À toi ( YiZhan )

By yhyunee_hiatus

1.6K 175 32

YiZhan Fanfiction Both UNICODE and ZAWGYI code available ..... စိတ်ကူးပေါက်ရာ ချရေးထားသော One Shotတစ်ပုဒ်သာ ... More

♥️.

🌌

861 131 28
By yhyunee_hiatus

[Zawgyi]
အားလုံးအတြက္ သေဘာက်စရာအဆင့္မဝင္ရင္ေတာင္ အပ်င္းေျပတဲ့အဆင့္ဝင္ရင္ေက်နပ္ပါတယ္ Enjoy

♥️.

"က်န႔္ေကာ ကြၽန္ေတာ္တို႔လက္ထပ္ၾကရေအာင္"

ေရွ႕မွာ ဒူးေထာက္ၿပီးေျပာလိုက္တဲ့ရိေပၚစကားေၾကာင့္ ေရွာင္က်န႔္ၾကက္ေသေသသြားခဲ့တယ္။ သူရိပ္မိခဲ့ရမွာ။ ဒီေန႔လို သူတို႔ႏွစ္ေယာက္အတြက္ အထိမ္းအမွတ္ေန႔မ်ိဳးမွာ ဇိမ္ခံစားေသာက္ဆိုင္ႀကီး တစ္ခုလုံးကို ငွားထားသလို လူတစ္ေယာက္မွမရွိတဲ့အျပင္ ထူးထူးျခားျခား အျပင္အဆင္ေတြကိုေတြ႕ကတည္းက ေရွာင္က်န႔္ရိပ္မိခဲ့ရမွာ။

ဘယ္လိုလုပ္ရမလဲ။ သူဘယ္လိုလုပ္ရမလဲ။

ဟိုေရာက္ဒီေရာက္မၿငိမ္မသက္ျဖစ္လာတဲ့ ေရွာင္က်န႔္မ်က္ဝန္းေတြနဲ႔ လႈိက္ဖိုလာတဲ့ေရွာင္က်န႔္ရင္ဖက္ကို ၾကည့္ရင္း ရိေပၚတုန္လႈပ္လာတယ္။ ဒီလိုမ်ိဳးမျဖစ္လာေတာ့ဘူးထင္ခဲ့တာပါ။ အဲဒါေၾကာင့္ ရိေပၚဒီလိုမ်ိဳးစီစဥ္ခဲ့မိတာပါ။

"ရိေပၚမင္းသိတာပဲ မင္းကိုငါေျပာျပထားတာပဲ ငါမလုပ္ႏိုင္ဘူး ငါလက္မခံႏိုင္ဘူး ငါေၾကာက္တယ္"

မ်က္ရည္မ်ားဝဲကာ တုန္တုန္ရင္ရင္ေျပာလာတဲ့ေရွာင္က်န႔္ကို ၾကည့္ၿပီး ရိေပၚေနာင္တရတယ္။ ကဗ်ာကယာလက္စြပ္ကို သိမ္းလိုက္ၿပီး ေရွာင္က်န႔္ကို ရင္ခြင္ထဲေကာက္ထည့္လိုက္မိတယ္။

"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္မလုပ္လိုက္သင့္ဘူး။ တကယ္ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္မွားတာပါ"

ေရွာင္က်န႔္ဆံပင္ေတြကို ပြတ္သပ္ရင္း ရိေပၚေျပာေတာ့ ရိေပၚပုခုံးက မွဲ႔နက္တည္ရာဆီ ေရွာင္က်န႔္မ်က္ႏွာအပ္တယ္။

"ငါမင္းကို တကယ္ခ်စ္တာပါ တကယ္ပါ ငါမလိမ္ပါဘူး တကယ္ခ်စ္တာပါ။ ဒါေပမယ့္.."

"သိတယ္ ကြၽန္ေတာ္သိတယ္ ကြၽန္ေတာ္သိတာမို႔ ဒါေကာအမွားမဟုတ္ဘူး ကြၽန္ေတာ္မွားတာပါ ကြၽန္ေတာ္ေလာဘတက္မိတာပါ"

တဆတ္ဆတ္တုန္ေနေသးတဲ့ ေရွာင္က်န႔္ကိုယ္လုံးကို ရိေပၚေထြးေပြ႕ထားၿပီး စိတ္ၿငိမ္သြားတဲ့အထိ ေစာင့္ေနလိုက္တယ္။

"ဘာမွမျဖစ္ဘူးေနာ္ ကြၽန္ေတာ္က်န႔္ေကာကိုယုံတယ္ က်န႔္ေကာကြၽန္ေတာ့္ကိုခ်စ္တာ ကြၽန္ေတာ္သိတယ္ ကြၽန္ေတာ္လည္းက်န႔္ေကာကို ခ်စ္တယ္ေနာ္ ဒီေန႔က ကြၽန္ေတာ္တို႔anniversaryေလေနာ္ ေကာဝမ္းနည္းေနလို႔ဘယ္ျဖစ္မွာလဲ"

ရိေပၚေျပာရင္းက သူ႔ပုခုံးေပၚမ်က္ႏွာအပ္ထားသည့္ ေရွာင္က်န႔္မ်က္ႏွာေလးကို ဆြဲထုတ္ကာ ၿပဳံးျပၿပီး ဘြတ္ကင္ႀကိဳတင္ထားတဲ့ စားပြဲဆီလက္ဆြဲေခၚထားလိုက္တယ္။ ရိေပၚတို႔ႏွစ္ေယာက္ၾကားမွာ လက္ထပ္တယ္ဆိုတာ ပညတ္ခ်က္တစ္ခုနဲ႔ ထပ္မံခ်ည္ေႏွာင္လိုက္႐ုံသပ္သပ္ပါပဲ။ ရိေပၚနဲ႔ က်န႔္ေကာရဲ႕ႏွလုံးသားႏွစ္ခုကို မျမင္ႏိုင္တဲ့သံေယာဇဥ္ နားလည္မႈ ေမတၱာေတြ အမ်ားႀကီး ခ်ည္ေႏွာင္ထားၿပီးသားပဲေလ။ ရိေပၚထပ္ၿပီး ေလာဘမတက္မိဖု႔ိပဲ စိတ္ထဲေတးမွတ္ထားလိုက္႐ုံသာ။

ေတာင္းပန္ပါတယ္ ေကာ

♥️.

ကုတင္ေပၚထိုင္ရင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတဲ့ ရိေပၚမ်က္ႏွာေလးကို ၾကည့္ေနခဲ့တာ ဘယ္ႏွနာရီၾကာေနၿပီလဲမသိ။ေရွာင္က်န႔္ရင္ထဲ တလိပ္လိပ္တက္လာခဲ့တဲ့ အားနာမႈ အျပစ္မကင္းမႈေတြက တနင့္တပိုး။

ဒီလူသားက သူ႔ကိုသိပ္ခ်စ္တာသူယုံတယ္။ ဒါေပမယ့္ မျမင္ႏိုင္တဲ့ ကံၾကမၼာတို႔ ေနာက္ၿပီးေဘးလူေတြ ပတ္ဝန္းက်င္ေတြ အသိုင္းအဝိုင္းေတြ အားလုံး..
ရိေပၚကလြဲၿပီး က်န္တာအားလုံး ယုတ္စြအဆုံး အမ်ားေျပာၾကတဲ့ ရိေပၚနဲ႔ေရွာင္က်န႔္ရဲ႕ဖူးစာဆိုတာႀကီးကိုပါ ေရွာင္က်န႔္မယုံၾကည္ပါ။

ေရွာင္က်န႔္ႀကီးျပင္းလာခဲ့တဲ့ အသိုင္းအဝိုင္းမွာ အိမ္ေထာင္ဆိုတဲ့အရာက ဖန္သားျပင္တစ္ခုထပ္ေတာင္ ပိုပါးလႊာခဲ့တာေလ။ အေမ့အေပၚသစၥာမရွိခဲ့တဲ့အေဖ။ အေဖထားခဲ့လို႔ တစ္ကိုယ္တည္းမိခင္ဘဝနဲ႔ ေရွာင္က်န႔္ကိုပါ ပုခုံးထမ္းတင္ၿပီးရွင္သန္ခဲ့ရတဲ့ ေလာကဓံထုေထာင္းမႈမ်ားစြာနဲ႔အေမ။ သမီးေလးနဲ႔ ေရွာင္က်န႔္ဦးေလးရဲ႕မ်က္ႏွာကိုမွမေထာက္ သူေဌးတစ္ေယာက္ေနာက္ေကာက္ေကာက္ပါေအာင္ လိုက္သြားခဲ့တဲ့ အေဒၚ။ အေနနီးတဲ့အေၾကာင္းျပခ်က္နဲ႔ အတြင္းေရးမႉးမေလးကို ေခၚတင္လာခဲ့တဲ့ အမ်ိဳးသားေၾကာင့္ မ်က္ရည္နဲ႔မ်က္ခြက္ျဖစ္ခဲ့ရတဲ့ ေရွာင္က်န႔္ငယ္စဥ္က အေဒၚတစ္ေယာက္လိုခ်စ္ခင္တြယ္တာရာ အိမ္နီးခ်င္းအမ်ိဳးသမီး။

စသျဖင့္ အိမ္ေထာင္ေရးဆိုတာ ေရွာင္က်န႔္အတြက္ သိပ္ပါးလႊားတဲ့ေရခဲျပင္ေလး။ မွားယြင္းသြားရင္ကိုယ္တစ္ေယာက္တည္းတင္မဟုတ္ပဲ ကိုယ့္ရဲ႕မိသားစုေတြပါ နာက်င္ထိခိုက္ေစတဲ့အရာ။

ေရွာင္က်န႔္ဆီမွာ အ႐ိုးစြဲေနတဲ့ အဲဒီအေၾကာက္တရားက Gamophobiaတဲ့။ အဲဒီအေၾကာက္တရားက အရင့္အရင္ ေရွာင္က်န႔္ရဲ႕ Relationshipေတြမွာလည္း ျပႆနာတစ္ခုျဖစ္ခဲ့တယ္။ ဘယ္ေလာက္ပဲသည္းခံႏိုင္ပါတယ္ဆိုဆို အခ်ိန္တစ္ခုေရာက္ရင္ မိသားစုတစ္ခု အိမ္ေထာင္တစ္ခု ထူေထာင္ခ်င္တယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ေရွာင္က်န႔္ကို တာ့တာျပသြားခဲ့သူေတြအမ်ားႀကီး။

ရိေပၚကေတာ့ မတူညီေလာက္ဘူး။ ဒါလည္း ေရွာင္က်န႔္အထင္ျဖစ္ႏိုင္တယ္။ ေသခ်ာတာက အရင္လူေတြလိုမ်ိဳး ေရွာင္က်န႔္ကို ရိေပၚခြဲခြာသြားမွာ တကယ္ခံစားႏိုင္မယ္မထင္ဘူး။ 8ႏွစ္ေက်ာ္ေရွာင္က်န႔္ေဘးမွာ ရွိေနတဲ့ရိေပၚကို ေရွာင္က်န႔္ခြဲရဖို႔ မေတြးရဲဘူး။

ေရွာင္က်န႔္အတြက္ အရာရာျဖည့္ဆည္းေပးတဲ့ ရိေပၚကို ဒီတစ္ခုေလးေတာင္ ေရွာင္က်န႔္ဖက္က ျပန္မေပးႏိုင္ဘူးလား။

ေရွာင္က်န႔္ကို သတၱိေပးႏိုင္မယ့္ တြန္းအားေလးတစ္ခု..
ရိေပၚအေပၚအႂကြင္းမဲ့ယုံၾကည္ေပးႏိုင္ေလာက္မယ့္ စြမ္းအားတစ္ခု..
ေပးလို႔မရႏိုင္ဘူးလား ဘုရားသခင္..

♥️.

ပတ္ပတ္လည္မွာ ျမင္ေတြ႕ေနရတဲ့ အနိ႒ာ႐ုဏ္ကို ၾကည့္ၿပီး ေရွာင္က်န႔္မ်က္စိလည္တယ္။ သူေနာက္ဆုံးမွတ္မိလိုက္တာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတဲ့ရိေပၚရင္ခြင္ထဲ မ်က္ႏွာအပ္ခိုဝင္လိုက္တာပဲ။

ဒါကဘယ္ေနရာမ်ားလဲ။

အခ်င္းခ်င္းခုတ္ပိုင္းေနၾကတဲ့ဓားခ်က္ေတြ။ ဟိုဟိုဒီဒီဝဲပ်ံေနတဲ့ ျမႇားတံေတြ။
ေျမျပင္ေပၚမွာ စို႐ြဲေနတဲ့ေသြးစက္ေတြ။

ခႏၶာကိုယ္က ေဖာက္ထြက္သြားမွန္းျမင္လိုက္ရတဲ့ မွ်ားတံတစ္ခုေၾကာင့္ အေၾကာက္ေၾကာက္အလန႔္လန႔္နဲ႔ ျမႇားေဖာက္ထြက္ရာ ရင္ဖက္ကို လွမ္းကိုင္မိတယ္။
နာက်င္မႈမရွိ အထိအေတြ႕အလ်င္းမရွိ။
ေရွာင္က်န႔္ဝိဉာဥ္လႊင့္ေနတာလား။

ျမင္ေတြ႕ေနရတဲ့ လူသားတို႔ရဲ႕ ဝတ္စားဆင္ယင္မႈပုံစံေၾကာင့္ ေရွာင္က်န႔္ေရွးအရင္အတိတ္ကာလတစ္ခုကို ေရာက္ေနတယ္လို႔ ယူဆမိလိုက္တယ္။ တဆက္တည္းမွာပဲ ထိုအခ်ိန္ကထက္ ပိုေအးခ်မ္းေနသေယာင္ေယာင္ရွိတဲ့ ေလာကႀကီးကိုေက်းဇူးတင္လိုက္မိသလိုပဲ။
စစ္ပြဲဆိုတာ ဘယ္လိုကာလမ်ိဳးမွာပဲျဖစ္ျဖစ္ မေကာင္းတဲ့အရာတစ္ခုသာ။

မျမင္ရက္စရာျမင္ကြင္းမ်ိဳးဆိုေပမယ့္ အိပ္မက္ကေန ႏိုးထဖို႔ခ်က္ခ်င္း မႀကိဳးစားမိခဲ့ဘူး။ ေရွာင္က်န႔္အၾကည့္ေတြ ဟိုဟိုသည္သည္ ၾကည့္ေနခဲ့ဆဲပဲ။

အမုန္းတရားေတြဘာေၾကာင့္မ်ား မ်ားျပားခဲ့ၾကတာလဲ။

ေရွာင္က်န႔္တိုက္ပြဲတခြင္မ်က္စိကစားၾကည့္ရင္းက..

"ရိေပၚ?"

ေရွာင္က်န႔္ေရွ႕မလွမ္းမကမ္းမွာ ရိေပၚမွရိေပၚရယ္ပါ။

ဒါေပမယ့္ ရိေပၚက ရိေပၚနဲ႔မတူဘူး။ ျဖဴလႊလႊဝတ္စုံကို ဝတ္ဆင္ထားၿပီး ဆံႏြယ္ရွည္ရွည္တို႔တလြင့္လြင့္နဲ႔ရိေပၚ။ ထိုဝတ္႐ုံရွည္နဲ႔ရိေပၚက အမည္းေရာင္ဝတ္႐ုံဝတ္လူသားတစ္ေယာက္ကို ေပြ႕ဖက္ထားတယ္။ ထိုလူသားရဲ႕ ေက်ာျပင္တခြင္မွာ မွ်ားတံမ်ားက ဟိုဟိုသည္သည္ ဆယ္ေခ်ာင္းမက။

ရိေပၚရင္ခြင္ထဲက ထိုလူသားက ဘယ္သူလဲ။ ေရွာင္က်န႔္တစ္လွမ္းခ်င္းတိုးကပ္သြားလိုက္တယ္။

"ေဝ့ရင္း"

ရိေပၚဆီက နာက်င္မႈ ယူႀကဳံးမရမႈ ပူေလာင္မႈ ခံစားခ်က္မ်ိဳးစုံေရာေထြးေနတဲ့ ေရ႐ြတ္သံကို ၾကားလိုက္ရတယ္။ ဘာရယ္မဟုတ္ေပမယ့္ ေရွာင္က်န႔္ရင္ထဲနာတယ္။

ဒါသာ အတိတ္ဘဝတစ္ခုကို ေဖာ္က်ဴးတာဆိုရင္ အတိတ္ဘဝက ရိေပၚဟာ ထိုေဝ့ရင္းဆိုသူလူသားကို သိပ္ခ်စ္ခဲ့တာေသခ်ာပါတယ္။

"လန္က်န႔္..မင္းနဖူးစည္းေလးေစာင္းေနၿပီ"

ရိေပၚရင္ခြင္ထဲက ထြက္လာခဲ့တဲ့အသံေၾကာင့္ ေရွာင္က်န႔္မ်က္လုံးျပဴးမိသလို ရင္ခြင္ထဲမွ လူသားကို ကပ်ာကယာၾကည့္မိတယ္။ ေရွာင္က်န႔္ပါပဲ.. ထိုဝတ္႐ုံနက္ဝတ္လူသားဟာ ေရွာင္က်န႔္မွ ေရွာင္က်န႔္ပဲ။ ထိုလူသားက ေသြးအလိမ္းလိမ္းျဖစ္ေနၿပီး အသက္ေငြ႕ေငြ႕ပဲက်န္တဲ့အခ်ိန္မွာေတာင္ လန္က်န႔္တစ္ျဖစ္လဲ ရိ‌ေပၚ ကို အလွဆုံးၿပဳံးျပေနတယ္။

"လန္ကိုကိုေလးေတာ့ ညစ္ပတ္ကုန္ေတာ့မွာပဲ"

လန္က်န႔္က ဘာမွျပန္မေျပာပဲ ေဝ့ရင္းရဲ႕လက္ကေလးကိုပဲ နဖူးစည္းေပၚေ႐ႊ႕တင္ေပးတယ္။

"ဒုတိယလန္သခင္ေလးကို သိပ္ခ်စ္တာပဲ အရမ္းခ်စ္တာပဲ"

ေဝ့ရင္းဆိုသူက ထိုစကားေလးသာေျပာၿပီးၿငိမ္သက္သြားခဲ့တယ္။ လန္က်န႔္ကေတာ့ ေဝ့ရင္းဆိုသူကို ေပြ႕လ်က္သား။ ထိုစဥ္လန္က်န႔္ေဘးမွ ျဖတ္သန္းသြားေသာ မွ်ားတံတို႔ေၾကာင့္ ေရွာင္းက်န႔္ ေဘးဘီဝဲယာကို ၾကည့္လိုက္ေတာ့ လန္က်န႔္ကို မွ်ားနဲ႔ ခ်ိန္႐ြယ္ပစ္ေနသူကိုလွမ္းျမင္လိုက္ရတယ္။

"ဖယ္ေတာ့ ဖယ္ ခင္ဗ်ားကို ပစ္ေနၾကတယ္ေလ ဖယ္ေတာ့"

အခ်ည္းအႏွီးျဖစ္မယ္မွန္းသိေပမယ့္ လန္က်န႔္ကို ေရွာင္းက်န႔္တြန္းထုတ္ေနမိတယ္။ လန္က်န႔္တစ္ခုခု ျဖစ္မွာ စိုးရိမ္မိတယ္။ ဒါေပမယ့္ လန္က်န႔္ကတုတ္တုတ္မလႈပ္ခဲ့ဘူး။ သူ႔ရင္ခြင္ထဲက ေဝ့ရင္းကိုပဲ ေငးၾကည့္ေနခဲ့တယ္။ သူ႔ကမာၻတစ္ခုလုံး ေဝ့ရင္းဆီမွာ တည္ေနသလိုမ်ိဳး။

ထိုအခ်ိန္မွာပဲ မွ်ားတစ္စင္းက လန္က်န႔္ေက်ာျပင္ကို စိုက္တယ္။

"ခင္ဗ်ား‌သြားပါေတာ့။ ေသတဲ့လူက ေသသြားၿပီ ေဝ့ရင္းက ခင္ဗ်ားကို ေသေစခ်င္မယ္ထင္ေနလို႔လား"

ရိေပၚရဲ႕အတိတ္ဘဝဆိုတဲ့အသိနဲ႔တင္ ေရွာင္က်န႔္နာက်င္မိတယ္။ လန႔္က်န႔္ရဲ႕ မ်က္ႏွာတည္တည္‌က အဖ်ားခတ္တုန္လႈပ္ျခင္းေတာင္မရွိဘူး။ နီရဲေနတဲ့ ႏွာသီးဖ်ားေလးရယ္ နင့္နင့္သီးသီးနာက်င္မႈကို ေဖာ္ျပေနတဲ့ မ်က္ဝန္းအစုံရယ္သာမရွိရင္ ထိုလူသားရဲ႕နာက်င္မႈကို ေရွာင္က်န႔္မျမင္ႏိုင္ေလာက္ဘူး။

"ေဝ့ရင္း"

ေနာက္ထပ္မွ်ားတစ္စင္း ႏွစ္စင္းမွသည္.. ေရွာင္က်န႔္မေရတြက္ရက္ေတာ့သည့္ ပမာဏအထိ ထိုလူသားကို ထိမွန္တယ္။

လန္က်န႔္ကေတာ့ ေနာက္ဆုံးထြက္သက္အထိ ေဝ့ရင္းကို ေပြ႕ပိုက္ဆဲ။

♥️.

ရင္ဖက္ႀကီးတစ္ခုလုံးဆြဲညႇစ္ခံထားရသလို နာၾကင္မြန္းၾကပ္မႈကေန ေရွာင္က်န႔္လန႔္ႏိုးလာခဲ့တယ္။

ဒါကေရာ ဘယ္ေနရာမွာလဲ

ေရွာင္က်န႔္ရပ္ေနရတာ အေဆာက္အအုံႀကီးတစ္ခုရဲ႕ ဝင္ေပါက္ေရွ႕။

ဟိုဟိုဒီဒီသြားလာေနတဲ့ ဂ်ဴတီကုတ္နဲ႔ ဆရာဝန္မ်ား လူနာဝတ္စုံနဲ႔အ႐ြယ္စုံလူသားမ်ားေၾကာင့္ ေဆး႐ုံတစ္ခုလို႔ ေရွာင္က်န႔္ယူဆမိတယ္။

ဒါကေရာဘာလဲ။ အတိတ္လား အနာဂတ္လား။

သိခ်င္စိတ္ျဖင့္ ေဆး႐ုံဧည့္ခန္းမေဆာင္ထဲ ေရွာင္က်န႔္ဝင္သြားလိုက္‌တယ္။ အရင္တေခါက္ကလိုပဲ ေရွာင္က်န႔္ကို ဘယ္သူမွမျမင္ၾက။ အခ်ိန္ကာလနဲ႔ပက္သတ္ၿပီး တစ္ခုခုသိရလိုသိရျငား လိုက္ၾကည့္မိေတာ့ လူနာေစာင့္မ်ား ေဆးခန္းျပလူနာမ်ားကို ယာယီေဖ်ာ္ေျဖဖို႔ ထားထားသည့္ TVတစ္ခုကို လွမ္းျမင္လိုက္တယ္။ ထိုTVဖန္သားျပင္ေအာက္ဖက္အခ်ိန္ျပအကန႔္ေလးတြင္ၫႊန္ျပေနသည္က April 16 2020, 7:30PM

ဟင္ ဒါဆို ေရွာင္က်န႔္ရဲ႕မူလေနရာဆီက ေန႔ရက္နဲ႔အတူတူပဲ။ နာရီပိုင္းေလာက္ပဲ ကြာတယ္။

ဒါဆိုဒါက အနာဂတ္လည္းမဟုတ္ျပန္ဘူး။

"CODE RED! CODE RED! ေသနတ္ဒဏ္ရာရ လူနာႏွစ္ဦး ေဆး႐ုံကို လာေနပါၿပီ ညတာဝန္က် ခြဲစိတ္ကုသေဆာင္မွဆရာဝန္မ်ားနဲ႔ အေရးေပၚကုသေဆာင္မွ သူနာျပဳမ်ား အသင့္ျပင္ထားဖို႔ အေၾကာင္းၾကားပါတယ္"

ေဆး႐ုံစပီကာအသံမွ ျပန႔္လြင့္လာေသာ ၫႊန္ၾကားခ်က္အၿပီး မိနစ္ပိုင္းအတြင္း အေရးေပၚေဆာင္ဟု ဆိုင္းဘုတ္တပ္ထားတဲ့ေနရာက ေျပးထြက္လာတဲ့ လူတစ္စုကို ေရွာင္က်န႔္ျမင္လိုက္ရတယ္။ ေရွ႕ဆုံးကေန ေျပးထြက္လာတာက ဂ်ဴတီကုတ္ျဖဴျဖဴနဲ႔ဆရာဝန္ႏွစ္ေယာက္...

"ငါပဲလားဟ"

ဆရာဝန္ႏွစ္ေယာက္ထဲမွ တစ္ေယာက္က ေရွာင္က်န႔္မွ ေရွာင္က်န႔္စစ္စစ္..
ေရွာင္က်န႔္မေနသာေတာ့ပဲ ထိုအုပ္စုေနာက္ေျပးလိုက္လိုက္တယ္။

ဒီဆရာဝန္ေရွာင္က်န႔္မွာေရာ သူ႔အတြက္သီးသန႔္ရိေပၚ ရွိေနဦးမလား။

ေဆး႐ုံးေရွ႕စင္ဝင္ေအာက္မွာ ထိုအုပ္စုကရပ္ေစာင့္ေနၾကသည္မို႔ သူတို႔နဲ႔မလွမ္းမကမ္းမွာ ေရွာင္က်န႔္ရပ္လိုက္တယ္။ မၾကာခင္မွာပဲ အေရးေပၚကားသံမ်ားၾကားလိုက္ရၿပီး အေရးေပၚကားႏွစ္စီး ျမင္ကြင္းထဲ ဝင္လာခဲ့ပါတယ္။

"ေဒါက္တာကုေဝက ေရွ႕ကားက လူနာကို ၾကည့္လိုက္ပါ ေနာက္ကားက လူနာကို ကြၽန္ေတာ္တာဝန္ယူလိုက္မယ္"

ထိုစကားကို ဆရာဝန္ေရွာင္က်န႔္က ေခါင္းညိတ္ျပသည္။ ဒါဆိုသူ႔နာမည္က ကုေဝေပါ့။

ကုေဝက တိုင္ပင္ထားသလိုပဲ ဦးဆုံးဝင္လာသည့္လူနာတင္ယာဥ္နားဆီ Trolley Bedတစ္ခုတြန္းၿပီးေျပးသြားတာမို႔ ေရွာင္က်န႔္လည္း သူ႔ေနာက္အေျပးလိုက္သြားလိုက္တယ္။ အေရးေပၚလူနာတင္ယာဥ္တံခါးဖြင့္ကာ လူနာကို ဆြဲခ်ၿပီး Trolley Bedေပၚေ႐ႊ႕လိုက္တဲ့တခဏမွာ ေဒါက္တာကုေဝမ်က္ႏွာေပၚက တုန္လႈပ္နာက်င္မႈက အထင္းသား။ ေဒါက္တာကုေဝေဘးက သူနာျပဳႏွစ္ေယာက္မ်က္ႏွာမွာလည္း အံ့အားသင့္မႈမ်ားထင္ဟပ္လ်က္။ ထိုလူနာကို ေရွာင္က်န႔္ၾကည့္လိုက္ေတာ့ ရိေပၚ.. ထပ္ၿပီးေသြးအလိမ္းလိမ္းနဲ႔ပဲလား။ ေရွာင္က်န႔္ပါ ထိုTrolley bedနားအေျပးေရာက္သြားမိတယ္။

"ေသြးေပါင္ခ်ိန္ ၉၀-၆၀ ဆလိုင္း၂လီတာ သြင္းေပးထားပါတယ္......"

အေရးေပၚလူနာတင္ယာဥ္ေပၚမွ ၾကက္ေျခနီဝန္ထမ္းရဲ႕ ေျပာစကားေတြကို ေဒါက္တာကုေဝၾကားႏိုင္ရဲ႕လား ေရွာင္က်န႔္မသိ။ မ်က္ရည္ေပါက္ေပါက္က်လ်က္ တုန္ယင္ေနေသာလက္အစုံျဖင့္ Trolleyတန္းကိုသာ အားစိုက္တြန္းေနတဲ့ ကုေဝဆိုသူရဲ႕ နာက်င္မႈကို ေရွာင္က်န႔္စာနာႏိုင္ပါတယ္။ ေရွာင္က်န႔္ေတာင္ နာက်င္မိတာပဲ။

ဒီေသြးအလိမ္းလိမ္းလူဟာလည္း ရိေပၚတစ္ေယာက္ပဲဆိုတဲ့အသိနဲ႔တင္ ဒီေနရာသစ္ဆီက ဒီလူသား တစ္ခုခုျဖစ္သြားမလားဆိုတာ ေရွာင္က်န႔္ေတာင္စိုးရိမ္ပူပန္‌ေနရင္။ ဒီေနရာက ရိေပၚရဲ႕သက္ဆိုင္သူ ေဒါက္တာကုေဝအေနနဲ႔ ရင္ထဲဘယ္ေလာက္မ်ား ၿပိဳလဲေနမလဲ။

"ခ်န္ယြီ မင္းငါ့ေရွ႕ကို ဒီလိုပုံစံနဲ႔ေပၚလာရဲတယ္လား"

"ခ်န္ယြီ ငါ့ကိုမ်က္လုံးဖြင့္ၾကည့္ေလေနာ္"

"ခ်န္ယြီ မင္းကို ငါစိတ္ဆိုးပစ္မွာ"

သတိမလည္လာေသာ ခ်န္ယြီဆိုသူကို စကားအမ်ိဳးမ်ိဳးေျပာၿပီး ႏႈိးေနရွာတဲ့ကုေဝ။

"ခ်န္ယြီ"

နာမည္ကိုေခၚလိုက္ ဝမ္းဗိုက္ဆီမွ ေသြးထြက္ရာ ေသနတ္ဒဏ္ရာဆီလက္နဲ႔အုပ္ထားလိုက္ မ်က္ႏွာႏုႏုထက္ကို လက္လွမ္းထိေတြ႕လိုက္နဲ႔ ခြဲစိတ္ခန္းဆီသြားရာ လမ္းတေလ်ာက္ ေဒါက္တာကုေဝဟာ ‌ေျခမကိုင္မိ လက္မကိုင္မိ ေသြးပ်က္လ်က္။

"ေဒါက္တာ ေဒါက္တာ ခြဲခန္းအျပင္မွာပဲ ေစာင့္ေနလိုက္ပါရွင္။ ေဒါက္တာ စိတ္အေျခအေနမတည္ၿငိမ္တာမို႔ ခြဲခန္းထဲအထိေတာ့ မလိုက္ပါနဲ႔။ ပါေမာကၡႀကီးကိုယ္တိုင္ ခြဲစိတ္ေပးမွာပါ။ အေကာင္းဆုံးႀကိဳးစားေပးမွာပါ။"

ခြဲစိတ္ခန္းထဲေရာက္လို႔ ပိုးသတ္အဝတ္လဲခန္းဆီေဒါက္တာကုေဝသြားတာနဲ႔ သူနာျပဳမ်ားနဲ႔ အလုပ္သင္ဆရာဝန္မ်ားက ဝိုင္းေျဖာင္းျဖၾကတယ္။

"မလုပ္ပါနဲ႔ ကြၽန္ေတာ္ ဝင္ပါရေစ။ ကြၽန္ေတာ္ကိုယ္တိုင္ကလြဲၿပီး ဘယ္သူနဲ႔မွ စိတ္မခ်ဘူး။ ကြၽန္ေတာ့္ကိုေပးဝင္ပါ။"

"ဆရာကိုယ္တိုင္ ဂ႐ုစိုက္ေပးမွာပါ ကုေဝ စိတ္ေအးေအးထားပါ"

ပါေမာကၡျဖစ္သူကိုယ္တိုင္ ေျဖာင္းျဖေသာ္လည္း ကုေဝလက္‌မေလ်ာ့ေသး။

"ခ်န္ယြီက ကြၽန္ေတာ့္အမ်ိဳးသားပါ သူ႔အနားမွာ ကြၽန္ေတာ္ကိုယ္တိုင္ရွိမွ စိတ္ခ်ႏိုင္မွာပါ။ ကြၽန္ေတာ့္ကိုလက္ေထာက္အေနနဲ႔ပဲျဖစ္ျဖစ္ ဝင္ခြင့္ေပးပါ"

နည္းနည္းမွ ‌အေလ်ာ့မေပးပဲ ဝင္မယ္တကဲကဲတင္းခံေနတဲ့ ကုေဝကို အားလုံးအေလ်ာ့ေပးလိုက္ၾကရပုံေပၚပါတယ္။

ခြဲခန္းထဲတြင္ စိတ္တည္ၿငိမ္ေအာင္ထိမ္းခ်ဳပ္ရင္း ခ်စ္ရသူကို အေကာင္းဆုံးကယ္တင္‌ေနသည့္ ကုေဝအတြက္ေရွာင္က်န႔္စိတ္ထဲမွာ ေရ႐ြတ္မိတာက

"မင္းခ်စ္ရတဲ့ရိေပၚကို မင္းကယ္ႏိုင္မွာပါ မင္းရဲ႕ရိေပၚက မင္းဆီျပန္လာမွာပါ"

♥️.

၄နာရီၾကာ ခြဲစိတ္မႈေအာင္ျမင္သြားခဲ့ေသာ္လည္း လက္ရွိေရွာင္က်န႔္ေရာက္ေနခဲ့တဲ့ေနရာက ရိေပၚတျဖစ္လဲ ခ်န္ယြီက သတိမရလာေသးပါ။ ‌ကုေဝဟာလည္း ခ်န္ယြီနေဘးက တစ္ဖဝါးမွမခြာခဲ့။

လက္ကိုင္ရင္း သတိရလာမယ့္အခ်ိန္ကို ေစာင့္ေနခဲ့တာ၃နာရီ။

ေရွာင္က်န႔္တို႔နဲ႔ မတူကြဲျပားစြာပဲ ဒီေနရာက ခ်န္ယြီနဲ႔ ကုေဝကေတာ့ အိမ္ေထာင္သက္ ၄ႏွစ္ေက်ာ္ရွိေနၿပီတဲ့ေလ။

ခ်န္ယြီနဲ႔ကုေဝဟာ လုပ္ေဖာ္ကိုင္ဖက္ေတြအားက်ေအာင္ တစ္ဦးအေပၚတစ္ဦးခ်စ္ေပးၾကပါသတဲ့။ သူနာျပဳေလးေတြရဲ႕ ေျပာစကားအရေပါ့။

ဒါလည္းေရွာင္က်န႔္အေနနဲ႔ မယုံႏိုင္စရာမရွိျပန္ဘူး။ ေရွ႕မွာလည္း ဘယ္အခ်ိန္ ဘယ္ေနရာကမွန္းမသိတဲ့ ေရွာင္က်န႔္နဲ႔ရိေပၚမူကြဲတစ္စုံတြဲကို ေတြ႕ခဲ့ၿပီးၿပီပဲ။

လန္က်န႔္က ေဝ့ရင္းကို ဆြဲထားခြင့္မရႏိုင္ခဲ့လို႔ အတူတူလိုက္သြားခဲ့ေပမယ့္ ကုေဝကေတာ့ ခ်န္ယြီကို မရရေအာင္ဆြဲထားခဲ့တယ္။ သူ႔လက္နဲ႔ သူကိုယ္တိုင္ကိုယ္က်။

"ခ်န္ယြီ ျမန္ျမန္သတိရလာေတာ့ မင္းသတိရလာတဲ့အခါ ငါမင္းအနားမွာပဲကပ္ေနေတာ့မွာသိလား"

ကုေဝက ခ်န္ယြီရဲ႕ မညီမညာတိုကပ္ကပ္ဆံပင္ေလးမ်ားအားသပ္တင္ေပးရင္း တစ္ကိုယ္တည္းေရ႐ြတ္ကာ နဖူးျပင္ဆီ အနမ္းတစ္ပြင့္ေပးတယ္။

"အိုက္႐ိုး ကြၽန္ေတာ့္ကို ခိုးနမ္းတဲ့ ဒီေဒါက္တာကိုကိုေလးက ဘယ္သူမ်ားပါလိမ့္"

ခ်န္ယြီဟာ သတိရလာလာခ်င္းပဲ ကုေဝကို စေနာက္ေနျပန္တယ္။ ရိေပၚေရွာင္းက်န႔္ကို စေနာက္ေနက်အတိုင္းပင္။ ျဖဴေလ်ာ့ေလ်ာ့‌ႏႈတ္ခမ္းတို႔မွာ ေလ်ာ့ရဲရဲအၿပဳံးတစ္ခုခိုတြယ္လ်က္။

"ခ်န္ယြီ.. ခ်န္ယြီ မင္းသတိရလာၿပီလား မေကာင္းတဲ့ေကာင္ မေကာင္းတဲ့လူ" ‌

ကုေဝကေတာ့ မ်က္ရည္ကိုပိုမဆယ္ႏိုင္ျဖစ္ေနတယ္။ ကုတင္ေပၚက ခ်န္ယြီကို မ်က္ေစာင္းေတြ ထိုးေနလိုက္တာမွ။ တစ္ခ်က္တစ္ခ်က္လက္က ထု႐ိုက္ခ်င္တာကို အရွိန္သတ္ေနတာပါ ေတြ႕မိေတာ့ ေရွာင္က်န႔္ရယ္မိတယ္။ ကုေဝကလည္းေရွာင္က်န႔္လိုပါပဲလား။

"မငိုပါနဲ႔ ေဒါက္တာေခ်ာေခ်ာေလးက‌လည္း"

"ဘာမငိုပါနဲ႔လဲ ဘာမငိုပါနဲ႔လဲ ကိုယ့္ေယာက္်ားေရွ႕ အဲဒီလိုပုံစံနဲ႔ေရာက္လာရလား  ငါႏွလုံးရပ္သြားၿပီေတာင္ထင္တာ ေဆး႐ုံကို မင္းနည္းနည္းေလးအေရာက္ေနာက္က်သြားတာနဲ႔တင္... မင္းသိလား ေတြး႐ုံနဲ႔တင္ ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းလဲဆိုတာ မေကာင္းတဲ့ေကာင္ ဒါေတာင္စေနာက္ႏိုင္ေသးတယ္"

ကုေဝက ေျပာေလ ေဒါသထြက္ေလ ငိုေလ.. ေျပာေလ ခ်န္ယြီကို မ်က္ေစာင္းထိုးေလ။

"ကြၽန္‌ေတာ့္ေယာက္်ားတစ္ေယာက္လုံးက ထူးခြၽန္တဲ့ဆရာဝန္ႀကီးပဲဟာ ကြၽန္ေတာ္ကဘာျဖစ္ရမွာလဲ အလိုေလး ဆရာဝန္ႀကီးက ကေလးေလးလား ႏွပ္ေတြပါထြက္ေနၿပီ"

"တိတ္စမ္း စကားမေျပာနဲ႔ မင္းကိုယ္မင္းလူေကာင္းထင္ေနလား မင္းကိုငါပစ္ထားမွာ ........"

ကတ္ကတ္လန္ရန္ေတြ႕ေနသည့္ဆရာဝန္ေလးႏွင့္ ထိုဆရာဝန္ေလး အငိုတိတ္ေစဖို႔ လူနာကုတင္ေပၚက အမ်ိဳးစုံစေနာက္ေနသည့္ လူနာဝတ္စုံနဲ႔ေကာင္ေလး။

ခ်ိဳၿမိန္တဲ့ျမင္ကြင္းတစ္ခုက တျဖည္းျဖည္း မႈန္ဝါးသြားလာခဲ့တယ္။

ဒီတစ္ခါေတာ့ အိမ္ျပန္ပါရေစ။

♥️.

ဆုေတာင္းမျပည့္ပါဘူး။ အခုေရွာင္က်န႔္က သူ႔ေရွ႕မွာ ရႈိက္ႀကီးတငင္ငိုေနတဲ့ေရွာင္က်န႔္ကို ‌ၾကည့္ေနတယ္။ အခုေရာက္ေနတာက လက္ရွိေနရာရဲ႕ေရွာင္က်န႔္အခန္းလို႔ပဲ ေရွာင္က်န႔္ယူဆတယ္။

ဒီေရွာင္က်န႔္က သူေဌးသား။ အခန္းထဲက ပစၥည္းေတြကို ၾကည့္တာနဲ႔တင္ ေရွာင္က်န႔္ၿဖဳံသြားတယ္။

"ခင္ဗ်ား...ခင္ဗ်ား ဘယ္သူလဲ"

ေရွာင္က်န႔္ေလ်ာက္ၾကည့္ေနရင္းက ငိုေနတဲ့ေရွာင္က်န႔္ဆီမွ အသံေၾကာင့္ လန႔္သြားမိတယ္။

ဟုတ္တယ္ ဒီေရွာင္က်န႔္က သူ႔ကို ‌စိုက္ၾကည့္ၿပီးေျပာေနတာ။ ဧကႏၲ....

"မင္း ငါ့ကို ျမင္ရတာ‌လား??"

"သရဲ.. သရဲလား"

ဒီေနရာကေရွာင္က်န႔္က သူ႔ကိုျပဴးၾကည့္ရင္း မ်က္ႏွာကို ပိုေဖြးဆုတ္သြားသလိုပဲ။ အင္းေပါ့ ကိုယ့္ကိုယ့္ကိုယ္ အေကာင္လိုက္ႀကီး ပြားျမင္‌ေနရတာကို။

"ခင္ဗ်ားဘယ္သူလဲ အား ငါ႐ူးသြားတာလား က်ိရွန္ခုံးေၾကာင့္႐ူးသြားတာလား"

ဒီေရွာင္က်န႔္က ေျပာရင္းဆိုရင္း သူ႔ပါးေတြပါသူျပန္႐ိုက္ေနၿပီမို႔ ေရွာင္က်န႔္အျမန္ဝင္ဆြဲရတယ္။ တကယ္ဆြဲလို႔ေတာ့ မရေပမယ့္ေပါ့။

"ေဟ့ ေဟ့ မလုပ္နဲ႔ မင္း႐ူးေနတာမဟုတ္ဘူး ခဏေလး ခဏ စိတ္ေလ်ာ့"

ေရွာင္က်န႔္ထိုဒုတိယေရွာင္က်န႔္အနား ကပ္သြားၿပီး ေဘးခ်င္းကပ္ကာ သူ႔ကုတင္ေပၚသြားထိုင္လိုက္တယ္။ ဒီ‌ေနရာကေရွာင္က်န႔္က ေရွာင္က်န႔္တကၠသိုလ္ေက်ာင္းသားဘ၀ Versionအတိုင္းပဲ ပါးေဖာင္းေဖာင္းေလးနဲ႔။ ေရွာင္က်န႔္ထက္လည္း ငယ္ပုံရတယ္။

"ခင္ဗ်ားဘယ္သူလဲ ဘာလို႔ကြၽန္ေတာ့္အခန္းထဲေရာက္ေနတာလဲ ဘာလို႔ကြၽန္ေတာ္နဲ႔တူေနတာလဲ"

ေရွာင္က်န႔္က သူ႔အနားကပ္ထိုင္လိုက္တာနဲ႔ သူက ေစြ႕ခနဲဟိုဖက္ကိုေ႐ႊ႕တယ္။

"ေျပာျပမယ္ ေျပာျပမွာမို႔မေၾကာက္နဲ႔ ငါ့နာမည္ကေရွာင္က်န႔္ ငါက...... "

ေရွာင္က်န႔္နာမည္ကမိတ္ဆက္ၿပီး သူ႔ရဲ႕Phobiaအေၾကာင္း ရိေပၚအေၾကာင္းအပါအဝင္ လန္က်န႔္ေဝ့ရင္းနဲ႔ ခ်န္ယြီကုေဝတို႔အေၾကာင္းပါရွင္းျပျဖစ္လိုက္တယ္။

"အဲဒီလိုနဲ႔ ငါဒီကိုေရာက္လာတာပဲ"

"အဲ့ဒါဆို ခင္ဗ်ားက ဝိဉာဥ္လြင့္ေနတာလား"

"အင္း ထင္တာပဲ မင္းနာမည္ ဘယ္လိုေခၚလဲ"

"ကြၽန္ေတာ့္နာမည္က ဖန္းထန္က်ယ္ပါ ေမဘီဖန္းလို႔လည္းေခၚပါတယ္"

"ဆိုေတာ့ မင္းကဘာလို႔ငိုေနတာလဲ"

ေရွာင္က်န႔္သူ႔ေရွ႕က ေရွာင္က်န႔္အငယ္စားကိုေမးလိုက္တယ္။ ေရွာင္က်န႔္မေရာက္လာခင္ကတည္းက ငိုခဲ့တဲ့ပုံပဲ မ်က္ႏွာတစ္ခုလုံးလည္း နီတြတ္ၿပီး။

"အဲဒါက..အဲဒါက.."

ေကာင္ေလးပုံစံက ေျပာဖို႔ပါးစပ္တြန႔္ေနတဲ့ပုံမွာရွိတယ္။ အခုမွသိတဲ့သူမို႔ ထုတ္ေျပာဖို႔ေတြေဝေနတဲ့ပုံမ်ိဳး။

"မစိုးရိမ္ပါနဲ႔ ေျပာပါ။ ငါဘယ္သူ႔ကိုမွ ျပန္မေျပာပါဘူး ျပန္ေျပာလို႔လည္းမရဘူး"

ေကာင္ေလးစိတ္ေပါ့သြားေအာင္ ေရွာင္က်န႔္ခပ္ေနာက္ေနာက္ေျပာေပးလိုက္ေတာ့မွ ေကာင္ေလးက ၿပဳံးတယ္။ ၿပီးေတာ့ သူ႔ကုတင္ေဘးအံဆြဲထဲက ဓာတ္ပုံေလးထုတ္ျပတယ္။ ေကာင္ေလးႏွစ္ေယာက္ပုခုံးဖက္ၿပီး႐ိုက္ထားတဲ့ဓာတ္ပုံေလး။

ဓာတ္ပုံ‌ထဲမွာက ဖန္းထန္က်ယ္ဆိုတဲ့ ေရွာင္းက်န႔္အငယ္စားဗားရွင္းေလးနဲ႔အတူရွိေနတာက ဒီေနရာက ရိေပၚေပါ့။ ေရွာင္က်န႔္မွန္းထားၿပီးသားပါ။ ဒီေန‌ရာက ေကာင္ေလးမွာလည္း သူ႔ရဲ႕သီးျခားရိေပၚရွိေနမယ္ဆိုတာ။

"သူက ကြၽန္ေတာ့္ငယ္သူငယ္ခ်င္း။ က်ိရွန္ခုံးတဲ့။ ေျပာရရင္ ကြၽန္ေတာ္က သူ႔ကိုခ်စ္တယ္ေပါ့‌ဗ်ာ"

ေကာင္ေလးေျပာစကားကို ေရွာင္က်န႔္ေခါင္းညိ‌တ္‌ျပလိုက္တယ္

"အင္း ဆက္ေျပာ"

"သူက ကြၽန္ေတာ့္ကိုသိပ္ဆိုးတာ အရင္တုန္းက သူ႔ေဘးမွာကြၽန္ေတာ္ တစ္ေယာက္တည္းရွိခဲ့ေပမယ့္ အထက္တန္းစတက္ကတည္းက သူရည္းစားထည္လဲတြဲခဲ့တယ္။ ကြၽန္ေတာ္သူ႔ကိုခ်စ္တာ သိသိႀကီးနဲ႔ဗ်ာ"

ဖန္းထန္က်ယ္က ေျပာသာေျပာေနတာ  ဓာတ္ပုံကိုၾကည့္ၿပီး‌ၿပဳံးေနတယ္။

"သူကသာရည္းစားေတြထည္လဲတြဲတာ ကြၽန္ေတာ္က သူမဟုတ္ပဲ တျခားသူငယ္ခ်င္းတစ္ေယာက္ကို နည္းနည္းေလးအသားေပးရင္ေတာင္ ျပႆနာအရမ္းရွာတာ"

ဖန္းထန္က်ယ္ရဲ႕စကားေၾကာင့္ ေရွာင္က်န႔္ၿပဳံးမိတယ္။ဝမ္ရိေပၚတို႔မ်ားကမာၻေတြသာ ေျပာင္းသြားတယ္ သဝန္တိုတဲ့အက်င့္က ေျပာင္းမေနဘူး။

"မနက္က သူနဲ႔ကြၽန္ေတာ္ျပႆနာတက္ၾကတယ္ ထုံးစံအတိုင္း သူက ကြၽန္ေတာ့္ကို ေက်ာင္းကအတန္းေဖာ္တစ္ေယာက္နဲ႔တိုတယ္ေပါ့ဗ်ာ။ ကြၽန္ေတာ္လည္း သည္းမခံႏိုင္ေတာ့တာနဲ႔ေျပာပစ္လိုက္တယ္ အဲ့ေကာင္ေလးကိုႀကိဳက္တယ္လို႔ အတည္တြဲေတာ့မွာလို႔ေလ"

"အင္း အဲ့ေတာ့ သူကဘာတဲ့လဲ"

"ေစာက္ဂ႐ုမစိုက္ဘူးတဲ့ ၿပီးလည္းၿပီးေရာ ကြၽန္ေတာ့္ေရွ႕မွာတင္ သူနဲ႔လက္ရွိတြဲေနတဲ့ေကာင္မေလးကို ခ်စ္ပါတယ္ဆိုၿပီး ဖုန္းဆက္ေျပာတယ္ေလ"

စကားအဆုံး ဖန္းထန္က်ယ္က ဟက္ခနဲရယ္တယ္။

"သူကေတာင္ ကြၽန္ေတာ့္ကို ျပန္စိတ္ဆိုးသြားေသးတာ တရားက်စရာပဲ"

ဒီကေလးႏွစ္ေယာက္ျပႆနာက တစ္မ်ိဳး။ သူတို႔က သူတို႔အခ်စ္ကိုက် ဝန္မခံပဲ တစ္ေယာက္နဲ႔တစ္ေယာက္ အ႐ြဲ႕တိုက္ေနတာကို။ ကေလးေတြဆိုေတာ့လည္း။

"မင္းကေရာ မင္းသူ႔ကိုခ်စ္တာ ဖြင့္မေျပာေတာ့ဘူးလား"

"မေျပာရဲပါဘူး ကြၽန္ေတာ္သူ႔ကိုမယုံဘူး။ သူ,ကစားၿပီးအခ်ိန္တန္ လႊင့္ပစ္ခဲ့တဲ့သူေတြနဲ႔ တစ္စားထဲ အဝင္မခံႏိုင္ဘူး။ ကြၽန္ေတာ့္အခ်စ္က မေပါဘူး"

"နားလည္ပါတယ္ ဒါေပမယ့္ မင္းကသူ႔ကိုခ်စ္ပါတယ္လို႔မေျပာျပရင္ မင္းခ်စ္တာကို သူသိခ်င္မွ သိမွာေလ"

ေရွာင္က်န႔္ကေျပာေတာ့ ထန္က်ယ္က မ်င္ေမွာင္ကုတ္ၾကည့္တယ္။

"ကြၽန္ေတာ့္အျပဳအမူေတြက သိသာေနတာပဲ။ သူ႔အတြက္ဆို ကြၽန္ေတာ္ဘယ္ေတာ့မွ ဘာကိုမွ မၿငိဳညင္ခဲ့ဖူးဘူး အၿမဲလည္းအေလ်ာ့ေပးတယ္။ သူေပ်ာ္ရင္ၿပီးတာပဲ။ အဲ့လိုလုပ္ေပးရင္ေတာင္သူက မႀကိဳက္ဘူး အၿမဲအေလ်ာ့ေပးလို႔ဆိုၿပီး ေဒါသထြက္ျပတယ္ ငယ္ငယ္ကလိုမဟုတ္ေတာ့ဘူး"

"အဲဒါကသူ႔အေတြးက ဒီလိုျဖစ္ေနတယ္မထင္ဘူးလား။ ႏွစ္ေယာက္ထဲမွာ မင္းကပဲ သူ႔အေပၚအေလ်ာ့ေပးေနတာမို႔ မင္းအေပၚမတရားဘူးလို႔ သူယူဆေနတာမ်ိဳးေလ။ တကယ္လည္း Relationshipတစ္ခုမွာ တစ္ေယာက္တည္းက ေလ်ာ့ေပးေနရင္ တစ္ဖက္ေစာင္းနင္းျဖစ္သြားသလိုေပါ့"

ေရွာင္က်န႔္မွာ‌ေျပာသာေျပာေနရတယ္။ ကိုယ့္ဘာကိုယ္ေတာင္ အခ်စ္အေၾကာင္းလိပ္ပတ္လည္ေအာင္မေျပာတတ္သူမို႔ အစီအေငၚတည့္ပါ့မလားမသိေပ။ ေရွာင္က်န႔္ကိုယ္တိုင္လည္း ရိေပၚနဲ႔က တစ္ေယာက္နဲ႔တစ္ေယာက္တြဲသြားရင္းနဲ႔မွ ထိန္းသြားၾကတာမ်ိဳး။

"မသိဘူး ကြၽန္ေတာ္သူ႔ကိုမယုံေတာ့ဘူး"

"ငါကိုယ္တိုင္လည္း အခ်စ္နဲ႔ပက္သက္ၿပီး စာတတန္ေပတတန္ႀကီး မေျပာတတ္ဘူး။ ဒါေပမယ့္ မင္းကိုဖြင့္ေျပာလိုက္ေစခ်င္တယ္။ ဘာလို႔လဲဆိုေတာ့ က်န္တာ မယုံရရင္ေတာင္ သူက ရိေပၚမို႔လို႔ ရိေပၚဆိုတာ မင္းအတြက္မို႔ယုံလို႔ရတယ္"

ေရွာင္က်န႔္စကားကို ထန္က်ယ္က မအူမလည္ၾကည့္လာတယ္။

"ရိေပၚဆိုတာ ငါ့ခ်စ္သူ။ ငါအေပၚမွာရွင္းျပခဲ့တယ္ေလ ငါေတြ႕ခဲ့ရတဲ့လူေတြအေၾကာင္းကို။ မင္းတစ္ေယာက္တည္းပဲ ငါနဲ႔တူေနတာမဟုတ္ဘူး။ ကုေဝ ေဝ့ရင္း သူတို႔လည္း ငါနဲ႔တစ္ပုံစံတည္းပဲ။ အဲ့ဒီလိုပဲ ငါ့ခ်စ္သူရိေပၚနဲ႔လည္း သူတို႔ရဲ႕ခ်စ္သူေတြနဲ႔တစ္႐ုပ္တည္းပဲ ဒီက်ိရွန္ခုံးဆိုတဲ့ေကာင္ေလးအပါအဝင္ေပါ့။ အဲဒါေၾကာင့္  Parallel Universe Time Travel ဝိဉာဥ္လြင့္တယ္ အမည္တပ္ခ်င္သလိုတပ္ပါေစ ငါေျပာခ်င္တာက ငါတို႔ေတြရွိေနတဲ့ေနရာေတြသာ ကြဲသြားတယ္ ေရွာင္က်န႔္တိုင္းအတြက္ ဝမ္ရိေပၚရွိေနခဲ့တယ္။ ဖန္းထန္က်ယ္တိုင္းအတြက္ က်ိရွန္ခုံးရွိေနခဲ့တယ္ေပါ့ကြာ။ ငါေျပာတာ အႂကြင္းမဲ့ယုံလိုက္ပါ။ ငါတို႔ေတြက တစ္ေယာက္အတြက္တစ္ေယာက္ရွိေနခဲ့တာပါ။ မင္းအလွည့္မွေတာ့ လြဲႏိုင္စရာမရွိပါဘူး"

"ေျပာလိုက္လို႔ျဖစ္ပါ့မလား။"

"ဘာလို႔မျဖစ္ရမွာလဲ ထားပါေတာ့ မင္းငါေျပာတာမယုံဘူးပဲထား။ မင္းဖြင့္ေျပာလိုက္ရင္ အနည္းဆုံးသူသိခြင့္ရသြားမယ္။ မင္းသည္လည္း တစ္ဘဝလုံးဒီခံစားခ်က္ႀကီး သိမ္းလို႔ရလို႔ေနာင္တရမွာမဟုတ္ဘူးေလ"

ေရွာင္က်န႔္စကားဆုံးေတာ့ ေကာင္‌‌ေလးက ခဏၿငိမ္သြားတယ္။

"အင္း ေျပာလိုက္မယ္။ ခင္ဗ်ားေျပာသလို အနည္းဆုံးေတာ့ ေနာင္တမရဘူးေပါ့ တကယ္လို႔ သူလက္မခံလို႔ သူငယ္ခ်င္းခန္းျပတ္ေၾကးဆိုလည္း ကြၽန္ေတာ္ဒဏ္ရာအျမန္ရ အျမန္က်က္တာေပါ့"

"ငါအာမခံတယ္ မင္းကိုသူမျငင္းေစရဘူး ေလာင္းမလား အခုဖုန္းဆက္ေခၚလိုက္ေလ သူ႔ကို"

"အခုႀကီးလား ေနာက္မွ ေျပာလို႔မရဘူးလား"

တြန႔္တြန႔္ဆုတ္ဆုတ္နဲ႔ထန္က်ယ္ပုံစံကို ၾကည့္ၿပီးေရွာင္က်န႔္အခုခ်က္ခ်င္းမရမကေျပာခိုင္းမွရမယ္လို႔ေတြးမိတယ္။ ႏို႔မို႔ဆုံးျဖတ္ခ်က္ျပန္ေျပာင္းႏိုင္တယ္။

"မင္းတို႔မႀကိဳက္မခ်င္းငါဒီက မျပန္ရဘူးဆိုဘယ္လိုလုပ္မလဲ ငါ့ရိေပၚငါ့ကိုလြမ္းေနမွာေပါ့ သြား အခုဖုန္းဆက္"

"အင္းပါ တကယ္ပါပဲ"

ထန္က်ယ္က သူ႔လြယ္အိတ္ထဲက ဖုန္းကိုသြားထုတ္လိုက္တယ္ ဒါေပမယ့္ ဖုန္းကိုကိုင္ၿပီးခ်ီတုံခ်တုံက‌ျဖစ္ေနေသးတာ။

"ေရာ ေခၚပါဆိုေနမွ မင္းကလည္း"

"ေခၚၿပီ ေခၚၿပီ"

ေျပာၿပီးေတာ့ ဖုန္းထဲက နံပါတ္တခ်ိဳ႕ကို ထန္က်ယ္ႏွိပ္လိုက္တယ္။ သူကသာ ဟိုေကာင္ေလးက သူ႔ကိုဂ႐ုမစိုက္ဘူးေျပာေနတာ။ ဖုန္းေခၚသံ တူ က အဆုံးထိေတာင္ျမည္သြားရရွာပုံမရဘူး။

"ရွန္ခုံး ငါပါထန္က်ယ္"

"ငါ့ဆီလာခဲ့မလား"

"ဘာလို႔ဘားကို ေရာက္ေနရတာလဲ"

"ေသာက္ထားလား ဆိုင္ကယ္ေမာင္းလို႔ရရဲ႕လား"

"တကယ္ရတာလား"

"ေစာင့္ေနလိုက္မယ္ အင္း ေျဖးေျဖးေမာင္း"

ဖုန္းခ်လိုက္ၿပီးေတာ့ ထန္က်ယ္က ကြၽန္ေတာ့္ကို လွမ္းၾကည့္တယ္။ ထိုေကာင္ေလးမ်က္ဝန္းမွာ ေတြေဝမႈေတြေတြ႕ေနရေသးတာမို႔ ေရွာင္က်န႔္ၿပဳံးလိုက္မိတယ္။

ငါ့ကိုယုံလိုက္စမ္းပါ။

♥️.

က်ိရွန္ခုံးဆိုတဲ့ေကာင္ေလးကို ေစာင့္ေနရင္း ေရွာင္က်န႔္နဲ႔ ထန္က်ယ္ဟိုဟိုဒီဒီစကားေျပာျဖစ္ၾကပါတယ္။ အမ်ားစုကေတာ့ ေရွာင္က်န႔္နဲ႔ ရိေပၚအေၾကာင္းေပါ့။ ၿပီးေတာ့ ေရွာင္က်န႔္ႀကဳံခဲ့ရတဲ့ အျခားႏွစ္ေနရာက ေရွာင္က်န႔္နဲ႔ ရိေပၚႏွစ္တြဲအေၾကာင္းပါပါတယ္။

သိပ္ေတာ့ မေစာင့္လိုက္ရပါဘူး ၁၅မိနစ္လားရယ္။ ထန္က်ယ့္အခန္းတံခါးကို လာေခါက္သံၾကားရတယ္။

"ထန္က်ယ္ ငါေရာက္ၿပီ"

အသံၾကားတာနဲ႔ ဘယ္သူမွန္းေရွာင္က်န႔္သိလိုက္တယ္။ တကယ္ပါ တစ္ေနရာနဲ႔တစ္ေနရာ အသံေလးေတာင္ ေျပာင္းမသြားတဲ့သူက ႏွလုံးသားေျပာင္းသြားတာ ျဖစ္ႏိုင္စရာလား။

ေရွာင္က်န႔္ထန္က်ယ္ကို မ်က္ရိတ္ျပလိုက္တယ္ သြားဖြင့္လိုက္ဖို႔ေပါ့။ ကိုယ္တိုင္ကေတာ့ ထန္က်ယ့္အခန္းေထာင့္ဗီ႐ိုေဘးက ေနရာလြတ္ေလးမွာ ဝင္ေနလိုက္တယ္။ ထန္က်ယ္ေတာင္ျမင္ရတာ အခုဝင္လာတဲ့ရွန္ခုံးကမျမင္ရဘူးလို႔မေျပာႏိုင္ဘူးေလ။

"လာ ရွန္ခုံး"

တံခါးဖြင့္သံၾကားအၿပီး မၾကာခင္မွာပဲ ေရွာင္က်န႔္လွမ္းျမင္ေနရတဲ့ ကုတင္ေနရာဆီ ရွန္ခုံးတစ္ျဖစ္လဲ ရိေပၚေရာက္လာခဲ့သည္။ ထန္က်ယ္က ေရွာင္က်န႔္လူငယ္ဗားရွင္းျဖစ္သလို ရွန္ခုံးကလည္း တကၠသိုလ္ေက်ာင္းသားဘဝက ရိေပၚဗားရွင္းေလး။

"ရွန္ခုံး.. ငါေခၚလိုက္တာကေလ ငါက.."

ထန္က်ယ္စကားမဆုံးလိုက္ေသးဘူး ရွန္ခုံးက ကုတင္ေပၚထိုင္ေနတဲ့ ထန္က်ယ္ေရွ႕ ဝုန္းခနဲထိုင္ခ်တယ္။

"ငိုထားတာလား။ ဘာလို႔လဲ အိမ္နဲ႔ျပသနာျဖစ္လို႔လား။ မ်က္ႏွာကို ရဲေနတာပဲ။ ငါစိတ္ပူေအာင္ကြာ"

ေျပာရင္းက ရွန္ခုံးက ထန္က်ယ္မ်က္ႏွာ တဝိုက္က ဆံပင္ေတြကို သပ္တင္ၿပီး မ်က္ႏွာဝိုင္းဝိုင္းကို ပါးေဖာင္းေဖာင္းႏွစ္ဖက္ကေန အုပ္ကိုင္လိုက္တယ္။

ေရွာင္က်န႔္နဲ႔ေျပာေနတုံးကေတာင္ မ်က္ရည္က်႐ုံက်တဲ့ ထန္က်ယ္ကလည္း ေခ်ာ့သူရွိလို႔ေပလားပဲ အိခနဲ ငိုခ်ပစ္တာမ်ား ေရွ႕က ရွန္ခုံးဆိုတာပ်ာခနဲပဲ။

ဪမခ်စ္ရွာဘူး။

"ငါမင္းကို ခ်စ္လို႔ေလ။ ငါမင္းကို ခ်စ္လို႔ငိုတာေလ မင္းက ငါ့ကိုတြဲခ်င္တဲ့သူနဲ႔တြဲဆိုၿပီး ထားသြားတယ္ ငါခ်စ္တာလဲသိသိႀကီးနဲ႔ တျခားသူကိုလည္း ငါ့ေရွ႕မွာတင္ အတည္ႀကီးခ်စ္တယ္လို႔ေျပာတယ္ "

ထန္က်ယ္က ေျပာလဲေျပာရင္း ရွန္ခုံးကို ရန္ေတြ႕တယ္။ ငိုရင္းေျပာတာမို႔ တစ္ခ်က္တစ္ခ်က္ ျပတ္ေတာင္းျပတ္ေတာင္း ဝူးဝူးဝါးဝါးနဲ႔။

"အိုက္ယား ေနာက္ဆုံးေတာ့ ငါ့ရဲ႕ ထန္က်ယ္ေလး ဖြင့္ေျပာလာၿပီေပါ့ မင္းဆီက ခ်စ္တယ္ဆိုတာ ၾကားရေတာ့တယ္။ အဲဒီစကားၾကားရဖို႔ သုံးလိုက္ရတဲ့နည္းေတြ"

ရွန္ခုံးက ေျပာေတာ့ ထန္က်ယ္ လက္ဆစ္က ရွန္ခုံးႏွဖူးေပၚေဒါက္ခနဲ။ ေရွာင္က်န႔္လည္း ဒီေနရာအထိလက္သန္ေျပာင္ဆဲ။

"မင္းအရင္ေျပာပါလား မင္းအရင္ဖြင့္ေျပာေတာ့ ဘာျဖစ္မွာမို႔လို႔။ မတရားတဲ့ေကာင္"

"မဟုတ္ပါဘူးကြာ ငါက မင္းကိုခ်စ္တယ္ဆိုတာ ငါ့စိတ္ငါအေစာႀကီးထဲကသိတာ။ မင္းသာ သူငယ္ခ်င္းစိတ္လား ခ်စ္သူစိတ္လားမသဲကြဲမွာစိုးလို႔ ငါက ဒီလိုလုပ္ရတာပါ။ မင္းဖက္က ခ်စ္တယ္ တစ္ခြန္းေျပာလိုက္တာနဲ႔ ငါက ပုံၿပီးခ်စ္ပစ္လိုက္ဖို႔အသင့္ပဲ"

"မသိဘူး မင္း ငါ့နား ႏွစ္ပတ္တိတိမလာနဲ႔.."

ေရွ႕ကေန ေခ်ာ့မွန္းသိလို႔ေကာက္လိုက္တမင္ေကာက္ျပေနမွန္းသိသိႀကီးနဲ႔ လိုက္ေခ်ာ့လိုက္လုပ္ေနတဲ့အတြဲကို ၾကည့္ရင္း စိတ္ခ်မ္းသာမိတယ္။

ဝမ္ရိေပၚဆိုတာ ေနရာေတြသာ ေျပာင္းသြားတယ္ ေရွာင္က်န႔္အတြက္ကေရွာင္က်န႔္အတြက္ပဲ။ သူ႔ႏွလုံးသားက ေရွာင့္က်န႔္အတြက္ပဲရွိတာ။

ေသဆုံးသြားပါေစ ရွင္သန္ေနပါေစ ေရွာင္က်န႔္တစ္ေယာက္တည္းအတြက္ပဲ။

ေရွာင္က်န႔္ေျပာတာမမွန္ဘူးလား။

ရိေပၚကို အႂကြင္းမဲ့ ယုံလို႔ရပါတယ္

ရိေပၚကို အႂကြင္းမဲ့ ယုံလို႔ရပါတယ္

ရိေပၚကို အႂကြင္းမဲ့ ယုံလို႔ရပါတယ္

♥️.

အသိစိတ္လည္လည္ခ်င္း ေရွာင္က်န႔္သတိထားမိလိုက္တာ ေနာက္ေက်ာကေန ကိုယ့္ကိုသိုင္းဖက္ထားတဲ့ ခံစားခ်က္။ ဝုန္းခနဲထထိုင္လိုက္တဲ့ ေရွာင္က်န႔္ေၾကာင့္ ေရွာင္က်န႔္ကို ဖက္ၿပီးအိပ္ေနတဲ့ ရိေပၚလည္း လန႔္ႏိုးတယ္။

"က်န႔္ေကာ ဘာျဖစ္တာလဲ။ အိပ္မက္ဆိုးမက္လို႔လား။"

ရိေပၚက ေရွာင္က်န႔္ကို စိုးရိမ္တႀကီးပါပဲ။ အိပ္ရာေဘးက ေရပုလင္းထဲက ေရကိုလည္း ခြက္ထဲငွဲ႔ၿပီး ခ်က္ခ်င္းကမ္းေပးတယ္။

"ကြၽန္ေတာ္ရွိတယ္ေနာ္ က်န႔္ေကာ။ ဘာမွမျဖစ္ဘူး"

ေရွာင္က်န႔္ႏွဖူးျပင္က ေခြၽးစမ်ားကို သုတ္ေပးရင္းေျပာလာတဲ့ရိေပၚကို ေရွာင္က်န႔္ေငးမိတယ္။

ဟုတ္တယ္ ရိေပၚက ေရွာင္က်န႔္အတြက္ အၿမဲရွိေနခဲ့တာပါ။
ေရွာင္က်န႔္ေတာင္းဆိုမႈကို ‌ဘုရားသခင္ကၾကားသြားခဲ့လို႔ ရိေပၚကို အႂကြင္းမဲ့ယုံၾကည္ႏိုင္ေအာင္ သက္ေသျပေပးလိုက္တာပါပဲ။

"ရိေပၚ"

"အင္း က်န႔္ေကာ ေျပာ"

ရိေပၚက စိုးရိမ္ေနဆဲတိုတာ မ်က္လုံးေတြကေန ျမင္ေနရတယ္။

"လက္ထပ္ရေအာင္"

ရိေပၚမ်က္လုံးေတြ ျပဴးက်ယ္သြားတယ္။

"မဟုတ္တာ က်န႔္ေကာ မေန႔ညကကိစၥစိတ္ထဲမထားနဲ႔ေတာ့ တကယ္ဘာမွ..."

ေရွာင္က်န႔္ကို ကပ်ာကယာရွင္းျပလာတဲ့ ရိေပၚႏႈတ္ခမ္းဖူးဖူးေပၚ လက္ညႇိဳးပိတ္တင္လိုက္တယ္။ ဒီတစ္ခါငါေျပာမွာ။

"ငါမင္းကို ယုံတယ္။ ငါ့အေၾကာက္တရားကို ေက်ာ္ၿပီး မင္းအပိုင္အေနနဲ႔ တံဆိပ္အကပ္ခံဖို႔ ငါမင္းကို ယုံတယ္ ငါ့ကိုလက္ထပ္ေပးမလား ရိေပၚ"

ေရွာင္က်န႔္စကားအဆုံးရိေပၚက ေရွာင္က်န႔္လက္ကို အုပ္ကိုင္တယ္။ ေရွာင္က်န႔္လက္ေသးေသးေလးေတြဟာ ရိေပၚလက္အႀကီးႀကီးေတြၾကား ကြက္တိအံဝင္ခြင္က်ေနတယ္။

"ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ့္ကို ယုံေပးလို႔ ခ်စ္ေပးလို႔ က်န႔္ေကာ ဘယ္ေတာ့မွ ေနာင္တမရေစရပါဘူး"

"အင္း ငါယုံတယ္"

ငါနဲ႔ရိေပၚနဲ႔ၾကားက ေနာက္ဆုံးေျခလွမ္းကို ငါလွမ္းၿပီး သူနဲ႔အနီးဆုံးကို ငါေရာက္သြားပါၿပီ။

ေဝ့ရင္း မင္းေရာ လန္က်န႔္နဲ႔အတူ ဘယ္ကိုေရာက္ေနၿပီလဲ။ ဘယ္ေနရာမွာပဲေရာက္ေနေန မင္းတို႔ႏွစ္ေယာက္အတူတူပဲရွိေနမွာ ငါယုံတယ္။

ကုေဝ မင္းလည္း ခ်န္ယြီနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရွိေနတယ္မဟုတ္လား။ ခ်န္ယြီက မင္းအနားမွာပဲ အၿမဲရွိေနမွာမို႔ သိပ္မစိုးရိမ္နဲ႔ဦး။

ထန္က်ယ္ ရွန္ခုံးကို ခ်စ္သူျဖစ္မွ အတိုးခ်ဆိုးမေနနဲ႔ဦး။ ဆိုးလည္း ရွန္ခုံးက မင္းကို အလိုလိုက္မယ္ဆိုတာ ငါသိပါတယ္။

ငါလည္း ရိေပၚနဲ႔ ေပ်ာ္ေနပါ့မယ္။

♥️.

ၿပီးပါၿပီေပါ့ေနာ္ ဒီလိုေလး ေရးခ်င္ခဲ့လို႔ ေရးလိုက္တာပါ စိတ္ကူးေပါက္ရာေရးထားတယ္ေပါ့။ ဖတ္လို႔လည္းအဆင္ေျပမွေျပမွာပါ အကုန္လုံးသြတ္ႁပြတ္ေရးထားတာေရာ အဲဒီေလာက္ေရးႏိုင္တဲ့လက္ရည္မရွိေသးဘူးလို႔လည္း ျမင္ပါတယ္။ ဒါေပမယ့္ ေရးမိတယ္ေပါ့။ ရွင္းခ်င္တာက ဒီမွာေရွာင္က်န႔္က Parallel Universe / Multi-Verse ထဲဝင္သြားတာပါ။ ဒီကမာၻမွာ ေရွာင္က်န႔္နဲ႔ ရိေပၚရွိသလို ေနာက္ထပ္ကမာၻေပါင္းမ်ားစြာမွာလည္း ေရွာင္က်န႔္နဲ႔ရိေပၚရွိေနတယ္ လန္က်န႔္နဲ႔ ေဝ့ရင္းသည္လည္း အသက္ရွိေနတဲ့လူသားေတြလို႔ ကိုယ္ကေတာ့ ေဂါက္ေၾကာင္ေၾကာင္ႏိုင္စြာယုံပါတယ္။ တခါအဲဒါကို အရမ္းခင္တဲ့အမတစ္ေယာက္ကို ေျပာမိေတာ့ သူေတာင္ရယ္ေသးတယ္ "နင္႐ူးသြားၿပီလားတဲ့" ဟဲဟဲ ဒီficေလးကေတာ့ ႐ူးေၾကာင္ေၾကာင္ေလးပါ။

[Unicode]
အားလုံးအတွက် သဘောကျစရာအဆင့်မဝင်ရင်တောင် အပျင်းပြေတဲ့အဆင့်ဝင်ရင်ကျေနပ်ပါတယ် Enjoy

♥️.

"ကျန့်ကော ကျွန်တော်တို့လက်ထပ်ကြရအောင်"

ရှေ့မှာ ဒူးထောက်ပြီးပြောလိုက်တဲ့ရိပေါ်စကားကြောင့် ရှောင်ကျန့်ကြက်သေသေသွားခဲ့တယ်။ သူရိပ်မိခဲ့ရမှာ။ ဒီနေ့လို သူတို့နှစ်ယောက်အတွက် အထိမ်းအမှတ်နေ့မျိုးမှာ ဇိမ်ခံစားသောက်ဆိုင်ကြီး တစ်ခုလုံးကို ငှားထားသလို လူတစ်ယောက်မှမရှိတဲ့အပြင် ထူးထူးခြားခြား အပြင်အဆင်တွေကိုတွေ့ကတည်းက ရှောင်ကျန့်ရိပ်မိခဲ့ရမှာ။

ဘယ်လိုလုပ်ရမလဲ။ သူဘယ်လိုလုပ်ရမလဲ။

ဟိုရောက်ဒီရောက်မငြိမ်မသက်ဖြစ်လာတဲ့ ရှောင်ကျန့်မျက်ဝန်းတွေနဲ့ လှိုက်ဖိုလာတဲ့ရှောင်ကျန့်ရင်ဖက်ကို ကြည့်ရင်း ရိပေါ်တုန်လှုပ်လာတယ်။ ဒီလိုမျိုးမဖြစ်လာတော့ဘူးထင်ခဲ့တာပါ။ အဲဒါကြောင့် ရိပေါ်ဒီလိုမျိုးစီစဉ်ခဲ့မိတာပါ။

"ရိပေါ်မင်းသိတာပဲ မင်းကိုငါပြောပြထားတာပဲ ငါမလုပ်နိုင်ဘူး ငါလက်မခံနိုင်ဘူး ငါကြောက်တယ်"

မျက်ရည်များဝဲကာ တုန်တုန်ရင်ရင်ပြောလာတဲ့ရှောင်ကျန့်ကို ကြည့်ပြီး ရိပေါ်နောင်တရတယ်။ ကဗျာကယာလက်စွပ်ကို သိမ်းလိုက်ပြီး ရှောင်ကျန့်ကို ရင်ခွင်ထဲကောက်ထည့်လိုက်မိတယ်။

"တောင်းပန်ပါတယ် ကျွန်တော်မလုပ်လိုက်သင့်ဘူး။ တကယ်တောင်းပန်ပါတယ်။ ကျွန်တော်မှားတာပါ"

ရှောင်ကျန့်ဆံပင်တွေကို ပွတ်သပ်ရင်း ရိပေါ်ပြောတော့ ရိပေါ်ပုခုံးက မှဲ့နက်တည်ရာဆီ ရှောင်ကျန့်မျက်နှာအပ်တယ်။

"ငါမင်းကို တကယ်ချစ်တာပါ တကယ်ပါ ငါမလိမ်ပါဘူး တကယ်ချစ်တာပါ။ ဒါပေမယ့်.."

"သိတယ် ကျွန်တော်သိတယ် ကျွန်တော်သိတာမို့ ဒါကောအမှားမဟုတ်ဘူး ကျွန်တော်မှားတာပါ ကျွန်တော်လောဘတက်မိတာပါ"

တဆတ်ဆတ်တုန်နေသေးတဲ့ ရှောင်ကျန့်ကိုယ်လုံးကို ရိပေါ်ထွေးပွေ့ထားပြီး စိတ်ငြိမ်သွားတဲ့အထိ စောင့်နေလိုက်တယ်။

"ဘာမှမဖြစ်ဘူးနော် ကျွန်တော်ကျန့်ကောကိုယုံတယ် ကျန့်ကောကျွန်တော့်ကိုချစ်တာ ကျွန်တော်သိတယ် ကျွန်တော်လည်းကျန့်ကောကို ချစ်တယ်နော် ဒီနေ့က ကျွန်တော်တို့anniversaryလေနော် ကောဝမ်းနည်းနေလို့ဘယ်ဖြစ်မှာလဲ"

ရိပေါ်ပြောရင်းက သူ့ပုခုံးပေါ်မျက်နှာအပ်ထားသည့် ရှောင်ကျန့်မျက်နှာလေးကို ဆွဲထုတ်ကာ ပြုံးပြပြီး ဘွတ်ကင်ကြိုတင်ထားတဲ့ စားပွဲဆီလက်ဆွဲခေါ်ထားလိုက်တယ်။ ရိပေါ်တို့နှစ်ယောက်ကြားမှာ လက်ထပ်တယ်ဆိုတာ ပညတ်ချက်တစ်ခုနဲ့ ထပ်မံချည်နှောင်လိုက်ရုံသပ်သပ်ပါပဲ။ ရိပေါ်နဲ့ ကျန့်ကောရဲ့နှလုံးသားနှစ်ခုကို မမြင်နိုင်တဲ့သံယောဇဉ် နားလည်မှု မေတ္တာတွေ အများကြီး ချည်နှောင်ထားပြီးသားပဲလေ။ ရိပေါ်ထပ်ပြီး လောဘမတက်မိဖု့ိပဲ စိတ်ထဲတေးမှတ်ထားလိုက်ရုံသာ။

တောင်းပန်ပါတယ် ကော

♥️.

ကုတင်ပေါ်ထိုင်ရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရိပေါ်မျက်နှာလေးကို ကြည့်နေခဲ့တာ ဘယ်နှနာရီကြာနေပြီလဲမသိ။ရှောင်ကျန့်ရင်ထဲ တလိပ်လိပ်တက်လာခဲ့တဲ့ အားနာမှု အပြစ်မကင်းမှုတွေက တနင့်တပိုး။

ဒီလူသားက သူ့ကိုသိပ်ချစ်တာသူယုံတယ်။ ဒါပေမယ့် မမြင်နိုင်တဲ့ ကံကြမ္မာတို့ နောက်ပြီးဘေးလူတွေ ပတ်ဝန်းကျင်တွေ အသိုင်းအဝိုင်းတွေ အားလုံး..
ရိပေါ်ကလွဲပြီး ကျန်တာအားလုံး ယုတ်စွအဆုံး အများပြောကြတဲ့ ရိပေါ်နဲ့ရှောင်ကျန့်ရဲ့ဖူးစာဆိုတာကြီးကိုပါ ရှောင်ကျန့်မယုံကြည်ပါ။

ရှောင်ကျန့်ကြီးပြင်းလာခဲ့တဲ့ အသိုင်းအဝိုင်းမှာ အိမ်ထောင်ဆိုတဲ့အရာက ဖန်သားပြင်တစ်ခုထပ်တောင် ပိုပါးလွှာခဲ့တာလေ။ အမေ့အပေါ်သစ္စာမရှိခဲ့တဲ့အဖေ။ အဖေထားခဲ့လို့ တစ်ကိုယ်တည်းမိခင်ဘဝနဲ့ ရှောင်ကျန့်ကိုပါ ပုခုံးထမ်းတင်ပြီးရှင်သန်ခဲ့ရတဲ့ လောကဓံထုထောင်းမှုများစွာနဲ့အမေ။ သမီးလေးနဲ့ ရှောင်ကျန့်ဦးလေးရဲ့မျက်နှာကိုမှမထောက် သူဌေးတစ်ယောက်နောက်ကောက်ကောက်ပါအောင် လိုက်သွားခဲ့တဲ့ အဒေါ်။ အနေနီးတဲ့အကြောင်းပြချက်နဲ့ အတွင်းရေးမှူးမလေးကို ခေါ်တင်လာခဲ့တဲ့ အမျိုးသားကြောင့် မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရတဲ့ ရှောင်ကျန့်ငယ်စဉ်က အဒေါ်တစ်ယောက်လိုချစ်ခင်တွယ်တာရာ အိမ်နီးချင်းအမျိုးသမီး။

စသဖြင့် အိမ်ထောင်ရေးဆိုတာ ရှောင်ကျန့်အတွက် သိပ်ပါးလွှားတဲ့ရေခဲပြင်လေး။ မှားယွင်းသွားရင်ကိုယ်တစ်ယောက်တည်းတင်မဟုတ်ပဲ ကိုယ့်ရဲ့မိသားစုတွေပါ နာကျင်ထိခိုက်စေတဲ့အရာ။

ရှောင်ကျန့်ဆီမှာ အရိုးစွဲနေတဲ့ အဲဒီအကြောက်တရားက Gamophobiaတဲ့။ အဲဒီအကြောက်တရားက အရင့်အရင် ရှောင်ကျန့်ရဲ့ Relationshipတွေမှာလည်း ပြဿနာတစ်ခုဖြစ်ခဲ့တယ်။ ဘယ်လောက်ပဲသည်းခံနိုင်ပါတယ်ဆိုဆို အချိန်တစ်ခုရောက်ရင် မိသားစုတစ်ခု အိမ်ထောင်တစ်ခု ထူထောင်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ရှောင်ကျန့်ကို တာ့တာပြသွားခဲ့သူတွေအများကြီး။

ရိပေါ်ကတော့ မတူညီလောက်ဘူး။ ဒါလည်း ရှောင်ကျန့်အထင်ဖြစ်နိုင်တယ်။ သေချာတာက အရင်လူတွေလိုမျိုး ရှောင်ကျန့်ကို ရိပေါ်ခွဲခွာသွားမှာ တကယ်ခံစားနိုင်မယ်မထင်ဘူး။ 8နှစ်ကျော်ရှောင်ကျန့်ဘေးမှာ ရှိနေတဲ့ရိပေါ်ကို ရှောင်ကျန့်ခွဲရဖို့ မတွေးရဲဘူး။

ရှောင်ကျန့်အတွက် အရာရာဖြည့်ဆည်းပေးတဲ့ ရိပေါ်ကို ဒီတစ်ခုလေးတောင် ရှောင်ကျန့်ဖက်က ပြန်မပေးနိုင်ဘူးလား။

ရှောင်ကျန့်ကို သတ္တိပေးနိုင်မယ့် တွန်းအားလေးတစ်ခု..
ရိပေါ်အပေါ်အကြွင်းမဲ့ယုံကြည်ပေးနိုင်လောက်မယ့် စွမ်းအားတစ်ခု..
ပေးလို့မရနိုင်ဘူးလား ဘုရားသခင်..

♥️.

ပတ်ပတ်လည်မှာ မြင်တွေ့နေရတဲ့ အနိဋ္ဌာရုဏ်ကို ကြည့်ပြီး ရှောင်ကျန့်မျက်စိလည်တယ်။ သူနောက်ဆုံးမှတ်မိလိုက်တာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ရိပေါ်ရင်ခွင်ထဲ မျက်နှာအပ်ခိုဝင်လိုက်တာပဲ။

ဒါကဘယ်နေရာများလဲ။

အချင်းချင်းခုတ်ပိုင်းနေကြတဲ့ဓားချက်တွေ။ ဟိုဟိုဒီဒီဝဲပျံနေတဲ့ မြှားတံတွေ။
မြေပြင်ပေါ်မှာ စိုရွဲနေတဲ့သွေးစက်တွေ။

ခန္ဓာကိုယ်က ဖောက်ထွက်သွားမှန်းမြင်လိုက်ရတဲ့ မျှားတံတစ်ခုကြောင့် အကြောက်ကြောက်အလန့်လန့်နဲ့ မြှားဖောက်ထွက်ရာ ရင်ဖက်ကို လှမ်းကိုင်မိတယ်။
နာကျင်မှုမရှိ အထိအတွေ့အလျင်းမရှိ။
ရှောင်ကျန့်ဝိဉာဉ်လွှင့်နေတာလား။

မြင်တွေ့နေရတဲ့ လူသားတို့ရဲ့ ဝတ်စားဆင်ယင်မှုပုံစံကြောင့် ရှောင်ကျန့်ရှေးအရင်အတိတ်ကာလတစ်ခုကို ရောက်နေတယ်လို့ ယူဆမိလိုက်တယ်။ တဆက်တည်းမှာပဲ ထိုအချိန်ကထက် ပိုအေးချမ်းနေသယောင်ယောင်ရှိတဲ့ လောကကြီးကိုကျေးဇူးတင်လိုက်မိသလိုပဲ။
စစ်ပွဲဆိုတာ ဘယ်လိုကာလမျိုးမှာပဲဖြစ်ဖြစ် မကောင်းတဲ့အရာတစ်ခုသာ။

မမြင်ရက်စရာမြင်ကွင်းမျိုးဆိုပေမယ့် အိပ်မက်ကနေ နိုးထဖို့ချက်ချင်း မကြိုးစားမိခဲ့ဘူး။ ရှောင်ကျန့်အကြည့်တွေ ဟိုဟိုသည်သည် ကြည့်နေခဲ့ဆဲပဲ။

အမုန်းတရားတွေဘာကြောင့်များ များပြားခဲ့ကြတာလဲ။

ရှောင်ကျန့်တိုက်ပွဲတခွင်မျက်စိကစားကြည့်ရင်းက..

"ရိပေါ်?"

ရှောင်ကျန့်ရှေ့မလှမ်းမကမ်းမှာ ရိပေါ်မှရိပေါ်ရယ်ပါ။

ဒါပေမယ့် ရိပေါ်က ရိပေါ်နဲ့မတူဘူး။ ဖြူလွှလွှဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်ရှည်တို့တလွင့်လွင့်နဲ့ရိပေါ်။ ထိုဝတ်ရုံရှည်နဲ့ရိပေါ်က အမည်းရောင်ဝတ်ရုံဝတ်လူသားတစ်ယောက်ကို ပွေ့ဖက်ထားတယ်။ ထိုလူသားရဲ့ ကျောပြင်တခွင်မှာ မျှားတံများက ဟိုဟိုသည်သည် ဆယ်ချောင်းမက။

ရိပေါ်ရင်ခွင်ထဲက ထိုလူသားက ဘယ်သူလဲ။ ရှောင်ကျန့်တစ်လှမ်းချင်းတိုးကပ်သွားလိုက်တယ်။

"ဝေ့ရင်း"

ရိပေါ်ဆီက နာကျင်မှု ယူကြုံးမရမှု ပူလောင်မှု ခံစားချက်မျိုးစုံရောထွေးနေတဲ့ ရေရွတ်သံကို ကြားလိုက်ရတယ်။ ဘာရယ်မဟုတ်ပေမယ့် ရှောင်ကျန့်ရင်ထဲနာတယ်။

ဒါသာ အတိတ်ဘဝတစ်ခုကို ဖော်ကျူးတာဆိုရင် အတိတ်ဘဝက ရိပေါ်ဟာ ထိုဝေ့ရင်းဆိုသူလူသားကို သိပ်ချစ်ခဲ့တာသေချာပါတယ်။

"လန်ကျန့်..မင်းနဖူးစည်းလေးစောင်းနေပြီ"

ရိပေါ်ရင်ခွင်ထဲက ထွက်လာခဲ့တဲ့အသံကြောင့် ရှောင်ကျန့်မျက်လုံးပြူးမိသလို ရင်ခွင်ထဲမှ လူသားကို ကပျာကယာကြည့်မိတယ်။ ရှောင်ကျန့်ပါပဲ.. ထိုဝတ်ရုံနက်ဝတ်လူသားဟာ ရှောင်ကျန့်မှ ရှောင်ကျန့်ပဲ။ ထိုလူသားက သွေးအလိမ်းလိမ်းဖြစ်နေပြီး အသက်ငွေ့ငွေ့ပဲကျန်တဲ့အချိန်မှာတောင် လန်ကျန့်တစ်ဖြစ်လဲ ရိ‌ပေါ် ကို အလှဆုံးပြုံးပြနေတယ်။

"လန်ကိုကိုလေးတော့ ညစ်ပတ်ကုန်တော့မှာပဲ"

လန်ကျန့်က ဘာမှပြန်မပြောပဲ ဝေ့ရင်းရဲ့လက်ကလေးကိုပဲ နဖူးစည်းပေါ်ရွှေ့တင်ပေးတယ်။

"ဒုတိယလန်သခင်လေးကို သိပ်ချစ်တာပဲ အရမ်းချစ်တာပဲ"

ဝေ့ရင်းဆိုသူက ထိုစကားလေးသာပြောပြီးငြိမ်သက်သွားခဲ့တယ်။ လန်ကျန့်ကတော့ ဝေ့ရင်းဆိုသူကို ပွေ့လျက်သား။ ထိုစဉ်လန်ကျန့်ဘေးမှ ဖြတ်သန်းသွားသော မျှားတံတို့ကြောင့် ရှောင်းကျန့် ဘေးဘီဝဲယာကို ကြည့်လိုက်တော့ လန်ကျန့်ကို မျှားနဲ့ ချိန်ရွယ်ပစ်နေသူကိုလှမ်းမြင်လိုက်ရတယ်။

"ဖယ်တော့ ဖယ် ခင်ဗျားကို ပစ်နေကြတယ်လေ ဖယ်တော့"

အချည်းအနှီးဖြစ်မယ်မှန်းသိပေမယ့် လန်ကျန့်ကို ရှောင်းကျန့်တွန်းထုတ်နေမိတယ်။ လန်ကျန့်တစ်ခုခု ဖြစ်မှာ စိုးရိမ်မိတယ်။ ဒါပေမယ့် လန်ကျန့်ကတုတ်တုတ်မလှုပ်ခဲ့ဘူး။ သူ့ရင်ခွင်ထဲက ဝေ့ရင်းကိုပဲ ငေးကြည့်နေခဲ့တယ်။ သူ့ကမ္ဘာတစ်ခုလုံး ဝေ့ရင်းဆီမှာ တည်နေသလိုမျိုး။

ထိုအချိန်မှာပဲ မျှားတစ်စင်းက လန်ကျန့်ကျောပြင်ကို စိုက်တယ်။

"ခင်ဗျား‌သွားပါတော့။ သေတဲ့လူက သေသွားပြီ ဝေ့ရင်းက ခင်ဗျားကို သေစေချင်မယ်ထင်နေလို့လား"

ရိပေါ်ရဲ့အတိတ်ဘဝဆိုတဲ့အသိနဲ့တင် ရှောင်ကျန့်နာကျင်မိတယ်။ လန့်ကျန့်ရဲ့ မျက်နှာတည်တည်‌က အဖျားခတ်တုန်လှုပ်ခြင်းတောင်မရှိဘူး။ နီရဲနေတဲ့ နှာသီးဖျားလေးရယ် နင့်နင့်သီးသီးနာကျင်မှုကို ဖော်ပြနေတဲ့ မျက်ဝန်းအစုံရယ်သာမရှိရင် ထိုလူသားရဲ့နာကျင်မှုကို ရှောင်ကျန့်မမြင်နိုင်လောက်ဘူး။

"ဝေ့ရင်း"

နောက်ထပ်မျှားတစ်စင်း နှစ်စင်းမှသည်.. ရှောင်ကျန့်မရေတွက်ရက်တော့သည့် ပမာဏအထိ ထိုလူသားကို ထိမှန်တယ်။

လန်ကျန့်ကတော့ နောက်ဆုံးထွက်သက်အထိ ဝေ့ရင်းကို ပွေ့ပိုက်ဆဲ။

♥️.

ရင်ဖက်ကြီးတစ်ခုလုံးဆွဲညှစ်ခံထားရသလို နာကြင်မွန်းကြပ်မှုကနေ ရှောင်ကျန့်လန့်နိုးလာခဲ့တယ်။

ဒါကရော ဘယ်နေရာမှာလဲ

ရှောင်ကျန့်ရပ်နေရတာ အဆောက်အအုံကြီးတစ်ခုရဲ့ ဝင်ပေါက်ရှေ့။

ဟိုဟိုဒီဒီသွားလာနေတဲ့ ဂျူတီကုတ်နဲ့ ဆရာဝန်များ လူနာဝတ်စုံနဲ့အရွယ်စုံလူသားများကြောင့် ဆေးရုံတစ်ခုလို့ ရှောင်ကျန့်ယူဆမိတယ်။

ဒါကရောဘာလဲ။ အတိတ်လား အနာဂတ်လား။

သိချင်စိတ်ဖြင့် ဆေးရုံဧည့်ခန်းမဆောင်ထဲ ရှောင်ကျန့်ဝင်သွားလိုက်‌တယ်။ အရင်တခေါက်ကလိုပဲ ရှောင်ကျန့်ကို ဘယ်သူမှမမြင်ကြ။ အချိန်ကာလနဲ့ပက်သတ်ပြီး တစ်ခုခုသိရလိုသိရငြား လိုက်ကြည့်မိတော့ လူနာစောင့်များ ဆေးခန်းပြလူနာများကို ယာယီဖျော်ဖြေဖို့ ထားထားသည့် TVတစ်ခုကို လှမ်းမြင်လိုက်တယ်။ ထိုTVဖန်သားပြင်အောက်ဖက်အချိန်ပြအကန့်လေးတွင်ညွှန်ပြနေသည်က April 16 2020, 7:30PM

ဟင် ဒါဆို ရှောင်ကျန့်ရဲ့မူလနေရာဆီက နေ့ရက်နဲ့အတူတူပဲ။ နာရီပိုင်းလောက်ပဲ ကွာတယ်။

ဒါဆိုဒါက အနာဂတ်လည်းမဟုတ်ပြန်ဘူး။

"CODE RED! CODE RED! သေနတ်ဒဏ်ရာရ လူနာနှစ်ဦး ဆေးရုံကို လာနေပါပြီ ညတာဝန်ကျ ခွဲစိတ်ကုသဆောင်မှဆရာဝန်များနဲ့ အရေးပေါ်ကုသဆောင်မှ သူနာပြုများ အသင့်ပြင်ထားဖို့ အကြောင်းကြားပါတယ်"

ဆေးရုံစပီကာအသံမှ ပြန့်လွင့်လာသော ညွှန်ကြားချက်အပြီး မိနစ်ပိုင်းအတွင်း အရေးပေါ်ဆောင်ဟု ဆိုင်းဘုတ်တပ်ထားတဲ့နေရာက ပြေးထွက်လာတဲ့ လူတစ်စုကို ရှောင်ကျန့်မြင်လိုက်ရတယ်။ ရှေ့ဆုံးကနေ ပြေးထွက်လာတာက ဂျူတီကုတ်ဖြူဖြူနဲ့ဆရာဝန်နှစ်ယောက်...

"ငါပဲလားဟ"

ဆရာဝန်နှစ်ယောက်ထဲမှ တစ်ယောက်က ရှောင်ကျန့်မှ ရှောင်ကျန့်စစ်စစ်..
ရှောင်ကျန့်မနေသာတော့ပဲ ထိုအုပ်စုနောက်ပြေးလိုက်လိုက်တယ်။

ဒီဆရာဝန်ရှောင်ကျန့်မှာရော သူ့အတွက်သီးသန့်ရိပေါ် ရှိနေဦးမလား။

ဆေးရုံးရှေ့စင်ဝင်အောက်မှာ ထိုအုပ်စုကရပ်စောင့်နေကြသည်မို့ သူတို့နဲ့မလှမ်းမကမ်းမှာ ရှောင်ကျန့်ရပ်လိုက်တယ်။ မကြာခင်မှာပဲ အရေးပေါ်ကားသံများကြားလိုက်ရပြီး အရေးပေါ်ကားနှစ်စီး မြင်ကွင်းထဲ ဝင်လာခဲ့ပါတယ်။

"ဒေါက်တာကုဝေက ရှေ့ကားက လူနာကို ကြည့်လိုက်ပါ နောက်ကားက လူနာကို ကျွန်တော်တာဝန်ယူလိုက်မယ်"

ထိုစကားကို ဆရာဝန်ရှောင်ကျန့်က ခေါင်းညိတ်ပြသည်။ ဒါဆိုသူ့နာမည်က ကုဝေပေါ့။

ကုဝေက တိုင်ပင်ထားသလိုပဲ ဦးဆုံးဝင်လာသည့်လူနာတင်ယာဉ်နားဆီ Trolley Bedတစ်ခုတွန်းပြီးပြေးသွားတာမို့ ရှောင်ကျန့်လည်း သူ့နောက်အပြေးလိုက်သွားလိုက်တယ်။ အရေးပေါ်လူနာတင်ယာဉ်တံခါးဖွင့်ကာ လူနာကို ဆွဲချပြီး Trolley Bedပေါ်ရွှေ့လိုက်တဲ့တခဏမှာ ဒေါက်တာကုဝေမျက်နှာပေါ်က တုန်လှုပ်နာကျင်မှုက အထင်းသား။ ဒေါက်တာကုဝေဘေးက သူနာပြုနှစ်ယောက်မျက်နှာမှာလည်း အံ့အားသင့်မှုများထင်ဟပ်လျက်။ ထိုလူနာကို ရှောင်ကျန့်ကြည့်လိုက်တော့ ရိပေါ်.. ထပ်ပြီးသွေးအလိမ်းလိမ်းနဲ့ပဲလား။ ရှောင်ကျန့်ပါ ထိုTrolley bedနားအပြေးရောက်သွားမိတယ်။

"သွေးပေါင်ချိန် ၉၀-၆၀ ဆလိုင်း၂လီတာ သွင်းပေးထားပါတယ်......"

အရေးပေါ်လူနာတင်ယာဉ်ပေါ်မှ ကြက်ခြေနီဝန်ထမ်းရဲ့ ပြောစကားတွေကို ဒေါက်တာကုဝေကြားနိုင်ရဲ့လား ရှောင်ကျန့်မသိ။ မျက်ရည်ပေါက်ပေါက်ကျလျက် တုန်ယင်နေသောလက်အစုံဖြင့် Trolleyတန်းကိုသာ အားစိုက်တွန်းနေတဲ့ ကုဝေဆိုသူရဲ့ နာကျင်မှုကို ရှောင်ကျန့်စာနာနိုင်ပါတယ်။ ရှောင်ကျန့်တောင် နာကျင်မိတာပဲ။

ဒီသွေးအလိမ်းလိမ်းလူဟာလည်း ရိပေါ်တစ်ယောက်ပဲဆိုတဲ့အသိနဲ့တင် ဒီနေရာသစ်ဆီက ဒီလူသား တစ်ခုခုဖြစ်သွားမလားဆိုတာ ရှောင်ကျန့်တောင်စိုးရိမ်ပူပန်‌နေရင်။ ဒီနေရာက ရိပေါ်ရဲ့သက်ဆိုင်သူ ဒေါက်တာကုဝေအနေနဲ့ ရင်ထဲဘယ်လောက်များ ပြိုလဲနေမလဲ။

"ချန်ယွီ မင်းငါ့ရှေ့ကို ဒီလိုပုံစံနဲ့ပေါ်လာရဲတယ်လား"

"ချန်ယွီ ငါ့ကိုမျက်လုံးဖွင့်ကြည့်လေနော်"

"ချန်ယွီ မင်းကို ငါစိတ်ဆိုးပစ်မှာ"

သတိမလည်လာသော ချန်ယွီဆိုသူကို စကားအမျိုးမျိုးပြောပြီး နှိုးနေရှာတဲ့ကုဝေ။

"ချန်ယွီ"

နာမည်ကိုခေါ်လိုက် ဝမ်းဗိုက်ဆီမှ သွေးထွက်ရာ သေနတ်ဒဏ်ရာဆီလက်နဲ့အုပ်ထားလိုက် မျက်နှာနုနုထက်ကို လက်လှမ်းထိတွေ့လိုက်နဲ့ ခွဲစိတ်ခန်းဆီသွားရာ လမ်းတလျောက် ဒေါက်တာကုဝေဟာ ‌ခြေမကိုင်မိ လက်မကိုင်မိ သွေးပျက်လျက်။

"ဒေါက်တာ ဒေါက်တာ ခွဲခန်းအပြင်မှာပဲ စောင့်နေလိုက်ပါရှင်။ ဒေါက်တာ စိတ်အခြေအနေမတည်ငြိမ်တာမို့ ခွဲခန်းထဲအထိတော့ မလိုက်ပါနဲ့။ ပါမောက္ခကြီးကိုယ်တိုင် ခွဲစိတ်ပေးမှာပါ။ အကောင်းဆုံးကြိုးစားပေးမှာပါ။"

ခွဲစိတ်ခန်းထဲရောက်လို့ ပိုးသတ်အဝတ်လဲခန်းဆီဒေါက်တာကုဝေသွားတာနဲ့ သူနာပြုများနဲ့ အလုပ်သင်ဆရာဝန်များက ဝိုင်းဖြောင်းဖြကြတယ်။

"မလုပ်ပါနဲ့ ကျွန်တော် ဝင်ပါရစေ။ ကျွန်တော်ကိုယ်တိုင်ကလွဲပြီး ဘယ်သူနဲ့မှ စိတ်မချဘူး။ ကျွန်တော့်ကိုပေးဝင်ပါ။"

"ဆရာကိုယ်တိုင် ဂရုစိုက်ပေးမှာပါ ကုဝေ စိတ်အေးအေးထားပါ"

ပါမောက္ခဖြစ်သူကိုယ်တိုင် ဖြောင်းဖြသော်လည်း ကုဝေလက်‌မလျော့သေး။

"ချန်ယွီက ကျွန်တော့်အမျိုးသားပါ သူ့အနားမှာ ကျွန်တော်ကိုယ်တိုင်ရှိမှ စိတ်ချနိုင်မှာပါ။ ကျွန်တော့်ကိုလက်ထောက်အနေနဲ့ပဲဖြစ်ဖြစ် ဝင်ခွင့်ပေးပါ"

နည်းနည်းမှ ‌အလျော့မပေးပဲ ဝင်မယ်တကဲကဲတင်းခံနေတဲ့ ကုဝေကို အားလုံးအလျော့ပေးလိုက်ကြရပုံပေါ်ပါတယ်။

ခွဲခန်းထဲတွင် စိတ်တည်ငြိမ်အောင်ထိမ်းချုပ်ရင်း ချစ်ရသူကို အကောင်းဆုံးကယ်တင်‌နေသည့် ကုဝေအတွက်ရှောင်ကျန့်စိတ်ထဲမှာ ရေရွတ်မိတာက

"မင်းချစ်ရတဲ့ရိပေါ်ကို မင်းကယ်နိုင်မှာပါ မင်းရဲ့ရိပေါ်က မင်းဆီပြန်လာမှာပါ"

♥️.

၄နာရီကြာ ခွဲစိတ်မှုအောင်မြင်သွားခဲ့သော်လည်း လက်ရှိရှောင်ကျန့်ရောက်နေခဲ့တဲ့နေရာက ရိပေါ်တဖြစ်လဲ ချန်ယွီက သတိမရလာသေးပါ။ ‌ကုဝေဟာလည်း ချန်ယွီနဘေးက တစ်ဖဝါးမှမခွာခဲ့။

လက်ကိုင်ရင်း သတိရလာမယ့်အချိန်ကို စောင့်နေခဲ့တာ၃နာရီ။

ရှောင်ကျန့်တို့နဲ့ မတူကွဲပြားစွာပဲ ဒီနေရာက ချန်ယွီနဲ့ ကုဝေကတော့ အိမ်ထောင်သက် ၄နှစ်ကျော်ရှိနေပြီတဲ့လေ။

ချန်ယွီနဲ့ကုဝေဟာ လုပ်ဖော်ကိုင်ဖက်တွေအားကျအောင် တစ်ဦးအပေါ်တစ်ဦးချစ်ပေးကြပါသတဲ့။ သူနာပြုလေးတွေရဲ့ ပြောစကားအရပေါ့။

ဒါလည်းရှောင်ကျန့်အနေနဲ့ မယုံနိုင်စရာမရှိပြန်ဘူး။ ရှေ့မှာလည်း ဘယ်အချိန် ဘယ်နေရာကမှန်းမသိတဲ့ ရှောင်ကျန့်နဲ့ရိပေါ်မူကွဲတစ်စုံတွဲကို တွေ့ခဲ့ပြီးပြီပဲ။

လန်ကျန့်က ဝေ့ရင်းကို ဆွဲထားခွင့်မရနိုင်ခဲ့လို့ အတူတူလိုက်သွားခဲ့ပေမယ့် ကုဝေကတော့ ချန်ယွီကို မရရအောင်ဆွဲထားခဲ့တယ်။ သူ့လက်နဲ့ သူကိုယ်တိုင်ကိုယ်ကျ။

"ချန်ယွီ မြန်မြန်သတိရလာတော့ မင်းသတိရလာတဲ့အခါ ငါမင်းအနားမှာပဲကပ်နေတော့မှာသိလား"

ကုဝေက ချန်ယွီရဲ့ မညီမညာတိုကပ်ကပ်ဆံပင်လေးများအားသပ်တင်ပေးရင်း တစ်ကိုယ်တည်းရေရွတ်ကာ နဖူးပြင်ဆီ အနမ်းတစ်ပွင့်ပေးတယ်။

"အိုက်ရိုး ကျွန်တော့်ကို ခိုးနမ်းတဲ့ ဒီဒေါက်တာကိုကိုလေးက ဘယ်သူများပါလိမ့်"

ချန်ယွီဟာ သတိရလာလာချင်းပဲ ကုဝေကို စနောက်နေပြန်တယ်။ ရိပေါ်ရှောင်းကျန့်ကို စနောက်နေကျအတိုင်းပင်။ ဖြူလျော့လျော့‌နှုတ်ခမ်းတို့မှာ လျော့ရဲရဲအပြုံးတစ်ခုခိုတွယ်လျက်။

"ချန်ယွီ.. ချန်ယွီ မင်းသတိရလာပြီလား မကောင်းတဲ့ကောင် မကောင်းတဲ့လူ" ‌

ကုဝေကတော့ မျက်ရည်ကိုပိုမဆယ်နိုင်ဖြစ်နေတယ်။ ကုတင်ပေါ်က ချန်ယွီကို မျက်စောင်းတွေ ထိုးနေလိုက်တာမှ။ တစ်ချက်တစ်ချက်လက်က ထုရိုက်ချင်တာကို အရှိန်သတ်နေတာပါ တွေ့မိတော့ ရှောင်ကျန့်ရယ်မိတယ်။ ကုဝေကလည်းရှောင်ကျန့်လိုပါပဲလား။

"မငိုပါနဲ့ ဒေါက်တာချောချောလေးက‌လည်း"

"ဘာမငိုပါနဲ့လဲ ဘာမငိုပါနဲ့လဲ ကိုယ့်ယောက်ျားရှေ့ အဲဒီလိုပုံစံနဲ့ရောက်လာရလား  ငါနှလုံးရပ်သွားပြီတောင်ထင်တာ ဆေးရုံကို မင်းနည်းနည်းလေးအရောက်နောက်ကျသွားတာနဲ့တင်... မင်းသိလား တွေးရုံနဲ့တင် ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ မကောင်းတဲ့ကောင် ဒါတောင်စနောက်နိုင်သေးတယ်"

ကုဝေက ပြောလေ ဒေါသထွက်လေ ငိုလေ.. ပြောလေ ချန်ယွီကို မျက်စောင်းထိုးလေ။

"ကျွန်‌တော့်ယောက်ျားတစ်ယောက်လုံးက ထူးချွန်တဲ့ဆရာဝန်ကြီးပဲဟာ ကျွန်တော်ကဘာဖြစ်ရမှာလဲ အလိုလေး ဆရာဝန်ကြီးက ကလေးလေးလား နှပ်တွေပါထွက်နေပြီ"

"တိတ်စမ်း စကားမပြောနဲ့ မင်းကိုယ်မင်းလူကောင်းထင်နေလား မင်းကိုငါပစ်ထားမှာ ........"

ကတ်ကတ်လန်ရန်တွေ့နေသည့်ဆရာဝန်လေးနှင့် ထိုဆရာဝန်လေး အငိုတိတ်စေဖို့ လူနာကုတင်ပေါ်က အမျိုးစုံစနောက်နေသည့် လူနာဝတ်စုံနဲ့ကောင်လေး။

ချိုမြိန်တဲ့မြင်ကွင်းတစ်ခုက တဖြည်းဖြည်း မှုန်ဝါးသွားလာခဲ့တယ်။

ဒီတစ်ခါတော့ အိမ်ပြန်ပါရစေ။

♥️.

ဆုတောင်းမပြည့်ပါဘူး။ အခုရှောင်ကျန့်က သူ့ရှေ့မှာ ရှိုက်ကြီးတငင်ငိုနေတဲ့ရှောင်ကျန့်ကို ‌ကြည့်နေတယ်။ အခုရောက်နေတာက လက်ရှိနေရာရဲ့ရှောင်ကျန့်အခန်းလို့ပဲ ရှောင်ကျန့်ယူဆတယ်။

ဒီရှောင်ကျန့်က သူဌေးသား။ အခန်းထဲက ပစ္စည်းတွေကို ကြည့်တာနဲ့တင် ရှောင်ကျန့်ဖြုံသွားတယ်။

"ခင်ဗျား...ခင်ဗျား ဘယ်သူလဲ"

ရှောင်ကျန့်လျောက်ကြည့်နေရင်းက ငိုနေတဲ့ရှောင်ကျန့်ဆီမှ အသံကြောင့် လန့်သွားမိတယ်။

ဟုတ်တယ် ဒီရှောင်ကျန့်က သူ့ကို ‌စိုက်ကြည့်ပြီးပြောနေတာ။ ဧကန္တ....

"မင်း ငါ့ကို မြင်ရတာ‌လား??"

"သရဲ.. သရဲလား"

ဒီနေရာကရှောင်ကျန့်က သူ့ကိုပြူးကြည့်ရင်း မျက်နှာကို ပိုဖွေးဆုတ်သွားသလိုပဲ။ အင်းပေါ့ ကိုယ့်ကိုယ့်ကိုယ် အကောင်လိုက်ကြီး ပွားမြင်‌နေရတာကို။

"ခင်ဗျားဘယ်သူလဲ အား ငါရူးသွားတာလား ကျိရှန်ခုံးကြောင့်ရူးသွားတာလား"

ဒီရှောင်ကျန့်က ပြောရင်းဆိုရင်း သူ့ပါးတွေပါသူပြန်ရိုက်နေပြီမို့ ရှောင်ကျန့်အမြန်ဝင်ဆွဲရတယ်။ တကယ်ဆွဲလို့တော့ မရပေမယ့်ပေါ့။

"ဟေ့ ဟေ့ မလုပ်နဲ့ မင်းရူးနေတာမဟုတ်ဘူး ခဏလေး ခဏ စိတ်လျော့"

ရှောင်ကျန့်ထိုဒုတိယရှောင်ကျန့်အနား ကပ်သွားပြီး ဘေးချင်းကပ်ကာ သူ့ကုတင်ပေါ်သွားထိုင်လိုက်တယ်။ ဒီ‌နေရာကရှောင်ကျန့်က ရှောင်ကျန့်တက္ကသိုလ်ကျောင်းသားဘ၀ Versionအတိုင်းပဲ ပါးဖောင်းဖောင်းလေးနဲ့။ ရှောင်ကျန့်ထက်လည်း ငယ်ပုံရတယ်။

"ခင်ဗျားဘယ်သူလဲ ဘာလို့ကျွန်တော့်အခန်းထဲရောက်နေတာလဲ ဘာလို့ကျွန်တော်နဲ့တူနေတာလဲ"

ရှောင်ကျန့်က သူ့အနားကပ်ထိုင်လိုက်တာနဲ့ သူက စွေ့ခနဲဟိုဖက်ကိုရွှေ့တယ်။

"ပြောပြမယ် ပြောပြမှာမို့မကြောက်နဲ့ ငါ့နာမည်ကရှောင်ကျန့် ငါက...... "

ရှောင်ကျန့်နာမည်ကမိတ်ဆက်ပြီး သူ့ရဲ့Phobiaအကြောင်း ရိပေါ်အကြောင်းအပါအဝင် လန်ကျန့်ဝေ့ရင်းနဲ့ ချန်ယွီကုဝေတို့အကြောင်းပါရှင်းပြဖြစ်လိုက်တယ်။

"အဲဒီလိုနဲ့ ငါဒီကိုရောက်လာတာပဲ"

"အဲ့ဒါဆို ခင်ဗျားက ဝိဉာဉ်လွင့်နေတာလား"

"အင်း ထင်တာပဲ မင်းနာမည် ဘယ်လိုခေါ်လဲ"

"ကျွန်တော့်နာမည်က ဖန်းထန်ကျယ်ပါ မေဘီဖန်းလို့လည်းခေါ်ပါတယ်"

"ဆိုတော့ မင်းကဘာလို့ငိုနေတာလဲ"

ရှောင်ကျန့်သူ့ရှေ့က ရှောင်ကျန့်အငယ်စားကိုမေးလိုက်တယ်။ ရှောင်ကျန့်မရောက်လာခင်ကတည်းက ငိုခဲ့တဲ့ပုံပဲ မျက်နှာတစ်ခုလုံးလည်း နီတွတ်ပြီး။

"အဲဒါက..အဲဒါက.."

ကောင်လေးပုံစံက ပြောဖို့ပါးစပ်တွန့်နေတဲ့ပုံမှာရှိတယ်။ အခုမှသိတဲ့သူမို့ ထုတ်ပြောဖို့တွေဝေနေတဲ့ပုံမျိုး။

"မစိုးရိမ်ပါနဲ့ ပြောပါ။ ငါဘယ်သူ့ကိုမှ ပြန်မပြောပါဘူး ပြန်ပြောလို့လည်းမရဘူး"

ကောင်လေးစိတ်ပေါ့သွားအောင် ရှောင်ကျန့်ခပ်နောက်နောက်ပြောပေးလိုက်တော့မှ ကောင်လေးက ပြုံးတယ်။ ပြီးတော့ သူ့ကုတင်ဘေးအံဆွဲထဲက ဓာတ်ပုံလေးထုတ်ပြတယ်။ ကောင်လေးနှစ်ယောက်ပုခုံးဖက်ပြီးရိုက်ထားတဲ့ဓာတ်ပုံလေး။

ဓာတ်ပုံ‌ထဲမှာက ဖန်းထန်ကျယ်ဆိုတဲ့ ရှောင်းကျန့်အငယ်စားဗားရှင်းလေးနဲ့အတူရှိနေတာက ဒီနေရာက ရိပေါ်ပေါ့။ ရှောင်ကျန့်မှန်းထားပြီးသားပါ။ ဒီနေ‌ရာက ကောင်လေးမှာလည်း သူ့ရဲ့သီးခြားရိပေါ်ရှိနေမယ်ဆိုတာ။

"သူက ကျွန်တော့်ငယ်သူငယ်ချင်း။ ကျိရှန်ခုံးတဲ့။ ပြောရရင် ကျွန်တော်က သူ့ကိုချစ်တယ်ပေါ့‌ဗျာ"

ကောင်လေးပြောစကားကို ရှောင်ကျန့်ခေါင်းညိ‌တ်‌ပြလိုက်တယ်

"အင်း ဆက်ပြော"

"သူက ကျွန်တော့်ကိုသိပ်ဆိုးတာ အရင်တုန်းက သူ့ဘေးမှာကျွန်တော် တစ်ယောက်တည်းရှိခဲ့ပေမယ့် အထက်တန်းစတက်ကတည်းက သူရည်းစားထည်လဲတွဲခဲ့တယ်။ ကျွန်တော်သူ့ကိုချစ်တာ သိသိကြီးနဲ့ဗျာ"

ဖန်းထန်ကျယ်က ပြောသာပြောနေတာ  ဓာတ်ပုံကိုကြည့်ပြီး‌ပြုံးနေတယ်။

"သူကသာရည်းစားတွေထည်လဲတွဲတာ ကျွန်တော်က သူမဟုတ်ပဲ တခြားသူငယ်ချင်းတစ်ယောက်ကို နည်းနည်းလေးအသားပေးရင်တောင် ပြဿနာအရမ်းရှာတာ"

ဖန်းထန်ကျယ်ရဲ့စကားကြောင့် ရှောင်ကျန့်ပြုံးမိတယ်။ဝမ်ရိပေါ်တို့များကမ္ဘာတွေသာ ပြောင်းသွားတယ် သဝန်တိုတဲ့အကျင့်က ပြောင်းမနေဘူး။

"မနက်က သူနဲ့ကျွန်တော်ပြဿနာတက်ကြတယ် ထုံးစံအတိုင်း သူက ကျွန်တော့်ကို ကျောင်းကအတန်းဖော်တစ်ယောက်နဲ့တိုတယ်ပေါ့ဗျာ။ ကျွန်တော်လည်း သည်းမခံနိုင်တော့တာနဲ့ပြောပစ်လိုက်တယ် အဲ့ကောင်လေးကိုကြိုက်တယ်လို့ အတည်တွဲတော့မှာလို့လေ"

"အင်း အဲ့တော့ သူကဘာတဲ့လဲ"

"စောက်ဂရုမစိုက်ဘူးတဲ့ ပြီးလည်းပြီးရော ကျွန်တော့်ရှေ့မှာတင် သူနဲ့လက်ရှိတွဲနေတဲ့ကောင်မလေးကို ချစ်ပါတယ်ဆိုပြီး ဖုန်းဆက်ပြောတယ်လေ"

စကားအဆုံး ဖန်းထန်ကျယ်က ဟက်ခနဲရယ်တယ်။

"သူကတောင် ကျွန်တော့်ကို ပြန်စိတ်ဆိုးသွားသေးတာ တရားကျစရာပဲ"

ဒီကလေးနှစ်ယောက်ပြဿနာက တစ်မျိုး။ သူတို့က သူတို့အချစ်ကိုကျ ဝန်မခံပဲ တစ်ယောက်နဲ့တစ်ယောက် အရွဲ့တိုက်နေတာကို။ ကလေးတွေဆိုတော့လည်း။

"မင်းကရော မင်းသူ့ကိုချစ်တာ ဖွင့်မပြောတော့ဘူးလား"

"မပြောရဲပါဘူး ကျွန်တော်သူ့ကိုမယုံဘူး။ သူ,ကစားပြီးအချိန်တန် လွှင့်ပစ်ခဲ့တဲ့သူတွေနဲ့ တစ်စားထဲ အဝင်မခံနိုင်ဘူး။ ကျွန်တော့်အချစ်က မပေါဘူး"

"နားလည်ပါတယ် ဒါပေမယ့် မင်းကသူ့ကိုချစ်ပါတယ်လို့မပြောပြရင် မင်းချစ်တာကို သူသိချင်မှ သိမှာလေ"

ရှောင်ကျန့်ကပြောတော့ ထန်ကျယ်က မျက်မှောင်ကုတ်ကြည့်တယ်။

"ကျွန်တော့်အပြုအမူတွေက သိသာနေတာပဲ။ သူ့အတွက်ဆို ကျွန်တော်ဘယ်တော့မှ ဘာကိုမှ မငြိုညင်ခဲ့ဖူးဘူး အမြဲလည်းအလျော့ပေးတယ်။ သူပျော်ရင်ပြီးတာပဲ။ အဲ့လိုလုပ်ပေးရင်တောင်သူက မကြိုက်ဘူး အမြဲအလျော့ပေးလို့ဆိုပြီး ဒေါသထွက်ပြတယ် ငယ်ငယ်ကလိုမဟုတ်တော့ဘူး"

"အဲဒါကသူ့အတွေးက ဒီလိုဖြစ်နေတယ်မထင်ဘူးလား။ နှစ်ယောက်ထဲမှာ မင်းကပဲ သူ့အပေါ်အလျော့ပေးနေတာမို့ မင်းအပေါ်မတရားဘူးလို့ သူယူဆနေတာမျိုးလေ။ တကယ်လည်း Relationshipတစ်ခုမှာ တစ်ယောက်တည်းက လျော့ပေးနေရင် တစ်ဖက်စောင်းနင်းဖြစ်သွားသလိုပေါ့"

ရှောင်ကျန့်မှာ‌ပြောသာပြောနေရတယ်။ ကိုယ့်ဘာကိုယ်တောင် အချစ်အကြောင်းလိပ်ပတ်လည်အောင်မပြောတတ်သူမို့ အစီအငေါ်တည့်ပါ့မလားမသိပေ။ ရှောင်ကျန့်ကိုယ်တိုင်လည်း ရိပေါ်နဲ့က တစ်ယောက်နဲ့တစ်ယောက်တွဲသွားရင်းနဲ့မှ ထိန်းသွားကြတာမျိုး။

"မသိဘူး ကျွန်တော်သူ့ကိုမယုံတော့ဘူး"

"ငါကိုယ်တိုင်လည်း အချစ်နဲ့ပက်သက်ပြီး စာတတန်ပေတတန်ကြီး မပြောတတ်ဘူး။ ဒါပေမယ့် မင်းကိုဖွင့်ပြောလိုက်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကျန်တာ မယုံရရင်တောင် သူက ရိပေါ်မို့လို့ ရိပေါ်ဆိုတာ မင်းအတွက်မို့ယုံလို့ရတယ်"

ရှောင်ကျန့်စကားကို ထန်ကျယ်က မအူမလည်ကြည့်လာတယ်။

"ရိပေါ်ဆိုတာ ငါ့ချစ်သူ။ ငါအပေါ်မှာရှင်းပြခဲ့တယ်လေ ငါတွေ့ခဲ့ရတဲ့လူတွေအကြောင်းကို။ မင်းတစ်ယောက်တည်းပဲ ငါနဲ့တူနေတာမဟုတ်ဘူး။ ကုဝေ ဝေ့ရင်း သူတို့လည်း ငါနဲ့တစ်ပုံစံတည်းပဲ။ အဲ့ဒီလိုပဲ ငါ့ချစ်သူရိပေါ်နဲ့လည်း သူတို့ရဲ့ချစ်သူတွေနဲ့တစ်ရုပ်တည်းပဲ ဒီကျိရှန်ခုံးဆိုတဲ့ကောင်လေးအပါအဝင်ပေါ့။ အဲဒါကြောင့်  Parallel Universe Time Travel ဝိဉာဉ်လွင့်တယ် အမည်တပ်ချင်သလိုတပ်ပါစေ ငါပြောချင်တာက ငါတို့တွေရှိနေတဲ့နေရာတွေသာ ကွဲသွားတယ် ရှောင်ကျန့်တိုင်းအတွက် ဝမ်ရိပေါ်ရှိနေခဲ့တယ်။ ဖန်းထန်ကျယ်တိုင်းအတွက် ကျိရှန်ခုံးရှိနေခဲ့တယ်ပေါ့ကွာ။ ငါပြောတာ အကြွင်းမဲ့ယုံလိုက်ပါ။ ငါတို့တွေက တစ်ယောက်အတွက်တစ်ယောက်ရှိနေခဲ့တာပါ။ မင်းအလှည့်မှတော့ လွဲနိုင်စရာမရှိပါဘူး"

"ပြောလိုက်လို့ဖြစ်ပါ့မလား။"

"ဘာလို့မဖြစ်ရမှာလဲ ထားပါတော့ မင်းငါပြောတာမယုံဘူးပဲထား။ မင်းဖွင့်ပြောလိုက်ရင် အနည်းဆုံးသူသိခွင့်ရသွားမယ်။ မင်းသည်လည်း တစ်ဘဝလုံးဒီခံစားချက်ကြီး သိမ်းလို့ရလို့နောင်တရမှာမဟုတ်ဘူးလေ"

ရှောင်ကျန့်စကားဆုံးတော့ ကောင်‌‌လေးက ခဏငြိမ်သွားတယ်။

"အင်း ပြောလိုက်မယ်။ ခင်ဗျားပြောသလို အနည်းဆုံးတော့ နောင်တမရဘူးပေါ့ တကယ်လို့ သူလက်မခံလို့ သူငယ်ချင်းခန်းပြတ်ကြေးဆိုလည်း ကျွန်တော်ဒဏ်ရာအမြန်ရ အမြန်ကျက်တာပေါ့"

"ငါအာမခံတယ် မင်းကိုသူမငြင်းစေရဘူး လောင်းမလား အခုဖုန်းဆက်ခေါ်လိုက်လေ သူ့ကို"

"အခုကြီးလား နောက်မှ ပြောလို့မရဘူးလား"

တွန့်တွန့်ဆုတ်ဆုတ်နဲ့ထန်ကျယ်ပုံစံကို ကြည့်ပြီးရှောင်ကျန့်အခုချက်ချင်းမရမကပြောခိုင်းမှရမယ်လို့တွေးမိတယ်။ နို့မို့ဆုံးဖြတ်ချက်ပြန်ပြောင်းနိုင်တယ်။

"မင်းတို့မကြိုက်မချင်းငါဒီက မပြန်ရဘူးဆိုဘယ်လိုလုပ်မလဲ ငါ့ရိပေါ်ငါ့ကိုလွမ်းနေမှာပေါ့ သွား အခုဖုန်းဆက်"

"အင်းပါ တကယ်ပါပဲ"

ထန်ကျယ်က သူ့လွယ်အိတ်ထဲက ဖုန်းကိုသွားထုတ်လိုက်တယ် ဒါပေမယ့် ဖုန်းကိုကိုင်ပြီးချီတုံချတုံက‌ဖြစ်နေသေးတာ။

"ရော ခေါ်ပါဆိုနေမှ မင်းကလည်း"

"ခေါ်ပြီ ခေါ်ပြီ"

ပြောပြီးတော့ ဖုန်းထဲက နံပါတ်တချို့ကို ထန်ကျယ်နှိပ်လိုက်တယ်။ သူကသာ ဟိုကောင်လေးက သူ့ကိုဂရုမစိုက်ဘူးပြောနေတာ။ ဖုန်းခေါ်သံ တူ က အဆုံးထိတောင်မြည်သွားရရှာပုံမရဘူး။

"ရှန်ခုံး ငါပါထန်ကျယ်"

"ငါ့ဆီလာခဲ့မလား"

"ဘာလို့ဘားကို ရောက်နေရတာလဲ"

"သောက်ထားလား ဆိုင်ကယ်မောင်းလို့ရရဲ့လား"

"တကယ်ရတာလား"

"စောင့်နေလိုက်မယ် အင်း ဖြေးဖြေးမောင်း"

ဖုန်းချလိုက်ပြီးတော့ ထန်ကျယ်က ကျွန်တော့်ကို လှမ်းကြည့်တယ်။ ထိုကောင်လေးမျက်ဝန်းမှာ တွေဝေမှုတွေတွေ့နေရသေးတာမို့ ရှောင်ကျန့်ပြုံးလိုက်မိတယ်။

ငါ့ကိုယုံလိုက်စမ်းပါ။

♥️.

ကျိရှန်ခုံးဆိုတဲ့ကောင်လေးကို စောင့်နေရင်း ရှောင်ကျန့်နဲ့ ထန်ကျယ်ဟိုဟိုဒီဒီစကားပြောဖြစ်ကြပါတယ်။ အများစုကတော့ ရှောင်ကျန့်နဲ့ ရိပေါ်အကြောင်းပေါ့။ ပြီးတော့ ရှောင်ကျန့်ကြုံခဲ့ရတဲ့ အခြားနှစ်နေရာက ရှောင်ကျန့်နဲ့ ရိပေါ်နှစ်တွဲအကြောင်းပါပါတယ်။

သိပ်တော့ မစောင့်လိုက်ရပါဘူး ၁၅မိနစ်လားရယ်။ ထန်ကျယ့်အခန်းတံခါးကို လာခေါက်သံကြားရတယ်။

"ထန်ကျယ် ငါရောက်ပြီ"

အသံကြားတာနဲ့ ဘယ်သူမှန်းရှောင်ကျန့်သိလိုက်တယ်။ တကယ်ပါ တစ်နေရာနဲ့တစ်နေရာ အသံလေးတောင် ပြောင်းမသွားတဲ့သူက နှလုံးသားပြောင်းသွားတာ ဖြစ်နိုင်စရာလား။

ရှောင်ကျန့်ထန်ကျယ်ကို မျက်ရိတ်ပြလိုက်တယ် သွားဖွင့်လိုက်ဖို့ပေါ့။ ကိုယ်တိုင်ကတော့ ထန်ကျယ့်အခန်းထောင့်ဗီရိုဘေးက နေရာလွတ်လေးမှာ ဝင်နေလိုက်တယ်။ ထန်ကျယ်တောင်မြင်ရတာ အခုဝင်လာတဲ့ရှန်ခုံးကမမြင်ရဘူးလို့မပြောနိုင်ဘူးလေ။

"လာ ရှန်ခုံး"

တံခါးဖွင့်သံကြားအပြီး မကြာခင်မှာပဲ ရှောင်ကျန့်လှမ်းမြင်နေရတဲ့ ကုတင်နေရာဆီ ရှန်ခုံးတစ်ဖြစ်လဲ ရိပေါ်ရောက်လာခဲ့သည်။ ထန်ကျယ်က ရှောင်ကျန့်လူငယ်ဗားရှင်းဖြစ်သလို ရှန်ခုံးကလည်း တက္ကသိုလ်ကျောင်းသားဘဝက ရိပေါ်ဗားရှင်းလေး။

"ရှန်ခုံး.. ငါခေါ်လိုက်တာကလေ ငါက.."

ထန်ကျယ်စကားမဆုံးလိုက်သေးဘူး ရှန်ခုံးက ကုတင်ပေါ်ထိုင်နေတဲ့ ထန်ကျယ်ရှေ့ ဝုန်းခနဲထိုင်ချတယ်။

"ငိုထားတာလား။ ဘာလို့လဲ အိမ်နဲ့ပြသနာဖြစ်လို့လား။ မျက်နှာကို ရဲနေတာပဲ။ ငါစိတ်ပူအောင်ကွာ"

ပြောရင်းက ရှန်ခုံးက ထန်ကျယ်မျက်နှာ တဝိုက်က ဆံပင်တွေကို သပ်တင်ပြီး မျက်နှာဝိုင်းဝိုင်းကို ပါးဖောင်းဖောင်းနှစ်ဖက်ကနေ အုပ်ကိုင်လိုက်တယ်။

ရှောင်ကျန့်နဲ့ပြောနေတုံးကတောင် မျက်ရည်ကျရုံကျတဲ့ ထန်ကျယ်ကလည်း ချော့သူရှိလို့ပေလားပဲ အိခနဲ ငိုချပစ်တာများ ရှေ့က ရှန်ခုံးဆိုတာပျာခနဲပဲ။

ဪမချစ်ရှာဘူး။

"ငါမင်းကို ချစ်လို့လေ။ ငါမင်းကို ချစ်လို့ငိုတာလေ မင်းက ငါ့ကိုတွဲချင်တဲ့သူနဲ့တွဲဆိုပြီး ထားသွားတယ် ငါချစ်တာလဲသိသိကြီးနဲ့ တခြားသူကိုလည်း ငါ့ရှေ့မှာတင် အတည်ကြီးချစ်တယ်လို့ပြောတယ် "

ထန်ကျယ်က ပြောလဲပြောရင်း ရှန်ခုံးကို ရန်တွေ့တယ်။ ငိုရင်းပြောတာမို့ တစ်ချက်တစ်ချက် ပြတ်တောင်းပြတ်တောင်း ဝူးဝူးဝါးဝါးနဲ့။

"အိုက်ယား နောက်ဆုံးတော့ ငါ့ရဲ့ ထန်ကျယ်လေး ဖွင့်ပြောလာပြီပေါ့ မင်းဆီက ချစ်တယ်ဆိုတာ ကြားရတော့တယ်။ အဲဒီစကားကြားရဖို့ သုံးလိုက်ရတဲ့နည်းတွေ"

ရှန်ခုံးက ပြောတော့ ထန်ကျယ် လက်ဆစ်က ရှန်ခုံးနှဖူးပေါ်ဒေါက်ခနဲ။ ရှောင်ကျန့်လည်း ဒီနေရာအထိလက်သန်ပြောင်ဆဲ။

"မင်းအရင်ပြောပါလား မင်းအရင်ဖွင့်ပြောတော့ ဘာဖြစ်မှာမို့လို့။ မတရားတဲ့ကောင်"

"မဟုတ်ပါဘူးကွာ ငါက မင်းကိုချစ်တယ်ဆိုတာ ငါ့စိတ်ငါအစောကြီးထဲကသိတာ။ မင်းသာ သူငယ်ချင်းစိတ်လား ချစ်သူစိတ်လားမသဲကွဲမှာစိုးလို့ ငါက ဒီလိုလုပ်ရတာပါ။ မင်းဖက်က ချစ်တယ် တစ်ခွန်းပြောလိုက်တာနဲ့ ငါက ပုံပြီးချစ်ပစ်လိုက်ဖို့အသင့်ပဲ"

"မသိဘူး မင်း ငါ့နား နှစ်ပတ်တိတိမလာနဲ့.."

ရှေ့ကနေ ချော့မှန်းသိလို့ကောက်လိုက်တမင်ကောက်ပြနေမှန်းသိသိကြီးနဲ့ လိုက်ချော့လိုက်လုပ်နေတဲ့အတွဲကို ကြည့်ရင်း စိတ်ချမ်းသာမိတယ်။

ဝမ်ရိပေါ်ဆိုတာ နေရာတွေသာ ပြောင်းသွားတယ် ရှောင်ကျန့်အတွက်ကရှောင်ကျန့်အတွက်ပဲ။ သူ့နှလုံးသားက ရှောင့်ကျန့်အတွက်ပဲရှိတာ။

သေဆုံးသွားပါစေ ရှင်သန်နေပါစေ ရှောင်ကျန့်တစ်ယောက်တည်းအတွက်ပဲ။

ရှောင်ကျန့်ပြောတာမမှန်ဘူးလား။

ရိပေါ်ကို အကြွင်းမဲ့ ယုံလို့ရပါတယ်

ရိပေါ်ကို အကြွင်းမဲ့ ယုံလို့ရပါတယ်

ရိပေါ်ကို အကြွင်းမဲ့ ယုံလို့ရပါတယ်

♥️.

အသိစိတ်လည်လည်ချင်း ရှောင်ကျန့်သတိထားမိလိုက်တာ နောက်ကျောကနေ ကိုယ့်ကိုသိုင်းဖက်ထားတဲ့ ခံစားချက်။ ဝုန်းခနဲထထိုင်လိုက်တဲ့ ရှောင်ကျန့်ကြောင့် ရှောင်ကျန့်ကို ဖက်ပြီးအိပ်နေတဲ့ ရိပေါ်လည်း လန့်နိုးတယ်။

"ကျန့်ကော ဘာဖြစ်တာလဲ။ အိပ်မက်ဆိုးမက်လို့လား။"

ရိပေါ်က ရှောင်ကျန့်ကို စိုးရိမ်တကြီးပါပဲ။ အိပ်ရာဘေးက ရေပုလင်းထဲက ရေကိုလည်း ခွက်ထဲငှဲ့ပြီး ချက်ချင်းကမ်းပေးတယ်။

"ကျွန်တော်ရှိတယ်နော် ကျန့်ကော။ ဘာမှမဖြစ်ဘူး"

ရှောင်ကျန့်နှဖူးပြင်က ချွေးစများကို သုတ်ပေးရင်းပြောလာတဲ့ရိပေါ်ကို ရှောင်ကျန့်ငေးမိတယ်။

ဟုတ်တယ် ရိပေါ်က ရှောင်ကျန့်အတွက် အမြဲရှိနေခဲ့တာပါ။
ရှောင်ကျန့်တောင်းဆိုမှုကို ‌ဘုရားသခင်ကကြားသွားခဲ့လို့ ရိပေါ်ကို အကြွင်းမဲ့ယုံကြည်နိုင်အောင် သက်သေပြပေးလိုက်တာပါပဲ။

"ရိပေါ်"

"အင်း ကျန့်ကော ပြော"

ရိပေါ်က စိုးရိမ်နေဆဲတိုတာ မျက်လုံးတွေကနေ မြင်နေရတယ်။

"လက်ထပ်ရအောင်"

ရိပေါ်မျက်လုံးတွေ ပြူးကျယ်သွားတယ်။

"မဟုတ်တာ ကျန့်ကော မနေ့ညကကိစ္စစိတ်ထဲမထားနဲ့တော့ တကယ်ဘာမှ..."

ရှောင်ကျန့်ကို ကပျာကယာရှင်းပြလာတဲ့ ရိပေါ်နှုတ်ခမ်းဖူးဖူးပေါ် လက်ညှိုးပိတ်တင်လိုက်တယ်။ ဒီတစ်ခါငါပြောမှာ။

"ငါမင်းကို ယုံတယ်။ ငါ့အကြောက်တရားကို ကျော်ပြီး မင်းအပိုင်အနေနဲ့ တံဆိပ်အကပ်ခံဖို့ ငါမင်းကို ယုံတယ် ငါ့ကိုလက်ထပ်ပေးမလား ရိပေါ်"

ရှောင်ကျန့်စကားအဆုံးရိပေါ်က ရှောင်ကျန့်လက်ကို အုပ်ကိုင်တယ်။ ရှောင်ကျန့်လက်သေးသေးလေးတွေဟာ ရိပေါ်လက်အကြီးကြီးတွေကြား ကွက်တိအံဝင်ခွင်ကျနေတယ်။

"ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ယုံပေးလို့ ချစ်ပေးလို့ ကျန့်ကော ဘယ်တော့မှ နောင်တမရစေရပါဘူး"

"အင်း ငါယုံတယ်"

ငါနဲ့ရိပေါ်နဲ့ကြားက နောက်ဆုံးခြေလှမ်းကို ငါလှမ်းပြီး သူနဲ့အနီးဆုံးကို ငါရောက်သွားပါပြီ။

ဝေ့ရင်း မင်းရော လန်ကျန့်နဲ့အတူ ဘယ်ကိုရောက်နေပြီလဲ။ ဘယ်နေရာမှာပဲရောက်နေနေ မင်းတို့နှစ်ယောက်အတူတူပဲရှိနေမှာ ငါယုံတယ်။

ကုဝေ မင်းလည်း ချန်ယွီနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေတယ်မဟုတ်လား။ ချန်ယွီက မင်းအနားမှာပဲ အမြဲရှိနေမှာမို့ သိပ်မစိုးရိမ်နဲ့ဦး။

ထန်ကျယ် ရှန်ခုံးကို ချစ်သူဖြစ်မှ အတိုးချဆိုးမနေနဲ့ဦး။ ဆိုးလည်း ရှန်ခုံးက မင်းကို အလိုလိုက်မယ်ဆိုတာ ငါသိပါတယ်။

ငါလည်း ရိပေါ်နဲ့ ပျော်နေပါ့မယ်။

♥️.

ပြီးပါပြီပေါ့နော် ဒီလိုလေး ရေးချင်ခဲ့လို့ ရေးလိုက်တာပါ စိတ်ကူးပေါက်ရာရေးထားတယ်ပေါ့။ ဖတ်လို့လည်းအဆင်ပြေမှပြေမှာပါ အကုန်လုံးသွတ်ပြွတ်ရေးထားတာရော အဲဒီလောက်ရေးနိုင်တဲ့လက်ရည်မရှိသေးဘူးလို့လည်း မြင်ပါတယ်။ ဒါပေမယ့် ရေးမိတယ်ပေါ့။ ရှင်းချင်တာက ဒီမှာရှောင်ကျန့်က Parallel Universe / Multi-Verse ထဲဝင်သွားတာပါ။ ဒီကမ္ဘာမှာ ရှောင်ကျန့်နဲ့ ရိပေါ်ရှိသလို နောက်ထပ်ကမ္ဘာပေါင်းများစွာမှာလည်း ရှောင်ကျန့်နဲ့ရိပေါ်ရှိနေတယ် လန်ကျန့်နဲ့ ဝေ့ရင်းသည်လည်း အသက်ရှိနေတဲ့လူသားတွေလို့ ကိုယ်ကတော့ ဂေါက်ကြောင်ကြောင်နိုင်စွာယုံပါတယ်။ တခါအဲဒါကို အရမ်းခင်တဲ့အမတစ်ယောက်ကို ပြောမိတော့ သူတောင်ရယ်သေးတယ် "နင်ရူးသွားပြီလားတဲ့" ဟဲဟဲ ဒီficလေးကတော့ ရူးကြောင်ကြောင်လေးပါ။

Continue Reading

You'll Also Like

1.7M 62.6K 43
" Wtf is wrong with you, can't you sleep peacefully " " I-Its pain..ning d-down there, I can't...s-sleep " " JUST SLEEP QUIETLY & LET ME ALSO SLEEP...
743K 20.2K 75
မင်းဟာ လူသားတွေကိုကယ်တင်နေတဲ့ဆရာဝန်မလေးပေမယ့်ကိုယ့်အတွက်တော့ အချစ်တွေကုသပေးမယ့် အချစ်ဒေါက်တာမလေးပါ..... #စဝ်ခ...
1.4M 32.1K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.
130K 7.7K 93
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...