ညပိုင္း ေရွာင္က်န႔္တစ္ေယာက္ ရီေပၚျပန္အလာကို ေစာင့္ေနရင္း ည၁၁နာရီခြဲေလာက္တြင္ ရွင္းခ်န္အား တြဲခို၍ ပါလာေသာ အမူးသမားေလးရီေပၚ။ ျပန္ေရာက္ေရာက္ခ်င္းပင္ ေရွာင္က်န႔္အား ေျပးဖက္ကာ ႏႈတ္မွလည္း " လြမ္းတယ္ " ဟု
အဆက္မျပတ္ ဆိုေနျခင္းေၾကာင့္ ရွင္းခ်န္က ေရွာင္က်န႔္ကို တစ္ခ်က္ၿပံဳးျပကာ ျပန္သြားခဲ့ေလသည္။
ရွင္းခ်န္ျပန္သြားေတာ့မွ ေရွာင္က်န႔္တစ္ေယာက္ အမူးသမားေလးရီေပၚအား တြဲ၍အခန္းထဲသို့ ေခၚလာခဲ့ေလသည္။အခန္းထဲေရာက္ေတာ့ ရီေပၚကေရွာင္က်န႔္၏ရင္ခြင္ထဲကို ဝင္ကာ ေရွာင္က်န႔္အား တင္းတင္း ျကပ္ၾကပ္ဖက္ထားေလသည္။
"လူႀကီး !.......အရမ္းလြမ္းတယ္ သိလား? ။ အရမ္းလည္း..ေလ ...အစ္ ...သတိရတယ္ ။ လူႀကီးနဲ႔ေလ ....စကားမေျပာရတဲ့ရက္ေတြမွာေလ ..အစ္ ...အာ့ရက္ ေတြမွာလည္း ကေလးအရမ္း.....အထီးက်န္တယ္ ။
တစ္ခါတစ္ေလ... ေလ ....အစ္ .......လူႀကီးရဲ့ ...ဂရုစိုက္မႈေတြ ...အစ္ .....လိုအပ္တယ္ ..အစ္ ....။ အရမ္း .....အစ္ .....အရမ္းခ်စ္တယ္..." ဟုဆိုကာ အအာေလးလ်ွာေလးႏွင့္ေျပာကာ မ်က္ရည္မ်ားက်လ်ွက္ အိပ္ေပ်ာ္သြားေသာ ရီေပၚကို ေရွာင္က်န႔္လည္း တင္းၾကပ္စြာ ျပန္ဖက္တြယ္ထားလိုက္ေလသည္။
ခဏအၾကာမွ ရီေပၚအား အဝတ္အစားလဲေပးကာ
ေရွာင္က်န႔္တစ္ေယာက္ သူ၏ကေလးငယ္အား ရင္ခြင္ထဲထၫ့္၍ အိပ္စက္လိုက္ေလသည္။
"ကေလးငယ္ ကိုယ္လည္းမင္းကို အရမ္းလြမ္းေနရတာပါ "
.........................................................................
"လူႀကီး မနက္စာေတြ ခ်က္ေနတာလားဟင္ ? "
"အင္း ဟုတ္တယ္ ။ကေလးနဲ့ စကားမေျပာရတဲ့ရက္ေတြမွာ အလြမ္းေျပေအာင္လို႔
ခ်က္နည္းျပဳတ္နည္းေလးေတြ လိုက္ၾကၫ့္ရင္း ကေလးအတြက္ ခ်က္လို႔တတ္ေအာင္ သင္ထားတာ "
ဟုဆိုရင္း ဟင္းအိုးဘက္ျပန္လၫ့္ကာ ထၫ့္စရာရိွတာေတြ ထၫ့္ေနေသာ ေရွာင္က်န႔္ကို ရီေပၚအေနာက္မွ ဖက္တြယ္ထားလိုက္ေလသည္။
"လူႀကီး! ကေလးအရမ္းဆိုးတာပဲေနာ္ ။ လူႀကီးကို
ခဏခဏ စိတ္ညစ္ေအာင္ လုပ္မိတာ ။ ကြၽန္ေတာ္က လူႀကီး အတြက္ အေနွာင့္အယွက္ႀကီး ျဖစ္ေနၿပီလားဟင္ ? " ဟုဆိုကာ ေရွာင္က်န႔္၏
ေက်ာ ျပင္ထက္ မ်က္ႏွာေလးဖြက္ကာ စိတ္မေကာင္းျဖစ္ေနေသာ ရီေပၚကို ေရွာင္က်န႔္က ရင္ခြင္ထဲ ျပန္ဆြဲသြင္း၍ ဆံႏြယ္ေလးအား အျမတ္တႏိုး နမ္းရိွက္လိုက္ေလသည္။
" စိတ္အားငယ္စရာေတြ ေလ်ွာက္ၿပီးေတြးမေနပါနဲ႔ ။
ကေလးကလည္း ကိုယ့္ရဲ့အေနွာင့္ယွက္တစ္ခု မဟုတ္သလို ကေလးမရိွရင္လည္း ကိုယ္ဆိုတဲ့ ေရွာင္က်န႔္လည္း ရိွလာမွာ မဟုတ္ဘူး ။ ဒါေၾကာင့္ ကေလးသာ ဘာမွေတြးပူမေနဘဲ ေပ်ာ္ေပ်ာ္ေနပါ ။ကိုယ္က ကေလးအနားမွာ အၿမဲတမ္းရိွေပးမယ္ ဟုတ္ၿပီလား ? " ဟုဆိုရင္း ေနြးေထြးစြာ ၿပံဳးျပေနေသာ ေရွာင္က်န႔္ကို ရီေပၚရင္ခြင္ထဲကေန ေမာ့ၾကၫ့္မိေလသည္။
ထို႔ေနာက္ သဘာဝအတိုင္း နီေစြ ့ေစြ ့ေလးျဖစ္ေနေသာ ေရွာင္က်န႔္၏ ႏႈတ္ခမ္းပါးအား ရီေပၚလွမ္းနမ္းလိုက္ေလသည္။
ဒီလိုနဲ႔ ရီေပၚႏွင့္ေရွာင္က်န႔္တို႔၏ ႏွလံုးသားတစ္စံုသည္ ထပ္တူက်ခဲ့ေလသည္။
........................................................................
"လူႀကီး ဒီေန့ ကေလးကို စာသင္ခန္းထဲထိ လိုက္ပို႔ " ဟုဆိုကာ မ်က္လံုးေလး ကလယ္ကလယ္ႏွင့္ ခြၽဲေနေသာ ရီေပၚေၾကာင့္ ေရွာင္က်န႔္တစ္ခ်က္ၿပံဳးလိုက္ၿပီး ရီေပၚ၏လက္ေလးအားတြဲကာ စာသင္ခန္းထဲသို႔ လိုက္ပို႔ေပးေလသည္။စာသင္ခန္းအဝင္ဝ နားသို့ ေရာက္ေသာအခါ ရီေပၚက သြားေနသည့္ ေျခလွမ္းမ်ားကို ရပ္လိုက္ၿပီး ေရွာင္က်န႔္အား ေန့လည္ဘက္ လာႀကိဳရန္ေျပာၿပီး....... ရီေပၚတစ္ေယာက္ ေရွာင္က်န႔္၏ပါးေလးအား အျမန္နမ္းကာ စာသင္ခန္းထဲသို႔ ေျပးဝင္သြားေလသည္။
စာသင္ခန္းထဲကို ရွက္ျပာရွက္ျပာႏွင့္ အျမန္ေျပးဝင္လာေသာေၾကာင့္ မညီညာေသာ ခံုေစာင္းအခ်ိဳ႕တို႔ကို တိုက္မိကာ ရီေပါတစ္ေယာက္
ဒူးေခါင္းအနည္းငယ္ ညို သြားေလသည္။
တစ္ဆက္တည္းမွာလည္း စာသင္ခန္းအျပင္မွ ရွက္ပလာ ေလးအား စိုးရိမ္တႀကီးျဖင့္ ၾကၫ့္ရင္ သေဘာက်စြာ ၿပံဳးေနေသာ ေရွာင္က်န႔္လည္း ရိွသည္။
"ကယ္ ! ဒါဆိုရင္ မင္းတို႔ႏွစ္ေယာက္ ျပန္အဆင္ေျပသြားၾကၿပီေပါ့ "
"အင္း ...ဟုတ္တယ္ဟ " ဟုဆိုကာ စကားေျပာေနရင္း ထထၿပံဳးေနေသာ ေရွာင္က်န႔္ကို
ယီဘင္က ဇာတ္ပိုးတစ္ခ်က္အုပ္ကာ .....
"ေဟ်ာင္ ! ေရွာင္က်န႔္ ဘာေတြ ၿပံဳးစိစိ လုပ္ေနတာလဲ ? ။ ငါေျပာတာေတြေရာ အကုန္လံုးၾကားရဲ့လားဟ ?...."
ထိုအခါမွ ေရွာင္က်န႔္တစ္ေယာက္ ျပဴးတူးျပာတာျဖင့္ .......
"ဟမ္ ! ေဟ်ာင္ ဘာေျပာလိုက္တာလဲဟ ။ ငါမၾကားလိုက္ဘူး ထပ္ေျပာျပပါလားဟ ...." ဟုဆိုကာ ၿပံဳးစိစိႏွင့္ အူေၾကာင္ေၾကာင္ လုပ္ေနေသာ ေရွာင္က်န႔္ကို ယီဘင္တို႔ တစ္အုပ္စုလံုး မ်က္ေစာင္းထိုးကာ ၿပိဳင္တူေအာ္ေျပာလိုက္ေလသည္။
"ညေနက်ရင္ တစ္ဝိုင္းလို႔ !!! "
ထိုအခါမွ ေရွာင္က်န႔္တစ္ေယာက္ လက္ႏွစ္ဖက္ျဖင့္ နားကိုပိတ္ထားကာ
"ေအးပါကြာ ...." ဟု ဆိုရင္း ေခါင္းၿငိတ္လိုက္ေလသည္။
..................................................................
"လူႀကီး ! လာၿပီးလား ?
ဒါဆိုရင္ သြားစားၾကရေအာင္ ။ကေလးဗိုက္ဆာ ေနၿပီး " ဟုဆိုကာ ဝမ္းသာတႀကီးနွင့္ ႏႈတ္ခမ္းေလးဆူကာ ခြၽဲေနေသာ
ရီေပၚကို ေရွာင္က်န႔္လည္း ၿပံဳးျပၿပီး ေခါင္းၿငိတ္ျပလိုက္ေလသည္။
"ဒီေန့ က်ိဳး ကိုေရာ မေခၚလာဘူးလား ကေလး? " ဟု ေရွာင္က်န႔္ကေမးေတာ့ .........
ရီေပၚက အခုမွ က်ိဳးကိုသတိထားမိကာ ......
"အာ ......ဒါကေလ ဒီေန့ကိုေလ ကေလးကေလ
လူႀကီးနဲ႔ေလ .....စားခ်င္လို႔ေလ ႏွစ္ေယာက္တည္းေလ ......ဟီဟီ .."ဟုဆိုကာ သူ႔စကားႏွင့္သူ တိုင္ပတ္ေနေသာ ရီေပၚတစ္ေယာက္ မ်က္ႏွာႀကီးနီျမန္းလာကာ လက္မ်ားကလည္း လည္ပင္းသားေလးအား ဟိုပြတ္ဒီပြတ္လုပ္ေနေလသည္။
"ကေလး ! ဘာေတြ ေျပာေနတာလဲ ? ။
ကိုယ္ တစ္ခုမွ နားမလည္းဘူး ။ ကိုယ္ေမးတာက က်ိဳးကိုေလ ? " ဟုဆိုကာ ေရွာင္က်န႔္တစ္ေယာက္ ရီေပၚဆိုလိုခ်င္သၫ့္စကားအဓိပၸါယ္အား သိေသာ္လည္း ရီေပၚအား စခ်င္ေနေသာေၾကာင့္
မသိခ်င္ဟန္ေဆာင္ကာ ေမးေနေလသည္။
ထိုအခါမွ ရီေပၚ၏ မ်က္ႏွာႀကီး ပိုနီျမန္းလာကာ ......
ေလပူတစ္ခ်က္မႈတ္ထုတ္လိုက္ၿပီး ေရွာင္က်န႔္၏မ်က္ဝန္းတို့အား ေသခ်ာစိုက္ၾကၫ့္လိုက္ေလသည္။
"ကေလးက လူႀကီးနဲ႔ ႏွစ္ေယာက္တည္းပဲ စားခ်င္လို႔
က်ိဳးကို တမင္မေခၚခဲ့တာ သိၿပီလား?။ မသိလည္း ထပ္မေမးနဲ႔ေတာ့ ....ကေလးရွက္တယ္ " ဟုဆိုကာ ေျပာခ်င္ရာေျပာၿပီးမွ ရွက္သြားေသာရီေပၚသည္ ေရွာင္က်န႔္၏မ်က္ဝန္းတို့ကို လႊဲကာ ေခါင္းငုတ္သြားေလသည္။
ထို႔ေၾကာင့္ ေရွာင္က်န႔္လည္း ရွက္သြားေသာ ကေလးျကီး ၏ေဘးအား ေရြ ့ထိုင္ကာ ကေလးႀကီးအား ရင္ခြင္ထဲထိနစ္ဝင္ေအာင္ သိမ္းႀကံဳးဖက္ထားလိုက္ေလသည္။
ထို႔ေနာက္ ရင္ခြင္ထဲက အေကာင္ေပါက္ေလး၏ နဖူးျပင္ေလးအား တစ္ခ်က္နမ္းကာ ...........
"ရွက္မေနပါနဲ႔ ကေလးရဲ့ ။ ကေလးကို ကေလး သူငယ္ခ်င္းေတြနဲ႔ မ်က္ႏွာပ်က္မွာဆိုးလို႔သာ ကိုယ္က ဘာမွမေျပာတာ ။ တကယ္ဆို ကိုယ္ကကေလးနဲ႔ အတူ ဒီလိုေလးအၿမဲစားခ်င္တာ " ဟု ေျပာေတာ့ .......
ရင္ခြင္ထဲမွ ကေလးႀကီးက ေရွာင္က်န႔္အား မ်က္လံုးေလး ကလယ္ကလယ္ႏွင့္ ျပန္ေမာ့ၾကၫ့္ကာ .....
"လူႀကီး! .. ကေလးကို အာ့ေလာက္ေတာင္ ခ်စ္တာလားဟင္ ? "
"အင္း ...အာ့ဒီထက္ ပိုပါတယ္ "
"ကေလး မသိခဲ့ဘူး ။ေနာက္ဆို ကေလးလိမၼာပါ့မယ္ေနာ္ "
"အင္းပါ ကိုယ့္အခ်စ္ဆံုးေလးရဲ့ "
"ဟီဟီ ....အာ့ဆို ထမင္းစားေတာ့မယ္ေနာ္ ။
ကေလး ဗိုက္အရမ္းဆာေနၿပီး " ဟုဆိုကာ ၿပံဳးစိစိႏွင့္ ေျပာေနေသာ ရီေပၚေၾကာင့္ ေရွာင္က်န႔္တစ္ခ်က္ၿပံဳးလိုက္ကာ .....
"ဟုတ္ပါၿပီး အခ်စ္ဆံုးေလး စိတ္ႀကိဳက္သာ စားေစဗ်ာ ! "
[Unicode]
ညပိုင်း ရှောင်ကျန့်တစ်ယောက် ရီပေါ်ပြန်အလာကို စောင့်နေရင်း ည၁၁နာရီခွဲလောက်တွင် ရှင်းချန်အား တွဲခို၍ ပါလာသော အမူးသမားလေးရီပေါ်။ ပြန်ရောက်ရောက်ချင်းပင် ရှောင်ကျန့်အား ပြေးဖက်ကာ နှုတ်မှလည်း " လွမ်းတယ် " ဟု
အဆက်မပြတ် ဆိုနေခြင်းကြောင့် ရှင်းချန်က ရှောင်ကျန့်ကို တစ်ချက်ပြုံးပြကာ ပြန်သွားခဲ့လေသည်။
ရှင်းချန်ပြန်သွားတော့မှ ရှောင်ကျန့်တစ်ယောက် အမူးသမားလေးရီပေါ်အား တွဲ၍အခန်းထဲသို့ ခေါ်လာခဲ့လေသည်။အခန်းထဲရောက်တော့ ရီပေါ်ကရှောင်ကျန့်၏ရင်ခွင်ထဲကို ဝင်ကာ ရှောင်ကျန့်အား တင်းတင်း ကြပ်ကြပ်ဖက်ထားလေသည်။
"လူကြီး !.......အရမ်းလွမ်းတယ် သိလား? ။ အရမ်းလည်း..လေ ...အစ် ...သတိရတယ် ။ လူကြီးနဲ့လေ ....စကားမပြောရတဲ့ရက်တွေမှာလေ ..အစ် ...အာ့ရက် တွေမှာလည်း ကလေးအရမ်း.....အထီးကျန်တယ် ။
တစ်ခါတစ်လေ... လေ ....အစ် .......လူကြီးရဲ့ ...ဂရုစိုက်မှုတွေ ...အစ် .....လိုအပ်တယ် ..အစ် ....။ အရမ်း .....အစ် .....အရမ်းချစ်တယ်..." ဟုဆိုကာ အအာလေးလျှာလေးနှင့်ပြောကာ မျက်ရည်များကျလျှက် အိပ်ပျော်သွားသော ရီပေါ်ကို ရှောင်ကျန့်လည်း တင်းကြပ်စွာ ပြန်ဖက်တွယ်ထားလိုက်လေသည်။
ခဏအကြာမှ ရီပေါ်အား အဝတ်အစားလဲပေးကာ
ရှောင်ကျန့်တစ်ယောက် သူ၏ကလေးငယ်အား ရင်ခွင်ထဲထည့်၍ အိပ်စက်လိုက်လေသည်။
"ကလေးငယ် ကိုယ်လည်းမင်းကို အရမ်းလွမ်းနေရတာပါ "
.........................................................................
"လူကြီး မနက်စာတွေ ချက်နေတာလားဟင် ? "
"အင်း ဟုတ်တယ် ။ကလေးနဲ့ စကားမပြောရတဲ့ရက်တွေမှာ အလွမ်းပြေအောင်လို့
ချက်နည်းပြုတ်နည်းလေးတွေ လိုက်ကြည့်ရင်း ကလေးအတွက် ချက်လို့တတ်အောင် သင်ထားတာ "
ဟုဆိုရင်း ဟင်းအိုးဘက်ပြန်လည့်ကာ ထည့်စရာရှိတာတွေ ထည့်နေသော ရှောင်ကျန့်ကို ရီပေါ်အနောက်မှ ဖက်တွယ်ထားလိုက်လေသည်။
"လူကြီး! ကလေးအရမ်းဆိုးတာပဲနော် ။ လူကြီးကို
ခဏခဏ စိတ်ညစ်အောင် လုပ်မိတာ ။ ကျွန်တော်က လူကြီး အတွက် အနှောင့်အယှက်ကြီး ဖြစ်နေပြီလားဟင် ? " ဟုဆိုကာ ရှောင်ကျန့်၏
ကျော ပြင်ထက် မျက်နှာလေးဖွက်ကာ စိတ်မကောင်းဖြစ်နေသော ရီပေါ်ကို ရှောင်ကျန့်က ရင်ခွင်ထဲ ပြန်ဆွဲသွင်း၍ ဆံနွယ်လေးအား အမြတ်တနိုး နမ်းရှိက်လိုက်လေသည်။
" စိတ်အားငယ်စရာတွေ လျှောက်ပြီးတွေးမနေပါနဲ့ ။
ကလေးကလည်း ကိုယ့်ရဲ့အနှောင့်ယှက်တစ်ခု မဟုတ်သလို ကလေးမရှိရင်လည်း ကိုယ်ဆိုတဲ့ ရှောင်ကျန့်လည်း ရှိလာမှာ မဟုတ်ဘူး ။ ဒါကြောင့် ကလေးသာ ဘာမှတွေးပူမနေဘဲ ပျော်ပျော်နေပါ ။ကိုယ်က ကလေးအနားမှာ အမြဲတမ်းရှိပေးမယ် ဟုတ်ပြီလား ? " ဟုဆိုရင်း နွေးထွေးစွာ ပြုံးပြနေသော ရှောင်ကျန့်ကို ရီပေါ်ရင်ခွင်ထဲကနေ မော့ကြည့်မိလေသည်။
ထို့နောက် သဘာဝအတိုင်း နီစွေ့စွေ့လေးဖြစ်နေသော ရှောင်ကျန့်၏ နှုတ်ခမ်းပါးအား ရီပေါ်လှမ်းနမ်းလိုက်လေသည်။
ဒီလိုနဲ့ ရီပေါ်နှင့်ရှောင်ကျန့်တို့၏ နှလုံးသားတစ်စုံသည် ထပ်တူကျခဲ့လေသည်။
........................................................................
"လူကြီး ဒီနေ့ ကလေးကို စာသင်ခန်းထဲထိ လိုက်ပို့ " ဟုဆိုကာ မျက်လုံးလေး ကလယ်ကလယ်နှင့် ချွဲနေသော ရီပေါ်ကြောင့် ရှောင်ကျန့်တစ်ချက်ပြုံးလိုက်ပြီး ရီပေါ်၏လက်လေးအားတွဲကာ စာသင်ခန်းထဲသို့ လိုက်ပို့ပေးလေသည်။စာသင်ခန်းအဝင်ဝ နားသို့ ရောက်သောအခါ ရီပေါ်က သွားနေသည့် ခြေလှမ်းများကို ရပ်လိုက်ပြီး ရှောင်ကျန့်အား နေ့လည်ဘက် လာကြိုရန်ပြောပြီး....... ရီပေါ်တစ်ယောက် ရှောင်ကျန့်၏ပါးလေးအား အမြန်နမ်းကာ စာသင်ခန်းထဲသို့ ပြေးဝင်သွားလေသည်။
စာသင်ခန်းထဲကို ရှက်ပြာရှက်ပြာနှင့် အမြန်ပြေးဝင်လာသောကြောင့် မညီညာသော ခုံစောင်းအချို့တို့ကို တိုက်မိကာ ရီပေါတစ်ယောက်
ဒူးခေါင်းအနည်းငယ် ညို သွားလေသည်။
တစ်ဆက်တည်းမှာလည်း စာသင်ခန်းအပြင်မှ ရှက်ပလာ လေးအား စိုးရိမ်တကြီးဖြင့် ကြည့်ရင် သဘောကျစွာ ပြုံးနေသော ရှောင်ကျန့်လည်း ရှိသည်။
"ကယ် ! ဒါဆိုရင် မင်းတို့နှစ်ယောက် ပြန်အဆင်ပြေသွားကြပြီပေါ့ "
"အင်း ...ဟုတ်တယ်ဟ " ဟုဆိုကာ စကားပြောနေရင်း ထထပြုံးနေသော ရှောင်ကျန့်ကို
ယီဘင်က ဇာတ်ပိုးတစ်ချက်အုပ်ကာ .....
"ဟျောင် ! ရှောင်ကျန့် ဘာတွေ ပြုံးစိစိ လုပ်နေတာလဲ ? ။ ငါပြောတာတွေရော အကုန်လုံးကြားရဲ့လားဟ ?...."
ထိုအခါမှ ရှောင်ကျန့်တစ်ယောက် ပြူးတူးပြာတာဖြင့် .......
"ဟမ် ! ဟျောင် ဘာပြောလိုက်တာလဲဟ ။ ငါမကြားလိုက်ဘူး ထပ်ပြောပြပါလားဟ ...." ဟုဆိုကာ ပြုံးစိစိနှင့် အူကြောင်ကြောင် လုပ်နေသော ရှောင်ကျန့်ကို ယီဘင်တို့ တစ်အုပ်စုလုံး မျက်စောင်းထိုးကာ ပြိုင်တူအော်ပြောလိုက်လေသည်။
"ညနေကျရင် တစ်ဝိုင်းလို့ !!! "
ထိုအခါမှ ရှောင်ကျန့်တစ်ယောက် လက်နှစ်ဖက်ဖြင့် နားကိုပိတ်ထားကာ
"အေးပါကွာ ...." ဟု ဆိုရင်း ခေါင်းငြိတ်လိုက်လေသည်။
..................................................................
"လူကြီး ! လာပြီးလား ?
ဒါဆိုရင် သွားစားကြရအောင် ။ကလေးဗိုက်ဆာ နေပြီး " ဟုဆိုကာ ဝမ်းသာတကြီးနှင့် နှုတ်ခမ်းလေးဆူကာ ချွဲနေသော
ရီပေါ်ကို ရှောင်ကျန့်လည်း ပြုံးပြပြီး ခေါင်းငြိတ်ပြလိုက်လေသည်။
"ဒီနေ့ ကျိုး ကိုရော မခေါ်လာဘူးလား ကလေး? " ဟု ရှောင်ကျန့်ကမေးတော့ .........
ရီပေါ်က အခုမှ ကျိုးကိုသတိထားမိကာ ......
"အာ ......ဒါကလေ ဒီနေ့ကိုလေ ကလေးကလေ
လူကြီးနဲ့လေ .....စားချင်လို့လေ နှစ်ယောက်တည်းလေ ......ဟီဟီ .."ဟုဆိုကာ သူ့စကားနှင့်သူ တိုင်ပတ်နေသော ရီပေါ်တစ်ယောက် မျက်နှာကြီးနီမြန်းလာကာ လက်များကလည်း လည်ပင်းသားလေးအား ဟိုပွတ်ဒီပွတ်လုပ်နေလေသည်။
"ကလေး ! ဘာတွေ ပြောနေတာလဲ ? ။
ကိုယ် တစ်ခုမှ နားမလည်းဘူး ။ ကိုယ်မေးတာက ကျိုးကိုလေ ? " ဟုဆိုကာ ရှောင်ကျန့်တစ်ယောက် ရီပေါ်ဆိုလိုချင်သည့်စကားအဓိပ္ပါယ်အား သိသော်လည်း ရီပေါ်အား စချင်နေသောကြောင့်
မသိချင်ဟန်ဆောင်ကာ မေးနေလေသည်။
ထိုအခါမှ ရီပေါ်၏ မျက်နှာကြီး ပိုနီမြန်းလာကာ ......
လေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး ရှောင်ကျန့်၏မျက်ဝန်းတို့အား သေချာစိုက်ကြည့်လိုက်လေသည်။
"ကလေးက လူကြီးနဲ့ နှစ်ယောက်တည်းပဲ စားချင်လို့
ကျိုးကို တမင်မခေါ်ခဲ့တာ သိပြီလား?။ မသိလည်း ထပ်မမေးနဲ့တော့ ....ကလေးရှက်တယ် " ဟုဆိုကာ ပြောချင်ရာပြောပြီးမှ ရှက်သွားသောရီပေါ်သည် ရှောင်ကျန့်၏မျက်ဝန်းတို့ကို လွှဲကာ ခေါင်းငုတ်သွားလေသည်။
ထို့ကြောင့် ရှောင်ကျန့်လည်း ရှက်သွားသော ကလေးကြီး ၏ဘေးအား ရွေ့ထိုင်ကာ ကလေးကြီးအား ရင်ခွင်ထဲထိနစ်ဝင်အောင် သိမ်းကြုံးဖက်ထားလိုက်လေသည်။
ထို့နောက် ရင်ခွင်ထဲက အကောင်ပေါက်လေး၏ နဖူးပြင်လေးအား တစ်ချက်နမ်းကာ ...........
"ရှက်မနေပါနဲ့ ကလေးရဲ့ ။ ကလေးကို ကလေး သူငယ်ချင်းတွေနဲ့ မျက်နှာပျက်မှာဆိုးလို့သာ ကိုယ်က ဘာမှမပြောတာ ။ တကယ်ဆို ကိုယ်ကကလေးနဲ့ အတူ ဒီလိုလေးအမြဲစားချင်တာ " ဟု ပြောတော့ .......
ရင်ခွင်ထဲမှ ကလေးကြီးက ရှောင်ကျန့်အား မျက်လုံးလေး ကလယ်ကလယ်နှင့် ပြန်မော့ကြည့်ကာ .....
"လူကြီး! .. ကလေးကို အာ့လောက်တောင် ချစ်တာလားဟင် ? "
"အင်း ...အာ့ဒီထက် ပိုပါတယ် "
"ကလေး မသိခဲ့ဘူး ။နောက်ဆို ကလေးလိမ္မာပါ့မယ်နော် "
"အင်းပါ ကိုယ့်အချစ်ဆုံးလေးရဲ့ "
"ဟီဟီ ....အာ့ဆို ထမင်းစားတော့မယ်နော် ။
ကလေး ဗိုက်အရမ်းဆာနေပြီး " ဟုဆိုကာ ပြုံးစိစိနှင့် ပြောနေသော ရီပေါ်ကြောင့် ရှောင်ကျန့်တစ်ချက်ပြုံးလိုက်ကာ .....
"ဟုတ်ပါပြီး အချစ်ဆုံးလေး စိတ်ကြိုက်သာ စားစေဗျာ ! "