21st Century Cinderella Story

由 hera_lily

139K 12.5K 749

တကယ်တော့ မင်းက ကိုယ့်ရဲ့ ၂၁ရာစု စင်ဒရဲလား♡ Start ~ 14 March 2020 Crd to Another Cinderella Story of Selena Go... 更多

♡. 1 [ZAWGYI]
♡. 1 [UNICODE]
♡. 2 [ZAWGYI]
♡. 2 [UNICODE]
♡. 3 [ZAWGYI]
♡. 3 [UNICODE]
♡. 4 [Zawgyi]
♡.4 [UNICODE]
♡. 5 [ZAWGYI]
♡. 5 [UNICODE]
♡. 6 [ ZAWGYI]
♡. 6 [UNICODE]
♡. 7 [ ZAWGYI]
♡. 7 [ UNICODE]
♡. 8 [ZAWGYI]
♡. 8 [UNICODE]
♡. 9 [ZAWGYI]
♡.9 [UNICODE]
♡.10 [ZAWGYI]
♡. 10 [ UNICODE]
♡. 11 [ ZAWGYI]
♡.11 [UNICODE]
♡.12 [UNICODE]
♡. 13 [ZAWGYI]
♡.13 [UNICODE]
♡. 14 [ZAWGYI]
♡. 14 [UNICODE]
♡. 15 [ZAWGYI]
♡.15 [UNICODE]
♡.16 [ZAWGYI]
♡.16 [UNICODE]
♡. 17 [Zawgyi]
♡. 17 [UNICODE]
♡. 18 [ZAWGYI]
♡. 18 [UNICODE]
♡.19 [ZAWGYI]
♡.19 [UNICODE]
♡. 20 [ZAWGYI]
♡. 20 [ UNICODE]
♡. 21 [ZAWGYI]
♡. 21 [UNICODE]
♡. 22 [ZAWGYI]
♡. 22 [UNICODE]
♡. 23 [ ZAWGYI ]
♡. 23 [ UNICODE ]

♡. 12 [ZAWGYI]

2K 236 6
由 hera_lily


* ချွင်...  *

ဆိုင်တံခါးဝက ခေါင်းလောင်းသံလေး...

ရိပေါ် ကောင်တာမှာ ထိုင်နေရင်းကနေ ထပြီး ခေါင်းလေးထွက်ကြည့်လိုက်တော့

မျှော်နေတဲ့ သူ မဟုတ်...

ဒါနဲ့ပဲ ကောင်တာမှာ ပြန်ထိုင်ရင်း လုပ်လက်စ မှာဖို့ပစ္စည်းကို အာရုံစိုက်နေတုန်း  ..

ကောင်တာပေါ်ကို ဘုတ်ခနဲ လာပုတ်တဲ့ လက်ကြောင့် မကျေမနပ် မော့ကြည့်လိုက်မိတယ်...

' ဝမ်ရိပေါ်... နင် ငါ ဝင်လာတာ မတွေ့ဘူးလား... '

' တွေ့တယ်လေ... '

မျက်လုံးကြီး လှန်ကြည့်ပြီး ပြန်ဖြေတဲ့ ရိပေါ့်ကို ကြည့်ပြီး မေ့လင်းက အံတကြိတ်ကြိတ်...

' တွေ့ရင် စကားပြောလေ... '

' မပြောချင်ဘူး... '

' ဒီဖေ ..... '

' စတာ... စတာ... မေ့လင်းလေး... သူငယ်ချင်းလေး... ဘာစားမလဲ... '

ဆဲသံတွေ ပလုံစီလာတော့မယ့် အဖြစ်ကို ကြိုသိတာမို့  ကောင်တာကနေ ထွက်လာရင်း လွတ်နေတဲ့ ဝိုင်းဆီ တွန်းပို့ရတယ်....

' ထုံးစံ အတိုင်းပဲ... '

ပြောပြီး ဝိုင်းမှာ သွားထိုင်နေတဲ့ မေ့လင်းဆီ မှာထားတာတွေ သွားပို့ရင်း ဧည့်သည်ပါးနေတာမို့ မေ့လင်း ရှိတဲ့ ဝိုင်းမှာပဲ ထိုင်နေလိုက်တယ်....

ဒီနေ့ ကျောင်း မတက်တဲ့ မေ့လင်းက ဆိုင်ကိုတော့ ရောက်ချလာပြီး ကျောင်းမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ လာစပ်စုပါသတဲ့....

ဘာမှ မဖြစ်ကြောင်းပြောတော့ အော် လို့ပဲ ပြောပြီး ချပေးထားတဲ့ မုန့်ကို တဖြဲ နှဖြဲ စားနေလေရဲ့....

အဲ့ဒီ့ အချိန် ဆိုင်တံခါး ခေါင်းလောင်းသံ နဲ့ အတူ ဝင်လာတဲ့ ဧည့်သည်ကြောင့် ရိပေါ် ကြောင်အ သွားတယ်....

အင်း... ဧည့်သည်တော့ ဧည့်သည်ပါပဲ ..  အဲ့ဒါက မေ့အော် နဲ့ ရှားအော် ဖြစ်နေတာလေး တစ်ခုပဲ ...

ကြောင်နေတဲ့ ရိပေါ်ကို သတိထားမိသွားတဲ့ မေ့လင်းက နောက်ကို လှည့်ကြည့်ရင်း

ထို ညီအမ နှစ်ယောက်ကို သတိထားမိသွားတဲ့ အခါ.....ဝုန်းခနဲ ထရပ်တယ်...

ဆိုင် အနောက်ခန်းထဲက ထွက်လာတဲ့ အကိုကျိုးချန်က သူတို့ ၂ယောက်ဆီက အမှာစာရင်း လက်ခံ ပြီးနောက် သွားချပေးရမှာက ရိပေါ် တာဝန်ဖြစ်လာတယ်... 

ရိပေါ် ဗန်းကို သွားယူတော့ မေ့လင်းက သူပို့ပေးမယ် ပြောပေမယ့် ရိပေါ်က ခေါင်းပဲ ခါပြလိုက်တယ်...

ဒီ အတိုင်း မုန့်လာစားတာပဲ ဖြစ်လောက်မှာမို့ ရိပေါ် သိပ်တော့ မစိုးရိမ်ပါဘူးလေ....

ရိပေါ် သူတို့ ဝိုင်းနားရောက်တော့ ရှားအော်က ဖုန်းပြောနေတယ်... 

' အင်း... ရိုစီလား...  နင် ဘယ်မှာလဲ.. '

' .... '

' အော် .. ကောင်မ.. စီနီယာ ရှောင်းကျန့်နဲ့ Date နေတယ်ပေါ့လေ... အဆင်ပြေနေတယ်ပေါ့.... '

ုကြားလိုက်ရတဲ့ နာမည်အဆုံးမှာ ဗန်းထဲက မုန့်တွေ ချပေးနေတဲ့ ရိပေါ်လက်က အဆိုစလောက်လေး တုန်သွားတယ်....

စီနီယာရှောင်းကျန့်? Date?

' အေးပါ... တစ်ချို့ တစ်ချို့ သော လူတွေထက်စာရင် နင်ကမှ စီနီယာနဲ့ အလိုက်ဆုံးလေ..  '

ဒီစကားကိုတော့ ရှားအော်က ရိပေါ့် မျက်နှာ ကို တည့်တည့် ကြည့်ပြီး ပြောလိုက်တာ ဖြစ်တယ်...

ရိပေါ်  ခေါင်းပဲ တစ်ချက်ညွတ်ပြလိုက်ပြီး လှည့်ထွက်လာခဲ့တယ်.. 

ကျန်ခဲ့တဲ့ ညီ အမ ၂ယောက်ရဲ့ ခပ်ပြုံးပြုံး မျက်နှာကို မြင်လိုက်တဲ့ မေ့လင်းက မျက်မှောင် ကျုံ့လို့ ...

သူ့ဝိုင်းမှာ ပြန်လာထိုင်ဖို့ ပြင်နေတဲ့ ရိပေါ်ကို မေ့လင်းက ကောင်တာနောက်ထဲ ဆွဲခေါ်တယ်.. 

' ရိပေါ်... '

' အင်း... '

' စီနီယာ ဒီနေ့ ကျောင်းလာလား? ... '

' မလာဘူး... '

' ဆိုင်ကိုရော.... ? '

' မလာဘူး..  '

ရိပေါ် ပြန်ဖြေတော့ မေ့လင်းလည်း ဘာပြောရမယ်မှန်း မသိတော့ဘူး....

ဒီညီအမက ဥာဏ်များတတ်တာမို့ မေ့လင်း မယုံနိုင်ဘူး.....

' ရိပေါ်...  ဖုန်းခဏငှား... '

' ငါ့ဖုန်း?.... ဘာလုပ်မလို့လဲ.... '

' ပေးစမ်းပါ..  ခဏ..  '

ရိပေါ် ထိုးပေးတဲ့ ဖုန်းကို ယူရင်း Contact တစ်ခုကို နှိပ်ချလိုက်တယ်....

' အင့်.... မေးလိုက်... '

မေ့လင်းထိုးပေးတဲ့ ဖုန်းကို ကြည့်တော့ ပေါ်နေတာက စီနီယာ့ ဖုန်းနံပါတ်.....

' အာ....မေ့လင်း... ဘာလုပ်တာလဲ... '

ရိပေါ် ဖုန်းပြန်ချဖို့ပြင်လိုက်ပေမယ့် တစ်ဖက်က ဖုန်းကိုင်လိုက်ပြီ..

* အင်း... ရိပေါ်...  *

ဖုန်းက Speaker ဖွင့်ထားတာမို့ ကောင်တာပေါ်တင်ရင်း မေ့လင်းကို ခေါင်းလှမ်းခေါက်မိတယ်...

မပြောမဆို လုပ်ချလိုက်တာမို့ ရိပေါ် ဘာပြောရမှန်း မသိဘူးလေ...

* ဝေ့.... ရိပေါ်...   *

' အာ... ဟုတ်.. စီနီယာ.... '

*ထူးထူးဆန်းဆန်း ကိုယ့်ကို ဖုန်းခေါ်နေတာပဲ.... ဘာဖြစ်လို့လဲ...*

' အော.... ဒီအတိုင်း... ကျောင်းမလာလို့လေ အဲ့တာ....  ပြီးတော့.... ဆိုင်ကိုရော.... မ....လာ....လို့..  '

တိုးတိုးသွားတဲ့ ရိပေါ့် အသံကို ကြားတော့ စီနီယာ ဘက်က ရယ်သံခပ်တိုးတိုး ထွက်လာတယ်...

* အင်း.. ကိုယ် ဒီနေ့ ကိစ္စလေးရှိလို့လေ... ချိန်းထားတာလေး ရှိလို့ ..  ဆိုင်တော့ မလာဖြစ်လောက်တော့ဘူး..  *

' အာ.. ဟုတ်..  မနက်ဖြန်.... '

* ကျန့်......... *

ရိပေါ် ဆက်ပြောမယ့် စကားက တစ်ဖက်က ခေါ်သံ ခပ်ကျယ်ကျယ်မှာ ပျောက်သွားတယ်.....

ပြီးတော့ ဖုန်းကိုပါ ချမိရက်သား....

ဘာဖြစ်တာမှန်း မသိပေမယ့် ရိပေါ် ရင်တွေ တုန်လာသလိုပဲ..... 

မေ့လင်းလည်း ရိပေါ့်ကို ကြည့်ပြီး မသက်မသာတွေ ဖြစ်လာရတယ်...

သူက ဟို ညီအမကို မယုံလို့ ဖုန်းခေါ်ပေးလိုက်မိတာ....

အခုက မီးလောင်ရာ လေပင့်သလို ဖြစ်သွားရပြီ...

ဖုန်းကို အိတ်ကပ်ထဲ ကောက်ထိုးလိုက်တဲ့ ရိပေါ်က လုပ်စရာရှိတာတွေ ဆက်လုပ်နေတယ်...

မျက်နှာကတော့ အမူမရာ မယွင်းပေမယ့် လက်တွေကတော့ မငြိမ်ပဲ.... ခဏ ခဏ လွတ်ကျနေတတ်သေးတယ်...

မေ့လင်း သက်ပြင်းပဲ ချလိုက်မိတယ်...  

ရိပေါ် စိတ်ထဲ ဘာတွေ ရှိလဲ မေ့လင်း သိလိုက်ပြီမို့ စိတ်မကောင်းရုံကလွဲ.... ဘာတတ်နိုင်ဦးမှာတဲ့လဲ...
.
.
.
.
.
.
.
.
.
.
.
.

ဒီနေ့မှ ကျောင်းကို စောစောရောက်နေတဲ့ ရိပေါ်.... 

လူက နေမကောင်းချင်သလို နုံးချိချိနဲ့... ဗိုက်ကလည်းနာနေတာမို့ အိတ်ကို အခန်းထဲ ဝင်ထားပြီး Toilet ဘက်ကို ထွက်လာခဲ့တယ်...

ရိပေါ် Toilet ထဲ ရောက်တော့ ဘယ်သူမှ မရှိ....

ဗိုက်ကိစ္စ ဖြေရှင်းနေတုန်း...

Toilet ထဲ ဝင်လာတဲ့ ခြေသံ တစ်ရှပ်ရှပ်....

ရိပေါ် နားရွက်တွေ ထောင်သွားတယ် ..

လူလား သရဲလား..  သေချာမသိဘူးလေ...

ခဏကြာမှ စကားပြောသံတွေ ကြားရတာမို့ လူဆိုတာ သေချာသွားတယ်..

( ဟေ့ကောင်..  မင်း ကျောင်းရဲ့ အလှလေး သတင်း ကြားပြီးပြီလား.. )

( ရိုစီလား... ဘာဖြစ်လို့လဲ..  )

( သူက စီနီယာ ရှောင်းကျန့်နဲ့ တွဲနေတာတဲ့..   ဟို မင်းသားလေ.... )

ရိပေါ် နားစွင့်ထားမိတယ်..

ကိုယ်နဲ့ မဆိုင်တာသိပေမယ့် ဒီစီနီယာ့ နာမည်ကိုသာ ကြားရရင် မနေနိုင် မထိုင်နိုင် ဖြစ်နေတတ်တာ ရိပေါ်ပဲ.....

( ဟုတ်လို့လားကွာ... မင်းကလည်း... )

( မနေ့ကတောင် သူတို့ Date နေတာ တွေ့ခဲ့တာကွ)

( ဒါဆို ဟိုကောင်လေးကရော.... စီနီယာနဲ့ တွဲတွေ့နေကျ ကောင်လေးလေ... )

( အော်.. ဟို စကိတ်နဲ့ ကောင်လေး...  မင်းကလည်းကွာ... စီနီယာက ဒီအတိုင်း သနားလို့ ခင်ပေးနေတာ နေမှာပေါ့ .... ပြီးတော့ မင်းသိလား.. အဲ့ကောင်လေးကလေ ကျောင်းက အလှစာရင်းဝင် မေ့အော်တို့ အိမ်က အလုပ်သမားတဲ့... )

( အေးကွ... ဘာပဲ ဖြစ်ဖြစ် စီနီယာလို လူမျိုးက ရိုစီနဲ့ပဲ လိုက်ဖက်ညီတာပေါ့..... ဟိုကောင်လေးကတော့ သနားပါတယ်ကွာ ...)

စကားသံတွေ ပျောက်ပြီး ခြေသံ တွေ ဝေးသွားတဲ့ အထိ ရိပေါ် ငြိမ်နေမိတုန်း....

ပြောသွားတဲ့ စကားတွေထဲမှာ ပါနေတဲ့ သူက ရိပေါ်ဆိုတာ အသိသာကြီးလေ....

ငူငူကြီး အပြင်ပြန်ထွက်လာတဲ့ ရိပေါ်က အခန်းကို ဘယ်လိုပြန်ရောက်လာလဲ မသိလိုက်ဘူး....

အခန်းဝမှာ ဝင်တိုက်မိတဲ့ မေ့လင်းက ရိပေါ့်ကို လက်မောင်းကနေ ကိုင်ပြီး ဆွဲလှုပ်တော့မှ အသိဝင်တယ်....

' ရိပေါ်....  နင် ဘာဖြစ်လာတာလဲ.. '

' ငါ... ပြန်တော့မယ်..  မေ့လင်း... ဒီနေ့ အတန်း မတက်တော့ဘူးနော်.. '

'ဟဲ့ ...  '

နောက်ကအော်နေတဲ့ မေ့လင်းကိုလည်း ပြန်မပြောချင်တော့တာမို့ ခြေလှမ်းတွေကို အရှိန်တင်ရင်း ကျောင်းထဲကနေ ပြန်ထွက်လိုက်တယ်...

အချိန်လည်း စောနေသေးတာမို့ Gate တာဝန်ကျတဲ့ ဆရာ မရှိတာ ရိပေါ် ကံကောင်းတာပါပဲ....

ဆိုင်တံခါးဖွင့်ပြီး ဝင်တော့ အကိုကျိုးချန်က အံ့ဩတကြီးကြည့်တယ်. .

' အယ် .... ရိပေါ်..... ကျောင်းမတက်ဘူးလား... '

' နေသိပ်မကောင်းလို့ ပြန်လာတာ အကို.... ကျွန်တော် ခဏနေ ဆင်းကူပေးမယ်နော်..  '

'နေ....နေ..  ရိပေါ်... နားနေလိုက်.... လူလည်း ပါးနေတာ...  ဆင်းမလာနဲ့... '

' ဟုတ်... '

လှေကားတွေကို ကျော်တက်လာရင်း အခန်းထဲ ရောက်တာနဲ့ မွေ့ယာပေါ် ပစ်လှဲလိုက်မိတယ်...

ကျောင်းမှာ ကြားခဲ့ရတဲ့ စကားတွေက ရိပေါ်  ခေါင်းထဲမှာ ဆူညံနေတုန်းပဲ...

အထူးသဖြင့်..  စီနီယာက ရိပေါ့်ကို သနားလို့ဆိုတဲ့ စကား...

ဒါက တကယ် ရိပေါ့်ကို ခံရခက်စေတယ်....

စီနီယာ့ဘက်က ရိပေါ့်ကို သနားလို့ ဆိုပေမယ့် ရိပေါ်ကရော... ဘာလို့ ဒီလောက်ထိ နာကျင်နေရတာလဲ....

တကယ်ဆို စီနီယာက နာမည် အသင့်အတင့်ရနေတဲ့ အနုပညာရှင် တစ်ယောက်...
ရိပေါ်ကရော... 

..  ရိပေါ်ကတော့ ဘာမှ မဟုတ်တဲ့ ကောင်လေး တစ်ယောက်ပဲ.........

အင်း.... ကျွန်တော်တို့က တကယ်ပဲ နီးဖို့ကံ မပါလာခဲ့ဘူး ထင်ပါတယ်.....

.
.
.
.
.
.
.
.
.

သန့်စင်ခန်းထဲက ထွက်လာတဲ့ ကောင်လေးကို အကွယ်ကနေ စောင့်ကြည့်နေတဲ့ လူ နှစ်ယောက်...

အသိစိတ်မကပ်တဲ့ ခြေလှမ်းတွေနဲ့ ခပ်လှမ်းလှမ်း ရောက်သွားတာ သေချာမှ ဆန့်ကျင်ဘက် အရပ်ကို ဦးတည်သွားကြတယ်.....

ခပ်သွက်သွက် ခြေထောက်တွေက ကန်တင်းန်မှာ ထိုင်နေတဲ့ ကောင်မလေး သုံးယောက်ရှေ့မှာ ရပ်လို့....

' ငါတို့ ပြောခိုင်းတာတွေ သူကြားအောင် ပြောခဲ့လား..  '

' ပြောခဲ့ပါတယ်....  သူ ဝင်သွားတာ သေချာမှ ပြောခဲ့တာပါ....  ပြီးတော့ သူထွက်လာတဲ့ အထိ လည်း စောင့်ကြည့်ခဲ့ပါတယ်... '

' ဟုတ်ပြီလေ .. ဒါဆို.. သွားလို့ရပြီ..  '

' ဟို... ကျွန်တော်ပြောထားတဲ့ ကိစ္စလေး.. '

' အော်... ညနေ ကျောင်းပေါက်ဝမှာ စောင့်နေလေ.. ဒါပဲမလား.. သွားတော့ '

ပျော်သွားပုံရတဲ့ ကောင်လေး ၂ယောက်က ခုန်ပေါက်ပြီး ထွက်သွားကြတယ်...

ကျန်ခဲ့တဲ့ ကောင်မလေး သုံးယောက်ထဲက တစ်ယောက်က စကားစတယ်...

' ဘယ်လိုလဲ.. မေ့အော်... နင်တို့က အဲ့ကောင်လေး ၂ယောက်နဲ့ တကယ် ဒိတ်ပေးမယ်ပေါ့.. '

' နေစမ်းပါ ရိုစီရာ... ဒီ၂ကောင်ကို ဘာကိစ္စ ဒိတ်ရမလဲ....  ညနေကျမှ ရှင်းထုတ်လိုက်မယ်... '

' အဟား... အပြောကတော့  ... ဟင်း.. ဒါနဲ့ ငါက မင်းတို့ထက် ကြီးတယ်နော်... စီနီယာတောင် တပ်မခေါ်ဘူးလား.. '

'  ကျစ်!. ရိုစီ....  မလိုတာတွေ မပြောပါနဲ့လား... ငါတို့ ပက်သက်တယ်ဆိုတာ ဟိုနှစ်ယောက်ကို တွဲမမြင်ရဖို့လေ... ဟုတ်တယ်မလား... သိပ်ရင်းနှီးတဲ့ ပုံစံတွေ ဖမ်းမနေရင် ကောင်းမှာပဲ.. '

ပြောပြီး ထထွက်သွားတဲ့ ရှားအော်နောက်ကို မေ့အော်က ထလိုက်သွားတယ်....

ရိုစီကတော့ အအေးခွက်ကို ပိုက်နဲ့ ခပ်ဖြည်းဖြည်း မွှေရင်း ကျန်နေခဲ့လေရဲ့....

...
...
...
...
...
...
...
...
...

2805 words....♡




繼續閱讀

You'll Also Like

124K 5.1K 92
a sister who's actions are untamed, and a brother who's feelings are untamed. With complete different personalities, yet an awesome bond, the sibling...
424K 28.8K 43
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
417K 10.5K 59
Lady Florence Huntingdon, daughter of the well-known and more importantly, well-respected Earl and Countess Huntingdon is stepping into the 1813 marr...
134K 3.7K 54
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...