မွေ့ကေသာ / ေမြ႔ေကသာ [ Uni/Zaw...

By JuneRose15

7.4K 320 16

သာမန် ကျေးတောသူ ပန်းသည်မလေး ဘဝမှသည် မရည်ရွယ်ပါဘဲ စစ်သူကြီး လဂွန်းအိမ်၏ ကတော်မယား အဖြစ် ရောက်ခဲ့ရသော မွေ့ကေသာ... More

😁
အခန်း ၁ ( က )
အခန္း ၁ ( က ) Zawgyi
about my writing 😊
အခန်း ၁ ( ခ )
အခန္း ၁ ( ခ ) Zawgyi
Characters
Characters [Zawgyi]
Announcement!
အခန်း ( ၂ )
အခန္း ( ၂ ) Zawgyi
June's Note
အခန်း ( ၃ )
အခန္း ( ၃ ) Zawgyi
အခန်း ( ၄ )
အခန္း ( ၄ ) Zawgyi
အခန်း ( ၅ )
အခန္း ( ၅ ) Zawgyi
အခန်း ( ၆ )
အခန်း ( ၆ ) Zawgyi
အခန်း ( ၇ ) Zawgyi
HELLO!!!!
အခနျး ( ၈ )
အခန်း ( ၈ ) Zawgyi
Advertisement!! 😁
June's Note
အခနျး ( ၉ )
အခန်း ( ၉ ) Zawgyi
အခနျး ( ၁၀ )
အခန်း ( ၁၀ ) Zawgyi

အခန်း ( ၇ )

155 9 2
By JuneRose15

~~ မနီးစပ်ကြသေးခင်မှာပင် လွမ်းနှင့်ရ​လေပြီ ~~

စောသံမုံ၏ အချစ်စကားတို့ ကြားရအပြီးနောက်ပိုင်း မွေ့ကေသာသည် သူ့ကို ရင်ဆိုင်ဖို့ ရှက်မိနေသည်။ တစ်နေ့တွင် မိမိအား ချစ်ခွင့်ပန်လာမည်မှန်း မိန်းကလေးတို့သဘာဝစိတ်ဖြင့် ကြိုသိနေသော်လည်း အနှီ​​ယောကျာ်းပျိုက ရုတ်တရက် ဖွင့်ဟလာတော့ ​ကေသာ့ခမျာ စိတ်လှုပ်ရှားကာ အယောင်ယောင် အမှားမှား ဖြစ်သွားမိသည်ပင်.......။

ညနေခင်းအချိန် သူဖွင့်ပြောလာပြီးနောက်ပိုင်း မွေ့ကေသာကား ညဖက်အထိ မိမိအခန်းထဲမှ မထွက်ဖြစ်တော့​။ စောသံမုံကလည်း သူရှက်နေမှန်း သိရော့ထင့်...၊  အရင်လို စကားစမြည်လာပြောဖို့ မကြိုးစားပေ........။

ပတ်ဝန်းကျင်မှ လူကြီးတွေကတော့ ထုံးစံအတိုင်း ညချမ်းအချိန်ဆို စောသံမုံနဲ့ ရေနွေးကြမ်းဝိုင်းဖွဲ့ကြမြဲ။ စောသံမုံ ပြောပြတတ်သည့် နန်းတွင်းရေးတို့ကို နားထောင်ကြ​ပြီး ယောကျ်ားတို့ ဘာသာဘာဝ...  နိုင်ငံရေး၊ ပြည်ထဲရေးအကြောင်း ဆွေးနွေးတိုင်ပင်ကြမြဲ.......။

ရွာဦးကျောင်းမှ ဘုန်းတော်ကြီး ဥူးပညာစာရ က စောသံမုံတစ်ယောက် မြို့စောင့်တပ်သားဘဝကနေ  ဘယ်လိုလုပ် ဒဏ်ရာရလာပြီး ​ဒီရွာမှာ သောင်​တင်နေတဲ့အကြောင်း သိချင်ကြောင်းမေးလာသည်။

" တကာကြီး စောသံမုံ.... ဘဇာကြောင့် ဒဏ်ရာရပြီး ဒီရွာကို ရောက်ခဲ့တာတုန်း ကွဲ့? "

တခြား ရပ်ရွာလူကြီးတွေကလည်း ဒီအကြောင်းကို သိလိုသဖြင့် ဆရာတော် အမေးမှာ ဝင်ပြီး သူတို့လည်း သိချင်ကြကြောင်း ထောက်ခံကြတော့ စောသံမုံကား နောက်ကြောင်းပြန် ပြောပြရတော့သည်.........။ 

" ဒီလိုပါ ဘုရာ့းး......၊ တပည့်တော်က အရှင့်သား ဗညားနွဲ့ရဲ့ လူယုံတပ်သားအဖွဲ့ထဲ ပါတော့ အ​ရေးပါလောက်တဲ့ တချို့သတင်း ကိစ္စတွေကို စုံစမ်းပြီး အရှင့်သား နားတော်မှောက် ပြန်သွင်းပေးရပါတယ် ဘုရား။

မြို့စောင့်တပ်မှာ တာဝန်ကျတော့ကျ သတင်း​တွေက စုံတယ်လေ။ မြို့ထဲ ဝင်၊ ထွက်ကြတဲ့ လူတန်းစားအစုံ ပြောစကားတွေကို စနည်းနားပြီး လိုအပ်တဲ့ အချက်အလက်တွေကို သွေးသောက်အဖွဲ့ဆီ သတင်းပို့ပေးရပါတယ်။ ဒီလိုနဲ့ပဲ အဋ္ဌျင့်သားရဲ့ ယုံကြည်မှုကို ပိုပြီးရလာခဲ့ပါတယ်.......။ "

မြို့စောင့်တပ်သားဖြစ်ခဲ့စဥ်က အဖြစ်ပျက်တွေကို ပြန်တွေးရင်း စောသံမုံကား နောက်ကြောင်းပြန်ပြနေသည်။ မွေ့ကေသာခမျာလည်း အခန်းထဲမှ နားစွန့်လျက်ပင်.....၊ ဒီလူသားကို သူ သံယောဇဥ်တွယ်မိနေသည်လေ......... ။

" ဗညားနွဲ့ အရှင့်သားက နန်းတွင်းထဲမှာ ရွှေနန်းရှင်ရဲ့ မျက်နှာသာ အပေးမခံရဘူး ဘုရာ့းး။ ဘာလို့ဆို အရှင့်သားနဲ့ ဖအေ​တူ၊ မအေကွဲ ညီမတော် တလမေဒေါနဲ့ ချစ်ကြိုးသွယ်မိနေကြတာကို ခမည်းတော်က ရိပ်မိသွားတာကိုး ဖျာ့။

ငယ်တည်းက အတူကြီးပျင်းခဲ့ကြတဲ့ သူတွေဆိုတော့ သံယောဇဉ်ကြိုးက အရမ်းခိုင်မာနေတာကလား....။ တစ်နေ့တော့ အရှင့်သားက နှမတော် တလမေဒေါ မင်းသမီးကို ခိုးပြေးဖို့ ကြံစည်ပါလေကော။ တပည့်တော်တို့ သွေးသောက်တွေနဲ့ အစီအစဥ်ဆွဲ​ပြီး တိုင်ပင်တယ်။

အရှင့်သားနဲ့ မင်းသမီး ​မြို့ပြင်ကို ဘေးကင်းကင်းထွက်သွားနိုင်ဖို့ တာဝန်က မြို့စောင့်တပ်မှာ တာဝန်ကျတဲ့ ကျွန်တော်မျိုး ​ခေါင်းပေါ် ရောက်လာပါကောလား...။"

[ ** AN:::: စောသံမုံ နောက်ကြောင်းပြန်​ပြီး မင်းသား၊ မင်းသမီးတို့နဲ့ ပြောတဲ့ စကားတွေကို {....} ထဲမှာ ရေးသွားပါမယ် လို့! **]

{{{ စောသံမုံကား အရှင့်သား မိန်းမ ခိုးပြေးမည့် ညနား နီးလာလေ စိတ်လှုပ်ရှားနေမိလေပင်။ အရှင့်သားကို မလိုလားသူ နန်းတွင်း အမတ်တစ်ဦးဦးနား သတင်းပေါက်သွားပါက အစီအစဥ်လည်း ပျက်ရမည်။ အရှင့်သားလည်း နဂိုထက်ပိုပြီး ရွှေနန်းရှင်ရဲ့ နှိမ့်ချခံရ​ပြီး အနေ၊ အစား ကြပ်သွား​မည် မို့လား........။

ဒီလိုနဲ့ပဲ အရှင့်သား မိန်းမခိုးပြေးမယ့်ရက်သို့​ ရောက်လာခဲ့သည်။ အရှင့်သားက လကွယ်ခါနီး လဆုတ်ရက်ကို ရွေးထားခဲ့သည်။ လထွက်ရက်ကို ရွေးမိရင် ညဖက်ဖြစ်ပေမယ့် အ​စောင့်တွေက မတော်တဆများ အရှင့်သားနဲ့ မင်းသမီးတို့ ရုပ်ရည်ကို မှတ်မိသွားလျှင် အစီအစဥ် ပျက်သွားနိုင်သည်လေ......။

ဗညားနွဲ့ အရှင့်သား သူ့နှမတော် တလမေဒေါ မင်းသမီးကို ခိုးပြေးမယ့်ည..... တော်ဝင်သွေးနှစ်ပါးခမျာ ဆင်းရဲသားတွေအဖြစ် ရုပ်ဖျက်ပြီး မြို့တံခါးပိတ်ခါနီးလေးမှာ စောသံမုံ့ အကူအညီဖြင့် ရွှေမြို့တော်ကနေ ထွက်သွားနိုင်ခဲ့ပါသည်။

သို့သော် "အချစ်စစ်တို့လမ်းကား မဖြောင့်ဖြူးဘူး" ဆိုသလို နဂိုစီစဥ်ထားသည့်အတိုင်း ချောချောမွေ့မွေ့ ပြီးမသွားခဲ့..။ သန်းခေါင်မတိုင်မီမှာပင် မင်းသား နှင့် မင်းသမီးတို့ ပျောက်နေကြောင်း သိကုန်ကာ နန်းတွင်းထဲမှာ ပွက်လောရိုက်ကုန်တော့သည်.......။

ဗညားနွဲ့ မင်းသားရဲ့ အဇ​မ္ဗူ ဆင်ကလည်း ပျောက်နေသည်။ ဒီဆင်က ဗညားနွဲ့ တစ်လက်ကိုင်ပင်။ ဆင်ထိန်းတို့ကိုပင် သိပ် အကပ်မခံချင်....။ ဆင်ကော၊ မိမိ သား​တော်နဲ့ သမီး​တော် နှစ်ပါးကော ပျောက်နေတော့ ခိုးပြေးကြကြောင်းကောက်ချက်ချပြီး ရွှေနန်းရှင် ​ဗညားဦးက ဘုရင့်ကိုယ်ရံတော် တပ်ဖွဲ့ကို ဗညားနွဲ့တို့စုံတွဲနောက် လိုက်ဖမ်းခိုင်းတော့သည်.......။ 

စောသံမုံခမျာ ရွှေနန်းရှင်ရဲ့ အမိန့်ကို သိလျှင်သိချင်း အရှင့်သားတို့နောက် သတိလိုက်ပေးဖို့ပြင်သည်။ မြို့စောင့်တပ်ဝတ်စုံ ကိုယ်ကျပ်အညိုရောင်ကို အပေါ်၊ အောက် အဝတ်မည်းတို့ ​လဲပြီးတာနဲ့  သူ့လက်စွဲတော် မြင်းကို ဒုံးစိုင်းပြီး အရှင့်သားတို့နောက် လိုက်တော့သည်.........။

အရှင့်သားနဲ့ မင်းသမီးက အရီးတော် မဟာဒေဝီရဲ့ အပိုင်စားမြို့ဖြစ်သည့် ဒဂုံမြို့သို့ ခိုးပြေးကြခြင်းပင်။ သွေးသောက်အဖွဲ့ကို အသိပေးထားသဖြင့် လမ်းကြောင်းသိနေသော စောသံမုံက မြင်းဒုံးစိုင်းစီးကာ အရှင်၂ပါး အန္တရယ်မှလွတ်အောင် သတိပေးဖို့ ကြိုးစားခဲ့သည်..........။

ဘုရင့်​ကိုယ်ရံတော်တပ်ရဲ့ ခြေရာကောက်နိုင်စွမ်းကလည်း မသေးလှပေ။ ဗညားနွဲ့ မင်းသား၏ဆင် အဇမ္ဗူဆင်ရဲ့ ခြေရာကို ရအောင်လိုက်ပြီး မြင်းကိုယ်စီနဲ့ အသော့နှင်ကြသည်။

သူ့နှမတော်ကို ခိုးပြေးလာကြောင်း ပြည်သူတွေကြား ဆူဆူပူပူ မဖြစ်စေချင်တဲ့ အရှင့်သားကလည်း ဆင်ကို ပုံမှန်သာ စီးသွားလေရာ 'မုညက်ရွာ' အရောက်မှာ နန်းတွင်းတပ်တို့က လိုက်မီပီး ဆက်မပြေးနိုင်အောင် တားဆီးခြင်း ခံလိုက်ရသည်။

အရှင့်သားတို့ကို သတိပေးဖို့ လိုက်လာသော စောသံမုံက ခြေတစ်လှမ်းနောက်ကျသွားခြင်းပင်.....။ ကိုယ်ရံတော်တွေမပါသွားတဲ့ အရှင့်သားတို့ ဘေးအန္တရာယ် ဖြစ်မှာ​ကို ကာကွယ်ပေးနိုင်ဖို့ သူ မုညက်ရွာထဲ ဝင်ဖို့ကြိုးစားပါသည်။

သို့သော် ​ရွှေနန်းရှင်ရဲ့ နန်းတွင်းတပ်သားတွေ တားဆီးတာခံရပြီး တိုက်ပွဲငယ်တစ်ခု ဖြစ်သွားခဲ့သည်။ ​စောသံမုံလည်း ရွာထဲ ဝင်မရ၊ သွေးသောက်အဖွဲ့ဝင် ဖြစ်လာပြီး လက်ရည်တက်လာတဲ့ သူ့ကိုလည်း နန်းတွင်းတပ်သားတွေ မသတ်လိုက်နိုင်ဘဲ ဒဏ်ရာသာ ရစေခဲ့သည်။

သူ့မြင်းလိမ္မာကြီးက သခင် ဒဏ်ရာရသွားမှန်းသိတော့ သခင်ဘေးကင်းအောင် နန်းတွင်းတပ်သားတွေကို ရအောင်ဖောက်ထွက်ပြီး ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့သည်။ စောသံမုံကား ချိုစောင်းက ဒဏ်ရာတွေနဲ့မို့ သတိရတလှည့်၊ မေ့တစ်လှည့်နဲ့ အနာရှိန်ကြောင့် အဖျားတက်ပြီး ရွှေမော်ဓော စေတီရင်ပြင်ရှိရာသို့ ရောက်လာခဲ့ခြင်းပင်.........။ }}}

စောသံမုံတစ်ယောက် အတိတ်ကို ​ပြန်ပြောပြပြီးချိန်မှာ ညသန်းခေါင်တိုင်လုပေပြီ။ လူကြီးသူမတို့လည်း ကိုယ်စီ အသီးသီး အိမ်ပြန်ကုန်ကြသည်။ အိမ်အပြင်မှာတော့ လမင်းကြီးက ထိန်ထိန်သာလျက်............။

အရှင့်သားဗညားနွဲ့ မိန်းမခိုးပြေးတဲ့ အရေးတော်ပုံကြောင့် ဒဏ်ရာတွေနဲ့ မွေ့ကေသာတို့ ရွာလေးဆီ ရောက်လာရခြင်းကို စောသံမုံက ကံကောင်းလွန်းသည်ဟု ထင်သည်။ ရွာလူကြီးကအစ အရှင့်သားကို ကြည်ညိုကြတော့ စိတ်ချမ်းသာရသည်......။

ပြီးတော့ ဘာဆွေမျိုးမိဘမှ မရှိခဲ့တဲ့ သူ့ဘဝထဲကို မွေ့ကေသာ ဆိုတဲ့ လုံမပျိုလေး ရောက်လာတော့ အချစ် ဆိုတာကို သူ ခံစားသိရှိခဲ့ရသည်။ ဒါက ဘုရားပေးတဲ့ဆုလာဘ်တစ်ခုပင်.........။

စောသံမုံကား ဒဏ်ရာတို့လည်း မွေ့ကေသာ့ ကျေးဇူးနဲ့ အရှင်းပျောက်ပြီ။ မိမိတာဝန်ပြန်ထမ်းဖို့ မကြာခင် နန်းတွင်းထဲ ပြန်ရတော့မည်။ သို့ပေမယ့် အနှီ မိန်းမပျိုလးကို သူ ခွဲခွာမသွားချင်ပါ။ ဖြစ်နိုင်ရင် တစ်ခါထဲ လူကြီးသူမတွေအရှေ့မှာတောင်းရမ်းလက်ထပ်ယူပြီး မိမိ သွားလေရာ ခေါ်သွားလိုက်ချင်သည်......။

ဒါပေမယ့် ကေသာ့စိတ်ကိုလည်း မေးမြန်ရပါအုံးမည်။ မိမိလို တစ်ကောင်ကြွက်ကို သူလေး လက်ခံနိုင်ပါ့မလား စိုးရိမ်မိရပြန်သည်။ မွေ့ကေသာ အိမ်မှာမရှိဘဲ ပန်းရောင်းသွားနေချိန်တွေမှာ သူ ကေသာ့အတွက် ချစ်လက်ဆောင်တစ်ခု ပြင်ဆင်နေခဲ့သည်။

ဒါက ဆံထိုး တစ်ခု၊ ဟုတ်သည်..... ဓားကိုင်နေကျ လက်တစ်စုံဖြင့် ချစ်ရသူအတွက် မိမိကိုယ်တိုင် ပြုလုပ်ထားခဲ့သော ဆံထိုးလေးတစ်ခု။ ကေသာ အိပ်ပျော်နေပြီ ထင်ပါသည်။ စာတစ်စောင်ချန်ပြီး နန်းတွင်းပြန်တော့မည်..........။

<<< သို့

            ချစ်မိပါသော ကေသာရေ၊ ကျုပ်က စစ်သားတစ်ယောက်မို့ တဖွဲ့တနွဲ့တွေ မပြောပြတတ်ပါ။ သို့သော် အမိကို ကျုပ် အမှန်တကယ်ပင် မေတ္တာသက်ဝင်မိပါသည်။ အမိရဲ့ ကျေးဇူးနဲ့ ကျုပ်ဒဏ်ရာတွေလည်း အရှင်းပျောက်ပီမို့ ကျုပ်ရဲ့ နဂိုတာဝန်ဖြစ်တဲ့ မြို့စောင့်တပ်ဖွဲ့ဝင် အဖြစ်၊ အရှင့်သားရဲ့ သွေးသောက်လူယုံအဖြစ် တာဝန်တွေထမ်းဖို့ ပြန်ရပါတော့မည်။ အမိကို ကျုပ် နှုတ်ဆက်စကားမပြောရက်၊ မပြောချင်ပါ။ ကေသာ သာ ကျုပ်အချစ်ကို လက်ခံပေးနိုင်ခဲ့မယ်ဆိုရင် ကျုပ်လုပ်ထားတဲ့ ဒီဆံထိုးလေးကို အသုံးပြုပေးပါ။ ကျုပ် အမြန်ဆုံး ကေသာ့ဆီ ပြန်လာပါမယ်။

                           မေတ္တာသက်ဝင်မိပါတဲ့
                                  စောသံမုံ >>>>

စောသံမုံကား နှုတ်ဆက်စာ တစ်စောင်ဖြင့် တိတ်တဆိတ်ပင် ထွက်သွားခဲ့ပါသည်။ မနက်ခင်း အာရုံမတက်ခင် မွေ့ကေသာနိုးလာတော့ စောသံမုံရဲ့ အိပ်ရာက စောင် အခေါက်မပျက်၊ ခေါင်းအုံးထက်မှာတော့ ဆံထိုးလေးတစ်ခုနဲ့ ဖိထားပါသည့် စာတစ်စောင်။ သူ့စာကို ဖတ်အပြီးမှာ ​မျက်ရည်တစ်ပေါက်က စာထက်သို့ ကျလေသည်....။

" သြော်.......၊ လွမ်းရေးထက် ပြည်ထဲရေးက ခက်သည့် ဘဝတွေမို့ မနီးစပ်ကြသေးမီမှာပင် ကေသာ လွမ်းနေရတော့မှာပေါ့ အမောင်ရယ်,.....................! "

===========================

June's Note::: အကြာကြီး ပစ်ထားခဲ့မိလို့ တောင်းပန်ပါတယ်ရှန့်😁😁။ အပတ်တိုင်း Sat/ Sun အဆင်ပြေတဲ့ တစ်ရက်ကို အပိုင်းသစ် update ပေးနိုင်အောင် ကြိုးစားပြီး ရေးပါ့မယ်နော်။ ကိုယ့်လက်ရာ မကောင်းမကန်းလေးကို reading listထဲ ထည့်ပေး၊ vote ပေးပြီး ဖတ်ပေးကြတဲ့သူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ မွေ့ကေသာလေးကို ဆက်ချစ်ပေးကြပါအုံး လို့! 💛💛💛

ရှေ့​လျှောက် အချိုကျွေးလိုက်၊ အခါးပေးမြည်းလိုက် အချိန်တွေ လာပါတော့မယ်။🚫🔞🌚🌚 အခန်းတွေ မျှော်နေတဲ့ reader တွေ အတွက်လည်း Juneလေးက မျက်နှာပူပူနဲ့ ရေးပေးမှာပါနော် 🌝🌝🙊။

Ses u next Weekened pr naw.. 😊😇

Thank u for reading my fic 💙!

If u enjoy reading this chapter..., plz vote!😇

Stay @ home & take care of ur health pr naw readers.... 🌼!!!!

By #JuneRose 🥀

‌6/6/20.         Sat.           10:50 p.m

Continue Reading

You'll Also Like

1.7M 69.3K 29
After a disastrous first season in London, Rose Wilde finds herself torn between two men who love her -- but who both hide secrets that could ruin he...