တစ္ပတ္ေလာက္ျခားၿပီးတဲ့အခ်ိန္မွာေတာ့ ေ႐ွာင္းက်န္႔ကေလာင္ခမ္းနဲ႔ေတြ႔ဖို႔ထြက္လာခဲ့တယ္။
ေမာင့္ရဲ႕သံသယေတြအေၾကာင္းကိုသိတာမို႔ တစ္ပတ္ေလာက္ကေတာ့ေမာင္စိတ္႐ွင္းေအာင္အလိုက္သင့္ေနေပးရေသးတယ္။
ေ႐ွာင္းက်န္႔အျဖစ္ကလည္း မဟုတ္တာဘာမွလုပ္မထားေပမယ့္ေနာက္ေက်ာမလံုတဲ့အျဖစ္!
ဟိုလူ႔ေၾကာက္ရ၊ဒီလူ႔ေၾကာက္ရနဲ႔ပါပဲ။
စားေသာက္ဆိုင္ေကာင္တာမွဝန္ထမ္းက ဘြတ္ကင္လုပ္ထားတဲ့နာမည္ေျပာလိုက္ေတာ့ေ႐ွာင္းက်န္႔ကိုသီးသန္႔ခန္းထဲေခၚသြားေပးသည္။
အခန္းထဲေရာက္ေတာ့ သေကာင့္သားေလာင္ခမ္းကႀကိဳေရာက္ႏွင့္ၿပီး
စားေသာက္ေနလိုက္ေသး၏။
"ဘယ္ဘဝကမ်ားငတ္လာလဲမသိဘူး"
ေ႐ွာင္းက်န္႔ ထိုသို႔ဆိုေတာ့
ေလာင္ခမ္းက လက္ထဲကတူကိုခ်ကာ ဆီေဝ့ေနတဲ့ႏႈတ္ခမ္းကိုတစ္႐ွဴးနဲ႔သုတ္ၿပီး ဟန္ပါပါနဲ႔စကားေျပာဖို႔ျပင္ပါသည္။
"ငါတို႔ျပည္သူ႔ရဲေတြဆိုတာကေလ……"
"ႀကီးႀကီးက်ယ္က်ယ္ေတြေျပာမေနစမ္းပါနဲ႔ ျပီးရင္ေငြေနာက္လိုက္တာပဲမဟုတ္လား"
"ဟ...!!! အဲ့ဒီထဲမွာငါမပါဘူးကြ"
ေ႐ွာင္းက်န္႔ကႏႈတ္ခမ္းကိုမဲ့ရြဲ႕ျပသည္။
မခ်စ္ေတာ့တာကမခ်စ္ေတာ့တာပဲ။
ဒါေပမယ့္ ေ႐ွာင္းက်န္႔အခုလိုလုပ္လိုက္တဲ့ပံုစံေလးကအသည္းထဲကထိယားတက္လာၿပီးခ်စ္ဖို႔ေကာင္းတယ္ဆိုတာေတာ့ ေလာင္ခမ္းဝန္ခံပါသည္။
"ကဲပါ မင္းရဲ႕အေရးႀကီးကိစၥကိုသာေျပာစမ္းပါ"
ထိုအခါေလာင္ခမ္းကေ႐ွ႕တိုးဆိုတဲ့သေဘာႏွင့္ ေ႐ွာင္းက်န္႔အား
လက္ညႇိဳးတစ္ဖက္ကိုေဝ့ရမ္းျပသည္။
ေ႐ွာင္းက်န္႔လည္းပဲ အလယ္ကထမင္းစားပြဲပုတိုေလးအနားကို ကိုယ္နဲ႔ထိတဲ့တိုးကပ္သြားမိသည္။
"ငါ့ကိစၥကိုေျပာရမယ္ဆိုရင္ ခုနကစကားကိုျပန္ေကာက္ရမယ္"
"ဘယ္စကားလဲ"
"လာဘ္ေပးလာဘ္ယူအေၾကာင္းေလ"
ေ႐ွာင္းက်န္႔ကမ်က္ခံုးႏွစ္ဖက္ဝင့္ၿပီးစိတ္ဝင္စားဟန္ျပေတာ့ ေျပာျပရမယ့္ေလာင္ခမ္း အားတက္လာသည္။
အင္း…ေျပာျပရမွာဆိုတာထက္
တစ္နည္းအားျဖင့္အကူအညီေတာင္းရမယ္ဆိုပါေတာ့။
ဒါကလည္းေ႐ွာင္းက်န္႔အတြက္ပါအက်ိဳး႐ွိေစမယ့္ကိစၥပင္…။
"ႂကြယ့္ရံုရဲ႕အေဖ ရဲမွဴးကေလ အက်င့္ပ်က္ျခစားေနတဲ့ဘိုးေတာ္ကြ
သူ႔ေျမမွာဒုစ႐ိုက္ေတြလုပ္ေနတဲ့အဖြဲ႔ရဲ႕ေလာပန္းကအဲ့ဘိုးေတာ္ကိုလာဘ္ထိုးထားတာ
အဲ့ဒါေၾကာင့္ပဲအဲ့ဒီနယ္ေျမမွာဆိုဒုစ႐ိုက္ မူးယစ္ေဆးဝါးအမႈဆိုတာမ႐ွိသေလာက္႐ွားေနတာေလ
ႏွစ္တိုင္း ဒုစ႐ိုက္ကင္းစင္ေျမဆိုၿပီးႏိုင္ငံ့ဆုတံဆိပ္ေတြရေနတာကအေကာင္းနဲ႔ရေနတာမဟုတ္ဘူး
အဲ့ဒီမူးယစ္ေဆးမႈေတြကမ႐ွိတာမဟုတ္ဘဲ သူကိုယ္တိုင္ဖံုးဖိထားတာကြ"
ေ႐ွာင္းက်န္႔ရဲ႕မ်က္လံုးအိမ္က်ယ္က်ယ္ေတြကပို၍ပင္ဝိုင္းစက္သြားရသည္။
ႂကြယ့္ယံု…ဒီေကာင္ေလးကအေဖအားကိုးနဲ႔မိုက္ေနတာပဲ။
"အဲ့ဒီကိစၥကိုသက္ေသအျပည့္အစံုနဲ႔တကြရံုးေတာ္ကိုတင္ႏိုင္ဖို႔အတြက္လ်ိဳ႕ဝွက္ေထာက္လွမ္းေရးအဖြဲ႔မွာငါကေခါင္းေဆာင္ေနရာရထားတယ္"
ေလာင္ခမ္းက အက်ႌေကာ္လံကိုေထာင္ကာသူ႔ကိုယ္သူဂုဏ္ယူေနသလိုလုပ္ျပသည္။
"အင္း အဲ့ဒီေတာ့…"
"အဲ့ဒီေတာ့ သူတို႔သားအဖႏွစ္ေယာက္လံုးကိုေဂ်းထဲပို႔လို႔ရမယ့္သက္ေသေတြက ျပည့္စံုဖို႔အတြက္အနည္းငယ္ပဲလိုေတာ့တာကြာ… အဲ့ဒီအခ်က္အလက္ေတြအျပည့္အစံုမရခင္ ႂကြယ့္ရံုရဲ႕အေဖကငါတို႔သတင္းေတြရသြားမွာစိုးရတယ္
အဲ့ဒါ ေလာေလာဆယ္လက္ထဲမွာ႐ွိေနတဲ့သက္ေသေတြကိုမင္းကိုအပ္ထားခ်င္လို႔…"
ေလာင္ခမ္းရဲ႕စကားေၾကာင့္ ေ႐ွာင္းက်န္႔မ်က္လံုးက ခုနကျပဴးေနတာထက္ ႏွစ္ဆေလာက္ပိုျပဴးသြားသေယာင္ထင္ရသည္။
ေခါင္းႀကိမ္းၿပီးဆံပင္ေမႊးေတြပါေထာင္လာသလိုခံစားရ၏။
"ျဖစ္…ျဖစ္ပါ့မလား ငါကနေမာ္နမဲ့နဲ႔ေနာ္ ေလာင္ခမ္း"
"ျဖစ္ပါတယ္ကြာ…မင္းကလည္း
မင္းကပစၥည္းသိမ္းေတာ္တာကိုငါသိပါတယ္ ကူညီပါေ႐ွာင္းက်န္႔ရာ
ဒီအေရးၾကီးအခ်က္အလက္ေတြကိုအပ္ႏွံရေလာက္တဲ့အထိ
ငါ့မွာတျခားယံုၾကည္ရတဲ့သူမ႐ွိလို႔ပါကြ"
ေ႐ွာင္းက်န္႔က သူ႔ေ႐ွ႕ကဟင္းပြဲေတြကိုစိုက္ၾကည့္ေနရင္းစဥ္းစားေနပံုေပၚသည္။ ထို႔ေနာက္ တစ္ခုခုကိုအေတြးေပါက္သြားသလို ေခါင္းကိုတဖြဖြကုတ္ကာေလာင္ခမ္းကိုမ်က္လံုးလွန္ၾကည့္သည္။
"ေနပါဦး…အဲ့ဒီလိုဆိုရင္ ႂကြယ့္ယံုကလဲေဆးမႈနဲ႔ေထာင္က်မွာေပါ့"
"ဒါေပါ့ကြ…အဲ့ဒါတင္မကဘူး
သူ႔ပတ္ဝန္းက်င္ကလူငယ္ေတြကိုပါေဆးသံုးဖို႔တိုက္တြန္းမႈနဲ႔တစ္သက္တစ္ကြၽန္းေတာင္က်သြားႏိုင္တယ္"
"ဟင္? ငါမင္းကိုအကူအညီေတာင္းတုန္းက ႂကြယ့္ယံုမွာ႐ွိတဲ့ရိေပၚရဲ႕ဓာတ္ပံုေတြကိုလိုခ်င္လို႔ေလ…
အခုလိုသာဆိုရင္ ရိေပၚေဆးသံုးခဲ့တာေတြကိုျပည္သူေတြသိသြားမွာေပါ့
ရိေပၚတို႔မိသားစုသိကၡာ……"
"ေ႐ွာင္းက်န္႔!!!
မင္းကငါ့သူငယ္ခ်င္းပါကြ
ဝမ္ရိေပၚဆိုတာကလည္းငါ့သူငယ္ခ်င္းရဲ႕အမ်ိဳးသား
သူဒုကၡေရာက္ေစႏိုင္မယ့္အျဖစ္မ်ိဳးငါကအေရာက္ခံပါ့မလားကြ"
"အဲ့ဒါဆိုငါ့ကိုေရလည္ေအာင္ေသခ်ာေျပာျပေလကြာ"
"ေသခ်ာနားေထာင္
တရားရံုးကိုမတင္ခင္အဲ့ဒီသက္ေသေတြကငါတို႔ေထာက္လွမ္းေရးအဖြဲ႔လက္ထဲကိုအရင္ေရာက္မွာေလ
အဲ့ဒီအပိုင္းအျခားမွာ ငါကဝမ္ရိေပၚနဲ႔ပတ္သတ္တဲ့သက္ေသေတြကိုျဖတ္ခုတ္ၿပီးမင္းကိုေပးမယ္ ၿပီးရင္အဲ့ဒီသက္ေသေတြနဲ႔တကြ ရိေပၚမင္းကိုအထင္လြဲေနတာေတြကိုေျဖ႐ွင္းလိုက္ကြာ…
ငါ့ကိုဒီလိုၿခိမ္းေျခာက္ထားလို႔အျဖစ္မွန္ကိုမေျပာရဲတာပါေမာင္ရယ္တို႔ ဘာတို႔"
ေနာက္ဆံုးစကားနားမွာ ညဳတုတုအသံနဲ႔ေျပာျပတဲ့ေလာင္ခမ္းေၾကာင့္
ေ႐ွာင္းက်န္႔က စားပြဲေပၚကတစ္႐ွဴးဗူးနဲ႔ပစ္ေပါက္လိုက္ေတာ့ရယ္က်ဲက်ဲလုပ္ေနျပန္သည္။
"အဲ့ဒီလိုဆိုရင္မင္းလဲအိမ္ေထာင္ေရးအဆင္ေျပသြားမယ္…
ငါတို႔အဖြဲ႔လဲရာထူးတက္သြားမယ္
ဘယ္လိုလဲ မေကာင္းဘူးလား"
"ၿပီးတာပဲ…ဘယ္မွာလဲ ငါသိမ္းေပးရမယ့္သက္ေသေတြဆိုတာ"
ထိုအခါေလာင္ခမ္းက ပါလာတဲ့အိတ္ထဲကစာရြက္စာတမ္းအခ်ိဳ႕ကိုေ႐ွာင္းက်န္႔ထံကမ္းေပးလာသည္။
ေမာင္ သူ႔ကိုအရင္လိုျပန္ခ်စ္ေပးႏိုင္မယ့္အခ်ိန္ကသိပ္မလိုေတာ့ဘူး ဟုေ႐ွာင္းက်န္႔ေမ်ွာ္လင့္မိသည္။
……
ေ႐ွာင္းက်န္႔ကေကာ္ဖီေသာက္ရင္းသတင္းၾကည့္ေနသည္။
ေမာင္သည္လည္းအေပၚထပ္ကစာၾကည့္ခန္းမွာအလုပ္႐ႈပ္ေနလိမ့္မည္။
လီဂြန္းကအျပင္မွျပန္မေရာက္ေသး။
ဒီေကာင္ေလးကေနာက္အပတ္ထဲျပန္မည္ဆိုေသာေၾကာင့္ေ႐ွာင္းက်န္႔စိတ္ေပ်ာ္ေနမိသည္။
"သား ေ႐ွာင္းက်န္႔
ဒီမွာလီဂြန္းရဲ႕အက်ႌအိတ္ထဲကထြက္လာတာေလး"
အေဒၚႀကီးလက္ထဲကတစ္စံုတစ္ခုကိုလက္လႊဲယူၿပီး သူ႔လက္ထဲေရာက္မွ ေ႐ွာင္းက်န္႔ေသခ်ာျပန္ၾကည့္မိသည္။
ႏႈတ္ခမ္းနီအဆီ…။
တိတိက်က်ေျပာရရင္ ေမာင္ သူ႔အတြက္ဝယ္လာတဲ့လက္ေဆာင္ေတြမွာတစ္ခုအပါအဝင္ျဖစ္တဲ့ႏႈတ္ခမ္းနီဗူး။
Brand တစ္ခုတည္း၊တစ္ေရာင္တည္းပင္ျဖစ္သည္။
"ကြၽန္ေတာ္သူ႔ကိုျပန္ေပးလိုက္ပါ့မယ္
အေဒၚႀကီးလဲျပန္ရင္ျပန္ေတာ့ေလ
အျပင္မွာမိုးခ်ဳပ္ေနၿပီ"
"ေအး ေအး
ေလ်ွာ္လက္စအဝတ္ေတြလက္စသတ္၊လွန္းခဲ့ၿပီးရင္အေဒၚျပန္လိုက္မယ္ေနာ္"
…
၉နာရီထိုးခါနီးမွာေတာ့လီဂြန္းျပန္ေရာက္လာသည္။ သူ႔အတြက္ငွါးေပးထားတဲ့ဂိုက္ကလည္းေ႐ွာင္းက်န္႔ရဲ႕အသိထဲကမို႔လို႔စိတ္ခ်ရသျဖင့္ဒီေကာင္ေလးကိုလႊတ္ထားေပးျခင္းပင္။
ၿပီးေတာ့ မၾကာခင္ပဲျပန္ေတာ့မွာမဟုတ္လား…။
"လီဂြန္း…ဒီမွာ မင္းရဲ႕ႏႈတ္ခမ္းနီ"
ဧည့္ခန္းစားပြဲေပၚမွာတင္ထားတဲ့ႏႈတ္ခမ္းနီဗူးကိုေမးေငါ့ျပရင္းေ႐ွာင္းက်န္႔ေျပာလိုက္သည္။ ထိုအခါလီဂြန္းကျပံဳးရယ္ေနတဲ့မ်က္ႏွာေလးနဲ႔အနားကိုေစြ႔ကနဲ႔ေရာက္လာသည္။
"ေက်းဇူးပဲ…အျပင္မွာက်ေပ်ာက္တယ္ထင္ၿပီး႐ွာေနတာ ေခါင္းေတာင္ကိုက္တယ္"
ေ႐ွာင္းက်န္႔ ဘာမွျပန္မေျပာမိ။
လီဂြန္းကသူ႔ေ႐ွ႕မွထြက္သြားျပီးမွာတစ္ခုခုကိုသတိရသြားဟန္နဲ႔ျပန္လွည့္လာသည္။
"အာ…အကိုေ႐ွာင္းက်န္႔နဲ႔ကြၽန္ေတာ္ကဆင္တူျဖစ္သြားတာပဲ ဟုတ္တယ္မို႔လား?
ဟိုလူႀကီးက အကို႔အတြက္လက္ေဆာင္ေတြဝယ္ေပးရင္းကြၽန္ေတာ့္အတြက္ပါတစ္ခုဝယ္ေပးတာေလ…"
ဒီတစ္ေခါက္ တကယ္ထြက္သြားၿပီျဖစ္တဲ့ လီဂြန္းရဲ႕ေက်ာျပင္တြင္ေ႐ွာင္းက်န္႔ရဲ႕အၾကည့္မ်ားကပ္ပါသြားခဲ့သည္။
အဲ့ဒီေနာက္ သက္ျပင္းခ်သဲ့သဲ့သည္တိတ္ဆိတ္ေနေသာဧည့္ခန္းထဲတြင္ထြက္ေပၚလာသည္။
……
အပိုင္း၂၀မွာက်န္႔ေကာထြက္သြားမယ္လို႔ေမ်ွာ္လင့္ထားတဲ့ရီဒါေတြကိုေျပာခ်င္တာက မွတ္ထားပါ…က်န္႔ေကာေနရာမွာဝင္ခံစားၿပီး နာက်င္ရတာေတြကိုေတးထားပါလို႔။
လီဂြန္းနဲ႔အနီးစပ္ဆံုးတူႏိုင္မယ့္Animeပံုကို googleမွာသြား႐ွာေတာ့႐ွာေတြ႕ခဲ့ပါတယ္ 👇
Unicode
တစ်ပတ်လောက်ခြားပြီးတဲ့အချိန်မှာတော့ ရှောင်းကျန့်ကလောင်ခမ်းနဲ့တွေ့ဖို့ထွက်လာခဲ့တယ်။
မောင့်ရဲ့သံသယတွေအကြောင်းကိုသိတာမို့ တစ်ပတ်လောက်ကတော့မောင်စိတ်ရှင်းအောင်အလိုက်သင့်နေပေးရသေးတယ်။
ရှောင်းကျန့်အဖြစ်ကလည်း မဟုတ်တာဘာမှလုပ်မထားပေမယ့်နောက်ကျောမလုံတဲ့အဖြစ်!
ဟိုလူ့ကြောက်ရ၊ဒီလူ့ကြောက်ရနဲ့ပါပဲ။
စားသောက်ဆိုင်ကောင်တာမှဝန်ထမ်းက ဘွတ်ကင်လုပ်ထားတဲ့နာမည်ပြောလိုက်တော့ရှောင်းကျန့်ကိုသီးသန့်ခန်းထဲခေါ်သွားပေးသည်။
အခန်းထဲရောက်တော့ သကောင့်သားလောင်ခမ်းကကြိုရောက်နှင့်ပြီး
စားသောက်နေလိုက်သေး၏။
"ဘယ်ဘဝကများငတ်လာလဲမသိဘူး"
ရှောင်းကျန့် ထိုသို့ဆိုတော့
လောင်ခမ်းက လက်ထဲကတူကိုချကာ ဆီဝေ့နေတဲ့နှုတ်ခမ်းကိုတစ်ရှူးနဲ့သုတ်ပြီး ဟန်ပါပါနဲ့စကားပြောဖို့ပြင်ပါသည်။
"ငါတို့ပြည်သူ့ရဲတွေဆိုတာကလေ……"
"ကြီးကြီးကျယ်ကျယ်တွေပြောမနေစမ်းပါနဲ့ ပြီးရင်ငွေနောက်လိုက်တာပဲမဟုတ်လား"
"ဟ...!!! အဲ့ဒီထဲမှာငါမပါဘူးကွ"
ရှောင်းကျန့်ကနှုတ်ခမ်းကိုမဲ့ရွဲ့ပြသည်။
မချစ်တော့တာကမချစ်တော့တာပဲ။
ဒါပေမယ့် ရှောင်းကျန့်အခုလိုလုပ်လိုက်တဲ့ပုံစံလေးကအသည်းထဲကထိယားတက်လာပြီးချစ်ဖို့ကောင်းတယ်ဆိုတာတော့ လောင်ခမ်းဝန်ခံပါသည်။
"ကဲပါ မင်းရဲ့အရေးကြီးကိစ္စကိုသာပြောစမ်းပါ"
ထိုအခါလောင်ခမ်းကရှေ့တိုးဆိုတဲ့သဘောနှင့် ရှောင်းကျန့်အား
လက်ညှိုးတစ်ဖက်ကိုဝေ့ရမ်းပြသည်။
ရှောင်းကျန့်လည်းပဲ အလယ်ကထမင်းစားပွဲပုတိုလေးအနားကို ကိုယ်နဲ့ထိတဲ့တိုးကပ်သွားမိသည်။
"ငါ့ကိစ္စကိုပြောရမယ်ဆိုရင် ခုနကစကားကိုပြန်ကောက်ရမယ်"
"ဘယ်စကားလဲ"
"လာဘ်ပေးလာဘ်ယူအကြောင်းလေ"
ရှောင်းကျန့်ကမျက်ခုံးနှစ်ဖက်ဝင့်ပြီးစိတ်ဝင်စားဟန်ပြတော့ ပြောပြရမယ့်လောင်ခမ်း အားတက်လာသည်။
အင်း…ပြောပြရမှာဆိုတာထက်
တစ်နည်းအားဖြင့်အကူအညီတောင်းရမယ်ဆိုပါတော့။
ဒါကလည်းရှောင်းကျန့်အတွက်ပါအကျိုးရှိစေမယ့်ကိစ္စပင်…။
"ကြွယ့်ရုံရဲ့အဖေ ရဲမှူးကလေ အကျင့်ပျက်ခြစားနေတဲ့ဘိုးတော်ကွ
သူ့မြေမှာဒုစရိုက်တွေလုပ်နေတဲ့အဖွဲ့ရဲ့လောပန်းကအဲ့ဘိုးတော်ကိုလာဘ်ထိုးထားတာ
အဲ့ဒါကြောင့်ပဲအဲ့ဒီနယ်မြေမှာဆိုဒုစရိုက် မူးယစ်ဆေးဝါးအမှုဆိုတာမရှိသလောက်ရှားနေတာလေ
နှစ်တိုင်း ဒုစရိုက်ကင်းစင်မြေဆိုပြီးနိုင်ငံ့ဆုတံဆိပ်တွေရနေတာကအကောင်းနဲ့ရနေတာမဟုတ်ဘူး
အဲ့ဒီမူးယစ်ဆေးမှုတွေကမရှိတာမဟုတ်ဘဲ သူကိုယ်တိုင်ဖုံးဖိထားတာကွ"
ရှောင်းကျန့်ရဲ့မျက်လုံးအိမ်ကျယ်ကျယ်တွေကပို၍ပင်ဝိုင်းစက်သွားရသည်။
ကြွယ့်ယုံ…ဒီကောင်လေးကအဖေအားကိုးနဲ့မိုက်နေတာပဲ။
"အဲ့ဒီကိစ္စကိုသက်သေအပြည့်အစုံနဲ့တကွရုံးတော်ကိုတင်နိုင်ဖို့အတွက်လျို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှာငါကခေါင်းဆောင်နေရာရထားတယ်"
လောင်ခမ်းက အင်္ကျီကော်လံကိုထောင်ကာသူ့ကိုယ်သူဂုဏ်ယူနေသလိုလုပ်ပြသည်။
"အင်း အဲ့ဒီတော့…"
"အဲ့ဒီတော့ သူတို့သားအဖနှစ်ယောက်လုံးကိုဂျေးထဲပို့လို့ရမယ့်သက်သေတွေက ပြည့်စုံဖို့အတွက်အနည်းငယ်ပဲလိုတော့တာကွာ… အဲ့ဒီအချက်အလက်တွေအပြည့်အစုံမရခင် ကြွယ့်ရုံရဲ့အဖေကငါတို့သတင်းတွေရသွားမှာစိုးရတယ်
အဲ့ဒါ လောလောဆယ်လက်ထဲမှာရှိနေတဲ့သက်သေတွေကိုမင်းကိုအပ်ထားချင်လို့…"
လောင်ခမ်းရဲ့စကားကြောင့် ရှောင်းကျန့်မျက်လုံးက ခုနကပြူးနေတာထက် နှစ်ဆလောက်ပိုပြူးသွားသယောင်ထင်ရသည်။
ခေါင်းကြိမ်းပြီးဆံပင်မွှေးတွေပါထောင်လာသလိုခံစားရ၏။
"ဖြစ်…ဖြစ်ပါ့မလား ငါကနမော်နမဲ့နဲ့နော် လောင်ခမ်း"
"ဖြစ်ပါတယ်ကွာ…မင်းကလည်း
မင်းကပစ္စည်းသိမ်းတော်တာကိုငါသိပါတယ် ကူညီပါရှောင်းကျန့်ရာ
ဒီအရေးကြီးအချက်အလက်တွေကိုအပ်နှံရလောက်တဲ့အထိ
ငါ့မှာတခြားယုံကြည်ရတဲ့သူမရှိလို့ပါကွ"
ရှောင်းကျန့်က သူ့ရှေ့ကဟင်းပွဲတွေကိုစိုက်ကြည့်နေရင်းစဉ်းစားနေပုံပေါ်သည်။ ထို့နောက် တစ်ခုခုကိုအတွေးပေါက်သွားသလို ခေါင်းကိုတဖွဖွကုတ်ကာလောင်ခမ်းကိုမျက်လုံးလှန်ကြည့်သည်။
"နေပါဦး…အဲ့ဒီလိုဆိုရင် ကြွယ့်ယုံကလဲဆေးမှုနဲ့ထောင်ကျမှာပေါ့"
"ဒါပေါ့ကွ…အဲ့ဒါတင်မကဘူး
သူ့ပတ်ဝန်းကျင်ကလူငယ်တွေကိုပါဆေးသုံးဖို့တိုက်တွန်းမှုနဲ့တစ်သက်တစ်ကျွန်းတောင်ကျသွားနိုင်တယ်"
"ဟင်? ငါမင်းကိုအကူအညီတောင်းတုန်းက ကြွယ့်ယုံမှာရှိတဲ့ရိပေါ်ရဲ့ဓာတ်ပုံတွေကိုလိုချင်လို့လေ…
အခုလိုသာဆိုရင် ရိပေါ်ဆေးသုံးခဲ့တာတွေကိုပြည်သူတွေသိသွားမှာပေါ့
ရိပေါ်တို့မိသားစုသိက္ခာ……"
"ရှောင်းကျန့်!!!
မင်းကငါ့သူငယ်ချင်းပါကွ
ဝမ်ရိပေါ်ဆိုတာကလည်းငါ့သူငယ်ချင်းရဲ့အမျိုးသား
သူဒုက္ခရောက်စေနိုင်မယ့်အဖြစ်မျိုးငါကအရောက်ခံပါ့မလားကွ"
"အဲ့ဒါဆိုငါ့ကိုရေလည်အောင်သေချာပြောပြလေကွာ"
"သေချာနားထောင်
တရားရုံးကိုမတင်ခင်အဲ့ဒီသက်သေတွေကငါတို့ထောက်လှမ်းရေးအဖွဲ့လက်ထဲကိုအရင်ရောက်မှာလေ
အဲ့ဒီအပိုင်းအခြားမှာ ငါကဝမ်ရိပေါ်နဲ့ပတ်သတ်တဲ့သက်သေတွေကိုဖြတ်ခုတ်ပြီးမင်းကိုပေးမယ် ပြီးရင်အဲ့ဒီသက်သေတွေနဲ့တကွ ရိပေါ်မင်းကိုအထင်လွဲနေတာတွေကိုဖြေရှင်းလိုက်ကွာ…
ငါ့ကိုဒီလိုခြိမ်းခြောက်ထားလို့အဖြစ်မှန်ကိုမပြောရဲတာပါမောင်ရယ်တို့ ဘာတို့"
နောက်ဆုံးစကားနားမှာ ညုတုတုအသံနဲ့ပြောပြတဲ့လောင်ခမ်းကြောင့်
ရှောင်းကျန့်က စားပွဲပေါ်ကတစ်ရှူးဗူးနဲ့ပစ်ပေါက်လိုက်တော့ရယ်ကျဲကျဲလုပ်နေပြန်သည်။
"အဲ့ဒီလိုဆိုရင်မင်းလဲအိမ်ထောင်ရေးအဆင်ပြေသွားမယ်…
ငါတို့အဖွဲ့လဲရာထူးတက်သွားမယ်
ဘယ်လိုလဲ မကောင်းဘူးလား"
"ပြီးတာပဲ…ဘယ်မှာလဲ ငါသိမ်းပေးရမယ့်သက်သေတွေဆိုတာ"
ထိုအခါလောင်ခမ်းက ပါလာတဲ့အိတ်ထဲကစာရွက်စာတမ်းအချို့ကိုရှောင်းကျန့်ထံကမ်းပေးလာသည်။
မောင် သူ့ကိုအရင်လိုပြန်ချစ်ပေးနိုင်မယ့်အချိန်ကသိပ်မလိုတော့ဘူး ဟုရှောင်းကျန့်မျှော်လင့်မိသည်။
……
ရှောင်းကျန့်ကကော်ဖီသောက်ရင်းသတင်းကြည့်နေသည်။
မောင်သည်လည်းအပေါ်ထပ်ကစာကြည့်ခန်းမှာအလုပ်ရှုပ်နေလိမ့်မည်။
လီဂွန်းကအပြင်မှပြန်မရောက်သေး။
ဒီကောင်လေးကနောက်အပတ်ထဲပြန်မည်ဆိုသောကြောင့်ရှောင်းကျန့်စိတ်ပျော်နေမိသည်။
"သား ရှောင်းကျန့်
ဒီမှာလီဂွန်းရဲ့အင်္ကျီအိတ်ထဲကထွက်လာတာလေး"
အဒေါ်ကြီးလက်ထဲကတစ်စုံတစ်ခုကိုလက်လွှဲယူပြီး သူ့လက်ထဲရောက်မှ ရှောင်းကျန့်သေချာပြန်ကြည့်မိသည်။
နှုတ်ခမ်းနီအဆီ…။
တိတိကျကျပြောရရင် မောင် သူ့အတွက်ဝယ်လာတဲ့လက်ဆောင်တွေမှာတစ်ခုအပါအဝင်ဖြစ်တဲ့နှုတ်ခမ်းနီဗူး။
Brand တစ်ခုတည်း၊တစ်ရောင်တည်းပင်ဖြစ်သည်။
"ကျွန်တော်သူ့ကိုပြန်ပေးလိုက်ပါ့မယ်
အဒေါ်ကြီးလဲပြန်ရင်ပြန်တော့လေ
အပြင်မှာမိုးချုပ်နေပြီ"
"အေး အေး
လျှော်လက်စအဝတ်တွေလက်စသတ်၊လှန်းခဲ့ပြီးရင်အဒေါ်ပြန်လိုက်မယ်နော်"
…
၉နာရီထိုးခါနီးမှာတော့လီဂွန်းပြန်ရောက်လာသည်။ သူ့အတွက်ငှါးပေးထားတဲ့ဂိုက်ကလည်းရှောင်းကျန့်ရဲ့အသိထဲကမို့လို့စိတ်ချရသဖြင့်ဒီကောင်လေးကိုလွှတ်ထားပေးခြင်းပင်။
ပြီးတော့ မကြာခင်ပဲပြန်တော့မှာမဟုတ်လား…။
"လီဂွန်း…ဒီမှာ မင်းရဲ့နှုတ်ခမ်းနီ"
ဧည့်ခန်းစားပွဲပေါ်မှာတင်ထားတဲ့နှုတ်ခမ်းနီဗူးကိုမေးငေါ့ပြရင်းရှောင်းကျန့်ပြောလိုက်သည်။ ထိုအခါလီဂွန်းကပြုံးရယ်နေတဲ့မျက်နှာလေးနဲ့အနားကိုစွေ့ကနဲ့ရောက်လာသည်။
"ကျေးဇူးပဲ…အပြင်မှာကျပျောက်တယ်ထင်ပြီးရှာနေတာ ခေါင်းတောင်ကိုက်တယ်"
ရှောင်းကျန့် ဘာမှပြန်မပြောမိ။
လီဂွန်းကသူ့ရှေ့မှထွက်သွားပြီးမှာတစ်ခုခုကိုသတိရသွားဟန်နဲ့ပြန်လှည့်လာသည်။
"အာ…အကိုရှောင်းကျန့်နဲ့ကျွန်တော်ကဆင်တူဖြစ်သွားတာပဲ ဟုတ်တယ်မို့လား?
ဟိုလူကြီးက အကို့အတွက်လက်ဆောင်တွေဝယ်ပေးရင်းကျွန်တော့်အတွက်ပါတစ်ခုဝယ်ပေးတာလေ…"
ဒီတစ်ခေါက် တကယ်ထွက်သွားပြီဖြစ်တဲ့ လီဂွန်းရဲ့ကျောပြင်တွင်ရှောင်းကျန့်ရဲ့အကြည့်များကပ်ပါသွားခဲ့သည်။
အဲ့ဒီနောက် သက်ပြင်းချသဲ့သဲ့သည်တိတ်ဆိတ်နေသောဧည့်ခန်းထဲတွင်ထွက်ပေါ်လာသည်။
……
အပိုင်း၂၀မှာကျန့်ကောထွက်သွားမယ်လို့မျှော်လင့်ထားတဲ့ရီဒါတွေကိုပြောချင်တာက မှတ်ထားပါ…ကျန့်ကောနေရာမှာဝင်ခံစားပြီး နာကျင်ရတာတွေကိုတေးထားပါလို့။
လီဂွန်းနဲ့အနီးစပ်ဆုံးတူနိုင်မယ့်Animeပုံကို googleမှာသွားရှာတော့ရှာတွေ့ခဲ့ပါတယ် 👇