Sweetie Honey Boy 🚨🔞[Comple...

By Mochi_Summer

133K 5.2K 159

Yizhan Rate M🚨 Short Fic More

Part-4
Part-1
Part-2
Part-3🚨🔞
Final Part For Zawgyi

Final For Unicode

15.4K 723 33
By Mochi_Summer

" ရိပေါ် "

နှစ်ယောက်အတူတူ ကုတင်ပေါ်မှာ တစ်ယောက်လက်တစ်ယောက်ကိုင်ကာ အိပ်နေရာမှ ရှောင်းကျန့်ရဲ့ ခေါ်သံကြောင့် ရိပေါ်ရဲ့ မျက်လုံးတို့ ပွင့်လာခဲ့သည် ။

" အင်း ကျန့်ကော "

" ငါလေ ဟို ဟို "

" ပြောလေ ကျန့်ကော "

" ငါပြောလိုက်ရင် မင်းစိတ်ဆိုးသွားမှာစိုးလို့ "

" ဒါကတော့ ကျန့်ကောစကားနဲ့ပဲဆိုင်တယ် "

" ငါမယ်ရီနဲ့တွေ့ချင်တယ် "

" ဘာ!!! ရှောင်းကျန့် ခင်ဗျားဘာပြောလိုက်တယ်!! "

ကုတင်ပေါ် ကနေဆတ်ကနဲ ထထိုင်ကာ မျက်နှာတွေပါနီရဲ လာတဲ့အထိ အလွန်အမင်းဒေါသထွက်နေပုံရတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် စကားပြောမှားသွားမှန်း သတိထားမိတယ် ။

ရှောင်းကျန့်ပါ ကုတင်ပေါ်ထထိုင်လိုက်ကာ ရိပေါ်ရဲ့ လက်တွေကို ခပ်တင်းတင်းဆုပ်ကိုင်တော့ ဒေါသထွက်နေပုံရတဲ့ ကောင်လေးက သူ့ကိုမကြည့်ပဲ မျက်နှာလွှဲသွားသည် ။

" တိတိလေး ကောကလေ ဟိုလိုသဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး "

" အဲ့လို သဘောမဟုတ်လို့ ဘယ်လိုသဘောမျိုးလဲ "

တိတိလေးဆိုတဲ့ခေါ်သံကြောင့်ပဲထင်ပါရဲ့ ။
ရိပေါ်ရဲ့ လေသံကအနည်းငယ်ပျော့သွား တာကြောင့် ရှောင်းကျန့်မှာ ရိပေါ်မမြင်အောင် ရိပေါ်ရဲ့မူပိုင် တခြမ်းရွဲ့ အပြုံးခိုးပြုံးမိသေးတယ် ။

" ဘာရယ်တာလဲ "

ဟိုဘက်လှည့်နေပေမဲ့ ခိုးကြည့်နေတဲ့ ရိပေါ်ဆီက အသံကြောင့် အသံထွက်တဲ့အထိ ရယ်လိုက်မိတော့ ပိုပြီးစိတ်ဆိုးသွားပုံရတဲ့ ကောင်လေးက ရှောင်းကျန့်ကိုင်ထားတဲ့ လက်ကို ဆွဲဖြုတ်ကာ ခေါင်းမြှီး ခြုံပြီးအိပ်ချင်ယောင်ဆောင်နေလေရဲ့ ။

" ကောကအမှန်တွေကိုသိချင်ရုံပါ သူကမထင်မှတ်ထားလောက်အောင် ညဏ်ကောင်းတဲ့ မိန်းမမျိုးဆိုတာ ရိပေါ်လည်းသိတာပဲလေ "

သူ့စကားကြောင့် ရိပေါ်က ခေါင်းမြှီးခြုံထားရာကနေ ထထိုင်လာကာ သူ့ကိုအကြည့်စူးစူးတွေနဲ့ စိုက်ကြည့်လာတာကြောင့် ကျောတောင်ချမ်းလာသလိုပင် ။

" ကျန့်ကော ခင်ဗျားတကယ်ကိုပဲနားမလည်နိုင်ဘူးလား အမှန်တွေကိုကျိရန်က ပြောပြ ပြီးပြီလေ "

" ဒါပေမဲ့ "

" တော်တော့ ကျန့်ကော!! ဒီစကားဒီမှာတင်ရပ်တော့! "

"အင်း အင်းပါ "

ထိုသို့ပြောလိုက်တော့မှ ရိပေါ်ရဲ့ မျက်နှာကဝင်းပလာကာ အပြုံးခပ်ဖွဖွပြုံးလာသည် ။

" ဒါနဲ့ ကော ဒီညလသာတယ်နော် "

" အင်း ဘာဖြစ်လို့လဲ "

" မအိပ်ချင်သေးဘူး လသာဆောင်မှာ သွားထိုင်ရအောင် ကော "

" အင်း "

ရိပေါ်အခန်းကလသာဆောင်က အတော်ပင်ကျယ်ဝန်းကာ အစိမ်းရောင်နဲ့အနီရောင်ကို ရိပေါ် အခန်းထဲကအတိုင်းပင် ရောယှက်ကာ ဆေးခြယ်ထားသည် ။

နူးညံ့လှသော ကတ္တီပါ အနီရောင် အခင်းကိုလည်း ကြမ်းပြင်တစ်လျှောက်တွင် ခင်းကျင်းထားသည် ။

ဘဲဥပုံသဏ္ဍာန် ဒါန်းလေးကိုလည်း ထောင့်ကျကျနေရာတွင် နေရာချထားကာ ဆိုဖာ နှင့် ကုတင်များကိုပါ သပ်သပ်ရပ်ရပ် နေရာချထားတာမို့ လသာဆောင်လား အိပ်ခန်းလားတောင်မသဲကွဲတော့ ။

" ရိပေါ် ဒီနေရာက ဘာလို့ကုတင်တွေပါရှိနေတာလဲ "

" ကျွန်တော်ကညဘက်ဆိုအိပ်မပျော်တတ်ဘူးလေ
အိပ်ဆေးသောက်ပြီး ဒီနေရာမှာအိပ်မှ အိပ်ပျော်တတ်တာ အကျင့်တောင်ဖြစ်နေပြီ ကျန့်ကောမရောက်လာခင်အထိပေါ့ "

" အာ အင်း "

" လာ ကောဒီမှာလာအိပ် "

လသာဆောင်လက်တန်းရဲ့ ထောင့်မှာ နေရာချထားတဲ့ ကုတင်ပေါ်မှာ လှဲအိပ်နေတဲ့ ရိပေါ်က နေရာတိုင်းကို ထိကြည့်ကာ စပ်စုနေတဲ့ ရှောင်းကျန့်ကို သူ့လက်တစ်ဖက်ကို ပုတ်ပြရင်း ခေါ်တော့ ရှောင်းကျန့်ကကုတင်ပေါ်တက်လာကာ ရိပေါ်ရဲ့ လက်တစ်ဖက်ကို ခေါင်းအုံးရင်း မေးခွန်းထုတ်ဖို့ပြင်တယ် ။

" ရိပေါ် ရိပေါ် "

" အင်း ကျန့်ကော "

" ငါ့ကိုမင်းရဲ့ငယ်ဘဝအကြောင်းရယ် မင်းဘာလို့ဒီလောက်ထိချမ်းသာလာတာလဲ ငါ့ကိုပြောပြပါလား "

" ကျွန်တော်ပြောပြလည်း ကျန့်ကောဘာထူးသွားမှာလဲ မသိချင်စမ်းပါနဲ့ ကောရာ "

" ရိပေါ် မင်းကလေ ငါ့ကိုဆိုလူရာမဝင်တဲ့သူအတိုင်းပဲ ငါကဘာမှသိခွင့်မရှိဘူးလား "

" မဟုတ်ဘူးလေ ကော "

" တော်ပြီ မင်းမပြောချင်လည်းနေ "

နှုတ်ခမ်းစူကာ ဟိုဘက်ကိုလှည့် သွားတဲ့သူကြောင့် စိတ်ဆိုးသွားပြီမှန်း ရိပေါ်သိလိုက်သည် ။

" ကော ကျွန်တော်ကမပြောပြချင်လို့ မဟုတ်ပါဘူး "

" ပြောပြချင်ရင်မင်းပါးစပ်ကနေ ဒီလိုစကားထွက်လာပါ့မလား "

" ပြောပြမယ် ပြောပြမယ် ! ဟုတ်ပြီလား စိတ်ကောက်မနေနဲ့တော့ "

" ဘယ်သူကစိတ်ကောက်နေလို့လဲ ကလေးဆန်လိုက်တာ "

" အဲ့တာဆို ဘာလို့နှုတ်ခမ်းကစူပွပွဖြစ်နေတာလဲ "

" ဘယ်မှာဖြစ်လို့လဲ ငါ့နှုတ်ခမ်းကအရင်အတိုင်းပဲ "

" ဟုတ်လား အဲ့တာဆိုသက်သေပြလေ "

" ဘယ်လိုသက်သေ... အွန်း ပြွတ်စ် "

သူနမ်းလိုက်လို့ရှက်သွားတဲ့ ကောရဲ့ မျက်နှာနီနီလေးက ရိပေါ်ရဲ့စိတ်ကိုဆွပေးနေသလိုပဲ ။

အခုချိန် သူလုပ်လိုက်ရင် သေချာတယ် ကောအကြီးအကျယ် စိတ်ဆိုးတော့မှာ ။
ဖြည်းဖြည်းပေါ့ သည်းခံ ရိပေါ်...
ခဏနေရှင်းပြပြီးမှ ရွှေယုန် ကြီးကို ဒီကရွှေခင်္သြေ့ကြီးက တဂျွပ်ဂျွပ် မြည်အောင် ကိုက်စားပြမယ် ။

" ရိပေါ် အဲ့တာဆိုငါ့ကိုပြောပြ တစ်ခုခုဖုံးကွယ်ထားတာတို့ ထိန်ချန်ထားတာတို့ဆို မင်းသေပြီမှတ် "

" ကောသာ ခံနိုင်ရည်ရှိအောင်ပြင်ထားပါ "

" ဟမ် ဘာကို "

ရိပေါ်ရဲ့ နှုတ်ခမ်းတခြမ်းရွဲ့ အပြုံးကိုမြင်လိုက်ပြီးနောက်မှာ ရှောင်းကျန့်ကရိပ်မိသွားကာ သူ့ရဲ့ ရင်ဘတ်ကို ငြင်သာစွာပဲ တအုံးအုံးမြည်အောင် ထုလေသည် ။

" အား!! ကျန့်ကော ကျွန်တော့် အဆုတ်တွေကွာပြီလား မသိဘူး "

" တော် ပါးစပ်ပိတ်! ငါ့ကိုပြောတော့အခု "

" ကောကျွန်တော်ကလေ ငယ်ငယ်ကတည်းကတစ်ယောက်တည်းနေခဲ့ရတာ "

" ဟင် ဘယ်လို "

" ကျွန်တော့်မိဘတွေက ကျွန်တော့်အသက် ၁၃နှစ်ကတည်းက
ဒီအိမ်ကြီးထဲမှာတစ်ယောက်ထဲထားခဲ့တာ "

" အဲ့တာဆို မင်းရဲ့မိဘတွေက "

" ကျွန်တော့်အဖေက မူးယစ်ဆေးဝါးဂိုဏ်းရဲ့ခေါင်းဆောင် အမေကတော့ အဖေ့ရဲ့လက်အောက်မှာအလုပ်ဝင်ရင်းကနေတဖြည်းဖြည်းနီးစပ်လာပြီးလက်ထပ်ခဲ့တယ်ဆိုပါတော့ "

" ၁၃နှစ်ပဲရှိသေးတဲ့ကလေးတစ်ယောက်ကို တစ်ယောက်ထဲထားခဲ့တယ်ဆိုတာက ရက်စက်လွန်းရာမကျဘူးလား "

" ကောသိလား ကျွန်တော့်တို့မျိုးရိုးမှာ ဓလေ့တစ်ခုရှိတယ် အဲ့တာက ဝမ်မျိုးရိုးမှာသားယောက်ျားလေးပဲမွေးဖွားခွင့်ရှိတယ် ။ သမီးမိန်းကလေးဆိုမွေးပြီးပြီးချင်းပဲသတ်ပြစ်ရတယ် ။ အဲ့ဒီသားယောက်ျားလေး အသက်၁၃နှစ်ရောက်တိုင်း မိဘတွေကကိုယ့်သားသမီးကို စည်းစိမ်တွေနဲ့
လုပ်ငန်းတစ်ချို့ တစ်ဝက်ကိုလွှဲပြောင်းသင်ယူခိုင်းရတယ် ။ ပြီးတာနဲ့ မိဘတွေက သားယောက်ျားလေးနဲ့ အတူနေခွင့်မရှိတော့ဘူး စွန့်ခွာသွားရတယ် ။ "

" ဟင် ဘာလို့အဲ့လို...."

" ကျိန်စာသင့်နေတာ "

" ဟမ် "

" အကြောင်းအရင်းတိတိကျကျမသိပေမဲ့ တရုတ် နိုင်ငံရဲ့ နောက်ဆုံးဘုရင်လက်ထက်တုန်းက အမျိုးသမီးတစ်ယောက်ဝမ်အိမ်တော်ကို ကျိန်ဆိုသွားခဲ့တာ ။

ဒီဓလေ့ကိုချိုးဖောက်တဲ့ ဝမ်အိမ်တော်ကလူတိုင်းက တစ်သက်လုံးဝေဒနာတစ်ခုကိုအပြင်းအထန်ခံစားရမယ် ပြီးရင်သေမယ် ။

ကျွန်တော်အသက်၁၀နှစ်တုန်းက ကျွန်တော့်မိဘတွေက ကျွန်တော့်ကိုမထားခဲ့ရက်လို့ နည်းလမ်းအမျိုးမျိုးရှာပြီး ဒီကျိန်စာကို ဖြေဖျောက်ဖို့ကြိုးစား ခဲ့သေးတယ် ။

ဒါပေမဲ့ အချည်းနှီးပဲဖြစ်ခဲ့တယ် ။

ကျွန်တော့်ရဲ့ အမွှာအမဆို မွေးပြီးပြီးချင်း ဘာအကြောင်းမှ ရှာမရပဲဆုံးပါးသွားတယ် ။

ကျွန်တော့်မိဘတွေနဲ့ တစ်လတစ်ခါအဆက်အသွယ်လုပ်ပေမဲ့ ကျွန်တော့်အသက်၁၃နှစ်ကတည်းက အပြင်မှာ တစ်ခါမှမတွေ့ရတော့ဘူး ။

အဲ့အချိန်တုန်းက ကျွန်တော်အရမ်းအားငယ်ခဲ့ရတယ် ။

ဒီလိုအိမ်ကြီးထဲမှာ ကျွန်တော် တစ်ယောက်တည်း ။

အိမ်တော်ထိန်း တွေရှိပေမဲ့ တစ်ယောက်တည်းဆိုတဲ့ အထီးကျန် ရတဲ့ ခံစားချက်ကြီးက မပြောပြတတ်လောက်အောင် နာကျင်ရတယ် ။

ကောကကျွန်တော့်ရဲ့ အချစ်ဦး ။ ကောကျွန်တော့်ဘဝထဲကို ဝင်လာတဲ့အချိန်တိုင်းနွေးထွေးရတယ် ပျော်ရတယ် ။

အချိန်တိုင်း ပြုံးနေတဲ့ ကောရဲ့မျက်နှာလေး ကိုကျွန်တော်ဘယ်လိုမှမေ့လို့မရခဲ့ဘူး ။

ကောထားသွားတဲ့ အချိန်တုန်းက ကျွန်တော်ရူးမတတ်ကို ခံစားခဲ့ရတာ ။

အမျိုးမျိုး သတ်သေဖို့ကြိုးစားခဲ့ဖူးတယ် ။

ဒါပေမဲ့ အဲ့ဒီအတွေးတွေအစား ကျွန်တော်ပိုသန်မာလာရင် ကောကျွန်တော့်အနားပြန်ခေါ်လာနိုင်မယ်ဆိုတဲ့ အတွေးတွေနဲ့ ပါးထားခဲ့တဲ့ မှောင်ခိုဈေးကွက်တွေကို ကျွန်တော့်ကိုသင်ပေးထားခဲ့တဲ့ အတိုင်းဦးစီးနိုင်အောင်လုပ်တယ် ။

ကျွန်တော့် နေ့မအိပ်ညမအိပ်ကြိုးစားခဲ့တာ ။
ကျောင်းလည်းဆက်မတက်နိုင်တော့ဘူး ။

ကောသာကျွန်တော့်အနားမှာမရှိရင် ရူးသွားနိုင်တဲ့ဆိုတဲ့အတွေးတစ်ခုထဲရှိတော့လို့ မရမကလိုက်ရှာပြီး အပိုင်သိမ်းခဲ့တာ ။

ကျွန်တော့်မေတ္တာတွေကရောင်ပြန်ဟပ်ပါတယ် ။ ကျွန်တော် ကြိုးစားခဲ့သမျှက ကောအတွက်ကြောင့် ။ "

" ...... "

ရိပေါ်ရဲ့လက်မောင်းတစ်ဖက်က စိုစိစိ ဖြစ်လာတာကြောင့် ကြည့်လိုက်တော့ သူ့လက်မောင်းပေါ်မှာ မှီအိပ်ရင်း မျက်ရည်တွေစီးကျနေတဲ့ ကျန့်ကော ။

တကယ်ကိုပါပဲ ... ကောကအပြင်ပိုင်း ကြည့်ရင်သာ သန်မာသလိုလိုနဲ့ စိတ်ပျော့ လွယ်သလို အငိုလည်းသန်တဲ့ ကလေးတစ်ယောက်လိုပဲ ။

" ကျန့်ကောရာ ဒါကငိုစရာမှမဟုတ်တာ "

ထို့နောက် သူ့ကိုဖက်တွယ်လာတဲ့ ကျန့်ကောရဲ့ လက်တွေကိုပြန်လည် ဖက်တွယ်ကာ နဖူးလေးကို ခပ်ဖွဖွနမ်းတော့ အငိုသန်တဲ့ ကောက သူ့ကိုပိုတိုးလို့ဖက်ကာ မျက်ရည်တွေတသွင်သွင်စီးကျနေလေသည် ။

" အဟင့် မင်းက..ငါ့ကိုတွေ့ဖို့ ဒီလိုကြိုးစားနေခဲ့တာတောင် မသိပဲနဲ့ ငါတော်တော်ဆိုးခဲ့တာပဲနော် အဟင့် ရွှတ် "

" အဆိုးဘက်ကချည်းပဲ မတွေးရဘူးလေ ကောရဲ့ တကယ်ဆို ဒါတွေအားလုံးကကောအမှားကြောင့်မှမဟုတ်တာ "

" ...... "

" ကောကဆိုးခဲ့တာကို ဝန်ခံမှတော့ ကျွန်တော်ကကောကို အပြစ်ပေးရမှာပေါ့ "

" ဟင် ဘာအပြစ်လဲ "

ရိပေါ်က ရှောင်းကျန့်ရဲ့ခေါင်းအောက်ကလက်မောင်းကို ဆွဲထုတ်ကာ အပေါ်ကနေ အုပ်မိုးလိုက်တော့ သဘောပေါက်သွားတဲ့ပုံပေါ်ကာ
သူ့ရင်ဘတ်တွေကို လက်ကလေးတွေနဲ့တွန်းလာသည် ။

ရှောင်းကျန့်ရဲ့ပါးနှစ်ဖက်ကို အုပ်ကိုင်ကာ အနမ်းတွေပေးမိတော့ ရိပေါ်ရဲ့လည်ပင်းကို လက်ကလေးတွေနဲ့ဖက်တွယ်ကာ အနမ်းတွေကိုပြန်တုံ့ပြန်လာသည် ။

" ရိပေါ် အင်း .. ခဏ အွန်း အာ့ ဒီနေရာကြီးမှာ "

" အင်း အတွေ့အကြုံအသစ်ရတာပေါ့ ပြွတ်စ် "

သူတကယ်စိတ်မရှည်တော့ဘူး ။
ရူးလောက်အောင် ကျန့်ကောကို လိုချင်နေပြီ ။

စိတ်မရှည်ဟန်ဖြင့် ကျန့်ကောရဲ့အကျၤီတွေနဲ့ သူ့အင်္ကျီတွေကို အလျင်အမြန်ဆွဲချွတ်တော့ ကောဆီကရယ်သံသဲ့သဲ့ထွက်လာသည် ။

" ဘာတွေသဘောကျနေတာလဲ ပြွတ်စ် ခဏနေအဲ့လိုရယ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့ ပြွတ်စ် "

ခဏခဏနမ်းနေတဲ့ သူ့ကိုကောကစိတ်မရှည်တော့ဟန်ဖြင့် မျက်ခုံးနှစ်ခုတွန့်ချိုးကာ နှုတ်ခမ်းကစူပွပွဖြစ်လာလေသည် ။

" အဲ့လိုမနေနဲ့လေ ပြွတ်စ် "

" အား ရိပေါ် ဘယ်လိုဖြစ်နေတာလဲ အူယားတယ် လုပ်မှာဖြင့်မြန်မြန်လုပ် "

" ကောကကျွန်တော့်ကိုအရမ်းလိုချင်နေပြီပေါ့ ပြွတ်စ် "

" ရိပေါ်!!! မနမ်းနဲ့တော့ "

ခေါင်းကို ဘယ်ညာအတင်းလှည့်ကာ သူ့အနမ်းတွေကို ရှောင်နေတဲ့ ရှောင်းကျန့်ကို ရိပေါ်ပိုပြီးအသည်းယားလာကာ ကောရှောင်တဲ့နေရာတိုင်းမျက်နှာအုပ်မိုးကာ
အတင်းလိုက်နမ်းနေသည် ။

" အား!!! ရိပေါ် ပြန် ပြန်ထုတ် အွန်း"

" ဘာလို့ပြန်ထုတ်ခိုင်းနေတာလဲ
အခုမှစမှာလေ "

" မသိဘူး အာ့ အရမ်းနာတယ် "

" စိတ်ကိုလျှော့ထားလေ ကောရဲ့ ကောအတွင်းသားတွေကကျွန်တော့်ဟာကိုအရမ်းညှစ်ထားတယ် "

" မင်းကဘာလို့ လက်အရင်မထည့်တာလဲ အား!! အာ့ သေပါပြီ အရမ်းထည့်ရသလား "

" အဲ့လိုမထည့်ရင် ဒီတစ်သက်ဝင်မှာမဟုတ်တော့ဘူး "

" အာ့ အ ဖြည်းဖြည်း ဖြည်းဖြည်း အရမ်းကြီးမလုပ် အာ့ အွန်း "

ရိပေါ်နဲ့ရှောင်းကျန့်ကို ထမ်းထားတဲ့ကုတင်ကြီးမှာတော့ တလှုပ်လှုပ်နဲ့ ရှေ့နောက်ရွေ့လျားလို့ ။

အသက်ရှူရခက်တဲ့အထိ အနမ်းခံနေရတဲ့ ရှောင်းကျန့်မှာတော့ အောက်ပိုင်းကပူလောင်မှုရယ် နှုတ်ခမ်းသားတွေနဲ့လျှာတွေရဲ့ထုံကျင်မှုတွေကြောင့် အားတောင်မရှိတော့ပေ ။

သူ့လျှာကိုစုပ်ယူနေတဲ့ ရိပေါ်ရဲ့လျှာကို ခပ်ဆဆ ကိုက်ချလိုက်တော့မှ နှုတ်ခမ်းသားတွေကိုလွှတ်ပေးလေသည် ။

" ရိ အ့ ပေါ် မင်း အာ့ နည်းနည်းလောက် အင့် အရှိန်လျော့ဦး ဟင်း... "

" ကော မြင်းစီးမလား "

" ဟင့်အင်း မစီး.."

သူ့မှာစကားတောင်ဆုံးအောင်ပြောခွင့်မရလိုက် ရိပေါ်က သူ့ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ကာ ရှောင်းကျန့်ကို အပေါ်မှာထားကာ ထိုးသွင်းလေသည် ။

" ရိပေါ် အာ့ အရှိန်လျှော့ဦး အာ့ဟ "

" ကောအပေါ်ကနေလုပ်ပေးလေ "

" ငါ.... "

" အင်း အဲ့တာဆိုလည်း "

" အား! ခဏ ခဏ ငါ့ဘာငါလုပ်မယ် "

" အင်း "

" အာ့ ရှီးး အွန်း အား ကိုယ့်ဘာသာကိုယ်လုပ်မယ်လို့!! "

" အားးဟူးး
ကောကဖြည်းဖြည်းချင်းပဲလုပ်နေတာလေ ကျွန်တော်မှအားမရတာ "

" အဲ့တာဆိုမလုပ်တော့ဘူး "

" အာ စတာစတာ ဆက်လုပ်လို့! "

ရှောင်းကျန့်အတော်စိတ်ညစ်နေပြီ !!
အချိန်တွေလည်းအတော်ကြာနေပြီ ။ အပေါ်ကနေဆောင့်ပေးရလွန်းလို့ ဒူးတွေနာပြီး ဟိုနေရာကလည်းကျိန်းစပ်နေတာတောင် ရိပေါ်ကမပြီးသေး ။

" ရိပေါ် မင်းမပြီးသေးဘူးလား!! "

" ကျွန်တော်မှမပြီးချင်သေးတာ "

" ငါညောင်းလာပြီ! "

" အဲ့တာဆိုဒီအတိုင်းနေပေး "

" မနေချင်ဘူး ဒီအတိုင်းကြီး "

" အင်း အဲ့တာဆိုလည်း မတတ်နိုင်ဘူးလေ "

" အားး!!! ဝမ်ရိပေါ် လူစိတ်မရှိတဲ့ကောင်!! သူမခံရတိုင်း အားး နာတယ်လို့ !! "

" ဟူး ကျန့်ကောရာ ကောင်းလိုက်တာ! ပြည့်ကျပ်နေတာပဲ အားးရှီးးး ဘယ်လောက်လုပ်လုပ်မဝဘူး "

" အာ့ အဲ့နား အဲ့နား အင်း မြန်မြန်လေး "

" အားးကောကျွန်တော်ပြီးတော့မယ်!! "

" အင်း မြန်မြန်လေးလုပ်ပေး! "

" အင်း ကျန့်ကော အတူတူပြီးရအောင် "

" အာ့ အွန်း အင်း "

အချက်၃၀လောက်ထပ်ဆောင့်အပြီးမှာ ရိပေါ်ရဲ့မျိုးစေ့တွေကို ကျန့်ကောခန္ဓာကိုယ်ထဲမှာပဲထုတ်လိုက်တာကြောင့်တုန်တက်သွားတဲ့ခန္ဓာကိုယ်လေးနဲ့အတူ ရှောင်းကျန့်ရဲ့ မျိုးစေ့လေးတွေကလည်း ရိပေါ်ရဲ့ ဗိုက်သားတစ်လျှောက် ဖြန့်ကျက်ကုန်သည် ။

" ကောကကျွန်တော့်ပေါ်ကိုအများကြီး ထုတ်လိုက်တာပဲ "

" အာ!! မပြောနဲ့ ! "

" ဘာလို့လဲ ရှက်လို့လား "

" အင်း "

မျက်နှာလေးကိုလက်နဲ့အုပ်ကာ ရှက်နေတဲ့ကောရဲ့ပုံစံကတကယ့်ချစ်စရာလေး !!
ကောရဲ့ခါးကိုထိန်းကိုင်ကာ သူ့ပေါ်ကိုထိုင်ခိုင်းတော့ လည်ပင်းကိုဖက်တွယ်ပြီး မျက်နှာလေးပါလည်ပင်းမှာဖွက်ထားလေသည် ။

" ကျန့်ကော ဘာဖြစ်လို့ရှက်နေတာလဲ "

" ဘယ်သူကရှက်လို့လဲ!! "

" အဲ့တာဆိုဘာလို့..."

" တော်ပြီ ထပ်မပြောနဲ့!!
မင်းငါ့ကိုထပ်လုပ်ခိုင်းဦးမလို့လား "

" မဟုတ်ပါဘူး ဒီတိုင်းပဲနေပြီး ကောင်းကင်ကိုအတူတူကြည့်ပြီးစကားတွေပြောရအောင်ကော "

" အင်း အရင်ဆုံးမင်းဟာထုတ်ပေးဦး "

" ဘယ်ဟာ "

" မသိချင်ယောင်ဆောင်မနေနဲ့ ငါနာလာပြီ "

" အင်းပါ တစ်ခါလောက်ပဲ "

" ဘာ တစ်ခါ!! ဝမ်ရိပေါ်!!!!!! "

ထိုညကတော့ ရှောင်းကျန့်တစ်ယောက် မအိပ်ရမှာ သေချာပါသည် ။
ထိုညတွင်မက နေ့တိုင်းလိုလို မနက်တိုင်း ခါးနာနေတတ်သော ရှောင်းကျန့်ကို တရုတ်နိုင်ငံ ဝမ်ရိပေါ် အိမ်တွင်တွေ့မြင်ရပါလိမ့်မည် ။

********

" ရိ ရိပေါ် ဒါမြေအောက်ခန်းလား "

" အင်းလေ ကောကိုပြစရာရှိလို့ "

နေ့တိုင်းလိုလို ဝမ်ရိပေါ်ရဲ့
အိမ်ကြီးထဲတွင်သာ နေထိုင်ရသော ရှောင်းကျန့် အဖို့ အပြင်ထွက်ရသည်မှာ အလွန်ရှားသည် ။

အပြင်သွားတိုင်းလည်း ရိပေါ် ကအမြဲပါနေတတ်သည်မို့ ရှောင်းကျန့်
သွားချင်တဲ့နေရာတိုင်းလွတ်လွတ်လပ်လပ်သွားလို့မရပေ ။

အိမ်မှာနေတိုင်းလည်း ရိပေါ်ဌားထားတဲ့ ကိုယ်ရံတော်နှစ်ယောက်က အမြဲသူ့နောက်လိုက်နေသည်မို့ ကျယ်ဝန်းလှတဲ့အိမ်ကြီးရဲ့ အခန်းတိုင်းတောင်စုံအောင်မရောက်ဖူးတဲ့ ရှောင်းကျန့်အဖို့ ဒီအိမ်ကြီးမှာ
မြေအောက်ခန်းရှိမှန်းတောင်မသိပေ ။

မှိတ်လိုက်ဖွင့်လိုက်ဖြစ်နေတဲ့ ဝါကျင့်ကျင့် မီးရောင်အောက်က မြေအောက်ခန်းကြီးက အကျဉ်းထောင်လိုမျိုးအခန်းတွေအများကြီးရှိကာ
သွေးညှီနံ့လိုမျိုးအနံ့တွေပါရနေတာမို့ ရှောင်းကျန့်အဖို့ကျောချမ်းစရာပင်ဖြစ်လို့နေသည် ။

" ရိ ရိပေါ် ဒီနေရာကတစ်မျိုးကြီးပဲ "

" ဘာဖြစ်လို့လဲကျန့်ကော
ဒီနေရာကကြောက်စရာကောင်းနေလို့လား "

" အင်း အကျဉ်းထောင်လိုနေရာကြီး "

" ကျွန်တော့်ကိုယုံပြီး လိုက်ခဲ့ပါ ကောတွေ့ချင်တဲ့သူကိုတွေ့ရလိမ့်မယ် "

" ဟင် ဘယ်သူ "

" ရှူးတိတ်တိတ်နေ ဟိုရောက်ရင်သိလိမ့်မယ် "

" အာ...အင်း "

အခန်းတွေအများကြီးကို ဖြတ်လျှောက်ပြီးနောက်မှာထောင့်ဆုံးကျတဲ့ အခန်းတစ်ခန်းထဲကို ရိပေါ်ကရှောင်းကျန့်လက်ကိုဆုပ်ကိုင်ကာ ဝင်လိုက်တာမို့ ထိုအခန်းထဲကိုကြည့်လိုက်တော့...

" ဟင် မယ်ရီ!!!! "

ရှောင်းကျန့်ဘေးမှာရှိနေကျ ကိုယ်ရံတော်နှစ်ယောက်ကမယ်ရီ့ဘေးမှာရပ်နေကာ ခုံပေါ်မှာကြိုးတုပ်ခံထားရတဲ့မယ်ရီကတော့သွေားအလိမ်းလိမ်းနဲ့သတိမေ့နေဟန်တူတာမို့ ရိပေါ်ကိုကြည့်လိုက်တော့ ရိပေါ်ကသူ့ကိုပြန်စိုက်ကြည့်နေကာ...

" ကျန့်ကောပဲသူ့ကိုတွေ့ချင်တယ်ဆိုလို့ကျွန်တော်ခေါ်လာပေးတာလေ "

" မင်းသူ့ကိုဘာလုပ်လိုက်တာလဲ "

" ကျန့်ကောကျွန်တော့်ကိုအဲ့လိုမကြည့်နဲ့
ကျွန်တော်သူ့ကိုဘာမှမလုပ်ဘူး သူကဒီခြံနားမှာရစ်သီရစ်သီနဲ့နေ့တိုင်းလာနေလို့ ကျွန်တော့်တပည့်တွေကပညာပြလိုက်ရုံပဲ "

" ဒါပေမဲ့သူကမိန်းကလေးလေ! မိန်းကလေးတစ်ယောက်ကိုဒီလိုရိုက်နှက်တယ်ဆိုတာ ယောက်ျားကောင်းတစ်ယောက်ရဲ့လုပ်ရပ်မဟုတ်ဘူး!! သူ့ကိုမင်းဘာလို့ဒီအထိဖမ်းခေါ်လာခဲ့တာလဲ "

" ဟက် ... ဒီလိုဘာမဟုတ်တဲ့မိန်းမအတွက်နဲ့ ကျန့်ကောကျွန်တော့်ကိုဒီလိုပြောထွက်တယ်!!!
ကောင်းပြီလေ ... သူ့ကိုပြန်လွှတ်ပေးလိုက်မယ်
အဲ့ဒီအစားသူကျွန်တော်တို့ကိုလုပ်ခဲ့သလိုမျိုး သူပြန်ခံစားရမယ် "

" ရိပေါ် ပြီးခဲ့တာတွေကပြီးပြီလေ မယ်ရီ့ကိုဒီတိုင်းလွှတ်ပေးလိုက်လို့မရဘူးလား "

" အင်းပါ ကျန့်ကောသဘောပဲ လာ...အပေါ်ပြန်တက်ကြမယ် "

ရိပေါ်တုံ့ပြန်တဲ့စကားက တခြားသူသာဆိုစိတ်ပေါ့သွားစေမှာမှန်ပေမဲ့ ရှောင်းကျန့်မှာတော့ဘာကြောင့်မှန်းမသိ စိတ်တွေပိုလေးလာသလိုပင် ။
သူ့စိတ်ကထင်နေတာပဲဖြစ်မှာပါလေ ... ။

********

" ဝှါးး ပျင်းလိုက်တာ "

ဒီနေ့မနက်ကတည်းက ရိပေါ်ကအပြင်ထွက်သွားတာမို့ အိမ်မှာရှောင်းကျန့်တစ်ယောက်တည်းကျန်နေခဲ့သည် ။

အဲ...မှားလို့ ထုံးစံအတိုင်း အခန်းတံခါးရှေ့ကြီးမှာရပ်စောင့်နေမဲ့ကိုယ်ရံတော်နှစ်ယောက်ရယ် အိမ်ဖော်တွေလည်းရှိသေးတာပဲ ။

အင်း ... ဒါကလည်းကိုယ့်ကိစ္စမဟုတ်ပါဘူးလေ။

" အားး ပျင်းလိုက်တာ ပျင်းတယ် ပျင်းတယ် ဘာမှလည်းလုပ်စရာမရှိဘူး ကြည့်စရာကလည်းဖုန်းပဲရှိတယ် အာ...ဟုတ်သား တီဗီရှိသေးတာပဲ "

အောက်ထပ်ကိုဆင်းလာရင်းဆိုဗာပေါ်မှာထိုင်ကာ တီဗီကြည့်နေရင်းကနေ
* အထူးသတင်း * ဆိုကာ ကြားဖြတ်သတင်းဝင်လာတာမို့
နားထောင်မိတော့...

* မနေ့ကညသန်းခေါင်အချိန်တွင်
ရှန်ဟိုင်း မြို့အစွန်ဘက်တစ်နေရာမှာ
The Whole Best Production ကုမ္ပဏီမှတစ်ဦးတည်းသော သမီးဖြစ်သူ ဟန်မေရီမှာ သူမောင်းလာသောကားစက်ချို့ယွင်းမှုကြောင်
့ချောက်ထဲသို့ပြုတ်ကျကာ ထိုနေရာမှာတင်ပွဲချင်းပြီးသေဆုံးသွားကြောင်း အထူးသတင်းတစ်ရပ်
အနေဖြင့်ကြေညာအပ်ပါတယ်ရှင် *

( ဟုန့် သတင်းကြေညာသူကကျမပါ😌 )

" ဟင် ! မယ် မယ်ရီကဆုံးသွားပြီ ဝမ်ရိပေါ်! "

တုန်ယင်နေသောလက်များဖြင့် ဘောင်းဘီအိပ်ကပ်ထဲမှဖုန်းကိုထုတ်ကာ ဝမ်ရိပေါ်ဆီဆက်လိုက်တော့ ချက်ချင်းပင်ဟိုဘက်မှဖုန်းကပြန်ဖြေလာသည် ။

" ရိ ရိပေါ် မင်း မင်း!! "

" ဟင် ကျန့်ကော ဘာဖြစ်နေတာလဲ! နေမကောင်းဘူးလား "

" မယ် မယ်ရီဆုံးသွားပြီတဲ့ မင်းလုပ်တာတော့မဟုတ်ဘူးမလား "

ရှောင်းကျန့်စကားအဆုံး ရိပေါ်ထံမှခြောက်ကပ်ကပ်ရယ်သံတစ်ချို့နှင့်ပြန်လည်တုံ့ပြန်လာသည် ။

" အဟက် ဟက် ကျွန်တော်ကကျန့်ကောဘာများဖြစ်နေတာလဲလို့စိတ်ပူသွားတာပဲဗျာ ဒီလိုအရေးမပါတဲ့ကိစ္စကို ကျွန်တော်ကဘာလို့လုပ်ရမှာလဲ သူ့အကုသိုလ်သူအကျိုးပေးသွားတာပဲလေ ကောကသူ့အတွက်စိတ်ပူနေတာလား ဘာလဲ ကျန့်ကော သူ့အပေါ်စိတ်မကုန်သေးဘူးလား "

" မဟုတ်ဘူး! ကောကမင်းကိုလူသတ်သမားမဖြစ်စေချင်ယုံပဲ ကောကမင်းအငြိုးကြီးနေမှာကိုလဲမလိုလားဘူး မင်းအတွက်ပဲစိတ်ပူတာ တကယ်လို့ မင်းလုပ်ခဲ့တာဆို သူတို့ကမကျေနပ်လို့မင်းကိုလာပြီးလက်တုံ့ပြန်ရင် ဘယ်လိုလုပ်မလဲ အဟင့် ဟင့် "

" အာ...ကျန့်ကောရာ ကလေးလေးကျနေတာပဲ မငိုရဘူးလေ ဟန်မယ်ရီသေရတာကျွန်တော့်ကြောင့်မဟုတ်ဘူးလေ အဲ့ဒါကြောင့် ကျန့်ကောစိတ်ပူနေစရာမလိုပါဘူးဗျာ မငိုနဲ့ တိတ်တိတ် ကျန့်ကောယောက်ျားက ခင်္သြေ့ပါဗျ"

" ဘာယောက်ျားလဲ လက်ဖြင့်မထပ်ရသေးပဲနဲ့ "

" ကောကလက်ထပ်ချင်နေပြီလား အခုမထပ်လည်း နောက်တော့လက်ထပ်ရမှာပဲကို "

" မင်းကို ဘယ်သူကယူမယ်ပြောလို့လဲ ဟွန်း"

" ကျန့်ကောမယူလည်းကျွန်တော်ကပဲကျန့်ကောကိုအပိုင်သိမ်းမှာ...
အား အသည်းယားလာပြီကွာ အိမ်ပြန်ရောက်မှတဂျွပ်ဂျွပ်နဲ့ ဝါးစားတော့မယ် ယုန်ပေါက်ကို "

"ငါ ငါဖုန်းချလိုက်တော့မယ် ဒါပဲနော် "

" အမ် ခဏ ကျန့်ကော "

"ဟူးး ရှက်လိုက်တာ အာ မိန်းကလေးလည်းမဟုတ်ပါပဲ ငါဘာလို့အရှက်သည်းနေမိပါလိမ့် "

တဖက်မှရိပေါ်မှာတော့ ဆက်သွယ်မှုပြတ်တောက်သွားတဲ့ဖုန်းလေးကိုကြည့်ကာ မဲ့ပြုံးတစ်ချက်ကိုဆင်မြန်းလိုက်ရင်း…

" ဒီလိုရွံစရာကောင်းတဲ့မိန်းမကို ကျွန်တော့်လက်နဲ့ထိရမှာတောင်ရွံလို့ သူ့ကားဘီးနဲ့ဂီယာ ပျက်အောင်ကျွန်တော့်တပည့်တွေကိုဖျက်ခိုင်းလိုက်ရုံပါပဲ ဒါဆို ကျန့်ကောကိုပေးထားတဲ့ကတိလည်းတည်သွားတာပေါ့ ကျွန်တော်မှသူ့ကိုမသတ်ပဲလေ ဟက် "

                        **********

" ကျန့်ကော ကျွန်တော်တို့ခရီးထွက်ကြရအောင် "

"ဟမ် တကယ်လားဟင်ရိပေါ် "

ထမင်းစားပြီးလို့ဧည့်ခန်းမှာ ပျင်းရိပျင်းတွဲထိုင်ကာ ရိပေါ်ပခုံးပေါ်ခေါင်းမှီရင်း ဖုန်းသုံးနေတဲ့ ကျန့်ကောကရိပေါ်ရဲ့စကားကြောင့် မျက်လုံးလေးတွေတလက်လက်ဖြစ်သွားကာ ပျော်သွားတဲ့ပုံစံလေးကြောင့် ရိပေါ်ရင်ထဲနွေးထွေးသွားရသည် ။

" အင်း တကယ်ပေါ့ ကျန့်ကောဘယ်ကိုသွားချင်လဲ "

" Paris…Parisကိုသွားချင်တယ် ငါအရမ်းသွားချင်နေတာ အဲ့နိုင်ငံကို "

နှုတ်ခမ်းလေးကိုစူပြီးပြောနေတဲ့ပုံစံလေးက အသည်းယားစရာလေးမို့ မျက်နှာလေးကိုကိုင်ကာ နီရဲရဲ နှုတ်ခမ်းလေးကိုနမ်းမိတော့ ကျန့်ကောကရိပေါ်ကိုတွန်းကာ

" အွန်း ရိပေါ် ခဏလေး ကောပြစရာရှိတယ် အဲ့နိုင်ငံမှာလေ #$%& "

" အာ အင်း အင်း "

အတော်စကားများတဲ့ကျန့်ကောပဲ ။ ညနေတောင်စောင်းလို့သူတောင်အိပ်ချင်နေပြီ ကျန့်ကောကသူ့ကိုစကားပြောလို့ကောင်းတုန်း ။

" အင်းပါ ကောဖြစ်တာအားလုံးလုပ်ပေးမယ် အခုတော့ ကောနဲ့ "

" ဟာ ရိပေါ်မဖြစ်ဘူးနော် ဧည့်ခန်းကြီးမှာ "

" ကျွန်တော်ကဘာလုပ်မယ်ပြောလို့လဲ ကောကသာအတွေးတွေကမှောင်မိုက်နေတာ ကျွန်တော်ကကောနဲ့ကျွန်တော်အပေါ်ပြန်တက်ပြီး ရေသွားချိုးရအောင်လို့ပြောမလို့လေ "

" အော် အဲ့လိုလား "

" ကဲပါ ကောကပြောနေမှတော့မထူးတော့ပါဘူး ရေချိုးရမှာချင်းအတူတူ အိပ်ခန်းထဲမှာခန္ဓာကိုယ်လေးတွေကိုညစ်ပတ်အောင်အရင်လုပ်ကြတာပေါ့ "

ပြောပြီးတာနဲ့ရှောင်းကျန့်ကိုပွေ့ချီလိုက်တာကြောင့် ရှောင်းကျန့်ရင်တုန်သွားကာ

" ရိ ရိပေါ် မင်းပြောတော့ ညရောက်မှဆို "

" ခဏနေ ညရောက်တော့မှပဲကို မနက်ဖြန်ကျန့်ကောသွားချင်တဲ့Parisလိုက်ပို့ပေးမယ်လေ အပေးအယူပေါ့ "

" မနက်ဖြန်!! ဘယ်တုန်းကလေယာဉ်လက်မှတ်မှာလိုက်တာလဲ "

" အင်း ကျန့်ကောစကားများနေတဲ့အချိန်တုန်းကလေ "

" ဟင် မင်းငါပြောနေတာတွေနားမထောင် အွန်း လွှတ် မင်းလူမှဟုတ်ရဲ့လား!! အားး
ရိပေါ် အွန်းး "

ထင်တဲ့အတိုင်းပါပဲ ။ မနက်ဖြန်လည်းလေယာဉ်ပေါ်မှာခါးနာနေတဲ့ရှောင်းကျန့်ကိုရိပေါ်ကလိုက်ချော့နေတာကို မြင်တတ်မယ်ဆိုသင်တို့တွေ့ရပါလိမ့်မယ် ။

[ FAမတွေဆိုမြင်မှာလည်းမဟုတ်ပါဘူးလေ ။ ]

                        **********

Parisရောက်ရောက်ချင်းမနားပဲ ဟိုသွားမယ်ဒီသွားမယ်လုပ်နေတဲ့ကျန့်ကောကို ရိပေါ်မှာ နားချင်နေပေမဲ့လည်း လိုက်မပို့ရင်စိတ်ဆိုးမှာစိုးတာကြောင့် ကျန့်ကောသွားချင်တဲ့နေရာတွေကို မြေပုံကြည့်ကာလမ်းလျှောက်ရင်းနဲ့ပဲ လိုက်ပို့ရပြန်ပါတယ် ။

" ကျန့်ကော မအေးဘူးလား ကျွန်တော့် အနွေးထည်ထဲလက်ထည့်ထား "

ကျန့်ကောရိပေါ်ရဲ့အမေးကိုကြားဟန်မတူ Paris မြို့ရဲ့တွေ့သမျှနေရာတွေကို ငေးကြည့်နေတာကြောင့် ရိပေါ်ရဲ့စကားသံကကျန့်ကောရဲ့နားထဲဝင်မည့်ပုံမပေါ်သောကြောင့် ရိပေါ်ကပဲ တွဲထားတဲ့ကျန့်ကောလက်ကို အနွေးထည်လက်အိတ်ထဲထည့်ထားလိုက်သည် ။

" ဟမ် ရိပေါ် ဘာပြောလိုက်တာလဲ "

" ဘာမှမဟုတ်တော့ဘူး မျှော်စင်ပဲအရင်သွားမှာလား "

" အင်းလေ သွားနေပြီမဟုတ်ဘူးလား "

" အင်း ဟိုမှာလေ မြင်နေရပြီ "

" ဝိုး မိုက်လိုက်တာ ရိပေါ်ဓာတ်ပုံရိုက်ရအောင် "

ကျန့်ကောစိတ်တိုင်းကျဓာတ်ပုံအရိုက်ခံပြီးနောက်မှာတော့ မျှော်စင်နဲ့နီးတဲ့ဟိုတယ်မှာနေချင်တယ် ဆိုတဲ့ ကျန့်ကောစကားကြောင့်ဟိုတယ်တစ်ခုအမြန်ဌားပြီးပစ္စည်းတွေရွှေ့ဖို့အတွက်  ဒီနိုင်ငံမှာရှိတဲ့ ရိပေါ်ရဲ့တပည့်တပန်းတွေကို ဖုန်းဆက်ကာ လှမ်းခိုင်းရပြန်တယ် ။

" ရိပေါ် လှေစီးရအောင် "

ရောက်တတ်ရာရာလျှောက်သွားနေရင်း မြစ်ဆိပ်ကမ်းတစ်ခုပေါ်မှာ လှေငယ်လေးတွေနဲ့ မြို့တော်တစ်ဝိုက် လည်ပတ်နေကြတဲ့ဧည့်သည့်တွေကြောင့်ကျန့်ကောက စီးချင်နေပေမဲ့ ရိပေါ်ကတော့ လူများရင်စိတ်ရှုပ်တာကြောင့် သီးသန့်လှေတစ်စီးဌားကာ ကျန့်ကောကိုရင်ခွင်ထဲထွေးပိုက်ရင်း အတူတူအချိန်တွေကုန်ဆုံးနေကြသည် ။

ရှောင်းကျန့်နဲ့ရိပေါ်နေရာအစုံကိုလည်ပတ်ပြီးနော်ကမှာတော့ နေပင်အတော်စောင်းနေပြီဖြစ်သည် ။
အနည်းငယ်နွမ်းလျကာခရီးပန်းနေသော ကျန့်ကောရဲ့ပုံစံလေးကြောင့် ဟိုတယ်သာပြန်နားချင်နေပေမဲ့ မဖြစ်သေး ။

ကျန့်ကော မေ့နေတဲ့နေရာလေးတစ်ခုကို လိုက်ပို့ဖို့အစီအစဉ်ရှိသေးတာမို့ ကျန့်ကောလက်ကို ခပ်တင်းတင်းဆွဲကိုင်ကာ

" ကျန့်ကော ကျွန်တော်တို့တစ်နေရာထပ်သွားရအောင် "

" ဟမ် ဘယ်နေရာလဲ "

" ရောက်ရင်သိမှာပေါ့ကောရာ လာသွားကြမယ် "

ရိပေါ် ကျန့်ကောကိုခေါ်သွားချင်တဲ့နေရာလေးရောက်တော့ အနည်းငယ်မှောင်စပင်ပြုနေပြီဖြစ်သည် ။

" Wow!! ရိပေါ် ဒါ DisneyLandမလား သွားချင်တဲ့နေရာတွေများနေလို့ဒီနေရာလေးကိုမေ့နေတာ တကယ့်ကိုလှချက်ပဲ "





Disneylandရဲတိုက်ရဲ့အဝင်ဝနားမှာ နှင်းဆီနီနီတွေကြဲချထားကာ ဘေးနားမှာလည်း ပန်းတွေကိုဖြန့်ကျက်အလှဆင်ထားသည်မို့ ရှောင်းကျန့်တစ်ယောက်ပါးစပ်အဟောင်းသားဖြစ်နေသည် ။





မိုးချုပ်စပင်ပြုနေသည်မို့ ရိပေါ်ကရှောင်းကျန့်မသိအောင်စာပို့အချက်ပြလိုက်ကာ ရှောင်းကျန့်လက်ကိုတွဲရင်းပင် ရဲတိုက်ထဲရှိပန်းခင်းပေါ်တွင်ဒူးထောက်ချလိုက်ကာ

" ကျန့်ကော ကျွန်တော့်ကိုလက်ထပ်နိုင်မလား "

" ရိ ရိပေါ် "

ထိုအချိန်မှာပဲ ရဲတိုက်ရဲ့အနောက်ဘက်အခြမ်းမှ မီးရှူးမီးပန်းများလွှတ်တင်လိုက်သောကြောင့်
ကောင်းကင်တွင် အရောင်စုံမီးပန်းများ ဖြာထွက်ကာ Zhan Ge ❤ Di Di
Will You Marry Me  & Can You Be My Husband  ဟူသောစာသားများအသီးသီးပေါ်ထွက်လာသည်မို့ ရှောင်းကျန့်ရင်တွေတသိမ့်သိမ့်ခုန်ကာ မျက်ရည်တွေကျဆင်းလာရင်း ခေါင်းကိုသာတသွင်သွင်ညိမ့်မိတော့သည် ။

ရိပေါ်ကရှောင်းကျန့်လက်သူကြွယ်လေးတွင် လက်စွပ်စွပ်ပေးရင်း…

" ကျွန်တော်ကအရင်တုန်းကဆိုးခဲ့တဲ့သူဖြစ်ချင်ဖြစ်မယ်။
ကျန့်ကောအတွက်ကြောက်စရာကောင်းတဲ့လူဆိုးတစ်ယောက်လည်းဖြစ်ခဲ့ချင်ဖြစ်ခဲ့လိမ့်မယ် ။
ကျွန်တော်က လူအများအမြင်မှာ ကြောက်စရာကောင်းပြီး ရက်စက်တဲ့ ဒုစရိုက်သမားလည်းဖြစ်ချင်ဖြစ်လိမ့်မယ် ။
ဒါပေမဲ့ ဒါတွေအားလုံးကိုအခုကစပြီး
ကျွန်တော်စွန့်လွှတ်တယ် ။
ကျန့်ကော လိုချင်တဲ့ပုံစံ နေချင်တဲ့နေရာလေးမှာ
ကျွန်တော်ကလိုက်နေပေးပြီး ကျန့်ကောကိုပဲချစ်သွားတော့မှာမို့ ကျန့်ကောကကျွန်တော့်ဘေးမှာပဲသက်ဆုံးတိုင်ရှိနေပေးပါ ကျန့်ကောမရှိရင် ကျွန်တော့်ဘဝကသေလူတစ်ယောက်နဲ့ပဲတူသွားတော့မှာမို့လို့ "

" ရှိနေမှာ ကောကမင်းဘေးမှာ ကောသေသွားလည်းမင်းဘေးမှာဝိညာဉ်အဖြစ်နဲ့ဆက်ရှိနေမှာ "

" ဒါဆိုကတိ "

ငယ်ငယ်တုန်းကအတိုင်းလက်သန်းလေးထောင်ပြကာကတိတောင်းလာသည့် ရိပေါ်ကြောင့် ရှောင်းကျန့်ရယ်ကာ

" အင်း ကတိ "

" ဒီကတိတော့ဖျက်လို့မရတော့ဘူးနော် "

" သေတဲ့အထိမဖျက်ဘူး "

" ဒါဆိုနမ်းရအောင် "

" ဟင် လူတွေရှိတယ်လေ "

နှစ်ယောက်တစ်ကမ္ဘာထင်နေသာ သူတို့နှစ်ယောက်မှာ အခုမှပတ်ဝန်းကျင်ကိုသတိထားမိသည့်အလား။

ခရီးသွားများဖြစ်ကြဟန်တူသော
လူအုပ်ကြီးကရိပေါ်တို့အနားမှာဝိုင်းကာ လက်ခုပ်သြဘာတွေတီးပေးကြကာ တချို့တွေကလည်း ကင်မရာတွေနဲ့ဓာတ်ပုံတွေတဖြတ်ဖြတ်ရိုက်ကာ
မှတ်တမ်းတင်နေကြသည် ။

" ဂရုစိုက်မနေပါနဲ့ကောရာ Public Kissပေါ့ "

" မ မဖြစ် ရိပေါ် အွန်းးးး "

Wowwww!!!!!! ဖြောင်း ဖြောင်း ဖြောင်း

ဘေးနားကလူအုပ်ကြီးမှာ ပါးစပ်အဟောင်းသားနှင့်ပင် လက်ခုပ်တွေတီးကာ ထအော်နေကြသည်မို့ ရှောင်းကျန့်ရှက်ရှက်နှင့်ပင် ရိပေါ်ကိုတွန်းနေသော်လည်း ရိပေါ်ကအနမ်းတွေကို ပိုအရှိန်မြှင့်လိုက်ကာ ခါးကိုတင်းတင်းဖက်ရင်း နမ်းနေသည်မို့ ရှက်နေပေမဲ့လည်း ရိပေါ်ရဲ့အနမ်းတွေကိုပြန်လည်တုံ့ပြန်နေတော့သည် ။

အခုဆိုရင်ဖြင့် Paris မြို့ရဲ့ Disneyland ရဲတိုက်အရှေ့တွင် မီးရောင်စုံနဲ့အပြိုင် တောက်ပနေသော လူချောလေးနှစ်ယောက် တရှိုက်မတ်မတ် နမ်းနေကြသော မြင်ကွင်းဟာဖြင့် အလွန်ကိုလှပလွန်းသောကြောင့် တစ်သက်မှာတစ်ခါ ရှားပါးမြင်ကွင်းမို့ လက်လွှတ်မခံသင့်ပါကြောင်း ။

The End
ပြီးပါပြီ ။

Words = 1372
Date = 6 . 8 . 2020

အဆုံးထိဖတ်ပေးကြလို့အလွန့်အလွန်ကိုကျေးဇူးတင်မိပါတယ် ။ စာလုံးပေါင်းအမှားတွေပါနေတာပဲဖြစ်ဖြစ် အရေးအသားညံ့သွားရင်ဖြစ်ဖြစ် ခွင့်လွှတ်ကြပါ ။ အရင်ဇာတ်သိမ်းပိုင်းမကြိုက်လို့ အစကနေပြန်ပြင်ရေးရတာမလို့ လောနေလို့ပါ။
Extra တစ်ပိုင်းထပ်ရေးဦးမှာပါ။ မင်္ဂလာဆောင်ပြီးမင်ဂါဦးတဲ့ညချမ်းလေးပေါ့ ။
Bye Bye"

Continue Reading

You'll Also Like

24K 489 34
Bryan Clyde Damian (FIANCÉ SERIES 02) Will she still be able to love him for the many sins he has committed? Will the girl still stay by his side wh...
252K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
314K 6.9K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
246K 10.2K 20
Summary: Basically Louis is a goth and Harry is a punk, and we all know they are completely different (#sarcasm) goths like black and religion, punks...