Foreteller,Yukiko san.

By ManaMoona

1.5K 181 179

ႏွင္းဆီနီေတြရယ္၊ Tarot ကတ္ေတြရယ္ ၊ အေမႊးနံ႔ေတြရယ္၊ ၿပီးေတာ့ အခန္းထဲက သူမရယ္၊ ဖံုးကြယ္ခံလိုက္ရတဲ့ အမွန္တရားရယ္... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 9
Chapter10

Chapter 8

64 11 7
By ManaMoona

Zawgyi

နန္းဆက္ခံအိမ္ေတာ္။

နာမည္မွာနန္းဆန္လွသလို ထိုအိမ္ေတာ္မွ မိသားစုဝင္မ်ားမွာလည္း ယခုေခတ္ေနပံုထိုင္ပံုနွင့္မတူ ေတာ္ဝင္ဆန္ဆန္ေနတတ္ၾကသည္။

အေရွ႕တိုင္း ေမွာ္က်င့္စဥ္၊ ေမွာ္ဆရာမ်ား၏ အခရာ အိမ္ေတာ္ဟုေခၚရေလာက္ေအာင္ပင္ ထိုအိမ္ေတာ္တြင္ မူရင္း က်မ္းစာအုပ္မ်ား၊အေဆာင္အေယာင္မ်ား၊အေဆာင္အေယာင္မ်ားမွာ ျပည့္ျပည့္စံုစံုရွိသည္။

မိသားစုဝင္အားလံုးလိုလို ေမွာ္ပညာတတ္ေျမာက္ၾကသည္။ ေမွာ္ပညာတြင္မွ အထက္လမ္း နွင့္ ေအာက္လမ္း၂ခုစလံုးကိုကြၽမ္းကြၽမ္းက်င္က်င္တတ္ေျမာက္ၾကသည္။သို႔ေသာ္ အထက္လမ္းပညာရပ္ကိုသာ အသံုးမ်ားၾကသည္။ ေမွာ္ေလာကကိုခ်ဳပ္ကိုင္ေသာ ေခါင္းေဆာင္၃ေယာက္အနက္ ၂ေယာက္မွာ အထက္လမ္းကိုသာ အသံုးျပဳေစလိုေသာေၾကာင့္ ျဖစ္သည္။ သို႔ေသာ္ ေအာက္လမ္းပညာကို အသံုးျပဳလိုေသာ ေခါင္းေဆာင္တစ္ေယာက္မွာကား နန္းဆက္ခံ အိမ္ေတာ္အႀကီးအကဲပင္ျဖစ္သည္။

အိမ္ေတာ္တြင္းတြင္လည္းေသြးေအးစစ္ပြဲမ်ားမၾကာခဏ ျဖစ္ေလ့ရွိသည္။ ပညာပိုသာေသာသူက ပညာသင္စမ်ားကိုအနိုင္က်င့္ျခင္းေၾကာင့္ ရန္ၿငိဳးမ်ားမွာလည္းတျဖည္းျဖည္းႀကီးထြားလာၾကသည္။အျပင္ဘက္မွၾကည့္ပါက ေအးခ်မ္းသည္ဟုထင္ရေသာ္လည္းအတြင္းတြင္ေတာ့ အလြန္ပူေလာင္ေနၾကသူမ်ားျဖစ္သည္။

ေဆြစဥ္မ်ိဴးဆက္ဇယားမ်ားကလည္းရႈပ္ေထြးလြန္းလွသည္။ ပညာသည္မ်ိဳးရိုးမျပတ္ေစရန္ ေမာင္နွမ ၂ဝမ္းကြဲအခ်င္းခ်င္းျပန္ယူရင္း ေဆြမ်ိဳးဆက္မ်ားမွာ တိုင္ပတ္ေနျခင္းပင္။

ေမွာ္ပညာကိုက်င့္ႀကံသူမ်ားပီပီ သက္တမ္းမွာလည္းအလြန္ရွည္ၾကသည္။ အက်င့္ေကာင္းသည့္ ပညာသည္မ်ားလည္းရွိသလို ဆိုး႐ြားရက္စက္လြန္းေသာ ပညာသည္မ်ားလည္းရွိသည္။

၅နွစ္တခါအလြန္ခမ္းနားႀကီးက်ယ္လွေသာပြဲေတာ္တစ္ခုကို ၄ရက္ၾကာက်င္းပတတ္သည္။သန္႔စင္ျခင္းပြဲေတာ္ဟုေခၚေသာ ထိုပြဲေတာ္ကို ဖိတ္ၾကားထားေသာဧည့္သည္မ်ားအပါအဝင္ ကမာၻအဝန္းမွ ေမွာ္ပညာရွင္္ေတာ္ေတာ္မ်ားမ်ားလာေရာက္ဆင္ႏြဲၾကသည္။

ယခုလက္ရွိတြင္ နန္းဆက္ခံအိမ္ေတာ္၏ အဓိက မိသားစုဝင္ (၉)ေယာက္ရွိသည္။ထိုအဓိကမိသားစုမ်ားနွင့္ဖိတ္ၾကားထားသည့္ဧည့္သည္မ်ားကလြဲ၍က်န္လူမ်ားမွာ အိမ္ေတာ္တြင္းဝင္ခြင့္မရေပ။

ျမနွင္းစႏၵာ(အိမ္ေတာ္အႀကီးအကဲ)

ျမင့္ျမင့္ထက္(အိမ္ေတာ္အႀကီးအကဲ၏ သမီး ေဆာင္းနွင္းခ်ိဳ၏ အေမ နွင္းျဖဴ၏ အဖြား)

ဥကၠာယံ( ေႏြသဂၤ ီ၏ ေယာက်ာ္း/အစ္ကို၂ဝမ္းကြဲ)

ေႏြသဂၤ ီ( အိမ္ေတာ္အႀကီးအကဲ၏ ေျမး ေဆာင္းနွင္းခ်ဳိ၏ ညီမ၁ဝမ္းကြဲ )

ေဆာင္းနွင္းခ်ိဳ( အိမ္ေတာ္အႀကီးအကဲ၏ေျမး နွင္းျဖဴ၏အေမ)

ျမဴနွင္းခ်ိဳ(အိမ္ေတာ္အၿကီးအကဲ၏ေျမး နွင္းျဖဴ၏အေဒၚ ကြယ္လြန္)

ျမတ္မင္းဟန္( ေႏြသဂၤ ီ၏သားႀကီး နွင္းျဖဴ၏ ၂ဝမ္းကြဲအစ္ကို)

ရွိန္းမင္းယံ(ျမတ္မင္းဟန္၏ ညီအရင္း)

နွင္းဧကရီျဖဴ( အိမ္ေတာ္အႀကီးအကဲ၏ျမစ္)

၂ဝမ္းကြဲကိုျပန္ယူေလ့ရွိၾကေသာ္လည္း ျမင့္ျမင့္ထက္နွင့္ေဆာင္းနွင္းခ်ိဳတို႔မွာ သူတုိ႔ခ်စ္ျမတ္နိုးရာ အျပင္လူတို႔ကိုလက္ထပ္ယူထားျခင္းျဖစ္သည္။

နွင္းျဖဴ၏ အေဖမွာလည္းေပါ့ေသးေသးမဟုတ္။အေနာက္တိုင္းေမွာ္ပညာရွင္တစ္ေယာက္ျဖစ္သလို ဒိတ္ဒိတ္ႀကဲ ေမွာ္ေက်ာင္းမွ ဆရာတစ္ေယာက္လည္းျဖစ္သည္။နွင္းျဖဴကိုငယ္စဥ္က ေမွာ္ေက်ာင္းတက္ရန္ တိုက္တြန္းေသာ္လည္း အျပင္ေလာကကိုသာ စိတ္ဝင္စားေသာ သမီးျဖစ္သူအား အတင္းအၾကပ္မတိုက္တြန္းေတာ့ေပ။

နွင္းျဖဴ၏အေဖမွာနန္းဆက္ခံအိမ္ေတာ္တို႔ ဘယ္ေတာ့မွမသြားေပ။အေၾကာင္းမွာ သူလာသည္နွင့္စည္းမရွိကမ္းမရွိ ပညာၿပိဳင္ေသာ ပညာသည္မ်ားကိုမုန္းတီးေသာေၾကာင့္ပင္။

နွင္းျဖဴ၏အဖိုးမွာ သာမန္လူတစ္ေယာက္ပင္ျဖစ္သည္။သို႔ေသာ္ သူမတိ့ူအေၾကာင္းကို အလံုးစံုသိေနသူလည္းျဖစ္သည္။

🔮🔮Foreteller,Yukio San🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮

"မင္း ကားေပၚမွာေဆးလိပ္မေသာက္လို႔မရဘူးလား။ "

ကားမွန္ကိုမခ်ဘဲ အားရပါးရ စီးကရက္ကို၁လိပ္ၿပီး၁လိပ္ထုတ္ေသာက္ေနသျဖင့္ ျမတ္မင္းဟန္မွာ ေဒါသျဖစ္လာရသည္။ထိုေကာင္မေလးမွာကား သူမကိုေျပာေနသည္ဟုပင္မထင္ ေနာက္တစ္လိပ္ကိုမီးညႇိေနေလသည္္။

"အနည္းဆံုးေတာ့ မင္းလူက်င့္ဝတ္နားလည္သင့္တယ္"

စိတ္တိုတိုျဖင့္ ကားမွန္ကို အေရွ႕မွ ခ်လိုက္သည္။ စီးကရက္ေငြ႕မ်ားမွာ ေလနွင့္အတူ အျပင္ဘက္သို႔လြင့္သြားေလသည္။

ထိ့ုေနာက္၂ေယာက္သားစကားမေျပာမိၾကေပ။အိမ္သို႔ေရာက္သည္အထိ တိတ္ဆိ္တ္ေနေလသည္။ကားရပ္လိုက္သည္နွင႔္ ကားေပၚမွာဆင္းကာကားေနာက္ခန္းထဲမွ အထုပ္ကိုဆြဲထုတ္ေနေလသည္။မည္မ်ွပင္အျမင္ကတ္သည္ေျပာေျပာ ဧည့္သည္ကအထုပ္သယ္ရသည္မွာၾကားမေကာင္းသျဖင့္ ဆြဲယူလိုက္ရင္း မေတာ္တဆ ျခဴးသံစဥ္၏ လက္ကိုနာရီျဖင့္ ျခစ္မိသြားေလသည္။ နာရီလက္ပတ္မွ ထြက္ေနေသာ အခြၽန္ေၾကာင့္ လက္ဖဝါးမွာေသြးစို႔သြားေလသည္။

"ကိုယ္ မရည္႐ြယ္ပါဘူး.."

"ရတယ္ ဘာမွမျဖစ္ဘူး"

ေအးတိေအးစက္တံု႔ျပန္လိုက္ပံုကကားေပၚတြင္စြာေနသည့္ ျခဴးသံစဥ္မဟုတ္သလိုပင္။မ်က္လံုးမ်ားမွာလည္း အေရာင္ေတာက္ပမေနဘဲ ေဖ်ာ့ေတာ့ေနေလသည္။

"ငါနားခ်င္လုိ႔ ငါ့အခနး္ကဘယ္မွာလဲ"

ျမတ္မင္းဟန္မွာ ခရိီးပန္းလာေသာ ထိုမိန္းကေလးအားအေျခအတင္မေျပာလိုေတာ့သျဖင့္ အိမ္အကူတစ္ေယာက္ကိုေခၚလိုက္သည္။

ထိုအိမ္အကူ၏အကူအညီျဖင့္ အထုပ္အပိုးမ်ားကို အခန္းထဲသို႔ထည့္ၿပီးေနာက္ ေရမိုးခ်ိဳးကာ အိပ္ယာေပၚလွဲခ်လုိက္ေလသည္။

"အစ္မ ညီမကိုယ္ထဲမေျပာမဆို ဝင္ဝင္မလာပါနဲ႔"

နားထဲဝင္လာေသာအသံေၾကာင့္အိပ္ယေပၚမွ မိန္းကေလးမွာႁပံဳးလိုက္သည္။

"ညီမက အရမ္းစြာေနေတာ့ ဟိုလူတစ္ခုခုလုပ္လို္က္မွာဆိုးလို႔ အစ္မဒီလိုဝင္လာတာေလ။စိတ္မဆိုးပါနဲ႔။အစ္မအခုျပန္ထြက္ေပးမယ္ေလ"

စိတ္ထဲမွ ေၿဖလိုက္ၿပီးေနာက္ မ်က္လံုးကိုဖြင့္လိုက္သည္္။အေရာင္ေတာက္ပေနေသာ မ်က္ဝန္းမ်ားက မ်က္နွာၾကက္ကိုစိုက္ၾကည့္ေနေလသည္။

"အဲ့တာေၾကာင့္ အေဖနဲ႔အေမက အစ္မကိုပိုခ်စ္ေနၾကတာ!"

စိတ္ေပါက္ေပါက္ျဖင့္ ခြေခါင္းအံုးကို ၃ခ်က္ခန္႔ထုေထာင္းလိုက္ေလသည္။

Unicode

နန်းဆက်ခံအိမ်တော်။

နာမည်မှာနန်းဆန်လှသလို ထိုအိမ်တော်မှ မိသားစုဝင်များမှာလည်း ယခုခေတ်နေပုံထိုင်ပုံနှင့်မတူ တော်ဝင်ဆန်ဆန်နေတတ်ကြသည်။

အရှေ့တိုင်း မှော်ကျင့်စဉ်၊ မှော်ဆရာများ၏ အခရာ အိမ်တော်ဟုခေါ်ရလောက်အောင်ပင် ထိုအိမ်တော်တွင် မူရင်း ကျမ်းစာအုပ်များ၊အဆောင်အယောင်များ၊အဆောင်အယောင်များမှာ ပြည့်ပြည့်စုံစုံရှိသည်။

မိသားစုဝင်အားလုံးလိုလို မှော်ပညာတတ်မြောက်ကြသည်။ မှော်ပညာတွင်မှ အထက်လမ်း နှင့် အောက်လမ်း၂ခုစလုံးကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ကြသည်။သို့သော် အထက်လမ်းပညာရပ်ကိုသာ အသုံးများကြသည်။ မှော်လောကကိုချုပ်ကိုင်သော ခေါင်းဆောင်၃ယောက်အနက် ၂ယောက်မှာ အထက်လမ်းကိုသာ အသုံးပြုစေလိုသောကြောင့် ဖြစ်သည်။ သို့သော် အောက်လမ်းပညာကို အသုံးပြုလိုသော ခေါင်းဆောင်တစ်ယောက်မှာကား နန်းဆက်ခံ အိမ်တော်အကြီးအကဲပင်ဖြစ်သည်။

အိမ်တော်တွင်းတွင်လည်းသွေးအေးစစ်ပွဲများမကြာခဏ ဖြစ်လေ့ရှိသည်။ ပညာပိုသာသောသူက ပညာသင်စများကိုအနိုင်ကျင့်ခြင်းကြောင့် ရန်ငြိုးများမှာလည်းတဖြည်းဖြည်းကြီးထွားလာကြသည်။အပြင်ဘက်မှကြည့်ပါက အေးချမ်းသည်ဟုထင်ရသော်လည်းအတွင်းတွင်တော့ အလွန်ပူလောင်နေကြသူများဖြစ်သည်။

ဆွေစဉ်မျိူးဆက်ဇယားများကလည်းရှုပ်ထွေးလွန်းလှသည်။ ပညာသည်မျိုးရိုးမပြတ်စေရန် မောင်နှမ ၂ဝမ်းကွဲအချင်းချင်းပြန်ယူရင်း ဆွေမျိုးဆက်များမှာ တိုင်ပတ်နေခြင်းပင်။

မှော်ပညာကိုကျင့်ကြံသူများပီပီ သက်တမ်းမှာလည်းအလွန်ရှည်ကြသည်။ အကျင့်ကောင်းသည့် ပညာသည်များလည်းရှိသလို ဆိုးရွားရက်စက်လွန်းသော ပညာသည်များလည်းရှိသည်။

၅နှစ်တခါအလွန်ခမ်းနားကြီးကျယ်လှသောပွဲတော်တစ်ခုကို ၄ရက်ကြာကျင်းပတတ်သည်။သန့်စင်ခြင်းပွဲတော်ဟုခေါ်သော ထိုပွဲတော်ကို ဖိတ်ကြားထားသောဧည့်သည်များအပါအဝင် ကမ္ဘာအဝန်းမှ မှော်ပညာရှင်တော်တော်များများလာရောက်ဆင်နွဲကြသည်။

ယခုလက်ရှိတွင် နန်းဆက်ခံအိမ်တော်၏ အဓိက မိသားစုဝင် (၉)ယောက်ရှိသည်။ထိုအဓိကမိသားစုများနှင့်ဖိတ်ကြားထားသည့်ဧည့်သည်များကလွဲ၍ကျန်လူများမှာ အိမ်တော်တွင်းဝင်ခွင့်မရပေ။

မြနှင်းစန္ဒာ(အိမ်တော်အကြီးအကဲ)

မြင့်မြင့်ထက်(အိမ်တော်အကြီးအကဲ၏ သမီး ဆောင်းနှင်းချို၏ အမေ နှင်းဖြူ၏ အဖွား)

ဥက္ကာယံ( နွေသင်္ဂီ၏ ယောကျာ်း/အစ်ကို၂ဝမ်းကွဲ)

နွေသင်္ဂီ( အိမ်တော်အကြီးအကဲ၏ မြေး ဆောင်းနှင်းချို၏ ညီမ၁ဝမ်းကွဲ )

ဆောင်းနှင်းချို( အိမ်တော်အကြီးအကဲ၏မြေး နှင်းဖြူ၏အမေ)

မြူနှင်းချို(အိမ်တော်အကြီးအကဲ၏မြေး နှင်းဖြူ၏အဒေါ် ကွယ်လွန်)

မြတ်မင်းဟန်( နွေသင်္ဂီ၏သားကြီး နှင်းဖြူ၏ ၂ဝမ်းကွဲအစ်ကို)

ရှိန်းမင်းယံ(မြတ်မင်းဟန်၏ ညီအရင်း)

နှင်းဧကရီဖြူ( အိမ်တော်အကြီးအကဲ၏မြစ်)

၂ဝမ်းကွဲကိုပြန်ယူလေ့ရှိကြသော်လည်း မြင့်မြင့်ထက်နှင့်ဆောင်းနှင်းချိုတို့မှာ သူတို့ချစ်မြတ်နိုးရာ အပြင်လူတို့ကိုလက်ထပ်ယူထားခြင်းဖြစ်သည်။

နှင်းဖြူ၏ အဖေမှာလည်းပေါ့သေးသေးမဟုတ်။အနောက်တိုင်းမှော်ပညာရှင်တစ်ယောက်ဖြစ်သလို ဒိတ်ဒိတ်ကြဲ မှော်ကျောင်းမှ ဆရာတစ်ယောက်လည်းဖြစ်သည်။နှင်းဖြူကိုငယ်စဉ်က မှော်ကျောင်းတက်ရန် တိုက်တွန်းသော်လည်း အပြင်လောကကိုသာ စိတ်ဝင်စားသော သမီးဖြစ်သူအား အတင်းအကြပ်မတိုက်တွန်းတော့ပေ။

နှင်းဖြူ၏အဖေမှာနန်းဆက်ခံအိမ်တော်တို့ ဘယ်တော့မှမသွားပေ။အကြောင်းမှာ သူလာသည်နှင့်စည်းမရှိကမ်းမရှိ ပညာပြိုင်သော ပညာသည်များကိုမုန်းတီးသောကြောင့်ပင်။

နှင်းဖြူ၏အဖိုးမှာ သာမန်လူတစ်ယောက်ပင်ဖြစ်သည်။သို့သော် သူမတိူ့အကြောင်းကို အလုံးစုံသိနေသူလည်းဖြစ်သည်။

🔮🔮Foreteller,Yukio San🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮🔮

"မင်း ကားပေါ်မှာဆေးလိပ်မသောက်လို့မရဘူးလား။ "

ကားမှန်ကိုမချဘဲ အားရပါးရ စီးကရက်ကို၁လိပ်ပြီး၁လိပ်ထုတ်သောက်နေသဖြင့် မြတ်မင်းဟန်မှာ ဒေါသဖြစ်လာရသည်။ထိုကောင်မလေးမှာကား သူမကိုပြောနေသည်ဟုပင်မထင် နောက်တစ်လိပ်ကိုမီးညှိနေလေသည်။

"အနည်းဆုံးတော့ မင်းလူကျင့်ဝတ်နားလည်သင့်တယ်"

စိတ်တိုတိုဖြင့် ကားမှန်ကို အရှေ့မှ ချလိုက်သည်။ စီးကရက်ငွေ့များမှာ လေနှင့်အတူ အပြင်ဘက်သို့လွင့်သွားလေသည်။

ထို့နောက်၂ယောက်သားစကားမပြောမိကြပေ။အိမ်သို့ရောက်သည်အထိ တိတ်ဆ်ိတ်နေလေသည်။ကားရပ်လိုက်သည်နှင့် ကားပေါ်မှာဆင်းကာကားနောက်ခန်းထဲမှ အထုပ်ကိုဆွဲထုတ်နေလေသည်။မည်မျှပင်အမြင်ကတ်သည်ပြောပြော ဧည့်သည်ကအထုပ္သယ်ရသည်မှာကြားမကောင်းသဖြင့် ဆွဲယူလိုက်ရင်း မတော်တဆ ခြူးသံစဉ်၏ လက်ကိုနာရီဖြင့် ခြစ်မိသွားလေသည်။ နာရီလက်ပတ်မှ ထွက်နေသော အချွန်ကြောင့် လက်ဖဝါးမှာသွေးစို့သွားလေသည်။

"ကိုယ် မရည်ရွယ်ပါဘူး.."

"ရတယ် ဘာမှမဖြစ်ဘူး"

အေးတိအေးစက်တုံ့ပြန်လိုက်ပုံကကားပေါ်တွင်စွာနေသည့် ခြူးသံစဉ်မဟုတ်သလိုပင်။မျက်လုံးများမှာလည်း အရောင်တောက်ပမနေဘဲ ဖျော့တော့နေလေသည်။

"ငါနားချင်လို့ ငါ့အခန်းကဘယ်မှာလဲ"

မြတ်မင်းဟန်မှာ ခရီးပန်းလာသော ထိုမိန်းကလေးအားအခြေအတင်မပြောလိုတော့သဖြင့် အိမ်အကူတစ်ယောက်ကိုခေါ်လိုက်သည်။

ထိုအိမ်အကူ၏အကူအညီဖြင့် အထုပ်အပိုးများကို အခန်းထဲသို့ထည့်ပြီးနောက် ရေမိုးချိုးကာ အိပ်ယာပေါ်လှဲချလိုက်လေသည်။

"အစ်မ ညီမကိုယ်ထဲမပြောမဆို ဝင်ဝင်မလာပါနဲ့"

နားထဲဝင်လာသောအသံကြောင့်အိပ်ယပေါ်မှ မိန်းကလေးမှာပြုံးလိုက်သည်။

"ညီမက အရမ်းစွာနေတော့ ဟိုလူတစ်ခုခုလုပ်လိုက်မှာဆိုးလို့ အစ်မဒီလိုဝင်လာတာလေ။စိတ်မဆိုးပါနဲ့။အစ်မအခုပြန်ထွက်ပေးမယ်လေ"

စိတ်ထဲမှ ဖြေလိုက်ပြီးနောက် မျက်လုံးကိုဖွင့်လိုက်သည်။အရောင်တောက်ပနေသော မျက်ဝန်းများက မျက်နှာကြက်ကိုစိုက်ကြည့်နေလေသည်။

"အဲ့တာကြောင့် အဖေနဲ့အမေက အစ်မကိုပိုချစ်နေကြတာ!"

စိတ်ပေါက်ပေါက်ဖြင့် ခွခေါင်းအုံးကို ၃ချက်ခန့်ထုထောင်းလိုက်လေသည်။






Continue Reading

You'll Also Like

107K 8.7K 40
အချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး
24.9K 1K 21
#15.3.2022 ရေးအသားညံ့လို့သည်းခံပီးဖတ်ပေးကြပါဗျ Comment နဲ့ review လေးတွေလည်းလိုချင်မိတယ် Voteလေးလည်းပေးကြပါ အခုမှစရေးတာမို့အမှားပါရင်လည်းခွင့်လွှတ်ပ...
14.7K 226 5
ကိုယ်အကြိုက်ဆုံး တွင်းလေးမို့ စိန်ကွပ်ထားလိုက်ချင်တယ်..မင်းအပေါက်လေးကို...fuckဘဲ baby..(🔞)
10.3K 1.5K 17
This story is depend on Parallel Universe. Same time, Different people. But they have same love. HunHan + KrisHan