~ခွပ် ~
ပါးပါးက လက်သီးဖြင့် ထိုးချလိုက်သောကြောင့်
သူ့ခဗျာ အောက်ကို လဲကျသွားသည်
"yebo အဆင်ပြေရဲ့လား ဟင်"
"ရတယ် lu အကြောင်းမရှိဘူး"
"ဟက် ဘာ yebo ဟုတ်လား "
".........."
ပါးပါးက ရယ်ကာ ပြောတော့ ကျနော်နဲ့ ကိုကိုမှာ
ဘာမှမပြောရဲဘဲ တစ်ယောက်လက်ကိုသာ တစ်ယောက်ကိုင်ထားမိကြသည်
"lu ဖြေးဖြေးထ "
ကိုကိုက ဖြေးဖြေးချင်း ထူပေးသောကြောင့် ထလိုက်သည်
ဒါကို ပါးပါးက ဗိုက်ကို လက်ညှိုးထိုးကာ
"အဲ့ဒါ ဘယ်သူ့ ဗိုက်လဲ"
"ကျနော့ ဗိုက်ပါ appa ကျနော်နဲ့ lu နဲ့ရဲ့ ရင်သွေးလေးပါ"
"ဒါဆို မင်းတို့ နှစ်ယောက်က မိဘနေရာကို ခံယူပြီးပြီပေါ့"
"ဟုတ်ပါတယ် "
"မင်းတို့ အဲ့ဗိုက်ထဲက ကလေးလေးကို ချစ်လား"
"ချစ်ပါတယ်"
"ဒါဆို မင်းတို့ ငါ့တို့ မိဘတွေရဲ့ ခံစားချက်ကို ခံစားမိလား သူတို့ ဘယ်လောက် ချစ်လဲဆိုတာ"
".........."
"မင်းတို့က အပြင်မရောက်လာသေးတဲ့ ကလေးကိုတောင် ဒီလောက်ချစ်တာ ငါတို့နေရာကို စဉ်းစားကြည့်စမ်း မင်းတို့ကို အနှစ် 20 လောက် ကျွေးမွေးလာတဲ့ ငါတို့ရဲ့ ခံစားချက်ကို နည်းနည်းပါးပါး ကိုယ်ချင်းစာကြည့်စမ်း"
"တောင်းပန်ပါတယ်"
"ငါတို့ ဘယ်လောက် ခံစားရမယ် ထင်လဲ "
"တောင်းပန်ပါတယ် "
"မင်းတို့ ဘာမပြောညာမပြောနဲ့ ထွက်သွားလို့ ဟိုမှာ မင်းအမေက အိပ်ယာထဲတောင် လဲနေပြီ"
"တောင်းပန်ပါတယ်"
"မင်းတို့လုပ်သွားတဲ့ပုံကိုလည်း ကြည့်ဦး ငါတို့ဘယ်လောက် မျက်နာပျက်ခဲ့ရတယ် ထင်လဲ ဟမ် "
"ကျနော် lu နဲ့ မခွဲနိုင်လို့ပါ"
"မင်းတို့က ညီအစ်ကိုတွေ ဆိုတာရော သိရဲ့လား"
"သိပါတယ် "
"ဒါဆို ဘာလို့ ဒီလိုလုပ်ကြရတာလဲ"
"ကျနော် သူ့ကို ချစ်တယ် appa မခွဲနိုင်ဘူး ညီအကိုတွေလို မဟုတ်ဘဲ ပိုင်ဆိုင်လိုစိတ် ရယူလိုစိတ်တွေနဲ့ ချစ်ခဲ့တာ"
"ဖန်လေး နဲ့ ကိုကိုနဲ့က တကယ်ချစ်ကြတာပါ ပါးပါးရယ် ဖန်လေးနဲ့ ကိုကို့ နဲ့ကို မခွဲပါနဲ့နော် "
"မင်းတို့ကို မတွေ့ရတော့လို့ ငါနဲ့ မ ဘယ်လောက် စိတ်ပူနေခဲ့လဲ သိလား"
"တောင်းပန်ပါတယ် appa ကျနော် တကယ် Taeji ကို လက်မထပ်ချင်လို့ပါ"
"ဘာပဲဖြစ်ဖြစ် မင်းနဲ့သူနဲ့က ငြိစွန်းခဲ့ကြတယ်လေ"
"အဲ့ဒါက အများအမြင်မှာပါ တကယ်က သူကျနော့်ကို ဆေးခတ်ခဲ့တာ ပြီးတော့သူက လူပျိုမစစ်တော့ဘူး leo ဆိုတဲ့ ကောင်နဲ့ ဖြစ်နေတာ appa တို့မှမသိတာ "
"ဒါပေမဲ့လည်း မင်းနဲ့သူက ဖြစ်ခဲ့ကြတာပဲလေ"
"မသိဘူး appa ရာ ကျနော် lu တစ်ယောက်ထဲကိုပဲ ချစ်တာ "
"မင်းတို့ ဘယ်မှာနေကြတာလဲ"
"ဘူဆန်မှာပါ"
"နေရတာ အဆင်ပြေကြရဲ့လား"
"ပြေပါတယ် "
"မင်း luhan ကို ဘယ်လိုလုပ်ကျွေးလည်း"
"ကျနော် company မှာ လုပ်ပါတယ် "
"ဘာလို့ ပြန်မလာကြတာလဲ ငါနဲ့မက မင်းတို့ကို အရမ်းစိတ်ပူနေတာ"
"ကျနော်တို့လည်း ပြန်လာမှာပါ ကလေးမွေးပြီးသွားရင် ပြန်လာမလို့ အဲ့ဒါမှ ကျနော်တို့ကို
ခွဲလို့မရမှာလေ "
"ဘယ်သူက ခွဲမယ်ပြောနေလို့လဲ"
"ဟင် ? "
အံသြကာ ပါးပါးရဲ့ မျက်နာကိုကြည့်မိတော့ မျက်ရည်တွေနဲ့ ပြုံးပြကာ
"မင်းတို့ကို ဘယ်သူကခွဲမယ်ပြောနေလို့လဲ "
"appa "
"လာပါဦး နှစ်ယောက်လုံး ငါ မင်းတို့ကို အရမ်းလွမ်းနေခဲ့တာ"
ပါးပါးရဲ့ အပြုအမူကို လိုက်မမှီသောကြောင့် ကိုကိုနဲ့ ကျနော် တစ်ယောက်နဲ့ တစ်ယောက်ကြည့်နေမိကြသည်
"လာပါ ငါလွမ်းလှပြီ ငါ့သားတွေနဲ့ မတွေ့ရတာ 1 နှစ်တောင် ရှိနေပြီ ဆိုတော့ appa လွမ်းလှပါပြီ"
"appa "
"ပါးပါး"
နှစ်ယောက်လုံး ပါးပါးကို ဖက်ထားကြလိုက်တော့ ပါးပါးကလည်း ပြန်ပြီး ထွေးပွေ့ထားသည်
"ငါမင်းတို့ လွမ်းနေခဲ့တာကွ"
"ကျနော်တို့ရောပါပဲ"
ပြီးမှ ပြန်ခွာကာ
"လာ မင်းတို့ omma တွေ့ရင် အရမ်းဝမ်းသာပြီး ချက်ချင်း အိပ်ယာထဲက ထနိုင်သွားမှာကွ"
"ဟုတ်ကဲ့"
ပါးပါး အနောက်ကလိုက်သွားလိုက်ပြီး
အခန်းထဲဝင်သွားလိုက်တော့ အိပ်ယာပေါ်၌ ဖြူဖျော့စွာ လဲလျောင်းနေသော မားမားကြောင့်
အမြန်ပြေးသွားကာ ကုတင်ပေါ် ထိုင်လိုက်ပြီး လက်လေးကို ဆုပ်ကိုင်လိုက်မိသည်
"မားမား ဟင့် "
မားက တဖြေးဖြေး မျက်လုံးပွင့်လာကာ ကျနော့်ကို မြင်သည်နှင့် မျက်ရည်တွေပါ စီးကျလာကာ ချက်ချင်းထပြီး ပွေ့ဖက်သည်
"lu လေး sehun လေး သားတို့ပြန်လာပြီပေါ့နော်"
"ဟုတ်ကဲ့ တောင်းပန်ပါတယ်နော် မား "
"ရပါတယ် မားက ပြန်လာတာကိုပဲ ကျေးဇူးတင်နေပြီ sehun လေးလဲ လာပါဦး"
"ဟုတ်ကဲ့ "
ကိုကိုကပါ အနားရောက်လာတော့ မားက နှစ်ယောက်လုံးကို ပွေ့ဖက်ထားကာ မျက်ရည်တွေ တသွင်သွင် စီးကျနေသည်
ပါးပါးကလည်း အနောက်ကနေ အကုန်လုံးကို သိုင်းဖက်ထားကာ
မိသားစု လေးယောက်လုံး အလွမ်းသယ်နေကြသည်
အကုန်လုံး ဝိုင်းဖက်ထားတော့ ဗိုက်က အနည်းငယ်ပင် နာလာရသည်
"အ...."
ကျနော် အော်လိုက်တော့ အကုန်လုံးက ပြန်လွှတ်ပေးကြကာ
ကိုကိုကတော့ စိတ်ပူစွာ ဗိုက်လေးကို လာကိုင်သည်
"lu ဘာဖြစ်လို့လဲ ဗိုက်နာလာလို့လား"
"မ..မဟုတ်ပါဘူး..ကလေး.ကန်တာဖြစ်မယ်."
မားကိုကြည့်မိတော့ မားကမျက်လုံးပြူးနေကာ
"ဒါ...ဒါလေးက..ဘယ်လိုဖြစ်တာလဲ"
"မောင်တို့ရဲ့ မြေးလေး လေ"
ပါးပါးက အနောက်က ဝင်ဖြေပေးသည်
"မြေ...မြေးလေး.."
မားမားက အံ့သြစွာကြည့်နေတုန်းက ကိုကိုက
ကျနော့်လက်ကို လာဆုပ်ကိုင်ကာ
"ကျနော်နဲ့ lu နဲ့ကို မခွဲပါနဲ့နော် omma ခုဆို သူနဲ့ ကျနော်နဲ့ရဲ့ ရင်သွေးလေးကလည်း ရှိနေပါပြီ မခွဲပါနဲ့နော်"
"မခွဲပါဘူးကွယ်"
"ဟင် ? ဘာလို့လဲ သားတို့က ညီအစ်ကိုတွေလေ မခွဲဘူးလား"
မားမားက ပြုံးပြသည်
"သားတို့က တကယ့် ညီအကိုတွေမှ မဟုတ်တာ"
".........."
"မားပြောပြမယ်"
"ဟို မားနေမကောင်းဘူး မှတ်လား နောက်မှ ပြောပြလည်း ဖြစ်ပါတယ်"
"ဟင့်အင်း မားနေကောင်းသွားပြီ "
"........."
"သားတို့ကို မြင်လိုက်ရလို့နေကောင်းသွားပြီ"
"မားရယ် "
မားမားကို နောက်တစ်ကြိမ်ပွေ့ဖက်ထားမိသည်
ပြီးမှ ပြန်ခွာကာ အကြောင်းစုံကို ရှင်းပြပါတော့သည်
"သား luhan လေးက မားတို့မွေးစားထားတာ"
"ဟင် ? "
"ဟင်း မားက မွေးတာ မိန်းကလေး မွေးတာ ဒါမဲ့
ကလေးက မားတို့နဲ့ ရေစက်မပါတော့ အသေလေးပဲ မွေးခဲ့တာ ဒါကို မားကမသိခဲ့ဘူးလေ"
"........."
"မားနိုးလာတော့ ကလေးက ယောကျာ်းလေးဖြစ်နေတာ မားလည်း အစတုန်းကမသိပါဘူး lu လေးကို မားမွေးတာလို့ပဲ ထင်နေတာ နောက်ပိုင်းမှ အဲ့လူကြီးက ပြောပြတာလေ lu လေးကို မွေးစားထားတာတဲ့ "
"........."
"အဲ့နေ့ မားကလေးမွေးတဲ့နေ့ကပေါ့ မားနဲ့အတူပဲ မိန်းမတစ်ယောက်လဲ ကလေးမွေးနေခဲ့တာ သူမက ကံမကောင်းချင်ရှာတော့ ကလေးမွေးရင်း သေသွားခဲ့တာ အဲ့မိန်းမရဲ့ ကလေးက lu လေးပဲ "
"ဟင် ? "
"သားလေး အမေက တရုတ် လူမျိုး သူမက ယောကျာ်းလည်း မရှိတော့ဘူး သူမ မိဘတွေကလည်း သူမကို စွန့် ပစ်ထားကြတာ ဒီတော့
မွေးလာတဲ့ ကလေးလေးက ထိန်းကျောင်းပေးမဲ့ လူလည်း မရှိ မိဘမဲ့လေးလည်း ဖြစ်နေတော့ အဲ့ဒီက
ဆရာဝန်က မင်းပါးပါးကို ကမ်းလှမ်းလာတာ မင်းပါးပါးကလည်း မားနိုးလာရင် ကလေးလေးက မရှိတော့ စိတ်ထိခိုက်မှာစိုးလို့ဆိုပြီး သား lu လေးကို
မွေးဖို့သဘောတူပြီး မွေးစားခဲ့ကြတာ "
"ဒါ..ဒါဆို..ဖန်လေးက..မွေးစားသားပေါ့"
"ဒါပေမဲ့ မားတို့ စိတ်ထဲမှာ သားကို မွေးစားသားလို့ တစ်ခါမှ မတွေးဖူးပါဘူး ကွယ်"
"ကျေးဇူးတင်ပါတယ် ဖန်လေးကို သားအရင်းလို ချစ်ပေးလို့  ပြီးတော့ ဝမ်းလည်းသာတယ် ဖန်လေးက ကိုကို နဲ့ ဘာမှမတော်လို့"
"lu ရယ်"
ကျနော့်ကိုယ်လုံးလေးကို ကိုကိုက ပွေ့ဖက်ပေးထားသည်
"ဒါကြောင့် သားလေးကို xiao luhan လို့ နာမည်ပေးထားတာပေါ့ သားမေမေက xiao မျိုးရိုးလေ အဲ့ဒါကြောင့် သူမရဲ့ မျိုးရိုး နာမည်လေးပေးတာ"
"ကျေးဇူးတင်ပါတယ်နော် မားနဲ့ပါး ကျနော့်ကို ချစ်ပေးကြလို့ "
"မလိုပါဘူး သမက်လေးရယ်"
မားခေါ်လိုက်သော အခေါ်အဝေါ်ကြောင့် မျက်နာတစ်ခုလုံးပူနွေးသွားရကာ
"ဟာ မားနော် ဘယ်လိုကြီး ခေါ်လိုက်တာလည်း"
"ဟား..ဟား..ဟား..ဟား.."
အကုန်လုံး ရယ်မောနေကြပါသည်
ခုဆို ကျနော်တို့ နှစ်ယောက်ကြားမှ ဘာစည်းမှမရှိတော့ဘူးလေ
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°
CONTINUE °•°•°