To Be With You_Season (1) Com...

By NwayOo_87

609K 38.9K 590

ZhanYi ♥💚 M_preg အနိုင်မယူလိုလို့ ပေးခဲ့တဲ့အရှုံးပါ... အထပ်ထပ် ကျဆုံးခဲ့တဲ့ ကိုယ့် နှလုံးသား... မင်း ပိုင်... More

TBWY_My Note
TBWY_ Character Intro
TBWY _ Confession
TBWY (1)
TBWY (2)
TBWY (3)
TBWY (4)
TBWY (5)
TBWY (6)
TBWY (7)
TBWY (8)
TBWY (9)
TBWY (10)
TBWY (11)
TBWY (12)
TBWY (13)
TBWY (14)
TBWY (15)
TBWY (16)
TBWY (17)
TBWY (18)
TBWY (19)
TBWY (20)
TBWY (21)
TBWY (22)
TBWY (23)
TBWY (25)
TBWY (26)
TBWY (27)
TBWY (28)
TBWY (29)
TBWY (30)
TBWY (31)
TBWY (32)
TBWY (33)
TBWY (34)
TBWY (35)
TBWY (36)
TBWY (37)
TBWY_Dr Xiao's Gallery
TBWY_Ko Ko's Nge ♥💚
TBWY_Daddy ♥ PaPa's Twins
TBWY (38)
TBWY (39)
TBWY (40)
TBWY (41)
TBWY (42)
TBWY (43)
TBWY (44)
TBWY (45)
TBWY ♥💚 520
TBWY (46)
TBWY (47)
TBWY (48)
TBWY (49)
TBWY (50)
♥💚 Wedding Gallery ♥💚
TBWY_Thanks For All ❤💚
TBWY_ Season (2)
Blanks
(S_1 & S_2) Special Part ♥💚
New Fiction Update
New Fiction Update _ TF
New Fiction Update
Page
Page 2
For Me 💞

TBWY (24)

9.5K 698 6
By NwayOo_87

Part (24) U

"Diper နဲ့ Baby Wet Tissue လေးတွေ ဝယ်ခဲ့ပေး…ကိုကြီး…
ပုစိလေးတွေက ပေါင်ဒါတော့ ရှိသေးတယ်…Shower Cream လေးပါ ဝယ်ခဲ့နော်…"

"ဘာကျန်သေးလဲ…စဉ်းစားဦး…လင်းယန်ရော"

"မေးခွန်းဟောင်း စာအုပ် အကိုရိဖန်…
အကိုလုဟန်ကို ရေးပေးထားတယ်…"

အထက်တန်းနောက်ဆုံးနှစ် ဖြေရမည့် လင်းယန်က စာအုပ်မှာနေတုန်း ရိပေါ်လေးက မှာစရာကို သတိရသွားဟန်နှင့် ပါးမို့လေးတွေ ဖောင်းတက်လာအောင် ပြုံးကာ…

"ပြီးတော့လေ Lego လေးတွေ ဝယ်ခဲ့ပေးဦး…"

"ကလေးအဖေပဲ ဖြစ်နေပြီ…အရုပ်က ဆက်ဦးမလို့လား…အမွှာနှစ်ယောက်နဲ့ ပတ်ချာလည်နေတာ…ဘယ်အချိန် ဆက်မှာလဲ…"

"ကလေးအဖေဆို  lego မဆက်ရဘူး လို့ ဘယ်သူက ပြောလဲ…မရဘူး ဆက်မှာပဲ…ဝယ်ခဲ့ပေးနော်…ကိုကြီးလု"

"အင်းပါ…ဝယ်ခဲ့မယ်…အဲ့ဒီအစား ပုစိလေးတွေကို သေချာကြည့်ထားနော်…ရိပေါ်လေး…"

နှုတ်ခမ်းလေးစူကာ  လုဟန်ကို စစ်ကူတောင်းရင်း တစ်ခုခုကို ထပ်သတိရဟန်ဖြင့်…

"ဟိုတစ်ခါ ဝယ်လာတဲ့ အင်္ကျီမျိုးလေး ထပ်ဝယ်ပေးပါဦး…ကိုကြီး…ဝတ်လို့ အရမ်းကောင်းလို့…"

"ဘယ်ဟာလဲ…ငယ်လေးရဲ့"

"ဂျာစီလေးတွေလေ…အမွှာလေးတွေ မမွေးခင်တုန်းက  အဝတ်တွေက အခု အရမ်းပွနေလို့ အဲ့လိုဝတ်လို့ကောင်းတာလေး တွေ့ရင်…ဝယ်ပေးခဲ့ဦး လို့…"

သေပြီ…ဆရာပဲ…

ရိဖန်နှင့်လုဟန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဆွံ့အမိ…

အဲ့ဒါ သူတို့ဝယ်ပေးတာမှ မဟုတ်ပဲ…
ရွှေယောက်ဖက သူတို့နာမည်ခံပြီး တိတ်တိတ်လေး ပို့နေခဲ့တာတွေလေ…ငယ်လေးအတွက်ရော အမွှာတွေအတွက်ပါ ပို့နေတာ…

အစက ကလေးပုစိတစ်ယောက်စာပဲ မှာရင်းက အမွှာဖြစ်နေလို့ နောက်တစ်ယောက်ပါ ထပ်မှာပြီး ပို့တာတွေ…

ပြီးတော့ ရှန်ဟိုင်းကနေ မှာပေးတာတွေ…
တစ်ချို့ဆို US ကတောင် ပါသေးတာ…
ဘွဲ့လွန်အတူတက်ခဲ့တဲ့ သူ့ သူငယ်ချင်းတွေကို လှမ်းမှာပေးတာတွေ…

ဘယ်လို လုပ်ရပါ့မလဲ…

"ကိုကြီး…ကိုကြီး…လို့"

"အမ်…အင်း…စုံပြီမဟုတ်လား…
လုလု…သွားရအောင်…"

"ငယ် မှာတာ မမေ့နဲ့နော်…"

ခေါင်းညိတ်ပြကာ ကားစက်ကို လေးလေးပင်ပင် နှိုးနေမိတော့ လုဟန်က အားပေးသလို ပုခုံးလေးပုတ်ပေးရင်း ပြုံးပြလာတာမို့ ပြန်ပြုံးပြကာ မောင်းထွက်ခဲ့တော့သည်။

မတတ်နိုင်ဘူး…
နောင်ခါလာ နောင်ခါဈေးပဲ…

"အခြေအနေက အဲ့ဒါပဲ အကိုရှောင်း… ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိလို့…"

"သူမှာတာတွေပဲ ဝယ်လာပေးလိုက်ပါ…
အင်္ကျီတွေနဲ့ ကလေးတွေအတွက် ပစ္စည်းတွေကကိုယ် ထပ်မှာထားတာ…ရခါနီးပါပြီ…"

"ဟုတ်ကဲ့ …ဒါနဲ့လေ ငယ်လေးက…lego အရုပ်တွေပါ မှာသေးတယ်…"

"အမ်…မဖြစ်ဘူး…ညီလေး…အဲ့ဒါတော့ မဖြစ်ဘူးနော်…"

"ဘာလို့လဲ…အကို…"

"ဒီလိုအချိန် အာရုံစိုက်တာများသွားရင် ရေရှည်ခေါင်းကိုက်တတ်လို့…"

ကလေးတွေ ရက် ၁၀၀ ပြည့်နှင့်နာမည်ပေးပွဲလေး လုပ်မှာမို့ လိုအပ်တာလေးတွေဝယ်ဖို့ ရိဖန် လုဟန်နှင့် သူတို့ အတူထွက်လာခဲ့ကြတာ။

လူရင်းတွေလောက်ပဲ ရှိမှာပေမယ့် စိုစိုပြေပြေလေး ဖြစ်စေချင်တာမို့ သုံးယောက်သား တိုင်ပင်စီစဉ်ခဲ့ကြခြင်းသာ။

ကလေးပစ္စည်းတွေနှင့် သူဆက်ဖို့အရုပ်ပါ တွဲမှာသော ကလေးအဖေပေါက်စလေးကို အသည်းယားလို့ မဆုံးတော့…

ကိုယ့်ကြောင့်သာ လူကြီးဖြစ်ခဲ့ရတာ…
ကလေးက ကလေးလေးပဲရှိသေးတာကိုး…

……………………………………

"ကိုကိုရေ…ညီညီလေးတွေရော သားသားနှုတ်ဆက်ချင်လို့…"

"လဲဦးမယ် သားသားရဲ့…ဖြည်းဖြည်းလာ…
ညီညီလေးတွေက ဒီမှာ…"

"ညီညီလေးတစ်က မှဲ့လေးနဲ့…ဦးဦးဒေါက်တာလိုပဲ…ညီညီလေးနှစ်က ကိုကိုနဲ့တူတယ်…"

"အဟား…ပိုင်ရှင်းကတော့ လုပ်ပြီဟေ့…
ညီညီလေး တစ်နဲ့နှစ် မဟုတ်ပါဘူး…သားသားရဲ့… မှဲ့လေးနဲ့က ရိရှောင်း…ကိုကိုနဲ့တူတာက ရိဝမ်…တဲ့…"

"ဟုတ်…သားသား မှတ်ထားပါ့မယ်…"

ယုချန်နှင့်ရွှမ်လုက ရိဖန် လုဟန်တို့နှင့် အဖွဲ့ကျနေတုန်း ပိုင်ရှင်းလေးက ရိပေါ်လေးဆီပြေးကာ အမွှာတွေကို ရှာနေခြင်း။

ရွှမ်လုမွေးခါနီးတည်းက အငယ်ကလေးလသားလေးအထိ ပိုင်ရှင်းလေးကို အဘိုးအဘွားအိမ် ပို့ထားသည်မို့ အမွှာလေးတွေ မွေးချိန်မှာ ရှိမနေတာမို့ သူ့ကိုကို ရိပေါ်လေး အမွှာသေးသေးလေးတွေ မွေးပြီလည်းဆိုရော ပြန်လာချင်နေရှာတာ။

အခုလည်း တွေ့တွေ့ချင်း အတင်းပြေးဝင်မေးနေတာမို့ ရိပေါ်နှင့်လင်းယန် တစ်ယောက်စီချီထားသော အမွှာလေးတွေကို ပြတော့ သဘောတွေကျနေတာ။

မှဲ့လေးကို ထိကြည့်ပြီး လူကြီးနှင့်တူတယ်လည်း ဆိုရော အောင့်သက်သက်မျက်နှာလေးနှင့် ပြုံးနေရစဉ် ယုန်သွားတွေ အကုန်ဖော်ပြုံးနေသော လူကြီးက  သူ့ဘာသာမှည့်ထားသော နာမည်တွေ ပြောပြနေတာမို့ မျက်စောင်းတွေချည်း ပစ်ထိုးမိတော့သည်။

မနေ့တည်းက ကြည်တာမဟုတ်ဘူး…

Flash back

"ကိုကြီးတို့ ပြန်လာပြီ…လင်းယန်ရေ"

ပါးစပ်မှလည်းအော်ကာ လူလည်းအပြေးရောက်လာသော ပေါက်စက သူ့ကိုမြင်တော့ နှုတ်ခမ်းလေးတွေ စူထော်လာတာ။

အကိုနှစ်ယောက်ဆီက မှာထားသမျှတွေကို စုံစီနဖာချကာကြည့်နေရင်းက…

"အင်္ကျီရော တစ်ထည်မှ မတွေ့ဘူးလား…
ကိုကြီး…အင်…lego လည်း မပါဘူး…"

"ဟို…အဲ့ဒါက…"

"အင်္ကျီတွေ ကလေးပစ္စည်းတွေက မှာထားတာ လောလောဆယ်မရသေးပေမယ့် ရခါနီးနေပါပြီ…"

"ခင်ဗျားကို မမှာဘူး…ကိုကြီးကို မှာတာ"

"ငယ်လေး…အဲ့ဒါက…ငယ်လေးနဲ့ကလေးတွေ အတွက်…အကိုရှောင်းပဲ အမြဲပို့ပေးခဲ့တာ…"

"အားလုံး ဝိုင်းလိမ်ကြတယ်ပေါ့လေ…
တော်ပြီ…သူပေးတာ ဘာမှမယူချင်ဘူး…လာမပေးနဲ့…"

"အဲ့ဒါဆို…ကျန့်ကျန့်နဲ့ ဝမ်ဝမ်ပါ ဗိုက်ထဲပြန်ထည့်လိုက်လေ…အကိုလေး…"

"ဘာလို့………"

"သူ့သွေးနဲ့ မွေးလာတာ မဟုတ်ဘူးလား…"

"လင်းယန်…မင်း…တော်ပြီ…ဆက်မပြောနဲ့…
ငါ့သားတွေက bunny နဲ့ leo ပဲ…ငါ့ဘာသာခေါ်တာ လာမပြောနဲ့…"

"အမှန်ပြောတာကို စိတ်ချည်းပဲ…"

ရိဖန်နှင့်လုဟန်က မျက်ရိပ်ပြကာ ခေါ်သွားတာမို့ လင်းယန် ကုပ်ချောင်းချောင်းနှင့် ပါသွားတော့မှ…

"ဟွန့်…lego လည်း မပါဘူးပဲ နေမှာ…"

"ကိုယ် မဝယ်ခိုင်းတာ…"

"ဘာ…ခင်ဗျားနော်…နေရာတကာ…"

"ပြောတာ ဆုံးအောင် နားထောင်ဦး…
ကလေးတွေက သုံးလကျော်ပဲ ရှိသေးတာ…
မင်း သွေးနုသားနုနဲ့ အရမ်းအာရုံစိုက်ရတာတွေ လုပ်ရင် မီးယပ်ခေါင်းကိုက်စွဲတတ်တာကို သိလား…တစ်သက်လုံး နာတာရှည်စွဲမှာနော်…"

"နေရာတကာ လိုက်ပြောနေတာ…
သူ့ကိုယ်သူ ဘာမှတ်နေလဲပဲ…

မျက်လုံးလေးကလယ်ကလယ်နှင့် မျက်နှာလေးငယ်သွားတာကို ပြန်စူပုပ်ပြီး ပွစိပွစိပြောကာ ဘောက်ဆတ်ဆတ်နှင့် ထသွားသော ကလေးပေါက်စကို ကြည့်ရင်း အလိုလို ပြုံးမိတော့တာ။

ပြောပါတယ်…
ကလေးက ကလေးပါပဲ ဆို…

Flash back end

ရှောင်းရိကျန့်နှင့်ရှောင်းရိဝမ် အမွှာလေးတို့ရဲ့ ဓါတ်ပုံမှတ်တမ်းတွေထဲမှာတော့…

ရက် ၁၀၀ ပြည့်နေ့လေးမှာ ဒက်ဒီချီထားတဲ့ ရိကျန့်လေးရယ် ပါးပါးချီထားတဲ့ ရိဝမ်လေးရယ်နှင့် ဦးဦးတွေရယ် ကိုကိုပိုင်ရှင်းလေးနဲ့ ဦးဦးယုချန် တီတီရွှမ်လုတို့ကြားမှာ ပျော်နေတဲ့ အမွှာပိစိလေးရယ် အဖွဲ့လိုက်ဓါတ်ပုံလေး ထပ်တိုးခဲ့ပါသတဲ့…

စကားမစပ်…ဒက်ဒီ့ကို ပါးပါးက မျက်စောင်းထိုးနေတုန်း ပါးပါးနဖူးကို လှမ်းနမ်းနေတဲ့ ပုံလေးကတော့ အပိုဆုပါတဲ့လေ…

……………………………………

Note>>>

ညနက်နေပေမယ့် စိတ်ကူးလေးကလည်း ရနေ…
စောင့်နေတဲ့ သူတွေလည်း ရှိမယ်ထင်လို့
အမြန်ရေးပြီး အမြန်တင်လိုက်ပါတယ်… လို့

Thank You So Much

Love You All ♥

#NwayOo

30.4.2020 (00:17) AM

~~~~~~~~~~~~~~~~

Part (24) Z











"ဘယ်ဟာလဲ…ငယ်လေးရဲ့"


သေပြီ…ဆရာပဲ…





ဘယ်လို လုပ်ရပါ့မလဲ…

"ကိုကြီး…ကိုကြီး…လို့"

လုလု…သွားရအောင်…"

"ငယ် မှာတာ မမေ့နဲ့နော်…"


မတတ်နိုင်ဘူး…





"ဘာလို့လဲ…အကို…"






……………………………………


ညီညီလေးတွေက ဒီမှာ…"









Flash back





"ဟိုအဲ့ဒါက"






"ဘာလို့………"






"ကိုယ် မဝယ်ခိုင်းတာ…"





ပြောပါတယ်…
ကလေးက ကလေးပါပဲ ဆို…

Flash back end




……………………………………

Note>>>


Thank You So Much

Love You All ♥

#NwayOo

30.4.2020 (00:17) AM

Continue Reading

You'll Also Like

74.6K 4.1K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
100K 16.1K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...
174K 26.5K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
77.1K 19.3K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥