BAD BOY
By Ah-Thunn
292K 24.1K 2.6K
ခပ်ဆိုးဆိုးကျောင်းသားကြီးနဲ့ ........ ဂိုက်‌ပေါက်စလေးတို့ရဲ့ ............ အတ္ထုပ္ပတိ ......... [Unicode] ခပျဆိ... More
BAD BOY - 1
Bad Boy - 2
Bad Boy - 3
Bad Boy - 4
Bad Boy - 5
Bad Boy - 6
Bad Boy - 7
Bad Boy - 8
Bad Boy - 9
Bad Boy -10
Bad Boy - 11
Bad Boy - 12
Bad Boy -13
Bad Boy -14
Bad Boy -15
Bad Boy -16
Bad Boy -17
Bad Boy -18
Bad Boy - 19
Bad Boy - 20
Bad Boy -21
Bad Boy - 22
Bad Boy - 23
ဖတ်ကြည့်ပေးကြပါလားဟင်
Bad boy -24
Bad Boy - 25
Bad boy -26
Bad Boy -27
Bad Boy -28
Bad Boy -30
Bad Boy - 31
Bad Boy - 32
Bad Boy -33
Bad Boy - 34
Bad Boy - 35
Bad Boy - 36
Bad Boy - 37
Bad Boy -38
Bad Boy -39
Bad Boy - 40
Bad Boy - 41
Bad Boy -42
Bad Boy - 43
Bad Boy - 44
Bad Boy - 45
Bad Boy - 46
Bad Boy - 47
Bad Boy - 48
Bad Boy - 49
Bad Boy - 50
Bad Boy - 51
Bad Boy - 52
Bad Boy - 53
Bad Boy -54
Bad Boy - 55
Bad Boy - 56
Bad Boy -57
Bad Boy - 58
Bad Boy - 59
Bad Boy - 60(ပြန်တင်ပေးထားတယ်နော် )
BAD BOY - 61
BAD BOY - 62
BAD BOY - 63
Bad Boy - 64
Bad Boy - 65
Bad Boy -66 (completed)
Bad Boy -29
3.4K 346 40
By Ah-Thunn
"ကျိုး !! ကျိုး !!...."
တွေ့ လိုက်ရသည်က ........
"လူကြီး!!!!!...."
အော်လိုက်လေသည်။
"ဘာဖြစ်လို့လဲ ဆိုတော့ ......
ရီပေါ်က ‌အံကိုကြိတ်ကာ .......
"ပြောပါဦး.....ကလေးပြော
[Unicode]
မင်ယွဲ့ မိမိဘေးမှ ကျိုးကိုကြည့်လိုက်မိသောအခါ ....
ကျိုးသည် အံကိုနာနာကြိတ်ထားကာ မျက်ဝန်းများကလည်း ဒေါ်သစိတ်တို့ကြောင့် နီရဲနေလေသည်။ထြို့ပင် လက်နှစ်ဖက်ကိုလည်း  တင်းတင်းကြပ်ကြပ် ဆုပ်ထားသောကြောင့် ဘေးလူအမြင်တွင် ကျိုးသည် တစ်ခုခုကို အတင်းအကြပ်သီးခံနေရသည့်ပုံစံပင် ဖြစ်သည်။
"ကျိုး !! ကျိုး !!...."
ကျိုးတစ်ယောက် အတွေးလွန်နေသောကြောင့် မင်ယွဲ့က  ကျိုးအားလှုပ်ပြီးခေါ်လိုက်မှ အသိဝင်ကာ
မင်ယွဲ့အား ဘာကိစ‌္စလဲ ဟူသော ‌ပုံစံဖြင့် မေး‌လေး‌ငေါ့ကာ  မျက်ခုံးနှစ်ဖက်အား ပင့်ပြလေသည်။
ထိုအခါမှ မင်ယွဲ့က ရယ်ကျဲကျဲနှင့် ခေါင်းလေးအသာကုတ်ကာ ...........
"ဘာမှတော့ မဟုတ်ပါဘူး ။ ကျိုး နေကောင်းရဲ့လားလို့ မေးကြည့်တာပါ ...."
ထိုအခါမှ ကျိုးကမျက်နှာလေးအနည်းငယ် ပြင်လိုက်ပြီး ......
" ဘာဖြစ်လို့ မေးတာလဲဟင် ?....."
"အာ ကျိုးကမျက်လုံးတွေ နီပြီး ၊ လက်သီးတွေလည်း ဆုပ်ထားတယ်ဆိုတော့
နေမကောင်းတာများ ဖြစ်နေလို့လားလို့ ...."
ထိုအခါမှ ကျိုးတစ်ယောက် ကိုယ့်ကိုကိုယ်သတိပြန်ထားမိကာ မင်ယွဲ့အား တစ်ချက်ပြုံးပြလိုက်ပြီး .......
"အင်း ဟုတ်တယ် ။ နေမကောင်းတာတော့ မဟုတ်ဘူး။ မျက်လုံး နာနေတာပါ ။ အခုက ခေါင်း နည်းနည်းကိုက်နေလို့ပါ ....."
ကျိုးစကားအဆ‌ုံး မင်ယွဲ့လည်း "  ‌သြော်" ဟုဆိုပြီး ခေါင်းတညိတ်ညိတ်နှင့် ‌ဆိုဖာပေါ်တွင် ကျိုးလှဲဖို့ အစဉ်ပြေစေရန် မှန်နားသို့ ကပ်ထိုင်လိုက်လေသည်။
ကား အဲကွန်းဖွင့်ထားသောကြောင့် အရမ်းချမ်းတတ်တဲ့ ရီပေါ်ကို ရှောင်ကျန့်ကသူ၏အပြင်ခံ suit လေးအား ခြုံပေးထား‌လေသည်။ထို့နောက် နာရီဝက်အကြာ ကားမောင်းပြီးနောက် ကျိုးက‌ဘေးမှ ကားမှန်လေးအား ခေါင်းမှီ၍ မျက်လုံးလေး ပိတ်ကာ
ကွေးနေလေသည်။ထို့နောက် "အေးတယ် ၊ ချမ်းတယ် ...အေးတယ် ...အေးတယ် ..." ဟု ဆက်တိုက်ညည်းနေသော ကျိုးကြောင့် ရှောင်ကျန့်တို့ကားလေး အဲကွန်းလေးပိတ် လိုက်လေသည်။အဲကွန်းပိတ်ပြီးသည်အထိ ကျိုး၏ညည်းတွားသံမှာ တိတ်မလားပဲ ပိုလို့ပင် ကျယ်လာတာကြောင့် ရီပေါ်လည်း သူ့ကိုယ်‌ပေါ်မှ ‌ရှောင်ကျန့်၏suit အား ယူ၍ ကျိုးအားခြုံပေးရန်
မင်ယွဲ့အား လှမ်းပေးလိုက်လေသည်။
ထိုအခါတွင် ပါးစပ်ဟောင်းလောင်းလေးနှင့် ရီပေါ်ကို ကြည့်နေသူမှာ မင်ယွဲ့ ။ရှောင်ကျန့်ကို ကြည့်တော့လည်း မေးကြောများထောင်သည်အထိ  အံကို ကြိတ်ထားကာ ကားစတီယာတိုင်ကိုလည်း  တင်းတင်းကြပ်ကြပ် ဖိကိုင်ထားလေသည်။
ထို ကိစ္စကြောင့် ရှောင်ကျန့်တစ်ယောက် စိတ်မကြည်မှန်း မင်ယွဲ့ သတိထားမိပါသည်။
သို့သော် သတိမထားမိသူမှာ အမောင်ရီပေါ် ။
ရီပေါ်ကို အကျီကိုယူပြီး ‌ပေးလိုက်ကတည်းက မျက်တောင်မခတ်တမ်း သေချာကြည့်နေသော ရှောင်ကျန့်။ရှောင်ကျန့်တစ်ယောက် ရီပေါ်ကို ချစ်လွန်း၍သာ ဘာမှမပြောသော်လည်း ရင်ထဲတွင် စစ်ဖြစ်နေသည်မှာ ရီပေါ်တစ်ယောက်ကလွဲလျှင် ကားထဲမှ ထိုင်နေသည့် လူအကုန်လုံး သတိထားမိပါသည်။
ရှောင်ကျန့်တစ်ယောက် ကျိ ုးနဲ့ မင်ယွဲ့ကို အိမ်အသီးသီးဝင်ပို့ပြီးတဲ့နောက်တွင် မိမိတို့အိမ်ကိုသာ တန်းတန်းမတ်မတ်ပြန်လာခဲ့သည်။အိမ်ပြန်လမ်း တစ်လျှောက်လုံးတွင် ‌ ရှောင်ကျန့်က ရီပေါ်ကို စကားလုံးဝမပြောသည့်အပြင် ရီပေါ်လက်ကိုလည်း အစောပိုင်းကလို မဆုပ်ကိုင်ထားတော့ပေ။
အိမ်ပြန်ရောက်ရောက်ချင်းတွင်လည်း ရှောင်ကျန့်က
သူ၏suit အား ယူကာ ရီပေါ်ကိုပင် မစောင့်တော့ပဲ ကားပေါ်မှအမြန်ဆင်းသွားလေသည်။
ရီပေါ်လည်း ရှောင်ကျန့်တစ်ခုခုဖြစ်နေသည်ဟု ထင်ကာ ရှောင်ကျန့်အနောက်မှ အမြန်ပြေးလိုက်သွားလေသည်။
ရှောင်ကျန့်က ကား‌ပေါ်ကဆင်းဆင်းချင်း အိမ်ခန်းထဲမှ မီးခြစ်အား ယူလာကာ အိမ်ပြင်သို့ ပြေးထွက်သွားခဲ့လေသည်။ရီပေါ်က  ရှောင်ကျန့်ဘာလုပ်မလို့လဲ  ဟု သိချင်သဖြင့် နောက်မှာထပ်လိုက်ကြည့်ရာ.......
တွေ့လိုက်ရသည်က ........
"လူကြီး!!!!!...."
ရီပေါ်၏အော်ခေါ်သံကိုပင် ဂရုမစိုက်တော့ဘဲ ရှောင်ကျန့်တစ်ယောက် သူမနက်ကဝတ်ထားသော suit လေးအား မီးထိုင်ရှို့နေလေသည်။
မီးလောင်နေသော suit လေးအား ရေဖြင့်လောင်းကာ ပြန်ကောက်နေသော ရီပေါ်ကြောင့် ရှောင်ကျန့်၏မျက်ခုံးတို့ တွန့် ‌ခေါက်သွားခဲ့‌လေသည်။ထို့နောက်  ရီပေါ်က အကျီလေးအား သေချာကိုင်ကာ မျက်ရည်များဝ‌ဲနေသော မျက်ဝန်းများဖြင့် ရှောင်ကျန့်အားမော့ကြည့်လိုက်ပြီး.......
"ဘာလို့လဲ ဟင်??....ဘာလို့ ဒီအကျီကိုမီးရှို့ ဖျက်စီးရတာတုန်း !!..."ဟုဆိုကာ ရီပေါ် တစ်ယောက်  ရှောင်ကျန့်အား
အော်လိုက်လေသည်။
"ဘာဖြစ်လို့လဲ ဆိုတော့ ......
မလိုချင်တော့လို့လေ ......ဘာဖြစ်လို့ သည်းကြီးမဲကြီး အော်နေရတာလဲ ကလေး....
ဒါအကျီတစ်ထည်ပဲဟာ .....ကလေးကြိုက်ရင် ကုန်တိုက်တစ်ခုလုံးလည်း ကိုယ်ဝယ်ပေးနိုင်တယ်.." ဟုဆိုကာ ရှောင်ကျန့်က ပျက်ရယ်ပြုစွာပြောတော့ ............
ရီပေါ်က ‌အံကိုကြိတ်ကာ .......
"ဒါက ဘယ်လိုအကျီလည်း ဆိုတာ လူကြီးသိရဲ့သားနဲ့
ဘာလို့ အာ့လိုစကားမျိုး လူကြီးပြောရက်တာလဲ ??...." ဟုရီပေါ်က အသံမာမာနှင့် ပြောတော့ .....
ရှောင်ကျန့်က "ဟက် " ကနဲနှင့် တစ်ချက်ရယ်လိုက်ကာ.........
"ပြောပါဦး.....ကလေးပြော
ဘယ်လို တန်ဖိုးကြီးအကျီမလို့လဲ ??...." ဟုဆိုကာ ရှောင်ကျန့်က ရွဲ့သလိုပုံစံနှင့်မေးတော့ .....
ရီပေါ်က ဒေါ်သထွက်ကာ အံကိုကြိတ်ထားပြီး .......
"ဒါက ခင်ဗျားမွေးနေ့အတွက် ကျွန်တော်ဝယ်ပေးတဲ့ပထမဆုံး အကျီလေ .....
ခင်ဗျားဘာလို့ ....ဒီလို ဖျက်ဆီး.." ရီပေါ်စကားပင် မဆုံးသေး ။
ရှောင်ကျန်တစ်ယောက် အနီးအနားတွင် ရှိနေသော အိမ်တိုင်ကြီးအား လက်သီးဖြင့်ခပ်ကြမ်းကြမ်းလေး ထိုးလိုက်လေသည်။အသံက အလွန်ကျယ်တာကြောင့် ရှောင်ကျန့်လက်အတော်နာသွားသည်မှာ တွေးကြည့်ယုံနှင့် သိနိုင်သည်။ထိုသို့ ရှောင်ကျန့်၏ အပြုအမူများကြောင့်  ရီပေါ်ပြောရမည့်စကားတို့သည် လေထဲမှာပင် ပျောက်ရှကုန်သည်။အစောပိုင်းက ဝမ်းနည်းနေသော အာရုံသည် ယခုအခါ ရှောင်ကျန့်၏လက်ကိုသာ စိုးရိမ်နေလေသည်။
"လူကြီး ဘာလို့ထိုးလိုက်တာလဲ ??....လက်နာသွားမှာပေါ့ ...." ဟုဆိုကာ
ရီပေါ်က ရှောင်ကျန့်၏ ဒဏ်ရာကို ကြည့်ရန် အနားသွားတော့ ရှောင်ကျန့်က အခြားလက်ဖြင့် တားလိုက်ကာ.........
"သိသေးသားပဲ ။ဒါကိုယ့်အတွက် မင်းဝယ်ပေးထားတဲ့ အကျီလေးဆိုတာ ။အာ့အကျီလေးကို  ကိုယ်ဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာ ကလေးအသိဆုံး။ဒါနဲ့များ ဘာကြောင့် အခြားသူရဲ့ ကိုယ်ကို ခြုံစေဖို့ ပေးရတာလဲ ကလေး.......ဘေးနားမှာ ရှိတဲ့ကိုယ့်ကိုတစ်ချက်လေး မတိုင်ပင်ပါပဲနဲ့
ကလေးစိတ်ဖြောင့်ဖြောင့် ပေးလိုက်နိုင်တာ ကိုယ်အံ့ဩတယ်.......အရမ်းတော်တယ် ။
ဒါပေမဲ့ ကလေးဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ကိုယ်တို့အိမ်ထောင်ရေးက တည်မယ်မထင်ဘူး...."ဟုဆိုကာ ကျချင်နေသော မျက်ရည်များအား ထိန်းချုပ်ကာ အိမ်ထဲဝင်သွားသော ရှောင်ကျန့်။
အိမ်ပြင်ဘက်တွင်တော့ ရီပေါ်တစ်ယောက် မီးစွဲဖူးသော  suit လေးအား ကိုင်ထားကာ တွေတွေလေးရပ်ပြီးကျန်ခဲ့လေသည်။
Continue Reading
You'll Also Like
111K 11.9K 32
ကိုကို ဘာလို့ မချစ်တာလဲ...
71.4K 4.1K 13
မင်း..ကငါနဲ့လက်ထပ်ထားတယ်ဆိုတဲ့လူလား
216K 18K 24
မက်မွန်ပွင့်လေးနဲ့တူတဲ့ ကြင်ယာတော်က ချစ်ဦးသူအိမ်ရှေ့စံကို သိပ်ချစ်ပါသတဲ့.. အိမ်ရှေ့စံကရော... __________________________👑 မက္မြန္ပြင့္ေလးနဲ႕တူတဲ့ ၾ...
177K 17.2K 52