Our Secret Diary

By Esther_Nang

19.5K 1K 108

"သိပ်ချစ်ရတဲ့ ညီအစ်ကို ဟုတ်လား ရယ်စရာတွေ မပြောပါနဲ့ ကျွန်တော်တို့က ချစ်သူတွေ!" "သိပ္ခ်စ္ရတဲ့ ညီအစ္ကို ဟုတ္လား... More

Keep That Secret![Unicode]
Keep That Secret![Zawgyi]
Behind the stage![Unicode]
Behind The Stage![Zawgyi]
Let's Date![Zawgyi]
New Fiction Annoucement!
Just A Hint![Unicode]
Just A Hint![Zawgyi]

Let's Date![Unicode]

1.7K 130 26
By Esther_Nang

သည်နေ့တွင် ထူးထူးခြားခြားပင်
အအိပ်မက်လှသော Gulfလေးတစ်ယောက်
မနက်အစောကြီးနိုးနေခဲ့သည်။
နိုးနေသည်သာမက ရေချိုးပြီးချိန်၌
ကဏှာမငြိမ်စွာပင် ခုန်ပေါက်နေလေသည်။

ထို့နောက် မနေ့ညက ဇကာတင်ရွေးထားသည့် အဝတ်အစားများအား တစ်ထည်ခြင်းစီပင် ထုတ်ဝတ်ကြည့်ကာ တစ်ယောက်တည်း
ဗြာများနေလေသည်။

အနီလေးကောင်းလား။
အပြာလေးက ပိုသင့်တော်သွားမလား။
အနက်လေးပဲဝတ်လိုက်ရမလား။
စသည်ဖြင့်
အကျီ်များအား ကိုယ်ပေါ်တွင် ကပ်ကြည့်လိုက် ပြန်ချလိုက်၊နောက်တစ်ထည်ယူပြေးကပ်ကြည့်လိုက် ပြန်ချလိုက်နှင့်
အလုပ်ရှုပ်နေသည့်အကြောင်းအရင်းမှာ
Phi Mewနှင့် ချိန်းထားသောကြောင့်ပင်။

အရင်ကလည်း Phi Mewနှင့် ချိန်းနေကြပဲ...
ဒီနေ့ကဘာထူးခြားနေလို့လဲ ဟူ၍ မေးစရာရှိပါသည်။
ဟုတ်ပါသည်။ Phi Mewက မိမိအား နှစ်ယောက်တည်း ဒိတ်လုပ်ရန် ချိန်းထားသော
ကြောင့်ပင်။
မည်သည့် ကင်မရာမန်းမှ အနောက်ကလိုက်လာမည် မဟုတ်သလို မည်သည့်
အစီစဥ်တင်ဆက်သူကမှ မိမိတို့နှင့် ကပ်ပါလာမည်မဟုတ်ပါ။

"Only Mew and Gulf"
Gulfခပ်တိုးတိုးလေးရေရွတ်ကာ မှန်ထဲတွင်
မြင်နေရသော မိမိပုံအား ပြုံးကာပင်
ကြည့်နေမိသည်။
အချစ်ကြောင့် မနက်ခင်းကြီးဟာလည်း
အပြုံးများဝေဆာကာ လှပသွားခဲ့လေသည်။

တီတီ..
ဖုန်းထမြည်သည်မို့ Gulfကြည့်လိုက်တော့
Phi Mewရောက်နေပြီဖြစ်ကြောင်း
စာပို့ထားသည်။

Gulf မိမိကိုယ်ကို ပြီးပြည့်စုံနေအောင်
မှန်ထဲတွင် တစ်ပတ်လှည့်ကြည့်လိုက်သည်။
အဆင်ပြေနေသည်မို့ ဂျင်းအပေါ်ကုတ်လေးအား ဆွဲယူရင်း အိမ်အောက်ဆင်းလာခဲ့သည်။

မနက်စာပြင်နေသော မမက မျက်လုံးလေး
အပြုံးသားနှင့်..

"Ai Gulf..
အစောကြီးဘယ်သွားမလို့လဲ"

မမ၏ စပ်စုသလို အမေးကြောင့် Gulf
ပါးမို့လေးများထင်းနေအောင် ပြုံးပြလိုက်လေသည်။ အထာနပ်သော မမက..

"အမယ်..ငါ့မောင်က စောစောစီးစီး ဘဲနဲ့
ချိန်းတွေ့မယ်ပေါ့"

"မမကလဲ.."

Gulfရှက်ပြုံးလေးပြုံးကာ မျက်နှာရဲတက်
သွားသည်မို့..

"ဟုတ်ပါပြီ..မစတော့ပါဘူး..Phi Mewရောက်နေပြီမလား..သွားတော့လေ..
စောင့်နေရတာအားနာစရာကြီး.."

"အင်း..တာ့တာ"
Gulf လက်ပြကာ ကတိုက်ကရိုက်ထွက်လာတော့သည်။
ခြံထဲကထွက်သည်နှင့် မြင်လိုက်ရသော
Phi Mewကားကြီးဆီသို့ Gulfလျှောက်သွားလိုက်သည်။
ထို့နောက် ကားပေါ်ရောက်သည်နှင့်
Phi Mewက..

"ကြာလိုက်တာ..ကလေးရယ်"

"မမနဲ့စကားခဏပြောနေလို့ပါ..အရမ်းကြာသွားလို့လားဟင်.."

"ကိုယ်ကစောင့်နေတာကို.."

Mewက မျက်တောင်လေးအောက်ချကာ
မျက်လုံးလွှဲရင်း ပြောသည်မို့
Gulfမနေသာတော့ဘဲ Mewလက်ကို
အုပ်ကိုင်လိုက်ရင်း..

"ဟုတ်ပါပြီ..တောင်းပန်ပါတယ်ဗျ"

"ရပါတယ်...အဲ့အစား..."

Mew ညစ်ကျယ်ကျယ်ပြုံးကာ Gulf
နှုတ်ခမ်းနား ပါးထိုးပေးလိုက်သည်။
"အဲ့ဒါဘာလုပ်တာလဲ"

Gulfကမျက်လုံးလေးဝင့်ကာ နှုတ်ခမ်းလေး
အနည်းငယ်ထော်ရင်းမေးသည်။
Mewက သွားဖွေးဖွေးများပေါ်အောင်ရယ်
လိုက်ရင်း..
"Morning kissလေ.."

Gulf ပါးမို့လေးများပေါ်အောင် ပြုံးရင်း
P'Mewပါးကို နှာထိပ်လေးဖြင့် ထိကပ်လိုက်သည်။
ထို့နောက် နှာထိပ်လေးအား ပါးအတွင်းနစ်ဝင်စေလိုက်ပြီးမှ နှုတ်ခမ်းဖူးဖူးလေးဖြင့်
ပြွတ်ခနဲ မြည်အောင်နမ်းလိုက်သည်။

ထိုအခါမှ Mewကျေနပ်သွားကာ..

"လာ..သွားကြမယ်"

"ဘယ်သွားမှာလဲ"

"မနက်စာ သွားစားကြတာပေါ့"

Mew၏ အပြောကြောင့် Gulf ပြုံးကာ
"ဟုတ်ကဲ့ပါဗျာ"ဟုပြောလိုက်သည်။
Mewကလည်း ပြုံးသွားလျက်..

နံနက်တာအသစ်သည် အပြုံးသစ်များဖြင့်
ကြည်လင်ချိုမြ ဘဝင်တင့်နေခဲ့သည်။
______________________________________

"မနက်စာစားမယ်ဆိုပြီး ဘာလို့ဒီကို လာတာလဲ"
Mewကား၏ ဦးတည်ရာမှာ Mewအိမ်ဖြစ်နေ၍
ကလေးက အံ့သြသွားပုံရသည်။

Mewကဘာမှမပြောဘဲ ခပ်ပြုံးပြုံးလေးနှင့်
ကားအား ပါကင်ထိုးကာ ဆင်းလာခဲ့သည်။
အိမ်ထဲအရောက် chopperက Gulfအား
မြင်လေတော့ အမြီးလေးတနံ့နံ့နှင့်
ကြိုဆိုနေသည်မို့..
"Chopper.."

Gulfက Chopperခေါင်းလေးအား ပွတ်ပေးကာ မီးဖိုချောင်ထဲဝင်သွားသော Mew
နောက် ခပ်သွက်သွက်လိုက်သွားလိုက်သည်။

"ဒီမှာထိုင်.."

Gulfပုခုံးလေးအား အသာဆွဲရင်း နေရာချ
ပေးနေသော Mewအား Gulfတအံ့တသြ
လေးလိုက်ကြည့်နေမိသည်။
​သူ့လူကြီးကတော့ ပြုံးစိစိနှင့် ခင်းကျင်း
နေလေသည်။
စားပွဲပေါ် တစ်ပန်းကန်ပြီးတစ်ပန်းကန်
ရောက်လာသော မုန့်များအား Gulf
ပါးစပ်အဟောင်းသား ကြည့်နေမိသည်။

"Phi Mew~~ဒါတွေက.."

သူ့အားမျက်လုံးအဝိုင်းသားလေးနှင့် ကြည့်
နေသော ကလေးအား အသည်းယားစွာပင်
နှာထိပ်လေးကို ဆွဲညှစ်လိုက်ရင်း..

"ဒီကိတ်လေးက ကလေးကို စားစေချင်လို့
ကိုယ်ကိုယ်တိုင် မနက်အစောကြီး ထဖုတ်
ထားတာ..
ပြီးတော့ ကိုယ့်ကလေးလေးက
ဟိုတစ်ခါ ကိုယ်လုပ်တဲ့ကော်ဖီကို ထပ်သောက်ချင်တယ်ဆိုလို့..
ကိုယ်ကိုယ်တိုင် ကော်ဖီစေ့ကိုကြိတ်ပြီး
ဖျော်ထားတဲ့ ကော်ဖီ..
ဒီမှာကလေးသောက်ချင်တဲ့အတိုင်း
လီမွန်ရည်လေး ညှစ်ထည့်ထားပေးသေးတယ်.."

သူ့အား ပြုံးကာပင် တစ်ခုပြီးတစ်ခုရှင်းပြ
ပေးနေသော Mewကို Gulfဝမ်းနည်းဝမ်းသာစွာ ကြည့်လိုက်မိသည်။
ပျော်လွန်း၍ မျက်ရည်များပင် ဝေ့ဝဲတက်
လာသည်။
မနက်အစောကြီးထကာ ဒါမျိုးကို
ပြင်ဆင်ထားသည်သာမက မိမိကိုပင် အိမ်
အထိ လာကြိုပေးသေးသည်။
"Phi Mew.."

"အင်း..Gulfလေး ပြောလေ..
ဘာလို့လဲ မကြိုက်ဘူးလားဟင်..
မနက်စာကို ရိုးရာစာပဲစားတတ်လို့လား..
ကိုယ်ပြန်ပြင်ပေးရမလား"

ကိတ်လှီးနေသည့် ဓားကိုချကာ ပြာပြာသလဲ
မေးနေသော Mew၏လက်ကို Gulf၏
လက်ဖောင်းဖောင်းလေးများနှင့်
အပေါ်က အုပ်မိုးကာ ဆုပ်ကိုင်လိုက်ရင်း

"ဟင့်အင်း.."

Gulfပြုံးပြကာ ခေါင်းခါပြလိုက်သည်။
Phi Mewဆိုသော လူသားသည်
Gulfအား မျက်နှာတစ်ချက်အညှိုးမခံတတ်
သောသူပင်။
Gulfမျက်ဝန်းထဲက စာသားများကို
အချိန်ပြည့်လိုက်ဖတ်နေသူဖြစ်၍
Gulfဘာဖြစ်နေသည်ဆိုတာကို ချက်ချင်း
နားလည်လိုက်သည်။

"Nong Gulfလေးက..အရမ်းကို heartတွေ
ထိသွားပဲ..ကိုယ်ဘာမှတောင် ပင်ပင်ပန်းပန်း
မလုပ်ရသေးဘူး..ကိုယ့်ဆီနှလုံးသားကြီး
ဘုတ်ဆို ပစ်ပေးလိုက်ပြီလား.."

Mew၏ ရယ်ကျဲကျဲအပြောကြောင့်
Gulfနှုတ်ခမ်းလေးအနည်းစူ​ထော်သွားသည်။

"ဟုတ်ပါတယ်..ကျွန်တော့်နှလုံးသားကြီးက
တဘုတ်ဘုတ်နဲ့ Phi Mewပေါ်ကိုနေ့
တိုင်းပြုတ်ကျနေတာ..နောက်တော့မှ
နာလှပြီ လာမငြီးနဲ့.."

Mewက Gulf၏ မျက်စောင်းတဝင့်ဝင့်
အပြောကို သဘောကျစွာရယ်လိုက်ရင်း
သူ့လက်ပေါ်တင်ထားသော Gulf၏
လက်လေးကို နောက်လက်တစ်ဖက်နှင့်
ပြန်အုပ်မိုးကိုင်လိုက်ကာ..

"ဟုတ်ပါပြီ..Phiရဲ့ အတတ်လေးရယ်..
ကဲ..အခုတော့ ကိတ်လေးစားကြည့်ပါဦး.
ကလေး အကြိုက်ချောကလက်ကိတ်လေး.."

Mewပြောလည်းပြော ကိတ်လေးကို
ဇွန်းနှင့်ခပ်ကာ Gulfနှုတ်ခမ်းနားတေ့ပေး
လိုက်သည်။
Gulfက ပါးစပ်အသာဟပေးလိုက်သည်မို့
ကိတ်လေးက Gulfပါးစပ်အတွင်း
အသာဝင်သွားသည်။

"ချောကလက်က ကျွန်တော်ကြိုက်တာလား..
Phiကြိုက်တာလား.."

Gulfက ကိတ်ကို စိမ်ပြေနပြေအရသာခံ
နေရင်း ပြုံးစိစိနှင့် မေးလိုက်သည်။
ထို့နောက် ပါးစပ်ထဟပေးလိုက်တော့
အလိုက်သိလွန်းလှတဲ့ လူကြီးက
ကိတ်နောက်တစ်ဖဲ့အား ထပ်ခွံ့ပေးသည်မို့
Gulfသဘောအကျကြီးကျနေမိသည်။

ချစ်ရသူနှင့် မနက်ခင်းလေးတွင် ဤသို့
ကြည်နူးရခြင်းကိုက အရသာတစ်မျိုးပင်။
ဒါကို ဘဲမရှိသော waanjaiတချို့ကတော့
ဘယ်သိလိမ့်မလဲ..။
(AN/အေးပါ နင်တို့ပဲ
Roပါ🙂 ဘဲမရှိတာကြီး ထည့်ထည့်မပြောပါနဲ့😭)

"Phiရော..မစားဘူးလား.."

Gulfက Mewခွံ့ကျွေးသော နောက်တစ်ဇွန်း
အား ပါးစပ်ထဲထည့်လိုက်ရင်း
မေးသည်။
ထိုအခါ Mewက ညစ်ကျယ်ကျယ်ပြုံးကာ
Gulfနားလျှောက်လာသည်။
Gulfက မျက်လုံးလေး အဝိုင်းသားနှင့်
ကြည့်နေသည်မို့ Mewနှုတ်ခမ်းအား
တစ်ချက်သပ်ကာ Gulfပါးလေးအား
အုပ်ကိုင်လိုက်ရင်း..

"ကိုယ်ကြိုက်တဲ့ချောကလက်က ဒီမှာလေ.."

Gulfဘာမှပြန်မပြောနိုင်လိုက်ခင်မှာပင်
Mew၏ နှုတ်ခမ်းများက Gulf၏ ကိတ်ခရင်(မ်)တို့ တစွန်းတစပေနေသော နှုတ်ခမ်း
လေးနှင့် ထပ်တူကျသွားခဲ့သည်။

Mewက
Gulf၏ နှုတ်ခမ်းသားစိုစိုလေးများအား
အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူ
နမ်းရှိုက်ရင်း သူဖုတ်ထားသော ကိတ်၏
အရသာကို မြည်းစမ်းနေမိသည်။

Gulfကလည်း အလိုက်သင့်ပင် Mew၏
လည်တိုင်အား မိမိလက်တို့နှင့် ဆွဲချိတ်ရင်း
Mew၏ အနမ်းတို့အား တုန့်ပြန်နေသည်။

Mewက Gulf၏ ခါးပြည့်ပြည့်လေးအား
လက်တို့နစ်ဝင်သည်အထိ ဖက်ကိုင်လိုက်ရင်း
Gulfကျွေးသော မနက်စာအား
အငမ်းမရစားသုံးနေမိသည်။

ချောကလက်၏ခါးသက်သက်အရသာက
Gulfခံတွင်းထဲက စားသုံးရ၍လားမသိ
ချိုမြနေသည်။Gulfနှုတ်ခမ်းလေးအား
ထိုးခွဲ၍
Mewလျှာလေးအား ထိုးသွင်းကာ
ကိတ်တို့အရည်ပျော်ကျမတတ် ဆော့ကစား
နေသည်မို့ အသံများပင် မြည်လာသည်
အထိ ပြင်းထန်လာသည်။

Phi Mew၏ နှုတ်ခမ်းတို့မှာ Gulfဘယ်အချိန်နမ်းနမ်း ရိုးသွားသည်ဟူ၍ မရှိခဲ့ပါ။
အနမ်းလှည့်ကွက်တို့တွင် ဆရာကျသော
Phi Mewက Gulfရင်တလှပ်လှပ်ဖြစ်ကာ
မောဟိုက်လာသည်အထိ စွမ်းဆောင်နိုင်သည်။
ရိုလာကိုစတာစီးရသလို ခံစားချက်တို့က
နိမ့်ချည် မြင့်ချည်နှင့်ဖြစ်နေကာ ထိုအနမ်း
တို့အား မရပ်တန့်ချင်ခဲ့။

အတန်ကြာသည်အထိ ကိတ်မုန့်တစ်ဖဲ့အား
တစ်ယောက်နှင့်တစ်ယောက် ထိုးကျွေး
နေကြပြီးနောက် Mewက အရင်လွတ်ပေး
လိုက်သည်။

ထို့နောက် မျက်လုံးတို့မှေးစင်းကာ သူ့အား
ဆွဲဆောင်နေသေးပါသော ကောင်ဆိုးလေး
၏ အပေါ်နှုတ်ခမ်းလေးအား လျှာလေးနှင့်
တစ်ချက်သပ်လိုက်ရင်း..

"တစ်သက်မမေ့နိုင်တဲ့ ကိုယ့်ရဲ့ မနက်စာလေး..
နောက်လဲ စားခွင့်ပေးဦးနော်.."

"ခွင့်တောင်းစရာမှမလိုတာ..
ကျွန်တော်က Phiအပိုင်ပဲဟာ.."

Mewစကားတတ်လွန်းလှသော အလည်လေး
အား ရင်ခွင်ထဲဆွဲသိမ်းလိုက်တော့သည်။

အဲ့ဒါကြောင့်ပြောတာ..
ချစ်သူရှိရင် ဘယ်အချိန်ဖြစ်ဖြစ် ကြည်နူး
စရာအတိ..။
______________________________________

မနက်စာစားအပြီး Phi Mewကို ဒီနေ့အတွက်
ဘယ်သွားပြီး ဘယ်လိုdateကြမှာလဲလို့
မေးလေတော့..
Phi Mewက LED supportingတွေ
ဘန်ကောက်အနှံ့သွားကြည်ံ့ကြမယ်လို့
ပြန်ဖြေသည်။

Dating planအား Phi Mewဆွဲသည်ဖြစ်ကာ ဒီနေ့ဒိတ်မည့်အကြောင်းကိုပင်
Gulfကို ညကမှပြောခြင်းဖြစ်သည်။

MewGulfအတွက် အနယ်နယ်အရပ်ရပ်က
Waanjaiလေးများက CreatingmemorieswithMGဟူသော
Hashtagလေးနှင့် ကမ်ဘာအနှံ့ TharnType
Season2 welcoming LED project
များအား စီစဥ်လုပ်ဆောင်နေကြကြောင်း
Gulfကြားသော်လည်း အလုပ်ပိနေ၍
သွားမကြည့်ဖြစ်ခဲ့။

အခုတော့ Phi Mew၏ အစီအစဥ်နှင့်
သွားကြည့်ခွင့် ရတော့မည်မို့Gulfအရမ်း
စိတ်လှုပ်ရှားနေမိသည်။

Fanတွေအား ဤမျှတန်ဖိုးထားတတ်သော
သူပါလေ။
Gulfအတွက်တော့ Phi Mewက ချစ်သူ
တစ်ယောက်ထက်ပို၍ ယုံကြည်ရသောသူ၊
လေးစားရသောသူ၊အားကိုးရသောသူပင်။

"က​လေး..ကိုယ့်ကို ဓာတ်ပုံရိုက်ပေးဦးလေ.."

LED boardကြီးရှေ့တွင် ကားယားကားယား
လုပ်နေပါသော ချစ်ရသူကြီးအား Gulf
ဓာတ်ပုံ တဖြတ်ဖြတ်ရိုက်ပေးရင်း ပျော်
နေမိသည်။

"Phi Mew..ကလေးလဲမဟုတ်ဘူး.."

"ရိုက်ပေးပါ Gulfရဲ့.."

Gulfခေါင်းတခါခါနှင့်ပင် Phi Mewရဲ့
ကလေးဆန်သော အမူအယာများနှင့်
ပုံများအား တဖြတ်ဖြတ်ရိုက်ပေးနေမိသည်။

ထိုအချိန် သူတို့နှစ်ယောက်ကို မှတ်မိသွား၍
ဘေးတွင် အုံလာသော လူများ..

"အား..Mewgulf.."

မျက်နှာအုပ်ထားရုံမက ဦးထုပ်ဆောင်း
ထားတာတောင် မှတ်မိကြသေးသော
Waanjaiတို့အား Gulfလက်ဖျားခါပါသည်။

ထို့နောက် လင်းလက်လာသော ကင်မရာ
မီးရောင်များအောက် Gulfဘာလုပ်ရမှန်း
မသိစွာ အကြောင်သားပြီးရပ်နေချိန်တွင်
Gulfလက်အား ဆုပ်ကိုင်လာသော
လက်တစ်စုံ...

ထို့နောက်တွင်တော့ Mewက Gulfလက်အား
ဆွဲကာ တဖြည်းဖြည်းများလာသောလူအုပ်
ကြီးကြားမှ ထိုးဖောက်ထွက်လာခဲ့သည်။

မြဲမြံစွာ ကိုင်ထားသော လက်တို့က
လူရှင်းသော ေနရာရောက်သည်တိုင်အောင်
မဖြုတ်ဖြစ်ခဲ့ကြ။

"Phi..ဘာလို့ပြေးတာလဲ.."

Gulfက အမောဖြေရင်းမေးတော့ Mewက
ရယ်နေရင်းမှ..
"မသိဘူး..Phiလဲ..လူများလို့ လန့်ပြီး
ထွက်ပြေးလာတာ.."

ထိုအခါ နှစ်ယောက်လုံး တစ်ယောက်ကို
တစ်ယောက်ကြည့်၍ စိတ်လွတ်လက်လွတ်
ရယ်မိလိုက်ကြ​ေတာ့သည်။
______________________________________

"Phi..ပိုက်ဆံတွေ အများကြီးကုန်သွားမှာပေါ့.."

တစ်နေကုန် Gulfစားသမျှ ဝယ်သမျှ
အနောက်ကနေ ပိုက်ဆံထုပ်ပိုက်ကာ
လိုက်ရှင်းပေးခဲ့သည်သာမက အခု ညနေခင်း
အတွက်လည်း သဘော်စင်းလုံးငှားကာ
ညစာစားကြပြန်သည်။
မြစ်ကမ်းဆိပ်တွင် ပုစွန်ဆီရောင် ကောင်းကင်
အလှကို ရှုစားရင်း ပင်လယ်စာလေးစားကာ
ဝိုင်လေးတမြုံ့မြုံ့သောက်လျက်
ချစ်ရသူနှင့် စကားစမြည်ပြောနေရသည့်
အရသာမှာ ဘာနဲ့မှ မလဲနိုင်ပေ။

"ကိုယ့်မှာ ကလေးကို 10Mအကြွေးကျန်
သေးတယ်လေ.."

"သြော်..Phiက အဲ့ဒါနဲ့ဒါတွေချေပစ်လိုက်တယ်ပေါ့.."

Gulf၏ နှုတ်ခမ်းတစ်တောင်လောက်ထော်
လာသည်မို့ Mewအသံထွက်ကာရယ်လိုက်
ပြီးမှ..
"စတာပါ ကလေးရယ်..
ကိုယ့််ထက်ပိုက်ဆံကိုပိုချစ်နေတယ်ပေါ့.."

"အင်းလေ အဲ့ဒါကြောင့် ပိုက်ဆံချမ်းသာ
တဲ့ Phiကိုရွေးလိုက်တာပေါ့.."

Gulfက ပြုံးစိစိလုပ်ကာ စလိုက်ပြန်သည်။
ထိုအခါ Mewမျက်နှာ ချက်ချင်းညှိုးသွားသည်မို့..

"စတာ..စတာ..Phi Mew~~"

Gulfအမြန်ပင် ပြန်ချော့သော်လည်း
နောက်ကျသွားခဲ့ပြီ။ကလေးကြီးMewက တစ်ခါ
တစ်လေ Gulfပယ်ပယ်နယ်နယ်ပြန်
ချော့သည်ကို အလွန်မက်မောလွန်းသည်။

"Phi Mew~~စတာလို့.."

Gulfအသံခပ်ချွဲချွဲလေးနှင့် Mewကိုခေါ်လိုက်သော်လည်း Mewက ပန်းကန်ထဲရှိ
အသားကိုသာ စူပုတ်ပုတ်နှင့် ပါးစပ်ထဲ
ကောက်ထည့်ကာ Gulfကို လှည့်မကြည့်။

"Phi Mew~~ကျွန်တော် ပုစွန်ခွာကျွေး
မယ်လေနော်.."

Gulfပြောပြောဆိုဆိုနှင့် ပုစွန်တစ်ကောင်အား
ကိုင်ကာ Mewအတွက် အခွံခွာပေးတော့သည်။
Gulfအား ကြာကြာမစနိုင်သော Mewက
Gulfဂရုတစိုက်လုပ်ပေးနေသည်များကို
ပြုံး၍ ကြည့်နေမိသည်။

Gulfလုပ်ပေးနေသည်များသည် TharnType Special episodeထဲက Tharnအတွက် Typeကပုစွန်အခွံနွာပေးပုံ
နှင့် တစ်ထပ်ထဲပင်။
Seriesထဲမှာတင်မက အပြင်လောကမှာပါ
မိမိတို့၏ရင်ခုန်သံထပ်တူကျခဲ့လေပြီ။

ထို့နောက် Gulfခွာကျွေးသော ပုစွန်လေးအား
တမြုံ့မြုံ့​ဝါးရင်း Gulfမျက်နှာ​လေးကို
တစိမ့်စိမ့်ကြည့်ကာ..

အချစ်တို့ဖြင့် အတိဖုံးသော ညနေခင်းကြီးအား ဝေဆာချိုမြစွာ အသက်သွင်းလိုက်
လေတော့သည်။

Mew❤Gulfဟူ၍ ထိုးထားသော မိုးပျံ
ပူဖောင်းလေးနှစ်ခုမှာလည်း သူတို့နှစ်ယောက်အားကြည့်ရသည်မှာ အမြင်ရှက်လာ၍ နက်ပြာရောင်သမ်းလာသော
ကောင်းကင်ကြီးဆီသို့ ပျံသန်းခုန်တက်
သွားလေတော့သည်။

___________♥THE END♥_____________

#Esther
#14.6.2020

Continue Reading

You'll Also Like

927K 55.2K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
264K 25.7K 62
Ryan and Aaruhi The story of two innocent hearts and their pious love. The story of one sided love. The story of heartbreak. The story of longing a...
1.6M 120K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
864K 72K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...