ဝိုးတဝါးအိမ်မက်

By coco123popo56

11.1K 384 17

စာေရးသူ.ညွို႔စက္ကြင္း.ရဲ႕ဇာတ္လမ္းေလးပါ.. ယူနီနဲ႕ေရာေဇာ္ဂ်ီနဲ႕ပါ တင္ေပးထားပါသည္။ စာရေးသူ.ညှို့စက်ကွင်း.ရဲ့ဇာတ်... More

အပိုင်း🍀၁🍀
အပိုင်း🍀၂🍀
အပိုင်း🍀၃🍀
အပိုင်း🍀၄🍀
အပိုင်း🍀၅🍀
အပိုင်း🍀၆🍀
အပိုင်း🍀၇🍀
အပိုင်း🍀၈🍀
အပိုင်း🍀၉🍀
အပိုင်း🍀၁၀🍀
အပိုင်း🍀၁၁🍀
အပိုင်း🍀၁၂🍀
အပိုင်း🍀၁၃🍀
အပိုင်း🍀၁၄🍀
အပိုင်း🍀၁၅🍀
အပိုင်း🍀၁၆🍀
အပိုင်း🍀၁၆🍀
အပိုင်း🍀၁၇🍀
အပိုင်း🍀၁၈🍀
အပိုင်း🍀၁၉🍀
အပိုင်း🍀၂၀🍀
အပိုင်း🌱၂၁🌱
အပိုင်း🌱၂၂🌱
အပိုင်း🌱၂၄🌱
အပိုင်း🌿၂၅🌿
အပိုင်း🍓၂၆🍓
အပိုင်း🍓၂၇🍓
အပိုင်း🍓၂၈🍓
အပိုင်း🍓၂၉🍓
အပိုင်း🍓၃၀🍓
အပိုင်း🍓၃၁🍓
အပိုင်း🌺၃၂🌺
အပိုင်း🌺၃၃🌺
အပိုင်း🌺၃၄🌺
အပိုင်း🌺၃၅🌺
အပိုင်း🌺၃၆🌺
အပိုင်း🌺၃၇🌺
အပိုင်း🌺၃၈🌺
အပိုင်း🌺၃၉🌺
အပိုင်း🌺၄၀🌺
အပိုင်း🌺၄၁🌺
အပိုင်း🌺၄၂🌺
အပိုင်း🌺၄၃🌺
အပိိုင်း🌺၄၄🌺
အပိုင်း🌺၄၅🌺
အပိုင်း🌺၄၆🌺
အပိုင်း🌺၄၇🌺

အပိုင်း🌱၂၃🌱

136 6 0
By coco123popo56

        လြန္း ေရခ်ိဳးၿပီး..ေရခ်ိဳးခန္းထဲကထြက္လာေတာ့..အခန္းထဲမွာ ခါးသက္ေရာက္ေနေလသည္။ အေပၚပိုင္း.ဘာမွမဝတ္ထားဘဲ..ေရလဲပုဆိုးေလးဘဲဝတ္ထားသည္​ဆိုေတာ့..လြန္း.အနည္းငယ္..အေနရခက္ေနေလသည္။ ခါးသက္ကေတာ့ လြန္းကို ေဒါသတႀကီးနဲ႕ ​စူးရဲစြာစိုက္ၾကည့္ေနသည္။
""ခင္ဗ်ား..ညေနက..ခင္ဗ်ား..မေလးစားဆက္ဆံလိုက္တဲ့..ကေလးက..ဘယ္သူလဲဆိုတာ သိရဲ႕လား..ဟမ္..""
ခါးသက္က..လြန္းရဲ႕ပုခုံးႏွစ္ဘက္ကို ခပ္ၾကမ္းၾကမ္းဆုပ္ကိုင္ရင္း ဆိုလိုက္သည္။ ေန႕လည္က ပစၥည္းေတြကိုမနိုင္မနင္းနဲ႕ မၿပီး..ေ႐ြ႕ထားေတာ့.လြန္းရဲ႕လက္ေတြကနာက်င္ေနေလသည္။
       ဒါကို ခါးသက္က ခပ္ၾကမ္းၾကမ္းနဲ႕ဆုပ္ကိုင္လိုက္ေတာ့..လြန္း..မ်က္ႏွာေလးမဲ့က်သြားၿပီး..ခါးသက္လက္ေတြကို..ပုတ္ထုတ္ပစ္လိုက္၏။
""ညေနက..ငါဘယ္သူ႕ကိုမွ.မေလးမစားမဆက္ဆံခဲ့ဖူးဘူး..ခါးသက္..""
လြန္း..ခပ္ဆတ္ဆတ္ေလး ျပန္ေျပာလိုက္သည္။
""ခင္ဗ်ား..ေျဗာင္လိမ္မေနနဲ႕..ညေနက..ခင္​ဗ်ား လုပ္ခဲ့တဲ့ကိစၥကို ခင္ဗ်ားအသိဆုံးျဖစ္မွာေပါ့..ေနာက္တစ္ခါဆို..ေနလင္းသာကို..ခင္ဗ်ား.
ေလးေလးစားစားဆက္ဆံပါ..
ေနလင္းသာက..ခင္ဗ်ားေၾကာင့္ေသ.သြားခဲ့တဲ့..Dလင္းသာ..ရဲ႕ညီဘဲ..""
ခါးသက္က..ခက္ထန္စြာဆိုလာသည္။
""မင္းေျပာခ်င္တာ..အဲ့ဒါဘဲမလား..
ေျပာၿပီးၿပီဆိုရင္လဲ..သြားေတာ့..
ငါ့အဝတ္စားမလဲမလို႔...""
လြန္းထိုသို႔  ေျပာလိုက္မွ..ခါးသက္..
သတိထား..မိသြားကာ..မ်က္ႏွာတစ္ခုလုံး.ထူပူသြားရေလသည္။အေပၚပိုင္းဗလာ.ျဖစ္ေနသည့္..လြန္းကို..ခါးသက္..ခဏမွင္သက္စြာ.ေငးၾကည့္ေနမိ၏။ေနာက္ေတာ့မွ..အသိျပန္ဝင္လာၿပီး..ေခ်ာင္းတစ္ခ်က္ဟန့္ကာ..မ်က္ႏွာလြဲသြားေလသည္။ 
       ""အဟမ္း...ဒီေန႕..ခင္ဗ်ားကို..ခိုင္းခဲ့တဲ့..သန့္ရွင္းေရးကိုေသခ်ာ လုပ္ထားရဲ႕လား..""
""ေသခ်ာလုပ္ထားလား..မလုပ္ဘူးလားဆိုတာကို..မင္းတစ္ခန္းမက်န္ လိုက္ၿပီးစစ္ၾကည့္လိုက္ေလ..""
လြန္း..ခပ္႐ြဲ႕႐ြဲ႕ေလးဆိုလိုက္ေတာ့..။ခါးသက္..​မ်က္ႏွာႀကီးတင္းမာသြားေလသည္။.သို႔ေပမယ့္..ဘာစကားတစ္ခြန္းမဆိုေတာ့ဘဲ..ခါးသက္ထြက္သြားေလသည္။ ခါးသက္ထြက္သြားမွဘဲ..လြန္း..သက္ျပင္းတစ္ခ်က္ရွိုက္ရင္း..က်န္ရစ္ခဲ့ေလသည္။
❤❤❤
   ""ကိုကို..ေန.. ကိုကိုတို႔အိမ္မွာ လာေနမယ္ေနာ္..ကိုကို..""
""ဟင့္အင္း..ေန.အစ္ကို..လက္မခံဘူး..ေန..ရယ္ကိုယ့္အိမ္မွာဘဲေအးေဆးေနပါကြာ..""
""မရဘူး...ကိုကို...ေန..ကိုကိုနဲ႕ဘဲ..အတူတူေနခ်င္တယ္..လာေနခြင့္ျပဳပါေနာ္..ကိုကို...""
ေနလင္းသာ..ခပ္ခြၽဲခြၽဲေလးဆိုရင္..ခါးသက္၏ရင္ခြင္ထဲေခါင္းေလးတိုးဝင္ၿပီး..ခါးကိုတင္းၾကပ္ေနေအာင္ဖက္ထားလိုက္သည္။
""မရဘူး..ေန...အစ္ကိုက..လူလြတ္မဟုတ္ေတာ့ဘူး..အစ္ကိုတို႔အိမ္မွာ..အစ္ကိုတစ္ေယာက္တည္းမဟုတ္ဘူးေလ..အစ္ကိုရဲ႕..လက္တြဲေဖာ္.လည္းရွိေသးတယ္..""
ခါးသက္...သူကိုဇြတ္အတင္းတြယ္ဖက္ထားတဲ့..ေနလင္းသာရဲ႕လက္ေတြကိုဆြဲျဖဳတ္ၿပီး.ေျပာလိုက္သည္။
     ""ကိုကိုမေကာင္းဘူး...ကိုကိုမတရားဘူး..အစ္ကိုD.သနားပါတယ္..ကိုကိုက..အစ္ကိုDရဲ႕ေနရာမွာ အစားထိုးပစ္လိုက္ၿပီးေပါ့ေလ..
ကိုကိုမေကာင္းဘူး..အဟင့္..အဟင့္.""
ေနလင္းသာ...မေက်နပ္စြာ..ေအာ္ေျပာရင္း..ငိုေႂကြးလိုက္ေလသည္။
""မဟုတ္ဘူးေလ..ေန...အစ္ကို..Dေနရာမွာ.အစားထိုးလိုက္တာမဟုတ္ဘူး.""
""ဘာမဟုတ္ရမွာလဲ..ကိုကိုက...အစ္ကိုDမဟုတ္တဲ့..တျခားေယာက်္ားတစ္ဦးကို....လက္ထပ္ခဲ့တာက..အစ္ကိုDေနရာမွာ အစားထိုးလိုက္တာနဲ႕အတူတူဘဲေလ..""

""မတူဘူး..ေန...အစ္ကိုသူ႕ကို.အေၾကာင္းတစ္ခုေၾကာင့္.လက္ထပ္လိုက္ရတာပါ..Dေနရာမွာအစားထိုးလိုက္တာမဟုတ္ဘူး.""

""အဲ့ဒါဆို..အဲ့အေၾကာင္းျပခ်က္ကို..ေနကို.ေျပာျပေလ..ကိုကိုဘာျဖစ္လို႔..သူ႕ကိုလက္ထပ္ခဲ့တာလဲဆိုတဲ့..အေၾကာင္းျပခ်က္..ေနကိုေျပာျပပါ..""
ေန စကားေၾကာင့္..ခါးသက္ေတြေဝသြားသည္။.အကယ္၍.ကိုလြန္းေၾကာင့္..Dေသခဲ့ရတယ္ဆိုတဲ့အေၾကာင္းကို..ေနလင္းသာသိသြားလို႔မျဖစ္ဘူးေလ..။သူသာသိသြားရင္..ျပႆနာေတြက ပိုရႈပ္သြားနိုင္သည္။
ခါးသက္..ဘာတစ္ခြန္းမွမဆို​ဘဲ.ေရငုံႏုတ္ပိတ္ေနလိုက္သည္။
❤❤❤
      လြန္းပုံရိပ္..ထိုလူသားကို..ေန.အရမ္းမုန္းသည္။..ေန.. ခ်စ္တဲ့ကိုကို႔ကို..လုယူသြားတဲ့သူ..။
ေနရဲ႕ မ်က္စိေရွ႕မွာ..ၿခံထဲက.ပန္းအိုးေတြကို..ေနရာေ႐ြ႕ေနတဲ့ လြန္းကို..ေန. မမွိတ္မသုန္စိုက္ၾကည့္ေနမိ၏။
     လြန္းရဲ႕ ဘယ္ဘက္လက္သန္းႂကြယ္ေလးမွာ.ေနရာယူထားတဲ့..
စိန္လက္စြပ္ဆီကို ေနရဲ႕အၾကည့္ေတြေရာက္သြားေတာ့  ရင္ထဲေအာင့္ခနဲ႕..။မတန္ဘူး..။အဲ့လက္စြပ္နဲ႕ အဲ့လူႀကီးမတန္ဘူး..။အမွန္တကယ္..အဲ့လက္စြပ္ရဲ႕ပိုင္ရွင္က..ေနျဖစ္ရမွာ..။
ရင္ထဲမွာ ျဖစ္တည္လာတဲ့..မနာလိုဝန္တိုစိတ္ေတြ​နဲ႕အတူ..လြန္းရွိရာဆီကို..ေန..ေရာက္လာခဲ့ေလသည္။
      ပန္းအိုးကိုခ်ၿပီး..ေနရာခ်ေနတဲ့..လြန္းရဲ႕လက္ကို..ဆတ္ခနဲ႕..ဖမ္းကိုင္လိုက္တဲ့..ေနေၾကာင့္..လြန္းလန့္ၿပီး..လက္ကို႐ုန္းလိုက္သည္။
""ဟ..ဘာျဖစ္တာလဲ...""
""ဘာျဖစ္ရမွာလဲ..ခင္ဗ်ားနဲ႕..အဲ့လက္စြပ္ကမတန္ဘူး..အခုခ်က္ခ်င္း..ခြၽတ္..""
ေန  အသိစိတ္ကင္းလြတ္စြာ  ေအာ္ေျပာလိုက္ၿပီး..လြန္းလက္က..လက္စြပ္ကိုဇြတ္အတင္း ဆြဲခြၽတ္ဖို႔..ႀကိဳစားလိုက္၏။
""ေနလင္းသာ..မင္းဘာျဖစ္ေနတာလဲ..""
လြန္း..ေနလင္းသာကိုယ္​ကိုတြန္းထုတ္ၿပီး..ေျပာလိုက္သည္။
""ခြၽတ္လို႔..ေျပာေနတယ္ေလ..ခင္ဗ်ားနဲ႕..အဲ့လက္စြပ္မတန္ဘူး..ခင္ဗ်ားက.ဘာမို႔လို႔..ကိုကိုနဲ႕အတူ ဆင္တူ.လက္စြပ္ဝတ္ရမွာလဲ..ခင္​​ဗ်ားက ဘာမို႔လို႔လဲ...""
ေနလင္းသာက..အသိစိတ္လြတ္ေနတဲ့သူတစ္ဦးလို..လြန္းရဲ႕..လက္စြပ္ကိုဇြတ္အတင္း.ဆြဲခြၽတ္ေန၏.။
လြန္းကလဲ႐ုန္းႏွင့္..ႏွစ္ေယာက္သား ႐ုန္းရင္းဆန္ခတ္ျဖစ္ေနေလေတာ့သည္။
       ""အဲ့ဒါ ဘာျဖစ္ေနၾကတာလဲ..""
ေနာက္နားဆီက​ေနထြက္ေပၚလာသည့္..ခါးသက္မိုး၏.အသံ..။ေနလင္းသာ.ထူပူသြားကာ..ဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္သြားသည္။ ထိုအခ်ိန္ ဖ်တ္ခနဲ႕ ေပၚလာသည့္.အေတြးတစ္ခုေၾကာင့္..လြန္းရဲ႕လက္ႏွစ္ဖက္ဆြဲယူလိုက္ၿပီး..သူ႕ခါးကို.ဖက္ေစလိုက္သည္။
     ေနာက္ေတာ့..ေဘးနားမွာရွိေနသည့္..ေရကူးကန္ထဲကို..လြန္းရဲ႕ကိုယ္ကိုဖက္ၿပီး.ေရကန္ထဲကို..မေတာ္တဆ.ျပဳတ္က်သြားသည့္ပုံစံမ်ိဳးနဲ႕..ေရကန္ထဲခုန္ခ်လိဳက္ေလသည္။
ဝုန္း..ခနဲ႕..ေရကန္ထဲ..ျပဳတ္က်သြားသည့္..ေနလင္းသာနဲ႕လြန္းတို႔ႏွစ္ေယာက္ေၾကာင့္..ခါးသက္မိုး..တစ္ေယာက္ထူပူသြားရေလၿပီ..။
   ႐ုတ္တရက္..ေရကန္ထဲျပဳတ္က်သြားေတာ့ လြန္း..လန့္ၿပီး..အတင္း႐ုန္းၿပီး.အေပၚကိုတက္ဖို႔ႀကိဳးစားလိုက္ေပမယ့္..။ေနလင္းသာက..အေပၚကေန..လြန္းကိုယ္ကိုဖိထားတာေၾကာင့္..ေရကူးကန္ရဲ႕ေအာက္ေျခ​ၾကမ္းျပင္ထိကို..လြန္း..ေရာက္သြားေလသည္။
    လြန္းက ေရေၾကာက္တတ္တဲ့သူ..။လြန္းက ေရမကူးတတ္တဲ့သူဆိုေတာ့ ပိုဆိုးသည္။ေနလင္းသာကေတာ့.ေရကူးခ်န္ပီယံတစ္ေယာက္.။ေရေအာက္မွာ ၾကာၾကာ..အသက္ေအာင့္နိုင္သည့္သူ..။
လြန္းကို..မမွိတ္မသုန္နဲ႕စိုက္ၾကည့္ေနၿပီး..လြန္း.လုံးဝကို ေရမြန္း​သြားေအာင္..လုပ္ေနေလသည္။
""ကိုလြန္း..ကိုလြန္း...""
ေရကူးကန္အေပၚကေန ခါးသက္စိတ္ပူစြာနဲ႕ လြန္းရဲ႕.နာမည္ကိုေအာ္ေခၚေနမိ၏။
     ေနာက္ေတာ့..ဝုန္းခနဲ႕ေရကန္ထဲ ခါးသက္ပါ ခုန္က်လာတာေၾကာင့္..ေနလင္းသာ..လြန္းကိုလႊတ္လိုက္ၿပီး..ခါးသက္ဆီေရကူးသြားကာ..ခါးသက္ကိုဖက္လိုက္သည္။
      ခါးသက္လည္း..အရင္ဦးဆုံး ေနလင္းသာကိုေရအေပၚကိုဆြဲေခၚသြားလိုက္သည္။
""အဟင့္...အဟင့္...ကိုကို..ေနအရမ္းေၾကာက္တယ္..""
ခြၽဲပ်စ္စြာဆိုလိုက္ၿပီး..ခါးသက္ကိုတင္းၾကပ္ေနေအာင္.ဖက္ထားျပန္၏။
ခါးသက္စိတ္မရွည္စြာ ေနလင္းသာရဲ႕..လက္ေတြကို..ဆြဲျဖဳတ္လိုက္ၿပီး..ေရငုပ္သြား​ေလသည္။
    ေရကူးကန္ရဲ႕ၾကမ္း​ျပင္ေအာက္မွာ
မလႈပ္မယွက္ျဖစ္ေနသည့္..လြန္းကိုျမင္လိုက္ရေတာ့..ခါးသက္ရင္ထဲ.ဒိန္းခနဲ႕ျဖစ္သြားေလသည္။ အလွ်င္ျမန္..လြန္းရဲ႕ကိုယ္ကို.ေပြ႕ခ်ီၿပီး..ေရကန္အေပၚကို.ဆြဲ​တင္လာခဲ့လာလိုက္သည္။
""ကိုလြန္း..ကိုလြန္း....""
ခါးသက္..ထူပူစြာနဲ႕..လြန္းကိုယ္ကို.လႈပ္နိုးေနမိ၏။ ေနာက္ေတာ့ လြန္းရဲ႕ရင္ဘတ္ကိုဖိၿပီး လြန္းအသက္ရႈေအာင္ခါးသက္လုပ္​လိုက္သည္။
ေနာက္ေတာ့ Mouth to mouth နည္းသုံးဖို႔ ခါးသက္စဥ္းစားလိုက္​တယ္..။
အသက္ကိုခပ္ျပင္းျပင္းေလးရွိုက္
လိုက္ၿပီး..လြန္းပါးစပ္အတြင္းထဲကို
မႈတ္သြင္းေပးလိုက္သည္။
၃.ခါ၄ခါေလာက္..လုပ္ေပးလိုက္ေတာ့..လြန္းအဆုတ္ထဲကေရေတြ အျပင္ဘက္ကို အန္က်လာေလေတာ့သည္။ခါးသက္.လြန္းရဲ႕ ကိုယ္ေလးကိုတစ္ေစာင္းအေနထားေရာက္ေအာင္ လုပ္လိုက္ၿပီး..ေရေတြကုန္ေအာင္..အန္ထုတ္ေစခဲ့သည္။
      ေဘးနားကေန အျဖစ္ပ်က္တစ္ခုလုံးကို..ရပ္ၾကည့္ေနသည့္..ေနလင္းသာ...။ရင္ထဲ..ခံျပင္းေဒါသ​စိတ္ေတြက. အလိပ္လိုက္..။
    ခါးသက္..လြန္းရဲ႕ကိုယ္ကို ေပြ႕ခ်ီလိုက္ေတာ့..ေနလင္းသာ..ေထာင္းခနဲ႕ေဒါသထြက္သြားရေလၿပီ..။
""ကိုကို..ေန.လဲ ေရထဲျပဳတ္ထားတဲ့သူပါေနာ္..ေန.ကိုလဲဂ႐ုစိုက္ေပးပါဦး..""
ေန..မေက်နပ္ဆိုလိုက္ေတာ့..ခါးသက္လွည့္ၾကည့္လာကာ..
""ေန မင္းက အလတ္ႀကီးရွိေသးတယ္ေလ...ဒီလူက.ခပ္ေမ်ာ့ေမ်ာ့ျဖစ္ေနၿပီ..""
""ဟြန့္..သူ႕ဘာသာ..ေမ်ာ့႐ုံမကလို႔..ေသေသ..ကိုကိုနဲ႕ဘာဆိုင္လို႔လဲ..""
ေနလင္းသာ..ထပ္ၿပီးအထြန့္တက္လိုက္ေတာ့..ခါးသက္၏အၾကည့္စူးစူးေတြက်ေရာက္လာေလသည္။
""ေန...မင္းဘာျဖစ္ေနတာလဲ..ေနာက္မွ.ဒီကိစၥနဲ႕ပတ္သက္ၿပီး.မင္းနဲ႕စာရင္းရွင္းမယ္.""
""ဘာစာရင္းရွင္းမွာလဲ..ကိုကို...
ကိုကိုျမင္တဲ့အတိုင္းဘဲေလ..အဲ့လူႀကီးက..ေန.ကိုေရကန္ထဲဆြဲခ်တာ...""
ေနလင္းသာစကားေၾကာင့္..ခါးသက္..မ်က္ခုံးေတြ တြန့္ခ်ိဳးသြားေလသည္။
""အဟြတ္...အဟြတ္.အဟြတ္...""
ခါးသက္.ေပြ႕ခ်ီထားတဲ့လြန္း.ဆီကေန..ေခ်ာင္းဆိုးသံထြက္လာေတာ့..ခါးသက္..ထူပူသြားကာ..တိုက္ထဲကို.အလွ်င္ျမန္..ဝင္သြားေလသည္။
""ေဒၚေလးတာ...ေဒၚေလးတာ..""
ထမင္းခ်က္ေဒၚတာကို..ခါးသက္ေအာ္ေခၚလိုက္သည္။
"ဟုတ္ကဲ့..အစ္ကိုေလးေျပာပါ..""
""အခုခ်က္ခ်င္း..ဆရာဝန္ကိုဖုန္းဆက္ၿပီးေခၚလိုက္ပါ..အခုခ်က္ခ်င္း..""
ခါးသက္  ေအာ္ေျပာလိုက္ၿပီး..လြန္းကို..လြန္းအခန္းဆီကို.ေခၚသြားလိုက္ေလသည္။
""ကိုကို...ကိုကို..""
ခါးစက္အေနာက္ကေန..ေနလင္းသာက ထပ္ခ်ပ္မကြာ လိုက္လာသည္။
""သြားေတာ့​ေန...အစ္ကို႔အခန္းထဲမွာ..မင္းႀကိဳက္တဲ့အဝတ္စားကိုယူၿပီးလဲလိုက္..""
ခါးသက္..ခပ္တိုတိုဘဲဆိုလိုက္ၿပီး..အခန္းထဲကို.ဝင္သြားေလသည္။
လြန္းကိုယ္ကို..အိပ္ရာေပၚ..အသာယာခ်ေပးလိုက္သည္။.လြန္းအေနနဲ႕..အသိနဲ႕သတိသိပ္ၿပီးမကပ္ျဖစ္ေနေလသည္။
     အခန္းဝမွာ ေနလင္းသာ ေပကပ္ကပ္နဲ႕ရပ္ေနတာေၾကာင့္..
""ေန...အစ္ကို႔စကားကိုနားေထာင္..သြား..အဝတ္စားသြားလဲခ်ည္..""
ခါးသက္.ေလသံကိုခပ္မာမာေျပာလိုက္ေတာ့..
""အား..မုန္းတယ္..မုန္းတယ္..မူယာမာယာအရမ္းမ်ားေနတဲ့..အဲ့လူႀကီးကို..""
ေနလင္းသာ...မေက်နပ္စြာေအာ္​ေျပာၿပီးလွည့္ထြက္သြားေလသည္။
ခါးသက္.ေနလင္းသာရဲ႕ေက်ာျပင္ကို..ၾကည့္ၿပီး.သက္ျပင္းခ်လိဳက္ၿပီး..အခန္းတံခါးကိုပိတ္လိုက္ေလသည္။
     ေရစိုေနသည့္ လြန္းရဲ႕အကၤ်ီေတြကိုခြၽတ္လိုက္ၿပီး..ေရေတြကိုသုတ္ေပးလိုက္သည္။အကၤ်ီခြၽတ္ရတာ ခါးသက္အတြက္..လြယ္ကူေပမယ့္..ေဘာင္းဘီခြၽတ္ေပးရာက်မွ..ဂြက်ေနေလသည္။ ဟိုအရင္တစ္ခါက..လြန္းရဲ႕အဝတ္စားကင္းမဲ့ေနသည့္ခႏၶာကိုယ္ကို..ခါးသက္​ျမင္ဖူးေပမယ့္..အခုတစ္ခါက်ေတာ့..ခါးသက္ရင္တုန္ေနေလသည္။
   စိတ္တို႔ကို အတတ္နိုင္ဆုံးထိန္းခ်ဳပ္ၿပီး..လြန္းကိုအဝတ္စားလဲေပးလိုက္ေလသည္။ အခ်ိန္အားျဖင့္..မိနစ္ပိုင္းသာၾကာတယ္ဆိုေပမယ့္..ခါးသက္အတြက္ကေတာ့ တစ္သက္စာၾကာသြားသလိုပင္..။သူ ရင္တုန္ေနတာလား..ရင္ခုန္ေနတာလား..ဆိုတာကို.ခါးသက္ကိုယ္တိုင္ မေဝခြဲနိုင္ေတာ့..။
❤❤❤
အပိုင္း🍓၂၄🍓ေမွ်ာိေပးၾကဦးေနာိ.။
Readerေလးေတြကို အရမ္းခ်စ္တယ္ေနာ္..။စာေရးမေကာင္းတဲ့ဦးကို.အဆုံးထိ အားေပးၾကပါေနာ္..။
ခ်စ္တယ္ အာဘြား😘😘😘။
     

        လွန်း ရေချိုးပြီး..ရေချိုးခန်းထဲကထွက်လာတော့..အခန်းထဲမှာ ခါးသက်ရောက်နေလေသည်။ အပေါ်ပိုင်း.ဘာမှမဝတ်ထားဘဲ..ရေလဲပုဆိုးလေးဘဲဝတ်ထားသည်​ဆိုတော့..လွန်း.အနည်းငယ်..အနေရခက်နေလေသည်။ ခါးသက်ကတော့ လွန်းကို ဒေါသတကြီးနဲ့ ​စူးရဲစွာစိုက်ကြည့်နေသည်။
""ခင်ဗျား..ညနေက..ခင်ဗျား..မလေးစားဆက်ဆံလိုက်တဲ့..ကလေးက..ဘယ်သူလဲဆိုတာ သိရဲ့လား..ဟမ်..""
ခါးသက်က..လွန်းရဲ့ပုခုံးနှစ်ဘက်ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်ရင်း ဆိုလိုက်သည်။ နေ့လည်က ပစ္စည်းတွေကိုမနိုင်မနင်းနဲ့ မပြီး..ရွေ့ထားတော့.လွန်းရဲ့လက်တွေကနာကျင်နေလေသည်။
       ဒါကို ခါးသက်က ခပ်ကြမ်းကြမ်းနဲ့ဆုပ်ကိုင်လိုက်တော့..လွန်း..မျက်နှာလေးမဲ့ကျသွားပြီး..ခါးသက်လက်တွေကို..ပုတ်ထုတ်ပစ်လိုက်၏။
""ညနေက..ငါဘယ်သူ့ကိုမှ.မလေးမစားမဆက်ဆံခဲ့ဖူးဘူး..ခါးသက်..""
လွန်း..ခပ်ဆတ်ဆတ်လေး ပြန်ပြောလိုက်သည်။
""ခင်ဗျား..ဗြောင်လိမ်မနေနဲ့..ညနေက..ခင်​ဗျား လုပ်ခဲ့တဲ့ကိစ္စကို ခင်ဗျားအသိဆုံးဖြစ်မှာပေါ့..နောက်တစ်ခါဆို..နေလင်းသာကို..ခင်ဗျား.
လေးလေးစားစားဆက်ဆံပါ..
နေလင်းသာက..ခင်ဗျားကြောင့်သေ.သွားခဲ့တဲ့..Dလင်းသာ..ရဲ့ညီဘဲ..""
ခါးသက်က..ခက်ထန်စွာဆိုလာသည်။
""မင်းပြောချင်တာ..အဲ့ဒါဘဲမလား..
ပြောပြီးပြီဆိုရင်လဲ..သွားတော့..
ငါ့အဝတ်စားမလဲမလို့...""
လွန်းထိုသို့  ပြောလိုက်မှ..ခါးသက်..
သတိထား..မိသွားကာ..မျက်နှာတစ်ခုလုံး.ထူပူသွားရလေသည်။အပေါ်ပိုင်းဗလာ.ဖြစ်နေသည့်..လွန်းကို..ခါးသက်..ခဏမှင်သက်စွာ.ငေးကြည့်နေမိ၏။နောက်တော့မှ..အသိပြန်ဝင်လာပြီး..ချောင်းတစ်ချက်ဟန့်ကာ..မျက်နှာလွဲသွားလေသည်။ 
       ""အဟမ်း...ဒီနေ့..ခင်ဗျားကို..ခိုင်းခဲ့တဲ့..သန့်ရှင်းရေးကိုသေချာ လုပ်ထားရဲ့လား..""
""သေချာလုပ်ထားလား..မလုပ်ဘူးလားဆိုတာကို..မင်းတစ်ခန်းမကျန် လိုက်ပြီးစစ်ကြည့်လိုက်လေ..""
လွန်း..ခပ်ရွဲ့ရွဲ့လေးဆိုလိုက်တော့..။ခါးသက်..​မျက်နှာကြီးတင်းမာသွားလေသည်။.သို့ပေမယ့်..ဘာစကားတစ်ခွန်းမဆိုတော့ဘဲ..ခါးသက်ထွက်သွားလေသည်။ ခါးသက်ထွက်သွားမှဘဲ..လွန်း..သက်ပြင်းတစ်ချက်ရှိုက်ရင်း..ကျန်ရစ်ခဲ့လေသည်။
❤❤❤
   ""ကိုကို..နေ.. ကိုကိုတို့အိမ်မှာ လာနေမယ်နော်..ကိုကို..""
""ဟင့်အင်း..နေ.အစ်ကို..လက်မခံဘူး..နေ..ရယ်ကိုယ့်အိမ်မှာဘဲအေးဆေးနေပါကွာ..""
""မရဘူး...ကိုကို...နေ..ကိုကိုနဲ့ဘဲ..အတူတူနေချင်တယ်..လာနေခွင့်ပြုပါနော်..ကိုကို...""
နေလင်းသာ..ခပ်ချွဲချွဲလေးဆိုရင်..ခါးသက်၏ရင်ခွင်ထဲခေါင်းလေးတိုးဝင်ပြီး..ခါးကိုတင်းကြပ်နေအောင်ဖက်ထားလိုက်သည်။
""မရဘူး..နေ...အစ်ကိုက..လူလွတ်မဟုတ်တော့ဘူး..အစ်ကိုတို့အိမ်မှာ..အစ်ကိုတစ်ယောက်တည်းမဟုတ်ဘူးလေ..အစ်ကိုရဲ့..လက်တွဲဖော်.လည်းရှိသေးတယ်..""
ခါးသက်...သူကိုဇွတ်အတင်းတွယ်ဖက်ထားတဲ့..နေလင်းသာရဲ့လက်တွေကိုဆွဲဖြုတ်ပြီး.ပြောလိုက်သည်။
     ""ကိုကိုမကောင်းဘူး...ကိုကိုမတရားဘူး..အစ်ကိုD.သနားပါတယ်..ကိုကိုက..အစ်ကိုDရဲ့နေရာမှာ အစားထိုးပစ်လိုက်ပြီးပေါ့လေ..
ကိုကိုမကောင်းဘူး..အဟင့်..အဟင့်.""
နေလင်းသာ...မကျေနပ်စွာ..အော်ပြောရင်း..ငိုကြွေးလိုက်လေသည်။
""မဟုတ်ဘူးလေ..နေ...အစ်ကို..Dနေရာမှာ.အစားထိုးလိုက်တာမဟုတ်ဘူး.""
""ဘာမဟုတ်ရမှာလဲ..ကိုကိုက...အစ်ကိုDမဟုတ်တဲ့..တခြားယောကျ်ားတစ်ဦးကို....လက်ထပ်ခဲ့တာက..အစ်ကိုDနေရာမှာ အစားထိုးလိုက်တာနဲ့အတူတူဘဲလေ..""

""မတူဘူး..နေ...အစ်ကိုသူ့ကို.အကြောင်းတစ်ခုကြောင့်.လက်ထပ်လိုက်ရတာပါ..Dနေရာမှာအစားထိုးလိုက်တာမဟုတ်ဘူး.""

""အဲ့ဒါဆို..အဲ့အကြောင်းပြချက်ကို..နေကို.ပြောပြလေ..ကိုကိုဘာဖြစ်လို့..သူ့ကိုလက်ထပ်ခဲ့တာလဲဆိုတဲ့..အကြောင်းပြချက်..နေကိုပြောပြပါ..""
နေ စကားကြောင့်..ခါးသက်တွေဝေသွားသည်။.အကယ်၍.ကိုလွန်းကြောင့်..Dသေခဲ့ရတယ်ဆိုတဲ့အကြောင်းကို..နေလင်းသာသိသွားလို့မဖြစ်ဘူးလေ..။သူသာသိသွားရင်..ပြဿနာတွေက ပိုရှုပ်သွားနိုင်သည်။
ခါးသက်..ဘာတစ်ခွန်းမှမဆို​ဘဲ.ရေငုံနုတ်ပိတ်နေလိုက်သည်။
❤❤❤
      လွန်းပုံရိပ်..ထိုလူသားကို..နေ.အရမ်းမုန်းသည်။..နေ.. ချစ်တဲ့ကိုကို့ကို..လုယူသွားတဲ့သူ..။
နေရဲ့ မျက်စိရှေ့မှာ..ခြံထဲက.ပန်းအိုးတွေကို..နေရာရွေ့နေတဲ့ လွန်းကို..နေ. မမှိတ်မသုန်စိုက်ကြည့်နေမိ၏။
     လွန်းရဲ့ ဘယ်ဘက်လက်သန်းကြွယ်လေးမှာ.နေရာယူထားတဲ့..
စိန်လက်စွပ်ဆီကို နေရဲ့အကြည့်တွေရောက်သွားတော့  ရင်ထဲအောင့်ခနဲ့..။မတန်ဘူး..။အဲ့လက်စွပ်နဲ့ အဲ့လူကြီးမတန်ဘူး..။အမှန်တကယ်..အဲ့လက်စွပ်ရဲ့ပိုင်ရှင်က..နေဖြစ်ရမှာ..။
ရင်ထဲမှာ ဖြစ်တည်လာတဲ့..မနာလိုဝန်တိုစိတ်တွေ​နဲ့အတူ..လွန်းရှိရာဆီကို..နေ..ရောက်လာခဲ့လေသည်။
      ပန်းအိုးကိုချပြီး..နေရာချနေတဲ့..လွန်းရဲ့လက်ကို..ဆတ်ခနဲ့..ဖမ်းကိုင်လိုက်တဲ့..နေကြောင့်..လွန်းလန့်ပြီး..လက်ကိုရုန်းလိုက်သည်။
""ဟ..ဘာဖြစ်တာလဲ...""
""ဘာဖြစ်ရမှာလဲ..ခင်ဗျားနဲ့..အဲ့လက်စွပ်ကမတန်ဘူး..အခုချက်ချင်း..ချွတ်..""
နေ  အသိစိတ်ကင်းလွတ်စွာ  အော်ပြောလိုက်ပြီး..လွန်းလက်က..လက်စွပ်ကိုဇွတ်အတင်း ဆွဲချွတ်ဖို့..ကြိုစားလိုက်၏။
""နေလင်းသာ..မင်းဘာဖြစ်နေတာလဲ..""
လွန်း..နေလင်းသာကိုယ်​ကိုတွန်းထုတ်ပြီး..ပြောလိုက်သည်။
""ချွတ်လို့..ပြောနေတယ်လေ..ခင်ဗျားနဲ့..အဲ့လက်စွပ်မတန်ဘူး..ခင်ဗျားက.ဘာမို့လို့..ကိုကိုနဲ့အတူ ဆင်တူ.လက်စွပ်ဝတ်ရမှာလဲ..ခင်​​ဗျားက ဘာမို့လို့လဲ...""
နေလင်းသာက..အသိစိတ်လွတ်နေတဲ့သူတစ်ဦးလို..လွန်းရဲ့..လက်စွပ်ကိုဇွတ်အတင်း.ဆွဲချွတ်နေ၏.။
လွန်းကလဲရုန်းနှင့်..နှစ်ယောက်သား ရုန်းရင်းဆန်ခတ်ဖြစ်နေလေတော့သည်။
       ""အဲ့ဒါ ဘာဖြစ်နေကြတာလဲ..""
နောက်နားဆီက​နေထွက်ပေါ်လာသည့်..ခါးသက်မိုး၏.အသံ..။နေလင်းသာ.ထူပူသွားကာ..ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည်။ ထိုအချိန် ဖျတ်ခနဲ့ ပေါ်လာသည့်.အတွေးတစ်ခုကြောင့်..လွန်းရဲ့လက်နှစ်ဖက်ဆွဲယူလိုက်ပြီး..သူ့ခါးကို.ဖက်စေလိုက်သည်။
     နောက်တော့..ဘေးနားမှာရှိနေသည့်..ရေကူးကန်ထဲကို..လွန်းရဲ့ကိုယ်ကိုဖက်ပြီး.ရေကန်ထဲကို..မတော်တဆ.ပြုတ်ကျသွားသည့်ပုံစံမျိုးနဲ့..ရေကန်ထဲခုန်ချလိုက်လေသည်။
ဝုန်း..ခနဲ့..ရေကန်ထဲ..ပြုတ်ကျသွားသည့်..နေလင်းသာနဲ့လွန်းတို့နှစ်ယောက်ကြောင့်..ခါးသက်မိုး..တစ်ယောက်ထူပူသွားရလေပြီ..။
   ရုတ်တရက်..ရေကန်ထဲပြုတ်ကျသွားတော့ လွန်း..လန့်ပြီး..အတင်းရုန်းပြီး.အပေါ်ကိုတက်ဖို့ကြိုးစားလိုက်ပေမယ့်..။နေလင်းသာက..အပေါ်ကနေ..လွန်းကိုယ်ကိုဖိထားတာကြောင့်..ရေကူးကန်ရဲ့အောက်ခြေ​ကြမ်းပြင်ထိကို..လွန်း..ရောက်သွားလေသည်။
    လွန်းက ရေကြောက်တတ်တဲ့သူ..။လွန်းက ရေမကူးတတ်တဲ့သူဆိုတော့ ပိုဆိုးသည်။နေလင်းသာကတော့.ရေကူးချန်ပီယံတစ်ယောက်.။ရေအောက်မှာ ကြာကြာ..အသက်အောင့်နိုင်သည့်သူ..။
လွန်းကို..မမှိတ်မသုန်နဲ့စိုက်ကြည့်နေပြီး..လွန်း.လုံးဝကို ရေမွန်း​သွားအောင်..လုပ်နေလေသည်။
""ကိုလွန်း..ကိုလွန်း...""
ရေကူးကန်အပေါ်ကနေ ခါးသက်စိတ်ပူစွာနဲ့ လွန်းရဲ့.နာမည်ကိုအော်ခေါ်နေမိ၏။
     နောက်တော့..ဝုန်းခနဲ့ရေကန်ထဲ ခါးသက်ပါ ခုန်ကျလာတာကြောင့်..နေလင်းသာ..လွန်းကိုလွှတ်လိုက်ပြီး..ခါးသက်ဆီရေကူးသွားကာ..ခါးသက်ကိုဖက်လိုက်သည်။
      ခါးသက်လည်း..အရင်ဦးဆုံး နေလင်းသာကိုရေအပေါ်ကိုဆွဲခေါ်သွားလိုက်သည်။
""အဟင့်...အဟင့်...ကိုကို..နေအရမ်းကြောက်တယ်..""
ချွဲပျစ်စွာဆိုလိုက်ပြီး..ခါးသက်ကိုတင်းကြပ်နေအောင်.ဖက်ထားပြန်၏။
ခါးသက်စိတ်မရှည်စွာ နေလင်းသာရဲ့..လက်တွေကို..ဆွဲဖြုတ်လိုက်ပြီး..ရေငုပ်သွား​လေသည်။
    ရေကူးကန်ရဲ့ကြမ်း​ပြင်အောက်မှာ
မလှုပ်မယှက်ဖြစ်နေသည့်..လွန်းကိုမြင်လိုက်ရတော့..ခါးသက်ရင်ထဲ.ဒိန်းခနဲ့ဖြစ်သွားလေသည်။ အလျှင်မြန်..လွန်းရဲ့ကိုယ်ကို.ပွေ့ချီပြီး..ရေကန်အပေါ်ကို.ဆွဲ​တင်လာခဲ့လာလိုက်သည်။
""ကိုလွန်း..ကိုလွန်း....""
ခါးသက်..ထူပူစွာနဲ့..လွန်းကိုယ်ကို.လှုပ်နိုးနေမိ၏။ နောက်တော့ လွန်းရဲ့ရင်ဘတ်ကိုဖိပြီး လွန်းအသက်ရှုအောင်ခါးသက်လုပ်​လိုက်သည်။
နောက်တော့ Mouth to mouth နည်းသုံးဖို့ ခါးသက်စဥ်းစားလိုက်​တယ်..။
အသက်ကိုခပ်ပြင်းပြင်းလေးရှိုက်
လိုက်ပြီး..လွန်းပါးစပ်အတွင်းထဲကို
မှုတ်သွင်းပေးလိုက်သည်။
၃.ခါ၄ခါလောက်..လုပ်ပေးလိုက်တော့..လွန်းအဆုတ်ထဲကရေတွေ အပြင်ဘက်ကို အန်ကျလာလေတော့သည်။ခါးသက်.လွန်းရဲ့ ကိုယ်လေးကိုတစ်စောင်းအနေထားရောက်အောင် လုပ်လိုက်ပြီး..ရေတွေကုန်အောင်..အန်ထုတ်စေခဲ့သည်။
      ဘေးနားကနေ အဖြစ်ပျက်တစ်ခုလုံးကို..ရပ်ကြည့်နေသည့်..နေလင်းသာ...။ရင်ထဲ..ခံပြင်းဒေါသ​စိတ်တွေက. အလိပ်လိုက်..။
    ခါးသက်..လွန်းရဲ့ကိုယ်ကို ပွေ့ချီလိုက်တော့..နေလင်းသာ..ထောင်းခနဲ့ဒေါသထွက်သွားရလေပြီ..။
""ကိုကို..နေ.လဲ ရေထဲပြုတ်ထားတဲ့သူပါနော်..နေ.ကိုလဲဂရုစိုက်ပေးပါဦး..""
နေ..မကျေနပ်ဆိုလိုက်တော့..ခါးသက်လှည့်ကြည့်လာကာ..
""နေ မင်းက အလတ်ကြီးရှိသေးတယ်လေ...ဒီလူက.ခပ်မျော့မျော့ဖြစ်နေပြီ..""
""ဟွန့်..သူ့ဘာသာ..မျော့ရုံမကလို့..သေသေ..ကိုကိုနဲ့ဘာဆိုင်လို့လဲ..""
နေလင်းသာ..ထပ်ပြီးအထွန့်တက်လိုက်တော့..ခါးသက်၏အကြည့်စူးစူးတွေကျရောက်လာလေသည်။
""နေ...မင်းဘာဖြစ်နေတာလဲ..နောက်မှ.ဒီကိစ္စနဲ့ပတ်သက်ပြီး.မင်းနဲ့စာရင်းရှင်းမယ်.""
""ဘာစာရင်းရှင်းမှာလဲ..ကိုကို...
ကိုကိုမြင်တဲ့အတိုင်းဘဲလေ..အဲ့လူကြီးက..နေ.ကိုရေကန်ထဲဆွဲချတာ...""
နေလင်းသာစကားကြောင့်..ခါးသက်..မျက်ခုံးတွေ တွန့်ချိုးသွားလေသည်။
""အဟွတ်...အဟွတ်.အဟွတ်...""
ခါးသက်.ပွေ့ချီထားတဲ့လွန်း.ဆီကနေ..ချောင်းဆိုးသံထွက်လာတော့..ခါးသက်..ထူပူသွားကာ..တိုက်ထဲကို.အလျှင်မြန်..ဝင်သွားလေသည်။
""ဒေါ်လေးတာ...ဒေါ်လေးတာ..""
ထမင်းချက်ဒေါ်တာကို..ခါးသက်အော်ခေါ်လိုက်သည်။
"ဟုတ်ကဲ့..အစ်ကိုလေးပြောပါ..""
""အခုချက်ချင်း..ဆရာဝန်ကိုဖုန်းဆက်ပြီးခေါ်လိုက်ပါ..အခုချက်ချင်း..""
ခါးသက်  အော်ပြောလိုက်ပြီး..လွန်းကို..လွန်းအခန်းဆီကို.ခေါ်သွားလိုက်လေသည်။
""ကိုကို...ကိုကို..""
ခါးစက်အနောက်ကနေ..နေလင်းသာက ထပ်ချပ်မကွာ လိုက်လာသည်။
""သွားတော့​နေ...အစ်ကို့အခန်းထဲမှာ..မင်းကြိုက်တဲ့အဝတ်စားကိုယူပြီးလဲလိုက်..""
ခါးသက်..ခပ်တိုတိုဘဲဆိုလိုက်ပြီး..အခန်းထဲကို.ဝင်သွားလေသည်။
လွန်းကိုယ်ကို..အိပ်ရာပေါ်..အသာယာချပေးလိုက်သည်။.လွန်းအနေနဲ့..အသိနဲ့သတိသိပ်ပြီးမကပ်ဖြစ်နေလေသည်။
     အခန်းဝမှာ နေလင်းသာ ပေကပ်ကပ်နဲ့ရပ်နေတာကြောင့်..
""နေ...အစ်ကို့စကားကိုနားထောင်..သွား..အဝတ်စားသွားလဲချည်..""
ခါးသက်.လေသံကိုခပ်မာမာပြောလိုက်တော့..
""အား..မုန်းတယ်..မုန်းတယ်..မူယာမာယာအရမ်းများနေတဲ့..အဲ့လူကြီးကို..""
နေလင်းသာ...မကျေနပ်စွာအော်​ပြောပြီးလှည့်ထွက်သွားလေသည်။
ခါးသက်.နေလင်းသာရဲ့ကျောပြင်ကို..ကြည့်ပြီး.သက်ပြင်းချလိုက်ပြီး..အခန်းတံခါးကိုပိတ်လိုက်လေသည်။
     ရေစိုနေသည့် လွန်းရဲ့အင်္ကျီတွေကိုချွတ်လိုက်ပြီး..ရေတွေကိုသုတ်ပေးလိုက်သည်။အင်္ကျီချွတ်ရတာ ခါးသက်အတွက်..လွယ်ကူပေမယ့်..ဘောင်းဘီချွတ်ပေးရာကျမှ..ဂွကျနေလေသည်။ ဟိုအရင်တစ်ခါက..လွန်းရဲ့အဝတ်စားကင်းမဲ့နေသည့်ခန္ဓာကိုယ်ကို..ခါးသက်​မြင်ဖူးပေမယ့်..အခုတစ်ခါကျတော့..ခါးသက်ရင်တုန်နေလေသည်။
   စိတ်တို့ကို အတတ်နိုင်ဆုံးထိန်းချုပ်ပြီး..လွန်းကိုအဝတ်စားလဲပေးလိုက်လေသည်။ အချိန်အားဖြင့်..မိနစ်ပိုင်းသာကြာတယ်ဆိုပေမယ့်..ခါးသက်အတွက်ကတော့ တစ်သက်စာကြာသွားသလိုပင်..။သူ ရင်တုန်နေတာလား..ရင်ခုန်နေတာလား..ဆိုတာကို.ခါးသက်ကိုယ်တိုင် မဝေခွဲနိုင်တော့..။
❤❤❤
အပိုင်း🍓၂၄🍓မျှောိပေးကြဦးနောိ.။
Readerလေးတွေကို အရမ်းချစ်တယ်နော်..။စာရေးမကောင်းတဲ့ဦးကို.အဆုံးထိ အားပေးကြပါနော်..။
ချစ်တယ် အာဘွား😘😘😘။
     
       

Continue Reading

You'll Also Like

1.1M 47K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
317K 25.5K 29
Mini Story Uni Life Style Sweet Romance
168K 17.5K 109
ဘာသာပြန်သူ - စွဲညို့အသင်း
211K 5.5K 58
ငယ်ငယ်ထဲက အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာတဲ့ပန်းလေးက သူများခူးဖို့အတွက်မဟုတ်ဘူးကွ။ ကိုယ်တိုင်ခူးဖို့အလှဆုံးပျိုးထားတာ ဒီကောင်ခွန်းစစ်မဟာအတွက် ခမ်း...