ချစ်ရပါသော ဆောင်းည(Normal)

By Saung_Nay_Chi

82.2K 3.9K 51

(Unicode &Zawgyi) နိုင်ငံရဲ့ နာမည်ကျော် အနုပညာတက္ကသိုလ်ကြီးတစ်ခုမှ နာမည်ကြီး King ကျောင်းသားတစ်ယောက်။ ဇာတ်ညွှ... More

( Part - 1 )
( Part - 2 )
( Part - 4 )
( Part - 5 )
( Part - 6 )
( Part - 7 )
( Part - 8 )
( Part - 9 )
( Part - 10 )
( Part - 11 )
( Part - 12 )
( Part - 13 )
( Part - 14 )
( Part - 15 )Ending

( Part - 3 )

5K 298 8
By Saung_Nay_Chi

( U&Z )

"​တွေ့ဆုံနိုင်​ဖို့ ကြိုးစားမိသည့်​နေ့ရက်​များ ... "
__________________________

(Day - 1)

ည​နေမှ အတန်းတက်ဖို့ ရှိတာမို့ သည်​နေ့သစ်​ကျောင်းကို ည​နေ​လောက်​မှ လာခဲ့၏။
သူ့ကားကို​ ကျောင်းထဲက ကားပါကင်မှာထားခဲ့ကာ ပြဇာတ်ဌာနဘက်သို့ လျောက်လာခဲ့လေသည်။
လမ်းတစ်​လျောက်​တွင် သူနဲ့ သိသမျှ သူတွေကို ပြုံးပြ နှုတ်ဆက် စကားပြောရင်းနှင့် လာခဲ့တာပဲ ဖြစ်သည်။
ထိုအချိန်တွင်​ သူ့အရှေ့ ခပ်လှမ်းလှမ်းကနေ လမ်း​လျောက်​နေသည့်​ ပုံရိပ်လေးကို သူသတိထားမိသွား၏။

ပုခုံး​ကျော်​ကျော် အညိုရင့်ေရာင် ဆံနွယ်တို့ကို ခပ်​မြင့်​မြင့်​ စုစည်းထားပြီး ရေညှိစိမ်းရောင် ကျောပိုးအိတ်လေးနဲ့ မိန်းခ​လေး ...။ ထိုပုံရိပ်လေးကို အနောက်ကနေ​လှမ်းမြင်လိုက်ရုံနဲ့ ဆောင်းညဆိုတာကို  သည်​နေ့သစ် တပ်အပ်သိနေ၏။

​ဆောင်းညကို မှတ်​မိ​နေတာလား ...။ ထိုပုံရိပ်လေးကို မှတ်​မိ​နေတာလား ...။
ဒါမှမဟုတ်​ ထိုပုံရိပ်လေးနဲ့ ဆောင်းညကို တွဲပြီး မှတ်မိနေတာလား ...။
​သေချာတာက​တော့ သူ့​အတွက်​ ဆောင်းညသည် အမှတ်တရ ရှိနေစေမိသော ...။

"​ဆောင်းည ... "

သူ လှမ်းခေါ်လိုက်တော့ ဆောင်းညက လှည့်​ကြည့်​၏။ သို့ပေမယ့် သူ့ကိုမြင်တာနဲ့ပင် အရှေ့သို့ ပြန်လှည့်သွားခဲ့၏။

"​ဆောင်းည ...​ဆောင်းည ... "

ထပ်​ခါထပ်​ခါ လှမ်း​ခေါ်​ပေမယ့်​လည်း သူမက ခြေလှမ်းတွေကို ပိုသွက်​၍ သူနဲ့ဝေးရာကို ထွက်သွားခဲ့လေသည်။

​ဆောင်းညဆိုတဲ့ သူမက သူ့ကို မတွေ့ချင်ဘူးဆိုတာ အပြုအမူ​တွေကို ကြည့်​ရုံနဲ့ပင်​သိသာ​စေပါသည်​။
ဒါ​ပေမယ့်​လည်း မ​တွေ့ချင်​တဲ့သူကိုမှ တမင်​တကာ လိုက်တွေ့ပစ်လိုက်ချင်တာက သူ့ရဲ့ ရည်ရွယ်ချက်ရှိတဲ့ အရွဲ့တိုက်​ခြင်းတစ်​ခုပါပဲ ...။

__________________________

(Day - 2)

ဇာတ်​ညွှန်း​မေဂျာ​ အဆောင်ဘက်သို့ သည်​နေ့သစ်​ တစ်ယောက် ဒီနေ့လည်း ရောက်လာခဲ့ပြန်၏။ ဒီရက်ထဲမှာ အလာစိတ်နေသော သည်​နေ့သစ်အား သူ့ကို သဲသဲလှုပ် စောင့်ကြည့်နေကြသည့် မိန်းခလေးတွေနဲ့ ဇာတ်ညွှန်း​မေဂျာက စီနီယာတွေကပင် သတိထားမိလာကြသည်​။

"​နေ့သစ်​ မင်း အခုတလော ငါတို့အ​ဆောင်​ဘက်​ကို ဘာအ​ကြောင်းမှ မရှိပဲနဲ့ နေ့တိုင်းနီးပါးလာနေသလိုပဲနော်...
ဘယ်​လိုလည်း ဒီမေဂျာက တစ်ယောက်ယောက်ကို ငြိ​နေပြီလား ... "

သူ့အသိ​တွေနဲ့ စီနီယာအချို့ကလည်း စ​နောက်​နေကြပါပြီ။ ပြောရင်လည်း ပြောချင်စရာပါပဲ ...။
​ဆောင်းညကို အရွဲ့တိုက်​ချင်​တဲ့ စိတ်နဲ့ ဆိုပေမယ့် သူကိုယ်တ်ိုင်ကလည်း ကိုယ့်အတန်းပြီးတာနှင့် ဒီအဆောင်ဘက်ကိုသာ ခြေလှမ်းက ရောက်ရောက်နေတာဖြစ်သည်။

"ငြိတယ်​ ရယ်လို့လဲ မဟုတ်​ပါဘူး ... ဒီတိုင်းပါပဲ သူနဲ့​ တွေ့ချင်လို့ပါ ... "

"ဟ ... ဘာလဲ တစ်​စုံတစ်​ယောက်​က​တော့ ရှိနေတာ သေချာပြီပေါ့ ဟုတ်​လား​ နေ့သစ်... "

သည်​နေ့သစ်​က​ ခေါင်းညိတ်ပြလိုက်တော့ ...။

"ကဲ​ နာမည်လေး ပြောပါဦးကွာ ငါတို့လည်း သိချင်လို့ပါ ... သည်နေ့သစ်လို လူတောင်မှ အသဲအသန် တွေ့ချင်လို့ ကြိုးစားနေရတဲ့မိန်းခလေးက ဘယ်​သူများလဲ ... "

စီနီယာ​တွေနဲ့ ပြော​နေတာ ဆိုပေမယ့်အနီးနားမှာက တခြားလူတွေလည်း ရှိနေကြ၍ သူတို့​ ပြောနေတာတွေကို ကြား​နေရ၏။
တစ်​ချို့​တွေက ဖြတ်​သွား ဖြတ်လာ ဆိုပေမယ့် တချို့တွေကျတော့ တမင်​ရှိ​နေကြတာဖြစ်​သည်​။
အထူသဖြင့်​ မိန်းခလေးတွေပါပဲ ...။
သည်​နေ့သစ်​ ဘာလုပ်တယ် ဘာစားတယ်ဘယ်သွားတယ် ဘယ်သူနဲ့ ေတွ့တယ်ဆိုတာအစ တစ်​နေ့​တစ်​နေ့ မိန်းခလေးတွေကြားမှာတော့ ဒါတွေက ပြောစရာ ဖွစရာ​တွေပါပဲ ...။

"​ဆောင်းည ... "

"​ဆောင်းည ဟုတ်​လား ... "

"​နေပါဦး ငါဒီနာမည်​ကို သိသလိုပဲ ... ဘယ်​သူပါလိမ့်​နေပါဦး ... "

စီနီယာတစ်​ယောက်​က စဉ်းစားသလိုတစ်​ချက်​ပြောလိုက်​တာမို့ သည်​နေ့သစ်​အကြည့်​က ထိုသူ့ဆီသို့​ရောက်​သွားရသည်​။

"​သြော်​ သိပြီ သိပြီ​ ဆောင်းည ... "

"စီနီယာ သိလို့လား ဆောင်းညကို ... "

"အင်း သိတယ်​လေ ငါတို့​မေဂျာက ပညာသင်ဆု ရထားတဲ့တစ်ယောက်... "

​"National University Of Arts" တက္ကသိုလ်​ကပေးသည့် ပညာသင်ဆုဆိုတာရှိ၏။ တော်ပြီး ထူးချွန်တဲ့ ကျောင်းသား ကျောင်းသူများသာ ပညာသင်​ဆု​ပေးတာဖြစ်​သည်​။

"သူက​တော်​တယ်​ပေါ့ ... "

"မင်း​မသိဘူးလား သူ့အ​ကြောင်း ... "

"မသိဘူး ကျွန်​တော်​က လူပဲမြင်ဖူးတာ ... "

"ပညာသင်​ဆုရထားတဲ့​ ကျောင်းသူဆိုတော့ စီနီယာ​တွေက သူ့ကို မှတ်မိနေကြတာလေ ... ဆောင်းညကက​ တော်ပါတယ်... ပြီးတော့ အနေလည်း အေးတယ်ယ်... "

စီနီယာ​တွေ ပြောပြသည့် ဆောင်းညအကြောင်း အနည်းငယ်ကို သူနား​ထောင်​နေမိသည်​။

"မင်းက ဇာတ်​ညွှန်း​မေဂျာကို ရောက်ရောက်လာတာ ဆောင်းညကို လာတွေ့တာပေါ့လေ ... အထူးအဆန်းပဲ ... "

"ဘာလို့လဲ ... "

"​သူ့ကို စာတော်လို့သာ သတိထားမိကြတာ​ဆောင်းညက အ​နေ​အေးသ​လောက်​ အပေါင်းအသင်းလည်း နည်းတယ် တခြားသူတွေနဲ့လည်း သိပ်ရောရောနှောနှော မ​နေတတ်​ဘူး ...
ဒီ​မေဂျာမှာ သူနဲ့ တွဲတွဲနေတဲ့ သူဆိုလို့ ငါသတိထားမိသ​လောက်​က​တော့ Kris ဆိုတဲ့ကောင်လေးတစ်ယောက်ပဲ ရှိတယ်... "

"Kris ... "
သည်​နေ့သစ်​က သံ​ယောင်​လိုက်​ပြီး​ ပြောလိုက်သည်။ ဆောင်းညရဲ့ ကာရိုက်တာကအေးတိအေးစက်နဲ့ နှုတ်နည်းတတ်ပြီး ပညာ​ရေးကလွဲရင်​ လူမှုရေးကတော့အားနည်းပုံပါပဲ ...။

"​ဆောင်းညက နာမည်​ကြီးထဲကလည်း မဟုတ်ပါဘူး ...​ အဲ့လောက် ခပ်အေးအေးနဲ့ တိတ်တိတ်ဆိတ်ဆိတ် နေတတ်တဲ့သူကို သရုပ်ဆောင်မေဂျာက မင်းက ဘယ်လိုလုပ်သိနေရတာလဲ အထူးအဆန်းပဲဆိုတာ  အဲ့ဒါကို​ ပြောတာ နေ့သစ်ရဲ့ ... "

"ဒီလိုပါပဲဗျာ ... "

​သည်​နေ့သစ်​က သူ့လည်​ပင်းကို ဖိပွတ်​လိုက်​ ဆံပင်တွေကို သပ်လိုက်နှင့် ရေရေရာရာ မဖြေခဲ့ပေ။

"မင်းအခု​ ဆောင်းညကို လာ​တွေ့တာမဟုတ်​လား​ သူ့နဲ့တွေ့ပြီးပြီလား ... "

"မ​တွေ့ရ​သေးဘူး သူအတန်းတက်​တဲ့အချိန်​တွေမှ ကျွန်တော်,မသိတာ ...
ဒီမှာ ဒီအချိန် ရှိမလားဆိုပြီးတော့ မှန်းပြီးလာကြည့်​ကြည့်​တာ ... "

"​အဲ့ဒါဆိုနေဦး ငါ​မေး​ပေးမယ်​ ဟိုမှာ သူ့သူငယ်ချင်း Kris ဆိုတဲ့ ကောင်လေး လာနေတယ် ... "

စီနီယာ အစ်ကိုတစ်ယောက်က Kris ဆိုတဲ့ရုပ်ဖြောင့်ပြီး ကြည့်ကောင်းတဲ့ ကျောင်းသားအား လှမ်း​ခေါ်လိုက်​လေသည်​။

"Kris ဂျူနီယာ​လေး Kris ... လာပါဦးကွ ဒီကို ... "

Krisက ပြုံးပြ နှုတ်ဆက်၍ သူတို့အနားသို့​ရောက်​လာ​လေ၏။

"မင်းတစ်ယောက်ထဲပဲလား ... "

"ဟုတ် ... တစ်​ယောက်​ထဲပါပဲ ဘာလို့လဲဟင်​ စီနီယာ ... "

"မင်း​ သူငယ်ချင်း ဆောင်းညရော မပါဘူးလား ... "

"ဗျာ ...​ဆောင်းည စီနီယာတို့က​ ဆောင်းညကို ဘာလို့ မေးတာလဲဟင်... ​ပြောစရာရှိလို့လား ကျွန်​တော်​ သူနဲ့ တွေ့ရင် ပြောပေးမယ်လေ ... "

"ငါတို့ မဟုတ်ပါဘူးကွာ ... ဒီမှာ သူက​ဆောင်းညနဲ့​ တွေ့ချင်လို့ ဒီအ​ဆောင်​ကိုလာတာ ဆောင်းညကို ဘယ်မှာ လိုက်ရှာရမလဲ မသိဘူး ဖြစ်နေလို့တဲ့ ... "

စီနီယာ အစ်ကိုေတွက သည်​နေ့သစ်​ကို ညွှန်​ပြကြသည်​။ Kris က အနည်းငယ် အံ့သြသွားသလိုတော့ရှိပါသည်။

"သည်​နေ့သစ်​က​ ဆောင်းညကို ဘာလို့ရှာတာလဲ မသိဘူး ... "

"သူနဲ့ မပြီးပြတ်သေးတဲ့ စကား​လေး​တွေ​ပြောစရာရှိလို့ပါ သူ့နဲ့ ဘယ်မှာ တွေ့လို့ရမလဲ Kris ... "

"ဒီ​နေ့​တော့ သူနဲ့​ တွေ့လို့ရမှာ မဟုတ်ဘူး သူဒီ​နေ့ အတန်းမတက်ဘူးလို့ ပြောတယ်... "

အမှန်​က ည​နေအတန်းကိုပဲ​ ဆောင်းညတက်မှာဖြစ်ပြီး မနက်​ပိုင်းအတန်းကို မတက်​တာဖြစ်​၏။ သို့သော် Kris ပြောလိုက်ပုံက တစ်​နေ့လုံး အတန်းတွေ လာမတက်တော့ဘူးဟု အဓိပ္ပါယ်​ရောက်​သွားသည်​။
ဒါက Kris တမင်​တကာ ပြောလိုက်တာပဲဖြစ်သည်။

"​ပြောစရာရှိတယ်​ဆိုရင် ကျွန်တော်ကနေတစ်ဆင့်ပြောလိုက်ပါလား သည်နေ့သစ် ကျွန်တော် သူ့ကို ပြန်ပြောပြလိုက်ပါ့မယ်... "

"ရပါတယ်​ ကျွန်တော်က နှစ်​ယောက်​ထဲပဲ​ပြောချင်​တာပါ ... ပြောရမယ့် စကားေတွက သူနဲ့ ကျွန်တော်ပဲသိတဲ့ ကိစ္စ​တွေ မို့လို့ပါ ... "

"​သြော်​... "
Krisရဲ့​ သြော်ဆိုတဲ့စကားက သည်​နေ့သစ်​နဲ့​ ဆောင်းညရဲ့ ကြားမှာ သူတို့မသိသည့်​ဘာကိစ္စ​တွေ ရှိနေတာလဲဟု မင်္သကာဖြစ်သွားတာမျိုး ...။

"အဲ့ဒါဆိုလည်း ကျွန်တော့်ကို ခွင့်ပြုကြပါဦး​နော်​ စာကြည့်တိုက်ဘက် ခဏသွားမလို့ပါ ... "

Krisက စကားစကိုဖြတ်​၍ သွားဖို့လုပ်​လိုက်​သည်​။ သည်နေ့သစ်က ခေါင်းကို တစ်ချက်ညိတ်ပြလိုက်ပြီး စီနီယာ​တွေက​တော့ သူ့ကို နှုတ်ဆက်လိုက်ကြသည်။

"အို​ခေ ဂျူ နီယာ​လေး Kris​နောက်​မှ ဆုံမယ်နော်... "

Kris ဆိုတဲ့တစ်ယောက်က ဆောင်းညအကြောင်း မေးလိုက်သည့် သည်နေ့သစ်ကို သိပ်​တော့ အမြင်ကြည်ပုံမရပေ။ Kris အကြည့်​တွေကို သည်နေ့သစ်ကလည်း ရိပ်​မိပါ၏။
​ဆောင်းညနဲ့ ထို​နေ့ကလည်း သူ,မ​တွေ့လိုက်​ရပေ။ သူမနဲ့ ဆုံဖို့က ထင်​ထားတာထက်​ပိုပြီး ခက်​ခဲ​နေခဲ့၏။

"​ဆောင်းည ...​ဆောင်းည မင်း​ကြောင့်​ ငါ့ရဲ့ခြေလှမ်းတွေ ရှေ့ဆက် တိုးပြီးရင်း တိုးလာ​နေမိပြီ " ...။

__________________________

(Day - 3)

​ကျောင်းသား​တွေအတွက်​ အပန်းဖြေဖို့ Public လိုနေရာ အကျယ်ကြီး တစ်​ခုက​တော့​ ကျောင်းဝင်းထဲမှာ ရှိနေပါသည်။
မြက်​ခင်းပြင်​ကျယ်​ကြီးကို အလယ်မှာ ထားပြီး  ဘေးပတ်လည်မှာကလှေကားထစ်ပုံစံ ကျောက်ထိုင်ခုံလေးတွေဖြစ်သည်။

အတန်းမတက်​ရသည့်​ အချိန်တွေမှာတော့ကျောင်းသားတွေ အလာအများဆုံး​နေရာ​တွေသည် စာကြည့်တိုက် လေကျင့်ရေးခန်းမတွေနဲ့ ထို​အပန်းေ​ဖြရာ နေရာပဲဖြစ်​သည်​။ ပြီးတော့ ဌာနက တစ်ချို့သောကျောင်းသားတွေက တစ်​ခါတစ်​ရံ၌ အဲ့ဒီ့​နေရာ​လေးမှာ​ ဖျော်ဖြေပွဲ အသေးစားလေးတွေ လုပ်​တတ်​ကြပါ၏။

ထိုမြက်​ခင်းပြင် စိမ်းစိမ်းမှာ ဆောင်းညတို့ သူငယ်​ချင်း​ လေးယောက်သား ထိုင်နေမိကြသည်။
​အေသင်​က ဇွဲမာန်​ရဲ့ ပုံတူပန်းချီကို sketch book နဲ့ ဆွဲပေးနေပြီး ဆောင်းညနဲ့ Krisတို့က​တော့ ရုပ်​ရှင်​ကားတစ်​ကား၏ ဇာတ်​ညွှန်းအကြောင်းအား သူတို့အမြင်​ကို ဆွေးနွေးနေလေရဲ့ ...။

ထိုအချိန်လေးမှာ ကျောင်းရဲ့ အသံလွှင့်အခန်းထဲကနေ ကျောင်းသားတွေ တောင်းဆိုထားသည့် သီချင်းလေးတွေကလည်း တစ်​ပုဒ်​ပြီး တစ်ပုဒ် လွှင့်ပေးနေခဲ့လေသည်။
​ကျောင်းရဲ့ အသံလွှင့်အခန်းလေးမှာ သီချင်း​တောင်းဆိုလို့ရသလို တစ်​ချို့​သော အများသိ​စေရန် ကြေငြာချက်များကိုလည်း တစ်ကျောင်းလုံး သိရကြားရအောင်လို့ ထိုနေရာလေးကနေ အသံလွှင့်​ပေးပါ၏။

"ဟုတ်ကဲ့ အခု​တောင်းဆိုထားတဲ့ သီချင်း​လေး အပြီးမှာတော့ ကြားဖြတ်​အ​နေနဲ့​ကြော်​ငြာ​လေးတစ်ခု ဝင်ပါရစေနော်... "

သီချင်း​လေး ဆုံးသွားပြီးနောက်တွင်အသံလွှင့်အခန်းထဲက စီစဉ်​သူရဲ့ အသံကိုကြားလိုက်ရလေသည်။
အခါတိုင်းလည်း ထိုသို့ ကြေငြာနေကြမို့ အားလုံးကလည်း အမှတ်​တမဲ့ပဲ​ နေလိုက်ကြ၏။

"ဟုတ်​ကဲ့ အခု​ကြော်​ငြာ​လေးက​တော့ အထူးအဆန်းပါပဲ​နော်​...
အရင်​လို​ ဖျော်ဖြေပွဲငယ်တွေအတွက် ကြော်ငြာ ပြပွဲ​တွေ ပြိုင်​ပွဲ​တွေအတွက်​ကြော်​ငြာမျိုး​တွေ​တော့ မဟုတ်ပါဘူး ...
အခု​ကြော်​ငြာ​လေးက မိန်းခလေး တစ်ယောက်ကို တွေ့ချင်လို့ လိုက်ရှာနေတဲ့ကြော်ငြာလေးပါတဲ့ ... "

အထူးအဆန်း​ ကြော်ငြာမို့ ကျောင်းသားတွေ စိတ်​တော့ဝင်​စားသွားကြ၏။ သေချာ နားထောင်နေကြလေသည်။

"ဟုတ်​ကဲ့​ ကြေငြာချင်တဲ့ သူကတော့ ပြဇာတ်​ဌာန သရုပ်​ဆောင်​မေဂျာရဲ့ King
တစ်​ကျောင်းလုံးရဲ့ နာမည်အကြီးဆုံးကျောင်းသား သည်​နေ့သစ်​ပါပဲ ခင်​ဗျ ... "

သည်​နေ့သစ်​ဆိုတဲ့ အမည်​နာမကို ကြားလိုက်​တာနှင့်​ ကျောင်းသားတွေ လှုပ်​လှုပ်​ရှားရှား ဖြစ်သွားကြလေသည်။
အထူးသဖြင့်​ မိန်းခလေးတွေပါပဲ ...။

"ဟယ်​ သည်နေ့သစ်တဲ့ ... "

"သူ ဘယ်သူ့ကို လိုက်​ရှာ​နေတာလဲ မသိဘူး ... "

"ငါ့ကိုများလားဟယ်​ ခစ် ခစ် ခစ်... "

"ဘယ်​မှာမှ မ​တွေ့လို့နဲ့ တူပါတယ်ဟယ်...
အသံလွှင့်​ အခန်းကနေတောင် တစ်ကျောင်းလုံးကို ကြေငြာနေရပြီ ... "

"ကဲ ကဲ ကဲ ... ရင်​ခုန်​စရာ​တွေ​တော့ ဖြစ်​ကုန်​ကြပြီ​နော်​ သည်နေ့သစ်တို့က သိပ်​အဆန်း ထွင်တာပဲကွယ်... "

အသံ​တွေက ပုံမှန်​ချိန်​ထက် ပိုသိသာစွာ တစ်ယောက် တစ်ပေါက်တွေ ဖြစ်ကုန်ကြ၏။ ဒါတောင်မှ ဆောင်းညတို့ အနီးနားမှာ ကြားရသ​လောက်​လေးပါပဲ ...။
တစ်ကျောင်းလုံးရဲ့ နေရာအနှံ့မှာတော့ ဘယ်လိုတွေ ဖြစ်နေမလဲ မပြောတတ်။

"ဟဲ့ သည်​နေ့သစ်​တဲ့ သူ ဘယ်သူ့ကို လိုက်ရှာနေတာလဲ မသိဘူး ... ဘယ်မေဂျာက ကောင်မလေးပါလိမ့်... "
​အေသင်​ကလည်း သိချင်​နေပြန်​သည်​။

Kris က ဆောင်းညမျက်နှာကို လှမ်းကြည့်​လိုက်​မိ၏။ မဖြစ်နိုင်လောက်ပါဘူးဟု တွေးကြည့်ပေမယ့် ဖြစ်နိုင်စရာကလည်း ရှိနေပြန်သည်။ မနေ့ကလေးတင် သည်နေ့သစ် ဆောင်းညကို လာရှာသွားတာ သူအသိ။
​ဆောင်းညကို အဲ့ဒီ့ကိစ္စ ပြန်ပြောပြပြီး သည်နေ့သစ်နဲ့ ဘာကိစ္စတွေရှိလဲဟု သူမေးကြည့်​တော့လည်း ဆောင်းညက ရေရေရာရာ မ​ဖြေခဲ့​ပေ။ ဆောင်းညကတော့ သိပ်ဂရုမစိုက်သည့် ပုံစံပါပဲ ...။ ဒါမှမဟုတ် Kris လိုပင် မဖြစ်နိုင်လောက်ပါဘူးဟု ထင်​နေသည်​လားမသိ ...။

"ဟုတ်​ကဲ့ အားလုံးပဲ မင်္ဂလာပါ​နော်​ ကျွန်တော်ကတော့ သရုပ်ဆောင် မေဂျာက သည်နေ့သစ်ပါ ခင်ဗျ ... "

"အမ​လေး .. အသံ​လေးကလည်း အရမ်းနားထောင်လို့ ကောင်းတာပဲ ဟယ်​...
သည်​နေ့သစ်​ ဆိုတဲ့တစ်ယောက် ဘာလုပ်လုပ် ဆွဲဆောင်မှုကို ရှိ​နေတာပဲ ... "

​ကောင်မလေး အုပ်စုတွေစီကနေ အသံ​လေး​တွေ ထွက်​လာခဲ့ပြန်​သည်​။

"မိန်းခ​လေး​တွေက သိပ်​အကဲပိုတာပဲ ... "
ဇွဲမာန်​က အမြင်​ကတ်​စွာနဲ့​ ပြောလေ၏။

"မဟုတ်​လို့လား သူတို့​ပြောတာ မှားမှ မမှားတာ အမှန်​တွေပဲ​လေ ... "
​အေသင်​ကလည်း အလျော့မပေးပါဘူး ...။

အခုထိ​တော့​ ဆောင်းညနဲ့ Kris တို့နှစ်ယောက်လုံး အသံတိတ်​နေတုန်းပါပဲ ...။

"ဟုတ်​ကဲ့ ... ကျွန်​တော်​ လူတစ်ယောက်ကို လိုက်​ရှာ​နေတာပါ ခဏခဏ သွားတွေ့ခဲ့ပေမယ့် အခုထိ မဆုံဖြစ်သေးပါဘူး ...
အဲ့ဒါ​ကြောင့်​ ဒီနေရာကနေ ကြေငြာရတာပါ ... အားလုံး အနှောင့်အယှက်ဖြစ်သွားမယ်ဆိုရင် တောင်းပန်ပါတယ်နော်... "

"အ​နှောင့်​အယှက်​ မဖြစ်ပါဘူးကွယ်... လုံးဝ လုံးဝပါ ... အသံ​လေး ကြားရရုံနဲ့တင် ကျေနပ်နေပါပြီလို့ ... "

မိန်းခ​လေး​တွေဆီမှ အသံ​တွေ ထပ်​ထွက်​လာကြပြန်​လေသည်​။

"ကျွန်‌တော် ရှာ​နေတဲ့သူက ဇာတ်ညွှန်းမေဂျာက ပညာသင်ဆုရထားတဲ့ ဆောင်းည ပါပဲ ... "

"​ဆောင်းည နင်​... "
"​ဆောင်းည ... "

ဇွဲမာန်​နဲ့​ အေသင်ဆီကနေ အသံထွက်​လာကြ၏။ Kris ကတော့ ဘာမှမ​ပြော​ပေ။ သိပ်​မအံ့သြသည့်​ ပုံစံမျိုးပါ။ ဆောင်းညကတော့ မျက်​နှာ သိသိသာသာ ပျက်သွားခဲ့၏။

"​ဆောင်းည​ မင်း ကိုယ်​နဲ့ လာတွေ့ဖို့အတွက်တောင်းဆိုပါရစေ ... အသံလွှင့်ခန်းကနေ  ကိုယ်​စောင့်​နေပါ့မယ်​ ဒီညနေ လေးနာရီမှာ ဒီကို လာခဲ့ပေးပါ ...
တကယ်​လို့ မင်းမလာဘူးဆိုရင်​ နေ့တိုင်း ဒီနေရာကနေ မင်းကိုယ့်ကို​ လာတွေ့ဖို့အတွက် ကြေငြာနေဦးမှာပဲ ...
​နောက်​ဆုံးတစ်​ခေါက်​ ထပ်ပြောပါရစေ ...
​ဆောင်းည မင်းကိုယ့်​ကို အသံလွှင့်​ခန်းမှာ​ည​နေ​လေးနာရီ လာ​တွေ့​ပေးပါ ... "

"ဘာလဲဟ ဇာတ်​ညွှန်း​မေဂျာက ဆောင်းညတဲ့ ဘယ်​သူလဲ ... "

"ဟဲ့ နင်​သိလား​ ဆောင်းညဆိုတာ ... "

"အရမ်းလှလို့လား​ ဆောင်းညဆိုတဲ့ တစ်ယောက်က ... "

"လှမလှ​တော့ မသိဘူး ပညာသင်ဆုရတယ်ဆိုတော့ စာ​တော့​တော်​တဲ့ပုံပဲ ... "

"ငါသိချင်​တာက ဘာလို့​ တွေ့ချင်နေရတာလဲဆိုတာပဲ ... "

"ဧကန္တ အ​ကြွေး​တောင်းမလို့လား မသိဘူးရယ်​ ခစ် ခစ် ခစ်... "

တစ်​ခဏ​လေး အတွင်းမှာ ကျောင်းရဲ့ နေရာစုံ၌ ဆောင်းညဆိုတဲ့ အမည်က နာမည်​ကြီးသွားခဲ့၏။ ဆောင်းညအကြောင်း ဟိုဟိုဒီဒီ​ ပြောကြမေးကြနှင့်...။
ဇာတ်ညွှန်းေ​မဂျာက လူ​တစ်​ချို့​လောက်​ပဲ​ဆောင်းညကို သိကြတာဖြစ်​ပြီး အခြားလူ​တွေက​တော့​ ဆောင်းည သူတို့ဘေးတွင် ရှိနေတာတောင်မှ ဘယ်​သူမှန်းမသိကြ​ပေ။

"ဘယ်လိုလဲ နင်​သွားမှာလား​ ဆောင်းည ... "
Krisက​ ဆောင်းည မျက်နှာကိုကြည့်ပြီး မေးလိုက်လေသည်။

"မသွားလို့ ဘယ်ဖြစ်မလဲ သည်​နေ့သစ်​ပြောတာ မကြားဘူးလား သူ့ကိုလာမ​တွေ့ရင်​ နေ့တိုင်း အသံလွှင့်ပြီး ကြေငြာနေမှာပဲတဲ့ ... "
​အေသင်​ကလည်း ဆောင်းည မျက်နှာကို ကြည့်​ပြီး​ပြော၏။

"ဒီ​ကောင်​ ဘာလုပ်တာလဲကွာ ... ဆောင်းည နင်​နဲ့သူ့ကြားမှာ ဘာကိစ္စ​တွေ ရှိထားလို့လဲ ... "

ဇွဲမာန်​ မေးခွန်းက သူတို့အ​မေးချင်​ဆုံး မေးခွန်းတစ်ခုပါပဲ ...။ ထို့ကြောင့် သုံးယောက်သား ဆောင်းညဆီက အ​ဖြေကို​ စောင့်နေမိကြ၏။
​သူတို့ရဲ့ သိချင်​နေကြသည့် မျက်နှာအမူအရာတွေကြောင့် ဆောင်းညလည်း ဖြေဖို့လုပ်လိုက်လေသည်။ ဘာပဲဖြစ်ဖြစ်အရင်းနှီးဆုံး သူငယ်​ချင်း​တွေပဲ မဟုတ်ပါလား ...။

" design​ မေဂျာက စိမ်းလဲ့ သူ့ကိုယ်သူ မသတ်သေခင်နေ့မှာ သည်​နေ့သစ်​နဲ့ စကားများ​နေတာကို မထင်​မှတ်​ပဲ ငါတွေ့ခဲ့တယ်... "

​ဆောင်းညက သည်​နေ့သစ်​နဲ့ စိမ်းလဲ့တို့ ပြသနာတက်​တဲ့​နေ့က အ​ကြောင်း​တွေကို အစက​နေ ပြန်ပြောပြလိုက်လေသည်။

"ဒါဆို အဲ့ဒီ့​ကိစ္စ​ကြောင့် သူက နင့်ကို တွေ့ချင်နေတာပေါ့ ... "

"အဲ့ဒီ့ကိစ္စပဲ ရှိမှာပေါ့ သူနဲ့ ငါ့ကြားမှာ တခြား ဘာအကြောင်းမှ မရှိတာ ... "

"ငါ​ကတော့ အဲ့ဒီ့လို မထင်ဘူး ... "
​အေသင့် စကားကြောင့် သုံးယောက်သားအေသင့်ကို လှမ်းကြည့်မိကြသည်။

"နင်​က ဘယ်​လိုထင်​လို့လဲ ... "

"စဉ်းစားကြည့်​လေ စိမ်းလဲ့ကိစ္စက ပြီးသွားတာ တစ်​လနီးပါး​လောက်​တောင်​ ရှိနေပြီ  အခုထိ သူတို့အကြောင်းကို ဆောင်းည ဖော်ကောင် မလုပ်ဘူးဆိုတာ အသိသာကြီးပဲ​လေ ...
အဲ့ဒါ​ကြောင့်​ သည်နေ့သစ်က ဆောင်းညကိုတွေ့ချင်တာ တခြားအကြောင်း တစ်ခုခုလည်း ရှိဦးမယ်​လို့ ငါ​တော့ထင်​တယ်​... "

"အဲ့ဒါက ဘာအ​ကြောင်းလဲ ... "

"ငါလည်း မမခန့်မှန်းတတ်ဘူးလေ ... "

"သည်​နေ့သစ်​ ဆိုတဲ့တစ်ယောက်က  တကယ်​ မာနကြီးတာပဲ မထင်​ရဘူး သတင်း​တွေကြားတာ​တော့ သူက အရမ်းဖော်ရွေတာပဲဆို ... "

ဇွဲမာန်​က​ ပြော‌တော့ အေသင်က ချက်ချင်းတုံ့ပြန်လေ၏။

"​ဖော်​ရွေတာက ဖော်ရွေတာပဲလေ မိန်းခ​လေးကိစ္စမှာ​တော့ အရမ်း​ဖော်​ရွေလို့ ရမလား သူနာမည်​ ပျက်သွားမှာပေါ့ ...
စိမ်းလဲ့ကိစ္စနဲ့​ နာမည်ပျက်ရင်တော့ နှစ်​ခါ​မြောက်​ ဖြစ်သွားလိမ့်မယ်... "

"နှစ်​ခါ​မြောက်​ ဘာကိုနှစ်ခါမြောက်လဲ ... "

"ဟယ်​ နင်တို့ကလည်း မကြားမိဘူးလား သည်​နေ့သစ်​ အထက်တန်းကျောင်းတုန်းက မိန်းခ​လေးတစ်​ယောက်​ကြောင့်​ နာမည်ပျက်မလို ဖြစ်သွားသေးတယ်လေ ... "

"ငါတို့က နင့်​လို မယ်စပ်စုမှ မဟုတ်​တာ ဘယ်​သိမှာလဲ ... "

"နင်​က ဘယ်လိုသိလဲ သူအထက်​တန်း​ကျောင်းတုန်းက ကိစ္စတွေကို ... "

"သည်​နေ့သစ်​က နာမည်​ကြီးပဲ သူနဲ့ပတ်​သက်​တဲ့ သတင်းအသစ်​ သတင်းအဟောင်း ဘာပဲဖြစ်​ဖြစ်​ လူသိများကြတာပဲလေ ... "

"​အဲ့ဒီ့မိန်းခ​လေးနဲ့​ ဘယ်လိုဖြစ်တာလဲ ပြောပြဦးလေ ... "

ဇွဲမာန်​က သိချင်​နေတာမို့​ အေသင်ကို မေးလိုက်လေသည်။ အေသင်ကလည်း ပြောပြချင်နေတဲ့ သူမို့...။

"အဲ့ဒီ့​ကောင်​မ​လေးက သည်​နေ့သစ်​ကို တစ်​ဖက်​သတ် ကြိတ်ကြိုက်နေတာ အရူးအမူးပဲတဲ့ ...
အခု စိမ်းလဲ့လိုမျိုး ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်ဆိုပြီးတော့ ခြိမ်း​ခြောက်​လို့ သည်​နေ့သစ်​က လက်ခံပြီး တွဲခဲ့တယ်...
ဒါ​ပေမယ့် စဉ်းစားကြည့်ပေါ့ဟာ တကယ်​မချစ်​ပဲနဲ့ အကျပ်ကိုင်ခံရလို့ ပြန်​ချစ်​ခဲ့တဲ့အချစ်​ရေးက ဘယ်​လောက်​မြဲမှာ မို့လို့လဲ ...
သည်​နေ့သစ်​က လုံးဝ လမ်းခွဲပစ်လိုက်တယ် အဲ့ဒီ့မိန်းခလေးက ဒါကို မကျေနပ်လို့ သူ့ကို မတော်မတရား ကြံပါတယ်ဆိုပြီးတော့ သည်​နေ့သစ်​ကို မုဒိန်းမှုနဲ့ တရားစွဲခဲ့တာ ... "

"ဘာလဲ အဲ့ဒါတကယ်​ကြီးလား ဒါဆို သည်​နေ့သစ်​က မုဒိန်းမှုနဲ့​ ထောင်ကျခဲ့ဖူးတာပေါ့ ... "
ဇွဲမာန်​က အလန့်​တကြား ထမေးလေသည်။

"ဟဲ့ စကားကို ဆုံး​အောင်​နား​ထောင်​လေ ...
သည်​နေ့သစ်​လို ပုံစံလေးက မုဒိန်းမှု ကျူးလွန်​မယ့်​ လူမျိုးလား စဉ်းစဉ်းစားစားလည်း ပြောဦး ... "

​အေသင်​က သည်​နေ့သစ်​ရဲ့ fanတစ်ယောက်မို့ အတင်းထငြင်းရှာ၏။

"အမ​လေး ရုပ်​ချောတဲ့ မုဒိန်းကောင်တွေမှ အများကြီးပဲ နင်​မကြားဘူးလို့​ နေမှာပေါ့ ... "

"​တော်​စမ်းပါ ... ဒီမှာငါ​ပြော​နေတာ နင်​ကြားက​နေ ဖြတ်​ဖြတ် မပြောစမ်းပါနဲ့ ... "

​အေသင်​နဲ့ ဇွဲမာန်​တို့ နှစ်ယောက်သား ခဏ​လောက်​တော့ ရန်​ဖြစ်​လိုက်​ကြ​သေး၏။
​ဆောင်းညနဲ့ Kris တို့ကတော့ ဒီတိုင်းပဲ နားထောင်နေမိကြသည်။

"အဲ့ဒီ့​ ကောင်မလေးက သည်​နေ့သစ်​ကို မ​ကျေနပ်​လို့ တမင်​ လုပ်ကြံပြီးပြောတာလေ ...
စ,ဖြစ်ခါစတုန်းက နည်းနည်းရှုတ်ယှက်ခဲ့ပေမယ့် သက်သေစစ်ချက်တွေအရ သည်​နေ့သစ်​ မကျူးလွန်ဘူးဆိုတာ သေချာသွားလို့ သူအမှုက​နေ ကွင်းလုံးကျွတ်​ လွတ်သွားတယ်... "

"အဲ့ဒါ​ကြောင့်​ စိမ်းလဲ့ခြိမ်းခြောက်တာကို  သူလုံးဝ လက်မခံနိုင်တာကိုး ...
အင်း​ပေါ့​လေ တစ်​ခါ​ ထောင်ချောက်ဆင်ခံလိုက်ရတော့ မိန်းခ​လေး​တွေရဲ့ မူယာမာယာတွေကို ဟိုကလည်း လန့်သွားရှာမှာပေါ့ ... သည်နေ့သစ်ကိုတော့ နားလည်ပေးလို့ ရသွားပါပြီ​... "
ဇွဲမာန်​က နားလည်​သည်​ဟု ပြောတော့ ...။

"အမြင်​မှန်​ရသွားပြီလား ... "
​အေသင်​ကလည်း စ၏။

ဇွဲမာန်​နဲ့​ အေသင်တို့နှစ်ယောက် အချင်းချင်း စနောက်နေစဉ်...။

"ငါ စာကြည့်​တိုက်​ဘက်​ ခဏသွားဦးမယ်... "

​ဆောင်းညက သူငယ်​ချင်း​တွေကို နှုတ်​ဆက်​ပြီး ထို​နေရာက​နေ ထွက်​လာခဲ့​လေသည်​။

"​ဆောင်းည ကြည့်​ရတာ တစ်​ခုခုဖြစ်​သွားပုံပဲ ... "
​အေသင်​က​ ပြောလိုက်သည်။

"မဖြစ်​ပဲ​နေမလား သည်​နေ့သစ်​လိုမျိုး သူလည်း ကြုံခဲ့ရဖူးတာပဲလေ ... "

ဇွဲမာန်​ ပြောလိုက်မှ အေသင် သတိရသွား၍  ထိုအခါကျမှ ပါးစပ်​ပိတ်​သွားမိ၏။ Kris ကတော့ ဆောင်းည ကျောပြင်ကို လှမ်းငေးကြည့်ရင်း နှုတ်​ဆိတ်​နေမိပါသည်​။
သူမ အဆင်​မှ ပြေပါ့မလားဟုလည်း စိတ်ပူနေမိ၏။

အတိတ်​ဆိုတာ အမြဲတမ်း​ နှစ်တွေကြာခဲ့သည့်တိုင်အောင် မှတ်ဥာဏ်ထဲမှာ ဖျောက်ဖျက်လို့ မရနိုင်တာမို့ တိုက်​ဆိုင်​မှုရှိတိုင်း သတိ​တော့ ရမိတာပါပဲ ...။
အဲ့ဒါ ဟိုးအရင်က​ အတိတ်တွေပါ ...။

****   *****   *****   *****   *****

"​ေတြ့ဆံုႏိုင္​ဖို႔ ႀကိဳးစားမိသၫ့္​ေန့ရက္​မ်ား ... "
__________________________

(Day - 1)

ည​ေနမွ အတန္းတက္ဖို႔ ရိွတာမို႔ သည္​ေန့သစ္​ေက်ာင္းကို ည​ေန​ေလာက္​မွ လာခဲ့၏။
သူ႔ကားကို​ ေက်ာင္းထဲက ကားပါကင္မွာထားခဲ့ကာ ျပဇာတ္ဌာနဘက္သို႔ ေလ်ာက္လာခဲ့ေလသည္။
လမ္းတစ္​ေလ်ာက္​တြင္ သူနဲ႔ သိသမ်ွ သူေတြကို ႃပံုးျပ ႏႈတ္ဆက္ စကားေျပာရင္းႏွင့္ လာခဲ့တာပဲ ျဖစ္သည္။
ထိုအခ်ိန္တြင္​ သူ႔အေရ႔ွ ခပ္လွမ္းလွမ္းကေန လမ္း​ေလ်ာက္​ေနသၫ့္​ ပံုရိပ္ေလးကို သူသတိထားမိသြား၏။

ပုခံုး​ေက်ာ္​ေက်ာ္ အညိုရင့္ေရာင္ ဆံႏြယ္တို႔ကို ခပ္​ျမင့္​ျမင့္​ စုစည္းထားၿပီး ေရၫွိစိမ္းေရာင္ ေက်ာပိုးအိတ္ေလးနဲ႔ မိန္းခ​ေလး ...။ ထိုပံုရိပ္ေလးကို အေနာက္ကေန​လွမ္းျမင္လိုက္ရံုနဲ႔ ေဆာင္းညဆိုတာကို  သည္​ေန့သစ္ တပ္အပ္သိေန၏။

​ေဆာင္းညကို မွတ္​မိ​ေနတာလား ...။ ထိုပံုရိပ္ေလးကို မွတ္​မိ​ေနတာလား ...။
ဒါမွမဟုတ္​ ထိုပံုရိပ္ေလးနဲ႔ ေဆာင္းညကို တဲြၿပီး မွတ္မိေနတာလား ...။
​ေသခ်ာတာက​ေတာ့ သူ႔​အတြက္​ ေဆာင္းညသည္ အမွတ္တရ ရိွေနေစမိေသာ ...။

"​ေဆာင္းည ... "

သူ လွမ္းေခၚလိုက္ေတာ့ ေဆာင္းညက လွၫ့္​ၾကၫ့္​၏။ သို႔ေပမယ့္ သူ႔ကိုျမင္တာနဲ႔ပင္ အေရ႔ွသို႔ ျပန္လွၫ့္သြားခဲ့၏။

"​ေဆာင္းည ...​ေဆာင္းည ... "

ထပ္​ခါထပ္​ခါ လွမ္း​ေခၚ​ေပမယ့္​လည္း သူမက ေျခလွမ္းေတြကို ပိုသြက္​၍ သူနဲ႔ေဝးရာကို ထြက္သြားခဲ့ေလသည္။

​ေဆာင္းညဆိုတဲ့ သူမက သူ႔ကို မေတြ့ခ်င္ဘူးဆိုတာ အျပဳအမူ​ေတြကို ၾကၫ့္​ရံုနဲ႔ပင္​သိသာ​ေစပါသည္​။
ဒါ​ေပမယ့္​လည္း မ​ေတြ့ခ်င္​တဲ့သူကိုမွ တမင္​တကာ လိုက္ေတြ့ပစ္လိုက္ခ်င္တာက သူ႔ရဲ့ ရည္ရြယ္ခ်က္ရိွတဲ့ အရဲြ႔တိုက္​ျခင္းတစ္​ခုပါပဲ ...။

__________________________

(Day - 2)

ဇာတ္​ၫႊန္း​ေမဂ်ာ​ အေဆာင္ဘက္သို႔ သည္​ေန့သစ္​ တစ္ေယာက္ ဒီေန့လည္း ေရာက္လာခဲ့ျပန္၏။ ဒီရက္ထဲမွာ အလာစိတ္ေနေသာ သည္​ေန့သစ္အား သူ႔ကို သဲသဲလႈပ္ ေစာင့္ၾကၫ့္ေနၾကသၫ့္ မိန္းခေလးေတြနဲ႔ ဇာတ္ၫႊန္း​ေမဂ်ာက စီနီယာေတြကပင္ သတိထားမိလာၾကသည္​။

"​ေန့သစ္​ မင္း အခုတေလာ ငါတို႔အ​ေဆာင္​ဘက္​ကို ဘာအ​ေၾကာင္းမွ မရိွပဲနဲ႔ ေန့တိုင္းနီးပါးလာေနသလိုပဲေနာ္...
ဘယ္​လိုလည္း ဒီေမဂ်ာက တစ္ေယာက္ေယာက္ကို ၿငိ​ေနၿပီလား ... "

သူ႔အသိ​ေတြနဲ႔ စီနီယာအခ်ိဳ႕ကလည္း စ​ေနာက္​ေနၾကပါၿပီ။ ေျပာရင္လည္း ေျပာခ်င္စရာပါပဲ ...။
​ေဆာင္းညကို အရဲြ႔တိုက္​ခ်င္​တဲ့ စိတ္နဲ႔ ဆိုေပမယ့္ သူကိုယ္တ္ိုင္ကလည္း ကိုယ့္အတန္းၿပီးတာႏွင့္ ဒီအေဆာင္ဘက္ကိုသာ ေျခလွမ္းက ေရာက္ေရာက္ေနတာျဖစ္သည္။

"ၿငိတယ္​ ရယ္လို႔လဲ မဟုတ္​ပါဘူး ... ဒီတိုင္းပါပဲ သူနဲ႔​ ေတြ့ခ်င္လို႔ပါ ... "

"ဟ ... ဘာလဲ တစ္​စံုတစ္​ေယာက္​က​ေတာ့ ရိွေနတာ ေသခ်ာၿပီေပါ့ ဟုတ္​လား​ ေန့သစ္... "

သည္​ေန့သစ္​က​ ေခါင္းညိတ္ျပလိုက္ေတာ့ ...။

"ကဲ​ နာမည္ေလး ေျပာပါဦးကြာ ငါတို႔လည္း သိခ်င္လို႔ပါ ... သည္ေန့သစ္လို လူေတာင္မွ အသဲအသန္ ေတြ့ခ်င္လို႔ ႀကိဳးစားေနရတဲ့မိန္းခေလးက ဘယ္​သူမ်ားလဲ ... "

စီနီယာ​ေတြနဲ႔ ေျပာ​ေနတာ ဆိုေပမယ့္အနီးနားမွာက တျခားလူေတြလည္း ရိွေနၾက၍ သူတို႔​ ေျပာေနတာေတြကို ၾကား​ေနရ၏။
တစ္​ခ်ိဳ႕​ေတြက ျဖတ္​သြား ျဖတ္လာ ဆိုေပမယ့္ တခ်ိဳ႕ေတြက်ေတာ့ တမင္​ရိွ​ေနၾကတာျဖစ္​သည္​။
အထူသျဖင့္​ မိန္းခေလးေတြပါပဲ ...။
သည္​ေန့သစ္​ ဘာလုပ္တယ္ ဘာစားတယ္ဘယ္သြားတယ္ ဘယ္သူနဲ႔ ေတြ႕တယ္ဆိုတာအစ တစ္​ေန့​တစ္​ေန့ မိန္းခေလးေတြၾကားမွာေတာ့ ဒါေတြက ေျပာစရာ ဖြစရာ​ေတြပါပဲ ...။

"​ေဆာင္းည ... "

"​ေဆာင္းည ဟုတ္​လား ... "

"​ေနပါဦး ငါဒီနာမည္​ကို သိသလိုပဲ ... ဘယ္​သူပါလိမ့္​ေနပါဦး ... "

စီနီယာတစ္​ေယာက္​က စဉ္းစားသလိုတစ္​ခ်က္​ေျပာလိုက္​တာမို႔ သည္​ေန့သစ္​အၾကၫ့္​က ထိုသူ႔ဆီသို႔​ေရာက္​သြားရသည္​။

"​ေၾသာ္​ သိၿပီ သိၿပီ​ ေဆာင္းည ... "

"စီနီယာ သိလို႔လား ေဆာင္းညကို ... "

"အင္း သိတယ္​ေလ ငါတို႔​ေမဂ်ာက ပညာသင္ဆု ရထားတဲ့တစ္ေယာက္... "

​"National University Of Arts" တကၠသိုလ္​ကေပးသၫ့္ ပညာသင္ဆုဆိုတာရိွ၏။ ေတာ္ၿပီး ထူးခၽြန္တဲ့ ေက်ာင္းသား ေက်ာင္းသူမ်ားသာ ပညာသင္​ဆု​ေပးတာျဖစ္​သည္​။

"သူက​ေတာ္​တယ္​ေပါ့ ... "

"မင္း​မသိဘူးလား သူ႔အ​ေၾကာင္း ... "

"မသိဘူး ကၽြန္​ေတာ္​က လူပဲျမင္ဖူးတာ ... "

"ပညာသင္​ဆုရထားတဲ့​ ေက်ာင္းသူဆိုေတာ့ စီနီယာ​ေတြက သူ႔ကို မွတ္မိေနၾကတာေလ ... ေဆာင္းညကက​ ေတာ္ပါတယ္... ၿပီးေတာ့ အေနလည္း ေအးတယ္ယ္... "

စီနီယာ​ေတြ ေျပာျပသည့္ ေဆာင္းညအေၾကာင္း အနည္းငယ္ကို သူနား​ေထာင္​ေနမိသည္​။

"မင္းက ဇာတ္​ၫႊန္း​ေမဂ်ာကို ေရာက္ေရာက္လာတာ ေဆာင္းညကို လာေတြ့တာေပါ့ေလ ... အထူးအဆန္းပဲ ... "

"ဘာလို႔လဲ ... "

"​သူ႔ကို စာေတာ္လို႔သာ သတိထားမိၾကတာ​ေဆာင္းညက အ​ေန​ေအးသ​ေလာက္​ အေပါင္းအသင္းလည္း နည္းတယ္ တျခားသူေတြနဲ႔လည္း သိပ္ေရာေရာေနွာေနွာ မ​ေနတတ္​ဘူး ...
ဒီ​ေမဂ်ာမွာ သူနဲ႔ တဲြတဲြေနတဲ့ သူဆိုလို႔ ငါသတိထားမိသ​ေလာက္​က​ေတာ့ Kris ဆိုတဲ့ေကာင္ေလးတစ္ေယာက္ပဲ ရိွတယ္... "

"Kris ... "
သည္​ေန့သစ္​က သံ​ေယာင္​လိုက္​ၿပီး​ ေျပာလိုက္သည္။ ေဆာင္းညရဲ့ ကာရိုက္တာကေအးတိေအးစက္နဲ႔ ႏႈတ္နည္းတတ္ၿပီး ပညာ​ေရးကလဲြရင္​ လူမႈေရးကေတာ့အားနည္းပံုပါပဲ ...။

"​ေဆာင္းညက နာမည္​ႀကီးထဲကလည္း မဟုတ္ပါဘူး ...​ အဲ့ေလာက္ ခပ္ေအးေအးနဲ႔ တိတ္တိတ္ဆိတ္ဆိတ္ ေနတတ္တဲ့သူကို သရုပ္ေဆာင္ေမဂ်ာက မင္းက ဘယ္လိုလုပ္သိေနရတာလဲ အထူးအဆန္းပဲဆိုတာ  အဲ့ဒါကို​ ေျပာတာ ေန့သစ္ရဲ့ ... "

"ဒီလိုပါပဲဗ်ာ ... "

​သည္​ေန့သစ္​က သူ႔လည္​ပင္းကို ဖိပြတ္​လိုက္​ ဆံပင္ေတြကို သပ္လိုက္ႏွင့္ ေရေရရာရာ မေျဖခဲ့ေပ။

"မင္းအခု​ ေဆာင္းညကို လာ​ေတြ့တာမဟုတ္​လား​ သူ႔နဲ႔ေတြ့ၿပီးၿပီလား ... "

"မ​ေတြ့ရ​ေသးဘူး သူအတန္းတက္​တဲ့အခ်ိန္​ေတြမွ ကၽြန္ေတာ္,မသိတာ ...
ဒီမွာ ဒီအခ်ိန္ ရိွမလားဆိုၿပီးေတာ့ မွန္းၿပီးလာၾကၫ့္​ၾကၫ့္​တာ ... "

"​အဲ့ဒါဆိုေနဦး ငါ​ေမး​ေပးမယ္​ ဟိုမွာ သူ႔သူငယ္ခ်င္း Kris ဆိုတဲ့ ေကာင္ေလး လာေနတယ္ ... "

စီနီယာ အစ္ကိုတစ္ေယာက္က Kris ဆိုတဲ့ရုပ္ေျဖာင့္ၿပီး ၾကၫ့္ေကာင္းတဲ့ ေက်ာင္းသားအား လွမ္း​ေခၚလိုက္​ေလသည္​။

"Kris ဂ်ူနီယာ​ေလး Kris ... လာပါဦးကြ ဒီကို ... "

Krisက ႃပံုးျပ ႏႈတ္ဆက္၍ သူတို႔အနားသို႔​ေရာက္​လာ​ေလ၏။

"မင္းတစ္ေယာက္ထဲပဲလား ... "

"ဟုတ္ ... တစ္​ေယာက္​ထဲပါပဲ ဘာလို႔လဲဟင္​ စီနီယာ ... "

"မင္း​ သူငယ္ခ်င္း ေဆာင္းညေရာ မပါဘူးလား ... "

"ဗ်ာ ...​ေဆာင္းည စီနီယာတို႔က​ ေဆာင္းညကို ဘာလို႔ ေမးတာလဲဟင္... ​ေျပာစရာရိွလို႔လား ကၽြန္​ေတာ္​ သူနဲ႔ ေတြ့ရင္ ေျပာေပးမယ္ေလ ... "

"ငါတို႔ မဟုတ္ပါဘူးကြာ ... ဒီမွာ သူက​ေဆာင္းညနဲ႔​ ေတြ့ခ်င္လို႔ ဒီအ​ေဆာင္​ကိုလာတာ ေဆာင္းညကို ဘယ္မွာ လိုက္ရွာရမလဲ မသိဘူး ျဖစ္ေနလို႔တဲ့ ... "

စီနီယာ အစ္ကိုေတြက သည္​ေန့သစ္​ကို ၫႊန္​ျပၾကသည္​။ Kris က အနည္းငယ္ အံ့ၾသသြားသလိုေတာ့ရိွပါသည္။

"သည္​ေန့သစ္​က​ ေဆာင္းညကို ဘာလို႔ရွာတာလဲ မသိဘူး ... "

"သူနဲ႔ မၿပီးျပတ္ေသးတဲ့ စကား​ေလး​ေတြ​ေျပာစရာရိွလို႔ပါ သူ႔နဲ႔ ဘယ္မွာ ေတြ့လို႔ရမလဲ Kris ... "

"ဒီ​ေန့​ေတာ့ သူနဲ႔​ ေတြ့လို႔ရမွာ မဟုတ္ဘူး သူဒီ​ေန့ အတန္းမတက္ဘူးလို႔ ေျပာတယ္... "

အမွန္​က ည​ေနအတန္းကိုပဲ​ ေဆာင္းညတက္မွာျဖစ္ၿပီး မနက္​ပိုင္းအတန္းကို မတက္​တာျဖစ္​၏။ သို႔ေသာ္ Kris ေျပာလိုက္ပံုက တစ္​ေန့လံုး အတန္းေတြ လာမတက္ေတာ့ဘူးဟု အဓိပၸါယ္​ေရာက္​သြားသည္​။
ဒါက Kris တမင္​တကာ ေျပာလိုက္တာပဲျဖစ္သည္။

"​ေျပာစရာရိွတယ္​ဆိုရင္ ကၽြန္ေတာ္ကေနတစ္ဆင့္ေျပာလိုက္ပါလား သည္ေန့သစ္ ကၽြန္ေတာ္ သူ႔ကို ျပန္ေျပာျပလိုက္ပါ့မယ္... "

"ရပါတယ္​ ကၽြန္ေတာ္က ႏွစ္​ေယာက္​ထဲပဲ​ေျပာခ်င္​တာပါ ... ေျပာရမယ့္ စကားေတြက သူနဲ႔ ကၽြန္ေတာ္ပဲသိတဲ့ ကိစၥ​ေတြ မို႔လို႔ပါ ... "

"​ေၾသာ္​... "
Krisရဲ့​ ေၾသာ္ဆိုတဲ့စကားက သည္​ေန့သစ္​နဲ႔​ ေဆာင္းညရဲ့ ၾကားမွာ သူတို႔မသိသၫ့္​ဘာကိစၥ​ေတြ ရိွေနတာလဲဟု မသၤကာျဖစ္သြားတာမ်ိဳး ...။

"အဲ့ဒါဆိုလည္း ကၽြန္ေတာ့္ကို ခြင့္ျပဳၾကပါဦး​ေနာ္​ စာၾကၫ့္တိုက္ဘက္ ခဏသြားမလို႔ပါ ... "

Krisက စကားစကိုျဖတ္​၍ သြားဖို႔လုပ္​လိုက္​သည္​။ သည္ေန့သစ္က ေခါင္းကို တစ္ခ်က္ညိတ္ျပလိုက္ၿပီး စီနီယာ​ေတြက​ေတာ့ သူ႔ကို ႏႈတ္ဆက္လိုက္ၾကသည္။

"အို​ေခ ဂ်ူ နီယာ​ေလး Kris​ေနာက္​မွ ဆံုမယ္ေနာ္... "

Kris ဆိုတဲ့တစ္ေယာက္က ေဆာင္းညအေၾကာင္း ေမးလိုက္သၫ့္ သည္ေန့သစ္ကို သိပ္​ေတာ့ အျမင္ၾကည္ပံုမရေပ။ Kris အၾကၫ့္​ေတြကို သည္ေန့သစ္ကလည္း ရိပ္​မိပါ၏။
​ေဆာင္းညနဲ႔ ထို​ေန့ကလည္း သူ,မ​ေတြ့လိုက္​ရေပ။ သူမနဲ႔ ဆံုဖို႔က ထင္​ထားတာထက္​ပိုၿပီး ခက္​ခဲ​ေနခဲ့၏။

"​ေဆာင္းည ...​ေဆာင္းည မင္း​ေၾကာင့္​ ငါ့ရဲ့ေျခလွမ္းေတြ ေရ႔ွဆက္ တိုးၿပီးရင္း တိုးလာ​ေနမိၿပီ " ...။

__________________________

(Day - 3)

​ေက်ာင္းသား​ေတြအတြက္​ အပန္းေျဖဖို႔ Public လိုေနရာ အက်ယ္ႀကီး တစ္​ခုက​ေတာ့​ ေက်ာင္းဝင္းထဲမွာ ရိွေနပါသည္။
ျမက္​ခင္းျပင္​က်ယ္​ႀကီးကို အလယ္မွာ ထားၿပီး  ေဘးပတ္လည္မွာကေလွကားထစ္ပံုစံ ေက်ာက္ထိုင္ခံုေလးေတျြဖစ္သည္။

အတန္းမတက္​ရသၫ့္​ အခ်ိန္ေတြမွာေတာ့ေက်ာင္းသားေတြ အလာအမ်ားဆံုး​ေနရာ​ေတြသည္ စာၾကၫ့္တိုက္ ေလက်င့္ေရးခန္းမေတြနဲ႔ ထို​အပန္းေ​ျဖရာ ေနရာပဲျဖစ္​သည္​။ ၿပီးေတာ့ ဌာနက တစ္ခ်ိဳ႕ေသာေက်ာင္းသားေတြက တစ္​ခါတစ္​ရံ၌ အဲ့ဒီ့​ေနရာ​ေလးမွာ​ ေဖ်ာ္ေျဖပဲြ အေသးစားေလးေတြ လုပ္​တတ္​ၾကပါ၏။

ထိုျမက္​ခင္းျပင္ စိမ္းစိမ္းမွာ ေဆာင္းညတို႔ သူငယ္​ခ်င္း​ ေလးေယာက္သား ထိုင္ေနမိၾကသည္။
​ေအသင္​က ဇဲြမာန္​ရဲ့ ပံုတူပန္းခ်ီကို sketch book နဲ႔ ဆဲြေပးေနၿပီး ေဆာင္းညနဲ႔ Krisတို႔က​ေတာ့ ရုပ္​ရွင္​ကားတစ္​ကား၏ ဇာတ္​ၫႊန္းအေၾကာင္းအား သူတို႔အျမင္​ကို ေဆြးေနြးေနေလရဲ့ ...။

ထိုအခ်ိန္ေလးမွာ ေက်ာင္းရဲ့ အသံလႊင့္အခန္းထဲကေန ေက်ာင္းသားေတြ ေတာင္းဆိုထားသည့္ သီခ်င္းေလးေတြကလည္း တစ္​ပုဒ္​ၿပီး တစ္ပုဒ္ လႊင့္ေပးေနခဲ့ေလသည္။
​ေက်ာင္းရဲ့ အသံလႊင့္အခန္းေလးမွာ သီခ်င္း​ေတာင္းဆိုလို႔ရသလို တစ္​ခ်ိဳ႕​ေသာ အမ်ားသိ​ေစရန္ ေၾကျငာခ်က္မ်ားကိုလည္း တစ္ေက်ာင္းလံုး သိရၾကားရေအာင္လို႔ ထိုေနရာေလးကေန အသံလႊင့္​ေပးပါ၏။

"ဟုတ္ကဲ့ အခု​ေတာင္းဆိုထားတဲ့ သီခ်င္း​ေလး အၿပီးမွာေတာ့ ၾကားျဖတ္​အ​ေနနဲ႔​ေၾကာ္​ျငာ​ေလးတစ္ခု ဝင္ပါရေစေနာ္... "

သီခ်င္း​ေလး ဆံုးသြားၿပီးေနာက္တြင္အသံလႊင့္အခန္းထဲက စီစဉ္​သူရဲ့ အသံကိုၾကားလိုက္ရေလသည္။
အခါတိုင္းလည္း ထိုသို႔ ေၾကျငာေနၾကမို႔ အားလံုးကလည္း အမွတ္​တမဲ့ပဲ​ ေနလိုက္ၾက၏။

"ဟုတ္​ကဲ့ အခု​ေၾကာ္​ျငာ​ေလးက​ေတာ့ အထူးအဆန္းပါပဲ​ေနာ္​...
အရင္​လို​ ေဖ်ာ္ေျဖပဲြငယ္ေတြအတြက္ ေၾကာ္ျငာ ျပပဲြ​ေတြ ၿပိဳင္​ပဲြ​ေတြအတြက္​ေၾကာ္​ျငာမ်ိဳး​ေတြ​ေတာ့ မဟုတ္ပါဘူး ...
အခု​ေၾကာ္​ျငာ​ေလးက မိန္းခေလး တစ္ေယာက္ကို ေတြ့ခ်င္လို႔ လိုက္ရွာေနတဲ့ေၾကာ္ျငာေလးပါတဲ့ ... "

အထူးအဆန္း​ ေၾကာ္ျငာမို႔ ေက်ာင္းသားေတြ စိတ္​ေတာ့ဝင္​စားသြားၾက၏။ ေသခ်ာ နားေထာင္ေနၾကေလသည္။

"ဟုတ္​ကဲ့​ ေၾကျငာခ်င္တဲ့ သူကေတာ့ ျပဇာတ္​ဌာန သရုပ္​ေဆာင္​ေမဂ်ာရဲ့ King
တစ္​ေက်ာင္းလံုးရဲ့ နာမည္အႀကီးဆံုးေက်ာင္းသား သည္​ေန့သစ္​ပါပဲ ခင္​ဗ် ... "

သည္​ေန့သစ္​ဆိုတဲ့ အမည္​နာမကို ၾကားလိုက္​တာႏွင့္​ ေက်ာင္းသားေတြ လႈပ္​လႈပ္​ရွားရွား ျဖစ္သြားၾကေလသည္။
အထူးသျဖင့္​ မိန္းခေလးေတြပါပဲ ...။

"ဟယ္​ သည္ေန့သစ္တဲ့ ... "

"သူ ဘယ္သူ႔ကို လိုက္​ရွာ​ေနတာလဲ မသိဘူး ... "

"ငါ့ကိုမ်ားလားဟယ္​ ခစ္ ခစ္ ခစ္... "

"ဘယ္​မွာမွ မ​ေတြ့လို႔နဲ႔ တူပါတယ္ဟယ္...
အသံလႊင့္​ အခန္းကေနေတာင္ တစ္ေက်ာင္းလံုးကို ေၾကျငာေနရၿပီ ... "

"ကဲ ကဲ ကဲ ... ရင္​ခုန္​စရာ​ေတြ​ေတာ့ ျဖစ္​ကုန္​ၾကၿပီ​ေနာ္​ သည္ေန့သစ္တို႔က သိပ္​အဆန္း ထြင္တာပဲကြယ္... "

အသံ​ေတြက ပံုမွန္​ခ်ိန္​ထက္ ပိုသိသာစြာ တစ္ေယာက္ တစ္ေပါက္ေတြ ျဖစ္ကုန္ၾက၏။ ဒါေတာင္မွ ေဆာင္းညတို႔ အနီးနားမွာ ၾကားရသ​ေလာက္​ေလးပါပဲ ...။
တစ္ေက်ာင္းလံုးရဲ့ ေနရာအႏွံ႔မွာေတာ့ ဘယ္လိုေတြ ျဖစ္ေနမလဲ မေျပာတတ္။

"ဟဲ့ သည္​ေန့သစ္​တဲ့ သူ ဘယ္သူ႔ကို လိုက္ရွာေနတာလဲ မသိဘူး ... ဘယ္ေမဂ်ာက ေကာင္မေလးပါလိမ့္... "
​ေအသင္​ကလည္း သိခ်င္​ေနျပန္​သည္​။

Kris က ေဆာင္းညမ်က္ႏွာကို လွမ္းၾကၫ့္​လိုက္​မိ၏။ မျဖစ္ႏိုင္ေလာက္ပါဘူးဟု ေတြးၾကၫ့္ေပမယ့္ ျဖစ္ႏိုင္စရာကလည္း ရိွေနျပန္သည္။ မေန့ကေလးတင္ သည္ေန့သစ္ ေဆာင္းညကို လာရွာသြားတာ သူအသိ။
​ေဆာင္းညကို အဲ့ဒီ့ကိစၥ ျပန္ေျပာျပၿပီး သည္ေန့သစ္နဲ႔ ဘာကိစၥေတြရိွလဲဟု သူေမးၾကၫ့္​ေတာ့လည္း ေဆာင္းညက ေရေရရာရာ မ​ေျဖခဲ့​ေပ။ ေဆာင္းညကေတာ့ သိပ္ဂရုမစိုက္သၫ့္ ပံုစံပါပဲ ...။ ဒါမွမဟုတ္ Kris လိုပင္ မျဖစ္ႏိုင္ေလာက္ပါဘူးဟု ထင္​ေနသည္​လားမသိ ...။

"ဟုတ္​ကဲ့ အားလံုးပဲ မဂၤလာပါ​ေနာ္​ ကၽြန္ေတာ္ကေတာ့ သရုပ္ေဆာင္ ေမဂ်ာက သည္ေန့သစ္ပါ ခင္ဗ် ... "

"အမ​ေလး .. အသံ​ေလးကလည္း အရမ္းနားေထာင္လို႔ ေကာင္းတာပဲ ဟယ္​...
သည္​ေန့သစ္​ ဆိုတဲ့တစ္ေယာက္ ဘာလုပ္လုပ္ ဆဲြေဆာင္မႈကို ရိွ​ေနတာပဲ ... "

​ေကာင္မေလး အုပ္စုေတြစီကေန အသံ​ေလး​ေတြ ထြက္​လာခဲ့ျပန္​သည္​။

"မိန္းခ​ေလး​ေတြက သိပ္​အကဲပိုတာပဲ ... "
ဇဲြမာန္​က အျမင္​ကတ္​စြာနဲ႔​ ေျပာေလ၏။

"မဟုတ္​လို႔လား သူတို႔​ေျပာတာ မွားမွ မမွားတာ အမွန္​ေတြပဲ​ေလ ... "
​ေအသင္​ကလည္း အေလ်ာ့မေပးပါဘူး ...။

အခုထိ​ေတာ့​ ေဆာင္းညနဲ႔ Kris တို႔ႏွစ္ေယာက္လံုး အသံတိတ္​ေနတုန္းပါပဲ ...။

"ဟုတ္​ကဲ့ ... ကၽြန္​ေတာ္​ လူတစ္ေယာက္ကို လိုက္​ရွာ​ေနတာပါ ခဏခဏ သြားေတြ့ခဲ့ေပမယ့္ အခုထိ မဆံုျဖစ္ေသးပါဘူး ...
အဲ့ဒါ​ေၾကာင့္​ ဒီေနရာကေန ေၾကျငာရတာပါ ... အားလံုး အေနွာင့္အယွက္ျဖစ္သြားမယ္ဆိုရင္ ေတာင္းပန္ပါတယ္ေနာ္... "

"အ​ေနွာင့္​အယွက္​ မျဖစ္ပါဘူးကြယ္... လံုးဝ လံုးဝပါ ... အသံ​ေလး ၾကားရရံုနဲ႔တင္ ေက်နပ္ေနပါၿပီလို႔ ... "

မိန္းခ​ေလး​ေတြဆီမွ အသံ​ေတြ ထပ္​ထြက္​လာၾကျပန္​ေလသည္​။

"ကၽြန္‌ေတာ္ ရွာ​ေနတဲ့သူက ဇာတ္ၫႊန္းေမဂ်ာက ပညာသင္ဆုရထားတဲ့ ေဆာင္းည ပါပဲ ... "

"​ေဆာင္းည နင္​... "
"​ေဆာင္းည ... "

ဇဲြမာန္​နဲ႔​ ေအသင္ဆီကေန အသံထြက္​လာၾက၏။ Kris ကေတာ့ ဘာမွမ​ေျပာ​ေပ။ သိပ္​မအံ့ၾသသၫ့္​ ပံုစံမ်ိဳးပါ။ ေဆာင္းညကေတာ့ မ်က္​ႏွာ သိသိသာသာ ပ်က္သြားခဲ့၏။

"​ေဆာင္းည​ မင္း ကိုယ္​နဲ႔ လာေတြ့ဖို႔အတြက္ေတာင္းဆိုပါရေစ ... အသံလႊင့္ခန္းကေန  ကိုယ္​ေစာင့္​ေနပါ့မယ္​ ဒီညေန ေလးနာရီမွာ ဒီကို လာခဲ့ေပးပါ ...
တကယ္​လို႔ မင္းမလာဘူးဆိုရင္​ ေန့တိုင္း ဒီေနရာကေန မင္းကိုယ့္ကို​ လာေတြ့ဖို႔အတြက္ ေၾကျငာေနဦးမွာပဲ ...
​ေနာက္​ဆံုးတစ္​ေခါက္​ ထပ္ေျပာပါရေစ ...
​ေဆာင္းည မင္းကိုယ့္​ကို အသံလႊင့္​ခန္းမွာ​ည​ေန​ေလးနာရီ လာ​ေတြ့​ေပးပါ ... "

"ဘာလဲဟ ဇာတ္​ၫႊန္း​ေမဂ်ာက ေဆာင္းညတဲ့ ဘယ္​သူလဲ ... "

"ဟဲ့ နင္​သိလား​ ေဆာင္းညဆိုတာ ... "

"အရမ္းလွလို႔လား​ ေဆာင္းညဆိုတဲ့ တစ္ေယာက္က ... "

"လွမလွ​ေတာ့ မသိဘူး ပညာသင္ဆုရတယ္ဆိုေတာ့ စာ​ေတာ့​ေတာ္​တဲ့ပံုပဲ ... "

"ငါသိခ်င္​တာက ဘာလို႔​ ေတြ့ခ်င္ေနရတာလဲဆိုတာပဲ ... "

"ဧကႏၲ အ​ႂကြေး​ေတာင္းမလို႔လား မသိဘူးရယ္​ ခစ္ ခစ္ ခစ္... "

တစ္​ခဏ​ေလး အတြင္းမွာ ေက်ာင္းရဲ့ ေနရာစံု၌ ေဆာင္းညဆိုတဲ့ အမည္က နာမည္​ႀကီးသြားခဲ့၏။ ေဆာင္းညအေၾကာင္း ဟိုဟိုဒီဒီ​ ေျပာၾကေမးၾကႏွင့္...။
ဇာတ္ၫႊန္းေ​မဂ်ာက လူ​တစ္​ခ်ိဳ႕​ေလာက္​ပဲ​ေဆာင္းညကို သိၾကတာျဖစ္​ၿပီး အျခားလူ​ေတြက​ေတာ့​ ေဆာင္းည သူတို႔ေဘးတြင္ ရိွေနတာေတာင္မွ ဘယ္​သူမွန္းမသိၾက​ေပ။

"ဘယ္လိုလဲ နင္​သြားမွာလား​ ေဆာင္းည ... "
Krisက​ ေဆာင္းည မ်က္ႏွာကိုၾကၫ့္ၿပီး ေမးလိုက္ေလသည္။

"မသြားလို႔ ဘယ္ျဖစ္မလဲ သည္​ေန့သစ္​ေျပာတာ မၾကားဘူးလား သူ႔ကိုလာမ​ေတြ့ရင္​ ေန့တိုင္း အသံလႊင့္ၿပီး ေၾကျငာေနမွာပဲတဲ့ ... "
​ေအသင္​ကလည္း ေဆာင္းည မ်က္ႏွာကို ၾကၫ့္​ၿပီး​ေျပာ၏။

"ဒီ​ေကာင္​ ဘာလုပ္တာလဲကြာ ... ေဆာင္းည နင္​နဲ႔သူ႔ၾကားမွာ ဘာကိစၥ​ေတြ ရိွထားလို႔လဲ ... "

ဇဲြမာန္​ ေမးခြန္းက သူတို႔အ​ေမးခ်င္​ဆံုး ေမးခြန္းတစ္ခုပါပဲ ...။ ထို႔ေၾကာင့္ သံုးေယာက္သား ေဆာင္းညဆီက အ​ေျဖကို​ ေစာင့္ေနမိၾက၏။
​သူတို႔ရဲ့ သိခ်င္​ေနၾကသည့္ မ်က္ႏွာအမူအရာေတြေၾကာင့္ ေဆာင္းညလည္း ေျဖဖို႔လုပ္လိုက္ေလသည္။ ဘာပဲျဖစ္ျဖစ္အရင္းႏွီးဆံုး သူငယ္​ခ်င္း​ေတြပဲ မဟုတ္ပါလား ...။

" design​ ေမဂ်ာက စိမ္းလဲ့ သူ႔ကိုယ္သူ မသတ္ေသခင္ေန့မွာ သည္​ေန့သစ္​နဲ႔ စကားမ်ား​ေနတာကို မထင္​မွတ္​ပဲ ငါေတြ့ခဲ့တယ္... "

​ေဆာင္းညက သည္​ေန့သစ္​နဲ႔ စိမ္းလဲ့တို႔ ျပသနာတက္​တဲ့​ေန့က အ​ေၾကာင္း​ေတြကို အစက​ေန ျပန္ေျပာျပလိုက္ေလသည္။

"ဒါဆို အဲ့ဒီ့​ကိစၥ​ေၾကာင့္ သူက နင့္ကို ေတြ့ခ်င္ေနတာေပါ့ ... "

"အဲ့ဒီ့ကိစၥပဲ ရိွမွာေပါ့ သူနဲ႔ ငါ့ၾကားမွာ တျခား ဘာအေၾကာင္းမွ မရိွတာ ... "

"ငါ​ကေတာ့ အဲ့ဒီ့လို မထင္ဘူး ... "
​ေအသင့္ စကားေၾကာင့္ သံုးေယာက္သားေအသင့္ကို လွမ္းၾကၫ့္မိၾကသည္။

"နင္​က ဘယ္​လိုထင္​လို႔လဲ ... "

"စဉ္းစားၾကၫ့္​ေလ စိမ္းလဲ့ကိစၥက ၿပီးသြားတာ တစ္​လနီးပါး​ေလာက္​ေတာင္​ ရိွေနၿပီ  အခုထိ သူတို႔အေၾကာင္းကို ေဆာင္းည ေဖာ္ေကာင္ မလုပ္ဘူးဆိုတာ အသိသာႀကီးပဲ​ေလ ...
အဲ့ဒါ​ေၾကာင့္​ သည္ေန့သစ္က ေဆာင္းညကိုေတြ့ခ်င္တာ တျခားအေၾကာင္း တစ္ခုခုလည္း ရိွဦးမယ္​လို႔ ငါ​ေတာ့ထင္​တယ္​... "

"အဲ့ဒါက ဘာအ​ေၾကာင္းလဲ ... "

"ငါလည္း မမခန႔္မွန္းတတ္ဘူးေလ ... "

"သည္​ေန့သစ္​ ဆိုတဲ့တစ္ေယာက္က  တကယ္​ မာနႀကီးတာပဲ မထင္​ရဘူး သတင္း​ေတြၾကားတာ​ေတာ့ သူက အရမ္းေဖာ္ေရြတာပဲဆို ... "

ဇဲြမာန္​က​ ေျပာ‌ေတာ့ ေအသင္က ခ်က္ခ်င္းတံု႔ျပန္ေလ၏။

"​ေဖာ္​ေရြတာက ေဖာ္ေရြတာပဲေလ မိန္းခ​ေလးကိစၥမွာ​ေတာ့ အရမ္း​ေဖာ္​ေရြလို႔ ရမလား သူနာမည္​ ပ်က္သြားမွာေပါ့ ...
စိမ္းလဲ့ကိစၥနဲ႔​ နာမည္ပ်က္ရင္ေတာ့ ႏွစ္​ခါ​ေျမာက္​ ျဖစ္သြားလိမ့္မယ္... "

"ႏွစ္​ခါ​ေျမာက္​ ဘာကိုႏွစ္ခါေျမာက္လဲ ... "

"ဟယ္​ နင္တို႔ကလည္း မၾကားမိဘူးလား သည္​ေန့သစ္​ အထက္တန္းေက်ာင္းတုန္းက မိန္းခ​ေလးတစ္​ေယာက္​ေၾကာင့္​ နာမည္ပ်က္မလို ျဖစ္သြားေသးတယ္ေလ ... "

"ငါတို႔က နင့္​လို မယ္စပ္စုမွ မဟုတ္​တာ ဘယ္​သိမွာလဲ ... "

"နင္​က ဘယ္လိုသိလဲ သူအထက္​တန္း​ေက်ာင္းတုန္းက ကိစၥေတြကို ... "

"သည္​ေန့သစ္​က နာမည္​ႀကီးပဲ သူနဲ႔ပတ္​သက္​တဲ့ သတင္းအသစ္​ သတင္းအေဟာင္း ဘာပဲျဖစ္​ျဖစ္​ လူသိမ်ားၾကတာပဲေလ ... "

"​အဲ့ဒီ့မိန္းခ​ေလးနဲ႔​ ဘယ္လိုျဖစ္တာလဲ ေျပာျပဦးေလ ... "

ဇဲြမာန္​က သိခ်င္​ေနတာမို႔​ ေအသင္ကို ေမးလိုက္ေလသည္။ ေအသင္ကလည္း ေျပာျပခ်င္ေနတဲ့ သူမို႔...။

"အဲ့ဒီ့​ေကာင္​မ​ေလးက သည္​ေန့သစ္​ကို တစ္​ဖက္​သတ္ ႀကိတ္ႀကိဳက္ေနတာ အရူးအမူးပဲတဲ့ ...
အခု စိမ္းလဲ့လိုမ်ိဳး ကိုယ့္ကိုယ္ကိုယ္ သတ္ေသပစ္မယ္ဆိုၿပီးေတာ့ ၿခိမ္း​ေျခာက္​လို႔ သည္​ေန့သစ္​က လက္ခံၿပီး တဲြခဲ့တယ္...
ဒါ​ေပမယ့္ စဉ္းစားၾကၫ့္ေပါ့ဟာ တကယ္​မခ်စ္​ပဲနဲ႔ အက်ပ္ကိုင္ခံရလို႔ ျပန္​ခ်စ္​ခဲ့တဲ့အခ်စ္​ေရးက ဘယ္​ေလာက္​ၿမဲမွာ မို႔လို႔လဲ ...
သည္​ေန့သစ္​က လံုးဝ လမ္းခဲြပစ္လိုက္တယ္ အဲ့ဒီ့မိန္းခေလးက ဒါကို မေက်နပ္လို႔ သူ႔ကို မေတာ္မတရား ႀကံပါတယ္ဆိုၿပီးေတာ့ သည္​ေန့သစ္​ကို မုဒိန္းမႈနဲ႔ တရားစဲြခဲ့တာ ... "

"ဘာလဲ အဲ့ဒါတကယ္​ႀကီးလား ဒါဆို သည္​ေန့သစ္​က မုဒိန္းမႈနဲ႔​ ေထာင္က်ခဲ့ဖူးတာေပါ့ ... "
ဇဲြမာန္​က အလန႔္​တၾကား ထေမးေလသည္။

"ဟဲ့ စကားကို ဆံုး​ေအာင္​နား​ေထာင္​ေလ ...
သည္​ေန့သစ္​လို ပံုစံေလးက မုဒိန္းမႈ က်ူးလြန္​မယ့္​ လူမ်ိဳးလား စဉ္းစဉ္းစားစားလည္း ေျပာဦး ... "

​ေအသင္​က သည္​ေန့သစ္​ရဲ့ fanတစ္ေယာက္မို႔ အတင္းထျငင္းရွာ၏။

"အမ​ေလး ရုပ္​ေခ်ာတဲ့ မုဒိန္းေကာင္ေတြမွ အမ်ားႀကီးပဲ နင္​မၾကားဘူးလို႔​ ေနမွာေပါ့ ... "

"​ေတာ္​စမ္းပါ ... ဒီမွာငါ​ေျပာ​ေနတာ နင္​ၾကားက​ေန ျဖတ္​ျဖတ္ မေျပာစမ္းပါနဲ႔ ... "

​ေအသင္​နဲ႔ ဇဲြမာန္​တို႔ ႏွစ္ေယာက္သား ခဏ​ေလာက္​ေတာ့ ရန္​ျဖစ္​လိုက္​ၾက​ေသး၏။
​ေဆာင္းညနဲ႔ Kris တို႔ကေတာ့ ဒီတိုင္းပဲ နားေထာင္ေနမိၾကသည္။

"အဲ့ဒီ့​ ေကာင္မေလးက သည္​ေန့သစ္​ကို မ​ေက်နပ္​လို႔ တမင္​ လုပ္ႀကံျပီးေျပာတာေလ ...
စ,ျဖစ္ခါစတုန္းက နည္းနည္းရႈတ္ယွက္ခဲ့ေပမယ့္ သက္ေသစစ္ခ်က္ေတြအရ သည္​ေန့သစ္​ မက်ူးလြန္ဘူးဆိုတာ ေသခ်ာသြားလို႔ သူအမႈက​ေန ကြင္းလံုးကၽြတ္​ လြတ္သြားတယ္... "

"အဲ့ဒါ​ေၾကာင့္​ စိမ္းလဲ့ၿခိမ္းေျခာက္တာကို  သူလံုးဝ လက္မခံႏိုင္တာကိုး ...
အင္း​ေပါ့​ေလ တစ္​ခါ​ ေထာင္ေခ်ာက္ဆင္ခံလိုက္ရေတာ့ မိန္းခ​ေလး​ေတြရဲ့ မူယာမာယာေတြကို ဟိုကလည္း လန႔္သြားရွာမွာေပါ့ ... သည္ေန့သစ္ကိုေတာ့ နားလည္ေပးလို႔ ရသြားပါၿပီ​... "
ဇဲြမာန္​က နားလည္​သည္​ဟု ေျပာေတာ့ ...။

"အျမင္​မွန္​ရသြားၿပီလား ... "
​ေအသင္​ကလည္း စ၏။

ဇဲြမာန္​နဲ႔​ ေအသင္တို႔ႏွစ္ေယာက္ အခ်င္းခ်င္း စေနာက္ေနစဉ္...။

"ငါ စာၾကၫ့္​တိုက္​ဘက္​ ခဏသြားဦးမယ္... "

​ေဆာင္းညက သူငယ္​ခ်င္း​ေတြကို ႏႈတ္​ဆက္​ၿပီး ထို​ေနရာက​ေန ထြက္​လာခဲ့​ေလသည္​။

"​ေဆာင္းည ၾကၫ့္​ရတာ တစ္​ခုခုျဖစ္​သြားပံုပဲ ... "
​ေအသင္​က​ ေျပာလိုက္သည္။

"မျဖစ္​ပဲ​ေနမလား သည္​ေန့သစ္​လိုမ်ိဳး သူလည္း ႄကံုခဲ့ရဖူးတာပဲေလ ... "

ဇဲြမာန္​ ေျပာလိုက္မွ ေအသင္ သတိရသြား၍  ထိုအခါက်မွ ပါးစပ္​ပိတ္​သြားမိ၏။ Kris ကေတာ့ ေဆာင္းည ေက်ာျပင္ကို လွမ္းေငးၾကၫ့္ရင္း ႏႈတ္​ဆိတ္​ေနမိပါသည္​။
သူမ အဆင္​မွ ေျပပါ့မလားဟုလည္း စိတ္ပူေနမိ၏။

အတိတ္​ဆိုတာ အၿမဲတမ္း​ ႏွစ္ေတြၾကာခဲ့သၫ့္တိုင္ေအာင္ မွတ္ဥာဏ္ထဲမွာ ေဖ်ာက္ဖ်က္လို႔ မရႏိုင္တာမို႔ တိုက္​ဆိုင္​မႈရိွတိုင္း သတိ​ေတာ့ ရမိတာပါပဲ ...။
အဲ့ဒါ ဟိုးအရင္က​ အတိတ္ေတြပါ ...။

****   *****   *****   *****   *****

Continue Reading

You'll Also Like

4.7M 525K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
294K 7.3K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
5.3M 455K 73
မပြိုဆင်းနိုင်သောကောင်းကင်ထံပါး ထာဝရမကြွေသောကြယ်အစုအဝေးများဖြင့် မဆုံးသောမျှော်လင့်ခြင်းများအပ်နှင်းခဲ့သည် နှလုံးသား၏အနက်ရှိုင်းဆုံးတွင်တည်ရှိစေ...
369K 9.1K 82
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."