အသက်ဆက် သွေး ( အသက္ဆက္ ေသြး )...

By PhyuLayy1

1.4M 147K 16.6K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္ေ... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ (Zawgyi + Unicode)
အပိုင္း - ၂၀ (Zawgyi + Unicode)
အပိုင္း - ၂၁ (Zawgyi + Unicode)
အပိုင္း - ၂၃ (Zawgyi + Unicode)
အပိုင္း - ၂၄ (Zawgyi + Unicode)
အပိုင္း - ၂၅ (Zawgyi + Unicode)
အပိုင္း - ၂၆ (Zawgyi + Unicode)
အပိုင္း - ၂၇ (Zawgyi + Unicode)
အပိုင္း - ၂၈ (Zawgyi + Unicode)
အပိုင္း -၂၉ (Zawgyi + Unicode)
အပိုင္း - ၃၀ (Zawgyi + Unicode)
အပိုင္း - ၃၁ (Zawgyi + Unicode)
အပိုင္း - ၃၂ (Zawgyi + Unicode)
အပိုင္း - ၃၃ (Zawgyi + Unicode)
အပိုင္း - ၃၄ (Zawgyi + Unicode)
အပိုင္း - ၃၅ (Zawgyi + Unicode)
အပိုင္း - ၃၆ (Zawgyi + Unicode)
အပိုင္း - ၃၇ (Zawgyi + Unicode)
အပိုင္း - ၃၈ (Zawgyi + Unicode)
အပိုင္း - ၃၉ (Zawgyi + Unicode)
အပိုင္း - ၄၀ (Zawgyi + Unicode)
အပိုင္း - ၄၁ (Zawgyi + Unicode)
အပိုင္း - ၄၂ (Zawgyi + Unicode)
အပိုင္း - ၄၃ (Zawgyi + Unicode)
အပိုင္း - ၄၄ (Zawgyi + Unicode)
အပိုင္း - ၄၅ (Zawgyi + Unicode)
အပိုင္း - ၄၆ (Zawgyi + Unicode)
အပိုင္း - ၄၇ (Zawgyi + Unicode)
အပိုင္း - ၄၈ Ending (Zawgyi + Unicode)
ေက်းဇူးတင္လႊာ (ကျေးဇူးတင်လွှာ)
A/N
Extra (Mdy trip)
Extra ( Covid )
Extra ( Thadingyut )

အပိုင္း - ၂၂ (Zawgyi + Unicode)

22.4K 2.8K 261
By PhyuLayy1

#For Zawgyi

" ဖ်ားေနရဲ႕သားနဲ႔ကို အခုခ်ိန္ထိ ဒီတိုင္းႀကီးထိုင္ငိုေနရသလား ခ်မ္းရယ္ ၊ အရီးကိုျဖစ္ျဖစ္ သြားႏႈိးေရာေပါ့ "

" အရီးက တစ္ေန႔လုံးပင္ပန္းထားတာဆိုေတာ့ ကၽြန္ေတာ္ မႏႈိးခ်င္လို႔ပါ "

" ဒါဆိုလည္း ငါ့ကိုလာႏႈိးပါလားကြာ "

ထူးစကားကို ေခါင္းေလးငံု႔ကာ အသံတိုးေဖ်ာ့ေဖ်ာ့ေလးနဲ႔ တုန္႔ျပန္လာသည္က

" ဦးသာက ကၽြန္ေတာ့္ကို စိတ္ဆိုးေနတာေလ "

ထူးမွာ စိတ္ထဲေတာ္ေတာ္ကို မေကာင္းျဖစ္သြားရင္း ဘာဆက္ေျပာရမွန္းမသိ ျဖစ္သြားရသည္ ။ ေနမေကာင္းတဲ့ကေလးကို ေဒါသထြက္တာေလးတစ္ခုေၾကာင့္နဲ႔ ပစ္ထားမိလိုက္တဲ့ ထူးရဲ႕အျပစ္ေတြပါပဲ ။

ငိုထားသျဖင့္ မ်က္လံုးေတြမို႔ေဖာင္းကာ မႈန္အစ္အစ္ေလးျဖစ္ေနၿပီး အဖ်ားေသြးေၾကာင့္ နီရဲေနတဲ့ မ်က္ႏွာေလးဟာ တကယ္ကိုပဲ ခ်စ္စရာ သနားစရာေလး ျဖစ္လို႔ေနသည္ ။

" တစ္ခုခုစားၿပီး ေဆးေသာက္ရမယ္ ခ်မ္း "

" ဟင့္အင္း မစားခ်င္ဘူး "

" အိုဗာတင္းနဲ႔ေပါင္မုန္႔ေလာက္ေတာ့ စားရမယ္ ၊ ဒါမွ ေဆးေသာက္လို႔ရမွာ ၊ ဆန္ျပဳတ္ကိုလည္း သံုးဇြန္းလားပဲ ေသာက္ထားတဲ့ဟာကို "

" ဟင္ ဦးသာက ဘယ္လိုလုပ္သိတာလဲ "

" အရီးကို ေမးတာေပါ့ "

ထူးအေျဖကိုၾကားေတာ့ ဒင္းကေလးက ေက်နပ္သလို မ်က္ႏွာေပးေလးနဲ႔ ၿပံဳးတံု႔တံု႔လုပ္ေနေလသည္ ။

" ဒါဆို ခဏလွဲၿပီးေစာင့္ေန ၊ မုန္႔နဲ႔ေဆးေတြ သြားယူလိုက္ဦးမယ္ "

ပါးလွပ္လွပ္ခႏၶာကိုယ္ေလးေပၚကို ေစာင္တစ္ထည္ဆြဲယူကာ ၿခံဳေပးရင္းေျပာေတာ့ ထူးလက္ကို မရဲတရဲကိုင္ကာ ေျပာလာသည္မွာ

" ျမန္ျမန္ျပန္လာခဲ့ေနာ္ ဦးသာ "

ဒီကေလးေလး ေနမေကာင္းလ်ွင္ ဂ်ီက်တတ္တယ္ဆိုတဲ့ အရီးရဲ႕စကားက တကယ္မွန္တာပဲကိုး ။

" အင္း မၾကာေစရဘူး ၊ ဟုတ္ၿပီလား "

ေခါင္းေလးကို ဖြဖြပုတ္ကာေျပာေတာ့ ၿပံဳးေနသည့္ပံုစံေလးက ထင္ရာစိုင္းၿပီးလုပ္ခ်င္ရာလုပ္ထားတဲ့သူ မဟုတ္သလို ။

မုန္႔စားၿပီးေတာ့လည္း ေဆးေသာက္ဖို႔ကို တြန္႔လိမ္ကာဂ်ီက်ေနျပန္သည္ ။

" မင္း ေဆးေသာက္မလား ၊ ငါ ရည္းစားထားရမလား....ေရြး "

" ဟင္ ဦးသာေနာ္ "

မင္းႀကိဳက္တာေရြးႏိုင္တယ္ဟူေသာသေဘာျဖင့္ ေမးဆတ္ကာျပေတာ့မွ ပန္းကန္ျပားေလးထဲက ေဆးလံုးေတြကို အသဲအသန္ယူေသာက္ေတာ့သည္ ။

ဒီေကာင္ေလးရဲ႕အားနည္းခ်က္ကို ထူး သိသြားၿပီ ။ ေနာက္ဆို ေျပာမရ ဆိုမရတဲ့အခါတိုင္း ဒါနဲ႔ပဲ ကိုင္ေပါက္ရမည္ ။

" ကဲ အိပ္ေတာ့ ၊ မနက္လည္း စာထ,မက်က္နဲ႔ ဟုတ္ၿပီလား ၊ အိပ္ေရးဝ,ေအာင္အိပ္ "

" ဦးသာ.... "

ဒီမဲ့တဲ့တဲ့မ်က္ႏွာက ဘာပူဆာခ်င္ျပန္ၿပီလဲမသိ ။

" အင္း "

" ကၽြန္ေတာ္နဲ႔တူတူအိပ္ေပးပါလားဟင္ "

" ကိုယ့္ဟာကိုယ္ပဲ အိပ္ပါကြာ ၊ ဖုန္းကို အနားမွာထား ၊ လိုအပ္ရင္ ငါ့ဆီဖုန္းေခၚလိုက္ ၊ ခ်က္ခ်င္းထ,လာခဲ့မယ္ "

" အနားမွာ လူရွိတာနဲ႔ေတာ့တူမလားလို႔ ၊ အရင္ဆို ကၽြန္ေတာ္ေနမေကာင္းျဖစ္တဲ့အခါတိုင္း ေမက အနားမွာလာအိပ္ေပးတာ "

ညေနက အရီးရဲ႕စကားေတြကို ျပန္ကာၾကားေယာင္လာေတာ့ ထူးမွာ မျငင္းႏိုင္ေတာ့ျပန္ ။

" ဟိုတစ္ခါကလို ကၽြန္ေတာ္ ဦးသာကို ခြမအိပ္ေတာ့ပါဘူး ၊ ဒီမွာေတြ႕လား ၊ ကၽြန္ေတာ့္ဖက္ေခါင္းအံုး "

ေနာက္ဆံုးေတာ့လည္း ေနမေကာင္းေနတဲ့ အႏွီဂ်ီေကာင္ေလးရဲ႕အလိုေတာ္အတိုင္းပဲေပါ့ ။

ႏွစ္ေယာက္သား ခပ္ခြာခြာယွဥ္ၿပီးအိပ္ေနရာမွ

" ကၽြန္ေတာ္ ေမ့ကို လြမ္းလိုက္တာ ဦးသာရယ္ "

ခပ္ညည္းညည္းေလး ေျပာေနတဲ့ပံုက တကယ္ကို လြမ္းလြမ္းေဆြးေဆြး ။

" ႏွစ္ပတ္ေတာင္ရွိေနၿပီ ၊ ကၽြန္ေတာ္ေလ တစ္ခါမွ ေမနဲ႔ခုေလာက္ထိၾကာၾကာ မခြဲဖူးဘူး သိလား "

" အင္း "

" ကၽြန္ေတာ္ကသာ သူငယ္ခ်င္းေတြနဲ႔ခရီးထြက္ရင္ ေမ့ကို ထားခဲ့တာ ၊ ေမကေတာ့ ကၽြန္ေတာ့္ကိုထားၿပီး ခရီးသြားတယ္ဆိုတာမ်ိဳး တစ္ခါမွမရွိခဲ့ဖူးဘူး "

" အင္း "

" ကမ္းေျခေတြဘာေတြမွာ ေလးငယ္ ကန္ထရိုက္ရတဲ့အခါက်ရင္ေတာ့ ကၽြန္ေတာ္ပါလိုက္ခ်င္တယ္ဆိုၿပီး လိုက္လည္တတ္တယ္ ၊ အဲ့လိုအခါမ်ိဳးက်မွ ေမလည္း အတူတူလိုက္ၿပီး ခရီးထြက္ရရွာတာ ၊ ပံုမွန္ဆို ေမက အိမ္ထဲမွာပဲေနၿပီး ဘယ္မွသြားရရွာတာမဟုတ္ဘူး ဦးသာရဲ႕.....

ဒီတစ္ေခါက္ေတာ့ ဦးသာလည္းရွိေနတာေၾကာင့္ ေမ့ကို ေလးငယ္နဲ႔လိုက္သြားဖို႔ ကၽြန္ေတာ္အတင္းတိုက္တြန္းလိုက္တာ ၊ ခုမွ ကၽြန္ေတာ္သိလိုက္ရတယ္ ၊ မိသားစုဝင္တစ္ေယာက္ ဘယ္ေန႔ျပန္လာမလဲဆိုၿပီး ေမ်ွာ္ေမ်ွာ္ေနရတဲ့ အိမ္မွာက်န္ေနခဲ့သူရဲ႕ ခံစားခ်က္က ဘယ္ေလာက္ထိဆိုးမွန္းေလ....

ကၽြန္ေတာ္ ေလ်ွာက္သြားေပ်ာ္ပါးေနတုန္းကလည္း ေမက ခုလိုပဲ ေမ်ွာ္ေနခဲ့ရမွာပဲေနာ္ ဦးသာ...

ကၽြန္ေတာ္ ဒါေတြကို ခုမွေတြးမိတာ ဘယ္ေလာက္ဆိုးလိုက္သလဲ.... "

ရုတ္တရက္မို႔ ဒီကေလးအား ႏွစ္သိမ့္စရာစကားက ထူးမွာ အဆင္သင့္မရွိ ။ တစ္ခါမွလည္း အခုလို ရင္ဖြင့္တဲ့ပံုစံမ်ိဳးႏွင့္ စကားအရွည္ႀကီးေျပာလာတာမ်ိဳး မရွိခဲ့ဘူးဆိုေတာ့ ထူးအေနနဲ႔ ဘယ္လိုတုန္႔ျပန္ရမယ္မွန္း စဥ္းစားမရေခ် ။

ထူးကိုယ္၌ရဲ႕ ပင္ကိုစရိုက္ကိုက စကားအမ်ားႀကီးေျပာတဲ့သူမဟုတ္တဲ့အတြက္လည္း ဒီအေျခအေနမွာ အနည္းငယ္အခက္ေတြ႕ေနမိသည္ ။

ဒါေပမယ့္လည္း ဖ်ားေနတဲ့ဒီကေလးေလး စိတ္သက္သာရာရေအာင္ တစ္ခုခုေတာ့ ေျပာမွျဖစ္ေပလိမ့္မည္ ။

" ခ်မ္း ဒီကိုၾကည့္ "

ကိုယ္စီ ပက္လက္လွန္အိပ္ေနတဲ့ပံုစံကေန ထူးက ခ်မ္းရွိရာဘက္ကို ေစာင္းလိုက္ကာ ေျပာေတာ့ ထူးကို ၾကည့္လာတဲ့ ခ်မ္းရဲ႕မ်က္ဝန္းမွာ မ်က္ရည္အေရာင္တို႔က တလက္လက္ ။

ခ်မ္းဟာ ငိုခ်လိုက္မိမွာစိုးလို႔ သူ႔ရဲ႕ မ်က္ရည္ဝိုင္းေသာမ်က္ဝန္းတို႔ကို ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း စိတ္တင္းထားဟန္ရွိသည္ ။

" မိဘနဲ႔သားသမီးၾကားမွာ အျပန္အလွန္လိုအပ္တဲ့ ခံစားခ်က္ေတြရွိၾကေပမယ့္ လိုအပ္ပံုခ်င္းေတာ့ မတူၾကဘူး "

ထူးစကားကို စိတ္ဝင္စားဟန္နဲ႔ မ်က္ႏွာေလးတင္မကဘဲ လူကပါ ထူးဘက္ကိုေစာင္းလာေတာ့ ႏွစ္ေယာက္သားက မ်က္ႏွာခ်င္းဆိုင္အေနအထား ျဖစ္သြားေတာ့သည္ ။

" မိဘက သူတို႔မွာ သုခေတြႀကံဳေနခ်ိန္မ်ိဳးမွာ သားသမီးကို သတိရတတ္တယ္ ၊ မ်ွေဝေပးခ်င္တဲ့စိတ္နဲ႔ေပါ့ "

" ဘယ္လိုမ်ိဳးလဲ ဦးသာ "

" ဥပမာ ဒူးရင္းသီးႀကိဳက္တဲ့သားသမီးက အေဝးေရာက္ေနတဲ့အခ်ိန္ ေဘးအိမ္က ဒူးရင္းသီးလက္ေဆာင္လာေပးတဲ့အခါ အဲ့ဒီမိဘက ငါ့သားသမီးေလးသာ အခုခ်ိန္ အိမ္မွာရွိရင္ေကာင္းမွာဆိုၿပီး သားသမီးကို တမ္းတမိတာမ်ိဳးေပါ့ ၊ ဒါဟာ လိုေတာ့ လိုအပ္သြားတာပဲေနာ္ ၊ ဒါေပမယ့္ မ်ွေဝေပးခ်င္တဲ့စိတ္နဲ႔ လိုအပ္သြားတာ....

သားသမီးကက်ေတာ့ ဒုကၡျဖစ္ေနခ်ိန္မ်ိဳးေတြမွာ မိဘကို အမ်ားဆံုးသတိရတတ္ၾကတယ္ ၊ မိဘရဲ႕ႏွစ္သိမ့္မႈကို လိုအပ္ၾကတယ္ေပါ့ ၊ နာမက်န္းျဖစ္ၿပီး ဖ်ားနာေနခ်ိန္မ်ိဳးေတြမွာဆိုရင္ မိဘကို ပိုၿပီးတမ္းတၾကတယ္ ၊ အခု ခ်မ္းလိုေပါ့....

ဒါေတြက ျဖစ္ေလ့ျဖစ္ထရွိတဲ့သေဘာေတြပဲ ခ်မ္းရဲ႕ ၊ ခ်မ္း ခုနကေျပာတဲ့ ခ်မ္းကေတာ့ အေမကိုထားခဲ့ၿပီး ခရီးေတြသြားတယ္ ၊ အေမကေတာ့ ခ်မ္းကိုထားၿပီး ဘယ္ကိုမွမသြားဘူးဆိုတာလည္း အဲ့လိုမ်ိဳးပဲ ၊ ခ်မ္း ခရီးသြားလို႔ေပ်ာ္ေနတဲ့အခ်ိန္မွာ မမက ငါ့သားေလး ငါ့ကိုထားၿပီး သြားေပ်ာ္မေနရင္ေကာင္းမွာဆိုတဲ့စိတ္မ်ိဳး ဘယ္တုန္းကမွ ရွိမွာမဟုတ္ဘူး.....

ခ်မ္းေပ်ာ္ေနရင္ မမလည္း ေပ်ာ္ေနမွာ ၊ ေနာက္ၿပီး ခ်မ္းကိုထားခဲ့ၿပီး မမက ဘယ္ကိုမွမသြားဘူးဆိုတာလည္း မမေက်ေက်နပ္နပ္ကို မသြားတာပဲ ျဖစ္မွာေလ ခ်မ္း....

ဒါဟာ မိဘေတြရဲ႕စိတ္ပဲ ၊ အဲ့ဒီအတြက္ ခ်မ္းကိုယ္ခ်မ္း အျပစ္မတင္ပါနဲ႔ ၊ ခုလို မိဘဘက္ကိုေတြးတတ္လာတယ္ဆိုကတည္းက ဒါ ခ်မ္း လိမၼာလာတဲ့သေဘာပဲ ၊ ေနာက္ဆို မမလည္း ဒီထက္ပိုၿပီး စိတ္ခ်မ္းသာရမွာပါ "

" မိဘတိုင္းက အဲ့လိုပဲလားဟင္ "

" အင္း မိဘတိုင္းေတာ့ မဟုတ္ဘူးေပါ့ ခ်မ္း ၊ အရာရာမွာ ခၽြင္းခ်က္ေတြဆိုတာ ရွိတတ္တယ္ေလ ၊ မိဘမပီသတဲ့သူေတြလည္း ေလာကႀကီးမွာ အမ်ားႀကီးပါပဲ ၊ ဒါေပမယ့္ ေသခ်ာတာတစ္ခုက ခ်မ္းရဲ႕ေမကေတာ့ ခုနက ေျပာသြားခဲ့သလို မိဘမ်ိဳးပဲ "

" ဦးသာက မိဘလည္းမျဖစ္ဖူးဘဲနဲ႔ ဒါေတြကို ဘယ္လိုလုပ္ၿပီးသိတာလဲ "

" မိဘျဖစ္မွသိရတာမ်ိဳးမွ မဟုတ္ဘဲ ခ်မ္းရယ္ ၊ မိဘနဲ႔သားသမီးမဟုတ္တဲ့ တစ္ခ်ိဳ႕ေသာ ဆက္ဆံေရးေတြမွာလည္း အယူကို မေမ်ွာ္လင့္တဲ့ ေပးဆပ္ျခင္းသက္သက္ေတြရွိတတ္တယ္ဆိုေတာ့ ဒီလိုပဲ သိေနတာေပါ့ "

" ဦးသာမွာ အဲ့လိုဆက္ဆံေရးမ်ိဳး ရွိဖူးတယ္ေပါ့ "

" အင္း "

ရွိဖူးတယ္ဆိုတာထက္ ရွိေနတယ္လို႔ေျပာရင္ ပိုမွန္ေနမလားပဲ ။

ခ်မ္းဟာ ခဏေတာ့ ငိုင္ေတြေတြနဲ႔ေတြေဝသြားပံုရကာ ၿငိမ္သြားၿပီးေနာက္

" ေအာ... ဦးသာေျပာတဲ့ အယူကိုမေမ်ွာ္လင့္တဲ့ ေပးဆပ္ျခင္းသက္သက္ဆိုတာ ခိုလႈံရာက ကေလးေတြနဲ႔ဆက္ဆံေရးကို ေျပာတာမဟုတ္လား "

အေျဖရွာလို႔ရသြားတဲ့ပံုစံနဲ႔ ေျပာလာတဲ့ ခ်မ္းရဲ႕စကားတို႔ေၾကာင့္ ထူးမွာ သေဘာတက် ၿပံဳးမိရေသးသည္ ။

" အင္းေပါ့ ၊ အဲ့လို ဆက္ဆံေရးေပါ့ "

သူ႔အေျဖမွန္တယ္ဆိုၿပီး ေက်နပ္သြားတဲ့ ခ်မ္းရဲ႕မ်က္ႏွာေလးက ခပ္ၿပံဳးၿပံဳး ။

ေတာ္ေသးတယ္ ။ ခိုလႈံရာက ကေလးေတြကယ္လို႔ ။ အဲ့လိုမဟုတ္ဘဲ ဘယ္သူလဲဆိုၿပီး အတင္းေမးေနရင္ ထူးမွာ ေျဖရခက္ေနလိမ့္ဦးမည္ ။

" ကဲ ေနလည္းေကာင္းတာ မဟုတ္ဘူး ၊ ဘာမွေလ်ွာက္ေတြးမေနေတာ့ဘဲ အိပ္ေပ်ာ္ေအာင္ အိပ္လိုက္ေတာ့ ဟုတ္ၿပီလား "

*********

ဦးသာက အိပ္ေပ်ာ္ေအာင္အိပ္လိုက္ေတာ့ဟု ဆိုေသာျငားလည္း ေနမေကာင္းတဲ့အခ်ိန္ ေဘးလူတစ္ေယာက္ကိုမွ အသားခ်င္းထိမထားရင္ အိပ္မေပ်ာ္တတ္သည္မို႔ အခ်ိန္အေတာ္ၾကာသည္အထိ ၿငိမ္ေနၿပီးေတာ့မွ မ်က္လံုးကို ျဖည္းျဖည္းခ်င္းဖြင့္ကာ ဦးသာရွိရာဘက္ကို ခိုးၿပီးငဲ့ေစာင္းၾကည့္မိသည္ ။

ခဏၾကာေအာင္ ေစာင့္ၾကည့္ေနသည့္တိုင္ လႈပ္ရွားမႈတစ္စံုတစ္ရာမရွိေတာ့ဘဲ ၿငိမ္ေနသည့္ဦးသာက တကယ္ပဲ အိပ္ေပ်ာ္သြားၿပီထင္သည္ ။

မ်က္ေတာင္ထူစိပ္စိပ္ေတြျဖင့္ ေမွးမွိတ္ေနသည့္ မ်က္ဝန္းတစ္စံုကို ၿငိမ္သက္စြာေငးၾကည့္ေနရင္းက ခ်မ္း တိတ္တိတ္ဆိတ္ဆိတ္ပင္ ၿပံဳးမိရသည္ ။

ခ်မ္းရဲ႕ စိတ္ျပႆနာ ၊ လူျပႆနာ စသျဖင့္ ျပႆနာမွန္သမ်ွကို ေျပလည္ေအာင္ေျဖရွင္းေပးရင္း ခ်မ္းကို ၿငိမ္းေအးေစတဲ့ လူႀကီး ။ ထိုလူႀကီး ခ်မ္းအနားက ဖယ္ခြာသြားမည္ကို ေၾကာက္ေနမိတာ ခ်မ္းလြန္သလားေလ ။

ခ်မ္းစိတ္ေတြက တျဖည္းျဖည္းခ်င္း ဦးသာကိုပဲ အားကိုးမွီတြယ္လာမိတာကို ကိုယ့္ဟာကိုယ္လည္း သတိထားမိပါသည္ ။ ခ်မ္း အားကိုးခ်င္ေလာက္ေအာင္လည္း ဦးသာက ေလးစားစရာအခ်က္ေတြေရာ စြမ္းေဆာင္ႏိုင္တဲ့အခ်က္ေတြေရာ ရွိေနတာကိုး ။

ခ်မ္းကိုပစ္ၿပီး တစ္စံုတစ္ေယာက္ေနာက္ ပါသြားမွာကို စိုးရိမ္တဲ့စိတ္နဲ႔ ဒီေန႔လိုမ်ိဳး စိတ္ထင္ရာေတြ ေလ်ွာက္လုပ္မိသြားတာပါ ။ ဒါကို ဦးသာက စြပ္စြပ္စြဲစြဲေတြလုပ္ကာ စိတ္ကုန္တယ္ဆိုတာအထိပါ ေျပာခ်သြားေတာ့ ခ်မ္းမွာ ေဆာက္တည္ရာမရသလိုကို ဝမ္းနည္းၿပီး က်န္ေနခဲ့ရတာ ဒီလူႀကီးက မသိဘူး ။

အဖ်ားေတြတက္လာတဲ့အခ်ိန္မွာလည္း ဦးသာအခန္းတံခါးကို သြားေခါက္ၿပီးေခၚခ်င္ခဲ့ေပမယ့္ ေအာ္မ်ားထုတ္လိုက္မလား ၊ ထပ္ၿပီးပဲ နစ္နစ္နာနာေတြေျပာလာေလမလား ဆိုတဲ့စိတ္နဲ႔ မသြားရဲေတာ့ဘဲ ကိုယ့္ဟာကိုယ္ အခန္းထဲမွာ ငုတ္တုပ္ထိုင္ရင္း ငိုေနမိခဲ့တာ ။ ဖ်ားေနတဲ့အခ်ိန္ ခုလို တစ္ေယာက္တည္းလည္း မေနဖူးတာမို႔ အားငယ္သည့္စိတ္ေတြက တကယ္ကို အတိုင္းအဆမဲ့ ။

ထင္မထားခဲ့ပါဘူး ။ ခပ္စိမ္းစိမ္းၾကည့္ၿပီး စိတ္ကုန္တယ္လို႔ ေရရြတ္သြားတဲ့ ဦးသာက ခုလို ညႀကီးသန္းေခါင္ ခ်မ္းကို လာၾကည့္လိမ့္မယ္လို႔ေလ ။

ထင္မွတ္မထားဘဲ ဦးသာအား ျမင္လိုက္ရခ်ိန္ ခံစားလိုက္ရသည့္ ခံစားမႈက လမိုက္ညမွာ အလင္းေရာင္ကို ျမင္လိုက္ရသလိုမ်ိဳး ။

တကယ္တမ္းမွာ ဦးသာက ခ်မ္းကို ပစ္မထားေသးဘူး, ဂရုစိုက္ေသးတယ္ဆိုတာ သိရေတာ့လည္း ခ်မ္းမွာ ပီတိေတြတစ္ေလွႀကီးနဲ႔ ေပ်ာ္ရျပန္သည္ ။

အားကိုးစိတ္ႏွင့္ ေမ့ကိုလြမ္းေၾကာင္းေတြ တိုင္တည္မိေတာ့လည္း ခ်မ္းစိတ္သက္သာရေအာင္ စိတ္ရွည္လက္ရွည္ေျပာျပေပးေသးသည္ ။

ဒါေတြေၾကာင့္ေပါ့.....ဒါေတြေၾကာင့္ပဲ ဦးသာကို ခ်မ္း လက္မလႊတ္ႏိုင္တာ ။

ေလးငယ္ကိုလည္း အရမ္းခ်စ္တယ္ဆိုေပမယ့္လို႔ ဦးသာအေပၚထားတဲ့ အတၱေတြေလာက္ေတာ့ မျပင္းထန္တာ ခ်မ္းကိုယ္ခ်မ္းလည္း ဘာေၾကာင့္ရယ္ မေတြးတတ္ေတာ့ေခ် ။

ေတြးေကာင္း,ေကာင္းနဲ႔ ေတြးေနလိုက္တာ သန္းေခါင္ေက်ာ္လို႔ ဘယ္နွနာရီေတြေတာင္ ထိုးကုန္ၿပီမသိ ။ အိပ္လို႔ကလည္းမေပ်ာ္ ။

ခ်မ္းမ်က္စိေရွ႕မွ ဦးသာကေတာ့ ၿငိမ္သက္လ်က္သာ ။

ဦးသာရွိရာဘက္ကို တေစာင္းလွဲအိပ္ေနရာက ကိုယ့္စိတ္ကိုယ္မထိန္းႏိုင္စြာပဲ ခ်မ္းလက္တို႔က ေရွ႕သို႔တေရြ႕ေရြ႕တိုးသြားမိသည္ ။ ခ်မ္းလက္ဖ်ားမွာ အားကိုးလိုသူရဲ႕ ရွပ္အက်ႌလက္အစြန္းေလးကို ကိုင္မိလိုက္တဲ့အခ်ိန္က်မွ ခ်မ္းလက္ရဲ႕ လႈပ္ရွားမႈတို႔က ရပ္တန္႔၏ ။

အက်ႌလက္အစြန္းေလးေလာက္ေတာ့ ဆုပ္ကိုင္ၿပီးအိပ္ပါရေစ ။

ဒါမွ ခ်မ္း အိပ္ေပ်ာ္မွာမို႔လို႔ပါ ။

ထိုခဏမွာပဲ ခ်မ္း တကယ္ကို အိပ္ေပ်ာ္သြားခဲ့ပါသည္ ။

တစ္ခ်ိန္လံုး ၿငိမ္သက္ေနခဲ့တဲ့ တစ္စံုတစ္ေယာက္ကေတာ့ မွိတ္ထားတဲ့မ်က္လံုးေတြပြင့္လာရင္း သူ႔အက်ႌလက္အဖ်ားအား ဆုပ္ကိုင္ထားတဲ့ လက္ေလးတစ္ဖက္ကို ငဲ့ၾကည့္ကာ တိတ္တိတ္ေလး ၿပံဳးေနခဲ့ေလသည္ ။

______________________________
A/N
ဇာတ္က နည္းနည္းပ်င္းစရာေကာင္းေနေပမယ့္လည္း သည္းခံၿပီး ဖတ္ေပးၾကပါဦးေနာ္ ။ 😁
ဒီရက္ေတြထဲ typing လုပ္ေနက်ဖုန္းက ပ်က္သြားလို႔ ဆိုင္သြားၿပီး ျပင္လိုက္ရေသးတယ္ ။ ေတာ္ေသးတယ္...တစ္ခါတည္း ရခဲ့လို႔ ။ အဲ့လိုမဟုတ္ရင္ ေတာင္းပန္စာေရးၿပီး Fic ကို ခဏနားထားရေတာ့မွာ ။ အခု အဆင္ေျပသြားမွသာ ကိုယ္လည္းစိတ္ေအးရေတာ့တယ္ ။ 😊

______________________________

#For Unicode

" ဖျားနေရဲ့သားနဲ့ကို အခုချိန်ထိ ဒီတိုင်းကြီးထိုင်ငိုနေရသလား ချမ်းရယ် ၊ အရီးကိုဖြစ်ဖြစ် သွားနှိုးရောပေါ့ "

" အရီးက တစ်နေ့လုံးပင်ပန်းထားတာဆိုတော့ ကျွန်တော် မနှိုးချင်လို့ပါ "

" ဒါဆိုလည်း ငါ့ကိုလာနှိုးပါလားကွာ "

ထူးစကားကို ခေါင်းလေးငုံ့ကာ အသံတိုးဖျော့ဖျော့လေးနဲ့ တုန့်ပြန်လာသည်က

" ဦးသာက ကျွန်တော့်ကို စိတ်ဆိုးနေတာလေ "

ထူးမှာ စိတ်ထဲတော်တော်ကို မကောင်းဖြစ်သွားရင်း ဘာဆက်ပြောရမှန်းမသိ ဖြစ်သွားရသည် ။ နေမကောင်းတဲ့ကလေးကို ဒေါသထွက်တာလေးတစ်ခုကြောင့်နဲ့ ပစ်ထားမိလိုက်တဲ့ ထူးရဲ့အပြစ်တွေပါပဲ ။

ငိုထားသဖြင့် မျက်လုံးတွေမို့ဖောင်းကာ မှုန်အစ်အစ်လေးဖြစ်နေပြီး အဖျားသွေးကြောင့် နီရဲနေတဲ့ မျက်နှာလေးဟာ တကယ်ကိုပဲ ချစ်စရာ သနားစရာလေး ဖြစ်လို့နေသည် ။

" တစ်ခုခုစားပြီး ဆေးသောက်ရမယ် ချမ်း "

" ဟင့်အင်း မစားချင်ဘူး "

" အိုဗာတင်းနဲ့ပေါင်မုန့်လောက်တော့ စားရမယ် ၊ ဒါမှ ဆေးသောက်လို့ရမှာ ၊ ဆန်ပြုတ်ကိုလည်း သုံးဇွန်းလားပဲ သောက်ထားတဲ့ဟာကို "

" ဟင် ဦးသာက ဘယ်လိုလုပ်သိတာလဲ "

" အရီးကို မေးတာပေါ့ "

ထူးအဖြေကိုကြားတော့ ဒင်းကလေးက ကျေနပ်သလို မျက်နှာပေးလေးနဲ့ ပြုံးတုံ့တုံ့လုပ်နေလေသည် ။

" ဒါဆို ခဏလှဲပြီးစောင့်နေ ၊ မုန့်နဲ့ဆေးတွေ သွားယူလိုက်ဦးမယ် "

ပါးလှပ်လှပ်ခန္ဓာကိုယ်လေးပေါ်ကို စောင်တစ်ထည်ဆွဲယူကာ ခြုံပေးရင်းပြောတော့ ထူးလက်ကို မရဲတရဲကိုင်ကာ ပြောလာသည်မှာ

" မြန်မြန်ပြန်လာခဲ့နော် ဦးသာ "

ဒီကလေးလေး နေမကောင်းလျှင် ဂျီကျတတ်တယ်ဆိုတဲ့ အရီးရဲ့စကားက တကယ်မှန်တာပဲကိုး ။

" အင်း မကြာစေရဘူး ၊ ဟုတ်ပြီလား "

ခေါင်းလေးကို ဖွဖွပုတ်ကာပြောတော့ ပြုံးနေသည့်ပုံစံလေးက ထင်ရာစိုင်းပြီးလုပ်ချင်ရာလုပ်ထားတဲ့သူ မဟုတ်သလို ။

မုန့်စားပြီးတော့လည်း ဆေးသောက်ဖို့ကို တွန့်လိမ်ကာဂျီကျနေပြန်သည် ။

" မင်း ဆေးသောက်မလား ၊ ငါ ရည်းစားထားရမလား....ရွေး "

" ဟင် ဦးသာနော် "

မင်းကြိုက်တာရွေးနိုင်တယ်ဟူသောသဘောဖြင့် မေးဆတ်ကာပြတော့မှ ပန်းကန်ပြားလေးထဲက ဆေးလုံးတွေကို အသဲအသန်ယူသောက်တော့သည် ။

ဒီကောင်လေးရဲ့အားနည်းချက်ကို ထူး သိသွားပြီ ။ နောက်ဆို ပြောမရ ဆိုမရတဲ့အခါတိုင်း ဒါနဲ့ပဲ ကိုင်ပေါက်ရမည် ။

" ကဲ အိပ်တော့ ၊ မနက်လည်း စာထ,မကျက်နဲ့ ဟုတ်ပြီလား ၊ အိပ်ရေးဝ,အောင်အိပ် "

" ဦးသာ.... "

ဒီမဲ့တဲ့တဲ့မျက်နှာက ဘာပူဆာချင်ပြန်ပြီလဲမသိ ။

" အင်း "

" ကျွန်တော်နဲ့တူတူအိပ်ပေးပါလားဟင် "

" ကိုယ့်ဟာကိုယ်ပဲ အိပ်ပါကွာ ၊ ဖုန်းကို အနားမှာထား ၊ လိုအပ်ရင် ငါ့ဆီဖုန်းခေါ်လိုက် ၊ ချက်ချင်းထ,လာခဲ့မယ် "

" အနားမှာ လူရှိတာနဲ့တော့တူမလားလို့ ၊ အရင်ဆို ကျွန်တော်နေမကောင်းဖြစ်တဲ့အခါတိုင်း မေက အနားမှာလာအိပ်ပေးတာ "

ညနေက အရီးရဲ့စကားတွေကို ပြန်ကာကြားယောင်လာတော့ ထူးမှာ မငြင်းနိုင်တော့ပြန် ။

" ဟိုတစ်ခါကလို ကျွန်တော် ဦးသာကို ခွမအိပ်တော့ပါဘူး ၊ ဒီမှာတွေ့လား ၊ ကျွန်တော့်ဖက်ခေါင်းအုံး "

နောက်ဆုံးတော့လည်း နေမကောင်းနေတဲ့ အနှီဂျီကောင်လေးရဲ့အလိုတော်အတိုင်းပဲပေါ့ ။

နှစ်ယောက်သား ခပ်ခွာခွာယှဉ်ပြီးအိပ်နေရာမှ

" ကျွန်တော် မေ့ကို လွမ်းလိုက်တာ ဦးသာရယ် "

ခပ်ညည်းညည်းလေး ပြောနေတဲ့ပုံက တကယ်ကို လွမ်းလွမ်းဆွေးဆွေး ။

" နှစ်ပတ်တောင်ရှိနေပြီ ၊ ကျွန်တော်လေ တစ်ခါမှ မေနဲ့ခုလောက်ထိကြာကြာ မခွဲဖူးဘူး သိလား "

" အင်း "

" ကျွန်တော်ကသာ သူငယ်ချင်းတွေနဲ့ခရီးထွက်ရင် မေ့ကို ထားခဲ့တာ ၊ မေကတော့ ကျွန်တော့်ကိုထားပြီး ခရီးသွားတယ်ဆိုတာမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး "

" အင်း "

" ကမ်းခြေတွေဘာတွေမှာ လေးငယ် ကန်ထရိုက်ရတဲ့အခါကျရင်တော့ ကျွန်တော်ပါလိုက်ချင်တယ်ဆိုပြီး လိုက်လည်တတ်တယ် ၊ အဲ့လိုအခါမျိုးကျမှ မေလည်း အတူတူလိုက်ပြီး ခရီးထွက်ရရှာတာ ၊ ပုံမှန်ဆို မေက အိမ်ထဲမှာပဲနေပြီး ဘယ်မှသွားရရှာတာမဟုတ်ဘူး ဦးသာရဲ့.....

ဒီတစ်ခေါက်တော့ ဦးသာလည်းရှိနေတာကြောင့် မေ့ကို လေးငယ်နဲ့လိုက်သွားဖို့ ကျွန်တော်အတင်းတိုက်တွန်းလိုက်တာ ၊ ခုမှ ကျွန်တော်သိလိုက်ရတယ် ၊ မိသားစုဝင်တစ်ယောက် ဘယ်နေ့ပြန်လာမလဲဆိုပြီး မျှော်မျှော်နေရတဲ့ အိမ်မှာကျန်နေခဲ့သူရဲ့ ခံစားချက်က ဘယ်လောက်ထိဆိုးမှန်းလေ....

ကျွန်တော် လျှောက်သွားပျော်ပါးနေတုန်းကလည်း မေက ခုလိုပဲ မျှော်နေခဲ့ရမှာပဲနော် ဦးသာ...

ကျွန်တော် ဒါတွေကို ခုမှတွေးမိတာ ဘယ်လောက်ဆိုးလိုက်သလဲ.... "

ရုတ်တရက်မို့ ဒီကလေးအား နှစ်သိမ့်စရာစကားက ထူးမှာ အဆင်သင့်မရှိ ။ တစ်ခါမှလည်း အခုလို ရင်ဖွင့်တဲ့ပုံစံမျိုးနှင့် စကားအရှည်ကြီးပြောလာတာမျိုး မရှိခဲ့ဘူးဆိုတော့ ထူးအနေနဲ့ ဘယ်လိုတုန့်ပြန်ရမယ်မှန်း စဉ်းစားမရချေ ။

ထူးကိုယ်၌ရဲ့ ပင်ကိုစရိုက်ကိုက စကားအများကြီးပြောတဲ့သူမဟုတ်တဲ့အတွက်လည်း ဒီအခြေအနေမှာ အနည်းငယ်အခက်တွေ့နေမိသည် ။

ဒါပေမယ့်လည်း ဖျားနေတဲ့ဒီကလေးလေး စိတ်သက်သာရာရအောင် တစ်ခုခုတော့ ပြောမှဖြစ်ပေလိမ့်မည် ။

" ချမ်း ဒီကိုကြည့် "

ကိုယ်စီ ပက်လက်လှန်အိပ်နေတဲ့ပုံစံကနေ ထူးက ချမ်းရှိရာဘက်ကို စောင်းလိုက်ကာ ပြောတော့ ထူးကို ကြည့်လာတဲ့ ချမ်းရဲ့မျက်ဝန်းမှာ မျက်ရည်အရောင်တို့က တလက်လက် ။

ချမ်းဟာ ငိုချလိုက်မိမှာစိုးလို့ သူ့ရဲ့ မျက်ရည်ဝိုင်းသောမျက်ဝန်းတို့ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း စိတ်တင်းထားဟန်ရှိသည် ။

" မိဘနဲ့သားသမီးကြားမှာ အပြန်အလှန်လိုအပ်တဲ့ ခံစားချက်တွေရှိကြပေမယ့် လိုအပ်ပုံချင်းတော့ မတူကြဘူး "

ထူးစကားကို စိတ်ဝင်စားဟန်နဲ့ မျက်နှာလေးတင်မကဘဲ လူကပါ ထူးဘက်ကိုစောင်းလာတော့ နှစ်ယောက်သားက မျက်နှာချင်းဆိုင်အနေအထား ဖြစ်သွားတော့သည် ။

" မိဘက သူတို့မှာ သုခတွေကြုံနေချိန်မျိုးမှာ သားသမီးကို သတိရတတ်တယ် ၊ မျှဝေပေးချင်တဲ့စိတ်နဲ့ပေါ့ "

" ဘယ်လိုမျိုးလဲ ဦးသာ "

" ဥပမာ ဒူးရင်းသီးကြိုက်တဲ့သားသမီးက အဝေးရောက်နေတဲ့အချိန် ဘေးအိမ်က ဒူးရင်းသီးလက်ဆောင်လာပေးတဲ့အခါ အဲ့ဒီမိဘက ငါ့သားသမီးလေးသာ အခုချိန် အိမ်မှာရှိရင်ကောင်းမှာဆိုပြီး သားသမီးကို တမ်းတမိတာမျိုးပေါ့ ၊ ဒါဟာ လိုတော့ လိုအပ်သွားတာပဲနော် ၊ ဒါပေမယ့် မျှဝေပေးချင်တဲ့စိတ်နဲ့ လိုအပ်သွားတာ....

သားသမီးကကျတော့ ဒုက္ခဖြစ်နေချိန်မျိုးတွေမှာ မိဘကို အများဆုံးသတိရတတ်ကြတယ် ၊ မိဘရဲ့နှစ်သိမ့်မှုကို လိုအပ်ကြတယ်ပေါ့ ၊ နာမကျန်းဖြစ်ပြီး ဖျားနာနေချိန်မျိုးတွေမှာဆိုရင် မိဘကို ပိုပြီးတမ်းတကြတယ် ၊ အခု ချမ်းလိုပေါ့....

ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတွေပဲ ချမ်းရဲ့ ၊ ချမ်း ခုနကပြောတဲ့ ချမ်းကတော့ အမေကိုထားခဲ့ပြီး ခရီးတွေသွားတယ် ၊ အမေကတော့ ချမ်းကိုထားပြီး ဘယ်ကိုမှမသွားဘူးဆိုတာလည်း အဲ့လိုမျိုးပဲ ၊ ချမ်း ခရီးသွားလို့ပျော်နေတဲ့အချိန်မှာ မမက ငါ့သားလေး ငါ့ကိုထားပြီး သွားပျော်မနေရင်ကောင်းမှာဆိုတဲ့စိတ်မျိုး ဘယ်တုန်းကမှ ရှိမှာမဟုတ်ဘူး.....

ချမ်းပျော်နေရင် မမလည်း ပျော်နေမှာ ၊ နောက်ပြီး ချမ်းကိုထားခဲ့ပြီး မမက ဘယ်ကိုမှမသွားဘူးဆိုတာလည်း မမကျေကျေနပ်နပ်ကို မသွားတာပဲ ဖြစ်မှာလေ ချမ်း....

ဒါဟာ မိဘတွေရဲ့စိတ်ပဲ ၊ အဲ့ဒီအတွက် ချမ်းကိုယ်ချမ်း အပြစ်မတင်ပါနဲ့ ၊ ခုလို မိဘဘက်ကိုတွေးတတ်လာတယ်ဆိုကတည်းက ဒါ ချမ်း လိမ္မာလာတဲ့သဘောပဲ ၊ နောက်ဆို မမလည်း ဒီထက်ပိုပြီး စိတ်ချမ်းသာရမှာပါ "

" မိဘတိုင်းက အဲ့လိုပဲလားဟင် "

" အင်း မိဘတိုင်းတော့ မဟုတ်ဘူးပေါ့ ချမ်း ၊ အရာရာမှာ ချွင်းချက်တွေဆိုတာ ရှိတတ်တယ်လေ ၊ မိဘမပီသတဲ့သူတွေလည်း လောကကြီးမှာ အများကြီးပါပဲ ၊ ဒါပေမယ့် သေချာတာတစ်ခုက ချမ်းရဲ့မေကတော့ ခုနက ပြောသွားခဲ့သလို မိဘမျိုးပဲ "

" ဦးသာက မိဘလည်းမဖြစ်ဖူးဘဲနဲ့ ဒါတွေကို ဘယ်လိုလုပ်ပြီးသိတာလဲ "

" မိဘဖြစ်မှသိရတာမျိုးမှ မဟုတ်ဘဲ ချမ်းရယ် ၊ မိဘနဲ့သားသမီးမဟုတ်တဲ့ တစ်ချို့သော ဆက်ဆံရေးတွေမှာလည်း အယူကို မမျှော်လင့်တဲ့ ပေးဆပ်ခြင်းသက်သက်တွေရှိတတ်တယ်ဆိုတော့ ဒီလိုပဲ သိနေတာပေါ့ "

" ဦးသာမှာ အဲ့လိုဆက်ဆံရေးမျိုး ရှိဖူးတယ်ပေါ့ "

" အင်း "

ရှိဖူးတယ်ဆိုတာထက် ရှိနေတယ်လို့ပြောရင် ပိုမှန်နေမလားပဲ ။

ချမ်းဟာ ခဏတော့ ငိုင်တွေတွေနဲ့တွေဝေသွားပုံရကာ ငြိမ်သွားပြီးနောက်

" အော... ဦးသာပြောတဲ့ အယူကိုမမျှော်လင့်တဲ့ ပေးဆပ်ခြင်းသက်သက်ဆိုတာ ခိုလှုံရာက ကလေးတွေနဲ့ဆက်ဆံရေးကို ပြောတာမဟုတ်လား "

အဖြေရှာလို့ရသွားတဲ့ပုံစံနဲ့ ပြောလာတဲ့ ချမ်းရဲ့စကားတို့ကြောင့် ထူးမှာ သဘောတကျ ပြုံးမိရသေးသည် ။

" အင်းပေါ့ ၊ အဲ့လို ဆက်ဆံရေးပေါ့ "

သူ့အဖြေမှန်တယ်ဆိုပြီး ကျေနပ်သွားတဲ့ ချမ်းရဲ့မျက်နှာလေးက ခပ်ပြုံးပြုံး ။

တော်သေးတယ် ။ ခိုလှုံရာက ကလေးတွေကယ်လို့ ။ အဲ့လိုမဟုတ်ဘဲ ဘယ်သူလဲဆိုပြီး အတင်းမေးနေရင် ထူးမှာ ဖြေရခက်နေလိမ့်ဦးမည် ။

" ကဲ နေလည်းကောင်းတာ မဟုတ်ဘူး ၊ ဘာမှလျှောက်တွေးမနေတော့ဘဲ အိပ်ပျော်အောင် အိပ်လိုက်တော့ ဟုတ်ပြီလား "

*********

ဦးသာက အိပ်ပျော်အောင်အိပ်လိုက်တော့ဟု ဆိုသောငြားလည်း နေမကောင်းတဲ့အချိန် ဘေးလူတစ်ယောက်ကိုမှ အသားချင်းထိမထားရင် အိပ်မပျော်တတ်သည်မို့ အချိန်အတော်ကြာသည်အထိ ငြိမ်နေပြီးတော့မှ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကာ ဦးသာရှိရာဘက်ကို ခိုးပြီးငဲ့စောင်းကြည့်မိသည် ။

ခဏကြာအောင် စောင့်ကြည့်နေသည့်တိုင် လှုပ်ရှားမှုတစ်စုံတစ်ရာမရှိတော့ဘဲ ငြိမ်နေသည့်ဦးသာက တကယ်ပဲ အိပ်ပျော်သွားပြီထင်သည် ။

မျက်တောင်ထူစိပ်စိပ်တွေဖြင့် မှေးမှိတ်နေသည့် မျက်ဝန်းတစ်စုံကို ငြိမ်သက်စွာငေးကြည့်နေရင်းက ချမ်း တိတ်တိတ်ဆိတ်ဆိတ်ပင် ပြုံးမိရသည် ။

ချမ်းရဲ့ စိတ်ပြဿနာ ၊ လူပြဿနာ စသဖြင့် ပြဿနာမှန်သမျှကို ပြေလည်အောင်ဖြေရှင်းပေးရင်း ချမ်းကို ငြိမ်းအေးစေတဲ့ လူကြီး ။ ထိုလူကြီး ချမ်းအနားက ဖယ်ခွာသွားမည်ကို ကြောက်နေမိတာ ချမ်းလွန်သလားလေ ။

ချမ်းစိတ်တွေက တဖြည်းဖြည်းချင်း ဦးသာကိုပဲ အားကိုးမှီတွယ်လာမိတာကို ကိုယ့်ဟာကိုယ်လည်း သတိထားမိပါသည် ။ ချမ်း အားကိုးချင်လောက်အောင်လည်း ဦးသာက လေးစားစရာအချက်တွေရော စွမ်းဆောင်နိုင်တဲ့အချက်တွေရော ရှိနေတာကိုး ။

ချမ်းကိုပစ်ပြီး တစ်စုံတစ်ယောက်နောက် ပါသွားမှာကို စိုးရိမ်တဲ့စိတ်နဲ့ ဒီနေ့လိုမျိုး စိတ်ထင်ရာတွေ လျှောက်လုပ်မိသွားတာပါ ။ ဒါကို ဦးသာက စွပ်စွပ်စွဲစွဲတွေလုပ်ကာ စိတ်ကုန်တယ်ဆိုတာအထိပါ ပြောချသွားတော့ ချမ်းမှာ ဆောက်တည်ရာမရသလိုကို ဝမ်းနည်းပြီး ကျန်နေခဲ့ရတာ ဒီလူကြီးက မသိဘူး ။

အဖျားတွေတက်လာတဲ့အချိန်မှာလည်း ဦးသာအခန်းတံခါးကို သွားခေါက်ပြီးခေါ်ချင်ခဲ့ပေမယ့် အော်များထုတ်လိုက်မလား ၊ ထပ်ပြီးပဲ နစ်နစ်နာနာတွေပြောလာလေမလား ဆိုတဲ့စိတ်နဲ့ မသွားရဲတော့ဘဲ ကိုယ့်ဟာကိုယ် အခန်းထဲမှာ ငုတ်တုပ်ထိုင်ရင်း ငိုနေမိခဲ့တာ ။ ဖျားနေတဲ့အချိန် ခုလို တစ်ယောက်တည်းလည်း မနေဖူးတာမို့ အားငယ်သည့်စိတ်တွေက တကယ်ကို အတိုင်းအဆမဲ့ ။

ထင်မထားခဲ့ပါဘူး ။ ခပ်စိမ်းစိမ်းကြည့်ပြီး စိတ်ကုန်တယ်လို့ ရေရွတ်သွားတဲ့ ဦးသာက ခုလို ညကြီးသန်းခေါင် ချမ်းကို လာကြည့်လိမ့်မယ်လို့လေ ။

ထင်မှတ်မထားဘဲ ဦးသာအား မြင်လိုက်ရချိန် ခံစားလိုက်ရသည့် ခံစားမှုက လမိုက်ညမှာ အလင်းရောင်ကို မြင်လိုက်ရသလိုမျိုး ။

တကယ်တမ်းမှာ ဦးသာက ချမ်းကို ပစ်မထားသေးဘူး, ဂရုစိုက်သေးတယ်ဆိုတာ သိရတော့လည်း ချမ်းမှာ ပီတိတွေတစ်လှေကြီးနဲ့ ပျော်ရပြန်သည် ။

အားကိုးစိတ်နှင့် မေ့ကိုလွမ်းကြောင်းတွေ တိုင်တည်မိတော့လည်း ချမ်းစိတ်သက်သာရအောင် စိတ်ရှည်လက်ရှည်ပြောပြပေးသေးသည် ။

ဒါတွေကြောင့်ပေါ့.....ဒါတွေကြောင့်ပဲ ဦးသာကို ချမ်း လက်မလွှတ်နိုင်တာ ။

လေးငယ်ကိုလည်း အရမ်းချစ်တယ်ဆိုပေမယ့်လို့ ဦးသာအပေါ်ထားတဲ့ အတ္တတွေလောက်တော့ မပြင်းထန်တာ ချမ်းကိုယ်ချမ်းလည်း ဘာကြောင့်ရယ် မတွေးတတ်တော့ချေ ။

တွေးကောင်း,ကောင်းနဲ့ တွေးနေလိုက်တာ သန်းခေါင်ကျော်လို့ ဘယ်နှနာရီတွေတောင် ထိုးကုန်ပြီမသိ ။ အိပ်လို့ကလည်းမပျော် ။

ချမ်းမျက်စိရှေ့မှ ဦးသာကတော့ ငြိမ်သက်လျက်သာ ။

ဦးသာရှိရာဘက်ကို တစောင်းလှဲအိပ်နေရာက ကိုယ့်စိတ်ကိုယ်မထိန်းနိုင်စွာပဲ ချမ်းလက်တို့က ရှေ့သို့တရွေ့ရွေ့တိုးသွားမိသည် ။ ချမ်းလက်ဖျားမှာ အားကိုးလိုသူရဲ့ ရှပ်အင်္ကျီလက်အစွန်းလေးကို ကိုင်မိလိုက်တဲ့အချိန်ကျမှ ချမ်းလက်ရဲ့ လှုပ်ရှားမှုတို့က ရပ်တန့်၏ ။

အင်္ကျီလက်အစွန်းလေးလောက်တော့ ဆုပ်ကိုင်ပြီးအိပ်ပါရစေ ။

ဒါမှ ချမ်း အိပ်ပျော်မှာမို့လို့ပါ ။

ထိုခဏမှာပဲ ချမ်း တကယ်ကို အိပ်ပျော်သွားခဲ့ပါသည် ။

တစ်ချိန်လုံး ငြိမ်သက်နေခဲ့တဲ့ တစ်စုံတစ်ယောက်ကတော့ မှိတ်ထားတဲ့မျက်လုံးတွေပွင့်လာရင်း သူ့အင်္ကျီလက်အဖျားအား ဆုပ်ကိုင်ထားတဲ့ လက်လေးတစ်ဖက်ကို ငဲ့ကြည့်ကာ တိတ်တိတ်လေး ပြုံးနေခဲ့လေသည် ။

______________________________
A/N

ဇာတ်က နည်းနည်းပျင်းစရာကောင်းနေပေမယ့်လည်း သည်းခံပြီး ဖတ်ပေးကြပါဦးနော် ။ 😁
ဒီရက်တွေထဲ typing လုပ်နေကျဖုန်းက ပျက်သွားလို့ ဆိုင်သွားပြီး ပြင်လိုက်ရသေးတယ် ။ တော်သေးတယ်...တစ်ခါတည်း ရခဲ့လို့ ။ အဲ့လိုမဟုတ်ရင် တောင်းပန်စာရေးပြီး Fic ကို ခဏနားထားရတော့မှာ ။ အခု အဆင်ပြေသွားမှသာ ကိုယ့်မယ် စိတ်အေးရတော့တယ် ။ 😊

_____________________________

Continue Reading

You'll Also Like

1.2M 92.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
322K 31.2K 44
ဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်က...
54.2K 4.3K 24
❦{Own Creation}❦ Unicode+Zawgyi ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ မောင့်ရဲ့နိဗ္ဗာန်ဘုံဟာ သက်လျာပါကွယ်။ AN-စိတ်ကူးယဉ်ရေးသားမှုဖြစ်ပြီး၊ထိုခေတ်ထိုအခါ နှင့်မက...
1M 64.1K 53
မင်းငယ်ငယ်ထဲကပြောလာခဲ့သလိုပဲ.... ငါကမင်းတစ်ယောက်ထဲအတွက်ပဲ.... အစေခံတစ်ယောက်ဖြစ်ပါရစေ..... Poster by-Colourful Craft Light