန်တော့်သူငယ်ချင်း ငိုနေရပြီ။
ကိုမင်းစစ်ကြောင်း အဲ့တာ
ခင်ဗျားမကောင်းလို့။

ကျွန်တော့်သူငယ်ချင်းကိုကြည့်ပြီး
ကျွန်တော်သံဝေဂရသည်။တစ်
ယောက်ထဲနေတုန်းက သူ့ဟာသူ
အေးအေးဆေးဆေးပဲ ရည်းစား
ထားလိုက်မှပဲ အိမ်နဲ့ပြဿနာဖြစ်ပြီး
မျက်ရည်ကျနေရသည်။ရည်မွန့်ကို
ကြည့်ရတာလည်း ကိုဝဏ္ဏကို
လုံးဝမပြတ်နိုင်တော့တဲ့ပုံပဲ။
ရည်းစားထားရတာအဲ့လောက်
တောင်ခက်ခဲလား။ဒါတောင် သူတို့က
သာမာန် အတွဲတွေမို့လို့။

ကျွန်တော်တွေးရင်းနဲ့ တစ်စုံ
တစ်ယောက်ရဲ့ မျက်နှာကိုမြင်ယောင်
လာတာမို့ အထိတ်တစ်လန့်နဲ့
ခပ်မြန်မြန်ပင်ခေါင်းခါမိသည်။

အချစ်က ပူလောင်တယ်။
အေးအေးချမ်းချမ်း နေချင်ရင်
ဘယ်သူ့ကိုမှမချစ်တာ အကောင်းဆုံးပဲ။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

Lanjutkan Membaca

Kamu Akan Menyukai Ini

2.3M 149K 95
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
430K 53.1K 143
He's Super Sticky Chapter 223 "မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ ဖြည့်ဆည်း​ပေးမယ် ဆိုရင် မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်!" ဝိညာဉ်ရဲ့ မတည်မငြိမ် ဖြစ်မ...
92.1K 11.7K 74
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
861K 54K 26
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...