Crazy Something (Completed)

By iiZuuCoe_614

287K 30K 765

▶just pieces of pain◀ (Wang Yibo * Xiao Zhan) More

part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 11
part 12
part 13
part 15
part 16
part 17
part 18
part 19
part 20
part 21
part 22
part 23
part 24
part 25
part 26
part 27
part 28
part 29
Ending

part 14

6.7K 871 16
By iiZuuCoe_614

(Zawgyi)

ကားကိုအ႐ွိန္ေလ်ွာ့ၿပီး ၿငိမ့္ခနဲရပ္လိုက္တဲ့အခ်ိန္မွာ ဝမ္ရိေပၚမ်က္လံုးေတြ ဖြင့္ၾကည့္တယ္။ ေပက်င္းမွာ မီးပြိဳင့္ေတြ ဒီေလာက္မ်ားမွန္း သူအရင္ကသတိမထားမိခဲ့ဘူး။
ကားေပၚမွာ လႈပ္႐ွားသံတစိုးတစိ​ေတာင္မၾကားရေအာင္ အားလံုးတိတ္ဆိတ္ေနၿပီး လူတိုင္းက အေတြးကိုယ္စီနဲ႔ၿငိမ္ေနျကတယ္။
ဝမ္ရိေပၚက ကားမွန္ကတစ္ဆင့္ ေ႐ွာင္းက်န္႔ကိုလွမ္းၾကည့္တယ္။
ဘာမွမေတြးခ်င္ေတာ့ေလာက္ေအာင္ ေတြးစရာေတြမ်ားေနၿပီး ခံစားခ်င္ေတြ ႐ႈပ္ေထြးေနတယ္။
တကယ္ဆို သူ ​ေ႐ွ႕မွာထိုင္ေနခဲ့သင့္တာ...
မဟုတ္ေသးဘူး.. ကိုယ့္ဘာသာတစ္ေယာက္တည္းျပန္လိုက္သင့္တာ။ showပြဲမွာကတည္းက ျပံဳးရယ္ေနတဲ့ႏွစ္ေယာက္ကို ဘယ္လိုစိတ္နဲ႔မ်က္ႏွာလႊဲဖို႔ႀကိဳးစားခဲ့ရသလဲ...သူ႔ကိုယ္သူပဲသိတယ္။

ေ႐ွာင္းက်န္႔ဟာ သူ႔ဘက္ကစၿပီးခ်ည္ခဲ့ရတဲ့ ႀကိဳးအစြန္းေလးတစ္ဖက္ပဲ။ ဘယ္ေလာက္အထိခိုင္ျမဲႏိုင္မလဲ?..တစ္ႏွစ္ေက်ာ္ဆိုတဲ့အခ်ိန္က အရမ္းနည္းေသးတယ္။ သြားတက္ေလးေတြေပၚေအာင္ျပံဳးတတ္တဲ့ ဆံပင္႐ွည္႐ွည္အမ်ိဳးသမီးနဲ႔ ယွဥ္မိတဲ့အခ်ိန္မွာ သက္ျပင္းခ်မိသူဟာ သူပဲျဖစ္ေနခဲ့တယ္။ ထုတ္မေျပာရင္ေတာင္ ေ႐ွာင္းက်န္႔ရဲ႕မ်က္ဝန္းေတြကို ဝမ္ရိေပၚ ဘာသာျပန္ေနမိတယ္။
သံေယာဇဥ္...တဲ့
အျဖဴေရာင္ေတြျဖစ္ဖို႔ပဲ ေမ်ွာ္လင့္ခ်င္တယ္။
ဆံပင္႐ွည္ေတြဖံုးေနတဲ့ ကုတ္အက်ီၤအညိဳေလးကို အၾကည့္လႊဲလိုက္ရတယ္။

က်န္႔ေကာက ေျပာင္းလဲသြားရင္....?
က်န္႔ေကာက သူ႔ကိုမခ်စ္ေတာ့ရင္....?

..................

ကားေနာက္ခန္းကို ေ႐ွာင္းက်န္႔လွည့္ၾကည့္တယ္။
သူၾကည့္မိတဲ့အခ်ိန္တိုင္းမွာ ဝမ္ရိေပၚကမ်က္လံုးေတြမွိတ္ထားတာမို႔ အိပ္ေပ်ာ္ေနတယ္လို႔ထင္ေနခဲ့တာ။ အခုေတာ့ လမ္းေပၚမွာလႈပ္႐ွားသြားလာေနသူေတြကို ၿငိမ္ၿငိမ္ေလးလိုက္ၾကည့္ေနျပန္တယ္။

"ရိေပၚ?"

"ဟင္?"

"ေခါင္းကိုက္ေနတုန္းလား?"

"ဟင့္အင္း"

တီ!!
မီးစိမ္းသြားတဲ့ပြိဳင့္ေနာက္မွာ ကားဟြန္းတီးသံေတြ စီခနဲထြက္လာၿပီး ေျပာလက္စ,စကားေတြ ရပ္သြားတယ္။

လမ္းမႀကီးေပၚကေန ညာဘက္လမ္းက်ဥ္းထဲကိုေကြ႔ခ်ိဳးလိုက္ၿပီး...တံခါးအျဖဴနဲ႔ ျခံဝန္းက်ယ္ႀကီးေ႐ွ႕ ကားရပ္လိုက္တဲ့အခ်ိန္မွာ ယူရီကသူ႔ကိုယ္ေပၚက ကုတ္အက်ီၤကိုခြာၿပီး ေ႐ွာင္းက်န္႔ကိုျပန္ေပးတယ္။

"ငါသြားၿပီ"

"အင္း"

"ေနာက္မွ ေအးေအးေဆးေဆးထပ္ေတြ႔တာေပါ့..သြားၿပီေနာ္"

"ဟုတ္ကဲ့"

သူ႔ကိုရည္ရြယ္ၿပီးေျပာလာတာမို႔ ဝမ္ရိေပၚေခါင္းညိမ့္ျပလိုက္တယ္။

စကားေျပာပံုဆိုပံု..မ်က္လံုးအပင့္အေရြ႔.. လႈပ္႐ွားသြားလာပံု..
ယံုၾကည္မႈ႐ွိဟန္ကေပၚလြင္ေနၿပီး သြက္လက္တက္ႂကြေနတယ္။ လမ္းေလ်ွာက္တိုင္း ယိမ္းႏြဲ႔သြားတဲ့ဆံပင္႐ွည္ေတြကို က်န္႔ေကာသေဘာက်ခဲ့ဖူးသလား.....

သဝန္တိုတယ္ဆိုတဲ့ခံစားခ်က္က သူနဲ႔မအပ္စပ္ဘူးလို႔ ဝမ္ရိေပၚကေတြးတယ္။ အခုလက္႐ွိခံစားေနရတဲ့ စိတ္အလိုမက်မႈကို တိတိက်က်ေခါင္းစဥ္တပ္ဖို႔ သူစိတ္မဝင္စားဘူး။

"ရိေပၚ?"

"............"

"တကယ္ေတာ့ေလ..က်ားခ်န္ေျပာတဲ့ကိစၥကို လက္ခံေစခ်င္တယ္.. worldwideအထိ ထိုးေဖာက္ႏိုင္မဲ့အခြင့္အေရးေလ..ကိုယ္က လက္မလႊတ္ေစခ်င္ဘူး"

".........."

ရိေပၚဘက္က စကားျပန္မလာ..

"ေဘဘီ နားေထာင္ေနရဲ႕လား?"

"ကြၽန္ေတာ္ မလုပ္ခ်င္ပါဘူးလို႔ ေျပာၿပီးၿပီေလ"

ဝမ္ရိေပၚက စိတ္ညစ္ညဴးသံနဲ႔ ေျပာတယ္။
ေ႐ွာင္းက်န္႔ နားမလည္ႏိုင္ဘူး။
ဒိီကိစၥကို ဘာေၾကာင့္ခါးခါးသီးသီးျဖစ္ေနရသလဲ?
လူတိုင္းလိုခ်င္ေနတဲ့အခြင့္အေရးကို ဒီလိုလြယ္လြယ္ကူကူ လက္လႊတ္လိုက္မွာမ်ိဳး မျဖစ္ေစခ်င္ဘူး။ မျဖစ္သင့္ဘူးလို႔လည္း ထင္တယ္။ မၾကာခဏနားခ်ျကည့္ရင္ေတာ့ ရိေပၚလက္ခံလာပါလိမ့္မယ္။

"ဒါေပမဲ့ သိလား~~"

"က်န္႔ေကာ?"

"အင္း...ေျပာေလ"

"ကြၽန္ေတာ္တို႔ အဲဒီအေၾကာင္းထပ္မေျပာပဲေနရေအာင္..ေနာ္!"

"..ဟုတ္ပါၿပီ...ကိုယ္မေျပာေတာ့ဘူး ဟုတ္ၿပီလား"

ဝမ္ရိေပၚရဲ႕ မ်က္ေမွာင္ေတြေလ်ာ့သြားတယ္။
ခပ္ဆတ္ဆတ္ထြက္သြားတဲ့ သူ႔အသံကို ေ႐ွာင္းက်န္႔ကမျငဴစူစတမ္း ေလသံေအးနဲ႔ ျပန္ၿပီးေခ်ာ့ေမာ့တယ္။ က်န္႔ေကာရဲ႕ သူ႔အေပၚ ခြင့္လႊတ္နားလည္ေပးႏိုင္စြမ္းက အတိုင္းအဆမဲ့လိမ့္မယ္။
အလိုမက်တိုင္း ထြက္လာတတ္တဲ့အသံဆတ္ဆတ္ေတြ၊ ဘာမဟုတ္တဲ့ကိစၥေတြကို အက်ယ္ခ်ဲ့ၿပီး ဝုန္းဒိုင္းက်ဲခဲ့ဖူးတဲ့အခ်ိန္ေတြအထိ နားလည္ေဖ်ာင္းဖ်ၿပီး အနားမွာ႐ွိေနေပးတဲ့ လူသားပဲ။ အေၾကာင္းမဲ့အႏိုင္ယူမိရင္ေတာင္ မၿငိဳျငင္ခဲ့ဖူးတာကိုေတြးမိေတာ့ ေသမေလာက္အားနာၿပီး စိတ္မေကာင္းျဖစ္ရတယ္။ ၿပီးေတာ့ မ်က္ရည္ဝဲမတတ္ခ်စ္တယ္။

ေရွာင္းက်န့္က သူ႔မိသားစုမွာဘယ္လိုအခ်စ္ခံၿပီး ႀကီးျပင္းလာသလဲဆိုတာ ဝမ္ရိေပၚေကာင္းေကာင္းရိပ္မိတယ္။ အရာအားလံုးမွာ အကန္႔အသတ္ဆိုတာ ႐ွိတယ္။
က်န္႔ေကာက သူ႔ကိုဘယ္အခ်ိန္အထိ နားလည္ခြင့္လႊတ္ေပးႏိုင္မွာလဲ?
မျပည့္စံုတာေတြမ်ားတဲ့သူ႔အနားမွာ က်န္႔ေကာကိုဘယ္အခ်ိန္ထိေခၚထားႏိုင္မွာလဲ?
အခုဆိုရင္ ပိုၿပီးေတာ့......
အေတြးေတြေပါင္းစုၿပီး ရင္ေတြပူလာတယ္။

"မဟုတ္ဘူး အခ်စ္ရယ္... ကြၽန္ေတာ္ အဆင္သင့္မျဖစ္ေသးလို႔..အဲ့တာေၾကာင့္~~"

ေျပာလိုက္တဲ့စကားေတြက အဆက္အစပ္မဲ့ၿပီး.. အေၾကာင္းျပခ်က္က မခိုင္လံု။ ေ႐ွာင္းက်န္႔က ဖြဖြရယ္ၿပီး ေခါင္းညိမ့္တယ္။

"ကိုယ့္ကို အေၾကာင္းျပခ်က္ေပးစရာမလိုပါဘူး... ကိုယ္ ဘာမွအတင္းမတိုက္တြန္းဘူး"

"အင္း"

.................................

ေထြေထြထူးထူးမ႐ွိတဲ့ေန႔ရက္ေတြက ရြက္စုတ္ျပကၡဒိန္လို တစ္ရက္ၿပီးတစ္ရက္ကုန္လြန္သြားတယ္။ တစ္ခ်ိဳ႕ကိစၥေတြက ျဖစ္႐ိုးျဖစ္စဥ္တစ္ခုအျဖစ္ေျပာင္းလဲ လည္ပတ္ေနတာကို ဝမ္ရိေပၚလက္မခံခ်င္ပဲ လက္ခံလိုက္ရတယ္။
ေ႐ွာင္းက်န္႔က ဝမ္ရိေပၚနဲ႔အတူ အျမဲမေနႏိုင္ေတာ့ဘူး။
ကုမၼဏီက အေရးတႀကီးအစည္းအေဝးေတြမွာ ဆံပင္႐ွည္နဲ႔အမ်ိဳးသမီးကို အျမဲလိုလို ေတြ႔ေနရတယ္။
ဝမ္ရိေပၚရဲ႕ ကသိကေအာက္ျဖစ္ေနတဲ့အေတြးေတြက ပိုအေျခတည္လာၿပီး စိတ္ထြက္ေပါက္က ေဆးလိပ္ေတြျဖစ္လာတယ္။

ရည္းစားနဲ႔အခ်ိန္ျပည့္အလုပ္႐ႈပ္ေနတဲ့ ေဟာက္ရႊမ္းေနရာမွာ ဖန္႐ွင္းက အစားဝင္လာတယ္။
မ႐ိုးမသားစိတ္ဆိုတာထက္ တြယ္တာမႈတစ္ခုအေနနဲ႔ ကပ္တြယ္ေနမွန္း သိလိုက္ရတဲ့အခါ ဝမ္ရိေပၚက ဖန္႐ွင္းကို နားလည္ေပးဖို႔ ႀကိဳးစားလိုက္တာပဲ။ အက်ိဳးဆက္ကေတာ့ အလုပ္အားတဲ့ပိတ္ရက္ေတြမွာ သူတို႔ႏွစ္ေယာက္ေတြ႔ျဖစ္လာျကတယ္။
ဒါက ဝမ္ရိေပၚရဲ႕ဘဝထဲကို ေနာက္လူတစ္ေယာက္ဝင္လာတယ္လို႔ ဆိုလိုတာမဟုတ္ဘူး။ သူတို႔ႏွစ္ေယာက္ရဲ႕ပတ္သက္မႈက ထင္ထားတာထက္ ပိုၿပီးေပါ့ပါးခဲ့တယ္။

"လံုးဝပဲ..ကြၽန္ေတာ္က~~"

"အဲ့တာဆို မင္းက..အဲ့ဒီ အိမ္ေပၚျပန္မတက္ေတာ့ဘူးေပါ့?"

"ဒါက ဒီကဒ္ေလးအေပၚမွာမူတည္တယ္... ဒီကဒ္ေလးသံုးလို႔ရေနသေရြ႔ ကြၽန္ေတာ္အိမ္ေပၚျပန္မတက္ေတာ့ဘူး"

လက္ညႇိဳးနဲ႔လက္ခလယ္ၾကားက ခရက္တစ္ကဒ္အမည္းေရာင္ေလးကိုၾကည့္ၿပီး ဝမ္ရိေပၚမဲ့ျပီးေခါင္းညိမ့္ျပလိုက္တယ္။ ဝမ္ရိေပၚသိသေလာက္ ဖန္႐ွင္းရဲ႕အေဖက ေတာ္ေတာ္ေလးဇယားမ်ားၿပီးေပြလီပံုရတယ္။ တစ္ခ်ိဳ႕ဇယားေလးေတြက သူနဲ႔ရြယ္တူေတြျဖစ္တဲ့အေၾကာင္း ဖန္႐ွင္းေျပာျပခဲ့ဖူးတယ္။ ဒီလိုအေၾကာင္းအရာမ်ိဳးေတြပါမခ်န္ ရင္ဖြင့္ျပခ်င္တဲ့အထိ ဖန္႐ွင္းကဝမ္ရိေပၚအေပၚမွာ ရင္းႏွီးပြင့္လင္းတယ္။
ဝမ္ရိေပၚကေတာ့ မတူဘူး....
တစ္ေလာကလံုးမွာ ေ႐ွာင္းက်န္႔ကလြဲရင္ တစ္စံုတစ္ေယာက္ကို ယံုၾကည္လိုက္ဖို႔ဆႏၵ သူ႔မွာမ႐ွိခဲ့ဘူး။

"မင္းအလုပ္မ႐ွိတိုင္း ငါ့ကိုေခၚမေနနဲ႔.. အားေနတာမဟုတ္ဘူး"

"ေကာကလည္း ပိတ္ရက္ႀကီးကို..."

ဖန္႐ွင္းက သူ႔ေ႐ွ႕က ​ေကာ္ဖီခြက္ကို အၿပီးသတ္ေမာ့ခ်လိုက္တယ္။ မေက်နပ္ခ်က္ေတြကို ရိေပၚဆီမွာရင္ဖြင့္ျပီး တျဖည္းျဖည္းအဆင္ေျပလာပံုေပၚတယ္။

"ေကာရဲ႕လူေရာ? မေတြ႔တာေတာင္ၾကာၿပီ"

ဝမ္ရိေပၚက ေခါင္းခါျပတယ္။

"သူမအားဘူး"

"မအားဘူး?"

"အင္း"

"ေျသာ္"

ဘာေၾကာင့္မွန္းမသိပဲ ႏွစ္ေယာက္ၾကားမွာ တိတ္ဆိတ္သြားတယ္။
ေဆးလိပ္ေတြပိုေသာက္လာတဲ့ ဝမ္ရိေပၚကို ဖန္႐ွင္းသတိထားမိတယ္။ အရယ္အျပံဳးမ႐ွိတဲ့ မ်က္ႏွာတည္တည္နဲ မ်က္ဝန္းညိဳညိဳေတြ...
အဆင္ေျပလားလို႔ေမးခ်င္ေပမယ့္ တကယ္တမ္းေမးမထြက္ခဲ့ဘူး။
ရိေပၚေကာက သူ႔ကိုအေရးလုပ္ၿပီး ရင္ဖြင့္ေနမွာမဟုတ္မွန္းလည္း သိထားၿပီးသား။ အမွန္တရားေတြက စပ္ဖ်င္းဖ်င္းႏိုင္တယ္။

"ျပန္ခ်င္ၿပီလားေကာ? ကြၽန္ေတာ္ လိုက္ပို႔ရမလား?"

ဝမ္ရိေပၚက ဆိုင္နံရံကမွန္ေတြကတစ္ဆင့္ အျပင္ကို လွမ္းၾကည့္တယ္။
ရာသီဥတုသာယာၿပီး အခ်က္အခ်ာက်တဲ့ေနရာမို႔ လမ္းမေပၚမွာ လူသြားလူလာေတြ အရင္ကထက္မ်ားေနတယ္။

"ဟင့္အင္း..ကိုယ့္ဘာသာျပန္မွာ"

"အင္းပါ..ေကာ ဆိုင္ကယ္မေမာင္းေတာ့ဘူးလား? ကြၽန္ေတာ္ ေကာကိုစေတြ႔တုန္းက ဆိုင္ကယ္အစိမ္းေရာင္နဲ႔.. ေဟာက္ရႊမ္းေကာရဲ့ဆိုင္ေ႐ွ႕မွာ"

ဖန္႐ွင္းက စကားေတြ အဆက္မျပတ္ေျပာၿပီး ဝမ္ရိေပၚရႊင္ရႊင္လန္းလန္းျဖစ္လာဖို႔ တတ္ႏိုင္သမ်ွႀကိဳးစားတယ္။

"မင္းက မွတ္ထားတာေပါ့?"

"မွတ္ထားတာမဟုတ္ပါဘူး.. မွတ္မိေနတာ"

"........"

မွတ္ထားစရာမလိုပဲ ဦးေႏွာက္ထဲမွာ တက္တူးထိုးထားသလိုေသရာပါမဲ့မွတ္ဥာဏ္ေတြ လူတိုင္းမွာ႐ွိလိမ့္မယ္။ ဝမ္ရိေပၚရဲ႕ေသရာပါမွတ္ဥာဏ္က မွဲ႔နက္ေလးနဲ႔ ျကည္ျကည္သြယ္သြယ္မ်က္လံုးေလးေတြျဖစ္မယ္။
.
.
အခ်စ္ကို လြမ္းတယ္။

"မွတ္မိေနလို႔ ေက်းဇူးပဲ...ျပန္ေတာ့မယ္"

"ဟင္..ခ်က္ခ်င္းႀကီး!"

"အင္း..ခ်က္ခ်င္းႀကီး.."

စားပြဲေပၚတင္ထားတဲ့ ေသာ့ကိုယူၿပီး လွည့္ထြက္တဲ့အခ်ိန္ ေခါင္းထဲမွာမိုက္ခနဲ...
လဲက်မသြားေအာင္ အ႐ွိန္ထိန္းလိုက္ႏိုင္ေပမယ့္ ယိုင္သြားတဲ့ခနၶာကိုယ္ကို ဖန္႐ွင္းကသတိထားမိတယ္။ သူ႔လက္ေတြက ရိေပၚပခံုးေပၚ အလ်င္အျမန္ေရာက္လာတယ္။

"ေကာ?"

"ေျသာ္..ဖယ္ပါ..ဘာျဖစ္တာလဲ.."

"ရိေပၚ?"

ခ်ိဳသေယာင္နဲ႔စူး႐ွ႐ွျဖစ္ေနတဲ့အသံမွာ ဝမ္ရိေပၚရဲ႕ႏွလံုးခုန္သံက ဒိန္းခနဲေဆာင့္ခုန္တယ္။
တကယ္ မထင္ထားဘူး။
အသံၾကားရာကို လွည့္ၾကည့္မိေတာ့ သူတို႔ႏွစ္ေယာက္ကိုရပ္ၾကည့္ေနတဲ့ ေရွာင္းက်န္႔ကိုေတြ႔တယ္။
လြမ္းေနတဲ့အခ်ိန္ မ်က္ႏွာျမင္လိုက္ရတဲ့ ခံစားခ်က္က ရင္ဘတ္ေအာင့္ေလာက္ေအာင္ပဲ... သူရင္ေတြတလွပ္လွပ္ခုန္ေနတယ္။
ေခါင္းေနာက္သြားတဲ့အ႐ွိန္ေၾကာင့္ ​ေဝဝါးေနတဲ့အျမင္အာရံုၾကားမွာ က်န္႔ေကာအမူအရာကို အကဲခတ္ဖို႔အလ်င္မမွီလိုက္ဘူး။
အနားေရာက္လာတဲ့ က်န္႔ေကာက သူ႔ကိုပကတိအၾကည္ဓာတ္ေလးနဲ႔ ၾကည့္တယ္။

"ဒီကို ေရာက္ေနတာလား?"

"အင္း..ဟုတ္တယ္..ဖန္႐ွင္းဖုန္းဆက္လို႔ ေရာက္လာတာ"

"ေျသာ္..."

ဖန္႐ွင္းအေနနဲ႔ ပထမဆံုးအႀကိမ္ ေ႐ွာင္းက်န္႔ကို နီးနီးကပ္ကပ္မ်က္ႏွာခ်င္းဆိုင္ ျမင္ဖူးျခင္းပဲ။
အ႐ွိန္အဝါတစ္ခုကိန္းဝပ္ေနတာကို ခံစားမိတယ္။
ေလာကဝတ္မဆန္ပဲ သဘာဝက်ျပီးလွိုက္လွဲတဲ့အျပံဳးကိုျမင္ရတဲ့အခါ သူျပန္ၿပီးျပံဳးျပမိတယ္။

"အဲ့တာဆို ရိေပၚေကာ.. ကြၽန္ေတာ္အရင္သြားၿပီ"

"အင္း.."

ဆိုင္တံခါးဖြင့္သံၾကားလိုက္ရၿပီး ဖန္႐ွင္းက အျပင္ထြက္သြားတယ္။

"ေကာ..ခ်ိန္းထားတာ႐ွိတာလား?"

"အင္း...အလုပ္ကိစၥပါ"

သြားရင္းလာရင္း မေတာ္တဆေတြ႔တဲ့ခံစားခ်က္က ဆန္းျပားတယ္လို႔ရိေပၚကထင္တယ္။
သူ႔ဆံပင္ေတြကိုဖြၿပီးျပံဳးျပေနက်အျပံဳးက ကာလာပိုရင့္တယ္.. ပိုေႏြးေထြးတယ္။
လူျမင္ကြင္းမွာမ်က္ႏွာခ်င္းဆိုင္ေတြ႔ၿပီး အသိမိတ္ေဆြေတြလို စကားေျပာေနတဲ့ က်န္႔ေကာရဲ႕အျပံဳးက သူ႔အတြက္မဟုတ္သလိုပဲ...

"ေျသာ္...အဲ့တာဆိုလည္း ~~ကြၽန္ေတာ္သြားၿပီ"

"ေနပါဦး"

သူ႔လက္က ခပ္ဖြဖြဆုပ္ကိုင္ခံလိုက္ရတယ္။
အေႏြးဓာတ္က လက္ဝါးကတစ္ဆင့္ ေသြးေၾကာေတြထဲအထိစီးဝင္ေနတာကို ခံစားမိတယ္။

"ေျသာ္..ဝမ္ရိေပၚပါ ေရာက္ေနတာလား?"

ပတ္ဝန္းက်င္က အေရာင္ေတြေျပာင္းသြားၿပီး
ဆံပင္႐ွည္ေတြစုစည္းထားတဲ့ အမ်ိဳးသမီးေလးက သူ႔ကိုျပံဳးျပေနတယ္။
ဝမ္ရိေပၚရဲ႕စိတ္က ႐ုတ္ခ်ည္းႏြမ္းသြားတယ္။
အလုပ္ကိစၥက ယူရီနဲ႔လား..
ေ႐ွာင္းက်န္႔လက္ထဲက သူ႐ုန္းထြက္လိုက္မိတယ္။

*****************************

ရံုးမွာပေရာဂ်က္စေနၿပီမို႔
​ေနာက္အပိုင္းေတြက ပိတ္ရက္ေတြမွာပဲတင္ေပးႏိုင္ေတာ့မယ္ထင္တယ္😢
စေန တနဂၤေႏြ ဆိုတာ lazy daysပါ...
moodမဝင္တာ ဘယ္လိုလုပ္ရမလဲ😭😭

______________________________

(Unicode)

ကားကိုအရှိန်လျှော့ပြီး ငြိမ့်ခနဲရပ်လိုက်တဲ့အချိန်မှာ ဝမ်ရိပေါ်မျက်လုံးတွေ ဖွင့်ကြည့်တယ်။ ပေကျင်းမှာ မီးပွိုင့်တွေ ဒီလောက်များမှန်း သူအရင်ကသတိမထားမိခဲ့ဘူး။
ကားပေါ်မှာ လှုပ်ရှားသံတစိုးတစိ​တောင်မကြားရအောင် အားလုံးတိတ်ဆိတ်နေပြီး လူတိုင်းက အတွေးကိုယ်စီနဲ့ငြိမ်နေကြတယ်။
ဝမ်ရိပေါ်က ကားမှန်ကတစ်ဆင့် ရှောင်းကျန့်ကိုလှမ်းကြည့်တယ်။
ဘာမှမတွေးချင်တော့လောက်အောင် တွေးစရာတွေများနေပြီး ခံစားချင်တွေ ရှုပ်ထွေးနေတယ်။
တကယ်ဆို သူ ​ရှေ့မှာထိုင်နေခဲ့သင့်တာ...
မဟုတ်သေးဘူး.. ကိုယ့်ဘာသာတစ်ယောက်တည်းပြန်လိုက်သင့်တာ။ showပွဲမှာကတည်းက ပြုံးရယ်နေတဲ့နှစ်ယောက်ကို ဘယ်လိုစိတ်နဲ့မျက်နှာလွှဲဖို့ကြိုးစားခဲ့ရသလဲ...သူ့ကိုယ်သူပဲသိတယ်။

ရှောင်းကျန့်ဟာ သူ့ဘက်ကစပြီးချည်ခဲ့ရတဲ့ ကြိုးအစွန်းလေးတစ်ဖက်ပဲ။ ဘယ်လောက်အထိခိုင်မြဲနိုင်မလဲ?..တစ်နှစ်ကျော်ဆိုတဲ့အချိန်က အရမ်းနည်းသေးတယ်။ သွားတက်လေးတွေပေါ်အောင်ပြုံးတတ်တဲ့ ဆံပင်ရှည်ရှည်အမျိုးသမီးနဲ့ ယှဉ်မိတဲ့အချိန်မှာ သက်ပြင်းချမိသူဟာ သူပဲဖြစ်နေခဲ့တယ်။ ထုတ်မပြောရင်တောင် ရှောင်းကျန့်ရဲ့မျက်ဝန်းတွေကို ဝမ်ရိပေါ် ဘာသာပြန်နေမိတယ်။
သံယောဇဉ်...တဲ့
အဖြူရောင်တွေဖြစ်ဖို့ပဲ မျှော်လင့်ချင်တယ်။
ဆံပင်ရှည်တွေဖုံးနေတဲ့ ကုတ်အကျီင်္အညိုလေးကို အကြည့်လွှဲလိုက်ရတယ်။

ကျန့်ကောက ပြောင်းလဲသွားရင်....?
ကျန့်ကောက သူ့ကိုမချစ်တော့ရင်....?

..................

ကားနောက်ခန်းကို ရှောင်းကျန့်လှည့်ကြည့်တယ်။
သူကြည့်မိတဲ့အချိန်တိုင်းမှာ ဝမ်ရိပေါ်ကမျက်လုံးတွေမှိတ်ထားတာမို့ အိပ်ပျော်နေတယ်လို့ထင်နေခဲ့တာ။ အခုတော့ လမ်းပေါ်မှာလှုပ်ရှားသွားလာနေသူတွေကို ငြိမ်ငြိမ်လေးလိုက်ကြည့်နေပြန်တယ်။

"ရိပေါ်?"

"ဟင်?"

"ခေါင်းကိုက်နေတုန်းလား?"

"ဟင့်အင်း"

တီ!!
မီးစိမ်းသွားတဲ့ပွိုင့်နောက်မှာ ကားဟွန်းတီးသံတွေ စီခနဲထွက်လာပြီး ပြောလက်စ,စကားတွေ ရပ်သွားတယ်။

လမ်းမကြီးပေါ်ကနေ ညာဘက်လမ်းကျဉ်းထဲကိုကွေ့ချိုးလိုက်ပြီး...တံခါးအဖြူနဲ့ ခြံဝန်းကျယ်ကြီးရှေ့ ကားရပ်လိုက်တဲ့အချိန်မှာ ယူရီကသူ့ကိုယ်ပေါ်က ကုတ်အကျီင်္ကိုခွာပြီး ရှောင်းကျန့်ကိုပြန်ပေးတယ်။

"ငါသွားပြီ"

"အင်း"

"နောက်မှ အေးအေးဆေးဆေးထပ်တွေ့တာပေါ့..သွားပြီနော်"

"ဟုတ်ကဲ့"

သူ့ကိုရည်ရွယ်ပြီးပြောလာတာမို့ ဝမ်ရိပေါ်ခေါင်းညိမ့်ပြလိုက်တယ်။

စကားပြောပုံဆိုပုံ..မျက်လုံးအပင့်အရွေ့.. လှုပ်ရှားသွားလာပုံ..
ယုံကြည်မှုရှိဟန်ကပေါ်လွင်နေပြီး သွက်လက်တက်ကြွနေတယ်။ လမ်းလျှောက်တိုင်း ယိမ်းနွဲ့သွားတဲ့ဆံပင်ရှည်တွေကို ကျန့်ကောသဘောကျခဲ့ဖူးသလား.....

သဝန်တိုတယ်ဆိုတဲ့ခံစားချက်က သူနဲ့မအပ်စပ်ဘူးလို့ ဝမ်ရိပေါ်ကတွေးတယ်။ အခုလက်ရှိခံစားနေရတဲ့ စိတ်အလိုမကျမှုကို တိတိကျကျခေါင်းစဉ်တပ်ဖို့ သူစိတ်မဝင်စားဘူး။

"ရိပေါ်?"

"............"

"တကယ်တော့လေ..ကျားချန်ပြောတဲ့ကိစ္စကို လက်ခံစေချင်တယ်.. worldwideအထိ ထိုးဖောက်နိုင်မဲ့အခွင့်အရေးလေ..ကိုယ်က လက်မလွှတ်စေချင်ဘူး"

".........."

ရိပေါ်ဘက်က စကားပြန်မလာ..

"ဘေဘီ နားထောင်နေရဲ့လား?"

"ကျွန်တော် မလုပ်ချင်ပါဘူးလို့ ပြောပြီးပြီလေ"

ဝမ်ရိပေါ်က စိတ်ညစ်ညူးသံနဲ့ ပြောတယ်။
ရှောင်းကျန့် နားမလည်နိုင်ဘူး။
ဒိီကိစ္စကို ဘာကြောင့်ခါးခါးသီးသီးဖြစ်နေရသလဲ?
လူတိုင်းလိုချင်နေတဲ့အခွင့်အရေးကို ဒီလိုလွယ်လွယ်ကူကူ လက်လွှတ်လိုက်မှာမျိုး မဖြစ်စေချင်ဘူး။ မဖြစ်သင့်ဘူးလို့လည်း ထင်တယ်။ မကြာခဏနားချကြည့်ရင်တော့ ရိပေါ်လက်ခံလာပါလိမ့်မယ်။

"ဒါပေမဲ့ သိလား~~"

"ကျန့်ကော?"

"အင်း...ပြောလေ"

"ကျွန်တော်တို့ အဲဒီအကြောင်းထပ်မပြောပဲနေရအောင်..နော်!"

"..ဟုတ်ပါပြီ...ကိုယ်မပြောတော့ဘူး ဟုတ်ပြီလား"

ဝမ်ရိပေါ်ရဲ့ မျက်မှောင်တွေလျော့သွားတယ်။
ခပ်ဆတ်ဆတ်ထွက်သွားတဲ့ သူ့အသံကို ရှောင်းကျန့်ကမငြူစူစတမ်း လေသံအေးနဲ့ ပြန်ပြီးချော့မော့တယ်။ ကျန့်ကောရဲ့ သူ့အပေါ် ခွင့်လွှတ်နားလည်ပေးနိုင်စွမ်းက အတိုင်းအဆမဲ့လိမ့်မယ်။
အလိုမကျတိုင်း ထွက်လာတတ်တဲ့အသံဆတ်ဆတ်တွေ၊ ဘာမဟုတ်တဲ့ကိစ္စတွေကို အကျယ်ချဲ့ပြီး ဝုန်းဒိုင်းကျဲခဲ့ဖူးတဲ့အချိန်တွေအထိ နားလည်ဖျောင်းဖျပြီး အနားမှာရှိနေပေးတဲ့ လူသားပဲ။ အကြောင်းမဲ့အနိုင်ယူမိရင်တောင် မငြိုငြင်ခဲ့ဖူးတာကိုတွေးမိတော့ သေမလောက်အားနာပြီး စိတ်မကောင်းဖြစ်ရတယ်။ ပြီးတော့ မျက်ရည်ဝဲမတတ်ချစ်တယ်။

ရှောင်းကျန့်က သူ့မိသားစုမှာဘယ်လိုအချစ်ခံပြီး ကြီးပြင်းလာသလဲဆိုတာ ဝမ်ရိပေါ်ကောင်းကောင်းရိပ်မိတယ်။ အရာအားလုံးမှာ အကန့်အသတ်ဆိုတာ ရှိတယ်။
ကျန့်ကောက သူ့ကိုဘယ်အချိန်အထိ နားလည်ခွင့်လွှတ်ပေးနိုင်မှာလဲ?
မပြည့်စုံတာတွေများတဲ့သူ့အနားမှာ ကျန့်ကောကိုဘယ်အချိန်ထိခေါ်ထားနိုင်မှာလဲ?
အခုဆိုရင် ပိုပြီးတော့......
အတွေးတွေပေါင်းစုပြီး ရင်တွေပူလာတယ်။

"မဟုတ်ဘူး အချစ်ရယ်... ကျွန်တော် အဆင်သင့်မဖြစ်သေးလို့..အဲ့တာကြောင့်~~"

ပြောလိုက်တဲ့စကားတွေက အဆက်အစပ်မဲ့ပြီး.. အကြောင်းပြချက်က မခိုင်လုံ။ ရှောင်းကျန့်က ဖွဖွရယ်ပြီး ခေါင်းညိမ့်တယ်။

"ကိုယ့်ကို အကြောင်းပြချက်ပေးစရာမလိုပါဘူး... ကိုယ် ဘာမှအတင်းမတိုက်တွန်းဘူး"

"အင်း"

.................................

ထွေထွေထူးထူးမရှိတဲ့နေ့ရက်တွေက ရွက်စုတ်ပြက္ခဒိန်လို တစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားတယ်။ တစ်ချို့ကိစ္စတွေက ဖြစ်ရိုးဖြစ်စဉ်တစ်ခုအဖြစ်ပြောင်းလဲ လည်ပတ်နေတာကို ဝမ်ရိပေါ်လက်မခံချင်ပဲ လက်ခံလိုက်ရတယ်။
ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့အတူ အမြဲမနေနိုင်တော့ဘူး။
ကုမ္မဏီက အရေးတကြီးအစည်းအဝေးတွေမှာ ဆံပင်ရှည်နဲ့အမျိုးသမီးကို အမြဲလိုလို တွေ့နေရတယ်။
ဝမ်ရိပေါ်ရဲ့ ကသိကအောက်ဖြစ်နေတဲ့အတွေးတွေက ပိုအခြေတည်လာပြီး စိတ်ထွက်ပေါက်က ဆေးလိပ်တွေဖြစ်လာတယ်။

ရည်းစားနဲ့အချိန်ပြည့်အလုပ်ရှုပ်နေတဲ့ ဟောက်ရွှမ်းနေရာမှာ ဖန်ရှင်းက အစားဝင်လာတယ်။
မရိုးမသားစိတ်ဆိုတာထက် တွယ်တာမှုတစ်ခုအနေနဲ့ ကပ်တွယ်နေမှန်း သိလိုက်ရတဲ့အခါ ဝမ်ရိပေါ်က ဖန်ရှင်းကို နားလည်ပေးဖို့ ကြိုးစားလိုက်တာပဲ။ အကျိုးဆက်ကတော့ အလုပ်အားတဲ့ပိတ်ရက်တွေမှာ သူတို့နှစ်ယောက်တွေ့ဖြစ်လာကြတယ်။
ဒါက ဝမ်ရိပေါ်ရဲ့ဘဝထဲကို နောက်လူတစ်ယောက်ဝင်လာတယ်လို့ ဆိုလိုတာမဟုတ်ဘူး။ သူတို့နှစ်ယောက်ရဲ့ပတ်သက်မှုက ထင်ထားတာထက် ပိုပြီးပေါ့ပါးခဲ့တယ်။

"လုံးဝပဲ..ကျွန်တော်က~~"

"အဲ့တာဆို မင်းက..အဲ့ဒီ အိမ်ပေါ်ပြန်မတက်တော့ဘူးပေါ့?"

"ဒါက ဒီကဒ်လေးအပေါ်မှာမူတည်တယ်... ဒီကဒ်လေးသုံးလို့ရနေသရွေ့ ကျွန်တော်အိမ်ပေါ်ပြန်မတက်တော့ဘူး"

လက်ညှိုးနဲ့လက်ခလယ်ကြားက ခရက်တစ်ကဒ်အမည်းရောင်လေးကိုကြည့်ပြီး ဝမ်ရိပေါ်မဲ့ပြီးခေါင်းညိမ့်ပြလိုက်တယ်။ ဝမ်ရိပေါ်သိသလောက် ဖန်ရှင်းရဲ့အဖေက တော်တော်လေးဇယားများပြီးပွေလီပုံရတယ်။ တစ်ချို့ဇယားလေးတွေက သူနဲ့ရွယ်တူတွေဖြစ်တဲ့အကြောင်း ဖန်ရှင်းပြောပြခဲ့ဖူးတယ်။ ဒီလိုအကြောင်းအရာမျိုးတွေပါမချန် ရင်ဖွင့်ပြချင်တဲ့အထိ ဖန်ရှင်းကဝမ်ရိပေါ်အပေါ်မှာ ရင်းနှီးပွင့်လင်းတယ်။
ဝမ်ရိပေါ်ကတော့ မတူဘူး....
တစ်လောကလုံးမှာ ရှောင်းကျန့်ကလွဲရင် တစ်စုံတစ်ယောက်ကို ယုံကြည်လိုက်ဖို့ဆန္ဒ သူ့မှာမရှိခဲ့ဘူး။

"မင်းအလုပ်မရှိတိုင်း ငါ့ကိုခေါ်မနေနဲ့.. အားနေတာမဟုတ်ဘူး"

"ကောကလည်း ပိတ်ရက်ကြီးကို..."

ဖန်ရှင်းက သူ့ရှေ့က ​ကော်ဖီခွက်ကို အပြီးသတ်မော့ချလိုက်တယ်။ မကျေနပ်ချက်တွေကို ရိပေါ်ဆီမှာရင်ဖွင့်ပြီး တဖြည်းဖြည်းအဆင်ပြေလာပုံပေါ်တယ်။

"ကောရဲ့လူရော? မတွေ့တာတောင်ကြာပြီ"

ဝမ်ရိပေါ်က ခေါင်းခါပြတယ်။

"သူမအားဘူး"

"မအားဘူး?"

"အင်း"

"သြော်"

ဘာကြောင့်မှန်းမသိပဲ နှစ်ယောက်ကြားမှာ တိတ်ဆိတ်သွားတယ်။
ဆေးလိပ်တွေပိုသောက်လာတဲ့ ဝမ်ရိပေါ်ကို ဖန်ရှင်းသတိထားမိတယ်။ အရယ်အပြုံးမရှိတဲ့ မျက်နှာတည်တည်နဲ မျက်ဝန်းညိုညိုတွေ...
အဆင်ပြေလားလို့မေးချင်ပေမယ့် တကယ်တမ်းမေးမထွက်ခဲ့ဘူး။
ရိပေါ်ကောက သူ့ကိုအရေးလုပ်ပြီး ရင်ဖွင့်နေမှာမဟုတ်မှန်းလည်း သိထားပြီးသား။ အမှန်တရားတွေက စပ်ဖျင်းဖျင်းနိုင်တယ်။

"ပြန်ချင်ပြီလားကော? ကျွန်တော် လိုက်ပို့ရမလား?"

ဝမ်ရိပေါ်က ဆိုင်နံရံကမှန်တွေကတစ်ဆင့် အပြင်ကို လှမ်းကြည့်တယ်။
ရာသီဥတုသာယာပြီး အချက်အချာကျတဲ့နေရာမို့ လမ်းမပေါ်မှာ လူသွားလူလာတွေ အရင်ကထက်များနေတယ်။

"ဟင့်အင်း..ကိုယ့်ဘာသာပြန်မှာ"

"အင်းပါ..ကော ဆိုင်ကယ်မမောင်းတော့ဘူးလား? ကျွန်တော် ကောကိုစတွေ့တုန်းက ဆိုင်ကယ်အစိမ်းရောင်နဲ့.. ဟောက်ရွှမ်းကောရဲ့ဆိုင်ရှေ့မှာ"

ဖန်ရှင်းက စကားတွေ အဆက်မပြတ်ပြောပြီး ဝမ်ရိပေါ်ရွှင်ရွှင်လန်းလန်းဖြစ်လာဖို့ တတ်နိုင်သမျှကြိုးစားတယ်။

"မင်းက မှတ်ထားတာပေါ့?"

"မှတ်ထားတာမဟုတ်ပါဘူး.. မှတ်မိနေတာ"

"........"

မှတ်ထားစရာမလိုပဲ ဦးနှောက်ထဲမှာ တက်တူးထိုးထားသလိုသေရာပါမဲ့မှတ်ဉာဏ်တွေ လူတိုင်းမှာရှိလိမ့်မယ်။ ဝမ်ရိပေါ်ရဲ့သေရာပါမှတ်ဉာဏ်က မှဲ့နက်လေးနဲ့ ကြည်ကြည်သွယ်သွယ်မျက်လုံးလေးတွေဖြစ်မယ်။
.
.
အချစ်ကို လွမ်းတယ်။

"မှတ်မိနေလို့ ကျေးဇူးပဲ...ပြန်တော့မယ်"

"ဟင်..ချက်ချင်းကြီး!"

"အင်း..ချက်ချင်းကြီး.."

စားပွဲပေါ်တင်ထားတဲ့ သော့ကိုယူပြီး လှည့်ထွက်တဲ့အချိန် ခေါင်းထဲမှာမိုက်ခနဲ...
လဲကျမသွားအောင် အရှိန်ထိန်းလိုက်နိုင်ပေမယ့် ယိုင်သွားတဲ့ခန္ဓာကိုယ်ကို ဖန်ရှင်းကသတိထားမိတယ်။ သူ့လက်တွေက ရိပေါ်ပခုံးပေါ် အလျင်အမြန်ရောက်လာတယ်။

"ကော?"

"သြော်..ဖယ်ပါ..ဘာဖြစ်တာလဲ.."

"ရိပေါ်?"

ချိုသယောင်နဲ့စူးရှရှဖြစ်နေတဲ့အသံမှာ ဝမ်ရိပေါ်ရဲ့နှလုံးခုန်သံက ဒိန်းခနဲဆောင့်ခုန်တယ်။
တကယ် မထင်ထားဘူး။
အသံကြားရာကို လှည့်ကြည့်မိတော့ သူတို့နှစ်ယောက်ကိုရပ်ကြည့်နေတဲ့ ရှောင်းကျန့်ကိုတွေ့တယ်။
လွမ်းနေတဲ့အချိန် မျက်နှာမြင်လိုက်ရတဲ့ ခံစားချက်က ရင်ဘတ်အောင့်လောက်အောင်ပဲ... သူရင်တွေတလှပ်လှပ်ခုန်နေတယ်။
ခေါင်းနောက်သွားတဲ့အရှိန်ကြောင့် ​ဝေဝါးနေတဲ့အမြင်အာရုံကြားမှာ ကျန့်ကောအမူအရာကို အကဲခတ်ဖို့အလျင်မမှီလိုက်ဘူး။
အနားရောက်လာတဲ့ ကျန့်ကောက သူ့ကိုပကတိအကြည်ဓာတ်လေးနဲ့ ကြည့်တယ်။

"ဒီကို ရောက်နေတာလား?"

"အင်း..ဟုတ်တယ်..ဖန်ရှင်းဖုန်းဆက်လို့ ရောက်လာတာ"

"သြော်..."

ဖန်ရှင်းအနေနဲ့ ပထမဆုံးအကြိမ် ရှောင်းကျန့်ကို နီးနီးကပ်ကပ်မျက်နှာချင်းဆိုင် မြင်ဖူးခြင်းပဲ။
အရှိန်အဝါတစ်ခုကိန်းဝပ်နေတာကို ခံစားမိတယ်။
လောကဝတ်မဆန်ပဲ သဘာဝကျပြီးလှိုက်လှဲတဲ့အပြုံးကိုမြင်ရတဲ့အခါ သူပြန်ပြီးပြုံးပြမိတယ်။

"အဲ့တာဆို ရိပေါ်ကော.. ကျွန်တော်အရင်သွားပြီ"

"အင်း.."

ဆိုင်တံခါးဖွင့်သံကြားလိုက်ရပြီး ဖန်ရှင်းက အပြင်ထွက်သွားတယ်။

"ကော..ချိန်းထားတာရှိတာလား?"

"အင်း...အလုပ်ကိစ္စပါ"

သွားရင်းလာရင်း မတော်တဆတွေ့တဲ့ခံစားချက်က ဆန်းပြားတယ်လို့ရိပေါ်ကထင်တယ်။
သူ့ဆံပင်တွေကိုဖွပြီးပြုံးပြနေကျအပြုံးက ကာလာပိုရင့်တယ်.. ပိုနွေးထွေးတယ်။
လူမြင်ကွင်းမှာမျက်နှာချင်းဆိုင်တွေ့ပြီး အသိမိတ်ဆွေတွေလို စကားပြောနေတဲ့ ကျန့်ကောရဲ့အပြုံးက သူ့အတွက်မဟုတ်သလိုပဲ...

"သြော်...အဲ့တာဆိုလည်း ~~ကျွန်တော်သွားပြီ"

"နေပါဦး"

သူ့လက်က ခပ်ဖွဖွဆုပ်ကိုင်ခံလိုက်ရတယ်။
အနွေးဓာတ်က လက်ဝါးကတစ်ဆင့် သွေးကြောတွေထဲအထိစီးဝင်နေတာကို ခံစားမိတယ်။

"သြော်..ဝမ်ရိပေါ်ပါ ရောက်နေတာလား?"

ပတ်ဝန်းကျင်က အရောင်တွေပြောင်းသွားပြီး
ဆံပင်ရှည်တွေစုစည်းထားတဲ့ အမျိုးသမီးလေးက သူ့ကိုပြုံးပြနေတယ်။
ဝမ်ရိပေါ်ရဲ့စိတ်က ရုတ်ချည်းနွမ်းသွားတယ်။
အလုပ်ကိစ္စက ယူရီနဲ့လား..
ရှောင်းကျန့်လက်ထဲက သူရုန်းထွက်လိုက်မိတယ်။

*****************************

ရုံးမှာပရောဂျက်စနေပြီမို့
​နောက်အပိုင်းတွေက ပိတ်ရက်တွေမှာပဲတင်ပေးနိုင်တော့မယ်ထင်တယ်😢
စနေ တနင်္ဂနွေ ဆိုတာ lazy daysပါ...
moodမဝင်တာ ဘယ်လိုလုပ်ရမလဲ😭😭

______________________________

Continue Reading

You'll Also Like

204K 2.6K 108
Alright, so this is my first fanfiction, so just bear with me. Also I am busy sometimes. But requests for now are open. Also if ya like this story go...
CURSE(BF) By 🌼

Fanfiction

118K 13.6K 18
တကယ္​ပဲ ရည္​စား​ေဟာင္​းက်ိန္​စာတိုက္​သလို ​ေယာက​်ား​ေလးနဲ႔ယူရ​ေတာ့မွာလား။ ဒင္​းက​ေရာ ငါရဲ႕ဘာလဲ Best Friend or Boyfriend? တကယ်ပဲ ရည်စားဟောင်းကျိန်စာတိ...
139K 9.4K 30
||210722|| Wang Yibo × Xiao Zhan Yizhan {BJYX} Fanfiction King Wang and his lovely Zhan's love story.
1M 42.5K 50
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...