HappyTogether!SadTogether!(Co...

Av JiRain77

6K 277 5

#Unicode version မိသားစုချစ်ခြင်းမေတ္တာလေးကို ဦးစားပေးမှာပါ... ငြိမ့်ငြိမ့်လေးပဲ စီးမြောကြမယ်... #Zawgyi vers... Mer

Intro
Part 1
Part 2
Part 3
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part-18
Part 19
Part 20(final)

Part 4

220 13 0
Av JiRain77

မီးမီးရောသားသားရော ဖျားနေတယ်
ဘွားဘွားကလည်း အမျိုးတွေဆီ အလည်သွားတယ်တဲ့...

"သားကြီး ဒီနေ့ တယောက်တည်းအိပ်ရမှာနော်"

"အိပ်ရဲလား"

"မေမေကရော ဖျားလို့လား"

"မေမေမဖျားပါဘူး...ဒါပေမဲ့ အငယ်လေးတွေနဲ့ကမေမေအိပ်ပေးရမှာလေ"

"မေမေ အဖျားကူးမှာပေါ့"

"မေမေက လူကြီးလေ လွယ်လွယ်မဖျားတော့ဘူး သားကြီးက ကလေး လေကွယ်"

ထိုအချိန် အိမ်ရှေ့မှ

"မင်းခရေ..မင်းခ"

"ဟော်...ဆရာကြီးအသံပဲ လာသားကြီး အိမ်အောက်ဆင်းရအောင်"

"ဆရာကြီး ကိစ္စရှိလို့လား အိမ်ကိုမလာစဖူးလာလို့ပေါ့ရော"

"ဒီဘက်ရောက်ရင်း ပြောစရာရှိလို့ ဝင်လာတာ အငယ်နှစ်ယောက်ရော မတွေ့ပါ့လား "

"နှစ်ယောက်လုံး ဖျားနေတာဆရာ ခုနကဆေးသောက်ပြီး အိပ်သွားကြတယ်"

"ဟေ...တုတ်ကွေး ဖြစ်နေအုံးမယ် ဆရာဝန်နဲ့ပြပြီးပြီလား"

"ပြပြီးပြီ ဆရာ ရိုးရိုး ဖျားတာတဲ့"

"အင်း.."

"ဆရာ ပြောစရာရှိတယ်ဆို ဘာများတုံး"

"သမီးကြီးလေ ဆုယူဖို့ အကျီတဲ့ အဲ့ဒါ သမီးပဲကြည့်စီစဥ်ပေးလိုက်ဦး"

"ဟုတ်ကဲ့ ဆရာ သမီးအမြဲစီစဥ်ပေးနေကြပဲ ရပါတယ်"

"အေးအေး သမီးပဲ အားကိုးရမှာပဲ"

"ဟုတ်ကဲ့"

"မင်းခ မင်းလည်းဖျားမယ် ဂရုစိုက်ဦး လူရည်ချွန်စာမေးပွဲဖြေရဦးမှာမလား"

"ဟုတ်ကဲ့"

"အခုတောင် အဖျားကူးမှာစိုးလို့ သူ့အဘွားအိမ်ပို့မလို့ကို ဘွားဘွားက နယ်ဘက်သွားလို့"

"ဟေ..အိမ်လိုက်ခဲ့လေ အိမ်မှာမင်းအကိုလည်း ရှိတယ်"

ဟင်..ကျွန်တော် ဘွားဘွားအိမ်ကလွဲရင် သူစိမ်းအိမ်မှာ မအိပ်ဖူးပါဘူး..အိပ်လည်းမအိပ်ရဲဘူး

"သားသား ဆရာကြီးအိမ်လိုက်သွားမလား"

မေမေလည်း တယောက်တည်းပင်ပန်းမှာစိုးတယ်..
ဒါပေမဲ့...
သူများအိမ် မအိပ်ချင်ဘူး....
ဘယ်လိုလုပ်ရပါ့မလဲ????

"သားကြီး မလိုက်ချင်လည်း ကိစ္စမရှိပါဘူး မေမေကသားတယောက်တည်း အိပ်ရမှာစိုးလို့"

ဆရာမိုးအောင်ကတော့ ဘာမှဝင်မပြော..
သားအမိနှစ်ယောက် အေးဆေးပြောဖို့ လွှတ်ထားတယ်ထင်တယ်..
မသိတော့ဘူးကွာ..

"ကျွန်တော် လိုက်သွားလိုက်မယ် မေမေ ဟိုမှာ ကိုကမ္ဘာနဲ့ တူတူအိပ်လိုက်မယ်"

"အဲ့ဆို မနက်ဖြန် ညနေကျူရှင် ဆင်းမှ တခါတည်း လာကြိုမယ်နော်"

ဟုတ်သားပဲ မနက်ဖြန် စနေနေ့..
ဟူး...သူများအိမ်မှာ ညအိပ်ရုံတင်မဟုတ် တနေကုန်နေရဦးမယ်ကွာ...

"လာ ဆရာနဲ့တခါတည်း လိုက်ခဲ့ လိုအပ်တာတွေ ယူခဲ့"

"ဟုတ်ကဲ့"

~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~

ဖေဖေ အိမ်ပြန်လာတော့ လူကြီးပေါက်စက အထုပ်အပိုးနဲ့ ပါလာလေရဲ့...
ကျွန်တော်ကတော့ ပျော်တာပေါ့ဗျာ
တယောက်တည်း ပျင်းနေတာ ကြပြီလေ..

"သား မင်းညီလေး ဒီနေ့ ဒီမှာအိပ်မှာ ဂရုစိုက်လိုက်ဦးနော်"

"ဟုတ်ကဲ့ ဖေဖေ လာမင်းခ အထုပ်တွေသွားထားရအောင်"

"ဟုတ်ကဲ့"

ကိုကမ္ဘာနဲ့ ခင်ပေမဲ့လည်း နေရတာ သက်တောင့်သက်သာ မဖြစ်တာတော့ အမှန်ပဲ..

"ကိုကမ္ဘာ ထမင်းစားတော့မလား"

"မဆာသေးဘူး မင်းဆာပြီလား"

"မဆာသေးပါဘူး ကိုကမ္ဘာစားမလား မေးကြည့်တာ ဆရာမိုးအောင်က ဓမ္မာရုံမှာ တရားပွဲရှိတယ်တဲ့ ပြန်လာနောက်ကျမယ်ပြောတယ်"

"အေး..အမြဲအဲ့လိုပါပဲ "

"ဟင် အမြဲဆိုတော့ ကိုကမ္ဘာကတယောက်တည်း ထမင်းစားရတာပေါ့"

"ဟုတ်တယ်လေ ဘာထူးဆန်းလို့လဲ"

ကျွန်တော်ကတော့ တယောက်တည်း ထမင်းမစားချင်ဆုံးပဲ....
အကို လည်းသနားပါတယ်
ငါအခု အကိုလို့ ခေါ်မိတာလား

"ကျွန်တော်ကတော့ တယောက်တည်း တခါမှ မစားဖူးဘူး"

"မင်းမှာ အမေရှိတာကိုကွ"

"ကိုကမ္ဘာမှာလည်း အဖေရှိတယ်လေ"

"အမေနဲ့အဖေ မတူဘူးကွ အမေဆိုတာ သားသမီးကို အရိပ်တကြည့်ကြည့် ဂရုစိုက်တာလေ မင်းအမေဆို ပိုစိုးပေါ့ကွာ"

"ဘာကိုပိုစိုးတာလဲ"

"အန်တီက မင်းတို့ကို အရမ်းဂရုစိုက်တာလေ"

ဟုတ်တာတော့ ဟုတ်ပါတယ် မေမေက ကမ္ဘာပေါ်မှာ အကောင်းဆုံးမေမေလေ...ကျွန်တော် ကံကောင်းတာပေါ့

"ဆရာမိုးအောင်က ကိုကမ္ဘာကို ဂရုမစိုက်ဘူးလား"

"ဂရုတော့ စိုက်ပါတယ် အသေးစိတ်တော့ လိုက်မကြည့်နိုင်ဘူးပေါ့ ကဲပါ စကားမပေါတော့နဲ့ ထမင်းဆာပြီလား"

"ဟင့်အင်း..."

"အဲ့ဒါဆို TV ကြည့်မလား"

"ဟုတ် ကြည့်မယ်လေ"

At night~~

"ကိုကမ္ဘာ အိပ်မပျော်ဘူးလား"

အမှန်က ကျွန်တော်လည်း အိမ်ရာပြောင်းလို့ အိပ်မပျော်...

"အေး စဥ်းစားစရာလေးတွေရှိလို့ပါ"

"ဘာလဲ ကောင်မလေးအကြောင်းလား"

လူကြီးပေါက်စလေး
ဘာတွေပြောမလဲ..စမ်းကြည့်တာပေါ့

"ဆိုပါတော့"

"ဟင် တကယ်ကြီးလား ကိုကမ္ဘာ ဒီအရွယ်ကစိတ်ကစားတတ်တဲ့အရွယ်ဆိုတာ နားလည်ပါတယ်ဗျာ
ဒါပေမဲ့ ရည်းစားမထားသင့်ဘူးဗျ ပညာရေးထိခိုက်လိမ့်မယ်"

ဆရာလုပ်တာကတော့ ပြောမနေနဲ့
မသိရင် ကျွန်တော်ကပဲ သူ့သားလားကျလို့..

"ရည်းစား ရှိပါတယ်လို့ မပြောမိပါဘူး"

"ဘာလဲ တဖက်သတ်လား အဲ့လိုဆို လည်းမြိုသိပ်လိုက်ပါဗျာ...ဒီအရွယ်က သူ့အတွက်ရော ကို့အတွက်ပါ ရှေ့ဆက်လို့ မကောင်းဖူးလေ"

အယ်လဲ့...တကယ် ကိုယ့်ကိုကိုယ်တောင် သိမ်ငယ်သွားတယ်
အဲ့လောက်ထိ မတွေးဖူးလို့....

"မင်းခရာ...အကိုကောင်မလေးအကြောင်း စဥ်းစားနေတယ်ဆိုတာက မမအကြောင်းပါကွာ"

ဟိုက်..သေပြီ
အဲ့လူကြီးကလည်း ခပ်တည်တည်နဲ့ နားထောင်နေတော့ အဟုတ်မှတ်နေတာ
လူက အရူးကြီးဖြစ်လို့ ဟွန့်..ဘာမှန်းကိုမသိဘူး

"မမလမင်းက ဘာဖြစ်လို့လဲ"

"မမကတော့ ဘာမှမဖြစ်ပါဘူး ဒါပေမဲ့ ဖေဖေအကြောင်း မမကိုပြောရမလား မပြောရမလား စဥ်းစားနေတာ"

"ဘာအကြောင်းလဲ စပ်စုတာတော့ မဟုတ်ပါဘူး..ကူစဥ်းစားပေးမလို့ပါ"

အင်း...လူကြီးပေါက်စကို ပြောရင်တော့ အကြံရလောက်တယ်

"ဖေဖေက အဆုတ်မကောင်းဘူးလေ အဲ့ဒါကို အခု ဆီးချိုထပ်ဖြစ်လို့ ခွဲစိတ်မှုတွေ လုပ်မရသေးဘူးတဲ့ အဲ့ဒါ မမကိုပြောရင် စိတ်အနှောက်အယှက် ဖြစ်သွားမလား စဥ်းစားနေတာ"

"ကျွန်တော်ကတော့ မပြောစေချင်ဘူး ၁၀တန်းဆိုတော့ စာပိနေတဲ့အချိန်မှာ ဘာမှမပြောတာ ကောင်းပါတယ်"

"အင်း..အကိုလည်း အဲ့လိုပဲစဥ်းစားမိပါတယ် ဒါပေမဲ့ အကိုကမြိုသိပ်ထားတာတို့ သိုဝှက်တာတွေ မလုပ်တတ်ဘူး"

"အဲ့ဒါဆို ကျွန်တော်ကိုပြောလေ ကျွန်တော် နားထောင်ပေးမယ်လေ"

"မင်းက အမြဲတမ်းမှမရှိတာ"

"အဲ့ဒါဆို diary ရေးလေ"

"မရေးချင်ဘူး ပျင်းစရာကြီး"

"ပြောစရာရှိရင် ကျွန်တော်ဆီလာခဲ့လေ တစ်ရပ်ကွက်တည်းကို"

"အေးပါ...လာခဲ့မယ်လေ အခုအိပ်တော့ good night!"

"Good night"

သံယောဇဥ်လေးတွေ အစပျိုးလို့
တို့တတွေ ချည်နှောင်ခဲ့တယ်

💮 💮 💮 💮 💮 💮 💮 💮 💮 💮 💮 💮

"အကို ကျွန်တော်နဲ့လိုက်ခဲ့နော်"

"မင်းက ကလေးလားကွာ"

"ကျွန်တော် အကိုနဲ့မခွဲနိုင်ဘူး"

ိုး...ဒီကမခြွေခင်ကတည်းက ကြွေနေတာနော် သမာဓိအား လာစမ်းနေတယ်ကွာ

"အိုး....ကိုရဲ့ ကလေးလေး ချစ်စရာကောင်းအောင်လည်း ပြောတတ်သားပဲ"

"အကိုကလည်း.."

မင်းရဲ့ အကိုလို့ ခေါ်သံလေးထဲ နစ်မြောမိတဲ့ သူပါကွာ


#Zawgyi version

မီးမီးေရာသားသားေရာ ဖ်ားေနတယ္
ဘြားဘြားကလည္း အမ်ိဳးေတြဆီ အလည္သြားတယ္တဲ့...

"သားႀကီး ဒီေန႕ တေယာက္တည္းအိပ္ရမွာေနာ္"

"အိပ္ရဲလား"

"ေမေမကေရာ ဖ်ားလို႔လား"

"ေမေမမဖ်ားပါဘူး...ဒါေပမဲ့ အငယ္ေလးေတြနဲ႕ကေမေမအိပ္ေပးရမွာေလ"

"ေမေမ အဖ်ားကူးမွာေပါ့"

"ေမေမက လူႀကီးေလ လြယ္လြယ္မဖ်ားေတာ့ဘူး သားႀကီးက ကေလး ေလကြယ္"

ထိုအခ်ိန္ အိမ္ေရွ႕မွ

"မင္းခေရ..မင္းခ"

"ေဟာ္...ဆရာႀကီးအသံပဲ လာသားႀကီး အိမ္ေအာက္ဆင္းရေအာင္"

"ဆရာႀကီး ကိစၥရွိလို႔လား အိမ္ကိုမလာစဖူးလာလို႔ေပါ့ေရာ"

"ဒီဘက္ေရာက္ရင္း ေျပာစရာရွိလို႔ ဝင္လာတာ အငယ္ႏွစ္ေယာက္ေရာ မေတြ႕ပါ့လား "

"ႏွစ္ေယာက္လုံး ဖ်ားေနတာဆရာ ခုနကေဆးေသာက္ၿပီး အိပ္သြားၾကတယ္"

"ေဟ...တုတ္ေကြး ျဖစ္ေနအုံးမယ္ ဆရာဝန္နဲ႕ျပၿပီးၿပီလား"

"ျပၿပီးၿပီ ဆရာ ရိုးရိုး ဖ်ားတာတဲ့"

"အင္း.."

"ဆရာ ေျပာစရာရွိတယ္ဆို ဘာမ်ားတုံး"

"သမီးႀကီးေလ ဆုယူဖို႔ အက်ီတဲ့ အဲ့ဒါ သမီးပဲၾကည့္စီစဥ္ေပးလိုက္ဦး"

"ဟုတ္ကဲ့ ဆရာ သမီးအၿမဲစီစဥ္ေပးေနၾကပဲ ရပါတယ္"

"ေအးေအး သမီးပဲ အားကိုးရမွာပဲ"

"ဟုတ္ကဲ့"

"မင္းခ မင္းလည္းဖ်ားမယ္ ဂ႐ုစိုက္ဦး လူရည္ခြၽန္စာေမးပြဲေျဖရဦးမွာမလား"

"ဟုတ္ကဲ့"

"အခုေတာင္ အဖ်ားကူးမွာစိုးလို႔ သူ႕အဘြားအိမ္ပို႔မလို႔ကို ဘြားဘြားက နယ္ဘက္သြားလို႔"

"ေဟ..အိမ္လိုက္ခဲ့ေလ အိမ္မွာမင္းအကိုလည္း ရွိတယ္"

ဟင္..ကြၽန္ေတာ္ ဘြားဘြားအိမ္ကလြဲရင္ သူစိမ္းအိမ္မွာ မအိပ္ဖူးပါဘူး..အိပ္လည္းမအိပ္ရဲဘူး

"သားသား ဆရာႀကီးအိမ္လိုက္သြားမလား"

ေမေမလည္း တေယာက္တည္းပင္ပန္းမွာစိုးတယ္..
ဒါေပမဲ့...
သူမ်ားအိမ္ မအိပ္ခ်င္ဘူး....
ဘယ္လိုလုပ္ရပါ့မလဲ????

"သားႀကီး မလိုက္ခ်င္လည္း ကိစၥမရွိပါဘူး ေမေမကသားတေယာက္တည္း အိပ္ရမွာစိုးလို႔"

ဆရာမိုးေအာင္ကေတာ့ ဘာမွဝင္မေျပာ..
သားအမိႏွစ္ေယာက္ ေအးေဆးေျပာဖို႔ လႊတ္ထားတယ္ထင္တယ္..
မသိေတာ့ဘူးကြာ..

"ကြၽန္ေတာ္ လိုက္သြားလိုက္မယ္ ေမေမ ဟိုမွာ ကိုကမၻာနဲ႕ တူတူအိပ္လိုက္မယ္"

"အဲ့ဆို မနက္ျဖန္ ညေနက်ဴရွင္ ဆင္းမွ တခါတည္း လာႀကိဳမယ္ေနာ္"

ဟုတ္သားပဲ မနက္ျဖန္ စေနေန႕..
ဟူး...သူမ်ားအိမ္မွာ ညအိပ္႐ုံတင္မဟုတ္ တေနကုန္ေနရဦးမယ္ကြာ...

"လာ ဆရာနဲ႕တခါတည္း လိုက္ခဲ့ လိုအပ္တာေတြ ယူခဲ့"

"ဟုတ္ကဲ့"

~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~ ~~

ေဖေဖ အိမ္ျပန္လာေတာ့ လူႀကီးေပါက္စက အထုပ္အပိုးနဲ႕ ပါလာေလရဲ႕...
ကြၽန္ေတာ္ကေတာ့ ေပ်ာ္တာေပါ့ဗ်ာ
တေယာက္တည္း ပ်င္းေနတာ ၾကၿပီေလ..

"သား မင္းညီေလး ဒီေန႕ ဒီမွာအိပ္မွာ ဂ႐ုစိုက္လိုက္ဦးေနာ္"

"ဟုတ္ကဲ့ ေဖေဖ လာမင္းခ အထုပ္ေတြသြားထားရေအာင္"

"ဟုတ္ကဲ့"

ကိုကမၻာနဲ႕ ခင္ေပမဲ့လည္း ေနရတာ သက္ေတာင့္သက္သာ မျဖစ္တာေတာ့ အမွန္ပဲ..

"ကိုကမၻာ ထမင္းစားေတာ့မလား"

"မဆာေသးဘူး မင္းဆာၿပီလား"

"မဆာေသးပါဘူး ကိုကမၻာစားမလား ေမးၾကည့္တာ ဆရာမိုးေအာင္က ဓမၼာ႐ုံမွာ တရားပြဲရွိတယ္တဲ့ ျပန္လာေနာက္က်မယ္ေျပာတယ္"

"ေအး..အၿမဲအဲ့လိုပါပဲ "

"ဟင္ အၿမဲဆိုေတာ့ ကိုကမၻာကတေယာက္တည္း ထမင္းစားရတာေပါ့"

"ဟုတ္တယ္ေလ ဘာထူးဆန္းလို႔လဲ"

ကြၽန္ေတာ္ကေတာ့ တေယာက္တည္း ထမင္းမစားခ်င္ဆုံးပဲ....
အကို လည္းသနားပါတယ္
ငါအခု အကိုလို႔ ေခၚမိတာလား

"ကြၽန္ေတာ္ကေတာ့ တေယာက္တည္း တခါမွ မစားဖူးဘူး"

"မင္းမွာ အေမရွိတာကိုကြ"

"ကိုကမၻာမွာလည္း အေဖရွိတယ္ေလ"

"အေမနဲ႕အေဖ မတူဘူးကြ အေမဆိုတာ သားသမီးကို အရိပ္တၾကည့္ၾကည့္ ဂ႐ုစိုက္တာေလ မင္းအေမဆို ပိုစိုးေပါ့ကြာ"

"ဘာကိုပိုစိုးတာလဲ"

"အန္တီက မင္းတို႔ကို အရမ္းဂ႐ုစိုက္တာေလ"

ဟုတ္တာေတာ့ ဟုတ္ပါတယ္ ေမေမက ကမၻာေပၚမွာ အေကာင္းဆုံးေမေမေလ...ကြၽန္ေတာ္ ကံေကာင္းတာေပါ့

"ဆရာမင္းေအာင္က ကိုကမၻာကို ဂ႐ုမစိုက္ဘူးလား"

"ဂ႐ုေတာ့ စိုက္ပါတယ္ အေသးစိတ္ေတာ့ လိုက္မၾကည့္နိုင္ဘူးေပါ့ ကဲပါ စကားမေပါေတာ့နဲ႕ ထမင္းဆာၿပီလား"

"ဟင့္အင္း..."

"အဲ့ဒါဆို TV ၾကည့္မလား"

"ဟုတ္ ၾကည့္မယ္ေလ"

At night~~

"ကိုကမၻာ အိပ္မေပ်ာ္ဘူးလား"

အမွန္က ကြၽန္ေတာ္လည္း အိမ္ရာေျပာင္းလို႔ အိပ္မေပ်ာ္...

"ေအး စဥ္းစားစရာေလးေတြရွိလို႔ပါ"

"ဘာလဲ ေကာင္မေလးအေၾကာင္းလား"

လူႀကီးေပါက္စေလး
ဘာေတြေျပာမလဲ..စမ္းၾကည့္တာေပါ့

"ဆိုပါေတာ့"

"ဟင္ တကယ္ႀကီးလား ကိုကမၻာ ဒီအ႐ြယ္ကစိတ္ကစားတတ္တဲ့အ႐ြယ္ဆိုတာ နားလည္ပါတယ္ဗ်ာ
ဒါေပမဲ့ ရည္းစားမထားသင့္ဘူးဗ် ပညာေရးထိခိုက္လိမ့္မယ္"

ဆရာလုပ္တာကေတာ့ ေျပာမေနနဲ႕
မသိရင္ ကြၽန္ေတာ္ကပဲ သူ႕သားလားက်လိဳ႕..

"ရည္းစား ရွိပါတယ္လို႔ မေျပာမိပါဘူး"

"ဘာလဲ တဖက္သတ္လား အဲ့လိုဆို လည္းၿမိဳသိပ္လိုက္ပါဗ်ာ...ဒီအ႐ြယ္က သူ႕အတြက္ေရာ ကို႔အတြက္ပါ ေရွ႕ဆက္လို႔ မေကာင္းဖူးေလ"

အယ္လဲ့...တကယ္ ကိုယ့္ကိုကိုယ္ေတာင္ သိမ္ငယ္သြားတယ္
အဲ့ေလာက္ထိ မေတြးဖူးလို႔....

"မင္းခရာ...အကိုေကာင္မေလးအေၾကာင္း စဥ္းစားေနတယ္ဆိုတာက မမအေၾကာင္းပါကြာ"

ဟိုက္..ေသၿပီ
အဲ့လူႀကီးကလည္း ခပ္တည္တည္နဲ႕ နားေထာင္ေနေတာ့ အဟုတ္မွတ္ေနတာ
လူက အ႐ူးႀကီးျဖစ္လို႔ ဟြန့္..ဘာမွန္းကိုမသိဘူး

"မမလမင္းက ဘာျဖစ္လို႔လဲ"

"မမကေတာ့ ဘာမွမျဖစ္ပါဘူး ဒါေပမဲ့ ေဖေဖအေၾကာင္း မမကိုေျပာရမလား မေျပာရမလား စဥ္းစားေနတာ"

"ဘာအေၾကာင္းလဲ စပ္စုတာေတာ့ မဟုတ္ပါဘူး..ကူစဥ္းစားေပးမလို႔ပါ"

အင္း...လူႀကီးေပါက္စကို ေျပာရင္ေတာ့ အႀကံရေလာက္တယ္

"ေဖေဖက အဆုတ္မေကာင္းဘူးေလ အဲ့ဒါကို အခု ဆီးခ်ိဳထပ္ျဖစ္လို႔ ခြဲစိတ္မႈေတြ လုပ္မရေသးဘူးတဲ့ အဲ့ဒါ မမကိုေျပာရင္ စိတ္အႏွောက္အယွက္ ျဖစ္သြားမလား စဥ္းစားေနတာ"

"ကြၽန္ေတာ္ကေတာ့ မေျပာေစခ်င္ဘူး ၁၀တန္းဆိုေတာ့ စာပိေနတဲ့အခ်ိန္မွာ ဘာမွမေျပာတာ ေကာင္းပါတယ္"

"အင္း..အကိုလည္း အဲ့လိုပဲစဥ္းစားမိပါတယ္ ဒါေပမဲ့ အကိုကၿမိဳသိပ္ထားတာတို႔ သိုဝွက္တာေတြ မလုပ္တတ္ဘူး"

"အဲ့ဒါဆို ကြၽန္ေတာ္ကိုေျပာေလ ကြၽန္ေတာ္ နားေထာင္ေပးမယ္ေလ"

"မင္းက အၿမဲတမ္းမွမရွိတာ"

"အဲ့ဒါဆို diary ေရးေလ"

"မေရးခ်င္ဘူး ပ်င္းစရာႀကီး"

"ေျပာစရာရွိရင္ ကြၽန္ေတာ္ဆီလာခဲ့ေလ တစ္ရပ္ကြက္တည္းကို"

"ေအးပါ...လာခဲ့မယ္ေလ အခုအိပ္ေတာ့ good night!"

"Good night"

သံေယာဇဥ္ေလးေတြ အစပ်ိဳးလို႔
တို႔တေတြ ခ်ည္ႏွောင္ခဲ့တယ္

          

💮 💮 💮 💮 💮 💮 💮 💮 💮 💮 💮 💮

"အကို ကြၽန္ေတာ္နဲ႕လိုက္ခဲ့ေနာ္"

"မင္းက ကေလးလားကြာ"

"ကြၽန္ေတာ္ အကိုနဲ႕မခြဲနိုင္ဘူး"

ိုး...ဒီကမေႁခြခင္ကတည္းက ေႂကြေနတာေနာ္ သမာဓိအား လာစမ္းေနတယ္ကြာ

"အိုး....ကိုရဲ႕ ကေလးေလး ခ်စ္စရာေကာင္းေအာင္လည္း ေျပာတတ္သားပဲ"

"အကိုကလည္း.."

မင္းရဲ႕ အကိုလို႔ ေခၚသံေလးထဲ နစ္ေျမာမိတဲ့ သူပါကြာ

Thanks for reading🙆

Fortsätt läs

Du kommer också att gilla

9.8M 641K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...
5.5K 486 44
ဖြူစင်တဲ့ကလေးဘဝငယ်စဉ်ကတည်းက သန့်ရှင်းတဲ့စိတ်လိပ်ပြာဝိဉာဉ်တွေဟာ မသိစိတ်မှာချည်နှောင်မိခဲ့ကြပြီး ကံ့ကော်ခင်းသည့်မြေဝယ် အရောင်တွေပြောင်းသွားကြတဲ့အခါ...
528 77 21
ပြီးသွားရင်တော့ zawgyiထည့်ပေးပါမယ်နော် Start date 14/3/2022
3.6M 152K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...