💮"Bunny and Honey"💮{{COMPLE...

By Sanaymoeswe

371K 35.3K 1.2K

[UNICODE +ZAWGYI] ရုပ်ဆိုးဆိုးပိန်းဥလေးကို Version မြှင့်လိုက်ပြီး ဘေထုပ်အကျီမှ Limited Brand ဖြစ်သွားသောအခါဝ... More

"Love is So Sweet"
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter(7)
Chapter(8)
Chapter (9)
Chapter(10)
Chapter(11)
Chapter(12)
Chapter(13)
Chapter(14)
Chapter(15)
Chapter(16)
Chapter(17)
Chapter(18)
Chapter(19)
Chapter(20)
Chapter(21)
Chapter(22)
Chapter (23)
Chapter(24)
Chapter(25)
Chapter (26)
Chapter (27)
Chapter(28)
Chapter (30)
Chapter (31)
Chapter(32)
Chapter (33)Ending

Chapter(29)

7.3K 862 24
By Sanaymoeswe

[[ UNICODE ]]

"ပြောတော့ စိတ်မဆိုးဘူးဆို..အဲ့တာဘာထဖြစ်တာလဲ??"

"ဘယ်မှာစိတ်ဆိုးလို့လဲ?
မိုးရေထွက်ချိုးတာ.."

ကြည့်စမ်း ရုပ်တည်ကြီးနဲ့လိမ်နေတယ်လို့ သင်ထင်နေသလား?? ဒါဆိုရင်မှားသွားပါလိမ့်မယ်၊ဖရိုဖရဲ ဖြစ်နေတယ့်ရုပ်ကြီးနဲ့လိမ်နေတာဆိုဗျာ..။

"ကျွန်တော့်ကို လာမကြည့်နဲ့"

မိုးရေများကြောင့် ပိန်းဥကိုယ်လုံးလေးက တစ်ဆတ်ဆတ်တုန်ယင်နေပြီး နောက်ခန်းမှာကျုံ့ကျုံ့လေးထိုင်နေကာ မျက်နှာကလဲမဲတဲ့တဲ့ဖြစ်နေရှာသည်။

ခုနကလောက် မိုးကမသည်းတော့ပေမယ့် မိုးစက်ပွင့်တို့က မြေပြင်ပေါ်ခပ်စွေစွေခုန်ဆင်းနေတုန်းပင်...။

"Honey..."

"ဘာလဲ ကျွန်တော်မချမ်းဘူး ခင်ဗျားကနွေးအောင်လုပ်ပေးစရာလဲမလိုဘူး၊ အိမ်ကိုပြန်မယ်"

နာမည်လေးပဲခေါ်ရသေးတယ်၊ ထွက်လာတယ့်စကားသံတွေက တကယ့်ကို ဘုနဲ့ဘောက်၊ မချမ်းဘူးလို့လဲပြောသေးတယ် နှုတ်ခမ်းပါးလေးက တဆတ်ဆတ်တုန်နေပြီး ဒူးခေါင်းကိုလက်နှစ်ဖက်နဲ့ ခပ်တင်းတင်းပွေ့ပိုက်ထားသေးတယ်၊ ထိုသို့ဖြစ်ပျက်နေတယ့် ပိန်းဥပုံစံက သူရင့်ကိုတကယ်ပဲနာကျင်စေသည်။

"Honey..ကိုယ်ကမင်းကိုချစ်လို့ လိမ်ညာထားတယ့်လျှို့ဝှက်ချက်ကိုတောင် Publicမှာချပြလိုက်တာ..ဘာလို့အဲ့လောက်ထိ အတွေးတိမ်ရတာလဲ???"

မာန်မဲခြင်းမဟုတ်သလို ဆူပူခြင်းလဲမဟုတ်ပြန်၊ လေသံမှန်မှန်နှင့် နားဝင်အောင်ပြောပြနေတာကြောင့် ရိပေါ်ကိုယ်လုံးလေးက လှုပ်လှုပ်ရှားရှားပင်ဖြစ်လာကာ...

"ကျွန်တော် ခင်ဗျားကိုချစ်တယ်"

"ကိုယ် သိတယ်"

ရှောင်းကျန့်က နောက်ခန်းကိုလွှားခနဲ ခုန်ပြန်ကျော်လွှာလိုက်ရင်း စိုကပ်နေသော Brownရောင်ဆံပင်များကို သူ့အပေါ်Coat အကျီဖြင့်သုတ်ပေးလိုက်သည်။ ပါးစပ်ကလဲ ခပ်တိုးတိုးဆူပူနေရင်းနဲ့ပေါ့..၊

"ရူးကြောင်ကြောင်တွေသိပ်လုပ်တာပဲ၊ ပိန်းဥလို့ခေါ်ရင်လဲ မကြိုက်ပြန်ဘူး"

ချမ်းနေတယ့်လူအဖို့ အနွေးဓာတ်ကိုရှာသည်မှာ ထုံးစံမဟုတ်လား??? ဝမ်ရီပေါ်တစ်ယောက် ကိုယ့်ဘာသာတောင်မသိလိုက်ပါပဲ ရှောင်းကျန့်ရင်ခွင်ထဲ တိုးဝင်နေမိပြီ၊ ထိုလူသားက ကိုယ့်လောက်မိုးရေတွေစိုမနေဘူးလေ။

"ချမ်းနေပြီလား???"

"အင်း "

"Heater ကို အပူချိန်မြှင့်ထားတယ်၊ ရော့ ရေနွေးပူပူလေးသောက်လိုက်"

ဓာတ်ဗူးသေးသေးလေးက ပျော်ပွဲစားအတွက်စီစဥ်ထားသော မုန့်ခြင်းထောင်ထဲက ထွက်လာတာကြောင့် အတော်ကလေးအဆင်ပြေသွားခဲ့သည်။

ကိုယ်က ရေနွေးပူပူကိုမှုတ်သောက်နေသလောက် သူကတော့မိမိခေါင်းကို လက်နှစ်ဖက်နှင့်ပွတ်ရင်း နွေးအောင်လုပ်ပေးနေတာကြောင့် ရီပေါ့်မျက်နှာက အပြင်က ရာသီဥတုနဲ့လားလားမှမသက်ဆိုင်..။ ထို့နောက်နှုတ်ခမ်းလေး တစ်ထော်ထော်နဲ့

"ကျွန်တော့် ကိုထားခဲ့ပြီး ဟန်စစ်ကျွေးနောက်ကိုလိုက်သွားလို့မရဘူးနော်၊ သူက ခင်ဗျားနဲ့အရမ်းရင်းနှီးတယ်"

"အင်း.."

"နောက်ပြီး ကျွန်တော့်ဘဝမှာ ခင်ဗျားတစ်ယောက်ပဲရှိတာ.."

"အင်း.."

"ကျွန်တော်ကို တစ်ကယ်ရောချစ်ရဲ့လား?"

"အင်း.."

ကိုယ်က အကျယ်တဝင့်ပြောပြနေသလောက် သူကတော့တစ်အင်းအင်းနဲ့"အင်းသူကြီး" လုပ်နေတာမို့ ဝမ်ရီပေါ်တို့ စိတ်ဆတ်ချေပြီ။

"Ya!!! တစ်အင်းအင်းနဲ့ဘာထဖြစ်တာလဲ? ကျွန်တော်ပြောတာမှာ လှောင်စရာပါနေလို့လား?"

ဆိုင်မဆင့် ဗုံမဆင့်ထဖောက်တာက တွေ့တယ့်အတိုင်းပဲ၊ တစ်ယောက်တည်းကို စိတ်အထွေထွေပြောင်းပြီး တိုင်းပတ်နေတယ့် ကျွန်တော့်ရဲ့ပိန်းဥရယ်ပါ..။

"Honey..မင်းသဝန်တိုတာလေးက အရမ်းချစ်ဖို့ကောင်းတာပဲ ၊ သေလောက်အောင်ချစ်သွားပြီ "

ဒေါသတို့က မိုးရေများနဲ့ပါသွားတယ်ထင်ပ၊ သို့ပေမယ် ရီပေါ်မကျေနပ်နိုင်သေး၊ ထို့ကြောင့် တစ်ချက်လွှတ်အမိန့်က ရှောင်းကျန့်အပေါ် အာဏာစက်ပြင်းစွာနှင့်သက်ရောက်သည်။

"အိမ်ရောက်ရင် ခင်ဗျားရဲ့အချစ်ဦးအကြောင်းကို အသေးစိတ်ပြောပြရမယ်?"

ချီးခြောက်တွေကို ရေမနှူးနဲ့လို့ပြောရင်လဲ ကြံဖန်ပြီး လောင်မြိုက်နေဦးမယ်၊ ဒါ့ကြောင့် ပိန်းဥ စိတ်ချမ်းသာရင်ပြီးရောဆိုတယ့် သဘောနဲ့ ခေါင်းသာညိမ့်ပြလိုက်ရသည်။

ထိုအခါမှ ကောင်ဆိုလေးက ရင်ခွင်ထဲပြန်ဝင်အောင်းရင်း..

"အိမ်ကိုအမြန်ကြရအောင်ဗျာ.."

"Ok..."

********


ကောင်းလိုက်တယ့်မိုး ၊ အိမ်ရောက်တာနဲ့ချက်ချင်းကိုတိတ်ကျသွားရောပဲ၊ လူဆိုရင် ဇာတ်တိုက်ထားတယ်ဆိုပြီး အထင်လွဲမိဦးမယ်။

ရှောင်းကျန့်ကတော့ ရေချိုးသန့်စင်လိုက်သော်လည်း ရီပေါ်ကတော့ ခြေတွေ လက်တွေပဲဆေးကာ စောင်ပုံထဲဝင်ခွေနေတော့သည်။ အား ကောင်းလိုက်တာ ခုမှနွေးထွေးသွားတာပဲ..။

သိပ်မကြာလိုက် ၊
လက်ထဲကို ဆေးတစ်လုံးနဲ့ ဖန်ခွက်တစ်ခွက်ရောက်လာပြီး...

"ဖျားမှာစိုးလို့ ဆေးသောက်လိုက်နော်၊ ဒီအချိန် Honey လဲစစ်ကျွေးကိုတွေ့ချင်မှာမဟုတ်လောက်ဘူး"

"အင်း ဆေးသောက်မယ်၊ ခင်ဗျားက ဒီဘေးမှာလာအိပ် "

ဆေးလုံးက လည်ပင်းထဲ ခက်ခဲစွာခုန်ဆင်းသွားပြီးတယ့်နောက်မှာ ရီပေါ့်က ကုတင်စွန်းသို့ရွေ့ထိုင်လိုက်သည်။ ပြီးမှဘေးဘက်အိပ်ယာကိုလက်နှင့်ပုတ်ရင်း..

"အမြန်ထိုင်ပြီး ပြောပြ.."

ဒီအကြောင်းကို အမှန်တကယ်ဆို ရှောင်းကျန့်ပြန်မပြောချင်ပေ၊ အတိတ်ကအတိတ်ပဲလေ၊ ပိန်းဥလေးက ဘာတွေရေးကြီးခွင်ကျယ်လုပ်နေမှန်းမသိဘူး၊ ဟူး ပြောဆိုတော့လဲ ပြောရတာပေါ့..။

"ကိုယ်ပြောမယ် နောက်တစ်ခေါက်ထပ်ပြီးစိတ်ဆိုးဖို့မကြံနဲ့၊ ခြိမ်းခြောက်တာမဟုတ်ဘူးနော် သုံးရက်လောက်မထနိုင်အောင် လုပ်ပစ်မှာ ဘာမှတ်နေလဲ???"

ရီပေါ် က ပုခုံးလေးကိုကျုံ့ပြပြီး လျှာတစ်လစ်ထုတ်ပြလာသည်။ ထို့နောက်လေသံသဲ့သဲ့က လှောင်သံစွက်ကာနှင့်..

" ရေရှည်မစားချင်ရင် လုပ်လိုက်ပေါ့၊ ကိုယ့်ဒေါသနဲ့ကိုယ်ပဲ "

ရှောင်းကျန့်ကတော့ မကြားချင်ယောင်ဆောင်လိုက်ပြီး သူ့ဇာတ်လမ်းကိုစပြောလာသည်။

"မားးက ကိုယ့်မွေးပြီးပြီးချင်းမီးတွင်းထဲမှာဆုံးသွားတယ်၊ ပါးးကတော့ ကိုယ်အသက် 12နှစ်မှာ Car Accident ကြောင့်ဆုံးသွားတာ၊ အဲ့တုန်းက MC group ကြီးကအခြေခိုင်ခါစပဲရှိသေးတယ်၊ သူဌေးကရုတ်တရတ် ခုလိုထဖြစ်တော့ စီးပွားရေးစျေးကွက်က ဂယက်ထကုန်တာပေါ့၊ ကိုယ်ကလဲ ငယ်သေးတော့ စီးပွားရေးအကြောင်းကိုနားမလည်ဘူးလေ.."

ရီပေါ်က "အင်း"ဟုခေါင်းညိမ့်ထောက်ခံရင်း မေးဆတ်ပြသည်။ ဆတ်ပြောဆိုသည့်သဘော..

"စစ်ကျွေးအဖေနဲ့ကိုယ့်အဖေနဲ့က သူငယ်ချင်းတွေလေ၊ အတိုချုံးပြောရရင် ဦးလေးဟန်ကြောင့် MC Groupက မပြိုလဲခဲ့တာ ၊ နောက်ပိုင်း ကိုယ်နဲ့စစ်ကျွေးလဲ အနေနီးပြီးသံယောဇဥ်ဖြစ်မိသွားတယ်ပဲဆိုပါတော့.."

ရှောင်းကျန့်က အားခြောက်သွားပုံနှင့် ဖန်ခွက်ထဲမှလက်ကျန်ရေကို မော့သောက်လိုက်သည်။ ပြီးမှ...

"အစကတော့ အရာအားလုံးအဆင်ပြေတယ်၊ ဒါပေမယ့်စစ်ကျွေး အပျိုဖော်ဝင်တယ့်အချိန်မှာ ကိုယ်ဒုက္ခရောက်တော့တာပဲ၊ သူ့အသားနဲ့ထိရင် ယားယံတာ၊ အစကတော့ သူတစ်ယောက်တည်းကိုထိလို့မရဘူးထင်ခဲ့တာ ၊ နောက်ပိုင်းသိလိုက်ရတာက အပျိုဖော်ဝင်ပြီးသား မိန်းကလေးတွေတိုင်းကိုကိုယ်ထိလို့ မရတာပဲ"

ရီပေါ်က နားရှုပ်သွားပုံနှင့်..

"ခင်ဗျားငယ်ငယ်လေးတုန်းက ပြုစုပေးတယ့်နာနီက မိန်းမကြီးမလား??၊သူကျတော့ထိလို့ရတယ်ပေါ့"

"အင်း ငယ်ငယ်ကကိုယ့်မိန်းကလေးတွေနဲ့ ထိလို့ရသေးတယ်၊ ဟော်မုန်းပြောင်းလဲပြီးတယ့်နောက်မှာ ထိလို့မရတော့တာ (လူပျိုဖော်ဝင်ပြီးတယ့်နောက်)"

"ဆန်းကြယ်တာ "

ရှောင်းကျန့်က ခေါင်းညိမ့်ထောက်ခံရင်း စကားကိုဆက်သည်။

" နောက်ပိုင်းကိုယ်နားလည်လိုက်တယ်၊ ကိုယ်က အရွယ်ရောက်ပြီးသားမိန်းကလေးတွေကို ထိလို့မရမှန်း၊ အဲ့ဒါကြောင့် Gay ဖြစ်သွားတယ်ထင်တာပဲ"

ရီပေါ်က ခပ်သဲ့သဲ့ရယ်မောရင်း..

"အစက အဖြောင့်ကြီးပေါ့ "

"ဟုတ်တယ် ကိုယ်အဖြစ်မှန်ကို စသိတယ့်အချိန်တုန်းကဆို အသက် 15 နှစ်တောင်မပြည့်သေးဘူး၊ သာမန် အလက်ဂျစ်လို့ထင်ပြီး စစ်ကျွေးကိုချစ်ခွင့်ပန်ဖို့ထိတောင် ဆုံးဖြတ်ထားခဲ့တာ၊ ဒါပေမယ့် ..."

"ဒါပေမယ့်ပြီး ဘာဖြစ်လဲ?"

ရှောင်းကျန့်က ပြောရခက်နေပုံနှင့်ခေါင်းကိုကုတ်သည်၊ ပြီးမှသက်ပြင်းသဲ့သဲ့ချကာ..

"အဲ့နေ့က ကိုယ်စိတ်တိုတိုနဲ့တရားမဝင် Gay Bar တစ်ခုကိုရောက်သွားတယ်၊ နောက်ပြီး လူတစ်ယောက်နဲ့အိပ်ခဲ့တယ်"

"ဘာ..ဘာရယ်"

လှဲအိပ်နေရာမှ ငုတ်တုတ်ထထိုင်တယ့်အထိ ရီပေါ်အံ့သြသွားမိသည်။ အသက် 15 နှစ်တောင်မပြည့်သေးပဲ လူတစ်ယောက်နဲ့အိပ်တယ်၊ အဲ့အချိန်မှာကိုယ်တွေများ ကျောင်းတတ်လိုက် ညနေပိုင်းအချိန်ပိုင်းအလုပ်လုပ်လိုက်နဲ့ လုံလည်ချာလည်လိုက်နေတာ...

"ဆတ်ပြော..."

"အမ် တော်လောက်ပြီလေ Honeyရာ"

"မရဘူး ခင်ဗျားက B ထိုင်ခဲ့ရတာမလား?"

ရှောင်းကျန့်က ခပ်အုပ်အုပ်ရယ်မောလိုက်ကာ ဂုဏ်ဆာနေသောအသံနှင့်..

"ကိုယ်က ငယ်ငယ်ကတည်းက T ပဲ"

"အောင်မယ် ဖြစ်ခဲ့တယ့်သူကရော သန့်လို့လား?? အိုနာကျိုးကန်းကြီးနေမှာ "

"အဲ့ Barရဲ့ ပိုင်ရှင်လေ၊ အဲ့တုန်းက သူ့အသက် 22ဆိုလားပဲရှိသေးတယ်၊ သူက အမြဲတမ်းအပေါ်ကနေတာ ကိုယ်နဲ့တွေ့မှ ပထမဆုံးအကြိမ် B ထိုင်ပေးတာတယ့် "

"အဲ့တော့ အရသာက.."

"ပြောစရာလိုသေးလို့လား? သိပ်ကောင်းတာပေါ့၊ အဲ့ချိန်ကနေစပြီး ကိုယ်က Gay ဖြစ်သွားတာ ရှင်းပြီလား ဘာ့မှဆတ်မမေးနဲ့တော့ တော်ပြီနော်"

ရီပေါ်မျက်နှာက ညှင်းသိုးသိုးဖြစ်နေကာ ခုထိဘဝင်မကျသေးပုံနှင့်..

" ခုချိန်ရောက်တယ့်အထိ ခင်ဗျားကောင်လေးဘယ်နှစ်ယောက်နဲ့အိပ်ခဲ့ဖူးပြီလဲ??"

ပါးစပ်ကလဲတစ်တွတ်တွတ်ရေရွတ်ရင်း လက်ချောင်းများကိုချိုးပြီး ပြုံးနေတယ့် အကွေးကောင်ပုံစံက တကယ့်ကိုရိုက်ပေါက်၊ ထိုတင်မကသေးပဲ ခြေချောင်းတွေပါ ပါလာတာမို့ ပိန်းဥ​လေးမှာမျက်ဖြူဆိုက်ကုန်သည်။ ဘာလား? အဲ့လောက်ထိတောင်

"ခင်ဗျား..ခင်ဗျား.."

"အမ် ဘာဖြစ်လို့လဲ?"

ရီပေါ်က ကိုယ့်ပါးစပ်ကိုပိတ်လိုက်ပြီး ထွက်လာမည့်အဖြေကိုသာစောင့်နေလိုက်သည်။ သို့ပေမယ့်ကြားလိုက်ရတယ့် စကားက အောက်ပါအတိုင်း..

"Honey..မင်းလက်ချောင်းတွေပါ ခဏလောက်ငှါးလို့ရမလား???"

"ဘာ...!!!"

ထို့နောက် ကုတင်ပေါ်က ကန်ချခံလိုက်ရသော ရှောင်းကျန့်နဲ့ ဝမ်ရီပေါ်ရဲ့ တစ်တစ်ခွခွဆဲဆိုသံများက အခန်းထဲမှမြိုင်မြိုင်ဆိုင်ဆိုင် ထွက်လာတော့သည်။

//ပြည်တည်နာ ဖြစ်ရမှာ//

//အဲ့လောက်ထကြွတာတောင် ကျိုးပြီးမသေဘူးလား//

စသဖြင့် အမျိုးမျိုးစုံလင်စွာနှင့် သမီးပျိုလေးများနားမခံနိုင်အောင် ရွှေပန်းအကြောင်းအား အဓိပ္ပါယ် ဖွင့်ဆိုလျက်ရှိသည်။ [ရွှေပန်းပွင့်အားကျိန်စာတိုက်ခြင်း]

ဒီတစ်ခါတော့ ကိုကိုကွေးမှာလဲ အမှန်တကယ်ညစာငတ်သွားပြီး အခန်းအပြင်သို့နယ်နှင်ဒဏ်ပေးခံလိုက်ရတော့သည်။

[မုသားမပါတော့...တွေ့တယ့်အတိုင်းပဲ၊ ဥပမာယူကြကုန်]

_______________Bunny And Honey

1925 Words (31.5.2020) 3:15AM

Thanks you for Reading

Sanay Moe Swe

_____________________________

###Zawgyi###

"ေျပာေတာ့ စိတ္မဆိုးဘူးဆို..အဲ့တာဘာထျဖစ္တာလဲ??"

"ဘယ္မွာစိတ္ဆိုးလို႔လဲ?
မိုးေရထြက္ခ်ိဳးတာ.."

ၾကည့္စမ္း ႐ုပ္တည္ႀကီးနဲ႕လိမ္ေနတယ္လို႔ သင္ထင္ေနသလား?? ဒါဆိုရင္မွားသြားပါလိမ့္မယ္၊ဖရိုဖရဲ ျဖစ္ေနတယ့္႐ုပ္ႀကီးနဲ႕လိမ္ေနတာဆိုဗ်ာ..။

"ကြၽန္ေတာ့္ကို လာမၾကည့္နဲ႕"

မိုးေရမ်ားေၾကာင့္ ပိန္းဥကိုယ္လုံးေလးက တစ္ဆတ္ဆတ္တုန္ယင္ေနၿပီး ေနာက္ခန္းမွာက်ဳံ႕က်ဳံ႕ေလးထိုင္ေနကာ မ်က္ႏွာကလဲမဲတဲ့တဲ့ျဖစ္ေနရွာသည္။

ခုနကေလာက္ မိုးကမသည္းေတာ့ေပမယ့္ မိုးစက္ပြင့္တို႔က ေျမျပင္ေပၚခပ္ေစြေစြခုန္ဆင္းေနတုန္းပင္...။

"Honey..."

"ဘာလဲ ကြၽန္ေတာ္မခ်မ္းဘူး ခင္ဗ်ားကႏြေးေအာင္လုပ္ေပးစရာလဲမလိုဘူး၊ အိမ္ကိုျပန္မယ္"

နာမည္ေလးပဲေခၚရေသးတယ္၊ ထြက္လာတယ့္စကားသံေတြက တကယ့္ကို ဘုနဲ႕ေဘာက္၊ မခ်မ္းဘူးလို႔လဲေျပာေသးတယ္ ႏႈတ္ခမ္းပါးေလးက တဆတ္ဆတ္တုန္ေနၿပီး ဒူးေခါင္းကိုလက္ႏွစ္ဖက္နဲ႕ ခပ္တင္းတင္းေပြ႕ပိုက္ထားေသးတယ္၊ ထိုသို႔ျဖစ္ပ်က္ေနတယ့္ ပိန္းဥပုံစံက သူရင့္ကိုတကယ္ပဲနာက်င္ေစသည္။

"Honey..ကိုယ္ကမင္းကိုခ်စ္လို႔ လိမ္ညာထားတယ့္လွ်ို႔ဝွက္ခ်က္ကိုေတာင္ Publicမွာခ်ျပလိုက္တာ..ဘာလို႔အဲ့ေလာက္ထိ အေတြးတိမ္ရတာလဲ???"

မာန္မဲျခင္းမဟုတ္သလို ဆူပူျခင္းလဲမဟုတ္ျပန္၊ ေလသံမွန္မွန္ႏွင့္ နားဝင္ေအာင္ေျပာျပေနတာေၾကာင့္ ရိေပၚကိုယ္လုံးေလးက လႈပ္လႈပ္ရွားရွားပင္ျဖစ္လာကာ...

"ကြၽန္ေတာ္ ခင္ဗ်ားကိုခ်စ္တယ္"

"ကိုယ္ သိတယ္"

ေရွာင္းက်န့္က ေနာက္ခန္းကိုလႊားခနဲ ခုန္ျပန္ေက်ာ္လႊာလိုက္ရင္း စိုကပ္ေနေသာ Brownေရာင္ဆံပင္မ်ားကို သူ႕အေပၚCoat အက်ီျဖင့္သုတ္ေပးလိုက္သည္။ ပါးစပ္ကလဲ ခပ္တိုးတိုးဆူပူေနရင္းနဲ႕ေပါ့..၊

"႐ူးေၾကာင္ေၾကာင္ေတြသိပ္လုပ္တာပဲ၊ ပိန္းဥလို႔ေခၚရင္လဲ မႀကိဳက္ျပန္ဘူး"

ခ်မ္းေနတယ့္လူအဖို႔ အႏြေးဓာတ္ကိုရွာသည္မွာ ထုံးစံမဟုတ္လား??? ဝမ္ရီေပၚတစ္ေယာက္ ကိုယ့္ဘာသာေတာင္မသိလိုက္ပါပဲ ေရွာင္းက်န့္ရင္ခြင္ထဲ တိုးဝင္ေနမိၿပီ၊ ထိုလူသားက ကိုယ့္ေလာက္မိုးေရေတြစိုမေနဘူးေလ။

"ခ်မ္းေနၿပီလား???"

"အင္း "

"Heater ကို အပူခ်ိန္ျမႇင့္ထားတယ္၊ ေရာ့ ေရႏြေးပူပူေလးေသာက္လိုက္"

ဓာတ္ဗူးေသးေသးေလးက ေပ်ာ္ပြဲစားအတြက္စီစဥ္ထားေသာ မုန့္ျခင္းေထာင္ထဲက ထြက္လာတာေၾကာင့္ အေတာ္ကေလးအဆင္ေျပသြားခဲ့သည္။

ကိုယ္က ေရႏြေးပူပူကိုမႈတ္ေသာက္ေနသေလာက္ သူကေတာ့မိမိေခါင္းကို လက္ႏွစ္ဖက္ႏွင့္ပြတ္ရင္း ႏြေးေအာင္လုပ္ေပးေနတာေၾကာင့္ ရီေပၚ့မ်က္ႏွာက အျပင္က ရာသီဥတုနဲ႕လားလားမွမသက္ဆိုင္..။ ထို႔ေနာက္ႏႈတ္ခမ္းေလး တစ္ေထာ္ေထာ္နဲ႕

"ကြၽန္ေတာ့္ ကိုထားခဲ့ၿပီး ဟန္စစ္ေကြၽးေနာက္ကိုလိုက္သြားလို႔မရဘူးေနာ္၊ သူက ခင္ဗ်ားနဲ႕အရမ္းရင္းႏွီးတယ္"

"အင္း.."

"ေနာက္ၿပီး ကြၽန္ေတာ့္ဘဝမွာ ခင္ဗ်ားတစ္ေယာက္ပဲရွိတာ.."

"အင္း.."

"ကြၽန္ေတာ္ကို တစ္ကယ္ေရာခ်စ္ရဲ႕လား?"

"အင္း.."

ကိုယ္က အက်ယ္တဝင့္ေျပာျပေနသေလာက္ သူကေတာ့တစ္အင္းအင္းနဲ႕"အင္းသူႀကီး" လုပ္ေနတာမို႔ ဝမ္ရီေပၚတို႔ စိတ္ဆတ္ေခ်ၿပီ။

"Ya!!! တစ္အင္းအင္းနဲ႕ဘာထျဖစ္တာလဲ? ကြၽန္ေတာ္ေျပာတာမွာ ေလွာင္စရာပါေနလို႔လား?"

ဆိုင္မဆင့္ ဗုံမဆင့္ထေဖာက္တာက ေတြ႕တယ့္အတိုင္းပဲ၊ တစ္ေယာက္တည္းကို စိတ္အေထြေထြေျပာင္းၿပီး တိုင္းပတ္ေနတယ့္ ကြၽန္ေတာ့္ရဲ႕ပိန္းဥရယ္ပါ..။

"Honey..မင္းသဝန္တိုတာေလးက အရမ္းခ်စ္ဖို႔ေကာင္းတာပဲ ၊ ေသေလာက္ေအာင္ခ်စ္သြားၿပီ "

ေဒါသတို႔က မိုးေရမ်ားနဲ႕ပါသြားတယ္ထင္ပ၊ သို႔ေပမယ္ ရီေပၚမေက်နပ္နိုင္ေသး၊ ထို႔ေၾကာင့္ တစ္ခ်က္လႊတ္အမိန့္က ေရွာင္းက်န့္အေပၚ အာဏာစက္ျပင္းစြာႏွင့္သက္ေရာက္သည္။

"အိမ္ေရာက္ရင္ ခင္ဗ်ားရဲ႕အခ်စ္ဦးအေၾကာင္းကို အေသးစိတ္ေျပာျပရမယ္?"

ခ်ီးေျခာက္ေတြကို ေရမႏႉးနဲ႕လို႔ေျပာရင္လဲ ႀကံဖန္ၿပီး ေလာင္ၿမိဳက္ေနဦးမယ္၊ ဒါ့ေၾကာင့္ ပိန္းဥ စိတ္ခ်မ္းသာရင္ၿပီးေရာဆိုတယ့္ သေဘာနဲ႕ ေခါင္းသာညိမ့္ျပလိုက္ရသည္။

ထိုအခါမွ ေကာင္ဆိုေလးက ရင္ခြင္ထဲျပန္ဝင္ေအာင္းရင္း..

"အိမ္ကိုအျမန္ၾကရေအာင္ဗ်ာ.."

"Ok..."

********

ေကာင္းလိုက္တယ့္မိုး ၊ အိမ္ေရာက္တာနဲ႕ခ်က္ခ်င္းကိုတိတ္က်သြားေရာပဲ၊ လူဆိုရင္ ဇာတ္တိုက္ထားတယ္ဆိုၿပီး အထင္လြဲမိဦးမယ္။

ေရွာင္းက်န့္ကေတာ့ ေရခ်ိဳးသန့္စင္လိုက္ေသာ္လည္း ရီေပၚကေတာ့ ေျခေတြ လက္ေတြပဲေဆးကာ ေစာင္ပုံထဲဝင္ေခြေနေတာ့သည္။ အား ေကာင္းလိုက္တာ ခုမွႏြေးေထြးသြားတာပဲ..။

သိပ္မၾကာလိုက္ ၊
လက္ထဲကို ေဆးတစ္လုံးနဲ႕ ဖန္ခြက္တစ္ခြက္ေရာက္လာၿပီး...

"ဖ်ားမွာစိုးလို႔ ေဆးေသာက္လိုက္ေနာ္၊ ဒီအခ်ိန္ Honey လဲစစ္ေကြၽးကိုေတြ႕ခ်င္မွာမဟုတ္ေလာက္ဘူး"

"အင္း ေဆးေသာက္မယ္၊ ခင္ဗ်ားက ဒီေဘးမွာလာအိပ္ "

ေဆးလုံးက လည္ပင္းထဲ ခက္ခဲစြာခုန္ဆင္းသြားၿပီးတယ့္ေနာက္မွာ ရီေပၚ့က ကုတင္စြန္းသို႔ေ႐ြ႕ထိုင္လိုက္သည္။ ၿပီးမွေဘးဘက္အိပ္ယာကိုလက္ႏွင့္ပုတ္ရင္း..

"အျမန္ထိုင္ၿပီး ေျပာျပ.."

ဒီအေၾကာင္းကို အမွန္တကယ္ဆို ေရွာင္းက်န့္ျပန္မေျပာခ်င္ေပ၊ အတိတ္ကအတိတ္ပဲေလ၊ ပိန္းဥေလးက ဘာေတြေရးႀကီးခြင္က်ယ္လုပ္ေနမွန္းမသိဘူး၊ ဟူး ေျပာဆိုေတာ့လဲ ေျပာရတာေပါ့..။

"ကိုယ္ေျပာမယ္ ေနာက္တစ္ေခါက္ထပ္ၿပီးစိတ္ဆိုးဖို႔မႀကံနဲ႕၊ ၿခိမ္းေျခာက္တာမဟုတ္ဘူးေနာ္ သုံးရက္ေလာက္မထနိုင္ေအာင္ လုပ္ပစ္မွာ ဘာမွတ္ေနလဲ???"

ရီေပၚ က ပုခုံးေလးကိုက်ဳံ႕ျပၿပီး လွ်ာတစ္လစ္ထုတ္ျပလာသည္။ ထို႔ေနာက္ေလသံသဲ့သဲ့က ေလွာင္သံစြက္ကာႏွင့္..

" ေရရွည္မစားခ်င္ရင္ လုပ္လိုက္ေပါ့၊ ကိုယ့္ေဒါသနဲ႕ကိုယ္ပဲ "

ေရွာင္းက်န့္ကေတာ့ မၾကားခ်င္ေယာင္ေဆာင္လိုက္ၿပီး သူ႕ဇာတ္လမ္းကိုစေျပာလာသည္။

"မားးက ကိုယ့္ေမြးၿပီးၿပီးခ်င္းမီးတြင္းထဲမွာဆုံးသြားတယ္၊ ပါးးကေတာ့ ကိုယ္အသက္ 12ႏွစ္မွာ Car Accident ေၾကာင့္ဆုံးသြားတာ၊ အဲ့တုန္းက MC group ႀကီးကအေျခခိုင္ခါစပဲရွိေသးတယ္၊ သူေဌးက႐ုတ္တရတ္ ခုလိုထျဖစ္ေတာ့ စီးပြားေရးေစ်းကြက္က ဂယက္ထကုန္တာေပါ့၊ ကိုယ္ကလဲ ငယ္ေသးေတာ့ စီးပြားေရးအေၾကာင္းကိုနားမလည္ဘူးေလ.."

ရီေပၚက "အင္း"ဟုေခါင္းညိမ့္ေထာက္ခံရင္း ေမးဆတ္ျပသည္။ ဆတ္ေျပာဆိုသည့္သေဘာ..

"စစ္ေကြၽးအေဖနဲ႕ကိုယ့္အေဖနဲ႕က သူငယ္ခ်င္းေတြေလ၊ အတိုခ်ဳံးေျပာရရင္ ဦးေလးဟန္ေၾကာင့္ MC Groupက မၿပိဳလဲခဲ့တာ ၊ ေနာက္ပိုင္း ကိုယ္နဲ႕စစ္ေကြၽးလဲ အေနနီးၿပီးသံေယာဇဥ္ျဖစ္မိသြားတယ္ပဲဆိုပါေတာ့.."

ေရွာင္းက်န့္က အားေျခာက္သြားပုံႏွင့္ ဖန္ခြက္ထဲမွလက္က်န္ေရကို ေမာ့ေသာက္လိုက္သည္။ ၿပီးမွ...

"အစကေတာ့ အရာအားလုံးအဆင္ေျပတယ္၊ ဒါေပမယ့္စစ္ေကြၽး အပ်ိဳေဖာ္ဝင္တယ့္အခ်ိန္မွာ ကိုယ္ဒုကၡေရာက္ေတာ့တာပဲ၊ သူ႕အသားနဲ႕ထိရင္ ယားယံတာ၊ အစကေတာ့ သူတစ္ေယာက္တည္းကိုထိလို႔မရဘူးထင္ခဲ့တာ ၊ ေနာက္ပိုင္းသိလိုက္ရတာက အပ်ိဳေဖာ္ဝင္ၿပီးသား မိန္းကေလးေတြတိုင္းကိုကိုယ္ထိလို႔ မရတာပဲ"

ရီေပၚက နားရႈပ္သြားပုံႏွင့္..

"ခင္ဗ်ားငယ္ငယ္ေလးတုန္းက ျပဳစုေပးတယ့္နာနီက မိန္းမႀကီးမလား??၊သူက်ေတာ့ထိလို႔ရတယ္ေပါ့"

"အင္း ငယ္ငယ္ကကိုယ့္မိန္းကေလးေတြနဲ႕ ထိလို႔ရေသးတယ္၊ ေဟာ္မုန္းေျပာင္းလဲၿပီးတယ့္ေနာက္မွာ ထိလို႔မရေတာ့တာ (လူပ်ိဳေဖာ္ဝင္ၿပီးတယ့္ေနာက္)"

"ဆန္းၾကယ္တာ "

ေရွာင္းက်န့္က ေခါင္းညိမ့္ေထာက္ခံရင္း စကားကိုဆက္သည္။

" ေနာက္ပိုင္းကိုယ္နားလည္လိုက္တယ္၊ ကိုယ္က အ႐ြယ္ေရာက္ၿပီးသားမိန္းကေလးေတြကို ထိလို႔မရမွန္း၊ အဲ့ဒါေၾကာင့္ Gay ျဖစ္သြားတယ္ထင္တာပဲ"

ရီေပၚက ခပ္သဲ့သဲ့ရယ္ေမာရင္း..

"အစက အေျဖာင့္ႀကီးေပါ့ "

"ဟုတ္တယ္ ကိုယ္အျဖစ္မွန္ကို စသိတယ့္အခ်ိန္တုန္းကဆို အသက္ 15 ႏွစ္ေတာင္မျပည့္ေသးဘူး၊ သာမန္ အလက္ဂ်စ္လို႔ထင္ၿပီး စစ္ေကြၽးကိုခ်စ္ခြင့္ပန္ဖို႔ထိေတာင္ ဆုံးျဖတ္ထားခဲ့တာ၊ ဒါေပမယ့္ ..."

"ဒါေပမယ့္ၿပီး ဘာျဖစ္လဲ?"

ေရွာင္းက်န့္က ေျပာရခက္ေနပုံႏွင့္ေခါင္းကိုကုတ္သည္၊ ၿပီးမွသက္ျပင္းသဲ့သဲ့ခ်ကာ..

"အဲ့ေန႕က ကိုယ္စိတ္တိုတိုနဲ႕တရားမဝင္ Gay Bar တစ္ခုကိုေရာက္သြားတယ္၊ ေနာက္ၿပီး လူတစ္ေယာက္နဲ႕အိပ္ခဲ့တယ္"

"ဘာ..ဘာရယ္"

လွဲအိပ္ေနရာမွ ငုတ္တုတ္ထထိုင္တယ့္အထိ ရီေပၚအံ့ၾသသြားမိသည္။ အသက္ 15 ႏွစ္ေတာင္မျပည့္ေသးပဲ လူတစ္ေယာက္နဲ႕အိပ္တယ္၊ အဲ့အခ်ိန္မွာကိုယ္ေတြမ်ား ေက်ာင္းတတ္လိုက္ ညေနပိုင္းအခ်ိန္ပိုင္းအလုပ္လုပ္လိုက္နဲ႕ လုံလည္ခ်ာလည္လိုက္ေနတာ...

"ဆတ္ေျပာ..."

"အမ္ ေတာ္ေလာက္ၿပီေလ Honeyရာ"

"မရဘူး ခင္ဗ်ားက B ထိုင္ခဲ့ရတာမလား?"

ေရွာင္းက်န့္က ခပ္အုပ္အုပ္ရယ္ေမာလိုက္ကာ ဂုဏ္ဆာေနေသာအသံႏွင့္..

"ကိုယ္က ငယ္ငယ္ကတည္းက T ပဲ"

"ေအာင္မယ္ ျဖစ္ခဲ့တယ့္သူကေရာ သန့္လို႔လား?? အိုနာက်ိဳးကန္းႀကီးေနမွာ "

"အဲ့ Barရဲ႕ ပိုင္ရွင္ေလ၊ အဲ့တုန္းက သူ႕အသက္ 22ဆိုလားပဲရွိေသးတယ္၊ သူက အၿမဲတမ္းအေပၚကေနတာ ကိုယ္နဲ႕ေတြ႕မွ ပထမဆုံးအႀကိမ္ B ထိုင္ေပးတာတယ့္ "

"အဲ့ေတာ့ အရသာက.."

"ေျပာစရာလိုေသးလို႔လား? သိပ္ေကာင္းတာေပါ့၊ အဲ့ခ်ိန္ကေနစၿပီး ကိုယ္က Gay ျဖစ္သြားတာ ရွင္းၿပီလား ဘာ့မွဆတ္မေမးနဲ႕ေတာ့ ေတာ္ၿပီေနာ္"

ရီေပၚမ်က္ႏွာက ညွင္းသိုးသိုးျဖစ္ေနကာ ခုထိဘဝင္မက်ေသးပုံႏွင့္..

" ခုခ်ိန္ေရာက္တယ့္အထိ ခင္ဗ်ားေကာင္ေလးဘယ္ႏွစ္ေယာက္နဲ႕အိပ္ခဲ့ဖူးၿပီလဲ??"

ပါးစပ္ကလဲတစ္တြတ္တြတ္ေရ႐ြတ္ရင္း လက္ေခ်ာင္းမ်ားကိုခ်ိဳးၿပီး ၿပဳံးေနတယ့္ အေကြးေကာင္ပုံစံက တကယ့္ကိုရိုက္ေပါက္၊ ထိုတင္မကေသးပဲ ေျခေခ်ာင္းေတြပါ ပါလာတာမို႔ ပိန္းဥ​ေလးမွာမ်က္ျဖဴဆိုက္ကုန္သည္။ ဘာလား? အဲ့ေလာက္ထိေတာင္

"ခင္ဗ်ား..ခင္ဗ်ား.."

"အမ္ ဘာျဖစ္လို႔လဲ?"

ရီေပၚက ကိုယ့္ပါးစပ္ကိုပိတ္လိုက္ၿပီး ထြက္လာမည့္အေျဖကိုသာေစာင့္ေနလိုက္သည္။ သို႔ေပမယ့္ၾကားလိုက္ရတယ့္ စကားက ေအာက္ပါအတိုင္း..

"Honey..မင္းလက္ေခ်ာင္းေတြပါ ခဏေလာက္ငွါးလို႔ရမလား???"

"ဘာ...!!!"

ထို႔ေနာက္ ကုတင္ေပၚက ကန္ခ်ခံလိုက္ရေသာ ေရွာင္းက်န့္နဲ႕ ဝမ္ရီေပၚရဲ႕ တစ္တစ္ခြခြဆဲဆိုသံမ်ားက အခန္းထဲမွၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ထြက္လာေတာ့သည္။

//ျပည္တည္နာ ျဖစ္ရမွာ//

//အဲ့ေလာက္ထႂကြတာေတာင္ က်ိဳးၿပီးမေသဘူးလား//

စသျဖင့္ အမ်ိဳးမ်ိဳးစုံလင္စြာႏွင့္ သမီးပ်ိဳေလးမ်ားနားမခံနိုင္ေအာင္ ေ႐ႊပန္းအေၾကာင္းအား အဓိပၸါယ္ ဖြင့္ဆိုလ်က္ရွိသည္။ [ေ႐ႊပန္းပြင့္အားက်ိန္စာတိုက္ျခင္း]

ဒီတစ္ခါေတာ့ ကိုကိုေကြးမွာလဲ အမွန္တကယ္ညစာငတ္သြားၿပီး အခန္းအျပင္သို႔နယ္ႏွင္ဒဏ္ေပးခံလိုက္ရေတာ့သည္။

[မုသားမပါေတာ့...ေတြ႕တယ့္အတိုင္းပဲ၊ ဥပမာယူၾကကုန္]

_______________Bunny And Honey

1925 Words (31.5.2020) 3:15AM

Thanks you for Reading

Sanay Moe Swe

_____________________________



Continue Reading

You'll Also Like

32.2K 7K 41
tk sinhala
59.9K 15.6K 55
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
256K 19.2K 60
ដើម្បីកូន អូនព្រមទទួលយកគ្រប់យ៉ាង សូម្បីតែនាមជា«ប្រពន្ធចុង» Jeon Jungkook x Kim Taehyung (Top) (Btt)