I love you First! [Own Creati...

By AnnaLynn666

577K 52.2K 1K

Commission Novel! Two Actors, take part in BL Series and their life entangle because of that. Romance, comed... More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23 (Ending)
Part - 24 (Epilogue)

Part - 11

15K 2.1K 33
By AnnaLynn666

Unicode

"ဟင်... နင်လည်းနေမကောင်းဘူးလား..."

တံခါးခေါက်ချိန်တွင် လာဖွင့်ပေးသည့် ရှိန်းစစ်မာန်၏ ပုံစံက တစ်ညလုံးကောင်းကောင်း မအိပ်ရသေး သည့် လူတစ်ယောက်၏ ပုံမျိုးဖြစ်နေသဖြင့် မြူနှင်းမိုးတအံ့တသြ မေးလေ၏။

"ကောင်းပါတယ်... ဒီတိုင်း ညက အိပ်မပျော်လို့ ဘာလို့လဲ?"

"တကယ်လို့ နင် နေမကောင်းရင် ငါတို့ တစ်ရက်ထပ်နားလိုက်မယ်လေ..."

ရှိန်းစစ်မာန် မျက်ခုံးပင့်၏။

ဒီမြူနှင်းမိုးက အလုပ်လာလုပ်တာလား။ အပန်းဖြေခရီးလာထွက်တာလား။

သူ့ကို မယုံသင်္ကာအကြည့်များဖြင့်ကြည့်လာသည်ကို ခံစားမိလိုက်ရသဖြင့် မြူနှင်းမိုးသည် အဟီးဟု ရယ်ပြီးနောက်...

"နေမကောင်းတာ မဟုတ်ရင်ပြီးရော... ရိုက်ကွင်းက ညကျမှဆိုတော့ နားလို့ရသေးတယ်... အိပ်လိုက် အိပ်လိုက်..."

ရှိန်းစစ်မာန်သည် ခေါင်းညိတ်ပြီးမှ 'နင်လည်း နေမကောင်းဘူးလား' ဆိုသည့်စကားကို သတိရသွားကာ မြူနှင်းမိုးကို ကြည့်၍...

"ခွန်းက နေမကောင်းလို့လား..."

"ဟင့်အင်း... နေမကောင်းတာတော့မဟုတ်ဘူး... သူလည်း နင့်လိုပဲ ညက အိပ်မပျော်တာနေမှာပေါ့ နင်တို့ကလည်း နေမကောင်းဘူးငြင်းတာတောင် အကြောင်းပြချက်တစ်ခုတည်းနဲ့..."

မြူနှင်းမိုးသည် သူမ၏ နှုတ်ခမ်းများပေါ်တွင် လက်ကိုမခို့တရို့တင်၍...

"ဟီးဟီး... အချစ်စမ်းပြီး ညအိပ်မပျော်ကြတာလား..."

ရှိန်းစစ်မာန်သည် မြူနှင်းမိုးကို မျက်နှာသေဖြင့်သာကြည့်သည်။ မြူနှင်းမိုးကတော့ ရှိန်းစစ်မာန်၏ ဟုတ်တယ်လည်းမပြော မဟုတ်ဘူးလည်းမပြောသည့် ဟန်ကိုကြည့်ကာ...

"တကယ်ကြိုက်လိုက်ပါလားဟာ..."

"ကျွန်တော် နားတော့မယ်..."

တံခါးပြန်ပိတ်သွားသည့် ရှိန်းစစ်မာန်ကြောင့် မြူနှင်းမိုးတစ်ယောက် နှုတ်ခမ်းဆူကာ ကျန်ခဲ့တော့သည်။

ဘာလဲ! တကယ်ကြိုက်ချင်နေကြပြီးတော့! ငါက အားပေးစကားပြောတာကို တံခါးပိတ်သွားတယ်! သွား! နင်တို့ပုံတွေ Moment ထပ်ထုတ်မှာ! ဒီနေ့အတွင်းသတင်းက ကြားရတယ် blah blah ဆိုပြီး ဟွန့်!

တံခါးပိတ်လိုက်ပြီးနောက် ရှိန်းစစ်မာန်သည် ခုတင်ထက်တွင် ပစ်လှဲချသည်။ စဝ်ခွန်းစ... ဒီကောင်လေး နဲ့ပတ်သက်ပြီး သူ ဘယ်လိုများလုပ်ရပါ့မလဲ။ ဒီကောင်လေးကို သူ သဘောကျတယ်။ သဘောကျတယ် ဆိုတာ သရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ဘဝက ရောထွေးသွားတာကြောင့် ကြိုက်တာမျိုး မဟုတ်ဘူး။ ရှိန်းစစ်မာန် ဆိုတဲ့ သူ့အနေနဲ့သဘောကျတာ...။

ကူညီပေးရင်း... ဒီကောင်လေးရဲ့ ချေမိုးနေတဲ့ပုံကို ဘေးကကြည့်နေရင်းနဲ့ကို သူ သဘောကျသွားတာ။ အကြောင်းပြချက်ရှာပါဆိုရင်လည်း သူ့မှာ ရှာပြစရာမရှိဘူး။

ဖုန်းနံပတ်တောင် မန်နေဂျာဖုန်းနံပတ်ကိုပေးခဲ့သည့် ကောင်စုတ်ကလေးအကြောင်းတွေးမိပြီး ရှိန်းစစ်မာန် သည် ခပ်တိုးတိုးရယ်ရသေး၏။

စဝ်ခွန်းစက သူ့ကို မထိနဲ့ ရိုက်ကွင်းမှာပဲ ထိလို့ပြောလိုက်ချိန်မှာ ရိုက်ကွင်းမှာပါ သူ မထိဖြစ်တော့ဘူး။ ဒီကောင်လေးက စိတ်အနှောင့်အယှက်ဖြစ်နေတာကို သည်းခံနေတာကို သူ သိနေတာကြောင့်။

ဒါပေမဲ့...

စဝ်ခွန်းစက သူ့လက်ကိုဆွဲပြီး ကိုယ့်ခေါင်းပေါ်ကိုယ်တင်ချလိုက်သည်ကို ပြန်သတိရကာ စဝ်ခွန်းစ ခေါင်းကို ကိုင်ခဲ့သည့် လက်ကိုမြှောက်ကာ ရှိန်းစစ်မာန်ကြည့်လေသည်။

ဘာလို့ စဝ်ခွန်းစက အခုလိုလုပ်လိုက်တာလဲ။ သူ့ထိန်းချုပ်ထားသမျှက အခုလိုလုပ်နေရင် ဘယ်လိုလုပ် ပြီးတော့ ခိုင်မာနိုင်တော့မှာလဲ။ နောက်ပြီး သူက ထွဋ်တေဇအနေနဲ့နမ်းရမလား ရှိန်းစစ်မာန်အနေနဲ့ နမ်းရမလား တောင် မေးလိုက်သေးတယ်...။

ရှိန်းစစ်မာန်သည် လေပူမှုတ်ထုတ်သည်။

တကယ်လို့ နမ်းခွင့်ရှိခဲ့မယ်ဆိုရင်တောင် ရှိန်းစစ်မာန်အနေနဲ့ပဲ သူ နမ်းချင်ပါတယ်...။ စဝ်ခွန်းစဆိုတဲ့ ကောင်ကလေးကို။

သူက ဒီကောင်လေးကိုချစ်တာကြောင့် လက်ကိုင်ချင်တယ်၊ ဖက်ချင်တယ်၊ ခေါင်းလေးပွတ်သပ်ပေး ချင်တယ်၊ နမ်းချင်တယ်။ ဒါတွေလုပ်ချင်မိတာက သဘာဝပဲလေ။ Moment အကြောင်းပြပြီး အသားယူခဲ့ပေမဲ့ ချစ်ရသူက စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုတဲ့အချိန်မှာ ဘယ်လိုလုပ်ပြီးတော့ သူ ဆက်လုပ်နိုင်တော့မှာလဲ။

"ငါ ဘယ်လိုလုပ်ရမလဲ... နောက်ပြီး... မင်းကိုငါ ဒီညဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ?"

ရှိန်းစစ်မာန်သည် မျက်နှာကျက်ကိုကြည့်ရင်းသာ ရေရွတ်သည်။

----------

စဝ်ခွန်းစသည် လက်ထဲမှ ဖုန်းကိုကြည့်ပြီးငိုင်နေခဲ့၏။ ရှိန်းစစ်မာန်က တကယ်ကြီး... နေမကောင်းဘူး လား။ နောက်ပြီး ညဘက်ကောင်းကောင်းမအိပ်ထားဘူး...။

စဝ်ခွန်းစသည် သက်ပြင်းရှိုက်သည်။

ဘာကြောင့်မနေ့က သူကလည်း လုပ်မိလုပ်ရာတွေ လုပ်လိုက်မိတာလဲ။ တကယ်ဆိုရင် ဒီတိုင်းလေး ရှိန်းစစ်မာန်နဲ့အလိုက်သင့်လေးပဲ နေလိုက်ရမှာ...။

သူ့ဆံပင်များကို သူ ထိုးဖွကာ စဝ်ခွန်းစသည် လေပူကိုသာ မှုတ်ထုတ်တော့သည်။ တကယ်... ရှိန်းစစ်မာန်စိတ်ကို သိဖို့ကလည်း ခဲယဉ်းလိုက်တာ။ ရှိန်းစစ်မာန်က ဘာတွေဖြစ်ချင်နေမှန်းသူ မသိဘူး။ သူ မသိတာကြောင့် အလိုက်သင့် နေဖို့ကခက်ခဲ့တယ်။

စီးပွားရေးလောကတွင် ကျင်လည်ခဲ့သူမို့ အရိပ်အကဲကောင်းကောင်းနားလည်ပေမဲ့ ရှိန်းစစ်မာန်၏ အရိပ်အကဲကို ကြည့်ရတာက ခက်ခဲလိုက်တာ။

နောက်ပြီး...

စဝ်ခွန်းစသည် မနေ့ကအဖြစ်အပျက်များကို ပြန်တွေးလေသည်။ သူ့မျက်နှာသည် ရဲတက်သွားတော့၏။

ဘယ်သူနမ်းတာကို အရင်ခံချင်လဲ...

ရှိန်းစစ်မာန်... ဒီလူက သူ့ကိုယ်သူ ဘာတွေပြောနေတယ်ဆိုတာကိုရော သိရဲ့လား။

စဝ်ခွန်းစသည် သက်ပြင်းရှိုက်သည်။

ဘာလို့ ရှိန်းစစ်မာန်က ဒီလိုတွေတွေးနေတာလဲ။ အတွေးတို့ဖြင့် စဝ်ခွန်းစသည် ပူလောင်နေခဲ့သည်။ မြောက်မြားစွာသည့်အတွေးများအဆုံးတွင် စဝ်ခွန်းစ၏ မျက်လုံးများသည် အဖြေတစ်ခုဖြင့် ဝိုင်းစက်သွား၏။

နေပါဦး ဒါက ဖြစ်နိုင်လို့လား...။

အဲ့ဒီရှိန်းစစ်မာန်ကလေ...

စဝ်ခွန်းစသည် သူ့ပါးစပ်ကိုသူ ပါးစပ်ဖြင့်အုပ်၏။

ရှိန်းစစ်မာန်က... ဇာတ်ကောင်စရိုက်နဲ့လူ့သဘာဝရောနေတာများလား။

အကြာကြီးသရုပ်ဆောင်ရတဲ့ ဇာတ်လမ်းတွေမှာဖြစ်တတ်တယ်ဆိုပေမဲ့... ရှိန်းစစ်မာန်က ဝါရင့်သရုပ်ဆောင် တစ်ယောက်လေ...။ ဒါက ဖြစ်နိုင်လို့လား။

စဝ်ခွန်းစသည် တွေးရင်းနှင့် အိပ်ပျော်သွားတော့လေသည်။ တစ်ညလုံး သူလည်း မအိပ်ရသေးဘူး မဟုတ်ပါလား။

သူ နိုးလာချိန်တွင် နေ့တစ်ဝက်ကျိုးနေပြီ။ စဝ်ခွန်းစသည် အိပ်ရာထဲမှထွက် ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်ပြီးနောက် Missed Call ဝင်နေသည့် မြူနှင်းမိုးဖုန်းကို ပြန်ခေါ်ကာ နေ့လည်စာ လာစားမည့်အကြောင်း ပြောရင်းဖြင့် အခန်းအပြင်သို့ထွက်လာခဲ့လေသည်။

အခန်းဝတွင်ရပ်နေသူကို မြင်ချိန်တွင် အံ့အားသင့်လွန်း၍ လက်ထဲမှ ဖုန်းပင်လွတ်ကျတော့မလို ဖြစ်သွားတော့၏။

"ရှိန်းစစ်မာန်?"

အခန်းတံခါးရှေ့တွင် ရပ်နေသူသည် သူ့ကိုအကြည့်လွှဲပြီးနောက် ခေါင်းညိတ်ပြ၏။

"ဘောစ့်က မင်းကို တစ်ချက်ကြည့်ခိုင်းလို့..."

ရှိန်းစစ်မာန်သည် ဗြောင်ညာလေ၏။ မြူနှင်းမိုးက ကိုယ်တိုင်သွားခေါ်မည်ဆိုသည့် အချိန်တွင် သူ သွားခေါ်ပေးမည်ဟုဆိုကာ ထွက်လာခဲ့ခြင်းဖြစ်သည်။ မြူနှင်းမိုး စကားအရဆိုလျှင် စဝ်ခွန်းစသည်လည်း သူ့လို ပင် ဖြစ်ခဲ့သည်မဟုတ်လား။ ဒီတော့ သူတို့ခံစားချက်တွေက တူညီနေတယ်လို့ သူ့စိတ်ထဲ ယူဆလို့ရမလား? ရှိန်းစစ်မာန်သည် မဝံ့မရဲတွေး၏။

"သြော် အင်း... အတူသွားကြမယ်လေ..."

ဟန်မပျက်ပြောသော်လည်း အနေခက်သည့် ခံစားချက်များက ရှိနေသေးသည်ကို သူတို့နှစ်ဦး ကောင်းကောင်းသိကြသည်။ စဝ်ခွန်းစသည် ရှိန်းစစ်မာန်ကို မျက်လုံးထောင့်စွန်းများမှ အကဲခတ်နေခဲ့သည်။ သူတို့၏ ခြေလှမ်းများကတော့ ပုံမှန်အတိုင်းသာ။

"မနေ့က..."

ရှိန်းစစ်မာန်သည် စကားစလေ၏။ စဝ်ခွန်းစသည် နားရွက်လေးထောင်ကာသာ ဘာဆက်ပြောမလဲ နားထောင်နေလိုက်သည်။

"ငါ စိတ်... မနေ့က ငါစတာနည်းနည်းလွန်သွားတယ်... ဆောရီး... မင်းအရမ်း စိတ်ဆိုးသွားလား..."

ငါ စိတ်မထိန်းနိုင်လိုက်တဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောမလိုပြုပြီးမှ ရှိန်းစစ်မာန်သည် စကားပြင် ပြော၏။

စဝ်ခွန်းစ၏ စိတ်ထဲမှ သံသယတို့သည် အမြစ်တွယ်စပြုလာတော့သည်။ တကယ်ပဲ ရှိန်းစစ်မာန်က သူ တွေးသလိုဖြစ်နေတာလား...။

"အင်း... ရပါတယ်... နောက်မဖြစ်အောင် ဂရုစိုက်လိုက်ပေါ့..."

ထိုစကားထက်ပိုပြီး လမ်းတစ်လျှောက် သူတို့မည်သည့်စကားမျှမဆိုဖြစ်။ သတ်မှတ်နေရာရောက်တော့ နေ့လည်စာကို မြူနှင်းမိုးဖြင့် တိတ်ဆိတ်စွာသာ စားလိုက်ကြသည်။

----------

ညနေရိုက်ကွင်းတွင်...

ရှိန်းစစ်မာန်သည် ဇာတ်ညွှန်းကို သေချာပြန်ကြည့်နေခဲ့၏။ အလွတ်ရနေပြီးသားဖြစ်သော်လည်း အမှားအယွင်းမရှိစေဖို့ရာ သူနောက်တစ်ခေါက်ပြန်ကြည့်နေခဲ့သည်။ စဝ်ခွန်းစသည်လည်း စာသေချာဖတ်နေခဲ့၏။

"အဆင်သင့်ဖြစ်ရင် ရပြီ..."

တိတ်ဆိတ်သည့်သောင်ပြင်တွင် လှိုင်းပုတ်သံသဲ့သဲ့ရှိ၏။ ထိုသောင်ပြင်ပေါ်တွင် လူနှစ်ဦးသည် ထိုင်နေ ခဲ့ကြသည်။ အရပ်ရှည်သည့် ကောင်လေး၏ ရင်ခွင်ထဲတွင် ဖြူဖြူသေးသေးကောင်လေးသည် ရှိနေခဲ့၏။ သူတို့ ဘေးတွင်တော့ ပုံးတစ်ပုံး။

ထိုပုံးထဲတွင်မည်သည့် အရာများရှိသည်ကို စဝ်ခွန်းစသိသည်။ ယနေ့ရိုက်ကွင်းသည် သူသရုပ်ဆောင် သည့် ဇာတ်ကောင်မင်းဆုမြတ်၏ မွေးနေ့ဖြစ်၏။ နောက်ပြီး မူနေသည့်အစ်ကိုကြီးမှ သူ့ကို ချစ်ကြောင်းဖွင့်ဟ ပြောမည့် နေ့လည်းဖြစ်သည်။

စဝ်ခွန်းစသည် စဉ်းစားရင်းသူ့မျက်နှာသည် နူးညံ့သွားတော့သည်။ ဒီဇာတ်ကောင်လေးဟာ ဘယ်လောက်များကံကောင်းလိုက်လဲ။ သူ့ချစ်သူက သူ့ကို မဆုံတွေ့ခဲ့ဖူးတဲ့အချိန်တုန်းက မွေးနေ့တွေအတွက်ပါ မွေးနေ့လက်ဆောင် စီစဉ်ပေးထားတာ။ တစ်နှစ်ချင်း... တစ်နှစ်ချင်းဆီ လူ့သက်တမ်းအလိုက်။ တစ်နှစ်သား အတွက်ဆိုလျှင်တစ်နှစ်သားအတွက်လက်ဆောင်... ထိုသို့မှ ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ပေးမည့်လက်ဆောင်။

စုစုပေါင်း ၁၉ မျိုး...။

တကယ်ပဲ မူနေတဲ့အစ်ကိုကြီးက စဉ်းတော့စဉ်းစားတတ်တာပဲ။ စဝ်ခွန်းစသည် ရယ်ချင်သွားသည်မို့ သူ့မျက်နှာသည် ပို၍နူးညံ့သွားတော့သည်။

"Happy Birthday..."

သူ့ခေါင်းပေါ်တွင် မေးတင်ထားရင်းမှ နားအနားသို့ကပ်ကာ လေသံသဲ့သဲ့ဖြင့် ရှိန်းစစ်မာန်သည် ပြောလာလေ၏။ ထွဋ်တေဇကမင်းဆုမြတ်ကို ပြောခြင်းဖြစ်သော်လည်း စဝ်ခွန်းစသည် ရင်သည် ဒိတ်ခနဲ ခုန်သွားရသည်။ ရှိန်းစစ်မာန်၏ ထွက်သက်သည် သူ့နားတွင် ပူနွေးနေသေးဆဲ။

"အချိန်အကြာကြီး စောင့်ခိုင်းထားရတဲ့အတွက် အားနာပါတယ်..."

ရှိန်းစစ်မာန်သည် ပြောရမည့် Dialogue တိုင်းကို တစ်ခုချင်းပြောလေ၏။ စဝ်ခွန်းစ၏ ရင်သည် ခုန်သထက်ခုန်လာရသည်။ နောက်ဆုံးတော့ ရှိန်းစစ်မာန်ဟင့်အင်း ထွဋ်တေဇက ချစ်ခြင်းတွေကို နားလည် သွားပြီပေါ့။ စဝ်ခွန်းစ၏ မျက်လုံးများတွင် မျက်ရည်တို့သည် ဝဲတက်ချင်လာတော့သည်။ ချစ်ခြင်းများ ထပ်တူကျ ခြင်းဟာ ဘယ်လောက်တောင်မှ ပျော်စရာကောင်းလိုက်လဲ။

မြူနှင်းမိုးသည် ဒါရိုက်တာကို လှမ်းကြည့်၏။ မင်းဆုမြတ်သည် ထိုအချိန်တွင် မငိုခဲ့။ သို့သော် စဝ်ခွန်းစ က ငိုတော့မည်တဲ့လား။ ဒါရိုက်တာသည် အခုအနေအထားက ပိုအဆင်ပြေနေသည်မို့ လက်ရှိ အနေအထား အတိုင်းသာ သရုပ်ဆောင်စေသည်။

"မင်းကို ကိုယ် အရမ်းသဘောကျတာကြောင့် အင်း... မင်းကို ကိုယ်ချစ်တာကြောင့် ကိုယ့်ကောင်လေး လုပ်မလား... အခြားအကြောင်းကြောင့် မင်းကိုတွဲတာမျိုးမဟုတ်ဘဲနဲ့ မင်းကို ချစ်တာကြောင့် မင်းနဲ့တွဲ ချင်တယ်..."

နေပါဦး ဒိုင်ယာလော့ခ်က လွဲနေတယ်! ဝတ္ထုကို အလွတ်နီးနီးဖတ်ထားသည့် မြူနှင်းမိုးသည် ထအော် တော့မတတ်ဖြစ်သွားတော့သည်။

ဒိုင်ယာလောခ့်အမှန်သည်...

"မင်းကို ကိုယ် အရမ်းသဘောကျတာကြောင့် အင်း... မင်းကို ကိုယ်ချစ်တာကြောင့် ကိုယ့်ကောင်လေး လုပ်မလား... ဇွဲမင်းထက်ကြောင့် မင်းကိုတွဲတာမျိုးမဟုတ်ဘဲနဲ့ မင်းကို ချစ်တာကြောင့် မင်းနဲ့တွဲချင်တယ်..." ဟူ၍ဖြစ်သည်။ ထွဋ်တေဇသည် စကားလုံးများကို အပြောင်းအလဲလုပ်ပစ်လိုက်သည်။

သရုပ်ဆောင်ခြင်းတွင် ထိုသို့သော ကိစ္စများရှိသည်က မှန်သည်။ သို့သော်လည်း...။ မြူနှင်းမိုးသည် တားရမလိုမတားရမလိုဖြစ်နေခဲ့၏။ ဒါရိုက်တာတောင် မတားတာ သူမက ဘယ်လိုလုပ် တားရမှာလဲ!

စဝ်ခွန်းစသည် အနောက်သို့လှည့်ကာ ရှိန်းစစ်မာန်ကို သောင်ပြင်တွင်ပစ်လှဲချလေ၏။ စဝ်ခွန်းစကို မိုးကြည့်ကာ မျက်ရည်များပြည့်နေသည့် မျက်လုံးများဖြင့်...

"အင်း အင်း... တစ်ဘဝလုံး လက်ထပ်ကြရအောင်... အရမ်းချစ်လို့ လက်ထပ်ကြရအောင်!"

အာ... ဒီဟာကြီး Vibe လုံးဝမတူတော့ပေမဲ့...

မင်းဆုမြတ်က ငိုပြီးလက်ထပ်ရအောင်ပြောနေပေမဲ့... ဒါက...

မြူနှင်းမိုးသည် ဝမ်းသာဝမ်းနည်းမျက်လုံးများဖြင့်သာ ကြည့်နေခဲ့သည်။ ဝတ္ထုထဲက ဇာတ်ဝင်ခန်းကို သူတို့ရဲ့ကိုယ်ပိုင်အနေနဲ့ ပြန်သရုပ်ဖော်လိုက်တဲ့အတွက်ကြောင့် ဝတ္ထုဖတ်ထားတဲ့လူတွေ မဆဲဖို့ သူမ မျှော်လင့်ပါတယ်...

စိတ်လျှော့ကာသူမ ထားထားလိုက်ဖို့ဆုံးဖြတ်လိုက်ချိန်တွင် ပိုဆိုးသည့် ကိစ္စတစ်ခုက ဖြစ်သွား သေးသည်။ ထိုကိစ္စသည် မျက်ရည်များဖြင့် ပြည့်နေသည့် သူ့ပေါ်မှ စဝ်ခွန်းစကို ရှိန်းစစ်မာန်သည် လှမ်း၍ နမ်းလိုက်ခြင်းပင်။ နှုတ်ခမ်းနှစ်စုံသည် ထိကပ်သွားကြ၏။ ရိုက်ကွင်းမှ လူအားလုံးရော သူမ အပါအဝင်ပါ မျက်လုံးပြူးကျယ်သွားခဲ့ကြသည်။

ဒါက ဇာတ်ညွှန်းနဲ့လုံးလုံးကွာသွားပြီ အိုကေ!? အခု ဘာတွေလုပ်ချင်နေကြတာတုန်း!!! မြူနှင်းမိုးသည် စိတ်ထဲမှသာ အော်ဟစ်နိုင်ခဲ့တော့သည်။

"Cut!"

ဒါရိုက်တာဖြစ်သူသည် ပြန်ကြည့်ပြီးနောက် မြူနှင်းမိုးဘက်လှည့်ကာ...

"ဒါက ဝတ္ထုထဲက vibe နဲ့နည်းနည်းကွဲတယ်ဆိုပေမဲ့ သူတို့နှစ်ယောက်နဲ့လိုက်တယ်... ဘောစ့်ဘယ်လို လုပ်ချင်လဲ..."

မြူနှင်းမိုးသည် ဒါရိုက်တာပြန်ပြသည်ကိုကြည့်ပြီး ခေါင်းရှုတ်နေတော့သည်။ ဝတ္ထုထဲကအတိုင်းလည်း လိုချင်တယ်...။ အခုဟာကိုလည်း ကြိုက်တယ်...။ ဘယ်လိုလုပ်ရမှာလဲ!

"အရင်ဇာတ်ညွှန်းအတိုင်း ပြန်ရိုက်ပြီး... နှစ်ခုယှဉ်ကြည့်ရအောင်..."

ဒါရိုက်တာဖြစ်သူသည် ခေါင်းမညိတ်ချင်ညိတ်ချင်ဖြင့် ညိတ်လိုက်ရလေ၏။ မြူနှင်းမိုးက ဒါကို မကြိုက်တာကြောင့်မဟုတ်ဘဲ ဝတ္ထုထဲက vibe အတိုင်း လိုချင်တာကြောင့်ဆိုတာ သူ သိတယ်။ နောက်ပြီး... ဒါရိုက်တာသည် စဝ်ခွန်းစနှင့်ရှိန်းစစ်မာန်ကို လှမ်းကြည့်သည်။

အင်းလေ... သူတို့ဘာသာ ပြောင်းလိုက်တာပဲ အခု အမှန်အတိုင်း ပြန်သရုပ်ဆောင်လိုက်ပေါ့...။

"ကဲ... ကဲ... ဇာတ်ညွှန်းအတိုင်းပဲ ပြန်ရိုက်ကြမယ်... ပြန်စမယ်..."

ဒါရိုက်တာဖြစ်သူ၏ အသံသည် ညရိုက်ကွင်းတွင် ဖုံးလွှမ်းသွားခဲ့လေသည်။ စဝ်ခွန်းစသည် အံ့အားသင့် နေသည့် မျက်လုံးများဖြင့် ရှိန်းစစ်မာန်ကို ကြည့်ပြီးနောက် ဒါရိုက်တာဖြစ်သူ၏ စကားကို ခေါင်းသာ ညိတ်ပြလိုက်လေ၏။

ရှိန်းစစ်မာန်က တကယ်ပဲ... ထွဋ်တေဇဆိုတဲ့ ဇာတ်ကောင်ဝင်စီးနေခဲ့တာလား...။

ဤသို့ဖြင့် စဝ်ခွန်းစ၏ သံသယသည် တစ်စထက်တစ်စ ခိုင်မာလာတော့လေသည်။

Zawgyi

"ဟင္... နင္လည္းေနမေကာင္းဘူးလား..."

တံခါးေခါက္ခ်ိန္တြင္ လာဖြင့္ေပးသည့္ ရွိန္းစစ္မာန္၏ ပုံစံက တစ္ညလုံးေကာင္းေကာင္း မအိပ္ရေသး သည့္ လူတစ္ေယာက္၏ ပုံမ်ိဳးျဖစ္ေနသျဖင့္ ျမဴႏွင္းမိုးတအံ့တၾသ ေမးေလ၏။

"ေကာင္းပါတယ္... ဒီတိုင္း ညက အိပ္မေပ်ာ္လို႔ ဘာလို႔လဲ?"

"တကယ္လို႔ နင္ ေနမေကာင္းရင္ ငါတို႔ တစ္ရက္ထပ္နားလိုက္မယ္ေလ..."

ရွိန္းစစ္မာန္ မ်က္ခုံးပင့္၏။

ဒီျမဴႏွင္းမိုးက အလုပ္လာလုပ္တာလား။ အပန္းေျဖခရီးလာထြက္တာလား။

သူ႔ကို မယုံသကၤာအၾကည့္မ်ားျဖင့္ၾကည့္လာသည္ကို ခံစားမိလိုက္ရသျဖင့္ ျမဴႏွင္းမိုးသည္ အဟီးဟု ရယ္ၿပီးေနာက္...

"ေနမေကာင္းတာ မဟုတ္ရင္ၿပီးေရာ... ႐ိုက္ကြင္းက ညက်မွဆိုေတာ့ နားလို႔ရေသးတယ္... အိပ္လိုက္ အိပ္လိုက္..."

ရွိန္းစစ္မာန္သည္ ေခါင္းညိတ္ၿပီးမွ 'နင္လည္း ေနမေကာင္းဘူးလား' ဆိုသည့္စကားကို သတိရသြားကာ ျမဴႏွင္းမိုးကို ၾကည့္၍...

"ခြန္းက ေနမေကာင္းလို႔လား..."

"ဟင့္အင္း... ေနမေကာင္းတာေတာ့မဟုတ္ဘူး... သူလည္း နင့္လိုပဲ ညက အိပ္မေပ်ာ္တာေနမွာေပါ့ နင္တို႔ကလည္း ေနမေကာင္းဘူးျငင္းတာေတာင္ အေၾကာင္းျပခ်က္တစ္ခုတည္းနဲ႔..."

ျမဴႏွင္းမိုးသည္ သူမ၏ ႏႈတ္ခမ္းမ်ားေပၚတြင္ လက္ကိုမခို႔တ႐ို႕တင္၍...

"ဟီးဟီး... အခ်စ္စမ္းၿပီး ညအိပ္မေပ်ာ္ၾကတာလား..."

ရွိန္းစစ္မာန္သည္ ျမဴႏွင္းမိုးကို မ်က္ႏွာေသျဖင့္သာၾကည့္သည္။ ျမဴႏွင္းမိုးကေတာ့ ရွိန္းစစ္မာန္၏ ဟုတ္တယ္လည္းမေျပာ မဟုတ္ဘူးလည္းမေျပာသည့္ ဟန္ကိုၾကည့္ကာ...

"တကယ္ႀကိဳက္လိုက္ပါလားဟာ..."

"ကြၽန္ေတာ္ နားေတာ့မယ္..."

တံခါးျပန္ပိတ္သြားသည့္ ရွိန္းစစ္မာန္ေၾကာင့္ ျမဴႏွင္းမိုးတစ္ေယာက္ ႏႈတ္ခမ္းဆူကာ က်န္ခဲ့ေတာ့သည္။

ဘာလဲ! တကယ္ႀကိဳက္ခ်င္ေနၾကၿပီးေတာ့! ငါက အားေပးစကားေျပာတာကို တံခါးပိတ္သြားတယ္! သြား! နင္တို႔ပုံေတြ Moment ထပ္ထုတ္မွာ! ဒီေန႔အတြင္းသတင္းက ၾကားရတယ္ blah blah ဆိုၿပီး ဟြန႔္!

တံခါးပိတ္လိုက္ၿပီးေနာက္ ရွိန္းစစ္မာန္သည္ ခုတင္ထက္တြင္ ပစ္လွဲခ်သည္။ စဝ္ခြန္းစ... ဒီေကာင္ေလး နဲ႔ပတ္သက္ၿပီး သူ ဘယ္လိုမ်ားလုပ္ရပါ့မလဲ။ ဒီေကာင္ေလးကို သူ သေဘာက်တယ္။ သေဘာက်တယ္ ဆိုတာ သ႐ုပ္ေဆာင္ရတဲ့ ကာ႐ိုက္တာနဲ႔ဘဝက ေရာေထြးသြားတာေၾကာင့္ ႀကိဳက္တာမ်ိဳး မဟုတ္ဘူး။ ရွိန္းစစ္မာန္ ဆိုတဲ့ သူ႔အေနနဲ႔သေဘာက်တာ...။

ကူညီေပးရင္း... ဒီေကာင္ေလးရဲ႕ ေခ်မိုးေနတဲ့ပုံကို ေဘးကၾကည့္ေနရင္းနဲ႔ကို သူ သေဘာက်သြားတာ။ အေၾကာင္းျပခ်က္ရွာပါဆိုရင္လည္း သူ႔မွာ ရွာျပစရာမရွိဘူး။

ဖုန္းနံပတ္ေတာင္ မန္ေနဂ်ာဖုန္းနံပတ္ကိုေပးခဲ့သည့္ ေကာင္စုတ္ကေလးအေၾကာင္းေတြးမိၿပီး ရွိန္းစစ္မာန္ သည္ ခပ္တိုးတိုးရယ္ရေသး၏။

စဝ္ခြန္းစက သူ႔ကို မထိနဲ႔ ႐ိုက္ကြင္းမွာပဲ ထိလို႔ေျပာလိုက္ခ်ိန္မွာ ႐ိုက္ကြင္းမွာပါ သူ မထိျဖစ္ေတာ့ဘူး။ ဒီေကာင္ေလးက စိတ္အေႏွာင့္အယွက္ျဖစ္ေနတာကို သည္းခံေနတာကို သူ သိေနတာေၾကာင့္။

ဒါေပမဲ့...

စဝ္ခြန္းစက သူ႔လက္ကိုဆြဲၿပီး ကိုယ့္ေခါင္းေပၚကိုယ္တင္ခ်လိုက္သည္ကို ျပန္သတိရကာ စဝ္ခြန္းစ ေခါင္းကို ကိုင္ခဲ့သည့္ လက္ကိုေျမႇာက္ကာ ရွိန္းစစ္မာန္ၾကည့္ေလသည္။

ဘာလို႔ စဝ္ခြန္းစက အခုလိုလုပ္လိုက္တာလဲ။ သူ႔ထိန္းခ်ဳပ္ထားသမွ်က အခုလိုလုပ္ေနရင္ ဘယ္လိုလုပ္ ၿပီးေတာ့ ခိုင္မာႏိုင္ေတာ့မွာလဲ။ ေနာက္ၿပီး သူက ထြဋ္ေတဇအေနနဲ႔နမ္းရမလား ရွိန္းစစ္မာန္အေနနဲ႔ နမ္းရမလား ေတာင္ ေမးလိုက္ေသးတယ္...။

ရွိန္းစစ္မာန္သည္ ေလပူမႈတ္ထုတ္သည္။

တကယ္လို႔ နမ္းခြင့္ရွိခဲ့မယ္ဆိုရင္ေတာင္ ရွိန္းစစ္မာန္အေနနဲ႔ပဲ သူ နမ္းခ်င္ပါတယ္...။ စဝ္ခြန္းစဆိုတဲ့ ေကာင္ကေလးကို။

သူက ဒီေကာင္ေလးကိုခ်စ္တာေၾကာင့္ လက္ကိုင္ခ်င္တယ္၊ ဖက္ခ်င္တယ္၊ ေခါင္းေလးပြတ္သပ္ေပး ခ်င္တယ္၊ နမ္းခ်င္တယ္။ ဒါေတြလုပ္ခ်င္မိတာက သဘာဝပဲေလ။ Moment အေၾကာင္းျပၿပီး အသားယူခဲ့ေပမဲ့ ခ်စ္ရသူက စိတ္အေႏွာင့္အယွက္ ျဖစ္တယ္ဆိုတဲ့အခ်ိန္မွာ ဘယ္လိုလုပ္ၿပီးေတာ့ သူ ဆက္လုပ္ႏိုင္ေတာ့မွာလဲ။

"ငါ ဘယ္လိုလုပ္ရမလဲ... ေနာက္ၿပီး... မင္းကိုငါ ဒီညဘယ္လိုမ်က္ႏွာခ်င္းဆိုင္ရမလဲ?"

ရွိန္းစစ္မာန္သည္ မ်က္ႏွာက်က္ကိုၾကည့္ရင္းသာ ေရ႐ြတ္သည္။

----------

စဝ္ခြန္းစသည္ လက္ထဲမွ ဖုန္းကိုၾကည့္ၿပီးငိုင္ေနခဲ့၏။ ရွိန္းစစ္မာန္က တကယ္ႀကီး... ေနမေကာင္းဘူး လား။ ေနာက္ၿပီး ညဘက္ေကာင္းေကာင္းမအိပ္ထားဘူး...။

စဝ္ခြန္းစသည္ သက္ျပင္းရႈိက္သည္။

ဘာေၾကာင့္မေန႔က သူကလည္း လုပ္မိလုပ္ရာေတြ လုပ္လိုက္မိတာလဲ။ တကယ္ဆိုရင္ ဒီတိုင္းေလး ရွိန္းစစ္မာန္နဲ႔အလိုက္သင့္ေလးပဲ ေနလိုက္ရမွာ...။

သူ႔ဆံပင္မ်ားကို သူ ထိုးဖြကာ စဝ္ခြန္းစသည္ ေလပူကိုသာ မႈတ္ထုတ္ေတာ့သည္။ တကယ္... ရွိန္းစစ္မာန္စိတ္ကို သိဖို႔ကလည္း ခဲယဥ္းလိုက္တာ။ ရွိန္းစစ္မာန္က ဘာေတြျဖစ္ခ်င္ေနမွန္းသူ မသိဘူး။ သူ မသိတာေၾကာင့္ အလိုက္သင့္ ေနဖို႔ကခက္ခဲ့တယ္။

စီးပြားေရးေလာကတြင္ က်င္လည္ခဲ့သူမို႔ အရိပ္အကဲေကာင္းေကာင္းနားလည္ေပမဲ့ ရွိန္းစစ္မာန္၏ အရိပ္အကဲကို ၾကည့္ရတာက ခက္ခဲလိုက္တာ။

ေနာက္ၿပီး...

စဝ္ခြန္းစသည္ မေန႔ကအျဖစ္အပ်က္မ်ားကို ျပန္ေတြးေလသည္။ သူ႔မ်က္ႏွာသည္ ရဲတက္သြားေတာ့၏။

ဘယ္သူနမ္းတာကို အရင္ခံခ်င္လဲ...

ရွိန္းစစ္မာန္... ဒီလူက သူ႔ကိုယ္သူ ဘာေတြေျပာေနတယ္ဆိုတာကိုေရာ သိရဲ႕လား။

စဝ္ခြန္းစသည္ သက္ျပင္းရႈိက္သည္။

ဘာလို႔ ရွိန္းစစ္မာန္က ဒီလိုေတြေတြးေနတာလဲ။ အေတြးတို႔ျဖင့္ စဝ္ခြန္းစသည္ ပူေလာင္ေနခဲ့သည္။ ေျမာက္ျမားစြာသည့္အေတြးမ်ားအဆုံးတြင္ စဝ္ခြန္းစ၏ မ်က္လုံးမ်ားသည္ အေျဖတစ္ခုျဖင့္ ဝိုင္းစက္သြား၏။

ေနပါဦး ဒါက ျဖစ္ႏိုင္လို႔လား...။

အဲ့ဒီရွိန္းစစ္မာန္ကေလ...

စဝ္ခြန္းစသည္ သူ႔ပါးစပ္ကိုသူ ပါးစပ္ျဖင့္အုပ္၏။

ရွိန္းစစ္မာန္က... ဇာတ္ေကာင္စ႐ိုက္နဲ႔လူ႔သဘာဝေရာေနတာမ်ားလား။

အၾကာႀကီးသ႐ုပ္ေဆာင္ရတဲ့ ဇာတ္လမ္းေတြမွာျဖစ္တတ္တယ္ဆိုေပမဲ့... ရွိန္းစစ္မာန္က ဝါရင့္သ႐ုပ္ေဆာင္ တစ္ေယာက္ေလ...။ ဒါက ျဖစ္ႏိုင္လို႔လား။

စဝ္ခြန္းစသည္ ေတြးရင္းႏွင့္ အိပ္ေပ်ာ္သြားေတာ့ေလသည္။ တစ္ညလုံး သူလည္း မအိပ္ရေသးဘူး မဟုတ္ပါလား။

သူ ႏိုးလာခ်ိန္တြင္ ေန႔တစ္ဝက္က်ိဳးေနၿပီ။ စဝ္ခြန္းစသည္ အိပ္ရာထဲမွထြက္ ျပင္ဆင္စရာရွိသည္ကို ျပင္ဆင္ၿပီးေနာက္ Missed Call ဝင္ေနသည့္ ျမဴႏွင္းမိုးဖုန္းကို ျပန္ေခၚကာ ေန႔လည္စာ လာစားမည့္အေၾကာင္း ေျပာရင္းျဖင့္ အခန္းအျပင္သို႔ထြက္လာခဲ့ေလသည္။

အခန္းဝတြင္ရပ္ေနသူကို ျမင္ခ်ိန္တြင္ အံ့အားသင့္လြန္း၍ လက္ထဲမွ ဖုန္းပင္လြတ္က်ေတာ့မလို ျဖစ္သြားေတာ့၏။

"ရွိန္းစစ္မာန္?"

အခန္းတံခါးေရွ႕တြင္ ရပ္ေနသူသည္ သူ႔ကိုအၾကည့္လႊဲၿပီးေနာက္ ေခါင္းညိတ္ျပ၏။

"ေဘာစ့္က မင္းကို တစ္ခ်က္ၾကည့္ခိုင္းလို႔..."

ရွိန္းစစ္မာန္သည္ ေျဗာင္ညာေလ၏။ ျမဴႏွင္းမိုးက ကိုယ္တိုင္သြားေခၚမည္ဆိုသည့္ အခ်ိန္တြင္ သူ သြားေခၚေပးမည္ဟုဆိုကာ ထြက္လာခဲ့ျခင္းျဖစ္သည္။ ျမဴႏွင္းမိုး စကားအရဆိုလွ်င္ စဝ္ခြန္းစသည္လည္း သူ႔လို ပင္ ျဖစ္ခဲ့သည္မဟုတ္လား။ ဒီေတာ့ သူတို႔ခံစားခ်က္ေတြက တူညီေနတယ္လို႔ သူ႔စိတ္ထဲ ယူဆလို႔ရမလား? ရွိန္းစစ္မာန္သည္ မဝံ့မရဲေတြး၏။

"ေၾသာ္ အင္း... အတူသြားၾကမယ္ေလ..."

ဟန္မပ်က္ေျပာေသာ္လည္း အေနခက္သည့္ ခံစားခ်က္မ်ားက ရွိေနေသးသည္ကို သူတို႔ႏွစ္ဦး ေကာင္းေကာင္းသိၾကသည္။ စဝ္ခြန္းစသည္ ရွိန္းစစ္မာန္ကို မ်က္လုံးေထာင့္စြန္းမ်ားမွ အကဲခတ္ေနခဲ့သည္။ သူတို႔၏ ေျခလွမ္းမ်ားကေတာ့ ပုံမွန္အတိုင္းသာ။

"မေန႔က..."

ရွိန္းစစ္မာန္သည္ စကားစေလ၏။ စဝ္ခြန္းစသည္ နား႐ြက္ေလးေထာင္ကာသာ ဘာဆက္ေျပာမလဲ နားေထာင္ေနလိုက္သည္။

"ငါ စိတ္... မေန႔က ငါစတာနည္းနည္းလြန္သြားတယ္... ေဆာရီး... မင္းအရမ္း စိတ္ဆိုးသြားလား..."

ငါ စိတ္မထိန္းႏိုင္လိုက္တဲ့အတြက္ ေတာင္းပန္ပါတယ္လို႔ ေျပာမလိုျပဳၿပီးမွ ရွိန္းစစ္မာန္သည္ စကားျပင္ ေျပာ၏။

စဝ္ခြန္းစ၏ စိတ္ထဲမွ သံသယတို႔သည္ အျမစ္တြယ္စျပဳလာေတာ့သည္။ တကယ္ပဲ ရွိန္းစစ္မာန္က သူ ေတြးသလိုျဖစ္ေနတာလား...။

"အင္း... ရပါတယ္... ေနာက္မျဖစ္ေအာင္ ဂ႐ုစိုက္လိုက္ေပါ့..."

ထိုစကားထက္ပိုၿပီး လမ္းတစ္ေလွ်ာက္ သူတို႔မည္သည့္စကားမွ်မဆိုျဖစ္။ သတ္မွတ္ေနရာေရာက္ေတာ့ ေန႔လည္စာကို ျမဴႏွင္းမိုးျဖင့္ တိတ္ဆိတ္စြာသာ စားလိုက္ၾကသည္။

----------

ညေန႐ိုက္ကြင္းတြင္...

ရွိန္းစစ္မာန္သည္ ဇာတ္ၫႊန္းကို ေသခ်ာျပန္ၾကည့္ေနခဲ့၏။ အလြတ္ရေနၿပီးသားျဖစ္ေသာ္လည္း အမွားအယြင္းမရွိေစဖို႔ရာ သူေနာက္တစ္ေခါက္ျပန္ၾကည့္ေနခဲ့သည္။ စဝ္ခြန္းစသည္လည္း စာေသခ်ာဖတ္ေနခဲ့၏။

"အဆင္သင့္ျဖစ္ရင္ ရၿပီ..."

တိတ္ဆိတ္သည့္ေသာင္ျပင္တြင္ လႈိင္းပုတ္သံသဲ့သဲ့ရွိ၏။ ထိုေသာင္ျပင္ေပၚတြင္ လူႏွစ္ဦးသည္ ထိုင္ေန ခဲ့ၾကသည္။ အရပ္ရွည္သည့္ ေကာင္ေလး၏ ရင္ခြင္ထဲတြင္ ျဖဴျဖဴေသးေသးေကာင္ေလးသည္ ရွိေနခဲ့၏။ သူတို႔ ေဘးတြင္ေတာ့ ပုံးတစ္ပုံး။

ထိုပုံးထဲတြင္မည္သည့္ အရာမ်ားရွိသည္ကို စဝ္ခြန္းစသိသည္။ ယေန႔႐ိုက္ကြင္းသည္ သူသ႐ုပ္ေဆာင္ သည့္ ဇာတ္ေကာင္မင္းဆုျမတ္၏ ေမြးေန႔ျဖစ္၏။ ေနာက္ၿပီး မူေနသည့္အစ္ကိုႀကီးမွ သူ႔ကို ခ်စ္ေၾကာင္းဖြင့္ဟ ေျပာမည့္ ေန႔လည္းျဖစ္သည္။

စဝ္ခြန္းစသည္ စဥ္းစားရင္းသူ႔မ်က္ႏွာသည္ ႏူးညံ့သြားေတာ့သည္။ ဒီဇာတ္ေကာင္ေလးဟာ ဘယ္ေလာက္မ်ားကံေကာင္းလိုက္လဲ။ သူ႔ခ်စ္သူက သူ႔ကို မဆုံေတြ႕ခဲ့ဖူးတဲ့အခ်ိန္တုန္းက ေမြးေန႔ေတြအတြက္ပါ ေမြးေန႔လက္ေဆာင္ စီစဥ္ေပးထားတာ။ တစ္ႏွစ္ခ်င္း... တစ္ႏွစ္ခ်င္းဆီ လူ႔သက္တမ္းအလိုက္။ တစ္ႏွစ္သား အတြက္ဆိုလွ်င္တစ္ႏွစ္သားအတြက္လက္ေဆာင္... ထိုသို႔မွ ၁၉ ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ေယာက္ကို ေပးမည့္လက္ေဆာင္။

စုစုေပါင္း ၁၉ မ်ိဳး...။

တကယ္ပဲ မူေနတဲ့အစ္ကိုႀကီးက စဥ္းေတာ့စဥ္းစားတတ္တာပဲ။ စဝ္ခြန္းစသည္ ရယ္ခ်င္သြားသည္မို႔ သူ႔မ်က္ႏွာသည္ ပို၍ႏူးညံ့သြားေတာ့သည္။

"Happy Birthday..."

သူ႔ေခါင္းေပၚတြင္ ေမးတင္ထားရင္းမွ နားအနားသို႔ကပ္ကာ ေလသံသဲ့သဲ့ျဖင့္ ရွိန္းစစ္မာန္သည္ ေျပာလာေလ၏။ ထြဋ္ေတဇကမင္းဆုျမတ္ကို ေျပာျခင္းျဖစ္ေသာ္လည္း စဝ္ခြန္းစသည္ ရင္သည္ ဒိတ္ခနဲ ခုန္သြားရသည္။ ရွိန္းစစ္မာန္၏ ထြက္သက္သည္ သူ႔နားတြင္ ပူေႏြးေနေသးဆဲ။

"အခ်ိန္အၾကာႀကီး ေစာင့္ခိုင္းထားရတဲ့အတြက္ အားနာပါတယ္..."

ရွိန္းစစ္မာန္သည္ ေျပာရမည့္ Dialogue တိုင္းကို တစ္ခုခ်င္းေျပာေလ၏။ စဝ္ခြန္းစ၏ ရင္သည္ ခုန္သထက္ခုန္လာရသည္။ ေနာက္ဆုံးေတာ့ ရွိန္းစစ္မာန္ဟင့္အင္း ထြဋ္ေတဇက ခ်စ္ျခင္းေတြကို နားလည္ သြားၿပီေပါ့။ စဝ္ခြန္းစ၏ မ်က္လုံးမ်ားတြင္ မ်က္ရည္တို႔သည္ ဝဲတက္ခ်င္လာေတာ့သည္။ ခ်စ္ျခင္းမ်ား ထပ္တူက် ျခင္းဟာ ဘယ္ေလာက္ေတာင္မွ ေပ်ာ္စရာေကာင္းလိုက္လဲ။

ျမဴႏွင္းမိုးသည္ ဒါ႐ိုက္တာကို လွမ္းၾကည့္၏။ မင္းဆုျမတ္သည္ ထိုအခ်ိန္တြင္ မငိုခဲ့။ သို႔ေသာ္ စဝ္ခြန္းစ က ငိုေတာ့မည္တဲ့လား။ ဒါ႐ိုက္တာသည္ အခုအေနအထားက ပိုအဆင္ေျပေနသည္မို႔ လက္ရွိ အေနအထား အတိုင္းသာ သ႐ုပ္ေဆာင္ေစသည္။

"မင္းကို ကိုယ္ အရမ္းသေဘာက်တာေၾကာင့္ အင္း... မင္းကို ကိုယ္ခ်စ္တာေၾကာင့္ ကိုယ့္ေကာင္ေလး လုပ္မလား... အျခားအေၾကာင္းေၾကာင့္ မင္းကိုတြဲတာမ်ိဳးမဟုတ္ဘဲနဲ႔ မင္းကို ခ်စ္တာေၾကာင့္ မင္းနဲ႔တြဲ ခ်င္တယ္..."

ေနပါဦး ဒိုင္ယာေလာ့ခ္က လြဲေနတယ္! ဝတၳဳကို အလြတ္နီးနီးဖတ္ထားသည့္ ျမဴႏွင္းမိုးသည္ ထေအာ္ ေတာ့မတတ္ျဖစ္သြားေတာ့သည္။

ဒိုင္ယာေလာခ့္အမွန္သည္...

"မင္းကို ကိုယ္ အရမ္းသေဘာက်တာေၾကာင့္ အင္း... မင္းကို ကိုယ္ခ်စ္တာေၾကာင့္ ကိုယ့္ေကာင္ေလး လုပ္မလား... ဇြဲမင္းထက္ေၾကာင့္ မင္းကိုတြဲတာမ်ိဳးမဟုတ္ဘဲနဲ႔ မင္းကို ခ်စ္တာေၾကာင့္ မင္းနဲ႔တြဲခ်င္တယ္..." ဟူ၍ျဖစ္သည္။ ထြဋ္ေတဇသည္ စကားလုံးမ်ားကို အေျပာင္းအလဲလုပ္ပစ္လိုက္သည္။

သ႐ုပ္ေဆာင္ျခင္းတြင္ ထိုသို႔ေသာ ကိစၥမ်ားရွိသည္က မွန္သည္။ သို႔ေသာ္လည္း...။ ျမဴႏွင္းမိုးသည္ တားရမလိုမတားရမလိုျဖစ္ေနခဲ့၏။ ဒါ႐ိုက္တာေတာင္ မတားတာ သူမက ဘယ္လိုလုပ္ တားရမွာလဲ!

စဝ္ခြန္းစသည္ အေနာက္သို႔လွည့္ကာ ရွိန္းစစ္မာန္ကို ေသာင္ျပင္တြင္ပစ္လွဲခ်ေလ၏။ စဝ္ခြန္းစကို မိုးၾကည့္ကာ မ်က္ရည္မ်ားျပည့္ေနသည့္ မ်က္လုံးမ်ားျဖင့္...

"အင္း အင္း... တစ္ဘဝလုံး လက္ထပ္ၾကရေအာင္... အရမ္းခ်စ္လို႔ လက္ထပ္ၾကရေအာင္!"

အာ... ဒီဟာႀကီး Vibe လုံးဝမတူေတာ့ေပမဲ့...

မင္းဆုျမတ္က ငိုၿပီးလက္ထပ္ရေအာင္ေျပာေနေပမဲ့... ဒါက...

ျမဴႏွင္းမိုးသည္ ဝမ္းသာဝမ္းနည္းမ်က္လုံးမ်ားျဖင့္သာ ၾကည့္ေနခဲ့သည္။ ဝတၳဳထဲက ဇာတ္ဝင္ခန္းကို သူတို႔ရဲ႕ကိုယ္ပိုင္အေနနဲ႔ ျပန္သ႐ုပ္ေဖာ္လိုက္တဲ့အတြက္ေၾကာင့္ ဝတၳဳဖတ္ထားတဲ့လူေတြ မဆဲဖို႔ သူမ ေမွ်ာ္လင့္ပါတယ္...

စိတ္ေလွ်ာ့ကာသူမ ထားထားလိုက္ဖို႔ဆုံးျဖတ္လိုက္ခ်ိန္တြင္ ပိုဆိုးသည့္ ကိစၥတစ္ခုက ျဖစ္သြား ေသးသည္။ ထိုကိစၥသည္ မ်က္ရည္မ်ားျဖင့္ ျပည့္ေနသည့္ သူ႔ေပၚမွ စဝ္ခြန္းစကို ရွိန္းစစ္မာန္သည္ လွမ္း၍ နမ္းလိုက္ျခင္းပင္။ ႏႈတ္ခမ္းႏွစ္စုံသည္ ထိကပ္သြားၾက၏။ ႐ိုက္ကြင္းမွ လူအားလုံးေရာ သူမ အပါအဝင္ပါ မ်က္လုံးျပဴးက်ယ္သြားခဲ့ၾကသည္။

ဒါက ဇာတ္ၫႊန္းနဲ႔လုံးလုံးကြာသြားၿပီ အိုေက!? အခု ဘာေတြလုပ္ခ်င္ေနၾကတာတုန္း!!! ျမဴႏွင္းမိုးသည္ စိတ္ထဲမွသာ ေအာ္ဟစ္ႏိုင္ခဲ့ေတာ့သည္။

"Cut!"

ဒါ႐ိုက္တာျဖစ္သူသည္ ျပန္ၾကည့္ၿပီးေနာက္ ျမဴႏွင္းမိုးဘက္လွည့္ကာ...

"ဒါက ဝတၳဳထဲက vibe နဲ႔နည္းနည္းကြဲတယ္ဆိုေပမဲ့ သူတို႔ႏွစ္ေယာက္နဲ႔လိုက္တယ္... ေဘာစ့္ဘယ္လို လုပ္ခ်င္လဲ..."

ျမဴႏွင္းမိုးသည္ ဒါ႐ိုက္တာျပန္ျပသည္ကိုၾကည့္ၿပီး ေခါင္းရႈတ္ေနေတာ့သည္။ ဝတၳဳထဲကအတိုင္းလည္း လိုခ်င္တယ္...။ အခုဟာကိုလည္း ႀကိဳက္တယ္...။ ဘယ္လိုလုပ္ရမွာလဲ!

"အရင္ဇာတ္ၫႊန္းအတိုင္း ျပန္႐ိုက္ၿပီး... ႏွစ္ခုယွဥ္ၾကည့္ရေအာင္..."

ဒါ႐ိုက္တာျဖစ္သူသည္ ေခါင္းမညိတ္ခ်င္ညိတ္ခ်င္ျဖင့္ ညိတ္လိုက္ရေလ၏။ ျမဴႏွင္းမိုးက ဒါကို မႀကိဳက္တာေၾကာင့္မဟုတ္ဘဲ ဝတၳဳထဲက vibe အတိုင္း လိုခ်င္တာေၾကာင့္ဆိုတာ သူ သိတယ္။ ေနာက္ၿပီး... ဒါ႐ိုက္တာသည္ စဝ္ခြန္းစႏွင့္ရွိန္းစစ္မာန္ကို လွမ္းၾကည့္သည္။

အင္းေလ... သူတို႔ဘာသာ ေျပာင္းလိုက္တာပဲ အခု အမွန္အတိုင္း ျပန္သ႐ုပ္ေဆာင္လိုက္ေပါ့...။

"ကဲ... ကဲ... ဇာတ္ၫႊန္းအတိုင္းပဲ ျပန္႐ိုက္ၾကမယ္... ျပန္စမယ္..."

ဒါ႐ိုက္တာျဖစ္သူ၏ အသံသည္ ည႐ိုက္ကြင္းတြင္ ဖုံးလႊမ္းသြားခဲ့ေလသည္။ စဝ္ခြန္းစသည္ အံ့အားသင့္ ေနသည့္ မ်က္လုံးမ်ားျဖင့္ ရွိန္းစစ္မာန္ကို ၾကည့္ၿပီးေနာက္ ဒါ႐ိုက္တာျဖစ္သူ၏ စကားကို ေခါင္းသာ ညိတ္ျပလိုက္ေလ၏။

ရွိန္းစစ္မာန္က တကယ္ပဲ... ထြဋ္ေတဇဆိုတဲ့ ဇာတ္ေကာင္ဝင္စီးေနခဲ့တာလား...။

ဤသို႔ျဖင့္ စဝ္ခြန္းစ၏ သံသယသည္ တစ္စထက္တစ္စ ခိုင္မာလာေတာ့ေလသည္။


Continue Reading

You'll Also Like

23.7K 1.9K 18
မခြွေရက်ပါဘူး... ကလေးငယ်ရယ်။ အထိခိုက်မခံရလောက်အောင် မြတ်နိူးရသူမို့....။
294K 7.3K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...