အသက်ဆက် သွေး ( အသက္ဆက္ ေသြး )...

Da PhyuLayy1

1.4M 147K 16.6K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေ... Altro

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ (Zawgyi + Unicode)
အပိုင္း - ၂၀ (Zawgyi + Unicode)
အပိုင္း - ၂၁ (Zawgyi + Unicode)
အပိုင္း - ၂၂ (Zawgyi + Unicode)
အပိုင္း - ၂၃ (Zawgyi + Unicode)
အပိုင္း - ၂၄ (Zawgyi + Unicode)
အပိုင္း - ၂၆ (Zawgyi + Unicode)
အပိုင္း - ၂၇ (Zawgyi + Unicode)
အပိုင္း - ၂၈ (Zawgyi + Unicode)
အပိုင္း -၂၉ (Zawgyi + Unicode)
အပိုင္း - ၃၀ (Zawgyi + Unicode)
အပိုင္း - ၃၁ (Zawgyi + Unicode)
အပိုင္း - ၃၂ (Zawgyi + Unicode)
အပိုင္း - ၃၃ (Zawgyi + Unicode)
အပိုင္း - ၃၄ (Zawgyi + Unicode)
အပိုင္း - ၃၅ (Zawgyi + Unicode)
အပိုင္း - ၃၆ (Zawgyi + Unicode)
အပိုင္း - ၃၇ (Zawgyi + Unicode)
အပိုင္း - ၃၈ (Zawgyi + Unicode)
အပိုင္း - ၃၉ (Zawgyi + Unicode)
အပိုင္း - ၄၀ (Zawgyi + Unicode)
အပိုင္း - ၄၁ (Zawgyi + Unicode)
အပိုင္း - ၄၂ (Zawgyi + Unicode)
အပိုင္း - ၄၃ (Zawgyi + Unicode)
အပိုင္း - ၄၄ (Zawgyi + Unicode)
အပိုင္း - ၄၅ (Zawgyi + Unicode)
အပိုင္း - ၄၆ (Zawgyi + Unicode)
အပိုင္း - ၄၇ (Zawgyi + Unicode)
အပိုင္း - ၄၈ Ending (Zawgyi + Unicode)
ေက်းဇူးတင္လႊာ (ကျေးဇူးတင်လွှာ)
A/N
Extra (Mdy trip)
Extra ( Covid )
Extra ( Thadingyut )

အပိုင္း - ၂၅ (Zawgyi + Unicode)

22K 2.6K 156
Da PhyuLayy1

#For Zawgyi

ဦးသာႏွင့္ ဦးသာက ႏိုင္ႏိုင္လို႔ေခၚတဲ့ ဦးခြန္သာႏိုင္တို႔က နာရီဝက္ေလာက္ၾကာေအာင္စကားေျပာေနၾကသျဖင့္ ခ်မ္းလည္း ဟိုၾကည့္ဒီၾကည့္ႏွင့္ ထိုင္ေစာင့္ေနရသည္ ။

ေနမေကာင္းဘူးဆိုတဲ့ ဦးသာရဲ႕အေဖကေရာ ဘယ္မွာပါလိမ့္ ။

ခ်မ္းမွာလည္း လိုက္သာလိုက္လာရသည္ ။ ဒီကိစၥေတြႏွင့္ပတ္သက္ၿပီးလည္း ဘာကိုမွေရေရရာရာ သိရွိထားျခင္းမရွိ ။ အင္း... ေလးငယ္ကေတာ့ ဒီအေၾကာင္းအရာေတြနဲ႔ ပတ္သက္ၿပီး အတန္အသင့္ သိလိမ့္မည္ထင္သည္ ။ သို႔ေသာ္လည္း ဦးသာက ဒီလိုျပန္လိမ့္မယ္မွန္းမသိေတာ့ ေလးငယ္ကိုလည္း ဘာမွေမးမထားျဖစ္လိုက္ ။

တကယ္ဆို ကားေပၚမွာကတည္းက ဦးသာကိုအက်ိဳးအေၾကာင္းေလးျဖစ္ျဖစ္ ေမးထားလိုက္ရမွာ ။ ညံ့လိုက္တဲ့ ၿငိမ္းခ်မ္းေရး ရယ္.... ။

အင္း... ကားေပၚမွာတုန္းကလည္း ခ်မ္း ဇြတ္လိုက္လာလို႔ ဦးသာက ဆူမွာကိုစိုးရိမ္ၿပီး အတင္း အိပ္ေတာ့မယ္ ဘာညာနဲ႔ အကြက္ေတြသံုးခဲ့မိတာ ။ စာေမးပြဲတစ္ေလ်ွာက္ အိပ္ေရးပ်က္ခဲ့တာေတြနဲ႔ေပါင္းၿပီး ေနာက္ပိုင္းမွာ တကယ္ႀကီးအိပ္ေပ်ာ္သြားမိတာေတာ့လည္း မတတ္ႏိုင္ဘူးေပါ့ေနာ္ ။

ေတာင္စဥ္ေရမရ ေလ်ွာက္ေတြးေနမိတုန္းမွာပဲ ဦးသာႏွင့္ ဦးခြန္သာႏိုင္က အသီးသီး ထိုင္ရာမွ ထ,ရပ္လိုက္ေလေတာ့ ခ်မ္းလည္း ေယာင္ကန္းကန္းနဲ႔ လိုက္ရပ္မိေတာ့သည္ ။

" ခ်မ္း ကိုအိုက္နဲ႔လိုက္သြားလိုက္ေနာ္ ၊ ငါ ၿပီးမွလိုက္လာခဲ့မယ္ "

" ဟုတ္ကဲ့ ဦးသာ "

ထို႔ေနာက္ ကိုအိုက္ဆိုသူက ခ်မ္းကို နားနားေနေန ေနလို႔ရေအာင္ဆိုၿပီး အိပ္ခန္းက်ယ္တစ္ခုထဲသို႔ လိုက္ပို႔ေပးသည္ ။ အိပ္ခန္းက်ယ္ လို႔ သံုးႏႈန္းရျခင္းအေၾကာင္းက တကယ္ကို က်ယ္ဝန္းတဲ့အခန္းတစ္ခုျဖစ္ေနလို႔ပါပဲ ။ ခန္႔မွန္းေျခေျပာရရင္ ရန္ကုန္က ၁၂ ေပ , ေပ ၅၀ တိုက္ခန္းတစ္ခန္းစာေလာက္ေတာ့ အသာေလးရွိမည္ထင္သည္ ။

" အကိုေလး ေကာ္ဖီေသာက္မလားဗ် "

" မေသာက္ေတာ့ပါဘူး ကိုအိုက္ ၊ ဒါနဲ႔ ဟိုဟာေလ ကၽြန္ေတာ့္ကို အကိုေလးလို႔ မေခၚပါနဲ႔ ၊ ကၽြန္ေတာ္က ကိုအိုက္တို႔ထက္ အမ်ားႀကီးငယ္ပါတယ္ ၊ အဲ့ဒါေၾကာင့္ ကၽြန္ေတာ့္ကို ဦးသာေခၚသလို ခ်မ္းလို႔ပဲေခၚရင္ ရပါၿပီ "

" ဟုတ္ကဲ့ ဟုတ္ကဲ့ဗ် ခ်မ္း "

" အာ အဲ့လို ဟုတ္ကဲ့ လို႔လည္း မေျပာနဲ႔ေလဗ်ာ ၊ အဲ့လိုႀကီးက် ကၽြန္ေတာ္ တကယ္မေနတတ္ဘူး "

" ဟုတ္ကဲ့ဗ် "

" ေဟာ... ၾကည့္ "

" အား က်ဳပ္တို႔က အက်င့္ပါေနၿပီဗ် "

ခ်မ္းေရာ ကိုအိုက္ေရာ ၿပိဳင္တူရယ္လိုက္မိေတာ့ ပိုၿပီးရင္းႏွီးသြားၾကသလို ခံစားလိုက္ရသည္ ။

စကားသံဝဲဝဲနဲ႔ကိုအိုက္ဟာ တကယ္ပဲ စိတ္ထားေကာင္းပံုရေလ၏ ။

" ဒါဆို အကိုေလး အဲ အဲ ခ်မ္း နားလိုက္ပါဦး ၊ လိုအပ္တာတစ္ခုခုရွိရင္ ဟို Intercom ကေန လွမ္းေခၚလိုက္လို႔ရပါတယ္ "

" ဟုတ္ကဲ့ ဟုတ္ကဲ့ ကိုအိုက္ ၊ ေက်းဇူးတင္ပါတယ္ေနာ္ "

ကိုအိုက္ထြက္သြားၿပီးေနာက္ အခန္းကို လွည့္ပတ္ၾကည့္မိေတာ့ တကယ္ပဲ အခန္းတစ္ခုလံုးကို လိုေလေသးမရွိ အက်အနျပင္ဆင္ထားတာကို ေတြ႕ရသည္ ။

ေဖြးေနတဲ့ အိပ္ယာခင္းအျဖဴခင္းထားေသာ ေမြ႕ယာထူအိအိနဲ႔ ကုတင္ႀကီးကလည္း King size မို႔ အက်ယ္ႀကီးပင္ ။ မွန္တင္ခံု ၊ ဘီဒို ၊ TV ၊ ေရခဲေသတၱာ စျဖင့္ အသံုးအေဆာင္ပစၥည္းေတြ အစံုရွိသည့္အျပင္ ေရခ်ိဳး , သန္႔စင္ခန္းပါ ပါတဲ့ ဒီအခန္းႀကီးက အိမ္တစ္လံုးလိုေတာင္ အသံုးျပဳ၍ရႏိုင္ေသးသည္ ။

ျပတင္းေပါက္တိုင္းမွာ လိုက္ကာျဖဴျဖဴေတြကာထားတာမို႔ စပ္စုခ်င္စိတ္နဲ႔ အသာလွပ္ၾကည့္ေတာ့

အိုး လွလိုက္တဲ့ ျမင္ကြင္း ။

ခုလို အိမ္ေပၚထပ္က လွမ္းၾကည့္ေတာ့မွသာ ဒီအိမ္ကိုေရာက္ဖို႔ ခ်မ္းတို႔ေကြ႕ဝိုက္ၿပီးတက္လာတဲ့ ေတာင္ကုန္းေလးက ေတာ္ေတာ္ျမင့္မွန္းသိလိုက္ရသည္ ။ အျမင့္ကေန စီးမိုးၾကည့္ရင္း ျမင္ရတဲ့ျမင္ကြင္းထဲမွာ ဟိုးအေဝးက မႈိင္းညိဳ႕ညိဳ႕ေတာင္တန္းေတြ ၊ တိမ္စုစုေလးေတြ ၊ သစ္ပင္စိမ္းစိုစိုေတြ ၊ ေတာင္ကုန္းေလးမွာ ေကြ႕ဝိုက္တည္ရွိေနတဲ့ လမ္းကေလး ၊ အမည္မသိတဲ့ ၿခံထဲက ပန္းပင္ေတြ စသျဖင့္ ျမင္ေတြ႕ရသမ်ွက ရန္ကုန္ႏွင့္ျခားနားစြာ စိတ္ၾကည္ႏူးစရာေတြခ်ည္းသာ ။

အားရေအာင္ ေငးၾကည့္ေနၿပီးေတာ့မွ ေမြ႕ယာအိအိႀကီးထက္ အသာထိုင္ခ်ရင္း အနားယူဖို႔ အေတြးေပါက္လာရ၏ ။

အဲ.... ခုမွ သတိရသည္ ။ ခ်မ္းမွာ အက်ႌလဲဖို႔ အဝတ္အစားအပို တစ္စံုမွပါမလာ ။

ကၽြတ္... ဒုကၡပါပဲ ။ ဦးသာကလည္း သူ႔အေဖႏွင့္သြားေတြ႕ဦးမည္ဆိုၿပီး ခုထိေပၚမလာေတာ့ေခ် ။

ဟင္... ဒါနဲ႔ သူက ဒီအခန္းႀကီးထဲမွာ တစ္ေယာက္တည္း အိပ္ရမွာလား ။ ခ်မ္းအေနနဲ႕က ကိုယ့္အိမ္ကိုယ့္ယာမဟုတ္ဘဲ ဘယ္ေနရာစိမ္းမွာမွ တစ္ေယာက္တည္း မအိပ္ဖူးေခ် ။ သူငယ္ခ်င္းေတြနဲ႕ခရီးထြက္တဲ့အခါလည္း တည္းတဲ့ Hotel တိုင္းမွာ Family room ယူၿပီး အိပ္ခဲ့သည္ခ်ည္းသာျဖစ္သည္ ။

အခုလို လူသူမနီးဘဲ တိတ္ဆိတ္ေနတဲ့ ေနရာေဒသရဲ႕ အခန္းက်ယ္ႀကီးတစ္ခုထဲမွာ ခ်မ္းတစ္ေယာက္တည္းေတာ့ အိပ္စက္ဖို႔မဝံ့ရဲပါေလ ။ ကုတင္ေပၚမွာ ငုတ္တုပ္ေလးထိုင္ရင္း ဦးသာအလာကိုသာ ေမ်ွာ္ေနမိသည္ ။

ဦးသာကလည္း ၾကာလိုက္တာ ။

အခန္းထဲ လမ္းထေလ်ွာက္လိုက္ ၊  ျပန္ထိုင္လိုက္ ၊ ျပတင္းေပါက္မွာရပ္ၿပီး ပ်ံသြားတဲ့ငွက္ေတြကိုၾကည့္ကာ တစ္ေကာင္ ႏွစ္ေကာင္ ေရတြက္လိုက္ႏွင့္ ၄၅ မိနစ္ေလာက္ ျပဳလုပ္ၿပီးခ်ိန္မွ အခန္းတံခါးဖြင့္သံႏွင့္အတူ ေမ်ွာ္လင့္ေနတဲ့သူက ဝင္လာေလေတာ့ အေျပးအလႊားအနားကပ္သြားမိသည္ ။

" ဦးသာ "

" ခ်မ္း တစ္ညလံုးကားစီးလာလို႔ ပင္ပန္းေနတာကို မနားေသးဘူးလား "

" ကၽြန္ေတာ့္မွာ လဲစရာအဝတ္အစားလည္း ပါမလာဘူး ဦးသာ "

" ေအာ ဟုတ္သားပဲ ၊ မင္း မရြံတတ္ဘူးဆိုရင္ ငါ့ညဝတ္အက်ႌေတြယူဝတ္မလား "

" ဝတ္မယ္ ဝတ္မယ္ ၊ ကၽြန္ေတာ္ ဒီအဝတ္အစားႀကီးကို လဲခ်င္လွၿပီ "

ပံုမွန္ဆိုရင္ ဘယ္တုန္းကမွ သူမ်ားအဝတ္အစားကို ယူဝတ္ဖို႔ စိတ္မသန္႔တတ္ခဲ့ေပမယ့္ ဦးသာရဲ႕အဝတ္အစားေတြကို ယူဝတ္ဖို႔က် လိုအပ္လို႔ဆိုတာမ်ိဳးထက္ ခ်မ္းရဲ႕စိတ္ကိုက လိုလိုလားလားရွိေနခဲ့တာျဖစ္သည္ ။

" အင္း ဒါဆို ေလာေလာဆယ္ ငါ့အက်ႌပဲ ခဏယူဝတ္ထားေလေနာ္ ၊ ကိုအိုက္တို႔ကို မင္းအတြက္ အဝတ္အစားေတြ သြားဝယ္ခိုင္းေပးမယ္ "

ေျပာၿပီးတာနဲ႔ ဦးသာက အခန္းအျပင္ကို ျပန္ထြက္ဖို႔လုပ္ေတာ့

" ဦးသာ ဘယ္သြားဦးမလို႔လဲ "

" Luggage က ငါေနမယ့္ ဟိုဘက္ခန္းထဲမွာ ထားထားတာ ၊ အဲ့ဒါ ငါ မင္းအတြက္ အဝတ္အစားလဲဖို႔ သြားယူေပးမလို႔ေလ "

စကားဆံုးတာနဲ႔ ေက်ာခိုင္းသြားေသာ ဦးသာရဲ႕ခါးနားက အက်ႌစကို လက္ဖ်ားေလးႏွင့္ မဝံ့မရဲအသာဆြဲကာ

" ဦးသာ "

ခ်မ္းရဲ႕ေခၚသံေၾကာင့္ လွည့္ၾကည့္လာၿပီး အက်ႌစကို ကိုင္ထားမိတဲ့ ခါးနားက လက္ေတြကို အံ့ၾသသလို စိုက္ၾကည့္လာတာေၾကာင့္ ကမန္းကတန္းျပန္ကာလႊတ္ခ်ရင္း

" ကၽြန္ေတာ္ ဒီအခန္းထဲမွာ တစ္ေယာက္တည္း မေနခ်င္ဘူး "

" ဘာျဖစ္လို႔လဲ ၊ မင္း လြတ္လြတ္လပ္လပ္ေနရေအာင္ ႏိုင္ႏိုင္က စီစဥ္ေပးထားတာေလ "

" ဦးသာပါ ဒီအခန္းထဲမွာ အတူတူလာေနလို႔မရဘူးလား "

" ငါက ဒီဘက္ေဘးအခန္းမွာပဲ ရွိမွာေလ ခ်မ္း ၊ မင္း လိုတာရွိရင္ လွမ္းေခၚလိုက္လို႔ရတယ္ "

" ကၽြန္ေတာ္... ကၽြန္ေတာ္ ေနရာစိမ္းရင္ တစ္ေယာက္တည္း မအိပ္ရဲဘူး "

မရဲတရဲေျပာလာတဲ့ ခ်မ္းစကားကိုၾကားေတာ့ ဦးသာက ၿပံဳးတံု႔တံု႔ျဖစ္သြားရင္း

" အင္း... ဒါျဖင့္လည္းၿပီးေရာ ၊ ငါ့အိတ္ေတြသယ္ၿပီး ျပန္လာခဲ့မယ္ ၊ ဟုတ္ၿပီလား "

" ဟုတ္ "

ခ်မ္းက ဝမ္းသာအားရ ေခါင္းၿငိမ့္ျပေတာ့

" ဘယ္လိုကေလးလဲမသိဘူး ၊ အသက္ပဲ ၁၉ ႏွစ္ျပည့္ေတာ့မယ္ ၊ ခုထိ ေၾကာက္တတ္တုန္း "

ဦးသာက ခ်မ္းကို ေျပာသလိုလို သူ႔ဟာသူပဲ ေရရြတ္သလိုလိုႏွင့္ ေျပာကာ ထြက္သြားေတာ့သည္ ။

ကေလးလို႔လည္း ေခၚေသး ။ အသက္ပဲ ၁၉ ႏွစ္ျပည့္ေတာ့မယ္ လို႔လည္း ေျပာေသး ။ လူကို သူပဲ အမ်ိဳးမ်ိဳးေျပာေနေတာ့တာ ။ ဒီလူႀကီးကေတာ့...။

အခ်ိန္ခဏၾကာသြားၿပီးတဲ့ေနာက္......

ေရခ်ိဳးခန္းထဲက မွန္ေပၚမွာျမင္ေနရတဲ့ ကိုယ့္ပံုရိပ္ကို ကိုယ္ျပန္ၾကည့္ၿပီး ခ်မ္းတစ္ေယာက္ ရႈံ႕တြေနမိသည္ ။ ဦးသာရဲ႕ညဝတ္အက်ႌနဲ႔ေဘာင္းဘီအပြႀကီးေတြေအာက္မွာ ခ်မ္းခႏၶာကိုယ္ေလးခမ်ာ ေပ်ာက္ကြယ္လုမတတ္ ။

အက်ႌကိုယ္ထည္က ပြေနသည့္အျပင္ လက္ဖ်ားေတြကိုပင္ေက်ာ္ကာ ရွည္က်ေနသည့္ အက်ႌလက္တို႔က ဖို႔႐ို႕ဖားယား ။  ေျခေထာက္ေအာက္မွာ တစ္ထြာေလာက္ပံုက်ေနေသာ ေဘာင္းဘီရွည္ပြႀကီးႏွင့္ ခ်မ္းအထာက ဇြတ္ကို ေဂၚထြက္ေနေတာ့သည္ ။ ( စိတ္နာနာနဲ႔ ရြဲ႕ေျပာေနတာပါခင္မ်ာ )

အဝတ္ေတြကို ဗီဒိုထဲထည့္ေနေသာဦးသာက ေရခ်ိဳးခန္းထဲမွ ကားယားကားယားနဲ႔ထြက္လာေသာ ခ်မ္းကိုျမင္ေတာ့ ခဏစိုက္ၾကည့္လာကာ ၿပံဳးစိစိလိုလိုႀကီးျဖစ္သြားၿပီးတဲ့ေနာက္ မထိန္းႏိုင္သလို ဟက္ကနဲ ရယ္ခ်လိုက္ေလသည္ ။

ခ်မ္းလည္း ရွက္ကိုးရွက္ကန္းျဖစ္သြားရရင္း

" ဦးသာေနာ္ "

" ဘာလဲ ခ်မ္းရ "

" မရယ္နဲ႔ဆို "

" အင္း အင္း မရယ္ဘူး "

မရယ္ဘူးလို႔ ေျပာတဲ့အသံကိုက ရယ္ခ်င္သံႀကီးနဲ႔ ။

" ဦးသာဝတ္စံုႀကီးက ဘာလို႔ဒီေလာက္ႀကီးေနတာလဲ "

" ငါ့ဝတ္စံု ႀကီးေနတာက နည္းနည္း ၊ မင္း လူေကာင္ေသးေနတာက မ်ားမ်ားပါ ခ်မ္းရယ္ "

ခ်မ္းမွာ အနာေပၚတုတ္က်သလို ေဆြ႕ေဆြ႕ခုန္ရင္း

" ဒီမွာ... လူေကာင္သိပ္မထြားေပမယ့္ ကၽြန္ေတာ့္ကို သေဘာက်ေနတဲ့ ေကာင္မေလးေတြမွ အမ်ားႀကီးပဲသိလား "

" တကၠသိုလ္ဂြမ္းပံု size နဲ႔ ကေလးမေလးေတြလား "
( ** ဟာသအေနနဲ႔ ခ်စ္စႏိုးျဖစ္ေအာင္ ေရးျခင္းသက္သက္ပါေနာ္ ။ Body shaming လုပ္လိုျခင္းအလ်င္းမရွိပါ ။ သာသာ ကိုယ္တိုင္ကလည္း ညွက္စိတစ္ေယာက္ပါပဲ **  )

" ရားးးး ဦးသာေနာ္ "

ၿပံဳးေထ့ေထ့နဲ႔ ဒီလူႀကီးဟာ တကယ္ပဲ မုန္းစရာ ။

**********

ေန႔လည္စာကို စကားသံဝဲဝဲနဲ႔အန္တီႀကီးတစ္ေယာက္က ခ်မ္းတို႔ေနတဲ့အခန္းထဲအထိ လာပို႔ေပးသြားသျဖင့္ ခ်မ္းေရာ ဦးသာေရာ အခန္းထဲမွာပင္ စားေသာက္လိုက္ၾကသည္ ။

" ဦးသာ "

" အင္း "

" ဒီအိမ္မွာက ထမင္းစားရင္ ခုလိုပဲ အခန္းထဲမွာစားၾကတာလား "

" မဟုတ္ပါဘူး ၊ ေအာက္ထပ္က Kitchen နဲ႔ ကပ္လ်က္မွာ Dining-room ရွိတယ္ ၊ အခုက မင္းကို ေရာက္ကာစမို႔ အေနႀကံဳ႕မွာစိုးလို႔ ဒီလိုစီစဥ္ေပးတာ ၊ ညစာကိုေတာ့ ေအာက္ထပ္မွာပဲ ႏိုင္ႏိုင္တို႔နဲ႔အတူတူစားၾကမယ္ေလ ၊ မင္းအဆင္ေျပတယ္မဟုတ္လား ခ်မ္း "

" ဟုတ္ ေျပပါတယ္ ၊ ဦးသာသေဘာပါ ၊ ဒါနဲ႔ေလ ကၽြန္ေတာ္ ဦးသာအေဖကို ေတြ႕ၿပီးႏႈတ္ဆက္ခ်င္တယ္ "

" အင္း ညေနက်ရင္ မင္းနဲ႔မိတ္ဆက္ေပးမယ္ေလ ၊ ဒါေပမယ့္ ငါ့အေဖကေတာ့ မင္းကို ျပန္ၿပီးႏႈတ္ဆက္စကားေျပာႏိုင္တဲ့အေျခအေနမွာမရွိဘူး "

မ်က္လႊာခ်ကာ တစ္လံုးခ်င္းေျပာေနတဲ့ ဦးသာက သူ႕ဖခင္အတြက္ စိတ္မေကာင္းျဖစ္ေနသလားေလ ။

" ေတာ္ေတာ္ေနမေကာင္းျဖစ္ေနတာလားဟင္ "

" မိသားစုဆရာဝန္ကေတာ့ အခုအခ်ိန္ဟာ ငါ့အေဖအတြက္ ေနာက္ဆံုးေန႔ရက္ေတြပဲလို႔ ေျပာသြားတယ္ "

ခ်မ္းအေနနဲ႕ တစ္ခါမွလည္း လူတစ္ေယာက္အေပၚ အေလးအနက္ထားၿပီး ႏွစ္သိမ့္ေပးတာမ်ိဳး မလုပ္ခဲ့ဖူးေတာ့ အခုအေျခအေနမွာ ဦးသာကို ဘယ္လိုႏွစ္သိမ့္ေပးရမယ္ဆိုတာ တကယ္ကိုမသိေခ် ။ ေနာက္ဆံုးေတာ့ စကားလံုးရွာမရတဲ့အဆံုး စားပြဲေပၚတင္ထားတဲ့ ဦးသာရဲ႕လက္တစ္စံုကိုသာ အေပၚကေန ခပ္ဖြဖြထပ္ကိုင္လိုက္မိသည္ ။

ထင္မွတ္မထားတဲ့အျပဳအမူမို႔ထင္သည္ ။ ဦးသာက ခ်မ္းအား အံ့ၾသသလိုေမာ့ၾကည့္လာရင္း

" ဘာမွမျဖစ္ပါဘူး ခ်မ္းရယ္ ၊ ဒါေတြကို ငါႀကိဳသိထားၿပီးသားပါ ၊ လက္လည္း လက္ခံႏိုင္ပါတယ္ "

" အရမ္းစိတ္မညစ္ပါနဲ႔ ဦးသာရယ္ ၊ ကၽြန္ေတာ္ စကားေတြအမ်ားႀကီးေျပာၿပီး မႏွစ္သိမ့္တတ္ေပမယ့္ ဦးသာနားမွာ ကၽြန္ေတာ္ရွိတယ္ ေနာ္ "

ထူးကို လူႀကီးေလးတစ္ေယာက္လို တတ္သေလာက္မွတ္သေလာက္ ႏွစ္သိမ့္ေပးခ်င္ေနရွာေသာ မ်က္စိေရွ႕မွ ေကာင္ငယ္ေလးကို ၿပံဳး၍သာ ေခါင္းၿငိမ့္ျပလိုက္သည္ ။

ထူးရဲ႕ ဒီကေလးေလး အရြယ္ေရာက္လာၿပီပဲ ။

ျဖတ္သန္းခဲ့သမ်ွ အျဖစ္အပ်က္ေတြထဲမွာ ထူးကသာ သူ႔ကိုေခ်ာ့ေမာ့ႏွစ္သိမ့္ခဲ့ရေပမယ့္ ခုေတာ့ ဒီကေလးေလးက ထူးကို ျပန္ၿပီးႏွစ္သိမ့္ေပးတတ္ေနၿပီ ။

ဘာမွႀကီးႀကီးက်ယ္က်ယ္မဟုတ္တဲ့ ဒီျဖစ္ရပ္ေလးအေပၚမွာ ျဖစ္ေပၚလာတဲ့ ၾကည္ႏူးပီတိတို႔ကလည္း ထူးရဲ႕ရင္တြင္းထိတိုင္ တစိမ့္စိမ့္ ။

ဒါသည္ကပင္ ဒီကေလးေလးရဲ႕ ထူးအေပၚထားတဲ့ ေမတၱာတစ္ပိုင္းတစ္စကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္လိုက္ရျခင္းမဟုတ္ပါလား ။

ေပးဆပ္ျခင္းသက္သက္နဲ႔သာ ပတ္သက္ခ်င္တဲ့လူသားေလးမို႔ ထူးအတြက္ ဘာကိုမွ ရေကာင္းေစရယ္လို႔ မေမ်ွာ္လင့္ခဲ့ေပမယ့္ ခုလိုေလးက်ေတာ့လည္း ေမ်ွာ္လင့္ခ်က္မထားခဲ့တာ ကိုယ္မဟုတ္သလို ေပ်ာ္ရျပန္ေလသည္ ။

ဒါကပဲ ခ်စ္ျခင္းတရားရဲ႕မ်က္လွည့္တစ္ခုေလလား မေျပာတတ္ေတာ့ပါ ။

စားပြဲခံုျဖဴျဖဴေလးတစ္လံုးထက္မွာေတာ့ ရုန္းထြက္မသြားတဲ့ လက္တစ္စံုနဲ႔ ထိုလက္တစ္စံုေပၚမွာ အုပ္မိုးကာထပ္ကိုင္ထားတဲ့ လက္ျဖဴျဖဴေသးေသးတစ္စံုတို႔ဟာ ဖယ္ခြာျခင္းမရွိ ၿငိမ္သက္လ်က္ အခ်ိန္ၾကာျမင့္စြာ တည္ရွိေနခဲ့ပါသည္ ။

______________________________

#For Unicode

ဦးသာနှင့် ဦးသာက နိုင်နိုင်လို့ခေါ်တဲ့ ဦးခွန်သာနိုင်တို့က နာရီဝက်လောက်ကြာအောင်စကားပြောနေကြသဖြင့် ချမ်းလည်း ဟိုကြည့်ဒီကြည့်နှင့် ထိုင်စောင့်နေရသည် ။

နေမကောင်းဘူးဆိုတဲ့ ဦးသာရဲ့အဖေကရော ဘယ်မှာပါလိမ့် ။

ချမ်းမှာလည်း လိုက်သာလိုက်လာရသည် ။ ဒီကိစ္စတွေနှင့်ပတ်သက်ပြီးလည်း ဘာကိုမှရေရေရာရာ သိရှိထားခြင်းမရှိ ။ အင်း... လေးငယ်ကတော့ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အတန်အသင့် သိလိမ့်မည်ထင်သည် ။ သို့သော်လည်း ဦးသာက ဒီလိုပြန်လိမ့်မယ်မှန်းမသိတော့ လေးငယ်ကိုလည်း ဘာမှမေးမထားဖြစ်လိုက် ။

တကယ်ဆို ကားပေါ်မှာကတည်းက ဦးသာကိုအကျိုးအကြောင်းလေးဖြစ်ဖြစ် မေးထားလိုက်ရမှာ ။ ညံ့လိုက်တဲ့ ငြိမ်းချမ်းရေး ရယ်.... ။

အင်း... ကားပေါ်မှာတုန်းကလည်း ချမ်း ဇွတ်လိုက်လာလို့ ဦးသာက ဆူမှာကိုစိုးရိမ်ပြီး အတင်း အိပ်တော့မယ် ဘာညာနဲ့ အကွက်တွေသုံးခဲ့မိတာ ။ စာမေးပွဲတစ်လျှောက် အိပ်ရေးပျက်ခဲ့တာတွေနဲ့ပေါင်းပြီး နောက်ပိုင်းမှာ တကယ်ကြီးအိပ်ပျော်သွားမိတာတော့လည်း မတတ်နိုင်ဘူးပေါ့နော် ။

တောင်စဉ်ရေမရ လျှောက်တွေးနေမိတုန်းမှာပဲ ဦးသာနှင့် ဦးခွန်သာနိုင်က အသီးသီး ထိုင်ရာမှ ထ,ရပ်လိုက်လေတော့ ချမ်းလည်း ယောင်ကန်းကန်းနဲ့ လိုက်ရပ်မိတော့သည် ။

" ချမ်း ကိုအိုက်နဲ့လိုက်သွားလိုက်နော် ၊ ငါ ပြီးမှလိုက်လာခဲ့မယ် "

" ဟုတ်ကဲ့ ဦးသာ "

ထို့နောက် ကိုအိုက်ဆိုသူက ချမ်းကို နားနားနေနေ နေလို့ရအောင်ဆိုပြီး အိပ်ခန်းကျယ်တစ်ခုထဲသို့ လိုက်ပို့ပေးသည် ။ အိပ်ခန်းကျယ် လို့ သုံးနှုန်းရခြင်းအကြောင်းက တကယ်ကို ကျယ်ဝန်းတဲ့အခန်းတစ်ခုဖြစ်နေလို့ပါပဲ ။ ခန့်မှန်းခြေပြောရရင် ရန်ကုန်က ၁၂ ပေ , ပေ ၅၀ တိုက်ခန်းတစ်ခန်းစာလောက်တော့ အသာလေးရှိမည်ထင်သည် ။

" အကိုလေး ကော်ဖီသောက်မလားဗျ "

" မသောက်တော့ပါဘူး ကိုအိုက် ၊ ဒါနဲ့ ဟိုဟာလေ ကျွန်တော့်ကို အကိုလေးလို့ မခေါ်ပါနဲ့ ၊ ကျွန်တော်က ကိုအိုက်တို့ထက် အများကြီးငယ်ပါတယ် ၊ အဲ့ဒါကြောင့် ကျွန်တော့်ကို ဦးသာခေါ်သလို ချမ်းလို့ပဲခေါ်ရင် ရပါပြီ "

" ဟုတ်ကဲ့ ဟုတ်ကဲ့ဗျ ချမ်း "

" အာ အဲ့လို ဟုတ်ကဲ့ လို့လည်း မပြောနဲ့လေဗျာ ၊ အဲ့လိုကြီးကျ ကျွန်တော် တကယ်မနေတတ်ဘူး "

" ဟုတ်ကဲ့ဗျ "

" ဟော... ကြည့် "

" အား ကျုပ်တို့က အကျင့်ပါနေပြီဗျ "

ချမ်းရော ကိုအိုက်ရော ပြိုင်တူရယ်လိုက်မိတော့ ပိုပြီးရင်းနှီးသွားကြသလို ခံစားလိုက်ရသည် ။

စကားသံဝဲဝဲနဲ့ကိုအိုက်ဟာ တကယ်ပဲ စိတ်ထားကောင်းပုံရလေ၏ ။

" ဒါဆို အကိုလေး အဲ အဲ ချမ်း နားလိုက်ပါဦး ၊ လိုအပ်တာတစ်ခုခုရှိရင် ဟို Intercom ကနေ လှမ်းခေါ်လိုက်လို့ရပါတယ် "

" ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုအိုက် ၊ ကျေးဇူးတင်ပါတယ်နော် "

ကိုအိုက်ထွက်သွားပြီးနောက် အခန်းကို လှည့်ပတ်ကြည့်မိတော့ တကယ်ပဲ အခန်းတစ်ခုလုံးကို လိုလေသေးမရှိ အကျအနပြင်ဆင်ထားတာကို တွေ့ရသည် ။

ဖွေးနေတဲ့ အိပ်ယာခင်းအဖြူခင်းထားသော မွေ့ယာထူအိအိနဲ့ ကုတင်ကြီးကလည်း King size မို့ အကျယ်ကြီးပင် ။ မှန်တင်ခုံ ၊ ဘီဒို ၊ TV ၊ ရေခဲသေတ္တာ စဖြင့် အသုံးအဆောင်ပစ္စည်းတွေ အစုံရှိသည့်အပြင် ရေချိုး , သန့်စင်ခန်းပါ ပါတဲ့ ဒီအခန်းကြီးက အိမ်တစ်လုံးလိုတောင် အသုံးပြု၍ရနိုင်သေးသည် ။

ပြတင်းပေါက်တိုင်းမှာ လိုက်ကာဖြူဖြူတွေကာထားတာမို့ စပ်စုချင်စိတ်နဲ့ အသာလှပ်ကြည့်တော့

အိုး လှလိုက်တဲ့ မြင်ကွင်း ။

ခုလို အိမ်ပေါ်ထပ်က လှမ်းကြည့်တော့မှသာ ဒီအိမ်ကိုရောက်ဖို့ ချမ်းတို့ကွေ့ဝိုက်ပြီးတက်လာတဲ့ တောင်ကုန်းလေးက တော်တော်မြင့်မှန်းသိလိုက်ရသည် ။ အမြင့်ကနေ စီးမိုးကြည့်ရင်း မြင်ရတဲ့မြင်ကွင်းထဲမှာ ဟိုးအဝေးက မှိုင်းညို့ညို့တောင်တန်းတွေ ၊ တိမ်စုစုလေးတွေ ၊ သစ်ပင်စိမ်းစိုစိုတွေ ၊ တောင်ကုန်းလေးမှာ ကွေ့ဝိုက်တည်ရှိနေတဲ့ လမ်းကလေး ၊ အမည်မသိတဲ့ ခြံထဲက ပန်းပင်တွေ စသဖြင့် မြင်တွေ့ရသမျှက ရန်ကုန်နှင့်ခြားနားစွာ စိတ်ကြည်နူးစရာတွေချည်းသာ ။

အားရအောင် ငေးကြည့်နေပြီးတော့မှ မွေ့ယာအိအိကြီးထက် အသာထိုင်ချရင်း အနားယူဖို့ အတွေးပေါက်လာရ၏ ။

အဲ.... ခုမှ သတိရသည် ။ ချမ်းမှာ အင်္ကျီလဲဖို့ အဝတ်အစားအပို တစ်စုံမှပါမလာ ။

ကျွတ်... ဒုက္ခပါပဲ ။ ဦးသာကလည်း သူ့အဖေနှင့်သွားတွေ့ဦးမည်ဆိုပြီး ခုထိပေါ်မလာတော့ချေ ။

ဟင်... ဒါနဲ့ သူက ဒီအခန်းကြီးထဲမှာ တစ်ယောက်တည်း အိပ်ရမှာလား ။ ချမ်းအနေနဲ့က ကိုယ့်အိမ်ကိုယ့်ယာမဟုတ်ဘဲ ဘယ်နေရာစိမ်းမှာမှ တစ်ယောက်တည်း မအိပ်ဖူးချေ ။ သူငယ်ချင်းတွေနဲ့ခရီးထွက်တဲ့အခါလည်း တည်းတဲ့ Hotel တိုင်းမှာ Family room ယူပြီး အိပ်ခဲ့သည်ချည်းသာဖြစ်သည် ။

အခုလို လူသူမနီးဘဲ တိတ်ဆိတ်နေတဲ့ နေရာဒေသရဲ့ အခန်းကျယ်ကြီးတစ်ခုထဲမှာ ချမ်းတစ်ယောက်တည်းတော့ အိပ်စက်ဖို့မဝံ့ရဲပါလေ ။ ကုတင်ပေါ်မှာ ငုတ်တုပ်လေးထိုင်ရင်း ဦးသာအလာကိုသာ မျှော်နေမိသည် ။

ဦးသာကလည်း ကြာလိုက်တာ ။

အခန်းထဲ လမ်းထလျှောက်လိုက် ၊  ပြန်ထိုင်လိုက် ၊ ပြတင်းပေါက်မှာရပ်ပြီး ပျံသွားတဲ့ငှက်တွေကိုကြည့်ကာ တစ်ကောင် နှစ်ကောင် ရေတွက်လိုက်နှင့် ၄၅ မိနစ်လောက် ပြုလုပ်ပြီးချိန်မှ အခန်းတံခါးဖွင့်သံနှင့်အတူ မျှော်လင့်နေတဲ့သူက ဝင်လာလေတော့ အပြေးအလွှားအနားကပ်သွားမိသည် ။

" ဦးသာ "

" ချမ်း တစ်ညလုံးကားစီးလာလို့ ပင်ပန်းနေတာကို မနားသေးဘူးလား "

" ကျွန်တော့်မှာ လဲစရာအဝတ်အစားလည်း ပါမလာဘူး ဦးသာ "

" အော ဟုတ်သားပဲ ၊ မင်း မရွံတတ်ဘူးဆိုရင် ငါ့ညဝတ်အင်္ကျီတွေယူဝတ်မလား "

" ဝတ်မယ် ဝတ်မယ် ၊ ကျွန်တော် ဒီအဝတ်အစားကြီးကို လဲချင်လှပြီ "

ပုံမှန်ဆိုရင် ဘယ်တုန်းကမှ သူများအဝတ်အစားကို ယူဝတ်ဖို့ စိတ်မသန့်တတ်ခဲ့ပေမယ့် ဦးသာရဲ့အဝတ်အစားတွေကို ယူဝတ်ဖို့ကျ လိုအပ်လို့ဆိုတာမျိုးထက် ချမ်းရဲ့စိတ်ကိုက လိုလိုလားလားရှိနေခဲ့တာဖြစ်သည် ။

" အင်း ဒါဆို လောလောဆယ် ငါ့အင်္ကျီပဲ ခဏယူဝတ်ထားလေနော် ၊ ကိုအိုက်တို့ကို မင်းအတွက် အဝတ်အစားတွေ သွားဝယ်ခိုင်းပေးမယ် "

ပြောပြီးတာနဲ့ ဦးသာက အခန်းအပြင်ကို ပြန်ထွက်ဖို့လုပ်တော့

" ဦးသာ ဘယ်သွားဦးမလို့လဲ "

" Luggage က ငါနေမယ့် ဟိုဘက်ခန်းထဲမှာ ထားထားတာ ၊ အဲ့ဒါ ငါ မင်းအတွက် အဝတ်အစားလဲဖို့ သွားယူပေးမလို့လေ "

စကားဆုံးတာနဲ့ ကျောခိုင်းသွားသော ဦးသာရဲ့ခါးနားက အင်္ကျီစကို လက်ဖျားလေးနှင့် မဝံ့မရဲအသာဆွဲကာ

" ဦးသာ "

ချမ်းရဲ့ခေါ်သံကြောင့် လှည့်ကြည့်လာပြီး အင်္ကျီစကို ကိုင်ထားမိတဲ့ ခါးနားက လက်တွေကို အံ့သြသလို စိုက်ကြည့်လာတာကြောင့် ကမန်းကတန်းပြန်ကာလွှတ်ချရင်း

" ကျွန်တော် ဒီအခန်းထဲမှာ တစ်ယောက်တည်း မနေချင်ဘူး "

" ဘာဖြစ်လို့လဲ ၊ မင်း လွတ်လွတ်လပ်လပ်နေရအောင် နိုင်နိုင်က စီစဉ်ပေးထားတာလေ "

" ဦးသာပါ ဒီအခန်းထဲမှာ အတူတူလာနေလို့မရဘူးလား "

" ငါက ဒီဘက်ဘေးအခန်းမှာပဲ ရှိမှာလေ ချမ်း ၊ မင်း လိုတာရှိရင် လှမ်းခေါ်လိုက်လို့ရတယ် "

" ကျွန်တော်... ကျွန်တော် နေရာစိမ်းရင် တစ်ယောက်တည်း မအိပ်ရဲဘူး "

မရဲတရဲပြောလာတဲ့ ချမ်းစကားကိုကြားတော့ ဦးသာက ပြုံးတုံ့တုံ့ဖြစ်သွားရင်း

" အင်း... ဒါဖြင့်လည်းပြီးရော ၊ ငါ့အိတ်တွေသယ်ပြီး ပြန်လာခဲ့မယ် ၊ ဟုတ်ပြီလား "

" ဟုတ် "

ချမ်းက ဝမ်းသာအားရ ခေါင်းငြိမ့်ပြတော့

" ဘယ်လိုကလေးလဲမသိဘူး ၊ အသက်ပဲ ၁၉ နှစ်ပြည့်တော့မယ် ၊ ခုထိ ကြောက်တတ်တုန်း "

ဦးသာက ချမ်းကို ပြောသလိုလို သူ့ဟာသူပဲ ရေရွတ်သလိုလိုနှင့် ပြောကာ ထွက်သွားတော့သည် ။

ကလေးလို့လည်း ခေါ်သေး ။ အသက်ပဲ ၁၉ နှစ်ပြည့်တော့မယ် လို့လည်း ပြောသေး ။ လူကို သူပဲ အမျိုးမျိုးပြောနေတော့တာ ။ ဒီလူကြီးကတော့...။

အချိန်ခဏကြာသွားပြီးတဲ့နောက်......

ရေချိုးခန်းထဲက မှန်ပေါ်မှာမြင်နေရတဲ့ ကိုယ့်ပုံရိပ်ကို ကိုယ်ပြန်ကြည့်ပြီး ချမ်းတစ်ယောက် ရှုံ့တွနေမိသည် ။ ဦးသာရဲ့ညဝတ်အင်္ကျီနဲ့ဘောင်းဘီအပွကြီးတွေအောက်မှာ ချမ်းခန္ဓာကိုယ်လေးခမျာ ပျောက်ကွယ်လုမတတ် ။

အင်္ကျီကိုယ်ထည်က ပွနေသည့်အပြင် လက်ဖျားတွေကိုပင်ကျော်ကာ ရှည်ကျနေသည့် အင်္ကျီလက်တို့က ဖို့ရို့ဖားယား ။  ခြေထောက်အောက်မှာ တစ်ထွာလောက်ပုံကျနေသော ဘောင်းဘီရှည်ပွကြီးနှင့် ချမ်းအထာက ဇွတ်ကို ဂေါ်ထွက်နေတော့သည် ။ ( စိတ်နာနာနဲ့ ရွဲ့ပြောနေတာပါခင်မျာ )

အဝတ်တွေကို ဗီဒိုထဲထည့်နေသောဦးသာက ရေချိုးခန်းထဲမှ ကားယားကားယားနဲ့ထွက်လာသော ချမ်းကိုမြင်တော့ ခဏစိုက်ကြည့်လာကာ ပြုံးစိစိလိုလိုကြီးဖြစ်သွားပြီးတဲ့နောက် မထိန်းနိုင်သလို ဟက်ကနဲ ရယ်ချလိုက်လေသည် ။

ချမ်းလည်း ရှက်ကိုးရှက်ကန်းဖြစ်သွားရရင်း

" ဦးသာနော် "

" ဘာလဲ ချမ်းရ "

" မရယ်နဲ့ဆို "

" အင်း အင်း မရယ်ဘူး "

မရယ်ဘူးလို့ ပြောတဲ့အသံကိုက ရယ်ချင်သံကြီးနဲ့ ။

" ဦးသာဝတ်စုံကြီးက ဘာလို့ဒီလောက်ကြီးနေတာလဲ "

" ငါ့ဝတ်စုံ ကြီးနေတာက နည်းနည်း ၊ မင်း လူကောင်သေးနေတာက များများပါ ချမ်းရယ် "

ချမ်းမှာ အနာပေါ်တုတ်ကျသလို ဆွေ့ဆွေ့ခုန်ရင်း

" ဒီမှာ... လူကောင်သိပ်မထွားပေမယ့် ကျွန်တော့်ကို သဘောကျနေတဲ့ ကောင်မလေးတွေမှ အများကြီးပဲသိလား "

" တက္ကသိုလ်ဂွမ်းပုံ size နဲ့ ကလေးမလေးတွေလား "
( ** ဟာသအနေနဲ့ ချစ်စနိုးဖြစ်အောင် ရေးခြင်းသက်သက်ပါနော် ။ Body shaming လုပ်လိုခြင်းအလျင်းမရှိပါ ။ သာသာ ကိုယ်တိုင်ကလည်း ညှက်စိတစ်ယောက်ပါပဲ **  )

" ရားးးး ဦးသာနော် "

ပြုံးထေ့ထေ့နဲ့ ဒီလူကြီးဟာ တကယ်ပဲ မုန်းစရာ ။

**********

နေ့လည်စာကို စကားသံဝဲဝဲနဲ့အန်တီကြီးတစ်ယောက်က ချမ်းတို့နေတဲ့အခန်းထဲအထိ လာပို့ပေးသွားသဖြင့် ချမ်းရော ဦးသာရော အခန်းထဲမှာပင် စားသောက်လိုက်ကြသည် ။

" ဦးသာ "

" အင်း "

" ဒီအိမ်မှာက ထမင်းစားရင် ခုလိုပဲ အခန်းထဲမှာစားကြတာလား "

" မဟုတ်ပါဘူး ၊ အောက်ထပ်က Kitchen နဲ့ ကပ်လျက်မှာ Dining-room ရှိတယ် ၊ အခုက မင်းကို ရောက်ကာစမို့ အနေကြုံ့မှာစိုးလို့ ဒီလိုစီစဉ်ပေးတာ ၊ ညစာကိုတော့ အောက်ထပ်မှာပဲ နိုင်နိုင်တို့နဲ့အတူတူစားကြမယ်လေ ၊ မင်းအဆင်ပြေတယ်မဟုတ်လား ချမ်း "

" ဟုတ် ပြေပါတယ် ၊ ဦးသာသဘောပါ ၊ ဒါနဲ့လေ ကျွန်တော် ဦးသာအဖေကို တွေ့ပြီးနှုတ်ဆက်ချင်တယ် "

" အင်း ညနေကျရင် မင်းနဲ့မိတ်ဆက်ပေးမယ်လေ ၊ ဒါပေမယ့် ငါ့အဖေကတော့ မင်းကို ပြန်ပြီးနှုတ်ဆက်စကားပြောနိုင်တဲ့အခြေအနေမှာမရှိဘူး "

မျက်လွှာချကာ တစ်လုံးချင်းပြောနေတဲ့ ဦးသာက သူ့ဖခင်အတွက် စိတ်မကောင်းဖြစ်နေသလားလေ ။

" တော်တော်နေမကောင်းဖြစ်နေတာလားဟင် "

" မိသားစုဆရာဝန်ကတော့ အခုအချိန်ဟာ ငါ့အဖေအတွက် နောက်ဆုံးနေ့ရက်တွေပဲလို့ ပြောသွားတယ် "

ချမ်းအနေနဲ့ တစ်ခါမှလည်း လူတစ်ယောက်အပေါ် အလေးအနက်ထားပြီး နှစ်သိမ့်ပေးတာမျိုး မလုပ်ခဲ့ဖူးတော့ အခုအခြေအနေမှာ ဦးသာကို ဘယ်လိုနှစ်သိမ့်ပေးရမယ်ဆိုတာ တကယ်ကိုမသိချေ ။ နောက်ဆုံးတော့ စကားလုံးရှာမရတဲ့အဆုံး စားပွဲပေါ်တင်ထားတဲ့ ဦးသာရဲ့လက်တစ်စုံကိုသာ အပေါ်ကနေ ခပ်ဖွဖွထပ်ကိုင်လိုက်မိသည် ။

ထင်မှတ်မထားတဲ့အပြုအမူမို့ထင်သည် ။ ဦးသာက ချမ်းအား အံ့သြသလိုမော့ကြည့်လာရင်း

" ဘာမှမဖြစ်ပါဘူး ချမ်းရယ် ၊ ဒါတွေကို ငါကြိုသိထားပြီးသားပါ ၊ လက်လည်း လက်ခံနိုင်ပါတယ် "

" အရမ်းစိတ်မညစ်ပါနဲ့ ဦးသာရယ် ၊ ကျွန်တော် စကားတွေအများကြီးပြောပြီး မနှစ်သိမ့်တတ်ပေမယ့် ဦးသာနားမှာ ကျွန်တော်ရှိတယ် နော် "

ထူးကို လူကြီးလေးတစ်ယောက်လို တတ်သလောက်မှတ်သလောက် နှစ်သိမ့်ပေးချင်နေရှာသော မျက်စိရှေ့မှ ကောင်ငယ်လေးကို ပြုံး၍သာ ခေါင်းငြိမ့်ပြလိုက်သည် ။

ထူးရဲ့ ဒီကလေးလေး အရွယ်ရောက်လာပြီပဲ ။

ဖြတ်သန်းခဲ့သမျှ အဖြစ်အပျက်တွေထဲမှာ ထူးကသာ သူ့ကိုချော့မော့နှစ်သိမ့်ခဲ့ရပေမယ့် ခုတော့ ဒီကလေးလေးက ထူးကို ပြန်ပြီးနှစ်သိမ့်ပေးတတ်နေပြီ ။

ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်တဲ့ ဒီဖြစ်ရပ်လေးအပေါ်မှာ ဖြစ်ပေါ်လာတဲ့ ကြည်နူးပီတိတို့ကလည်း ထူးရဲ့ရင်တွင်းထိတိုင် တစိမ့်စိမ့် ။

ဒါသည်ကပင် ဒီကလေးလေးရဲ့ ထူးအပေါ်ထားတဲ့ မေတ္တာတစ်ပိုင်းတစ်စကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်းမဟုတ်ပါလား ။

ပေးဆပ်ခြင်းသက်သက်နဲ့သာ ပတ်သက်ချင်တဲ့လူသားလေးမို့ ထူးအတွက် ဘာကိုမှ ရကောင်းစေရယ်လို့ မမျှော်လင့်ခဲ့ပေမယ့် ခုလိုလေးကျတော့လည်း မျှော်လင့်ချက်မထားခဲ့တာ ကိုယ်မဟုတ်သလို ပျော်ရပြန်လေသည် ။

ဒါကပဲ ချစ်ခြင်းတရားရဲ့မျက်လှည့်တစ်ခုလေလား မပြောတတ်တော့ပါ ။

စားပွဲခုံဖြူဖြူလေးတစ်လုံးထက်မှာတော့ ရုန်းထွက်မသွားတဲ့ လက်တစ်စုံနဲ့ ထိုလက်တစ်စုံပေါ်မှာ အုပ်မိုးကာထပ်ကိုင်ထားတဲ့ လက်ဖြူဖြူသေးသေးတစ်စုံတို့ဟာ ဖယ်ခွာခြင်းမရှိ ငြိမ်သက်လျက် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့ပါသည် ။

______________________________

Continua a leggere

Ti piacerà anche

1.2M 92.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1M 76.5K 35
Slow Romance! ဘုန်းလျှံကွန်းခ x ယံသွန်းညို UNICODE /ZAWGYI Start date _ Oct 3 2022 End Date _ Feb 3 2023
1M 64.1K 53
မင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light
245K 23.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...