ညေရာက္ေတာ့ ေရွာင္က်န႔္တို႔တစ္အုပ္စုလံုး အိမ္ေဘးတြင္ မီးပံုထိုးကာ ဝိုင္းဖြဲ႔စားေသာက္ေနၾကေလသည္။လမင္းက
တစ္ျဖည္းျဖည္းႏွင့္ တိမ္အကြယ္မွ အျမင့္သို႔ ထြက္လာေသာအခ်ိန္တြင္ ယီဘင္ႏွင့္ က်န္ခ်န္းတို႔က
မ လာတဲ့ ဂီတာႏွစ္လက္ကို ယူကာ စတင္တီးခတ္ၾကေလသည္။ ထို႔ေၾကာင့္ မီးပံုဝိုင္းထဲတြင္ သီခ်င္းဆိုသူကဆို ၊ ဂီတာတီးသူကတီး ၊ ဘီယာေသာက္သူမ်ားကလည္း
သီခ်င္းသံမ်ားအၾကား ၿငိမ့္ၿငိမ့္ေလးထိုင္ကာ ေသာက္ေနၾကသည္။
ညနက္ခါနီး၍ သီခ်င္းသံမ်ား တိတ္သြားမႈအၿပီးတြင္
ေျမပင္ထက္၌ ေမွာက္ေနသူကေမွာက္၊ ဆက္ေသာက္သၫ့္သူမ်ားက ဆက္ေသာက္ ၿပီး မူး၍
ငိုက္မ်ဉ္းမ်ဉ္းျဖစ္သူမ်ားကလည္း ေၾကာင္ေတာင္ေတာင္ ႏွင့္ထိုင္ေနၾကေလသည္။
ရီေပၚလည္း ေသာက္တာမ်ား၍ အျခားသူမ်ားႏွင့္နီးတူ မူးကာ ေရွာင္က်န႔္၏ရင္ခြင္ထဲတြင္ ဝင္အိပ္ေနေလသည္။
ေရွာင္က်န႔္ကေတာ့ ရီေပၚကို ၾကၫ့္ထိန္းရမည္ ျဖစ္သျဖင့္ အနည္းငယ္ပဲေသာက္ေသာေၾကာင့္
ဝိုင္းထဲတြင္ ဘီယာသိပ္မမူးဘဲ ထိုင္ေနသည္မွာ ေရွာင္က်န႔္ႏွင့္ က်ိဳးသည္သာပင္။
"နင္ ရီေပၚကို တကယ္ခ်စ္လို႔လား??....."
"အင္း ခ်စ္တယ္ ......
ဒါေၾကာင့္ မင္းသူနဲ႔ငါ့ၾကားထဲ မဝင္ရႈပ္ရင္ ေကာင္းလိမ့္မယ္...."
"သူအရမ္း ကံေကာင္းတာပဲေနာ္ .....
နင္နဲ႔အေစာႀကီး ေတြ ့ရတာ .........အကယ္၍
သူ႔ထက္အရင္ ငါနဲ႔သာေတြ ့ခဲ့ရင္ နင့္ငါ့ကို ခ်စ္မိမယ္မလား?...."လို႔ က်ိဳးက တစ္ေစာင္းအေနထားထိုင္ေနရာမွ ေရွာင္က်န႔္၏မ်က္နွာေလးကို လွၫ့္ၾကၫ့္ၿပီးေမးေတာ့...........
"မျဖစ္ႏိုင္ဘူး။ ဘာလိုဆိုေတာ့ ငါကမင္းနဲ႔
အရင္ေတြ ့ေတြ ့ မေတြ ့ေတြ ့ ငါက ရီေပၚကိုပဲ ခ်စ္မွာ။သူတစ္ေယာက္ထဲသာ ငါ့ႏွလံုးသား မူပိုင္ရွင္ပဲ....."ဟုဆိုကာ မ်က္ႏွာကို တည္လ်ွက္ေျပာလိုက္ေသာ ေရွာင္က်န႔္ကို က်ိဳးက အတင့္ရဲစြာျဖင့္ ..........
" ဒါဆို ....သူသာမရိွရင္ .... ငါ ေရာ နင့္ႏွလံုးသားမူပိုင္ရွင္ ျဖစ္ခြင့္ရႏိုင္တယ္မလား ??" လို႔ ထပ္မံ ေမးလိုက္ေလသည္။
"ေတာက္ !!!!......" ေရွာင္က်န႔္တစ္ေယာက္ က်ိဳး၏စကားအား အလြန္ေဒၚသထြက္ကာ က်ိဳးအား ေတာက္ ေခါက္လိုက္ေလသည္။
"ဒီမွာ က်ိဳး ....မင္းက ဘယ္လိုမိန္းကေလးလဲ! ??....
ငါက အိမ္ေထာင္ရိွ ေယာက္်ားသားတစ္ေယာက္။
ၿပီးေတာ့ ငါလည္းငါ့အိမ္ေထာင္ဘက္ကို ခ်စ္တယ္။
သူတစ္ေယာက္ထဲကိုပဲ ခ်စ္တာ။သူကလြဲရင္ ဘယ္သူ႔ကိုမွလည္း မခ်စ္ႏိုင္သလို သူမရိွရင္လည္း ငါဆိုတာ ရိွလာမွာ မဟုတ္ဘူး ......ရီေပၚက မင္းကိုခင္လြန္းလို႔ ငါမင္းကို ဒီတစ္ခါဘာမွမျဖစ္သလို ေနေပးမယ္ ေနာက္တစ္ခါ ငါ့အဆိုးမဆိုနဲ႔ ...." ဟုဆိုကာ ေရွာင္က်န႔္တစ္ေယာက္ က်ိဳးအား ခက္ထန္ေသာ မ်က္ေထာင့္မ်ားႏွင့္ ၾကၫ့္ကာ ရီေပၚအား အိမ္ထဲသို့ ေပြ ့ခ်ီသြားေလသည္။
*က်ိဳးေလ ရွင့္ကို ခ်စ္မိေနၿပီးသိလား ???
အရမ္း အရမ္းကိုပဲ ။ဒါေၾကာင့္ ရွင္ကြၽန္မကို ခ်စ္သည္ျဖစ္ေစ မခ်စ္သည္ျဖစ္ေစ ကြၽန္မအနားမွာ ထားႏိုင္ေအာင္ လုပ္မယ္။ရွင္က အိမ္ေထာင္ရိွ ေယာက္်ားတစ္ေယာက္ ဆိုရင္ေတာင္မွေပါ့........*
.........................................................................
မနက္မိုးလင္းေတာ့ ညကအရိွန္ေၾကာင့္ ရီေပၚတို႔အုပ္စု ေခါင္းမ်ားထူမႏိုင္ေအာင္ ကိုက္ခဲေနၾကေလသည္။ထို့ေၾကာင့္ ရီေပၚမားနွင့္ ေရွာင္က်န႔္က အေစာႀကီးထၿပီး ပဲပင္ေပါက္အစည္းလိုက္ဝယ္ကာ မိုးၿပဲ ဒယ္အိုးႀကီး၏တစ္ဝက္ေလာက္အား အမူေျပဟင္းရည္တည္ေလသည္။
ရီေပၚတို႔လည္း ႏိုးႏိုးခ်င္းေခါင္းမ်ားကိုက္ခဲေန၍ ထမင္းစားစာပြဲခံုတြင္ ထိုင္ေနၾကရာ ၿခံထဲမွ ရီေပၚမား၏ ေခၚသံေၾကာင့္ အျပင္သို႔ တစ္အုပ္စုလံုးထြက္လာၾကေလသည္။ထို့ေနာက္ မားက တစ္ေယာက္၏အေနာက္တြင္ ေနာက္တစ္ေယာက္ကို တန္းစီကာ ရပ္ေစေလသည္။
တန္းစီၿပီးတဲ့ေနာက္တြင္ ေရွာင္က်န႔္က အေယာက္တိုင္းကို ဇလံုႀကီးႀကီးတစ္လံုးစီ ထိုးေပးကာ မား၏ေဘးတြင္ သြားရပ္လိုက္ေလသည္။
ထို႔ေနာက္ ဝမ္မားက မိမိလက္ထဲမွ ဇြန္းအႀကီးႀကီးျဖင့္ရီေပၚ၏ ဇလံုးထဲအား ပဲပင္ေပါက္ဟင္းခ်ိဳအား မ ျပၫ့္ရံုတမယ္ အမ်ားႀကီး ထၫ့္ေပးလိုက္ေလသည္။ျပီးေနာက္တြင္ ရီေပၚကို ထိုင္ခံုတြင္ သြားျပန္ထိုင္ခိုင္းကာ အျခားသူမ်ား၏ ပန္ကန္ထဲကိုလည္း ရီေပၚနည္းတူ ပဲပင္ေပါက္ဟင္းရည္အား အျပၫ့္စီထၫ့္ေပးလိုက္ကာ ထမင္းစားစာပြဲသို႔ ဝင္ထိုင္ေစေလသည္။
ေရွာင္က်န႔္ႏွင့္ ဝမ္မားမွလြဲ၍ အေယာက္တိုင္းပဲပင္ေပါက္ ဟင္းရည္ဇလံုကိုယ္စီျဖင့္ ။
မကုန္ကုန္ေအာင္ ေသာက္ရမည္ဆိုေသာ ဝမ္မား၏စကားေၾကာင့္ ရီေပၚတို႔တစ္အုပ္ ထိုဟင္းခ်ိဳအား ႀကိတ္မိွတ္ၿပီး ကုန္ေအာင္ေသာက္ေနရေလသည္။
တစ္ခ်က္တစ္ခ်က္ ေသာက္တာမ်ားလြန္း၍ သန႔္စင္ခန္းထဲ ေျပးလိုက္ ၿပီးရင္ျပန္ေသာက္လိုက္ႏွင့္ တစ္ဖြဲ႔ လံုး ျပာရာခက္ခဲ့ရေသးသည္။
ေနာက္ဆံုးတြင္ ပဲပင္ေပါက္ဟင္းရည္လည္း ကုန္ကာမွ ရီေပၚတို႔ေအးေဆးစြာ သက္ျပင္းခ်မိေလေတာ့သည္။အခုေတာ့ အစာမ်ား၍ ေလတက္ရင္ေတာင္ ပဲပင္ေပါက္နံ႔က ထြက္ေနေလသည္။
ဘာလိုလိုနဲ႔ ရီေပၚတို႔ မားအိမ္မွာ ျပန္လာလည္သည္မွာ 6ရက္ပင္ ရိွသြားၿပီး ျဖစ္ေသာေၾကာင့္ မနက္ျဖန္အတြက္ ျပန္ရန္ ညကတည္းက အထုတ္မ်ားစုေနရေလသည္။
မနက္ေရာက္ေတာ့ ေရွာင္က်န့္ တို႔ကားေလးႏွစ္စီး ဝမ္မားတို႔ေဒသမွထြက္ခြာလာခဲ့ေလသည္။
ေရွာင္က်န႔္ကားေပၚတြင္ အလာတုန္းကကဲ့သို႔ ေဟာက္ရႊမ္တို႔ႏွင့္တစ္စီးတည္း မဟုတ္ေတာ့ဘဲ
က်ိဳးက ေရွာင္က်န႔္တို႔ကားထဲ အရင္ဝင္ထိုင္သျဖင့္
ေဟာက္ရွမ္တို႔အတြဲကလည္း ယီဘင္တို႔ႏွင့္အတူ သြားစီးေလသည္။ထို့အတြက္ေၾကာင့္ ေနရာေပ်ာက္သြားေသာ မင္ယြဲ႔မွာ ေဟာက္ရႊမ္တို႔အား မ်က္ေစာင္းတစ္ခ်က္ထိုးကာ ...
က်ိဳး၏ေဘးတြင္ သြားဝင္ထိုင္လိုက္ေလသည္။
ကားေမာင္းေနစဉ္အတြင္း ေရွာင္က်န႔္၏လက္တစ္ဖက္က ရီေပၚ၏လက္ေလးကို ဆုပ္ကိုင္ထားသျဖင့္ ရီေပၚကလည္း သေဘာက်စြာ ေရွာင္က်န႔္၏လက္ေလးအား သူ႔လက္ႏွင့္ အေပၚမျွပန္အုပ္မိုးလိုက္ေလသည္။
အေရ႔ွမွ လင္လင္ႏွစ္ေယာက္က အၾကၫ့္ခ်င္းမဆံုရံုတမယ္ ခ်စ္ၾကည္ႏူးေနၾကသည္ကို မင္ယြဲ႔ၾကၫ့္ၿပီး အျမင္ကပ္လာေလသည္။
"အဟမ္း!!!!.....ေတာ္ရံုပဲ လုပ္စမ္းပါဟာ
အေနာက္မွာ ငါတို႔ပါလာတာလည္း သတိထားပါဦး....."ဟုဆိုကာ မင္ယြဲ႔က စိတ္မရွည္စြာေျပာေတာ့ အေရ႔ွမွ လူႏွစ္ေယာက္က သေဘာက်စြာျဖင့္ ထရီေလသည္။
"ဘာျဖစ္လဲဟ ကိုယ့္ေယာက္်ား ကိုယ္ခ်စ္တာ
မေက်နပ္ရင္ နင္လည္းရွာေပါ့ ...." ဟုဆိုကာ မင္ယြဲ႔ မိမိေျပာသည္ကို ဂရုမစိုက္သၫ့္အျပင္ မိမိကိုပါ ေယာက္်ားေပးစားေနေသာ သူတို႔ေၾကာင့္ မင္ယြဲ႔ ကိုယ့္နဖူးကိုယ္ ျပန္ထုကာ ကားေနာက္ခန္းတြင္ျပန္မွီ၍ ေရွာင္က်န႔္တို႔အား ဘုၾကၫ့္ၾကၫ့္ေနေလသည္။
ထို႔ေနာက္ မင္ယြဲ႔မိမိေဘးမွ က်ိဳးကအသံတိတ္ေနေသာေၾကာင့္ လွၫ့္ၾကၫ့္လိုက္ရာ..................
################
မေန့က မအားလို႔မတင္ေပးမိတာ ခြင့္လႊတ္ပါေနာ္
အမွန္ဒီရက္ပိုင္း စိတ္ကတအား သိမ္ငယ္တတ္လာလို႔ အေတြးေတြကလည္း ေသာင္းေျခာက္ေထာင္ေလာက္ ျဖစ္ေနတာ
အာ့ေၾကာင့္ ဒီေန့ေရးတာေလးလည္း ဖတ္ရအဆင္မေျပျဖစ္ရင္ အသြန္းကို ေျပာေနာ္ အသြန္းေနာက္ေန့ပိုႀကိဳးစားၿပီး ေရးေပးမယ္ 😁😁😁😊😊😊❣️❣️
[Unicode]
ညရောက်တော့ ရှောင်ကျန့်တို့တစ်အုပ်စုလုံး အိမ်ဘေးတွင် မီးပုံထိုးကာ ဝိုင်းဖွဲ့စားသောက်နေကြလေသည်။လမင်းက
တစ်ဖြည်းဖြည်းနှင့် တိမ်အကွယ်မှ အမြင့်သို့ ထွက်လာသောအချိန်တွင် ယီဘင်နှင့် ကျန်ချန်းတို့က
မ လာတဲ့ ဂီတာနှစ်လက်ကို ယူကာ စတင်တီးခတ်ကြလေသည်။ ထို့ကြောင့် မီးပုံဝိုင်းထဲတွင် သီချင်းဆိုသူကဆို ၊ ဂီတာတီးသူကတီး ၊ ဘီယာသောက်သူများကလည်း
သီချင်းသံများအကြား ငြိမ့်ငြိမ့်လေးထိုင်ကာ သောက်နေကြသည်။
ညနက်ခါနီး၍ သီချင်းသံများ တိတ်သွားမှုအပြီးတွင်
မြေပင်ထက်၌ မှောက်နေသူကမှောက်၊ ဆက်သောက်သည့်သူများက ဆက်သောက် ပြီး မူး၍
ငိုက်မျဉ်းမျဉ်းဖြစ်သူများကလည်း ကြောင်တောင်တောင် နှင့်ထိုင်နေကြလေသည်။
ရီပေါ်လည်း သောက်တာများ၍ အခြားသူများနှင့်နီးတူ မူးကာ ရှောင်ကျန့်၏ရင်ခွင်ထဲတွင် ဝင်အိပ်နေလေသည်။
ရှောင်ကျန့်ကတော့ ရီပေါ်ကို ကြည့်ထိန်းရမည် ဖြစ်သဖြင့် အနည်းငယ်ပဲသောက်သောကြောင့်
ဝိုင်းထဲတွင် ဘီယာသိပ်မမူးဘဲ ထိုင်နေသည်မှာ ရှောင်ကျန့်နှင့် ကျိုးသည်သာပင်။
"နင် ရီပေါ်ကို တကယ်ချစ်လို့လား??....."
"အင်း ချစ်တယ် ......
ဒါကြောင့် မင်းသူနဲ့ငါ့ကြားထဲ မဝင်ရှုပ်ရင် ကောင်းလိမ့်မယ်...."
"သူအရမ်း ကံကောင်းတာပဲနော် .....
နင်နဲ့အစောကြီး တွေ့ရတာ .........အကယ်၍
သူ့ထက်အရင် ငါနဲ့သာတွေ့ခဲ့ရင် နင့်ငါ့ကို ချစ်မိမယ်မလား?...."လို့ ကျိုးက တစ်စောင်းအနေထားထိုင်နေရာမှ ရှောင်ကျန့်၏မျက်နှာလေးကို လှည့်ကြည့်ပြီးမေးတော့...........
"မဖြစ်နိုင်ဘူး။ ဘာလိုဆိုတော့ ငါကမင်းနဲ့
အရင်တွေ့တွေ့ မတွေ့တွေ့ ငါက ရီပေါ်ကိုပဲ ချစ်မှာ။သူတစ်ယောက်ထဲသာ ငါ့နှလုံးသား မူပိုင်ရှင်ပဲ....."ဟုဆိုကာ မျက်နှာကို တည်လျှက်ပြောလိုက်သော ရှောင်ကျန့်ကို ကျိုးက အတင့်ရဲစွာဖြင့် ..........
" ဒါဆို ....သူသာမရှိရင် .... ငါ ရော နင့်နှလုံးသားမူပိုင်ရှင် ဖြစ်ခွင့်ရနိုင်တယ်မလား ??" လို့ ထပ်မံ မေးလိုက်လေသည်။
"တောက် !!!!......" ရှောင်ကျန့်တစ်ယောက် ကျိုး၏စကားအား အလွန်ဒေါ်သထွက်ကာ ကျိုးအား တောက် ခေါက်လိုက်လေသည်။
"ဒီမှာ ကျိုး ....မင်းက ဘယ်လိုမိန်းကလေးလဲ! ??....
ငါက အိမ်ထောင်ရှိ ယောက်ျားသားတစ်ယောက်။
ပြီးတော့ ငါလည်းငါ့အိမ်ထောင်ဘက်ကို ချစ်တယ်။
သူတစ်ယောက်ထဲကိုပဲ ချစ်တာ။သူကလွဲရင် ဘယ်သူ့ကိုမှလည်း မချစ်နိုင်သလို သူမရှိရင်လည်း ငါဆိုတာ ရှိလာမှာ မဟုတ်ဘူး ......ရီပေါ်က မင်းကိုခင်လွန်းလို့ ငါမင်းကို ဒီတစ်ခါဘာမှမဖြစ်သလို နေပေးမယ် နောက်တစ်ခါ ငါ့အဆိုးမဆိုနဲ့ ...." ဟုဆိုကာ ရှောင်ကျန့်တစ်ယောက် ကျိုးအား ခက်ထန်သော မျက်ထောင့်များနှင့် ကြည့်ကာ ရီပေါ်အား အိမ်ထဲသို့ ပွေ့ချီသွားလေသည်။
*ကျိုးလေ ရှင့်ကို ချစ်မိနေပြီးသိလား ???
အရမ်း အရမ်းကိုပဲ ။ဒါကြောင့် ရှင်ကျွန်မကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ကျွန်မအနားမှာ ထားနိုင်အောင် လုပ်မယ်။ရှင်က အိမ်ထောင်ရှိ ယောက်ျားတစ်ယောက် ဆိုရင်တောင်မှပေါ့........*
.........................................................................
မနက်မိုးလင်းတော့ ညကအရှိန်ကြောင့် ရီပေါ်တို့အုပ်စု ခေါင်းများထူမနိုင်အောင် ကိုက်ခဲနေကြလေသည်။ထို့ကြောင့် ရီပေါ်မားနှင့် ရှောင်ကျန့်က အစောကြီးထပြီး ပဲပင်ပေါက်အစည်းလိုက်ဝယ်ကာ မိုးပြဲ ဒယ်အိုးကြီး၏တစ်ဝက်လောက်အား အမူပြေဟင်းရည်တည်လေသည်။
ရီပေါ်တို့လည်း နိုးနိုးချင်းခေါင်းများကိုက်ခဲနေ၍ ထမင်းစားစာပွဲခုံတွင် ထိုင်နေကြရာ ခြံထဲမှ ရီပေါ်မား၏ ခေါ်သံကြောင့် အပြင်သို့ တစ်အုပ်စုလုံးထွက်လာကြလေသည်။ထို့နောက် မားက တစ်ယောက်၏အနောက်တွင် နောက်တစ်ယောက်ကို တန်းစီကာ ရပ်စေလေသည်။
တန်းစီပြီးတဲ့နောက်တွင် ရှောင်ကျန့်က အယောက်တိုင်းကို ဇလုံကြီးကြီးတစ်လုံးစီ ထိုးပေးကာ မား၏ဘေးတွင် သွားရပ်လိုက်လေသည်။
ထို့နောက် ဝမ်မားက မိမိလက်ထဲမှ ဇွန်းအကြီးကြီးဖြင့်ရီပေါ်၏ ဇလုံးထဲအား ပဲပင်ပေါက်ဟင်းချိုအား မ ပြည့်ရုံတမယ် အများကြီး ထည့်ပေးလိုက်လေသည်။ပြီးနောက်တွင် ရီပေါ်ကို ထိုင်ခုံတွင် သွားပြန်ထိုင်ခိုင်းကာ အခြားသူများ၏ ပန်ကန်ထဲကိုလည်း ရီပေါ်နည်းတူ ပဲပင်ပေါက်ဟင်းရည်အား အပြည့်စီထည့်ပေးလိုက်ကာ ထမင်းစားစာပွဲသို့ ဝင်ထိုင်စေလေသည်။
ရှောင်ကျန့်နှင့် ဝမ်မားမှလွဲ၍ အယောက်တိုင်းပဲပင်ပေါက် ဟင်းရည်ဇလုံကိုယ်စီဖြင့် ။
မကုန်ကုန်အောင် သောက်ရမည်ဆိုသော ဝမ်မား၏စကားကြောင့် ရီပေါ်တို့တစ်အုပ် ထိုဟင်းချိုအား ကြိတ်မှိတ်ပြီး ကုန်အောင်သောက်နေရလေသည်။
တစ်ချက်တစ်ချက် သောက်တာများလွန်း၍ သန့်စင်ခန်းထဲ ပြေးလိုက် ပြီးရင်ပြန်သောက်လိုက်နှင့် တစ်ဖွဲ့ လုံး ပြာရာခက်ခဲ့ရသေးသည်။
နောက်ဆုံးတွင် ပဲပင်ပေါက်ဟင်းရည်လည်း ကုန်ကာမှ ရီပေါ်တို့အေးဆေးစွာ သက်ပြင်းချမိလေတော့သည်။အခုတော့ အစာများ၍ လေတက်ရင်တောင် ပဲပင်ပေါက်နံ့က ထွက်နေလေသည်။
ဘာလိုလိုနဲ့ ရီပေါ်တို့ မားအိမ်မှာ ပြန်လာလည်သည်မှာ 6ရက်ပင် ရှိသွားပြီး ဖြစ်သောကြောင့် မနက်ဖြန်အတွက် ပြန်ရန် ညကတည်းက အထုတ်များစုနေရလေသည်။
မနက်ရောက်တော့ ရှောင်ကျန့် တို့ကားလေးနှစ်စီး ဝမ်မားတို့ဒေသမှထွက်ခွာလာခဲ့လေသည်။
ရှောင်ကျန့်ကားပေါ်တွင် အလာတုန်းကကဲ့သို့ ဟောက်ရွှမ်တို့နှင့်တစ်စီးတည်း မဟုတ်တော့ဘဲ
ကျိုးက ရှောင်ကျန့်တို့ကားထဲ အရင်ဝင်ထိုင်သဖြင့်
ဟောက်ရှမ်တို့အတွဲကလည်း ယီဘင်တို့နှင့်အတူ သွားစီးလေသည်။ထို့အတွက်ကြောင့် နေရာပျောက်သွားသော မင်ယွဲ့မှာ ဟောက်ရွှမ်တို့အား မျက်စောင်းတစ်ချက်ထိုးကာ ...
ကျိုး၏ဘေးတွင် သွားဝင်ထိုင်လိုက်လေသည်။
ကားမောင်းနေစဉ်အတွင်း ရှောင်ကျန့်၏လက်တစ်ဖက်က ရီပေါ်၏လက်လေးကို ဆုပ်ကိုင်ထားသဖြင့် ရီပေါ်ကလည်း သဘောကျစွာ ရှောင်ကျန့်၏လက်လေးအား သူ့လက်နှင့် အပေါ်မြှပန်အုပ်မိုးလိုက်လေသည်။
အရှေ့မှ လင်လင်နှစ်ယောက်က အကြည့်ချင်းမဆုံရုံတမယ် ချစ်ကြည်နူးနေကြသည်ကို မင်ယွဲ့ကြည့်ပြီး အမြင်ကပ်လာလေသည်။
"အဟမ်း!!!!.....တော်ရုံပဲ လုပ်စမ်းပါဟာ
အနောက်မှာ ငါတို့ပါလာတာလည်း သတိထားပါဦး....."ဟုဆိုကာ မင်ယွဲ့က စိတ်မရှည်စွာပြောတော့ အရှေ့မှ လူနှစ်ယောက်က သဘောကျစွာဖြင့် ထရီလေသည်။
"ဘာဖြစ်လဲဟ ကိုယ့်ယောက်ျား ကိုယ်ချစ်တာ
မကျေနပ်ရင် နင်လည်းရှာပေါ့ ...." ဟုဆိုကာ မင်ယွဲ့ မိမိပြောသည်ကို ဂရုမစိုက်သည့်အပြင် မိမိကိုပါ ယောက်ျားပေးစားနေသော သူတို့ကြောင့် မင်ယွဲ့ ကိုယ့်နဖူးကိုယ် ပြန်ထုကာ ကားနောက်ခန်းတွင်ပြန်မှီ၍ ရှောင်ကျန့်တို့အား ဘုကြည့်ကြည့်နေလေသည်။
ထို့နောက် မင်ယွဲ့မိမိဘေးမှ ကျိုးကအသံတိတ်နေသောကြောင့် လှည့်ကြည့်လိုက်ရာ..................
################
မနေ့က မအားလို့မတင်ပေးမိတာ ခွင့်လွှတ်ပါနော်
အမှန်ဒီရက်ပိုင်း စိတ်ကတအား သိမ်ငယ်တတ်လာလို့ အတွေးတွေကလည်း သောင်းခြောက်ထောင်လောက် ဖြစ်နေတာ
အာ့ကြောင့် ဒီနေ့ရေးတာလေးလည်း ဖတ်ရအဆင်မပြေဖြစ်ရင် အသွန်းကို ပြောနော် အသွန်းနောက်နေ့ပိုကြိုးစားပြီး ရေးပေးမယ် 😁😁😁😊😊😊❣️❣️