( U&Z )
( ဤဇာတ်လမ်းထဲမှ နိုင်ငံ၊နေရာ၊ University တို့သည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးထားသော တည်ရှိမှုများ သက်သက်သာ ဖြစ်ပါသည်။
ဇာတ်လမ်းထဲမှUniversity Of Arts သည်နိုင်ငံတကာရှိ အနုပညာတက္ကသိုလ်များကို အခြေခံ၍ဖော်ပြထားပါ၏။)
**** ***** ***** ***** *****
" ဆုံဆည်းခြင်း နိဒါန်း ... "
_________________
နေရာက နိုင်ငံ၏ အဓိကမြို့တော်မှာဖြစ်သည်။
မြို့တော်၏ အဓိက မိန်းကားလမ်းမကြီးပေါ်တွင် မနက်ခင်းကြုံနေကျအတိုင်း ကားလမ်းတွေ ပိတ်နေလေ၏။
ဒီအချိန်က လူတိုင်းကိုယ်စီကိုယ်ငှ တာဝန်ကိုယ်စီထမ်းဆောင်ဖို့အတွက်သွားလာနေကြခြင်းဖြစ်သည်။
တချို့ကလည်း ပညာသင်ကြားဖို့အတွက်တချို့ကျတော့လည်း ဝမ်းရေးအတွက် ငွေရမည့် အလုပ်အကိုင်တွေ အတွက်ပေါ့ ...။
တန်းစီ၍ ရပ်လိုက် သွားလိုက် ဖြစ်နေသည်က ကားတွေတင်မဟုတ်ပဲ ဆိုင်ကယ်တွေလည်း ပါ၏။
ထိုအထဲတွင်မှ တန်ဖိုးမြင့် အနက်ရောင်ဆိုင်ကယ်ကြီးတစ်စီးပေါ်က ယောကျာင်္းတစ်ယောက်သည် ကားလမ်းတွေပိတ်နေသည့် ရှေ့မြင်ကွင်းကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်...။
"ဘာလဲကွာ လမ်းပိတ်မှာစိုးလို့ စောထွက်လာလည်း လာငြိနေတာပဲဲ ကျွတ်စ်... "
စိတ်မရှည်စွာ ညည်းလိုက်ပြီး စုတ်တစ်ချက်သပ်လိုက်၏။
ပြီးနောက် လမ်းသွယ်တွေရှိသည့် ဘက်သို့ကွေ့ဝိုက်၍ ဖောက်ထွက်လိုက်သည်။
လမ်းသွယ်ဆိုတာက ရပ်ကွက်လမ်းတော့ မဟုတ်ပေမယ့် မိန်းလမ်းမကြီးကို ဆက်ထားသည့် ကားလမ်းတွေဖြစ်သည်။
ထိုဆိုင်ကယ်စီးသမားသည် သူသွားရမည့်နေရာကို ရောက်ဖို့အတွက် ဖြတ်လမ်းကိုသုံးလိုက်ခြင်းဖြစ်၏။
သို့ပေမယ့် သူ့လိုပင် ထိုလမ်းသွယ်အား သုံးပြီးထွက်မည့် အခြားကားတစ်စီးနှင့် မထင်မှတ်ပဲ ငြိမိတော့မလို ဖြစ်သွားရ၏။
စိတ်လောကြီးနေတာမို့ ထိုကားကိုမြင်သည်နှင့် ခပ်မြန်မြန် ရှောင်လိုက်နိုင်ပေမယ့်လည်း အခြားမျက်နှာချင်းဆိုင် ယာဉ်ကြောမှ လာနေသည့် ကားတစ်စီးကိုတော့ သူ,မရှောင်လိုက်နိုင်တော့ပေ။
ထိုအချိန်မှာပင် ထိုနေရာတစ်ဝိုက်၌ ဆိုင်ကယ်စီးသမားအပြင် အခြားသောကားတွေလည်း တစ်စီးကိုတစ်စီး ရှောင်ကြရင်းနှင့် ဆင့်ကဲတိုက်မိပြီး အက်ဆီးဒင့်အကြီးစား ဖြစ်သွားခဲ့ရ၏။
" ကျွီ ... "
" ဒုန်း ... "
ထိခိုက် ပွတ်တိုက်မိသံတွေက ကျယ်လောက်လှသည်။
အနီးအနားမှာ ဘတ်စ်ကားမှတ်တိုင်နှင့်ဈေးဆိုင်ခန်းတွေ ရှိနေတာမို့ ထိုကားအက်ဆီးဒင့်ကို လူတော်တော်များလည်း မြင်တွေ့လိုက်ကြသည်။
"ဟာ ... သွားပြီး ကားတွေတိုက်ကုန်ကြပြီ ... "
"လုပ်ကြပါဦးဟ ... ထိခိုက်မိကုန်ကြပြီလား မသိဘူး ... "
ရုတ်တရက်မို့ အားလုံးလန့်ပြီး မင်တက်မိကုန်ကြပေမယ့် ထိုအချိန်က စက္ကန့်ပိုင်းမျှသာ ဖြစ်သည်။
"ကယ်ပါဦးဗျို့ ... ကူညီကြပါဦး ... "
တစ်ယောက်ကစပြီး ကားအက်ဆီးဒင့်ဖြစ်၍ ဒဏ်ရာရသူများကို ကူညီဖို့ လှုပ်ရှားလိုက်သည်နှင့် အခြားလူတွေကလည်း အသိဝင်လာကြပြီး ချက်ချင်းပင် ထိုနေရာသို့ ကူညီဖို့ ရောက်သွားကြ၏။
ဆေးရုံကားတွေကို ဖုန်းဆက်ပေးသူများ ...။
ကားထဲမှာ ညှပ်နေသည့်သူတွေကိုဆွဲထုတ်ဖို့ ကြိုးစားကြသူများ ...။
သတိလစ်နေသူများကို ရှေးဦးပြုစုနည်းဖြင့် ကူညီဖို့ ကြိုးစားနေကြသူများ ...။
ဆေးရုံကားတွေ ရောက်မလာခင် အချိန်တွင် ထိုနေရာတစ်ဝိုက်၌ ထိုတစ်ခဏတွင်လူတိုင်းသည် ထိခိုက်မိသူများကို ကူညီဖို့အတွက်သာ စိတ်လောနေကြလေသည်။
"ဒီမှာ ဆိုင်ကယ်သမားလေးကိုလည်း ကူညီကြပါဦးဟ ... သူသတိလစ်နေလို့ ... "
ကားလမ်းပေါ်မှာ ဆိုင်ကယ်တစ်ခြား လူတစ်ခြားဖြစ်ပြီး လဲကျနေသည့် ဆိုင်ကယ်သမားအနားတွင် လူတွေနှစ်ယောက်သုံးယောက် ရှိနေကြပေမယ့် ရှေးဦးပြုစုနည်း မလုပ်တတ်ကြသူများမို့ တခြားသူတွေကိုလှမ်း၍ အကူအညီ တောင်းနေကြခြင်းဖြစ်သည်။
သို့ပေမယ့် ရှေးဦးပြုစုနည်းဟူသည်က လူတိုင်း မလုပ်တတ်သည့် ကိစ္စတစ်ခုမို့ အနီးနားမှာ လူတွေရှိနေပေမယ့်လည်း မကူညီနိုင်ကြပေ။
လုပ်ပေးတတ်သူများကလည်း အခြားထိခိုက်မိသူတွေကို ကြိုးစားပြီး ကူညီနေကြသည်မို့ ဆိုင်ကယ်သမားအတွက်က ကူညီမယ့်သူ ချက်ချင်းမရှိခဲ့ပေ။
ထိုအချိန်၌ မိန်းခလေးတစ်ယောက်သည်ထိုလူတွေနှင့် ဆိုင်ကယ်သမားအနားသို့ အပြေးအလွှားရောက်ချလာခဲ့ကာ ...။
"ကျွန်မ ရှေးဦးပြုစုနည်း လုပ်တတ်တယ်...
ကျွန်မလုပ်ပေးမယ်... "
"အေး အေး လုပ်ပါဦးကွာ ဒီကောင်လေး သတိလစ်နေတာ ... "
ပြောပြောဆိုဆိုနှင့် အနားက လူသုံးယောက်က သူမအတွက် နေရာဖယ်ပေးလိုက်ကြလေသည်။
ထိုမိန်းခလေးက ဆိုင်ကယ်စီးသမား၏ ဆိုင်ကယ်ဦးထုပ် ဟဲလ်မက်ကို ချွတ်လိုက်၍ ဦးခေါင်းကို အသာအယာနေရာချလိုက်၏။
"သူ့ခြေသလုံးအရိုးနဲ့ လက်ဖျံအရိုးကိုလည်း ထိထားပုံရတယ်...
အစ်ကိုတို့ တစ်ခုလောက်ကူညီပေးကြပါလား သူ့ခြေတွေလက်တွေကို ပျဉ်ပြားချောင်းလိုဟာမျိုးနဲ့ ပူးချည်ပေးမှ ဖြစ်မှာမို့လို့ ဒီအနီးနားမှာ တစ်ချက်လောက်ခပ်မြန်မြန်လေး ရှာပေးကြပါလား ... "
"ဟာ ရပါတယ်ရှာပေးရမှာပေါ့ ... "
ထိုမိန်းခလေး ပြောလိုက်တာနှင့် လူနှစ်ယောက်က ရှာဖွေကူညီပေးဖို့အတွက်ထွက်သွားကြလေသည်။
ထိုမိန်းခလေးကဆိုင်ကယ်သမား၏ အသက်ရှုမှုကိုသူမနားနှင့်အနီးကပ်ငုံ့၍နားထောင်ကြည့်လိုက်သည်။
CPR(Cardio-Pulmonary Resuscitation နှလုံး-အဆုပ် ပြန်လည်အလုပ်လုပ်စေရန်ပြုစုနည်း) ကိုပြုလုပ်ပေးလေသည်။
Mouth-to-Mouth (ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်း)ကို တစ်ခဏတော့ အချိန်ယူလိုက်ရပေမယ့် ဆိုင်ကယ်သမားကတော့ သတိပြန်လည်ရလာခဲ့ပါသည်။
"ဒီမှာ ဒီမှာရှင့်... ရှင်သတိရလာပြီလား ... "
"အင်း ... ဟင်း ... "
သတိပြန်လည်လာခဲ့ပေမယ့် နာကျင်မှုဒဏ်ကြောင့် လူက မလှုပ်နိုင်သလို စကားပင်မဆိုနိုင်ပေ။ မျက်လုံးတွေ ပွင့်လာပေမယ့်အမြင်တွေက ဝေဝါးနေဆဲ ...။
"သူ သတိရလာပြီ သတိရလာပြီ တော်သေးတာပေါ့ကွာ ကံသီလို့ ... "
"ဒီကောင်လေး ဆိုင်ကယ်ဦးထုပ်ဆောင်းထားလို့သာပေါ့ မဟုတ်ရင် ခေါင်းထိသွားရင်တော့ သွားပြီ ... "
အနားကလူတွေ တစ်ယောက်တစ်ပေါက်ပြောနေကျတုန်းမှာပင် ထိုမိန်းခလေးက ဆိုင်ကယ်သမား၏ ခြေတွေ လက်တွေကို အစောက သူမရှာခိုင်းခဲ့သည့် ပျဉ်းပြားလိုအရာ(ပျဉ်းပြားစစ်စစ်တော့ မဟုတ်ပါ။ အနည်းငယ်ဆင်တူပြီး အနီးနားမှ ရှာလို့ရသည့် အရာ)တွေနှင့် ပူးတွဲချည်ပေးလိုက်လေသည်။
ပူးတွဲချည်ဖို့အတွက် သူမဝတ်ထားသည့်အပေါ်ထပ်ခပ်ပါးပါး ရှပ်ကွက်အင်္ကျီလက်ရှည်လေးကို တစ်စစီဖြဲ၍ ကြိုးအဖြစ်သုံးလိုက်ရ၏။
သူတစ်ပါးရဲ့ အသက်တစ်ချောင်းကို ကူညီကယ်ဆယ်ဖို့အတွက် သူမသည် တုံ့ဆိုင်းခြင်း တွေဝေခြင်း အလျဉ်းမရှိပဲ အစကနေအဆုံးထိ ပြီးမြောက်အောင် လုပ်ပေးခဲ့လေသည်။ ထိုအချိန်မှာပင် ဆေးရုံကားတွေလည်း ရောက်လာခဲ့ပြီမို့ ...။
"ဆေးရုံကားတွေ ရောက်လာပြီ ရှင့်ရဲ့နာကျင်မှုတွေကို ခဏလောက်တော့ သည်းခံပြီး တောင့်ထားလိုက်ဦးနော်...
မကြာခင် သူတို့က ရှင့်ကို သက်သာအောင်လုပ်ပေးမှာပါ ... "
သူမရဲ့အသံလေးကို သူ့နားထဲမှာ ကြားလိုက်ရ၏။ သူ့အနားမှာ လူတစ်ချို့ ရှိနေပေမယ့် သူမကသာ သူ့ကို အဓိက ကူညီခဲ့သူမှန်း သူသိနေသည်။
သူသတိရရခြင်း မျက်လုံးအဖွင့်တွင် မြင်လိုက်ရသည်က သူမကိုပါပဲ။ သူ့ရင်ဘတ်ကိုဖိနှိပ်နေပြီး အသက်ရှုနိုင်အောင် ကူညီပေးနေသည့် သူမ ...။
အစပိုင်း သတိရရခြင်းမှာ ဘယ်သူဘယ်ဝါသဲသဲကွဲကွဲ မျက်နှာကို ကြည်ကြည်လင်လင်မမြင်ရပေမယ့် နောက်ပိုင်းမှာပတ်ဝန်းကျင်ကို ကြည်ကြည်လင်လင် မြင်ခဲ့ရ၏။
ထိုအချိန်မှာပဲ သူ့ကို ဆေးရုံတွန်းလှည်းပေါ်တင်၍ ဆေးရုံကားထဲသို့ ရွေ့ဖို့လုပ်နေကြ၏။
သူကြည်လင်စွာ မြင်လိုက်ရသည့်အချိန်မှာ သူမကို လှမ်းကြည့်လိုက်တော့ ခပ်လှမ်းလှမ်း တစ်နေရာ၌ သူ့ကို ကျောခိုင်းပြီး ဖုန်းပြောနေသည့် ပုံရိပ်လေးသာ ...။
သူနောက်ဆုံး မြင်လိုက်ရသည်က သူမရဲ့ခပ်မြင့်မြင့် စုစည်းထားသည့် ဆံနွယ်လေးတွေရယ် သူမလွယ်ထားသည့် ရေညှိစိမ်းေရာင် ကျောပိုးအိတ်လေးရယ် ဒါပါပဲ ...။
**** ***** ***** ***** *****
"တကယ်ဆိုရင် အဲ့ဒီ့နေရာမှာ ငါရှိမနေခဲ့သင့်ဘူး ... "
_________________________
အက်ဆီးဒင့်ဖြစ်ပြီးနောက် လေးလခန့်ကြာသောအခါတွင် ဖြစ်သည်။
" National University Of Arts "
အနုပညာ တက္ကသိုလ်၏ နောက်ဆုံးနှစ်အတန်းတွေ စတင်တက်ရောက်ဖို့အတွက်နေ့ရက်တွေက ရောက်လာခဲ့လေပြီ။
" National University Of Arts "
ထိုတက္ကသိုလ်သည် ဤနိုင်ငံ၏ အနုပညာတက္ကသိုလ်များထဲမှ အကောင်းမွန်ဆုံးနှင့်အကျော်ကြားဆုံး ဂုဏ်ထူးဆောင်တက္ကသိုလ်တစ်ခုဖြစ်သည်။
International အဆင့်မှီ အစဉ်အလာကြီးမားသော တက္ကသိုလ်တစ်ခုဖြစ်ကာ နိုင်ငံ၏ ကျော်ကြားသော အနုပညာရှင်အများအပြားသည်လည်း ဤတက္ကသိုလ်မှာ တက်ရောက်ခဲ့ကြဖူး၏။
ဒါကတော့ ဤအနုပညာတက္ကသိုလ်၏ကောင်းမွန်သည့် သမိုင်းကြောင်းအစဉ်အလာလေးပါပဲ ...။
ထိုအနုပညာတက္ကသိုလ်တွင်Dance, Music, Visual arts, Traditional arts, Film TV & Multimedia, Drama စသည့်အနုပညာ ပညာရပ်များကို လေ့လာသင်ယူနိုင်၏။
တက္ကသိုလ်ဝင်းကြီးက ကျယ်ပြောလှပြီးဌာနတစ်ခုချင်းစီအလိုက် ကျောင်းအဆောင်တွေကလည်း များပြားလှ၏။
မနက်ပိုင်း အတန်းတွေ တက်ဖို့အတွက် ကျောင်းသားကျောင်းသူတွေ ရောက်လာကြတဲ့အချိန်လည်း ဖြစ်သည်။
တက္ကသိုလ်ဝင်းထဲမှာ ဟိုဟိုဒီဒီလမ်းလျောက်နေကြသူများရှိသလို ကျောင်းထဲရှိ မြင်ခင်းပြင်စိမ်းစိမ်းတွေ ထိုင်ခုံတွေ ကန်တင်းတွေမှာလည်း ရှိနေကြ၏။
အချို့ကလည်း တစ်ယောက်ထဲ ...။
အချို့ကလည်း နှစ်ယောက်တွဲ သုံးယောက်တွဲ ...။
အချို့ကလည်း အုပ်စုလိုက်တွေပေါ့ ...။
အချို့က စကားထိုင်ပြောနေကြသလို အချို့ကလည်း မုန့်စုစားနေကြသည်။
အချို့က သယ်ဆောင်နိုင်သော တူရိယာပစ္စည်းတွေနဲ့ လွတ်လွတ်လပ်လပ် တီးခတ်နေကြသလို အချို့ကလည်း ပန်းချီထိုင်ဆွဲနေကြပြန်သည်။
အချို့က သူငယ်ချင်းတွေနဲ့ အပျော်တမ်း dance က,နေကြပြီး အချို့ကလည်း ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်နေကြလေသည်။
အချို့က သီချင်းနားထောင်နေကြသလို အချို့ကလည်း စာဖတ်နေကြ၏။
ဟုတ်ပါတယ်။ ဒါက အနုပညာတက္ကသိုလ်တစ်ခုရဲ့ ပုံမှန်မြင်နေတွေ့နေကျ မြင်ကွင်းတွေပါပဲ ...။ အတန်းမတက်ခင် သူငယ်ချင်းတွေနဲ့ အပျော်ပဲဖြစ်ဖြစ် လေ့ကျင့်တာပဲဖြစ်ဖြစ် လုပ်တတ်ကြတာမျိုးပါ...။
ဒီမြင်ကွင်းလေးတွေက ကျောင်းတက်နေစဉ်တစ်လျောက် သူမအကြိုက်နှစ်သက်ဆုံး မြင်ကွင်းလေးတွေပါပဲ ...။
အားလုံးက ကိုယ်ရွေးချယ်ထားသည့်အနုပညာတစ်ခုအတွက် ကြိုးစားနေကြသူများပါ။
အိမ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့အတွက် သူမတို့တွေ ကြိုးစားနေကြသည်။
ချစ်ခင်ရသော သူငယ်ချင်းများနဲ့ အတူပေါ့ ...။
တက္ကသိုလ်ကျောင်းသားဘဝ လွတ်လပ်ပျော်ရွှင်ခြင်းများ၊ အတွေ့အကြုံများသည်လည်း ဤနေရာတွင်ရှိနေပါသည်။
သူမကတော့ မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ တစ်ယောက်ထဲ ထိုင်နေမိသည်။
သူမခြေထောက်တွေကို မြက်ခင်းပေါ်မှာ ဆန့်၍ ခြေဆင်းထားပြီး လက်နှစ်ဖက်ကတော့ အနောက်ဘက်သို့ ထောက်ထား၏။
အဖြူရောင်နားကြပ်လေးကို နားနှစ်ဖက်မှာတပ်ထားပြီး သူမသီချင်းနားထောင်နေတာပဲ ဖြစ်သည်။
သူမအမည်က ...။
"ဟဲ့ ဆောင်းည ... "
သူမ အမည်ကို တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်ပြီးနောက် သူမအနားမှာလည်း ထိုတစ်ယောက်သည် ဝင်ထိုင်ချလိုက်၏။
သူကတော့ ဆောင်းညရဲ့ သူငယ်ချင်းမလေး အေသင်...။
အေသင်က Visual Arts ဌာနက ပန်းချီမေဂျာ အထူးပြုတက်နေသည့်သူပါ။
"နင်ဒီမှာ ဘာလုပ်နေတာလဲ ဆောင်းည ... "
အေသင်က ဆောင်းညရဲ့ နားကြပ်လေးတစ်ဖက်ကို သူမဘာသာပဲ ဆွဲဖြုတ်ချလိုက်ပြီး ပြောလိုက်သည်။
"ဘာလဲ ဘာလဲ ... နင်ဘာတွေ အသဲအသန်ဖြစ်နေတာလဲ အေသင်ရယ်... "
အေသင့်ပုံစံက အလောတကြီးမို့ ဆောင်းညကလည်း ပြန်မေးလိုက်မိ၏။
"နင်ဟာလေ အမြဲတစ်ယောက်ထဲ သီးသီးသန့်သန့်ပဲ နေတယ်...
ခန္ဓာကြီးက နေချင်သလို စိတ်ခံစားချက်တွေကလည်း လွင့်ချင်သလို လွင့်နေတဲ့သူပဲ...
ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲလို့ နည်းနည်းပါးပါး နားစွင့်ပါဦးလား ဟယ်... "
"အမလေး ဟုတ်ပါပြီ ကဲပြောပါဦး ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေလို့လဲ ... "
"ကမ္ဘာကြီးမှာ ဖြစ်နေတာမဟုတ်ဘူး ဒီကျောင်းထဲမှာပဲ ဖြစ်နေတာ ... "
"ကဲ ပြောစမ်းပါဦး ဘာလဲ ဘာဖြစ်နေလို့လဲ ... "
ဆောင်းညပုံစံက သိပ်သိချင်လွန်းလို့ မေးနေတာမျိုးတော့ မဟုတ်ပါ။
အေသင်ရဲ့ ပုံစံကို ကြည့်ပြီးတော့ အလိုက်အထိုက် ပြန်မေးလိုက်တာမျိုးပါ။
"နင်တို့ ပြဇာတ်ဌာနက သရုပ်ဆောင်မေဂျာအထူးပြုကျောင်းသား သည်နေ့သစ်လေ ... "
အေသင်က ပြောနေရင်းနဲ့ ဆောင်းညကို တစ်ချက်စူးစမ်းသလို ကြည့်နေပြန်သေး၏။
"နင်သိရော သိရဲ့လား သည်နေ့သစ်ကို ... "
တကယ်ဆိုရင် သည်နေ့သစ်ကို သူမလွန်ခဲ့တဲ့ လေးလလောက်က အက်ဆီးဒင့်တစ်ခု၌ အသက်ကယ်ပေးခဲ့ဖူး၏။
အက်ဆီးဒင့်ဖြစ်တဲ့ နေ့ထဲက ထိုဆိုင်ကယ်သမားသည် သူမတို့ဌာနက Kingမှန်း သိပါသည်။ သည်နေ့သစ် ဆိုင်ကယ်မှောက်ပြီး သတိလစ်နေခဲ့၍ သူမ ကူညီခဲ့တာပဲ ဖြစ်သည်။
သို့သော် သူမ ထိုအကြောင်းကို သူငယ်ချင်းတွေကို ပြန်ပြောပြဖြစ်ပေမယ့် အသက်ကယ်ခဲ့သူသည် သည်နေ့သစ်ပဲဆိုတာကိုတော့ ဘယ်သူ့ကိုမှ မပြောပြဖြစ်ခဲ့ပေ။ ဒါက ထွေထွေထူးထူး ကိစ္စတစ်ခုမဟုတ်ဘူးလို့ သူမထင်မိ၏။
သည်နေ့သစ် မဟုတ်လည်း တခြားဘယ်သူ့ကိုဖြစ်ဖြစ် သူမ ကြုံကြိုက်ရင် ကူညီမိမှာပါပဲ ...။ ပြီးတော့ သည်နေ့သစ် ကိုယ်တိုင်ကလည်း သူ့အသက် ကယ်ခဲ့သူကို မမြင်လိုက်ရ၍ သူမကို မှတ်မိပုံလည်း မရပါချေ။
"အမလေးဟယ် ပြောမှာသာ ပြောစမ်းပါ ... ငါကသူ့ကို မဖြစ်မနေသိမှ ရမှာမို့လို့လား ... "
"ဟ ...မေးကြည့်ရသေးတယ်လေ နင်ကကျောင်းတက်လာတဲ့တစ်လျောက် နောက်ဆုံးနှစ်သာ ရောက်လာပြီ ကိုယ့်မေဂျာဌာနက လူတွေနဲ့ အရောတဝင်လည်း မရှိ သိလည်းမသိပဲနဲ့ ... "
"နာမည်တွေ သိပ်မသိပေမယ့် လူတွေတော့ မျက်မှန်းတန်းမိပါတယ်ဟာ နေ့တိုင်းနီးပါးတွေ့နေရတာကို ... "
ဆောင်းညက အရမ်းအနေအေးတယ်လို့ပဲပြောရမလားပါပဲ ...။
သူမတစ်ယောက်ထဲ အေးအေးဆေးဆေးနေတတ်သည့် အချိန်တွေက ပိုပြီးများ၏။
သူငယ်ချင်းဆိုလို့ အထက်တန်းကျောင်းတုန်းထဲက တွဲလာကြသည့် အေသင်ရယ် ဇွဲမာန်ရယ် (Film, TV & Multimedia ဌာန သတင်းမီဒီယာမေဂျာ အထူးပြုကျောင်းသား)
Krisရယ်(ဆောင်းညနဲ့မေဂျာအတူတူဖြစ်သည်) ထိုသုံးယောက်ပဲရှိ၏။
"သည်နေ့သစ်ကိုတော့ ငါသိပါတယ်...
သူ့ပုံတွေက ဒီကျောင်းရဲ့ နေရာအနှံ့မှာ ရှိနေတာလေ ... "
အနုပညာတက္ကသိုလ်တစ်ခုလုံးရဲ့ ဌာနတစ်ခုချင်းစီအလိုက် အချောဆုံးKingေတွရှိကြပါသည်။ ဌာနပေါင်းစုံရဲ့ဲ့ မေဂျာKingတွေထဲမှာတော့ "သည်နေ့သစ်" သည် အကျော်ကြားဆုံး Kingတစ်ယောက်ပဲဖြစ်သည်။
ကျောင်းအတွက် လိုအပ်သည့် ကြောငြာတွေအတွက် အဓိကမော်ဒယ်သည် သည်နေ့သစ်ပဲဖြစ်၏။ ထို့ကြောင့် သူ့ပုံတွေကို တစ်ကျောင်းလုံးမှာ ဟိုဟိုဒီဒီမြင်နိုင်တာပဲဖြစ်လေသည်။
"သြော် ပုံတွေတွေ့မိလို့ သိတာပေါ့လေ ...
မဟုတ်ရင် မသိဘူးမှတ်လား ... နင့်အကြောင်း ငါသိတယ်... "
ဆောင်းညက ပြုံးစိစိနှင့် အေသင်ကို ပြန်ကြည့်နေလေ၏။
"ရယ်မနေနဲ့ နင်အဲ့လို လူတွေနဲ့ အရောတဝင် မနေတတ်တာကို ငါလုံးဝကို သဘောမကျဘူး သိလား ဆောင်းည ... "
"အကျင့်ဖြစ်နေတာကို ဘယ်လိုလုပ်မလဲ ... "
"နင်ကိုယ်တိုင်က အဲ့ဒီ့အကျင့်ကို မွေးယူထားတာ မဟုတ်ဘူးလား ... "
"ထားပါ အဲ့ကိစ္စတွေ နင်သာ အလောတကြီး ဒီကိုရောက်လာရခြင်း အကြောင်းရင်းကိုပဲ ပြောစမ်းပါ ... "
"သြော် အေး ဟုတ်သားပဲ နင့်ကိုပြောဆိုဆုံးမနေတာနဲ့ ငါပြောမယ့်ကိစ္စကိုတောင်မေ့သွားတယ်...
သည်နေ့သစ် နေ့သစ်ကိုလေ ငါတို့ Visual Arts ဌာနက Designမေဂျာ အထူးပြုတက်နေတဲ့ ကောင်မလေးတစ်ယောက်က ဖွင့်ပြောနေတယ်တဲ့ အခု ... "
"ဖွင့်ပြောတယ် ဘာဖွင့်ပြောတာလဲ ဟ ... "
"ဟာ နင်ကလည်း တုံးပ သူ,နေ့သစ်ကို တစ်ဖက်သတ် ချစ်နေတဲ့အကြောင်း ဖွင့်ပြောပြီး သူ့အချစ်ကို လက်ခံပေးဖို့ ဖွင့်ပြောတာကိုပြောတာ ... "
"အဲ့တာဘာဖြစ်လဲ ... "
"ဘာဖြစ်ရမှာလည်း အဲ့ဒါUpdate သတင်းလေ ... နင်ဒီကျောင်းမှာ တက်နေပြီးတော့တော့ ဒီလို Update သတင်းတွေကို နားစွင့်ထားရမှာပေါ့ ... လာ လာခဲ့ သွားမယ် အဲ့ဒီ့ကို ... "
အေသင်က ဆောင်းညလက်ကိုဆွဲပြီး မတ်တပ်ရပ်ဖို့ ဆွဲထူနေလေ၏။
"အဲ့ဒီ့ Updateသတင်းကို နင်ပြောလို့ ငါသိပြီးပြီလေ ပြီးပြီပေါ့ ဘာလို့ အဲ့ဒီ့နေရာအထိ သွားကြည့်နေဦးမှာလဲ မလိုက်ချင်ဘူး ကိုယ့်ဘာသာပဲသွား ...
သူများအချစ်ရေးကိစ္စ ဘာညာကွိကွတွေကို နင်ပဲစိတ်ဝင်စား ... "
"ဆောင်းညရယ် နင်က ဇာတ်ညွှန်းမေဂျာကလေ နင့်အတွက် အဲ့ဒီ့လိုတကယ့်အဖြစ်အပျက်တွေက ကုန်ကြမ်းရတယ်လေ မဟုတ်ဘူးလား ... "
"နေပါဟာ ငါလိုချင်တဲ့ကုန်ကြမ်းတွေက အဲ့ဒီ့နေရာတွေကနေ ဘယ်တော့မှ ထွက်မလာဘူး အဲ့ဒါသေချာတယ်...
မိန်းခလေးဘက်က စပြီးတော့ ဖွင့်ပြောတာပဲဖြစ်ဖြစ် ယောကျာင်္းလေးဘက်က စပြီးတော့ ဖွင့်ပြောတာပဲဖြစ်ဖြစ်
အဲ့ဒါက ကိုယ့်ရဲ့ တစ်ဖက်သတ်အချစ် တစ်ခုကို ဝန်ခံလိုက်တာပဲလေ ...
တစ်ဖက်သတ်အချစ်ဆိုထဲက တစ်စုံတစ်ယောက်ထဲရဲ့ ဘက်ကနေပဲစပြီးတော့ဖြစ်လာတဲ့ခံစားချက်မျိုး... "
"အဲ့တော့ နင်က တစ်ဖက်သတ်အချစ်ကို ဘယ်လိုမြင်လို့လဲ ... "
"ဒီမှာ အေသင် ငါပြောပြမယ်...
လူနှစ်ယောက်ချစ်သူတွေဖြစ်ဖို့ဆိုတာက တစ်ယောက်နဲ့ တစ်ယောက်ခံစားချက်ရှိပြီး နှစ်ယောက်လုံးမှာ အချစ်ရှိဖို့က အဓိကပဲ ...
အဲ့တော့ နင်စဉ်းစားကြည့်လေ တစ်ဖက်သတ်အချစ်တစ်ခုကို ဖွင့်ပြောပြလိုက်လို့ရော သူချစ်တဲ့သူက သူ့ကိုပြန်ချစ်မယ်လို့ အာမခံလို့ရပါ့မလား ... "
"အင်းနော်... ဒါဆိုရင် အဲ့ဒီ့ကောင်မလေး သူ့ရဲ့တစ်ဖက်သတ်အချစ်ကို ဝန်ခံလိုက်ရင်တောင်မှ နေ့သစ်ဘက်က ပြန်လက်ခံဖို့ဆိုတာ သိပ်တော့မသေချာဘူးပဲ ... "
ဆောင်းညရဲ့ စကားတွေကိုကြားတော့ အေသင်ကလည်း ခေါင်းတစ်ညိတ်ညိတ်နှင့်ထောက်ခံရှာ၏။
"ဒီတစ်ခေါက်တော့ နေ့သစ်က ငြင်းနိုင်ပါဦးမလား ... "
"ဘာလို့လဲ ... "
"နင်အရင်က သတင်းတွေ မကြားဖူးဘူးလား ...
သည်နေ့သစ်ကို ကြွေနေတဲ့ မိန်းခလေးတွေ ဘယ်လောက်တောင်များလိုက်လဲ ဌာနတွေရဲ့ မေဂျာတိုင်းလိုလိုမှာ ရှိတယ်...
တစ်ချို့ကလည်း သူ့ကို ကြိတ်ပြီးပိုးပန်းကြပေမယ့် တစ်ချို့ကျတော့ ပေါ်တင်ပဲ ဝန်ခံခဲ့ကြတာ ...
ဒါပေမယ့် အဲ့ဒီ့လို ဝန်ခံကြတာက နှစ်ယောက်ထဲ ရှိနေတဲ့အချိန်ကျမှလေ အဲ့တော့ အငြင်းခံရလည်း ချက်ချင်းကြီးရှက်စရာတော့ မရှိဘူးပေါ့ ...
နောက်မှ တစ်ယောက်နား တစ်ဆင့်စကားနဲ့ သတင်းတွေက ပြန့်လာတော့မှ ကျောင်းကလူတွေသိကုန်တာ ဒါက ဘာမှမဟုတ်ဘူးလေ လပိုင်းလောက်ဆိုရင် အားလုံးမေ့သလောက်ဖြစ်သွားကြတာပဲ ...
အခုတစ်ယောက်ကျတော့ ကျောင်းရဲ့ပြဇာတ်ရုံထဲမှာ ကျောင်းသားတွေစုဝေးဖို့လုပ်ပြီးတော့မှ အားလုံးရှေ့မှာ ဝန်ခံတာတဲ့ ...
အဲ့ဒါက လူရှေ့သူရှေ့မှာ သူငြင်းခံရရင်ဘယ်လိုလုပ်မလဲ ငါတော့သူ့အစား ရှက်လိုက်တာ ... "
"အဲ့ဒါနဲ့များ သွားကြည့်ဦးမယ်ပေါ့လေ ... "
"မဟုတ်ဘူးလေ ငါရှက်ပေမယ့် မရှက်တဲ့သူတွေ ဘယ်လို လုပ်ကြလဲဆိုတာတော့ သွားစပ်စုချင်သေးတာပေါ့ဟ ... ဟိဟိ ... "
"ခေတ်ကြီးက တိုးတက်လာသလို မမိန်းမယောကျာင်္း တန်းတူအခွင့်အရေးတွေနဲ့ စည်မျဉ်းတွေ ယဉ်ကျေးမှုတွေကလည်း လွတ်လပ်သင့်သလောက် လွတ်လပ်လာပြီလေ ...
ဒီကိစ္စတွေက ဒီနေ့ခေတ်ရဲ့ လူငယ်တွေအတွက် ဘာမှမဟုတ်တဲ့ ကိစ္စတွေဆိုပေမယ့်လည်း ငါကတော့ ရှေးရိုးစွဲလို့လား မသိဘူး အဲ့လိုမျိုးတွေကို သိပ်သဘောမကျဘူး ... "
"နင်ကတော့ ဟုတ်တာပေါ့ အဘိုးအဘွားတွေနဲ့ အတူတူနေပြီး လူကြီးတွေလို ရှေးရိုးစွဲဝါဒတွေနဲ့ သူလေ ... "
ဆောင်းညက မိဘတွေ မရှိတော့တာမို့ အဘိုးအဘွားတွေနဲ့ နေသူဖြစ်၏။
"နင့်ကို ခေါ်မရလည်း နေပေါ့ ငါ့ဘာသာပဲ သွားကြည့်တော့မယ်... "
အေသင်က နှုတ်ခမ်းလေးဆူ၍ ထသွားပြီးမှ ပြန်လှည့်ကြည့်၍ ...။
"ဆောင်းည ဒီညနေ ဟိုကောင်တွေနဲ့ ချိန်းထားတယ်နော် ရုပ်ရှင်သွားကြည့်ဖို့ ... "
"အင်းပါ ငါသိပါတယ်... "
"ညနေအတန်းချိန်က နင်အရင် ပြီးနှင့်ရင် ငါ့ကို ခဏစောင့်နေဦးနော် အတူသွားကြမယ်... "
"အိုခေ အိုခေ ... "
ဆောင်းညက သူမလက်ချောင်းလေးတွေကို ဝိုင်းပြ၍ အိုခေလုပ်လိုက်၏။ ဒီတော့မှ အေသင်လည်း နောက်ကို ပြန်လှည့်မကြည့်တော့ပဲ ထွက်သွားလေတော့သည်။ ဆောင်းည တစ်ယောက်ထဲ ထိုနေရာလေးမှာ ကျန်နေခဲ့လေ၏။
ဒီညနေမှာ သူမတို့ သူငယ်ချင်းတွေ ရုပ်ရှင်သွားကြည့်ဖို့အတွက် ချိန်းထားကြသည်။
အားလုံးရဲ့စုရပ်က ရုပ်ရှင်ရုံမှာလို့ မနေ့ကပြောထားပြီးပေမယ့် အေသင်ကိုတော့ သူမ ဒီညနေဘကျောင်းမှာစောင့်ပြီး အတူသွားရမှာပါပဲ ...။
အခါတိုင်းက မေဂျာမတူတာကြောင့်အတန်းချိန်တွေ မတူတာများကြတာမို့ သူမတို့ သူငယ်ချင်းတွေ အတူပြန်ဖြစ်ကြဖို့ဆိုတာက ပုံမှန်ရယ်လို့ မရှိပေ။
တကယ်ဆိုရင် အဲ့ဒီ့ညနေကို သူမတစ်ယောက်ထဲ အဲ့ဒီ့နေရာမှာ ရှိမနေခဲ့သင့်ဘူး ...။ ဟင့်အင်း ... မဟုတ်သေးဘူး သူမအစထဲက အဲ့ဒီ့နေရာကို ရောက်မသွားခဲ့သင့်တာပါ ...။
**** ***** ***** ***** *****
အချိန်က ညနေခြောက်နာရီကျော်ခန့်...။
ညနေစောင်းနေခဲ့ပါပြီ ...။
အဓိကအတန်းတွေ မရှိတော့ပေမယ့် မပြီးပြတ်သေးသည့် တစ်ချို့သင်ခန်းစာတွေကို လေ့လာဖို့ (သို့) လေ့ကျင့်စရာရှိခြင်းများအတွက် မပြန်ကြသေးသူများတော့ရှိနေပါသေးသည်။
ညခုနှစ်နာရီလောက်မှ ကျောင်းတံခါးတွေက ပိတ်မှာဖြစ်၏။
အတန်းက ဆောင်းည အရင်ပြီးခဲ့ပြီမို့ အေသင်ကို စောင့်ဖို့အတွက် ကျောင်းတံခါးဂိတ် မလှမ်းမကမ်းမှာရှိသည့် ပန်းခြံငယ်လေးထဲတွင် သူမတစ်ယောက်ထဲ ထိုင်နေမိလေ၏။
ဒီနေ့ကျမှ Krisက ကျောင်းမလာ၍ တစ်နေ့လုံး ဆောင်းညတစ်ယောက်ထဲ ဖြစ်နေသည်။ အများအားဖြင့် တစ်ယောက်ထဲနေနေကျဆိုပေမယ့် မေဂျာတူသည့်သူငယ်ချင်းအရင်းကြီး ရှိနေသည်မို့ တစ်ခါတစ်ရံတော့ နှစ်ယောက်တွဲအဖော်ရပါ၏။
ဆောင်းညက ပန်းခြံငယ်လေးထဲက ပန်းခြုံတွေအနားရှိ ထိုင်ခုံတန်းလေးတွင် ထိုင်ရင်း နားကြပ်နှင့် သီချင်းကို အသံခပ်တိုးတိုး နားထောင်နေမိသည်။
ထိုအချိန်တွင် အော်သံတစ်ချက် ခပ်ကျယ်ကျယ်ကို သူမကြားလိုက်ရတာမို့ နားကြပ်ကို ဆွဲဖြုတ်လိုက်ရင်း နားစွင့်လိုက်မိ၏။
ပြီးတော့ မျက်လုံးကလည်း ဟိုဟိုဒီဒီ လိုက်ရှာကြည့်မိလိုက်သည်။
သူမထိုင်နေသည့် နေရာနှင့် မနီးလွန်းမ ဝေးလွန်းသော တစ်နေရာ၌ မိန်းခလေးတစ်ယောက်နဲ့ ယောကျာင်္းလေးတစ်ယောက်တို့ ရန်ဖြစ် စကားများနေပုံရသည့် မြင်ကွင်းတစ်ခု ...။
ဒီအချိန်က ကျောင်းပြန်သွားတဲ့ သူတွေနဲ့ကျောင်းထဲမှာ ရှိနေကြသည့် သူများသာ ရှိပြီး ကျောင်းဝင်းဂိတ်နားက ပန်းခြံငယ်ထဲမှာတော့ လာထိုင်နေသူများ မရှိကြပေ။
လူရှင်းသည့် နေရာမှာ ဒီနှစ်ယောက် စကားလာများ နေကြတာများလားဟု သူမတွေးလိုက်မိ၏။
ထိုနှစ်ယောက်က ပန်းခြုံအချို့နဲ့ ကွယ်နေသည့် သူမကို မမြင်ကြပေ။
မျက်နှာတွေကို သေချာကြည့်မိတော့မှ ပြဇာတ်ဌာနရဲ့ King သည်နေ့သစ်မှန်း သူမသိလိုက်ရသည်။ မိန်းခလေးကတော့ ဘယ်သူမှန်း ဆောင်းညမသိပါ။
"ငါ နင့်ကို ဘယ်နှစ်ခါ ပြောရမလဲ စိမ်းလဲ့ ... ငါ ... လုံးဝ လုံးဝ နင့်ကို ပြန်ချစ်လာမှာ မဟုတ်ဘူး အဲ့ဒါ အသေအချာပဲ ... "
"နေ့သစ်... နင်အရမ်း ရက်စက်တာပဲ ... "
သူတို့တွေ ပြောနေကြသည်များကို နားထောင်နေတာ မဟုတ်သည့်တိုင် အားလုံးကို သူမ အတိုင်းသားကြားနေရပါသည်။ ဆောင်းညည ထိုနေရာကနေ ရှောင်ထွက်သွားချင်ပေမယ့် ပန်းခြံရဲ့ အဝင်လမ်း အထွက်လမ်းကို သွားမည့်နေရာက လမ်းကြောင်းတစ်ခုထဲဖြစ်ကာ ထိုနှစ်ယောက်ကလည်း အဲ့ဒီ့လမ်းလေးပေါ်မှာပင် ရှိနေကြတာဖြစ်၏။
သူမထွက်သွားလို့ မရမယ့် အတူတူ ငြိမ်ပြီးဆက်ထိုင်နေမိလိုက်သည်။ သူတို့ကိစ္စပြီးလို့ ထွက်သွားမှပဲ သူမ,လိုက်ထွက်လို့ ရမှာ ဖြစ်သည်။
"ဒီနေ့လိုမျိုး ငါနင့်ကို လူတွေ အများကြီးရှေ့မှာ ဝန်ခံလိုက်ရင် ငါ့ကို ပြန်လက်ခံမှာပဲလို့ ငါထင်ခဲ့မိတာ နင်ဘာလို့ ငါ့ကို ငြင်းရက်ရတာလဲ နေ့သစ်... "
"နင့် အကြံအစည်တွေက ငါထင်တဲ့ အတိုင်းပဲ ... ငါ ဘယ်သူ့ရဲ့ ထောင်ချောက်ထဲမှာမှ ကျရှုံးမယ့် လူမျိုးမဟုတ်ဘူး ...
ဝန်ခံလာတဲ့ မိန်းခလေးတိုင်းကိုလည်း အားနာပါးနာနဲ့ ပြန်လက်ခံပြီး ငါ့ရဲ့ရာဇဝင်ကို ရည်းစားများခြင်း သမိုင်းအတွင် မခံနိုင်ဘူး ... "
သူတို့ပြောနေကြသည့် စကားေတွအရ ထိုမိန်းခလေးသည် မနက်က အေသင်ပြောပြသော သည်နေ့သစ်ကို ဝန်ခံလိုက်သည့် design မေဂျာက မိန်းခလေးပဲ ဖြစ်ပါလိမ့်မည်။
ပြီးတော့ ထိုမိန်းခလေး မနက်က အငြင်းခံလိုက်ရပြီး နှစ်ယောက်သား ဒီနေရာမှာ စကားလာများနေကြပုံပါပဲ ...။
"ငါထင်ထားတာက ငါတို့တွေ ရင်းနှီးကြတယ် အဲ့ဒါကြောင့် နင်လည်းငါ့ကို ခံစားချက်ထားလို့ ရမှာပဲလို့ ထင်ခဲ့တာ နေ့သစ်... အဲ့လို မဟုတ်ဘူးလား ... "
"နင်ရူးနေလား စိမ်းလဲ့ သည်နေ့သစ်ဆိုတဲ့ကောင်က ဘယ်သူနဲ့မဆို မိန်းမယောကျာင်္းမရွေးဘူး တရင်းတနှီး နေတတ်တဲ့ကောင်...
ငါကလူတိုင်းနဲ့ အပေါင်းအသင်းလုပ်ရတာကို ကြိုက်တယ် ဒါကို တစ်ကျောင်းလုံးသိတယ်...
အဲ့ဒါကိုမှ နင်က ... ဟာကွာ ...တော်ပြီ ... ငါဆက်မပြောချင်တော့ဘူး ... ငါသွားတော့မယ်... "
သည်နေ့သစ်က ထွက်သွားဖို့ လုပ်ပေမယ့် ထိုမိန်းခလေးက နေ့သစ်ရဲ့လက်ကို လှမ်းဆွဲထားခဲ့ကာ ...။
"နေ့သစ် ငါဒီနေ့ အရမ်းအရှက်ကွဲခဲ့ရတယ်... နင်ငါ့ကို ကူညီပါ နေ့သစ်ရယ်...
နင်ငါ့ကို ပြန်မချစ်နိုင်ရင်တောင်မှ အနည်းဆုံး ငါနဲ့ တစ်လလောက်တော့ တွဲပေးပါဟာနော်...
ငါနောက်နေ့တွေ ပုံမှန်အတိုင်း ကျာင်းဆက်တက်နိုင်ဖို့အတွက် နင်ငါ့ကို ဒီတစ်ခုတော့ ကူညီပေးပါ နေ့သစ်ရယ်... "
"ငါပြောပြီးပြီ ငါလုံးဝမချစ်နိုင်တဲ့ မိန်းခလေးတစ်ယောက်ကို အပျော်အနေနဲ့တောင်မတွဲချင်ဘူးလို့ ... "
"နင် ငါပြောတာကို လက်မခံရင် ငါ့ကိုယ်ငါသတ်သေပစ်မှာနော် နေ့သစ်... "
"ဘာ ဘာရယ် နင်ငါ့ကို ခြိမ်းခြောက်နေတာလား စိမ်းလဲ့ ... ငါပြောပြီးပြီနော် ငါဘယ်သူ့ရဲ့ ထောင်ချောက်ထဲမှာမှ အကျရှုံးမခံဘူးလို့ ...
နင့်ဘာသာ ဘာပဲလုပ်လုပ် ငါစိတ်မဝင်စားဘူး သတ်သေတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်... "
"နင် အရမ်းရက်စက်တယ် နေ့သစ်... "
နေ့သစ် ပြောနေတာတွေကို ကြားတော့ ထိုမိန်းခလေးကို ဆောင်းည အနည်းငယ်တော့ သနားသွားမိ၏။ တကယ်ဆိုရင်် ထိုမိန်းခလေးတောင်းဆိုတာကို သည်နေ့သစ် ကူညီပေးသင့်သည်ဟု သူမထင်ပါသည်။
ဒါက မိန်းခလေးတစ်ယောက်ရဲ့ အရှက်နဲ့သိက္ခာတစ်ခုပဲမို့ ...။
ထိုအချိန်မှာပင် အေသင်က သူမဆီသို့ ဖုန်းဆက်လာခဲ့သည်။ အမြန် ပိတ်ချလိုက်သော်လည်း အသံကထွက်တော့ ထွက်သွားသေးသည်သာ ...။
ဖုန်းလာသည့် Ringtone သံလေးကြောင့်သူမရှိနေတာကို ထိုနှစ်ယောက် သိသွားပုံရသည်။
"ဘယ်သူလဲ အဲ့ဒီ့နေရာမှာ ... "
သည်နေ့သစ်ရဲ့ အသံပါ ...။
ဆောင်းညလည်း ဆက်ပြီး ပုန်းနေဖို့ မစဉ်းစားတော့ပဲ ထိုင်နေရာကနေ ထွက်လာခဲ့မိ၏။ တကယ်ဆိုရင် ကိုယ်က တမင်ချောင်းနားထောင်နေတာလည်း မဟုတ်တာမို့ လိပ်ပြာလုံပါသည်။
ဆောင်းည ထွက်လာတာ မြင်တော့ ထိုမိန်းခလေးသည် သူမကို တစ်ချက်ပဲ လှမ်းကြည့်၍ ထိုနေရာကနေ ပန်းခြံထဲမှ အပြေးတစ်ပိုင်း ထွက်ပြေးသွားလေတော့သည်။
သူမ အကူညီတောင်းနေသည်ကို တစ်စုံတစ်ယောက် သိသွားခဲ့သည်မို့ ရှက်ပြီးထွက်သွားပုံရ၏။
"မင်း ဘာလုပ်နေတာလဲ အဲ့ဒီ့နေရာမှာ ... "
သည်နေ့သစ်ရဲ့ အနားသို့ သူမရောက်လာတာနှင့် သည်နေ့သစ်က ပြောလိုက်လေ၏။
"မင်း ငါတို့ ပြောနေတာတွေကို ချောင်းနားထောင်နေတာလား ... "
"မဟုတ်ပါဘူး ကျွန်မဘာသာ အဲ့ဒီ့နေရာမှာအစထဲက ထိုင်နေတာ ရှင်တို့က နောက်မှရောက်လာကြတာလေ ... "
"မင်း ငါတို့ ပြောနေတာတွေကို အကုန်ကြားလိုက်လား ... ကြားမှာပါ နီးနီးလေးပဲကို ... "
သည်နေ့သစ်က သူ့ဘာသာမေး၍ သူ့ဘာသာပဲ သုံးသပ်လိုက်ပြန်၏။
"ကြားတယ်ဆိုရင်လည်း ပါးစပ်မဖွာနဲ့ ငြိမ်ငြိမ်နေ နောက်နေ့ ကျောင်းထဲမှာ ဒီသတင်းတွေသာ ပြန့်ခဲ့ရင် တရားခံက မင်းပဲလို့ ငါသတ်မှတ်လိုက်မယ်... "
"ဒီမှာ ကျွန်မက ပါးစပ်ဖွာတတ်တဲ့သူ မဟုတ်ဘူး ပြီးတော့ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာလည်း ဝင်မပါတတ်ဘူး ... "
"အဲ့ဒါဆိုလည်း ပြီးတာပဲ ... သြော် နေဦး မင်းက ဘယ်ဌာနကလဲ ... "
"ပြဇာတ်ဌာနက ... "
"ငါတို့ဌာနကပဲ ဒါပေမယ့်ငါမင်းကို မမြင်ဖူးပါဘူး မင်းကဘယ်မေဂျာအထူးပြုလဲ ... "
"ဇာတ်ညွှန်းမေဂျာ အထူးပြု ... "
သည်နေ့သစ်က ဘာအတွက် မေးနေမှန်း မသိပေမယ့်လည်း မေးသမျှကို ဆောင်းညက ပြန်ဖြေပေးနေမိ၏။ ကိုယ်ကက ဒီပြသနာအရှုပ်နဲ့ သွားငြိမိသူပဲကိုး ...။
"နာမည်ကရော ... "
"နေပါဦး ရှင်က ဘာလို့ ဒါတွေမေးနေရတာလဲ ... "
"ဒီကိစ္စနဲ့ ပတ်သက်ပြီးေတာ့ နောက်မှပြသနာတစ်စုံတစ်ခု ထွက်လာရင် မင်းဆီကို ငါလာတွေ့မလို့ ... "
"လာတွေ့ပြီး ဘာလုပ်မလို့လဲ ကျွန်မကြောင့် ဆိုပြီးတော့ ကျွန်မကို ပြသနာရှာမလို့လား ရှင်က ... "
"မပြောတတ်ဘူးလေ အဲ့ဒါက မင်းအပေါ်မှာ မူတည်တယ်...
ငါပြောတဲ့အတိုင်း မင်းပါးစပ်ပိတ်နေခဲ့မယ်ဆိုရင် ငါလည်း မင်းနဲ့ လာတွေ့စရာအကြောင်း မရှိတော့ဘူးပေါ့ ... ပြော .. မင်းနာမည်... "
ဆောင်းညက သည်နေ့သစ်ကို အလိုမကျစွာ တစ်ချက်ကြည့်၍ ဖြေလိုက်၏။
"ဆောင်းည ... "
"ဆောင်းည ... နာမည်ကလည်း ယောကျာင်္းနာမည်လား မိန်းမနာမည်လား မသဲကွဲဘူး ... အင်းလေ မင်းပုံစံကလဲ ... "
သည်နေ့သစ်က ဆောင်းညကို ခြေဆုံးခေါင်းဆုံး တစ်ချက်လောက် ဝေ့ကြည့်ပြီးမှ နှုတ်ခမ်းကို လှုပ်ရုံလေး မဲ့လိုက်သည်။
ဆောင်းည ပုံစံလေးက ယောကျာင်္းဆန်သည့် အပြင်အဆင်ဘက်ကို ရောက်နေ၍ပဲဖြစ်သည်။
"ဒီမှာ ... "
သူဖြစ်သွားသည့် အမူအရာကြောင့် ဆောင်းညက စိတ်တိုစွာဖြင့်...။
"အိုခေ ဒါက မင်းကိစ္စပါ ... ငါ့ကိစ္စကတော့ ပြီးပြီ ငါသွားတော့မယ် နောက်တစ်ခါ ငါမင်းနဲ့ ထပ်မဆုံဖြစ်ဖို့အတွက်တော့မျှော်လင့်ပါတယ်... "
သည်နေ့သစ်က ဆောင်းညကို တစ်ချက်ကြည့်၍ ထိုနေရာကနေ ထွက်သွားခဲ့လေသည်။ သူ့ရဲ့ပြောသွားသည့် စကားလုံးတွေနှင့် မထီမဲ့မြင် မျက်နှာအမူအရာတွေကို ကြည့်ပြီးတော့ ဆောင်းည တွေးမိသွားတာက ...။
အခုသူမနဲ့ ခဏလေး ဆုံလိုက်ရသည့် တစ်ကျောင်းလုံးရဲ့ နာမည်ကျော် King သည်နေ့သစ်သည် တဲ့လား။
အပေါင်းအသင်းစုံပြီး ဖော်ရွေရည်မွန်သောကြောင့် ကျောင်းသားတွေရော ပါမောက္ခတွေကြားမှာပါ လူချစ်လူခင် ပေါများလှသည်ဟု ကျော်ကြားသော သည်နေ့သစ်တဲ့လား ...။
မယုံနိုင်စရာ ကောင်းလွန်းလှ၏။ သူမ အခုသိလိုက်ရသည့် သည်နေ့သစ်ကတော့ တကိုယ်ကောင်းဆန်သော မာနကြီးလွန်းသော အတ္တကြီးသူ တစ်ယောက်ပါပဲ ...။
သူ့စိတ်ရင်းက ဘယ်ဟာက အမှန်လည်းဆိုတာ ခန့်မှန်းရ ခက်လှ၏။ သည်နေ့သစ် ရှင်က ဘယ်လိုလူလဲ .....။
သေချာတာကတော့ ဆောင်းည သူနဲ့ ထပ်မဆုံချင်တော့ပါချေ။
**** ***** ***** ***** *****
( ဤဇာတ္လမ္းထဲမွ ႏိုင္ငံ၊ေနရာ၊ University တို႔သည္ စာေရးသူ၏ စိတ္ကူးယဉ္ဖန္တီးထားေသာ တည္ရိွမႈမ်ား သက္သက္သာ ျဖစ္ပါသည္။
ဇာတ္လမ္းထဲမွUniversity Of Arts သည္ႏိုင္ငံတကာရိွ အႏုပညာတကၠသိုလ္မ်ားကို အေျခခံ၍ေဖာ္ျပထားပါ၏။)
**** ***** ***** ***** *****
" ဆံုဆည္းျခင္း နိဒါန္း ... "
_________________
ေနရာက ႏိုင္ငံ၏ အဓိကၿမိဳ႔ေတာ္မွာျဖစ္သည္။
ၿမိဳ႔ေတာ္၏ အဓိက မိန္းကားလမ္းမႀကီးေပၚတြင္ မနက္ခင္းႄကံုေနက်အတိုင္း ကားလမ္းေတြ ပိတ္ေနေလ၏။
ဒီအခ်ိန္က လူတိုင္းကိုယ္စီကိုယ္ငွ တာဝန္ကိုယ္စီထမ္းေဆာင္ဖို႔အတြက္သြားလာေနၾကျခင္းျဖစ္သည္။
တခ်ိဳ႕ကလည္း ပညာသင္ၾကားဖို႔အတြက္တခ်ိဳ႕က်ေတာ့လည္း ဝမ္းေရးအတြက္ ေငြရမၫ့္ အလုပ္အကိုင္ေတြ အတြက္ေပါ့ ...။
တန္းစီ၍ ရပ္လိုက္ သြားလိုက္ ျဖစ္ေနသည္က ကားေတြတင္မဟုတ္ပဲ ဆိုင္ကယ္ေတြလည္း ပါ၏။
ထိုအထဲတြင္မွ တန္ဖိုးျမင့္ အနက္ေရာင္ဆိုင္ကယ္ႀကီးတစ္စီးေပၚက ေယာက်ာင္္းတစ္ေယာက္သည္ ကားလမ္းေတြပိတ္ေနသၫ့္ ေရ႔ျွမင္ကြင္းကို တစ္ခ်က္လွမ္းၾကၫ့္လိုက္ၿပီးေနာက္...။
"ဘာလဲကြာ လမ္းပိတ္မွာစိုးလို႔ ေစာထြက္လာလည္း လာၿငိေနတာပဲ ကၽြတ္စ္... "
စိတ္မရွည္စြာ ညည္းလိုက္ၿပီး စုတ္တစ္ခ်က္သပ္လိုက္၏။
ၿပီးေနာက္ လမ္းသြယ္ေတြရိွသၫ့္ ဘက္သို႔ေကြ့ဝိုက္၍ ေဖာက္ထြက္လိုက္သည္။
လမ္းသြယ္ဆိုတာက ရပ္ကြက္လမ္းေတာ့ မဟုတ္ေပမယ့္ မိန္းလမ္းမႀကီးကို ဆက္ထားသၫ့္ ကားလမ္းေတျြဖစ္သည္။
ထိုဆိုင္ကယ္စီးသမားသည္ သူသြားရမၫ့္ေနရာကို ေရာက္ဖို႔အတြက္ ျဖတ္လမ္းကိုသံုးလိုက္ျခင္းျဖစ္၏။
သို႔ေပမယ့္ သူ႔လိုပင္ ထိုလမ္းသြယ္အား သံုးၿပီးထြက္မၫ့္ အျခားကားတစ္စီးႏွင့္ မထင္မွတ္ပဲ ၿငိမိေတာ့မလို ျဖစ္သြားရ၏။
စိတ္ေလာႀကီးေနတာမို႔ ထိုကားကိုျမင္သည္ႏွင့္ ခပ္ျမန္ျမန္ ေရွာင္လိုက္ႏိုင္ေပမယ့္လည္း အျခားမ်က္ႏွာခ်င္းဆိုင္ ယာဉ္ေၾကာမွ လာေနသၫ့္ ကားတစ္စီးကိုေတာ့ သူ,မေရွာင္လိုက္ႏိုင္ေတာ့ေပ။
ထိုအခ်ိန္မွာပင္ ထိုေနရာတစ္ဝိုက္၌ ဆိုင္ကယ္စီးသမားအျပင္ အျခားေသာကားေတြလည္း တစ္စီးကိုတစ္စီး ေရွာင္ၾကရင္းႏွင့္ ဆင့္ကဲတိုက္မိၿပီး အက္ဆီးဒင့္အႀကီးစား ျဖစ္သြားခဲ့ရ၏။
" ကၽီြ ... "
" ဒုန္း ... "
ထိခိုက္ ပြတ္တိုက္မိသံေတြက က်ယ္ေလာက္လွသည္။
အနီးအနားမွာ ဘတ္စ္ကားမွတ္တိုင္ႏွင့္ေဈးဆိုင္ခန္းေတြ ရိွေနတာမို႔ ထိုကားအက္ဆီးဒင့္ကို လူေတာ္ေတာ္မ်ားလည္း ျမင္ေတြ့လိုက္ၾကသည္။
"ဟာ ... သြားၿပီး ကားေတြတိုက္ကုန္ၾကၿပီ ... "
"လုပ္ၾကပါဦးဟ ... ထိခိုက္မိကုန္ၾကၿပီလား မသိဘူး ... "
ရုတ္တရက္မို႔ အားလံုးလန႔္ၿပီး မင္တက္မိကုန္ၾကေပမယ့္ ထိုအခ်ိန္က စကၠန႔္ပိုင္းမ်ွသာ ျဖစ္သည္။
"ကယ္ပါဦးဗ်ိဳ႕ ... ကူညီၾကပါဦး ... "
တစ္ေယာက္ကစၿပီး ကားအက္ဆီးဒင့္ျဖစ္၍ ဒဏ္ရာရသူမ်ားကို ကူညီဖို႔ လႈပ္ရွားလိုက္သည္ႏွင့္ အျခားလူေတြကလည္း အသိဝင္လာၾကၿပီး ခ်က္ခ်င္းပင္ ထိုေနရာသို႔ ကူညီဖို႔ ေရာက္သြားၾက၏။
ေဆးရံုကားေတြကို ဖုန္းဆက္ေပးသူမ်ား ...။
ကားထဲမွာ ၫွပ္ေနသၫ့္သူေတြကိုဆဲြထုတ္ဖို႔ ႀကိဳးစားၾကသူမ်ား ...။
သတိလစ္ေနသူမ်ားကို ေရွးဦးျပဳစုနည္းျဖင့္ ကူညီဖို႔ ႀကိဳးစားေနၾကသူမ်ား ...။
ေဆးရံုကားေတြ ေရာက္မလာခင္ အခ်ိန္တြင္ ထိုေနရာတစ္ဝိုက္၌ ထိုတစ္ခဏတြင္လူတိုင္းသည္ ထိခိုက္မိသူမ်ားကို ကူညီဖို႔အတြက္သာ စိတ္ေလာေနၾကေလသည္။
"ဒီမွာ ဆိုင္ကယ္သမားေလးကိုလည္း ကူညီၾကပါဦးဟ ... သူသတိလစ္ေနလို႔ ... "
ကားလမ္းေပၚမွာ ဆိုင္ကယ္တစ္ျခား လူတစ္ျခားျဖစ္ၿပီး လဲက်ေနသၫ့္ ဆိုင္ကယ္သမားအနားတြင္ လူေတြႏွစ္ေယာက္သံုးေယာက္ ရိွေနၾကေပမယ့္ ေရွးဦးျပဳစုနည္း မလုပ္တတ္ၾကသူမ်ားမို႔ တျခားသူေတြကိုလွမ္း၍ အကူအညီ ေတာင္းေနၾကျခင္းျဖစ္သည္။
သို႔ေပမယ့္ ေရွးဦးျပဳစုနည္းဟူသည္က လူတိုင္း မလုပ္တတ္သၫ့္ ကိစၥတစ္ခုမို႔ အနီးနားမွာ လူေတြရိွေနေပမယ့္လည္း မကူညီႏိုင္ၾကေပ။
လုပ္ေပးတတ္သူမ်ားကလည္း အျခားထိခိုက္မိသူေတြကို ႀကိဳးစားၿပီး ကူညီေနၾကသည္မို႔ ဆိုင္ကယ္သမားအတြက္က ကူညီမယ့္သူ ခ်က္ခ်င္းမရိွခဲ့ေပ။
ထိုအခ်ိန္၌ မိန္းခေလးတစ္ေယာက္သည္ထိုလူေတြႏွင့္ ဆိုင္ကယ္သမားအနားသို႔ အေျပးအလႊားေရာက္ခ်လာခဲ့ကာ ...။
"ကၽြန္မ ေရွးဦးျပဳစုနည္း လုပ္တတ္တယ္...
ကၽြန္မလုပ္ေပးမယ္... "
"ေအး ေအး လုပ္ပါဦးကြာ ဒီေကာင္ေလး သတိလစ္ေနတာ ... "
ေျပာေျပာဆိုဆိုႏွင့္ အနားက လူသံုးေယာက္က သူမအတြက္ ေနရာဖယ္ေပးလိုက္ၾကေလသည္။
ထိုမိန္းခေလးက ဆိုင္ကယ္စီးသမား၏ ဆိုင္ကယ္ဦးထုပ္ ဟဲလ္မက္ကို ခၽြတ္လိုက္၍ ဦးေခါင္းကို အသာအယာေနရာခ်လိုက္၏။
"သူ႔ေျခသလံုးအရိုးနဲ႔ လက္ဖ်ံအရိုးကိုလည္း ထိထားပံုရတယ္...
အစ္ကိုတို႔ တစ္ခုေလာက္ကူညီေပးၾကပါလား သူ႔ေျခေတြလက္ေတြကို ပ်ဉ္ျပားေခ်ာင္းလိုဟာမ်ိဳးနဲ႔ ပူးခ်ည္ေပးမွ ျဖစ္မွာမို႔လို႔ ဒီအနီးနားမွာ တစ္ခ်က္ေလာက္ခပ္ျမန္ျမန္ေလး ရွာေပးၾကပါလား ... "
"ဟာ ရပါတယ္ရွာေပးရမွာေပါ့ ... "
ထိုမိန္းခေလး ေျပာလိုက္တာႏွင့္ လူႏွစ္ေယာက္က ရွာေဖြကူညီေပးဖို႔အတြက္ထြက္သြားၾကေလသည္။
ထိုမိန္းခေလးကဆိုင္ကယ္သမား၏ အသက္ရႈမႈကိုသူမနားႏွင့္အနီးကပ္ငံု႔၍နားေထာင္ၾကၫ့္လိုက္သည္။
CPR(Cardio-Pulmonary Resuscitation ႏွလံုး-အဆုပ္ ျပန္လည္အလုပ္လုပ္ေစရန္ျပဳစုနည္း) ကိုျပဳလုပ္ေပးေလသည္။
Mouth-to-Mouth (ပါးစပ္မွပါးစပ္ ေလမႈတ္သြင္းနည္း)ကို တစ္ခဏေတာ့ အခ်ိန္ယူလိုက္ရေပမယ့္ ဆိုင္ကယ္သမားကေတာ့ သတိျပန္လည္ရလာခဲ့ပါသည္။
"ဒီမွာ ဒီမွာရွင့္... ရွင္သတိရလာၿပီလား ... "
"အင္း ... ဟင္း ... "
သတိျပန္လည္လာခဲ့ေပမယ့္ နာက်င္မႈဒဏ္ေၾကာင့္ လူက မလႈပ္ႏိုင္သလို စကားပင္မဆိုႏိုင္ေပ။ မ်က္လံုးေတြ ပြင့္လာေပမယ့္အျမင္ေတြက ေဝဝါးေနဆဲ ...။
"သူ သတိရလာၿပီ သတိရလာၿပီ ေတာ္ေသးတာေပါ့ကြာ ကံသီလို႔ ... "
"ဒီေကာင္ေလး ဆိုင္ကယ္ဦးထုပ္ေဆာင္းထားလို႔သာေပါ့ မဟုတ္ရင္ ေခါင္းထိသြားရင္ေတာ့ သြားၿပီ ... "
အနားကလူေတြ တစ္ေယာက္တစ္ေပါက္ေျပာေနက်တုန္းမွာပင္ ထိုမိန္းခေလးက ဆိုင္ကယ္သမား၏ ေျခေတြ လက္ေတြကို အေစာက သူမရွာခိုင္းခဲ့သၫ့္ ပ်ဉ္းျပားလိုအရာ(ပ်ဉ္းျပားစစ္စစ္ေတာ့ မဟုတ္ပါ။ အနည္းငယ္ဆင္တူၿပီး အနီးနားမွ ရွာလို႔ရသၫ့္ အရာ)ေတြႏွင့္ ပူးတဲြခ်ည္ေပးလိုက္ေလသည္။
ပူးတဲြခ်ည္ဖို႔အတြက္ သူမဝတ္ထားသၫ့္အေပၚထပ္ခပ္ပါးပါး ရွပ္ကြက္အက်ႌလက္ရွည္ေလးကို တစ္စစီၿဖဲ၍ ႀကိဳးအျဖစ္သံုးလိုက္ရ၏။
သူတစ္ပါးရဲ့ အသက္တစ္ေခ်ာင္းကို ကူညီကယ္ဆယ္ဖို႔အတြက္ သူမသည္ တံု႔ဆိုင္းျခင္း ေတြေဝျခင္း အလ်ဉ္းမရိွပဲ အစကေနအဆံုးထိ ၿပီးေျမာက္ေအာင္ လုပ္ေပးခဲ့ေလသည္။ ထိုအခ်ိန္မွာပင္ ေဆးရံုကားေတြလည္း ေရာက္လာခဲ့ၿပီမို႔ ...။
"ေဆးရံုကားေတြ ေရာက္လာၿပီ ရွင့္ရဲ့နာက်င္မႈေတြကို ခဏေလာက္ေတာ့ သည္းခံၿပီး ေတာင့္ထားလိုက္ဦးေနာ္...
မၾကာခင္ သူတို႔က ရွင့္ကို သက္သာေအာင္လုပ္ေပးမွာပါ ... "
သူမရဲ့အသံေလးကို သူ႔နားထဲမွာ ၾကားလိုက္ရ၏။ သူ႔အနားမွာ လူတစ္ခ်ိဳ႕ ရိွေနေပမယ့္ သူမကသာ သူ႔ကို အဓိက ကူညီခဲ့သူမွန္း သူသိေနသည္။
သူသတိရရျခင္း မ်က္လံုးအဖြင့္တြင္ ျမင္လိုက္ရသည္က သူမကိုပါပဲ။ သူ႔ရင္ဘတ္ကိုဖိႏိွပ္ေနၿပီး အသက္ရႈႏိုင္ေအာင္ ကူညီေပးေနသၫ့္ သူမ ...။
အစပိုင္း သတိရရျခင္းမွာ ဘယ္သူဘယ္ဝါသဲသဲကဲြကဲြ မ်က္ႏွာကို ၾကည္ၾကည္လင္လင္မျမင္ရေပမယ့္ ေနာက္ပိုင္းမွာပတ္ဝန္းက်င္ကို ၾကည္ၾကည္လင္လင္ ျမင္ခဲ့ရ၏။
ထိုအခ်ိန္မွာပဲ သူ႔ကို ေဆးရံုတြန္းလွည္းေပၚတင္၍ ေဆးရံုကားထဲသို႔ ေရြ့ဖို႔လုပ္ေနၾက၏။
သူၾကည္လင္စြာ ျမင္လိုက္ရသၫ့္အခ်ိန္မွာ သူမကို လွမ္းၾကၫ့္လိုက္ေတာ့ ခပ္လွမ္းလွမ္း တစ္ေနရာ၌ သူ႔ကို ေက်ာခိုင္းၿပီး ဖုန္းေျပာေနသၫ့္ ပံုရိပ္ေလးသာ ...။
သူေနာက္ဆံုး ျမင္လိုက္ရသည္က သူမရဲ့ခပ္ျမင့္ျမင့္ စုစည္းထားသၫ့္ ဆံႏြယ္ေလးေတြရယ္ သူမလြယ္ထားသၫ့္ ေရၫွိစိမ္းေရာင္ ေက်ာပိုးအိတ္ေလးရယ္ ဒါပါပဲ ...။
**** ***** ***** ***** *****
"တကယ္ဆိုရင္ အဲ့ဒီ့ေနရာမွာ ငါရိွမေနခဲ့သင့္ဘူး ... "
_________________________
အက္ဆီးဒင့္ျဖစ္ၿပီးေနာက္ ေလးလခန႔္ၾကာေသာအခါတြင္ ျဖစ္သည္။
" National University Of Arts "
အႏုပညာ တကၠသိုလ္၏ ေနာက္ဆံုးႏွစ္အတန္းေတြ စတင္တက္ေရာက္ဖို႔အတြက္ေန့ရက္ေတြက ေရာက္လာခဲ့ေလၿပီ။
" National University Of Arts "
ထိုတကၠသိုလ္သည္ ဤႏိုင္ငံ၏ အႏုပညာတကၠသိုလ္မ်ားထဲမွ အေကာင္းမြန္ဆံုးႏွင့္အေက်ာ္ၾကားဆံုး ဂုဏ္ထူးေဆာင္တကၠသိုလ္တစ္ခုျဖစ္သည္။
International အဆင့္မွီ အစဉ္အလာႀကီးမားေသာ တကၠသိုလ္တစ္ခုျဖစ္ကာ ႏိုင္ငံ၏ ေက်ာ္ၾကားေသာ အႏုပညာရွင္အမ်ားအျပားသည္လည္း ဤတကၠသိုလ္မွာ တက္ေရာက္ခဲ့ၾကဖူး၏။
ဒါကေတာ့ ဤအႏုပညာတကၠသိုလ္၏ေကာင္းမြန္သၫ့္ သမိုင္းေၾကာင္းအစဉ္အလာေလးပါပဲ ...။
ထိုအႏုပညာတကၠသိုလ္တြင္Dance, Music, Visual arts, Traditional arts, Film TV & Multimedia, Drama စသၫ့္အႏုပညာ ပညာရပ္မ်ားကို ေလ့လာသင္ယူႏိုင္၏။
တကၠသိုလ္ဝင္းႀကီးက က်ယ္ေျပာလွၿပီးဌာနတစ္ခုခ်င္းစီအလိုက္ ေက်ာင္းအေဆာင္ေတြကလည္း မ်ားျပားလွ၏။
မနက္ပိုင္း အတန္းေတြ တက္ဖို႔အတြက္ ေက်ာင္းသားေက်ာင္းသူေတြ ေရာက္လာၾကတဲ့အခ်ိန္လည္း ျဖစ္သည္။
တကၠသိုလ္ဝင္းထဲမွာ ဟိုဟိုဒီဒီလမ္းေလ်ာက္ေနၾကသူမ်ားရိွသလို ေက်ာင္းထဲရိွ ျမင္ခင္းျပင္စိမ္းစိမ္းေတြ ထိုင္ခံုေတြ ကန္တင္းေတြမွာလည္း ရိွေနၾက၏။
အခ်ိဳ႕ကလည္း တစ္ေယာက္ထဲ ...။
အခ်ိဳ႕ကလည္း ႏွစ္ေယာက္တဲြ သံုးေယာက္တဲြ ...။
အခ်ိဳ႕ကလည္း အုပ္စုလိုက္ေတြေပါ့ ...။
အခ်ိဳ႕က စကားထိုင္ေျပာေနၾကသလို အခ်ိဳ႕ကလည္း မုန႔္စုစားေနၾကသည္။
အခ်ိဳ႕က သယ္ေဆာင္ႏိုင္ေသာ တူရိယာပစၥည္းေတြနဲ႔ လြတ္လြတ္လပ္လပ္ တီးခတ္ေနၾကသလို အခ်ိဳ႕ကလည္း ပန္းခ်ီထိုင္ဆဲြေနၾကျပန္သည္။
အခ်ိဳ႕က သူငယ္ခ်င္းေတြနဲ႔ အေပ်ာ္တမ္း dance က,ေနၾကၿပီး အခ်ိဳ႕ကလည္း ကင္မရာတစ္လံုးနဲ႔ အလုပ္ရႈပ္ေနၾကေလသည္။
အခ်ိဳ႕က သီခ်င္းနားေထာင္ေနၾကသလို အခ်ိဳ႕ကလည္း စာဖတ္ေနၾက၏။
ဟုတ္ပါတယ္။ ဒါက အႏုပညာတကၠသိုလ္တစ္ခုရဲ့ ပံုမွန္ျမင္ေနေတြ့ေနက် ျမင္ကြင္းေတြပါပဲ ...။ အတန္းမတက္ခင္ သူငယ္ခ်င္းေတြနဲ႔ အေပ်ာ္ပဲျဖစ္ျဖစ္ ေလ့က်င့္တာပဲျဖစ္ျဖစ္ လုပ္တတ္ၾကတာမ်ိဳးပါ...။
ဒီျမင္ကြင္းေလးေတြက ေက်ာင္းတက္ေနစဉ္တစ္ေလ်ာက္ သူမအႀကိဳက္ႏွစ္သက္ဆံုး ျမင္ကြင္းေလးေတြပါပဲ ...။
အားလံုးက ကိုယ္ေရြးခ်ယ္ထားသၫ့္အႏုပညာတစ္ခုအတြက္ ႀကိဳးစားေနၾကသူမ်ားပါ။
အိမ္မက္ေတြ အမွန္တကယ္ျဖစ္လာဖို႔အတြက္ သူမတို႔ေတြ ႀကိဳးစားေနၾကသည္။
ခ်စ္ခင္ရေသာ သူငယ္ခ်င္းမ်ားနဲ႔ အတူေပါ့ ...။
တကၠသိုလ္ေက်ာင္းသားဘဝ လြတ္လပ္ေပ်ာ္ရႊင္ျခင္းမ်ား၊ အေတြ့အႄကံုမ်ားသည္လည္း ဤေနရာတြင္ရိွေနပါသည္။
သူမကေတာ့ ျမက္ခင္းျပင္စိမ္းစိမ္းေပၚမွာ တစ္ေယာက္ထဲ ထိုင္ေနမိသည္။
သူမေျခေထာက္ေတြကို ျမက္ခင္းေပၚမွာ ဆန႔္၍ ေျခဆင္းထားၿပီး လက္ႏွစ္ဖက္ကေတာ့ အေနာက္ဘက္သို႔ ေထာက္ထား၏။
အျဖဴေရာင္နားၾကပ္ေလးကို နားႏွစ္ဖက္မွာတပ္ထားၿပီး သူမသီခ်င္းနားေထာင္ေနတာပဲ ျဖစ္သည္။
သူမအမည္က ...။
"ဟဲ့ ေဆာင္းည ... "
သူမ အမည္ကို တစ္စံုတစ္ေယာက္က လွမ္းေခၚလိုက္ၿပီးေနာက္ သူမအနားမွာလည္း ထိုတစ္ေယာက္သည္ ဝင္ထိုင္ခ်လိုက္၏။
သူကေတာ့ ေဆာင္းညရဲ့ သူငယ္ခ်င္းမေလး ေအသင္...။
ေအသင္က Visual Arts ဌာနက ပန္းခ်ီေမဂ်ာ အထူးျပဳတက္ေနသၫ့္သူပါ။
"နင္ဒီမွာ ဘာလုပ္ေနတာလဲ ေဆာင္းည ... "
ေအသင္က ေဆာင္းညရဲ့ နားၾကပ္ေလးတစ္ဖက္ကို သူမဘာသာပဲ ဆဲြျဖဳတ္ခ်လိုက္ၿပီး ေျပာလိုက္သည္။
"ဘာလဲ ဘာလဲ ... နင္ဘာေတြ အသဲအသန္ျဖစ္ေနတာလဲ ေအသင္ရယ္... "
ေအသင့္ပံုစံက အေလာတႀကီးမို႔ ေဆာင္းညကလည္း ျပန္ေမးလိုက္မိ၏။
"နင္ဟာေလ အၿမဲတစ္ေယာက္ထဲ သီးသီးသန႔္သန႔္ပဲ ေနတယ္...
ခႏၶာႀကီးက ေနခ်င္သလို စိတ္ခံစားခ်က္ေတြကလည္း လြင့္ခ်င္သလို လြင့္ေနတဲ့သူပဲ...
ပတ္ဝန္းက်င္မွာ ဘာေတျြဖစ္ေနလဲလို႔ နည္းနည္းပါးပါး နားစြင့္ပါဦးလား ဟယ္... "
"အမေလး ဟုတ္ပါၿပီ ကဲေျပာပါဦး ကမ႓ာႀကီးမွာ ဘာေတျြဖစ္ေနလို႔လဲ ... "
"ကမ႓ာႀကီးမွာ ျဖစ္ေနတာမဟုတ္ဘူး ဒီေက်ာင္းထဲမွာပဲ ျဖစ္ေနတာ ... "
"ကဲ ေျပာစမ္းပါဦး ဘာလဲ ဘာျဖစ္ေနလို႔လဲ ... "
ေဆာင္းညပံုစံက သိပ္သိခ်င္လြန္းလို႔ ေမးေနတာမ်ိဳးေတာ့ မဟုတ္ပါ။
ေအသင္ရဲ့ ပံုစံကို ၾကၫ့္ၿပီးေတာ့ အလိုက္အထိုက္ ျပန္ေမးလိုက္တာမ်ိဳးပါ။
"နင္တို႔ ျပဇာတ္ဌာနက သရုပ္ေဆာင္ေမဂ်ာအထူးျပဳေက်ာင္းသား သည္ေန့သစ္ေလ ... "
ေအသင္က ေျပာေနရင္းနဲ႔ ေဆာင္းညကို တစ္ခ်က္စူးစမ္းသလို ၾကၫ့္ေနျပန္ေသး၏။
"နင္သိေရာ သိရဲ့လား သည္ေန့သစ္ကို ... "
တကယ္ဆိုရင္ သည္ေန့သစ္ကို သူမလြန္ခဲ့တဲ့ ေလးလေလာက္က အက္ဆီးဒင့္တစ္ခု၌ အသက္ကယ္ေပးခဲ့ဖူး၏။
အက္ဆီးဒင့္ျဖစ္တဲ့ ေန့ထဲက ထိုဆိုင္ကယ္သမားသည္ သူမတို႔ဌာနက Kingမွန္း သိပါသည္။ သည္ေန့သစ္ ဆိုင္ကယ္ေမွာက္ၿပီး သတိလစ္ေနခဲ့၍ သူမ ကူညီခဲ့တာပဲ ျဖစ္သည္။
သို႔ေသာ္ သူမ ထိုအေၾကာင္းကို သူငယ္ခ်င္းေတြကို ျပန္ေျပာျပျဖစ္ေပမယ့္ အသက္ကယ္ခဲ့သူသည္ သည္ေန့သစ္ပဲဆိုတာကိုေတာ့ ဘယ္သူ႔ကိုမွ မေျပာျပျဖစ္ခဲ့ေပ။ ဒါက ေထြေထြထူးထူး ကိစၥတစ္ခုမဟုတ္ဘူးလို႔ သူမထင္မိ၏။
သည္ေန့သစ္ မဟုတ္လည္း တျခားဘယ္သူ႔ကိုျဖစ္ျဖစ္ သူမ ႄကံုႀကိဳက္ရင္ ကူညီမိမွာပါပဲ ...။ ၿပီးေတာ့ သည္ေန့သစ္ ကိုယ္တိုင္ကလည္း သူ႔အသက္ ကယ္ခဲ့သူကို မျမင္လိုက္ရ၍ သူမကို မွတ္မိပံုလည္း မရပါေခ်။
"အမေလးဟယ္ ေျပာမွာသာ ေျပာစမ္းပါ ... ငါကသူ႔ကို မျဖစ္မေနသိမွ ရမွာမို႔လို႔လား ... "
"ဟ ...ေမးၾကၫ့္ရေသးတယ္ေလ နင္ကေက်ာင္းတက္လာတဲ့တစ္ေလ်ာက္ ေနာက္ဆံုးႏွစ္သာ ေရာက္လာၿပီ ကိုယ့္ေမဂ်ာဌာနက လူေတြနဲ႔ အေရာတဝင္လည္း မရိွ သိလည္းမသိပဲနဲ႔ ... "
"နာမည္ေတြ သိပ္မသိေပမယ့္ လူေတြေတာ့ မ်က္မွန္းတန္းမိပါတယ္ဟာ ေန့တိုင္းနီးပါးေတြ့ေနရတာကို ... "
ေဆာင္းညက အရမ္းအေနေအးတယ္လို႔ပဲေျပာရမလားပါပဲ ...။
သူမတစ္ေယာက္ထဲ ေအးေအးေဆးေဆးေနတတ္သၫ့္ အခ်ိန္ေတြက ပိုၿပီးမ်ား၏။
သူငယ္ခ်င္းဆိုလို႔ အထက္တန္းေက်ာင္းတုန္းထဲက တဲြလာၾကသၫ့္ ေအသင္ရယ္ ဇဲြမာန္ရယ္ (Film, TV & Multimedia ဌာန သတင္းမီဒီယာေမဂ်ာ အထူးျပဳေက်ာင္းသား)
Krisရယ္(ေဆာင္းညနဲ႔ေမဂ်ာအတူတူျဖစ္သည္) ထိုသံုးေယာက္ပဲရိွ၏။
"သည္ေန့သစ္ကိုေတာ့ ငါသိပါတယ္...
သူ႔ပံုေတြက ဒီေက်ာင္းရဲ့ ေနရာအႏွံ႔မွာ ရိွေနတာေလ ... "
အႏုပညာတကၠသိုလ္တစ္ခုလံုးရဲ့ ဌာနတစ္ခုခ်င္းစီအလိုက္ အေခ်ာဆံုးKingေတြရိွၾကပါသည္။ ဌာနေပါင္းစံုရဲ့႔ ေမဂ်ာKingေတြထဲမွာေတာ့ "သည္ေန့သစ္" သည္ အေက်ာ္ၾကားဆံုး Kingတစ္ေယာက္ပဲျဖစ္သည္။
ေက်ာင္းအတြက္ လိုအပ္သၫ့္ ေၾကာျငာေတြအတြက္ အဓိကေမာ္ဒယ္သည္ သည္ေန့သစ္ပဲျဖစ္၏။ ထို႔ေၾကာင့္ သူ႔ပံုေတြကို တစ္ေက်ာင္းလံုးမွာ ဟိုဟိုဒီဒီျမင္ႏိုင္တာပဲျဖစ္ေလသည္။
"ေၾသာ္ ပံုေတြေတြ့မိလို႔ သိတာေပါ့ေလ ...
မဟုတ္ရင္ မသိဘူးမွတ္လား ... နင့္အေၾကာင္း ငါသိတယ္... "
ေဆာင္းညက ႃပံုးစိစိႏွင့္ ေအသင္ကို ျပန္ၾကၫ့္ေနေလ၏။
"ရယ္မေနနဲ႔ နင္အဲ့လို လူေတြနဲ႔ အေရာတဝင္ မေနတတ္တာကို ငါလံုးဝကို သေဘာမက်ဘူး သိလား ေဆာင္းည ... "
"အက်င့္ျဖစ္ေနတာကို ဘယ္လိုလုပ္မလဲ ... "
"နင္ကိုယ္တိုင္က အဲ့ဒီ့အက်င့္ကို ေမြးယူထားတာ မဟုတ္ဘူးလား ... "
"ထားပါ အဲ့ကိစၥေတြ နင္သာ အေလာတႀကီး ဒီကိုေရာက္လာရျခင္း အေၾကာင္းရင္းကိုပဲ ေျပာစမ္းပါ ... "
"ေၾသာ္ ေအး ဟုတ္သားပဲ နင့္ကိုေျပာဆိုဆံုးမေနတာနဲ႔ ငါေျပာမယ့္ကိစၥကိုေတာင္ေမ့သြားတယ္...
သည္ေန့သစ္ ေန့သစ္ကိုေလ ငါတို႔ Visual Arts ဌာနက Designေမဂ်ာ အထူးျပဳတက္ေနတဲ့ ေကာင္မေလးတစ္ေယာက္က ဖြင့္ေျပာေနတယ္တဲ့ အခု ... "
"ဖြင့္ေျပာတယ္ ဘာဖြင့္ေျပာတာလဲ ဟ ... "
"ဟာ နင္ကလည္း တံုးပ သူ,ေန့သစ္ကို တစ္ဖက္သတ္ ခ်စ္ေနတဲ့အေၾကာင္း ဖြင့္ေျပာၿပီး သူ႔အခ်စ္ကို လက္ခံေပးဖို႔ ဖြင့္ေျပာတာကိုေျပာတာ ... "
"အဲ့တာဘာျဖစ္လဲ ... "
"ဘာျဖစ္ရမွာလည္း အဲ့ဒါUpdate သတင္းေလ ... နင္ဒီေက်ာင္းမွာ တက္ေနၿပီးေတာ့ေတာ့ ဒီလို Update သတင္းေတြကို နားစြင့္ထားရမွာေပါ့ ... လာ လာခဲ့ သြားမယ္ အဲ့ဒီ့ကို ... "
ေအသင္က ေဆာင္းညလက္ကိုဆဲြၿပီး မတ္တပ္ရပ္ဖို႔ ဆဲြထူေနေလ၏။
"အဲ့ဒီ့ Updateသတင္းကို နင္ေျပာလို႔ ငါသိၿပီးၿပီေလ ၿပီးၿပီေပါ့ ဘာလို႔ အဲ့ဒီ့ေနရာအထိ သြားၾကၫ့္ေနဦးမွာလဲ မလိုက္ခ်င္ဘူး ကိုယ့္ဘာသာပဲသြား ...
သူမ်ားအခ်စ္ေရးကိစၥ ဘာညာကြိကြေတြကို နင္ပဲစိတ္ဝင္စား ... "
"ေဆာင္းညရယ္ နင္က ဇာတ္ၫႊန္းေမဂ်ာကေလ နင့္အတြက္ အဲ့ဒီ့လိုတကယ့္အျဖစ္အပ်က္ေတြက ကုန္ၾကမ္းရတယ္ေလ မဟုတ္ဘူးလား ... "
"ေနပါဟာ ငါလိုခ်င္တဲ့ကုန္ၾကမ္းေတြက အဲ့ဒီ့ေနရာေတြကေန ဘယ္ေတာ့မွ ထြက္မလာဘူး အဲ့ဒါေသခ်ာတယ္...
မိန္းခေလးဘက္က စၿပီးေတာ့ ဖြင့္ေျပာတာပဲျဖစ္ျဖစ္ ေယာက်ာင္္းေလးဘက္က စၿပီးေတာ့ ဖြင့္ေျပာတာပဲျဖစ္ျဖစ္
အဲ့ဒါက ကိုယ့္ရဲ့ တစ္ဖက္သတ္အခ်စ္ တစ္ခုကို ဝန္ခံလိုက္တာပဲေလ ...
တစ္ဖက္သတ္အခ်စ္ဆိုထဲက တစ္စံုတစ္ေယာက္ထဲရဲ့ ဘက္ကေနပဲစၿပီးေတာ့ျဖစ္လာတဲ့ခံစားခ်က္မ်ိဳး... "
"အဲ့ေတာ့ နင္က တစ္ဖက္သတ္အခ်စ္ကို ဘယ္လိုျမင္လို႔လဲ ... "
"ဒီမွာ ေအသင္ ငါေျပာျပမယ္...
လူႏွစ္ေယာက္ခ်စ္သူေတျြဖစ္ဖို႔ဆိုတာက တစ္ေယာက္နဲ႔ တစ္ေယာက္ခံစားခ်က္ရိွၿပီး ႏွစ္ေယာက္လံုးမွာ အခ်စ္ရိွဖို႔က အဓိကပဲ ...
အဲ့ေတာ့ နင္စဉ္းစားၾကၫ့္ေလ တစ္ဖက္သတ္အခ်စ္တစ္ခုကို ဖြင့္ေျပာျပလိုက္လို႔ေရာ သူခ်စ္တဲ့သူက သူ႔ကိုျပန္ခ်စ္မယ္လို႔ အာမခံလို႔ရပါ့မလား ... "
"အင္းေနာ္... ဒါဆိုရင္ အဲ့ဒီ့ေကာင္မေလး သူ႔ရဲ့တစ္ဖက္သတ္အခ်စ္ကို ဝန္ခံလိုက္ရင္ေတာင္မွ ေန့သစ္ဘက္က ျပန္လက္ခံဖို႔ဆိုတာ သိပ္ေတာ့မေသခ်ာဘူးပဲ ... "
ေဆာင္းညရဲ့ စကားေတြကိုၾကားေတာ့ ေအသင္ကလည္း ေခါင္းတစ္ညိတ္ညိတ္ႏွင့္ေထာက္ခံရွာ၏။
"ဒီတစ္ေခါက္ေတာ့ ေန့သစ္က ျငင္းႏိုင္ပါဦးမလား ... "
"ဘာလို႔လဲ ... "
"နင္အရင္က သတင္းေတြ မၾကားဖူးဘူးလား ...
သည္ေန့သစ္ကို ႂကြေနတဲ့ မိန္းခေလးေတြ ဘယ္ေလာက္ေတာင္မ်ားလိုက္လဲ ဌာနေတြရဲ့ ေမဂ်ာတိုင္းလိုလိုမွာ ရိွတယ္...
တစ္ခ်ိဳ႕ကလည္း သူ႔ကို ႀကိတ္ၿပီးပိုးပန္းၾကေပမယ့္ တစ္ခ်ိဳ႕က်ေတာ့ ေပၚတင္ပဲ ဝန္ခံခဲ့ၾကတာ ...
ဒါေပမယ့္ အဲ့ဒီ့လို ဝန္ခံၾကတာက ႏွစ္ေယာက္ထဲ ရိွေနတဲ့အခ်ိန္က်မွေလ အဲ့ေတာ့ အျငင္းခံရလည္း ခ်က္ခ်င္းႀကီးရွက္စရာေတာ့ မရိွဘူးေပါ့ ...
ေနာက္မွ တစ္ေယာက္နား တစ္ဆင့္စကားနဲ႔ သတင္းေတြက ျပန႔္လာေတာ့မွ ေက်ာင္းကလူေတြသိကုန္တာ ဒါက ဘာမွမဟုတ္ဘူးေလ လပိုင္းေလာက္ဆိုရင္ အားလံုးေမ့သေလာက္ျဖစ္သြားၾကတာပဲ ...
အခုတစ္ေယာက္က်ေတာ့ ေက်ာင္းရဲ့ျပဇာတ္ရံုထဲမွာ ေက်ာင္းသားေတြစုေဝးဖို႔လုပ္ၿပီးေတာ့မွ အားလံုးေရ႔ွမွာ ဝန္ခံတာတဲ့ ...
အဲ့ဒါက လူေရ႔ွသူေရ႔ွမွာ သူျငင္းခံရရင္ဘယ္လိုလုပ္မလဲ ငါေတာ့သူ႔အစား ရွက္လိုက္တာ ... "
"အဲ့ဒါနဲ႔မ်ား သြားၾကၫ့္ဦးမယ္ေပါ့ေလ ... "
"မဟုတ္ဘူးေလ ငါရွက္ေပမယ့္ မရွက္တဲ့သူေတြ ဘယ္လို လုပ္ၾကလဲဆိုတာေတာ့ သြားစပ္စုခ်င္ေသးတာေပါ့ဟ ... ဟိဟိ ... "
"ေခတ္ႀကီးက တိုးတက္လာသလို မမိန္းမေယာက်ာင္္း တန္းတူအခြင့္အေရးေတြနဲ႔ စည္မ်ဉ္းေတြ ယဉ္ေက်းမႈေတြကလည္း လြတ္လပ္သင့္သေလာက္ လြတ္လပ္လာၿပီေလ ...
ဒီကိစၥေတြက ဒီေန့ေခတ္ရဲ့ လူငယ္ေတြအတြက္ ဘာမွမဟုတ္တဲ့ ကိစၥေတြဆိုေပမယ့္လည္း ငါကေတာ့ ေရွးရိုးစဲြလို႔လား မသိဘူး အဲ့လိုမ်ိဳးေတြကို သိပ္သေဘာမက်ဘူး ... "
"နင္ကေတာ့ ဟုတ္တာေပါ့ အဘိုးအဘြားေတြနဲ႔ အတူတူေနၿပီး လူႀကီးေတြလို ေရွးရိုးစဲြဝါဒေတြနဲ႔ သူေလ ... "
ေဆာင္းညက မိဘေတြ မရိွေတာ့တာမို႔ အဘိုးအဘြားေတြနဲ႔ ေနသူျဖစ္၏။
"နင့္ကို ေခၚမရလည္း ေနေပါ့ ငါ့ဘာသာပဲ သြားၾကၫ့္ေတာ့မယ္... "
ေအသင္က ႏႈတ္ခမ္းေလးဆူ၍ ထသြားၿပီးမွ ျပန္လွၫ့္ၾကၫ့္၍ ...။
"ေဆာင္းည ဒီညေန ဟိုေကာင္ေတြနဲ႔ ခ်ိန္းထားတယ္ေနာ္ ရုပ္ရွင္သြားၾကၫ့္ဖို႔ ... "
"အင္းပါ ငါသိပါတယ္... "
"ညေနအတန္းခ်ိန္က နင္အရင္ ၿပီးႏွင့္ရင္ ငါ့ကို ခဏေစာင့္ေနဦးေနာ္ အတူသြားၾကမယ္... "
"အိုေခ အိုေခ ... "
ေဆာင္းညက သူမလက္ေခ်ာင္းေလးေတြကို ဝိုင္းျပ၍ အိုေခလုပ္လိုက္၏။ ဒီေတာ့မွ ေအသင္လည္း ေနာက္ကို ျပန္လွၫ့္မၾကၫ့္ေတာ့ပဲ ထြက္သြားေလေတာ့သည္။ ေဆာင္းည တစ္ေယာက္ထဲ ထိုေနရာေလးမွာ က်န္ေနခဲ့ေလ၏။
ဒီညေနမွာ သူမတို႔ သူငယ္ခ်င္းေတြ ရုပ္ရွင္သြားၾကၫ့္ဖို႔အတြက္ ခ်ိန္းထားၾကသည္။
အားလံုးရဲ့စုရပ္က ရုပ္ရွင္ရံုမွာလို႔ မေန့ကေျပာထားၿပီးေပမယ့္ ေအသင္ကိုေတာ့ သူမ ဒီညေနဘေက်ာင္းမွာေစာင့္ၿပီး အတူသြားရမွာပါပဲ ...။
အခါတိုင္းက ေမဂ်ာမတူတာေၾကာင့္အတန္းခ်ိန္ေတြ မတူတာမ်ားၾကတာမို႔ သူမတို႔ သူငယ္ခ်င္းေတြ အတူျပန္ျဖစ္ၾကဖို႔ဆိုတာက ပံုမွန္ရယ္လို႔ မရိွေပ။
တကယ္ဆိုရင္ အဲ့ဒီ့ညေနကို သူမတစ္ေယာက္ထဲ အဲ့ဒီ့ေနရာမွာ ရိွမေနခဲ့သင့္ဘူး ...။ ဟင့္အင္း ... မဟုတ္ေသးဘူး သူမအစထဲက အဲ့ဒီ့ေနရာကို ေရာက္မသြားခဲ့သင့္တာပါ ...။
**** ***** ***** ***** *****
အခ်ိန္က ညေနေျခာက္နာရီေက်ာ္ခန႔္...။
ညေနေစာင္းေနခဲ့ပါၿပီ ...။
အဓိကအတန္းေတြ မရိွေတာ့ေပမယ့္ မၿပီးျပတ္ေသးသၫ့္ တစ္ခ်ိဳ႕သင္ခန္းစာေတြကို ေလ့လာဖို႔ (သို႔) ေလ့က်င့္စရာရိျွခင္းမ်ားအတြက္ မျပန္ၾကေသးသူမ်ားေတာ့ရိွေနပါေသးသည္။
ညခုႏွစ္နာရီေလာက္မွ ေက်ာင္းတံခါးေတြက ပိတ္မွာျဖစ္၏။
အတန္းက ေဆာင္းည အရင္ၿပီးခဲ့ၿပီမို႔ ေအသင္ကို ေစာင့္ဖို႔အတြက္ ေက်ာင္းတံခါးဂိတ္ မလွမ္းမကမ္းမွာရိွသၫ့္ ပန္းၿခံငယ္ေလးထဲတြင္ သူမတစ္ေယာက္ထဲ ထိုင္ေနမိေလ၏။
ဒီေန့က်မွ Krisက ေက်ာင္းမလာ၍ တစ္ေန့လံုး ေဆာင္းညတစ္ေယာက္ထဲ ျဖစ္ေနသည္။ အမ်ားအားျဖင့္ တစ္ေယာက္ထဲေနေနက်ဆိုေပမယ့္ ေမဂ်ာတူသၫ့္သူငယ္ခ်င္းအရင္းႀကီး ရိွေနသည္မို႔ တစ္ခါတစ္ရံေတာ့ ႏွစ္ေယာက္တဲြအေဖာ္ရပါ၏။
ေဆာင္းညက ပန္းၿခံငယ္ေလးထဲက ပန္းႃခံုေတြအနားရိွ ထိုင္ခံုတန္းေလးတြင္ ထိုင္ရင္း နားၾကပ္ႏွင့္ သီခ်င္းကို အသံခပ္တိုးတိုး နားေထာင္ေနမိသည္။
ထိုအခ်ိန္တြင္ ေအာ္သံတစ္ခ်က္ ခပ္က်ယ္က်ယ္ကို သူမၾကားလိုက္ရတာမို႔ နားၾကပ္ကို ဆဲြျဖဳတ္လိုက္ရင္း နားစြင့္လိုက္မိ၏။
ၿပီးေတာ့ မ်က္လံုးကလည္း ဟိုဟိုဒီဒီ လိုက္ရွာၾကၫ့္မိလိုက္သည္။
သူမထိုင္ေနသၫ့္ ေနရာႏွင့္ မနီးလြန္းမ ေဝးလြန္းေသာ တစ္ေနရာ၌ မိန္းခေလးတစ္ေယာက္နဲ႔ ေယာက်ာင္္းေလးတစ္ေယာက္တို႔ ရန္ျဖစ္ စကားမ်ားေနပံုရသၫ့္ ျမင္ကြင္းတစ္ခု ...။
ဒီအခ်ိန္က ေက်ာင္းျပန္သြားတဲ့ သူေတြနဲ႔ေက်ာင္းထဲမွာ ရိွေနၾကသၫ့္ သူမ်ားသာ ရိွၿပီး ေက်ာင္းဝင္းဂိတ္နားက ပန္းၿခံငယ္ထဲမွာေတာ့ လာထိုင္ေနသူမ်ား မရိွၾကေပ။
လူရွင္းသၫ့္ ေနရာမွာ ဒီႏွစ္ေယာက္ စကားလာမ်ား ေနၾကတာမ်ားလားဟု သူမေတြးလိုက္မိ၏။
ထိုႏွစ္ေယာက္က ပန္းႃခံုအခ်ိဳ႕နဲ႔ ကြယ္ေနသၫ့္ သူမကို မျမင္ၾကေပ။
မ်က္ႏွာေတြကို ေသခ်ာၾကၫ့္မိေတာ့မွ ျပဇာတ္ဌာနရဲ့ King သည္ေန့သစ္မွန္း သူမသိလိုက္ရသည္။ မိန္းခေလးကေတာ့ ဘယ္သူမွန္း ေဆာင္းညမသိပါ။
"ငါ နင့္ကို ဘယ္ႏွစ္ခါ ေျပာရမလဲ စိမ္းလဲ့ ... ငါ ... လံုးဝ လံုးဝ နင့္ကို ျပန္ခ်စ္လာမွာ မဟုတ္ဘူး အဲ့ဒါ အေသအခ်ာပဲ ... "
"ေန့သစ္... နင္အရမ္း ရက္စက္တာပဲ ... "
သူတို႔ေတြ ေျပာေနၾကသည္မ်ားကို နားေထာင္ေနတာ မဟုတ္သၫ့္တိုင္ အားလံုးကို သူမ အတိုင္းသားၾကားေနရပါသည္။ ေဆာင္းညည ထိုေနရာကေန ေရွာင္ထြက္သြားခ်င္ေပမယ့္ ပန္းၿခံရဲ့ အဝင္လမ္း အထြက္လမ္းကို သြားမၫ့္ေနရာက လမ္းေၾကာင္းတစ္ခုထဲျဖစ္ကာ ထိုႏွစ္ေယာက္ကလည္း အဲ့ဒီ့လမ္းေလးေပၚမွာပင္ ရိွေနၾကတာျဖစ္၏။
သူမထြက္သြားလို႔ မရမယ့္ အတူတူ ၿငိမ္ၿပီးဆက္ထိုင္ေနမိလိုက္သည္။ သူတို႔ကိႁစၥပီးလို႔ ထြက္သြားမွပဲ သူမ,လိုက္ထြက္လို႔ ရမွာ ျဖစ္သည္။
"ဒီေန့လိုမ်ိဳး ငါနင့္ကို လူေတြ အမ်ားႀကီးေရ႔ွမွာ ဝန္ခံလိုက္ရင္ ငါ့ကို ျပန္လက္ခံမွာပဲလို႔ ငါထင္ခဲ့မိတာ နင္ဘာလို႔ ငါ့ကို ျငင္းရက္ရတာလဲ ေန့သစ္... "
"နင့္ အႀကံအစည္ေတြက ငါထင္တဲ့ အတိုင္းပဲ ... ငါ ဘယ္သူ႔ရဲ့ ေထာင္ေခ်ာက္ထဲမွာမွ က်ရႈံးမယ့္ လူမ်ိဳးမဟုတ္ဘူး ...
ဝန္ခံလာတဲ့ မိန္းခေလးတိုင္းကိုလည္း အားနာပါးနာနဲ႔ ျပန္လက္ခံၿပီး ငါ့ရဲ့ရာဇဝင္ကို ရည္းစားမ်ားျခင္း သမိုင္းအတြင္ မခံႏိုင္ဘူး ... "
သူတို႔ေျပာေနၾကသၫ့္ စကားေတြအရ ထိုမိန္းခေလးသည္ မနက္က ေအသင္ေျပာျပေသာ သည္ေန့သစ္ကို ဝန္ခံလိုက္သၫ့္ design ေမဂ်ာက မိန္းခေလးပဲ ျဖစ္ပါလိမ့္မည္။
ၿပီးေတာ့ ထိုမိန္းခေလး မနက္က အျငင္းခံလိုက္ရၿပီး ႏွစ္ေယာက္သား ဒီေနရာမွာ စကားလာမ်ားေနၾကပံုပါပဲ ...။
"ငါထင္ထားတာက ငါတို႔ေတြ ရင္းႏွီးၾကတယ္ အဲ့ဒါေၾကာင့္ နင္လည္းငါ့ကို ခံစားခ်က္ထားလို႔ ရမွာပဲလို႔ ထင္ခဲ့တာ ေန့သစ္... အဲ့လို မဟုတ္ဘူးလား ... "
"နင္ရူးေနလား စိမ္းလဲ့ သည္ေန့သစ္ဆိုတဲ့ေကာင္က ဘယ္သူနဲ႔မဆို မိန္းမေယာက်ာင္္းမေရြးဘူး တရင္းတႏွီး ေနတတ္တဲ့ေကာင္...
ငါကလူတိုင္းနဲ႔ အေပါင္းအသင္းလုပ္ရတာကို ႀကိဳက္တယ္ ဒါကို တစ္ေက်ာင္းလံုးသိတယ္...
အဲ့ဒါကိုမွ နင္က ... ဟာကြာ ...ေတာ္ၿပီ ... ငါဆက္မေျပာခ်င္ေတာ့ဘူး ... ငါသြားေတာ့မယ္... "
သည္ေန့သစ္က ထြက္သြားဖို႔ လုပ္ေပမယ့္ ထိုမိန္းခေလးက ေန့သစ္ရဲ့လက္ကို လွမ္းဆဲြထားခဲ့ကာ ...။
"ေန့သစ္ ငါဒီေန့ အရမ္းအရွက္ကဲြခဲ့ရတယ္... နင္ငါ့ကို ကူညီပါ ေန့သစ္ရယ္...
နင္ငါ့ကို ျပန္မခ်စ္ႏိုင္ရင္ေတာင္မွ အနည္းဆံုး ငါနဲ႔ တစ္လေလာက္ေတာ့ တဲြေပးပါဟာေနာ္...
ငါေနာက္ေန့ေတြ ပံုမွန္အတိုင္း က်ာင္းဆက္တက္ႏိုင္ဖို႔အတြက္ နင္ငါ့ကို ဒီတစ္ခုေတာ့ ကူညီေပးပါ ေန့သစ္ရယ္... "
"ငါေျပာၿပီးၿပီ ငါလံုးဝမခ်စ္ႏိုင္တဲ့ မိန္းခေလးတစ္ေယာက္ကို အေပ်ာ္အေနနဲ႔ေတာင္မတဲြခ်င္ဘူးလို႔ ... "
"နင္ ငါေျပာတာကို လက္မခံရင္ ငါ့ကိုယ္ငါသတ္ေသပစ္မွာေနာ္ ေန့သစ္... "
"ဘာ ဘာရယ္ နင္ငါ့ကို ၿခိမ္းေျခာက္ေနတာလား စိမ္းလဲ့ ... ငါေျပာၿပီးၿပီေနာ္ ငါဘယ္သူ႔ရဲ့ ေထာင္ေခ်ာက္ထဲမွာမွ အက်ရႈံးမခံဘူးလို႔ ...
နင့္ဘာသာ ဘာပဲလုပ္လုပ္ ငါစိတ္မဝင္စားဘူး သတ္ေသတာပဲျဖစ္ျဖစ္ ဘာပဲျဖစ္ျဖစ္... "
"နင္ အရမ္းရက္စက္တယ္ ေန့သစ္... "
ေန့သစ္ ေျပာေနတာေတြကို ၾကားေတာ့ ထိုမိန္းခေလးကို ေဆာင္းည အနည္းငယ္ေတာ့ သနားသြားမိ၏။ တကယ္ဆိုရင္္ ထိုမိန္းခေလးေတာင္းဆိုတာကို သည္ေန့သစ္ ကူညီေပးသင့္သည္ဟု သူမထင္ပါသည္။
ဒါက မိန္းခေလးတစ္ေယာက္ရဲ့ အရွက္နဲ႔သိကၡာတစ္ခုပဲမို႔ ...။
ထိုအခ်ိန္မွာပင္ ေအသင္က သူမဆီသို႔ ဖုန္းဆက္လာခဲ့သည္။ အျမန္ ပိတ္ခ်လိုက္ေသာ္လည္း အသံကထြက္ေတာ့ ထြက္သြားေသးသည္သာ ...။
ဖုန္းလာသၫ့္ Ringtone သံေလးေၾကာင့္သူမရိွေနတာကို ထိုႏွစ္ေယာက္ သိသြားပံုရသည္။
"ဘယ္သူလဲ အဲ့ဒီ့ေနရာမွာ ... "
သည္ေန့သစ္ရဲ့ အသံပါ ...။
ေဆာင္းညလည္း ဆက္ၿပီး ပုန္းေနဖို႔ မစဉ္းစားေတာ့ပဲ ထိုင္ေနရာကေန ထြက္လာခဲ့မိ၏။ တကယ္ဆိုရင္ ကိုယ္က တမင္ေခ်ာင္းနားေထာင္ေနတာလည္း မဟုတ္တာမို႔ လိပ္ျပာလံုပါသည္။
ေဆာင္းည ထြက္လာတာ ျမင္ေတာ့ ထိုမိန္းခေလးသည္ သူမကို တစ္ခ်က္ပဲ လွမ္းၾကၫ့္၍ ထိုေနရာကေန ပန္းၿခံထဲမွ အေျပးတစ္ပိုင္း ထြက္ေျပးသြားေလေတာ့သည္။
သူမ အကူညီေတာင္းေနသည္ကို တစ္စံုတစ္ေယာက္ သိသြားခဲ့သည္မို႔ ရွက္ၿပီးထြက္သြားပံုရ၏။
"မင္း ဘာလုပ္ေနတာလဲ အဲ့ဒီ့ေနရာမွာ ... "
သည္ေန့သစ္ရဲ့ အနားသို႔ သူမေရာက္လာတာႏွင့္ သည္ေန့သစ္က ေျပာလိုက္ေလ၏။
"မင္း ငါတို႔ ေျပာေနတာေတြကို ေခ်ာင္းနားေထာင္ေနတာလား ... "
"မဟုတ္ပါဘူး ကၽြန္မဘာသာ အဲ့ဒီ့ေနရာမွာအစထဲက ထိုင္ေနတာ ရွင္တို႔က ေနာက္မွေရာက္လာၾကတာေလ ... "
"မင္း ငါတို႔ ေျပာေနတာေတြကို အကုန္ၾကားလိုက္လား ... ၾကားမွာပါ နီးနီးေလးပဲကို ... "
သည္ေန့သစ္က သူ႔ဘာသာေမး၍ သူ႔ဘာသာပဲ သံုးသပ္လိုက္ျပန္၏။
"ၾကားတယ္ဆိုရင္လည္း ပါးစပ္မဖြာနဲ႔ ၿငိမ္ၿငိမ္ေန ေနာက္ေန့ ေက်ာင္းထဲမွာ ဒီသတင္းေတြသာ ျပန႔္ခဲ့ရင္ တရားခံက မင္းပဲလို႔ ငါသတ္မွတ္လိုက္မယ္... "
"ဒီမွာ ကၽြန္မက ပါးစပ္ဖြာတတ္တဲ့သူ မဟုတ္ဘူး ၿပီးေတာ့ ကိုယ္နဲ႔မဆိုင္တဲ့ ကိစၥေတြမွာလည္း ဝင္မပါတတ္ဘူး ... "
"အဲ့ဒါဆိုလည္း ၿပီးတာပဲ ... ေၾသာ္ ေနဦး မင္းက ဘယ္ဌာနကလဲ ... "
"ျပဇာတ္ဌာနက ... "
"ငါတို႔ဌာနကပဲ ဒါေပမယ့္ငါမင္းကို မျမင္ဖူးပါဘူး မင္းကဘယ္ေမဂ်ာအထူးျပဳလဲ ... "
"ဇာတ္ၫႊန္းေမဂ်ာ အထူးျပဳ ... "
သည္ေန့သစ္က ဘာအတြက္ ေမးေနမွန္း မသိေပမယ့္လည္း ေမးသမ်ွကို ေဆာင္းညက ျပန္ေျဖေပးေနမိ၏။ ကိုယ္ကက ဒီျပသနာအရႈပ္နဲ႔ သြားၿငိမိသူပဲကိုး ...။
"နာမည္ကေရာ ... "
"ေနပါဦး ရွင္က ဘာလို႔ ဒါေတြေမးေနရတာလဲ ... "
"ဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ေနာက္မျွပသနာတစ္စံုတစ္ခု ထြက္လာရင္ မင္းဆီကို ငါလာေတြ့မလို႔ ... "
"လာေတြ့ၿပီး ဘာလုပ္မလို႔လဲ ကၽြန္မေၾကာင့္ ဆိုၿပီးေတာ့ ကၽြန္မကို ျပသနာရွာမလို႔လား ရွင္က ... "
"မေျပာတတ္ဘူးေလ အဲ့ဒါက မင္းအေပၚမွာ မူတည္တယ္...
ငါေျပာတဲ့အတိုင္း မင္းပါးစပ္ပိတ္ေနခဲ့မယ္ဆိုရင္ ငါလည္း မင္းနဲ႔ လာေတြ့စရာအေၾကာင္း မရိွေတာ့ဘူးေပါ့ ... ေျပာ .. မင္းနာမည္... "
ေဆာင္းညက သည္ေန့သစ္ကို အလိုမက်စြာ တစ္ခ်က္ၾကၫ့္၍ ေျဖလိုက္၏။
"ေဆာင္းည ... "
"ေဆာင္းည ... နာမည္ကလည္း ေယာက်ာင္္းနာမည္လား မိန္းမနာမည္လား မသဲကဲြဘူး ... အင္းေလ မင္းပံုစံကလဲ ... "
သည္ေန့သစ္က ေဆာင္းညကို ေျခဆံုးေခါင္းဆံုး တစ္ခ်က္ေလာက္ ေဝ့ၾကၫ့္ၿပီးမွ ႏႈတ္ခမ္းကို လႈပ္ရံုေလး မဲ့လိုက္သည္။
ေဆာင္းည ပံုစံေလးက ေယာက်ာင္္းဆန္သၫ့္ အျပင္အဆင္ဘက္ကို ေရာက္ေန၍ပဲျဖစ္သည္။
"ဒီမွာ ... "
သူျဖစ္သြားသၫ့္ အမူအရာေၾကာင့္ ေဆာင္းညက စိတ္တိုစြာျဖင့္...။
"အိုေခ ဒါက မင္းကိစၥပါ ... ငါ့ကိစၥကေတာ့ ၿပီးၿပီ ငါသြားေတာ့မယ္ ေနာက္တစ္ခါ ငါမင္းနဲ႔ ထပ္မဆံုျဖစ္ဖို႔အတြက္ေတာ့ေမ်ွာ္လင့္ပါတယ္... "
သည္ေန့သစ္က ေဆာင္းညကို တစ္ခ်က္ၾကၫ့္၍ ထိုေနရာကေန ထြက္သြားခဲ့ေလသည္။ သူ႔ရဲ့ေျပာသြားသၫ့္ စကားလံုးေတြႏွင့္ မထီမဲ့ျမင္ မ်က္ႏွာအမူအရာေတြကို ၾကၫ့္ၿပီးေတာ့ ေဆာင္းည ေတြးမိသြားတာက ...။
အခုသူမနဲ႔ ခဏေလး ဆံုလိုက္ရသၫ့္ တစ္ေက်ာင္းလံုးရဲ့ နာမည္ေက်ာ္ King သည္ေန့သစ္သည္ တဲ့လား။
အေပါင္းအသင္းစံုၿပီး ေဖာ္ေရြရည္မြန္ေသာေၾကာင့္ ေက်ာင္းသားေတြေရာ ပါေမာကၡေတြၾကားမွာပါ လူခ်စ္လူခင္ ေပါမ်ားလွသည္ဟု ေက်ာ္ၾကားေသာ သည္ေန့သစ္တဲ့လား ...။
မယံုႏိုင္စရာ ေကာင္းလြန္းလွ၏။ သူမ အခုသိလိုက္ရသၫ့္ သည္ေန့သစ္ကေတာ့ တကိုယ္ေကာင္းဆန္ေသာ မာနႀကီးလြန္းေသာ အႂတၲကီးသူ တစ္ေယာက္ပါပဲ ...။
သူ႔စိတ္ရင္းက ဘယ္ဟာက အမွန္လည္းဆိုတာ ခန႔္မွန္းရ ခက္လွ၏။ သည္ေန့သစ္ ရွင္က ဘယ္လိုလူလဲ .....။
ေသခ်ာတာကေတာ့ ေဆာင္းည သူနဲ႔ ထပ္မဆံုခ်င္ေတာ့ပါေခ်။
**** ***** ***** ***** *****